← Chapters

မနာလိုစိတ်သည် လူတို့ကို ဖောက်ပြန်စေသည်

Vol. 6 Ch. 52

မနာလိုစိတ်သည် လူတို့ကို ဖောက်ပြန်စေသည်

Vol. 6 Ch. 52

ယင်ဟွိုက်ယွီ၏ ခါးသီးသော အတွေ့အကြုံသည် နောက်ဆုံးတွင် အောင်မြင်မှုဆီသို့ ဦးတည်သွားခဲ့သည်။

ရန် နှင့် တု သွေးကြောမကြီးများ ပွင့်သွားပြီးနောက် သူ၏ ကျင့်ကြံမှုအဆင့်သည် အဆင့်နှစ်ဆင့် တရှိန်ထိုး တက်လှမ်းသွားခဲ့သည်။

ယခုအခါ သူသည် ပထမအဆင့် အထက်ပိုင်း ကျင့်ကြံသူ တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။

ဘေးတွင် ရပ်ကြည့်နေသော စုမေ့အာ နှင့် ကျန်းခွေ့ တို့မှာ မနာလိုစိတ်ဖြင့် ငေးကြည့်နေမိကြသည်။

ဤမျှ ကြီးမားသော တိုးတက်မှုမျိုးသည် မည်သည့်သိုင်းသမားအတွက်မဆို အလွန်ကြီးမားသော အခွင့်အရေးပင်။

ငြင်း၍မရသည်မှာ လင်ချွမ်သည် လူသားတစ်ယောက်အဖြစ် ပေါ်ထွန်းလာသော ကံကောင်းခြင်း အခွင့်အလမ်းပင် ဖြစ်၏။

ကံဆိုးသည်မှာ သူတို့နှစ်ဖက်စလုံးသည် ဆန့်ကျင်ဘက် ရန်သူများ ဖြစ်နေကြသဖြင့် ရှေ့တင်ရှိနေသော ဤအခွင့်အရေးကို လက်လွှတ်နေရခြင်း ဖြစ်သည်။

“ကဲ... အခု မင်းအလှည့်ပဲ၊ချန်အာကော"

လင်ချွမ်က ခေါင်းကို ဖြည်းဖြည်းချင်း လှည့်ကာ မျက်နှာဖြူလျော်နေသော ချန်အာကောကို ကြည့်လိုက်သည်။

“ဟို... အကြီးအကဲ လင်ချွမ်၊ ကျွန်တော့်အတွက်တော့ မလိုဘူး ထင်ပါတယ်။ ကျွန်တော်က မူလကတည်းက ပါရမီသိပ်ရှိတာ မဟုတ်တော့ အကြီးအကဲ အားအင်ကုန်ခံနေဖို့ မလိုပါဘူး"

"ရန်နဲ့ တု သွေးကြောတွေ ဖွင့်ရတာက အရမ်းနာတယ်ဆိုတော့ ကျွန်တော် မခံနိုင်မှာ ကြောက်လို့ပါ"

ချန်အာကောက တုန်တုန်ရင်ရင်ဖြင့် ပြောလိုက်သည်။

အကယ်၍ လင်ချွမ်က သူ့ကို ပါရမီရှင်အဖြစ် မြှင့်တင်မပေးခဲ့လျှင် ယခုအချိန်ထိ သူသည် ဝူတန်တောင်ပေါ်မှ သာမန် ဂရုမစိုက်ခံရသော တပည့်တစ်ဦးသာ ဖြစ်နေပေလိမ့်မည်။

လွန်ခဲ့သော ဆယ်နှစ်လုံးလုံး သူသည် အဆင့် (၉) ကျင့်ကြံရေးအဆင့်မှာသာ ရှိနေခဲ့သူ ဖြစ်သည်။

သူ၏ဘဝတွင် အဆင့်မြင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာလိမ့်မည်ဟု အိပ်မက်ပင် မမက်ဖူးပေ။

