တိုးတက်မှုအတွက် လှုံ့ဆော်မှု
Vol. 7 Ch. 66
လေ့ကျင့်ရေးကွင်းပြင်တွင် ရှိနေစဉ်ကပင် ဓားနတ်ဘုရားသည် ချန်အာကောထံတွင် ဝိညာဉ်ကူးပြောင်းခြင်းပညာ၏ အကြွင်းအကျန်ခြေရာများကို သတိပြုခဲ့ မိခြင်းပင်။
ထိုအချိန်၌ လင်ချွမ်က ဓားနတ်ဘုရားကို နှုတ်ပိတ်နေရန် သတိပေးခဲ့ခြင်းဖြစ်သည်။
ယင်းအတွက် အလဲအလှယ်အဖြစ် လင်ချွမ်သည် အထွတ်အထိပ်နယ်ပယ် သို့ ရောက်ရန် ဓားနတ်ဘုရားအား ပြောပြပေးရန်။
"ငါ့တစ်ဘဝလုံးကို သိုင်းပညာနောက်လိုက်ရင်း မြှုပ်နှံခဲ့တာပါ"
"လွန်ခဲ့တဲ့ အနှစ် ၃၀ က ပထမအဆင့်ကို ရောက်ပြီးကတည်းက ဒီပိတ်ဆို့မှုကို ကျော်ဖြတ်ဖို့ အစွမ်းကုန် ကြိုးစားခဲ့တယ်"
"လွန်ခဲ့တဲ့ နှစ်အတော်ကြာက အထွတ်အထိပ်နယ်ပယ်အကြောင်းကို ကံကောင်းထောက်မစွာ သိခဲ့ရပေမဲ့"
"အနှစ် ၃၀ ကြာတဲ့အထိ အဲဒီနယ်ပယ်ရဲ့ တံခါး၀ကိုတောင် ငါ မနင်းနိုင်ခဲ့ဘူး"
"အခု ငါ့ရဲ့ သက်တမ်းက ကုန်ဆုံးခါနီးပြီဖြစ်လို့ ငါ့ရဲ့ ကျင့်ကြံမှုတွေ မြေကြီးထဲ ငါနဲ့အတူ ပါသွားမှာကို မလိုလားတာကြောင့် တပည့်တစ်ယောက် လက်ခံဖို့ ဆုံးဖြတ်ခဲ့တာပဲ"
ဟု ဓားနတ်ဘုရားက တည်ကြည်သော မျက်နှာထားဖြင့် သူ၏ နှစ်ရှည်လများ ရင်ဆိုင်နေရသော စိတ်တွင်းပဋိပက္ခကို လင်ချွမ်းအာ ပြောပြလိုက်သည်။
ဘေးတွင် ရပ်နေသော ယွဲ့ချင်းရိုမှာတော့ ဝေခွဲမရ ပေ။
သူတို့သည် လင်ချွမ်နှင့် နှစ်ကြိမ်သာ ဆုံဖူးပြီး စကားပင် မပြောဖူးသေးချေ။
ဓားနတ်ဘုရားက သူစိမ်းတစ်ယောက်ကို ဤမျှ ယုံကြည်နေခြင်းမှာ ထူးဆန်းလှသည်။
"ဆရာ... ဘာလို့ အခုလိုတွေ လုပ်နေရတာလဲ"
ယွဲ့ချင်းရိုက စိုးရိမ်တကြီး မေးလိုက်သည်။
"ဟူး"
ဓားနတ်ဘုရားက သက်ပြင်းချကာ သူမကို ကြည့်ပြီး -
"မင်း မသိသေးတဲ့ အချက်ရှိတယ်။ ဒီလင်ချွမ်ဆိုတဲ့သူက အလွန်မြင့်မားတဲ့ အစွမ်းရှိသူပဲ"
"ဒီနေ့ မင်းနဲ့ တိုက်ခဲ့တဲ့ ချန်အာကောကို တကယ်တော့ လင်ချွမ်က ဝိညာဉ်ကူးပြောင်းခြင်းပညာနဲ့ ထိန်းချုပ်ထားတာ"
"မင်းကို တကယ် တိုက်ခိုက်ခဲ့သူက သူပဲ"
ဓားနတ်ဘုရားသည် ယွဲ့ချင်းရိုကို ဖုံးကွယ်ထားရန် စိတ်ကူးမရှိပေ။
