အခန်း (၂၆၆-၂၇၀)
Vol. 11 Ch. 266-270
အပိုင်း ၂၆၆
နောက်လိုက်သုံးဦး
ထမင်းစားခန်းကို ချန်ထားခဲ့ကာ ဝမ်ချောင်သည် သူ့စာကြည့်ခန်းဆီသို့ ဦးတည်လိုက်သည်။
ဤသည်မှာ မကြာသေးမီက သူကျင့်ကြံခဲ့သော နေရာဖြစ်သည်။
"ဟမ်"
မမျှော်လင့်စွာဖြင့် စာကြည့်ခန်းအတွင်း၌ လူလေးဦးမတ်တပ်ရပ်နေခဲ့သည်။ သူစကားပင်မပြောလိုက်နိုင်ခင်မှာပင်
“ပူးဒေါင်”
ထိုလူလေးယောက်သည် ရုတ်ချည်းဆိုသကဲ့သို့ ဒူးထောက်ချလိုက်ကြသည်။
"အကြီးအကဲမာနဲ့ တခြားသူတွေ ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ။ "
အံ့အားသင့်သွားခဲ့ကာ ဝမ်ချောင်သည် ရှေ့သို့ အပြေးလေးသွားပြီး သူတို့ကို ထူမတ်လိုက်သည်။ သူသည် သူတို့ဆီမှ ဤကဲ့သို့သော ကြီးကျယ်ခမ်းနားသောဂါရဝပြုမှုကို လက်မခံဝံ့ပေ။
"ဝမ်သခင်လေး ကျွန်တော်တို့ရဲ့ ကျေးဇူးတင်မှုကို စကားလုံးတွေနဲ့ ဖော်ပြနိုင်မယ်မထင်ဘူး။ ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့ အရိုအသေပြုမှုကို လက်ခံပေးပါ။ "
အခန်းထဲရှိ လူလေးဦးမှာ မာယင်လုံ၊ သံမဏိလက်၊ လူအိုကြီးလင်းးယုန်ငှက် နှင့် တစ်ကိုယ်တော်ဝံပုလွေ မှလွဲ၍ တခြားလူများမဟုတ်ကြပေ။ သူတို့၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုဖြင့် နီရဲနေခဲ့ကြပြီး သူတို့၏ ခေါင်းများကို ကျိုးနွံစွာဖြင့် ငုံ့ထားခဲ့ကြသည်။
"အကြီးအကဲတို့ ကျွန်တော် ဒါကို ဘယ်လိုလုပ်လက်ခံနိုင်မှာလဲ။ "
ဝမ်ချောင် ထိတ်လန့်သွားခဲ့သည်။ အကယ်၍ သူမှတ်မိသည်မှာမမှားလျှင် မာယင်လုံနှင့် အခြားသူများသည် တော်ဝင်နန်းတော်တွင် မကြာသေးမီက ဧကရာဇ်နှင့် တွေ့ဆုံခဲ့ကြသည်။
ထိုအရာပြီးနောက် သူတို့သည် အောင်ပွဲခံနေသင့်ပေသည်။ သူတို့သည် အဘယ်ကြောင့် ဤနေရာသို့ ရုတ်တရက်ရောက်လာရပါသနည်း။
"သခင်လေး မင်းဒါကို လက်မခံနိုင်တာ ဖြစ်နိုင်တယ် ဒါပေမယ့် ဒါက ကျွန်တော်တို့ လုပ်ရမယ့်အရာပဲ။ ဆယ်ငါးနှစ် ဒါက ဆယ့်ငါးနှစ်တောင်ကြာခဲ့ပြီ။ တကယ်လို့ သခင်လေးကြောင့်သာမဟုတ်ရင် ကျွန်တော်တို့က ဒီအရှက်ခွဲခံရမှုကနေ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ဘယ်တော့မှ စင်ကြယ်အောင်လုပ်နိုင်မှာမဟုတ်ဘူး။ "
မာယင်လုံသည် တခြားလူသုံးဦးနှင့်အတူ မတ်တပ်ရပ်ခြင်းမပြုမီ မြေပြင်ပေါ်တွင် အကြိမ်ရေအတော်များများအရိုအသေပြုလိုက်သည်။
ဝမ်ချောင်သည် သူတို့၏ ခံစားချက်များကို အာရုံခံနိုင်ပြီး ထိရှသွားခဲ့သည်။
မာယင်လုံဖြစ်စေ၊ သံမဏိလက်ဖြစ်စေ၊ လူအိုကြီးလင်းယုန်ငှက်ဖြစ်စေ သို့မဟုတ် တစ်ကိုယ်တော်ဝံပုလွေဖြစ်စေ သူတို့သည် ဖြောင့်မတ်မှန်ကန်သည့် လူများဖြစ်ကြသည်။ ထိုအဖြစ်အပျက် ဖြစ်ပွားခဲ့သည်မှာ ဆယ့်ငါးနှစ်ကြာခဲ့ပြီ ဖြစ်သော်လည်း သူတို့သည် ရာထူးများ လျှော့ချခံခဲ့ရပြီး လုံးဝခြားနားသည့် ဘဝနေထိုင်မှုဖြင့် နေထိုင်ခဲ့ရသော်လည်း သူတို့သည် ထိုကိစ္စကို ဘယ်တော့မှ အလျှော့မပေးခဲ့ကြပေ။
တစ်ပိုင်းမှာ သူတို့ကိုယ်တိုင်အတွက်ဖြစ်ပြီး တစ်ပိုင်းမှာ မဟာထန်အတွက်ဖြစ်ကာ တစ်ပိုင်းမှာ သူတို့၏ သေဆုံးသွားခဲ့ကြသော သွေးသောက်ညီအစ်ကိုများ အတွက်ဖြစ်သည်။ သူတို့သည် အမှန်ပင် လေးစားခံရရန် ထိုက်တန်ကြသူများဖြစ်ကြသည်။
"ခင်ဗျားတို့က ယဉ်ကျေးလွန်းနေပါပြီ။ ရှိုရှုဘုရင်က သေသွားခဲ့ပြီ အရာအားလုံးက ပြီးဆုံးသွားခဲ့ပြီ။ ဒါက ကျွန်တော့်ကို သတိရသွားစေတယ် ခင်ဗျားတို့ စစ်မှုထမ်းဌာနနဲ့ ပြစ်ဒဏ်ဌာနကို ပြန်လာတဲ့အတွက် အားလုံးကို ဂုဏ်ပြုပါတယ်။ "