အမှန်အတိုင်း ပြောရလျှင် သူ၌ ရည်မှန်းချက်နှင့် တက်ကြွမှု မရှိပေ။

သို့သော် ပါရမီရှင်နှစ်ဦးဖြစ်သော ရူယိ နှင့် လျိုဟွမ်းယင် တို့ကို အနိုင်ယူစဉ်ကမူ သူသည် ချီးမွမ်းမြှောက်ပင့်မှုများကို သဘောကျခဲ့မိသည်။

သို့သော် ချန်အာကောသည် သတိလျင်မြန်စွာ ပြန်ဝင်လာသည်။

ထိုချီးမွမ်းမှုများသည် လင်ချွမ်နှင့်သာ ဆိုင်ကြောင်း၊ သူသည် ရုပ်သေးရုပ်မျှသာ ဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။

သို့သော် လင်ချွမ်က ဒါတွေ အားလုံးကို စောင့်ကြည့်နေသည်ကိုမူ သူ မသိပေ။

လင်ချွမ်သည်လက်ရှိဖြစ်ရပ်များကို တည်ငြိမ်စွာ ကိုင်တွယ်နိုင်သော်လည်း၊ နောင်တစ်ချိန်တွင် ချန်အာကောသည် ကျော်ကြားမှုနှင့် စည်းစိမ်အပေါ် ဤမျှအထိ လျစ်လျူရှုနိုင်မည်ဟု အာမ မခံနိုင်ပေ။

လူသားဆိုသည်မှာ တစ်ကိုယ်ကောင်းဆန်တတ်ကြသည်။

သူတော်စင်များပင်လျှင် တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများ ရှိကြ ပေသည်။

ချန်အာကောသည်လည်း ခြွင်းချက်မဟုတ်ပေ။

ဝမ်ချဲကဲ့သို့ပင် မနာလိုစိတ် ကြီးစိုးလာလျှင် အကျိုးဆက်မှာ လူအများ မျှော်လင့်ထားသည်ထက် ပိုမိုဆိုးဝါးသွားတတ်သည်။

လင်ချွမ်က ချန်အာကောကို ကျင့်ကြံမှု မြှင့်တင်ပေးရန် ဆုံးဖြတ်ခြင်းမှာ ချန်အာကောသည် နောက်ထပ် ဝမ်ချဲတစ်ယောက် ဖြစ်မလာစေရန် တားဆီးခြင်းပင် ဖြစ်သည်။

“နာကျင်ရမှာကတော့ ရှောင်လွှဲလို့ မရဘူး"

"ဒါပေမဲ့ မင်းက ငါ့ရဲ့ အရိပ်အောက်မှာပဲ တစ်သက်လုံး နေသွားချင်တာလား"

"ငါ တစ်နေ့မှာ မရှိတော့ရင်ရော၊ မင်းကို လာစိန်ခေါ်မယ့် သိုင်းသမားတွေကို ဘယ်သူက မင်းကိုယ်စား ရင်ဆိုင်ပေးမှာလဲ"

လင်ချွမ်က အလေးအနက် ပြောလိုက်သည်။

သူသည် ချန်အာကောကို ဤအခြေအနေအထိ ရောက်အောင် လုပ်ပေးခဲ့သဖြင့် သူ့ကို ကူညီရန် တာဝန်ရှိသည်ဟု ခံစားရ၏။

ထို့အပြင် ယင်ဟွိုက်ယွီ ရှိနေစဉ်တွင် ဆရာတစ်ဦးအနေဖြင့် မိမိတပည့်အား သာမန်လူတစ်ယောက်လို ရှင်သန်နေသည်ကို မည်သို့ ကျေနပ်နိုင်ပါမည်နည်း။

“ဟွန့်"

“ငါ့မှာ မင်းလို သူရဲဘောကြောင်တဲ့ တပည့်မျိုး မရှိဘူး"

"မင်းမှာ ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်၊ အကြီးအကဲ ပြောတာကို နားထောင်မလား၊ ဒါမှမဟုတ် ငါကပဲ မင်းခြေထောက်ကို ရိုက်ချိုးပစ်ရမလား"

