အခန်း (၂၅၆-၂၆၀)
Vol. 11 Ch. 256-260
အပိုင်း ၂၅၆ ထောက်လှမ်းခြင်း
တောင်လေများသည် ဒေါသတကြီးဖြင့် တိုက်ခတ်နေ၏။ ရှိုရှုဘုရင်နှင့် အခြားသူများက သူတို့ပြုလုပ်မည့် နောက်ထပ်အရာများကို အစီအစဉ်ရေးဆွဲနေချိန်တွင် မည်သူမျှသတိမထားမိသည့် ကြီးမားသည့် လင်းယုန်ငှက်တစ်ကောင်သည့် သူတို့အထက် မှောင်မဲနေသည့် ကောင်းကင်ယံတွင် ပျံဝဲနေလေသည်။
ထိုလင်းယုန်ငှက်သည် လုံးဝတိတ်ဆိတ်နေခဲ့သည်။ သို့သော် သူ၏ စူးရှသည့်မျက်လုံးများသည် အရာအားလုံးကို သူ့မှတ်ဉာဏ်ထဲသို့ ရိုက်နှိပ်သွားပုံရသည်။
ရှူးး
မသိနိုင်သည့် အချိန်တစ်ခုကြာပြီးနောက် လင်းယုန်သည် ထိုနယ်မြေမှ ထွက်ခွာလိုက်ကာ လေများဒေါသတကြီးတိုက်ခတ်နေသည့်ကြားမှ အရှေ့မြောက်ဘက်သို့ ပျံသန်းသွားခဲ့သည်။
ရှုရှု
လင်းယုန်ကြီးသည် သစ်ပင်တစ်၏အကိုင်းအခက်များကို ဖြတ်သန်းကာ ဆင်းသက်လာပြီး နောက်ဆုံးတွင် တောင်များအကြားရှိ တောင်ကုန်းငယ်လေးတစ်ခုသို့ ရောက်လာခဲ့သည်။ လက်မောင်းတစ်ဖက်သည် လေ့ကျင့်ထားသော ဉာဏ်ရည်ထက်မြက်သည့် လင်းယုန်ငှက်ကို ခွင့်ပြုရန် ဆန့်ထုတ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် အခြားလက်တစ်ဖက်သည် အသားတုံးတစ်တုံးကို လွှင့်ပစ်လိုက်သည်။
လင်းယုန်ကြီးသည် အသားတုံးကို ကိုက်ဖမ်းလိုက်ပြီး အားပါးတရကိုက်ဝါးလိုက်ကာ မြိုချလိုက်သည်။
"ဂိုဂူလျောစခန်းက အဲဒီမှာရှိမယ်ထင်တယ်"
လက်ပေါ်တွင် လင်းယုန်ငှက်ရပ်နားနေသည့် အဖိုးအိုလင်းယုန်ငှက်၏ နံဘေးတွင် တစ်ကိုယ်တော်ဝံပုလွေသည် မှိန်းမောနေသည့် အမူအရာဖြင့် သူ့လက်များကို ဆုပ်လိုက်သည်။ သူ့အကြည့်သည် တောင်လေများတိုက်ခိုက်နေသည့်ကြားတွင် ရေးရေးလေးမြင်နေရသည့် ဘုန်းကြီးကျောင်းတစ်ခု၏ ထိပ်သို့ ဦးတည်နေခဲ့သည်။
"ဒီဂိုဂူလျောတွေက အသေအချာကို ဉာဏ်များတာပဲ။ တောင်တွေရဲ့ အနက်ပိုင်းမှာ ဘုန်းကြီးကျောင်းတစ်ခုကို သူတို့ရဲ့ စခန်းအဖြစ် တကယ်ပဲယူထားတယ်။ တကယ်လို့ ငါတို့သာ ဒါကို ကြိုတင်ပြီးသိရှိမထားရင် ဘယ်သူကများ ဒါကို သူတို့ရဲ့စစ်ဆင်ရေးအတွက်စခန်းဖြစ်မယ်လို့ တွေးမိမှာလဲ။ "
သံမဏိလက်သည် မတတ်နိုင်ဘဲ စိတ်သက်သာရာရသွားခဲ့သည်။ အကယ်၍ လူအိုကြီးလင်းယုန်ငှက် လေ့ကျင့်ပေးထားသော လင်းယုန်များသည် ဤဘုန်းကြီးကျောင်းသို့ ဂိုဂူလျောများ ဆက်သွယ်ရန် အသုံးပြုသည့် ကျီးကန်းနောက်သို့ လိုက်မသွားခဲ့ပါက သူသည် ဂိုဂူလျောများ ထိုနေရာတွင် ပုန်းအောင်းနေမည်ဟု တွေးမိလိုက်မည်မဟုတ်ပေ။
"လွန်ခဲ့တဲ့ လေးလလောက်က တောင်တွေရဲ့အလယ်မှာ ဘုန်းကြီးကျောင်းတစ်ခု ဆောက်လုပ်လှူဒါန်းဖို့ တော်ဝင်ရုံးတော်ကို ကုန်သည်တစ်ဦးက တင်ပြခဲ့တာကို ငါအမှတ်ရသေးတယ်။ အခုကြည့်ရတာတော့ သူတို့ဟာ အဲဒီအချိန်ကစလို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့တယ်။ ”
ဝမ်ချောင်သည်လည်း အနောက်တောင်ဘက်သို့ ကြည့်လိုက်ပြီး ကြီးမားသည့် ဘုန်းကြီးကျောင်းကို မြင်တွေ့လိုက်သည်။ ထို့နောက် သူ့နဖူးပေါ်တွင် နက်ရှိုင်းသည့်တွန့်ချိုးနေမှုများ ချက်ချင်းထွက်ပေါ်လာခဲ့သည်။ ဤဘုန်းကြီးကျောင်းသည် သူ့ယခင်ဘဝတွင်လည်း ကျော်ကြားလှသည်။ သို့သော် ဂိုဂူလျောတို့အတွက် စုဝေးရာနေရာဖြစ်မည်ဟု မည်သူက တွေးမိမည်နည်း။
ယခုစဉ်းစားကြည့်လိုက်လျှင် ဤဘုန်းကြီးကျောင်းသည် ရှိုရှုဘုရင်သည် ဘာကြောင့် မဟာထန်၏ ဖမ်းဆီးမှုမှ ဂိုဂူလျောသို့ အောင်မြင်စွာ လွတ်မြောက်သွားနိုင်သည်လဲ ဆိုသည့် ကိစ္စတွင် အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်ခဲ့သည်မှာ ဖြစ်နိုင်သည်။
"ဒီဘုန်းကြီးကျောင်းက ဂိုဂူလျောတို့ရဲ့ စုဝေးရာနေရာဖြစ်လို့ သံသယရှိစရာမလိုဘဲ ဒါကိုလှူဒါန်းခဲ့တဲ့ ကုန်သည်ကလည်း ဂိုဂူလျောပဲဖြစ်ရမယ်။ ငါကြားတာတော့ ဒါကို ဆောက်လုပ်နေတုန်းက သူခေါ်ခဲ့တဲ့ အလုပ်သမားတွေဟာ နယ်မြေအနားချဉ်းကပ်လာတဲ့ အပြင်လူတွေကို တားမြစ်ခဲ့ကြတယ်။ ဖြစ်နိုင်တာက ဘုန်းကြီးတွေနဲ့ အလုပ်သမားတွေဟာလည်း ဂိုဂူလျောပဲဖြစ်ရမယ်။ "
"ဒါက ဘယ်လောက်ထိ ကြီးကြီးမားမား အရေးပါနေသလဲဆိုတာအရ ဂိုဂူလျောတွေဟာ အလုပ်တွေကို ပြင်ပလူတွေကို တာဝန်ခွဲပေးလို့ မရဘူး။ "
အားကောင်းသည့် လေသည် တောင်ကုန်းလေးကို ဖြတ်သန်းတိုက်ခတ်လာကာ တင်းမာသည့် အမူအရာရှိနေသည့် ဤလူစု၏ မျက်နှာကို ပွတ်တိုက်သွားခဲ့သည်။
ရှိုရှုဘုရင်သည် သူတို့တွေးထားသည်ထက် ပို၍ဉာဏ်နီဉာဏ်နက်များပေသည်။
အကယ်၍ တစ်စုံတစ်ခုဖြစ်ပွားခဲ့လျှင်ပင် မည်သူမျှ ဤဘုန်းကြီးကျောင်းကို သံသဝင်မည်မဟုတ်ပေ။ အားလုံးပြီးနောက် အရာအားလုံးသည် ပွင့်ပွင့်လင်းလင်းချပြထားခဲ့သည်။ ဘုန်းကြီးကျောင်းတည်ဆောက်ခြင်းသည် တရားဝင်တင်ပြခဲ့ပြီး တော်ဝင်ရုံးတော်၏ မျက်လုံးအောက်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဤဘုန်းကြီးကျောင်းကို သင်္ကာမကင်းဖြစ်ရန် တော်ဝင်ရုံးတော်အတွက် အကြောင်းပြချက်မရှိပေ။
"သူတို့တွေ လူဘယ်လောက်ပဲခေါ်လာပြီး ဘယ်လောက်ပဲ ဉာဏ်များပါစေ ဒီစစ်ဆင်ရေးက သေချာပေါက် ကျရှုံးရမယ်။ လူအိုကြီးလင်းယုန် အခြေအနေဘယ်လိုလဲ။ "
မာယင်လုံသည် သူ့လင်းယုန်ငှက်ကို အစာကျွေးခြင်းဖြင့် အလုပ်ရှုပ်နေသော လူအိုကြီးလင်းယုန်ငှက်ကို လှည့်မေးလိုက်သည်။
"အရမ်းမကောင်းဘူး။ သူတို့ဟာ ခြေသုံးလှမ်းအကွာတိုင်းမှာ ကင်းစောင့်တစ်ယောက်ရှိပြီး ခြေငါးလှမ်းအကွာတိုင်းမှာ ကင်းလှည့်နေတဲ့လူတွေရှိတယ်။ ငါတို့ ဘုန်းကြီးကျောင်းအနားကို မကပ်နိုင်ခင်မှာ ဂိုဂူလျောတွေ သတိပြုမိသွားမှာကို စိုးရိမ်မိတယ်။ ဒါ့အပြင် ဒီနယ်မြေတစ်ခုလုံးဟာ သစ်ပင်ပန်းမန်တွေနဲ့ တိရစ္ဆာန်တွေနဲ့ ပြည့်နှက်နေတယ် ပြီးတော့ မြေမျက်နှာသွင်ပြင်ကလည်း ရှုပ်ထွေးလှတယ် ဒါကြောင့် သူ့ကို ထွက်ပြေးဖို့ လွယ်ကူစေတယ်။ ဂိုဂူလျောတွေက သူတို့အစီအစဉ်ပျက်စီးသွားတာကို နားလည်လိုက်တာနဲ့ သူတို့ဟာ ဘုန်းကြီးကျောင်းကို စွန့်ခွာပြီး သူတို့ဆန္ဒရှိတဲ့အချိန် ထွက်ပြေးနိုင်တယ်။ "
လူအိုကြီး လင်းယုန်ငှက်သည် သူ့လက်မောင်းပေါ်ရှိ လင်းယုန်ငှက်ကြီးကို နောက်ဆုံးအသားတုံးကျွေးလိုက်ကာ တင်းမာစွာဖြင့် ပြန်ဖြေလိုက်သည်။ ဂိုဂူလျောများသည် သူမျှော်လင့်ထားသည်ထက် များစွာသတိထားနေပေသည်။ သူတို့အမြတ်ထုတ်ရန် မည်သည့်လမ်းစမျှ သူ ရှာမတွေ့ခဲ့ပေ။
ထိုကဲ့သို့ အခြေအနေအောက်များတွင် ဘုန်းကြီးကျောင်းသို့ ချဉ်းကပ်ရန် သူတို့အတွက် မဖြစ်နိုင်ပေ။ သူတို့၏တပ်ဖွဲ့သည် အနားသို့ မရောက်မီမှာပင် သူတို့၏ ပစ်မှတ်များသည် လွတ်မြောက်သွားပြီးဖြစ်ပေလိမ့်မည်။
လူအိုကြီး လင်းယုန်ငှက်၏ စကားများကို ကြားသည်တွင် လူတိုင်း မျက်မှောင်ကြုတ်လိုက်ကြသည်။
ဤပြဿာနာကို သူတို့မဖြေရှင်းနိုင်းသရွေ့ ဂိုဂူလျောတို့၏ နောက်ဆုံးစုဝေးရာနေရာကို ရှာတွေ့ခဲ့လျှင်ပင် သူတို့၏ စစ်ဆင်ရေးသည် အောင်မြင်ရန် မဖြစ်နိုင်ပေ။
"ဒါသာမကသေးဘူး သူတို့ဒီကို စေလွှတ်လိုက်တဲ့ လက်ရွေးစင်တပ်သားတွေကို မင်းတို့မေ့နေပြီလား။ ရှိုရှုဘုရင်က ဩဇာကြီးတဲ့ အရာရှိတွေကို ကိုင်တွယ်ဖို့ ရည်ရွယ်ထားတာကြောင့် ဂိုဂူလျောကနေစေလွှတ်လိုက်တပ်သားတွေက ထိပ်တန်းကျွမ်းသူတွေပဲဖြစ်ရမယ်။ အမှန်တော့ သူတို့ထဲက အချို့ဟာ တပ်မှူးအဆင့်တောင်ဖြစ်နိုင်တယ်။ တကယ်လို့ ငါတို့မှာ လုံလောက်တဲ့ လူအင်အားမရှိရင် ငါတို့ဟာ သူတို့ရဲ့ သုတ်သင်ရှင်းလင်းတာကို ခံလိုက်ရနိုင်တယ်။ "
သံမဏိလက်သည် တင်းမာစွာဖြင့် ပြောလိုက်သည်။ သူသည် ဂရုမစိုက်သောကြောင့် လွန်ခဲ့သည့် နှစ်တစ်ဒါဇင်ခန့်က လက်တစ်ဖက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။ ထိုအချိန်က သူကြုံတွေ့ခဲ့ရသည့် သင်ခန်းစာမှာ သူစိတ်ထဲတွင် စွဲစွဲမြဲမြဲရေးထိုးထားဆဲဖြစ်သည်။
"သခင်လေး မင်းသတိပြုရမယ့် ကိစ္စတစ်ခုရှိတယ်။ ပြီးခဲ့တဲ့ စခန်းအနည်းငယ်ကနေ ငါတို့သုတ်သင်ခဲ့တဲ့ ဂိုဂူလျောတွေဟာ သာမန်စစ်သည်တွေသာ ဖြစ်တယ်။ တစ်ဖက်မှာတော့ ဩဇာကြီးမားတဲ့ အရာရှိတွေကို လုပ်ကြံသတ်ဖြတ်ဖို့ ရှိုရှုဘုရင် ဆင့်ခေါ်လိုက်တဲ့စစ်သည်တွေဟာ ဂိုဂူလျောတိုင်းပြည်က လက်ရွေးစင်စစ်သည်တွေဖြစ်တယ်။ "
"တကယ်လို့ ငါတို့က သူတို့ကို ရှင်းပစ်ချင်တယ်ဆိုရင် ငါတို့ အထူးဂရုစိုက်မှရမယ်။ ငါတို့ရဲ့စစ်ဆင်ရေးကျရှုံးခဲ့ရင် ငါတို့ဘယ်သူမှ အကျိုးဆက်ကိုမှ ခံနိုင်မှာ မဟုတ်ဘူး။ "
မြို့တော်ထဲတွင် ဖြစ်ပွားခဲ့သည့် ဂိုဂူလျောအဖြစ်အပျက်သည် ကြီးမားသည့် မုန်တိုင်းကို ဖြစ်စေခဲ့ပြီး လူတိုင်းသည် ထိုအပေါ်တွင် အာရုံစိုက်နေကြသည်။ ဤထဲတွင် အနောက်ပိုင်းဒေသကဲ့သို့သော နိုင်ငံခြားသားများလည်း ပါဝင်ပေသည်။
အကယ်၍ ဤစစ်ဆင်ရေးသာ ကျရှုံးပြီး ဂိုဂူလျောများသည် ထွက်ပြေးလွတ်မြောက်နိုင်ပါက ဝမ်ကလန်၏ ဂုဏ်သတင်းသည် များစွာထိုးကျသွားမည်မှာ သေချာပေသည်။
"ဒီလို ကိစ္စသေးသေးလေးတွေကို ကျွန်တော့်ဆီထားခဲ့ပါ။ "
တခဏမျှစဉ်းစားပြီးနောက် ဝမ်ချောင် ပြုံးလိုက်သည်။
"စုန့်ဘုရင်ကနေတဆင့် တော်ဝင်ရုံးတော်နဲ့ ညှိနှိုင်းဆွေးနွေးပြီး သူတို့မှာရှိတဲ့ အကောင်းဆုံးလက်ရွေးစင်တွေကို စေလွှတ်ခိုင်းလိုက်မယ်။ လွန်ခဲ့တဲ့ နှစ်တစ်ဒါဇင်ကျော်ခန့်က ကိစ္စဟာ နောက်တစ်ကြိမ်ပြန်ဖြစ်တော့မယ်လို့ သူတို့ကိုပြောလိုက်ရင် ဒီကိစ္စရဲ့ ပြင်းထန်ပုံကို သူတို့နားလည်လိမ့်မယ် တော်ဝင်ရုံးတော်ကလည်း ဘာလုပ်ရမလဲဆိုတာ သိလိမ့်မယ်။ "
လွန်ခဲ့သည့်ဆယ်စုနှစ်တစ်ခုကျော်က ဖြစ်ပျက်ခဲ့သောကိစ္စသည် တော်ဝင်ရုံးတော်ကို အပြင်းအထန်ထိုးနှက်ခဲ့ပြီး လူအိုမျိုးဆက်အရာရှိအများစု၏ စိတ်ထဲတွင် သစ်လွင်နေဆဲဖြစ်သည်။
အမှန်တွင် ဝမ်ချောင်သည် သိပ်အများကြီး လုပ်စရာမလိုပေ။ အခြေအနေကို ဖော်ပြလိုက်ရုံမျှဖြင့် ဩဇာကြီးမားသည့် အရာရှိများသည် သူတို့တွင်ရှိသော အားကောင်းသည့် လူများကို သူ့ထံသို့ သေချာပေါက် စေလွှတ်ပေးလိမ့်မည်ဟု ဝမ်ချောင်ယုံကြည်လေသည်။ လူအင်အားနှင့် ပတ်သက်၍ သူ့တွင် စိုးရိမ်စရာမရှိပေ။
မာယင်လုံ၊ လူအိုကြီးလင်းယုန်၊ သံမဏိလက်နှင့် တစ်ကိုယ်တော်ဝံပုလွေတို့သည် တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
ဤသည်မှာ ဩဇာလွှမ်းမိုးပြီး အားကောင်းသည့်နောက်ခံကို ပိုင်ဆိုင်ထားခြင်း၏ စွမ်းအားပင်ဖြစ်သည်။