ဝမ်ချောင်သည် စိတ်ပါလက်ပါဖြင့် ထိုလေးယောက်ကို ဂုဏ်ပြုလိုက်သည်။
ပညာရှင်ဧကရာဇ်နှင့် တွေ့ဆုံစဉ်တွင် စစ်မှုထမ်းဌာနနှင့် ပြစ်ဒဏ်ဌာနမှ သူတို့ကို သူတို့၏ရာထူးအဆင့်သို့ ပြန်လည်ဖိတ်ကြားခဲ့သည်ကို သူသတင်းရရှိခဲ့ပေသည်။
ဝမ်ချောင်၏ စကားများကို ကြားသည်တွင် မာယင်လုံ၊ လူအိုကြီးလင်းယုန်ငှက်၊ သံမဏိလက်နှင့် တစ်ကိုယ်တော်ဝံလွေတို့သည် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြပြီး ပြုံးလိုက်ကြသည်။
"ဒါကို ပြောရရင် ဒါက ကျွန်တော်တို့ ဒီကို ဘာကြောင့် ရောက်လာရတာလဲ ဆိုတာရဲ့ အကြောင်းပြချက်ပဲ။ "
"ကျွန်တော်တို့ စစ်မှုထမ်းဌာနနဲ့ ပြစ်ဒဏ်ဌာနကို ငြင်းဆန်ခဲ့ကြတယ်။ "
မာယင်လုံ ပြောလိုက်သည်။
"အာ"
ဝမ်ချောင်၏ ခန္ဓာကိုယ်သည် ထိတ်လန့်တကြားဖြင့် တုန်ခါသွားခဲ့သည်။
"ဘာလို့လဲ"
သူတို့လေးယောက်သည် စစ်မှုထမ်းဌာနနှင့် ပြစ်ဒဏ်ဌာနမှ အရင်းခံခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က ထိုကံဆိုးမှုကြောင့်သာ သူတို့သည် ရာထူးမှ ဖယ်ရှားခံခဲ့ရခြင်း ဖြစ်သည်။ သူတို့အကြောင်းအား ဝမ်ချောင်သိခဲ့ရသည်များအရ သူတို့လေးယောက်သည် သူတို့နေရာတွေသို့ ပြန်ရန် ရည်ရွယ်ထားခဲ့ကြသည်။
သူတို့သည် ထိုသို့သော အဖိုးတန်သည့်ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့လိမ့်မည်ဟူသော အမှန်တရားသည် ဝမ်ချောင်၏ မျှော်လင့်ချက်ထက် ကျော်လွန်နေခဲ့သည်။
"ကျွန်တော်က လူမှုဝန်ထမ်းဌာနကို ရာထူး လျှော့ချခံလိုက်ရတဲ့ အချိန်တုန်းက ဒီအရှက်ရမှုကနေ ကျွန်တော့်ကိုယ် ကျွန်တော်ဆေးကြောနိုင်တဲ့တစ်နေ့ ပြစ်ဒဏ်ဌာနကို ပြန်လာမယ်လို့ အိပ်မက်ရှိခဲ့ဖူးတယ်။ ဒါပေမယ့်လည်း ဆယ့်ငါးနှစ် ကုန်ဆုံးပြီးတဲ့အခါ အဲတုန်းကရှိခဲ့တဲ့ အိပ်မက်တွေက လွင့်ပါးသွားခဲ့ပါပြီ။ "
"အမှန်ပဲ အဲတုန်းက ကျွန်တော်တို့ဟာ သွေးဆူလွယ်တဲ့ အသက်နှစ်ဆယ်အရွယ် လူငယ်လေးတွေပဲ ရှိသေးတယ်။ ဒါပေမယ့် အခုတော့ ကျွန်တော်တို့ဟာ အသက်လေးဆယ်ကို ရောက်နေကြပါပြီ။ "
"အရာအားလုံးက ပြောင်းလဲသွားခဲ့ပြီ။ အဲတုန်းက ကျွန်တော်တို့ရဲ့ ရဲဘော်တွေဟာ အဲဒီမှာမှာ မရှိကြတော့ဘူး၊ ကျွန်တော်တို့က အဲဒီကလူငယ်တွေနဲ့ ယှဉ်ပြိုင်ရမှာလား။ "
"လူအိုကြီးလင်းယုန် ပြောခဲ့တဲ့အရာက အတိအကျကို ကျွန်တော်တို့ အားလုံး တွေးနေတဲ့အရာပဲ။ ရိုးရိုးသားသားပြောရရင် ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ သွေးသောက်ရဲဘော်တွေအတွက် လက်စားချေပြီး အရှက်ခွဲခံရမှုကို စင်ကြယ်စေခဲ့ပြီမို့ ကျေနပ်နေကြပါပြီ။ ဒါ့အပြင် ပြစ်ဒဏ်စီရင်ရေးဌာနနဲ့ စစ်မှုထမ်းဌာနမှာရှိနေတဲ့ နေရာတွေကလည်း ပြည့်နေခဲ့ပြီ။ တကယ်လို့ ကျွန်တော်တို့ဟာ အခုဝင်သွားခဲ့မယ်ဆိုရင် သူတို့က ကျွန်တော်တို့အတွက် အထူးနေရာတွေကို ဖန်တီးပေးရမှာဖြစ်ပြီး အဲဒီမှာရှိတဲ့ လူငယ်တွေကလည်း ကျွန်တော်တို့ရဲ့ ဝင်ရောက်လာမှုကြောင့် သက်ရောက်မှုရှိနိုင်တယ်။ ဒါက တကယ်ကို အဓိပ္ပါယ်မရှိဘူး။ ”
"ဒီနေရာမှာ နှစ်အတော်ကြာအောင် နေခဲ့ရပြီး ဒီဘဝနဲ့ နေသားကျနေပါပြီ။ အခုပြန်သွားတာက ကျွန်တော်တို့ကိုပဲ အဆင်မပြေဖြစ်စေလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြတာပဲ..."
