← Chapters

ငါ့အတွက်တော့ ပြည့်စုံနေပြီ

Vol. 5 Ch. 43

ငါ့အတွက်တော့ ပြည့်စုံနေပြီ

Vol. 5 Ch. 43

လင်ယန်ရွှယ် စိုးရိမ်တကြီး ဖြစ်သွားသည်။

သို့သော် သူမ စိုးရိမ်နေသည်မှာ စုမေ့အာ သေသွားမည်ကို မဟုတ်ပေ။

လင်ချွမ်တစ်ခုခု ထိခိုက်မိမည်ကိုသာ တကယ် စိုးရိမ်နေခြင်း ဖြစ်သည်။

အတိုချုပ်ပြောရလျှင် သူမသည် သူတို့နှစ်ဦးလုံး အန္တရာယ်ဖြစ်မည်ကို မကြည့်ရက်နိုင်ပေ။

“မေ့အာ...”

“ငါ လင်ချွမ်ကို တကယ်ပဲ စိတ်ဝင်စားမိတာပါ"

“ဒါပေမဲ့ လင်ချွမ်လို ပါရမီရှင်တစ်ယောက်ကပဲ ငါ့လို ဂိုဏ်းချုပ် တစ်ယောက်နဲ့ ထိုက်တန်တယ် မဟုတ်လား"

လင်ယန်ရွှယ်က အမူအရာ နူးညံ့သွားကာ တိုးတိုးလေး မေးလိုက်၏။

စုမေ့အာ မျက်မှောင်ကြုတ်ကာ အလေးအနက် စဉ်းစားခန်းဝင်သွား‌ေတာ့သည်။

လင်ချွမ်​၏ပါရမီ မည်မျှအံ့ဩဖို့ကောင်းကြောင်း သူမ မသိဘဲ နေပါမည်လော။

အသက် ၁၈ နှစ်နှင့် ပထမအဆင့် ဖြစ်လာသူပင်။

ထိုအဆင့်ထက်ပင် သာလွန်နေနိုင်သေး ပေသည်။

ကျင့်ကြံမှုအဆင့် တူညီသော လင်ယန်ရွှယ်ပင်လျှင် လင်ချွမ်ကို အပြတ်အသတ် ရှုံးနိမ့်ခဲ့ရ၏။

ဤကဲ့သို့ ပါရမီရှင်မျိုးသည် ယခင်ကလည်း မရှိဖူးသလို နောင်တွင်လည်း ပေါ်လာရန် မလွယ်ကူပေ။

အကယ်၍ ထိုကဲ့သို့သော ပါရမီရှင်ကို ဟယ်ဟွမ်းဂိုဏ်းထဲသို့ ဆွဲသွင်းနိုင်လျှင် တစ်ဂိုဏ်းလုံးအတွက် အားကိုးရာကြီး ဖြစ်လာပေလိမ့်မည်။

သို့သော် ဟယ်ဟွမ်းဂိုဏ်း၏ စည်းကမ်းများက လင်ယန်ရွှယ်ကို လင်ချွမ်နှင့် ပေါင်းစည်းခွင့် တကယ်ပေးပါမည်လော။

“အင်း... အခုက လင်ချွမ်ကို ငါတို့ဘက်ပါအောင် ဆွဲဆောင်နိုင်မလားဆိုတာထက် သူက ငါ့ကို အရေးမလုပ်တာက ပြဿနာပဲ"

လင်ယန်ရွှယ်က အားငယ်စွာ ပြောလိုက်သည်။

အမှန်စင်စစ် သူမသည် တစ်ဖက်သတ် ချစ်နေရခြင်းဖြစ်ကြောင်း သိသည်။

လင်ချွမ်က သူမအပေါ် စိတ်ဝင်စားကြောင်း တစ်ခါမျှ ထုတ်မပြခဲ့ဖူးပေ။

“ဒါဆိုရင် သူ့ကို ပိုတောင် သတ်ပစ်သင့်သေးတယ်"

စုမေ့အာက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ သွားကြိတ်ပြီး ပြောလိုက်သည်။

