လမ်းပျောက်တတ်သော မိန်းကလေး
Vol. 7 Ch. 69
ဤလောကတွင် နတ်ဘုရားအဆင့် ကျင့်ကြံသူ များ တကယ်ရှိသလား။
ထိုကျင့်ကြံသူက လျှို့ဝှက်ရတနာတစ်ခု တကယ်ပဲ ချန်ထားခဲ့သလား။
လင်ချွမ်း စိတ်ဝင်စားသွားပေ၏။
လောလောဆယ်တွင် လင်ချွမ်သည် သိုင်းလောက၏ အားအကောင်းဆုံး ပညာရှင်တစ်ဦး ဖြစ်သော်လည်း အထွတ်အထိပ်နယ်ပယ် ကျင့်ကြံမှုအကြောင်း ဘာမှမသိသေးပေ။
သူသည် မြစ်ကိုဖြတ်ကူးရာတွင် ကျောက်တုံးကို စမ်းတဝါးဝါး ကိုင်တွယ်နေရသကဲ့သို့ ဖြစ်နေသည်။
အထွတ်အထိပ်နယ်ပယ်ကို ရှာဖွေစူးစမ်းခြင်းမှာ သူ၏ အရေးကြီးဆုံး လုပ်ငန်းစဉ်ပင်။
အကယ်၍ ထိုရတနာကို ရရှိပါက
သူ၏ သံသယများကို အဖြေထုတ်ပေးနိုင်ပြီး ရှေ့ဆက်တိုးတက်ရန် အကျိုးကျေးဇူး များစွာရှိပေလိမ့်မည်။
"ကောင်းပြီ! မင်းရဲ့ တပည့်မလေးကို ငါ ကြည့်ရှုပေးမယ်၊ မနက်ဖြန် ငါတို့ ခရီးစကြတာပေါ့"
လင်ချွမ်က အလွယ်တကူ သဘောတူလိုက်သည်။
မိစ္ဆာရှင်းလင်းပွဲ မည်သည့်အချိန်တွင် အဆုံးသတ်မည်ဆိုသည်မှာ လင်ယန်ရွှယ် မည်သည့်အချိန်တွင် ရောက်လာမည်ဆိုသည့်အပေါ်တွင်သာ မူတည်သည်။
လင်ယန်ရွှယ်၏ အစွမ်းနှင့်ဆိုလျှင် သူမက သူတစ်ပါးကို ဒုက္ခမပေးလျှင်ပင် ကံကောင်းလှပြီဖြစ်ရာ သူမအတွက် စိုးရိမ်စရာမရှိပေ။
...
နောက်တစ်နေ့။
လင်ယန်ရွှယ်သည် ကတိအတိုင်း ရှောင်လင်ကျောင်းသို့ ရောက်မလာသေးပေ။
ထို့ကြောင့် နတ်ဆိုးဂိုဏ်းသားများလည်း ပေါ်မလာကြသေးပါ။
သုတ်သင်ပွဲသို့ လာရောက်ကြသော ဂိုဏ်းပေါင်းစုံမှ တပည့်များမှာ စိတ်မရှည် ဖြစ်လာကြသည်။
အချို့မှာမူ နတ်ဆိုးဂိုဏ်း၏ လှည့်စားမှုကို ခံလိုက်ရပြီဟု ထင်မှတ်ကာ တစ်ဦးပြီးတစ်ဦး ပြန်သွားကြသော်လည်း အများစုမှာ ဆက်လက် စောင့်ဆိုင်းနေကြခြင်းပင်။
တစ်ချိန်တည်းမှာပင် ဝူတန်ဂိုဏ်း တည်းခိုရာ အနောက်ဘက်ဆောင်မှာ လူများဖြင့် ပြည့်နှက်နေသည်။
ဓားနတ်ဘုရားကို ကြည်ညိုသူများ၊ ပထမအဆင့်သို့ ရောက်နေသော်လည်း ရှေ့မတိုးနိုင်သူများက ပညာသင်ယူရန် အဖိုးတန်ပစ္စည်းများကိုယ်စီဖြင့် ရောက်လာကြသည်။
သို့သော် ဓားနတ်ဘုရားက အားလုံးကို ငြင်းလွှတ်လိုက်သည်။
