← Chapters

အခန်း (၂၃၆-၂၄၀)

Vol. 10 Ch. 236-240

အခန်း (၂၃၆-၂၄၀)

Vol. 10 Ch. 236-240

အပိုင်း ၂၃၆ ပစ်မှတ် ရှာတွေ့ပြီ

"လူတိုင်းနေရာယူပြီးပြီလား"

သူ့လက်ကို ရှေ့သို့ဆန့်ထုတ်လိုက်ကာ ဝမ်ချောင်သည် တိုင်ကို လက်ညှိုးဖြင့် အသာအယာခေါက်လိုက်သည်။

"အားလုံးအဆင်သင့်ပါ"

မီယာဆာမီးအရာကာသည် မထုံတတ်သေးပြန်ဖြေလိုက်သည်။ သူမသည် ဝမ်ချောင်နောက်တွင် ခေါင်းကို အပေါ်သို့ စောင်းထားကာ လက်နောက်ပစ်လျက် ရပ်နေသည်။ အချိန်တစ်ခဏအတွင်းမှာပင် သူမသည် သူမ၏အဝတ်အစားများကို ပြောင်းလဲခဲ့ပြီးဖြစ်သည်။ သူမသည် အနက်ရောင် ဝါးဦးထုပ်ကို ဆောင်းထားကာ အနက်ရောင် အလင်းဖောက်ဝင်နိုင်သည့် မျက်နှာကာကို ၀တ်ဆင်ထားသောကြောင့် သူမ၏ မျက်နှာအသွင်အပြင်ကို မည်သူမျှ ရှင်းရှင်းလင်းလင်း ခွဲခြား၍မရပေ။

သို့သော်လည်း သူမမျက်လုံးများသည်တော့ အေးစက်စွာကျန်နေခဲ့သည်။ အနက်ရောင်မျက်နှာမှတဆင့် ထိုသည်မှာ လူတစ်ယောက်ကို ကျောချမ်းသွားစေနိုင်သေးသည်။

လုပ်ကြံသတ်ဖြတ်သူတစ်‌ယောက်အနေဖြဖြင့် မီယာဆာမီးအရာကာ၏ ပင်ကိုယ်စရိုက်သည် သူမ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်။ မည်သည့်အဝတ်အစားမျှ ထိုသည်ကို ဖုံးကွယ်ထားနိုင်မှာ မဟုတ်ပေ။

"ကောင်းတယ်။ ခဏနေ သူတို့ရဲ့ပတ်ဝန်းကျင်မှာ အဖြူရောင်တောက်နေတဲ့သူတွေကို သတိပြုဖို့ ပြောလိုက်ပါ။ သူတို့ဟာ တစ်ခဏသာပေါ်လာမှာဖြစ်လို့ သူတို့ကို အနီးကပ်သေချာအာရုံစိုက်ပါ။ ပြီးတော့ ငါ့ခွင့်ပြုချက်မရှိဘဲ သူတို့ဟာ လှုပ်ရှားခွင့်မရှိဘူး”

ဝမ်ချောင်သည် ဝိုင်ခွက်ကို ကိုင်ဆောင်ထားကာ သောက်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ ဆယ့်ငါးနှစ်သည် အရက်သောက်ရန် သူ့အတွက် အနည်းငယ်စောလွန်းနေသေးသည်။ သို့သော်လည်း ထိုသည်မှာ သူ့အတွက် အဆင်ပြေလေသည်။

သူ့ခန္ဓာကိုယ်ထဲတွင် ပုန်းကွယ်နေသော အခြားဝိဉာဉ်ကို ထည့်မပြောသေးပေ။

"ဒါပေမဲ့ သခင်လေး ဒါက တကယ်ရော အဆင်ပြေပါ့မလား။ ဒါက ဂိုဂူလျောတွေရဲ့ပိုင်နက်ပဲ။ ဒါ့အပြင် ငါတို့က ဂိုဂူလျောတွေရဲ့ တည်းခိုဆောင်မှာ ပေါ်တင်ထိုင်နေသေးတယ်”

မီယာဆာမီးအာရာကာသည် ဝမ်ချောင်၏ လက်ထဲမှ ခွက်ကို သူမဘေးရှိစားပွဲပေါ်သို့ ညင်သာစွာမချမီ သဘာဝကျကျယူလိုက်သည်။

အရှေ့ကျွန်းစုမှ အမျိုးသမီးများသည် ဤရှုထောင့်တွင် အံ့သြစရာကောင်းလောက်အောင် နူးညံ့သိမ်မွေ့ကြသည်။ လုပ်ကြံသတ်ဖြတ်သူတစ်ဦးဖြစ်သော်လည်း မီယာဆာမီးအရာကာသည် ဤဓလေ့ကို ထိန်းသိမ်းထားသေးသည်။ သို့သော် အမှန်ပင် ဤသည်မှာ အလယ်ပိုင်းလွင်ပြင်ဒေသမှ လူများနှင့်သာ ဆက်စပ်နေပေသည်။

"အခုလောလောဆယ်မှာ လူမဆန်တဲ့ဂိုဂူလျောတွေက အရေအတွက်မှာ အသာစီးရနေတယ်။ သူတို့ကို ရန်သွားစမိရင် ငါတို့မလွတ်မြောက်နိုင်မှာကို ကြောက်မိတယ်”

မီယာဆာမီးအာရာကာသည် အလွန်စိုးရိမ်နေသည့်မျက်လုံးများဖြင့် ဝမ်ချောင်ကို ကြည့်လိုက်သည်။

သာမန်အရပ်သားများသည် မသိခြင်းကြောင့်သာ ဤနေရာတွင် သက်သောင့်သက်သာ နေနိုင်ခြင်း ဖြစ်သည်။ ဤနေရာ၏ နောက်ခံကို သိရှိထားသူများသည် သူတို့၏ နောက်ကျောကို ဓားဖြင့် အဆက်မပြတ် ထောက်ထားသကဲ့သို့ ခံစားနေရပေမည်ဖြစ်သည်။

ဤသည်မှာ မီယာဆာမီးအာရာက လက်ရှိခံစားနေရသည့် ခံစားချက်ပင်ဖြစ်သည်။ သူမသည် ဂိုဂူလျောတို့နှင့် တိုက်ခိုက်ခဲ့ဖူးကာ သူတို့မည်မျှ ကြောက်စရာကောင်းမှန်း သိသည်။ သူတို့သည် အလွန်ကြံ့ခိုင်ကျစ်လျစ်ကြကာ ဒဏ်ရာရမည်ကို မမှုကြပေ။ ဤအရာမှာ သူမကဲ့သို့ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ထက်ပင် ပို၍ ရက်‌စက်ပေသေးသည်။

ဝမ်ချောင်သည် ဂိုဂူလျောတို့၏နယ်မြေအတွင်း ရောက်ရှိနေသော်လည်း သူတို့နှင့် ရင်ဆိုင်ရန် စိတ်ကူးနေသည်။ ဤသည်မှာ သူမကို အလွန်စိုးရိမ်ပူပန်စေလေသည်။

"ဟမ် ဒါက ဂိုဂူလျောတွေရဲ့ ပိုင်နက်လို့ ဘယ်သူပြောတာလဲ။ ကောင်းကင်သားတော်ရဲ့ ခြေဖဝါးအောက်က နယ်မြေဟာ အလယ်ပိုင်းလွင်ပြင်ဒေသဆိုတာ ထင်ရှားတဲ့အရာတစ်ခုပဲ။ ဂိုဂူလျောတွေရဲ့ စကားလုံးတွေကို ဒီနေရာမှာ ဘယ်တုန်းက ထည့်တွက်ခဲ့တာလဲ”

သူ့လက်ကို လက်ရန်းပေါ်သို့တင်လိုက်ကာ ဝမ်ချောင်သည် အောက်ရှိလူအုပ်ကြီးကို အေးစက်အထင်သေးစွာ ကြည့်လိုက်သည်။

အလယ်ပိုင်းလွင်ပြင်ဒေသသည် တည်ရှိနေသေးသည်။ မဟာထန်သည်လည်း အသက်ရှူနေသေးသည်။ ကပ်ဆိုးသည်လည်း မကျရောက်သေးပေ။ အလယ်ပိုင်းလွင်ပြင်ဒေသသည် ဂိုဂူလျောတို့အား ဦးညွှတ်ရန် ယခုအချိန်အထိ ကျဆင်းခြင်းမရှိသေးပေ။ ဤနေရာတွင် ဂိုဂူလျောတို့သည် အရှင်သခင်အသစ် ဘယ်တုန်းက ဖြစ်လာခဲ့သနည်း။

ဂိုဂူလျောတို့ကို တစ်ယောက်မှ သွားမရှုပ်ကြသေးခြင်းမှာ သူတို့သည် စည်းကို မကျော်လွန်သေးသောကြောင့်ဖြစ်သည်။ သို့သော် သူတို့သည် ဤနေရာတွင် ငြိမ်းချမ်းစွာ နေထိုင်ရန် ဆန္ဒမရှိသောကြောင့် ဤဆက်ဆံရေးသည် အဆုံးသတ်ရပေလိမ့်မည်ဖြစ်သည်။

ဤသို့တွေးလိုက်လျှင် ဝမ်ချောင်၏ မျက်လုံးများသည် အေးစက်သထက်အေးစက်လာခဲ့သည်။ ဤစကားများကို ပြောသည်တွင် ဝမ်ချောင်သည် မသိစိတ်မှ လွှမ်းမိုးချုပ်ကိုင်သည့် ဖိအားကို ထုတ်လွှတ်လိုက်မိသည်။

ကျွမ်းမျိုးနွယ်စုနှင့် ချီမျိုးနွယ်စုမှ လူသုံးယောက်သည် ကြက်သေသေသွားခဲ့သည်။ မီယာဆာမီးအရာပင်လျှင် တစ်ခဏမျှ အေးစက်သွားခဲ့သည်။

လက်ရှိဝမ်ချောင်သည် ကြီးကျယ်ခမ်းနားသည့် ကိုယ်နေဟန်ထားကို ပိုင်ဆိုင်ထားကာ အခြားသူများကို ကြောက်ရွံ့ရိုသေစေလေသည်။ ဤသည်မှာ သူတို့ယခင်က တွေ့ခဲ့ဖူးသည့်တစ်ယောက်နှင့် လုံးဝကွဲပြားပေသည်။

"ဒါပေမဲ့ ဒီလိုဆိုရင်တောင် ငါတို့ဆီမှာ သက်သေမရှိဘူး။ ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းကို တိုက်ခိုက်ခဲ့တဲ့ ဒီဂိုဂူလျောတွေက ဒီမှာရှိနေတဲ့လူတွေနဲ့ အတူတူပဲဆိုတာ ငါတို့သက်သေမပြနိုင်ဘူး။ တကယ်လို့ ငါတို့ဂရုမစိုက်ခဲ့ရင် ယာယီနေထိုင်သူအုပ်ချုပ်ရေးမှူးကတဆင့် သခင်လေးကို လက်တုံ့ပြန်မှာကို စိုးရိမ်မိတယ်”

မီယာဆာမီးအရာကာသည် စိုးရိမ်စွာပြောလိုက်သည်။

ဝမ်ချောင်ဘာလုပ်မည်ကို သူမ သိနေသည်။ ဆိုရလျှင် သူသည် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းသို့ ပထမဆုံးရောက်ရှိသောနေ့တွင် အဖြူရောင်ကျားတောင်ထွတ်ပေါ်၌ သေမလိုဖြစ်ခဲ့ရသည်။ ဤကဲ့သို့ ကြုံတွေ့ခဲ့ရသည့်လူများသည် ဒေါသမထွက်ဘဲ ‌ရှိကြလိမ့်မည်မဟုတ်ပေ။

သို့သော် အဆုံးတွင် မြို့ထဲ၌ ရှိနေသည့် ဂိုဂူလျောများသည် ထိုညကတိုက်ခိုက်ခဲ့သူများမဟုတ်ကြပေ။

သူတို့၏ အကြွေးများကို မဆပ်သည့်လူများကို ရိုက်နှက်သည်မှလွဲ၍ သူတို့သည် ဘာမျှလွန်လွန်ကြူးကြူး မလုပ်ထားခဲ့ပေ။ ဤသို့မဟုန်လျှင် မဟာထန်သည် သူတို့ကို လက်ခံထားမှာ မဟုတ်ပေ။

"ဟီးဟီး သက်သေလား။ ဒါပေါ့ ငါ့ဆီမှာရှိတာပေါ့”

ဝမ်ချောင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ချိတ်ဆွဲလာကာ အေးစက်သည့် အလင်းရောင်က သူ့မျက်လုံးများ၌ ဖြတ်သွားခဲ့သည်။

မြို့အနောက်ပိုင်းရှိ ဂိုဂူလျောများသည် ဥပဒေကို လိုက်နာ‌သူများအဖြစ် ကောင်းစွာသိရှိထားကြသည်။ မီယာဆာမီးအာရာကာကဲ့သို့ လုပ်ကြံသတ်ဖြတ်သူပင်လျှင် သူတို့နှင့် ပတ်သက်၍ ဘာမှမမှားသည်ကို သတိထားမိသည်။

သို့သော် ဝမ်ချောင်သည်တော့ ဤကိစ္စအပေါ် လုံးဝမတူညီစွာ ရှုမြင်လေသည်။

ရှိုရှူဘုရင်နှင့် သူ၏အကိုင်းအခက်ဂိုဂူလျောလုပ်ကြံသတ်ဖြတ်သူများသည် မဟာထန်တွင် မကောင်းသတင်းဖြင့် ကျော်ကြားလှသည်။ လူများစွာသည် မြို့အနောက်ဘက်ရှိဂိုဂူလျောများသည် သူတို့နှင့် မဆက်စပ်နေပါ ဟု ဆိုကြသော်လည်း ဝမ်ချောင်သည်တော့ ထိုသည်ကို ယုံကြည်ရန် ခက်ပေသည်။

နောက်ဆုံးတွင် သွေးသည် ရေထက်ပျစ်၏။ ရှိုရှုဘုရင်နှင့် ဂိုဂူလျောလုပ်ကြံသတ်ဖြတ်သူများသည် ဤနေရာတွင် နေထိုင်သောဂိုဂူလျောများနှင့် လုံးဝဆက်စပ်မှုမရှိဟု ဆိုရမည်လျှင် ထိုသည်မှာ မည်မျှအထိ ဝေးကွာနိုင်မည်နည်း။

ဤနေရာတွင် နေထိုင်သော ဂိုဂူလျောများသည် ရှိုရှူဘုရင်နှင့် သူ၏လုပ်ကြံသတ်ဖြတ်သူများကို ‌အကောင်းဆုံး ဖုံးကွယ်ပေးထားသည်။ ဤနေရာမှလွဲ၍ သူတို့ရှင်သန်ရန် အခြားမည်သည့်နေရာမျှ မရှိတော့ပေ။

စစ်မှုထမ်းဌာနနှင့် ပြစ်ဒဏ်ဌာနတို့သည် ဤနယ်မြေအား ဆယ်စုနှစ်များစွာ စောင့်ကြည့်စစ်ဆေးခဲ့သော်လည်း အချည်းနှီးအဆုံးသတ်ခဲ့ရသည်။ ဝမ်ချောင်သည် အလွန်အရေးကြီးသည့် ‌ရှူထောင့်တစ်ခုကို သူတို့ လျစ်လျူရှုထားမိသည်ဟု ခံစားနေရသည်။

တည်းခိုခန်းနှင့် လောင်းကစားရုံများ၏ ဖောက်သည်များ...။

ထိုဂိုဂူလျောများသည် သူတို့ကိုယ်ပိုင်လုပ်ငန်းများ၏ ဝန်ထမ်းဖြစ်ရမည်ဟု မည်သူပြောသနည်း။

ဂိုဂူလျောများသည် ဟန်လူမျိုးအဖြစ် ဟန်မဆောင်နိုင်ဟု မည်သူပြောသနည်း။

ဂိုဂူလျောများသည် ဟန်လူမျိုးတို့၏ ဘာသာစကားကို ကျွမ်းကျင်စွာပြောနိုင်သရွေ့ ဟန်လူမျိုးနှင့် ဂိုဂူလျောများအကြားတွင် သိပ်ကွာခြားလိမ့်မည်မဟုတ်ပေ။

ဝမ်ချောင်သည် ဤကိစ္စကို အလေးအနက်တွေးတောဆင်ခြင်ခဲ့သည်။ စစ်မှုထမ်းဌာနနှင့် ပြစ်ဒစ်ဌာနတို့သည် အသုံးမကျမဖြစ်နိုင်ပေ။ ဆယ်စုနှစ်များစွာ ကြိုးပမ်းခဲ့သော်လည်း သူတို့၏ စုံစမ်းစစ်ဆေးမှုတွင် တိုးတက်မှုမရှိခဲ့သည့် တစ်ခုတည်းသော ဖြစ်နိုင်ခြေရှိသည့် အကြောင်းပြချက်မှာ သူတို့၏ ဦးတည်ချက်သည် အစကတည်းက မှားယွင်းနေသည်ဟုသာ ဆိုနိုင်ပေသည်။

သူတို့ရှာနေသည့် လူများကို တစ်နေရာမှလွဲ၍ တည်းခိုခန်းများနှင့် စားသောက်ဆိုင်များတွင် ရှာတွေ့မည်မဟုတ်ပေ။

"ကောင်းပြီ ငါတို့အခုပဲစမယ်လို့ သူတို့ကို ပြောလိုက်”

ဝမ်ချောင်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်ကာ သူ့အတွေးများမှ ပြန်လည်လာပြီး ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ သခင်လေး"

မီယာဆာမီးအရာကာသည် တစ်ခဏမျှတုံ့ဆိုင်းနေပြီးနောက် ခေါင်းညိတ်လိုက်သည်။

ဝရံတာနောက်တွင် လမ်းပေါ်၌ သွားလာလှုပ်ရှားနေသော လူအုပ်ကြီးကို မြင်နိုင်သည်။ ဝမ်ချောင်နှင့် မီယာဆာမီးအရာကာတို့ ရောက်နေခြင်းက မည်သူတစ်ဦးတစ်ယောက်၏အာရုံကိုမျှ ဖမ်းစားနိုင်ခြင်း မရှိပေ။ မကောင်းသည့် ဤနယ်မြေတွင် ဝမ်ချောင်ကဲ့သို့ ချမ်းသာသည့် သခင်လေးများ များစွာရှိသည်။

အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးသွားခဲ့ကာ လက်ဖက်ရည်တစ်အိုးကျက်စာ၏ အချိန်တဝက်ခန့် ကြာပြီးနောက် ဝမ်ချောင် မတ်တတ်ရပ်လိုက်သည်။ သူ့နောက်မှ ရှုပ်ထွေးနေသည့် အကြည့်များအောက်တွင် ဝမ်ချောင်သည် လက်ရန်းဆီသို့ လျှောက်သွားလိုက်သည်။

(ခုနှစ်မိနစ်ခွဲ)

"ဒီဂိုဂူလျောတွေက ရိုးသားသလား မရိုးသားဘူးလားဆိုတာ ဒါကပြောပြလိမ့်မယ်”

ဝမ်ချောင်သည် လက်ရန်းနောက်မှ ပျာယာခတ် လှုပ်ရှား‌သွားလာနေသည့် လူအုပ်ကြီးကို အေးစက်စွာ ငုံ့ကြည့်လိုက်သည်။

ဤအချိန်တွင် အချိန်သည် ရပ်တန့်သွားပုံပေါ်သည်။

ဘန်းးး

မည်သည့်သတိပေးချက် အနည်းငယ်မျှပင် မရှိဘဲ ဝမ်ချောင်သည် သူ့ညာခြေကို မလိုက်ကာ ဆောင့်နင်းချလိုက်သည်။

ဘန်းးး

နောက်တစ်ခဏတွင် ဝမ်ချောင်ဆီမှ မမြင်နိုင်လုနီးပါး ဖြစ်နေသော လှိုင်းများသည် ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားခဲ့သည်။

ဂိုဂူလျောများ စီမံအုပ်စိုးသည် မြို့အနောက်ဘက်ရှိ အစည်ကားဆုံးလမ်းတွင် ဝမ်ချောင်သည် သူ၏ စစ်မြေပြင်ပျက်စီးစေခြင်း အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။

တော်ဝင်ရုံးတော်တွင် တကယ့်ဂိုဂူလျောကုန်သည်များနှင့် ဂိုဂူလျောလုပ်ကြံသတ်ဖြတ်သူများကြား ခွဲခြားရန် ထိရောက်သည့်နည်းလမ်းမရှိပေ။ သို့သော် ဝမ်ချောင်သည်တော့မတူပေ။

စစ်မြေပြင်ပျက်စီးစေခြင်းသည် သူတို့ကို စစ်ထုတ်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။

ဝမြးးး

လူအုပ်ကြီးသည် ဘာမျှမဖြစ်ပွားခဲ့သကဲ့သို့ ပုံမှန်သာ သွားလာလှုပ်ရှားနေဆဲဖြစ်သည်။

"ဟမ်"

ဝမ်ချောင်၏ မျက်ခုံးများမြင့်တက်သွားခဲ့သည်။

"ငါမှားသွားပြီလား"

ဝမ်ချောင်သည် သူ၏ စစ်မြေပြင်ပျက်စီးစေခြင်းအရှိန်အဝါသည် သက်ရောက်မှုမရှိ ဟု တွေးနေစဉ်မှာပင် အပြောင်းအလဲတစ်ခု ရုတ်ခြည်းဖြစ်ပွားသွားခဲ့သည်။ လူစုလူဝေးကြားတွင် အဖြူရောင်လှိုင်းတစ်ခုသည် ရုတ်တရက် 'ပြည်ဖြိုးသော ချမ်းသာသည့် မဟာထန်ကုန်သည်' ထံ ရုတ်တရက်ထိကပ်သွားခဲ့သည်။

ထို့နောက်လိုက်ကာ ဒုတိယတစ်ခု၊ တတိယတစ်ခု၊ စတုတ္ထတစ်ခု...