ထိုရွံစရာကောင်းသော ယောက်ျားစုတ်။

သူက ဘယ်လိုလုပ်ပြီး သူမရဲ့ ဆရာကို အထင်သေးရဲရတာလဲ။

လင်ယန်ရွှယ်က မလှဘူးလို့ သူ ထင်နေတာလား။

ခွင့်မလွှတ်နိုင်စရာပဲ။

“အဟမ်း အဟမ်း"

“မေ့အာ... အမြဲတမ်း သတ်မယ် ဖြတ်မယ်ချည်း အော်မနေပါနဲ့ဦး"

“ဒါတွေက ငါ့ရဲ့ ခန့်မှန်းချက်တွေပါ"

"ငါဆိုလိုတာက လင်ချွမ်ကို ငါတို့ဘက်ပါအောင် စည်းရုံးဖို့ပါပဲ"

"သူသာ ငါတို့ဂိုဏ်းဘက် ပါလာမယ်ဆိုရင် ငါ့ဘက်က အနည်းငယ် အနစ်နာခံရတာ ဘာမှမဖြစ်ပါဘူး"

ပြောပြီးနောက် လင်ယန်ရွှယ်၏ မျက်နှာလေးမှာ ရဲရဲနီသွားတော့သည်။

စုမေ့အာ ၎င်းကို မြင်သောအခါ စိတ်ပျက်သွားမိသည်။

သူမ၏ ဆရာမှာ အချစ်စိတ်တွေ မွှန်နေပြီး ကယ်မရတော့ဘူး ထင်ပါရဲ့။

အမှန်တကယ်တော့ သူမလည်း သိပါသည်။

လင်ချွမ်ကို သတ်ရန် တစ်ယောက်ယောက်ကို လွှတ်ခြင်းမှာ ကိုယ့်သေတွင်းကိုယ် တူးခြင်းနှင့် မခြားပေ။

သိုင်းလောက တစ်ခုလုံးတွင်လည်း လင်ချွမ်ကို ထိပ်တိုက်ရင်ဆိုင် အနိုင်ယူနိုင်မည့်သူမှာ ရှားလှသည်။

ထို့ကြောင့် လင်ယန်ရွှယ်၏ နည်းလမ်းအတိုင်း လင်ချွမ်ကို စည်းရုံးခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

“ဂိုဏ်းအတွက်ပဲ ဆိုတော့... သခင်မကိုပဲ အားကိုးရတော့မှာပေါ့"

စုမေ့အာက စိတ်မကောင်းစွာဖြင့် ဆိုသည်။

“ငါက နစ်နာတယ်လို့ မထင်ပါဘူး"

လင်ယန်ရွှယ် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

စုမေ့အာကို နောက်ဆုံးတော့ ဖျောင်းဖျနိုင်ခဲ့ပြီ။

သို့သော် စုမေ့အာမှာ အလွယ်ဆုံး အတားအဆီးသာ ဖြစ်ကြောင်း သူမ သိသည်။

အကယ်၍ သူမနှင့် လင်ချွမ် တကယ် ပေါင်းစည်းမည်ဆိုလျှင် ဟယ်ဟွမ်းဂိုဏ်း၏ စည်းကမ်းများကို ကျော်ဖြတ်ရန်မှာ အခက်ခဲဆုံး ဖြစ်ပေလိမ့်မည်။

...

ညရောက်သော်။

ဝူတန်တပည့်များသည် အိပ်ရာမဝင်မီ လေ့ကျင့်ရေးကွင်းတွင် ခဏတာ လေ့ကျင့်လေ့ရှိကြသည်။

၎င်းမှာ တစ်နေ့တာလုံး ကျန်ရှိနေသော အင်အားများကို ထုတ်လွှတ်ရန် ဖြစ်သည်။

လင်ချွမ်သည်လည်း ထူးမခြားနားပေ။

သူသည် ညဘက်တွင် ပုရစ်တွန်သံများကို နားထောင်ရသည်ကို နှစ်သက် ပေသည်။

သို့သော် သူသည် တပည့်များနှင့်အတူ လေ့ကျင့်ရေးကွင်းတွင် သွားမလေ့ကျင့်ပေ။

နွားတင်းကုပ်ကသာ သူ၏ လေ့ကျင့်ရေးကွင်းဖြစ်၏။

ထိုက်ကျိ သိုင်းကွက်များ သူ၏ အာရုံထဲတွင် ပေါ်လာ ပေသည်။

နူးညံ့သိမ်မွေ့သော ထိုက်ကျိကို လေ့ကျင့်ပြီးနောက် သူ၏ ကြွက်သားနှင့် အရိုးများမှာ လန်းဆန်းကာ သက်သောင့်သက်သာ ဖြစ်သွားသည်။

