← Chapters

အခန်း (၂၆၁-၂၆၅)

Vol. 11 Ch. 261-265

အခန်း (၂၆၁-၂၆၅)

Vol. 11 Ch. 261-265

အပိုင်း ၂၆၁

လူအိုကြီးသစ်ခုတ်သမား

“ဟုတ်သားပဲ”

ထိုအခိုက်အတန့်တွင် ဝမ်ချောင်သည် တစ်စုံတစ်ခုကို သတိရလိုက်သည်။ အကယ်၍ သူသည် ဂိုဂူလျောစစ်သည် သုံးဦးကို သတ်ဖြတ်ခြင်းမှ ကံကြမ္မာမှတ် ငါးမှတ်ကို ရနိုင်လျှင် မဟာထန်အရာရှိများကို လုပ်ကြံသတ်ဖြတ်ရန် ရှိုရှုဘုရင်၏ အကြံအစည်ကို ဖျက်ဆီးခြင်းမှ သူသည် သေချာပေါက် များစွာရရှိနိုင်မည်မဟုတ်လော။

ဤအတွေးကို တွေးမိသည်တွင် သူ့နှလုံးသားသည် စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်လာသည်။

စစ်မြေပြင် ပျက်စီးခြင်းအရှိန်အဝါ တိုးတက်လာခြင်းသည် တန်ဖိုးရှိသော ရရှိမှုတစ်ခုဖြစ်သော်လည်း ကံကြမ္မာမှတ် ဆုလာဒ်ရရှိခြင်းကို နှိုင်းယှဉ်နိုင်ခြင်းမရှိပေ။

‘ရှိုရှုဘုရင်ကို ဖယ်ရှားခြင်းအတွက် ကံကြမ္မာမှတ် ဘယ်လောက်ရမလဲ သိချင်မိတယ်... ဒါက ဂိုဂူလျောကွပ်ကဲသူ သုံးယောက်ကို သတ်ဖြတ်ခြင်းအတွက် ကံကြမ္မာမှတ် ငါးမှတ်နဲ့ နောက်ဆုံးဆုလာဒ်ပဲ ဒီနေ့ဒီကိုလာတာက တကယ့်ကို မှန်ကန်တဲ့ရွေးချယ်မှုတစ်ခုကို လုပ်လိုက်တာပဲ။ ’

ဝမ်ချောင် ဝမ်းသာစွာတွေးလိုက်သည်။

ဤစစ်ဆင်ရေးတစ်ခုလုံးမှ အနည်းဆုံး ကံကြမ္မာမှတ် ၁၀ မှတ်ကို ရရှိလိမ့်မည်ဟု သူသေချာပေသည်။

သူသည် ဤစစ်ဆင်ရေးကို စတင်ချိန်တွင် သူ့ယင်ယန်ငယ်ပညာရပ်ကို မြှင့်တင်ရန်၊ စစ်မြေပြင် ပျက်စီးခြင်းအရှိန်အဝါကို တိုးတက်စေရန် နှင့် လုပ်ကြံသတ်ဖြတ်မှုကို တားဆီးရန်အတွက်သာ တွေးတောခဲ့သည်။ ကံကြမ္မာအမှတ်ကိုလည်း ဆုလဒ်အဖြစ် ရရှိလိမ့်မည်ဟု သူ ဘယ်တုန်းကမှ တွေးတောခဲ့ခြင်းမရှိပေ။

ဤအရာသည် အမှန်ပင် မျှော်လင့်မထားသည့် ဝမ်းသာစရာအမြတ်တစ်ခုဖြစ်သည်။

“အားးးးး”

ထိုအချိန်တွင် ကောင်းကင်ကိုတုန်ခါသွားစေသည့် ဝမ်းနည်းပူဆွေးစွာ ငိုကြွေးသံသည် ဘုန်းကြီးကျောင်းမှ ထွက်ပေါ်လာခဲ့သည်။

“မဟုတ်ဘူး။ မဟုတ်ဘူး။ ဒီလူတွေက ရှိုရှုဘုရင်မဟုတ်ဘူး...”

မခံမရပ်နိုင်အောင် ဒေါသအမျက်ထွက်နေသည့် ထိုအသံသည် လူတိုင်း၏အာရုံကို ချက်ချင်းဖမ်းစားနိုင်ခဲ့သည်။

“ဒါ မာယင်လုံပဲ”

မှင်သက်သွားခဲ့ကာ မီယာဆာမီးအာရာကာသည် ဘုန်းကြီးကျောင်းသို့ လျင်မြန်စွာလှည့်ကြည့်လိုက်သည်။ ရက်အနည်းငယ်ကြာ မာယင်လုံနှင့် တခြားသူများ နှင့်အတူ အလုပ်အတူတွဲလုပ်ခဲ့ပြီးနောက် သူမသည် သူတို့၏ သမိုင်းကြောင်းကို အကြမ်းဖျင်းကောက်ချက်ချနိုင်ခဲ့သည်။

ဤစစ်ဆင်ရေးတွင် မာယင်လုံ၏ မျက်လုံးများသည် ရှိုရှုဘုရင်ကိုသာ လုံးဝပစ်မှတ်ထားခဲ့သည်။

‘အဲလူတွေထဲက တစ်ယောက်ကမှ ရှိုရှုဘုရင်မဟုတ်ဘူးလား’

မီယာဆာမီးအာရာကာ ထိတ်လန့်စွာ တွေးလိုက်သည်။

သာမန်ဟု သတ်မှတ်နိုင်သည့် နက်နဲသိမ်မွေ့သည့် သိုင်းပညာနယ်ပယ် ကျွမ်းကျင်သူ မရှိချေ။ ဂိုဂူလျော ခေါင်းဆောင် သုံးဦးသည် လူအများ၏ အဆက်မပြတ် တိုက်ခိုက်မှုကို အချိန်အကြာကြီး ခုခံနိုင်ခဲ့သော်လည်း သူတို့တစ်ယောက်မှ ရှိုရှုဘုရင် မဟုတ်ဘူးလော။

အကယ်၍ သူတို့တစ်ယောက်မှ ရှိုရှုဘုရင်မဟုတ်လျှင် သူသည် မည်သည့်နေရာတွင် ရှိနိုင်မည်နည်း။

ဤသည်မှာ ကြီးမားသည့် စစ်ဆင်ရေးတစ်ခုဖြစ်သည်။ သို့သော် သူသည် ဤနေရာတွင် မရှိဘူးလော။

“ငါ့ကို စောင့်ပါ၊ တစ်ချက်ဆင်းပြီး ကြည့်လိုက်ဦးမယ်။ ”

ဝမ်ချောင်၏ မျက်လုံးထဲတွင် အလင်းတစ်ချက် လက်သွားခဲ့ကာ သူ့မြင်းကုန်းနှီးပေါ်သို့ ခုန်တက်လိုက်သည်။

“ကျားးး”

ဖုန်မှုန့်လုံးကြီးကို ချန်ထားခဲ့ကာ သူသည် တောင်အောက်သို့ ဒုန်းဆိုင်းဆင်းလိုက်သည်။

အမှန်တွင် မည်သူမျှမသိသော်လည်း သူသည် အစကတည်းက ဤနက်နဲသိမ်မွေ့သည့် သိုင်းပညာနယ်ပယ် ကျွမ်းကျင်သူများသည် တစ်ယောက်မှ ရှိုရှုဘုရင် မဟုတ်သည်ကို သူသိသည်။

“ဒီး တာ တာ”

ကတ္တရာစေးကဲ့သို့ နက်မှောင်နေသော စစ်မြင်းသည် ဘုန်းကြီးကျောင်း၏ ပြိုပျက်နေသော နံရံကို ခုတ်ကျော်လိုက်ပြီး ကျောင်းဝန်းအတွင်းသို့ ဆင်းသက်လိုက်သည်။

မဟာထန် တော်ဝင်စစ်တပ်သည် အမှန်ပင် စည်းကမ်း သေဝပ်ကြသည်။ လူတစ်ချို့သည် ထွက်ပြေးနေသည့် ဂိုဂူလျောများကို လိုက်လံသတ်ဖြတ်နေချိန်၌ ကျန်ရှိနေသည့်လူများသည် ဘုန်းကြီးကျောင်နှင့် အနားဝန်းကျင်ရှိ အလောင်းများကို ရှင်းလင်းနေကြသည်။

ဤသည်မှာ ဝမ်ချောင် ကျောင်းထဲ ဝင်လာချိန် မြင်လိုက်ရသည့် မြင်ကွင်းဖြစ်သည်။

“ဝမ်သခင်လေး ဒါက မင်းရဲ့ လက်အောက်ငယ်သားတွေလား။ ”

ပျက်စီးနေသည့် ဘုန်းကြီးကျောင်းအတွင်းတွင် စည်းကမ်းတင်းကြပ်ပုံ ပေါ်သော်လည်း အားကောင်းသည် တော်ဝင်စစ်တပ်စစ်သူကြီးသည် မော့ကြည့်လာကာ မေးလိုက်သည်။ ဤသည်မှာ စစ်ဆင်ရေးစတင်ကတည်းက ဝမ်ချောင်ဆီသို့ သူ ပထမဆုံး စကားပြောလာခြင်းဖြစ်သည်။

“အင်း”

ဝမ်ချောင် ခေါင်းညိတ်ပြလိုက်သည်။

“မဆိုးဘူး။ သူတို့က အစစ်အမှန်စစ်သည်တွေပဲ။ ”

တော်ဝင်စစ်တပ် စစ်သူကြီး၏ မျက်လုံးထဲတွင် လေးစားသည့် အရိပ်အယောင်များ ဖြတ်သန်းသွားခဲ့သည်။ ထိုစကားကို ချန်ထားခဲ့ကာ သူသည် မြင်းကိုဆွဲ၍ ဘုန်းကြီးကျောင်းမှ ထွက်သွားခဲ့သည်။

ဝမ်ချောင်သည် ရုတ်တရက် ချီးမွမ်းခံလိုက်ရသောကြောင့် အံ့အားသင့်သွားခဲ့သည်။ သို့သော် မကြာမီမှာပင် တစ်စုံတစ်ခုက သူ့အာရုံကို ဆွဲဆောင်သွားခဲ့သည်။ မြင်းပေါ်မှ ခုန်ချလိုက်ကာ သူသည် တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ခဲ့သော နေရာသို့ လမ်းလျှောက်သွားလိုက်သည်။

ဘုန်းကြီးကျောင်း၏ အလယ်ဗဟိုအကျဆုံးတွင် မြေပြင်သည် ဂျုံမှုန့်ကြော်ကဲ့သို့ ပုံပျက်နေခဲ့သည်။ မရေမတွက်နိုင်သော ချိုင့်ခွက်များသည် မြေပြင်တွင် ပြည့်နှက်နေခဲ့ပြီး အုတ်နံရံမှ အုတ်ကျိုးအုတ်ပဲ့များ၊ ကြမ်းခင်းမှ အုတ်များနှင့် ကျောက်စ ကျောက်န များသည် ပျံ့ကြဲနေခဲ့သည်။

အပျက်အစီးများ၏ အလယ်ဗဟိုတွင် မာယင်လုံသည် ကြမ်းပြင်ပေါ်တွင် ကြေကွဲစွာ ဒူးထောက်နေခဲ့သည်။ ယခင်က ဆုံးဖြတ်ချက်ပြတ်သားပြီး ထက်မြက်သော ပုံသဏ္ဍန်သည် အစအနပင်မတွေ့ရတော့ဘဲ ပျောက်ကွယ်သွားခဲ့သည်။

သူ့နံဘေးတွင် စိတ်ပျက်နေသည့် လူအိုကြီးလင်းယုန်ငှက်၊ သံမဏိလက် နှင့် တစ်ကိုယ်တော်ဝံပုလွေတို့ ရပ်နေကြသည်။

တိုက်ပွဲသည် ပြီးဆုံးသွားခဲ့ပြီ။ သူတို့သည် ဂိုဂူလျောခေါင်းဆောင် သုံးဦးကို သတ်ဖြတ်နိုင်ခဲ့သော်လည်း ရှိုရှုဘုရင် မပါဝင်ခဲ့ပေ။

ဤနေ့ကို ဆယ့်ငါးနှစ်ကြာအောင် အချိန်ယူစောင့်ခဲ့ရသော်လည်း သူတို့၏ အခဲမကြေသောရန်သူသည် လွတ်မြောက်သွားသည်ကို မြင်လိုက်ရသည်တွင် သူတို့၏ ယုံကြည်ချက်များ အားလုံး ပြိုပျက်သွားခဲ့သည်။

လွန်ခဲ့သော ဆယ့်ငါးနှစ်အတွင်း သူတို့၏ ညီအစ်ကို ဘယ်လောက်များများ အသတ်ခံခဲ့ရပြီး အရှက်ခွဲခံခဲ့ရသနည်း။ သို့သော် သူတို့သည် တရားခံကို အမှန်ပင် လွတ်မြောက်စေခဲ့သည်။

သူတို့သည် သူတို့၏ အသုံးမကျမှုကို အပြစ်တင်ရုံသာတတ်နိုင်ကြသည်။ အဆုံးတွင် အားလုံးပြီးနောက် သူတို့သည် ဤတိုက်ပွဲတွင် ရှိုရှုဘုရင်ကို ရှုံးနိမ့်ဆဲဖြစ်သည်။

“ချောင်အာ”

ဝမ်ချောင်ကို မြင်သည်တွင် ဦးလေးလီလင်းသည် စာနာသနားစွာ သက်ပြင်းချလိုက်သည်။ သူသည် ဤလူများကို သိကျွမ်းခဲ့ဖူးခြင်း မရှိပေ။ သို့သော် သူသည် ရှိုရှုဘုရင်၏ နာမည်ကို ကြားခဲ့ရသည်။ ရှိုရှုဘုရင်သည် သူ၏ ပထမအကြိမ် အစုလိုက်အပြုံလိုက် လုပ်ကြံသတ်ဖြတ်မှုကို ပြုလုပ်သောအခါတွင် သူသည် ငယ်ရွယ်သည့် ကောင်လေးတစ်ယောက်သာရှိသေးသည်။

ဤလူများ၏ တုံ့ပြန်မှုများမှ သုံးသပ်ရလျှင် လီလင်းသည် သူတို့၏ သမိုင်းကြောင်းကို အကြမ်းဖျင်း ခန့်မှန်းနိုင်ပေသည်။ သို့သော် သူကူညီနိုင်သည့် အရာ ဘာမျှမရှိပေ။

“ကျွန်တော့်ကို ခွင့်ပြုပါဦး”

ဝမ်ချောင် တည်ငြိမ်စွာ ပြောလိုက်သည်။

“အင်း”

လီလင်းသည် လှည့်ထွက်မသွားမီ ဝမ်ချောင်၏ ပုခုံးကို ပုတ်လိုက်သည်။

“ဟေး ခင်ဗျားတို့ အခုအရှုံး‌ပေးနေပြီလား။ ”

ဝမ်ချောင် ရယ်မောလိုက်သည်။

ဤလေးယောက်သည် ရွှံ့ရုပ်များကဲ့သို့ လုံးဝ တိတ်ဆိတ်နေကြဆဲဖြစ်သည်။ ဤနေရာတွင် မည်သူမျှ ဝမ်ချောင်နှင့် စကားစမြည်းပြောချင်စိတ် ရှိမနေပေ။

“ခင်ဗျားတို့အားလုံးထင်‌နေတဲ့ ရှိုရှုဘုရင် လွတ်မြောက်သွားပြီဆိုတာ မဖြစ်နိုင်ဘူးမလား။ ”

ဝမ်ချောင်သည် ဝမ်းနည်းနေသည့် အရိပ်အယောင် အနည်းငယ်မျှပင် မပါဝင်နေသည့် လေသံဖြင့် ‌ရယ်မောလိုက်သည်။

“ဝမြးးးး”

လူလေးယောက်၏ နှလုံးသားသည် ချက်ချင်း တုန်ခါသွားခဲ့ပြီး ဝမ်ချောင်ကို ချက်ချင်းမော့ကြည့်လိုက်ကြသည်။

“ဝမ်သခင်လေး ရှိုရှုဘုရင်က အဝေးကို မရောက်သေးဘူးလို့ မင်းဆိုလိုတာလား။ သူက ဂိုဂူလျော စစ်သည်တွေနဲ့အတူ ထွက်ပြေးနေချိန်မှာ ငါတို့ရဲ့ အာရုံကို ပြောင်းလွဲဖို့ ဒီသုံးယောက်ကို အသုံးပြုခဲ့တာလား။ ”

စကားပြောလိုက်သူမှာ သံမဏိလက်ဖြစ်သည်။ ဝမ်ချောင်၏ စကားများမှ အရိပ်အမြွက်ကို သူ ကောင်းစွာ သဘောပေါက်ပေသည်။ ထိုလေးယောက်၏ မျက်လုံးများအတွင်း မျှော်လင့်ချက်မီးတောက်များ တောက်ပလာခဲ့သည်။

“ဟေး ငါ အဲလိုမပြောဘူးနော။ တောင်တစ်ခုလုံးက တော်ဝင်စစ်သည်တွေနဲ့ ပြည့်နှက်နေတာ ရှိုရှုဘုရင်က တုံးအနေတယ်လို့ ခင်ဗျားတို့ထင်နေတာလား။ ”

ဝမ်ချောင်သည် ခေါင်းခါလိုက်ကာ သံမဏိလက်၏ ခန့်မှန်းချက်ကို ငြင်းပယ်လိုက်သည်။

ဉာဏ်နီဉာဏ်နက်များသည့် ဂိုဂူလျောသူလျို ခေါင်းဆောင်သည် ဤဘုန်းကြီးကျောင်း နှင့်အတူ ရောက်လာခဲ့ပြီး ပြီးမြောက်ရန် လေးလကြာအသုံးပြုခဲ့သည်။ မြို့တော်အတွင်းပိုင်းနှင့် ချိတ်ဆက်ထားသော လျှို့ဝှက်ဥမင် လိုဏ်ခေါင်းကို တည်ဆောက်ခဲ့ပြီး မဟာထန်၏ အရာရှိများကို သတ်ဖြတ်ရန် လုံလောက်သည်အထိ ရက်စက်ခဲ့သည်။

ထိုကဲ့သို့သောပုဂ္ဂိုလ်သည် မည်ကဲ့သို့ တုံးအရမည်နည်း။ ဤကဲ့သို့သော ခန့်မှန်းချက်မျိုးဖြင့် လူတစ်ယောက်သည် ကျော်ကြားသော သူလျိုခေါင်းဆောင်ကို တော်တော်လေးလျှော့တွက်နေခြင်းသာ ဖြစ်ရပေမည်။

“ဒါဆို မင်းက ဘာကိုဆိုလိုချင်တာလဲ။ ”

တခဏချင်းမှာပင် ပြန်လည်တောက်ပလာခဲ့သော မျှော်လင့်ချက် မီးတောက်များသည် အားနည်းသွားခဲ့သည်။

“စိတ်မပူပါနဲ့ သူလွတ်မြောက်နိုင်မှာမဟုတ်ဘူး။ ”

ဝမ်ချောင်သည် ရှင်းပြခြင်းမပြုဘဲ လျှို့ဝှက်စွာ ပြုံးလိုက်သည်။ ရှိုရှုဘုရင်နှင့် ပတ်သက်သည့် ကိစ္စအတွက် အလျင်လိုနေစရာမလိုပေ။ လက်ရှိအရေးကြီးဆုံး ကိစ္စမှာ တိုက်ပွဲကို ရှင်းလင်းရန်ပင်ဖြစ်သည်။

“ပြောရရင် ဒါက သူတို့လှုပ်ရှားဖို့ အချိန်တန်ပြီ”

ဝမ်ချောင်သည် ခေါင်းမော့လိုက်ပြီး တောင်အနက်ပိုင်းသို့ စိုက်ကြည့်လိုက်သည်။ ဝိုးတဝါး တိုက်ပွဲခေါ်သံများသည် ထိုနေရာမှ ပဲ့တင်ထပ်နေပုံရသည်။ နောက်ဆုံးတွင် ချုံခိုတိုက်ခိုက်ရန် သူစိုက်ပျိုးထားခဲ့သော တပ်သားများသည် သူတို့၏အစွမ်းအစများကို ထုတ်ပြနေပြီဖြစ်သည်။

ထွက်ပြေးလာသည့် ဂိုဂူလျောများကို စောင့်နေသည့်အရာမှာ သူတို့ထွက်ပြေးရာ လမ်းကြောင်းများကို ပိတ်ဆို့ထားသည့် အသေးစိပ် စီစဉ်ထားသော ပိုက်ကွန်တစ်ခုဖြစ်သည်။

ဂိုဂူလျောလက်ရွေးစင်တစ်ထောင်သည် ဤတောင်ပေါ်တွင် မြှုပ်နှံခံရရန် ကံကြမ္မာပါလာခဲ့သည်။

“အဲဒါကို တွေးကြည့်ရင်... ရှုံးနိမ့်မှုတစ်ခု ဖြစ်လိမ့်မယ်။ ”