ယွဲ့ချင်းရိုကို တပည့်အဖြစ် လက်ခံခဲ့ခြင်းမှာ သူ၏ သက်တမ်းကုန်ခါနီးပြီး ရှေ့သို့ တိုးမရတော့ခြင်းကြောင့် ယာယီစီစဉ်ခဲ့ခြင်းသာ။
အကယ်၍ ယနေ့ညတွင် လင်ချွမ်ထံမှ ထိပ်တန်း အဆင့်ဖြစ်လာမည့် နည်းလမ်းကို သင်ယူနိုင်ခဲ့လျှင် သူ၏ တပည့်မလေးမှာ ဝန်ထုပ်ဝန်ပိုး ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် သူမကို အမှန်အတိုင်း ပြောပြကာ ပြင်ဆင်ထားစေခြင်းက အကောင်းဆုံးပင်။
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ယွဲ့ချင်းရို၏ လှပသော မျက်လုံးများမှာ ဝိုင်းစက်သွားပြီး လင်ချွမ်ကို မယုံနိုင်စရာ ကြည့်လိုက်သည်။
ချန်အာကော၏ စွမ်းအားကပင် ထိတ်လန့်စရာ ကောင်းနေပြီ ဖြစ်ရာ၊ ထိုကဲ့သို့ ပုဂ္ဂိုလ်ကို ထိန်းချုပ်နိုင်သူ လင်ချွမ်၏ စွမ်းအားမှာ ချန်အာကောထက် များစွာ သာလွန်နေမည်မှာ သေချာသည်။
ဓားနတ်ဘုရားကပင် လင်ချွမ်ကို အလေးအမြတ်ထားနေခြင်းက လင်ချွမ်သည် ပထမအဆင့်ထက် သာလွန်သော "အထွတ်အထိပ်" နယ်ပယ်သို့ ရောက်နေကြောင်း သက်သေပြနေခြင်းပင်။
"ကျွန်မ မယုံဘူး။ သူက ဘယ် အဆင့် ရှိဦးမှာလဲ"
"ဆရာတောင် မရောက်နိုင်တဲ့ နယ်ပယ်ကို သူက ဘယ်လိုလုပ် ရောက်နိုင်မှာလဲ"
ယွဲ့ချင်းရိုက လင်ချွမ်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး သူမ၏ လက်ချောင်းများမှာ ဓားရိုးပေါ်သို့ ရောက်သွားသည်။
ဤကျဉ်းမြောင်းသော အခန်းသည် တိုက်ခိုက်ရန် မသင့်တော်ပေ။
လှုပ်ရှားမှု အနည်းငယ်ကပင် လူအများကို သိသွားစေနိုင်သည်။
လင်ချွမ်သည် ပြဿနာများကို ငြိမ်သက်အောင် လုပ်ထားပြီးသား ဖြစ်ရာ ထပ်မံ၍ လူပြောသူပြော မခံချင်တော့ပေ။
"မင်း ငါ့ကို မယှဉ်နိုင်ပါဘူး"
လင်ချွမ်က အေးစက်စွာ ပြောလိုက်သည်။
ယနေ့နေ့လယ်ကလည်း ဤစကားကို ချန်အာကော၏ နှုတ်မှ သူမ ကြားခဲ့ရပြီးသား ဖြစ်သည်။
"ယှဉ်နိုင် မယှဉ်နိုင်ဆိုတာ တိုက်ကြည့်မှ သိမှာပေါ့"