ဝမ်ချောင်ဖက်တွင် စကားလုံးအနည်းငယ်ဖြင့် ပြီးမြောက်နိုင်သည့် ဤကိစ္စသည် သူတို့အတွက် လုံးဝမဖြစ်နိုင်ပေ။ အနည်းဆုံး သူတို့တွင် ဝမ်ချောင်ကဲ့သို့ အဆက်အသွယ်များ ရှိခဲ့လျှင် ထိုအချိန်က ဝမ်းနည်းစရာကောင်းသည့် အရှုံးကို သူတို့ခံစားရမည်မဟုတ်ပေ။ ထို့အပြင် သူတို့၏ညီအစ်ကိုများသည် ရှိုရှုဘုရင်၏ 'ကြီးမြတ်ခြင်း' အတွက် လမ်းခင်းပေးခြင်းဖြင့် အဆုံးသတ်မည်မဟုတ်ပေ။ သူတို့သည်လည်း ညရောက်သည်နှင့် အိပ်မက်ဆိုးများမက်လိမ့်မည်မဟုတ်ပေ။
သူတို့သည် နောင်တရမိသော်လည်း သူတို့ဘက်တွင် မျိုးဆက်သစ်လူငယ်တစ်ယောက်ရှိခြင်းအတွက် စိတ်သက်သာရာရသွားခဲ့ကြသည်။ ဤသည်က သူတို့၏ စစ်ဆင်ရေးတွင် အများကြီးအဆင်ပြေစေလေသည်။
ပြောစရာမလိုအောင်ပင် သူတို့လေးယောက်သည် စစ်မှုထမ်းဌာနနှင့် ပြစ်ဒဏ်ဌာနမှ ထုတ်ပယ်ခြင်းခံလိုက်ရပြီဖြစ်သောကြောင့် ဝမ်ချောင်ကိုသာ အားကိုး၍ရပေမည်။
"ကင်းစောင့်တွေကို ဖြေရှင်းဖို့လည်း ငါတို့ နည်းလမ်းရှာရမယ်။ ဒါက ငါတို့စစ်ဆင်ရေးအောင်မြင်ဖို့ အရေးကြီးတယ်။ "
သံမဏိလက် ပြောလိုက်သည်။
"စိတ်မပူပါနဲ့ သူတို့ လွတ်မှာ မဟုတ်ဘူး။ "
ဝမ်ချောင်ရယ်မောလိုက်သည်။ သူသည် လက်ကို မြောက်လိုက်ကာ မြေပြင်ပေါ်တွင် စတင်ရေးဆွဲလိုက်သည်။ သူ၏ ရုတ်ချည်းအပြုအမူသည် ထိုလေးယောက်၏ အာရုံကို ချက်ချင်းဆွဲဆောင်သွားခဲ့သည်။
"ကျွန်တော် အတွေးတချို့တွေးထားတယ် ဘုန်းကြီးကျောင်းပတ်ပတ်လည်က မြေပြင်အနေအထားအရ နယ်မြေတစ်ခုလုံးကို ဝိုင်းထားဖို့ ကျွန်တော်တို့အတွက် မလိုအပ်ပါဘူး။ ကျွန်တော်တို့က လမ်းကြောင်းပိတ်ဆို့ဖို့ စစ်တပ်ကို ဒီနေရာနဲ့ ဒီနေရာမှာ နေရာချလိုက်တာနဲ့ သူတို့တွေ လွှတ်မြောက်တော့မှာ မဟုတ်ဘူး။ "
ဝမ်ချောင်သည် မြေမျက်နှာသွင်ပြင်၏ ပုံကြမ်းကို လျင်မြန်စွာရေးဆွဲလိုက်သည်။ ယခင်ဘဝတွင် သူ့ဘဝတစ်ဝက်လောက်ကို စစ်မြေပြင်၌ ကုန်ဆုံးပြီးနောက် အလယ်ပိုင်းလွင်ပြင်ဒေသတစ်လျှောက်ရှိ တောင်တန်းနှင့်မြစ်ပြင်များနှင့် သူ ရင်းနှီးနေပြီဖြစ်သည်။
မာယင်လုံနှင့် တခြားသူများကဲ့သို့သော စစ်မှုထမ်းဟောင်းများပင်လျှင် မြေမျက်နှာသွင်ပြင်နှင့် အရမ်းကြီး မရင်းနှီးပေ။ သို့တိုင် ဝမ်ချောင်ကဲ့သို့ လူငယ်တစ်ယောက်သည် လွယ်ကူစွာဖြင့် ရေးဆွဲနိုင်ခဲ့သည်။ စိတ်၏အနက်ရှိုင်းဆုံးတွင် သူတို့သည် အံ့အားသင့်နေကြပေသည်။
"ဒါပေမယ့် ငါတို့အဲဒါကို ဘယ်လိုလုပ်မှာလဲ။ ဒီလောက်ကြီးမားတဲ့ စစ်တပ်ကို ဂိုဂူလျောတွေ သတိမပြုမိစေဘဲ ခေါ်ဆောင်သွားဖို့ မဖြစ်နိုင်ဘူး။ စစ်တပ်ဟာ မြို့တံခါးကနေ ထွက်ခွာတာနဲ့ ရှိုရှုဘုရင်က သေချာပေါက် သတိပြုမိပြီးဖြစ်လိမ့်မယ်။ "
မာယင်လုံပြောလိုက်သည်။
ဝမ်ချောင်၏ စိတ်ကူးသည် ကောင်းမွန်၏။ သို့သော် ထိုသည်မှာ လက်တွေ့မကျပေ။
“မြို့တော်အတွင်းက တော်ဝင်တပ်တွေကို တပ်ဖြန့်ဖို့ ဘယ်သူပြောလဲ”
ဝမ်ချောင် ဝါးလုံးကွဲရယ်မောလိုက်သည်။
“နှစ်စဉ်နှစ်တိုင်း စစ်မှုထမ်းဌာနက ဝန်ထမ်းတွေကို ပုံမှန်အပြောင်းအလဲ လုပ်တယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့က လက်ရွေးစင်စစ်သားတစ်ချို့ကို အဲဒီအုပ်စုထဲမှာထည့်သွင်းလိုက်ပြီး မြောက်ဘက်ကို ဦးတည်စေလိုက်မယ်။ "
"စစ်မှုထမ်းဌာနလား"
ထိုအုပ်စုသည် အံ့အားသင့်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ဂိုဂူလျောများကို ဝန်းရံရန်အတွက် စစ်မှုထမ်းဌာန၏ အမှုထမ်းများအားရွေ့ပြောင်းခြင်းကို အသုံးပြုရန်စိတ်ကူးမှာ သူတို့လေးယောက်အတွက် စိတ်ကူး၍ပင် မရနိုင်သောအရာဖြစ်သည်။
တိုင်းပြည်တစ်ပြည်၏ အခြေခံအုတ်မြစ်ဖြစ်သည့် တပ်မတော်သည် ချင့်ချိန်၍ စီမံခန့်ခွဲရမည်ဖြစ်သည်။
စစ်မှုထမ်းဌာနမှ ပေါ့ပေါ့တန်တန်ထုတ်ပြန်သည့် အမိန့်တစ်ခုမျှမရှိပေ။ ထို့ကြောင့် ဝမ်ချောင်၏ စိတ်ကူးကို သူတို့မတွေးမိခြင်းဖြစ်သည်။
သို့တိုင် ဝမ်ချောင်သည်တော့ ထိုသည်ကို ဘာမျှမဟုတ်သကဲ့သို့ ပေါ့ပေါ့ပါးပါးပြောခဲ့သည်။
"ကျွန်တော် ကြောက်နေတာ မဟုတ်ပေမယ့် တော်ဝင်ရုံးတော်ရဲ့ ဩဇာကြီးမားတဲ့ အရာရှိတွေကို သတ်ဖြတ်ခြင်းရဲ့ အကျိုးဆက်ကို ခင်ဗျားတို့တွေးဖူးလား။ သေချာပေါက် အတုအယောင်ဖြန့်ကျက်ခြင်းက အဲဒါနဲ့ယှဉ်ရင်ဘာမှမဟုတ်ပါဘူး။ အမိန့်တွေက ငါတို့အသက်နဲ့ယှဉ်ရင် စကားလုံးမျှသာဖြစ်တယ်။ တကယ်လို့ ရလဒ်ကောင်းရင် လူတိုင်းက လက်ခံလိမ့်မယ်။ ဒါ့အပြင် ဒါက ကြီးမားတဲ့ပမာဏကို ပြန်လည်နေရာချထားတာလည်းမဟုတ်ဘူး။ ဒီလူတွေက မြို့နဲ့အနီးဆုံးမှာရှိတဲ့ ခံတပ်ကိုပဲ ဦးတည်သွားရမှာ။ ဒီနည်းလမ်းနဲ့ အကျိူးသက်ရောက်မှုကို အနည်းဆုံးအထိ လျှော့ချနိုင်လိမ့်မယ်။ "
ထိုလေးယောက်ဘာတွေးနေသည်ကို သတိပြုမိပုံဖြင့် ဝမ်ချောင် ရှင်းပြလိုက်သည်။
ထိုလေးယောက်သည် တခဏမျှစဉ်းစားလိုက်ကြကာ နောက်ဆုံးတွင် သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။ အကယ်၍ ဤသည်မှာ နည်းပါးသည့်ပမာဏကို ပြန်လည်နေရာချထားခြင်းဆိုပါက ထိုသည်မှာ သူတို့အတွက် လက်ခံ၍ရပေသည်။
"ဒါဆို ကျန်နေတဲ့ ရှိုရှုဘုရင်ကိုရော"
ထိုခဏတွင် လေထုသည် တင်းမာသွားခဲ့သည်။
ဤအချိန်တွင် ဝမ်ချောင်ပင်လျှင် တိတ်ဆိတ်သွားခဲ့သည်။ သူသည် မည်သည့်အကြံအစည်ကိုမျှ ကမ်းလှမ်းလိုခြင်းမဟုတ်သော်လည်း သူကမ်းလှမ်းနိုင်သည့် တန်ဖိုးရှိသည့်အကြံများ မရှိခဲ့ပေ။ သူသည် ရှိုရှုဘုရင်ကို ယခင်က မမြင်တွေ့ခဲ့ဖူးပေ။ ထို့အပြင် တစ်ဖက်လူ၏ ပုံစံကိုလည်းမသိပေ။ သူ့ကို ဖမ်းဆီးရန် အစီအစဉ်တစ်ခုရေးဆွဲရန်မှာ ပြောစရာပင်မလိုပေ။
ထိုသို့သော အခြေအနေအောက်တွင် ဝမ်ချောင်သည် သူ့ရှေ့၌ ရှိုရှုဘုရင် ရပ်နေလျှင်ပင် သိလိမ့်မည်မဟုတ်ပေ။ သူသည် အဖွဲ့တစ်ခုကို ဦးဆောင်ကာ သူ့ကို မည်သို့ဖမ်းဆီးနိုင်မည်နည်း။
ထိုသည်သာမက ယခင်ထိပ်တိုက်ရင်ဆိုင်မှုများမှ ရှိုရှုဘုရင်၏ ရက်စက်ယုတ်မာမှုကို ဘေးဖယ်ထားလိုက်လျှင်ပင် သူသည် စဉ်းလဲသည့် မြေခွေးတစ်ကောင်ဖြစ်သည်။
သူတို့ရှေ့ရှိ ဤဘုန်းကြီးကျောင်းသည် ထိုသည်ကို အကြီးမားဆုံး သက်သေပြနေပေသည်။
"လူအိုကြီးလင်းယုန် ဒါဆို ခင်ဗျားအပေါ်ပဲ မှီခိုရတော့မယ်။ စစ်ဆင်ရေးစတင်တဲ့အချိန်မှာ ခင်ဗျားက လင်းယုန်ငှက်တွေအားလုံးကို လွှတ်ပြီး ပိတ်ဆို့မှုကနေ ထွက်ပြေးဖို့ကြိုးစားတဲ့ ဂိုဂူလျောတွေကို စောင့်ကြည့်ပါ။ ကျွန်တော်တို့က သူတို့တစ်ယောက်ကိုတောင်မှ လွတ်မြောက်ခွင့်ပေးလို့မရဘူး။ ဒါက ကျွန်တော်တို့ရဲ့ နောက်ဆုံး အခွင့်အရေးဆိုတာ ခင်ဗျားသိမှာပါ။ "
"အင်း"
လူအိုကြီးလင်းယုန်၊ သံမဏိလက်နှင့် တစ်ကိုယ်တော်ဝံပုလွေတို့သည် သူတို့ခေါင်းများကို လေးနက်စွာ ညိတ်ပြလိုက်ကြသည်။ ထို့နောက် သူတို့သည် ဝမ်ချောင်ကို နိမိမကောင်းသည့် ခံစားချက်များ ကျန်ခဲ့စေသည့် အကြည့်များကို ဖလှယ်လိုက်ကြသည်။
မည်သူ့ကိုမျှ သတိမပြုမိစေဘဲ ထိုငါးယောက်သည် တောတောင်ထဲမှ တိတ်ဆိတ်စွာ ပြန်လာခဲ့ကြသည်။
-------
******
pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်
Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်
အပိုင်း ၂၅၇
ဘုန်းကြီးကျောင်းကို ဝိုင်းရံခြင်း
ဂိုဂူလျောဖြစ်စေ ဝမ်ချောင်ဖြစ်စေ နှစ်ဖက်စလုံးသည် သူတို့၏ ပြင်ဆင်ခြင်းများကို လျင်မြန်စွာ လုပ်ဆောင်နေကြသည်။ ဝမ်ချောင်သည် ဂိုဂူလျောများ သူတို့၏ အစီအစဉ်များကို ရှေ့တိုး လုပ်ဆောင်နေသည်ကို မသိသော်လည်း ဝမ်ချောင်နှင့် အဖွဲ့သည် သူတို့၏ အသိုက်ကို တိုက်ခိုက်ရန် စီစဉ်နေကြောင်း ဂိုဂူလျောတို့မှ မသိခဲ့ပေ။
နှစ်ဖက်စလုံးသည် ထိုသည်ကို သဘောမပေါက်သေးသော်လည်း ထိုအရာသည် အချိန်ကာလ၏ ပြိုင်ဆိုင်မှု တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပေပြီ။
အကယ်၍ ဂိုဂူလျောများသည် ဝမ်ချောင်နှင့် သူ့အဖွဲ့များ ပြင်ဆင်မှုများမပြီးမီ တိုက်ခိုက်ခဲ့လျှင် စစ်ဆင်ရေးသည် သနားစရာကောင်းသွာ ရှုံးနိမ့်သွားပေလိမ့်မည်။
သိထားရမည်မှာ ဘုန်းကြီးကျောင်းသည် မြို့တော်နှင့် အလွန်နီးကပ်ပေသည်။
အလားတူပင် အကယ်၍ ဝမ်ချောင်နှင့် အခြားလူများသည် အဖွဲ့အမျိုးမျိုးကို သူတို့နှင့်အတူ လက်တွဲလုပ်ဆောင်ပြီး အရေးကြီးသောဒေသများတွင် လိုအပ်သော တပ်များချထားခြင်းကို အပြီးသတ်နိုင်လျှင် ဂိုဂူလျောများသည် သေချာပေါက်ရှုံးနိမ့်သွားပေလိမ့်မည်။
ဤကဲ့သို့ အရေးကြီးသော အခိုက်အတန့်တွင် မညါသူမျှ တစ်ဖက်၏ လူများကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းကာ သတင်းအချက်အလက်များ စုစည်းလိုခြင်းမရှိပေ။ ဤသည်မှာ အလွန်အန္တရာယ်များလှသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် သူတို့သည် တစ်ဖက်ကို သတိပေးသကဲ့သို့ ဖြစ်သွားစေနိုင်သည်။
သုံးရက်သည် လျင်မြန်စွာကုန်ဆုံးသွားခဲ့သည်။
"ဒါက နောက်ဆုံးတော့ ပြီးမြောက်သွားခဲ့ပြီ"
မြို့တော်၏အပြင်ဘက် တောင်တစ်ခုပေါ်ရှိ ဘုန်းကြီးကျောင်း အတွင်းတွင် အနက်ရောင် ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားသည့် ထပ်ပြောင်ဂိုဂူလျောစစ်သည်သည် ဘုန်းကြီးတစ်ပါး အဖြစ်ဟန်ဆောင်ထားသည်။ သူသည် ပြင်းထန်စွာ သက်ပြင်းရှိုက်လိုက်ကာ စိတ်လှုပ်ရှားမှုများကို သူ့အသံထဲတွင် ဖုံးကွယ်ထားနိုင်ခြင်းမရှိပေ။
အချိန်အချို့ယူလိုက်ရသော်လည်း သူတို့သည် နောက်ဆုံးတွင် သူတို့၏ပြင်ဆင်မှုများကို ပြီးမြောက်သွားခဲ့ကြသည်။ ဂိုဂူဂျောတိုင်းပြည်မှ ထိပ်တန်းကျွမ်းကျင်သူများသည် ဤဘုန်းကြီးကျောင်းသို့ ရောက်လာခဲ့ပြီဖြစ်သည်။ မကြာမီ မဟာထန်သည် သွေးပင်လယ်ဖြင့် ဖုံးလွှမ်းသွားပေတော့မည်။
သြဇာကြီးသော ရာထူးတစ်ခုသို့ တက်လှမ်းနိုင်သူတိုင်းတွင် ကျွမ်းကျင်ပညာရှင်များနှင့် ပြည့်နှက်နေသော အစောင့်အကြပ် နေအိမ်များရှိသည်။ သူတို့ကို လုပ်ကြံသတ်ဖြတ်ရသည့်အလုပ်မှာ မလွယ်ကူပေ။ ဤသည်မှာ သူတို့သည် သူတို့၏ တိုင်းပြည်မှ အကောင်းဆုံး ကျွမ်းကျင်သူများကို ခေါ်ဆောင်လာရခြင်း၏ အကြောင်းအရင်းဖြစ်သည်။
သူတို့အတွက် ဤသည်မှာ ရိုးရှင်းသော လုပ်ကြံသတ်ဖြတ်သည့် တာဝန်တစ်ခုထက်မပိုပေ။ ယင်းအစား သူတို့သည် သူတို့၏အမိမြေအတွက် ကုန်ကျစရိတ် အားလုံးဖြင့် အနိုင်ယူရမည့် စစ်ပွဲဖြစ်သည်။
လူတိုင်းသည် အသက်ရှင်လျက် ပြန်ထွက်လာရန် သူတို့အတွက် ခက်ခဲလိမ့်မည်ကို သိရှိထားကြပြီး သူတို့သည် နောက်ဆုံးထွက်သက်အထိ တိုက်ခိုက်ကြမည်ဟု ကျမ်းသစ္စာဆိုခဲ့ကြပြီဖြစ်သည်။
