← Chapters

သေသူများသာ လျှို့ဝှက်ချက်ကို ထိန်းသိမ်းနိုင်သည်

Vol. 5 Ch. 47

သေသူများသာ လျှို့ဝှက်ချက်ကို ထိန်းသိမ်းနိုင်သည်

Vol. 5 Ch. 47

ဒေါသကြီးလှသော လင်ယန်ရွှယ် သည် ရုတ်တရက် ရောက်ရှိလာသည်။ ပထမအဆင့်

ပထမအဆင့် ကျင့်ကြံသူတစ်ဦး၏ အရှိန်အဝါကို သူမ အပြည့်အဝ ထုတ်ဖော်လိုက်ရာ ကျယ်ပြောလှသော မြက်ခင်းပြင်ပေါ်တွင် လေပြင်းများ ရုတ်တရက် တိုက်ခတ်လာတော့သည်။

အော်မေ့တပည့်များသည် အေးစိမ့်သော အရှိန်အဝါကြောင့် တုန်လှုပ်သွားကြသည်။

ဒေါသထွက်နေသော လင်ယန်ရွှယ်သည် သူတို့အားလုံးကို သတ်ပစ်လိမ့်မည်ဟု သူတို့ လုံးဝ မသံသယဖြစ်မိပေ။

သို့သော် လင်ယန်ရွှယ် အဘယ်ကြောင့် ဤမျှ ဒေါသထွက်နေရသနည်းဆိုသည်ကိုမူ သူတို့ စဉ်းစားမရကြချေ။

နွားကျောင်းသားလေး တစ်ယောက်အတွက်ကြောင့်လား။

“နေ... နေပါဦး"

ချင်ယွီသည် ထိတ်လန့်တုန်လှုပ်နေသော မျက်နှာဖြင့် အော်လိုက်သည်။

"နွားကျောင်းသား တစ်ယောက်အတွက်နဲ့ အော်မေ့ဂိုဏ်းကို ရန်သူတော် လုပ်ရကျိုး နပ်ရဲ့လား"

သူမ အကြံကုန်နေပြီ ဖြစ်သည်။

ပြိုင်ဘက်မှာ တစ်ဦး ဖြစ်သည်။

ဝူတန်ဂိုဏ်းချုပ် ကိုယ်တိုင် လာလျှင်ပင် လင်ယန်ရွှယ်ကို ယှဉ်နိုင်မည် မဟုတ်ပေ။

သူမအတွက်တော့ လင်ယန်ရွှယ် ပေါ်လာခြင်းသည် သေမိန့်ကျခြင်းနှင့် အတူတူပင်။

တစ်ခုတည်းသော နည်းလမ်းမှာ ဂိုဏ်း၏ အရှိန်အဝါကို သုံး၍ လင်ယန်ရွှယ်ကို တားဆီးရန်ပင် ဖြစ်သည်။

“ဟွန့်"

ချင်ယွီ ရရှိလိုက်သော တစ်ခုတည်းသော တုံ့ပြန်မှုမှာ အေးစက်သော နှာခေါင်းရှုံ့သံသာ ဖြစ်သည်။

လင်ယန်ရွှယ်သည် သူမနှင့် စကားများများ ပြောမနေချင်ပေ။

လေထဲတွင် မြောက်နေသော သူမ၏ လက်ချောင်းလေးများကို အနည်းငယ် မြှောက်လိုက်ရာ လေထုမှာ ပို၍ပင် ပြင်းထန်သော မုန်တိုင်းတစ်ခုကဲ့သို့ ဖြစ်ပေါ်လာသည်။

အားနည်းသော တပည့်အချို့မှာ လေပြင်းထဲတွင် လွင့်ထွက်သွားကြသည်။

ချင်ယွီမှာမူ သူမ၏ ဓားကို အားပြု၍ အနိုင်နိုင် ရပ်နေရသည်။

“အံ့ဩစရာပဲ! သူမရဲ့ အတွင်းအားကတင် ငါတို့ကို ခုခံဖို့ မဖြစ်နိုင်စေတာပဲ"

"ပထမအဆင့် ဆိုတာ ငါတို့လို သာမန်လူတွေ ယှဉ်နိုင်တဲ့ အရာ မဟုတ်ဘူး"

ချင်ယွီ၏ မျက်နှာမှာ သေလူကဲ့သို့ ဖြူလျော်သွားပြီး တစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရ တုန်ယင်နေတော့သည်။

သို့သော် အသက်ရှင်လိုစိတ် ပြင်းပြမှုကြောင့် မျှော်လင့်ချက်ကို အသည်းအသန် ရှာဖွေနေမိသည်။

သို့သော် ပတ်ဝန်းကျင်တွင် ကယ်တင်မည့်သူ မရှိပေ။

နောက်ဆုံးတွင် သူမ၏ အကြည့်မှာ လင်ချွမ်ထံသို့ ရောက်သွားသည်။

“သူ့ကြောင့်ပဲ"