ဤစကားကို ကြားသောအခါ ချန်အာကောချက်ချင်း တုန်လှုပ်သွားသည်။

သူသည် နာကျင်ရမှာကို ကြောက်သော်လည်း သူ၏ တင်းကြပ်လှသော ဆရာ ယင်ဟွိုက်ယွီကို ပို၍ ကြောက်သည်။

ထိုစဉ် သူ၏ မျက်နှာမှာ ပြာနှမ်းသွားပြီး သတ်ဖြတ်ခြင်း ခံရတော့မည့် သိုးငယ်တစ်ကောင်ကဲ့သို့ ဖြစ်သွားတော့သည်။

“ဟူး"

ယင်ဟွိုက်ယွီ သက်ပြင်းချလိုက်သည်။

ချန်အာကော​၏ ပုံစံကြောင့် အနည်းငယ် စိတ်ပျက်မိသော်လည်း မိမိတပည့်ကို စွန့်လွှတ်ရန် အစီအစဉ် မရှိပေ။

သူသည် လင်ချွမ်ထံသို့ တောင်းပန်ရန် ရှေ့တိုးလာစဉ်မှာပင် လင်ချွမ်က ချန်အာကောထံသို့ လှမ်းလာပြီး သူ၏ နဖူးကို လက်သီးဖြင့် တစ်ချက် ထိုးလိုက်သည်။

“အာ့"

ချန်အာကောသည် ညည်းညူသံလေး ထွက်လာပြီး ထိုနေရာမှာတင် မေ့လဲသွားတော့သည်။

“စကြစို့"

လင်ချွမ်းက အေးဆေးစွာ ပြောလိုက်သည်။

ရှိနေသူအားလုံး မှင်တက်သွားကြသည်။

လင်ချွမ်သည် ချန်အာကော​၏ သွေးကြောများ ဖွင့်ပေးရန် ကူညီနေခြင်း ဖြစ်ကြောင်း မသိခဲ့လျှင် လင်ချွမ်နှင့် ချန်အာကောတို့ ရန်ငြိုးရှိနေသည်ဟု သူတို့ ကျိန်းသေ ထင်မိကြပေလိမ့်မည်။

ဤနည်းလမ်းမှာ အလွန်ပင် တိုက်ရိုက်ဆန်လွန်းလှသည်။

နောက်ဆက်တွဲ လုပ်ဆောင်ချက်များမှာ ယခင် ယင်ဟွိုက်ယွီကို လုပ်ပေးခဲ့သည့်အတိုင်းပင် ဖြစ်သည်။

ချန်အာကောမှာ အစကတည်းက သတိမေ့နေသဖြင့် ယင်ဟွိုက်ယွီထက် နာကျင်မှုကို ခံစားရမှု နည်းပါး ပေသည်။

နောက်ဆုံး အကြောစုံမှတ် ပွင့်သွားသောအခါ သတိမေ့နေသော ချန်အာကော​၏အစွမ်းမှာ အံ့ဩစရာ ကောင်းလောက်အောင် တိုးတက်လာတော့သည်။

အဆင့် (၉) အထက်ပိုင်း...

အဆင့် (၈) အောက်ပိုင်း...

အဆင့် (၈) အလယ်ပိုင်း...

အဆင့် (၈) အထက်ပိုင်း...

...

အဆင့် (၆) အောက်ပိုင်း။

တစ်နာရီအတွင်းမှာပင် ချန်အာကော​၏ ကျင့်ကြံမှုမှာ အဆင့်ကြီး လေးဆင့် ခုန်တက်သွားခဲ့သည်။

သူသည် အဆင့် (၆) အောက်ပိုင်း ကျင့်ကြံသူတစ်ဦး တိုက်ရိုက် ဖြစ်လာခဲ့သည်။

ဤတိုးတက်မှုနှုန်းမှာ ထိတ်လန့်စရာပင်။

“ကျေးဇူးတင်ပါတယ် အကြီးအကဲ"