"မင်းတို့အားလုံးအဆင်သင့်ပဲလား"
ဘုန်းကြီးတစ်ပါးကဲ့သို့ ဝတ်ဆင်ထားသော ဂိုဂူလျောသည် သူ့လက်ကို မြှောက်လိုက်ပြီး စူးစူးဝါးဝါးအော်လိုက်သည်။ တခဏအတွင်းမှာပင် ဩဘာပေးသံများ ပတ်ဝန်းကျင်ထဲသို့ ပေါက်ကွဲသွားခဲ့သည်။
"ကျွန်တော်တို့အဆင်သင့်ပါ"
"တိုင်းပြည်အတွက်"
ကောင်းကင်မှ ငုံ့ကြည့်လိုက်လျှင် ဘုန်းကြီးကို ဆေဘာဓားသုံးချောင်း ချိတ်ဆွဲထားသော အနက်ရောင်ဝတ်ဆင်ထားသည့် ဂိုဂူလျောလက်ရွေးစင်များက ဝန်းရံထားသည်။ သူတို့၏ စူးရှသော မျက်လုံးများသည် စိတ်အားထက်သန်မှု၊ စိတ်လှုပ်ရှားမှုနှင့် ရူးသွပ်မှုတို့ဖြင့် တောက်ပနေသည်။
သူတို့ထုတ်လွှတ်နေသည့် သတ်ဖြတ်ခြင်း စိတ်ဆန္ဒသည် ဧရာမဆူနာမီကြီးသည် ပတ်ဝန်းကျင်သို့ ရိုက်ခတ်လာသကဲ့သို့ ခံစားရစေသည်။
လေးလတာ ကြာမြင့်ခဲ့သော ရှည်လျားပြီး အနုစိပ်ကျသည့် ပြင်ဆင်မှုသည် နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ တစ်ထောင်ထက်ပိုသော သူတို့တိုင်းပြည်၏ ရဲရင့်သည့် စစ်သည်များသည် ဤကြီးမားသည့် ဘုန်းတော်ကြီးကျောင်းတွင် စုဝေးခဲ့ကြသည်။
ထို့အပြင် ယခင်က အခြေစိုက်စခန်းများတွင် အသတ်ခံခဲ့ရသည့် ဂိုဂူလျော စစ်သည်များနှင့် မတူဘဲ သူတို့သည် ဂိုဂူလျော၏ အစစ်အမှန် ကျွမ်းကျင်သူများ၊ အစစ်အမှန် လက်ရွေးစင်များ ဖြစ်ကြသည်။ သူတို့သည် ထောင်ပေါင်းများစွာသော သူတို့နှင့် ရွယ်တူချင်းများမှ ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။
လွန်ခဲ့သော ဆယ့်ငါးနှစ်က ထိုသို့သော ပမာဏဖြင့် အခြားသော လက်ရွေးစင်အုပ်စုတစ်စုသည် မဟာထန်၏မြို့တော်ကို သွေးမြစ်တစ်စင်းစီးဆင်းစေခဲ့သည်။
ယနေ့တွင် သမိုင်းတစ်ပတ်ပြန်လည်လာခဲ့ပြီဖြစ်သည်။
"အရှင်မင်းမြတ်အတွက်"
"အရှင်မင်းကြီးအတွက်"
"ဂိုဂူလျောရဲ့ကြီးမြတ်မှုအတွက်"
"သတ်"
ပြင်းပြသော အော်သံများကြားတွင် တစ်ထောင်ထက်ပိုသော ဂိုဂူလျောလုပ်ကြံသူများသည် မျက်နှာဖုံးများတပ်ဆင်လျက် သူတို့၏ဆေဘာဓားများကို ဆွဲထုတ်လိုက်ကြပြီး ကောင်းကင်သို့ ညွှန်ပြလိုက်ကြသည်။ ကြယ်များ၏ အလင်းရောင်မှိန် ပျပျအောက်တွင် ဓားများသည် အရိုးခိုက်မတတ် အေးစက်သည့် အလင်းများ တောက်ပနေသည်။
ဘုန်းးး
နောက်တခဏမှာပင် ဂိုဂူလျောကျွမ်းကျင်သူများသည် ဘုန်းကြီးကျောင်း၏ တံတိုင်းများကို ခုန်တက်ကျော်လွှားလိုက်ကြကာ မဟာထန်၏ မြို့တော်ဆီသို့ ဦးတည်လိုက်ကြသည်။
"သွား ငါရဲ့ရဲရင့်တဲ့စစ်သည်တွေ၊ မဟာထန်ရဲ့ အုတ်မြစ်ကို သွေးထွက်အောင်လုပ်လိုက်ကြ။ "
သန်မာသည့် လေပြင်းများကြားတွင် အားကောင်းသည့် အရှိန်အဝါများထုတ်လွှတ်နေသည့် လူသုံးဦးသည် ဘုန်းကြီးကျောင်း၏ ခေါင်မိုးထက်တွင် ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ဤအချိန်တွင် သူတို့၏ ပုံသဏ္ဍာန်များသည် ကြီးမားသည့် တောင်ကြီးတစ်လုံးကဲ့သို့ ခံစားရစေသည်။
သူတို့သုံးယောက်သည် ရှေ့သို့ချီတက်သွားနေသော အောက်တွင်ရှိသည့် ကြီးမားသည့်စစ်တပ်ကို ကြည့်နေသည်။ သူတို့၏ မျက်လုံးများသည် အလွန်တောက်ပနေကာ ကြယ်ရောင်များပင် သူတို့အရှေ့၌ မှေးမှိန်သွားရပေမည်။
စီစဉ်မှုများအားလုံးသည် ပြုလုပ်ထားခဲ့ပြီး ပြီးစီးခဲ့ပြီဖြစ်သည်။ မြို့ထဲသို့ဝင်သည် လှိုဏ်ခေါင်သည် သူတို့လူများ၏ ထိန်းချုပ်မှုအောက်၌ရှိပြီး ကျွမ်းကျင်သူအုပ်စုက ပထမဆုံးဝင်ပေလိမ့်မည်ဖြစ်သည်။ အကယ်၍ အချို့မတော်တဆမှုများ ဖြစ်ပွားခဲ့ပြီး ကင်းလှည့်သည့် တပ်ဖွဲ့သည် သူတို့ကို သတိထားမိခဲ့လျှင်ပင် သူတို့သည် ကျိန်းသေပေါက် ထိုလူများကို လျင်မြန်စွာ ရှင်းပစ်မည်ဖြစ်ပြီး သတင်းပေါက်ကြားသွားခြင်းမှ တားဆီးရပေလိမ့်မည်ဖြစ်သည်။
ဤညပြီးနောက် ဂိုဂူလျောတိုင်းပြည်သည် သူတို့ကို ဂုဏ်ယူစရာအဖြစ် သတ်မှတ်နေချိန်တွင် မဟာထန်သည် ဝရုန်းသုန်းကား ဖြစ်သွားပေလိမ့်မည်ဖြစ်သည်။
“ရီးးးး”
ထိုလူစုသည် စိတ်အားထက်သန်သည့်အတွေးများဖြင့် အကွာအဝေးတစ်ခုသို့ ကြည့်နေချိန်တွင် ရုတ်ချည်းအပြောင်းအလဲတစ်ခု ဖြစ်ပွားသွားခဲ့သည်။ ညဘက်တွင် အဝေးမှကောင်းကင်ယံတွင် တောက်ပသော မီးရှူးမီးပန်းများ ရုတ်တရက် လွင့်ပျံလာခဲ့သည်။
ရှည်လျားသည့် မီးခိုးတန်းဖြင့် တောက်ပသည့် အလင်းရောင်တစ်ခု အဝေးမှပင် ထိုအရာသည် ထင်ရှားလွန်းလှသည်။
"ဘာတွေဖြစ်နေတာလဲ"
ခေါင်မိုးပေါ်ရှိ လူစုသည် အံ့အားသင့်မှုဖြင့် မျက်မှောင်ကြုတ်လိုက်ကြသည်။ ထို့အပြင် သူတို့ချည်းသာမဟုတ်ပေ။ ရှေ့သို့ချီတက်နေသော ဂိုဂူလျော ကျွမ်းကျင်သူများသည်လည်း တွေဝေသွားခဲ့ကြသည်။ ကောင်းကင်သို့ ကြည့်လိုက်ခြင်းနှင့်အတူ သူတို့သည် မသိစိတ်မှ ရပ်တန့်လိုက်ကြသည်။
ဤသည်မှာ မြို့တော်နှင့် သိသိသာသာ ဝေးကွာသော ကန္တာရဖြစ်သည်။ ဤကဲ့သို့မီးရှူးမီးပန်းများ ဤနေရာတွင် ပေါ်လာရန် မဖြစ်နိုင်ပေ။
ထို့အပြင် ဤနေ့တွင် ပွဲတော်တစ်ခုမျှမရှိပေ။ မီးရှူးမီးပန်းများသည် ဤနေရာတွင် ပေါ်လာရန် မဖြစ်နိုင်ပေ။
ထိုခဏတွင် ကောင်းကင်နှင့် မြေပြင်သည် တိတ်ဆိတ်သွားခဲ့သည်။ ဩဘာသံများသည် ဘာမှမရှိခြင်းအဖြစ်သို့ ပျောက်ကွယ်သွားခဲ့သည်။ ပြင်းထန်သည့် လေပြင်းများသာ ဒေါသတကြီးတိုက်ခတ်နေသည်။
လူတိုင်း၏ နှလုံးသားထဲတွင် တင်းကြပ်သည့် ခံစားချက်များ ပေါ်လာခဲ့သည်။
သို့သော် ပတ်ဝန်းကျင်သည် လုံးဝတိတ်ဆိတ်နေခဲ့သည်။ မီးရှုးမီးပန်းများ လေထဲတွင် ပေါက်ကွဲနေသည်မှလွဲ၍ ဘာမျှဖြစ်မလာခဲ့ပေ။
ထိုခဏလေးသည် ဤနေရာရှိ လူတိုင်းအတွက် ကမ္ဘာတစ်ခုကဲ့သို့ ကြာနေသည်ဟု ခံစားရစေသည်။ လူတိုင်းသည် အဘယ်ကြောင့် ဘာမျှဖြစ်မလာသည်လဲဟု အံ့အားသင့်နေချိန်တွင် နောက်တခဏ၌
“ဘုန်းးး’
ထိုသည်မှာ တောင်တန်းတစ်ခုလုံးကို ကြီးမားသောလက်ဖြင့် လှုပ်ယမ်းနေသကဲ့သို့ပင် မရေမတွက်နိုင်သော ငှက်ကလေးများကို ကောင်းကင်သို့ ပျံတက်သွားစေသည်။
"တိုက်"
တိုက်ပွဲခေါ်သံများသည် တောင်တန်းများကို တုန်လှုပ်သွားစေခဲ့သည်။ နောက်အခိုက်အတန့်တွင် မရေမတွက်နိုင်သော ဂိုဂူလျောများ၏ တုန်လှုပ်ခြောက်ခြားနေသည့် အကြည့်များကြားတွင် မဟာထန်၏ တော်ဝင်တပ်ဖွဲ့ အစောင့်များသည် ဘက်ပေါင်းစုံမှ ရုတ်တရက် တိုးဝင်လာခဲ့သည်။
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ဘုန်းကြီးကျောင်း ခေါင်မိုးထက်ရှိ လူသုံးဦး၏ မျက်နှာသည် အံ့အားသင့်မှုဖြင့် တွန့်ချိုးသွားခဲ့ကြပြီး ခေါင်မိုးထက်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားကြသည်။
"ဒါက မဖြစ်နိုင်တာပဲ။ ဒီနေရာမှာ ဘာလို့ အစောင့်တွေအများကြီးရှိနေရတာလဲ။ သောက်ခွေး သူတို့ ဒီနေရာကို ဘယ်လိုရောက်လာတာလဲ။ ”
"ငါတို့ရဲ့ ကင်းလှည့်တပ်ဖွဲ့က ဘယ်ရောက်နေတာလဲ။ ငါတို့ရဲ့ သောက်သုံးမကျတဲ့ ကင်းလှည့်တွေက ဘယ်ရောက်နေတာလဲ။ အဲဒီခွေးမသားတွေက ဒီကိုရောက်နေပြီ သူတို့က ဘာလို့ သတင်းတောင်မပို့ရတာလဲ။ "
"ဂရုစိုက်ကြပါ ဒါက ရန်သူတိုက်ခိုက်တာပဲ။ "
ဂိုဂူလျောဘာသာစကားဖြင့် ဒေါသတကြီးဆဲဆိုသံများသည် လေထဲတွင် ပဲ့တင်ထပ်နေသည်။ တခဏချင်းမှာပင် ဂိုဂူလျောတပ်ဖွဲ့သည် ရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့သည်။
သူတို့တွေးထားသည်မှာ သူတို့သည် ဩဇာကြီးမားသည့် အရာရှိများ၏ အားကောင်းသော အစောင့်များနှင့် ရင်ဆိုင်ရမည်ဟူ၍ပင်။ မဟာထန်၏ တော်ဝင်စစ်တပ်နှင့်မဟုတ်ပေ။
လုပ်ကြံသတ်ဖြတ်မှုတစ်ခု ဖြစ်သင့်သည့်အရာသည် ယခုတွင် စစ်မှန်သည့် စစ်ပွဲကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
"ငါတို့တိုင်းပြည်ရဲ့ ကြီးမြတ်မှုအတွက် အဲဒီခွေးမသားတွေကို သတ်"
“ကလင် ကလင် ကလင်”
ဂိုဂူလျော လက်ရွေးစင် အနည်းငယ်သည် ထိတ်လန့်နေရာမှ သတိပြန်လည်လာပြီး သူတို့၏ ဆေဘာဓားများကို ဆွဲထုတ်လိုက်ကြကာ ချက်ချင်းခုခံလိုက်ကြသည်။
သို့သော်လည်း သူတို့သည် ခြေတစ်လှမ်းနောက်ကျနေဆဲဖြစ်သည်။
“ဟောင်း ဟောင်း ဟောင်း”
ဂိုဂူလျော လက်ရွေးစင်များ တုံ့ပြန်နိုင်ခြင်း မရှိမီမှာပင် သူတို့သည် မြှားများဖြင့် ထိုးဖောက်ခြင်း ခံလိုက်ရပြီး မြေပြင်ပေါ်တွင် စိုက်ဝင်သွားခဲ့ကြသည်။
"လေးသခင်။ သတိထား။ အဲဒီခွေမသားတွေနဲ့အတူ လေးသခင်တွေလည်းပါတယ်။ "
ပျက်စီးခြောက်ကပ်နေသည့် အော်ဟစ်သံသည် လေထဲတွင် ပေါ်ထွက်လာခဲ့ပြီး နောက်အခိုက်အတန့်တွင် ပျောက်ကွယ်သွားခဲ့သည်။ ထိုဂိုဂူလျော၏ နဖူးသည် ပစ်ခတ်ခံလိုက်ရပြီး ချက်ချင်းသေဆုံးသွားခဲ့သည်။
"ခုခံကြ"
ဤနေရာသို့ ပို့ဆောင်ခံလိုက်ရသော လူများသည် ဂိုဂူလျော၏ လက်ရွေးစင်များဖြစ်ကြသည်။ ကနဦးတိုက်ခိုက်မှုအပြီးတွင် သူတို့သည် နောက်သို့ လျင်မြန်စွာ ပြန်ဆုတ်သွားခြင်းမပြုမီ အကာအကွယ်ယူရန် ချက်ချင်းလူစုခွဲလိုက်ကြသည်။
သူတို့၏ ပုံရိပ်များသည် လူအနည်းစုသာ ယှဉ်ပြိုင်နိုင်သော မယုံနိုင်စရာကောင်းသည့် အမြန်နှုန်းဖြင့် သစ်ပင်ပင်စည်များကြားတွင် ရိပ်ခနဲ လှုပ်ရှားသွားခဲ့ကြသည်။
"တိုက်"
သို့သော် သူတို့သည် ဘုန်းကြီးကျောင်းသို့ ဆုတ်ခွာမသွားနိုင်မီ မြင်းဟည်သံများသည် လေထဲတွင် ပဲ့တင်ထပ်လာကာ တော်ဝင်စစ်တပ်မြင်းစစ်သည်များသည် ရှေ့သို့ တိုးဝင်လာခဲ့သည်။
ဤစစ်မြင်းများကို သံမဏိသံချပ်ကာများဖြင့် ဖုံးလွှမ်းထားခဲ့ပြီး သူတို့တစ်ကောင်ချင်းစီသည် ထူးကဲစွာမြင့်မားကြသည်။ သူတို့၏ အားကောင်းသည့် ခန္ဓာကိုယ်သည် မကောင်းဆိုးဝါးနှင့်ဆင်တူသည့် မယုံနိုင်စရာကောင်းသည့် ခွန်အားကို ပိုင်ဆိုင်ထားပြီး သူတို့လမ်းရှိ သစ်ပင်များကို ကျိုးကြေသွားစေသည်။ သူတို့ချီတက်လာသည်ကို ဘယ်အရာကမှ တားဆီးနိုင်သည့်ပုံမပေါ်ပေ။
“ဟောင်းလောင်းလောင်း”
တခဏချင်းမှာပင် အင်အားစုနှစ်ခုသည် ထိပ်တိုက်တွေ့သွားကြသည်။ မတူညီသော အမျိုးအစားနှစ်ခုဖြစ်သည့် သိုင်းပညာချီစက်ကွင်းများသည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ခြင်းမပြုမီ တစ်ချိန်တည်းတောက်ပလာခဲ့သည်။
ကြီးမားသည့် အင်အားသည် ပတ်ဝန်းကျင်ရှိ သစ်ပင်များကိုပင် ကျိုးကြေသွားစေခဲ့ပြီး ကျန့်တစ်ဆယ့်အမြင့်ရှိ လေထဲတွင် သစ်သားစများ လွင့်ပျံသွားစေသည်။
【ဂိုဂူလျောတိုင်းပြည်မှ စစ်သား ၆၉၁ ဦးကို သတ်ဖြတ်ခြင်းအတွက် အသုံးပြုသူအား ဂုဏ်ယူပါသည်။ 】
【ဂိုဂူလျောတိုင်းပြည်မှ စစ်သား ၆၉၂ ဦးကို သတ်ဖြတ်ခြင်းအတွက် အသုံးပြုသူအား ဂုဏ်ယူပါသည်။ 】