ဆယ်တစ်၊ ဆယ့်နှစ်၊ ဆယ့်သုံး...

ဆယ့်လေး၊ ဆယ့်ငါး၊ ဆယ့်ခြောက်...

ခဏအတွင်းမှာပင် ရွှေရောင်ကောင်းကင်ဘုံမဟာလောင်းကစားရုံကြီးအတွင်းရှိ လူအုပ်ကြီးတွင် လူရာကျော်သည် အဖြူရောင်လှိုင်းဖြင့် ထိကပ်သွားခဲ့သည်။

ဝမြးးးး

နောက်တစ်ခဏတွင် ထိုလှိုင်းလုံးသည် ဘယ်တုန်းကမှ မပေါ်လာခဲ့ဖူးသကဲ့သို့ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

တည်းခိုခန်း၏ ဒုတိယအထပ်တွင် မီယာဆာမီအရာကာနှင့် ချီမျိုးနွယ်စုနှင့် ကျွမ်းမျိုးနွယ်စုမှလူများသည် ထိုမြင်ကွင်းကို မြင်သည်တွင် အေးခဲသွားခဲ့ကြသည်။ ဝမ်ချောင်ကိုယ်တိုင်သည်ပင်လျှင် ဆွံ့အသွားခဲ့ကာ ထိတ်လန့်အံ့ဩသွားခဲ့သည်။

ဤတစ်ခဏသည် သူတို့အတွက် ကမ္ဘာတစ်ခုလုံး တိတ်ဆိတ်သွားသကဲ့သို့ပင်ဖြစ်သည်။

"သူတို့အများကြီးရှိနေတာပဲ"

စစ်မြေပြင်ပျက်စီးခြင်းအရှိန်အဝါသည် လျင်မြန်စွာပေါ်လာခဲ့ကာ ပျောက်သွားခဲ့သည်။ သို့သော် ဝမ်ချောင်၏ နှလုံးသားထဲတွင် မုန်တိုင်းထန်သွားစေခဲ့သည်။

ဝမ်ချောင်၏ အစပိုင်းအစီအစဉ်တွင် သူသည် ဂိုဂူလျောလုပ်ကြံသတ်ဖြတ်သူများကိုချေမှုန်းရန် စစ်မြေပြင်ပျက်စီးခြင်းကို အသုံးပြုမည်ဖြစ်သည်။ သို့သော် အမှန်တရားသည် သူထင်သည်ထက် ပို၍ထိတ်လန့်အံ့သြစရာကောင်းနေခဲ့သည်။

ဆိုရလျှင် ရွှေရောင်ကောင်းကင်ဘုံ‌လောင်းကစားရုံ၏ ပတ်ဝန်းကျင်နယ်မြေ၌ပင်လျှင် အရာရှိစစ်သည်ရာကျော် ရှိနေခဲ့သည်။ ဤသည်မှာ ဝမ်ချောင် မျှော်လင့်ထားသည်ထက် အများကြီးပိုနေခဲ့သည်။

ထိုတစ်ခဏတွင် ဝမ်ချောင်သည် ထိုဂိုဂူလျောတစ်ဦးချင်းစီသည် ဟန်လူမျိုးကဲ့သို့ ဝတ်ဆင်ထားသည်ကို ရှင်းလင်းစွာမြင်တွေ့လိုက်ရသည်။ သူတို့၏ အပြုအမူများနှင့် အမူအရာများနှင့် ပတ်သက်၍ သူတို့ကို သာမန်ဟန်ပြည်သူများနှင့် ခွဲခြားနိုင်ရန်ခက်ခဲပေသည်။

ဝမ်ချောင်၏ ယူဆချက်သည် အတည်ပြုလိုက်ပြီဖြစ်သည်။

"မင်းတို့အားလုံး မြင်ကွင်းကောင်းကို မြင်လိုက်ရလား"

ဝမ်ချောင် မေးလိုက်သည်။

သူသည် တိတ်တဆိတ် ပြန်ဖြေလိုက်သည်။ သူတို့ ယခုလေးတင် မြင်လိုက်ရသော မြင်ကွင်းကြောင့် လူတိုင်းသည် အံ့အားသင့်နေခဲ့ကြသည်။

"သခင်လေး သခင်လေးမှန်ပါတယ်”

မီယာဆာမီးအာရာကာသည် နက်ရှိုင်းစွာ ပင့်သက်ရှိုက်လိုက်သော်လည်း သူမ၏ အသံမှာ တုန်လှုပ်ခြောက်ခြားသွားခြင်းမရှိချေ။

သူမသည် အဖြူရောင်လှိုင်းများ မည်သည့်နေရာမှ လာခဲ့သည်ကို မသိရှိသော်လည်း အစောပိုင်းဝမ်ချောင်စကားများအရ ဘာတွေဖြစ်ပျက်နေသည်ကို ကောက်ချက်ချနိုင်ပေသည်။ ဖြစ်နိုင်သည်မှာ ဤအဖြူရောင်လှိုင်း ထိကပ်ခံရသည့် လူများသည် သူတို့စစ်ဆင်ရေးအတွက် ပစ်မှတ်ဖြစ်ပုံပေါ်သည်။

သို့သော် သူတို့၏အရေအတွက်သည် ရိုးရှင်းစွာပင် အလွန်များပြားနေခဲ့သည်။

"သခင် ဒီဂိုဂူ..."

"တိတ်စမ်း"

ကျွမ်းမျိုးနွယ်စုနှင့် ချီမျိုးနွယ်စုမှလူများသည် ထိတ်လန့်အံ့ဩစွာဖြင့် အာမေဋိတ်ပြုလိုက်သည်။ သို့သော် သူတို့စကားများမဆုံးမီမှာပင် မီယာဆာမီးအာရာကာသည် သူတို့ကို တိတ်စေလိုက်သည်။

သူတို့သည် အထိမခံသည့်နေရာတွင် ရောက်နေကြသည်။ ဤသည်မှာ သေချာပေါက် စကားပြောကောင်းသောနေရာမဟုတ်ပေ။

သူတို့ဘာမျှမသိခဲ့လျှင် ထိုသည်မှာ တစ်ကဏ္ဍဖြစ်သော်လည်း ဤအချိန်တွင် နေရာတစ်ခုလုံးသည် ပြောင်းလဲသွားပုံပေါ်သည်။ မီယာဆာမီးအာရာကာပင်လျှင် သူမမျက်လုံးထဲ၌ ကြောက်ရွံ့သည့် အရိပ်အယောင်များပြသနေခဲ့သည်။

"ဟားဟား ကောင်းပြီ။ မင်းတို့အားလုံး မြင်ကွင်းကောင်းကို မြင်လိုက်ကြတာပဲ ဆိုတော့ ငွေစာရင်းရှင်းပြီး သွားကြစို့”

မီယာဆာမီးအာရာကာ၏ စိုးရိမ်ပူပန်နေသည်နှင့် ဆန့်ကျင်စွာ ဝမ်ချောင်သည် သာမန်ကာလျှံကာ ပြုံးလိုက်ကာ သူ့ထိုင်ခုံကို တွန်းလိုက်ပြီး တည်းခိုခန်းမှ ထွက်ခွာလိုက်သည်။

အမှန်တရားကို သူသိရှိသွားပြီဖြစ်သောကြောင့် ကျန်သည့်အရာများကို ကိုင်တွယ်ဖြေရှင်းရန် လွယ်ကူသွားပြီဖြစ်သည်။

----------------

******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

အပိုင်း ၂၃၇။ ဂိုဂူလျောတို့၏ စုဝေးရာနေရာ

ညအချိန်ကျရောက်လာခဲ့ကာ ပျားပန်းခပ် စည်ကားနေသော မြို့တော်သည် တိတ်ဆိတ်လာခဲ့သည်။

သူ့ညီမငယ်သည် အနားမှာ မရှိသောကြောင့် ဝမ်ချောင်သည် တရားထိုင်ရန်ရွေးချယ်လိုက်သည်။ နက်ရှိုင်းစွာ ရှူသွင်း ရှူထုတ်လုပ်လိုက်ကာ မူလစွမ်းအင်အမျှင်တန်းများကို စုစည်းလိုက်ပြီး သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်စေလိုက်သည်။

ဘန်းးး

မသိရသော အချိန်တစ်ခုကြာပြီးနောက် ဝမ်ချောင်၏ ခန္ဓာကိုယ်သည် တစ်စုံတစ်ခုကို ဖွင့်လိုက်သကဲ့သို့ တုန်ခါသွားခဲ့ကာ သူ့အရှိန်အဝါသည် တိုးတက်လာခဲ့သည်။ ထိုသည်မှာ သူ့ခန္ဓာကိုယ်သည် ယခုလေးတင် အဆင့်တစ်ခုသို့ ချိုးဖောက်သွားသကဲ့သို့ပင် ဖြစ်သည်။

စီးးးး

ဝမ်ချောင်သည် မျက်လုံးဖွင့်လိုက်ကာ လက်ကို မြှောက်လိုက်သည်။

စီးးးး

အေးစက်ကာ မျက်စိစူးစေသည့် အလင်းရောင်လှိုင်းတစ်ခုသည် သူ့လက်ချောင်းထိပ်မှ ထွက်ပေါ်လာခဲ့သည်။

ဤအေးစက်သည့် အလင်းရောင်လှိုင်းသည် ချီတစ်ဝက်ခန့်သာ အရှည်ရှိသော်လည်း မယှဉ်သာသော စူးရှသည့် အရှိန်အဝါကို သယ်ဆောင်ထားသည်။

*ကွမ်းယွမ်သွေးကြောဆုံမှတ်ကို ဖွင့်တာက ငါ့ကို ဓားချီထုတ်လွှတ်စေနိုင်ခဲ့တယ်*

ဝမ်ချောင်သည် လက်ချောင်းထိပ်ရှိ ဓားချီကိုကြည့်လိုက်ကာ တွေးလိုက်သည်။

မူလစွမ်းအင် အဆင့် ၉ ဆင့်တွင် သိုင်းပညာရှင်များသည် အတွင်းစွမ်းအင်ကို ထုတ်လွှတ်ရန် မတတ်နိုင်ကြပေ။ သို့သော် အမှန်ပင် ချို့ယွင်းချက်များလည်း ရှိပေသည်။ ဝမ်ချောင်သည် သေးငယ်သည့် လှည့်ကွက်တစ်ခုကို သိထားသည်။ ပုန်းကွယ်နေသော ကွမ်းယွမ်သွေးကြောဆုံမှတ်ကို ဖွင့်လှစ်ခြင်းဖြင့် သူသည် ခန္ဓာကိုယ်ထဲမှ မူလစွမ်းအင်ကို ထုတ်လွှတ်နိုင်လိမ့်မည်ဖြစ်သည်။

သို့သော်လည်း ဤလှည့်ကွက်တွင်လည်း အားနည်းချက်ရှိပေသည်။ မူလစွမ်းအင်သည် ကွမ်းယွမ်သွေးကြောဆုံမှတ်တစ်ဝိုက်ရှိ မရီဒျန်တချို့၌သာ ထုတ်လွှတ်နိုင်‌ပေသည်။

လက်ရှိတွင် ဝမ်ချောင်သည် ဓားချီကို သူ့လက်ညိုးမှသာ ထုတ်လွှတ်နိုင်ပေသည်။

သို့သော် ဤသို့ဆိုလျှင်ပင် ဤအရာသည် အချို့သောအခြေအနေများအောက်တွင် တန်ဖိုးရှိသည်ဟု သက်သေပြနိုင်ပေသည်။

ချပ်ချပ်

ရုတ်တရက်ပင် မပြတ်သားသော လျှို့ဝှက်သည့် ခြေလှမ်းသံများသည် အပြင်မှ ထွက်ပေါ်လာခဲ့သည်။ လူတစ်ယောက်သည် ဂရုတစိုက်အာရုံစိုက်ထားခြင်းမရှိပါက ထိုသည်ကို သတိပြုမိရန် မဖြစ်နိုင်ပေ။

"မီယာဆာမီး ဝင်လာပါ"

ဝမ်ချောင်သည် ဓားချီကို ရုပ်သိမ်းလိုက်ကာ တံခါးဆီသို့ သူ့အကြည့်ကို ပို့လိုက်သည်။

ကျွီးးး

တံခါးသည် ပွင့်သွားခဲ့ကာ အနက်ရောင်မျက်နှာကာ ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခု ဝင်လာခဲ့သည်။ မီယာဆာမီးအာရာကာပင် ဖြစ်သည်။

"သခင်လေး ကျွန်မတို့ သူတို့ရဲ့ အခြေစိုက်စခန်းကို ရှာတွေ့ခဲ့ပြီ”

မီယာဆာမီးအာရာကာသည် ဝင်လာပြီး မကြာမီ လက်ရှိအဓိကကိစ္စကို လိုတိုရှင်းပြောလိုက်သည်။

ဝမ်ချောင်၏ ပခုံးများသည် အနည်းငယ်လှုပ်ခါသွားခဲ့သည်။ သူသည် ခေါင်းကို ရုတ်ခြည်းမော့လိုက်ကာ မီယာဆာမီးအာရာကာကို ကြည့်လိုက်၏။

---

မြို့တော်၏အရှေ့တောင်ဘက်အစွန်ဆုံး စိမ်းလန်းစိုပြေသည့် သစ်ပင်များပေါက်ရောက်ရာ မြို့ရိုးအစွန်းအနီးတွင် လူနေအိမ်တစ်လုံးသည် အထီးကျန်စွာ တည်ရှိနေခဲ့သည်။

ချမ်းသာသောကုန်သည်များအတွက် သူတို့ကိုယ်ပိုင်အိမ်တစ်လုံးဆောက်လုပ်ရန် ဝေးကွာသည့် မြေနေရာများကို ဝယ်ယူထားသည်မှာ သဘာဝမကျပေ။

"ဒါက မင်းခြေရာခံခဲ့တဲ့နေရာလား"

အမှောင်ထုကြားထဲတွင် ဝမ်ချောင်သည် ပရုတ်ပင်၏ ထိပ်တွင် ပုန်းခိုနေခဲ့သည်။ (ပရုတ်ပင်ဟာ ညောင်သီးလိုအသီးမျိုးသီးပြီး ညောင်ပင်လောက်နီးနီးကြီးမားကာ အကိုင်းအခက်တွေနဲ့ ပြည့်နေတဲ့ အပင်တစ်မျိုးပါ။ 'Camphor tree' လို့ ရှာကြည့်နိုင်ပါတယ်။) သူ့နေရာမှနေ၍ ခြံဝင်းထဲတွင် ဖယောင်းတိုင်မီးများ ထွန်းလင်းနေသည်ကို မြင်နိုင်ပြီး ရှေ့မှနောက်လို့ သွားလာလှုပ်ရှားနေသော ပုံရိပ်များကို မြင်နိုင်ပေသည်။ သို့သော်လည်း လူအများကြီးစုဝေးနေပုံမပေါ်ပေ။

ဆက်၍ ခြံဝင်းအတွင်းရှိ လူများသည် အထူးသတိထားနေသည်မှာ ထင်ရှားသည်။ နေအိမ်တစ်ခွင်တွင် လှပ်ထားပြီး ပုန်းကွယ်နေသည့် အစောင့်စစ်သားများ အများအပြားရှိနေခဲ့သည်။ ဝမ်ချောင်သည် ဤဖွဲ့စည်းပုံနှင့် အလွန်ရင်းနှီးပေသည်။

ကင်းထောက်တစ်ဦး ပထမဆုံးလုပ်ဆောင်ရမည့်အရာမှာ ရန်သူ၏ လှပ်ထားပြီး ပုန်းကွယ်နေသည့် အစောင့်စစ်သားများကို ဖော်ထုတ်ဖယ်ရှားပစ်ရန်ဖြစ်သည်။

"အင်း ကျွန်မတို့ ခြေရာခံခဲ့တဲ့ လူအချို့က နောက်ဆုံးဒီနေရာမှာ လာစုဝေးခဲ့တယ်”

မီယာဆာမီးအရာကာသည် တိုးညင်းစွာပြန်ဖြေလိုက်သည်။ သူမမျက်လုံးများမှလွဲ၍ သူမ၏တစ်ကိုယ်လုံးကို ဖုံးကွယ်ထားခဲ့ကာ သူမ၏ လက်ရှိ စိတ်ခံစားချက်များကို ခန့်မှန်းရန် မဖြစ်နိုင်ဖြစ်စေသည်။

"ဒါက သူတို့ရဲ့ အဓိကအသိုက်ဖြစ်ပုံမရဘူး။ တခြားသူတွေ ဘယ်မှာလဲ”

ဝမ်ချောင် အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။

"ခုလောလောဆယ် သတင်းမရသေးဘူး။ သူတို့ကို နောက်ယောင်ခံလိုက်ဖို့က မလွယ်ဘူး ပြီးတော့ သူတို့အများစုက ကာစီနိုမှာ ပျော်ပါးနေတုန်းပဲ”