ညဘက်ဖြစ်သော်လည်း သူသည် အင်အားအပြည့် ရှိနေဆဲပင်။

“ထင်တဲ့အတိုင်းပဲ၊ အကြီးအကဲက ဒီမှာ ရှိနေတာပဲ"

ရယ်မောသံ တစ်ခု ထွက်ပေါ်လာ ပေသည်။

လင်ချွမ် မော့ကြည့်လိုက်ရာ ယင်ဟွိုက်ယွီသည် တံတိုင်းကို ခိုးကျော်ကာ ဝင်လာသည်ကို တွေ့လိုက်ရသည်။ သူခိုးတစ်ယောက်လိုပင်။

“ဘာလုပ်တာလဲ"

လင်ချွမ်းက ယင်ဟွိုက်ယွီကို စိုက်ကြည့်ကာ မေးလိုက်သည်။

ထိုအဖိုးကြီး သူ့ဆီလာတိုင်း သတင်းကောင်း ပါလေ့မရှိပေ။

ညကြီးမင်းကြီး တံတိုင်းကျော်လာခြင်းမှာ တစ်ခုခုကို ဖုံးကွယ်ထားလို၍ ဖြစ်ကြောင်း သိသာလှသည်။

“အမှန်အတိုင်း ပြောရရင် ကျွန်တော် အကြီးအကဲရဲ့ အကူအညီ လုံးဝလိုအပ်တဲ့ အခက်အခဲတစ်ခု ရှိနေလို့ပါ"

ယင်ဟွိုက်ယွီက လက်နှစ်ဖက်ကို ပွတ်ရင်း အကူအညီတောင်းခံသည့် အမူအရာ လုပ်လိုက်သည်။

လင်ချွမ်က စိတ်မရှည်သလို ရှိသော်လည်း ထိုင်ချလိုက်သည်။

၎င်းကို မြင်သောအခါ ယင်ဟွိုက်ယွီသည် လင်ချွမ် ကူညီရန် သဘောတူပြီဖြစ်ကြောင်း သိလိုက်သည်။ ထို့နောက် သူသည် ဂိုဏ်းချုပ်ထံမှ သိခဲ့ရသော အကြောင်းအရာများကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။

“နောက်ထပ် သိုင်းပြိုင်ပွဲလား"

"မင်းတို့ သူတော်ကောင်းဆိုတဲ့ လူတွေက ဘာလို့ အကြောင်းမရှိဘဲ သူတစ်ပါးနဲ့ ရန်ဖြစ်ရတာကို ဒီလောက် ကြိုက်နေကြတာလဲ"

"ကြွားချင်လို့ သွားလုပ်ပြီးမှ ပါးရိုက်ခံရရင် ဘယ်လောက် အရှက်ရဖို့ ကောင်းသလဲဆိုတာ မင်းတို့ မသိကြဘူးလား"

“ဗိုက်ဝလွန်းပြီး အလုပ်မရှိ ဖြစ်နေကြပုံပဲ"

လင်ချွမ်က မညည်းညူဘဲ မနေနိုင်တော့ပေ။

“ဟုတ်ကဲ့၊ အကြီးအကဲ ပြောတာ မှန်ပါတယ်"

"ရှောင်လင်ရော အယ်မေ့ရော အားလုံး ဗိုက်ဝလွန်းနေကြတာပါ"

"ဒါပေမဲ့ ကိစ္စက အရေးကြီးနေလို့ အကြီးအကဲပဲ ဝူတန်ရဲ့ ဒီပြဿနာကို ရှင်းပေးနိုင်မှာမို့ပါ"

