နဝမမြောင် ယန် နတ်ဘုရားကျမ်းစာကို ရရှိခြင်း
Vol. 5 Ch. 50
ရူယိ နှင့် လျိုဟွမ်းယင် ဟူသော ပါရမီရှင် နှစ်ဦးကို အနိုင်ယူခဲ့ခြင်းက ချန်အာကောကို တစ်ရှိန်ထိုး နာမည်ကြီးသွားစေသည်။
အနောက်ဘက်ဒေသမှ နတ်ဆိုးဂိုဏ်းများပင် ဝူတန်ဂိုဏ်း၏ ဤပါရမီရှင်အကြောင်းကို ကြားသိနေရပြီ ဖြစ်သည်။
ထိုစဉ်က လင်ယန်ရွှယ် မှာ ဝူတန်တောင်ပေါ်၌ ရှိနေသဖြင့် ချန်အာကောကို သူမ ကိုယ်တိုင် မြင်တွေ့ဖူးသည်။
ဤပါရမီရှင်ဆိုသူမှာ အမည်နှင့် မထိုက်တန်ကြောင်း သူမ ကောင်းကောင်းသိသည်။
အဆင့်(၉) ကျင့်ကြံသူမျှသာ ရှိသောသူက ပါရမီရှင်နှစ်ဦးကို ဆက်တိုက် မည်သို့ နိုင်ခဲ့သည်ကို သူမလည်း နားမလည်နိုင်အောင် ဖြစ်နေမိသည်။
ချန်အာကော၏ တက်လိုက်ကျလိုက် ဖြစ်နေသော အစွမ်းမှာ တကယ်ပင် ထူးဆန်းလှ ပေသည်။
“လင်ချွမ်သာ ကွယ်ရာက ကူညီခဲ့မယ်ဆိုရင် သူ့ရဲ့ အစွမ်းနဲ့ ဒါက လွယ်လွယ်လေးပဲ"
လင်ယန်ရွှယ်က ကိုယ့်ဘာသာ ရေရွတ်လိုက်သည်။ သို့သော် ဤစကားကို ဟယ်ဟွမ်းဂိုဏ်း အကြီးအကဲများကို သူမ မပြောပေ။
သိုင်းလောကတစ်ခုလုံးက ချန်အာကောကို ပါရမီရှင်ဟု သတ်မှတ်နေကြမှတော့ သူမကလည်း ထိုအတိုင်းပင် လိုက်လျောပေးလိုက်ရန် ဆုံးဖြတ်လိုက်သည်။
“ဟုတ်ပါတယ်။ ငါတကယ်ပဲ ချန်အာကောလက်မှာ ရှုံးခဲ့တာ"
"ငါ့ရဲ့ ခန့်မှန်းချက်အရဆိုရင် ဒီလူဟာ ပထမအဆင့် ထက်တောင် ကျော်လွန်နေပြီး ဒဏ္ဍာရီလာ အထွတ်အထိပ် နယ်ပယ် ကိုတောင် ရောက်နေနိုင်တယ်"
လင်ယန်ရွှယ်က အလွန်တည်ကြည်သော မျက်နှာဖြင့် ပြောလိုက်သည်။
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။
ဒုခေါင်းဆောင်မှာ သရဲမြင်လိုက်ရသည့်နှယ် မျက်နှာ ဖြူလျော်သွားသည်။
“အကြီးအကဲ... နေမကောင်းလို့လား"
အခြားအကြီးအကဲ တစ်ဦးက စိုးရိမ်တကြီး မေးလိုက်၏။
ဤအကြီးအကဲများမှာ သဘောထားကြီးလွန်း၍ မဟုတ်ဘဲ၊ 'အထွတ်အထိပ် နယ်ပယ်' ဆိုသည်မှာ မည်မျှ အစွမ်းထက်ကြောင်းကိုပင် မသိကြသောကြောင့် ဖြစ်သည်။
လင်ချွမ်ကိုယ်တိုင်ပင် ပထမအဆင့်အထက်၌ နယ်ပယ် ၃ ခု ရှိကြောင်းကို ယင်ဟွိုက်ယွီ ထံမှ ခဲခဲယင်းယင်း မေးမြန်းထားရခြင်း ဖြစ်သည်။
သာမန်သိုင်းသမားများအတွက် ပထမအဆင့်မှာပင် လောကတွင် အစွမ်းဆုံး ဖြစ်ပြီး၊ အထွတ်အထိပ် နယ်ပယ်ဆိုသည်မှာ ဒဏ္ဍာရီမျှသာ ဖြစ်နေပြီ ဖြစ်သည်။
“ဒီလို ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
ဒုခေါင်းဆောင်မှာ ဘေးလူ၏ စိုးရိမ်မှုကိုပင် မကြားဘဲ ငေးမှိုင်နေမိသည်။