ယွဲ့ချင်းရိုက အော်ဟစ်လိုက်ပြီး ဓားကို ဆွဲထုတ်ရန် ပြင်သည်။ သို့သော် သူမ ဓားမထုတ်နိုင်မီမှာပင် သူမ၏ ကိုယ်ခန္ဓာမှာ ကျောက်ရုပ်ကဲ့သို့ ဖြစ်သွားပြီး လုံးဝ လှုပ်ရှား၍ မရတော့ပေ။
"ဒါ... ဒါ ဘာလဲ"
ဆရာတပည့် နှစ်ယောက်လုံး ပြိုင်တူ မေးလိုက်ကြသည်။
"နယ်ပယ်ပဲ"
လင်ချွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ပထမအဆင့်ထက် သာလွန်တဲ့ စွမ်းရည်ပေါ့" ဒီနယ်ပယ်ထဲမှာ ငါက အနှိုင်းမဲ့ပဲ"
သူက ဆရာတပည့်ကို နားလည်အောင် ရှင်းပြလိုက်ခြင်းပင်။
လောလောဆယ်တွင် လင်ချွမ်သည် သူ့ထက်သာသော ပြိုင်ဘက် မတွေ့သေးသဖြင့် ဤသို့ ပြောလိုက်ခြင်း ဖြစ်သည်။
"နယ်ပယ်"
ဓားနတ်ဘုရား၏ မျက်လုံးများမှာ တောက်ပလာသည်။
ဤသည်မှာ သူ အမြဲတမ်း အိပ်မက်မက်ခဲ့သော အဆင့်ပင်။
သူသည် ချစ်လှစွာသော တပည့်မလေးကိုပင် ဂရုမစိုက်နိုင်တော့ဘဲ...
"ဝုန်း"
ဓားနတ်ဘုရားသည် လင်ချွမ်၏ ရှေ့တွင် ဒူးထောက်ချလိုက်သည်။
"အကြီးအကဲ၊ ကျွန်တော့်ကို လမ်းညွှန်ပြသပေးပါ! ကျွန်တော့်သက်တမ်းက ကုန်ခါနီးပါပြီ"
"တစ်ဘဝလုံး ဓားလမ်းစဉ်ရဲ့ အမြင့်ဆုံးကို လိုက်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး"
"မသေနိုင်တဲ့ အဆင့်ကို မမျှော်လင့်ပါဘူး၊ ဒါပေမဲ့ ဒီဘဝမှာ ဓားရဲ့ အစွမ်းကို အမြင့်ဆုံးထိ ထုတ်သုံးနိုင်ခဲ့ရင် သေရမှာ နောင်တမရတော့ပါဘူး"
"ဒီနယ်ပယ်ဆိုတာ သိုင်းသမားတွေ ရှာဖွေနေတဲ့ လမ်းစဉ်နဲ့ ဆက်စပ်နေမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျေးဇူးပြုပြီး လမ်းပြပေးပါ"
ဓားနတ်ဘုရားသည် သူ၏ သိက္ခာကိုပင် ဘေးချိတ်ကာ အသက် ၁၈ နှစ်အရွယ် ကောင်လေးတစ်ဦးကို တပည့်မလေးရှေ့တွင် ဦးချလိုက်ခြင်းပင်။
ယွဲ့ချင်းရိုမှာတော့ အံ့ဩလွန်း၍ ပါးစပ်ပင် မစေ့နိုင်တော့ပေ။
"ရတယ်"
လင်ချွမ်းက အေးဆေးစွာ ခေါင်းညိတ်ပြီး -
"ဒါပေမဲ့ ငါ့မှာ အခြေအနေ တစ်ခု ရှိတယ်။ ချန်အာကောနဲ့ ငါ့အကြောင်းကို ဘယ်သူ့ကိုမှ ပြန်မပြောရဘူး"
"မဟုတ်ရင် ဖြစ်လာမယ့် နောက်ဆက်တွဲကို မင်းတို့ တာဝန်ယူရလိမ့်မယ်"