ထိုလေးယောက်အုပ်စုသည် သူတို့စိတ်ထဲရှိသည်များကို ပြောပြလိုက်ကြသည်။
သူတို့၏ မျက်လုံးများ၌ ရှုပ်ထွေးသည့် ခံစားချက်များစွာ ရှိနေသည်ကို သူမြင်နိုင်ပေသည်။ သို့သော် သူတို့၏ ဆုံးဖြတ်ချက်များသည်တော့ ခိုင်မာလှသည်။ ရှင်းလင်းလှသည်မှာ သူတို့သည် ဤကိစ္စကို အကြိမ်များစွာ တွေးတောခဲ့ကြပြီး သူတို့၏ စိတ်ဆန္ဒများသည် ခိုင်ကြည်လှသည်။
"ဒါက အကြီးအကဲတို့ရဲ့ ဆုံးဖြတ်ချက်ဆိုမှတော့ ကျွန်တော်က လေးစားရမှာပေါ့။ ခင်ဗျားတို့ နောက်ထပ် ဘာလုပ်ဖို့ ရည်ရွယ်ထားသလဲဆိုတာ သိခွင့်ရှိမလား။ "
ဝမ်ချောင်မေးလိုက်သည်။ သူတို့သည် စစ်မှုထမ်းဌာနနှင့် ပြစ်ဒဏ်ဌာနသို့ ပြန်မသွားတော့ ဟု ကြားပြီးနောက် ဝမ်ချောင်၏ စိတ်ထဲ အတွေးတချို့ပျံ့လွင့်လာခဲ့သည်။ သို့သော်လည်း သူတို့သည် ဆန္ဒရှိလိမ့်မည်ဟု သူယုံကြည်ချက်ရှိမနေပေ။
"ဒါက အတိအကျကို ကျွန်တော်တို့ ဘာကြောင့် ဒီကိုရောက်နေရသလဲဆိုတာရဲ့ အကြောင်းအရင်းပဲ။ တကယ်လို့ သခင်လေးက စိတ်မရှိရင် ကျွန်တော်တို့က သခင်လေးနောက်လိုက်ချင်ပါတယ်။ "
ဤစကားကိုပြောလိုက်သူမှာ လူအိုကြီးလင်းယုန်ငှက်ဖြစ်သည်။ ထိုသို့ပြောလိုက်ကာ သူသည် ရှေ့သို့ လှမ်းထွက်လာခဲ့သည်။
"အတူတူပါပဲ။ သခင်လေးကြောင့်သာ မဟုတ်ရင် ကျွန်တော့်ရဲ့ညီအစ်ကိုတွေအတွက် လက်စားချေနိုင်မလားဆိုတာ ဘယ်သူသိနိုင်မလဲ။ ကျွန်တော့်ကို လက်ခံပေးဖို့ သခင်လေးကို တောင်းဆိုချင်ပါတယ်။ "
တစ်ကိုယ်တော်ဝံပုလွေသည် ရှေ့သို့လှမ်းတက်လာခဲ့ပြီး လေးနက်စွာဖြင့် ပြောလိုက်သည်။
"သခင်လေးက ကျွန်တော့်မှာ လက်တစ်ဖက်ပဲရှိတာကို စိတ်မရှိဘူးဆိုရင် ကျွန်တော့်ကိုလည်း လက်ခံပေးဖို့ သခင်လေးကို တောင်းဆိုချင်ပါတယ်။ "
သံမဏိလက်သည် အပြုံးရိပ်တစ်ခုနှင့်အတူ ရှေ့သို့လှမ်းတက်လာခဲ့သည်။
"ခင်ဗျားတို့အားလုံး ဘာတွေပြောနေကြတာလဲ။ ကျွန်တော်က ဘာလို့စိတ်ရှိရမှာလဲ။ ကျွန်တော်က ခင်ဗျားတို့အားလုံးကို လက်ခံရလို့ ပိုပြီးတော့တောင် ဝမ်းသာသေးတယ်။ "
ဝမ်ချောင်သည် တောက်ပသည့်အပြုံးတစ်ခုနှင့်အတူ ပြောလိုက်သည်။
သူတို့သည် စစ်မှုထမ်းဌာနနှင့် ပြစ်ဒဏ်ဌာနသို့ ပြန်မဝင်လိုတော့သောကြောင့် သူ့နောက်သို့ လိုက်နိုင်ပါ့မလား ဆိုသည်ကို သူမျှော်လင့်မိနေဆဲဖြစ်သည်။ သို့သော်လည်း သူသည် သူတို့ကို စည်းရုံးရာတွင် ယုံကြည်မှုရှိမနေပေ။ ထို့အပြင် သူသည် ထိုအရာကို မည်သို့ ထုတ်ပြောရမည်လဲ မသိနေခဲ့ပေ။
သူတို့ကိုယ်တိုင် ကမ်းလှမ်းလာလိမ့်မည်ဟု မည်သူသိမည်နည်း။
ဝမ်ချောင်သည် သူတို့၏ ခွန်အားကို သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရသည်။ လက်တစ်ဖက်သာရှိသည့် သံမဏိလက်ပင်လျှင် အံ့မခမ်းတိုက်စစ်စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။
သူတို့အများစုသည် နက်နဲသိမ်မွေ့သည့် သိုင်းပညာနယ်ပယ်မှ ကျွမ်းကျင်သူများဖြစ်သည်ကို ထည့်မပြောသေးပေ။
ဝမ်ချောင်တွင် သူ့အိမ်တော် အစောင့်အရှောက်များမှလွဲ၍ လက်ဆုပ်လက်ကိုင်ပြစရာ မည်သည့် တိုက်ပွဲဝင် အင်အားစုမျှမရှိသေးပေ။ သို့သော်လည်း ဤအစောင့်အရှောက်များသည် ခွန်အားများလိုအပ်နေသေးပြီး မီယာဆာမီးအာရာကာ တစ်ဦးတည်းကပင် သူတို့အားလုံးကို အနိုင်ယူနိုင်ပေသည်။
အကယ်၍ ဤလူများသည် သူ့နောက်သို့ လိုက်ခဲ့ပါက သူတိုက်ပွဲဝင်စွမ်းအားစု အင်အားသည် တမုဟုန်ချင်းကြီးထွားလာပေလိမ့်မည်ဖြစ်သည်။
ဤသို့ဖြင့် သူသည် သူတို့၏ ကမ်းလှမ်းမှုကို လက်ခံရန် စိတ်လှုပ်ရှားနေခဲ့ပေသည်။
သူတို့လေးဦးတွင် မာယင်လုံသည်သာ သူ၏ဆုံးဖြတ်ချက်ကို မဖော်ပြသေးခြင်းဖြစ်သည်။
"သခင်လေး ကျွန်တော့်ကို ခွင့်လွှတ်ပါ ကျွန်တော်အချိန်တစ်ခုအထိ သခင်လေးနောက် မလိုက်နိုင်သေးဘူး... ကျွန်တော်လုပ်ရမယ့် အရေးကြီးတဲ့အရာ ရှိသေးတယ်။ ဒါပြီးရင် သခင်လေးစိတ်မရှိသရွေ့ ကျွန်တော့်ဘဝတစ်ခုလုံး သခင်လေးကို အလုပ်အကျွေးပြုပါ့မယ်။ "
တခဏမျှ တိတ်ဆိတ်နေပြီးနောက် မာယင်လုံသည် ဝမ်းနည်းသံစွက်နေသည့် လေသံဖြင့် ပြောလိုက်သည်။
"ဒါက ဒီကိစ္စကို ဖြေရှင်းဖို့ ကျွန်တော့်အတွက် အချိန်ဘယ်လောက်ကြာမလဲဆိုတာ မသိရသေးဘူး။ ဒါက တစ်နှစ်လည်းဖြစ်နိုင်တယ် ဆယ်နှစ်လည်းဖြစ်နိုင်တယ် ဒီ့ထက်ပိုကြာတာလဲဖြစ်နိုင်တယ်။ "
"ဟမ်"
ဝမ်ချောင်အနည်းငယ်အံ့အားသင့်သွားခဲ့သည်။ သို့သော် မကြာမီ သူပြုံးလိုက်သည်။
"စိတ်မပူပါနဲ့ အကြီးအကဲ ခင်ဗျားကြိုက်သလောက်အချိန်ယူပါ။ ခင်ဗျားအကူအညီလိုရင် ကျွန်တော့်ကို လာရှာဖို့ ဝန်မလေးပါနဲ့။ "
လူတိုင်းတွင် သူတို့၏ လျှို့ဝှက်ချက်များရှိကြသည်။ မာယင်လုံကို ထိုကဲ့သို့ အချိန်အကြာကြီးယူစေသည့် အရာမှာ မည်သည့်အရာဖြစ်သည်ကို ဝမ်ချောင်မသိသော်လည်း ထိုအရာသည် ဟိုးတုန်းက ကိစ္စနှင့်ဆက်စပ်နေရမည်ဟု သူ့မသိစိတ်က သူ့ကိုပြောနေပေသည်။
"အဲဒါအတွက်မလိုအပ်ပါဘူး။ "
မာယင်လုံသည် အပြုံးဖြင့် လက်ဝေ့ယမ်းလိုက်သည်။
"ကျွန်တော့်ရဲ့ ညီအစ်ကိုတွေကို ဂရုစိုက်ဖို့ သခင်လေးကို အားကိုးရတော့မှာပဲ။ သခင်လေးက မြို့စားကြီးကျူးရဲ့ မျိုးဆက်ဖြစ်ပြီး အမြင်ကျယ်တယ်။ ဖြစ်နိုင်တာက ကျွန်တော့်ရဲ့ညီအစ်ကိုတွေဟာ စစ်မှုထမ်းဌာနနဲ့ ပြစ်ဒဏ်ဌာနမှာထက် သခင်လေးရဲ့ ဘေးမှာနေတာက ပိုပြီး အောင်မြင်မှုတွေ ရနိုင်လိမ့်မယ်။ ဒါ့အပြင် တစ်ကိုယ်တော်ဝံပုလွေဟာ ပိုက်ဆံမက်သူ တစ်ယောက်ပဲ ပြီးတော့ သူက သခင်လေးဟာ နေ့တိုင်း ဝင်ငွေအမြောက်အမြားဝင်နေတယ် ဆိုတာကိုလည်း ကြားထားခဲ့တယ်။ ကျွန်တော် သခင်လေးကို အဲဒါတွေကိုလည်း ဂရုစိုက်ဖို့ ပြောချင်ပါတယ်။ "
"ဟားဟားဟား..."
