အလုပ်ရှုပ်ရမှာ ကြောက်သဖြင့်တစ်ယောက်တည်း နှင့် ရန်သူ အားလုံးကို ရင်ဆိုင်လိုက်ရခြင်း
Vol. 7 Ch. 70
"တစ်ယောက်ယောက် ငါတို့ထက် အရင် ရောက်နှင့်နေပြီ"
လင်ချွမ်က အလွယ်တကူ ကောက်ချက်ချလိုက်သည်။
သို့သော် ထိုသူမှာ မည်သူနည်းဟု သူ စုံစမ်းနေစရာပင် မလိုတော့ပါ။
အဘယ်ကြောင့်ဆိုသော် သူသည် ထိုသူ၏ တည်ရှိမှုကို အာရုံခံမိပြီးသား ဖြစ်သောကြောင့်ပင်။
သိပ်မဝေးသော စေတီတစ်လုံး၏ ထိပ်တွင် အနက်ရောင် ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးက မားမားမတ်မတ် ရပ်နေသည်။
လေထဲတွင် လွင့်နေသော အနက်ရောင် ဝတ်စုံက သူမ၏ လှပသော ကိုယ်လုံးကိုယ်ပေါက်ကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
သူမ၏ မျက်နှာတွင် ထူးဆန်းသော မျက်နှာဖုံးတစ်ခု တပ်ထားသော်လည်း အပြင်သို့ ပေါ်နေသော ဖြူဝင်းသည့် အသားအရေက သူမသည် ရှားပါးလှသည့် အလှပဂေးတစ်ဦး ဖြစ်ကြောင်း ပြသနေသည်။
"ဟူး"
လင်ချွမ်းက သက်ပြင်းချလိုက်သည်။
သူမကို တစ်ချက်ကြည့်ရုံဖြင့် သူ လေးရက်တိုင်တိုင် စောင့်နေခဲ့သော လင်ယန်ရွှယ် ဖြစ်ကြောင်း သိလိုက်သည်။
သူမသည် ရှောင်လင်၏ လျှို့ဝှက်ရတနာကို ရှာဖွေရန် နောက်ဖေးတောင်ကုန်းသို့ အရင် ရောက်နေခဲ့ခြင်း ဖြစ်သည်။
"မင်းလို သူခိုးမ... ရတနာကို အခုချက်ချင်း လက်လွှတ်စမ်း"
ရုတ်တရက် ယွဲ့ချင်းရိုက ဓားကို ဆွဲထုတ်ကာ အော်ဟစ်လိုက်ပြီး ပင်လယ်ထဲမှ တိုးထွက်လာသော ငွေနဂါးတစ်ကောင်ကဲ့သို့ လင်ယန်ရွှယ်ထံ ပြေးဝင်သွားတော့သည်။
"ဟင်"
လင်ယန်ရွှယ်က ယွဲ့ချင်းရိုကို အခုမှ မြင်သယောင်နှင့် အံ့ဩသွားသော်လည်း ခဏအကြာတွင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
တစ်ခဏချင်းမှာပင် အေးစက်လှသော သတ်ဖြတ်လိုသည့် အရှိန်အဝါများ ယွဲ့ချင်းရိုထံသို့ လေပြင်းကဲ့သို့ တိုးဝင်သွားသည်။
သိကျွမ်းဖူးသော အမျိုးသမီးနှစ်ဦးမှာ ချက်ချင်းပင် ရန်သူများ ဖြစ်သွားကြတော့သည်။
သို့သော် ယွဲ့ချင်းရိုမှာ လင်ယန်ရွှယ်၏ ပြိုင်ဘက် မဟုတ်ပေ။
"ဒုန်း ဒုန်း ဒုန်း"
လင်ချွမ် ကြားဝင်ရန် ပြင်လိုက်စဉ်မှာပင် ဆူညံလှသော ခြေသံများ နီးကပ်လာသည်။
မကြာမီ လူပေါင်း ရာနှင့်ချီ၍ စေတီစု အပြင်ဘက်တွင် ပေါ်လာကြပြီး နောက်ထပ် လူအများအပြားလည်း တောင်နောက်ဘက်သို့ စုရုံးလာနေကြသည်။
"ငါတို့ လူမိသွားတာလား"
လင်ချွမ်က ဝေခွဲမရ ဖြစ်သွားသည်။
သူနှင့် ယွဲ့ချင်းရို တောင်ပေါ်တက်လာစဉ်က မည်သည့် အစောင့်အရှောက်မျှ မရှိခဲ့ပေ။
သို့သော် ရှောင်လင်ကျောင်းထိုင် ဆရာတော် ဦးဆောင်သော ဂိုဏ်းပေါင်းစုံမှ သိုင်းသမားများ ဤမျှ မြန်မြန် ရောက်လာခြင်းမှာ သူတို့ ကြိုတင် ပြင်ဆင်ထားကြောင်း ထင်ရှားနေသည်။
“ဒီကနေ ခဏလောက် ထွက်သွားမှ ဖြစ်မယ်"
လင်ချွမ်က သက်ပြင်းချကာ သူ၏ အိတ်ကပ်ထဲမှ မျက်နှာဖုံးတစ်ခုကို ထုတ်လိုက်သည်။
ထိုမျက်နှာဖုံးမှာ လင်ယန်ရွှယ် တပ်ထားသော မျက်နှာဖုံးနှင့် အတူတူပင်။
