ကြည့်စမ်းပါဦး၊ ဒီမှာ အူကြောင်ကြောင် လူတစ်ယောက် ရှိနေတယ်
Vol. 6 Ch. 56
"အကြီးအကဲ၊ တောင်အောက်မှာ အခြေအနေတွေ ဘယ်လိုရှိလဲ"
ယင်ဟွိုက်ယွီ က မျက်မှောင်ကြုတ်ကာ လင်ချွမ်ကို မေးလိုက်သည်။
ကောလာဟလထဲမှာ ပါတဲ့ နတ်ဆိုးဂိုဏ်းတပည့် နှစ်ယောက်ဆိုတာ စုမေ့အာ နဲ့ ကျန်းခွေ့ ဖြစ်တာ ရှင်းနေတာပဲ။
တခြားလူတွေက အတွင်းရေးကို မသိကြပေမဲ့ ယင်ဟွိုက်ယွီကတော့ ဒါဟာ လင်ချွမ်ရစီစဉ်ထားတာဆိုတာကို စဉ်းစားရုံနဲ့ သိလိုက်သည်။
"ဟမ်း... ဟမ်း၊ အခြေအနေတွေက ငါ့ရဲ့ မျှော်လင့်ချက်ထက် ကျော်လွန်သွားတယ်လို့ ပြောရင် မင်း ယုံမလား"
လင်ချွမ်းက အိုးတိုးအမ်းတမ်း ဖြင့် ပြောလိုက်ခြင်းပင်။
သူ့ရဲ့ မူလရည်ရွယ်ချက်က စုမေ့အာတို့ကို သုံးပြီး နတ်ဆိုးဂိုဏ်း ရှိနေပြီဆိုတာကို သိုင်းလောကကို အသိပေးဖို့ ဖြစ်သည်။
နောက်တစ်ချက်ကတော့ ချန်အာကောကို လာစိန်ခေါ်မယ့် သိုင်းသမားတွေကို ခြောက်လှန့်ဖို့ ပင်။
ပထမအဆင့်ရှိတဲ့ နတ်ဆိုးဂိုဏ်းသား နှစ်ယောက် ဝူတန်တောင်ခြေမှာ ဝဲလည်ဝဲလည် လုပ်နေတာကို သိရင် ဘယ်သူက အသေခံရဲပါ့မလဲ။
သို့သော် သူသည် အလယ်ပိုင်းဒေသ သိုင်းလောကသားများ၏ "အူကြောင်ကြောင်" နိုင်မှုကို အထင်သေးခဲ့မိခြင်း။
ရှေးယခင်ကတည်းက အကောင်းနှင့် အဆိုး (သူတော်စင် နှင့် နတ်ဆိုး) သည် မတည့်ကြပေ။
မဖြစ်နိုင်မှန်းသိသော်လည်း လုပ်ရမည်ဆိုသည်မှာ တရားသောဂိုဏ်းများ၏ မူဝါဒဖြစ်နေသည်။
ဟုတ်ပါတယ်၊ လူတိုင်း သေမှာကြောက်ကြသည်။
တရားသောသူများလည်း သေမှာကြောက်ကြခြင်းပင်။
ထို့ကြောင့် တရားသောဂိုဏ်းသား အုပ်စုကြီးသည် ဝူတန်တောင် အပြင်ဘက်တွင်သာ စုဝေးနေကြပြီး နတ်ဆိုးဂိုဏ်းနှင့် ထိပ်တိုက်ရင်ဆိုင်ရမှာ ကြောက်သဖြင့် အထဲသို့ မဝင်လာကြပေ။
သူတို့က မတိုက်ဘဲ ဝိုင်းထားရုံသာ ဝိုင်းထားကြသဖြင့် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှသည်။
အကယ်၍ လင်ချွမ်သာ နတ်ဆိုးဂိုဏ်းသားဆိုလျှင် ဤကဲ့သို့သော တရားသောဂိုဏ်းများ၏ အကွက်များကို အော့နှလုံးနာမိပေလိမ့်မည်။
ကံကောင်းသည်မှာ စုမေ့အာနှင့် ကျန်းခွေ့တို့သည် လင်ချွမ် ခိုင်းသည်ကိုသာ လုပ်နေကြခြင်းဖြစ်ပြီး သိုင်းလောကကို တကယ် တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိကြပေ။
သို့သော် ဝူတန်တောင်ပတ်ပတ်လည်တွင် လူအများအပြား စုဝေးနေခြင်းမှာ မကောင်းပေ။