လင်ချွမ်သည် သူတို့ကို နှုတ်ပိတ်ရန် သတ်ပစ်ဖို့ စိတ်ကူးရှိခဲ့သော်လည်း နယ်ပယ်ကို အသုံးချလိုက်ချိန်တွင် စိတ်ပြောင်းသွားခဲ့သည်။
သိုင်းပညာရှင်များစွာ ရှိသော်လည်း ပထမအဆင့်ထက် သာလွန်သူ မတွေ့ရသေးပေ။
ပြိုင်ဘက်မရှိဘဲ ကျင့်ကြံနေရခြင်းမှာ အဆင့်မြင့်ရန် ခက်ခဲသည်။ ထို့ကြောင့် သူသည် ဓားနတ်ဘုရားကို ရှေ့သို့ တွန်းပို့ပေးမည့် ပြိုင်ဘက်အဖြစ် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
"ဖြောက်"
ထိန်းချုပ်မှုကို လွှတ်ပေးလိုက်ရာ ယွဲ့ချင်းရိုသည် ထိုင်ခုံပေါ်သို့ ပြန်ထိုင်လိုက်ရသည်။
သို့သော် သူမမှာ ကြောင်တောင်တောင် ဖြစ်နေဆဲပင်။
တည်ကြည်လှသော သူမ၏ ဆရာက ကောင်လေးတစ်ဦးရှေ့တွင် ဒူးထောက်နေသည်ကို သူမ အိပ်မက်ပင် မမက်ရဲခဲ့ပေ။
"သူက တကယ်ပဲ လူရော ဟုတ်ရဲ့လား"
ယွဲ့ချင်းရိုက တိုးတိုးလေး ရေရွတ်မိသည်။
လင်ချွမ်သည် သူ၏ အတွေ့အကြုံများကို ဓားနတ်ဘုရားအား ရှင်းပြခဲ့သည်။
အမှန်မှာ လင်ချွမ်သည် စနစ်တကျ ကျင့်ကြံခဲ့ခြင်း မဟုတ်ဘဲ ဆေးလုံးများစွာ စားသုံး၍ အဆင့်တက်လာခြင်း ဖြစ်သဖြင့် ခံစားချက်ကိုသာ ပြောပြနိုင်ခြင်း ဖြစ်သည်။
သို့သော် အနှစ် ၃၀ ကြာ ကျင့်ကြံထားသော ဓားနတ်ဘုရားအတွက်မူ ထိုအချက်မှာ အဆင့်တက်ရန် လိုအပ်နေသော "သော့ချက်" ဖြစ်သွားတော့သည်။
"ဝှီး"
ရုတ်တရက် အခန်းထဲရှိ လေထုမှာ ပြင်းထန်စွာ လှုပ်ခတ်လာပြီး ဝိညာဉ်စွမ်းအင်များမှာ လေဆင်နှာမောင်းကဲ့သို့ စုစည်းလာသည်။
"ဆရာ... ဆရာ ဘာဖြစ်တာလဲ"
ယွဲ့ချင်းရိုက ထိတ်လန့်တကြား မေးလိုက်သည်။
"သဘောတရားကို ရုတ်တရက် နားလည်သွားတာပါ"
"အထွတ်အထိပ်နယ်ပယ်နဲ့ အကွာအဝေးကြီး ရှိနေသေးပေမဲ့ သူဟာ အခုဆိုရင် ပထမအဆင့် ကျင့်ကြံသူတွေ လုံးဝ မမှီနိုင်တဲ့ အဆင့်ကို ရောက်သွားပြီ"
"မင်း စိတ်အေးအေးထားပါ၊ မင်းရဲ့ဆရာ လောလောဆယ် မသေနိုင်သေးပါဘူး"
ဟု လင်ချွမ်က ပြုံး၍ ပြောလိုက်သည်။
ယွဲ့ချင်းရိုသည် လင်ချွမ်ကို ဝိုင်းစက်သော မျက်လုံးများဖြင့် ကြည့်ကာ -
"ကျေးဇူးတင်ပါတယ်"
ဟု တိုးတိုးလေး ပြောလိုက်ပါတော့သည်။