ထို့နောက် လင်ချွမ်က လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ယွဲ့ချင်းရိုကို လက်ဝါးတစ်ချက် ရိုက်ကာ သတိမေ့သွားအောင် လုပ်လိုက်သည်။
"တကယ်ကို ရက်စက်တာပဲ"
လင်ယန်ရွှယ်က ပြုံးလျက် ဆိုလိုက်သည်။
လင်ချွမ်သည် ယွဲ့ချင်းရိုကို မြေပြင်ပေါ်သို့ အသာချပေးလိုက်ပြီး အပြင်ဘက်သို့ ထွက်ရန် ပြင်လိုက်သည်။ သို့သော် လင်ယန်ရွှယ်က သူ့ကို တားလိုက်သည်။
"ရတနာက စေတီအောက်မှာ ရှိနေတုန်းပဲ"
"ငါ မတော်တဆ စက်ကွင်းကို သွားထိမိလို့... ရတနာကို မယူနိုင်ခဲ့ဘူး"
လင်ယန်ရွှယ်က အားနာစွာ ပြောလိုက်သည်။
လင်ချွမ် မှင်တက်သွားရသည်။
ရှောင်လင်နှင့် အခြားသိုင်းသမားများ ဤမျှ မြန်မြန် ရောက်လာခြင်းမှာ လင်ယန်ရွှယ်ကြောင့် ဖြစ်ရမည်။
အကယ်၍ သူသာ အခု ထွက်သွားပါက ရှောင်လင်က ရတနာကို ယူသွားမည် ဖြစ်ရာ ပြန်လည် ရယူရန် ခက်ခဲသွားပေလိမ့်မည်။
"မင်းကတော့ အမြဲတမ်း ပြဿနာပဲ"
လင်ချွမ်က မကျေမနပ် ပြောလိုက်သည်။
လင်ယန်ရွှယ်သည် ရတနာကို ဆက်လက် ရှာဖွေရန် စေတီအောက်သို့ ဝင်သွားစဉ်မှာပင် ဆရာတော် ကျန့်ခုန်း နှင့် သိုင်းသမားများ ရောက်ရှိလာကြသည်။
သတိမေ့နေသော ယွဲ့ချင်းရိုနှင့် လင်ချွမ်ရတပ်ထားသော ဟယ်ဟွမ်းဂိုဏ်း မျက်နှာဖုံးကို မြင်လိုက်ရသောအခါ အားလုံး၏ ဒေါသမှာ ငယ်ထိပ်သို့ ရောက်သွားတော့သည်။
"အောမိသောဖော"
ကျန့်ခုန်းက လက်အုပ်ချီကာ တည်ကြည်စွာ ဆိုသည်။
"ငါတို့ဟာ နတ်ဆိုးဂိုဏ်းတွေကို စောင့်နေခဲ့တာ ကြာပါပြီ"
"ဒါပေမဲ့ မင်းတို့ရဲ့ ပန်းတိုင်က ငါတို့ကျောင်းတော်ရဲ့ လျှို့ဝှက်ရတနာ ဖြစ်နေလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး"
လင်ချွမ်က လူအုပ်ကို အကဲခတ်လိုက်ရာ လူ ၂၀၀ ခန့် ရှိသည်ကို တွေ့ရသည်။
ပထမအဆင့် အထက်တန်းသိုင်းသမား ကျန့်ခုန်းမှလွဲ၍ ကျန်သူများမှာ ဒုတိယအဆင့်များသာ ဖြစ်သဖြင့် သူ စိုးရိမ်စရာ မရှိပေ။
"ဆရာတော်... ဒီမိစ္ဆာတွေနဲ့ စကားပြောမနေပါနဲ့"
"သူ့ကို ဖမ်းဆီးပြီး စစ်မေးလိုက်ရင် နတ်ဆိုးဂိုဏ်းရဲ့ အကြံအစည်တွေကို သိရမှာပါ"
ဟု ထိုက်ရှန်းဂိုဏ်းမှ အကြီးအကဲ ကျန်းဇီဟန်က အေးစက်စွာ ပြောလိုက်ရာ ဂိုဏ်းပေါင်းစုံ တပည့်များကလည်း ဝိုင်းဝန်း ထောက်ခံကြတော့သည်။
"ခဏနေဦး။ ငါတို့ ရထားတဲ့ သတင်းအရ နတ်ဆိုးဂိုဏ်းက လူသတ်သမားတွေဟာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပြီး သူတို့ရဲ့ ကျင့်ကြံမှုဟာ ပထမအဆင့်မှာ ရှိကြတယ်"
"အားလုံး သတိထားကြပါ၊ အလဟဿ အသက်မသေပါစေနဲ့"
ဆရာတော် ကျန့်ခုန်းက သတိပေးလိုက်သည်။
ဆရာတော်မှာ ဉာဏ်ရည်ထက်မြက်သူ ဖြစ်သော်လည်း သူ မသိသည်မှာ လင်ချွမ်၏ စွမ်းအားမှာ ပထမအဆင့်ထက် များစွာ သာလွန်နေခြင်းပင်။
"တကယ်ကို စိတ်ရှုပ်စရာပဲ"
လင်ချွမ်က တိုးတိုးလေး ရေရွတ်လိုက်သည်။
သူသည် တိုက်ခိုက်လိုစိတ် ရှိသူ မဟုတ်ဘဲ အေးအေးချမ်းချမ်းသာ နေချင်သူပေ။
သို့သော် သိုင်းလောကထဲ ရောက်နေသဖြင့် မိမိကံကြမ္မာကို မိမိ မပိုင်တော့ဘဲ ဤကဲ့သို့ စိတ်အနှောင့်အယှက်ဖြစ်စရာများကို ရင်ဆိုင်နေရခြင်းပင်။
"ဝှီး!"