အချိန်များကို နောက်ပြန်ဆုတ်လိုက်လျှင် ဘုန်းကြီးကျောင်းကို မီးလောင်နေချိန်၌ အဝေးရှိ တခြားတောင်တစ်ခုပေါ်တွင် မိုးမခပင်အောက်၌ သစ်ခုတ်သမားတစ်ယောက် မတ်တပ်ရပ်နေခဲ့သည်။ သူ၏ရှုံ့တွနေသော မျက်နှာသည် ဝါးဦးထုပ်အောက်တွင် အနည်းငယ် ဖုံးကွယ်ထားပြီး သူ၏ကုန်းကွနေသော နောက်ကျောပေါ်တွင် ထင်းများကို သယ်ဆောင်ထားသည်။ ဤအချိန်တွင် ရှုပ်ထွေးသည့် ခံစားချက်များသည် သူမျက်လုံးအတွင်း၌ စုဝေးနေခဲ့သည်။

သူနေရာမှနေ၍ ဝိုင်းရံထားသော တော်ဝင်စစ်တပ်ကို သတိမပြုမိစေဘဲ ဘုန်းကြီးကျောင်းတွင် ဖြစ်ပျက်နေသည့် အရာများကို ရှင်းလင်းစွာမြင်နိုင်ပေသည်။

ထို့အပြင် သူတို့၏ ထင်းများကို နေ့ဘက်တွင် ရောင်းချရန် ညလယ်၌ တောနက်ထဲသို့ ဝင်လာသော သူ့ကဲ့သို့သစ်ခုတ်သမားသည် မြို့တော်တွင်အမြောက်အမြားရှိသည်။

“လူကြီးလူကောင်းတစ်ယောက်အတွက် ဂလဲ့စားချေဖို့ ဘယ်တော့မှ နောက်မကျဘူး။ ဒါက မင်းတို့အလယ်ပိုင်းဒေသက စကားပဲ။ စောင့်ကြည့်လိုက်ပါ မင်းတို့ကြာကြာဝမ်းမသာစေရဘူး။ ”

သစ်ခုတ်သမားလူအိုကြီးသည် အဝေးသို့ ခံစားချက်မဲ့စွာ ကြည့်လိုက်သည်။ သူသည် ဂိုဂူလျောများကို သတိပေးရန် ရည်ရွယ်ချက်မရှိပေ။ ထို့အပြင် အရာများကို ပြောင်းလဲရန်လည်း သူ့တွင် အစီအစဉ်မရှိပေ။ ထို့အစား ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် သူ့ကျောပိုးအိတ်နှင့်အတူ တောင်အောက်သို့ဦးတည်လိုက်သည်။

သူရွေ့လျားမှုများသည် အလွန်မှနှေးကွေးသော်လည်း တည်ငြိမ်၏။ သာမန်ထင်းခုတ်သမား တစ်ယောက် ကဲ့သို့ပင်။ တစ်ချိန်ပြီးတစ်ချိန် သူသည် ထင်းတချို့ကို ခုတ်လိုက်ပြီး အိတ်ထဲထည့်လိုက်သည်။ မကြာမီ သူသည် တောင်ခြေသို့ ရောက်သွားခဲ့သည်။

လမ်းပေါ်တွင် ခဏရပ်နားပြီးနောက် ရေတငုံသောက်လိုက်ကာ ဆက်သွားလိုက်သည်။

ဤအချိန်မှာ အလွန်စောနေသေးသည်။ သစ်ခုတ်သမားသည် သူလုပ်နေကျအတိုင်း မြို့တံတိုင်းအောက်ရှိ လျှို့ဝှက်လှိုဏ်ခေါင်းကို အသုံးမပြုခဲ့ပေ။ မြို့တော်အပြင်ဘက်ရှိ ဘုန်းကြီးကျောင်းသည် ဖော်ထုတ်ခံလိုက်ရပြီး ဝိုင်းရံခံထားရသည်။ ဤအချိန်တွင် မည်သည့်အရာမျှ ဘေးကင်းသည်ဟု ယူဆ၍မရပေ။

ထိုအရာကိုအသုံးပြုမည်ဆိုပါက သူ၏အထောက်အထားကို ဖော်ထုတ်ရန် အန္တရာယ်ရှိမည်ဖြစ်သည်။

ထို့ကြောင့် သူသည် မြို့ဝင်ပေါက်သို့ လမ်းလျှောက်လာခဲ့ပြီး တံတိုင်းဘေးတွင် နေရာတစ်နေရာစာ ယူလိုက်သည်။ ထိုနေရာတွင် အခြားသစ်ခုတ်သမားများလည်း စုဝေးနေပေသည်။

သစ်ခုတ်သမား၏ ရင်းနှီးနေသည့် မျက်နှာကို မြင်လိုက်သည်တွင် သူတို့ထဲမှ အချို့သည် သူ့ကို နွေးထွေးစွာ လာရောက်နှုတ်ဆက်ကြပြီး သူတို့၏ ဆေးတံများကို ကမ်းလှမ်းလာကြသည်။

သူတို့သည် သူ့ကို တောင်ပေါ်၌ရော မြို့တံတိုင်းဘေးတွင်ပါ အကြိမ်များစွာ မြင်တွေ့ခဲ့ကြဖူးပြီး သူတို့သည် သူ့ကို ကောင်းစွာ ရှုမြင်ကြပေသည်။

လူအိုကြီးသစ်ခုတ်သမားသည် ရယ်မောလိုက်ကာ ဟန်ဘာသာစကားဖြင့် သူတို့၏ ကမ်လှမ်းလာမှုကို ငြင်းပယ်လိုက်သည်။

မြို့တံခါးသည် မကြာမီ ဖွင့်ပေလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သူသည် ဤနေရာတွင် ခဏစောင့်ရပေမည်။

သစ်ခုတ်သမား လူအိုကြီးသည် အလျင်လိုနေခြင်းမရှိပေ။ သူ့အမြင်တွင် ဤနေရာ၌ လူများလေ သူပို၍ ဘေးပင်းလေဖြစ်သည်။

အနားယူလိုက်ကာ သစ်ခုတ်သမား လူအိုကြီးသည် မျက်စိမှိတ်လိုက်ပြီး တခဏ အိပ်ပျော်သွားခဲ့သည်။

“ဟောင်းလောင်လောင်”

တခဏကြာပြီးနောက် မြို့တံခါးသည် နောက်ဆုံးတွင် ပွင့်လာခဲ့သည်။ သစ်ခုတ်သမား လူအိုကြီးသည် ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ကာ လူအုပ်ကြားတွင် မြို့ထဲသို့ ဝင်လိုက်သည်။

ထိုသည်မှာ စောလွန်းနေသေးသောကြောင့် လမ်းပေါ်တွင် လူများစွာမရှိပေ။ သစ်ခုတ်သမားလူအိုကြီးသည် နောက်ဆုံးတွင် သူ၏ဟန်ဆောင်ဖုံးကွယ်မှုကို ဘေးဖယ်လိုက်ပြီး သူ့ခြေလှမ်းကို အရှိန်မြှင့်လိုက်ကာ သူ့အသက်အရွယ်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သော သွက်လက် တက်ကြွမှုကို ဖော်ပြလိုက်သည်။

လမ်းကြို လမ်းကြားများကို ဖြတ်သန်းပြီး သစ်ခုတ်သမား လူအိုကြီးသည် နောက်ဆုံးတွင် မြို့တောင်ဘက်ရှိ သစ်သားခြံဝင်း တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။

ဤသည်မှာ မြို့တော်တွင် သူ၏ ဘေးအကင်းဆုံးအိမ်ဖြစ်သည်။ သူနှင့်အနီးကပ်ဆုံးသော လူများပင် မသိချေ။

သစ်ခုတ်သမား လူအိုကြီးသည် ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်ပြီး မည်သူမျှ သူ့နောက် လိုက်မလာသည်ကို အတည်ပြုပြီးနောက် သစ်သားခြံဝင်းထဲသို့ ဝင်လိုက်သည်။ သစ်သားခြံဝင်းအတွင်း၌ မည်သည့်အရာမျှ များများစားစားရှိမနေပေ။ သို့သော် အလွန်မှ သပ်ရပ်လှသည်။

သစ်ခုတ်သမားသည် လျင်မြန်စွာ သူ့ထင်းချောင်းများကို ချလိုက်ပြီး ဝါးဦးထုပ်ကို ချွတ်ကာ အခန်းဘေးရှိ ဖုန်တက်‌နေသောသေတ္တာကို ကျွမ်းကျင်စွာ ဖွင့်လိုက်သည်။

သူသည် ညစ်ပတ်ပေရေနေသော သစ်ခုတ်သမား အဝတ်အစားများကို ချွတ်လိုက်ပြီး သန့်ရှင်းသည် ပိုးသားဝတ်ရုံဖြင့် လဲလှယ်လိုက်သည်။ တခဏအတွင်းမှာပင် သစ်ခုတ်သမားသည် ကုန်သည်တစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့သည်။

“နောက်ဆုံးတော့ ပြန်ရောက်လာပြီ”

ဤအချိန်မှသာ သစ်ခုတ်သမားသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။

******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

အပိုင်း ၂၆၂

ရှိုရှုဘုရင် အပိုင်း ၁

မဟာထန်တော်ဝင် စစ်တပ်သည် မြို့တော်အပြင်ဘက်ရှိ ဘုန်းကြီးကျောင်းတွင် သူ၏ အစီအစဉ်များကို မြင်တွေ့ခဲ့နိုင်ပေမည်။ သို့သော် သူသည် ခြေတစ်လှမ်းသာနေဆဲဖြစ်သည်။

စတေးမှုသည် ကြီးမားသည့် အရာများကို အောင်မြင်လိုသူများအတွက် မလွဲဧကန်ကြုံတွေ့ရမည့်အရာဖြစ်သည်။

သူသည် ထောင်ချီသော ဂိုဂူလျောစစ်သည်များနှင့် သူ၏ သစ္စာရှိလက်အောက်ခံ လူသုံးယောက်ကို စတေးရခြင်းအတွက် ဘာမျှမခံစားရပေ။

ထို့အစား သူတို့အတွက် စစ်မြေပြင်ထက် ဤနေရာတွင် သေဆုံးခြင်းက ပို၍ထိုက်တန်သည်ဟု သူတွေးပေသည်။

မဟာထန်သာ ဂိုဂူလျောကို ကျူးကျော်လာခဲ့ပါက သေဆုံးမှုသည် တစ်ထောင်သာ ဖြစ်လိမ့်မည်မဟုတ်ပေ။ လက်ရှိတွင် သူတို့အတွက် အကောင်းဆုံးနည်းလမ်းမှာ မဟာထန်အတွင်း သူတို့ကို ခြိမ်းခြောက်လာနိုင်သော အန္တရာယ်များကို ဖယ်ရှားပြီး မဟာထန်ကို အားနည်းအောင် လုပ်ရန်ပင်ဖြစ်သည်။

ထို့အတွက်ကြောင့် ဤအနည်းငယ်သော စတေးမှုသည် နှိုင်းယှဥ်ကြည့်ပါက မှေးမှိန်သွားပေလိမ့်မည်ဖြစ်သည်။

သူနှမြောမိသည်မှာ သူ့အစီအစဉ်များသည် သူရေးဆွဲခဲ့သည့်အတိုင်း ဖြစ်မလာခဲ့ခြင်းကြောင့်ဖြစ်သည်။

သို့သော် အသတ်ခံလိုက်ရသည့် လူများနှင့်ပတ်သက်၍ သူကျန်ရှိနေသရွေ့ သူတို့၏သေဆုံးမှုအတွက် ‌မဟာထန်ကို သူသေချာပေါက် ပြန်ပေးဆပ်စေမည်ဖြစ်သည်။

အချိန်အတော်ကြာပြီးနောက် သူသည် ညောင်စောင်းတွင် ထိုင်လိုက်ကာ ရင်ဘက်ထဲမှ မှတ်စုစာအုပ်ကို ထုတ်ယူလိုက်ပြီး အတွေးထဲနစ်မြောသွားခဲ့သည်။

ဤသည်မှာ သူ၏ အလေ့အကျင့်ဖြစ်သည်။ မည်သည့်စစ်ဆင်ရေးတွင်ဖြစ်စေ သူသည် သူ့လုပ်ဆောင်မှုများကို တက်ကြွစွာ သုံးသပ်ပြီး အတွေ့အကြုံမှ သင်ယူပေသည်။

ဤသည်မှာ သူသည် ဘာကြောင့် မဟာထန်ရှိ ဂိုဂူလျောဩဇာအာဏာကို ဤကဲ့သို့ကြီးမားသည့်ပမာဏအထိ တည်ဆောက်နိုင်ခဲ့ပြီး များစွာသော လုပ်ကြံသတ်ဖြတ်သူများကို စုစည်းနိုင်ခဲ့ကာ ရှည်လျားသော သွေးမြစ်ကို ဖြစ်ပေါ်စေခဲ့ပြီး ယခုတိုင် လွတ်မြောက်နေရသေးခြင်း၏ အဓိကအကြောင်းအရင်းတစ်ခုဖြစ်သည်။

'ဒီစစ်ဆင်ရေးနဲ့ ပတ်သက်ပြီး အရမ်းထူးဆန်းတဲ့ အရာတစ်ခုရှိရမယ်။ တကယ်ပဲ ငါဘယ်နေရာမှာ မှားခဲ့တာလဲ။ '

သူသည် ညောင်စောင်းပေါ်တွင် ထိုင်လျက် လေးနက်စွာဖြင့် တွေးတောလိုက်သည်။

ဆယ်စုနှစ်တစ်ခု ကျော်ကြာအောင် သူ့အစီအစဥ်များသည် စုတ်ပြတ်နေအောင်ကျရှုံးခဲ့ခြင်း မရှိခဲ့ပေ။ ပြောစရာမရှိလောက်အောင်ပင် ဤကဲ့သို့သော အရေးပါသည့် စစ်ဆင်ရေးတစ်ခုတွင်ဖြစ်သည်။

သူသည် ဤစစ်‌ဆင်ရေးအတွက် လေးလကြာအချိန်ယူခဲ့ရသည်။ သူ့အမိမြေမှ လက်ရွေးစင် တပ်သားတစ်ထောင်ကျော် ပါဝင်ခဲ့သည်။ ထို့အပြင် သူသည် ရှု့ထောင့်အားလုံးမှ ထည့်သွင်း တွက်ချက်ခဲ့သည်မှာ သေချာပေသည်။

လုပ်ငန်းစဉ်တစ်ခုလုံးတွင် ဟာကွက်မရှိခဲ့ပေ။ ထို့အပြင် သူသည် ပုံမှန်မဟုတ်သည့် အရာများကိုလည်း အနည်းငယ်မျှပင် သတိပြုမိခဲ့ခြင်းမရှိပေ။ သူသည် မည်သည့်နေရာတွင် မှားယွင်းခဲ့သည်နည်း။

သူ့စိတ်ထဲတွင် မုန်တိုင်းထန်နေခဲ့သည်။ အကယ်၍ သူသည် ဤပြဿနာကို ဖြေရှင်းနိုင်ခြင်းမရှိခဲ့လျှင် သူသည် နောက်စစ်ဆင်ရေးအတွက် အစီအစဉ်ချနိုင်မည်မဟုတ်ပေ။

ထို့အပြင် ထိုသည်မှာ သူစိုးရိမ်သည့် အရာအားလုံး မဟုတ်သေးပေ။ မြို့တော်ရှိ ဒါဇင်နှင့်ချီသော စုဝေးရာနေရာများကိုလည်း နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုဖြင့် အပင်ပန်းခံ၍ ထူထောင်ခဲ့ရသည်။

လွန်ခဲ့သည့် ဆယ့်ငါးနှစ်အတွင်း သူတို့တွင် ဘာပြဿနာမှ မရှိခဲ့ပေ။

သူသည် မဟာထန်၏ အာရုံကို ဆွဲခေါ်ရန် ထိုတည်းခိုခန်းများနှင့် လောင်းကစားရုံများကို အသုံးချခဲ့သည်။ သူသည် ထိုစီးပွားရေး လုပ်ငန်းလုပ်ကိုင် နေသူများကို ချန်ထားခဲ့သောကြောင့် မဟာထန်အတွက် သူတို့တွင် မည်သည့်အရာကိုမျှ ရှာတွေ့ရန် မဖြစ်နိုင်ပေ။

လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများကို ဖောက်သည်များနှင့် ဟန်အယောင်ဆောင် သူများအကြား ဖုံးကွယ်ထားခဲ့ခြင်းဖြစ်သည်။

နှစ်ပေါင်းများစွာအတွက် ဤနည်းဗျူဟာသည် ဖော်ထုတ်ခံခဲ့ခြင်းမရှိဘဲ သူ့ကို ကျေနပ်စေခဲ့သည်။

သို့သော် အရာအားလုံး ကျရှုံးပျက်စီးသွားရခြင်းနှင့်အတူ သူသည် တင်းကြပ်စွာ ခံစားလိုက်ရသည်။

ထိုသည်မှာ ရန်သူ၏ နည်းဗျူဟာသည် သူ့အစီအစဉ်များကို ဖောက်ထွင်းမြင်နေသကဲ့သို့ပင်။ သူ့ကို လုံးဝ ဖော်ထုတ်ခံလိုက်ရသည့် ခံစားချက်မှာ သူ့ကို အလွန်စိတ်မသက်မသာခံစားရစေသည်။

အရာအားလုံးကို စိတ်ထဲတွင် တွေးတောဆင်ခြင်လျက် သူသည် ထိုနေရာတွင် တိတ်ဆိတ်စွာထိုင်နေခဲ့သည်။

'...ဒါက ဝမ်ကလန်က ဟိုကောင်လေးများလား။ '

သူမျက်လုံးများ ကျဉ်းမြောင်းသွားခဲ့ပြီး သူမျက်နှာသည် ရုတ်တရက် အေးစက်သွားခဲ့သည်။

များစွာတွေးတောပြီးနောက် သူတွေးနိုင်သည့် သံသဖြစ်ဖွယ်အကောင်းဆုံးလူမှာ ဝမ်ချောင်ဟု အမည်ရသော ကောင်လေးပင်။ ထို့အပြင် ဉာဏ်ပညာတိုက်ပွဲတွင် မည်သူမျှ သူ့ကို အနိုင်ယူနိုင်မည်ဟုလည်း သူ မထင်ခဲ့သေးပေ။

သို့သော် မဟာထန်တွင် ထိုကောင်လေး၏ ကျော်ကြားမှုဖြင့် ဖြစ်နိုင်ချေမှာ ရှိပေသည်။

'ငါ တကယ်ပဲ သူ့ကို လျှော့တွက်ထားခဲ့မိတာပဲ ငါ့အကွက်တွေ့မရွေ့မီ သူ့ကို အရင်ရှင်းပစ်ခဲ့သင့်တယ်။ '

သူ့လက်သီးများကို တင်းတင်းဆုပ်လိုက်ကာ တားဆီးမရနိုင်သည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် သူ့ပတ်ဝန်းကျင်သို့ ဖုံးလွှမ်းသွားခဲ့သည်။

'ဒါပေမယ့်လည်း ဒါက အရမ်းကြီးနောက်မကျသေးပါဘူးလေ။ နောက်ဆုံးစခန်းမှာ စီစဉ်ပြီးတာနဲ့ တိုင်းပြည်ကနေ စစ်သားအများအပြားကို ခေါ်ဆောင်လာပြီး ဝမ်ကလန်ကို တစ်ခါတည်းအပြတ်ရှင်းပစ်မယ်။ '

ဤသို့တွေးလိုက်ကာ သူသည် ရုတ်ချည်း မတ်တပ်ရပ်လိုက်သည်။

သူသည် ကျရှုံးခဲ့နိုင်သည်။ သို့သော် အရာအားလုံး ဆုံးရှုံးခဲ့ခြင်း မရှိသေးပေ။ နောက်ဆုံးစခန်းသည် သူ၏ နောက်ဆုံးမျှော်လင့်ချက်ဖြစ်သည်။ ထိုစခန်းရှိ လူများသည် သူအချိန်အကြာကြီး အတူရှိခဲ့ကြသော စစ်မှုထမ်းဟောင်းများဖြစ်ကြသည်။ ထို့အပြင် သူတို့အားလုံးသည် မဟာထန်၏အရေးကိစ္စများတွင် အလွန်အသိပညာရှိကြသည်။

ဤ 'မီးစ' သည် ငြိမ်းသတ်ခြင်းမရှိဘဲ ကျန်ရှိနေသရွေ့ သူသည် စခန်းဒါဇင်ခန့်ကို လျင်မြန်စွာ ပြန်လည် တည်ဆောက်နိုင်လိမ့်မည်ဖြစ်ပြီး တိုင်းပြည်မှ ကျွမ်းကျင်သူများကို ပို၍ စုစည်းနိုင်မည်ဖြစ်သည်။ ဤသည်မှာ မြို့တော်သို့ သူပြန်ခဲ့ရခြင်း၏ အဓိက အကြောင်းပြချက်ဖြစ်သည်။

နောက်ဆုံးစခန်းတွင် သူ့လက်အောက်ငယ်သားများနှင့်အတူ ကိစ္စများကို စီစဉ်ပြီးနောက် မကြာမီ ဖြစ်ပွားတော့မည့် ဤမုန်တိုင်းအပြင်ဘက်မှ နေရန် သူသည် မြို့တော်မှ ထွက်သွားမည်ဖြစ်သည်။ အရာများ ပြန်လည်တည်ငြိမ်သွားချိန်တွင် သူသည် ဆုံးရှုံးသွားသည့် အရာများကို ပြန်လည်တည်တောက်ရန် ပြန်လာမည်ဖြစ်ပြီး ယခင်ကထက် ပို၍ကြီးမားသော တစ်စုံတစ်ရာကို ဖန်တီးမည်ဖြစ်သည်။

"ဒါက ငါ့အတွက် ထွက်ခွာရမယ့်အချိန်ပဲ။ "

သူသည် အပြုံတစ်ခုနှင့်အတူ သူ့ဝါးအုပ်ထုပ်ကို ညောင်စောင်းပေါ်တွင် ထားလိုက်သည်။ သူ့လက်ရှိ သက်လတ်ပိုင်းအရွယ် ပိုးကုန်သည်တစ်ဦး၏ ရုပ်သွင်ဖြင့် အစောပိုင်းတွင် သူ့ကို လာရောက်နှုတ်ဆက်ခဲ့သော သစ်ခုတ်သမားပင်လျှင် သူ့ကို မှတ်မိလိမ့်မည်ဖြစ်ဟုတ်ပေ။

သူ့ရန်သူဆိုလျှင် ပြောစရာပင် မလိုချေ။

ထို့ကြောင့် သူသည် ပိုးကုန်သည်တစ်ဦးဖြစ်သည့် သူ့ကိုယ်ပိုင် လက္ခဏာအသစ်ဖြင့် ကမ္ဘာကြီးထဲသို့ ခြေတစ်လှမ်းချလိုက်သည်။

“ဝမြးးးး”

သို့သော် သူတံခါးကို ဖွင့်လိုက်သည့် အချိန်မှာပင် သူ့မျက်နှာကို တုန်လှုပ် ချောက်ချားသွားစေသည့် အရာတစ်ခုကို သူ ခံစားလိုက်မိသည်။

'ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ'

သူမျက်နှာသည် ဖြူလျော်သွားခဲ့ပြီး သူ့မျက်လုံးများသည် ပြူးကျယ်သွားခဲ့သည်။

“ဘန်းးးး”

သူသည် ချက်ချင်း တံခါးပိတ်လိုက်ကာ သူ့အခန်းထဲသို့ ပြန်ဆုတ်လိုက်သည်။

"မြန်မြန်။ ဒီနေရာပဲ။ တင်းတင်းကြပ်ကြပ်ဝိုင်းရံထား..."