【ဂိုဂူလျောတိုင်းပြည်မှ စစ်သား ၆၉၃ ဦးကို သတ်ဖြတ်ခြင်းအတွက် အသုံးပြုသူအား ဂုဏ်ယူပါသည်။ 】
တစ်ဖက်တွင် သိပ်မဝေးသည့် တောင်ကုန်းတစ်ခု၏ သစ်ပင်ကြီးတစ်ပင်အောက်၌ ဝမ်ချောင်မတ်တပ်ရပ်နေခဲ့သည်။ ရင်းနှီးသည့် အသံသည် သူ့ခေါင်းထဲ ထပ်ပေါ်လာခဲ့ပြီး စစ်မြေပြင် ပျက်စီးခြင်းသည် နောက်တစ်ကြိမ်စတင်၍ တိုးတက်လာခဲ့သည်။
"တိုက်ပွဲအမျိုးအစားချီစက်ကွင်း...တကယ့်ကိုသူ့ကိုတိုးတက်အောင်လုပ်ဖို့အကောင်းဆုံးနည်းလမ်းကလည်း တိုက်ပွဲတွေကနေပဲ။ "
လေပြင်းများကြားတွင် ဝမ်ချောင်သည် သူ့ခွန်အားများ အရှိန်အဟုန်ဖြင့် တိုးတက်လာသည်ကို ခံစားမိ၏။ သူ့ခန္ဓာကိုယ်၏ ဆဲလ်တစ်ခုစီတိုင်းကို အစွမ်းထက်သည့် စွမ်းအင်များဖြင့် အားဖြည့်စေပြီး သူ့ကို မယုံနိုင်လောက်သည့် ခွန်အားများရရှိစေခဲ့သည်။
ဘာမျှလုပ်စရာမလိုဘဲ သူ့ခွန်အားကို တိုးလာစေသည့် ဤနည်းလမ်းမှာ အမှန်ပင် ကျေနပ်စရာကောင်းလွန်းလှသည်။
“ငါက ဒီတိုက်ပွဲမှာ ကွပ်ကဲသူတွေထဲက တစ်ယောက်ပဲဖြစ်တာ သနားစရာပဲ။ တကယ့် ကွပ်ကဲသူက ဟိုဘက်မှာ။ "
ဝမ်ချောင်သည် တိကျသည့် အရပ်မျက်နှာတစ်ခုသို့ ကြည့်လိုက်သည်။
တင်းမာသည့် မျက်နှာထားဖြင့် တော်ဝင်စစ်တပ်စစ်သူကြီးတစ်ဦးသည် စစ်မြင်းပေါ်တွင် ထိုင်နေသည်။ သူ့အကြည့်များသည် ရှေ့သို့ ဦးတည်နေပြီး ရဲရင့်သည့် ပုံသဏ္ဍာန်ကို ဖော်ဆောင်ထားသည်။ ရှင်းလင်းစွာပင် သူသည် ယခင်က စစ်မြေပြင်တွင် များပြားသော တိုက်ပွဲအတွေ့အကြုံများရှိခဲ့သည်မှာ ထင်ရှားသည်။
သူသည် တော်ဝင်ရုံးတော်မှ ဤနေရာသို့ စေလွှတ်လိုက်သော လူ ဖြစ်သည်။
ဝမ်ချောင်သည် စုန့်ဘုရင်၏ မျက်နှာသာပေးမှုကို ရရှိထားသော်လည်း သူသည် တော်ဝင်စစ်တပ်၏ အဖွဲ့ဝင်မဟုတ်ပေ။ ဂိုဂူလျောများ ထွက်ပြေးခြင်းမှ ကာကွယ်တားဆီးရန် တော်ဝင်စစ်သည်အမြောက်အမြားကို ဤစစ်ဆင်ရေးအတွက် ဆင့်ခေါ်ခဲ့ရသည်။ ထို့ကြောင့် လုံလောက်စွာ မြင့်မားသည့် အဆင့်ရှိသည့် တော်ဝင်စစ်တပ်ကွပ်ကဲသူတစ်ဦးကို စေလွှတ်လိုက်ရသည်။
သူသည် ဤတိုက်ပွဲ၏ အစစ်အမှန်ကွပ်ကဲသူတစ်ယောက်ဖြစ်သည်။
ထို့ကြောင့် မတတ်နိုင်ဘဲ ဤတိုက်ပွဲမှ ဝမ်ချောင်ရရှိနိုင်သော အကျိုးကျေးဇူးများသည် လျော့ပါးသွားခဲ့သည်။ သို့သော်လည်း စုန့်ဘုရင်၏ တံဆိပ်သည် သူ့လက်အတွင်း ရှိနေသေးသည်မှာ ကံကောင်းမှုတစ်ခုဖြစ်သည်။ ဤစခန်းကိုလည်း ဝမ်ချောင်တွေ့ရှိခဲ့သည်။ ထို့ကြောင့် သူသည် ကြီးမားသည့်ဆုလာဘ်ကို ဤစစ်ဆင်ရေးမှ ရနိုင်သေးသည်။
"ဦးလေးကို ဒီနေရာခေါ်လာတာကံကောင်းတာပဲ။ ဒီစစ်ဆင်ရေးပြီးရင် သူ နောက်တစ်ကြိမ် ရာထူးတိုးသင့်တယ်။ ဒီအကျိုးဆောင်မှုနဲ့အတူ သူ့အရည်အချင်းတွေက တခြားသူတွေထက် အများကြီး သာလွန်သွားလိမ့်မယ် ပြီးတော့ သူရာထူးမတက်ခင် အချိန်တစ်ခုပဲလိုလိမ့်မယ်။ ”
ဝမ်ချောင်သည် ဘုန်းကြီးကျောင်းသို့ တပ်ဖွဲ့တစ်ခုကို ဦးဆောင်သွားနေသော ဦးလေးလီလင်းကို ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်၌ အပြုံးတစ်ခုချိတ်ဆွဲလာခဲ့သည်။
ဝမ်ချောင်သည် တပ်ဖွဲ့တစ်ခုကို ဦးဆောင်ခွင့်မရရှိသော်လည်း သူသည် သူ့ဦးလေးကို ကြီးမားသည့် ရမှတ်များ ရစေချင်သေးသည်။
******
pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်
Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်
အပိုင်း ၂၅၈
ဖြိုခွဲခြင်း
"ညီအစ်ကိုတို့ တိုက်"
"သူတို့နဲ့ အချိန်အများကြီး မဖြုန်းနဲ့။ သတိရပါ ငါတို့ရဲ့ပန်းတိုင်က ရှိုရှုဘုရင်ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့သူကို လွတ်မြောက်ခွင့်ပေးလို့်မရဘူး။ "
ဝမ်ချောင် အတွေးထဲ နစ်မြောနေစဉ်မှာပင် သူသည် ရုတ်တရက် အော်သံတစ်ခုကို ကြားလိုက်ရသည်။ ထို့နောက် မြင်းခွာသံများ လေထဲလွင့်ပျံလာခဲ့သည်။ ဝမ်ချောင် သူတို့ကို ရပ်တန့်နိုင်ခြင်းမရှိမီမှာပင် မာယင်လုံ၊ တစ်ကိုယ်တော်ဝံပုလွေ၊ သံမဏိလက်၊ နှင့် လူအိုကြီးလင်းယုန်ငှက် တို့သည် နီရဲနေသည့် မျက်လုံးများဖြင့် မြင်းများကို စီးနင်းလျက် သူတို့နောက်တွင် ဖုန်မှုန့်လုံးကြီးကို ချန်ထားခဲ့ကြသည်။
ဝမ်ချောင်သည် သူတို့ကို တိုက်ပွဲအတွင်းသို့ အနည်းငယ်နောက်ကျမှ ဝင်ခိုင်းရန် ရည်ရွယ်ထားခဲ့သော်လည်း သူတို့သည် သူတို့ရှေ့တွင် အခဲမကြေသည့် ရန်သူများ ရောက်နေချိန်၌ နောက်တွင် ထိုင်ကြည့်မနေနိုင်တော့ပေ။ အနည်းငယ် တွေးပြီးနောက် သူသည် သူတို့ကို သွားခွင့်ပြုရန် ဆုံးဖြတ်လိုက်သည်။
ဆယ်စုနှစ် တစ်ခုကျော်မျှ အောင့်အီးထားခဲ့ရခြင်းကြောင့် သူတို့ကိုယ်သူတို့ ထိန်းချုပ်ထားနိုင်လျှင် အံ့ဩစရာ ဖြစ်နေပေလိမ့်မည်။
အကွာအဝေးတစ်ခုရှိ တိုက်ပွဲသည် တဖြည်းဖြည်းချင်း ဘုန်းကြီးကျောင်းနှင့် နီးကပ်လာသည်။
“ဘုန်းးး”
ထိုအချိန်တွင် မြေပြင်တစ်ခုလုံးတုန်ခါသွားခဲ့သည်။ ရုတ်တရက်ပင် ဝမ်ချောင်သည် ဘုန်းကြီးကျောင်းမှ တားဆီး၍မရနိုင်သော အားကောင်းသည့် အရှိန်အဝါများ ထွက်ပေါ်လာသည်ကို သတိပြုမိလိုက်သည်။
မမြင်နိုင်သော အရှိန်အဝါ ထိတွေ့လိုက်သည့် နေရာတိုင်း ထူးခြားမှုများ ဖြစ်ပေါ်လာခဲ့သည်။ တစ်ယောက်ပြီးတစ်ယောက် ဂိုဂူလျောလုပ်ကြံသတ်ဖြတ်သူများ၏ ခြေဖဝါးအောက်ရှိမြေပြင်သည် ရုတ်တရက်တောက်ပလာခဲ့ပြီး ကန်တော့ချွန်ပုံရှိသည့် ချီစက်ကွင်းသည် ချက်ချင်းပေါ်လာခဲ့သည်။ ထို့နောက် ဒုတိယတစ်ခုနှင့် နောက်ဆုံးတွင် တတိယတစ်ခု။
ဘုန်းကြီးကျောင်းသည် သုံးကြိမ်မျှ တုန်ခါသွားခဲ့ပြီး လုပ်ကြံသူများအောက်တွင် တောက်ပသည့်ချီစက်ကွင်းသုံးခု ပေါ်လာခဲ့သည်။
"စစ်သူကြီးဟ ဘုန်းကြီးကျောင်းထဲမှာ အရာရှိဂိုဂူလျောကွပ်ကဲသူတွေရှိတယ်။ "
အမှောင်ထုထဲတွင် ချီစက်ကွင်းများ တောင်ပလာသည်ကို မြင်သည်တွင် တောင်ကုန်း၌ရှိနေသော လူများသည် အံ့အားသင့်သွားခဲ့ကြသည်။ ဝမ်ချောင်ပင်လျှင် မျက်တောင်ခတ်လိုက်မိသည်။
အကယ်၍ လူတစ်ယောက်သည် တိုက်ပွဲချီစက်ကွင်းကို သေချာသည့် အဆင့်တစ်ခုသို့ လေ့ကျင့်နိုင်ခဲ့ပါက လက်အောက်ငယ်သားများထံ သက်ရောက်စေနိုင်မည်ဖြစ်သည်။ ဤသည်မှာ တိုက်ပွဲချီစက်ကွင်း၏ အကြီးမားဆုံးသော လက္ခဏာပင်ဖြစ်သည်။
ဤသည်မှာ ဤနာမည်ဆင်းသက်လာခဲ့ရသည့် နေရာလည်းဖြစ်သည်။
သို့သော်လည်း ကျင့်ကြံခြင်းတွင် အထင်ကြီးရာကောင်းသည့် အဆင့်သို့ ရောက်နေသည့် လူများသာ ဤသို့ပြုလုပ်နိုင်ပေလိမ့်မည်ဖြစ်သည်။
နောက်ပြီး ဤကဲ့သို့ကွပ်ကဲသူကို ဂိုဂူလျောတွင်ဖြစ်စေ၊ မဟာထန်တွင်ဖြစ်စေ၊ ဝူထန်တွင်ဖြစ်စေ၊ သို့မဟုတ် အာဘတ်စစ် စော်ပွားများတွင်ဖြစ်စေ မြင့်မားစွာ ရှုမြင်ကြသည်။ မည်သည့်တိုင်းပြည်မှ သူတို့ကို လွယ်လွယ်နှင့် စတေးလိုခြင်းမရှိပေ။
အကယ်၍ ဤအဆင့်မှ ကွပ်ကဲသူတစ်ဦးသာ ဤနေရာတွင် သေဆုံးခဲ့ပါက ဂိုဂူလျောအတွက် အရေးပါသည့် ဆုံးရှုံးမှုတစ်ခုဖြစ်ပေလိမ့်မည်။
"ဂိုဂူလျောတွေက ဒီကိစ္စမှာ တကယ်ပဲ အားကုန်စိုက်ထုတ်ထားတာပဲ။ "
ဝမ်ချောင် အေးစက်စွာသရော်လိုက်သည်။ သံသယရှိစရာမလိုပင် ဤသည်မှာ ဘုန်းကြီးကျောင်းတွင် လူအိုကြီးလင်းယုန်ငှက် ကင်းထောက်ခဲ့သော ထိုခေါင်းဆောင်များ၏ လုပ်ရပ်ဖြစ်သည်။
ဂိုဂူလျောများသည် ဤအဆင့်မှ ကွပ်ကဲသူများကို ခေါ်ဆောင်လာသည်ကို ကြည့်လျှင် သူတို့သည် ဤစစ်ဆင်ရေးတွင် အောင်မြင်ရမည်ဟု ဆုံးဖြတ်ထားသည်မှာ သေချာသည်။
တကယ့်ကိုပင် စစ်မြေပြင်တွင် တိုက်ရိုက်တိုက်ပွဲနှင့် နှိုင်းယှဉ်ပါက ဤစစ်ဆင်ရေးမျိုးသည် သေးငယ်သော ရင်းနှီးမြှုပ်နှံမှုအတွက် ကြီးမားသော ရလဒ်များကို ရိတ်သိမ်းစေနိုင်သည်။
“ဘုန်းးး”
ဂိုဂူလျောခေါင်းဆောင်သုံးယောက်သည် ဂိုဂူလျောများကို ဖုံးလွှမ်းစေရန် သူတို့၏ တိုက်ပွဲချီစက်ကွင်းကို ထုတ်လွှတ်ပြီး မကြာမီမှာပင် ဤစစ်ဆင်ရေး၏ တော်ဝင်စစ်တပ် ခေါင်းဆောင်ကွပ်ကဲသူသည် သူ့စစ်မြင်းကို ရှေ့သို့ မောင်းနှင်လိုက်သည်။ ထို့နောက် အနည်းငယ် လှုပ်ရှားလိုက်ခြင်း နှင့်အတူ သူသည်လည်း သူ့တိုက်ပွဲချီစက်ကွင်းကို ထုတ်ဖော်လိုက်ပြီး တခဏချင်းမှာပင် တော်ဝင်စစ်တပ်အစောင့်များကို မျက်စိကျန်းလောက်သည့် အလင်းရောင်ဖြင့် ဖုံးလွှမ်းသွားစေသည်။
"တိုက်"
အကွာအဝေးတစ်ခုတွင် လေပြင်းများသည် အဆက်မပြတ်တိုက်ခတ်နေပြီး မရေမတွက်နိုင်သော ဟစ်ကြွေးသံများသည် ကောင်းကင်ကို လှုပ်ခါသွားစေသည်။ ချီစက်ကွင်းများသည် ချီစက်ကွင်းများကို တိုက်ခိုက်ပြီး ကြယ်တာရာစွမ်းအင်များသည် ကြယ်တာရာစွမ်းအင်များကို တိုက်ခိုက်လိုက်ကြသည်... အဖွဲ့နှစ်ခု၏ စစ်သားများသည် တစ်ဦးကိုတစ်ဦး ဆန့်ကျင်တိုက်ခိုက်လိုက်ကြပြီး တိုက်ပွဲသည် လျင်မြန်စွာဖြင့် အရှိန်မြှင့်လာခဲ့သည်။
အပေါ်ယံတွင် မဟာထန်သည် လုံးဝအသာစီးရနေပုံပေါ်သည်။ သို့သော် ဂိုဂူလျောများသည်လည်း တက်ကြွစွာ ပြန်လည် တိုက်ခိုက်လိုက်ကြသည်။ ကြိုတင်မျှော်လင့်ခဲ့သည့် သူတို့၏ ခံစစ်ကို လျင်မြန်စွာ ချိုးဖောက်ခြင်းသည် မဖြစ်ပွားခဲ့ပေ။ သူတို့သည် ရှုပ်ထွေးသည် မြေမျက်နှာသွင်ပြင်နှင့် ထူထပ်သည့် သစ်တောများကို သူတို့၏ အားသာချက်အဖြစ် အသုံးချနိုင်ခဲ့ကြသည်။
ထို့အပြင် ဤဂိုဂူလျောများသည် လျင်မြန်ကာ သွက်လက်ပြီး တိကျသည်။ သူတို့၏ ကြောက်စရာကောင်းသော 'ဆေဘာဓားသုံးလက်ကျောင်းတော်' တိုက်ခိုက်ခြင်းနည်းစနည်သည် သူတို့ကိုယ်သူတို့ ရပ်တည်စေနိုင်သည်။ ထို့ကြောင့် တိုက်ပွဲကို အနည်းငယ်ကြာမြင့်စေသည်။
"ဟမ် ဒီအခြေအနေ ရောက်နေတာတောင်မှ သူတို့က ထိန်းထားနိုင်တုန်းပဲလား။ "
ဝမ်ချောင် အေးစက်စွာ သရော်လိုက်သည်။ ဂိုဂူလျောများသည် အမှန်ပင် ခေါင်းမာကြသည်။ သူတို့သည် မည်သည့်အခြေအနေရောက်နေပါစေ သူတို့ရန်သူများထံသို့ ပြန်လည်တိုက်ခိုက်ရန် မဆုတ်မနစ် တိုက်ပွဲဝင်ကြဆဲဖြစ်သည်။
ထိုသည်မှာ တစ်ယောက်ချင်းဖြစ်စေ သို့မဟုတ် ဤကဲ့သို့ အဖွဲ့လိုက်တိုက်ခိုက်မှုဖြစ်စေ ကိစ္စမရှိပေ။
သို့သော်လည်း အကယ်၍ သူတို့သည် လက်ရွေးစင်တပ်သား တစ်ထောင်ကျော်နှင့် ဤမြေမျက်နှာသွင်ပြင်ဖြင့် လူပေါင်းများစွာကို ဆန့်ကျင်တိုက်ခိုက်နိုင်ရန် တွေးတောနေပါက သူတို့သည် အလွန်မျှော်လင့်နေခြင်းသာဖြစ်သည်။
“ဝမြးးး”
ဝမ်ချောင်သည် ရုတ်ချည်းသူ့ခြေဖဝါးကို မြှောက်လိုက်ပြီး ဆောင့်ချလိုက်သည်။
“ဟောင်းလောင်လောင်”
ကမ္ဘာကြီးသည် တုန်ခါသွားခဲ့သည်။ တခဏချင်းမှာပင် ဝမ်ချောင်ကို ဗဟိုပြုလျက် မမြင်နိုင်သည့် လှိုင်းဂယက်မျာသည် တောင်တန်းတစ်လျှောက် ပျံ့နှံ့သွားခဲ့သည်။
