← Chapters

စစ်မှန်သော နဂါးလက်သည်းသိုင်း

Vol. 6 Ch. 58

စစ်မှန်သော နဂါးလက်သည်းသိုင်း

Vol. 6 Ch. 58

နုနယ်ချောမောသော လင်ယန်ရွှယ် မရှိတော့ဘဲ အေးစက်လှသော မိစ္ဆာမတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။

အရာရှိသည် သူ့ခေါင်း ပြတ်ထွက်သွားသည်ကိုပင် မသိလိုက်ဘဲ အလွန်လွယ်ကူစွာ သေဆုံးသွားခဲ့သည်။

လမ်းပေါ်ရှိ လူအုပ်ကြီးမှာမူ ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။

အထူးသဖြင့် လင်ယန်ရွှယ်ကို မနာလိုဖြစ်ခဲ့သော အမျိုးသမီးမှာ အဆိုးဆုံးပင်။

"လူသတ်မှု"

ထိုအမျိုးသမီးသည် အော်ဟစ်ကာ ထိတ်လန့်တကြား ထွက်ပြေးသော်လည်း ကြောက်လန့်တကြား ပြေးလွှားနေသော လူအုပ်ကြီးနှင့် တိုက်မိပြီး ခြေထောက်အောက်တွင် နင်းချေခံလိုက်ရသည်။

သူမသည် ပြန်မထနိုင်တော့ဘဲ သေဆုံးသွားခဲ့ခြင်းပေ။

အခြားတစ်ဖက်တွင် လင်ချွမ် နှင့် လင်ယန်ရွှယ်တို့မှာ တပ်သားများ၏ ဝိုင်းရံခြင်းကို ခံလိုက်ရသည်။

တပ်သားများ၏ လှံရှည်များမှာ လင်ချွမ်တို့နှစ်ဦးကို လှောင်အိမ်တစ်ခုကဲ့သို့ ပိတ်ဆို့ထားသည်။

"စိတ်ရှုပ်စရာကြီး"

လင်ယန်ရွှယ်၏ လှပသောမျက်လုံးများမှာ အေးစက်နေပြီး မျက်နှာတွင် မကျေနပ်မှုများ ပြည့်နှက်နေသည်။ ကောင်းမွန်သော ချိန်းတွေ့မှုလေး ဖြစ်ရမည့်အစား ဤကဲ့သို့ ရှုပ်ထွေးသွားခြင်းကို သူမ၏ ရင်ထဲမှ ဒေါသများက လူအကုန်သတ်ပစ်မှသာ ကျေနပ်မည်။

လင်ချွမ်ကတော့ ဘေးတွင် ရပ်လျက် လက်ပိုက်ကာ အေးအေးဆေးဆေး ကြည့်နေသည်။ လင်ယန်ရွှယ် လူဘယ်လောက်သတ်သတ် သူ ဂရုမစိုက်ပေ။

အရာရှိကိုယ့်ဘာသာ သေတွင်းတူးခဲ့ခြင်း ဖြစ်ရာ အပြစ်ရှိသူကို သနားနေမည့် သူတော်စင်မျိုး လင်ချွမ် မဟုတ်ပေ။

သို့သော် ရှန်းယန်မြို့မှာ မြို့ကြီးတစ်မြို့ ဖြစ်သဖြင့် သိုင်းဂိုဏ်းများစွာ ရှိသည်။

၎င်းတို့မှာ အမည်မသိ ဂိုဏ်းငယ်လေးများ ဖြစ်ကြသော်လည်း လူများလွန်းလျှင် စိတ်ရှုပ်စရာ ဖြစ်နိုင်သည်။

ချက်ချင်းပင် မြင်းခွာသံများ အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာခြင်း။

အသံကို နားထောင်ရရုံဖြင့် မြင်း အနည်းဆုံး အကောင် ၂၀ ရှိမည်။

"ချင်းချန်ဂိုဏ်း နဲ့ ဝေလငါးမန်းဂိုဏ်း ရောက်လာပြီဟေ့"

ဟု တစ်စုံတစ်ဦးက အော်ဟစ်လိုက်သည်။

လမ်းပေါ်ရှိ လူအားလုံး၏ အကြည့်များမှာ ထိုအုပ်စုထံသို့ ရောက်သွားသည်။

လင်ချွမ်လည်း လှမ်းကြည့်လိုက်ရာ မြင်း အမြင့်ကြီး ၂၀ ပေါ်တွင် သပ်ရပ်စွာ ဝတ်ဆင်ထားသူများနှင့် သာမန် လျှော်အဝတ်အစား ဝတ်ထားသူများကို တွေ့ရသည်။