မီယာဆာမီးအာရာကာသည် အသံတိုးတိုးဖြင့် တင်ပြလိုက်သည်။

ဂိုဂူလျောများကို နောက်ယောင်ခံလိုက်ခြင်းသည် မျှော်လင့်ထားသည်ထက် ပို၍ ခက်ခဲပေသည်။ ဟန်လူမျိုးကဲ့သို့ ဟန်ဆောင်ထားသည့် လူအားလုံးနီးပါးမှာ ကြောက်စရာကောင်းသည့် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ နောက်ထပ် သူတို့သည် မြို့တော်၏ မြေပုံနှင့်လည်း ရင်းနှီးကျွမ်းဝင်နေသေးသည်။

ထို့အပြင် နှစ်ပေါင်းများစွာ ကြာပြီးနောက် သူတို့သည် ဖွဲ့စည်းပုံတစ်ခုကိုလည်း လုံးဝ ဖွဲ့စည်းထားပြီးဖြစ်သည်။

ဂိုဂူလျောကုန်သည်များသည် လောင်းကစားရုံများ၊ စားသောက်ဆိုင်များ၊ တည်းခိုခန်းများနှင့် အခြားလုပ်ငန်းများကို မြို့အတောက်ပိုင်းတွင် ဖွင့်လှစ်ထားခဲ့ကြသည်။ ထိုနေရာတွင် ဂိုဂူလျော လုပ်ကြံသတ်ဖြတ်သူများ(သို့မဟုတ် စစ်သားများ)သည် သူတို့ကိုယ်သူတို့ ချမ်းသာသော အလယ်ပိုင်းလွင်ပြင်ဒေသ၏ ကုန်သည်များ၊ သက်တော်စောင့်များနှင့် ဤလုပ်ငန်းများသို့ မကြာခဏ လာကြသော ခရီးသွားများအဖြစ် ဟန်ဆောင်ထားခဲ့ကြသည်။

မီယာဆာမီးအာရာကာသည် ဤသည်ကို ပထမဆုံး သိရှိသည်တွင် သူမသည် အံ့အားသင့်သွားခဲ့သည်။ ဂိုဂူလျောများသည် သူမစိတ်ကူးထားသည်ထက် ပို၍ ဉာဏ်နီဉာဏ်နက်များနေခဲ့သည်။

ဤလုပ်ငန်းများတွင် အလုပ်လုပ်နေသော ဂိုဂူလျောများကို အာရုံစိုက်နေချိန်တွင် မည်သူကများ ဟန်လူမျိုးဖောက်သည်များနှင့် ခရီးသွားများကို အာရုံစိုက်နိုင်မည်နည်း။

ဂိုဂူလျောတို့သည် ဤအခွင့်အလမ်းကို အပြည့်အဝအသုံးချခဲ့ကြသည်။

ထိုသည်မှာ မဟာထန်တော်ဝင်ရုံးတော်သည် လုံ့လများစိုက်ထုတ်ထားသော်ငြားလည်း ဘာကြောင့် ဘာမျှမတိုးတက်ဘဲဖြစ်နေသည်ကို မီယာဆာမီးအာရာကာသည် နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

ဝမ်ချောင်ကို လှည့်ကြည့်လိုက်ကာ သူမ၏ ကြောက်ရွံ့ရိုသေစိတ်များသည် ပို၍နက်ရှိုင်းလာသည်ကို ခံစားလိုက်ရသည်။

ထိုသည်မှာ ဝမ်ချောင်သည် အဖြေကို အစကတည်းက သိနေသကဲ့သို့ပင်ဖြစ်သည်။ တစ္ဆေခြေလှမ်းများကိစ္စကို ပြန်သတိရလိုက်သည်တွင် မီယာဆာမီးအာရာကာသည် သူမဘေးရှိလူငယ်သည် ပို၍ ပို၍ ခန့်မှန်းရ ခက်ခဲလာသည်ကို တွေ့ရှိလိုက်သည်။

ဝမ်ချောင်၏အသက်အရွယ်ကြောင့် မဟုတ်ပါက သူမသည် သူ့ကို နတ်ဘုရားတစ်ပါးအဖြစ် သတ်မှတ်ပေလိမ့်မည်ဖြစ်သည်။

"အတွင်းဖက်ကို ထောက်လှမ်းခဲ့သေးလား"

"အင်း အတွင်းဖက်မှာ လူသုံးဆယ်ဝန်းကျင်လောက်ရှိမယ် ပြီးတော့ သူတို့ကြားထဲမှာ သာလွန်အားကောင်းတဲ့ ကျွမ်းကျင်သူတစ်ယောက်လည်းရှိတယ်။ ကျွန်မ အရမ်းကြီး မချဉ်းကပ်ရဲခဲ့ဘူး”

မီယာဆာမီးအာရာကာ ပြန်ဖြေလိုက်သည်။

"လူသုံးဆယ်လား"

ဝမ်ချောင် မျက်မှောင်ကြုတ်လိုက်ကာ နောက်တစ်ကြိမ် အတွေးထဲနစ်မြောသွားခဲ့သည်။

ရွှက်

နောက်တစ်ခဏတွင် ဝမ်ချောင်သည် သစ်ပင်ပေါ်မှ ခုန်ဆင်းလိုက်ကာ ရုတ်ခြည်း ပျောက်ကွယ်သွားလဲ့သည်။

"သခင်လေး..."

မီယာဆာမီးအာရာကာ မတုံ့ပြန်ရသေးခင် သူမသည် ဝမ်ချောင်၏ ပုံရိပ်ကို သူမ မျက်ခြည်ပြတ်သွားပြီဖြစ်ကြောင်း တွေ့ရှိလိုက်သည်။ အံကိုကြိတ်လိုက်ကာ သူမလည်း သစ်ပင်မှ လျှောဆင်းလိုက်ပြီး ချက်ချင်း သူ့နောက်သို့ လိုက်သွားလိုက်သည်။

---

အိမ်တော်၏ ပတ်ပတ်လည်ရှိ တံတိုင်းများသည် ရှည်လျားသော မြက်ပင်များဖြင့် ဖုံးလွှမ်းထားခဲ့သည်။ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ကာ ဝမ်ချောင်သည် သူ့ကိုယ်သူ အစောင့်စစ်သားများ၏ မြင်ကွင်းမှ ဂရုတစိုက်ပုန်းကွယ်စေလိုက်ပြီး တိမ်းရှောင်၍သွားလိုက်သည်။

ချပ်ချပ်

ကျင်လည်သောကြောင်တစ်ကောက်ကဲ့သို့ ဝမ်ချောင်သည် သစ်ပင်ပေါ်တက်လိုက်ပြီး နေအိမ်၏ တံတိုင်းပေါ်သို့ ခုန်ကူးလိုက်ကာ တစ်ဖက်သို့ အသာအယာဆင်းလိုက်သည်။ သူ့လှုပ်ရှားမှုများသည် အလွန်ကျင်လည်လှကာ ထိုသည်က မီယာဆာမီးအာရာကာကို အလွန်အံ့အားသင့်သွားစေခဲ့သည်။

"ရောက်ပြီ"

"စင်္ကြန်တစ်လျှောက်မှာ နှစ်ယောက်၊ ချုံပုတ်ထဲမှာ နှစ်ယောက်၊ သစ်ပင်ပေါ်မှာ နှစ်ယောက်၊ ပြတင်းပေါက်မှာ သုံးယောက်။ စုစုပေါင်း ဆယ့်တစ် ယောက်”

ဤခြံဝင်းသည် အတွင်းဖက်တွင် ပို၍ ကျယ်ပြန့်ပုံပေါ်သည်။ ဧရိယာတဝိုက်တွင် ပြန့်ကျဲနေသော ဂိုဂူလျော သိုင်းပညာရှင်ရှစ်ဦးရှိသည်။

သို့သော် ခြံဝင်းသည် အလွန်ကျယ်ပြန့်သောကြောင့် ဝမ်ချောင်အတွက် ခိုးဝင်ရန် ခက်ခဲခြင်းမရှိပေ။

"သခင်လေး"

လေတစ်ချက်ဝေ့သွားကာ သူ့နောက်တွင် ရင်းနှီးနေသည့် အသံတစ်ခုထွက်ပေါ်လာခဲ့သည်။ မီယာဆာမီးအာရာကာသည် ဝမ်ချောင်နောက် လိုက်လာခဲ့ပြီး လက်ရှိတွင် သူမသည် သူ့ဘေးရှိ ချုံပုတ်ကြားတွင် ကုပ်ကုပ်ကလေးနေနေသည်။

"သခင်လေး ဒီနေရာမှာ အရမ်းအန္တရာယ်များတယ်။ ကျွန်မတို့ ဒီနေရာကနေ ချက်ချင်း ထွက်ခွာသင့်တယ်”

မီယာဆာမီးအာရာကာသည် စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။

လုပ်ကြံသတ်ဖြတ်သူတစ်ဦးအနေဖြင့် သူမသည် တစ္ဆေခြေလှမ်းများကို တတ်ကျွမ်းထားသောကြောင့် လုပ်ကြံသတ်ဖြတ်သူများ၏ လက်မှ လွတ်မြောက်ရန် ကိစ္စမရှိပေ။ ဤနေရာရှိ ဂိုဂူလျောများ၏ အရေအတွက်အရ သူမပင်လျှင် လှုပ်ရှားမှုတစ်ခုပြုလုပ်ရန် တုံ့ဆိုင်းနေရပေလိမ့်မည်ဖြစ်သည်။ ဝမ်ချောင်သာဆို ပြောစရာပင် မလိုပါချေ။ အကယ်၍ သူတို့သည် ရှာဖွေတွေ့ရှိခံခဲ့ရပြီး ဝိုင်းရံခံထားခဲ့ရပါက သေခြင်းတရားသည်သာ သူတို့ကို စောင့်နေသည့်အရာဖြစ်ပေလိမ့်မည်ဖြစ်သည်။

"စိတ်မပူပါနဲ့ ဒီနေရာက ဘေးကင်းပါတယ်”

ဝမ်ချောင် ရယ်မောလိုက်သည်။

တပ်သားများ စောင့်ကြပ်နေသည်မှာမှန်သော်လည်း မီယာဆာမီးအာရာကာသည် သူ၏စွမ်းဆောင်ရည်များကို အလွန်လျှော့တွက်နေပေသည်။ မည်သည့်အရာမျှ ပြင်ဆင်ထားခဲ့ခြင်း မရှိဘဲ ဝမ်ချောင်သည် တစ်ကိုယ်တည်း မည်သို့ ဇွတ်တိုးဝင်လာရမည်နည်း။

ရွှက်ရွှက်ရွှက်

ဝမ်ချောင်၏အကြည့်များသည် ပတ်ဝန်းကျင်ကို ဖြတ်သန်းသွားပြီးနောက် တစ်ခဏအကြာတွင် သူသည် အထဲသို့ ခိုးဝင်ခြင်းမပြုမီ ရုတ်တရက် အပြင်ဘက်သို့ လျှောက်သွားလိုက်သည်။

မီယာဆာမီးအာရာကာနှင့် မတူညီစွာ ဝမ်ချောင်သည် အရိပ်များ၊ အစောင့်များ၏ တစ်ခဏအာရုံစိုက်မှုလျှော့ကျသွားခြင်းနှင့် သူတို့မမြင်နိုင်သည့် ရှု့ထောင့်များကို အသုံးပြုကာ ဖြည်းဖြည်းချင်း ချီတက်သွားခဲ့သည်။

ဤမြင်ကွင်းကို ကြည့်ကာ မီယာဆာမီးအာရာကာသည် အချိန်အတော်ကြာ ကြက်သေသေသွားခဲ့သည်။

အသက်ခုနှစ်ရှိုက် ရှစ်ရှိုက်စာကြာပြီးနောက် ဝမ်ချောင်သည် ခြံဝင်း၏ အနက်ပိုင်းသို့ အောင်မြင်စွာ ထိုးဖောက်ဝင်လာခဲ့ကာ တောင်အတု၏နောက်တွင် ပုန်းအောင်းလိုက်သည်။

ရှင်းလင်းစွာပင် ဂိုဂူလျောတို့သည် ဟန်လူမျိုးတို့ နှစ်သက်စွာ ဆောက်လုပ်ထားသော ဥယျာဉ်များ၏ အနုပညာကို နားမလည်နိုင်သည်မှာ ထင်ရှားးပေသည်။ ထိုသည်ကို အတားအဆီးအဖြစ် ရှုမြင်ကြပြီး သူတို့သည် ထိုအရာကို ကန်ထုတ်ထားခဲ့ကြကာ ထိုအရာမှာ ဝမ်ချောင်အတွက် အဆင်ပြေသည့် အကာအကွယ်ဖြစ်သွားခဲ့သည်။

ဝမ်ချောင်သည် ခြံဝင်းကို စူးရှသည့် အကြည့်ဖြင့် ဝေ့ကြည့်လိုက်သည်။ ထိုသည်မှာ ကြည့်ရသည်မှာ သာမန်သာဖြစ်ပုံပေါ်သော်လည်း သူသည် မရေမတွက်နိုင်သော ပုံရိပ်များကို ဝိုးတဝါးမြင်နိုင်သေးသည်။

စင်္ကြံလမ်းတစ်လျှောက်ရှိ တိုင်တစ်ခုတွင် နီရဲနေသော မီးတောက်ပုံတစ်ခုရှိသည်။ ပြတင်းပေါက် စက္ကူပေါ်တွင် အနီရောင် ကလေးပုံတစ်ပုံကို ကပ်ထားသည်။

သူနှင့် မျက်နှာချင်းဆိုင်ရှိ အခန်းတံခါးတွင် ဝမ်ချောင်သည် မြားကျည်တောက်နှင့် မြားများဖြင့် ပြုလုပ်ထားသော အဆောင်အယောင်ကို မြင်တွေ့လိုက်ရသည်။

ဤသည်မှာ ဂိုဂူလျောတို့၏ ယာယီအခြေစိုက်စခန်းဖြစ်သည်။ သို့သော်လည်း ထိုသည်မှာ အလွန်တန်ဖိုးရှိပုံမပေါ်ပေ။ ဤနေရာ၌ တာဝန်ယူထားသူမှာ အစစ်အမှန်သိုင်းနယ်ပယ် အဆင့် ၅သာ ဖြစ်ပေမည်။ ဝမ်ချောင်တွေးလိုက်သည်။ ဂိုဂူလျောများနှင့် သူတို့၏ လုပ်ကြံသတ်ဖြတ်သူတချို့ကို ဖမ်းဆီးရရှိခဲ့ပြီး သူတို့နှင့် ထိတွေ့ခဲ့ပြီးနောက် ဝမ်ချောင်သည် သူတို့၏ စည်းမျဉ်းများအကြောင်းကို တစ်ခု နှစ်ခု သိလာခဲ့သည်။

မီးတောက်များသည် နေမင်းကို ကိုယ်စားပြုကာ ကလေးငယ်သည် ခြေသုံးချောင်ကျီးကန်းကို ကိုယ်စားပြုပေသည်။ ဂိုဂူလျောတို့သည် ခြေသုံးချောင်းကျီးကန်းကို ကလေးငယ်အဖြစ် ပြောင်းလဲနိုင်သည်ဟု ယုံကြည်ကြသည်။

ခြေသုံးချောင်းကျီးကန်းသင်္ကေတသည် အလယ်ပိုင်းလွင်ပြင်ဒေသတွင် အနည်းငယ်ထင်ရှားလွန်းသဖြင့် လူအချို့က သံသယများဝင်လာနိုင်ပေသည်။ ထို့ကြောင့် သူတို့သည် အနီရောင်ကလေးငယ်၏ သင်္ကေတကို အစားထိုးရန် ဆုံးဖြတ်ခဲ့ကြသည်။

တစ်ဖက်တွင် မြားကျည်တောက်နှင့် မြားများသည် အခြေစိုက်စခန်း၏ အဆင့်ကို ဖော်ပြသည်။ မြားကိုးချောင်းအထိရှိကာ မြားကျည်တောက်တွင် မြားများပိုများလေ အခြေစိုက်စခန်း၏ အဆင့်သည် ပို၍ မြင့်မားလေဖြစ်သည်။

ထပ်၍ မြားကျည်တောက်သည် အခြားအဓိပ္ပာယ်တစ်ခုလည်း ရှိပေသည်။ ထိုသည်မှာ လေးသခင်တစ်ယောက်သည် ဤနေရာတွင် ရှိနိုင်သည်။ ပို၍အတိအကျဆိုရလျှင် ဂိုဂူလျော 'လင်းတပစ်ခတ်သူ' ရှိနိုင်သည်။

ဂိုဂူလျောတို့၏ လင်းတပစ်ခတ်သူများသည် တာ့ခ်လေးသခင်များထက် ပို၍ပင် ကြောက်စရာကောင်းပေသည်။ အခြေစိုက်စခန်းတစ်ခုတွင် လင်းတပစ်ခတ်သူတစ်ယောက်ကို မြင့်မားသည့် အမြန်နှုန်းဖြင့် ပစ်ခတ်နိုင်သည့် လက်နက်အဖြစ် ရှူမြင်နိုင်ပေသည်။

တိုက်ခိုက်သူများသည် အရေအတွက် မည်မျှများပြားပါစေ ပစ်လွှတ်လိုက်သည့် မြားအစင်း လေးဆယ် သို့မဟုတ် ငါးဆယ်သည် သူတို့ကို ချေမှုန်းရန် လုံလောက်ပေလိမ့်မည်ဖြစ်သည်။ ဤ‌နေရာတွင် ဝမ်ချောင်သည် စိတ်သက်သာရာရသွားခဲ့သည်။

မီယာဆာမီးအာရာကာသည် ဤသင်္ကေတ၏ နောက်ကွယ်ရှိအဓိပ္ပာယ်ကို နားမလည်ခဲ့ပေ။ ထို့ကြောင့် သူမသည် သူ့ကို ဤနေရာသို့ ခေါ်လာခဲ့သည်။ အကယ်၍ သူမသည် ထိုသို့မလုပ်ခဲ့ဘဲ အခြေစိုက်စခန်းကို တိုက်ခိုက်ရန် အမိန့်ထုတ်ပြန်ခဲ့ပါက ထိုသည်မှာ များပြားသည့် ဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်မည် သို့မဟုတ် ပို၍ဆိုးရွားသွားနိုင်ပေသည်။

ဤဂိုဂူလျောများသည် အလွန်ရဲတင်းလှသည်။ သူတို့သည် လင်းတပစ်ခတ်သူများကို ဤနေရာသို့ ပို့ထားသည်ကို တွေးကြည့်လျှင် သူတို့သည် ဤနေရာကို သူတို့၏ ကိုယ်ပိုင် စစ်အခြေစိုက်စခန်းဟု ထင်နေသည်လော။ ဝမ်ချောင် ခက်ထန်စွာ တွေးလိုက်သည်။

အလယ်ပိုင်းလွင်ပြင်ဒေသတွင် ဝူတန်၊ မန်ရှီကျိုး၊ အာဘတ်စစ်စော်ဘွား၊ ချားရွက်စပါစီနူ၊ တာကီကာဂနိတ်နှင့် တခြားနိုင်ငံများ၏ သူလျိုများရှိသည်။ သို့သော် ဂိုဂူလျောသည်သာ ဤအတိုင်းအတာထိသွားထားခဲ့သည်။

ဂိုဂူလျောများသည် သူတို့၏ အင်အားများကို မဟာထန်သို့ ပျံ့နှံ့စေကာ ကြောက်စရာကောင်းသည့် ခြိမ်းခြောက်မှုကို ဖြစ်တည်စေခဲ့သည်။