ရုတ်တရက် လေထုမှာ ပြင်းထန်စွာ လှုပ်ခတ်လာပြီး လင်ချွမ်၏ အတွင်းအားကြောင့် ဖြစ်ပေါ်လာသော လေပြင်းမှာ သိုင်းသမားများထံသို့ တိုးဝင်သွားသည်။
ကျန့်ခုန်းနှင့် အခြားသူများမှာ လင်ချွမ်၏ ပြင်းထန်လှသော အတွင်းအားကြောင့် မှင်တက်သွားကြရသည်။
"ဒီလောက် ပြင်းထန်တဲ့ အတွင်းအားမျိုးလား"
"ပထမအဆင့်တွေက ဒီလောက်အထိ အစွမ်းထက်လို့လား"
ကျန်းဇီဟန်က ကျန့်ခုန်းကို မေးလိုက်ရာ ကျန့်ခုန်းပင် ထိတ်လန့်နေမိသည်။
"ငါ... ငါတောင် သူ့ကို မယှဉ်နိုင်ဘူး"
ဤစကားတစ်ခွန်းကြောင့် လူအုပ်ကြီးကြားတွင် အုတ်အော်သောင်းနင်း ဖြစ်သွားသည်။
လင်ချွမ်မှာ အနည်းဆုံး ပထမအဆင့် အထွတ်အထိပ် ဖြစ်ရမည်ဟု တွေးမိကာ အချို့မှာ နောက်သို့ ခြေလှမ်းဆုတ်သွားကြတော့သည်။
"အခြေအနေက ဒီလိုဖြစ်လာမှတော့ ဒီဘုန်းကြီးပဲ ကိုယ်တိုင် ရင်ဆိုင်ရတော့မှာပေါ့"
ကျန့်ခုန်းက ခါးသီးစွာ ပြုံးလိုက်ပြီး လင်ချွမ်
ထံသို့ လျှောက်လှမ်းလာသည်။
သူသည် မိမိထက် သာလွန်သူကို ရင်ဆိုင်ရမည်ကို သိသော်လည်း တရားမျှတမှုအတွက် အသက်စွန့်ရန် အသင့်ဖြစ်နေသည့် အသွင်ပင်။
လင်ချွမ်သည် ဝူတန်သိုင်းပညာကို သုံး၍ မရသောကြောင့် နတ်ဆိုးဂိုဏ်း ပညာများကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
သူသည် လျှပ်စစ်ကဲ့သို့ လျင်မြန်သော လက်ဝါးသိုင်းကွက်များကို ထုတ်ဖော်လိုက်ရာ တောင်ဖြိုကျောက်ကွဲနိုင်သည့် အရှိန်အဝါများ ကျန့်ခုန်းထံသို့ ဦးတည်သွားတော့သည်။
"ဒါ... ဒါ တျန်းရှန်းရဲ့ ဆဋ္ဌမမြောက်ယန်လက်ဝါး"
တစ်ဦးက လှမ်းအော်လိုက်သည်။
သို့သော် ထိုပညာကို သိရုံနှင့် မည်သို့မျှ မတတ်နိုင်ပေ။
ကျန့်ခုန်းမှာ လင်ချွမ်၏ အစွမ်းကို သိလိုက်ရချိန်တွင် အလွန်ပင် ခံစားသွားရကာ-
"အောမိသောဖော"
"ငါ့အသက်ကံတော့ ကုန်ပြီ ထင်တယ်"