အထူးသဖြင့် ဝူတန်ဂိုဏ်းသည် သိုင်းလောကမှ ဝိုင်းပယ်ခံထားရသလို ဖြစ်နေသည်။
ဤအတိုင်း ဆက်သွားပါက ဆိုးကျိုးများ ရှိလာနိုင်သည်။
ထို့ကြောင့် ဂိုဏ်းပေါင်းစုံမှ အကြီးအကဲများသည် ယင်ဟွိုက်ယွီထံသို့ အကြိမ်ကြိမ် လာရောက်တွေ့ဆုံကြသည်။
ယင်ယွိုက်ယွီမှာလည်း အကျပ်ရိုက်နေသဖြင့် လင်ချွမ်ထံ အကူအညီ လာတောင်းခြင်း ဖြစ်သည်။
"ဟား၊ ငါလည်း ဘာမှ မတတ်နိုင်ဘူး"
လင်ချွမ်က ခါးသီးစွာ ပြုံးလျက် ခေါင်းယမ်းလိုက်သည်။
သူသည် ကောင်းကင်မှ ဆင်းသက်လာသော ပါရမီရှင် မဟုတ်သဖြင့် အကြံဉာဏ်တိုင်းလည်း အမြဲမရှိနိုင်ပေ။
တရားသော ဂိုဏ်းများက ဝူတန်တောင်ကို ဝိုင်းထားခြင်းမှာ နတ်ဆိုးဂိုဏ်းသားများကို ပစ်မှတ်ထားခြင်း ဖြစ်သည်။
စုမေ့အာနှင့် ကျန်းခွေ့တို့ ဝူတန်တောင်မှာ ရှိနေသရွေ့ သူတို့ ထွက်သွားကြမည် မဟုတ်ပေ။
ယင်ဟွိုက်ယွီနှင့် ဝူတန်ဂိုဏ်းက သူတို့ကို လွှတ်ပေးလိုက်လျှင်တော့ တစ်မျိုးပေါ့။
သို့သော် ပထမအဆင့် နှစ်ယောက်ကို လွှတ်ပေးလိုက်ခြင်းမှာ ကျားကို တောထဲ ပြန်လွှတ်လိုက်သလို ဖြစ်နေပေလိမ့်မည်။
ဝူတန်ဂိုဏ်း၏ ဂုဏ်သိက္ခာနှင့် သိုင်းလောက၏ ဘေးကင်းရေး၊ ဘယ်အရာက ပိုအရေးကြီးသနည်း။
လင်ချွမ် ပြောစရာ မလိုဘဲ ယင်ဟွိုက်ယွီနှင့် ဂိုဏ်းချုပ်တို့ နားလည်ပြီးသားပင်။
"ဟူး"
ယင်ဟွိုက်ယွီက လင်ချွမ်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
သူတို့နှစ်ဦး အကြာကြီး ဆွေးနွေးသော်လည်း အဖြေမထွက်ခဲ့ပေ။
လင်ချွမ်ကတော့ ဤကိစ္စကို အကောင်းမြင်နေဆဲပင်။
"ဝူတန်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာထက် နတ်ဆိုးဂိုဏ်းရဲ့ အစွမ်းကို သိုင်းလောကသားတွေ သိသွားဖို့က ပိုအရေးကြီးပါတယ်"
"ဝူတန်ဂိုဏ်းကလည်း အခု ဒါကိုပဲ လုပ်နေတာ မဟုတ်လား"
လင်ချွမ်က ယင်ဟွိုက်ယွီ၏ ပုခုံးကို ပုတ်ကာ ပြုံးလျက် ရှောင်းယောက် တောင်ထိပ်မှ ထွက်လာခဲ့သည်။
ဝူတန်တောင် ပတ်ဝန်းကျင်ကို ဂိုဏ်းပေါင်းစုံက ပိတ်ဆို့ထားသော်လည်း တောင်ခြေရှိ နွားကျောင်းရာ မြက်ခင်းပြင်ကတော့ တိတ်ဆိတ်နေဆဲ ဖြစ်သည်။
လင်ချွမ် နွားကျောင်းနေသည်ကို မည်သူမျှ မနှောင့်ယှက်ကြပေ။
သူသည် ထုံးစံအတိုင်း နေရောင်ခြည်ကို ခံစားရင်း အေးချမ်းသော ဘဝကို ဖြတ်သန်းနေသည်။
သို့သော် သူ ရင်းနှီးနေသော သစ်ပင်ကြီးဆီသို့ ပြန်ရောက်သောအခါ..