ဤဂိုဂူလျောများသည် ကြေးစားစစ်သားများမဟုတ်ကြပေ။ သူတို့တိုင်းပြည်၏ အမိန့်ပေးမှုအောက်မှ စစ်သားများဖြစ်ကြသည်။ သူတို့စစ်တပ်အတွက် တန်ဖိုးကြီးသည့် လင်းတပစ်ခတ်သူများကိုပင် အလယ်ပိုင်းလွင်ပြင်ဒေသသို့ ပို့ဆောင်ထားခဲ့သည်။ ထိုသည်မှာ သူတို့၏ အင်အားစုများသည် တိုင်းပြည်ထဲ့သို့ မည်မျှ ထိုးဖောက်ခဲ့ပြီးသည်ကို မတွေးတောနိုင်လောက်အောင်ပင်ဖြစ်သည်။

*သူတို့ရဲ့ အမြစ်ကို ထူးထုတ်ဖို့ ငါနည်းလမ်းရှာမှရမယ်* ဝမ်ချောင် တွေးလိုက်သည်။

အလယ်ပိုင်းလွင်ပြင်ဒေသရှိ ဂိုဂူလျောများသည် ကြောက်မက်ဖွယ်ကောင်းသော အင်အားစုကို ဖွဲ့စည်းထားခဲ့သည်။ သူတို့သည် အတူတကွ စုစည်းရန် မဖြစ်နိုင်သော်လည်း သူတို့သည် လုပ်ကြံသတ်ဖြတ်ခြင်းများ၊ ဖျက်ဆီးခြင်းများ၊ ကင်းထောက်ခြင်းများနှင့် သတင်းပေးခြင်းများ ပြုလုပ်နိုင်ပေသည်။ ထိုအချိန်က ဂိုဂူလျောနှင့် စစ်ပွဲများအတွင်း အကြီးမားဆုံးသော ထိခိုက်မှုကို ဖြစ်စေခဲ့သော ဤလူစုသည် နောက်ဆုံးတွင် မဟာထန်၏ ရှုံးနိမ့်မှုကို ဖြစ်ပေါ်စေခဲ့သည်။

--------

******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

အပိုင်း ၂၃၈။ နှစ်ဝက်စော၍ ကျရောက်လာခဲ့သော လုပ်ကြံသတ်ဖြတ်မှု

"သခင်လေး ဒီထက်ပိုပြီး ရှေ့ဆက်တိုးလို့မရတော့ဘူး ဒီလိုမှမဟုတ်ရင် အဲဒီဂိုဂူလျောကျွမ်းကျင်သူက သတိပြုမိသွားလိမ့်မယ်”

သူသည် တွေးတောနေစဉ် နူးညံ့သော်လည်း အားပါသောလက်သည် ဝမ်ချောင်၏လက်မောင်းကို ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။

"ဒါ့အပြင် ရှိုရှူဘုရင်က ဒီနေရာမှာရှိသလားဆိုတာ ကျွန်မတို့ မသိရသေးဘူး။ သူသာ ဒီမှာရှိနေရင် ကျွန်မတို့ ဒဏ်ရာမရဘဲ မလွတ်မြောက်နိုင်မှာစိုးရတယ်”

မီယာဆာမီးအာရာကာသည် စိုးထိတ်စွာ ပြောလိုက်သည်။

ဝမ်ချောင်သည် ရှိုရှူဘုရင်ကိုဖြေရှင်းရန် ‌ရည်ရွယ်ထားသည်မှာ လျှို့ဝှက်ချက်တစ်ခုမဟုတ်ပေ။ သို့သော် ထိုဂိုဂူလျောသူလျှိုသည် ကိုင်တွယ်ရလွယ်ကူသည့် ပုဂ္ဂိုလ်မဟုတ်ပေ။

ထိုလူသည် မည်မျှရှာဖွေဖမ်းဆီးရန် ခက်ခဲသည်ကို ဘေးဖယ်ထားလိုက်လျှင်ပင် သူ့လက်အောက်၌ ရက်စက်ကြမ်းကြုတ်၍ ကြောက်မက်ဖွယ်ကောင်းသည့် ကြီးမားသော ဂိုဂူလျောလုပ်ကြံသတ်ဖြတ်သူဂိုဏ်းလည်း ရှိသည်။

အမှန်တွင် မီယာဆာမီးအာရာကာသည် လုပ်ကြံသတ်ဖြတ်သူလောကသို့ ဝင်ရောက်လာခါစတွင် ပထမဆုံးကြားရသည့် နာမည်မှာ ရှိုရှူဘုရင်ပင် ဖြစ်သည်။

အကယ်၍ ဝမ်ချောင်ကြောင့်သာ မဟုတ်လျှင် သူမသည် ရှိုရှူဘုရင်ကို ရန်စရန် ဘယ်တော့မှ စဉ်းစားလိမ့်မည်မဟုတ်ပေ။ သို့သော် ဝမ်ချောင်သည် ရဲတင်းလွန်းလှသည်။ သူသည် အမှန်တကယ်ပင် ဤနေရာသို့ ခိုးဝင်ခဲ့သည်။ သူမပင်လျှင် ဝမ်ချောင်ကို နားချရန် မတတ်နိုင်ခဲ့ပေ။

"ဟားဟား မစိုးရိမ်ပါနဲ့။ မင်းတွေးနေတာတွေက အခြေအမြစ်မရှိဘူး။ ရှိုရှူဘုရင်က ဒီနေရာမှာမဟုတ်ဘူး ပြီးတော့ အများဆုံးဖြစ်နိုင်တာက အဲဒီကျွမ်းကျင်သူဟာ လင်းတပစ်ခတ်သူ တစ်ယောက်ပဲ”

ဝမ်ချောင်သည် လှည့်လိုက်ကာ သူရှာဖွေတွေ့ရှိထားသည့်အချက်အလက်များကို အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ဒါက...ရှိုရှုဘုရင်က ဒီနေရာမှာမရှိရင် ကျွန်မတို့ရဲ့ စစ်ဆင်ရေးက အဓိပ္ပာယ်မဲ့သွားပြီ မဟုတ်လား။ ဂိုဂူလျောအနည်းငယ်အတွက် လုံ့လအများကြီး စိုက်ထုတ်ဖို့ဆိုတာ...ကျွန်မတို့ အခု ဘာလို့နောက်ပြန်မဆုတ်ရမှာလဲ။ တော်ဝင်ရုံးတော်ကို တင်ပြပြီး ဒီစုဝေးနေမှုကို ရှင်းပစ်ခိုင်းလို့ရတယ်”

မီယာဆာမီးအာရာကာသည် အသံတိုးတိုးဖြင့် တိုက်တွန်းလိုက်သည်။ ထိုသည်မှာ လက်ရှိတွင် သူတို့အတွက် ဘေးအကင်းဆုံးရွေးချယ်မှုဖြစ်သည်။

"နောက်ဆုတ်ရမယ် ဟုတ်လား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ဝမ်ချောင် ရယ်မောလိုက်သည်။

"ဂိုဂူလျောတွေရဲ့ စုဝေးရာနေရာကို ဖော်ထုတ်ဖို့ ဒုက္ခတွေ အများကြီးခံခဲ့တဲ့ အကြောင်းပြချက်က တော်ဝင်ရုံးတော်ကို ရှင်းလင်းခိုင်းဖို့မဟုတ်ဘူး”

အကယ်၍ မီယာဆာမီအာရာကာသည် ဝမ်ချောင်၏ လုပ်ဆောင်မှုများကို ထိုညတိုက်ခိုက်မှုအတွက် လက်တုံ့ပြန်နေသည်ဟုသာ တွေးတောနေခဲ့ပါက သူမသည် သူ့ကို အတော်လေး လျှော့တွက်နေခြင်း ဖြစ်ပေမည်။ ဂိုဂူလျောတို့၏အသိုက်များကို ဖော်ထုတ်ရန် ဝမ်ချောင်လာရသည့် အကြောင်းအရင်းမှာ သူတို့ကို တော်ဝင်ရုံးတော်လက်ထဲထားခဲ့ရန် သက်သက်မဟုတ်ပေ။

"ငါ့ကို ဒီမှာစောင့်နေ"

ဝမ်ချောင် ရေရွတ်လိုက်သည်။ ထို့နောက် သူသည် အနက်ရောင် ပုတ်သင်တစ်ကောင်ကဲ့သို့ ကြမ်းပြင်ပေါ် ရုတ်တရက် တွားသွားကာ သူ့ရှေ့ရှိ အခန်းဆီသို့ ဦးတည်လိုက်သည်။

"သခင်လေး..."

ထိတ်လန့်သွားခဲ့ကာ မီယာဆာမီးအာရာကာသည် သူ့ကို တားရန် သူမ၏လက်ကို ဆန့်ထုတ်လိုက်သည်။ သို့သော် ထိုသည်မှာ နောက်ကျသွားပြီဖြစ်သည်။ ဤအချိန်တွင် သူမ၏မျက်နှာမှာ ဖြူဆုပ်သွားခဲ့ကာ သူမ၏ခန္ဓာကိုယ်သည် စိုးရိမ်ပူပန်မှုဖြင့် တုန်လှုပ်သွားခဲ့သည်။

အစစ်အမှန်သိုင်းပညာနယ်ပယ်တစ်ဦး၏ အာရုံခံစားနိုင်မှုသည် သာမန်မဟုတ်ပေ။ သူမပင်လျှင် တစ်ဖက်လူ၏ အာရုံကို ဆွဲဆောင်သွားမိမည်ကို စိုးရိမ်သောကြောင့် ရှေ့ဆက်မတိုးရဲခဲ့ပေ။ သို့တိုင် ဝမ်ချောင်သည် အမှန်တကယ်ပင် ရှေ့ဆက်တိုးနေသေးသည်။

မီယာဆာမီးအရာကာကို ပို၍အံ့အားသင့်သွားစေသည့်အရာမှာ သူမသည် ဝမ်ချောင်၏ တည်ရှိနေမှုကို အစပိုင်းတွင် အာရုံခံ၍ရနေသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ပေါက်ကွဲသွားသော ပူဖောင်းကဲ့သို့ သူသည် သူမ၏ အာရုံခံစားနိုင်မှုမှ ပျောက်ကွယ်သွားခဲ့သည်။

သူမသည် ဝမ်ချောင်၏ ပုံရိပ်ကို အကြမ်းဖျင်း ပုံဖော်နိုင်သေးသည်။ သို့သော် ထူးဆန်းသည်မှာ သူမက သူ့အရှိန်အဝါကို လုံးဝအာရုံခံ၍ မရဖြစ်နေသည်။ ထိုသည်မှာ သူသည် အရိပ်တစ်ခုမျှသာ ရှိသကဲ့သို့ပင်ဖြစ်သည်။

"ဒါက..."

မီယာဆာမီးအာရာကာ ကြက်သေသေသွားခဲ့သည်။ စိုးရိမ်ပူပန်နေသော သူမသည် ရှေ့ဆက်မတိုးရဲခဲ့ပေ။ ဝမ်ချောင် အောင်မြင်သွားခဲ့သော်လည်း သူမသည်လည်း တူညီစွာ လုပ်ဆောင်နိုင်မည်ဟု ယုံကြည်မှု ရှိ မနေပေ။

မီယာဆာမီးအာရာကာ ဘေးကျပ်နံကျပ် ဖြစ်နေသည်ကို သတိမပြုမိဘဲ ဝမ်ချောင်သည် ဝမ်းသာအယ်လယ် ဖြစ်နေခဲ့သည်။ အာလိုဂျနှင့် အာလိုနိုဒန် တို့ဆီမှ သူသင်ယူခဲ့သော လိပ်အသက်ရှူခြင်းပညာရပ်သည် ယခုတွင် အသုံးဝင်ကြောင်း သက်သေပြခဲ့ပြီမဟုတ်ပါလား။

ဤ စင်ဒူဆာဒူး(Sindhu Saddhus ဟိန္ဒူနတ်ဘုရားတစ်ပါး၏အမည်)၏ လျှို့ဝှက်ပညာရပ်သည် လူတစ်ဦး၏ ချွေးပေါက်များအားလုံးကို ပိတ်ဆို့စေကာ သူတို့ဆီမှ အရှိန်အဝါများ ယိုစိမ့်သွားခြင်းကို တားဆီးပေးသည်။ တစ်ချိန်တည်းတွင် လူတစ်ဦး၏ အာဟာရလိုအပ်ချက်ကို အနိမ့်ဆုံးအဆင့်အထိ လျှော့ချပေးကာ မသောက်မစားဘဲ လူတစ်ဦးကို လအတန်ကြာ သို့မဟုတ် နှစ်အတန်ကြာပင် နေနိုင်စေသည်။

ယခင်က သူသည် အံ့မခမ်းခွန်အားကို ပိုင်ဆိုင်ခဲ့သော်လည်း ဤကဲ့သို့ ထူးခြားသော လုပ်ဆောင်မှုမျိုးကို ဝမ်ချောင်သည်ပင် တတ်နိုင်မှာ မဟုတ်ပေ။ ဤနည်းပညာကို ဆင်းရဲနွမ်းပါးသော စင်ဒူမှ လိုအပ်ချက်အရ ဖန်တီးခဲ့ခြင်းဖြစ်နိုင်သည်။ ထိုသည်မှာ တိုက်ခိုက်ခြင်းအမျိုးအစား မဟုတ်သော်လည်း အလွန်အရေးကြီးသော အခြေအနေအောက်တွင် အသုံးဝင်နိုင်ပေသည်။

ဝမ်ချောင်၏ လိပ်အသက်ရှူခြင်းပညာရပ်သည် အစာအာဟာရလိုအပ်ချက်ကို လျစ်လျူရှုနိုင်သည်အထိ မလုံလောက်သေးပေ။ သို့သော် သူ့ချွေးပေါက်များကို ပိတ်ဆို့ကာ သူ့အရှိန်အဝါကို ဖုံးကွယ်ရန်မှာမူ သူလုပ်ဆောင်နိုင်မှုအတွင်း၌ ရှိနေသေးသည်။

ထိုသည်ကို သူ့ကြယ်တာရာခြေလှမ်းများနှင့်အတူ တွဲဖက်လိုက်ပါက သူဂရုစိုက်နေသရွေ့ ရန်သူများ၏ ထောက်လှမ်းနေမှုမှ လွန်မြောက်နိုင်မည်ဖြစ်သည်။

ပြတင်းပေါက်မှ ဖယောင်းတိုင်မီးအလင်းရောင် လင်းလက်နေခဲ့ကာ အခန်းထဲတွင် တိုင်းတစ်ပါးဘာသာစကားဖြင့် စကားပြောနေသည်ကို သူ ဝိုးတဝါး ကြားနိုင်ပေသည်။ ဂိုဂူလျောလူမျိုးနှစ်ဦး စကားပြောနေကြခြင်းပင် ဖြစ်သည်။

ဝမ်ချောင်သည် ယခင်က ဂိုဂူလျောဘာသာစကားကို လေ့လာခဲ့သည်။ သူသည် အခွင့်အရေးယူ၍ ခိုးဝင်ခဲ့ရသည့် အကြောင်းရင်းမှာ ရင်းနှီးနေသည့် ဘာသာစကားကို ကြားလိုက်ရသောကြောင့် ဖြစ်သည်။

"စုံစမ်းစစ်ဆေးတာ ဘယ်လိုနေလဲ”

အေးစက်သည့် အသံတစ်သံသည် အခန်းထဲမှထွက်ပေါ်လာခဲ့၏။ ဤအာဏာသံပါသည့် အသံမှ ဆုံးဖြတ်ရလျှင် ထိုပုဂ္ဂိုလ်သည် အဆင့်အတန်းမြင့်သည့် ပုဂ္ဂိုလ်ဖြစ်ဖို့များသည်။

"အာလုံးပြီးသလောက်ပါပဲ။ အဖြူရောင်ကျားတောင်ထွတ်ပေါ်က တပ်သားသစ်တွေရဲ့ အချက်အလက်အားလုံး ကျွန်တော့်လက်ထဲရောက်နေပါပြီ”

ယောက်ျားဆန်သည့် အသံက ပြန်ဖြေလိုက်သည်။

ထိုအလွန်တူညီသည့် ဘာသာစကားကို နောက်တစ်ကြိမ်ပြန်ကြားလိုက်သည်တွင် ဝမ်ချောင်၏ လက်များသည် ကြက်သီးမွေးညင်းများ ထောင်ထသွားခဲ့သည်။ ဝမ်ချောင်၏ နဖူးကြောများသည် တွန့်ချိုးသွားခဲ့သည်။

"အင်း မင်းလုပ်ပြီးသွားရင် အရှင့်ဆီကို အလျင်အမြန်တင်ပြလိုက်ပါ။ ဒီရုတ်ခြည်းအမိန့်ကို ထုတ်ပြန်လိုက်ရတာအတွက် အရှင့်ဆီမှာ အကြောင်းပြချက်ကောင်းတစ်ခု ရှိရမယ် ဝန်ခံရရင် အဲတုန်းက ငါတို့ဆုံးရှုံးခဲ့ရတာနဲ့ပတ်သက်ပြီး အရမ်းထူးဆန်းတဲ့ တစ်စုံတစ်ရာရှိရမယ်။ အဲဒီအခါမှာ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ ငါတို့သိရလိမ့်မယ်”

ဩဇာရှိသည့် အသံက မိန့်လိုက်သည်။

၀ုန်း

ဝမ်ချောင်၏ အသိစိတ်သည် ရုတ်တရက် တုန်လှုပ်သွားခဲ့ကာ မရေမတွက်နိုင်သည့် အတွေးများသည် သူ့စိတ်ထဲတိုးဝင်လာခဲ့သည်။ ပြီးပြည့်စုံသည့် မြင်ကွင်းတစ်ခုသည် သူ့စိတ်ထဲတွင် တဖြည်းဖြည်း ပုံပေါ်လာခဲ့သည်။

"နားလည်ပါပြီ”

ယောက်ျားဆန်သည့် အသံက ဖြေလိုက်သည်။

"မင်းမှတ်ရမှာတစ်ခုရှိသေးတယ်။ အရှင်က ငါတို့ကို နောက်လအနည်းငယ်အထိ နှိမ့်ချပြီးနေဖို့ ညွှန်ကြားထား‌ခဲ့တယ်၊ ပြီးတော့ သူက ဘယ်လိုရန်ပွဲမှ မဖြစ်ပွားစေဖို့ ပြင်းပြင်းထန်ထန် သတိပေးထားတာ။ မဟာထန်တော်ဝင်ရုံးတော်က အပြင်ဘက်မှာ ပေါ့လျော့နေပုံရပေမဲ့ သူတို့က ထင်သလောက် မရိုးရှင်းဘူး။ အရင်က စစ်ဆင်ရေးအတွက် ငါတို့တိုင်းပြည်က စေလွှတ်ခဲ့တဲ့ စစ်သည်ရာပေါင်းများစွာဟာ သူတို့ရဲ့စစ်သားတွေကို ဒေါသထွက်စေဖို့ အသုံးချခံရပြီး အဆုံးသတ်သွားရုံပဲ။ သူတို့တစ်ယောက်မှ မလွတ်မြောက်နိုင်ခဲ့ဘူး”

