← Chapters

မြင့်မားသော ဉာဏ်ရည်

Vol. 7 Ch. 65

မြင့်မားသော ဉာဏ်ရည်

Vol. 7 Ch. 65

အားလုံးကို တစ်ပြိုင်နက်တည်းလား။

ဤမျှ မောက်မာပြီး ရူးသွပ်သော စကားကို မည်သို့ ပြောထွက်ရသနည်း။

ဒါဟာ ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ မဟုတ်ပါလား။

ချန်အာကောကို မကြည်ဖြူသော သိုင်းသမားများစွာသည် သူ့ကို အရိုက်အနှက်ပေးရန် ကွင်းထဲသို့ ပြိုင်တူ ခုန်ဝင်သွားကြသဖြင့် တစ်ခဏအတွင်း အခြေအနေမှာ ပရမ်းပတာ ဖြစ်သွားတော့သည်။

ရှောင်လင်တပည့်များပင် ကြားဝင်မတားရဲကြပေ။

အခြေအနေကို မထိန်းသိမ်းချင်၍ မဟုတ်ဘဲ လူအုပ်ကြီး၏ ဒေါသကြားတွင် မြေစာပင် ဖြစ်သွားမှာကို စိုးရိမ်သောကြောင့်ပင်။

"အခုထိတော့ ချန်အာကောက ပထမအဆင့်တစ်ယောက်ရဲ့ စွမ်းအားကို သုံးတာ မတွေ့ရသေးဘူး"

"သူက တကယ်ပဲ ရူယိ ပြောသလောက် အစွမ်းထက်လို့လား"

ရူလင် ဘေးရှိ ရူယိကို ကြည့်ကာ စပ်စုလိုက်သည်။

"ဟုတ်တယ်"

ရူယိက အေးစက်စွာ ခေါင်းညိတ်သည်။

သူတစ်ပါးက ချန်အာကောကို သံသယဝင်ခြင်းမှာ သူ့ကိုပါ သံသယဝင်ခြင်းနှင့် အတူတူပင်။

သူတော်စင်ဂိုဏ်းမှ လူငယ်မျိုးဆက်များမှာ အရည်အချင်း မပြည့်မီတော့ဟု ကောလာဟလများ ထွက်နေသဖြင့် ရူယိ စိတ်မသက်မသာ ဖြစ်နေရသည်။

သူကိုယ်တိုင် ဝင်မတိုက်သော်လည်း ချန်အာကောက ထိုသံသယဝင်သူများကို ပညာပေးလိုက်သည်ကို မြင်ချင်နေမိသည်။

"ယွဲ့ချင်းရို ကို နိုင်တာကတော့ အထင်ကြီးစရာပါပဲ။ ဒါပေမဲ့ အဲဒါက အတွင်းအားကို ဓားအဖြစ် ပြောင်းသုံးလိုက်တာပဲလေ"

"မင်းလည်း လုပ်နိုင်တယ် မဟုတ်လား"

ရူလင်က ပြုံး၍ မေးပြန်သည်။

ရူယိက မျက်မှောင်ကြုတ်လိုက်ကာ -

"အတွင်းအားကို ဓားအဖြစ် ပြောင်းလဲတာက ဒုတိယအဆင့် သိုင်းသမားတိုင်း လုပ်နိုင်တယ်"

"ဒါပေမဲ့ ရှောင်လင်က ဒုတိယအဆင့် အကြီးအကဲတွေတောင် ယွဲ့ချင်းရိုကို မနိုင်ခဲ့ဘူး"

"ကိုယ်တိုင်ကြည့်မှ ယုံမှာပါ၊ ချန်အာကောဘယ်လောက် အစွမ်းထက်လဲဆိုတာ မင်း မြင်ရပါလိမ့်မယ်"

ဟု ဆိုလိုက်သည်။

စကားပင် မဆုံးသေးခင် ကွင်းထဲသို့ ပြေးဝင်သွားသော သိုင်းသမားများထံမှ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

ထို့နောက် လူ ၇၀ ခန့်မှာ နတ်သမီး ပန်းကြဲသကဲ့သို့ ကွင်းပြင်အနှံ့ လွင့်ထွက်သွားကြခြင်းပင်။