ဤအချိန်မှာပင် လှိုင်းဂယက်၏ သက်ရောက်မှုများသည် တော်ဝင်စစ်တပ်ထံ ဦးတည်မသွားခဲ့သော်လည်း ရန်သူ ဂိုဂူလျောများထံ ဦးတည်သွားခဲ့သည်။ လှိုင်းဂယက် ဖြတ်သန်းသွားသည့်နေရာတိုင်း နယ်မြေအတွင်းရှိ ဂိုဂူလျောများသည် သူတို့ခြေဖဝါးအောက်ရှိ ချီစက်ကွင်းသည် ရုတ်တရက် လျော့ပါးပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။
ဤရုတ်ချည်းအပြောင်းအလဲသည် တပ်ဖွဲ့တစ်ခုလုံးကို လှုပ်ခါသွားစေသည်။
ဂိုဂူလျောများသည် သူတို့ကိုယ်သူတို့ ပြန်လည်ဖွဲ့စည်းပြီး ခံစစ်စည်းတစ်ခုကို တည်ဆောက်ရန် မလွယ်ကူခဲ့သော်လည်း ဤရုတ်ခြည်းပြောင်းလဲမှုသည် သူတို့ကို ချက်ချင်းပင် ပရမ်းပတာအခြေအနေသို့ ကျဆင်းသွားစေခဲ့သည်။ ချီစက်ကွင်း၏ ထောက်ပံ့မှုမပါဘဲ ဂိုဂူလျောများသည် ပြင်းထန်သည့် သေဆုံးမှုများကို ချက်ချင်းခံစားလိုက်ကြရသည်။
သိပ်မဝေးသည့်နေရာမှ စစ်ပွဲ၏အပြောင်းအလဲများကို သတိပြုမိလိုက်ကာ မျက်နှာထားတင်းတင်းဖြင့် တော်ဝင်စစ်တပ်စစ်သူကြီးသည် ပထမဆုံးအကြိမ်လှည့်လိုက်ပြီး ဝမ်ချောင်ကို အံ့အားသင့်စွာဖြင့် လေးနက်စွာစိုက်ကြည့်လိုက်သည်။
သို့သော်လည်း ဝမ်ချောင်သည် ဤအချိန်တွင် သူ့ကို အာရုံစိုက်ရန် အချိန်မရှိပေ။ ဤအခိုက်အတန့်တွင် ရင်းနှီးသည့် အသံသည် သူ့ခေါင်းထဲ ပေါ်ထွက်လာခဲ့သည်။
【ဂိုဂူလျောတိုင်းပြည်မှ စစ်သား ၇၂၁ ဦးကို သတ်ဖြတ်ခြင်းအတွက် အသုံးပြုသူအား ဂုဏ်ယူပါသည်။ 】
【ဂိုဂူလျောတိုင်းပြည်မှ စစ်သား ၇၂၂ ဦးကို သတ်ဖြတ်ခြင်းအတွက် အသုံးပြုသူအား ဂုဏ်ယူပါသည်။ 】
【ဂိုဂူလျောတိုင်းပြည်မှ စစ်သား ၇၂၃ ဦးကို သတ်ဖြတ်ခြင်းအတွက် အသုံးပြုသူအား ဂုဏ်ယူပါသည်။ 】
【ဂိုဂူလျောတိုင်းပြည်မှ စစ်သား ၈၃၄ ဦးကို သတ်ဖြတ်ခြင်းအတွက် အသုံးပြုသူအား ဂုဏ်ယူပါသည်။ 】
【ဂိုဂူလျောတိုင်းပြည်မှ စစ်သား ၈၃၅ ဦးကို သတ်ဖြတ်ခြင်းအတွက် အသုံးပြုသူအား ဂုဏ်ယူပါသည်။ 】
【ဂိုဂူလျောတိုင်းပြည်မှ စစ်သား ၈၃၆ ဦးကို သတ်ဖြတ်ခြင်းအတွက် အသုံးပြုသူအား ဂုဏ်ယူပါသည်။ 】
သတိပေးချက်များသည် ဝမ်ချောင်တွင် ပေါက်ကွဲသွားခဲ့ပြီး သူ့ကိုယ်တွင်းရှိ စစ်မြေပြင် ပျက်စီးခြင်း ချီစက်ကွင်းသည် အချိန်တိုအတွင်း သိသိသာသာ တိုးတက်လာခဲ့သည်။
"မဟာထန်ရဲ့ ပိုင်နက်ထဲမှာ တော်ဝင်စစ်တပ်ရဲ့ အဆင့်တဲ့ တပ်ဖွဲ့ကို ခုခံတွန်းလှန်နိုင်မယ်လို့ ထင်နေရင် မင်းတို့ အရမ်းနုံအလွန်းနေတာပဲ။ "
ဝမ်ချောင် သရော်လိုက်သည်။
သူရှိနေသရွေ့ ဂိုဂူလျောတို့၏ သူတို့၏ လက်ရွေးစင်စစ်သည်များနှင့်အတူ သူတို့၏မြေကို ထိန်းချုပ်နိုင်မည်ဟူသော မျှော်လင့်ချက်သည် ဘယ်တော့မှ ဖြစ်လာလိမ့်မည်မဟုတ်ပေ။ သူသည် ထိုကဲ့သို့သော အခွင့်အရေးကို သူတို့အား ဘယ်တော့မှပေးမည်မဟုတ်ပေ။
"မီယာဆာမီးအာရာကာ သူတို့ကို ပြင်ဆင်ထားဖို့ပြောလိုက်ပါ။ သိပ်မပြောခင် ငါတို့တိုက်ပွဲထဲဝင်ပါတော့မယ်။ "
ဝမ်ချောင် ပြောလိုက်သည်။
"ဟုတ်ကဲ့ သခင်လေး။ "
အမိန့်ရသည်နှင့် မီယာဆာမီးအာရာကာသည် ချက်ချင်းလှည့်ထွက်သွားခဲ့သည်။ ဝမ်ချောင်သည် ဤစစ်မြေပြင်တွင် ဩဇာအများကြီးမရှိပေ။ ကြီးမားသည့် ဩဇာအာဏာသည် တော်ဝင်စစ်တပ်စစ်သူကြီးနှင့်အတူ ရှိသည်။
သို့သော် စုန့်ဘုရင်၏ တံဆိပ်ကို ပိုင်ဆိုင်ထားခြင်းကြောင့် ဝမ်ချောင်သည် တော်ဝင်စစ်တပ်၏ တပ်ဖွဲ့အနည်းငယ်ကို အမိန့်ပေးနိုင်သေးသည်။ ဝမ်ချောင်သည် စစ်တပ်အရာရှိတစ်ဦးမဟုတ်သော်လည်း သူ့ကဲ့သို့ စစ်ပွဲတစ်ခု၏ စီးဆင်းမှုကို နားလည်နိုင်သူ တစ်ကမ္ဘာလုံးတွင် အလွန်နည်းပါးကြောင်း သူယုံကြည်လေသည်။
"ခံစစ်အစား တိုက်စစ်၊ နောက်ဆုတ်ရမယ့်အစား ရှေ့တိုးတယ် ဒီဂိုဂူလျော တွေက ထက်မြက်တာ သေချာတယ်။ အခုထွက်ပြေးရင် သူတို့ရဲ့သေဆုံးမှုက ပိုမြန်လာမယ်ဆိုတာ သူတို့သိတယ်။ အဲဒီနောက်မှာ သူတို့တစ်ယောက်မှ လွတ်မြောက်မှာမဟုတ်ဘူး။ ဒါကြောင့် နောက်ပိုင်းမှာ ဝိုင်းရံနေမှုကနေ ချိုးဖောက်ဖို့ နည်းလမ်းရှာနေတုန်း သူတို့နယ်မြေကို ကာကွယ်ဖို့ ပထမဆုံး ခံစစ်စည်းကို တည်ဆောက်လိုက်ကြတယ်...ဒါက တကယ်ကောင်းတဲ့ အစီအစဉ်ပဲ ဒါပေမယ့် အတော်ဆိုးတာပဲ ဒါက အသုံးဝင်မှာ မဟုတ်ဘူး။ "
ဝမ်ချောင် လှောင်ပြောင်လိုက်သည်။
ဤဂိုဂူလျောအုပ်စုတွင် ကြောက်ဖို့ကောင်းသည့် လူများ အမှန်ပင် ရှိကြသည်။ ရုတ်ချည်း တိုက်ခိုက်ခံရသော်လည်း သူတို့သည် ပြန်လည်ခုခံရန် သူတို့၏ တပ်သားများကို လျင်မြန်စွာ ပြန်လည် စုစည်းနိုင်ခဲ့ကြသည်။ ထို့နောက် သူတို့သည် တစ်နေရာတည်းကို ဖိအားပေးကာ ချိုးဖောက်ပြီး လွတ်မြောက်စေမည်ဖြစ်သည်။ သူတို့တိုင်းပြည်၏ လက်ရွေးစင်စစ်သည်များအနေဖြင့် သူတို့၏ တိုက်ပွဲများ အစွမ်းအစအရ ထိုသည်မှာ အမှန်ပင် အကောင်းဆုံး လုပ်ဆောင်မှု ဖြစ်သည်။
သို့သော်လည်း ဝမ်ချောင်သည် ဤနေရာတွင်ရှိသောကြောင့် သူတို့သည် ကျရှုံးရန် သတ်မှတ်ခဲ့ပြီဖြစ်သည်။
သူသည် သူတို့ကို ထိုသို့သော အခွင့်အရေးပေးမည်မဟုတ်ပေ။ သူတို့၏ စစ်ရေးဗျူဟာများဖြင့် သူ့စစ်ရေးဗျူဟာများကို ဆန့်ကျင်ရန်မှာ သူတို့သည် အရှက်တကွဲအကျိုးနည်းသာ ဖြစ်ပေလိမ့်မည်။
"သခင်လေး ကျွန်မ ရဲမက်တွေကို စုစည်းပြီးပါပြီ။ "
သူ့နောက်မှ အသံတစ်ခုပေါ်လာခဲ့သည်။ မီယာဆာမီးအာရာကာသည် ကြမ်းပြင်ပေါ် ဒူးထောက်လျက် ခေါင်းငုံ့ထားခဲ့သည်။ သူမနောက်တွင် ရဲရင့်သည့် တော်ဝင်မြင်းတပ်စစ်သည် တစ်ရာဝန်းကျင်ရှိနေသည်။ သူတို့၏ စစ်မြင်းများကို အရှိန်အဟုန်ဖြင့် စီးနင်းလာကြပြီး တောင်ကုန်းပေါ်တွင် တဖြည်းဖြည်း ပေါ်လာကြသည်။
သူတို့သည် ကောင်းမွန်စွာ တည်ဆောက်ထားပြီး လူတစ်ရာကို တပြိုင်နက် စိန်ခေါ်နိုင်စေမည့် သာလွန်ကောင်းမွန်သည့် ခွန်အားဖြင့် အစွမ်းထက်သော အရှိန်အဝါကို ထုတ်ဖော်ထားသည်။ သူတို့သည် တော်ဝင်စစ်တပ်မှ ဝမ်ချောင် အထူးရွေးချယ်ထားခဲ့သော လက်ရွေးစင်များဖြစ်ကြသည်။
"ကိုယ့်ကိုကိုယ်ပြင်ဆင်ထားကြပါ။ မြှားဦးပုံစံ ဖွဲ့စည်းခြင်း။ "
ဝမ်ချောင်သည် သူ့ဘေးမှ စစ်မြင်းကို ဆုပ်ကိုင်လိုက်ပြီး ခုန်တက်လိုက်သည်။ ထို့နောက် သူ့ဓားကို ဆွဲထုတ်လိုက်ပြီး စူးရှသည့် အကြည့်များဖြင့် ရှေ့သို့ ညွှန်ပြလိုက်သည်။
တစ်နည်းနည်းဖြင့် တော်ဝင်တပ်ဖွဲ့သည် ဝမ်ချောင်၏ နောက်ကျောကို ကြည့်နေစဉ် ကြောက်ရွံ့ရိုသေမှုကို ရုတ်တရက် ခံစားလိုက်ကြရသည်။ အစပိုင်းတွင် သူတို့သည် သူ့လက်အောက်သို့ လာရမည်ဟု ကြားချိန်တွင် သူသည် သူတို့ကို မဆီလျော်သော အမိန့်ပေးမည်ကို စိုးရိမ်နေခဲ့ကြသည်။
သို့သော်လည်း ဝမ်ချောင်၏ လက်ရှိခမ်းနားထည်ဝါသော ပုံသဏ္ဍန်သည် သူတို့၏ သံသယများကို လွင့်ပြယ်သွားစေလေသည်။ ဤအခိုက်အတန့်တွင် သူသည် စစ်ပွဲရာပေါင်းများသွာကို ဖြတ်သန်းခဲ့ဖူးသော အငြိမ်းစားစစ်သူကြီးတစ်ဦးကဲ့သို့ ခံစားရစေသည်။
တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်...
ဝမ်ချောင်သည် အကွာအဝေးတစ်ခုကို လုံးဝရွေ့လျားခြင်းမရှိဘဲ စိုက်ကြည့်နေခဲ့သည်။ မသိရသော အချိန်တစ်ခုကြာပြီးနောက် လူတိုင်းသည် ဝမ်ချောင်လက်အတွင်းရှိ ဓားသည် မည်သည့်အခါမျှ ပိုင်းဖြတ်တော့မည်မဟုတ်ဟု တွေးထင်နေစဉ်မှာပင် အချိန်အတော်ကြာ စောင့်ခဲ့ရသော အမိန့်သည် နောက်ဆုံးတွင် ထွက်ပေါ်လာခဲ့သည်။
"တိုက်"
ရက်စက်သော ကျားတစ်ကောင်ကဲ့သို့ပင် တော်ဝင်တပ်ဖွဲ့မြင်းစစ်သည်များသည် သူတို့၏ စစ်မြင်းများမှ နားအူမတတ်ဆူညံသံများကြားတွင် ရှေ့သို့ ချီတက်လိုက်ကြသည်။ သူတို့သည် ဝမ်ချောင်၊ မီယာဆာမီးအာရာကာနှင့် အခြားသူများကို ဝန်းရံထားခဲ့ကြပြီး ဤတောင်ကုန်းမှ မြှားတစ်စင်း ပစ်လွှတ်လိုက်သကဲ့သို့ ဒေါသတကြီး ချီတက်လိုက်ကြသည်။
“ဟောင်းလောင်လောင်”
သူတို့၏ ဘေးနှစ်ဖက်မှ ရှုခင်းများသည် ဝင်းလက်သွားခဲ့ပြီး လေတိုက်သံများသည် သူတို့၏ နားထဲတွင် ဆူညံနေခဲ့ကာ မြေပြင်သည် တုန်လှုပ်သွားခဲ့သည်။
မြင်း၏ ကဆုန်ပေါက်ပြေးလွှားသံနှင့် မြင်းဟည်းသံများ၊ အဝေးရှိ ရဲရဲတောက်မီးပွားများနှင့် လက်နက်များ၏ အေးစက်သည့်အလင်းများ... ထိုတခဏမှာပင် ဝမ်ချောင်၏ နှလုံးသားသည် ပြင်းထန်စွာ ခုန်သွားခဲ့သည်။
သူ၏အသိစိတ်သည် ဝေးကွာသောအခြားအချိန်ကာလတစ်ခုသို့ ပျံ့လွင့်သွားပြီး သူ့စိတ်ဝိညာဉ်၏ အနက်ပိုင်းတွင် တုန်ခါသွားခဲ့သည်။ စစ်မြေပြင်သည် သူ့ကို ဆင့်ခေါ်နေခဲ့သည်။
စစ်မြင်ပြင် ဤသည်မှာ သူရှိရမည့်နေရာဖြစ်သည်။
“ဝမြးးး”
အံ့သြဖွယ်ဖြစ်ရပ်တစ်မျိုးမျိုးကဲ့သို့ပင် ဂိုဂူလျောများ၏ ဖွဲ့စည်းမှုအတွင်းတွင် ရုတ်တရက် ဟာကွက်တစ်ခု ပေါ်လာခဲ့သည်။
“ဟောင်းလောင်”
နောက်တခဏမှာပင် ဝမ်ချောင်ဦးဆောင်သော မြင်းတပ်ဖွဲ့သည် ဟာကွက်အတွင်းသို့ တိုးဝင်သွားခဲ့ပြီး နောက်အပေါက်ကြီး တစ်ခုမှ ပြန်လည်ဆုတ်ခွာလိုက်ကြသည်။
မြင်းစစ်သည်များမှ တိုက်ခိုက်လာသည့် ဧရာမခွန်အားသည် ဂိုဂူလျောလုပ်ကြံသူများကို တစ်ယောက်ပြီး တစ်ယောက် လွင့်ထွက်သွားစေခဲ့သည်။
"သူတို့ကို သတ်"
ကျယ်လောင်သည့် တိုက်ပွဲခေါ်သံသည် ကောင်းကင်ယံ၌ ပဲ့တင်ထပ်သွားခဲ့သည်။ နောက်တစ်ခဏမှာပင် ဂိုဂူလျောတို့၏ ခံစစ်စည်းသည် နှစ်ပိုင်းပိုင်းသွားခဲ့သည်။ တခဏချင်းမှာပင် သူတို့သည် ပရမ်းပတာ အခြေအနေသို့ ကျဆင်းသွားခဲ့သည်။
"ခွေးမသား"
ဘုန်းကြီးကျောင်း ခေါင်မိုးထက်တွင် ရပ်နေသည့် ဂိုဂူလျောခေါင်းဆောင်အချို့၏ မျက်နှာများ မဲမှောင်သွားခဲ့ကြသည်။ ဝမ်ချောင်၏ တိုက်ခိုက်မှုသည် ယခင်က သူတို့၏ ကြိုးစားအားထုတ်ခဲ့မှုများကို လုံးဝအသုံးမဝင်ဖြစ်သွားစေခဲ့သည်။
သူတို့၏ မျက်နှာများသည် အေးစက်သွားခဲ့ကြပြီး မြင်းစစ်သည်အုပ်စုကို ရှင်းပစ်ချင်သည့် စိတ်ဆန္ဒများသည် သူတို့အတွင်း ပျံ့နှံ့လာခဲ့သည်။ သို့သော်လည်း ဤအချိန်အတွင်းမျာပင် မဟာထန်၏ ရက်စက်သော စစ်တပ်သည် ခုန်ဝင်လာကြပြီး ပူးပေါင်းလာခဲ့ကြသည်။
ဤအချိန်တွင် သူတို့ကိုယ်တိုင်သည်လည်း တိုက်ပွဲထဲဝင်ပါရပေမည်။
"ကိုယ့်ကိုယ်ကို ပြင်ဆင်ထားကြပါ။ ငါတို့နောက်တစ်ခေါက် ပြန်ဝင်မယ်။ "
ဂိုဂူလျောတပ်သား အစုအဝေးကို ကျော်ဖြတ် တိုက်ခိုက်ပြီးနောက် ဝမ်ချောင်၏ လက်ရွေးစင် မြင်းစစ်သည်များသည် အခြားတောင်ကုန်းတစ်ခုတွင် ရပ်တန့်သွားကာ ဂိုဂူလျောများကို အေးစက်စွာ ငုံ့ကြည့်လိုက်ကြသည်။