(TN note - လျှော် အဝတ်အစားဆိုတာက ဂုန်လျှော်နဲ့ ပြုလုက်ထားတဲ့ လျှော်တေ အမျိုးအစား ဖြစ်ပါတယ်)

သူတို့မှာ ဂိုဏ်းနှစ်ခုမှ တပည့်များ ဖြစ်ကြသည်။

ဤကဲ့သို့သော တွဲဖက်မှုမှာ မဆန်းပေ။

ဂိုဏ်းများအကြား ပစ္စည်းရောင်းဝယ်ရင်း ရှန်းယန်မြို့တွင် ရန်ဖြစ်သံကြား၍ လာကြည့်ခြင်း ဖြစ်ပေလိမ့်မည်။

"ဘာဖြစ်တာလဲ"

လျှော်အဝတ်အစား ဝတ်ထားသော ထွားကျိုင်းသည့် လူတစ်ယောက်က မေးလိုက်ခြင်းပင်။

ရိုးရှင်းစွာ ဝတ်ဆင်ထားသော်လည်း သူ၏ အပြုအမူတိုင်းမှာ အာဏာရှိပုံပေါ်သည်။

သူသည် ဝေလငါးမန်းဂိုဏ်းတွင် အဆင့်မြင့်သူ ဖြစ်ပုံရသည်။

"ခေါင်းဆောင်လျောင်"

"အချိန်မီ ရောက်လာတာပဲ။ ဒီအတွဲက ငါတို့ အရာရှိကို သတ်လိုက်လို့ပါ"

တပ်သားများက အလောတကြီး တိုင်တန်းကြပြီး လမ်းပေါ်ရှိ ခေါင်းမရှိသော အလောင်းကို လက်ညှိုးထိုးပြလိုက်သည်။

"လမ်းမပေါ်မှာ လူသတ်တယ်"

ခေါင်းဆောင်လျောင်၏ မျက်နှာမှာ ချက်ချင်း တင်းမာသွားပြီး လင်ချွမ်တို့နှစ်ဦးကို ကြည့်လိုက်သည်။

လင်ယန်ရွှယ်ကို မြင်သောအခါသူ၏ အကြည့်မှာ ခဏမျှ ရပ်တန့်သွားသည်။

လှပလွန်းသော အလှနတ်သမီးကြောင့် ခဏမျှ မှင်တက်သွားခြင်း ဖြစ်သော်လည်း ချက်ချင်းပင် တည်ငြိမ်သွားပြန်သည်။

"ကျင့်ကြံသူတွေပဲ"

"သူတို့ရဲ့ ကျင့်ကြံမှုအဆင့်ကို ငါတောင် မခန့်မှန်းနိုင်ဘူး"

ခေါင်းဆောင်လျောင်က အသံနက်ကြီးဖြင့် ပြောလိုက်သည်။

သူသည် အသံကို မနှိမ့်ဘဲ ပြောလိုက်ခြင်းမှာ ဘေးမှ ချင်းချန်ဂိုဏ်းဝင်များကို အကူအညီတောင်းခြင်း ဖြစ်သည်။

လင်ချွမ်အနေဖြင့် ဤခေါင်းဆောင်လျောင်မှာ သတိကြီးသူတစ်ဦးဖြစ်ကြောင်း ကောက်ချက်ချလိုက်သည်။

သာမန်ဂိုဏ်းငယ်လေးတစ်ခု မြို့ကြီးတွင် ရပ်တည်နိုင်ပြီး ဂိုဏ်းကြီးများနှင့် လက်တွဲနိုင်သည်မှာ ထူးခြားသော အရည်အချင်းကြောင့် ဖြစ်လိမ့်မည်။

"တကယ်ကို ကျင့်ကြံသူတွေပဲ"

"ငါတို့ဂိုဏ်းက မင်းတို့နဲ့ ပထမဆုံး လက်တွဲတာဆိုတော့ သစ္စာရှိမှုကို ပြရမှာပေါ့"

"ခေါင်းဆောင်လျောင်... သူတို့နှစ်ယောက်ကို ဖမ်းဖို့ ငါတို့ အတူတူ ဝိုင်းတိုက်ကြစို့"