အာဏာပါသောအသံသည် အနည်းငယ်ခံပြင်းသွားခဲ့ကာ ခေတ္တရပ်နားပြီးနောက် ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ သူတို့သေဆုံးခဲ့တာက အလဟဿမဖြစ်ခဲ့ပါဘူး။ သူတို့ဟာ တိုင်းပြည်အကျိုးအတွက် သေဆုံးခဲ့ကြတာ။ ဒါ့အပြင် အရှင်က ငါတို့ဟာ ဒီအကျပ်အတည်းကို ကျော်ဖြတ်နိုင်သမျှကာလပတ်လုံး သူတို့ကို မျက်နှာသာပြန်ပေးတာပဲလို့ ပြောခဲ့တယ်။ သူက ဧကရာဇ်နဲ့ ဆက်သွယ်ခဲ့ပြီးပြီ၊ ပြီးတော့ လက်ရွေးစင်တပ်ဖွဲ့တစ်ခုက ဒီကိုခရီးထွက်လာလိမ့်မယ်။ အဲဒီနောက်မှာ ငါတို့ဟာ မဟာထန်ကို ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးအောင် လုပ်နိုင်မှာ၊ အရှင်က အာဏာရှိအရာရှိအုပ်စုတစ်စုအပေါ် မျက်စိထောင့်ထောက်ကြည့်နေတယ်။ အဲဒီလူတွေက ဂိုဂူလျောတွေအပေါ် အမြဲရန်လိုတဲ့သဘောထားရှိသူတွေပဲ ဒါကြောင့် ငါတို့က သူတို့ကို ကမ္ဘာမြေပေါ်ကနေ ရှင်းထုတ်ပစ်ရမယ်”

"ဂိုဂူလျောထာဝရတည်တံ့ပါစေ ယွန်းဂယ်ဆွန်း သက်တော်ရာကျော်ရှည်ပါစေ"

ထိုစကားလုံးများကို ကြားသည်တွင် ယောက်ျားဆန်သည့်အသံက ရုတ်တရက် စိတ်လှုပ်ရှားစွာ ဟစ်ကြွေးလိုက်သည်။

ပြတင်းနောက်တွင် ဝမ်ချောင်သည် နှလုံးခုန်နှုန်းတစ်ချက်မှားသွားသည်။ သူ့စိတ်ထဲတွင် လေပြင်းများတိုက်ခတ်လာကာ ဆူနာမီလှိုင်းလုံးကြီးများ မြင့်တက်လာခဲ့သည်။

"...ရှိုရှုဘုရင်က ကြိုပြီး အကွက်ရွှေ့ဖို့လုပ်နေတာပဲ”

နောက်ဆုံးတွင် အရာအားလုံး ရှင်းလင်းသွားခဲ့ပြီဖြစ်သည်။ ဝမ်ချောင်၏ စိတ်ထဲတွင် ဤအတွေးတစ်ခုသာ ကျန်နေခဲ့သည်။

ဤသည်မှာ ရှိုရှုဘုရင်၏ ပထမဆုံး စစ်ဆင်ရေးမဟုတ်ပေ။ သူ၏အဖွဲ့သည် သုံးနှစ်မှ ငါးနှစ်တစ်ကြိမ် လုပ်ကြံသတ်ဖြတ်ခြင်း နှင့် ကြီးမားသည့်ဖျက်ဆီးခြင်းများတွင် ပါဝင်ဆောင်ရွက်ကြမည်ဖြစ်သည်။

ရှိုရှုဘုရင်သည် အတိတ်တွင် ဩဇာရှိ အရာရှိများကို လုပ်ကြံသတ်ဖြတ်ခဲ့သည်။ သို့သော် ဤသည်မှာ ယခုမှစ၍ နှစ်ဝက်အကြာတွင် ဖြစ်ပွားမည့် စစ်‌ဆင်ရေးနှင့် ယှဉ်လျှင် ဘာမျှမဟုတ်သည်ကို ဝမ်ချောင်သိသည်။

တော်ဝင်ရုံးတော်၏ အမှုစစ်များ၊ စစ်မှုထမ်းဌာန၏ ခေါင်းဆောင်များ နှင့် စစ်သူကြီးများ၊ ပြစ်ဒဏ်ဌာနမှ အရာရှိများ နှင့် မဟာထန်၏ အငြိမ်းစားအရာရှိများ...သူတို့အားလုံးသည် အေးစက်သည့် သက်မဲ့အလောင်းများအဖြစ် ပြောင်းလဲသွားပေလိမ့်မည်ဖြစ်သည်။ သူတို့အိမ်တော်ရှိ အမျိုးသမီးအစေခံများနှင့် အစေခံများသည်ပင် ချမ်းသာရာရလိမ့်မည် မဟုတ်ပေ။ ထိုအဖြစ်အပျက်သည် မဟာထန်တစ်ခုလုံးကို ထိတ်လန့်သွားစေမည်ဖြစ်ကာ ပညာရှင်ဧကရာဇ်ကို ဒေါသထွက်သွားစေမည်ဖြစ်သည်။

ဤအရာကြောင့် တော်ဝင်ရုံးတော်သည် ရှိုရှုဘုရင်ကို ဖမ်းဆီးရန် အရာအားလုံး ရင်းနှီးလိုက်ခြင်းဖြစ်သည်။ တော်ဝင်စစ်တပ်နှင့် ဧကရာဇ်ကိုယ်စားပြုသူများသည်ပင် ထိုဖမ်းဆီးခြင်း၌ ပါဝင်ကြလိမ့်မည်ဖြစ်သည်။

သို့တိုင် ရှိုရှုဘုရင်သည် မဟာထန်မှ ဂိုဂူလျောသို့ အောင်မြင်စွာ လွတ်မြောက်သွားလိမ့်မည်ဖြစ်သည်။

ဤအဖြစ်အပျက်ကြောင့် သူ့နာမည်သည် မဟာထန်အနှံ့အပြားရှိ အရာရှိများကို ကြောက်ရွံ့သွားစေမည်ဖြစ်သည်။

သို့သော် ဤအဖြစ်အပျက်သည် နောက်နှစ်ဝက်အကြာတွင်သာ ဖြစ်ပွားသင့်ပေသည်။ ထိုအရာသည် အဘယ်ကြောင့် အစောကြီးကျရောက်လာခဲ့သနည်း။

ဝမ်ချောင်သည် စိတ်လှုပ်ရှားစွာ နှလုံးခုန်မြန်သွားခဲ့သည်။

အသေအချာပင် အတွင်းဖက်ရှိ ဂိုဂူလျောခေါင်းဆောင်နှစ်ဦးကြားရှိ စကားဝိုင်းသည် အတိအကျပင် ထိုအဖြစ်အပျက်နှင့်ဆက်စပ်နေပေသည်။

ဂိုဂူလျောတို့သည် မြို့ထဲတွင် အရွယ်အစားတစ်ခုအထိ လွှမ်းမိုးထားခဲ့ပြီဖြစ်သည်။ မဟာထန်၏သမိုင်းတစ်လျှောက်တွင် ဂိုဂူလျောတိုင်းပြည်မှ လက်ရွေးစင်တပ်များ စေလွှတ်ရန် လိုအပ်သည့် စစ်ဆင်ရေးတစ်ခုသာ ရှိခဲ့သည်။ နှစ်ဝက်အကြာမှ လုပ်ကြံသတ်ဖြတ်မှု ပင်ဖြစ်သည်။

အကယ်၍ ဂိုဂူလျောဘာသာစကားကို နားလည်နိုင်သည့် ဝမ်ချောင်၏စွမ်းရည်ကြောင့်သာ မဟုတ်ခဲ့လျှင် မဟာထန်တစ်ခုလုံးသည် အငိုက်မိသွားမည်မှာ သေချာပေသည်။

"ကောင်းပြီ မင်းအခုထွက်သွားလို့ရပြီ။ အရှင်တောင်းဆိုခဲ့တဲ့ တပ်ဖွဲ့က နောက်တစ်လမှ ရောက်လာလိမ့်မယ်။ မဟာထန်တော်ဝင်ရုံးတော်က လက်ရှိမှာ ငါတို့ကို ခြေရာခံနေတုန်းပဲ ဘာသဲလွန်စမှ မကျန်ခဲ့အောင် ဂရုစိုက်ပါ”

"ဟားဟား ကျွန်တော်ရဲ့ ရိုင်းပျမှုအတွက် ခွင့်လွှတ်ပါ ဒါပေမဲ့ သခင် သခင်က သူတို့ကို အတော်လေး ပိုတွက်ထားတာပဲ။ ကျွန်တော် သူတို့ကို အထင်သေးတာတော့မဟုတ်ပေမဲ့ တကယ်လို့ သူတို့သာ အဲလိုစွမ်းရည်ကို ပိုင်ဆိုင်ထားခဲ့ရင် ကျွန်တော်တို့ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက အဖမ်းခံခဲ့ရပြီးပြီ”

"ဟားဟား အမှန်ပဲ”

ဟက်ဟက်ပက်ပက်ရယ်မောခြင်းနှင့်အတူ အတွင်းဖက်ရှိ ဂိုဂူလျောနှစ်ဦးသည် စကားဝိုင်းကို အဆုံးသတ်လိုက်ကြသည်။

ဘန်းးး

ဝမ်ချောင်အရိပ်ထဲဝင်ပုန်းပြီးနောက် ခဏအကြာတွင် တံခါးပွင့်လာခဲ့ကာ တောင့်တင်းခိုင်မာသော နောက်ကျောတွင် ကြီးမားသည့်အနက်ရောင်ဓားအိမ်ကို သယ်ဆောင်ထားသည့် ယောက်ျားတစ်ယောက် လမ်းလျှောက်ထွက်လာခဲ့ကာ ပတ်ဝန်းကျင်ကို စူးရှစွာ ဝေ့ကြည့်လိုက်သည်။

ရွှက်

သူသည် အိမ်ခေါင်မိုးပေါ်သို့ ခုန်တက်လိုက်ကာ အဝေးသို့ လျင်မြန်စွာပျောက်ကွယ်သွားခဲ့သည်။

*ဟမ် ငါတို့က မင်းတို့ကို မဖမ်းနိုင်ဘူးဟုတ်လား။ အဲလိုမိုက်ရူးရဲဆန်တဲ့အတွေးတွေ*

ဝမ်ချောင်သည် အေးစက်စွာ လှောင်လိုက်ကာ လာရာလမ်းအတိုင်း နောက်ပြန်ဆုတ်လိုက်သည်။

"သခင်လေး ဘယ်လိုလဲ”

ဝမ်ချောင် ပြန်ရောက်လာသည်တွင် မီယာဆာမီးအာရာကာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ဝမ်ချောင်၏ အပြုအမူများသည် သူမကို အမှန်ပင် ကြောက်လန့်သွားစေခဲ့သည်။ ဤတစ်လျှောက်လုံးတွင် သူမသည် စိုးရိမ်စွာ စောင့်ဆိုင်းနေခဲ့ကာ ဝမ်ချောင်ကို သတိထားမိသွားမည်ကို ကြောက်နေခဲ့သည်။

အမှန်တွင် သူမသည် မည်သည့်အချိန်တွင်မဆို လှုပ်ရှားမှုပြုရန်ပင် သူမကိုယ်သူမ ပြင်ဆင်ထားခဲ့သည်။

သို့သော် သူမ၏ ရင်ထဲတွင်တော့ ဝမ်ချောင်ကို အနည်းငယ် အထင်ကြီးသွားသည်။ ဝမ်ချောင်သည် လျှို့ဝှက်ပညာရပ်များ ပြတ်လပ်နေပုံမပေါ်ပေ။ မဟာထန်ရှိ မျိုးနွယ်စုများအားလုံးသည် ဤကဲ့သို့ အားကောင်းသည့် အခြေခံအုတ်မြစ်များကို ပိုင်ဆိုင်ထားသည်လော သို့မဟုတ် ဝမ်ချောင်သည်သာ ချို့ယွင်းချက်လော။

"သွားကြရအောင်"

ဝမ်ချောင်ပြောလိုက်သည်။ သူသည် ဤနေရာတွင် အချိန်အတော်ကြာထောက်လှမ်းရန် ပြင်ဆင်ထားခဲ့သည်။ သို့သော် သူ့စိတ်ကို ပြောင်းလိုက်သည်။

------

ဂိုဂူလျောတို့၏ စုဝေးရာနေရာမှ ထွက်ခွာပြီးနောက် ဝမ်ချောင်သည် ဝမ်မျိုးနွယ်စုသို့ ချက်ချင်းမပြန်ခဲ့ပေ။ ထို့အစား သူသည် စုန့်ဘုရင်ထံသို့ ဦးတည်လိုက်သည်။ ဝမ်ချောင်သည် မဟာထန်တစ်ခုလုံးတွင် တော်ဝင်မိသားစု၏ ဆွေတော်မျိုးတော်တစ်‌ယောက်၏ အိမ်တံခါးကို ဤကဲ့သို့အချိန်မတော်၌ ဖွင့်နိုင်သည့် တစ်ဦးတည်းသောသူဖြစ်နိုင်ပေသည်။

----

"မင်းပြောတဲ့အရာအားလုံးက အမှန်ပဲလား"

စုန့်ဘုရင်သည် အဓိကခန်းမထဲတွင် ခက်ထန်သည့်အမူအရာဖြင့် မေးလိုက်သည်။ အိပ်ပျော်နေရာမှ ထလာခဲ့ရသောကြောင့် သူသည် အနက်ရောင်ချည်ပွဝတ်ရုံကိုသာ ဝတ်ဆင်ထားခဲ့သည်။ ထို့အတူ သူ့ကို မတော်တလျော်အချိန်၌ ရုတ်ခြည်းလာနှိုး၍ အပြစ်ပေးမခံရသည့်လူဟူ၍ ဝမ်ချောင်သာရှိပေသည်။

"ဟုတ်ကဲ့ အဲဒါနဲ့ပတ်သက်ပြီး သံသယရှိစရာမလိုဘူး”

ဝမ်ချောင်သည် ကိစ္စတစ်ခုလုံးကို ပြန်ပြောပြလိုက်သည်။ အမှန်ပင် သူသည် ထိုထဲတွင် တချို့အချက်အလက်များကိုလည်း ထပ်ဖြည့်ခဲ့သည်။ ဤသို့မဟုတ်ပါက သူသည် စုန့်ဘုရင်ကို စည်းရုံးနိုင်မည်မဟုတ်‌ပေ။

လေးနက်တင်းမာသည့် အမူအရာဖြင့် စုန့်ဘုရင်သည် အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့သည်။ ဂိုဂူလျောတို့သည် မဟာထန်၏ အရာရှိများကို လုပ်ကြံသတ်ဖြတ်ခဲ့သည့် သာဓများ တကယ့်ကို ရှိခဲ့သည်။ သူတို့တွင် လက်ဆုပ်လက်ကိုင်ပြစရာ သက်သေမရှိသော်လည်း သဲလွန်စများအားလုံးသည် သူတို့ကိုသာ ညွှန်ပြနေခဲ့သည်။

အကယ်၍ ဝမ်ချောင်ပြောသည့် အရာသာ အမှန်ဆိုပါက ထိုသည်မှာ အတော်လေးကြီးမားပေသည်။

------

******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

အပိုင်း ၂၃၉။ ယင်ယန်ငယ်ပညာရပ်၊ လုပ်ကြံသတ်ဖြတ်ခြင်း

မည်သည့်မင်းဆက်တွင်မဆို အာဏာရှိအရာရှိတစ်ဦးကို လုပ်ကြံသတ်ဖြတ်သည်မှာ ကြီးမားသည့် ကိစ္စဖြစ်ပေသည်။

အကယ်၍ ဂိုဂူလျောတို့သာ အမှန်တကယ်အောင်မြင်ခဲ့ပါက မဟာထန်နှင့် တော်ဝင်ရုံးတော်၏ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေလိမ့်မည်ဖြစ်သည်။ ပို၍အရေးကြီးသည်မှာ တော်ဝင်ရုံးတော်ကသာ ထိုနောက်ကွယ်ရှိ ဂိုဂူလျောများကို သက်သေမပြနိုင်ပါက ထိုအကြောင်းအရာနှင့် ပတ်သက်၍ ဘာမျှလုပ်‌၍ရမည်မဟုတ်ချေ။

မဟာထန်သည် ဥပဒေများဖြင့် အုပ်ချုပ်သည့် တိုင်းပြည်ဖြစ်သည်။ လူတစ်ဦးသည် ဂိုဂူလျောများကို အခြေအမြစ်မရှိသည့် ကောလဟာလများဖြင့် သတ်ဖြတ်၍ မရပေ။ ထိုသည်က ပိုမိုကြီးမားသော ပျက်စီးဆုံးရှုံးမှုကို ဖြစ်စေနိုင်သည့် ကွင်းဆက်အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေလိမ့်မည်။

"ဝမ်ချောင် ဒါက ကိစ္စကြီးတစ်ခုပဲ။ တကယ်လို့ ငါတို့ရဲ့ အရာရှိတွေသာ အသတ်ခံလိုက်ရပြီး ငါတို့က အဲဒီပြဿနာကောင်တွေကို ဖမ်းဆီးဖို့ သက်သေတောင်မရှာနိုင်ခဲ့ရင် ငါတို့တည်ဆောက်ခဲ့တဲ့ သိက္ခာတွေက ရေစုန်မျောရလိမ့်မယ်။ မင်းက သူတို့ဘယ်နားရှိသလဲဆိုတာသိရင် သူတို့ကို ရှင်းလင်းဖို့ ဒေသဆိုင်ရာအစောင့်အရှောက်တွေ ဒါမှမဟုတ် ငန်းတောင်နဲ့ ဘုရင့်စစ်တပ်ကိုတောင် ငါစေလွှတ်ပေးနိုင်တယ်။ ဒါပေမဲ့လည်း အချိန်နဲ့တည်နေရာကို အတည်ပြုဖို့ မင်းကို ငါလိုအပ်တယ်။ မဟုတ်ရင် ငါတို့က သူတို့ကို သတိပေးသလိုဖြစ်ပြီး ငါတို့ရဲ့ အစီအစဉ်က ကျရှုံးရလိမ့်မယ်”

စုန့်ဘုရင်သည် လေးနက်စွာ ညွှန်ကြားလိုက်သည်။ သူသည် ဤကိစ္စမှာ မည်မျှကြီးမားကြောင်းနှင့် ဝမ်ချောင်သည် သူ့ကို လာရှာရသည့်အကြောင်းကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။

စစ်မှုထမ်းဌာနနှင့် ပြစ်ဒဏ်ဌာနတို့သည် ဂိုဂူလျောတို့၏ စစ်ဆင်ရေးအတိုင်းအတာအတွင်း၌ ရှိနေသည်။ ဤဌာနနှစ်ခုစလုံးသည် သူ့အမိန့်ပေးမှုအောက်၌ ရှိပေသည်။

အကယ်၍ ဌာနနှစ်ခု၏ အရာရှိများသာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရခြင်း ဖြစ်ပွားခဲ့ပါက သူ့ကို ပညာရှင်ဧကရာဇ်မှ တာဝန်ယူစေမည်ဖြစ်ကာ သူ၏ပေါ့ဆမှုအတွက် အပြစ်ပေးခံရမည်ဖြစ်သည်။

ထိုကိစ္စ၏ ပြင်းထန်သော အကျိုးဆက်များကို တွေးတောကာ သူသည် ဂရုတစိုက် ကိုင်တွယ်ဖြေရှင်းရပေလိမ့်မည်ဖြစ်သည်။

"ဒါကို ကျွန်တော့်ဆီ လွှဲထားလို့ရပါတယ် သူတို့ရဲ့ ခြေရာတွေကို ဘယ်လိုဖော်ထုတ်ရမလဲဆိုတာ နည်းလမ်း ရှိပါတယ်။ ဒါပေမဲ့ အဲဒါမတိုင်မီ ဒီကိစ္စအတွက် အရှင့်ရဲ့အကူအညီကို လိုအပ်ပါတယ်”