အပြင်ဘက်တွင် ကျယ်လောင်သည့် အသံထွက်ပေါ်လာခဲ့သည်။ ထို့နောက်လိုက်ကာ မြင်းခွာသံများသည် အပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။

သူ့နှလုံးသားသည် ချက်ချင်း တင်းကြပ်သွားခဲ့သည်။

တွေးနေချိန်မရှိတော့ဘဲ သူသည် ချက်ချင်းအဝတ်အစားများကို ချွတ်လိုက်ကာ သတ္တာအောက်သို့ ထိုးထည့်လိုက်ပြီး ဝတ်စုံဟောင်းကို ပြန်ဝတ်လိုက်သည်။ ထို့နောက် သူသည် လူအိုကြီးသစ်ခုတ်သမားအဖြစ် ဟန်ဆောင်လိုက်ပြီး ညောင်စောင်းပေါ်မှ ဝါးအုပ်ထုပ်ကို ဆုပ်ကိုင်ထားလိုက်သည်။

တခဏမျှ တွေးတောပြီးနောက် လူအိုကြီး သစ်ခုတ်သမားသည် တံခါးကို နောက်တစ်ကြိမ် ပြန်ဖွင့်လိုက်ပြီး လမ်းလျှောက် ထွက်လာခဲ့သည်။ သူသယ်ဆောင်ခဲ့သော ထင်းစည်းသည် တံခါး၏ ညာဘက်ဘေးတွင် ရှိနေခဲ့သည်။ သူသည် ဖြေးညင်းစွာငုံ့လိုက်ပြီး ထင်းစည်းကို ယူလိုက်ကာ လွှတွင်းပေါ်သို့ တည်ငြိမ်စွာလမ်းလျှောက်သွားလိုက်သည်။

သူသည် ရုတ်တရက် ရောက်လာသော မဟာထန် တော်ဝင်စစ်သည်များကို သတိပြုမိစေခဲ့သော်လည်း သူ့ဟန်ဆောင်ဖုံးကွယ်မှုအပေါ် ယုံကြည်မှုရှိပေသည်။

သူသည် သူ့နောက်တွင် ထိုလူများ အသုံးချနိုင်မည့် ဟာကွက်များကို ချန်ထားခဲ့မည်ဟု မထင်ထား‌ခဲ့ပေ။

"အဲမှာ ရပ်နေပါ။ "

သို့သော် လွှတွင်းပေါ်သို့ သူလျှောက်သွားလိုက်သည်နှင့် သူ့အပေါ်မှ စူးစူးရှရှအသံတစ်ခု ပေါ်ထွက်လာခဲ့သည်။

"သခင်လေး ကျွန်တော်က သစ်ခုတ်သမား တစ်ယောက်ပါပဲ။ ခဏနေ ကျွန်တော့်ရဲ့ဖောက်သည်တွေဆီကို ထင်းချောင်းပို့ရပါဦးမယ် သခင်လေးက ဘာလို့ ကျွန်တော့်ကို ဒီလိုနှောက်ယှက်ချင်ရတာလဲ။ "

ခေါင်းငုံ့ထားခဲ့ကာ သစ်ခုတ်သမားသည် သူ့အသံတွင် အလွန်ပင်ပန်းနွမ်းနယ်မှုနှင့်အတူ သက်ပြင်းချလိုက်၏။ သူ့လေသံသည် တစ်ညလုံးပင်ပန်းကြီးစွာ အလုပ်လုပ်ခဲ့ရသော သာမန်သစ်ခုတ်သမားတစ်ယောက်ကဲ့သို့ပင်။

"ဝမ်သခင်လေး ဒါက နေရာမှန်ဆိုတာ မင်းသေချာရဲ့လား။ "

လူအိုကြီးသစ်ခုတ်သမား၏ စကားကို ကြားသည်တွင် မာယင်လုံသည် သူ့ဘေးရှိ လူငယ်ကို လှည့်ကြည့်လိုက်သည်။

လွှတွင်းတွင် ပေါ်လာသူများမှာ ဝမ်ချောင်၊ မာယင်လုံ၊ သံမဏိလက်၊ လူအိုကြီးလင်းယုန်ငှက်၊ တစ်ကိုယ်တော်ဝံပုလွေ၊ လီလင်း နှင့် တော်ဝင်စစ်သည်ဒါဇင်ကျော်မှ လွဲ၍ အခြားလူများမဟုတ်ပေ။

ဘုန်းကြီးကျောင်းတွင် တိုက်ပွဲပြီးဆုံးပြီးနောက် ဝမ်ချောင်သည် သူတို့အား ရှိုရှုဘုရင်ထံသို့ ခေါ်ဆောင်သွားမည်ဟု ဆိုကာ ဤအဖွဲ့အား ဤနေရာသို့ ချက်ချင်း ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

လူတိုင်းတွေးထင်ထားသည်မှာ သူတို့သည် နောက်ထပ်တိုက်ပွဲအနည်းငယ် တိုက်ခိုက်ရဦးမည်ဟူ၍ပင်။ သို့သော် သူတို့သည် ဤ စုတ်ပြတ်သောအိမ်သို့ လာရလိမ့်မည်ဟု မည်သူသိမည်နည်း။

"ချောင်အာ ဒီနေရာဆိုတာ သေချာရဲ့လား။ "

လီလင်းသည် ဤအပြောင်းအလဲတွင် အနည်းငယ်သံသယဝင်သွားခဲ့သည်။ ဤသည်မှာ သစ်ခုတ်သမား တစ်‌ယောက်အတွက် လုံးဝရိုးစင်းသော နေအိမ်တစ်ခုဖြစ်သည်။ မြို့တော် အနှံ့အပြားတွင် အလားတူ‌နေအိမ်များစွာ ရှိပေသည်။

သူသည် ကူကယ်ရာမဲ့စွာဖြင့် ဝမ်ချောင်မှားနေခြင်းဖြစ်ရမည်ဟု တွေးလိုက်မိသည်။

"လူအိုကြီး ကျွန်တော်ခင်ဗျားကိုမေးပါရစေ။ သံသယဖြစ်ဖို့ကောင်းတဲ့လူတွေ ဒီကိုလာတာ ခင်ဗျားမြင်လိုက်သေးလား အထူးသဖြင့် ဆေဘာဓားသုံးချောင်းကိုင်ဆောင်ထားတဲ့လူတွေပေါ့။ "

လီလင်းသည် မျက်မှောင်ကြုတ်လျက် သူ့မြင်းပေါ်ထိုင်နေရင်း မေးလိုက်သည်။

"သခင်ကြီး ခင်ဗျားနောက်နေတာပဲဖြစ်ရမယ်။ ကျွန်တော်က သစ်ခုတ်သမားတစ်ယောက်ပါပဲ ဘယ်လိုလုပ်အများကြီး သိနိုင်မှာလဲ။ "

လူအိုကြီးသစ်ခုတ်သမားသည် ခါးသီးသည့် အပြုံးဖြင့် ခေါင်းခါလိုက်သည်။

"ဝမ်သခင်လေး မင်းသေချာရဲ့လား။ "

တစ်ကိုယ်တော်ဝံပုလွေသည်လည်း သံသယဝင်နေသည့်နေသံဖြင့် ပြောလိုက်သည်။

သူတို့သည် လွန်ခဲ့သည့် အချိန်အနည်းငယ်ခန့်က အလွန်စိတ်လှုပ်ရှားနေခဲ့ကြသည်။ ဖမ်းဆီးရန်အတွက် သူတို့ကို ဝမ်ချောင်ခေါ်ဆောင်လာသည့် လူမှာ လူအိုကြီးသစ်ခုတ်သမားတစ်ယောက်ဆီသို့လော။ ဤသည်မှာ ရယ်စရာကောင်းလှသည်။

တခြားလူများသည် ဘာမျှဝင်မပြောကြပေ။ သို့သော် သူတို့၏အမူအရာက သူတို့၏ မယုံကြည်နိုင်မှုကို ဖော်ပြနေသည်။

"ဟားဟား..."

သူတို့၏ စကားများကို ကြားသည်တွင် ဝမ်ချောင်ရယ်မောလိုက်သည်။

"အကြီးအကဲတို့ ကျွန်တော်က ခင်ဗျားတို့ကို ရှိုရှုဘုရင်ဆီ ခေါ်ဆောင်သွားပေမယ်လို့ ပြောခဲ့တာကြောင့် ကျွန်တော်ပြောခဲ့တဲ့အတိုင်း လုပ်မှာပါ။ ရဲမက်တွေ ဒီနေရာကို ဝိုင်းလိုက်။ "

"ဟုတ်ကဲ့ပါ သခင်"

တခဏချင်းမှာပင် တော်ဝင်မြင်းစစ်သည်များသည် ဤနိမ့်ကျသော နေအိမ်ကို တင်းကြပ်စွာ ပိတ်ဆို့လိုက်ကြသည်။

ဤမြင်ကွင်းကို မြင်လိုက်သည်တွင် လူအိုကြီးသစ်ခုတ်သမား၏ နှလုံးသားသည် တင်းကြပ်သွားခဲ့သည်။

"ဟားဟား ရှိုရှုဘုရင်။ ဂိုဂူလျော တော်ဝင်မျိုးနွယ် တစ်ယောက်က သူ့ကိုယ်သူ သစ်ခုတ်သမား တစ်ယောက်အဖြစ် ဟန်ဆောင်ထားတယ်ဆိုတာကို တွေးကြည့်လိုက်ရင် ဟီးဟီး ခင်ဗျားက ‌အသေအချာကို ဂျီးမများတတ်ဘူးပဲ။ "

ဝမ်ချောင်သည် ရွတ်နောက်နောက်ဖြင့် သူ့ရှေ့ရှိလူကို အကဲမခတ်မီ သူ့မြင်းပေါ်မှ ရှေ့သို့ အနည်းငယ်ယိမ်းလိုက်သည်။

တိုက်ပွဲပြီးနောက် ဝမ်ချောင်သည် စစ်ဆေးလိုက်ပြီး သစ်ခုတ်သမားယောင် ဆောင်ထားသော ရှိုရှုဘုရင်သည် မြို့တော်သို့ ‌ဖြည်းညင်းစွာ ပြန်သွားသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် ဝမ်ချောင်သည် သူ့ရဲမက်များကို ရှိုရှုဘုရင်အားဝန်းရံရန် စေလွှတ်ခြင်းမပြုမီ မြို့တော်သို့ သူပြန်သွားသည်ကို အေးဆေးစွာ စောင့်နေခဲ့သည်။

သူ့ယခင်ဘဝတွင် အလယ်ပိုင်းလွင်ပြင်ဒေသ၌ ဖရိုဖရဲများစွာကို ဖြစ်စေခဲ့သည့် ဂိုဂူလျော သူလျှိုခေါင်းဆောင်ကို ပြန်လည်အမှတ်ရလိုက်ကာ သူ့ရှေ့ရှိ ဖိုသီဖတ်သီနှင့် ပင်ပန်းနွမ်းလျနေသော လူအိုကြီးသစ်ခုတ်သမားကို ကြည့်လိုက်ကာ ဝမ်ချောင်သည် မတတ်နိုင်စွာဖြင့် ဘဝကြီးသည် ဟာသဇာတ်ခုံနှင့် တူညီလွန်းသည်ဟု တွေးလိုက်မိသည်။ သူသည်ထိုအချိန်၌ မရယ်မောဘဲ မနေနိုင်တော့ချေ။

သူတို့သည် မြို့တော်အတွင်း၌ ရှိနေပြီး ပတ်ဝန်းကျင်တွင် ကျွမ်းကျင်သူများစွာ ရှိနေသောကြောင့် ဝမ်ချောင်သည် သူထွက်ပြေးမည်ကို စိုးရိမ်မနေပေ။

"ရှိုရှုဘုရင် အားနည်းချက်မရှိဘဲ လူအိုကြီးသစ်ခုတ်သမားတစ်ယောက်အဖြစ် ဟန်ဆောင်ဖို့ ခင်ဗျားအတွက် အတော်လေး ခက်ခဲခဲ့မှာပဲ။ ညစ်ပတ်နေတဲ့ အဝတ်အစားတွေ၊ ဆေးတံတွေ နဲ့ သစ်သားချောင်းတွေ၊ ဟန်ဘာသာစကားကိုတောင် ပြီးပြည်စုံတဲ့အထိ ပြောနိုင်တယ်... အဲဒါအတွက် ခင်ဗျား အတော်လေး ကြိုးစား အားထုတ်ထားခဲ့ရမှာပဲ။ "

ဝမ်ချောင် ရွတ်နောက်နောက်ဖြင့် ပြောလိုက်သည်။

"သခင်လေး ဘာအကြောင်းပြောနေတာလဲဆိုတာ ကျွန်တော်နားမလည်ဘူး။ "

လူအိုကြီးသစ်ခုတ်သမားသည် ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်သည်။ ဤအခိုက်အတန့်တွင် သူ့နှလုံးသားသည် ဆောင်းလယ်သို့ ရောက်နေသကဲ့သို့ အေးစက်သွားခဲ့သည်။ သို့သော် ထိုအရာကို သူ့မျက်နှာတွင် ပေါ်စေရန် သူခွင့်မပြုပေ။

ကမ္ဘာကြီးသည် ဘာတွေဖြစ်ပျက်နေသည်နည်း။

အဖြစ်အပျက်များစွာသည် လူအိုကြီးသစ်ခုတ်သမား၏ ဦးခေါင်းတွင် ပေါ်လာခဲ့သော်လည်း မဟာထန် တော်ဝင်စစ်တပ်ကို သူမည်သို့ဆွဲဆောင်ခဲ့သည်ကို သူနားမလည်နိုင်သေးပေ။

"ဝမ်သခင်လေး ဂလဲ့စားချေဖို့ ရှိုရှုဘုရင်ကို ငါအရမ်းတွေ့ချင်နေပေမယ့် ဒီသစ်ခုတ်သမား လူအိုကြီးက သူဆိုတာ မင်းသေချာရဲ့လား။ "

မာယင်လုံသည် လှည့်လာပြီး တင်းမာစွာဖြင့် မေးလိုက်သည်။

သူ ဤသို့ ပြောသည်မှာ ရှားပါးသည်။ သူ့အမူအရာမှ သူသည် ဤမေးခွန်းကို လေးနက်စွာမေးသည်ကို ဝမ်ချောင် ခံစားမိသည်။ ဤသစ်ခုတ်သမား လူအိုကြီးသည် ရှိုရှုဘုရင်ဖြစ်သည် ဆိုသည်ကို မာယင်လုံ မယုံကြည်သည်မှာ ထင်ရှားသည်။ ဤအခိုက်အတန့်တွင် သူသည် ထိန်းချုပ်နိုင်ခြင်းမရှိတော့ပေ။

"မင်းရဲ့ရန်ငြိုးမပြေတဲ့ ရန်သူကို မင်းမမှတ်မိတာ နှမြောစရာပဲ။ "

မာယင်လုံ၏ အမူအရာကို မြင်သည်တွင် ဝမ်ချောင် သက်ပြင်းချလိုက်မိသည်။ ယေဘုယျကျကျ ပြောရလျှင် မာယင်လုံသည် ရှိုရှုဘုရင်အပေါ် လေးနက်သည့်ခံစားမှု ရှိသင့်ပေသည်။ မာယင်လုံ၏ မျက်လုံးများသည် သူ့ရန်သူကို မမှတ်မိနိုင်လောက်သည်အထိ ဆိုးရွားနေသည်လော သို့မဟုတ် ရှိုရှုဘုရင်၏ ဟန်ဆောင်မှုသည်သာ အားနည်းချက်လုံးဝမရှိသည်လော။ နောက်ဆုံးတွင် သူ၏ပုံပန်းသဏ္ဍာန်အပြင် သူ၏လေယူလေသိမ်းနှင့် ကိုယ်နေဟန်ထားတို့သည်မှာလည်း လုံးဝပြောင်းလဲသွားခဲ့ပေသည်။

သို့သော် မည်သည့်တစ်ခုပင်ဖြစ်ပါစေ တစ်ဖက်လူအား ရှင်းပြချက်တစ်ခုကို ပေးရမည်ဆိုသည်ကို ဝမ်ချောင်သိပေသည်။ ဤသို့မဟုတ်ပါက ထိုလေးယောက်သည် သူတို့ကို အရူးလုပ်နေသည်ဟု တွေးထင်သွားကြပေလိမ့်မည်။

"လူအိုကြီးလင်းယုန် လွန်ခဲ့တဲ့ရက်အနည်းငယ်က လူအိုကြီး သစ်ခုတ်သမားတစ်ယောက်ကို စောင့်ကြည့်ခိုင်းထားတာ မှတ်မိသေးလား။ "

ဝမ်ချောင် လှည့်လိုက်ပြီး မေးလိုက်သည်။

"မှတ်မိတယ်။ ဒါပေမယ့် ဒါက သာမန် သစ်ခုတ်သမားတစ်ယောက်မဟုတ်ဘူးလား။ "

လူအိုကြီးလင်းယုန်ငှက်သည် အံ့အားသင့်စွာ ပြန်ဖြေလိုက်သည်။

"ငါတို့က သူ့ရဲ့ကိုယ်ရေး အချက်အလက်ကို စုံစမ်းခဲ့ပြီး သူ့ကိုယ်ရေး အချက်အလက်နဲ့ ပတ်သက်လို့ ဘာသံသယဖြစ်ဖွယ်ရာမှ မရှိတာကို မှတ်မိသေးတယ်။ သူက ဘုန်းကြီးကျောင်းကို ထင်းချောင်းပို့တဲ့ သာမန်သစ်ခုတ်မားတစ်ယောက်ပဲ သူက အကြိမ်တိုင်း အဲနေရာမှာ စက္ကန့်အနည်းငယ်ပဲနေခဲ့တယ်။ "

အားလုံး၏ သံသဖြစ်နေသော အကြည့်အောက်တွင် လူအိုကြီးလင်းယုန်ငှက်သည် ကိုးရိုကားယားပြုံးလိုက်ပြီး လွန်ခဲ့သည့်ရက်အနည်းငယ်က ကိစ္စကို လျင်မြန်စွာ ရှင်းပြလိုက်သည်။

ဤအရာအတွက် သူတို့သည် လူအိုကြီးလင်းယုန်ငှက် စေလွှတ်ထားခဲ့သော ငှက်များသည် ဘုန်းကြီးကျောင်း၌ သူတို့ကြားထဲတွင် သစ်ခုတ်သမားတစ်ယောက်ကို သတိပြုမိခဲ့ချိန် လွန်ခဲ့သော သုံးရက်ခန့်ကို ပြန်သွားရပေမည်။

ထိုအချိန်က ဝမ်ချောင်သည် ဘုန်ကြီးကျောင်းနှင့် လာရောက်ထိတွေ့ဆက်ဆံသည့် လူတိုင်းကို စောင့်ကြည့်ရန် အမိန့်ပေးခဲ့သည်။ ထိုအထဲတွင် လူအိုကြီး သစ်ခုတ်သမားလည်း ပါဝင်ပေသည်။