ချင်ယွီသည် ကောက်ရိုးတစ်မျှင်ကို ဆွဲမိသကဲ့သို့ မျက်လုံးများ ပြူးသွားကာ သိက္ခာကို ပစ်ပယ်၍ အားကုန်အော်လိုက်တော့သည်။

“လင်ချွမ်၊မင်းက ဝူတန်တပည့် တစ်ယောက်ဖြစ်ပြီးတော့ ဒီမိစ္ဆာမရဲ့ လုပ်ရပ်တွေကို ဘာလို့ ဒီအတိုင်း ကြည့်နေနိုင်ရတာလဲ"

"ငါတို့ သေသွားရင် မင်းတို့ ဝူတန်ဂိုဏ်းလည်း တာဝန်က လွတ်မှာ မဟုတ်ဘူး"

"မင်းက မိစ္ဆာမရဲ့ အလိုတော်၊အပေါင်းအပါ တစ်ယောက် မဖြစ်ချင်ဘူး မဟုတ်လား"

ကိုယ့်ကျင့်တရားဖြင့် ခြိမ်းခြောက်ခြင်းလော။

လင်ချွမ် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

ချင်ယွီက သူ့ကို နတ်ဆိုးဂိုဏ်းနှင့် ပတ်သက်သည်ဟု စွပ်စွဲမည်ကို သူ မကြောက်ပေ။ သို့သော် ဤကဲ့သို့ ခြိမ်းခြောက်ခံရခြင်းကို သူ မနှစ်သက်ပေ။

သူသည် နွားကျောင်းသားအဖြစ် ဟန်ဆောင်ကာ အေးအေးဆေးဆေး နေလိုသော်လည်း ချင်ယွီ၏ စကားများက သူ၏ ဟန်ဆောင်မှုကို ဖျက်ဆီးလိုက်သည်။

အမှန်အတိုင်း ပြောရလျှင် နတ်ဆိုးဂိုဏ်းနှင့် ပတ်သက်သူ မည်သူမဆိုသည် ပြစ်မှုကျူးလွန်သူဟု သတ်မှတ်ခံရမည် ဖြစ်သည်။

ထို့ကြောင့် လောကီရေးရာများကို မပတ်သက်ဘဲ ကျင့်ကြံနေထိုင်လိုသော လင်ချွမ်​၏ ရည်ရွယ်ချက်မှာ ပျက်စီးသွားပြီ ဖြစ်၏။

“ကြင်နာတတ်တဲ့သူဟာ အမြဲ အနိုင်ကျင့်ခံရတတ်တာပဲ။ မြင်းကောင်းဆိုတာ အမြဲ အစီးခံရတာပဲ"

လင်ချွမ်က ခါးသီးစွာ ပြုံးလိုက်သည်။

သူသည် ခေါင်းကို ဖြည်းဖြည်းချင်း မော့ကာ လင်ယန်ရွှယ်ကို ကြည့်လိုက်သည်။

“အခြေအနေက ဒီလို ဖြစ်လာပြီဆိုတော့ ရှင် ကျွန်မတားဦးမှာလား"

လင်ယန်ရွှယ်က အယ်မေ့တပည့်များကို အေးစက်စွာ ကြည့်ကာ မေးလိုက်သည်။

လင်ချွမ်သည် သူမအား အော်မေ့တပည့်များကို သတ်ခွင့်ပေးမည် မဟုတ်ကြောင်း သူမ သိနေသည်။

သို့သော် သူမ မှားသွားသည်။

လင်ချွမ်က ခေါင်းကို ခပ်အေးအေးပင် ခါယမ်းလိုက်ပြီး။

“သေလူကသာ လျှို့ဝှက်ချက်ကို ထိန်းသိမ်းနိုင်တာပါ"

“ဒီအယ်မေ့တပည့်တွေ အားလုံး ဝူတန်တောင်ခြေမှာ ရုတ်တရက် သေဆုံးသွားတာက ပြဿနာတွေ အများကြီး ဖြစ်လာနိုင်ပေမဲ့၊ မရှိတဲ့ အပြစ်တစ်ခုနဲ့ အပုပ်ချခံရပြီး လိုက်ပြေးနေရတာထက်စာရင်တော့ ဒါက ပိုကောင်းပါတယ်"

လင်ချွမ်​၏ စကားလုံးများသည် ချွန်ထက်သော ဓားများကဲ့သို့ အေးစက်လှ ပေသည်။

၎င်းသည် ချင်ယွီ၏ နောက်ဆုံး မျှော်လင့်ချက်မီးစကို ငြှိမ်းသတ်လိုက်ခြင်းပင် ဖြစ်သည်။

ချင်ယွီသည် ရူးသွပ်စွာ အော်ဟစ်နေသော်လည်း သူမ၏ အသံမှာ လေထဲတွင် ပျောက်ကွယ်သွားသည်။

မြက်ခင်းစိမ်းပေါ်တွင် သွေးများစွန်းထင်သွားတော့သည်။

ချင်ယွီ၏ ခန္ဓာကိုယ် မြေပြင်ပေါ်သို့ လဲကျသွားကာ အခြား အော်မေ့တပည့်များ၏ အော်ဟစ်သံများလည်း နောက်မှ ထွက်ပေါ်လာသည်။