မာယင်လုံ၏ စနောက်သည့်စကားများကို ကြားသောအခါ ဝမ်ချောင် ရယ်မောလိုက်သည်။
"အကြီးအကဲ စိတ်မပူပါနဲ့။ ကျွန်တော်က တခြားအရာတွေမှာ ယုံကြည်မှုမရှိပေမယ့် ပိုက်ဆံရှာတဲ့နေရာမှာတော့ ကျွန်တော်ရဲ့ စွမ်းရည်က ထိပ်တန်းမှာရှိနေတုန်းပါပဲ။ "
ထိုလေးယောက်အုပ်စုသည် ချက်ချင်း ဝါးလုံးကွဲရယ်လိုက်ကြ၏။
"သခင်လေး အနာဂတ်မှာ ကျွန်တော်တို့ကို အကြီးအကဲလို့ ခေါ်စရာမလိုပါဘူး။ ကျွန်တော်တို့ရဲ့ နာမည်ပြောင် တစ်ကိုယ်တော်ဝံပုလွေ၊ လူအိုကြီးလင်းယုန် နဲ့ သံမဏိလက်လို့ပဲခေါ်ပါ။ "
အဝေးတွင် ပျောက်ကွယ်သွားသော မာယင်လုံ၏ နောက်ကျောကို ကြည့်ကာ ဝမ်ချောင် သက်ပြင်းချလိုက်သည်။
သူတို့သည် အချိန်အကြာကြီး အလုပ်အတူတွဲ မလုပ်ခဲ့ရသော်လည်း သူသည် ကျားဖြူအစွယ်ကို အလွန်ကောင်းမွန်သည့် အမြင်များရှိပေသည်။
"အကြီးအကဲ ခင်ဗျား ကံကောင်းပါစေ လို့ ဆန္ဒပြုပါတယ်။ "
ဝမ်ချောင် တီးတိုးရေရွတ်လိုက်သည်။
လူအိုကြီးလင်းယုန်ငှက်၊ တစ်ကိုယ်တော်ဝံပုလွေ၊ သံမဏိတို့နှင့် ကိစ္စအချို့ကို စီစဉ်ပြီးနောက် ဝမ်ချောင်သည် နောက်တစ်ကြိမ် အလုပ်များလာခဲ့သည်။ ဂိုဂူလျောတို့နှင့် ကိစ္စသည် ပြီးဆုံးသွားခဲ့ပြီဖြစ်သော်လည်း သူလုပ်ရမည့်ကိစ္စများရှိပေသေးသည်။
ဂိုဂူလျော အခြေစိုက်စခန်းများကို တိုက်ခိုက်ခြင်းကြောင့် ဝမ်ချောင်သည် မယုံနိုင်လောက်စရာ အကျိုးကျေးဇူးများဖြစ်သည့် ဂိုဂူလျောဂျင်ဆင်းအပြည့်ရှိသော သေတ္တာဒါဇင်များစွာကို ရရှိခဲ့သည်။ သူ့အတွက် အနည်းငယ် ချန်ထားသည်မှလွဲ၍ သူသည် ကျန်သည့်အရာများကို ရွေးချယ်ခံခဲ့ရသည့် တပ်သားသစ်များအတွက် သုံးစွဲရန် ဝိဉာဉ်သွေးကြောဆီသို့ ပို့ဆောင်လိုက်သည်။
သူတို့သည် အနာဂတ်တွင် ဝမ်ကလန်၏ အင်အားဖြစ်လာပေလိမ့်မည်။ ထို့အပြင် ဝမ်ချောင်၏ အနာဂတ် လက်အောက်ငယ်သားများလည်း ဖြစ်ကြသည်။ ထို့ကြောင့် နှစ်ခါပင်တွေးမနေဘဲ သူသည် တန်ဖိုးရှိသည့် ဂျင်ဆင်းများကို သူတို့ဆီသို့ ပို့ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။
ထိုအရာပြီးနောက် ဝမ်ချောင်သည် ကျူးပါးကွမ်ယွမ်ကို ခေါ်လိုက်ကာ ကျောက်စိမ်းရိုင်းသံမဏိဓားနှင့် ပတ်သက်သည့် ကိစ္စကို စာရင်းရှင်းလိုက်သည်။
ဤအရာများ အားလုံးပြီးမှသာ ဝမ်ချောင်သည် အားလပ်ချိန်အချို့ ရလာခဲ့သည်။
မသိလိုက်ဘဲ ရှစ်ရက်သည် စီးဆင်းသွားခဲ့သည်။
မြို့တော်အပြင်ဘက်ရှိ တောင်တန်းများသည် စိမ်းလန်းစိုပြေသော သစ်ပင်များဖြင့် ပြည့်နှက်နေသည်။ တောင်ထိပ်တစ်ခု၏ အထွတ်အထိပ်တွင် အဖြူရောင်မြူခိုးငွေ့များသည် နေရာတစ်ခုလုံး ပြည့်နှက်နေခဲ့သည်။ မြူခိုးငွေ့၏အလယ်၌ လူတစ်ယောက်သည် မလှုပ်မယှက် တရားထိုင်နေခဲ့သည်။
ဝိဉာဉ်စွမ်းအင်များသည် ပတ်ဝန်းကျင်မှ စုဝေးလာခဲ့ပြီး ထိုလူ၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားကြသည်။
"ဟူးးးး"
အချိန်အတော်ကြာပြီးနောက် ဝမ်ချောင်သည် သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်ပြီး မြူခိုးအလယ်တွင် သူ့မျက်လုံးများကို ဖွင့်လိုက်သည်။ မိုးကုပ်စက်ဝိုင်းမှ ထွန်းလင်းလာသော နံနက်ခင်းနေရောင်၏ ရွှေရောင်ရောင်ခြည်များသည် သစ်ပင်များတစ်လျှောက် ဖြတ်သန်သွားကာ နေရာတစ်ခုလုံးကို အဝါရောင်ဆိုးသွားစေသည်။
အောက်သို့ ငုံ့ကြည့်လိုက်လျှင် လူတစ်ယောက်သည် တောင်ထိပ်နှင့် တောင်ခြေကို ချိတ်ဆက်ထားသော လှေကားထစ်များကို မြင်နိုင်ပေမည်။
လှေကားဘေးနှစ်ဖက်တစ်လျှောက်တွင် လှပတင့်တယ်သော စံအိမ်များဖြစ်စေ သို့မဟုတ် ရှည်လျားသော စင်္ကြံလမ်းများဖြစ်စေ လှပတင့်တယ်သော အခြေခံအဆောက်အဦး အမြောက်အမြားကို မြင်တွေ့နိုင်ပေမည်။ အနာဂတ်တွင် တိုးတက်လာသည်နှင့် အခြေခံအဆောက်အဦးများသည် များပြားလာပေမည်။