ထို့နောက် လူအိုကြီး လင်းယုန်ငှက်သည် သူ့ကို စောင့်ကြည့်ခဲ့ပြီး တစ်ဖက်လူနှင့် ပတ်သက်၍ ဘာမှမှားမနေသည်ကို တွေ့ရှိခဲ့သည်။ တစ်ဖက်လူသည် ဘုန်းကြီးကျောင်းသို့ ထင်းချောင်းများ လာရောက်ပို့ဆောင်သည့် သာမန်သစ်ခုတ်သမား တစ်ယောက်သာဖြစ်သည်။

သူသည် အကြိမ်တိုင်းတွင် ထင်းချောင်း ပို့ဆောင်ပြီးနောက် ချက်ချင်းထွက်ခွာခဲ့ပြီး ဘုန်းကြီးကျောင်းထဲသို့ ခြေတစ်လှမ်းပင်မလှမ်းခဲ့ပေ။

ဝမ်ချောင်သည် ဤကိစ္စကို ကြားချိန်တွင် လူအိုကြီးလင်းယုန်ငှက်အား ညတေးသီဆိုငှက်ကို စေလွှတ်ကာ လူအိုကြီးသစ်ခုတ်သမားနောက်သို့ လိုက်ရန် ညွှန်ကြားခဲ့သည်။

လွန်ခဲ့သည့် ဆယ့်ငါးနှစ်အတွင်း လူအိုကြီးလင်းယုန်ငှက်သည် ဂိုဂူလျောများ သူ့ကို သတိပြုမိခြင်းမှ ကာကွယ်ရန် ငှက်အမျိုးအစားများသွာကို လေ့ကျင့်ပေးထားခဲ့သည်။ အားလုံးပြီးနောက် လွန်ခဲ့သည့်ဆယ့်ငါးနှစ်က အဖြစ်အပျက်ပြီးနောက် လင်းယုန်ငှက်များသည် သူ့အမှတ်အသားဖြစ်လာခဲ့သည်။

သို့သော် ဤသည်မှာ သိပ်ကြီးမားသည့်အရာမဟုတ်ဟု တွေးတောကာ လူအိုကြီးလင်းယုန်ငှက်သည် ထိုလူအိုကြီးသစ်ခုတ်သမားနှင့် ပတ်သက်သည့်ကိစ္စအကြောင်းကိုလည်း မေ့နေခဲ့သည်။

ဝမ်ချောင်သည် သူတို့ကို ဤသစ်ခုတ်သမားလူအိုကြီး၏ နိမ့်ကျသောနေအိမ်သို့ ဦးဆောင်သွားလိမ့်မည်ဟု မည်သူကများ တွေးထားမိနိုင်မည်နည်း။

အပိုင်း ၂၆၃

ရှိုရှုဘုရင် အပိုင်း ၂

"ဟားဟား လူအိုကြီးလင်းယုန် ခင်ဗျား ဒါကို အရမ်းပေါ့ပေါ့တန်တန်‌ သဘောထားနေတာပဲ။ "

ဝမ်ချောင် ရယ်မောလိုက်သည်။ လူအိုကြီးလင်းယုန်ငှက်သည် လူအိုကြီး သစ်ခုတ်သမားနောက်သို့ နောက်ယောင်ခံလိုက်ရန် အတွက် ညတေးသီငှက်အား စေလွှတ်ရန် သူညွှန်ကြားခဲ့ခြင်းမှာ အပျော်သဘောဖြင့် ဟု တွေးနေခဲ့သည်လော။

"ဂိုဂူလျော လက်ရွေးစင်တစ်ထောင် ပါဝင်တဲ့ စစ်ဆင်ရေးတစ်ခု။ သူ့ကို ပြင်ဆင်တာကိုက လေးလကြာတယ် ပြီးတော့ တောင်တန်းတွေအလယ်မှာလည်း ဘုန်းကြီးတစ်ကျောင်း ဆောက်လုပ်ခဲ့သေးတယ်... သူတို့က ဒီကိစ္စထဲကို လုံ့လတွေအများကြီး စိုက်ထုတ်ထားပုံအရ ရှိုရှုဘုရင်က ဒါကို သူကိုယ်တိုင် မကြီးကြပ်ဘူးလို့ ခင်ဗျားတို့ထင်နေတာလား။ သူက ဘုန်းကြီးကျောင်းထဲမှာ ရှိမနေတာကြောင့် စစ်ဆင်ရေး တစ်ခုလုံးကို မြင်နိုင်တဲ့ ပတ်ဝန်းကျင်ထဲမှာ ရှိနေမယ်ဆိုတာ သံသယရှိစရာမလိုဘူး။ "

ဝမ်ချောင် ယုံကြည်မှုရှိစွာဖြင့် ရှင်းပြလိုက်သည်။ ဤသည်မှာ သိပ်မကြာသေးမီက သူ ကောက်ချက်ချခဲ့ခြင်းဖြစ်သည်။ သူ့ရှေ့ရှိ လူအိုကြီး သစ်ခုတ်သမားသည် ရှိုရှုဘုရင်ဖြစ်မည်ဆိုသည်ကို သူသံသယမ‌ရှိပေ။

“ဝမြးးးး”

လူအိုကြီး သစ်ခုတ်သမား၏ နှလုံးသားသည် တုန်ခါသွားခဲ့သည်။ ဝမ်ကလန်မှ လူငယ်လေးသည် အလွန်အမြင်စူးရှမည်ဟု သူမျှော်လင့်မထားခဲ့ပေ။ သူသည် သူ၏နေရာကို အမြဲတမ်း လျှိုဝှက်ဆန်းကြယ်မှု တစ်ခုအဖြစ် ထားခဲ့သည်။ သူ့လက်အောက် ငယ်သားများကဲ့သို့သော လူများပင်လျှင် သတိမပြုမိပေ။

သို့တိုင် ဝမ်ချောက်သည် ဤရှုထောင့်မှ ကောက်ချက်ချနိုင်ခဲ့သည်။

"...ပြီးတော့လည်း ရှိုရှုဘုရင်ဟာ စိုးရိမ်တတ်တဲ့လူအဖြစ် အမြဲတမ်းနာမည်ကျော်ကြားခဲ့တယ်။ သူက ဘုန်းကြီးတွေကိုတောင်မှာ ဂိုဂူလျောတွေကိုသာ ဘုန်းကြီးကျောင်းထဲ ထည့်သွင်းခဲ့တယ်။ သူတို့က မဟာထန်မှာရှိတဲ့ ဩဇာရှိအရာရှိတွေကို သတ်ဖြတ်ဖို့ အစီအစဉ်ချနေတာကို စဉ်းစားကြည့်လိုက်ရင် နောက်ခံမသိရတဲ့ သစ်ခုတ်သမားလူအိုကြီးကို ဘုန်းကြီးကျောင်းနဲ့ ထိတွေ့ဆက်ဆံစေမယ်လို့ ခင်ဗျားတို့ထင်နေတာလား။ "

ဝမ်ချောင် အေးစက်စွာ လှောင်လိုက်သည်။

သေးငယ်သော ဟာကွက်တစ်ခုပင်လျှင် ကြီးမားသော လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ပေသည်။ သစ်ခုတ်သမား လူအိုကြီးသည် အချိန်တိုင်း ထိုနေရာတွင် စက္ကန့်အနည်းငယ်သာ ရှိခဲ့သော်လည်း သူ့အား သံသယဖြစ်စေမည့် အရာတစ်ခုကို ရှာတွေ့ရန် အခွင့်အရေး ရှိနေပေသေးသည်။ ထို့ကြောင့် ထိုအရာကို သွားရောက် တိုင်ကြားနိုင်ပေသည်။ အကယ်၍ ဤအရာသာ ဖြစ်ပွားခဲ့ပါက သူတို့၏ ယခင်အားထုတ်မှုများသည် အလဟဿဖြစ်ကုန်ပေလိမ့်မည်။

များစွာတွေးတောပြီးနောက် ဘုန်းကြီးကျောင်းသို့ နေ့တိုင်းထင်းချောင်းပို့နေသော ဤသစ်ခုတ်သမား လူအိုကြီးသည် သံယဖြစ်ဖွယ် အကောင်းဆုံးဟု ဝမ်ချောင် ခံစားခဲ့ရသည်။

အစပိုင်းတွင် လူတိုင်းသည် ဝမ်ချောင်၏ စကားကို မယုံကြည်ကြသေးပေ။ သို့သော်လည်း ဝမ်ချောင်၏ ရှင်းပြချက်ကို ကြားပြီးနောက် သူတို့သည် သစ်ခုတ်သမားလူအိုကြီးကို စတင်၍ သံသယဝင်လာကြသည်။

ဟုတ်၏။ ထိုသည်မှာ ဂိုဂူလျော လက်ရွေးစင်ထောင်ချီ ပါဝင်သော စစ်ဆင်ရေးတစ်ခုဖြစ်သည်။ ရှိုရှုဘုရင်သည် မည်ကဲ့သို့ ဘေးထွက်ရပ်နေနိုင်မည်နည်း။

သူတို့သည် ဘုန်းကြီးကျောင်းအနှံ့ ရှာဖွေခဲ့ပြီး သူ့သဲလွန်စမရှိသောကြောင့် ဖြစ်နိုင်ချေတစ်ခုသာ ကျန်တော့သည်။ ရှိုရှုဘုရင်သည် စစ်ဆင်ရေးတစ်ခုလုံးကို အဝေးမှစောင့်‌ကြည့်နေခြင်းပင်။

ရှိုရှုဘုရင်၏ သတိရှိသော သဘာဝအရ ဤသည်မှာ သူပြုလုပ်လိမ့်မည်မှာ သံသယရှိစရာမလိုပေ။

ထို့အပြင် သူ့ကဲ့သို့ စိုးရိမ်တတ်သောသူသည် အပြင်လူတစ်ယောက်ကို နေ့တိုင်း သူတို့ဆီသို့ ထင်းချောင်းများကို ပို့စေသည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။

သူတို့ ပိုတွေးလေ သူတို့ ပို၍ သံသယဖြစ်မိလေပင်။

"မင်းက ကမ္ဘာပေါ်က ဘယ်သူများလဲ။ "

မာယင်လုံသည် သူ့ခါးမှ ဆေဘာဓားဆီ ရောက်သွားခဲ့ပြီး ရှိုရှုဘုရင်ကို တင်းမာစွာ စိုက်ကြည့်လိုက်သည်။

"သခင်ကြီး ကျွန်တော်က သာမန် သစ်ခုတ်သမား တစ်ယောက်လေးပါပဲ။ ခင်ဗျား ဘာအကြောင်း ပြောနေသလဲဆိုတာ ကျွန်တော် တကယ်ကို မသိတာပါ..."

လူအိုကြီးသစ်ခုတ်သမားသည် ကြောက်ရွံ့သည့်အမူရာဖြင့် နောက်သို့ ဆုတ်သွားခဲ့ပြီး လက်ဝှေ့ယမ်းလိုက်သည်။

"သခင်လေး ဘာလို့ ကျွန်တော့်ကို ဒီလိုလုပ်ရတာလဲ။ ကျွန်တော်က သာမန်လူတစ်ယောက်လေးပါပဲ မင်းပြောတဲ့ ရှိုရှုဘုရင်ဆိုတာကို ကျွန်တော်တကယ်ကို မသိတာပါ။ "

သစ်ခုတ်သမား လူအိုကြီး၏ ကြောက်လန့်နေသော အမူအရာသည် လူတိုင်းကို တုံ့ဆိုင်းသွားစေခဲ့သည်။ သူတို့သည် အမှန်ပင် မှားယွင်းနေခြင်းလော။ သူ၏ မတည်ငြိမ်သော ခြေလှမ်းများမှ သုံးသပ်ရလျှင် သူသည် သာမန်လူတစ်ယောက်သာ ဖြစ်ပုံရသည်။

"ဟားဟားဟား ရှိုရှုဘုရင် ခင်ဗျားက နှယ်နှယ်ရရ ပုဂ္ဂိုလ်တစ်ယောက်လို့ ငါကြားခဲ့တယ် ဒါပေမယ့် ဒါကို အစွန်းဆုံးအထိတောင် ငြင်းဆန်ဖို့ကြိုးစားနေတာက ကြည့်ရတာ သနားစရာတောင် ကောင်းလာပြီ။ ဒီနေရာမှာရောက်နေတဲ့ လူတစ်ယောက်မှ သောက်ရူးမဟုတ်ဘူး။ ဒါကိုမပြောခင် ဘာလို့ မင်းရဲ့ ဖိနပ်ကို မလဲရမှာလဲ။ "

သူ့မြင်းပေါ်မှနေ၍ ဝမ်ချောင်သည် သစ်ခုတ်သမား၏ အောက်ပိုင်းကို ကြည့်လိုက်ပြီး သရော်လိုက်သည်။

ထိုစကားလုံးများသည် အကြည့်များစွာကို လူအိုကြီးသစ်ခုတ်သမား၏ ခြေထောက်ဆီသို့ ချက်ချင်းရောက်သွားစေခဲ့သည်။ ထို့နောက် သူတို့သည် အညိုရောင်ဝတ်ရုံအောက်တွင် တိမ်ပန်းထိုး‌ထားသော ပိုးဖိနပ်တစ်စုံကို ဝိုးတဝါးတွေ့လိုက်ကြရသည်။

ထိုအချိန်တွင် လူအိုကြီးသစ်ခုတ်သမားသည်လည်း သူ့ဖိနပ်ကို သတိပြုမိလိုက်ပြီး သူ့မျက်နှာသည် ချက်ချင်း မဲမှောင်သွားခဲ့သည်။ သူသည် အမြဲတမ်း အသေးစိပ်အရာများကိုပင် ဂရုစိုက်တတ်သူဖြစ်သည်။

ထို့ကြောင့် သူသည် ပိုးကုန်သည် တစ်ယောက်အဖြစ် ပြောင်းလဲချိန်တွင် ဖိနပ်နှင့် ထိုကဲ့သို့သော အရာအားလုံးကိုလည်း ပြောင်းလဲခဲ့သည်။ သူသည် ပြန်လည် ပြောင်းလဲချိန်တွင် ဖိနပ်ကို မေ့နေခဲ့မည်ဟု မည်သူသိနိုင်မည်နည်း။

ဝမ်းစာအတွက် နေ့တိုင်း ပင်ပန်းကြီးစွာရုန်းကန်နေရသော သစ်ခုတ်သမားတစ်ယောက်သည် တိမ်ပန်းထိုးပိုးဖိနပ်တစ်စုံကို မည်သို့ တတ်နိုင်လိမ့်မည်နည်း။ သူသည် သူ့ဘဝတစ်ခုလုံးအတွက် အကြံသမား တစ်ယောက်ဖြစ်ခဲ့သည်။ သို့သော် ဖိနပ်တစ်ရံကြောင့် သူသည် အမှန်ပင် ဖမ်းမိသွားလိမ့်မည်ဟု မည်သူသိမည်နည်း။

သူ့အတွက် ထပ်မံငြင်းဆန်ရန် မဖြစ်နိုင်တော့ပေ။

"မင်းက ဟန်ဆောင်ဖုံးကွယ်တာမှာ အထူးကျွမ်းကျင်တာကြောင့် အထဲမှာ တစ်စုံထက်ပိုတဲ့ အဝတ်တွေရှိရမယ်။ မင်းတို့အနည်းငယ် အထဲကိုသွားပြီး သူ့အခန်းကို ရှာဖွေလိုက်ကြစမ်း။ အထဲမှာ အဝတ်တွေပိုပြီး ရှိရမယ် ပြီးတော သူတို့အများစုက သာမန်သစ်ခုတ်သမား လူအိုတစ်ယောက် တတ်နိုင်တဲ့အရာတွေမဟုတ်ဘူးဆိုတာ ငါသေချာတယ်။ "

ဝမ်ချောင်သည် သူ့မြင်းပေါ်မှနေ၍ ရယ်မောလိုက်သည်။

"ရှိုရှုဘုရင် မင်းဘာပြောချင်သေးလဲ။ "

"ခွေးမသား ဆိုတော့ မင်းတို့က တစ်ယောက်တည်းပေါ့။ "

မာယင်လုံသည် မည်မျှပင် တုံးအပါစေ ဤလူအိုကြီးသစ်ခုတ်သမားနှင့် တစ်စုံတစ်ရာ အလွန်မှားယွင်းနေသည်မှာ ထင်ရှားသည်။ နီရဲနေသော မျက်လုံးများဖြင့် အားကောင်းသော အရှိန်အဝါ တစ်ခုသည် သူဆီမှ ထွက်ပေါ်လာခဲ့သည်။

ရုတ်တရက် ဖျက်ဆီးနိုင်စွမ်းရှိသော အနက်ရောင် ကြယ်တာရာ စွမ်းအင်သည် သစ်ခုတ်သမားဆီသို့ မယုံနိုင်စရာကောင်းသည့် အလျင်ဖြင့် ပြေးထွက်သွားခဲ့သည်။

“ဘုန်းးး”

ပဲတင်ထပ်နေသည့် ပေါက်ကွဲသံတစ်ခုသည် လေထဲတွင် ထွက်ပေါ်လာခဲ့သည်။ မာယင်လုံ၏ တိုက်ခိုက်မှုသည် လျင်မြန်စွာပျောက်ကွယ်သွားခဲ့သည်။ ကြီးမားသော အင်အားတစ်သည် သူ့ခန္ဓာိကိုယ်ကို တုန်ခါစွာဖြင့် နောက်သို့ ဆုတ်သွားစေသည်။

ထိုအားကောင်းသည့် အနက်ရောင်ကြယ်တာရာစွမ်းအင်သည် တခဏအတွင်း ပျောက်ပျက်သွားခဲ့သည်။ အားကောင်းသည့် လေထုတစ်ခုသည် ပတ်ဝန်းကျင်တွင် လျင်မြန်စွာပေါ်ထွက်လာခဲ့ပြီး ဖုန်မှုန့်နှင့် သဲများကို စုပ်ယူလိုက်ကာလေထဲ လွင့်သွားစေသည်။ စစ်မြင်းများသည် မသက်မသာဖြင့် ဟည်းလိုက်ကြပြီး ကြောက်လန့်တကြားဖြင့် နောက်ဆုတ်သွားခဲ့ကြသည်။

ဘုန်းးး

မာယင်လုံတုန်ရီစွာလွင့်ပျံနေသည့် ထိုခဏမှာပင် ကောင်းစွာဖန်တီးထားသော မြားတစ်စင်းသည် မယုံနိုင်စရာကောင်းသည့် ခွန်အားကို သယ်ဆောင်ထားလျက် ခြံဝန်းထဲတွင် အချိန်မဆိုင်ဘဲ ထွက်ပေါ်လာခဲ့သည်။ မြားလမ်းကြောင်းသည် လူအိုကြီး သစ်ခုတ်သမားဆီသို့ ဦးတည်နေခဲ့သည်။

ဖွဲ့စည်းပုံနောက်တွင် ပုန်းကွယ်နေသော လော်ချောင်သည် လှုပ်ရှားလိုက်ပြီဖြစ်သည်။

လော်ချောင်၏ လေးအတတ်သည် သူတွေ့ခဲ့ဖူးသည့် အခြားလေးသခင်များထက် သာလွန်ပေသည်။ သူမြားများသည် မိုးကြိုးကဲ့သို့ မြန်ဆန်ပြီး အခြားသူများကို ရှောင်ရှားရန် မဖြစ်နိုင် ဖြစ်စေသည်။

ပြီးတော့ သူ့ရဲ့မြှားတွေရဲ့ နောက်ကွယ်က ကြောက်စရာကောင်းတဲ့ စွမ်းအားက ရန်သူကို တစ်ချက် တစ်ချက် ပစ်သတ်ပြီး ရန်သူကို မြေပြင်ပေါ် ခိုင်မြဲစွာ ထိုးထားမှာ သေချာပါတယ်။

ထို့အပြင် သူ့မြားနောက်ကွယ်ရှိ ကြောက်မက်ဖွယ်ခွန်အားသည် တစ်ချက်ပစ် တစ်‌ယောက်သေစေနိုင်ပြီး သူ့ရန်သူကို မြေပြင်ပေါ်သို့ မြဲမြံစွာ ချိတ်ဆွဲသွားစေနိုင်သည်။ အသန်မာဆုံး အစစ်အမှန် သိုင်းပညာ နယ်ပယ် ကျွမ်းကျင်သူပင်လျှင် ဤစည်းမျဉ်းမှ ချို့ယွင်းချက်မဟုတ်ခဲ့ပေ။

“ဝမြးးး”

သံမဏိလက်သည်းနှင့် ဆင်တူသော လက်တစ်ဖက်သည် မြားကို ဖမ်းဆုပ်လိုက်ကာ ကြီးမားသည့် ခွန်အား သက်သက်ဖြင့် ဤသတ်ဖြတ်ရန် သေချာသော မြားကို ရပ်တန့်စေလိုက်သည်။

“ဝမြးးး”