လင်ချွမ်ကဲ့သို့ ပညာရှင်ကြီး ဘေးမှာ ရှိနေစဉ် သူ၏ မစို့မပို့ ပညာများကို မည်သို့ ထုတ်ပြရဲပါမည်နည်း။
လင်ရှောင် အပြင်သွားနေစဉ် လင်ချွမ်နှင့် ယွဲ့ချင်းရို တို့သည် တောင်ပေါ်မှ တိတ်တဆိတ် ဆင်းလာခဲ့ကြသည်။
ယွဲ့ချင်းရိုမှာ ဒုက္ခအဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း လင်ချွမ် နှင့် ယှဉ်လျှင် ဘာမှမဟုတ်ပေ။
တောင်အောက်ဆင်းပြီးနောက် သူတို့သည် လမ်းခွဲပေါင်းများစွာကို ပတ်လျှောက်နေခဲ့ကြရာ နောက်ဆုံးတွင် ရှောင်လင်ကျောင်းတော်၏ နောက်ဖေးတောင်ကုန်းသို့ ပြန်ရောက်လာကြသည်။
"မင်းက လမ်းမသိတာလား"
လင်ချွမ်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"အဟမ်း... အဟမ်း"
ယွဲ့ချင်းရိုက မျက်နှာနီမြန်းကာ ခေါင်းငုံ့ပြီး -
"နည်းနည်းပါပဲ... ဒါပေမဲ့ ဆရာပြောတဲ့ လျှို့ဝှက်ရတနာက ဒီနေရာမှာ ရှိနေတာကိုတော့ ကျွန်မ သေချာပေါက် သိပါတယ်"
ဟု ပြောလိုက်သည်။
လင်ချွမ်၏ မျက်နှာ ပို၍ ညိုမှောင်သွားသည်။
တစ်နေကုန် ပတ်လျှောက်နေပြီးမှ ရောက်လာသည့်နေရာက ရှောင်လင်ကျောင်းတော်ထဲမှာပင်။
ဒါဆိုလည်း တောင်ပေါ်ကနေ နောက်ဖေးတောင်ကုန်းကို တိုက်ရိုက်လာခဲ့ရုံပေါ့။
မဟုတ်လျှင် ဒါက ရတနာရှာတာ မဟုတ်ဘဲ ခိုးတာနှင့် တူနေသည်။
"မင်းဆရာက မင်းကို ရှောင်လင်ကို ဘာလာလုပ်ခိုင်းတာလဲ?" လင်ချွမ်က မေးလိုက်ခြင်းပင်။
"မိစ္ဆာသုတ်သင်ပွဲ တက်ဖို့ မဟုတ်ဘူးလား"
သူမက နုံအစွာ ပြန်ဖြေသည်။
လင်ချွမ်မှာ ဒေါသထွက်လွန်း၍ ရယ်ပင် ရယ်မိတော့သည်။
ဓားနတ်ဘုရားသည် သူ့တပည့်မကို အစစ်အမှန် အစီအစဉ်ကို မပြောပြခဲ့သည်မှာ ထင်ရှားသည်။
ဓားနတ်ဘုရား၏ အစစ်အမှန် ရည်ရွယ်ချက်မှာ သုတ်သင်ပွဲတက်ရန် မဟုတ်ဘဲ ရှောင်လင်၏ လျှို့ဝှက်ရတနာကို ခိုးယူရန်ပင် ဖြစ်ရမည်။
"သွားကြစို့။ ရတနာတွေ့တာနဲ့ ဒီကနေ ချက်ချင်း ထွက်သွားမယ်"
လင်ချွမ်က သတိပေးလိုက်ပြီး ယွဲ့ချင်းရိုကို ရှေ့က ဆက်သွားရန် လက်ဟန်ပြလိုက်သည်။
ဤမိန်းကလေးမှာ ပါရမီရှိသော်လည်း လူမှုရေးရာ အတွေ့အကြုံ လုံးဝ မရှိသူပင်။