တောင်၏ထိပ်ဆုံးတွင် လူနေအိမ်များ၊ လေ့ကျင့်ရေးနေရာများနှင့် အနားယူရန် နေရာများအဖြစ် ပိုင်းခြားထားသော ခမ်းနားသည့် အဆောက်အဦးများရှိသည်။ ထိုနေရာတွင် ဥယျာန်များ၊ ရေကန်များ၊ တောင်တုများ... စသဖြင့် အရာအားလုံးကိုလည်း ထိုနေရာတွင် မြင်တွေ့နိုင်ပုံပေါ်သည်။
ဝမ်ချောင်နှင့် သိပ်မဝေးသော နေရာတွင် လူငယ်များ နှင့် အမျိုးသမီးငယ်များသည် ကျင့်ကြံခြင်းဖြင့် အလုပ်များနေကြသည်။ စူးရှသော လေသံများကို သူတို့လက်သီးထိုးချက်များနှင့် ခြေကန်ချက်များ ပြုလိုက်သည့်အခါတိုင်း ကြားနိုင်ပေသည်။
ဝမ်ချောင်ခေါ်ယူခဲ့သည့် တော်ဝင်စစ်တပ်နည်းပြဟောင်းအုပ်စုသည် သူတို့ပတ်ဝန်းကျင်တွင် ရပ်နေခဲ့ကြသည်။ စူးရှသည့်အကြည့်များနှင့် ပြင်းထန်သော အော်သံများဖြင့် သူတို့သည် ဤလူငယ် တပ်သားသစ်များ၏ အမှားအယွင်း အမျိုးမျိုးကို ပြုပြင်ပေးနေကြသည်။
"ဒီလောက်အထိရောက်လာဖို့ တကယ့်ကိုမလွယ်ကူခဲ့ဘူး"
ဝမ်ချောင်သည် သူ့ရှေ့မှ မြင်ကွင်းကို ကြည့်လျက် ဂုဏ်ယူမှုနှင့် ကျေနပ်မှုတို့ကို ခံစားလိုက်ရကာ အသက်ပြင်းပြင်းရှူလိုက်သည်။
လူအင်အား၊ အရင်းအမြစ်များနှင့် ငွေကြေး အမြောက်အမြားကို မြှုပ်နှံပြီးနောက် ဝိညာဉ်သွေးကြောတစ်ဝိုက်တွင် ဗဟိုပြုထားသည့် ဝမ်ချောင်၏ အခြေစိုက်စခန်းသည် ငါးလကြာပြီးနောက် နောက်ဆုံးတွင် ပြီးစီးသွားခဲ့သည်။
တောင်၏အနက်ပိုင်းတွင် လျှို့ဝှက်စွာတည်ရှိနေသည့် နှိမ့်ကျသည့် အခြေစိုက်စခန်း တစ်ခုသာဖြစ်သေးသော်လည် အရာအားလုံးသည် လမ်းကြောင်းပေါ် ရောက်နေပြီဖြစ်သည်။
နောက်ဆုံးတွင် ဤအရာသည် ကမ္ဘာကြီး၏ အနာဂတ်ကို ပြောင်းလဲရန် သူ့ခွန်အားဖြစ်လာပေလိမ့်မည်။
"အနာဂတ်မှာ တပ်သားအရေအတွက်ကို တိုးချဲ့ရမယ်။ ဒါ့အပြင် ငါဟာ ဒီစခန်းတစ်ခုတည်းမှာပဲ ငါ့ကိုယ်ငါ ကန့်သတ်ထားလို့မရဘူး။ နောက်ဆုံးမှာ ဒီလိုစခန်းတွေကို စီရင်စုတိုင်းမှာ တည်ထောင်ရမယ်။ "
ဝမ်ချောင်သည် သူ့ရင်တွင်း၌ အနာဂတ်ကို လှမ်းမျှော်လျက် မြင့်တက်လာသော နေမင်းကြီးကို စူးစိုက်ကြည့်လိုက်သည်။
ဝိဉာဉ်သွေးကြောသည် သူ့စမှတ်ဖြစ်နိုင်သည်။ သို့သော် ထိုနေရာသည် သူ့အဆုံးမှတ်မဟုတ်ပေ။ အနာဂတ်တွင် သူသည် ဤပုံစံကို အလယ်ပိုင်းလွင်ပြင် ဒေသတစ်လျှောက်တွင် ချဲ့ထွင်ပြီး လူများ ပိုမိုစုဆောင်းမည်ဖြစ်သည်။ သူ့စခန်းကို အရည်အသွေး ပေါ်မူတည်ပြီး တည်ဆောက်မည်ဖြစ်ပြီး ဂုဏ်သိက္ခာရှိသော မျိုးနွယ်စုများမှ မျိုးဆက်များကဲ့သို့ မိဘမဲ့များနှင့် သာမန်အရပ်သားများကို တန်းတူအခွင့်အရေးပေးမည်ဖြစ်သည်။
ဝမ်ချောင်သည် သူ့ယခင်ဘဝတွင် ကျဉ်းမြောင်းသော အမြင်ရှိခဲ့သည်။ သူသည် သူ့ခွန်အားအဖြစ် ကိုင်စွဲရန်အတွက် သူ့မွေးရာပါအခွင့်အရေးကို အသုံးချရန် ဘယ်တုန်းကမှ တွေးတောခဲ့ခြင်းမရှိပေ။
သို့သော် ကပ်ဘေးကျရောက်သောအခါ ချမ်းသာသူများနှင့် ဆင်းရဲသူများကြား မျဉ်းပါးပါးသည် လုံးဝ မှိန်သွားခဲ့သည်။ လူတိုင်းသည် ကိုယ်ပိုင်လက္ခဏာ တစ်မျိုးတည်းသာ ဖြစ်ကြသည်။ အလယ်ပိုင်းလွင်ပြင်ဒေသ၏ လူများပင်။ အခြားသူများကို စုရုံးရန် သူ့ကိုယ်ပိုင်ခွန်အားအဖြစ် သူမွေးဖွားစဉ်၌ ကောင်းကင်က မျက်နှာသာပေးထားသော အရာများကို အသုံးပြုသည်မှာ ရှက်စရာမဟုတ်ပေ။
"ချောင်အာ"
သူသည် အတွေးထဲနစ်မြောနေစဉ်မှာပင် ရင်းနှီးသည့် အသံသည် သူ့နားထဲ ပေါ်လာခဲ့သည်။
အပိုင်း ၂၆၇
ညီမငယ်၏ လျှို့ဝှက်ချက်
လှည့်ကြည့်လိုက်သည်တွင် ဝမ်ချောင်သည် သစ်ပင်တစ်ပင်အောက်မှ သူ့ကို စိုက်ကြည့်နေသော ရင်းနှီးနေသည့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
"ဆရာ"
ရယ်မောလိုက်ကာ ဝမ်ချောင်သည် ရှေ့သို့ ပြေးထွက်သွားလိုက်သည်။