ဝမ်ချောင်ပြောလိုက်သည်။

လင်းတပစ်ခတ်သူတစ်ဦး၏ ခွန်အားသည် အံ့မခမ်းပင်ဖြစ်သည်။ အကယ်၍ သူတို့သာ လုံလောက်စွာ မပြင်ဆင်ဘဲ အခြေစိုက်စခန်းကို တိုက်ခိုက်မိပါက သေချာပေါက် ဆုံးရှုံးမှု ကြီးမားသွားပေလိမ့်မည်။ နေရာကောင်းရထားသည့် လင်းတပစ်ခတ်သူတစ်ဦးသည် အဖွဲ့လိုက်တိုက်ခိုက်မှုတွင် တူညီသည့် ကျင့်ကြံခြင်းအဆင့်မှ အကာအကွယ်မဲ့နေသည့် ကျွမ်းကျင်သူဒါဇင်များစွာ သို့မဟုတ် ရာကျော်ကို ခြိမ်းခြောက်နိုင်ပေသည်။

လေးသခင်များကို ရင်ဆိုင်ရန်အကောင်းဆုံးနည်းလမ်းမှာ လေးသခင်များကို ခေါ်ဆောင်သွားရန်ပင် ဖြစ်သည်။

ဝမ်ချောင်၏လူများသည် လေးသခင်များနှင့် ရင်ဆိုင်ရန် လုံလောက်ခြင်း မရှိသေးပေ။ ထို့ကြောင့် စုန့်ဘုရင်အိမ်တော်မှ ကျွမ်းကျင်သူများ၏ အကူအညီကို ရယူသည်က သူ့အတွက် အကောင်းဆုံး ဖြစ်ပေလိမ့်မည်ဖြစ်သည်။

"ငါနားလည်ပြီ"

တစ်ခဏမျှတွေးတောပြီးနောက် စုန့်ဘုရင်ခေါင်းညိတ်လိုက်သည်။

"ဒီကိစ္စကို ငါ့ဆီထားလိုက်။ ဘေးအခန်းမှာ ခဏလောက်စောင့်နေ ငါအခုပြင်ဆင်လိုက်မယ်”

"ကျေးဇူးတင်ပါတယ် အရှင်"

အဓိကခန်းမမှ ထွက်ခွာလိုက်ကာ ဘေးအခန်းတွင် ဝမ်ချောင်သည် စုန့်ဘုရင်ပြင်ဆင်ပေးခဲ့သော ကျွမ်းကျင်သူနှင့် တွေ့ဆုံလိုက်သည်။

သူသည် နှစ်မီတာရှည်လျားသော အရပ်အမောင်းဖြင့် တောင့်တင်းခိုင်မာသည့် လူတစ်ဦးဖြစ်သည်။ သူသည် သံမဏိပြားနှင့်တူသော သံချပ်ကာကို ဝတ်ဆင်ထားသည်။

သူ့နောက်တွင် တစ်ဒဿမခြောက်မီတာ အရှည်ရှိသော ထင်ရှားသည့် ရွှေရောင်လေးကြီးကို လွယ်ထားသည်။ အသုံးပြုထားသည့် လေးကြိုးသည့် လူတစ်ဦး၏ လက်မခန့်အထူရှိသည်။

သူ့တစ်ကိုယ်လုံးကို စူးရှသည့် မျက်လုံးတစ်စုံမှလွဲ၍ သံမဏိဖြင့် လွှမ်းခြုံထားခဲ့သည်။

ဝမ်ချောင်သည် သူ့ဆီမှာ မယုံနိုင်စရာကောင်းသည့်အန္တရာယ်အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။ ခြောက်ကျန့် ခုနှစ်ကျန့်အကွာအဝေးမှပင် သူသည် ကြက်သီးမွေးညင်းများ ထောင်ထသွားသည်ကို ခံစားလိုက်ရသည်။

(နှစ်ဆယ်မီတာ)

'သူက အစစ်အမှန်ကျွမ်းကျင်သူတစ်ယောက်ပဲ'

ဝမ်ချောင်စိတ်ထဲတွင် အတွေးတစ်ခုဖြတ်သွားသည်။ သူတစ်ချက်ကြည့်ရုံမျှဖြင့် သူ့ဆီမှ ဤကဲ့သို့ တုံ့ပြန်မှုကိုဖြစ်စေနိုင်သည်မှာ တစ်ဖက်လူသည် သေချာပေါက် ကျွမ်းကျင်သူများကြားမှ ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။

"သခင်လေးကို အရိုအသေပေးပါတယ်။ စုန့်ဘုရင်က ကျွန်တော့်ကို လွှတ်လိုက်တာပါ။ သခင်လေး ဘာအမိန့်ပဲပေးပါစေ ကျွန်တော်လိုက်နာပါ့မယ်”

သံချပ်ကာနောက်မှ မည်သည့်ခံစားချက်မျှ မပါသည့် အသံထွက်ပေါ်လာခဲ့သည်။ ထိုခဏတွင် ဝမ်ချောင်ရှေ့၌ ရပ်နေသည့်အရာမှာ ခံစားချက်မရှိသည့် စက်ရုပ်တစ်ရုပ်ကဲ့သို့ပင်ဖြစ်သည်။

'တော်ဝင်မိသားစုရဲ့ ဆွေတော်မျိုးတော်တွေက သူတို့ရဲ့အိမ်တော်ထဲမှာ ပုန်းကွယ်နေတဲ့ ကျွမ်းကျင်သူတွေ တကယ့်ကို ပိုင်ဆိုင်ထားကြတာပဲ အထူးသဖြင့် ထိပ်တန်းကျွမ်းကျင်သူတွေပေါ့'

ဝမ်ချောင်တွေးလိုက်သည်။

သူ့ယခင်ဘဝ၌ တော်ဝင်မိသားစုနှင့် သူတို့၏ဆွေတော်မျိုးတော်များသည် သူတို့အမိန့်ပေးမှုအောက်တွင် အားကောင်းသည့် ကျွမ်းကျင်သူများ ရှိကြောင်း သူသိရှိထားခဲ့သည်။ ဤအားကောင်းသည့် ကျွမ်းကျင်သူများသည် အများအားဖြင့် မြင်ကွင်းမှ ပုန်းကွယ်နေလေ့ရှိသည်။ ဤလေးသခင်ပေါ်လာခြင်းက ထိုသည်ကို များစွာထင်ဟပ်ပြသနေပေသည်။

ဝမ်ချောင်သည် စုန့်ဘုရင်ထံသို့ ဤကဲ့သို့နောက်ကျသောအချိန်မှ ရောက်လာခဲ့ခြင်းဖြစ်သည်။ သို့တိုင် စုန့်ဘုရင်သည် ဤကျွမ်းကျင်သူကို အဓိကခန်းမမှထွက်ခွာပြီး တစ်ခဏအတွင်း သူ့ဆီသို့ စေလွှတ်လိုက်နိုင်သည်။

"ခင်ဗျား တစ်စက္ကန့်အတွင်း မြားဘယ်လောက်များများပစ်လွှတ်နိုင်သလဲ"

ဝမ်ချောင်သည် သူ့ထက်ခေါင်းတစ်လုံးပိုမြင့်သည့် တောင့်တင်းခိုင်မာသောလူကို မေးလိုက်သည်။

"တစ်ရာ့လေး"

ထိုလူသည် တုံ့ဆိုင်းခြင်းမရှိဘဲ ပြတ်သားစွာဖြေလိုက်တာက ဝမ်ချောင်ကို အံ့အားသင့်သွားစေခဲ့သည်။ ထိုသည်မှာ သာမန်လေးသခင်များထက် နှစ်ဆခန့်ပိုများနေသည် မဟုတ်ပါလား။

"အများဆုံးအကွာအဝေးကရော"

ဝမ်ချောင် မေးလိုက်သည်။

"တစ်ဆယ့်ခုနစ်လီ"

နောက်ထပ် အံ့အားသင့်စေသည့် အဖြေတစ်ခုပင်ဖြစ်သည်။

(၈.၅ ကီလိုမီတာ)

"အမှောင်ထဲမှာ ခင်ဗျားအမြင်အာရုံရဲ့ စူးရှမှုအကွာအဝေးကရော ဘယ်လိုလဲ”

ဝမ်ချောင် မေးလိုက်သည်။ စူးရှမှုအကွာအဝေးသည် လေးအတတ်တွင် အသုံးအနှုန်းတစ်ခုဖြစ်သည်။ စူးရှခြင်းသည် ယင်ကောင်၏အတောင်ပံများပေါ်ရှိ မျဉ်းကြောင်းများနှင့် သစ်ရွက်ပေါ်ရှိ သွေးကြောများကို မြင်နိုင်ခြင်းကို ဆိုလိုသည်။ ဤသည်ကိုသာ လူတစ်ဦး၏အမြင်အာရုံကို 'စူးရှသည်' ဟု ယူဆနိုင်ပေသည်။ ဤသည်မှာ လီအတော်ဝေးဝေးမှ သစ်တစ်ပင်ပေါ်ရှိ ပန်းသီကို ခွဲခြားနိုင်သည်ထက် ပို၍ခက်ခဲ့သည်ကို သတိပြုရပေမည်။

ဤအရာသည် လေးအတတ်ကို ဆန်းစစ်နိုင်သော ရှုထောင့်များထဲမှ တစ်ခုဖြစ်သည်။

နောက်ဆုံးတွင် ဝမ်ချောင်၏ မေးခွန်းသည် ထိုလူကို ခတ္တတုံ့ဆိုင်းသွားစေလိုက်နိုင်သည်။

"နှစ်ရာခြောက်ဆယ့်ခုနှစ်ကျန့်"

ခဏကြာပြီးနောက် ထိုလူက ပြန်ဖြေလိုက်သည်။

နှစ်ရာခြောက်ဆယ့်ခုနှစ်ကျန့် ထိုသည်မှာ မီတာရှစ်ရာနှင့် ညီမျှပေသည်။

ယင်ကောင်တစ်ကောင်၏ တောင်ပံပေါ်ရှိ ဝိုးတဝါးအမှတ်များကို မီတာရှစ်ရာအကွာအဝေးမှ မြင်နိုင်ခြင်းအရ လူတစ်ဦး၏ အမြင်အာရုံသည် မည်မျှအံ့အားသင့်ဖွယ်ကောင်းလိုက်ပါသနည်း။

ပျော်ရွှင်မှုသည် ဝမ်ချောင်ဆီသို့ လျင်မြန်စွာ တိုးဝင်လာခဲ့သည်။

"ငါ့နောက်လိုက်ခဲ့"

ဝမ်ချောင်သည် လေးသခင်နှင့်အတူ စုန့်ဘုရင်အိမ်တော်မှ ထွက်ခွာလိုက်သည်။

ရှိုရှူဘုရင် လှုပ်ရှားရန် အချိန်တစ်လခန့် လိုပေသေးသည်။ ထို့ကြောင့် ဝမ်ချောင်အတွက် ပြင်ဆင်ရန်နှင့် တန်ပြန်ရန် အချိန်အလုံလောက် ရှိပေသေးသည်။ စုန့်ဘုရင်အိမ်တော်မှ လေးသခင်၊ ထို့အတူ မီယာဆာမီးအာရာကာ နှင့် ချီမျိုးနွယ်စုနှင့် ကျွမ်ူမျိုးနွယ်စုမှ ကျွမ်းကျင်သူများကို ထည့်တွက်လိုက်ကာ ဝမ်ချောင်သည် သူ့အစီအစဉ်ကို တည်ငြိမ်အေးဆေးစွာ ပုံဖော်လိုက်သည်။

---

ညအချိန်ရောက်သည်နှင့် ဂိုဂူလျောစုဝေးရာနေရာသည် အမြဲလိုလို တိတ်ဆိတ်နေသည်။ ယခုအချိန်အထိ ဂိုဂူလျောများသည် လုံးဝ သတိမမူမိသေးပေ။

ချွက်

ကျိနာရီ၏ တတိယမြောက် အမှတ်အသား တဝိုက်တွင် ပုံရိပ်တစ်ခုသည် နံရံပေါ်မှ ရုတ်တရက် ဖြတ်သန်းသွားသည်။ သူ့အဝတ်အစားအောက်တွင် ထင်ရှားသော ဓားသုံးချောင်သည် မျက်စိကို အထူးဖမ်းစားစေသည်။

(~2345 Hours နှစ်သုံးလေးငါး နာရီ😪)

ဤသည်မှာ ဂိုဂူလျောတို့၏ အထင်ရှားဆုံးအမှတ်အသားဖြစ်သည်။

ညလေညင်းတစ်ခု တိုက်ခတ်လာသည်။ ဂိုဂူလျောအိမ်တော်ခြံဝင်းမှ ယခုလေးတင် ထွက်လာသောလူသည် ပတ်ဝန်းကျင်ကို သတိဖြင့် ကြည့်ရှုလိုက်သည်။ မည်သည့်အရာမျှ မှားယွင်းနေခြင်း မရှိသည်ကို အတည်ပြုပြီးမှသာ အဆောက်အဦထဲမှ သူထွက်ခွာလိုက်သည်။

ခဏကြာပြီးနောက် အိမ်တော်၏နယ်မြေအပြင်ဖက်သို့ သူရောက်သည့်အချိန်တွင် လူငယ်တစ်ဦးသည် အမောတကောဖြင့် သူ့ဆီသို့ ဦးတည်လာနေသည်ကို သူတွေ့လိုက်သည်။ (spoiler ပေးမယ် အဲလူငယ်က ဝမ်ချောင်ပဲ 😝)

အသက်ရှူမှားသွားခဲ့ကာ သူ့မျက်လုံးထဲတွင် သံသယဖြစ်သည့် အရိပ်အယောင်များပေါ်လာခဲ့သည်။ သူသည် သံသယဖြစ်ဖွယ်ရာအခြေအနေကို တွေ့လိုက်ရသော်လည်း သူ့အသိစိတ်က သူမည်သူမည်ဝါဖြစ်ကြောင်း မည်သည့်အရာမျှ ထုတ်ဖော်ပြောကြားထားခြင်းမရှိကြောင်း ပြောကြားနေသည်။

ထိုလူငယ်သည် သူ့အတွက် ဤနေရာသို့ ရောက်နေသည်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် သူသည် ပုံမှန်သာ ရှေ့သို့ဆက်လျှောက်သွားလိုက်သည်။

အရာအားလုံးသည် အရေးမပါသော တိုက်ဆိုင်သည့် တွေ့ဆုံမှုတစ်ခု ဖြစ်ပုံပေါ်သည်။ သို့သော် သူတို့နှစ်ဦးစလုံး ဘေးချင်းယှဉ်၍ ဖြတ်လျှောက်တော့မည့် အချိန်တွင် တစ်စုံတစ်ရာသည် ရုတ်ခြည်း ဖြစ်ပျက်သွားခဲ့သည်။

ကလင်

ဓားဆွဲထုတ်လိုက်သည့် အသံသည် လေထဲ၌ ပေါ်လာခဲ့ကာ...သတ်ဖြတ်ချင်သည့် စိတ်ဆန္ဒများသည် လေထဲ၌ ပေါက်ကွဲထွက်လာခဲ့သည်။ အေးစက်သည့် လေပြင်းသည် ဂိုဂူလျောစစ်သည်ကို ရုတ်တရက် ဒလဟော ဖုံးလွှမ်းသွားခဲ့သည်။

"ချီးပဲ"

ဂိုဂူလျောစစ်သည်၏ မျက်နှာသည် နိုးကြားမှုဖြင့် ချက်ချင်းတွန့်ချိုးသွားခဲ့သည်။ သူ၏ မသိစိတ်မှ သူ့ဓားကို ဆွဲထုတ်ရန် ကြိုးစားလိုက်သော်လည်း... သူ့ကျွမ်းကျင်မှုအပေါ် သူ၏ယုံကြည်မှုလွန်ကဲခြင်းနှင့် သူ၏ဂရုစိုက်မှု မရှိခြင်းသည် သူ့ကို ဒုက္ခရောက်သွားစေသည်။

ရှီးးးး

ထက်ရှသည့် ဓားချီတစ်ခုသည် သူ့ရင်ဘတ်ကို ထိုးဖောက်သွားခဲ့ကာ သူ့နောက်ရှိ ဧရာမသစ်ပင်ကြီးသည်ပင် ပိုင်းဖြတ်ခြင်းခံလိုက်ရသည်။

ထိုခဏတွင် ဂိုဂူလျောစစ်သည်သည် ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့သည်။

"ခွေးမသား"

အထိတ်တလန့်နှင့် ဒေါသထွက်နေသော ဂိုဂူလျောစစ်သည်သည် ဆေဘာဓားနက်နှစ်လက်ကို လျင်မြန်စွာ ဆွဲထုတ်လိုက်ကာ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်မှ မူလစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ မူလစွမ်းအင်သည် သူ့ဝန်းကျင်တွင် အဖြူရောင်လှိုင်းများအဖြစ် စုဝေးလာခဲ့ကာ သတ္တုပဲ့တင်သံနှင့်ဆင်တူသော အသံနှင့်အတူ အပြင်ဘက်သို့ မရပ်မနား တလိမ့်လိမ့်ထွက်ပေါ်လာခဲ့သည်။

လှိုင်းများ၏ တလိမ့်လိမ့်ထွက်ပေါ်လာမှုအောက်တွင် လေထုသည်ပင် ကွဲထွက်သွားပုံပေါ်သည်။

မူလစွမ်းအင် အဆင့် ၉ ။

ဤကျင့်ကြံခြင်းနယ်ပယ်တွင် လူတစ်ဦးသည် သူတို့၏ အတွင်းအားများကို သူတို့ပတ်ပတ်လည်သို့ ထုတ်လွှတ်နိုင်ကြသည်။ အဖြူရောင်လှိုင်းများသည် ဤသည်ကို အကောင်းဆုံးညွှန်ပြနေကြပေသည်။

လူတစ်‌ယောက်သည် သူတို့၏ ရန်သူများကို လေထဲမှဖြတ်သန်း၍ တိုက်ခိုက်နိုင်ပေမည်ဖြစ်သည်။ ပို၍ကြောက်စရာကောင်းသည့် ကျွမ်းကျင်သူတချို့သည် ဒဏ္ဍာရီလာ ခြေလှမ်းတစ်ရာ မြင့်မြတ်သော လက်သီးနှင့် ဆင်တူသည့် တစ်စုံတစ်ရာကိုပင် ထုတ်ဖော်နိုင်စွမ်းရှိပေသည်။

ဤဂိုဂူလျောစစ်သည်သည် ထိုကဲ့သို့သော ကျွမ်းကျင်သူဖြစ်သည်။

"...ငါ့ကိုတိုက်ခိုက်ရဲဖို့ဆိုတာ မင်းက သေချင်နေတာပဲဖြစ်ရမယ်"

သူ၏ စူးရှသော မျက်လုံးများဖြင့် ဂိုဂူလျောစစ်သည်တော်သည် သူ့ရှေ့မှ လူငယ်၏ ကျင့်ကြံခြင်းကို ချက်ချင်း အကဲခတ်လိုက်ပြီး ထိုလူငယ် အားနည်းကြောင်း တွေ့ရှိလိုက်သည်။

တစ်ဖက်လူသည် သူ့ကို အလစ်အငိုက်ဖမ်း၍ တိုက်ခိုက်ခဲ့ခြင်းကြောင့်သာ သူ့ကို ဒဏ်ရာရစေခဲ့ခြင်း ဖြစ်သည်။