ဝမ်ချောင်၏ နေရာမှကြည့်လျှင် ဂိုဂူလျောများသည် သူတို့၏ ခံစစ်စည်းကို ပြန်လည်တည်ဆောက်ရန် သူတို့၏ဖွဲ့စည်းပုံကို ဖြည်းဖြည်းချင်း ပြည်လည် အသက်သွင်းနေသည်ကို သူမြင်နိုင်သည်။
သို့သော်လည်း ဤသည်မှာ သူ့အတွက် လုံးဝမထူးခြားခဲ့ပေ။ သူမြင်နေနိုင်ပြီဖြစ်သည်။ နောက်တစ်ကြိမ် တိုက်ခိုက်သည်နှင့် သူတို့သည် လုံးဝရှုံးနိမ့် သွားပေလိမ့်မည်ဖြစ်သည်။
တိုက်ပွဲသည် လုပ်ကြံသတ်ဖြတ်ခြင်းနှင့် အလွန်ခြားနားသည့်အရာဖြစ်သည်။
အခြေအနေသည် စစ်ပွဲတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ကတည်းက ဂိုဂူလျောတို့သည် အလစ်အငိုက်မိခဲ့ပြီးဖြစ်သည်။
"ကိုယ့်ကိုယ်ကိုပြင်ဆင်ထားကြပါ ဒုတိယအကြိမ် တိုက်"
“ဟောင်းလောင် “
ဝမ်ချောင်သည် သူ့လက်ရွေးစင်မြင်းစစ်သည်များကို ဦးဆောင်ကာ ဂိုဂူလျောဖွဲ့စည်းပုံကို နောက်ထပ် တိုက်ခိုက်လိုက်ချိန်တွင် ထောင်နှင့်ချီသော ဂိုဂူလျောလက်ရွေးစင်တပ်ဖွဲ့သည် နောက်ဆုံးတွင် ပြိုကွဲသွားခဲ့သည်။ သူတို့သည် သင့်လျော်သည့် ခံစစ်စည်းကို နောက်ထပ် ဖွဲ့စည်းနိုင်ခြင်း မရှိတော့ကြောင်း တွေ့လိုက်ရသည်။
သူတို့သည် သူတို့အသက်ကို မနည်းကာကွယ်နေရသည့် အခြေအနေသို့ ကျရောက်သွားခဲ့သည်။
******
pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်
Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်
အပိုင်း ၂၅၉
နက်နဲသိမ်မွေ့သည့်သိုင်းပညာတိုက်ပွဲ
အကယ်၍ ဂိုဂူလျော လက်ရွေးစင်များသည် ပြန်လည် စုစည်းနိုင်ခြင်းမရှိခဲ့လျှင် သူတို့သည် လူမည်မျှများပါစေ သို့မဟုတ် တစ်ဦးချင်းစွမ်းရည်သည် မည်မျှအားကောင်းပါစေ တပ်ဖွဲ့တစ်ခုလုံးကို ဆန့်ကျင်တိုက်ခိုက်ရန်မှာ သူတို့အတွက် ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။
ဝမ်ချောင်သည် သူတို့၏ ဖွဲ့သည်းပုံကို ဒုတိယအကြိမ်တိုက်ခိုက်ခဲ့ပြီး သူတို့၏ ဖွဲ့စည်းပုံကို ပျဲ့ကြဲစေခဲ့ကတည်းက ဂိုဂူလျောလက်ရွေးစင်ထောင်ကျော်၏ ကံကြမ္မာသည် သတ်မှတ်ခဲ့ပြီးဖြစ်သည်။
"ပြန်ဆုတ် လူတိုင်း ပြန်ဆုတ်"
ပတ်ဝန်းကျင်သို့ ပျံထွက်သွားသော ငှက်များကဲ့သို့ လူတိုင်းသည် ဖရိုဖရဲဖြင့် ထွက်ပြေးလိုက်ကြသည်။ မည်သူမျှ ဘုန်းကြီးကျောင်း အတွင်းသို့ ပြန်မဆုတ်ချင်ခဲ့ကြပေ။ သူတို့သည် လုံးဝ ပိတ်မိသွားပေလိမ့်မည်ဖြစ်သည်။
“ဘုန်းးး”
တစ်ဖက်တွင်မူ ဝမ်ချောင်၏ တပ်သားများသည် ညအမှောင်ထုထဲတွင် တောက်ပသည့် ချီစက်ကွင်းများဖြင့် တေးမှတ်ခြင်းခံထားရသော ဂိုဂူလျောများနောက်သို့ လိုက်လံဖမ်းဆီးလိုက်ကြသည်။
အမှန်တွင် သူတို့သည် ပြန်လည်ခုခံခဲ့ပါက အန္တရာယ်ရှိနိုင်သည်။ သို့သော်လည်း သူတို့၏စိတ်သည် ထွက်ပြေးခြင်း၌သာ အာရုံစိုက်ထားခဲ့ပါက သေခြင်းတရားသာ သူတို့ဆီသို့ လျင်မြန်စွာ ရောက်လာပေလိမ့်မည်။
【ဂိုဂူလျောတိုင်းပြည်မှ စစ်သား ၈၈၆ ဦးကို သတ်ဖြတ်ခြင်းအတွက် အသုံးပြုသူအား ဂုဏ်ယူပါသည်။ 】
【ဂိုဂူလျောတိုင်းပြည်မှ စစ်သား ၁၁၁၁ ဦးကို သတ်ဖြတ်ခြင်းအတွက် အသုံးပြုသူအား ဂုဏ်ယူပါသည်။ 】
【ဂိုဂူလျောတိုင်းပြည်မှ စစ်သား ၁၁၁၂ ဦးကို သတ်ဖြတ်ခြင်းအတွက် အသုံးပြုသူအား ဂုဏ်ယူပါသည်။ 】
【ဂိုဂူလျောတိုင်းပြည်မှ စစ်သား ၁၁၁၃ ဦးကို သတ်ဖြတ်ခြင်းအတွက် အသုံးပြုသူအား ဂုဏ်ယူပါသည်။ 】
【ဂိုဂူလျောတိုင်းပြည်မှ စစ်သား ၁၂၅၇ ဦးကို သတ်ဖြတ်ခြင်းအတွက် အသုံးပြုသူအား ဂုဏ်ယူပါသည်။ 】
【ဂိုဂူလျောတိုင်းပြည်မှ စစ်သား ၁၂၅၈ ဦးကို သတ်ဖြတ်ခြင်းအတွက် အသုံးပြုသူအား ဂုဏ်ယူပါသည်။ 】
【ဂိုဂူလျောတိုင်းပြည်မှ စစ်သား ၁၂၅၉ ဦးကို သတ်ဖြတ်ခြင်းအတွက် အသုံးပြုသူအား ဂုဏ်ယူပါသည်။ 】
ဝမ်ချောင်၏ ခေါင်းထဲမှ သတိပေးချက်များ အလုံးအရင်းဖြင့် ပေါ်ထွက်လာခဲ့သည်။ သူ၏ စစ်မြေပြင်ပျက်စီးခြင်းသည် အချင်းဝက်မီတာ တစ်သောင်းကျော်အထိ တိုးတက်လာခဲ့ပြီး အပြင်ဘက်သို့ လျှင်မြန်စွာ ဆက်လက်ကျယ်ပြန့်လာခဲ့သည်။
သူ့ခွန်အားများ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည့် အာဒရီလင်သည် ဝမ်ချောင်ကို မြူးကြွရွှင်လန်းသွားစေခဲ့သည်။
"နောက်ထပ် ခုနှစ်ရာ ပြီးရင် ငါ အဆင့် ၂ ကို ရောက်ပြီ။ "
ဝမ်ချောင်တွေးလိုက်သည်။
သူတိုးတက်လာသည်နှင့် သူချီစက်ကွင်း တိုးမြှင့်မှုသည် ပို၍ ပို၍ ခက်ခဲလာခဲ့သည်။ အစပိုင်းတွင် ဝမ်ချောင်သည် ချီစက်ကွင်းကို နိုးထစေရန် တိုင်းတစ်ပါးသားစစ်သားတစ်ဦးကိုသာ သတ်ဖြတ်ခဲ့ရသည်။
သို့သော် အဆင့် ၀ မှ အဆင့် ၁ သို့ သူသည် စစ်သားအယောက်တစ်ရာကို သတ်ဖြတ်ခဲ့ရပြီး ဤစစ်သားတစ်ဦးချင်းစီသည် အနည်းဆုံး မူလစွမ်းအင်အဆင့် ၉ သို့ ရောက်နေရမည်ဖြစ်သည်။ ဤသည်မှာ လုံးဝမလွယ်ကူသည် လုပ်ဆောက်မှုဖြစ်သည်။
တစ်ဖက်တွင်မူ အဆင့် ၂ သို့ရောက်ရှိရန် ဝမ်ချောင်သည် တိုင်းတစ်ပါးစစ်သား အယောက်နှစ်ထောင်ကို သတ်ဖြတ်ရပေလိမ့်မည်။
အဆင့် ၁ တွင် ဝမ်ချောင်၏ စစ်မြေပြင် ပျက်စီးခြင်းသည် အစစ်အမှန် သိုင်းပညာနယ်ပယ် အဆင့် ၁ နှင့် အောက်ရှိ သိုင်းပညာရှင်အားလုံး၏ ခွန်အားကို ဖျက်ဆီးလျော့ကျစေခဲ့သည်။
သို့သော်လည်း ထိုအရာ၏ အကျိုးသက်ရောက်မှုများသည် အစစ်အမှန်သိုင်းပညာနယ်ပယ် အဆင့် ၂ နှင့် အထက်ရှိ သိုင်းပညာရှင် အားလုံးကို ဆန့်ကျင်ရာတွင် ကန့်သတ်ထားခဲ့သည်။
အကယ်၍ ဝမ်ချောင်သည် အစစ်အမှန်သိုင်းပညာနယ်ပယ် အဆင့် ၂ ကျွမ်းကျင်သူတစ်ယောက်၏ သိုင်းပညာချီစက်ကွင်းကို ပိတ်ပင်ကန့်သတ်လို့ပါက သူ့စစ်မြေပြင် ပျက်စီးခြင်းသည် အဆင့် ၂ သို့ ပထမဆုံးရောက်နေရပေလိမ့်မည်။
“ရော”
ဝမ်ချောင်သည် အတွေးများကြား၌ ရောက်နေစဉ်မှာပင် ပြင်းထန်သည့် အော်သံတစ်ခုသည် ရုတ်တရက် ဘုန်းကြီးကျောင်းမှ ထွက်ပေါ်လာခဲ့သည်။ ကြီးမားသော လေပြင်းသည် ပတ်၀န်းကျင်သို့ ဝင်ရောက်လာကာ သစ်ရွက်လှိုင်းလုံးကြီးကို တောင်အောက်သို့ လွင့်သွားစေသည်။
"ဒါက ဘုန်းကြီးကျောင်းကပဲ။ သူတို့က လက်ရှိမှာ ဂိုဂူလျော ခေါင်းဆောင်တွေနဲ့ တိုက်ခိုက်နေကြပြီ။ "
မီယာဆာမီးအာရာကာ၏ အသံသည် သူ့နားထဲသို့ တီးတိုးဝင်လာခဲ့သည်။ လေပြင်းသည် သူမ၏ ညဝတ်စုံကို လေထဲတွင် တဖျပ်ဖျပ်လွင့်နေစေခဲ့သည်။
ဝမ်ချောင် တစ်ချက်ကြည့်လိုက်သည်တွင် ဘုန်းကြီးကျောင်းနံရံများသည် ပြိုကျနေသည်ကို တွေ့လိုက်ရသည်။ ဘုန်းကြီးကျောင်းအတွင်းတွင် ဦးလေးလီလင်း၊ မာယင်လုံ၊ လူအိုကြီးလင်းယုန်ငှက်၊ တစ်ကိုယ်တော်ဝံပုလွေ၊ သံမဏိလက်နှင့် တော်ဝင်ရုံးတော်မှ စေလွှတ်ခဲ့သော တော်ဝင်စစ်တပ်ကွပ်ကဲသူတို့သည် လက်ရှိတွင် ဂိုဂူလျောခေါင်းဆောင်သုံးဦးနှင့် ပြင်းထန်သော တိုက်ပွဲတစ်ခုကို တိုက်ခိုက်နေကြသည်။
“ဘုန်းဘုန်းဘုန်း”
ကြယ်တာရာ စွမ်းအင်ဒလဟောသည် ပေါက်ကွဲထွက်လာခဲ့ပြီး အခန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားစေခဲ့သည်။ သူလမ်းကြောင်းတွင်ရှိနေသောအရာအားလုံး နံရံဖြစ်စေ၊ ဘုန်းကြီးကျောင်းဖြစ်စေ၊ တောင်တုဖြစ်စေ၊ ကျောက်စားပွဲဖြစ်စေ သို့မဟုတ် အိပ်ခန်းများဖြစ်စေ အရာအားလုံးသည် တိုဟူးကဲ့သို့ ပိုင်းဖြတ်ခံလိုက်ရသည်။
ကြယ်တာရာ စွမ်းအင်အမျိုးမျိုးသည် တစ်ခုနှင့်တစ်ခု တိုက်ခိုက်နေကြသောကြောင့် မုန်တိုင်းကြီးတစ်ခုသည် ကျန့်အတော်များများ မြှင့်တက်လာခဲ့ပြီး ဘုန်းကြီးကျောင်း တစ်ဝက်ခန့်ကို ဖုံးလွှမ်းထားခဲ့သည်။
ဤဖျက်ဆီးလိုသော ကြယ်တာရာ စွမ်းအင် မုန်တိုင်းကြားတွင် ဘုန်းကြီးကျောင်း ပတ်ပတ်လည်တွင်ရှိနေသော တော်ဝင်စစ်သည်များသည် နောက်ဆုတ်ရန် ဖိအားပေးခံလိုက်ရသည်။
“ဟူးးး”
ကျန့်ဒါဇင်များစွာသော မီးတောက်များသည် လေထဲတွင် ရုတ်တရက် လောင်ကျွမ်းသွားခဲ့ကာ တောက်ပသော ကြက်သွေးရောင် ပုံသဏ္ဍန်ကို ညကောင်းကင်သို့ ယူဆောင်လာသည်။ ဆေဘာချီများနှင့် ဓားချီများသည် ရောနှောနေခဲ့ကာ ကောင်းကင်ကိုပင် ဆုတ်ဖြဲရန် ခြိမ်းခြောက်နေခဲ့သည်။ မုန်တိုင်းထန်နေသည့်ကြားတွင် တစ်ယောက်သည် ကြောက်မက်ဖွယ်ကောင်းသော ဖြစ်စဉ်အချို့ကိုပင် မြင်တွေ့နိုင်ပေသည်။
မီယာဆာမီးအာရာပင်လျှင် တောင်ကုန်းပေါ်ရှိ မုန်တိုင်းကြီးကိုကြည့်ကာ ထိတ်လန့်မှုဖြင့် မျက်တောင်ခတ်လိုက်မိပြီး ကြောက်ရွံ့စွာဖြင့် အလိုလို နောက်ဆုတ်လိုက်မိသည်။
“နက်နဲသိမ်မွေ့သည့် သိုင်းပညာနယ်ပယ်“
သူတို့သည် နက်နဲသိမ်မွေ့သည့် သိုင်းပညာနယ်ပယ်မှ ကျွမ်းကျင်သူများဖြစ်ကြသည်မှာ မီယာဆာမီးအာရာကာ အလွန်သေချာပေသည်။ ထိုသို့မဟုတ်လျှင်ပင် သူတို့သည် ထိုအဆင့်နှင့် သိပ်မဝေးသည်မှာ သေချာပေသည်။ အကြောင်းမှာ နက်နဲသိမ်မွေ့သည့် သိုင်းပညာနယ်ပယ် ကျွမ်းကျင်သူများသာလျှင် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် မုန်တိုင်းကို ဖြစ်စေနိုင်သည်။
"သူတို့က သန်မာတယ်"
မီယာဆာမီးအာရာကာ တွေးလိုက်သည်။
အစစ်အမှန် သိုင်းပညာနယ်ပယ် တစ်ယောက်သည် နက်နဲသိမ်မွေ့သည့် သိုင်းပညာနယ်ပယ် တစ်ယောက်ကို ဆန့်ကျင်ရပ်တည်နိုင်ရန်မှာ မဖြစ်နိုင်ပေ။ အရေအတွက်အသားစီးနှင့် တော်ဝင်စစ်တပ်တွင်လည်း နက်နဲသိမ်မွေ့သည့် သိုင်းပညာနယ်ပယ် ကျွမ်းကျင်သူများရှိနေခြင်းကြောင့် မဟုတ်လျှင် သူမသည် ဤအဆင့်၌ရှိနေသော တိုက်ခိုက်မှုထဲတွင် ဘယ်တော့မှ ဝင်ပါလိမ့်မည်မဟုတ်ပေ။
"စိတ်မပူပါနဲ့ သူတို့ရဲ့ တိုက်ပွဲက ငါတို့အပေါ်သက်ရောက်မှာမဟုတ်ဘူး။ "
ဝမ်ချောင် ပြုံးလိုက်သည်။
မီယာဆာမီးအာရာကာသည် ကျွမ်းကျင်မှုရှိသော်လည်း သူမသည် စစ်မြေပြင်သို့ မရောက်ဖူးခြင်းကြောင့် ဤအရာနှင့် အတွေ့အကြုံမရှိပေ။ 'စစ်သားများသည် စစ်သားများနှင့် တိုက်ခိုက်မည်၊ စစ်သူကြီးများသည် စစ်သူကြီးများနှင့် တိုက်ခိုက်မည်' အခြားသူများ ထွက်ပြေး လွတ်မြောက်နိုင်ချိန်တွင် ဂိုဂူလျောခေါင်းဆောင် သုံးယောက်သည် ပြောစရာမလိုအောင်ပင် ထွက်ပြေးနိုင်သဖြင့် သူတို့ကို ဖယ်ရှားရန် ဤနေရာသို့ အပြေးအလွှား လာခဲ့ကြသည်။
ဤသည်မှာ တော်ဝင်ရုံးတော်မှ စေလွှတ်လိုက်သည့် တော်ဝင်စစ်တပ်စစ်သူကြီးသည် ယခင်ကဝမ်ချောင် နှင့်အတူ စောင့်ဆိုင်းနေရသည့် အကြောင်းအရင်းလည်းဖြစ်သည်။ ဤသည်မှာ ဂိုဂူလျောခေါင်းဆောင်များသည် ထွက်မပြေးရသည့် အကြောင်းအရင်းလည်းဖြစ်သည်။ သူတို့ကို လွတ်မြောက်ခွင့်ပေးရန် မဟာထန်အတွက် မဖြစ်နိုင်ပေ။
အခြားသာမန် စစ်သားများနှင့်မတူဘဲ မျက်လုံးများစွာသည် သူတို့အပေါ်ရှိနေသည်။ သူတို့သည် အဝေးသို့ထွက်ပြေးရန် ယုံကြည်မှုရှိသော်လည်း သူတို့သည် လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ပေ။