သစ်ပင်အောက်ရှိလူမှာ သူ့ဆရာ မကောင်းဆိုးဝါးအဘိုးအို မှလွဲ၍ တခြားလူမဟုတ်ပေ။ လအတန်ကြာ ပျောက်ကွယ်သွားပြီးနောက် မကောင်းဆိုးဝါးအဘိုးအိုသည် ယခင်ကထက် သိသိသာသာ ပိုမိုအားကောင်းလာပြီး သူ၏ အသားအရေမှာလည်း သိသိသာသာ ကောင်းမွန်လာခဲ့သည်။
သူ့အရှိန်အဝါသည်လည်း ပြောင်းလဲသွားခဲ့ပုံရသည်။ တချိန်က အစဉ်အလာကို ဆန့်ကျင်သော လူတစ်ယောက်အနေဖြင့် သူသယ်ဆောင်ထားခဲ့သော အကြင်နာတရား ကင်းမဲ့သော အရှိန်အဝါသည် လွင့်ပါးသွားခဲ့ပြီး ထိုနေရာတွင် ရင်းနှီးဖော်ရွေမှုနှင့် စိတ်တည်ငြိမ်အေးဆေးမှုကို အစားထိုးထားခဲ့သည်။
သူ့နောက်ခံကို မသိသူများသည် သူတို့ရှေ့ရှိ မီးခိုရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ပြုံးပြနေသော အကြီးအကဲသည် သာမန်အဖိုးအို တစ်ယောက်သာ ဖြစ်မည်ဟု တွေးထင်ကြပေလိမ့်မည်။
"ဆရာက အများကြီး ပြောင်းလဲသွားခဲ့တာပဲ။ "
ရနံ့မွှေးကြိုင်သည့် လက်ဖက်ရည်ကို သောက်နေသော သူ့ဆရာကို ကြည့်လိုက်ကာ ဝမ်ချောင် တွေးလိုက်သည်။ တစ်ချိန်က သူတွေ့ခဲ့ရသော သေလုမျောပါးလူသည် ယခုသူ့ရှေ့၌ မြင်နေရသော လူနှင့် အတူတူမဟုတ်သကဲ့သို့ပင်။
အရာအားလုံးသည် မည်သို့ဖြစ်ပျက်သွားခဲ့သည်ကို ဝမ်ချောင်မသိခဲ့သော်လည်း သူ့ဆရာအတွက် သူ ဝမ်းသာပေသည်။
"မင်းသိုင်းပညာရပ်တိုးတက်မှုက ဘယ်လိုလဲ။ "
မကောင်းဆိုးဝါးအဘိုးအိုသည် လက်ဖက်ရည်ခွက်ကို ချလိုက်ကာ မေးလိုက်သည်။
"အဆင်ပြေနေပါသေးတယ်။ ဒါပေမယ့် အဖြူရောင်လှိုင်းလေးတွေ ဖြစ်ပေါ်စေဖို့အတွက် ကျွန်တော့်ရဲ့ မူလစွမ်းအင်ကို မစုစည်းနိုင်သေးပါဘူး။ "
ဝမ်ချောင်သည် ဦးညွတ်လိုက်ပြီး ရိုရိုသေသေပြန်ဖြေလိုက်သည်။
သူသည် မူလစွမ်းအင်အဆင့် ၉ သို့ရောက်ခဲ့ပြီးဖြစ်သည်။ သို့သော် အဖြူရောင်လှိုင်းများ ဖြစ်ပေါ်စေရန်မှာ သူ့မူလစွမ်းအင်သည် ပို၍သန့်စင်ရန် လိုအပ်ပေသေးသည်။
သူသည် ထိုအရာကို ကျွမ်းကျင်ပြီးမြောက်သည်နှင့် သူ့တိုက်ခိုက်ခြင်း စွမ်းအားသည် ခုန်ပျံကျော်လွှား၍ တိုးတက်သွားပေလိမ့်မည်။
ဤသည်မှာ အတိအကျပင် ဝိညာဉ်သွေးကြောပေါ်၌ ဝမ်ချောင် နေ့စဥ်ပြုလုပ်နေခဲ့သည့်အရာဖြစ်သည်။
"အင်း အဖြူရောင်လှိုင်းလေးတွေ ဖန်တီးဖို့က မင်းရဲ့မူလစွမ်းအင်တွေကို အကန့်အသတ်တစ်ခုအထိ ဖိသိပ်ထားမှရမယ်။ ဒါက မင်းကို ဘာကြောင့် ဒီကိုခေါ်လိုက်ရတာလဲဆိုတာရဲ့ အကြောင်းအရင်းပဲ။ မင်း ဖြည်းဖြည်းချင်း ရှေ့ဆက်သင့်ပြီး စိတ်မစောသင့်ဘူး။ မင်းရဲ့ပါရမီအရ အများဆုံးငါးရက်အတွင်းမှာ ချိုးဖောက်မှုတစ်ခုကို လုပ်နိုင်လိမ့်မယ်။ "
မကောင်းဆိုးဝါးအဘိုးအို ပြောလိုက်သည်။
"ဟုတ်ကဲ့ ကျွန်တော်နားလည်ပါပြီ။ "
ဝမ်ချောင် လေးစားစွာဖြင့် ပြန်ဖြေလိုက်သည်။
မကောင်းဆိုးဝါးအဘိုးအိုသည် အပြင်ဘက်တွင် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည့် ဂုဏ်သတင်းဖြင့် ကျော်ကြားနေပါစေ သူသည် သူ့အပေါ် အလွန်ကောင်းမွန်စွာ ဆက်ဆံနေသည်မှာတော့ ငြင်းဆန်၍မရပေ။ သူ့တပည့်အစား သူသည် သူ့ကို ဆွေမျိုးရင်းချာတစ်ယောက်အဖြစ် ရှုမြင်ထားပုံပေါ်သည်။
လူသားများသည် အပြန်အလှန် ခံစားချက်များရှိကြသည်။ မသိလိုက်ဘဲ ဝမ်ချောင်သည်လည်း မကောင်းဆိုးဝါးအဘိုးအိုကို သူ့ဆွေမျိုးတစ်ယောက်အဖြစ် ရှု့မြင်ထားခဲ့သည်။
"ဟားဟား တတိယအစ်ကို နင်က ဒီမှာပဲ။ "
ရုတ်တရက်ပင် ခေါင်းလောင်းသံကဲ့သို့ ကြွပ်ဆတ်ဆတ်ရယ်သံတစ်ခုထွက်ပေါ်လာခဲ့သည်။ ထို့နောက် ဦးချိုနှင့်ဆင်တူသည့် ကြက်ဆံမီးနှစ်ဖက်ဖြင့် ပုံရိပ်တစ်ခုသည် စိတ်လှုပ်ရှားစွာ ပြေးထွက်လာခဲ့သည်။
"မင်း ဒီနေရာကို ဘာအတွက် ရောက်လာတာလဲ။ မင်းရဲ့အိမ်စာတွေပြီးပြီလား။ "
ရုတ်တရက်ဆိုသကဲ့သို့ပင် ခန့်ညားသည့် မကောင်းဆိုးဝါးအဘိုးအို၏ မျက်နှာသည် တင်းမာသွားခဲ့သည်။ ထို့နောက် ထိုသေးငယ်သည့်ပုံရိပ်ကို ရက်စက်စွာ ပြစ်တင်ကြိမ်းမောင်းလိုက်သည်။
“ရွှက်”