ဝမြးးးး

သို့သော် နောက်တစ်ခဏတွင် လုံးဝမမျှော်လင့်ထားသည့် တစ်စုံတစ်ရာဖြစ်ပျက်သွားခဲ့သည်။

ဝမြးးး

တစ်ခဏအတွင်း ဂိုဂူလျောစစ်သည်ဝန်းကျင်ရှိ အဖြူရောင်လှိုင်းများသည် သူတို့၏ဇာစ်မြစ်များ ပိတ်ပင်ခံလိုက်ရသကဲ့သို့ ပျောက်ကွယ်ထားခဲ့သည်။

ဤရုတ်ခြည်းပြောင်းလဲမှုသည် ဂိုဂူလျောစစ်သည်၏အလျင်ကို ပျက်စီးသွားစေခဲ့သည်။ သူ့ခန္ဓာကိုယ်သည် ရုတ်ခြည်းအပြောင်းအလဲကို ခံလိုက်ရသည်သာမက သူ့မူလစွမ်းအင် စီးဆင်းမှုသည်လည်း ရုတ်ခြည်း ဟန်ချက်ပျက်သွားခဲ့သည်။ ထိုသည်မှာ သူ့ခန္ဓာကိုယ်အတွင်းရှိ မူလစွမ်းအင်ကို မမြင်နိုင်သည့် လက်တစ်စုံမှ ပိတ်ပင်လိုက်သကဲ့သို့ ဖြစ်ကာ သူ့ကျင့်ကြံခြင်းအဆင့်ကို မူလစွမ်းအင်အဆင့် ၈ သို့ အားသုံး၍ ဖိနှိပ်လိုက်သည်။

ရှီးးး

ရုတ်တရက်ပင် အားကောင်းသည့် သေခြင်းတရား၏ အငွေ့အသက်ကို သယ်ဆောင်ထားသော ဓားချီတစ်ခုသည် သူ့ဘယ်ဘက်ရင်ဘတ်ကို ထိုးဖောက်ဖျက်ဆီးလိုက်သည်။ နောက်ထပ်ဒဏ်ရာတစ်ခု အပြင်းအထန်ရလိုက်ကာ သူ့ကို သေခါနီးဆဲဆဲအခြေအနေသို့ ကျရောက်သွားစေခဲ့သည်။

ဖူး... ရှီးးး

ပြီးနောက် ထူးဆန်းသည့်ပုံစံရှိသည့် ကြက်သွေးရောင်ဓားတစ်လက်သည် ဂိုဂူလျောစစ်သည်၏ နှလုံးဆီသို့ ရုတ်တရက် ထိုးသွင်းလိုက်သည်။

ထိုသည်မှာ တိုက်ပွဲအစမှစ၍ အသက်ရှူချိန်အနည်းငယ်သာ ရှိသေးပြီး အဆုံးသတ်သို့ ရောက်ရှိလာသည်။

သူ့လက်များဘေးသို့ တွဲကျသွားခဲ့ကာ ဒူးထောက်ကျသွားခဲ့ပြီး ဂိုဂူလျောစစ်သည်၏ မျက်လုံးများသည် မယုံကြည်နိုင်မှုများ ထင်ဟပ်နေခဲ့သည်။ သူ့နောက်‌ဆုံးထွက်သက်၌ပင် ဖြစ်ပျက်သွားတာကို သူနားမလည်နိုင်ခဲ့ပေ။ သူ့အဖြူရောင်လှိုင်းများသည် အဘယ့်ကြောင့် ရုတ်ခြည်း ပျောက်ကွယ်သွားရသနည်း။ သူ့မူလစွမ်းအင်များသည် အကောင်းပကတိဖြစ်သည်ကို သူရှင်းလင်းစွာ အာရုံခံနိုင်ပေသည်။ သို့သော် တစ်နည်းနည်းဖြင့် သူသည် ထိုသည်ကို အတိုင်းအတာတစ်ခုအထိ တွေ့ထိနိုင်ခြင်း မရှိခဲ့ပေ။

"အာ ဘယ်လောက်တောင် သက်သောင့်သက်သာ ဖြစ်လိုက်သလဲ။ ဆိုတော့ ဒါက ယင်ယန်ငယ်ပညာရပ်ပေါ့”

ဂိုဂူလျောအလောင်းရှေ့တွင် မတ်တတ်ရပ်ကာ ဝမ်ချောင်သည် ယင်ယန်ငယ်ပညာရပ်ကို ရုပ်သိမ်းလိုက်ကာ ယင်ယန်ငယ်ဓားမှ ဖြတ်၍ မူလစွမ်းအင်များကို သူ့ခန္ဓကိုယ်ထဲသို့ ချက်ချင်းပြန်‌သုပ်ယူလိုက်သည်။

လူတစ်ဦး၏ မူလစွမ်းအင်တွင် တိုးတက်လာမှုအရှိန်အဟုန်မှ ခံစားရသော ပီတိသည် ဖော်ပြ၍ မရပေ။ သူ့ခန္ဓာကိုယ်အနှံ့ရှိ မရေမတွက်နိုင်သော ချွေးပေါက်များသည် ပြေလျော့စွာ ပွင့်လာခဲ့ပြီး သူ၏ မူလစွမ်းအင်သည် လျင်မြန်စွာ တိုးပွားလာသည်။

ဤသည်မှာ မကောင်းဆိုးဝါးဧကရာဇ်မှ သူ့ကိုပေးခဲ့သော ယင်ယန်ငယ်ဓားကို အသုံးပြုကာ တခြားသူများ၏ မူစွမ်းအင်ကို ပထမဆုံးစုပ်ယူခြင်းဖြစ်သည်။ သူခံစားရသည့် ကြည်နူးစရာ ခံစားချက်ကို စကားလုံးများဖြင့် ဖော်ပြ၍မရပေ။

"...မဟာယင်ယန်ကောင်းကင်ဘုံဖန်တီးခြင်းပညာရပ်က မကောင်းဆိုးဝါးပညာရပ်အဖြစ် ဘာကြောင့် သတ်မှတ်ခံရသလဲဆိုတာ အံ့ဩစရာ မဟုတ်တော့ဘူး။ တခြားသူတွေရဲ့ မူလစွမ်းအင်ကို အဆင်‌ပြေပြေရရှိခြင်းကနေ လူတစ်ယောက်ဟာ သာယာကြည်နူးမှုထဲ ကျရောက်သွားဖို့ဆိုတာ လွယ်ကူလွန်းလှတယ် ပြီးတော့ ဒီလိုဖြစ်ပျက်ချိန်မှာ လူတစ်ယောက်ရဲ့ အတွေးထဲမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ချင်တဲ့စိတ်တွေ ပေါ်လာဖို့ လွယ်ကူလှတယ်။ ဒါက ဒီပညာရပ်ကို လေ့ကျင့်တဲ့လူတွေဟာ နောက်ဆုံးမှာ ဘာလို့ သူတို့ကိုယ်တိုင်က မကောင်းဆိုးဝါး(နတ်ဆိုး)ဖြစ်သွားခဲ့ရသလဲဆိုတာရဲ့ အကြောင်းအရင်းဖြစ်နိုင်တယ်"

ဤအချိန်၌ပင် ဝမ်ချောင်သည် နားလည်လာခဲ့သည်။ သူ့ကျင့်ကြံခြင်းသည် အချိန်တိုလေးအတွင်းမှာပင် သူ့အား လပေါင်းများစွာ လုံ့လစိုက်ထုတ်ခဲ့ရသည်နှင့်ညီမျှသည်ပမာဏအထိ တိုးတက်လာစေခဲ့သည်။

ဤသည်မှာ ယင်ယန်ငယ်ပညာရပ်၏ ကြီးမားသောစွမ်းအားကို သူ ပထမဆုံးကြုံတွေ့ရခြင်းပင်ဖြစ်သည်။

----------

စာရေးသူအမှာစာ- ခြေလှမ်းတစ်ရာ မြင့်မြတ်သောလက်သီးဟာ တရုတ်စာရေးဆရာ ဂူးလောင်ရဲ့ လက်နက်ခုနှစ်မျိုးဝတ္ထုကနေ မြစ်ဖျားခံလာခဲ့တာတဲ့။ သူ မမှားဘူးဆိုရင် အဲဒါက အဝေးကနေတိုက်ခိုက်ရတဲ့ လက်သီးတိုက်ခိုက်မှု တသ်ခုပါတဲ့။

(ကျွန်တော် နားလည်သလောက်ပြောရရင်တော့ ခြေလှမ်းတစ်ရာမြင့်မြတ်သောလက်သီးက ခြေလှမ်းတစ်ရာအကွာအဝေးကနေ လက်သီးနဲ့ လှမ်းထိုးနိုင်တာကို ဆိုလိုတာနေမှာပါ။)

******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

အပိုင်း ၂၄၀ ကျင့်ကြံခြင်း၌ တစ်ရိပ်ရိပ်မြင့်တက်လာခြင်း

[ဂိုဂူလျောတိုင်းပြည်ရဲ့ စစ်သည်တစ်ဆယ့်ခုနှစ်ယောက်ကို သတ်ဖြတ်ခဲ့တဲ့အတွက် အသုံးပြုသူကို ဂုဏ်ပြုပါတယ်။]

စက်ရုပ်သံတစ်သံသည် ဝမ်ချောင်၏ ခေါင်းထဲတွင် ပေါ်လာခဲ့သည်။ ထိုအသံနှင့်အတူ လေပြင်းတစ်ချက် တိုက်ခတ်လာကာ မူလစွမ်းအင်လှိုင်းလုံးကြီးတစ်ခုသည် ဝမ်ချောင်၏ ကြွက်သားများနှင့် အရိုးများသို့ စိမ့်ဝင်လာခဲ့သည်။

ထိုခဏတွင် သူ့ကျင့်ကြံခြင်းသည် အဆင့်တစ်ခုအထိ မြင့်တက်လာသည်ကို ဝမ်ချောင် ရှင်းလင်းစွာ ခံစားလိုက်ရသည်။ သူပိုင်ဆိုင်ထားသည့် စစ်မြေပြင်ပျက်စီးခြင်းချီစက်ကွင်းသည်လည်း သိသိသာသာ တိုးတက်လာခဲ့သည်။

ဂိုဂူလျောစစ်သည်များကို သတ်ဖြတ်ခြင်းသည် ဝမ်ချောင်၏ မူလစွမ်းအင်နှင့် ချီစက်ကွင်း နှစ်ခုစလုံးကို တိုးတက်လာစေသည်။ ဤအရာထက်ပို၍ သူ့တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်နိုင်သည့် နည်းလမ်း မရှိတော့ပေ။

သူ့ရန်သူကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းဓားချီဖြင့် ထိန်းချုပ်ပြီး သူတို့၏မူလစွမ်းအင်ကို ယင်ယန်ငယ်ပညာရပ်ဖြင့် စုပ်ယူခြင်း၊ သူ့ရန်သူများကို ရှင်းပစ်နိုင်သည်သာမက တစ်ဦးစီကို သတ်ဖြတ်ခြင်းဖြင့် သူ့ကို ပို၍ သန်မာလာစေခြင်း...

ဤအရာနှင့်အတူ ဝမ်ချောင်သည် သူ့ယခင်ဘဝ၌ သူပြီးမြောက်ရန် ကျရှုံးခဲ့သည့်အရာမှာ ဘာမှန်း တဖြည်းဖြည်းနားလည်လာတော့သည်။

"တွေးရရင် ဒဏ်အရာအပြင်းအထန်ရနေတဲ့ လူတစ်ဦးဆီကနေ ယင်ယန်ငယ်ပညာရပ် စုပ်ယူနိုင်တဲ့ မူလစွမ်းအင်ပမာဏဟာ အကန့်အသတ်ရှိတယ်လို့ ငါတွေးခဲ့မိတာက အကြီးမားဆုံးအမှားတစ်ခုပဲ၊ အခုကြည့်ရတာ ဒီစွမ်းရည်က သူ့ရဲ့လက်ရှိအဆင့်မှာ လုံးဝစွမ်းအားကြီးလွန်းတယ်”

ဆိုကြသကဲ့သို့ပင်(စကားပုံ) "ကောလာဟလတစ်ရာသည် အမှန်တကယ်လေ့လာတွေ့ရှိခြင်းနှင့် ယှဉ်၍မရပေ” တကယ့်ယင်ယန်ငယ်ပညာရပ်သည် ဝမ်ချောင်စိတ်ကူးထားသည်ထက် အလွန်ခြားနားပေသည်။

လူတစ်ဦးဆီမှ မူလစွမ်းအင် စုပ်ယူရန်မှာ လွယ်ကူသည့်ကိစ္စ မဟုတ်ပေ။ ထိုသို့ ကျွမ်းကျင်စွာ ပြုလုပ်ရန် ကြီးမားသည့် အထူးကျွမ်းကျင်မှု လိုအပ်ပေသည်။ နှိုင်းယှဉ်ကြည့်လျှင် ယင်ယန်ငယ်ပညာရပ်သည် မသန်မစွမ်း ဖြစ်‌နေသော ပြိုင်ဘက်၏ မူလစွမ်းအင်ကို စုပ်ယူနိုင်စွမ်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းနေပြီဟု ယူဆနိုင်သည်။

"သခင်လေး သခင်လေးက အခုကျွန်မထက် လုပ်ကြံသတ်ဖြတ်သူနဲ့အများကြီး ပိုတူနေတယ်”

နောက်မှ ရင်းနှီးနေသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ သစ်ပင်နားတွင် မီယာဆာမီးအာရာကာသည် အနက်ရောင် ကိုယ်ပျောက်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သစ်ကိုင်းပေါ်မှ ခုန်ချလိုက်သည်မှာ သူမ၏ လှုပ်ရှားမှုများသည် ကျင်လည်သည့် ကြောင်တစ်ကောင်ကဲ့သို့ပင် ဖြစ်နေ၏။ ထို့နောက် သူမသည် ဝမ်ချောင်ဆီသို့ ဖြည်းညင်းစွာ လမ်းလျှောက်လာခဲ့သည်။

သူမသည် အဖြစ်အပျက်တစ်ခုလုံးကို သစ်ပင်ပေါ်မှ လေ့လာစောင့်ကြည့်နေခဲ့ကာ စိုးရိမ်ရသည့် အချိန် ရောက်လာလျှင် ဝင်ပါရန် ပြင်ဆင်ထားခဲ့သည်။ သူမသည် ဝမ်ချောင်က အချိန်တိုအတွင်း၌ ရှင်းလင်းလိုက်နိုင်ကာ သူမ၏ ပြင်ဆင်မှုများ အားလုံး အလဟဿဖြစ်သွားစေမည်ဟု မထင်ထားပေ။

"ဟဲဟဲ မင်း အရင်က ဝက်သားမစားဖူးပေမဲ့ ပြေးနေတဲ့ ဝက်တစ်ကောင်ကို သေချာပေါက် မြင်ဖူးလိမ့်မယ် ဟုတ်တယ်မလား”

ဝမ်ချောင် ရယ်မောလိုက်သည်။

"သခင်လေး..."

မီယာဆာမီအာရာကာသည် သူမ၏ပါးပြင်များ နီရဲမလာမီ တခဏမျှ မှင်သက်သွားခဲ့သည်။ ဝမ်ချောင်သည် သူမကို စနောက်နေသည်မှာ ထင်ရှားပေသည်။

"ဟားဟားဟား..."

ဝမ်ချောင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"ကောင်းပြီ သွားကြစို့။ ဒါ့အပြင် ဂိုဂူလျောတွေ သတိမပြုမိအောင် အလောင်းကို ရှင်းလိုက်အုံး”

ဝမ်ချောင် မိန့်လိုက်သည်။ ထို့နောက် လမ်းလျှောက်သွားလိုက်ကာ ထိုင်ချလိုက်ပြီး မူလစွမ်းအင်အဆင့် ၉ ဂိုဂူလျောလူမျိုး၏ အလောင်းကို ဟိုစမ်းသည်စမ်းလုပ်လိုက်သည်။ မကြာမီ သူသည် တစ်ခုခုကို ရှာတွေ့လိုက်သည်။

ထိုသည်မှာ လက်နှစ်လုံးအကျယ်ရှိသည့် သေတ္တာတစ်ခုဖြစ်ကာ အမွှေးရနံ့မှိန်မှိန်လေး သင်းပျံ့နေလေသည်။ ထိုအရာကို ဂိုဂူလျောစစ်သည်သည် သူ့ရင်ဘတ်တွင် သိမ်းထားသည်ကို ကြည့်ပါက အရေးကြီးသည့် တစ်စုံတစ်ခုဖြစ်ရပေမည်။

ပါဒက်

ဝမ်ချောင် ဖွင့်ကြည့်လိုက်သည်တွင် ရွှေရောင်ဂိုဂူလျောဂျင်ဆင်းသည် မြင်ကွင်းထဲသို့ ဝင်လာခဲ့၏။

"တကယ့်ကို အဲဒါပဲ"

သေတ္တာထဲတွင် ဂျင်ဆင်းကို မြင်လိုက်ချိန် ဝမ်ချောင်ရယ်မောလိုက်၏။ သူသည် ဤမြင်ကွင်းကို တွေးထားပုံရသည်။ သူသည် ဤဂိုဂူလျောစစ်သည်ကို သတ်ဖြတ်ရခြင်း၏အကြောင်းအရင်းမှာ ယင်ယန်ငယ်ပညာရပ်နှင့် စစ်မြေပြင်ပျက်စီးခြင်းချီစက်ကွင်းကို လေ့ကျင့်ရန်သာ မဟုတ်ပေ။

သူ့စိတ်ထဲတွင် အခြားသော ပန်းတိုင်လည်းရှိသေးသည်။ ဂိုဂူလျောဂျင်ဆင် ပင်ဖြစ်သည်။

ဂိုဂူလျောဂျင်ဆင်းသည် ကမ္ဘာတစ်လွှား ကျော်ကြားလှသည်။ ဂျင်ဆင်း၏ သက်တမ်းအပေါ် အခြေခံ၍ အဖြူရောင်မှ ရွှေဝါရောင်အထိ ခွဲခြားနိုင်သည်။ သစ်သားသေတ္တာထဲရှိ ဂျင်ဆင်း၏အရောင်မှ ဆုံးဖြတ်ရလျှင် နှစ်နှစ်ရာ သို့မဟုတ် နှစ်သုံးအရာသက်တမ်းရှိပေလိမ့်မည်။

ကျွမ်းမျိုးနွယ်စုနှင့် ချီမျိုးနွယ်စုတို့သည် ဤသက်တမ်းရှိ ဂျင်ဆင်းကို ရရှိရန် ဒုက္ခများစွာခံခဲ့ရသည်။ သို့သော် ဤဂိုဂူလျောသည် ဤသို့သော ဂျင်ဆင်းတစ်ခုကို အမှန်တကယ်ပင် သယ်ဆောင်ထားခဲ့သည်။ ဂိုဂူလျောသည် ကြီးကြီးမားမား မဟုတ်သော်လည်း ကျွမ်းကျင်သူများစွာ မွေးထုတ်နိုင်ခဲ့ခြင်းမှာ ဤဂျင်ဆင်းကြောင့်ပင် ဖြစ်သည်။ ဝမ်ချောင်သည် လက်ထဲရှိ ဂျင်ဆင်းကိုကြည့်ကာ တွေးလိုက်သည်။