"ဒီလောကမှာ တကယ့်ကို ပြိုင်ဘက်ကင်းတဲ့ ပညာရှင်တွေ ရှိနေတာပဲ။ ပြီးတော့ အဲဒီလူက အလယ်ပိုင်းဒေသ သိုင်းလောကမှာ ပေါ်လာခဲ့တာ"
သူမသည် သတိပြန်ဝင်လာဟန်ဖြင့် လင်ယန်ရွှယ်ကို မော့ကြည့်ကာ ရုတ်တရက် ဒူးထောက်လိုက်သည်။
“ဂိုဏ်းချုပ် အသက်ရှင်လျက် ပြန်လာနိုင်တာ တကယ်ပဲ ကံကောင်းပါတယ်"
"ကျွန်မ တောင်းဆိုချင်တာက ဂိုဏ်းကို ကာကွယ်ဖို့အတွက် အလယ်ပိုင်းဒေသ သိုင်းလောကကို နောက်ဘယ်တော့မှ မမက်မောပါနဲ့တော့"
"မဟုတ်ရင် ကျွန်မတို့ ဟယ်ဟွမ်းဂိုဏ်းဟာ ပြန်လမ်းမရှိတဲ့ ချောက်ထဲကို ကျသွားပါလိမ့်မယ်"
ထိုစကားကြောင့် တိတ်ဆိတ်နေသော ခန်းမထဲတွင် ဆူညံသွားပြန်သည်။
အကြီးအကဲများသည် ဒုခေါင်းဆောင်ကို အံ့ဩစွာ ကြည့်နေကြသည်။
သူတို့သည် လင်ယန်ရွှယ်ကို ဖိအားပေးရန် သူနှင့်အတူ လိုက်လာခဲ့ကြသော်လည်း၊ ယခုမူ ထိုသူကအရင်ဆုံး အရှုံးပေးသွားပြီ ဖြစ်သည်။
“ဟား၊ အကြီးအကဲ ပြောတာ မှန်ပါတယ်။ ငါလည်း အဲဒီလိုပဲ တွေးထားတာ"
"အဲဒီလူက ထိပ်သီး ပညာရှင်ကြီးပဲ။ ငါလည်း မယှဉ်နိုင်သလို ဟယ်ဟွမ်းဂိုဏ်းလည်း မယှဉ်နိုင်ဘူး။ ဒါကြောင့် အခုကစပြီး တစ်ဂိုဏ်းလုံးကို ပိတ်ထားမယ်လို့ ငါ ဆုံးဖြတ်လိုက်တယ်"
"ငါကိုယ်တိုင်လည်း အထွတ်အထိပ် နယ်ပယ်ကို မရောက်မချင်း တံခါးပိတ် ကျင့်ကြံတော့မယ်"
ဝူတန်တောင်။
"လက်ခံသူသည် ရှောင်းယောက် တောင်ထိပ်တွင် အောင်မြင်စွာ စနစ်ဝင်ရောက်ပြီး နဝမမြောက် ယန် နတ်ဘုရားကျမ်းစာ'ကို ဆုလာဘ်အဖြစ် ရရှိပါသည်"
လင်ချွမ်သည် ကျောက်ဘုရားကျောင်း ဝင်းထဲတွင် ရပ်နေသည်။
အမှတ်မထင် စနစ်ဝငိလိုက်ရာမှ ရှောင်လင်ကျောင်းတော်၏ နတ်ဘုရားအဆင့် သိုင်းပညာကို ရရှိခဲ့ခြင်း ဖြစ်သည်။
"နဝမမြောက် ယန် နတ်ဘုရားကျမ်းစာ"
သူသည် ယခင်က နဝမမြောက်ယင်ကျမ်းစာကို ကျင့်ရန် ငြင်းဆိုခဲ့သည်မှာ သူ့ မူလကျင့်စဉ်နှင့် မကိုက်ညီသောကြောင့် ဖြစ်သည်။
ထို့အပြင် နဝမမြောက်ယင်ကျမ်းစာသည် အတတ်ပညာ ပိုင်းကို ပိုဦးစားပေးသဖြင့် အထွတ်အထိပ်အဆင့်သို့ နီးကပ်နေသော သူ့အတွက် အသုံးမဝင်လှပေ။
အတွင်းအားကို မြှင့်တင်ရန်သာ သူ လိုအပ်သည်။
ယခုမူ ရက်ပိုင်းအတွင်းမှာပင် သူ၏ ဆန္ဒ ပြည့်ဝသွားခဲ့ပြီ ဖြစ်သည်။
နဝမမြောက် ယန်နတ်ဘုရားကျမ်းစာမှာ နတ်ဘုရားအဆင့် ကျင့်စဉ်များထဲတွင် ထိပ်ဆုံးမှ ဖြစ်သည်။
ဤသိုင်းကို ကျွမ်းကျင်သွားလျှင် အတွင်းအားမှာ မယုံနိုင်စရာ အရှိန်ဖြင့် လှည့်ပတ်နေပြီး ဘယ်သောအခါမျှ ကုန်ခန်းသွားခြင်း မရှိတော့ပေ။