ပတ်ဝန်းကျင်သည် ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။ မာယင်လုံကို ကူညီရန် ရှေ့သို့ ပြေးထွက်နေကြသည့် လူအိုကြီးလင်းယုန်ငှက်၊ သံမဏိလက်နှင့် တစ်ကိုယ်တော် ဝံပုလွေပင်လျှင် သူတို့ခြေလှမ်းများကို ရပ်တန့်လိုက်ကြသည်။

မီတာရှစ်ရာအဝေးတွင် လော်ချောင်သည် မယုံနိုင်စရာကောင်းစွာ တင်းမာသည့် အမူအရာဖြင့် သူ့လေးကို ဆုပ်ကိုင်လိုက်သည်။

'ကြည့်ရတာ သူက အရမ်းသန်မာတယ်ထင်တယ်။ '

သူနှလုံးသားထဲတွင် အေးစက်သွားခဲ့ကာ ဝမ်ချောင်သည် လေးနက်စွာဖြင့် သက်ပြင်းချလိုက်သည်။

လက်ရှိတွင် သူ့ဘက်၌ မာယင်လုံနှင့် လော်ချောင်သည် အသန်မာဆုံးလူများဖြစ်ကြသည်။ ဝမ်ချောင်သည် ဝန်ထမ်းရေးရာဌာနခွဲတွင် ပထမဆုံးမြင်လိုက်ရသော သူ့လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဖြိုခွဲပစ်နိုင်သည့် အနက်ရောင်ကြယ်တာရာစွမ်းအင်သည် သူ့ကို လေးနက်သည့် အမြင်များ ကျန်ရှိစေခဲ့သည်။

တစ်ဖက်တွင်မူ စုန့်ဘုရင်က သူ့ဆီထည့်ပေးလိုက်သော လေးသခင်သည် သူ့မြား၏ မယုံနိုင်စရာကောင်းသည့် ခွန်အားနှင့်အတူ လေးသခင်များအပေါ် ဝမ်ချောင်၏ နားလည်မှုကို ဉာဏ်ရည် အသစ်လောင်းစေခဲ့သည်။ နက်နဲသိမ်မွေ့သည့် သိုင်းပညာ နယ်ပယ်အောက်ရှိ လူများအတွက် သူသည် သေခြင်းနတ်ဘုရားနှင့် မခြားပေ။

ထိုလေးသခင် သူ့နောက်ရပ်နေသောကြောင့် ဝမ်ချောင်သည် အလွန်လုံခြုံသည်ဟု ခံစားခဲ့ရသည်။

သို့တိုင် သူတို့နှစ်ဦးစလုံးသည် တကယ့်ကိုပင် ဤလူအိုကြီးသစ်ခုတ်သမားကို ရပ်တန့်နိုင်ခြင်းမရှိခဲ့ပေ။ အမှန်တွင် ထိုလူသည် လော်ချောင်၏ မြားကိုပင် လက်ဗလာဖြင့် ဖမ်းဆုပ်ထားခဲ့သည်။

ဤအခြေအနေမှာ လုံးဝ အသစ်အဆန်းဖြစ်သည်။

သန်မာသည့် အန္တရာယ်ခံစားချက်တစ်ခုသည် သူ့ကို ရိုက်ခတ်လာခြင်းနှင့်အတူ ဝမ်ချောင်သည် သူ့မြင်းကို ချက်ချင်းနောက်ဆုတ်စေလိုက်သည်။ သူသည် ဤဂိုဂူလျော သူလျှိုခေါင်းဆောင်ကို အတော်လေး လျှော့တွက်ထားခဲ့ပုံရသည်။

"ဟီးဟီးဟီး"

မြားကို ဆုပ်ကိုင်ထားခဲ့ကာ လူအိုကြီး သစ်ခုတ်သမားသည် အန္တရာယ်ပြုမည့် ရယ်သံတစ်ခုကို ထုတ်လွှတ်လိုက်သည်။

“ကြည့်ရတာ ဖိနပ်တစ်ရံက ငါ့ကို ဒုက္ခရောက်စေခဲ့ပုံပဲ။ လူလေး ငါမင်းကို တကယ့်ကို လျှော့တွက်လိုက်မိတာပဲ။ မင်းကို နောက်ကျမှ သတ်ဖြတ်ဖို့ ရည်ရွယ်ထားခဲ့ပေမယ့် ဘယ်သူကသိမှာလဲ မင်းက မင်းသေခြင်းတရားကို လာပြီး အလောတကြီးနဲ့ရှာဖွေလိမ့်မယ်လို့။ "

“ချ ခရွက်”

သူသည် ဘယ်လက်ဖြင့် ဝါးဦးထုပ်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး ညာလက်ဖြင့် သတ္တုမြားကို နှစ်ပိုင်း ချိုးလိုက်သည်။

ထို့နောက် လူအိုကြီးသစ်ခုတ်သမားသည် သူ၏ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး လွန်ခဲ့သည့် အချိန်အနည်းငယ်ခန့်က ကြယ်တာရာစွမ်းအင်၏ တိုက်ခိုက်မှုကြောင့် ပြဲသွားသော မျက်နှာဖုံးကို ဆုတ်ဖြဲလိုက်သည်။

သတိရှိပြီး ဉာဏ်များသော မြေခွေးတစ်ကောင်နှင့် ဆင်တူသည့် ကျဉ်းမြောင်းသည့် မျက်လုံးများဖြင့် တိုင်းတစ်ပါးသား သက်လတ်ပိုင်းအရွယ် လူတစ်ဦးသည် အားလုံးရှေ့တွင် ပေါ်လာခဲ့သည်။

သူ၏ထူးခြားသော ပုံစံမှတစ်ဆင့် ရက်စက်ကြမ်းကြုတ်သော အမူအရာသည် လူတိုင်း၏ နှလုံးသားထဲသို့ သတိပေး ခေါင်းလောင်းသံများ အော်ဟစ်ဆူညံစေခဲ့သည်။

ဝံပုလွေတစ်ကောင်၏ ရက်စက် ကြမ်းကြုတ်မှုဖြင့်သာ အဖွဲ့အစည်းတစ်ခုကို သံထည်များကဲ့သို့ ထိန်းချုပ် ထိန်းသိမ်းနိုင်မည်ဖြစ်သည်။

ဝမ်ချောင်သည် ရှိုရှုဘုရင်ကို ယခင်က မြင်တွေ့ခဲ့ဖူးခြင်းမရှိချေ။ သို့သော် လူအိုကြီး၏ အမူအရာများသည် သူမမှားခဲ့ကြောင်း သေချာသွားစေသည်။

သူသယ်ဆောင်လာသည့် ရက်စက်ကြိမ်းကြုတ်မှုနှင့် အန္တရာယ်ရှိမှုတို့သည် မည်သည့် လုပ်ကြံသတ်ဖြတ်သူ သို့မဟုတ် လူသတ်သမားများထက်မဆို သာလွန်ပေသည်။ ဂိုဂူလျော ခေါင်းဆောင်သုံးဦးပင်လျှင် သူ့ရှေ့၌ မှေးမှိန်သွားရပေလိမ့်မည်။

"သခင်လေး ဂရုစိုက်"

တစ်ဖက်လူထံမှ ရန်လိုမှုကို ခံစားမိလိုက်သည်တွင် မီယာဆာဆာမီးအာရာကာ၏ ကုန်းကွနေသည့် ပုံရိပ်သည် ဝမ်ချောင်ကို ကာကွယ်ရန် ရှေ့သို့ ချက်ချင်းပြေးထွက်လာခဲ့သည်။

"ရှိုရှုဘုရင် ငါ မင်းကိုသတ်မယ်"

တစ်ဖက်လူမျက်နှာ ဖော်ပြလိုက်ခြင်းသည် လူစု၌ ကျန်ရှိနေသေးသော သံသယများကို ကင်းစင်သွားစေခဲ့သည်။ မာယင်လုံ၊ သံမဏိလက်၊ လူအိုကြီးလင်းယုန်ငှက် နှင့် တစ်ကိုယ်တော်ဝံပုလွေတို့သည် ရှေ့သို့ ပြေးထွက်လိုက်ကြသည်။

“ ရော်”

“ဘန်းဘန်းဘန်းဘန်း”

အားကောင်းသည့် အရှိန်အဝါများသည် ထိုလေးယောက်ထံမှ ထွက်ပေါ်လာခဲ့သည်။ တစ်ကိုယ်တော်ဝံပုလွေသည် သူ၏ ဧရာမကြီးမားသည့် ဆေဘာဖြင့်၊ သံမဏိလက်သည် သူ၏ ဓားတစ်လက်ဖြင့်၊ မာယင်လုံသည် သူ၏ ကြောင်မက်ဖွယ်ကောင်းသော ကြယ်တာရာစွမ်းအင်ဖြင့်၊ လူအိုကြီးလင်းယုန်ငှက်သည် သူ၏ သံမဏိလက်သီးများဖြင့် သူတို့လေးယောက်သည် ရှေ့သို့ ‌ပြေးဝင်တိုက်လိုက်လိုက်ကြသည်။

"အဟက် အရှုံးသမား လေးယောက်က တကယ်ပဲ ငါ့ကို စိန်ခေါ်ရဲတယ်။ "

လူအိုကြီး သစ်ခုတ်သမား သို့မဟုတ် ရှိုရှုဘုရင်သည် သူ့ရှေ့ရှိ ထင်းချောင်းကို သူ့ဘယ်လက်ဖြင့် ချိုးလိုက်ပြီး အေးသက်သည့် အလင်းရောင်များ တောင်ပနေသည့် ဂိုဂူလျော ဆေဘာဓား သုံးချောင်းသည် သူ့လက်ထဲသို့ ကျလာခဲ့သည်။

“ဘုန်းးး”

ထက်ရှသည့် ဆေဘာဓားချီများ ပါဝင်နေသော အားကောင်းသည့် ကြယ်တာရာ စွမ်းအင်လှိုင်းလုံးကြီးသည် မုန်တိုင်းကြီးတစ်ခုကဲ့သို့ ရှေ့တွင် ပေါက်ကွဲသွားခဲ့သည်။ တခဏအတွင်းမှာပင် မာယင်လုံနှင့် တခြားသူများသည် အားလုံး နောက်သို့ ဆုတ်လိုက်ရသည်။

'ရှိုရှုဘုရင်က အရမ်းသန်မာတယ်'

သူ့ခွန်အားအပြည့် ထွက်ပေါ်လာခြင်းနှင့်အတူ သူသည် ယခင်က လူအိုကြီးသစ်ခုတ်သမားနှင့် လုံးဝ မတူတော့ပေ။

လူအိုကြီး လင်းယုန်ငှက် မှလွဲ၍ ကျန်သည့် လူသုံးဦးသည် နက်နဲသိမ်မွေ့သည့် သိုင်းပညာနယ်ပယ် အဆင့် ၁ နှင့် အဆင့် ၂ များဖြစ်ကြသည်။ သို့တိုင် သူတို့၏ ပူးပေါင်း လုပ်ဆောင်မှုဖြင့်ပင်လျှင် သူတို့သည် ရှိုရှုဘုရင်၏ ပြိုင်ဘက်များ လုံးဝမဟုတ်ကြပေ။

ထိုသည်သာမက သူတို့သည် ရှိုရှုဘုရင်လက်ထဲရှိ ဆေဘာဓားသုံးလက်မှ သေစေနိုင်သော ခြိမ်းခြောက်မှု ခံစားချက်တစ်ခုကိုပင် ခံစားလိုက်ကြရသည်။

"ကောင်လေး မင်းက ငါ့ရဲ့အစီအစဉ်ကို အကြိမ်များစွာ ဖျက်ဆီးနှောက်ယှက်ခဲ့တယ်။ ငါ့ကို မင်းနဲ့ အရင်စခွင့်ပေးပါ။ "

မာယင်လုံနှင့် တခြားသူများကို ဖိအားပေးပြီးနောက် ရှိုရှုဘုရင်သည် ရှေ့သို့ ပြေးထွက်လိုက်ပြီး ဝမ်ချောင်ဆီသို့ တိုက်ရိုက် ဦးတည်လိုက်သည်။

ဤနေရာတွင် ရှိနေကြသည့် လူတိုင်းတွင် ဝမ်ချောင်သည် အလွယ်ကူဆုံးပစ်မှတ်ဖြစ်သည်။ ထို့အပြင် လက်ရှိတွင် သူ အသတ်ချင်ဆုံးသော လူလည်း ဖြစ်သည်။

ဝမ်ကလန်မှ ဤလူငယ်လေးသည် သူဘာလုပ်သည်ဖြစ်ပါစေ ကန့်သတ်ချုပ်ချယ်မှုကို ခံစားစေခဲ့သည်။ အကယ်၍ ယခုတွင် တစ်ဖက်လူကို သတ်ဖြတ်ခြင်းမပြုခဲ့ပါက သူသည် သူ့အစီအစဉ်များကို ယုံကြည်မှုရှိစွာဖြင့် ဆက်လက်လုပ်ဆောင်နိုင်မည်မဟုတ်ပေ။

ဤလူငယ်လေးသည် အလွန်မှ ထင်မြက်လှသည်။

ထို့အပြင် သူ့တွင် ခံစားချက်တစ်ခုလည်း ရှိသေးသည်။ အကယ်၍ ဤလူငယ်လေးကို ကြီးပြင်းခွင့်ပြုခဲ့ပါက သူသည် နောက်ဆုံးတွင် သူတို့တိုင်းပြည်အတွက် ကြီးမားသည့် အန္တရာယ်တစ်ခုဖြစ်လာပေလိမ့်မည်။ ထို့နောက် ထိုအရာသည် အလွန်နောက်ကျသွားပေလိမ့်မည်။

သူသည် ချောင်ပိတ်မိနေသော်လည်း သူ၏ သာလွန်သည့် ကျင့်ကြံမှုဖြင့် ဤဝိုင်းရံခံထားရခြင်းမှ ဖောက်ထွက်နိုင်မည်ဟု ယုံကြည်ချက်ရှိပေသည်။ ထို့နောက်တွင် သူသည် မြို့တော်တွင် ဖုံးကွယ်နေထိုင်မည်လော သို့မဟုတ် လျှို့ဝှက် လိုဏ်ခေါင်းကို ဖြတ်၍ ထွက်ပြေးမည်လော ရွေးချယ်နိုင်ပေလိမ့်မည်ဖြစ်သည်။

အကယ်၍ လိုဏ်ခေါင်းတွင် တစ်စုံတစ်ယောက်က စောင့်ကြပ်နေလျှင်ပင် သူသည် ထွက်ပြေးရန် သူတို့ကို ရှင်းပစ်နိုင်မည်ဟု ယုံကြည်ချက်ရှိပေသည်။

"သေစမ်း"

အေးစက်သည့် ဆေဘာဓားချီသုံးခုသည် မြင်းကိုစီး၍ တဟုန်ထိုးထွက်ပြေးနေသော ဝမ်ချောင်ဆီသို့ ပြေးထွက်သွားခဲ့သည်။

အပိုင်း ၂၆၄

ရှိုရှုဘုရင် အပိုင်း ၃

ရှိုရှုဘုရင်သည် မာယင်လုံနှင့် အခြားသူများကို ရှင်းပစ်နိုင်သည့် အခွင့်အရေးကို လက်လွတ်ခံပြီး အားအနည်းဆုံးဖြစ်သည့် ဝမ်ချောင်ကို ကိုင်တွယ်ရန် အမှန်ပင် ရွေးချယ်လိုက်သည်ကို တွေးကြည့်ပါက... ဝမ်ချောင် ကိုယ်တိုင်ပင်လျှင် ဤအပြောင်းအလဲကြောင့် မှင်သက်သွားခဲ့သည်။

"သခင်လေး သတိထား"

မီယာဆာမီးအာရာကာသည် သူမ၏ ဓားမြောင်နှစ်လက်ကို ဆွဲထုတ်လိုက်ကာ ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်သည်။

သို့သော်လည်း အရိပ်တစ်ခုသည် လက်ခနဲဖြစ်သွားခဲ့ပြီး ဝမ်ချောင်ရှေ့တွင် မီယာဆာမီးအာရာကာထက် သာလွန်သော အမြန်နှုန်းဖြင့် လူတစ်ဦးပေါ်လာခဲ့သည်။

"ချောင်အာ ဝေးဝေးထွက်ပြေး"

ထိုအရေးကြီးသည့် အခိုက်အတန့်တွင် ဝမ်ချောင်သည် အန္တရာယ်ရှိနေပြီဆိုသည်ကို လီလင်းက ခံစားမိလိုက်ပြီး ရှေ့သို့ ပြေးထွက်လာခဲ့သည်။

“ဘုန်းးး”

နောက်တခဏတွင် အားကောင်းသည့် အင်အားတစ်ခုသည် သူ့ကို ရိုက်ချသွားခဲ့ပြီး အဝေးသို့ လွင့်ထွက်သွားစေသည်။

လီလင်းပင်လျှင် ရှိုရှုဘုရင်၏ ဆေဘာဓားချီ၏ ပြိုင်ဘက်မဟုတ်ခဲ့ပေ။ သို့သော်လည်း သူ၏ ကြားဝင်နှောက်ယှက်မှုသည် အလဟဿမဖြစ်ခဲ့ပေ။ သူသည် ဆေဘာဓားချီသုံးခုမှ နှစ်ခုကို ချေဖျက်နိုင်ခဲ့သည်။

“ဘုန်းးး”

အနက်ရောင်အလင်းတစ်ခုသည် ကောင်းကင်တွင် လက်ခနဲဖြတ်သန်းသွားခဲ့ပြီး နောက်ဆုံးဆေဘာဓားချီသည် မီတာရှစ်ရာအကွာအဝေးရှိ လော်ချောင်၏ မြားဖြင့် ချေဖျက်ခြင်းခံလိုက်ရသည်။

"ဘယ်သူမှ မင်းကို ကယ်နိုင်မှာမဟုတ်ဘူး။ "

ရှိုရှုဘုရင်သည် အေးစက်စွာ လှောင်လိုက်သည်။

“ရွှီးးး”

ထိုတခဏတွင် ဆေဘာဓားချီသုံးခု ပျောက်ကွယ်သွားသောအခါ သူသည် လက်ကောက်ဝတ်ကို လှုပ်လိုက်ပြီး အနက်ရောင်ဝက်အူလှည့်နှင့် ဆင်တူသော လှံတိုသည် လမ်းကြောင်းတစ်ခုတည်းမှ ဝှေ့ဝိုက်သွားခဲ့ကာ ဝမ်ချောင်ဆီသို့ ဦးတည်သွားခဲ့သည်။

လှံတို ဖြတ်သန်းလာသော လမ်းကြောင်းရှိ နေရာလွတ်ပင်လျှင် ဖျက်ဆီးခံလိုက်ရသည်။ သူ၏ အံ့မခမ်းအင်အားသည် လေထဲရှိ အောက်ဆီဂျင်ကိုပင် လောင်ကျွမ်းသွားစေခဲ့ပုံရသည်။

"ဒါက ဆိုးတာပဲ"

အားကောင်းသည့် အန္တရာယ်ခံစားချက်တစ်ခုသည် ဆူနာမီလှိုင်းလုံးကဲ့သို့ ဝမ်ချောင်အား ရိုက်ခတ်လာခဲ့သည်။ သူ့ခန္ဓာကိုယ်သည် အေးစက်သွားခဲ့ပြီး ကြက်သီးမွေးညင်းများ ထောင်ထလာခဲ့သည်။

ရှိုရှုဘုရင်သည် သူ့ကို သတ်ဖြတ်ရန် ဆုံးဖြတ်ထားခဲ့သည်ကို သူ ခံစားနိုင်သည်။ တစ်ဖက်လူသည် ဝမ်ချောင်ကို သတ်ဖြတ်နိုင်သရွေ့ မည်သည့်အရာများပေးဆပ်ရပါစေ ပေးဆပ်မည့်ပုံပေါ်သည်။

“ရွှီး ရွှီး ရွှီး”

ထိုစက္ကန့်ပိုင်းတွင် ဝမ်ချောင်သည် စဉ်းစားရန် အချိန်အနည်းငယ်ရရှိခဲ့သည်။ သူသည် အဟုန်ကို အသုံးချရန် မြင်းနောက်ကျောကို တွန်းကန်ခုန်ဆင်းလိုက်စဉ်တွင် သူ့လက်ချောင်းများမှ သတ်ဖြတ်ခြင်း ဓားချီခြောက်ခုကို ပစ်လွှတ်လိုက်သည်။

ဤအလွန်အရေးကြီးသည့် အခိုက်အတန့်တွင် သူ့ယခင်ဘဝ၌ စုဆောင်းထားခဲ့သော သိုင်းပညာရပ် အတွေ့အကြုံများသည် အလွန်အသုံးဝင်ကြောင်း သက်သေပြခဲ့သည်။ သူ့မူလစွမ်းအင် အဆင့် ၉ ကျင့်ကြံခြင်းဖြင့် ရှိုရှုဘုရင်၏ လှည့်ပတ်နေသော လှံတိုကို ခုခံရန် မဖြစ်နိုင်ပေ။ သို့တိုင် ဝမ်ချောင်၏ ဓားချီခြောက်ခုမှ သုံးခုသည် သူ့ပစ်မှတ်ပေါ်သို့ ဆင်းသက်နိုင်ခဲ့သည်။

“ရှီးးး”