မူလစွမ်းအင်အဆင့် ၉ ကျွမ်းကျင်သူတစ်ဦးသည်ပင် နှစ်သုံးရာသက်တမ်းရှိ ဂျင်ဆင်းကို သယ်ဆောင်ထားသည်ကို ကြည့်ခြင်းဖြင့် ဂိုဂူလျောတို့သည် ဤအရင်းအမြစ်တွင် မည်မျှ ကြွယ်၀ကြောင်း တွေးကြည့်နိုင်ပေသည်။

ဤကဲ့သို့ သက်တမ်းရှိသော ဂျင်ဆင်းများဖြင့် ဂိုဂူလျောတိုင်းပြည်သည် ကျွမ်းကျင်သူများစွာကို လယ်ထဲရှိ ဂေါ်ဖီထုတ်များစိုက်ပျိုးထုတ်လုပ်သကဲ့သို့ များစွာမွေးထုတ်နိုင်ပေသည်။

သေတ္တာကို ပိတ်ပြီး သယ်လာကာ ဝမ်ချောင်သည် ထွက်သွားလိုက်သည်။

သူထွက်သွားပြီး မကြာမီ တိုက်ပွဲဖြစ်ပွားရာနေရာသည် ရှင်းလင်းသွားခဲ့သည်။ အလောင်း၊ သွေးကွက် နှင့် ပြီးခဲ့သည့်တိုက်ပွဲများ အမှတ်အသားများသည်ပင် မည်သည့်သဲလွန်စမျှ မကျန်ရစ်ခဲ့ဘဲ ပျောက်ကွယ်သွားခဲ့သည်။

နောက်ရက်အနည်းငယ်အတွင်း မြို့တော်နှင့် စုဝေးရာနေရာသို့ လမ်းလျှောက်လာခဲ့သည့် ဂိုဂူလျောများကို ချုံခိုတိုက်ခိုက်ရင်းဖြင့် ဝမ်ချောင်သည် သူ့အချိန်ကို ကုန်ဆုံးစေခဲ့သည်။

ဝမ်ချောင်သည် စုဝေးရာနေရာနှင့် မြို့အနောက်ပိုင်းရှိ ဂိုဂူလျောတို့သည် နီးကပ်သည့် ဆက်ဆံရေးများ ရှိကြောင်း နားလည်လာခဲ့သည်။ နေ့တိုင်းပင် မတူညီသည့် တစ်စုံတစ်ယောက်သည် လာပေလိမ့်မည်။

ဝမ်ချောင်သည် သူ့အချိန်ကို မှန်ကန်စွာ ရွေးချယ်ထားသမျှ မည်သူမျှ သတိမပြုမိဘဲ သူတို့ကို ချောင်းမြောင်းတိုက်ခိုက်နိုင်မည်ဖြစ်သည်။

သို့သော် အမှန်ပင် ဂိုဂူလျောတို့သည်လည်း ကျွမ်းကျင်သူများ ပြတ်လပ်မနေပေ။ ဤအစစ်အမှန်နယ်ပယ်မှ ကျွမ်းကျင်သူများသည် ဝမ်ချောင်ကို အလွယ်တကူ သတ်ဖြတ်နိုင်ပေ၏။ ထို့ကြောင့် ဝမ်ချောင်သည် သူ့ရန်သူများကို ဂရုတစိုက် ရွေးချယ်ခဲ့သည်။ ပင်ကိုအားဖြင့် သူသည် မူလစွမ်းအင်အဆင့် ၉ ကိုသာ ရွေးချယ်ခဲ့ကာ အစစ်အမှန်ကျွမ်းကျင်သူများ၏ လမ်းကြောင်းမှ ရှောင်ဖယ်နေခဲ့သည်။

ဤအချိန်တွင် ထိုသို့ပြုလုပ်ခြင်းသည် အနည်းဆုံးတော့ သူ့အတွက် ဉာဏ်ရှိရာကျပေသည်။

--

တစ်၊ နှစ်၊ သုံး...

ဝမ်ချောင်သည် ဂိုဂူလျောစစ်သည်များကို ဆက်လက်ချောင်းမြောင်းတိုက်ခိုက်နေခဲ့ကာ သူ့စစ်မြေပြင်ပျက်စီးစေခြင်းချီစက်ကွင်းနှင့် မူလစွမ်းအင်ကို မြှင့်တင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ဝမ်ချောင်သည် ဂိုဂူလျောများ ချန်ခဲ့သော ဂျင်ဆင်းများကိုလည်း သုံးစွဲလိုက်ကာ သူ၏မူလစွမ်းအင်သည် တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး စုစည်းလာခဲ့သည်။

သူသည် မူစွမ်းအင်အဆင့် ၈ သို့ အလွန်နီးကပ်နေပြီကို ခံစားလိုက်ရသည်။

အချိန် ကုန်ဆုံးသွားခဲ့သော်လည်း ဝမ်ချောင်သည် လောမနေခဲ့ပေ။ ဤသည်မှာ သူ့တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ရန် ရှားပါးသည့်အခွင့်အရေးပင်ဖြစ်သည်။

မူလစွမ်းအင် အဆင့် ၇ မှ အဆင့် ၈ သို့ တိုးတက်ရန် လိုအပ်သော မူလစွမ်းအင်သည် ယခင်နယ်ပယ်များထက် များစွာမြင့်မားသည်။ နယ်ပင်မြင့်လာလေလေ အဆင့်တက်ရန်လိုအပ်သည့် မူလစွမ်းအင်ပမာဏသည် များပြားလာလေပင်ဖြစ်သည်။ အမှန်တွင် လိုအပ်သည့်မူလစွမ်းအင်သည် အဆများစွာပင် တိုးလာနိုင်ပေသည်။ ဤသည်ကို သိုင်းပညာလမ်းစဉ်၏ ဥပဒေသတစ်ခုအဖြစ် မှတ်ယူနိုင်‌ပေသည်။

--

"ဟ"

ညသန်းခေါင်ယံတစ်ညတွင် ကျယ်လောင်စွာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ကြယ်တာရာစွမ်းအင်ဒလဟောကျဆင်းလာခြင်းမှ အဖြူရောင်လှိုင်းလုံးများဖြင့် ဖုံးအုပ်ထားသော ဆေဘာဓားနက်သည် ကြီးမားသည့် ဖောက်တံဝက်အူကဲ့သို့ တောနက်ထဲမှ ပျံထွက်လာကာ ဝမ်ချောင်ဆီသို့ ဦးတည်လာတော့သည်။

ရှူးးး

တုံ့ဆိုင်းမနေဘဲ ဝမ်ချောင်သည် တစ်နေရာတည်းသို့ အဆင်မပြတ်ခုတ်ပိုင်းခြင်းကို ထုတ်ဖော်လိုက်ပြီး အဝေးသို့ လိမ့်လိုက်ကာ ချောင်းမြောင်းတိုက်ခိုက်မှုမှ ဆံချည်တစ်မျှင်စာမျှ တိမ်းရှောင်လိုက်သည်။

ရှီးးး

ဝမ်ချောင်သည် အဝေးသို့ လိမ့်ရှောင်နေစဉ်မှာပင် ဖျက်ဆီးခြင်းနှင့် သေဆုံးခြင်းများ ပါဝင်နေခဲ့သော ဓားချီနှစ်ခုကို သူ၏ လက်ချောင်းမှ ပစ်လွှတ်လိုက်သည်။

ထိုဓားချီနှစ်ခုသည် ကြီးမားသည့် စွမ်းအားကို သယ်ဆောင်ထားခဲ့သည်။ ပထမဆုံးတစ်ခုသည် ကြယ်တာရာစွမ်းအင်ဒလဟောကျဆင်းလာခြင်းကို ဖြတ်သန်းသွားခဲ့ကာ ဂိုဂူလျောစစ်သည်၏ ဘယ်ဘက်ရင်ဘတ်သို့ ထိုးဖောက်သွားခဲ့ကာ ဒုတိယတစ်ခုသည် ညာဘက်ရင်ဘတ်သို့ ထိုးဖောက်သွားခဲ့သည်။

ဤအစဥ်လိုက်ဖြစ်‌သောဓားချီနှစ်ခုနှင့်အတူ ဂိုဂူလျောစစ်သည်သည် မြေပေါ်သို့ လဲကျသွားခဲ့ကာ ရှုံးနိမ့်သွားခဲ့သည်။

"အဲဒါ ဘာဓားချီလဲ"

တောထဲရှိ ဂိုဂူလျောစစ်သည်သည် မယုံနိုင်စွာဖြင့် ‌အော်ဟစ်လိုက်သည်။ ကြယ်တာရာစွမ်းအင် ဒလဟောကျဆင်းလာခြင်းသည် သူ၏ကြီးမားသောစွမ်းအားဖြင့် ကျောက်တုံးများကို ကွဲကြေစေကာ ဓားများနှင့် ဆေဘာများကို ပိုင်းပြတ်စေနိုင်သည်။ သို့သော် ထိုအရာသည် သိသာထင်ရှားခြင်းမရှိသော ဓားချီနှစ်ခုကို ရပ်တန့်ရန် မတတ်နိုင်ခဲ့ခြင်းပေလော။

သို့သော် ဂိုဂူလျောစစ်သည် မတုံ့ပြန်နိုင်ခင် ဝမ်ချောင်သည် သစ်ပင်များကို တိုးဝှေ့ကာ လှမ်းတက်လိုက်ပြီး ယင်ယန်ငယ်ဓားဖြင့် တစ်ဖက်လူ၏ ခန္ဓာကိုယ်အတွင်းသို့ နက်ရှိုင်းစွာ ထိုးသွင်းလိုက်သည်။

[ဂိုဂူလျောတိုင်းပြည်ရဲ့ စစ်သည်အယောက်နှစ်ဆယ်ကို သတ်ဖြတ်ခဲ့တဲ့အတွက် အသုံးပြုသူကို ဂုဏ်ပြုပါတယ်]

မျှော်လင့်ထားသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဘုန်းးး

ပတ်ဝန်းကျင်ရှိ လေထုသည် တုန်ခါလာကာ မမြင်နိုင်သည့် မူလစွမ်းအင်သည် ပတ်ဝန်းကျင်တွင် စုဝေးလာခဲ့သည်။

ဤစစ်မြေပြင်ပျက်စီးခြင်းချီစက်ကွင်း၏ တိုးတက်မှုဖြစ်စဉ်သည် ဝမ်ချောင်အတွက် စိမ်းသက်မနေပေ။ သို့သော် ယခုအချိန်တွင် ထင်ရှားသည့် ကွဲပြားမှုတစ်ခု ရှိလာသည်။ သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသော မူလစွမ်းအင်၏ အလျင်နှင့် ကြာချိန်သည် သိသာထင်ရှားသည့် ပမာဏတစ်ခုအထိ တိုး၀င်လာခဲ့သည်ကို သူသည် ထင်ရှားစွာ အာရုံခံနိုင်ပေသည်။

ထိုသည်သာမက မူလစွမ်းအင် အစုလိုက်အပြုံလိုက်ဝင်လာခြင်းနှင့်အတူ စစ်မြေပြင်ပျက်စီးခြင်းအရှိန်အဝါ၏ အနှစ်သာရစွမ်းအင်သည် တုန်ခါလာခဲ့ကာ အနည်းငယ် ပြောင်းလဲသွားသည်ကို ဝမ်ချောင်အာရုံခံလိုက်နိုင်သည်။ ထိုသည်မှာ ပို၍သိပ်သည်းလာခဲ့ပြီး လေးလံလာခဲ့ပုံရသည်။

'အမှန်ပဲ။ ရန်သူစစ်သားဆယ်ယောက်ကို ငါသတ်ပြီးတဲ့အချိန်တိုင်း ပတ်ဝန်းကျင်က စုပ်ယူနိုင်တဲ့ မူလစွမ်းအင်ဟာ အရေအတွက်မှာရော အရည်အသွေးမှာပါ ပြောင်းလဲမှုနဲ့ ကြုံရလိမ့်မယ် အဲဒါက မူလစွမ်းအင်စုပ်ယူတဲ့နှုန်းပဲဖြစ်ဖြစ် ဒါမှမဟုတ် ဖြစ်စဉ်ရဲ့ကြာချိန်ပဲဖြစ်ဖြစ်ပေါ့'

ဂိုဂူလျောစစ်သည်၏ကိုယ်မှ မူလစွမ်းအင်တစ်ဟုန်ထိုး စီးဝင်လာပြီး ဝမ်ချောင်သည် တစ်ရိပ်ရိပ် ကြီးထွားလာနေသော သူ့မူလစွမ်းအင်ကို ခံစားနိုင်သည်။ သူဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်ပြီး နားလည်သွားသကဲ့သို့ သူ့ခေါင်းကို ညိတ်လိုက်သည်။

ထိုညတိုက်ခိုက်မှုတွင် သူသည် ရန်သူစစ်သားဆယ်ဦးကို သတ်ဖြတ်ခဲ့သည့်အချိန်တွင် မူလစွမ်းအင်စုပ်ယူမှုသည် ပြောင်းလဲသွားသည်ကို ဝမ်ချောင် နားလည်ခဲ့ပြီးဖြစ်သည်။ သို့သော် ထိုစဉ်က သူသည် သူ့ယူဆချက်ကို အတည်မပြုနိုင်ခဲ့ပေ။

"သခင်လေး ဂိုဂူလျောတွေက ပိုပြီး သတိထားလာကြတယ်"

မီယာဆာမီးအာရာကာသည် တောထဲမှ ထွက်လာခဲ့ကာ ဝမ်ချောင်၏ နောက်ကျောကို ကြည့်လိုက်၏။ လေးစားသည့်အရိပ်အယောင်သည် သူမမျက်လုံးထဲတွင် ပေါ်နေခဲ့သည်။

ဝမ်ချောင်သည် သူ၏လုပ်ကြံသတ်ဖြတ်ခြင်းပညာကို အထိရောက်ဆုံးနှင့် အရိုးရှင်းဆုံးနည်းလမ်းဖြင့် ဆုပ်ကိုင်ထားပြီးဖြစ်သည်။ ဂိုဂူလျောများနှင့် သူ့တိုက်ပွဲသည် ဘယ်တုန်းကမှ ကြာရှည်ခဲ့ခြင်းမရှိပေ။ အမြဲပင် သူတို့ကို တိုက်ခိုက်မှုအနည်းငယ်အတွင်း အဆုံးသတ်လိုက်သည်။

သို့သော် အကြောင်းအရင်း၏ တစ်စိတ်တစ်ပိုင်းမှာ သူ့စစ်ဆင်ရေး၏ သဘာဝကြောင့်ဖြစ်သည်။ အကယ်၍ တိုက်ပွဲသည် အလွန်ရှည်ကြာခဲ့ပါက သူသည် အခြေစိုက်စခန်းအတွင်းရှိ ဂိုဂူလျောများကို သတိပေးမိသလို ဖြစ်သွားနိုင်သည်။ ဤသို့ဖြင့် သူ့စစ်ဆင်ရေးသည် ကျရှုံးသွားနိုင်သည်။

"ဟမ်း ဒီလူတွေက အခုပိုပြီးသတိထားလာကြပုံပဲ။ သူတို့က တစ်စုံတစ်ခုကို သတိပြုမိသွားတာနေမယ်”

ဝမ်ချောင်သည် သူ့ခေါင်းကို မော့လိုက်ကာ တွေးတွေးဆဆဖြင့် ‌ပြောလိုက်သည်။

အထူးသဖြင့် ဤချောင်းမြောင်းတိုက်ခိုက်မှုတွင် သူသည် ပထမဆုံးလှုပ်ရှားသူဖြစ်သင့်သည်။ ထို့အစား ဂိုဂူလျောစစ်သည်သည် ပထမဆုံးလှုပ်ရှားခဲ့သည်။ ဤသည်မှာ ဤကဲ့သို့အရာတစ်ခု ဖြစ်ပွားခဲ့သည့် ပထမဆုံးအကြိမ်ဖြစ်သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူ့ကျင့်ကြံခြင်းသည် အရှိန်အဟုန်ဖြင့် တိုးတက်မလာပါက ဤတိုက်ပွဲသည် ပြောင်းလဲသွားနိုင်သည်။

"မီယာဆာမီး ငါမင်းကို ဝင်ပါဖို့ ဘာလို့ခွင့်မပြုသလဲဆိုတာ မင်းသိချင်နေတယ်မလား"

ဝမ်ချောင်သည် ရုတ်တရက်လှည့်လိုက်ကာ မီယာဆာမီးအာရာကာကို ကြည့်လိုက်သည်။

"ကျွန်မ သခင့်ရဲ့ ရည်ရွယ်ချက်ကို သံသယမဝင်ရဲပါဘူး”

ဝမ်ချောင်၏ စူးရှသော အကြည့်သည် မီယာဆာမီး အာယာကာ၏ နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။ သူမသည် လျင်မြန်စွာ ခေါင်းငုံ့လိုက်၏။ သူမသည်အရူးမဟုတ်ပေ။ လွန်ခဲ့သည့်လဝက်အတွင်း ဝမ်ချောင်သည် ပုံမှန်တစ်နှစ်သာ ကျင့်ကြံခြင်းနှင့် ညီမျှသည့် ပမာဏအထိ တိုးတက်လာခဲ့သည်ကို သူမ ပြောနိုင်ပေသည်။

သူ့လက်ချောင်းရှိ ဓားချီနှင့် သူ့ရန်စူများ၏ ကျင့်ကြံခြင်းကို ရုတ်ချည်းလျှော့ကျစေခြင်း ဤအရာများအားလုံးသည် ထိုတိုက်ပွဲများတွင် လူတစ်ဦး၏ မျက်လုံးဖြင့် လိုက်မမီနိုင်သည့် တစ်စုံတစ်ရာ နက်ရှိုင်းစွာရှိနေသည်ကို ပြသနေခဲ့သည်။

မီယာဆာမီးအရာကာ၏ ကျင့်ကြံခြင်းသည် ဝမ်ချောင်အထက်တွင် ရှိသည်။ ထို့ကြောင့် သတ်ဖြတ်ခြင်းတစ်ခါပြုလိုက်ချိန်တိုင်း ဝမ်ချောင်၏ အရှိန်ဝအါမြင့်တက်လာသည်ကို သူမ ရှင်းလင်းစွာ အာရုံခံနိုင်ပေသည်။

ဤလက္ခဏာများအားလုံးသည် တစ်စုံတစ်ရာမှားယွင်းနေသည်ကို ဖော်ပြနေပေသည်။

သို့သော် မီယာဆာမီးအာရာကာသည် ဘာမျှမပြောရဲပေ။ ဝမ်ချောင်နှင့် ပို၍ အနေကြာလေ နားမလည်နိုင်ခြင်းများစွာနှင့် ဆန်းကြယ်သည့်အရာများစွာကို သူမ တွေ့ရှိလေဖြစ်သည်။

-------------

စာရေးသူအမှာစာ- 'မင်း အရင်က ဝက်သားမစားဖူးပေမဲ့ ပြေးနေတဲ့ ဝက်တစ်ကောင်ကို သေချာပေါက် မြင်ဖူးရလိမ့်မယ်'

ဆိုလိုသည်မှာ ဒါကို မင်းကိုယ်တိုင် မကြုံတွေ့ဖူးပေမဲ့ ဒါနဲ့ပတ်သက်ပြီး တစ်ခုခုကို မင်းသိရမယ် လို့ ဆိုလိုတာပါတဲ့။

ဒီစာပိုဒ်က အနီရောင်အခန်းငယ်၏အိပ်မက်များကနေ ဆင်းသက်လာတာပါ တဲ့။

...

******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

All Chapters