ရူလင်က လူတစ်ယောက်ကို လှမ်းဖမ်းကာ မြေပြင်ပေါ်သို့ အသာအယာ ချပေးလိုက်သည်။

သူ၏ အကြည့်များကတော့ စင်ပေါ်တွင် တစ်ဦးတည်း ကျန်ရှိနေသော ချန်အာကောထံ၌သာ ရှိနေသည်။

ထိုစဉ် ချန်အာကော​၏ ခြေထောက်များသည် မြေပြင်မှ ကြွတက်လာပြီး တစ်ကိုယ်လုံး လေထဲတွင် လွင့်မျောနေသည်။

သူ၏ အောက်တွင် ယင်-ယန် သင်္ကေတတစ်ခု ထွက်ပေါ်နေသည်။

စက်ဝိုင်းပြင်ပတွင် သွေးများ စွန်းထင်နေသော်လည်း ထိုက်ကျိ သင်္ကေတ အတွင်း၌မူ စင်ကြယ်နေဆဲပင်။

ဆိုလိုသည်မှာ ခုနက တိုက်ခိုက်ခဲ့သူ ၇၀ လုံးမှာ သူ့ကို ထိရုံပင် မထိနိုင်ခဲ့ကြပေ။

"လေထဲမှာ ပျံသန်းနေတာလား... ပထမအဆင့် ကျင့်ကြံသူပဲ"

"ယင်-ယန် ထိုက်ကျိ သင်္ကေတ... ဒါဟာ နတ်ဘုရားအဆင့် သိုင်းပညာ ဖြစ်တဲ့ ထိုက်ကျိသိုင်းပဲ"

လူအုပ်ကြားမှ အံ့ဩချီးကျူးသံများ ဟုန်းခနဲ ထွက်ပေါ်လာသည်။

သံသယရှိခဲ့သူများမှာ ယခုအခါ ကိုးကွယ်ဆည်းကပ်သော အမူအရာများဖြင့် ပြောင်းလဲသွားကြသည်။

လူအုပ်ကြားတွင် လင်ရှောင်မှာ အစိတ်လှုပ်ရှားဆုံး ဖြစ်နေခြင်းပင်။

သူသည် ချန်အာကော်၏ အဆင့်ကို သိပြီးသားဖြစ်သော်လည်း ချန်အာကောက ထိုက်ကျိသိုင်းကို ကျွမ်းကျင်နေခြင်းကိုတော့ အံ့ဩနေမိသည်။

"ပါရမီရှင်ပဲ! ကျန်း ဂိုဏ်းချုပ်နဲ့ တူတဲ့ ပါရမီရှင်... မဟုတ်ဘူး၊ ဂိုဏ်းချုက်ထက် သာလွန်တဲ့ ပါရမီရှင်ပဲ"

"ဝူတန်ဂိုဏ်း ပြန်လည် ထွန်းကားဖို့ မျှော်လင့်ချက် ရှိပြီ"

လင်ရှောင်မှာ ရူးသွပ်သလို ဖြစ်နေပြီး ဘေးနားက လူကို ဆွဲခါကာ သူ၏ အတွေးများကို အော်ပြောနေတော့သည်။

"စိန်ခေါ်ချင်တဲ့သူ ရှိသေးလား"

ချန်အာကော​၏ အသံ ပြန်လည် ထွက်ပေါ်လာသည်။

ယခုတစ်ကြိမ်တွင်မူ မည်သူမျှ မတုံ့ပြန်ရဲတော့ပေ။

အုပ်စုလိုက် တိုက်ခိုက်သူများပင် အရှက်တကွဲ ရှုံးနိမ့်သွားရာ ကျန်ရှိသူများမှာ နောက်ထပ် အရှက်မကွဲလိုကြတော့ပေ။

ဝါရင့် ပညာရှင်ကြီးများမှာလည်း မိမိထက် ငယ်သူကို အနိုင်ကျင့်ရာ ရောက်မည်စိုးသဖြင့် လုံးဝ ဝင်မတိုက်ကြတော့ပေ။

"အော်မေ့ဂိုဏ်း ရော စမ်းကြည့်ဦးမလား"

ချန်အာကောက ပျင်းရိစွာဖြင့် အော်မေ့ဂိုဏ်းဘက်သို့ လှည့်ကြည့်လိုက်သည်။

လူအများ၏ အကြည့်က သူတို့ထံ ရောက်လာသဖြင့် အော်မေ့တပည့်များမှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားကြသည်။

အကြီးအကဲ တင်းကျင့် မှာလည်း မျက်နှာပျက်သွားကာ -

"ထားလိုက်ပါတော့။ ငါ့တပည့်တွေက မတော်ကြသေးပါဘူး၊ အရှက်မကွဲချင်တော့ပါဘူး"