ယင်ဟွိုက်ယွီသည် စိတ်လှုပ်ရှားစွာဖြင့် လက်အုပ်ချီ၍ ကျေးဇူးတင်လိုက်သည်။

ချန်အာကောမှာ လင်ချွမ်က အတင်းအကျပ် ပေးခဲ့သော တပည့်ဖြစ်သော်လည်း အတူနေလာခဲ့စဉ်အတွင်း သူက ချန်အာကောကို မိမိတပည့်ရင်းကဲ့သို့ သဘောထားခဲ့သည်။

တပည့်အပေါ် တင်းကြပ်သော်လည်း သူ၏ ဂရုစိုက်မှုမှာ အစစ်အမှန် ဖြစ်၏။

“မလိုပါဘူး"

လင်ချွမ်က လက်ဝှေ့ယမ်းလိုက်သည်။

သူသည် ချန်အာကောကို ကူညီခဲ့သည်မှာ ယင်ဟွိုက်ယွီအတွက်သာမက၊ ချန်အာကောကို သိုင်းလောကတွင် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ရန် ပြင်ဆင်ပေးခြင်းလည်း ဖြစ်သည်။

ရှောင်လင်နှင့် အော်မေ့တပည့်များကို နိုင်ခဲ့သဖြင့် သိုင်းသမားများက သူ့ကို စောင့်ကြည့်ကာ ဝူတန်တောင်သို့ လာရောက် စိန်ခေါ်ကြပေလိမ့်မည်။

ချန်အာကောတွင် အစွမ်းမရှိလျှင် ဒုက္ခရောက်မှာက လင်ချွမ်ပင်။

သူသည် ကြောင်တွေ၊ ခွေးတွေနှင့် အချိန်ဖြုန်းမနေချင်ပေ။

အားသည့်အခါ တောင်ပေါ်မှာ စနစ်ဝင်လိုက်၊ တောင်ခြေဆင်းပြီး နွားကျောင်းလိုက်ဖြင့်သာ အေးအေးဆေးဆေး နေလိုသည်။

“ဒီမှာ ကောင်းကင်နှင်းစက်ဆေးလုံး နှစ်လုံး ရှိတယ်"

"ချန်အာကော နိုးလာရင် ကျင့်စဉ် တည်ငြိမ်သွားအောင် ဒါကို တိုက်လိုက်ပါ"

လင်ချွမ်က ဆေးလုံးနှစ်လုံးကို ယင်ဟွိုက်ယွီထံသို့ ပစ်ပေးလိုက်ပြီး လှည့်ထွက်ကာ ပျံသန်းသွားတော့သည်။

ယင်ဟွိုက်ယွီမှာ လက်ထဲရှိ ဆေးလုံးများကို ကြည့်ကာ ကျောက်ရုပ်ကဲ့သို့ မှင်တက်နေမိသည်။

“ဒါက တကယ်ပဲ... ကောင်းကင်နှင်းစက်ဆေးလုံးပဲ"

ယင်ဟွိုက်ယွီ အံ့ဩလွန်း၍ အသက်ရှူပင် မှားသွားသည်။

ဘေးမှ စုမေ့အာနှင့် ကျန်းခွေ့တို့လည်း ရောက်လာကြသည်။

သူတို့လည်း ယင်ဟွိုက်ယွီ လက်ထဲရှိ ကြည်လင်တောက်ပသော ဆေးလုံးများကို ကြည့်ကာ တံတွေး မျိုချလိုက်ကြသည်။

“ဟား ၊ ငါတို့ လင်ချွမ်ကို တကယ် အထင်သေးခဲ့မိတာပဲ"

"ကောင်းကင်နှင်းစက်ဆေးလုံးလို အဖိုးတန်ဆေးတွေကို သူက ပေါ့ပေါ့ပါးပါးလေး ပစ်ပေးသွားတာပဲ"

"သူ့လိုလူမျိုး ရှိနေမှတော့ ဝူတန်တောင်က ကမ္ဘာပေါ်မှာ နံပါတ်တစ်ဂိုဏ်း ဖြစ်မလာဘဲ နေပါ့မလား"

စုမေ့အာက ခါးသီးစွာ ပြုံးလိုက်မိသည်။ ကျန်းခွေ့ကလည်း ဘေးမှ ခေါင်းကို တရစပ် ညိတ်ပြနေ၏။