သူ၏ နေရာဟောင်းကို တစ်စုံတစ်ယောက်က ဦးထားသည်ကို တွေ့လိုက်ရသည်။
နေရာဦးထားသူမှာ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လှပသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။
"မင်း... ဘာကိစ္စနဲ့ ဒီကို ရောက်လာတာလဲ"
လင်ချွမ်က မကျေမနပ်ဖြစ်သလို မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
သူသည် ဝူတန်တောင်မှာပဲ ကြီးပြင်းလာသူဖြစ်သဖြင့် အမျိုးသမီး အများကြီး မသိပေ။
အနက်ရောင် ဝတ်စုံ ဝတ်တတ်ပြီး လှပသည့် အမျိုးသမီးဆိုလျှင် ပို၍ပင် ရှားသည်။
သေချာပါသည်။ ဤအမျိုးသမီးမှာ လပေါင်းများစွာ ပျောက်ကွယ်နေခဲ့သော လင်ယန်ရွှယ် ပင်။
"ရှင်ကလည်း... လွမ်းလို့ပေါ့"
"ဂိုဏ်းမှာလည်း ဘာမှ လုပ်စရာ မရှိပါဘူး။ အဲဒီ အဘွားကြီးတွေကို သုံးနှစ်၊ ငါးနှစ်လောက် တံခါးပိတ် ကျင့်ကြံမလို့ဆိုပြီး လိမ်ပြောပြီး ခိုးထွက်လာတာ"
လင်ယန်ရွှယ်က ချစ်စဖွယ် ပြုံးလိုက်သည်။
ပြောရင်းဆိုရင်း သူမသည် လေပြင်းတစ်ချက်ကဲ့သို့ လင်ချွမ်၏ လက်မောင်းကို ဆွဲ၍ မှီလိုက်သည်။
သေးသွယ် လှပသော လင်ယန်ရွှယ်သည် လင်ချွမ်၏ ဘေးတွင် ရပ်လိုက်သောအခါ ပို၍ နုနယ်လှပနေတော့သည်။
"ဟမ်"
လင်ချွမ်က နှာခေါင်းရှုံ့လိုက်မိသည်။
ဒီမိန်းမက ငါ့ကို သဘောကျနေတာလား။
ဒါမှမဟုတ် အရိုက်ခံရတာကို စွဲလမ်းနေတာလား?။ဘယ်လို ဝါသနာမျိုးလဲ မသိဘူး။
"ဟန်ဆောင်မနေနဲ့။ ငါက မင်း ဖမ်းထားတဲ့ ယောက်ျားတွေလို စိတ်ဓာတ်မပျော့ညံ့ဘူး"
"ဘာကိစ္စနဲ့ လာတာလဲ အမှန်အတိုင်းပြော၊ မဟုတ်ရင်တော့ ငါ မညှာဘူးနော်"
လင်ချွမ်က ခြိမ်းခြောက်လိုက်ခြင်းပင်။
"သစ်သားတုံးလို လူကြီး"
လင်ယန်ရွှယ်က ရုတ်တရက် ရန်လုပ်တော့သည်။
သူမက နှုတ်ခမ်းနီနီလေးကို ဆူကာ စိတ်ကောက်ပြနေ၏။