အနက်ရောင်လှံတိုသည် အသေးငယ်ဆုံးသော ကွာဟချက်ဖြင့် သူ့ကို ဖြတ်သန်းသွားခဲ့ကာ ဝမ်ချောင်၏ အင်္ကျီလက်စကို ကြေမွသွားစေခဲ့ပြီး သူ့ပုခုံးပေါ်တွင် ကြက်သွေးရောင်ပြတ်ရှရာကို ချန်ထားခဲ့သည်။

'နည်းနည်းလေးပဲလိုတယ်'

ဝမ်ချောင် ကြောက်လန့်စွာဖြင့် တွေးလိုက်သည်။ အကယ်၍ သူ့ဓားချီသည် လှံတို၏ လမ်းကြောင်းကို မပြောင်းလဲစေခဲ့ပါက ထိုအရာ၏ အင်အားနှင့် ထက်ရှမှုအရ သူသည် လက်တစ်ဖက်ကို သို့မဟုတ် သူ့ပုခုံးအောက်ရှိအရာအားလုံးကို သေချာပေါက် ဆုံးရှုံးရပေလိမ့်မည်။

"တော်ဝင်စစ်သည်အစောင့်အရှောက်အားလုံး ရှိုရှုဘုရင်ကိုတားဆီးကြ။ သူ့ကို ထွက်မပြေးစေနဲ့။ "

ဝမ်ချောင် အမိန့်တစ်ခု ပေးလိုက်သည်။ တစ်ချိန်တည်းမှာ သူသည် မြေပေါ်သို့ ရောက်သည်နှင့် သိပ်မဝေးသည့်နေရာမှာ နောက်ထပ်စစ်မြင်းတစ်ကောင်ဆီသို့ ပြေးထွက်လိုက်သည်။

တော်ဝင်စစ်တပ်သည် အိမ်ကို ပိတ်ဆို့ကြချိန်တွင် သူတို့၏ မြင်းများကို အပြင်ဘက်၌ ထားခဲ့ကြသည်။ ဤအခိုက်အတန့်တွင် သူတို့သည် ဝမ်ချောင်အတွက် အသက်ရှင်သန်ရန် မျှော်လင့်ချက်ကောက်ရိုးတစ်မျှင်ဖြစ်လာခဲ့သည်။

“ကျားးး”

မြင်းပေါ်သို့ ခုန်တက်လိုက်ကာ သူသည် အဝေးသို့ ဒုန်းဆိုင်းနှင်လိုက်သည်။

ဤနေရာတွင် ရှိနေကြသည့် လူအားလုံးတွင် သူသည် အားအနည်းဆုံးဖြစ်သည်။ စစ်မြေပြင် ပျက်စီးခြင်းအရှိန်အဝါသည် ရှိုရှုဘုရင်အပေါ် လုံးဝသက်ရောက်ခြင်းမရှိချေ။ တခြားစကားဖြင့် ပြောရလျှင် သူသာ ရှိုရှုဘုရင်နှင့် တိုက်ခိုက်ခဲ့ပါက သူသည် သေချာပေါက် သေဆုံးသွားရမည်မှာ သံသယရှိစရာမလိုပေ။

နက်နဲသိမ်မွေ့သည့် သိုင်းပညာနယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်အတွက် သူ့ကို သတ်ဖြတ်ရခြင်းသည် ပုရွက်ဆိတ်တစ်ကောင်ကို သတ်ဖြတ်ရခြင်းနှင့် ခြားနားမည်မဟုတ်ပေ။

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ထွက်ခွာသွားသည့် ဝမ်ချောင်၏ နောက်ကျောကို ကြည့်လိုက်ကာ ရှိုရှုဘုရင်သည် တခဏမျှ ကြက်သေသေသွားခဲ့သည်။ သူ၏ လှည့်ပတ်နေသော လှံတိုသည် လော်ချောင်၏ မြားထက် နှေးကွေးနေခြင်းမရှိခဲ့ပေ။ ဝမ်ချောင်၏ လက်ရှိကျင့်ကြံခြင်းနယ်ပယ်အရ သူအတွက် ထိုအရာကို ရှောင်ရှားရန်မဆိုထားနှင့် ရှင်းလင်းစွာမြင်နိုင်ရန်ပင် မဖြစ်နိုင်ပေ။

သို့တိုင် ဝမ်ချောင်သည် ထိုအရာကို ရှောင်ရှားခဲ့သည်သာမက သူသည် သူ့လှံတို၏ လမ်းကြောင်းကို တိုက်ခိုက်ရန် သူ့ဓားချီကို သုံးကြိမ်တိုင် အသုံးပြုခဲ့သည်။ ဤသည်မှာ လုံးဝမဖြစ်သင့်ပေ။

"အတူတကွ ရှေ့ကိုချီတက် သူ့ကို မလွတ်မြောက်သွားစေနဲ့။ "

ထိုတခဏတွင် တော်ဝင်စစ်သည် ဒါဇင်ပါဝင်သည့် ဖွဲ့သည်းပုံတစ်ခုသည် ရှိုရှုဘုရင်ကို တင်းကြပ်စွာ ဝိုင်းရံလိုက်ကြသည်။ သူ့ကျင့်ကြံခြင်းသည် အံ့မခမ်းဖြစ်နိုင်သည် သို့သော် စစ်မြေပြင်တွင် အရှုံးနှင့် အနိုင်ကို ဆုံးဖြတ်သည့်အရာမှာ လူတစ်ဦး၏ တစ်ကိုယ်တည်းစွမ်းအားဖြင့်မဟုတ်ပေ။

ပုရွက်ဆိတ်အုံလိုက်ကြီးသည် ဆင်တစ်ကောင်ကို သေဆုံးသည်အထိ ကိုက်ဖြတ်နိုင်သည်။ ထိုကဲ့သို့သော မြင်ကွင်းမျိုးသည် စစ်မြေပြင်တွင် ပို၍ မြင်တွေ့ရတတ်သည်။

‘ဟောင်းလောင်”

ထိုအချိန်တွင် မာယင်လုံ၊ လူအိုကြီးလင်းယုန်ငှက်၊ သံမဏိလက်နှင့် တစ်ကိုယ်တော်ဝံပုလွေတို့သည် ရှေ့သို့ ပြေးဝင်တိုက်ခိုက်လိုက်ကြသည်။ အဝေးမှ လော်ချောင်သည်လည်း ဝမ်ချောင်နောက်သို့ မယုံနိုင်စရာကောင်းသည့် အဟုန်ဖြင့် မြားများကို ပစ်ခတ်လိုက်သည်။

သူ့အတွက် ဤကဲ့သို့သော ရှုပ်ထွေးနေသည့် တိုက်ပွဲထဲသို့ ဝင်ပါရန် မသင့်သော်လည်း သူသည် ဝမ်ချောင်နောက်သို့ ရှိုရှုဘုရင်လိုက်နေခြင်းမှ တားဆီးရန် ပစ်ခတ်နိုင်ပေသေးသည်။

“ဘုန်းးးး”

ဆေဘာချီသည် ကျန့်တစ်ဆယ်လောက် မြင့်တက်သွခဲ့သည်။ တစ်ချက်တည်း တိုက်ခိုက်ရုံမျှဖြင့် တော်ဝင်စစ်သည် ငါးယောက်သည် ပါစပ်မှ သွေးများ အန်ထုတ်လိုက်ကြကာ နောက်သို့ လွင့်သွားခဲ့ကြသည်။

“ဘုန်းးးး”

သို့တိုင် နောက်ထပ်ဆေဘာချီသည် ရိုက်ချလာခဲ့ပြီး နောက်ထပ်တော်ဝင်စစ်သည်တစ်စုကို ထပ်၍ နောက်ဆုတ်သွားစေခဲ့ပြန်သည်။

အုပ်စုလိုက် ပူးပေါင်းဆောင်ရွက်ခဲ့ကြသော်လည်း သူတို့သည် ရှိုရှုဘုရင်နှင့် ခြေရာချင်း မယှဉ်နိုင်ခဲ့ကြသေးပေ။ ယခုအချိန်တွင် သူတို့တတ်နိုင်သည့်အရာအားလုံးမှာ သူ့ကိုဝိုင်းရံထားရန်ပင်။

သို့သော်လည်း အခြေအနေကို သုံးသပ်ရလျှင် ရှိုရှုဘုရင်အတွက် သူတို့၏ ပိတ်ဆို့ထားမှုမှ ဖောက်ထွက်ရန် အချိန်သိပ်ကြာမည်မဟုတ်ပေ။

"သူက အရမ်းသန်မာလွန်းတာပဲ။ "

ဤမြင်ကွင်းကို မြင်လိုက်သည်တွင် လူတိုင်း၏မျက်နှာသည် မဲမှောင်သွားခဲ့သည်။

သူတို့သည် ဆေဘာဓားသုံးလက်ကျောင်းတော်မှ ပညာရပ်များကို ရင်းနှီးကြသော်လည်း ရှိုရှုဘုရင်သည် ဘုန်းကြီးကျောင်းထဲရှိ ဂိုဂူလျောခေါင်းဆောင်သုံးဦးခက် ပိုသန်မာသည်မှာ ထင်ရှားပေသည်။ သူ့ဆေဘာဓားကို မြှောက်လိုက်သည့်အချိန်တိုင်း သွေးများ သေချာပေါက် ဖြာထွက်လာပေလိမ့်မည်။ ရက်စက်ကြမ်းကြုတ်သည့် ဤတိုက်ခိုက်မှုသည် ကြောက်ရွံ့ ထိတ်လန့်ဖွယ် ကောင်းလှသည်။

ဆေဘာဓားသုံးလက်သည် ရှိုရှုဘုရင်၏လက်ထဲ၌ အသက်ဝင်လာပုံရပြီး သူတို့၏အစွယ်များကို ထုတ်လိုက်ကြကာ အရာအားလုံးကို ဖျက်ဆီးပစ်မည့် ရက်စက်သည့် သားရဲကဲ့သို့ ပြောင်းလဲသွားပုံရသည်။

အချိန်တိုအတွင်းမှာပင် မာယင်လုံ၊ သံမဏိလက်၊ လူအိုကြီးလင်းယုန်ငှက်၊ တစ်ကိုယ်တော်ဝံပုလွေ နှင့် လီလင်းတို့သည် ဒဏ်ရာရသွားခဲ့ကြသည်။ လီလင်းဝတ်ဆင်ထားသည့် ရွှမ်သတ္တုသံချပ်ကာပေါ်တွင် နက်ရှိုင်းသည့် ခုတ်ဖြတ်ရာများပင် ရှိနေခဲ့သည်။

ဒယ်ဟွန်ဆုပ်နှင့် အခြားဂိုဂူလျောများနှင့်မတူဘဲ ရှိုရှုဘုရင်သည် ဉာဏ်နီဉာဏ်နက်များလှသည်။ သူသည် ဓားချီဖြင့် လူများကို ဖိနိပ်ထားချိန်တွင် လူများအကြား၌ အဆက်မပြတ် ရွေ့လျားသွားခဲ့ပြီး သူတို့ကို အတူတကွလက်တွဲလုပ်ဆောင်၍ မဖြစ်နိုင် ဖြစ်စေခဲ့သည်။

ထို့အပြင် လူများ၏တိုက်ခိုက်မှုများကို ပိတ်ဆို့ရန်အတွက် အခြားသူများ၏ခန္ဓာကိုယ်များကို အကောင်းဆုံးအသုံးချရန် သူ့လှုပ်ရှားမှုများကို ကောင်းစွာတွက်ချက်ထားခဲ့သည်။ ထို့ကြောင့် ရှိုရှုဘုရင်ကို လူများစွာဝိုင်းရံထားခဲ့သေည်လည်း အချိန်တိုင်းတွင် သူတို့၏ လက်တစ်ဆုပ်စာမျှသော လူများသာ တိုက်ခိုက်ခြင်းကို ပြုနိုင်ပေသည်။

အမှန်တွင် အရေအတွက်အသာစီးသည် သူတို့ကိုပင် ဆန့်ကျင်နေပုံရသည်။ တော်ဝင်စစ်တပ် အစောင့်အများစုသည် သူတို့၏အင်အားကို အသုံးချ၍မရကြောင်း တွေ့ရှိခဲ့ကြသည်။ ထို့အစား သူတို့သည် မာယင်လုံ၊ သံမဏိလက်နှင့် အခြားသော နက်နဲသိမ်မွေ့သောသိုင်းပညာနယ်ပယ်မှ ကျွမ်းကျင်သူများ၏ တိုက်ခိုက်ခြင်းကို ဟန့်တားရန် ရှိုရှုဘုရင်၏ ပဲ့ကိုင်ခြင်းကို ခံနေရသည်။

အခြေအနေများသည် ရှိုရှုဘုရင်ကို ဆန့်ကျင်နေပုံရသော်လည်း အမှန်တွင် သူသည် ဝိုင်းရံနေမှုမှအချိန်မရွေး ဖောက်ထွက်သွားနိုင်ပေသည် ။

"ဒီတော်ဝင်စစ်တပ်အစောင့်တွေက တိုက်ခိုက်ရေးဖွဲ့စည်းပုံကို ဘယ်တုန်းက မလေ့လာခဲ့ဖူးဘူး။ ဒါကြောင့် သူတို့က အရေအတွက်သာနေတဲ့ အားသာချက်ကို အသုံးမချနိုင်ဘူး။ "

အကြည့်တစ်ချက်နှင့်အတူ ဝမ်ချောင်သည် ပြဿနာ၏ အရင်းအမြစ်ကို မြင်လိုက်နိုင်ပြီး ဤသည်က သူကို စိုးရိမ်သွားစေလေသည်။ သို့သော်လည်း ဤအရာနှင့်ပတ်သက်၍ သူတတ်နိုင်သည့်အရာ ဘာမှမရှိပေ။

သို့သော် ခဏတာတွေးတောပြီးနောက် သူသည် အကြံတစ်ခုရလာလေသည်။

"တော်ဝင်စစ်တပ် အစောင့်အရှောက်တို့ ရှစ်ယောက်တစ်အုပ်စု ဖွဲ့လိုက်ကြပါ။ အဖွဲ့တစ်ခုက ထိုးစစ်ဆင် တိုက်ခိုက်ရမယ် ကျန်တဲ့လူတွေက နောက်ဆုတ်ပြီး ရှိုရှုဘုရင်ထွက်ပြေးခြင်းကနေ တားဆီးဖို့ ပိတ်ဆို့ထားရမယ်။ ပြီးတော့ အကူအညီချက်ချင်းခေါ်လိုက်ပါ။ "

“ဝမြးးးးး”

ရှိုရှုဘုရင်၏မျက်နှာသည် ချက်ချင်းမဲမှောင်သွားခဲ့သည်။ ရုန်းရင်းဆန်ခတ်ဖြစ်နေသည့် တိုက်ပွဲကြား၌ပင် သူသည် ခေါင်းကိုမော့လိုက်ပြီး ဓားအလင်းရောင်များ၊ ဒေါသတကြီးအော်သံများနှင့် သွေးမိုးရွာနေသည့်ကြားမှ အဝေး၌ရှိ‌နေသော ဝမ်ချောင်ကို သူ မြင်တွေ့လိုက်ရသည်။

သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများသည် သူ့မျက်လုံးများမှ ထွက်ပေါ်လာခဲ့သည်။

ဤကောင်လေးသည် တိုက်ပွဲအတွင်း၌ ဝင်ပါရန် အရည်အချင်းမပြည့်မီလောက်သည်အထိ အလွန်မှ အားနည်းနိုင်သည်။ သို့သော် ရှိုရှုဘုရင်သည် သူ့ဆီမှ ခြိမ်းခြောက်မှုကို ခံစားနိုင်နေဆဲပင်။

တစ်ဖက်လူသည် တင်းမာသည့် အခြေအနေ၌ပင် ပြတ်သားပြီး အကျိုးသက်ရောက်မှုရှိသော အမိန့်ကို ထုတ်ပြန်နိုင်သည်။ သူ့ကို ပို၍ ခြိမ်းခြောက်မှုကို ခံစားရစေသော အရာမှာ 'အကူအညီခေါ်ချက်ချင်းခေါ်လိုက်ပါ' ဟူသော သူ့ညွှန်ကြားချက်ပင်။

သူသည် လက်ရှိတွင် မဟာထန်၏ အူတိုင်ဖြစ်သော ချန်အန်းတွင်ရှိသည်။ ထိုသည်မှာ မှောင်နေသေးပြီး ပတ်ဝန်းကျင်တွင် လူအများကြီးမရှိပေ။ သို့သော် အကူအညီအတွက် အချက်ပြလိုက်သည်နှင့် ကြီးမားများပြားသော ကျွမ်းကျင်သူများသည် ချက်ချင်းပြေးလာကြလိမ့်မည်ဆိုသည်ကို သူသံသယမရှိပေ။

ထို့နောက် သူ့ကံကြမ္မာသည် လုံးဝပြီးဆုံးသွားပေလိမ့်မည်ဖြစ်သည်။

ဝမ်ချောင်သည် သူ့အားနည်းချက်နေရာပေါ်သို့ ထိုးနှက်လိုက်ခြင်းပင်။

"ကြည့်ရတာ ငါ မင်းကို တကယ်ပဲ လွတ်ထားလို့မရတော့ဘူး။ "

ရှိုရှုဘုရင်သည် မျက်လုံးများကျဉ်းမြောင်းသွားခဲ့ပြီး များပြားသည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် သူ့ဆီမှ ပေါ်လာကာ အပူချိန်ကို ချက်ချင်းထိုးကျသွားစေခဲ့သည်။ မီတာတစ်ရာအဝေးရှိ ဝမ်ချောင်ပင်လျှင် သူ့ခေါင်းပေါ်၌ရစ်ဝဲနေသော ခြိမ်းခြောက်မှုတစ်ခုကိုခံစားလိုက်နိုင်သည်။

"သူပြောတဲ့အတိုင်းလုပ်။ မြန်မြန်။ "

ဤအခိုက်အတန့်တွင် ကျိုးကြောင်းဆီလျော်စွာ တွေးတောနိုင်ပြီး တော်ဝင်စစ်တပ် စစ်သည်များကို အမိန့်ပေးနိုင်သည့် တစ်ဦးတည်းသောလူမှ ဝမ်ချောင်၏ ဦးလေး လီလင်းပင်။

သူသည် ဝမ်ချောင်ပြောသမျှကို ယုံကြည်သူဖြစ်ပြီး ထို့ကြောင့် သူသည် တစ်ဖက်လူ ညွှန်ကြားသည့်အတိုင်း လက်တွေ့ အကောင်အထည်ဖော်ရန် ချက်ချင်းအမိန့်ပေးခဲ့ခြင်းဖြစ်သည်။

“ဝမြးးးး”

အမိန့်ပေးလိုက်ခြင်းနှင့်အတူ တော်ဝင်စစ်တပ်၏ အဖွဲ့ရှစ်ဖွဲ့၏ ခေါင်းဆောင်ရှစ်ဦးမှလွဲ၍ ကျန်သူများ နောက်ဆုတ်လိုက်ကြသည်။

“ရီးးး”

တစ်ချိန်တည်းမှာပင် တော်ဝင်စစ်တပ်အစောင့် တစ်ဦးသည် ကတော့ပုံ မီးရှုးတစ်ခုကို ထုတ်ယူလိုက်ပြီး မီးညှိလိုက်သည်။ မျက်စိကျိန်းလုမတတ်မီးတောက်သည် လေထဲ ပေါက်ကွဲသွားခဲ့ကာ အဖြူရောင်မီးခိုးတန်းကြီးကို ချန်ထားခဲ့သည်။

အရုဏ်ဦး၏ မှုန်မှိုင်းမှိုင်းအလင်းရောင်ကြားတွင် မီးပွားများသည် လူအများ၏ အာရုံကို ချက်ချင်း ဖမ်းစားသွားခဲ့သည်။

ကင်းလှည့်နေသည့် အဖွဲ့များ၊ မြို့တံခါးနားတွင် စောင့်ကြပ်နေသော ကင်းစောင့်များ၊ ထို့အတူ တော်ဝင်နန်းတော်... သူတို့အားလုံးသည် တခဏအတွင်း ဤအကူအညီ‌ခေါ်ခြင်းကို မြင်လိုက်ကြသည်။

“ဒီး ဒါ ဒါ”

မမြင်နိုင်သည့် လှိုင်းဂယက်သည် ပတ်ဝန်းကျင်တွင်ပျံ့နှံ့သွားခဲ့ပြီး မျက်စိတမှိတ်အတွင်း အနက်ရောင်သံချပ်ကာဝတ် စစ်သည်များသည် တစ်ဖွဲ့ပြီး တစ်ဖွဲ့ အချက်ပြလိုက်သည့် နေရာသို့ ပြေးလာခဲ့ကြသည်။

"သေစမ်း"

အချက်ပြလိုက်သည်ကိုမြင်သည်တွင် ရှိုရှုဘုရင်၏မျက်နှာသည် ချက်ချင်းဒေါသတကြီး တွန့်လိမ်သွားခဲ့သည်။ သူ့ကို ရင်ဆိုင်ရန် အဖွဲ့ရှစ်ဖွဲ့၏ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသော ဖွဲ့စည်းပုံအသစ်သည် သူ့အပေါ်ကျရောက်နေသည့် ဖိအားများကို ပို၍တိုးလာစေခဲ့သည်ကို ထည့်မပြောသေးပေ။ အရာအားလုံးသည် သူ့ကိုဆန့်ကျင်နေခြင်းနှင့်အတူ ရှိုရှုဘုရင်၏ ဝမ်ချောင်ကို သတ်ဖြတ်ရန် ရည်ရွယ်ချက်သည် ပြင်းထန်လာခဲ့သည်။