ဘေးမှ တာအို ဘုန်းကြီးက မျက်နှာသေဖြင့် ပြောလိုက်သည်။

လင်ချွမ် သတိထားမိသည်မှာ ထိုဘုန်းကြီး စကားပြောသောအခါ နှုတ်ခမ်းမှာ လုံးဝ မလှုပ်ခြင်းပင်။

"ဒါက ပါးစပ်မဖွင့်ပဲ အသံလှိုင်းကို ဝမ်းဗိုက်ထဲကနေ အတွင်းအားသုံးပြီး ပြောလိုက်တာလား"

လင်ချွမ် စိတ်ဝင်တစား ရေရွတ်လိုက်မိသည်။

ဝူတန်တောင်မှာပဲ အကြာကြီး နေခဲ့ရသဖြင့် သိုင်းလောက၏ ထူးဆန်းသော ပညာရပ်များကို သူ စိတ်ဝင်စားနေမိခြင်းပင်။

"တာအိုဆရာ မူလုံ၊ ဒါဆိုရင် ဟိုကောင်လေးကို ဆရာပဲ ကိုင်တွယ်လိုက်ပါ"

"ဒီမြေခွေးမကိုတော့ ကျွန်တော် ကိုင်တွယ်လိုက်မယ်"

တိုက်ခိုက်ရမည့်သူများကို ခွဲခြားပြီးနောက် ခေါင်းဆောင်လျောင်က စတင်တိုက်ခိုက်လိုက်သည်။ တစ်ချိန်တည်းမှာပင် တာအိုဆရာ မူလုံက လင်ချွမ်ကို တိုက်ရိုက် လှမ်းဖမ်းလိုက်သည်။

သူ၏ လှုပ်ရှားမှုများမှာ ထူးဆန်းပြီး ခန့်မှန်းရခက်လှသည်။

လေထဲတွင် တာအိုဘုန်းကြီး နှစ်ပါး ပေါ်လာသကဲ့သို့ပင်။

"အရိပ်ယောင်ဖန်တီးတဲ့ ပညာ လား"

လင်ချွမ်က စိုးရိမ်စိတ် လုံးဝမရှိဘဲ စိတ်ဝင်တစား ကြည့်နေသည်။

"နှမြောစရာပဲ၊ ၁၅ လှမ်းမြောက်မှာ မင်း အလောတကြီး ဖြစ်သွားတယ်"

"မဟုတ်ရင် မင်းရဲ့ ပုံရိပ်ယောင်က ဒီထက် ပိုပြည့်စုံမှာ"

"နောက်ထပ် ၂၃ လှမ်း ကျန်သေးတယ်၊ အဲဒါကတော့ ပြည့်စုံဖို့ နည်းနည်း လိုနေသေးတယ်"

"ဒါပေမဲ့ ဒုတိယအဆင့် သိုင်းသမား တစ်ယောက်အတွက်တော့ ဒီလောက်အထိ လုပ်နိုင်တာဟာ အတော်လေး ချီးကျူးဖို့ ကောင်းပါတယ်"

လင်ချွမ်က ရပ်နေရင်း တာအိုဆရာ မူလုံ၏ ချို့ယွင်းချက်များကို အေးဆေးစွာ ဝေဖန်ထောက်ပြနေတော့သည်။

မြင်းပေါ်မှ ချင်းချန်ဂိုဏ်းဝင်များမှာ တစ်ယောက်ကိုတစ်ယောက် ကြောင်ကြည့်နေကြသည်။

တာအိုဆရာ မူလုံမှာလည်း အလွန်အံ့ဩသွားပြီး သူ၏ လှုပ်ရှားမှုများ နှေးကွေးသွားသည်။

"ဆရာ၊ ဟိုကောင်လေးရဲ့ စကားတွေကို စိတ်ထဲမထားပါနဲ့"

ခေါင်းဆောင်လျောင်က သတိပေးလိုက်သည်။

သို့သော် တာအိုဆရာ မူလုံမှာမူ ခါးသီးသော အပြုံးဖြင့် ရပ်တန့်လိုက်သည်။

သူက ခေါင်းယမ်းရင်း ပြောလိုက်သည်မှာ -

"သူ ပြောတာ မမှားဘူး ခေါင်းဆောင်လျောင်။ ငါတို့ တကယ့် အဆင့်မြင့် ကျင့်ကြံသူတွေနဲ့ တွေ့နေရပြီ"