ထို့အပြင် ကိုယ်ခန္ဓာကို အလိုအလျောက် ကာကွယ်ပေးသော အရှိန်အဝါ ချီ ထွက်ပေါ်လာသဖြင့် အဆိပ်အားလုံးကို ခံနိုင်ရည်ရှိစေကာသာမန် ရောဂါလေးများ နှင့် အဆိပ်ငွေ့များကို တန်ပြန်နိုင်၏။
ပင်မ အမြုတေထဲရှိ အဓိက သွေးကြောကြီးများ ပွင့်သွားပြီးနောက် သိုင်းပညာ၏ အနှစ်သာရများကို ပေါင်းစပ်ကာ လောကရှိ မည်သည့်သိုင်းကိုမဆို လွယ်လွယ်ကူကူ ကျင့်ကြံနိုင်မည် ဖြစ်သည်။
“အရင်က ကျန်းစန်းဖုန်း ဟာ ဒီကျမ်းစာရဲ့ တစ်ဝက်ကိုပဲ ရခဲ့လို့ ဝူတန်မှာ နထမမြောက် ယန်သိုင်းကို ဖန်တီးခဲ့တာ"
"ဒါကြောင့် အပေါ်ယံလောက်ပဲ သိခဲ့ရတာ။ တကယ့် မူရင်းကျမ်းစာနဲ့ ယှဉ်ရင်တော့ အများကြီး ကွာခြားလွန်းတယ်"
လင်ချွမ်သည် ကျမ်းစာကို နားလည်သွားသောအခါ မူရင်းနှင့် အတုကြားမှ ကွာခြားချက်ကို အမှန်တကယ် သိမြင်သွား ပေသည်။
သူသည် ဤကျမ်းစာကို ကျင့်ကြံလိုသော်လည်း၊ ယနေ့ ရှောင်းယောက်တောင်ထိပ်သို့ လာခဲ့ခြင်းမှာ စနစ်ဝင်ရန် သက်သက်မဟုတ်ပေ။
ချန်အာကောကို သိုင်းသင်ပေးရန်နှင့် ယင်ဟွိုက်ယွီကို အကြံပေးရန် လာခဲ့ခြင်း ဖြစ်သည်။
ဆရာနှင့် တပည့်နှစ်ဦးလုံးမှာ သူ့ကို အသည်းအသန် စောင့်မျှော်နေကြသည်။
တစ်ဦးမှာ အခြေခံ အလွန်ညံ့ပြီး၊ တစ်ဦးမှာ သက်တမ်းကုန်ဆုံးတော့မည့် အခြေအနေ ဖြစ်နေသော်လည်း၊ သူတို့နှစ်ဦးလုံးမှာ အချိန်တိုအတွင်း အတားအဆီးများကို ကျော်ဖြတ်လိုကြသည်။
ထို့ကြောင့် လင်ချွမ်ကို သင်ကြားပြသပေးရန် အလေးအနက် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။
လင်ချွမ်ကလည်း ငြင်းမနေတော့ပေ။
ချန်အာကောမှာ သူ၏ ကိုယ်ပွား ဖြစ်နေသလို၊ သိုင်းလောကတွင်လည်း နာမည်ကြီးနေပြီ ဖြစ်သည်။
သိုင်းသမားများသည် အားကြီးသူကို စိန်ခေါ်လိုကြသဖြင့် နောက်ပိုင်းတွင် ချန်အာကောသည် ဂိုဏ်းအသီးသီး၏ စိန်ခေါ်မှုကို မလွဲမသွေ ရင်ဆိုင်ရပေလိမ့်မည်။
လင်ချွမ်က အမြဲတမ်း နောက်ကွယ်က ကူညီနေ၍ မရပေ။
ယင်ဟွိုက်ယွီမှာလည်း ယခုနှစ်တွင် သက်တမ်းကုန်ဆုံးရမည် ဖြစ်သော်လည်း လင်ချွမ်၏ နတ်ဆေးရည်ကြောင့်သာ အသက်ဆက်နေရခြင်း ဖြစ်သည်။
သူတို့နှစ်ဦးလုံးနှင့် လင်ချွမ်မှာ ပတ်သက်မှုရှိနေသဖြင့် သူ လျစ်လျူမရှုနိုင်ပေ။
“အမှန်အတိုင်း ပြောရရင်... ဒီအတားအဆီးတွေကို ဘယ်လို ကျော်ဖြတ်ရမလဲဆိုတာ ငါ မသိဘူး"
"ဘာလို့လဲဆိုတော့ ငါကိုယ်တိုင်က တစ်ခါမှ အတားအဆီး ဆိုတာမျိုးနဲ့ မကြုံဖူးလို့ပဲ"