“ဘုန်းဘုန်းဘုန်း”

မာယင်လုံ၊ သံမဏိလက်၊ လူအိုကြီးလင်းယုန်ငှက်နှင့် တစ်ကိုယ်တော်ဝံပုလွေတို့မှ ပြင်းထန်သော ထိုးနှက်ချက်များကြောင့် ရှိုရှုဘုရင်သည် သူ၏ဆေဘာဓားသုံးချောင်းနှင့် ကြီးမားသောစွမ်းအားကို ရုတ်တရက်ထုတ်ဖော်လိုက်သည်။ ထို့နောက် ကြယ်တာရာစွမ်းအင်၏ ရက်စက်သည့်လေပြင်းနှင့်အတူ သူသည် အထူးပိတ်ဆို့ခံထားရခြင်းမှ ရုန်းထွက်နိုင်ခဲ့သည်။

"မကောင်းတော့ဘူး။ သူ့ကို မလွတ်စေနဲ့။ "

လူစု၏ မျက်နှာသည် အံ့အားသင့်ထိတ်လန့်စွာဖြင့် ချက်ချင်းဖြူလျော်သွားခဲ့သည်။

“ဘုန်းဘုန်းဘုန်း”

အထူးဝိုင်းရံခံထားရခြင်းမှ ထွက်ပြေးနေစဉ် ရှိုရှုဘုရင်ထံမှ နောက်ထပ် အားကောင်းသော ကြယ်တာရာစွမ်းအင် ပေါက်ကွဲထွက်လာပြီး တော်ဝင်စစ်တပ်အစောင့် တစ်ဒါဇင်ကျော်ကို လွင့်ထွက်သွားစေခဲ့သည်။ သူအတင်းအကျပ် ဖန်တီးထားခဲ့သော အဟကြားမှနေ၍ သူသည် ဝိုင်းရံထားရခြင်းမှ အမှန်ပင် ချိုးဖောက်သွားခဲ့သည်။

ရွှီးး”

“သူချိုးဖောက်ထွက်ပြီး မကြာမီမှာပင် ရှိုရှုဘုရင်သည် လှည့်ပတ်နေသောလှံတိုတစ်ဒါဇင်ကို သူ့နောက်သို့ ပစ်လွှတ်လိုက်သည်။ လှံတိုတိုင်း၏ ကြီးမားသောအင်အာနှင့် ခန့်မှန်း၍မရသည့် လမ်းကြောင်းများကြောင့် လူများအားနောက်ဆုတ်ရန် တွန်းအားပေးနိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ပေါက်ကွဲထွက်လာသော အမြန်နှုန်းနှင့်အတူ သူသည် ဝမ်ချောင်ဆီသို့ ပြေးထွက်လိုက်သည်။

သူ့နောက်တွင် မယုံနိုင်စရာကောင်းသည့် တုန်လှုပ်ဖွယ် လှိုင်းများကို ချန်ထားခဲ့ကာ ရှိုရှုဘုရင်၏ သတ်ဖြတ်ခြင်း၏ စိတ်ဆန္ဒသည် အကောင်အထည် ပေါ်လာခဲ့ပုံပေါ်ပြီး သူဝန်းကျင်ရှိ လေဟာနယ်ကို တွန့်ချိုးသွားစေခဲ့သည်။

ယနေတွင် သူ့ဆီ၌ မည်သို့သောအရာများ ဖြစ်ပွားလာပါစေ သူသည် ဤကောင်လေးကို သတ်ဖြတ်ရန် ဆုံးဖြတ်ထားခဲ့ပြီးဖြစ်သည်။

“ဘုန်းးး”

တခဏအတွင်း ကျန့်ဒါဇင် အတော်များများသည် ဖုံးလွှမ်းသွားခဲ့ပြီး ဝမ်ချောင်ရှေ့သို့ ရှိုရှုဘုရင် ရောက်မလာမီမှာပင် သူ၏‌ဆေဘာဓားချီနှင့် ပျံသန်းနေသော လှံတိုများသည် သူ့ပစ်မှတ်အတွက် ဝှီးခနဲရောက်လာခဲ့ပြီးဖြစ်သည်။

"ချီးပဲ"

ဝမ်ချောင်သည် ချက်ချင်းပင် သူ့မြင်းကို လှည့်လိုက်ပြီး အဝေးကို ဒုန်းဆိုင်းလိုက်သည်။

"မင်းမလွတ်မြောက်နိုင်ဘူး။ "

ရှိုရှုဘုရင်၏ အလျင်သည် မြင်းထက် အမှန်ပင် ပို၍ မြန်ဆန်ပေသည်။ သူ့မျက်လုံးများသည် ကြွက်နှင့်ကစားနေသော ကြောင်ကဲ့သို့ ရက်စက်သော အလင်းရောင်များကို ရောင်ပြန်ဟပ်နေခဲ့သည်။

အကယ်၍ ဝမ်ချောင်၏ လက်ဖျားခါလောက်သော လုပ်ဆောင်မှုကြောင့်မဟုတ်လျှင် သူသည် သူ့ကို နောက်မှ ဖယ်ရှားနိုင်သည်။ သို့သော် ဤကောင်လေးသည် သူ့ကို စိတ်တိုစေသောကြောင့် သူသည် ဤသို့ဖြစ်လာရခြင်းဖြစ်သည်။

မဟာထန်သည် သူ့နောက်သို့ အစောင့်များမည်မျှစေလွှတ်ပါစေ သူသည် ဤကောင်လေးကို သတ်ဖြတ်ပြီးပါက ခွတ်မြောက်နိုင်မည်ဟု ယုံကြည်မှုရှိလေသည်။

သူ၏ ဉာဏ်အမြော်အမြင်အရ ဤ‌အစောင့်များ၏ လိုက်လံဖမ်းဆီးခြင်းမှ ရှောင်ရှားရန် နည်းလမ်းများစွာရှိပေသည်။

“ဘုန်းးးး”

စကားလုံးများသည် အရာအားလုံးမည်မျှ မြန်ဆန်စွာ ဖြစ်ပျက်သွားခဲ့သည်ကို ဖော်ပြရန် တတ်နိုင်မည်မဟုတ်ပေ။ ရှိုရှုဘုရင်သည် ဝမ်ချောင်ဆီသို့ ရောက်လာခါနီးတွင် ဘေးနားရှိ နောက်ထပ်နိမ့်ကျသော နေအိမ်အပြင်ဘက်မှ ပုံရိပ်တစ်ခုသည် ရုတ်တရက်ထွက်ပေါ်လာခဲ့ကာ ရှိုရှုဘုရင်၏ ‌ဆေဘာဓားချီမုန်တိုင်းအလယ်သို့ ပြေးဝင်သွားခဲ့သည်။

“ဟောင်းလောင်”

ဆေဘာချီသည် ချက်ချင်း အစိတ်စိတ်အပိုင်းပိုင်းကွဲထွက်သွားခဲ့ကာ ကြယ်တာရာစွမ်းအင်သည် ငြိမ်းသတ်သွားခဲ့ပြီး တားဆီးမရနိုင်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ပျောက်ကွယ်သွားခဲ့သည်။ ရှိုရှုဘုရင်ရှေ့ ညာဘက်တွင် အစိမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသော တင်းမာသည့်အကြည့်နှင့် အကြီးအကဲတစ်ဦးသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

သူ့လက်ထဲ၌ ရှိုရှုဘုရင်၏ လည်ချောင်းကို ဆုပ်ကိုင်ထားခဲ့ပြီး သူကိုင်ထားသည့်အရာမှာ စုတ်ပြတ်နေသည့်အရုပ်တစ်ရုပ်ကဲ့သို့ အေးဆေးတည်ငြိမ်သော အကြည့်တစ်ခုဖြင့် တစ်ဖက်လူအား အကဲခတ်လိုက်သည်။ ထိုသို့ပင် ဒဏ္ဍာရီလာ သူလျှိုခေါင်းဆောင်သည် သူ့လည်ပင်းကြောင့် မြေပြင်ပေါ်မှ ကြွတက်လာခဲ့သည်။

အပိုင်း ၂၆၅

ခန့်မှန်းရခက်သော အိမ်တော်ထိန်းလူအိုကြီး

ထိုခဏမှာပင် လွှတွင်းအနားရှိ နယ်မြေသည် တိတ်ဆိတ်သွားခဲ့သည်။

ယခုလေးတင်ပေါ်လာသော ပုံသဏ္ဍာန်သည် လူတိုင်း၏ပါးစပ်ကို အံ့အားသင့်မှုဖြင့် အဟောင်းသားဖြစ်သွားစေခဲ့သည်။

သူတို့သည် ရှိုရှုဘုရင်၏ ကြီးမားသည့် ခွန်အားနှင့် ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ကြရပေသည်။ မာယင်လုံ၊ သံမဏိလက်၊ လူအိုကြီးလင်းယုန်ငှက်၊ တစ်ကိုယ်တော်ဝံပုလွေ နှင့် လီလင်း တို့၏ ပူးပေါင်းလုပ်ဆောင်မှုပင်လျှင် သူ့ကို ရပ်တန့်နိုင်ခြင်းမရှိခဲ့ပေ။ သူသည် သူတို့၏ ဝိုင်းရံပိတ်ဆို့မှုမှ ချိုးဖောက်နိုင်ခဲ့ပေသည်။

ဝမ်ချောင်ဆီသို့ စုန့်ဘုရင်ထည့်ပေးလိုက်သော အံ့မခန်း လေးသခင်သည် အစစ်အမှန် သိုင်းပညာနယ်ပယ် တစ်ယောက်ကို မြားတစ်ချက်တည်းဖြင့် ပစ်သတ်နိုင်ပေသည်။ သို့သော် ရှိုရှုဘုရင်သည် သူ့မြားကို လက်ဗလာဖြင့် ဖမ်းနိုင်ခဲ့ပေသည်။

သို့တိုင် ထိုကဲ့သို့အားကောင်းသည့် ပုဂ္ဂိုလ်သည် အမှန်ပင် သူ့ကြယ်တာရာစွမ်းအင်သံချပ်ကာကို အလွယ်တကူချေ‌မွခံလိုက်ရပြီး လက်ရှိတွင် သူ့လည်ပင်းမှ ဆုပ်ကိုင်ခံထားရသည်။

"အိမ်တော်..အိမ်တော်ထိန်းလူအိုကြီးလား"

လမ်းဘေးရှိ ပုံသဏ္ဌန်ကို မြင်လိုက်ရသည်တွင် လီလင်း၏ မျက်လုံးများတွင် အံ့အားသင့်မှုများ ရုတ်တရက် ထင်ဟပ်သွားခဲ့သည်။ ဝမ်ချောင်ကို ကယ်တင်လိုက်သည့် ပုဂ္ဂိုလ်သည် စုန့်ဘုရင်ဘေးတွေ မကြာခဏတွေ့ရလေ့ရှိသော အိမ်တော်ထိန်းလူအိုကြီးမှလွဲ၍ အခြားလူမဟုတ်ပေ။

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

လီလင်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ စုန့်ဘုရင်ဘေးရှိ အိမ်တော်ထိန်းလူအိုကြီးသည် ထိုကဲ့သို့ အံ့မခမ်းကျွမ်းကျင်သူဖြစ်နေမည်ဟု သူထင်မထားခဲ့ချေ။

"ကောင်လေး ဒါက မင်းရှာနေတဲ့ ဂိုဂူလျောသူလျှိုခေါင်းဆောင်လား။ "

အိမ်တော်ထိန်းလူအိုကြီးသည် ကြက်သေသေနေသည့် လူအုပ်ကြီးကို ဂရုမစိုက်စွာ လျစ်လျူရှုလိုက်ပြီး ဝမ်ချောင်ဆီသို့ လှည့်လိုက်သည်။

သူ့လက်ထဲတွင်တော့ ရှိုရှုဘုရင်သည် ကြောက်ရွံ့စွာ အော်ဟစ်နေခဲ့သည်။ သို့သော် သူသည် ဘာမှ မလုပ်နိုင်ခဲ့ပေ။ သူသည် သူ့လက်မောင်းကိုပင် မနိုင်ခြင်းမရှိသည်ကို တွေ့လိုက်ရသည်။

တစ်ဖက်တွင် သူ့မြင်းပေါ်တွင်ထိုင်နေခဲ့သော ဝမ်ချောင်သည်လည်း အခြားသူများထက် အံ့အားသင့်မှု လျော့နည်းခဲ့ခြင်းမရှိပေ။

အိမ်တော်ထိန်းလူအိုကြီးသည် ရယ်စရာကောင်းလောက်အောင် အားကောင်းနေလိမ့်မည်ဟု သူ မသိခဲ့ပေ။ ထိုအခိုက်အတန့် ရင်ဆိုင်တိုက်ပွဲတွင် ဝမ်ချောင်သည် သူ့ရောက်ရှိနေမှုကိုပင် လုံးဝအာရုံမခံစားနိုင်ခဲ့ပေ။

ရုတ်တရတ်ဆိုသကဲ့သို့ပင် အိမ်တော်ထိန်းလူအိုကြီးသည် သူ့အတွက် နားလည်ရန်ခက်ခဲသော တည်ရှိမှုတစ်ခုကဲ့သို့ ခံစားလိုက်ရသည်။

"စုန့်ဘုရင်က သူ့ကို စေလွှတ်လိမ့်မယ်လို့ တွေးကြည့်ရင်"

ဝမ်ချောင် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

ဝမ်ချောင်သည် အံ့အားသင့်နေခဲ့သော်လည်း ဤအပြောင်းအလဲကြောင့် သူသည် အမှန်ပင်အံ့ဩနေခဲ့ခြင်းမရှိခဲ့ပေ။ ဤသည်မှာ သူသည် ဤအရာကို တောင်းဆိုခဲ့သည့် လူဖြစ်နေခဲ့ခြင်းကြောင့်ဖြစ်သည်။

ဤစစ်ဆင်ရေးအတွက် သူသည် စုန့်ဘုရင်ထံ လိုရမယ်ရ ကျွမ်းကျင်သူတစ်ဦးစေလွှတ်ပေးရန် တောင်းဆိုထားခဲ့သည်။

ထိုကျွမ်းကျင်သူမှာ အိမ်တော်ထိန်းလူအိုကြီး ဖြစ်နေလိမ့်မည်ဟု ဝမ်ချောင် ထင်မထားခဲ့ခြင်းသာဖြစ်သည်။

"ဟုတ်ကဲ့ဗျ ဒီပုဂ္ဂိုလ်ဆိုတာ အမှန်ပါပဲ။ ဒါဆိုလည်း ကျွန်တော်က ခင်ဗျားကိုပဲအားကိုးရတော့မယ်။ "

ဝမ်ချောင်လျင်မြန်စွာဖြင့် သူ့တည်ငြိမ်မှုကို ပြန်ရလိုက်ကာ ပြုံးလိုက်သည်။

“အားး အားး”

ထိုစကားများကို ကြားသည်တွင် ရှိုရှုဘုရင်၏ မျက်နှာသည် ကြောက်ရွံ့မှုဖြင့် ပြည့်နှက်သွားခဲ့သည်။ ထိတ်လန့်တကြားဖြင့် ညည်းညူသံများကို ထုတ်လွှတ်လိုက်ပြီး သူသည် ရုန်းကန်ရန် သူ့ခွန်အားများ အားလုံးကို စုစည်းလိုက်သည်။ သို့သော်

“ခရက်”

အိမ်တော်ထိန်းလူအိုကြီးသည် သူ့လက်ချောင်များကို ပိုမိုတင်းကြပ်စေလိုက်ပြီး တစ်ဖက်လူ၏ လက်တိုင်ကို ဂျွတ်ခနဲမြည်အောင် ချိုးပစ်လိုက်သည်။

“ဘန်းးး”

အိမ်တော်ထိန်းလူအိုကြီးသည် မာယင်လုံနှင့် အခြားသူများရှေ့တွင် ရှိုရှုဘုရင်၏အလောင်းကို မြေပြင်ပေါ်သို့ ပစ်ချခြင်းမပြုမီ သူ့လက်ကောက်ဝတ်ကို ဆတ်ခနဲလှုပ်လိုက်သည်။

"ကောင်လေး မင်းအတွက် ဒီလူကို ငါသတ်ပြီးပြီ။ တခြားအရာအားလုံးကို မင်းကိုယ်တိုင်ညဖြေရှင်းလိုက်ပါ။ ”

ဤစကားများကို ချန်ထားခဲ့ကာ အိမ်တော်ထိန်းလူအိုကြီးသည် သူ့လက်များကို ခါလိုက်ပြီး ထွက်သွားခဲ့သည်။ သူသည် လုံးဝအရေးမကြီးသည့် တစ်စုံတစ်ခုကို ပြုလုပ်ခဲ့ရသကဲ့သို့ပင်။

"ကျေးဇူးတင်ပါတယ် အကြီးအကဲ"

ဝမ်ချောင်သည် တစ်ဖက်လူ ထွက်ခွာသွားသည်ကို ကြည့်လျက် လေးစားစွာဖြင့် ဦးညွတ်လိုက်သည်။ ထို့နောက်မှသာ သူသည် သူ့မြင်းပေါ်မှ ခုန်ဆင်းလိုက်သည်။

“ဟူးလာ”

တစ်ချိန်တည်းမှာပင် မာယင်လုံနှင့် လူတိုင်းသည် ရှိုရှုဘုရင်၏ အလောင်းကို စစ်ဆေးရန် ရှေ့သို့ ပြေးထွက်လာခဲ့ကြသည်။

"သူသေသွားပြီ"

"သူ တကယ့်ကို သေသွားခဲ့ပြီ"

"မယုံနိုင်စရာပဲ။ ငါတို့ ဒီကောင်ကို လွတ်မြောက်စေတော့မလို့ပဲ။ "

လူစုသည် ရှိုရှုဘုရင်၏ အလောင်းကို ရှုပ်ထွေးနေသည့် အမူအရာများဖြင့် ကြည့်နေခဲ့ကြသည်။ ဤလူသည် ဉာဏ်များပြီး ရက်စက် ကြမ်းကြုတ်လှကာ ဝံပုလွေနှင့် မြေခွေးတို့၏ စရိုက်လက္ခဏာများကို ပိုင်ဆိုင်ထားသည်။

လွန်ခဲ့သည့် ဆယ့်ငါးနှစ်တွင် သူသည် မြို့တော်၌ တုနှိုင်းမဲ့ တည်ရှိမှုတစ်ခုဖြစ်ခဲ့ပြီး သူနှစ်သက်သည့်အတိုင်း ဖျက်ဆီးမှုများကို ဖြစ်ပွားစေခဲ့သည်။ သို့သော်ယခုတွင် သူသည် ဘာမှရှိခြင်းနှင့်အတူ မြေပြင်ပေါ်တွင် အသက်မဲ့စွာ လဲလျောင်းနေခဲ့သည်။ သို့သော် သူ့မျက်နှာပေါ်တွင် ကြောက်ရွံနေခဲ့သည်။

ရှိုရှုဘုရင်၏ ကြောက်ရွံ့မှုအောက်တွင် တစ်ကြိမ် အသက်ရှင်သန်ခဲ့ကြဖူးသူများသာ ဤဂိုဂူလျော သူလျှို‌ခေါင်းဆောင်သည် သတ်ဖြတ်ရန် မည်မျှခက်ခဲသည်ကို ပို၍ကွက်ကွက်ကွင်းကွင်း ခံစားနိုင်ကြသည်။

"ဒီကိစ္စက...နောက်ဆုံးမှာ ပြီးဆုံးသွားခဲ့ပြီ"

မြေပြင်ပေါ်ရှိ အလောင်းကို ကြည့်လျက် ဝမ်ချောင်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။

သူဖြစ်ပွားစေမည့် အနာဂတ် လုပ်ကြံသတ်ဖြတ်မှုများနှင့် ပျက်စီးဆုံးရှုံးမှုများကို တားဆီးကာကွယ်ခြင်းအပြင် ရှိုရှုဘုရင်ကို သတ်ဖြတ်ကလည်း မဟာထန်၏ ဂုဏ်သိက္ခာနှင့် ဂုဏ်ကျက်သရေကို မူလအခြေအနေအတိုင်း ထိန်းသိမ်းစေခဲ့သည်။

အလယ်ပိုင်းလွင်ပြင်ဒေသသည် သူတို့မြေပေါ်တွင် မည်သည့် တိုင်းတစ်ပါးသားကိုမှ သူတို့နှစ်သက်သည့်အတိုင်း ပြုမူခွင့်မပြုကြောင်း ပြင်းထန်သည့် သတင်းစကားကို ပေးပို့ခဲ့ခြင်းဖြစ်သည်။

【ရှိုရှုဘုရင်ကို သတ်ဖြတ်ခြင်းအတွက် အသုံးပြုသူအား ဂုဏ်ယူပါသည်။ ဂိုဂူလျောတိုင်းပြည်၏ လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုကို ပျက်ပြားစေခြင်းအတွက် ကံကြမ္မာမှတ် ၂၀ ချီးမြှင့်ခံရပါသည်။ 】