“ဘုန်းဘုန်းဘုန်း”
မည်သည့် အစစ်အမှန် သိုင်းပညာနယ်ပယ် ကျွမ်းကျင်သူ၏ တတ်နိုင်စွမ်းထက်မဆို သာလွန်သော ကြယ်တာရာ စွမ်းအင်များသည် ကြမ်းတမ်းစွာ တိုက်ခိုက်လိုက်ကြသည်။ သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးများသည် ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။ တောင်တစ်ခုလုံးပင်လျှင် ဤထိပ်တန်း ကျွမ်းကျင်သူများ၏ ခွန်အားအောက်၌ တုန်ခါသွားခဲ့ရသည်။
အချိန်တိုအတွင်းမှာပင် လေးလအချိန်ယူ၍ ဆောက်လုပ်ခဲ့ရသော ဘုန်းကြီးကျောင်းသည် သုံးပုံပုံနှစ်ပုံ ပျက်စီးသွားခဲ့သည်။ ကွဲထွက်နေသော အုတ်ကျိုးအုတ်ပဲ့များနှင့် သစ်သားအပိုင်းအစများသည် လေထဲလွင့်ပျံနေခဲ့ပြီး လောင်မြိုက်နေသောမုန်တိုင်းထဲတွင် ရောနှောပါဝင်နေခဲ့ကြသည်။
ဤသည်မှာ သူ ပြန်လည်မွေးဖွားလာခဲ့ကတည်းက နက်နဲသိမ်မွေ့သည့် သိုင်းပညာနယ်ပယ် ကျွမ်းကျင်သူများအကြားတိုက်ပွဲကို ဝမ်ချောင် ပထမဆုံးမြင်တွေ့ရခြင်းဖြစ်သည်။
ဤတိုက်ပွဲသည် ဝမ်ချောင်အဆင့်ထက် အလွန်မှ ကျော်လွန်နေခဲ့သည်။ သူ့အတွက် သို့မဟုတ် မီယာဆာမီးအရာကာနှင့် ကျွမ်းကလန်နှင့် ချီကလန်မှ အစောင့်များကဲ့သို့သော သူ့မဟာမိတ်တပ်သားများအတွက် အကူအညီဝင်ပေးရန် မဖြစ်နိုင်ပေ။
သို့သော်လည်း သူ့အတွက် အနည်းငယ်ဝင်ပါရန်ဖြစ်နိုင်သေးသည်။
"လော်ချောင်ကို ခေါ်လိုက်ပါ"
ဝမ်ချောင်သည် အပြုံးတစ်ခုဖြင့် ညွှန်ကြားလိုက်သည်။
လော်ချောင်သည် ဝမ်ချောင်ဆီသို့ စုန့်ဘုရင်ထည့်ပေးလိုက်သော လေးသခင်၏ နာမည်ဖြစ်သည်။ တစ်ဖက်လူ၏ နာမည်ကို သိရရန်အတွက် သူအတော်လေးကြိုးစားခဲ့ရသည်။
ထိုလူသည် အလွန်တရာမှ စကားနည်းလှသည်။
"သခင်လေး"
လေပြင်းများကြားတွင် သံချပ်ကာအပြည့်ဝတ်ဆင်ထားသော လော်ချောင်သည် ကျောဘက်တွင် ဧရာမလေးကြီးကို လွယ်လျက် ဝမ်ချောင်အနောက်၌ ရောက်လာခဲ့သည်။
နှစ်မီတာမြင့်သော အရပ်ဖြင့် ရပ်လျက် ထိုအရာကပင် ဖိအားများကိုဖြစ်စေသည်။
မဟာထန်၏ ချင်းဝမ်တစ်ယောက်၏ လက်အောက်ငယ်သား တစ်ယောက်အနေဖြင့် လော်ချောင်၏ လေးပစ်စွမ်းရည်သည် သေချာပေါက် ကြောက်မက်ဖွယ်ကောင်းပေသည်။ ဤတိုက်ပွဲတွင် တော်ဝင်စစ်တပ်မှ လေးသခင်များနှင့် နှိုင်းယှဉ်လျှင် သူသည် အစစ်အမှန် သိုင်းပညာနယ်ပယ် ကျွမ်းကျင်သူများစွာကို သတ်ဖြတ်ခဲ့သည်။
ဤသည်မှာ စွမ်းရည်များအကြားမှ အစစ်အမှန်ကွာခြားချက်ဖြစ်သည်။
သံသယရှိစရာမလိုပင် လော်ချောင်သည် ဤနေရာရှိ သူ့လူများတွင် အသန်မာဆုံးဖြစ်ပြီး သူအယုံကြည်ရဆုံးနှင့် အားအထားရဆုံးသူလည်း ဖြစ်သည်။
"လော်ချောင် ဘုန်းကြီးကျောင်းအတွင်းက အခြေအနေတွေကို မင်း မြင်ရလား။ "
ဝမ်ချောင်သည် တောင်ကုန်း အောက်ခြေသို့ ညွှန်ပြပြီး ပြောလိုက်သည်။
ထိုစကားများသည် ဝမ်ချောင်ပတ်ပတ်လည်ရှိ လူများအားလုံး၏ အာရုံကို ဖမ်းစားသွားခဲ့သည်။ ဝမ်ချောင် ခေါ်ဆောင်ခဲ့သည့် မြင်းစစ်သည်တစ်သားတစ်ရာသည် သူဆီသို့ လှည့်ကြည့်လာကြသည်။
"အသုံးမဝင်ဘူး သူတို့လှုပ်ရှားနေတာက မြန်လွန်းတယ်။ ဒါ့အပြင် ကြယ်တာရာ စွမ်းအင်မုန်တိုင်းကနေ ဝင်ရောက်စွက်ဖက်ဖို့က ကြီးမားလွန်းတယ်။ မှားပစ်မိမှာကို စိုးရိမ်မိတယ်။ "
လော်ချောင်၏ အသံသည် ထူထပ်သည့် သံချပ်ကာကြားမှ ထွက်ပေါ်လာခဲ့သည်။ ဝမ်ချောင်၏ ရည်ရွယ်ချက်သည် ရှင်းလင်းလှသည်။
သူ့အတွေးသည် ကောင်းလှသည် သို့သော် အသုံးမဝင်ပေ။
'ကျွမ်းကျင်သူများ အကြားတိုက်ပွဲတွင် စက္ကန့်တိုင်းသည် အရေးပါလှသည်။ ' လော်ချောင်၏ စွမ်းရည်ဖြင့် သူသည် အစစ်အမှန် သိုင်းပညာနယ်ပယ် ကျွမ်းကျင်သူများ၏ ခေါင်းများကိုပင် မြေပြင်ပေါ်သို့ မြဲမြံစွာ တွယ်ကပ်သွားစေနိုင်သည်။ သူတို့သည် ရှောင်လွဲရန် အခွင့်အရေးပင် ရှိမည်မဟုတ်ပေ။ သို့သော်လည်း ဤဂိုဂူလျောခေါင်းဆောင် သုံးယောက်ကဲ့သို့ နက်နဲသိမ်မွေ့သည့် သိုင်းပညာနယ်ပယ် ကျွမ်းကျင်သူကို ဆန့်ကျင်ရာတွင် သူ့မြှားများ၏ သက်ရောက်မှုသည် ကြီးစွာကျဆင်းသွားပေမည်။
သူတို့၏ တုံ့ပြန်မှုသည် အလွန်မှ မြန်ဆန်ပေသည်။
ထို့အပြင် သူ့ဘက်သားနှင့် ရန်သူသည် အလွန်မှ နီးကပ်နေ၏။ ဤကဲ့သို့သော အခြေအနေတွင် သူသည် မတော်တဆ သူ့လူကို သတ်ဖြတ်မိခြင်းဖြင့် အဆုံးသတ်သွားနိုင်ပေသည်။
ထို့အပြင် ဘုန်းတော်ကြီးကျောင်းတစ်ဝိုက်တွင် သူ၏မြှားများကို အနှောင့်အယှက်ဖြစ်စေနိုင်သည့် အလားအလာများစွာရှိသော သစ်ရွက်များ၊ မြေမှုန့်များ၊ အုတ်ကျိုးအုတ်ပဲ့များ၊ သစ်သားကျိုးများ၊ မီးတောက်များ၊ ဆေဘာဓားချီများ... စသဖြင့် ဤအရာများကြောင့် သူသည် သူ့မြှားလမ်းကြောင်းသည် သူရည်ရွယ်သည့်အတိုင်း သွားလိမ့်မည်ဟု ယုံကြည်ချက်မရှိပေ။
ထိုအခြေအနေကြောင့် သူသည် လုံးဝ အသုံးမဝင်တော့ပေ။
ဤသည်မှာ သူသည် ဘုန်းကြီးကျောင်းအတွင်း အခြေအနေများကို မြင်သော်လည်း မလှုပ်ရှားခဲ့ခြင်း၏ အကြောင်းအရင်းလည်းဖြစ်သည်။
ဝမ်ချောင်သည် ရိုးရှင်းစွာဖြင့် အရာများကို လျှော့တွက်နေခဲ့ခြင်းဖြစ်သည်။
"ဘုန်းကြီးကျောင်းနောက်က ဖားပြုပ်ခေါင်းကို တွေ့လား"
ဝမ်ချောင်သည် တောင်ကုန်း အောက်ခြေသို့ ရုတ်တရက်ညွှန်ပြလိုက်ပြီး ပြုံးလိုက်သည်။
"ဖားပြုပ်ခေါင်းလား"
လော်ချောင် မှင်သက်သွားခဲ့သည်။ အခြားလူများစွာ၏ အံ့အားသင့်နေသည့် အကြည့်များ နှင့်အတူ သူသည် ဝမ်ချောင် ညွှန်ပြရာနေရာသို့ ကြည့်လိုက်သည်။
ကျန်ရှိသော ဘုန်းကြီးကျောင်း၏ သုံးပုံတစ်ပုံအနက် တိုက်ပွဲနှင့် အနီးဆုံးနေရာ၌ ခေါင်မိုးထိပ်တွင် ဖားပြုပ်တစ်ကောင် အမှန်တကယ် ရှိနေပေသည်။
အဆောက်အဦများ ဆောက်လုပ်ရာတွင် ဤပုံစံသည် သာမန်ထက်သာလွန်သည်။
ဤအရာဖြင့် ဂိုဂူလျောများကို ရင်ဆိုင်ရာတွင် သူတို့ကို မည်သို့အကူအညီဖြစ်စေမည်လဲ ဆိုသည်ကို မည်သူမျှနားမလည်ကြပေ။
"ခနနေ မီးတောက်က ဆယ့်တစ်ကျန့်ကို ရောက်တဲ့အခါ ငါအမိန့်တစ်ခုပေးမယ် ပြီးတော့ မင်းလက်ကောက်ဝတ်ကို ဖားပြုပ်မျက်ခုံးကြားအနေ သုံးဖန့်၊ လေးလီ နဲ့ နှစ်ဟွာ နိမ့်လိုက်ပြီး ပစ်ရမယ်။"
လက်နောက်ပစ်လျက် ဝမ်ချောင်သည် ခပ်လှမ်းလှမ်းသို့ ညွှန်ပြပြီး ယုံကြည်မှုရှိစွာ ညွှန်ကြားလိုက်သည်။
“ဝမြးးး”
ဝမ်ချောင်၏ စကားကိုကြားသည်တွင် လော်ချောင်၏ နှလုံးသားသည် ရုတ်တရက် တုန်လှုပ်သွားသည်။ သူမျက်လုံးထဲတွင် အံ့အားသင့်နေသည့် အရိပ်အယောင်ပေါ်လာခဲ့သည်။ 'သုံးဖန့်၊ လေးလီ နှင့် နှစ်ဟွာ' ထိုကဲ့သို့တိကျသော တိုင်းတာမှုအခေါ်အဝေါ်များကို လေးပစ်သမားများသာ အသုံးပြုကြသည်။
ထိပ်တန်းတော်ဝင် စစ်တပ်လေးပစ်နည်းပြများသည် သင်တန်းသားများ၏ ပစ်ခတ်မှုအနေအထားကို ပြုပြင်ရာတွင် ထိုကဲ့သို့သော အသုံးအနှုန်းများကို သုံးလေ့ရှိသည်။
သို့သော်လည်း လူတိုင်းတွင် မတူညီသောအရပ်၊ လက်မောင်းအရှည်၊ လေးကိုင်ဆောင်သည့် အလေ့အထနှင့် အလေးချိန်များရှိသောကြောင့် ဤအမှားပြင်ဆင်ချက်သည် တစ်ဦးချင်းစီနှင့် အထူးအံဝင်ခွင်ကျဖြစ်နေရန် လိုအပ်သည်။
ထို့အပြင် ထိုသို့လုပ်ရန်မှာ လူတစ်ယောက်သည် လေးအတတ်တွင် နက်နဲစွာနားလည်နေရန်လိုအပ်သည်။ သို့သော်လည်း ဝမ်ချောင်၏ လက်များပေါ်တွင် အသားမာများ အနည်းငယ်မျှပင်ရှိမနေပေ။ ထို့အပြင် သူသည် ဝမ်ချောင်က လေးကိုင်ဆောင်သည်ကို ယခင်က မတွေ့ခဲ့ဖူးပေ။
ဝမ်ချောင်သည် မြားပစ်ခြင်းတွင်လည်း ကျွမ်းကျင်သည်ဟု သူယုံကြည်ရန် ခဲယဉ်းနေသည်။
သို့သော် သူသည် မည်မျှပင် သံသယရှိနေပါစေ ဝမ်ချောင်၏ ယုံကြည်ချက်ရှိသော အမူအရာနှင့် ကိုယ်ဟန်အနေအထားသည် သူ့ကို သံသယဝင်ရန် ခက်ခဲစေသည်။
******
pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်
Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်
အပိုင်း ၂၆၀
မြားတစ်စင်း
“ရွှီ”
သူ၏ မြားကျည်တောက်မှ အထူးပြုလုပ်ထားသော မြှားတစ်ချောင်းကို ဆွဲထုတ်လိုက်ကာ လက်ညှိုးနှင့် လက်ခလယ်ကြားတွင် ကိုင်ထားလျက် လော်ချောင်သည် သူ့လေးတွင် တပ်ဆင်ခြင်းမပြုမီ ဝမ်ချောင်ညွှန် ပြသည့်နေရာသို့ သံသယဖြင့် လျှောက်သွားလိုက်သည်။ ထို့နောက် သူသည် ဝမ်ချောင်ဖက်သို့ လှည့်ကြည့်လိုက်သည်။
ဝမ်ချောင်သည် မြင်ကွင်းမှာ ရယ်စရာကောင်းနေသည်ကို တွေ့လိုက်ရသည်။ လော်ချောင်ဘာတွေးနေသည်ကို မည်ကဲ့သို့ သူ မသိဘဲနေလိမ့်မည်နည်း။
သူသည် လေးသခင်မဟုတ်သကဲ့သို့ လေးအတတ်ကိုလည်း အမှန်ပင် များစွာမသိရှိပေ။ သို့သော်လည်း သူသည် လော်ချောင်ကို ညွှန်ကြားရန် သူ့လေးအတတ်၏ ပါအရမီအပေါ် မှီခိုနေရန်မလိုအပ်ပေ။ သူ့အတွေ့အကြုံနှင့် ထက်ရှသည့် ခန့်မှန်းမှုဖြင့်ပင် လုံလောက်ပေသည်။
'တစ်နေရာတွင် ကျွမ်းကျင်ပါက အားလုံးတွင် ကျွမ်းကျင်ပေလိမ့်မည်။ ' သူ့ယခင်ဘဝတွင် သိုင်းပညာရပ်များ၏ အထွတ်အထိပ်နီးပါးဖြစ်သော သူတော်စင်သိုင်းပညာနယ်ပယ်အထွတ်အထိပ်သို့ ရောက်ရှိခဲ့ခြင်းကြောင့် လော်ချောင်၏ အရပ်၊ လက်မောင်းအလျားနှင့် အလေးချိန်ကို ခန့်မှန်းရန်မှာ သူ့အတွက် ပန်းခြံထဲလမ်းလျှောက်ရသကဲ့သို့ပင်။
သူသည် ယခုအချိန်တွင် မူလစွမ်းအင်အဆင့် ၉ ၌သာရှိနိုင်သည်။ သို့သော် သူ၏ငယ်ရွယ်သော ခန္ဓာကိုယ်ထဲတွင် ပုန်းကွယ်နေသည်မှာ သူတော်စင် သိုင်းပညာနယ် အထွတ်အထိပ် သိုင်းပညာရှင် တစ်ယောက်၏ အစစ်အမှန်ဝိဉာဉ်ဖြစ်သည်။
စစ်မြေပြင်တစ်ခုလုံးတွင် ဘုန်းကြီးကျောင်းအတွင်းရှိ တိုက်ပွဲအတွင်းသို့ ဝင်ရောက်စွက်ဖက်နိုင်သည့်လူမှာ သူသာလျှင်ရှိပေသည်။
"ငါ့အမိန့်ကို စောင့်ပါ"
ဝမ်ချောင်သည် အောက်တွင်ရှိသော ဘုန်းကြီးကျောင်းအတွင်းရှိ မြင်ကွင်းကို အနည်းငယ်မျှပင်လှုပ်ရှားခြင်းမရှိဘဲ စိုက်မကြည့်မီ တစ်ချက်ကြည့်လိုက်သည်။
သို့သော်လည်း သူ့ခေါင်းသည်တော့ လှုပ်လှုပ်ရှားရှား ဖြစ်နေသည်။
'ဒါက အတော်လေးကြာသွားခဲ့ပြီ… '
ဝမ်ချောင် တွေးလိုက်သည်။
ဤသည်မှာ သူယခင်ဘဝမှ အတွေ့အကြုံများကို အသုံးချကာ သူ့ထက်များစွာ ကျော်လွန်နေသော တိုက်ပွဲတစ်ခုအတွင်းသို့ ဝင်ရောက်စွက်ဖက်ခြင်းဖြစ်သည်။
တောင်လေများသည် တိုက်ခတ်နေကာ သစ်ပင်များနှင့် ချုံပုတ်များကို တရှဲရှဲမြည်နေစေသည်။ တောင်ကုန်းထိပ်တွင် ဝမ်ချောင်နှင့် တော်ဝင်မြင်းစစ်သည်တစ်ရာတို့သည် အမူအရာကင်းမဲ့စွာ ရှိနေကြသည်။
ည အမှောင်ထုအတွင်းတွင် ဘုန်းကြီးကျောင်ထဲရှိ ဧရာမဆူညံသံများသည် ကမ္ဘာ၏ အလယ်ဗဟိုအဖြစ် ပြောင်းလဲသွားပုံပေါ်သည်။
အချိန်အနည်းငယ်ကြာပြီးနောက်...