ယင်ဟွိုက်ယွီက အောက်ကျနောက်ကျ ပြုံးပြလိုက်သည်။

သူသည်လည်း ဝူတန်တပည့်များ အားကိုးမရဖြစ်နေသည်ကို အလွန်ဒေါသထွက်မိသည်။

ဂုဏ်ယူလောက်သော ပါရမီရှင်တစ်ယောက်မျှ မရှိပေ။

ပြဿနာတက်မှသာ အကူအညီတောင်းရန် သတိရကြသည်။

လင်ချွမ်သာ ဝင်မကူညီလျှင် ဝူတန်ဂိုဏ်းမှာ သိုင်းလောကတွင် လှောင်စရာ ဖြစ်နေသည်မှာ ကြာလှပြီ။

“ကောင်းပြီလေ၊ ကူညီရင်လည်း ဆုံးအောင် ကူညီရမှာပေါ့။ အခုပဲ ရှောင်းယောက် တောင်ထိပ်ကို သွားကြစို့"

လင်ချွမ်က လက်ကာပြလိုက်ပြီး ယင်ဟွိုက်ယွီနှင့်အတူ လေထဲသို့ ပျံတက်ကာ ထွက်ခွာသွားကြသည်။

ရှောင်းယောက် တောင်ထိပ်တွင် ချန်အာကောသည် ဝင်းထဲ၌ စောင့်နေနှင့်ပြီ။

သူသည် လင်ချွမ်​၏ ကိုယ်ပွားမျှသာ ဖြစ်ကြောင်း ကောင်းကောင်း သိ ပေသည်။

သို့သော် သူ မည်သည့်အခါမျှ မညည်းညူခဲ့ပေ။

သူ၏ ပါရမီနှင့်ဆိုလျှင် တစ်သက်လုံး ကြိုးစားလျှင်ပင် လင်ချွမ်ကို မှီမည်မဟုတ်ပေ။

ပြင်ပလောကမှ ရရှိနေသော ချီးမွမ်းမှုများမှာ အမှန်တကယ်တော့ လင်ချွမ်​၏ ကျေးဇူးကြောင့် ရရှိခဲ့ခြင်း ဖြစ်သည်။

တစ်ဆက်တည်းမှာပင် သူသည် ယင်ဟွိုက်ယွီ၏ တပည့် ဖြစ်ခွင့်ရခဲ့သည်မှာလည်း လူတိုင်းမရနိုင်သော အခွင့်အရေးကြီး ဖြစ်သည်။

ထို့ကြောင့် သူသည် လင်ချွမ်အပေါ် အမြဲတမ်း ကျေးဇူးတင်နေမိသည်။

“မင်းက ရှောင်လင်ကျောင်းရဲ့ ပါရမီရှင် ရူယိကို အနိုင်ယူခဲ့တဲ့ ချန်အာကော ဆိုတာလား"

အေးစက်စူးရှသော အသံတစ်ခု လွင့်ပျံလာ၏။

ည၏ အအေးဓာတ်မှာ ပို၍ပင် အေးစိမ့်သွားသလို ခံစားလိုက်ရသည်။

ချန်အာကော ထိတ်လန့်သွားကာ အမြန်လှည့်ကြည့်လိုက်သည်။

အနက်ရောင် ဝတ်စုံဝတ်ထားသော အမျိုးသမီးတစ်ဦးသည် လေထဲတွင် လွင့်မြောနေသည်။

လရောင်အောက်တွင် မြင်တွေ့ရသော သူမ၏ အလှမှာ မည်သည့်ယောက်ျားကိုမဆို ဖမ်းစားနိုင်သော်လည်း ချန်အာကောကတော့ သူမကို လှသည်ဟု လုံးဝ မထင်ပေ။

အဓိကမှာ ညကြီးမင်းကြီး အနက်ရောင် ဝတ်စုံဝတ်ပြီး ရုတ်တရက် ပေါ်လာခြင်းကြောင့် ဖြစ်သည်။