ထိုကြိုတင်မျှော်လင့်ထားခဲ့သည့် သတင်းစကားသည် ဝမ်ချောင်စိတ်ထဲပေါ်လာခဲ့ပြီး အပြုံးရိပ်သည် ဝမ်ချောင်၏ နှုတ်ခမ်းထက် ဖြည်းညင်းစွာပေါ်လာခဲ့သည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် တုန်လှုပ်ဖွယ်ကောင်းသော အဖြစ်အပျက်သည် ဖြစ်ပျက်သွားခဲ့သည်။

【ဂိုဂူလျောတိုင်းပြည်မှ စစ်သား ၁၅၈၁ ဦးကို သတ်ဖြတ်ခြင်းအတွက် အသုံးပြုသူအား ဂုဏ်ယူပါသည်။ 】

【ဂိုဂူလျောတိုင်းပြည်မှ စစ်သား ၁၅၈၂ ဦးကို သတ်ဖြတ်ခြင်းအတွက် အသုံးပြုသူအား ဂုဏ်ယူပါသည်။ 】

【ဂိုဂူလျောတိုင်းပြည်မှ စစ်သား ၁၅၈၃ ဦးကို သတ်ဖြတ်ခြင်းအတွက် အသုံးပြုသူအား ဂုဏ်ယူပါသည်။ 】

【ဂိုဂူလျောတိုင်းပြည်မှ စစ်သား ၁၅၈၈ ဦးကို သတ်ဖြတ်ခြင်းအတွက် အသုံးပြုသူအား ဂုဏ်ယူပါသည်။ 】

【ဂိုဂူလျောတိုင်းပြည်မှ စစ်သား ၁၅၈၉ ဦးကို သတ်ဖြတ်ခြင်းအတွက် အသုံးပြုသူအား ဂုဏ်ယူပါသည်။ 】

【ဂိုဂူလျောတိုင်းပြည်မှ စစ်သား ၁၅၉၀ ဦးကို သတ်ဖြတ်ခြင်းအတွက် အသုံးပြုသူအား ဂုဏ်ယူပါသည်။ 】

ပြင်းထန်သည့် လေပြင်းကြားတွင် ကြီးမားသည့် စွမ်းအင်သည် ပတ်ဝန်းကျင်မှ စုဝေးလာခဲ့ပြီး ဝမ်ချောင်ကိုယ်ထဲသို့ စိမ့်ဝင်လာခဲ့သည်။ ထိုတခဏတွင် သူ့စစ်မြေပြင် ပျက်စီးခြင်း အရှိအဝါသည် အဆင့်သစ်သို့ မြင့်တက်သွားခဲ့သည်ကို ဝမ်ချောင်ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ဂိုဂူလျောတို့၏ သေဆုံးမှုအရေအတွက်သည်လည်း ၁၀ သို့ တိုးတက်လာခဲ့သည်။

"ဟမ် ရှိုရှုဘုရင်ကို သတ်ဖြတ်တာက ဂိုဂူလျောစစ်သည်ဆယ်ဦးကို သတ်ဖြတ်တာနဲ့ ညီမျှတာလား။ "

ဝမ်ချောင် မှင်သက်သွားခဲ့သည်။

ဤသည်မှာ မြင့်မားသည့်အဆင့်မှ ကွပ်ကဲသူတစ်ဦးကို သတ်ဖြတ်ခြင်းသည် သာမန်စစ်သည်များစွာကို သတ်ဖြတ်ခြင်းအဖြစ် ယူဆနိုင်သည်ကို သူပထမဆုံးအကြိမ် သိရှိရခြင်းဖြစ်သည်။

"ဦးလေး ကျွန်တော် ကျန်တာအားလုံးကို ခင်ဗျားနဲ့ ထားခဲ့လိုက်မယ်။ "

ဝမ်ချောင် ပြောလိုက်သည်။

"အင်း"

လီလင်းပြုံးလိုက်သည်။ ဝမ်ချောင်၏ ရည်ရွယ်ချက်ကို သူနားလည်ပေသည်။

ရှိုရှုဘုရင်၏ အလောင်းနှင့်အတူ သူသည် ဤစစ်ဆင်ရေးတွင် အကြီးမားဆုံးအကျိုးဆောင်သူဖြစ်ပေလိမ့်မည်။

ဤသည်မှာ ကြီးစွာကောင်းကျိုးပြုခြင်းဖြစ်သည်။ ဤအရာဖြင့် သူသည် ကျင့်ကြံခြင်းတွင် လိုအပ်သည့်အဆင့်သို့ မြင့်တင်နိုင်သရွေ့ သူသည် သေချာပေါက် ရာထူးတိုးပေလိမ့်မည်ဖြစ်သည်။ ထိုသည်မှာ သူသည် အခြားသူများထက် မြင့်တက်လာပြီး လေးစားခံရသည့် စစ်သေနာပတိတစ်ဦး ဖြစ်လာရန် သူ့အတွက် အိပ်မက်တစ်ခု ဖြစ်တော့မည်မဟုတ်ပေ။

မြင်းခွာသံများသည် အဝေးမှ ထွက်ပေါ်လာခဲ့သည်။ ဝမ်ချောင်သည် ထိုကင်းလှည့်တပ်ဖွဲ့များနှင့် မြို့တော် ကာကွယ်ရေး တပ်ဖွဲ့များ ရောက်မလာမီ ထွက်သွားရန် ရွေးချယ်လိုက်သည်။

“ဘုန်းးး”

လွန်ခဲ့သည့်တစ်ဆယ့်ငါးနှစ်က အရာရှိများစွာကို သတ်ဖြတ်ခဲ့ခြင်းကြောင့် မြို့တော်တွင် ကြီးမားသောမုန်တိုင်းကို ဖြစ်ပွားစေခဲ့သည့် တရားခံ ရှိုရှုဘုရင်၏ အလောင်းသည် မြို့တော်တွင် ထွက်ပေါ်လာသောအခါ ကြီးမားသည့် ဆူညံပွက်လောရိုက်မှုများ ဖြစ်ပွားသွားစေခဲ့သည်။

တော်ဝင်ရုံးတော်သည် ဤကိစ္စ၏ စစ်မှန်မှုကို အတည်ပြုရန် လျင်မြန်စွာ သတိပေးချက်များ ထုတ်ပြန်လိုက်သည်။

တစ်ချိန်က ထိုကြေကွဲဖွယ်ဖြစ်ရပ်၏ သားကောင်များဖြစ်ခဲ့ကြသော မိသားစုဝင်များနှင့် မျိုးဆက်များသည် ဤကိစ္စကို ကြားသိလိုက်ရသောအခါ သူတို့သည် ချက်ချင်းမျက်ရည်ကျ ပြိုကျသွားခဲ့ကြသည်။

ဤအဖြစ်အပျက်ကြောင့် ဝမ်ကလန်သည် မြို့တော်ရှိ အရာရှိအားလုံးနီးပါး၏ ကျေးဇူးတင်မှုကို သိမ်းပိုက်ရရှိခဲ့သည်။ ထို့အပြင် လူများစွာသည် သူတို့ကိုယ်တိုင်ပင် ဤအရာကို ဖော်ပြရန် ဝမ်ကလန်သို့ လာရောက်လည်ပတ်ခဲ့ကြသည်။

ဤသို့ဖြင့် ဝမ်ကလန်သည် ပြည်သူများနှင့် အရာရှိများမှ ကြီးမားသော ဂုဏ်ကျက်သရေနှင့် ထောက်ခံမှုကို ရရှိခဲ့သည်။

အမှန်တွင် ဤအဖြစ်အပျက်ကြောင့် ပညာရှင်ဧကရာဇ်သည် ချို့ယွင်းချက်ထားပြီး ဤစစ်ဆင်ရေးကို ဦးဆောင်ခဲ့သော လီလင်းနှင့် တစ်ချိန်က ပြစ်ဒဏ်စီရင်ရေးဌာနနှင့် စစ်မှုထမ်းဌာနတို့မှ မာယင်လုံ၊ သံမဏိလက်၊ တစ်ကိုယ်တော်ဝံပုလွေနှင့် လူအိုကြီးလင်းယုန်ငှက်တို့ကို တော်ဝင်နန်းတော်သို့ ဆင့်ခေါ်ခဲ့ပြီး ဆုများချီးမြှင့်ခဲ့သည်။

ဤအဖြစ်အပျက်သည် မြို့တော်ရှိ တိုင်းတပါးသားလူမျိုးများနှင့် ဟူများကြား၌လည်း ဂယက်ရိုက်မှုတစ်ခုဖြစ်စေခဲ့သည်။

"ဂိုဂူ‌လျော၏မြေခွေး" ဟုလူသိများသော ရှိုရှုဘုရင်သည် မဟာထန်တွင် သူ့ကိုယ်သူ သိုဝှက်ထားခဲ့သော်လည်း ဟူလူမျိုးများကြားတွင် ကောင်းစွာသိရှိထားသူတစ်ဦးဖြစ်သည်။

အရာများစွာကို သူပြီးမြောက်ခဲ့ပြီးနောက် သူ့ဩဇာလွှမ်းမိုးမှုသည် ချက်ချင်းအထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

သူသည် မဟာထန်၏ မြို့တော်တွင် သူလျိုအကြီးစားဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ ဤသို့ဖြင့် သူ့သေဆုံးမှုသည် လူများစွာကို ထိတ်လန့်သွားစေခဲ့သည်။

ရှားပါးသည့် ငြိမ်းချမ်းမှုသည် မြို့တော်တွင် အချိန်ကာလတစ်ခုအထိ အနည်ထိုင်နေခဲ့သည်။

ရက်စက်ကြမ်းကြုတ်သော ဂိုဂူလျောများသည်ပင် ဤအချိန်ကာလတွင် နှိမ့်ချပြီး သူတို့၏ဘဝကို တိတ်ဆိတ်စွာ နေထိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

"သေစမ်း"

မဟာထန်၏ အရှေ့မြောက်ဘက်၊ တောင်များနှင့် မြစ်များစွာကိုဖြတ်သန်းကာ အရှေ့ပိုင်းကာကွယ်ရေးတပ်၏ အရှေ့ဘက် ဂိုဂူလျောတိုင်းပြည်၏ ဟွမ်ဒူးမြို့တွင် ပုံရိပ်တစ်ခုသည် စားပွဲပေါ်သို့ သူ့လက်သီးဖြင့် ထိုးခွဲလိုက်သည်။

"ဝမ်ချောင် ငါ မင်းနာမည်ကို အမှတ်ရနေမယ်။ တစ်နေ့ မင်းလုပ်ရပ်တွေအတွက် ပြန်ပေးဆပ်ရစေမယ်။ "

ထိုပုံရိပ်သည် သူလက်သီးကို တင်းကြပ်စွာဆုပ်ထားခဲ့ပြီး အရိုးခိုက်မတတ်မုန်းတီးမှုသည် သူ့မျက်လုံးအနက်ပိုင်းတွင် လောင်ကျွမ်းနေခဲ့သည်။

အချိန်သည် လျင်မြန်စွာကုန်ဆုံးသွားခဲ့သည်။ အပြင်ဘက်တွင် ဆူညံပွက်လော ရိုက်နေခဲ့သော်လည်း ရှိုရှုဘုရင်နှင့် အဖြစ်အပျက်ပြီးနောက် ဝမ်ချောင်သည် သူ့နေရက်များကို ငြိမ်းချမ်းစွာနှင့် ခမ်းနားစွာနေထိုင်ခဲ့သည်။

"ချောင်အာ များများစား များများစား။ ဒီလောက်အထိပိန်ဖို့ အလုပ်တွေ ဘယ်လောက်ခက်ခက်ခဲခဲလုပ်ခဲ့ရတာလဲ။ ဒါတွေက မင်းအဖေက လင်းနန်မြို့ကနေ စစ်သူကြီးကျန့်ကို ပို့ခိုင်းလိုက်တဲ့ ပယ်လယ်မျော့တွေပါ။ သူတို့က အရမ်းအာဟာရဖြစ်တာမို့ များများစား။ "

ဝမ်ကလန်၏ စားပွဲပေါ်တွင် အမျိုးသမီးဝမ်သည် ပယ်လယ်မျော့ အသားတုံးကြီးကို ကိုင်လျက် ဝမ်ချောင်၏ ပန်းကန်ထဲသို့ ချစ်ခင်စွာဖြင့် ထည့်ပေးလိုက်သည်။

သူ့ညီမငယ်သည် ဤနေရာတွင်မရှိပေ။ သူ့ဖခင်နှင့် အစ်ကိုကြီးသည် အခြားနေရာသို့ ပို့ဆောင်ခြင်းခံခဲ့ရသည်။ ထို့အပြင် သူ့ဒုတိယအစ်ကိုသည်လည်း သေမင်းအကျဉ်းထောင်တွင်ဖြစ်သည်။ ထို့ကြောင့် ဝမ်ချောင်သည် သူ့အချိန်များကို တတ်နိုင်သမျှ သူ့မိခင်နှင့် ကုန်ဆုံးစေခဲ့သည်။ သို့သော်လည်း သူမ၏စကားများကို ကြားပြီးနောက် သူ၏ ဆန့်ထုတ်ထားသော တူတစ်စုံသည် တခဏမျှ ရပ်တန့်သွားခဲ့သည်။

"စစ်သူကြီးကျန့်လား လင်းနန်လား။ "

ဝမ်ချောင်သည် သူ့ပန်းကန်ထဲရှိ လတ်ဆတ်‌သော ပင်လယ်မျော့ပေါ်သို့ အီဆိမ့်သော ဟင်းရည်များဖြင့် လောင်းထားသော ဈေးကြီးသည့် အသားကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ သူမိခင်သည် လွဲမှားနေသည့် အရာကို သတိမပြုမိနိုင်ခဲ့ပေ။ သို့သော် ဝမ်ချောင်သည် တစ်စုံတစ်ခုကို ချက်ချင်းနားလည်သွားခဲ့သည်။

သူ့ဖခင်သည် မည်သည့်အရာကိုမဆို အိမ်သို့ပြန်ပို့သည်မှာ ရှားပါးသည်။ အထူးသဖြင့် ဤကဲ့သို့သော ပင်လယ်မျော့ဖြစ်သည်။ အနည်းငယ် ကိုက်ဝါးလိုက်ခြင်း နှင့်အတူ ဤအရာသည် သာမန်ပင်လယ်မျော့မဟုတ်သည်ကို သူပြောနိုင်သည်။ ဤသည်မှာ ထိပ်တန်းကျောက်စိမ်း ပင်လယ်မျော့ဖြစ်သည်။

ထိုအရာ၏ အရည်ရွှမ်းသော မျက်နှာပြင်မှလွဲ၍ ထိုအရာသည် လူတစ်ဦး၏ သက်တမ်းကို ရှည်စေပြီး ခန္ဓာကိုယ်ကို အာဟာရဖြစ်စေကာ ငယ်ရွယ်နုပျိုမှုကို ပြန်လည်ရရှိစေသည်ဟု ဆိုကြသည်။ ဤသည်မှာ တော်ဝင်နန်းတော်တွင် ကြင်ယာတော်၏ အကြိုက်ဆုံးအလှထုတ်ကုန်ဖြစ်သည်။

အစပိုင်းတွင် သူ့မိခင်သည် ဤအရာကို အပြင်ဘက်မှ ဝယ်ယူခဲ့ခြင်းဖြစ်မည်ဟု ဝမ်ချောင်တွေးထင်ခဲ့သည်။ အားလုံးပြီးနောက် ကျောက်စိမ်းရိုင်းသံမဏိစီးပွားရေးမှ ကြီးမားသည့် ဝင်ငွေဖြင့် ဝမ်ကလန်သည် ပို၍ ချမ်းသာလာခဲ့ပြီး ဤကဲ့သို့သော ဈေးကြီးသည့်အရာများကိုလည်း တတ်နိုင်ပေသည်။ သို့သော်လည်း ကြည့်ရသည်မှာ ထိုအရာသည် မရိုးရှင်းပေ။

"ဒါပေမယ့် အဖေ့မှာ စစ်သူကြီးကျန့် နာမည်နဲ့ သူငယ်ချင်းမရှိပါဘူး။ လင်းနန်ဆို ပြောစရာတောင်မလိုဘူး။ "

သူ့မိခင်သည် စစ်တပ်အရေးကိစ္စများကို ကောင်းစွာမကျွမ်းကျင်သော်လည်း ဝမ်ချောင်သည် ထိုအရာကို မည်သို့မသိနားမလည်ဘဲ နေမည်နည်း။ သူ့ယခင်ဘဝပြီးနောက်တွင် သူသည် သူ့ဖခင်၏ အဆက်အသွယ်များနှင့် လက်အောက်ငယ်သားများကို ကောင်းစွာဆုပ်ကိုင်ထားနိုင်ခဲ့သည်။

စစ်တပ်တွင် ကျန့်နာမည်ဖြင့် လူများစွာမရှိသည်ကို ဘေးဖယ်ထားလိုက်လျှင် သူ့ဖခင်သည် လင်းနန်သို့ မရောက်ခဲ့ဖူးသည်ကို သူသိသည်။ ထို့ကြောင့် သူသည် ထိုနေရာတွင် အဆက်အသွယ်ရှိပြီး ဤနေရာသို့ ပင်လယ်မျော့များပို့စေသည်မှာ မည်သို့ဖြစ်နိုင်မည်နည်း။

'စစ်သူကြီးကျန့် စစ်သူကြီးကျန့်... ဒါက ကျန့်ချိုးကျင်းချုံးဆိုတာ ထင်ရှားတယ်။ '

ဝမ်ချောင် တွေးလိုက်သည်။

ကျန့်ချိုးကျင်းချုံးသည် ဗဟိုနိုင်ငံရေးသို့ ဝင်ရောက်လိုနေသည်။ ထို့နောက် ဝမ်ကလန်သည် ဤအချိန်တွင် သူ့ကို ကြီးစွာမျက်နှာသာပေးခဲ့သည်။ ထိုစစ်သူကြီးသည် လက်ရှိတွင် ဤနေရာသို့လာသော လမ်းပေါ်တွင်သာရှိသေးသည်ကို ဝမ်ချောင်သိသည်။ သို့သော် ဤနေရာသို့မရောက်မီ သူသည် ပင်လယ်မျော့သတ္တာအနည်းငယ်ကို ပို့ဆောင်လာလိမ့်မည်ဟု တွေးကြည့်လိုက်လျှင်...

'သူက...ထူးခြားတာ သေချာတယ်'

ဝမ်ချောင်သည် ပင်လယ်မျော့၏ ဇစ်မြစ်ကို သိပြီးနောက် ပြုံးလိုက်သည်။

အကယ်၍ သူဖခင်သာ ဤနေရာတွင်ရှိခဲ့လျှင် ထိုကဲ့သို့သော လက်ဆောင်များကို လက်ခံလိမ့်မည် မဟုတ်သည်မှာ ဖြစ်နိုင်သည်။

သို့သော်လည်း ဝမ်ချောင်သည်တော့ ခြားနား၏။ ထိုသည်မှာ ကျန့်ချိုးကျင်းချုံးဆီမှ ဟု သိပြီးနောက် သူသည် ပို၍ စိတ်ချသွားခဲ့သည်။

"ချောင်အာ ဘာမှားလို့လဲ။ "

အမျိုးသမီးဝမ်သည် အံ့အားသင့်စွာ မေးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး။ "

ဝမ်ချောင်သည် သူ့အတွေးမှပြန်လည်လာပြီး အစားထဲ မနစ်မြုပ်မီ ပြန်ဖြေလိုက်သည်။

'အချိန်ကို ခန့်မှန်းရရင် ကျန့်ချိုးကျင်းချုံးက မကြာခင် မြို့တော်ကို ရောက်လာတော့မယ်။ '

ဝမ်ချောင် တွေးလိုက်သည်။

ကျင်းနန်သည် မြို့တော်မှ အလွန်ဝေးကွာလှသည်။ သို့သော် ကျန့်ချိုးကျင်းချုံးသည် နေ့ရောညပါ သေချာပေါက် ခရီးနှင်လာလိမ့်မည်ဟု ဝမ်ချောင်သေချာပေသည်။ ထို့ကြောင့် သူ့ခရီး၏ အမြန်နှုန်းကို သာမန်စံနှုန်းဖြင့် ခန့်မှန်း၍မရပေ။

တိုက်ပွဲဝန်ကြီး ရွေးချယ်ခြင်းသည် အလွန်အ‌ရေးကြီးသည့် အခိုက်အတန့် ဖြစ်သောကြောင့် ထို‌နေရာတွင် သူကိုယ်တိုင်ရှိနေရပေမည်။

'ကောင်းပြီ ဒါက ငါတို့အတွက် ဘယ်လိုပဲဖြစ်ဖြစ် တွေ့ဆုံရမယ့်အချိန်ပဲ။ '

ပင်လယ်‌မျော့များကို ထပ်မကော်မီ ဝမ်ချောင်၏ စိတ်ထဲတွင် အတွေးတစ်ခုဖြတ်သန်းသွားခဲ့သည်။

'ဒီအစားအစာက တကယ့်ကို အရသာရှိလှတယ်။ '

All Chapters