ထို့နောက် လင်ချွမ်ကို တွန်းထုတ်ပြီး မြက်ခင်းပေါ်တွင် ထိုင်ကာ ခြေထောက်နှစ်ဖက်ကို ပိုက်ပြီး စိတ်ကောက်နေတော့သည်။
"ဟမ်"
လင်ချွမ် ကြောင်သွားသည်။
လင်ယန်ရွှယ်က မြေခွေးမလေးလို လူကို လှည့်စားတတ်သူ မဟုတ်လား၊ အခု ဘာလို့ စိတ်ကောက်နေတာလဲ။
"ဪ... သိပြီ"
"မင်း စုမေ့အာအတွက် စိုးရိမ်နေတာမလား"
"စိတ်မပူပါနဲ့၊ သူ လောလောဆယ် အဆင်ပြေပါတယ်"
"ဒါပေမဲ့ လမ်းမှန်ဂိုဏ်းတွေက ဝူတန်တောင်ကို တိုက်ခိုက်လာရင်တော့ ကိစ္စတွေက မလွယ်တော့ဘူး"
လင်ချွမ်က လှောင်ပြုံး ပြုံးလိုက်သည်။
လင်ယန်ရွှယ်ကို မြင်လိုက်ရသည့် ခဏမှာပင် လင်ချွမ်၏ ခေါင်းထဲသို့ အကြံတစ်ခု ဝင်လာသည်။
စုမေ့အာနှင့် ကျန်းခွေ့တို့ကို ဓားစာခံအဖြစ် ဖမ်းထားတာဆိုတော့ လွှတ်ပေးလို့ မရဘူး။
ဒါဆို လင်ယန်ရွှယ်ကို သုံးပြီး လမ်းမှန် ဂိုဏ်းတွေကို ဝူတန်တောင်ကနေ ဝေးရာကို မျှားခေါ်သွားရင် ကောင်းမလား။
ဘာပဲဖြစ်ဖြစ် နတ်ဆိုးဂိုဏ်းသားတွေကို လူအများကြီး မမြင်ဖူးကြပေ။
ပြီးတော့ လင်ယန်ရွှယ်က ပထမအဆင့် တစ်ယောက်ပဲ။ သူမက အစွမ်းအနည်းငယ် ထုတ်ပြလိုက်ရုံနဲ့ နာမည်ကြီး ဂိုဏ်းသားတွေရဲ့ အာရုံကို ဆွဲဆောင်နိုင်မှာ အသေအချာပင်။
ဤသို့ဖြင့် ဝူတန်ဂိုဏ်း၏ အကျပ်အတည်းကိုလည်း ဖြေရှင်းပေးနိုင်ပေလိမ့်မည်။
"ဒီပတ်ဝန်းကျင်က သိုင်းသမားတွေကို ပြောတာလား၊ ငါသွားပြီး အကုန် သတ်ပစ်မယ်"
လင်ယန်ရွှယ်က ချက်ချင်း ထရပ်လိုက်သည်။
သူမက လူသတ်တော့မည့် ပုံစံမျိုးဖြင့် ပြင်လိုက်သည်။
သေစမ်း၊ ဒီမိန်းမက တကယ်ကို ဒေါသကြီးတာပဲ။ လူသတ်ဖို့ပဲ စဉ်းစားနေတာလား။
ပထမအဆင့် ပညာရှင်ချင်း အတူတူ လင်ချွမ်သည် လင်ယန်ရွှယ်၏ အစွမ်းကို ကောင်းကောင်း သိသည်။
သိုင်းလောကမှာ လင်ယန်ရွှယ်ကို နှိမ်နင်းနိုင်မယ့် ထိပ်သီး အဆင့်မရှိဘူးဆိုရင် လူဘယ်လောက်များများ ပထမအဆင့် ပညာရှင်တစ်ဦးရဲ့ မျက်စိထဲမှာတော့ ပုရွက်ဆိတ်တွေပါပဲ။