သူမမှာ သရဲမတစ်ယောက်နှင့်ပင် တူနေတော့သည်။

“မိစ္ဆာမ... မိစ္ဆာမကြီး။ ညကြီးမင်းကြီး လူကို လန့်သေအောင် လုပ်နေတာလား"

ချန်အာကော စကားများ ထစ်နေတော့သည်။

သူ တကယ်ပင် ကြောက်လန့်သွားခြင်း ဖြစ်သည်။

"ဟွန့်"

လင်ယန်ရွှယ်ကတော့ ချန်အာကော​၏ မရိုသေသေ အပြောအဆိုများကို ဂရုမစိုက်ပေ။

မိစ္ဆာမဟု ခေါ်သည်ဖြစ်စေ၊ ညဘက် လန့်အောင်လုပ်သည်ဟု ပြောသည်ဖြစ်စေ သူမ နေသားကျနေပြီ ဖြစ်၏။

သူမ ယခု ပေါ်လာရခြင်း အကြောင်းမှာ စုမေ့အာက ဝူတန်နှင့် အော်မေ့တို့ သိုင်းပြိုင်မည်ဟု ပြောပြခဲ့သောကြောင့် ဖြစ်သည်။

ရွေးချယ်ထားသော တပည့်များမှာ လူငယ်မျိုးဆက်များ ဖြစ်ကြသည်။

အယ်မေ့ဂိုဏ်း​၏ လူငယ်များထဲတွင် လျိုဟွမ်းယင်မှာ အတော်ဆုံးနှင့် ပါရမီအရှိဆုံး ဖြစ်သည်။

လင်ယန်ရွှယ်က ၎င်းကို အထင်သေးသော်လည်း လျိုဟွမ်းယင်​၏ ပါရမီ ကောင်းမွန်သည်ကိုတော့ ငြင်း၍ မရပေ။

အနည်းဆုံးတော့ ဝူတန်ဂိုဏ်းမှ အသုံးမကျသော တပည့်များထက် အများကြီး သာလွန်သည်။

ယှဉ်ကြည့်လျှင် ချန်အာကောမှာ ယခုထက်ထိ အဆင့် (၉) အဆင့်မှာသာ ရှိသေးသည်။

ဤကဲ့သို့ အသုံးမကျသူက ရူယိကို မည်သို့ အနိုင်ယူခဲ့သနည်းဆိုသည်ကို သူမ အမြဲ စဉ်းစားမရ ဖြစ်နေခဲ့သည်။

သေချာ စဉ်းစားကြည့်လျှင် ဖြစ်နိုင်ခြေ တစ်ခုသာ ရှိသည်။ ၎င်းမှာ လင်ချွမ်းနှင့် ပတ်သက်နေခြင်းပင်။

“ငါ့ခန့်မှန်းချက်သာ မှန်မယ်ဆိုရင်"

“ရူယိကို အနိုင်ယူခဲ့တာ မင်းမဟုတ်ဘူး၊ လင်ချွမ်ပဲ။ သူက ကွယ်ရာကနေ ကြိုးကိုင်နေခဲ့တာ မဟုတ်လား"

လင်ယန်ရွှယ်၏ နက်ရှိုင်းသောအသံ လွင့်ပျံလာသည်။

သူမ၏ သိမ်မွေ့သော အတွင်းအားတွင် ဆွဲဆောင်မှုရှိသော အစွမ်းများ ပါဝင်နေသည်။

သူမ၏ အစွမ်း ဆယ်ပုံတစ်ပုံလောက်ကပင် အဆင့် (၉) သိုင်းသမားတစ်ယောက်ကို ကိုင်တွယ်ရန် လုံလောက်လှသည်။

“လျှောက်မပြောနဲ့"

ချန်အာကောက တည်ကြည်သော မျက်နှာထားဖြင့် တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ပြောလိုက်သည်။

လင်ယန်ရွှယ် အံ့သြသွားသည်။

အဘယ်ကြောင့်ဆိုသော် ပထမအဆင့် ဖြစ်သော သူမ၏ မြူဆွယ်ခြင်းအတတ်ကို ချန်အာကောက အမှန်တကယ် ခုခံနိုင်ခဲ့သောကြောင့် ဖြစ်သည်။

“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"

All Chapters