သူမအပေါ် အေးစက်သည့်ရေများ လောင်းချခံလိုက်ရသကဲ့သို့ စိတ်လှုပ်ရှားနေခဲ့သော ဝမ်မိသားစု၏ ညီမငယ်သည် ချက်ချင်းရပ်တန့်သွားခဲ့ပြီး သူမမျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပေါ်လာခဲ့သည်။ သို့သော် မကြာမီ သူမသည် ဒေါသတကြီးဖြင့် နှုတ်ခမ်းစူသွားခဲ့ပြီး မကောင်းဆိုးဝါးအဘိုးအိုအား ဒေါသတကြီးဖြင့် စူးစူးဝါးဝါးစိုက်ကြည့်လိုက်သည်။
"ဘာလဲ ဒေါသထွက်သွားတာလား။ "
"ဟမ် ရှင့်ကို အရမ်းဘဝင်မြင့်စေတဲ့အရာက ဘာများလဲ။ တွေးကြည့်ရင် ဒါက ရှင့်အသက်အရွယ်နဲ့ လူတစ်ယောက်က ကျွန်မလို ကလေးတစ်ယောက်ကို တကယ်ပဲ အနိုင်ကျင့်နေတာပဲ။ "
"အဟက် မင်းကြိုက်သလိုပြောပါ ဒါပေမယ့် မင်းငါ့ကို အနိုင်မယူနိုင်သရွေ့ ဒီနေရာကနေ ထွက်သွားဖို့ အိပ်မက်တောင်မမက်နဲ့။ "
"ဒိတ်အောက်နေတဲ့အဖိုးကြီး"
အဘိုးကြီးတစ်ယောက်နှင့် မိန်းမငယ်လေးတစ်ယောက်တို့ တစ်ဦးကိုတစ်ဦး စူးစိုက်ကြည့်နေကြသည်ကို မြင်သည်တွင် ဝမ်ချောင်သည် အော်ရယ်မိလုနီးပါးဖြစ်သွားခဲ့သည်။
သူ့ညီမငယ်သည် သာမန်မဟုတ်သော ခွန်အားကို ပိုင်ဆိုင်ထားသည်။ သို့သော် သူမ၏ ဂနာမငြိမ်သော အကျင့်စရိုက်သည် သူမကို ကြာရှည်စွာ တိတ်တဆိတ်ကျင့်ကြံရန် မတတ်နိုင် ဖြစ်စေလေသည်။ ထို့ကြောင့် သူမကို ပျင်းရိသွားစေလေသည်။ ကံမကောင်းစွာဖြင့် ဝမ်ကလန်တွင်လည်း သူမကို ထိန်းချုပ်နိုင်သူ တစ်ယောက်မျှမရှိပေ။
ဝမ်ချောင်သည် ဝင်ပါရန် စိတ်ကူးရှိခဲ့သည်။ သို့သော် သူသည် သူမကို အနိုင်မယူနိုင်သည်ကတော့ သနားစရာကောင်းလှသည်။
သို့သော် ဤတစ်ကြိမ်တွင် သူ၏ ညီမငယ်လေးသည် သူမ၏ ရှောင်လွဲ၍မရသော ကံကြမ္မာနှင့် တွေ့ဆုံခဲ့ပုံရသည်။ ရှက်ဟန်ဆောင်ခြင်း၊ ချစ်ဖို့ကောင်းဟန်ဆောင်ခြင်း၊ သနားစဖွယ်ကောင်းဟန်ဆောင်ခြင်း၊ အသနားခံခြင်း၊ ဒေါသတကြီးဖြင့် ဝုန်းဒိုင်းကြဲခြင်း၊ ကျိန်ဆဲခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း၊ ခိုးထွက်ခြင်း...လွန်ခဲ့သည့်လအနည်းငယ်တွင် တောင်ပေါ်မှ ခိုးထွက်ရန် သူမသည် သူမတတ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို အသုံးပြု၍ ကြိုးစားခဲ့သည်။
သို့သော် ထိုအရာများတစ်ခုမျှ မကောင်းဆိုးဝါးအဘိုးအို အပေါ်တွင် အလုပ်လုပ်ခဲ့လိမ့်မည်မဟုတ်ချေ။
'ညီမငယ်လေး ဒီ့အတွက် ငါ့ကိုအပြစ်မတင်ပါနဲ့။ မင်းကသာ စပ်စုစိန်လုပ်ပြီး ဒီနေရာကို ရောက်လာခဲ့သူပဲ။ '
ဝမ်ချောင် ကျိတ်၍ ရယ်မောလိုက်သည်။
"တတိယအစ်ကို နင်အမြန်ပြန်ပြီး တပ်သားတွေကို စုစည်းသင့်တယ်။ ဒီဒိတ်အောက်နေတဲ့ အဖိုးကြီးကို ရှင်းပစ်ဖို့ ဦးကြီးကို ခေါ်လိုက်ကြစို့။ "
အကြည့်ချင်း တိုက်ပွဲတွင် ကျရှုံးသွားခဲ့ကာ ဝမ်မိသားစု၏ ညီမငယ်သည် အကူအညီအတွက် သူမအစ်ကိုကြီးဆီသို့ မွှန်ထူစွာဖြင့် လော်ဆော်လိုက်သည်။
'မင်းနောက်နေတာပဲဖြစ်ရမယ် အဲဒါကို ငါသဘောတူလိမ့်မယ်ဆိုတာ လိုမျိုးပေါ့။ '
ဝမ်ချောင်သည် အူလှိုက်သည်းလှိုက် အော်ရယ်မိလုနီးပါး ဖြစ်သွားခဲ့သည်။ အကယ်၍ သူ့မိခင်သည် သူ့ညီမလေးအား ဤနေရာတွင် လုံ့လဝီရိယရှိစွာကျင့်ကြံစေရန် ဝမ်ချောင်ဆီသို့ တကူးတကစာပို့ခဲ့သည်ကို သူ့ညီမလေးသိရှိခဲ့ပါက သူမသည် ပို၍ပင် မွှန်ထူသွားမည်မှာ ဖြစ်နိုင်ပေသည်။
"ညီမလေး ဦးကြီးက မအားသေးလို့ ဒီနေရာကို မလာနိုင်သေးဘူး။ မင်းရဲ့ဝမ်းကွဲနဲ့ ငါကလည်း သူ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး။ ငါထင်တာကတော့ မင်းက သူ့စကားကို လိုက်နာပြီး ကျင့်ကြံသင့်တယ်။ နောက်ဆုံး မင်းက သူ့ထက်သာလွန်သွားတဲ့အခါ ဒီနေရာကနေ ထွက်ခွာနိုင်လိမ့်မယ်။ "
ဝမ်ချောင်သည် ခါးသီးနေသည့် ပုံဟန်ဆောင်ကာ တိုက်တွန်းလိုက်သည်။
"အားးးး ငါရူးတော့မှာပဲ။ ဒီအဖိုးကြီးက ငါ့ကိုနေ့တိုင်း လေ့ကျင့်ဖို့ ဖိအားပေးတယ်..."