"ငါ့ကို မျက်နှာဖုံး တစ်ခုပေး၊ မင်းနဲ့အတူ လိုက်ခဲ့မယ်"
လင်ချွမ်းက လက်ကမ်းလိုက်သည်။
နတ်ဆိုးဂိုဏ်းသားတွေက မျက်နှာဖုံး တပ်လေ့ရှိကြသည်။
ဥပမာ- အာသူရာဂိုဏ်းက ဘီလူးမျက်နှာဖုံး၊ အဆိပ်တစ်သောင်းဂိုဏ်းက မြွေဆိပ်မျက်နှာဖုံး၊ သွေးသန့်စင်ခန်းမက မိစ္ဆာမျက်နှာဖုံး စသဖြင့်ပေါ့။
ဟယ်ဟွမ်းဂိုဏ်း ကတော့ အမျိုးသမီးများသဖြင့် ပန်းပွင့်ပုံစံများကို သုံးတတ်ကြသည်။
သို့သော် အမျိုးသမီးသုံး မျက်နှာဖုံးမှာ လင်ချွမ်၏မျက်နှာပေါ်တွင် အတော်လေး အဆင်မပြေ ဖြစ်နေသည်။
"ရှင်နဲ့ တကယ် လိုက်ဖက်တယ်"
"ကျွန်မတို့ ဟယ်ဟွမ်းဂိုဏ်းထဲ ဝင်ဖို့ စဉ်းစားဖူးလား"
"ရှင့်ကို ဒု-ဂိုဏ်းချုပ်အဖြစ် အထူးခန့်ပေးမယ်လေ"
လင်ယန်ရွှယ်က နောက်ပြောင်လိုက်သည်။
လင်ချွမ်က နှုတ်ခမ်းမဲ့ကာ မျက်လုံးလှန်ကြည့်လိုက်မိသည်။
ထို့နောက် သူတို့နှစ်ဦး တောင်အပြင်ဘက်သို့ ထွက်လာခဲ့ကြသည်။
လင်ချွမ် ဝူတန်ဂိုဏ်းထဲ ရောက်ကတည်းက တောင်ပေါ်ကနေ တစ်ခါမှ မဆင်းဖူးပေ။
ဤသည်မှာ သူ ပထမဆုံးအကြိမ် အလယ်ပိုင်းဒေသထဲသို့ ခြေချခြင်း ဖြစ်၏။
"လူတွေ အများကြီးပဲ။ ကြည့်ရတာ အနည်းဆုံး တစ်သောင်းလောက် ရှိမယ်"
လင်ယန်ရွှယ်က အသံကို တိုးတိုးလေး နှိမ့်လိုက်သည်။
ပထမအဆင့် ဖြစ်ပါစေ၊ လူတစ်သောင်းရဲ့ ဝိုင်းထားတာကိုတော့ မခံချင်ပေ။
လူငယ်တစ်ယောက်က ပညာရှင်ကြီးတစ်ယောက်ကို အမှတ်မထင် နိုင်သွားတာမျိုးလည်း ရှိတတ်သည် မဟုတ်ပါလား။
"ဟားဟားဟား!"
"မင်းတို့ အလယ်ပိုင်းဒေသက သူရဲဘောကြောင်တဲ့ ကြွက်တွေ၊ လာပြီး အသေခံကြစမ်း"
ရုတ်တရက် ထွက်ပေါ်လာသော ရယ်သံကြီးကြောင့် လင်ယန်ရွှယ် လန့်သွားသည်။
ထိုအသံက လူတစ်သောင်းရှိသော သိုင်းသမား အုပ်စုကြီးကိုလည်း မှင်တက်သွားစေသည်။
"ဒီလူက ဘယ်က ရောက်လာတာလဲ၊ သေချင်နေတာလား"