လင်ချွမ်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
သူသည် အမှန်အတိုင်း ပြောလိုက်ခြင်း ဖြစ်၏။
သူသည် စနစ်ဝင်ခြင်းဖြင့်သာ အဆင့် (၉) မှ အဆင့် (၁) ထိ အခက်အခဲမရှိ ရောက်လာခဲ့သူ ဖြစ်သည်။
အခက်အခဲ မကြုံဖူးသူက သူတစ်ပါးကို မည်သို့ သင်ပေးနိုင်ပါမည်နည်း။
သို့သော် အပြင်လူ အမြင်တွင်မူ ဤစကားမှာ ကြွားဝါနေသကဲ့သို့ပင်။
ယင်ဟွိုက်ယွီနှင့် ချန်အာကောတို့မှာ သူ့ကို အလွန်လေးစားကြသော်လည်း ဤစကားကို ကြားသောအခါ မျက်လုံးအသာ လှန်ကြည့်မိကြသည်။
“ဒါပေမဲ့ မင်းတို့ရဲ့ ကျင့်စဉ်ကို တိုးတက်အောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းတချို့တော့ ငါ့မှာ ရှိပါတယ်"
"အဲဒီ လုပ်ငန်းစဉ်ကတော့ နည်းနည်း နာကျင်လိမ့်မယ်"
လင်ချွမ်က ပြုး၍ပြောလိုက်သည်။
ချန်အာကောက ဘာမှနားမလည်သလို ကြည့်နေသော်လည်း ဝါရင့်သိုင်းသမားကြီး ယင်ဟွိုက်ယွီကတော့ လင်ချွမ်၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားသည်။
“ငါက အသက် ၁၅၀ ကျော်နေပြီ၊ ဒီလောက် စိတ်ဖိစီးမှုတွေ မခံနိုင်တော့ဘူး"
"သွေးကြောတွေ ဖွင့်ပေးတဲ့ အလုပ်ကို လူငယ်တွေပဲ လုပ်ပါစေ"
သူက ခါးသီးစွာ ပြုံးရင်း ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။
သို့သော် သူ မော့ကြည့်လိုက်သောအခါ လင်ချွမ် ပျောက်ကွယ်သွားပြီ ဖြစ်သည်။
“မင်းက သေခါနီးလူပဲ။ မျှော်လင့်ချက် မရှိရင်တောင် ဘာလို့ မစမ်းသပ်ကြည့်ရမှာလဲ"
“ခဏလောက်တော့ အောင့်ခံလိုက်ပါ"
အသံက ယင်ဟွိုက်ယွီ၏ နောက်ကျောဘက်မှ ထွက်ပေါ်လာသည်။
၎င်းမှာ လင်ချွမ်ပင် ဖြစ်သည်။
“မြန်လိုက်တာ"
ယင်ဟွိုက်ယွီ လန့်သွားသည်။
လင်ချွမ် သူ့နောက်ကို ဘယ်အချိန်က ရောက်နေသည်ကို သူ လုံးဝ မသိလိုက်ပေ။
“အကြီးအကဲ၊ ကျွန်တော်တို့ ဒါကြီးကို မေ့လိုက်ကြရအောင်ဗျာ"
ပြောပြီးသည်နှင့် ယင်ဟွိုက်ယွီသည် ပေ ၁၀၀ ခန့် အကွာအဝေးသို့ ကြွက်ကလေးတစ်ကောင်လို အမြန် ပြေးထွက်သွားသည်။
သို့သော် သူ မည်မျှပင် ပြေးပါစေ၊ ပုံရိပ်တစ်ခုက သူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါနေမြဲ ဖြစ်သည်။
“မင်း မကျေနပ်ရင် ငါ့ကို ပြန်တိုက်ခိုက်လို့ ရပါတယ်"
"တိုက်ခိုက်နေချိန်မှာတော့ နာကျင်မှုကို လျော့နည်းစေလိမ့်မယ်"
"ဒါပေမဲ့ ငါ့ကို တိုက်ခိုက်တဲ့သူဟာ ဆိုးဝါးတဲ့ ကံကြမ္မာနဲ့ ကြုံရလိမ့်မယ်နော်"