ခဏချင်းမှာပင် ချင်ယွီ ခေါ်လာသော တပည့်အားလုံးမှာ တစ်ချက်တည်းနှင့် အသက်ပျောက်ကုန်ကြသည်။

နောက်မှ လိုက်လာသော လျိုဟွမ်းယင် နှင့် အခြား အယ်မေ့တပည့်များသည် ဤမြင်ကွင်းကို မြင်သောအခါ ကြောက်လန့်လွန်းသဖြင့် မလှုပ်နိုင်တော့ပေ။

“ဒါ ပထမအဆင့် ရဲ့ အစွမ်းလား"

သူတို့သည် ထိပ်တန့်တုန်လှုပ်သွားကြသည်။

မိမိကိုယ်ကိုယ် အထင်ကြီးခဲ့မိသည်ကို ယခုမှ နောင်တရကြသော်လည်း နောက်ကျသွားပြီ ဖြစ်သည်။

“မြန်မြန်၊ ဟွမ်းယင်ကို ကာကွယ်ပြီး ဝူတန်တောင်ပေါ်ကို ပြန်ခေါ်သွားကြ။ ကျန်တဲ့လူတွေက လင်ယန်ရွှယ်ကို တားထားကြ"

အယ်မေ့အကြီးအကဲ တစ်ဦးက ပြတ်သားစွာ အမိန့်ပေးလိုက်သည်။

လျိုဟွမ်းယင်မှာ အယ်မေ့ဂိုဏ်း၏ အဖိုးတန် ပါရမီရှင် ဖြစ်သည်။

“လျိုဟွမ်းယင်က ပါရမီ ရှိသားပဲ။ စနစ်တကျ သင်ပေးရင် အောင်မြင်မှုတွေ အများကြီး ရနိုင်တာကို ဆရာ ရွေးတာ မှားသွားတာပဲ"

လင်ယန်ရွှယ်က နှမြောတသဟန်ဖြင့် ခေါင်းခါလိုက်သည်။

“သူမကို ဟယ်ဟွမ်းဂိုဏ်းထဲ ခေါ်သွားချင်လို့လား"

လင်ချွမ်က အေးဆေးစွာ မေးလိုက်သည်။

“ရမယ်ဆိုရင်တော့...”

လင်ယန်ရွှယ် စကားမဆုံးသေးမီမှာပင် သူမဘေးမှ လေပြေတစ်ချက် တိုက်ခတ်သွားသည်ကို ခံစားလိုက်ရသည်။

ထို့နောက် ရိပ်ခနဲ ပုံရိပ်တစ်ခု ပျောက်ကွယ်သွားပြီးနောက် ဝူတန်တောင်၏ တစ်ခုတည်းသော ကျောက်လမ်းကို လူတစ်ယောက်က ပိတ်ဆို့ထားသည်ကို တွေ့လိုက်ရသည်။

“လင်ချွမ်"

အော်မေ့တပည့်များကြားမှ လျိုဟွမ်းယင်​၏ အံ့ဩသံ ထွက်ပေါ်လာသည်။

သူမသည် အဆင့် (၃) သိုင်းသမား ဖြစ်သဖြင့် လင်ချွမ်​၏ အံ့မခန်း လျင်မြန်သော ကိုယ်ဖော့ပညာကို သတိပြုမိလိုက်သည်။

လင်ချွမ်သည် အယ်မေ့တပည့်များ၏ လမ်းကို ပိတ်ထားလိုက်ပြီ ဖြစ်သည်။

“မင်းက သိုင်းတတ်တာလား"

လျိုဟွမ်းယင်​၏ စိတ်ထဲတွင် မေးခွန်းများ ပြည့်နှက်သွားသည်။

“ဘယ်က လင်ချွမ်လဲ! ငါတို့လမ်းကို ပိတ်ရဲရင် သေပေတော့"

အော်မေ့တပည့်များသည် လျိုဟွမ်းယင်ကို ကာကွယ်ရန် အသည်းအသန် ဖြစ်နေကြသဖြင့် လင်ချွမ်ကို ရန်သူအဖြစ် သတ်မှတ်ကာ ဓားဖြင့် ထိုးနှက်လိုက်ကြသည်။

“ဓားကို ဒီလို သုံးရတာ မဟုတ်ဘူး"

လင်ချွမ်သည် လက်ချောင်းတစ်ချောင်းကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။

တစ်ချက်မျှ ထိလိုက်ရုံဖြင့် ဓားလေးစင်လုံးမှာ တစ်နေရာတည်းတွင် စုစည်းသွားကာ အော်မေ့တပည့်များမှာ ရှေ့သို့ တစ်လက်မမျှ တိုးမရတော့ပေ။

“မင်းတို့ကို ဓားသိုင်းတစ်ခု သင်ပေးမယ်"

"အဖိုးအခကိုတော့ မင်းတို့ရဲ့ အသက်တွေနဲ့ ပေးချေရလိမ့်မယ်"

All Chapters