ဟု လက်ခါပြကာ ငြင်းဆိုလိုက်သည်။

"အကြီးအကဲက နှိမ့်ချလွန်းလှပါတယ်"

"အကြီးအကဲ တပည့်တွေက ငယ်သေးပါတယ်၊ အချိန်တန်ရင် ကျွန်တော့်ထက် သာလွန်လာမှာပါ"

ဟု ချန်အာကောက ရယ်မောကာ ပြောလိုက်သည်။

ဤစကားတစ်ခွန်းတည်းဖြင့် သူ၏ မြင့်မားသော ဉာဏ်ရည် နှင့် စိတ်သဘောထား ဖြူစင်မှု ကို ပြသလိုက်ခြင်းပင်။

အော်မေ့ဂိုဏ်းကို မျက်နှာပန်းလှစေသလို ရန်ငြိုးကိုလည်း ပြေလျော့စေခဲ့သည်။

"ဘယ်သူမှ မတိုက်တော့ဘူးဆိုရင် နောက်ရက်တွေကို အေးအေးဆေးဆေး ဖြတ်သန်းကြတာပေါ့"

ချန်အာကောသည် ဂါရဝပြုပြီးနောက် လေထဲသို့ ခုန်တက်ကာ လင်ရှောင်နှင့်အတူ ပျောက်ကွယ်သွားတော့သည်။

"တကယ်ကို ခန့်ညားလိုက်တာ"

အမျိုးသမီး သိုင်းသမားများစွာမှာ ချန်အာကောကို စွဲလမ်းသွားကြသည်။

အစွမ်းထက်သူနောက်တွင် အမြဲတမ်း ပရိသတ် ရှိစမြဲပင်။

အခန်းသို့ ပြန်ရောက်သောအခါ ချန်အာကောသည် လင်ရှောင်ကို ပြန်ခိုင်းပြီး လင်ချွမ်​၏ အခန်းသို့ တိုက်ရိုက် သွားလိုက်သည်။

"ပြန်လည် ထွက်ခွာစမ်း"

လင်ချွမ်က တိုးတိုးလေး အမိန့်ပေးလိုက်သည်။

ချန်အာကော​၏ တောက်ပနေသော မျက်လုံးများမှာ ချက်ချင်းပင် အရောင်မှိန်သွားပြီး စားပွဲပေါ်သို့ ဝုန်းခနဲ လဲကျသွားတော့သည်။

တစ်ချိန်တည်းမှာပင် လင်ချွမ်က မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

သူသည် အိပ်ပျော်နေသော ချန်အာကောကို ခုတင်ပေါ်သို့ မတင်ပေးခဲ့ပြီးမှ စိတ်အေးလက်အေး ထွက်ခွာခဲ့သည်။

ညစာစားပြီးနောက် လင်ချွမ်သည် အခန်းအပြင်ဘက်တွင် ဘယ်သူမှ မရှိသည်ကို စစ်ဆေးပြီး တစ်ဖက်ခန်းသို့ တိတ်တဆိတ် ဝင်သွားလိုက်သည်။

"ဒေါက် ဒေါက်!"

တံခါးခေါက်ပြီးနောက် အထဲမှ တုံ့ပြန်မှုရမှ သူ ဝင်သွားသည်။

"ရှင်လား"

ယွဲ့ချင်းရိုက မကျေမနပ် မျက်မှောင်ကြုတ်လိုက်သည်။

"ရှင့်ရဲ့ ဆရာရော၊ ဘာလို့ သူကိုယ်တိုင် မလာတာလဲ"

သူမသည် လင်ချွမ်ကို ချန်အာကော်၏ အစေခံဟု ထင်မှတ်နေဆဲပင်။

"ဟား၊ ကျွန်တော့်ရဲ့ တပည့်က အကြီးအကဲရဲ့ ထူးခြားတဲ့ စွမ်းရည်တွေကို မသိလို့ပါ၊ခွင့်လွှတ်ပေးပါ"

"ကျွန်တော် မှားမကြည့်ဘူးဆိုရင် ချန်အာကောဟာ ဝိညာဉ်ကူးပြောင်းခြင်းပညာ နဲ့ ထိန်းချုပ်ခံထားရတာပဲ"

ဓားနတ်ဘုရားက ပြုံးလျက် လင်ချွမ်ကို အကဲခတ်လိုက်သည်။

သူ၏ မျက်လုံးများမှာ လင်ချွမ်ကို ထွင်းဖောက် မြင်နိုင်နေသကဲ့သို့ပင်။

All Chapters