"ပစ်တော့"
ဝမ်ချောင် ပြတ်သားစွာပြောလိုက်သည်။ ထို့နောက်
“ဘုန်းးး”
ကောင်းကင်ကို နှစ်ခြမ်းအဖြစ်ဆုတ်ဖြဲသွားသကဲ့သို့ ထူထဲသည့် သတ္တုမြားတစ်စင်းသည် ဝှီးခနဲ ပြေးထွက်သွားခဲ့သည်။ မြား၏ အလွန်ပြင်းထန်သော ခွန်အားမှ သိပ်သည်းသည့်လေများသည် ကြာပွတ်ကဲ့သို့ မျက်နှာများကို ရိုက်ခတ်သွားခဲ့သည်။
ဤသည်မှာ ဝမ်ချောင်နှင့် အခြားသူများသည် လော်ချောင်၏ လုပ်ဆောင်မှုကို သူ့အနားမှနေ၍ ပထမဆုံးမြင်တွေ့ဖူးခြင်းဖြစ်သည်။ ထိုခဏ၌ ညကောင်းကင်ယံပင်လျှင် မှေးမှိန်သွားပုံပေါ်သည်။
“ဝမြးးး”
မျက်လှည့်ပြလိုက်သကဲ့သို့ပင်။ စူးရှသည့် အော်သံကြားတွင် ကြက်သွေးရောင် မီးတောက်မုန်တိုင်းကြီးတစ်ခုသည် ကောင်းကင်ယံသို့ တဟုန်ထိုး ပြေးထွက်လာခဲ့သည်။ ကြက်သွေးရောင် မီးတောက်နောက်တွင် ပုံရိပ်တစ်ခုသည် အံ့အားသင့်စရာကောင်းစွာ ခုန်ထွက်လာခဲ့ပြီး လော်ချောင်နှင့် ခေါင်မိုးထက်ရှိ ဖားပြုပ်ကြားနေရာတွင် ပေါ်ထွက်လာခဲ့သည်။
“ဟောင်းလောင်”
တခဏချင်းမှာပင် မြားသည် ဂိုဂူလျောကျွမ်းကျင်သူ၏ ရင်ဘက်သို့ စိုက်ဝင်သွားခဲ့သည်။ ထို့နောက် မြား၏ အံ့မခမ်းအဟုန်သည် သူ့ကို ကြက်သွေးရောင် မုန်တိုင်းအပြင်ဘက်သို့ လွင့်သွားစေခဲ့သည်။
“ဝမြးးး”
ထိုခဏမှာပင် တောင်ကုန်းရှိ လူတိုင်း၏ မျက်လုံးများသည် အံ့အားသင့်စွာဖြင့် ပြူးကျယ်ကုန်ကြသည်။
"သခင်လေး"
မီယာဆာမီးအာရာကာသည် ဝမ်ချောင်ကို ထိတ်လန့်စွာဖြင့် လှည့်ကြည့်လိုက်သည်။ သူမရှေ့ရှိ လူငယ်လေးကို ပြန်လည် သုံးသပ်ရန် ကြိုးစားလိုက်သည်။
ဤနက်နဲသိမ်မွေ့သည့် သိုင်းပညာနယ်ပယ် ကျွမ်းကျင်သူများအကြား တိုက်ပွဲသည် သူမပင်လျှင် လုံးဝ ဝင်ရောက်စွက်ဖက်နိုင်ခြင်းမရှိပေ။ ဝင်စွက်ဖက်သည့် ကိစ္စရပ်များစွာရှိပေသည်။
သို့တိုင် ဝမ်ချောင်သည် ဂိုဂူလျောကွပ်ကဲသူ ခုန်ထွက်လာမည့်အချိန်ကို အတိအကျ ခန့်မှန်းနိုင်ခဲ့သကဲ့သို့ သူ့နေရာနှင့် လော်ချောင်ကို ပစ်ခတ်ရန် တိကျသည့် အမိန့်ကိုလည်း ညွှန်ကြားနိုင်ခဲ့သည်။
ဝမ်ချောင်သည် ဤကဲ့သို့ စွမ်းရည်ကို ပိုင်ဆိုင်သည်ဟု သူမ ဘယ်တုန်းကမှ မသိခဲ့ပေ။
"ဒါက မယုံနိုင်စရာပဲ။ ဝမ်ကလန်ရဲ့ အမွေအနှစ်က ဒီလောက်အထိအစွမ်းထက်တယ်ထင်တယ်။ "
အမှန်တွင် ဝမ်ချောင်၏ ကွပ်ကဲမှုအောက်သို့ ပို့ဆောင်ခံခဲ့ရသော တော်ဝင်စစ်တပ် လက်ရွေးစင်တစ်ရာတို့သည် သူတို့၏အခန်းကဏ္ဍနှင့် ပတ်သက်၍ သိပ်မကျေနပ်ခဲ့ကြပေ။ ဝမ်ချောင်သည် ဂိုဂူလျောများ၏ ဖွဲ့စည်းပုံကို ဖျက်ဆီးခဲ့သည့် အရေးပါသည့် တိုက်ခိုက်မှုနှစ်ခုကို သူတို့အားဦးဆောင်ခဲ့သော်လည်း သူတို့ကို အမိန့်ပေးရန် သူသည် အလွန်ငယ်ရွယ်ပြီး အတွေ့အကြုံနုနယ်လွန်းသေးသည်ဟု တွေးထင်ခဲ့ကြသည်။
သို့သော် ဤမြင်ကွင်းကို မြင်ပြီးနောက် သူတို့အားလုံး တိတ်ဆိတ်သွားကြသည်။
'ဒီဝမ်ကလန်ကောင်လေးက နည်းနည်းလေး ပိုပြီး ကြောက်ဖို့ကောင်းမနေဘူးလား။ '
သို့သော် အားလုံးထက်ပိုပြီး ထိတ်လန့်အံ့အားသင့်နေသူမှာ လော်ချောင် ပင်ဖြစ်သည်။
သူသာလျှင် သူ့ကိုယ်သူ ဘာတွေဖြစ်ပျက်သွားသည်ကို အတိအကျသိပေသည်။ 'ကျွမ်းကျင်သူများ အကြားတိုက်ပွဲတွင် စက္ကန့်တိုင်းသည် အရေးပါလှသည်။ ' သူ့မြားကိုဆွဲပြီး လေးကြိုးကို လွှတ်လိုက်သောအခါ ဂိုဂူလျောသည် မြေမျက်နှာပြင်မှ လုံးဝခွာမသွားခဲ့သေးပေ။
သို့သော် ဝမ်ချောင်သည် အနာဂတ်ကို ဖောက်မြင်နေနိုင်သကဲ့သို့ပင် ဂိုဂူလျောသည် ရုတ်ချည်းခုန်ထွက်လာခဲ့ပြီး သူ၏ မြားလမ်းကြောင်းသို့ ကျဆင်းလာခဲ့သည်။
ထိုဖြစ်စဥ်တစ်ခုလုံးတွင် သူသည် မြားဆွဲလိုက်သည်မှလွဲ၍ ဘာမှမလုပ်ခဲ့ရပေ။ သူလုပ်ခဲ့သည့် အရာအားလုံးမှာ ဝမ်ချောင်ဆီသို့ သူ့ခွန်အားကို ချေးငှားခဲ့ခြင်းသာဖြစ်သည်။
"စုန့်ဘုရင်က သူ့အပေါ် ဘာကြောင့် ဒီလောက် သဘောထားကြီးရတာလဲ အံ့သြစရာ မဟုတ်တော့ဘူး... သူက တကယ်ပဲ သာမန်အမြင်နဲ့ ခန့်မှန်းလို့မရဘူး။ "
ထိုခဏမှာပင် မရေမတွက်နိုင်သော အတွေးများသည် လော်ချောင်၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။
သူသည် လေးအတတ်နယ်ပယ်မှ လူတစ်ဦးဖြစ်ပြီး တူညီသောနယ်ပယ်မှ ကျွမ်းကျင်သူများသာ သူ၏ လေးစားမှုကို ခံရနိုင်သည်။ ထိုအချိန်တွင် ဝမ်ချောင်သည် သူ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့သည်။
လော်ချောင်သည် ဝမ်ချောင် သူ့ကို အဘယ်ကြောင့် ဤမျှလောက် မျက်နှာသာပေးခဲ့သည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ သူ့ဘဝတစ်လျှောက်လုံးတွင် ဤကဲ့သို့ ပါရမီရှင်ကို တစ်ခါမှ မတွေ့ခဲ့ဖူးပေ။
"သခင်"
ဂိုဂူလျောဘာသာစကားဖြင့် အော်လိုက်သံသည် ဘုန်းကြီးကျောင်းမှ ထွက်ပေါ်လာခဲ့သည်။ လော်ချောင်နှင့် အခြားသူများကို ဖယ်ထားလိုက်လျှင် အခြားဂိုဂူလျော ခေါင်းဆောင်များပင်လျှင် မြင်ကွင်းကြောင့် ကြက်သေသေသွားခဲ့သည်။
ဂိုဂူလျောခေါင်းဆောင် နှစ်ယောက်သည် ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသည့် ခွန်အားကို ထုတ်ဖော်လိုက်သည်။ ထို့အပြင် အရေအတွက် အသာစီးရမနေသော်လည်း သူတို့သည် လီလင်း၊ မာလင်လုံနှင့် အခြားသူများကို နောက်ဆုတ်ရန် ဖိအားပေးလိုက်ကြပြီး အပစ်ခံလိုက်ရသည့် ဂိုဂူလျောခေါင်းဆောင်ထံသို့ ချက်ချင်း ပြေးထွက်လိုက်ကြသည်။
"ကြည့်ရတာ ငါတို့က အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ပစ်မိခဲ့ပုံပဲ"
ဝမ်ချောင် အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။ သို့သော် မကြာမီမှာပင် သူ့နှုတ်ခမ်းပေါ်၌ အပြုံးတစ်ခု ချိတ်ဆွဲလာခဲ့သည်။
"ဒါက ငါ့အတွက် ပိုကောင်းတယ်။ "
အမှန်တွင် လော်ချောင်၏ မြားသည် ဂိုဂူလျောခေါင်းဆောင်ကို သတ်ဖြတ်ခဲ့ခြင်းမရှိပေ။ သို့သော် ထိုအရာသည် ဤတိုက်ပွဲကို အဆုံးအဖြတ်ပေးခဲ့သည်။ အရေအတွက် အသာစီးကြောင့် ဂိုဂူလျောကျွမ်းကျင်သူသုံးဦးသည် သူတို့၏ခြေထောက်ပေါ်တွင် ရပ်တည်ရန် ခက်ခဲနေပြီဖြစ်သည်။ တစ်ယောက်သည် ဒဏ်ရာ အပြင်းအထန်ရသွားခြင်းနှင့်အတူ သူတို့မကျရှုံးမီ အချိန်သိပ်ကြာလိမ့်မည်မဟုတ်ပေ။
အရေးအကြီးဆုံးမှာ မြား၏ သက်ရောက်မှုသည် သူတို့ကြားရှိ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ချိုးဖျက်ခဲ့သည်။
ဤပူးပေါင်း ဆောင်ရွက်မှုကြောင့် သူတို့သည် လူစုဆီမှ ပူးပေါင်း စွမ်းအားကို အချိန်ကြာကြီး တောင့်ခံနိုင်ခဲ့ခြင်းဖြစ်သည်။
ဝမ်ချောင်ဘက်မှ မဟာမိတ်များ၏ တစ်ဦးချင်း တိုက်ခိုက်နေကြပုံနှင့် နှိုင်းယှဉ်ပါက ဂိုဂူလျောစစ်သည်များသည် သူတို့၏ အဖွဲ့လိုက်လုပ်ဆောင်မှုတွင် မယုံနိုင်စရာကောင်းသည့် ပူးပေါင်းမှုအကျိုးရလဒ်ကို ပြသခဲ့သည်။
“ဘုန်းးး”
ဘုန်းဟူသော ပဲ့တင်သံနှင့် နာကျင်စွာအော်ဟစ်သံအနည်းငယ်နှင့်အတူ ဘုန်းကြီးကျောင်းရှိ တိုက်ပွဲသည် နောက်ဆုံးတွင် အဆုံးသတ်သို့ ရောက်လာခဲ့သည်။ ဂိုဂူလျောခေါင်းဆောင်သုံးဦးသည် နောက်ဆုံးတွင် ကျရှုံးသွားခဲ့ကြသည်။
ပတ်ဝန်းကျင်သည် လုံးဝပျက်စီးရှုပ်ပွနေခဲ့သည်။
【အဆင့်-၅ ကွပ်ကဲသူဒယ်ဟွန်ဆုပ် သေဆုံးမှုအတွက် အသုံးပြုသူအား ဂုဏ်ပြုပါသည်။ ကံကြမ္မာ စီးဆင်းမှုကို ပြောင်းလဲခြင်းအတွက် ကံကြမ္မာမှတ် သုံးမှတ် ချီးမြှင့်ခံရပါသည်။ 】
【အဆင့်-၅ ကွပ်ကဲသူဒယ်အင်စု သေဆုံးမှုအတွက် အသုံးပြုသူအား ဂုဏ်ပြုပါသည်။ ကံကြမ္မာ စီးဆင်းမှုကို ပြောင်းလဲခြင်းအတွက် ကံကြမ္ဘာမှတ် တစ်မှတ် ချီးမြှင့်ခံရပါသည်။ 】
【အဆင့်-၅ ကွပ်ကဲသူဒယ်ဂွန်ဟောင် သေဆုံးမှုအတွက် အသုံးပြုသူအား ဂုဏ်ပြုပါသည်။ ကံကြမ္မာ စီးဆင်းမှုကို ပြောင်းလဲခြင်းအတွက် ကံကြမ္ဘာမှတ် တစ်မှတ် ချီးမြှင့်ခံရပါသည်။ 】
ထိုသုံးယောက်ကျဆုံးသည်နှင့် မတူညီသော သတိပေးချက်သုံးခုသည် ဝမ်ချောင်၏ခေါင်းထဲ ပေါ်လာခဲ့သည်။
"ဟမ် ဒယ်ဟွန်ဆုပ်၊ ဒယ်အင်စု၊ ဒယ်ဂွန်ဟောင်..."
ဝမ်ချောင် အံ့အားသင့်သွားခဲ့သည်။ ဂိုဂူလျောတွင် 'မဟာ' ဘွဲ့ချီးမြှင့်ခံထားရသော ကွပ်ကဲသူများသည် အဆင့်သူ သူများကြားတွင် သာလွန်သော အဆင့်အတန်းကို ပိုင်ဆိုင်ထားကြသည်။
ယခင်က သူတို့၏ မျိုးရိုးနာမည်သည် မည်သို့ဖြစ်ပါစေ ထိုအဆင့်သို့ ရောက်ပါက ဒယ်ဟွန်ဆုပ်ကဲ့သို့ "ဒယ်" ဟု ခေါ်ဆိုကြရမည်ဖြစ်သည်။ ဤသည်မှာ ဂိုဂူလျောတွင် သူတို့၏ အဆင့်အတန်းကို ထင်ဟပ်ပြသနေပေသည်။
"ဒယ်ဟွန်ဆုပ် ဒီနာမည်က နည်းနည်းလေး ရင်းနှီးနေသလိုပဲ။ "
မျက်မှောင်ကြုတ်လိုက်ကာ ဝမ်ချောင်သည် အတွေးထဲနစ်မြောသွားခဲ့သည်။ မကြာမီ သူသည် ရုတ်တရက် တစ်စုံတစ်ရာကို အမှတ်ရလိုက်သည်။ ဒယ်ဟွန်ဆုပ် ဤသည်မှာ ဟိုးတုန်းက ဂိုဂူလျောစစ်သည်များကို ဦးဆောင်ကာ မဟာထန်၏ အရှေ့မြောက်ဘက်သို့ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုင်းသူပြည်သားများအကြား အကြီးအကျယ် မငြိမ်သက်မှုများကို ဖြစ်ပေါ်စေခဲ့သော ဂိုဂူလျောစစ်သည် လီကျူးဟွမ်၏ ဂိုဂူလျောနာမည်မဟုတ်လော။
အလယ်ပိုင်းလွင်ပြင် ဒေသအတွင်း ပရမ်းပတာဖြစ်နေသည့် ထိုကာလတွင် ထိုပုဂ္ဂိုလ်သည် အရှေ့ပိုင်း ကာကွယ်ရေးတပ် တစ်ဝိုက်တွင် နေထိုင်ကြသော ပြည်သူများကြားတွင် အမုန်းတီးရဆုံးသော ဂိုဂူလျောစစ်သည်ဖြစ်ခဲ့သည်။ သူသည် ဤနေရာတွင် အမှန်ပင် သေဆုံးခြင်းဖြင့် အဆုံးသတ်သွားရမည်ဟု မည်သူသိမည်နည်း။
တွေးရလျှင် သူသည် ရှိုရှုဘုရင်နှင့် အစကတည်းက အတူရှိခဲ့ခြင်းဖြစ်မည်။ အကယ်၍ ဤစစ်ဆင်ရေးကြောင့်သာမဟုတ်ပါက သူသည် လုပ်ကြံသတ်ဖြတ်မှုများကို ပြုလုပ်ပြီးနောက် ရှိုရှုဘုရင်နှင့်အတူ ဂိုဂူလျောတိုင်းပြည်သို့ ထွက်ပြေးလွတ်မြောက်လိမ့်မည်ဖြစ်ပြီး မဟာထန်၏ အရှေ့မြောက်ဘက် နယ်စပ်ကို အကြီးအကျယ်ထိခိုက်စေမည်ဖြစ်သည်။
ဝမ်ချောင် တွေးလိုက်သည်။
ဒယ်ဟွန်ဆုပ် သို့မဟုတ် လီကျူးဟွမ်သည် မဟာထန်တွင် ရှိုရှုဘုရင်နှင့်အတူ အချိန်အတော်ကြာ ရှိနေခဲ့သည်ကို တွေးကြည့်လိုက်ပါက သူသည် နောက်ဆုံးတွင် စစ်တပ်ကို ဤနေရာသို့ ဦးဆောင်ပြီး အရှေ့မြောက် နယ်စပ်ကို ဖျက်ဆီးသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။
သူသည် ဤဘဝတွင် ထိုသို့ပြုလုပ်ရန် အခွင့်အရေးမရှိတော့သည်မှာ အလွန်ဆိုးလှသည်။
သို့သော် လျင်မြန်စွာဖြင့် ဝမ်ချောင်၏ အာရုံသည် ဒယ်ဟွန်ဆုပ်ဆီမှ ပြောင်းလဲသွားခဲ့သည်။
'ဟားဟား ငါက တကယ်ပဲ ကံကြမ္မာမှတ် ငါးမှတ်ကို ရရှိခဲ့တယ်။ ဒါက အသေအချာကို မမျှော်လင့်ထားတဲ့ ရရှိခြင်းပဲ။ '
ဝမ်ချောင်သည် သူရရှိထားသည့် ပေါင်းထည့်လာသော ကံကြမ္မာမှတ်များကို ကြည့်လိုက်ကာ စိတ်ထဲတွင် ပျော်ရွှင်စွာရယ်မောလိုက်သည်။
သူလုပ်ခဲ့သည့်အရာအားလုံးမှာ လော်ချောင်ကို မြားပစ်ခတ်ရန် ညွှန်ကြားခြင်းမပြုမီ မြင်းတပ်ဖွဲ့ကို ဦးဆောင်ပြီး ဂိုဂူလျောဖွဲ့စည်းပုံထဲသို့ နှစ်ကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ သို့တိုင် သူသည် ကံကြမ္မာမှတ် ငါးမှတ်ရရှိခဲ့သည်။
ကံကြမ္မာမှတ်ရရှိရန် မည်မျှခက်ခဲသည်ကို သူသိသည်။ ယခုအချိန်ထိ ဤကံကြမ္မာမှတ် ငါးမှတ်သည် ရရှိရန် အလွယ်ကူဆုံးဖြစ်ခဲ့သည်။ သူသည် စကားလုံး အနည်းငယ် ပြောရုံမျှဖြင့် သူတို့ကို ရရှိခဲ့ခြင်းဖြစ်သည်။
ဝမ်ချောင်၏ လက်ရှိခွန်အားဖြင့် ဤသုံးယောက်ထဲက မည်သည့် နက်နဲသိမ်မွေ့သည့် သိုင်းပညာ နယ်ပယ် ဂိုဂူလျောကွပ်ကဲသူကိုမဆို သတ်ဖြတ်ပြီး ဤကံကြမ္မာမှတ် ရရှိရန်မှာ မဖြစ်နိုင်ပေ။ အကယ်၍ တခြားအချိန်အခါမျိုးမှာဆိုလျှင် သူသည် တတ်နိုင်သလောက် အဝေးသို့ ထွက်ပြေးပေမည်။ ဤတစ်ကြိမ်တွင် သူသည် တော်ဝင်ရုံးတော်မှ စေလွှတ်လိုက်သော တော်ဝင်စစ်တပ်၏ ကြိုးစားအားထုတ်မှုမှ အကျိုးရှိခဲ့သည်။ သူဦးလေး လီလင်းသည်လည်း အတူတူပင်ဖြစ်သည်။
'ဒါက တစ်ကြိမ်ပဲရနိုင်တာ သနားစရာကောင်းတယ်။ အနာဂတ်မှာ ဒီလိုအခွင့်အရေးမျိုး ရလာတော့မှာမဟုတ်ဘူး။ '
ဝမ်ချောင် ဝမ်းနည်းစွာ တွေးလိုက်သည်။
ရန်သူကွပ်ကဲသူများသည် တစ်ယောက်တည်း ပေါ်လာလိမ့်မည်မဟုတ်ပေ။ သူတို့ဘေးတွင် လက်ရွေးစင်စစ်တပ်ကြီး အမြဲရှိသည်။
သူတို့ကို သတ်ဖြတ်ခြင်းမှာ လုံးဝ လုံးဝ လွယ်ကူသည့် အလုပ်မဟုတ်ပေ။
ဤစစ်ဆင်ရေးနှင့်အတူ ဂိုဂူလျောတို့သည် ပြင်းထန်စွာ ထိုးနှက်ခံလိုက်ရသည်။ သူတို့သည် အချိန်ကာလတစ်ခုအထိ မြို့တော်အတွင်း လုပ်ကြံသတ်ဖြတ်ခြင်းကဲ့သို့သော အရာများ လုပ်ဆောင်နိုင်မည် မဟုတ်တော့ပေ။ တစ်ချိန်တည်းတွင် အနောက်ပိုင်း ဒေသကဲ့သို့သော အခြားတိုင်းပြည်များသည် မည်သည့် အစီအစဥ်ကိုမဆို ကြံစည်ခြင်းမှ တုံ့ဆိုင်းသွားပေလိမ့်မည်။
အခြားစကားဖြင့် ဆိုရလျှင် ဤကဲ့သို့ လွယ်ကူသော ကံကြမ္မာမှတ်သည် သူ့အတွက် ပထမဆုံးနှင့် နောက်ဆုံးအကြိမ် ဖြစ်ပေလိမ့်မည်။
သို့သော် အနည်းဆုံး ဝမ်ချောင်သည် ဤအရာမှ အရေးပါသည့် သတင်းအချို့ကို သိရှိခဲ့သည်။
'ဆိုတော့ ကြည့်ရတာ ရန်သူနယ်မြေက ကွပ်ကဲသူတွေကို သတ်ဖြတ်ပြီး ကံကြမ္မာကို ပြောင်းလဲနိုင်ရင် ငါက ကံကြမ္မာမှတ်အနည်းငယ်ကို ရရှိနိုင်လိမ့်မယ်။ '
ဝမ်ချောင် တွေးလိုက်သည်။
အမှန်တွင် ဤသည်မှာ ဤစစ်ဆင်ရေးမှ သူ၏ အကြီးမားဆုံးသောရရှိခြင်း ဟု သူ ခံစားနေရသည်။ ကံကြမ္မာကျောက်စာသည် ထိုအရာများကို မဖော်ပြထားသောကြောင့် သူကိုယ်တိုင် ဖော်ထုတ်ရန် လိုအပ်သည်။
သူသည် စုစုပေါင်းငါးမှတ်သာ ရရှိခဲ့သော်လည်း ထိုအရာမှာ တိုးပွားလာခြင်းဖြစ်သည်။
သူတို့ကို စုဆောင်းခြင်းဖြင့် ဧကန်မုချကြီးမားသော ရိတ်သိမ်းမှုကို ဖန်တီးနိုင်မည်ဖြစ်သည်။
******
pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်
Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်