လမ်းလည်း မသိသဖြင့် ဓားနတ်ဘုရားက သူမကို လင်ချွမ်ထံ အပ်နှံခဲ့ခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။
"အဲဒါပဲ"
ယွဲ့ချင်းရိုက စေတီပုထိုးများ စုဝေးရာ နေရာတစ်ခုကို ညွှန်ပြလိုက်သည်။
"သင်္ချိုင်းကုန်းလား"
လင်ချွမ်း မှင်တက်သွားသည်။
လျှို့ဝှက်ရတနာက ရှောင်လင်၏ ဂူဗိမာန်ထဲမှာ မြှုပ်ထားတာလား။
"နေဦး"
လင်ချွမ်း ရုတ်တရက် ရပ်လိုက်သည်။
သူ၏ အမူအရာက အလွန်တည်ကြည်သွားသည်။
သူသည် သူ၏ နယ်ပယ် ကို ချက်ချင်း ဖြန့်ကျက်လိုက်ရာ ခြေလှမ်း တစ်ရာအတွင်းရှိ နေရာလွတ်မှာ ချုပ်နှောင်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။
ယွဲ့ချင်းရိုမှာလည်း ရွှံ့နွံထဲ ရောက်နေသကဲ့သို့ လှုပ်ရှား၍ မရတော့ပေ။
"ရှောင်လင်ရဲ့ စေတီပုထိုးစုဟာ တကယ်တော့ မိစ္ဆာနှိမ်နင်းရေး စေတီတွေ ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး"
လင်ချွမ်က စေတီတစ်လုံးကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
ဝူတန်ဂိုဏ်းမှာကဲ့သို့ပင် ရှောင်လင်သည်လည်း ကျောင်းထိုင်ဆရာတော်ကြီးများ၏ ရုပ်ကလာပ်များကို သုံး၍ မိစ္ဆာများကို နှိမ်နင်းထားခြင်းပင်။
"ဘာဖြစ်လို့လဲ"
ယွဲ့ချင်းရိုက အရှိန်အဝါများ ပြေလျော့သွားချိန်တွင် မေးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး။ ကျင့်ကြံသူရဲ့ ရတနာ ဘယ်မှာရှိလဲဆိုတာ ငါ သိပြီထင်တယ်"
လင်ချွမ်က ယုံကြည်မှုအပြည့်ဖြင့် စေတီစုထဲသို့ လျှောက်သွားလိုက်သည်။
သူ၏ အတွေးအရ မိစ္ဆာကို နှိမ်နင်းထားသော စေတီများထဲတွင် အကြီးဆုံး စေတီသည်သာ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်၏ ဂူဗိမာန် ဖြစ်ရမည်။
"အဲဒါပဲ"
လင်ချွမ်က စေတီစု၏ အလယ်ဗဟိုရှိ အကြီးဆုံး စေတီတစ်လုံးကို ညွှန်ပြလိုက်သည်။
သို့သော် ထိုစေတီ၏ ဘေးပတ်လည်ရှိ မြေကြီးများမှာ လတ်လတ်ဆတ်ဆတ် တူးဆွထားသော လက္ခဏာများ ရှိနေပြီး အောက်ခြေတွင် နက်ရှိုင်းသော ကျင်းကြီးတစ်ခု ဖြစ်နေသည်။
"တစ်ယောက်ယောက် ငါတို့ထက် အရင် ရောက်နှင့်နေပြီ"