လင်ချွမ် ထွက်မသွားမီ ပေးခဲ့သော ဆေးလုံးနှစ်လုံးမှာ သွေးကြောများ ဖွင့်ပေးခဲ့သည်ထက်ပင် သူတို့ကို ပို၍ တုန်လှုပ်စေခဲ့သည်။

ကံမကောင်းသည်မှာ လင်ချွမ်က မြန်မြန် ထွက်သွားခဲ့သဖြင့် ထိုဆေးလုံးများမှာ မည်မျှ အဖိုးတန်ကြောင်း သူ မသိလိုက်ခြင်းပင်။

သူကတော့ ဤဆေးလုံးများကို သကြားလုံးကဲ့သို့ ပုံမှန် စားနေကျ မဟုတ်ပါလား။

“ဟား ဟား၊ မင်းပြောတာ မှန်တယ်"

"အကြီးအကဲလင် ရှိနေသရွေ့ ဝူတန်ဟာ ဂိုဏ်းချုပ်ကျန်း ရှိစဉ်ကလို ဂုဏ်သိက္ခာကို ပြန်ရမှာ သေချာတယ်"

"မဟုတ်ဘူး၊ အဲဒီအချိန်ကထက်တောင် ပိုပြီး အစွမ်းထက်လာဦးမှာ"

"ဘာလို့လဲဆိုတော့ အကြီးအကဲလင်က ဂိုဏ်းချုပ်ကျန်းထက်တောင် သာလွန်နေပြီကိုး"

ယင်ဟွိုက်ယွီသည် လင်ချွမ် ထွက်ခွာသွားသော လမ်းကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် မျက်နှာများ နီမြန်းနေတော့သည်။

တစ်ချိန်တည်းမှာပင်။

လင်ချွမ်သည် တောင်ခြေသို့ ဆင်းလာခဲ့သည်။

သူသည် ရင်းနှီးနေသော သစ်ပင်ကြီးဆီသို့ ပြန်ရောက်လာပြီး ယခုလေးတင် သင်ယူခဲ့သော နဝမမြောက် ယန်နတ်ဘုရားကျမ်းစာကို လေ့ကျင့်ရန် ပြင်ဆင်လိုက်သည်။

“ဒုန်း ဒုန်း ဒုန်း!”

အဝေးမှ မြင်းခွာသံများ ထွက်ပေါ်လာသည်။

လင်ချွမ် မော့ကြည့်လိုက်သည်။

လူ ၅၀ ခန့်ပါသော အဖွဲ့တစ်ဖွဲ့ ဝူတန်တောင်သို့ ဦးတည်လာနေသည်ကို တွေ့လိုက်ရသည်။

လင်ချွမ်နှင့် ထိုလူစုမှာ ခြေလှမ်း တစ်ထောင်ကျော် ကွာဝေးနေသေးသော်လည်း၊ သူတို့ထံမှ ထွက်ပေါ်လာသော ပြင်းထန်လှသည့် သတ်ဖြတ်လိုစိတ် အရှိန်အဝါကို လင်ချွမ် ခံစားနေရသည်။

“နတ်ဆိုးဂိုဏ်းလား၊ ဒါမှမဟုတ် အနီးအနားက ဓားပြတွေလား"

"ကြည့်ရတာတော့ မဟုတ်ဘူး။ ဝတ်စုံတွေကြည့်ရတာ ဂိုဏ်းအသီးသီးမှာ လှည့်လည်သွားလာနေတဲ့ လွတ်လပ်တဲ့ သိုင်းသမားတွေ နဲ့ တူတယ်။

"ချန်အာကောရဲ့ နာမည်ကို ကြားလို့ လာစိန်ခေါ်ကြတာလား"

လင်ချွမ်း မျက်မှောင်ကြုတ်လိုက်မိသည်။

သူ အကြောက်ဆုံးအရာမှာ လက်တွေ့ ဖြစ်လာခဲ့ပြီ။

All Chapters