ဤစကားကြောင့် လမ်းတစ်ခုလုံး ဆူညံသွားတော့သည်။

နာမည်မရှိသော ကောင်လေးတစ်ယောက်က ချင်းချန်ဂိုဏ်း၏ အမြင့်ဆုံးပညာရပ်ကို ထွင်းဖောက် မြင်လိုက်သလိုပင်။

"ဟမ့် ၊ မစမ်းကြည့်ဘဲ သူက အဆင့်မြင့် ကျင့်ကြံသုမှန်း ဘယ်လိုသိမလဲ"

ခေါင်းဆောင်လျောင်က နှာခေါင်းရှုံ့လိုက်ပြီး လင်ယန်ရွှယ်ကို ထားခဲ့ကာ လင်ချွမ်ထံသို့ တိုက်ရိုက် ပြေးဝင်သွားသည်။

"ကောင်လေး၊ မင်းရဲ့ မျက်စိက တကယ်ကို ကောင်းတာပဲ"

မင်း တကယ်တော်တယ်ဆိုရင် ငါ့ရဲ့ နဂါးလက်သည်းသိုင်း ကိုလည်း ဝေဖန်ပေးစမ်းပါ"

သူက လက်ငါးချောင်းကို ဖြန့်ကာ လေထုကို ဖြတ်တောက်ပြီး လင်ချွမ်​၏ လည်ပင်းကို လှမ်းဖမ်းလိုက်သည်။

နဂါးလက်သည်းသိုင်းသည် ပြင်းထန်လှသော အရှိန်အဝါကြောင့် ရန်သူကို မတိုက်ခင်ကတည်းက စိတ်ဓာတ်ကျစေတတ်သည်။

"နဂါးလက်သည်းသိုင်း"

လင်ချွမ်းက နှုတ်ခမ်းမဲ့လျက်

"ရှောင်လင်ကျောင်းတော်က ကျင့်ကြံသူတွေသာ မင်း ဒီသိုင်းကို ဒီလိုမျိုး သုံးနေတာ သိရင် ဒေါသထွက်ကြမှာပဲ။ သေချာကြည့်ထား၊ ဒါကမှ နဂါးလက်သည်းသိုင်း အစစ်"

လင်ချွမ်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ခေါင်းဆောင်လျောင်နှင့် တူညီသော အနေအထားကို ယူလိုက်သည်။

သို့သော် သူ၏ အရှိန်အဝါမှာ များစွာ သာလွန်လှသည်။

"ဒါကို လက်ခံကြည့်စမ်း"

လင်ချွမ်​၏ ပုံရိပ်က ဝင်းခနဲ လက်သွားပြီး လေထဲတွင် သူ၏ ပုံရိပ် နှစ်ခု ထွက်ပေါ်လာသည်။

"ပုံရိပ်ရွှေ့ပြောင်းခြင်း"

တာအိုဆရာ မူလုံ၏ မျက်လုံးများမှာ အပြင်သို့ ပြူးထွက်မတတ် အံ့ဩသွားသည်။

"ဗုန်း!"

အသံပြင်းပြင်း ထွက်ပေါ်လာပြီးနောက် ခေါင်းဆောင်လျောင်သည် ခြေလှမ်း ၃၀ ခန့် လွင့်ထွက်သွားပြီး သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။ သူသည် လင်ချွမ်ကို ထိတ်လန့် တကြား ကြည့်ကာ မေးလိုက်သည်မှာ။

"မင်း... မင်းက နဂါးလက်သည်းသိုင်းကို ဘယ်လိုသိတာလဲ"

"ပြီးတော့ မင်းက ငါတို့ဂိုဏ်းရဲ့ ပုံရိပ်ရွှေ့ပြောင်းခြင်း ပညာကိုပါ တတ်နေတာလား"

တာအိုဆရာ မူလုံကပါ အလောတကြီး မေးလိုက်သည်။

လမ်းပေါ်ရှိ လူအားလုံး၏ အကြည့်များသည် အဖြေကို သိချင်စိတ်ဖြင့် လင်ချွမ်ထံ ရောက်နေကြသည်။

ထိုစဉ် လင်ချွမ်က ပျင်းရိပျင်းတွဲ ပုံစံဖြင့် အေးစက်စွာ ပြောလိုက်သည်မှာ။

"သိချင်လား? ဒါပေမဲ့ မင်းတို့ သိဖို့ မထိုက်တန်သေးဘူး"

All Chapters