ဝမ်မိသားစု၏ ညီမငယ်လေးသည် သူမအစ်ကိုက သူမရှေ့ရှိ ဒိတ်အောက်နေသည့် အဖိုးကြီးနှင့်အတူ ကြံရာပါဖြစ်နေသည်ကို သတိမပြုမိဘဲ ဒေါသတကြီးဖြင့် အတွန့်တက်လိုက်သည်။
"ဟမ်းး ဒိတ်အောက်နေတဲ့ အဖိုးကြီး ရှင်စောင့်နေပါ။ တစ်နေ့ ကျွန်မ ရှင့်ကို သေချာပေါက်အနိုင်ယူမယ်။ "
သူမသည် မကောင်းဆိုးဝါးအဘိုးအိုဆီသို့ ဒေါသတကြီးဖြင့် လက်ညိုးထိုးလိုက်သည်။ ရှုံးနိမ့်သွားခဲ့ကာ သူမသည် သူမလက်များကို လွှဲယမ်းလိုက်ပြီး သူမအစ်ကိုဆီသို့ အားပေးနှစ်သိမ့်မှုအတွက် စိတ်ပျက်လက်ပျက်ဖြင့် လမ်းလျှောက်သွားရုံသာတတ်နိုင်ပေသည်။
ဤအချိန်တွင် ဝမ်ချောင်သည် ငိုရမည်လော ရယ်ရမည်လောမသိတော့ပေ။ သူသည် သူမကို နှစ်သိမ့်ရန် စိတ်ကူးလိုက်စဉ်မှာပင် ရုတ်တရက်...
'ဟားဟား ငါမင်းကိုမိပြီ'
သူမသည် မကောင်းဆိုးဝါးအဘိုးအို၏ ဘေးမှာဖြတ်လျှောက် လိုက်စဉ်မှာပင် စဉ်းလဲသော အလင်းရောင်များသည် သူမ၏စူးရှသော မျက်ဝန်းများမှ ရုတ်တရက်လင်းလက်လာခဲ့သည်။
မကောင်းဆိုးဝါးအဘိုးအိုသည် ထိုသည်ကို မတွေ့ပေ။ သို့သော် မျက်နှာချင်းဆိုင်တွင်ရှိနေသော ဝမ်ချောင်သည်တော့ အရာအားလုံးကို ရှင်းရှင်းလင်းလင်းမြင်နိုင်ပေသည်။
'ဒါ ဒါက... ညီမလေးက တကယ်ပဲ လှည့်ကွက်သုံးနေတာပဲ'
ဝမ်ချောင်၏ မျက်လုံးများသည် ထိတ်လန့်မှုဖြင့် ပြူးကျယ်သွားခဲ့သည်။
ဤသည်မှာ သူသိသည့် ရိုးသားဖြူစင်သော ညီမငယ်လော။ သို့မဟုတ် သူ့ညီမငယ်လေး၏ ပုန်းကွယ်နေသော ပါရမီများသည် နိုးထလာခဲ့ခြင်းလေလော။
သို့သော်လည်း ပို၍ ထိတ်လန့်စေသည့်အရာတစ်ခုမှာ သူ့ကိုစောင့်နေခဲ့သည်။
“ဘန်းးး”
သူ့ညီမငယ်လေးသည် သူမခန္ဓာကိုယ်အရွယ်အစားနှင့် မညီမျှသည့် ခုန်ကျော်ခြင်းစွမ်းအားဖြင့် ခုန်လိုက်သည်။ ထို့နောက် အားကောင်းသည့် လက်သီးတစ်ခုသည် မကောင်းဆိုးဝါးအဘိုအိုဆီသို့ ကျရောက်လာခဲ့သည်။
“ဘုန်းးးး”
အားကောင်းသည့် တုန်လှုပ်ဖွယ်လှိုင်းများနှင့် ကြယ်တာရာစွမ်းအင်များသည် ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားခဲ့သည်။ သူ့ညီမလေး၏ ထိုသေးငယ်သော လက်သီးသည့် မယုံနိုင်စရာကောင်းသည့် ခွန်အားကို သယ်ဆောင်ထားခဲ့သည်။
“ခရွက်”
မကောင်းဆိုးဝါးအဘိုးအို၏ နောက်ရှိ သစ်ပင်သည် ထိုတုန်လှုပ်ဖွယ်လှိုင်းများအောက်တွင် ချက်ချင်းလဲကျသွားခဲ့ပြီး မြေပြင်ပေါ်ရှိကြွေပြားများသည် ချက်ချင်းကွဲကြေသွားခဲ့သည်။
ထိုအရာပြီးနောက် တောက်ပပြီး ဧရာမကြီးမားသည့် အစိမ်းရောင်ချီစက်ကွင်းသည့် သူ့ညီမငယ်၏ သေးငယ်သည့် ခန္ဓာကိုယ်မှာ ထွက်ပေါ်လာခဲ့သည်။
ဝမ်ချောင်သည် ယခင်က ထိုကဲ့သို့ ကြီးမားသော ချီစက်ကွင်းကို မမြင်ခဲ့ဖူးပေ။ ချီစက်ကွင်းဆိုသည်ထက် ထိုအရာသည် ကြီးမားသည့် အလင်းရောင်စက်လုံးကြီးနှင့်ဆင်တူပေသည်။ အလင်းရောင်စက်လုံးအတွင်း၌ ဝမ်ချောင်သည် တောင်တန်းနှင့် မြေကမ္ဘာ၏ ခွန်အားကို ခံစားနိုင်ပေသည်။
ကြီးမားသည့် အစိမ်းရောင်ချီစက်ကွင်း၏ သက်ရောက်မှုအောက်တွင် သူ့ညီမငယ်၏ အရှိန်အဝါသည် သူမအောက်ရှိ တောင်တန်းများနှင့် သစ်ပင်များနှင့်အတူ မပီမပြင် သဟဇာတဖြစ်သွားပုံ ပေါ်သည်။ ဝိဉာဉ်သွေးကြောမှ ဝိဉာဉ်စွမ်းအင်သည် စီးထွက်လာခဲ့ပြီး သူမ၏ သေးငယ်သည့် လက်သီးနှင့်အတူ အတူတကွပေါင်းစပ်သွားခဲ့ကာ သူမ၏ ခွန်အားကို ပို၍ တိုးမြှင့်လာစေသည်။
“ဘုန်းးး”
အားကောင်းသည့် ခွန်အားသည် ပတ်ဝန်းကျင်ထဲသို့ ပေါက်ကွဲသွားခဲ့ပြီး တောင်တစ်ခုလုံးကိုပင် အနည်းငယ်တုန်ခါသွားစေသည်။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်သည် သူမနောက်မှ အသက်ရှုမှားလောက်သော တောင်တန်း၏ ပုံရိပ်ကို ဝိုးတဝါးမြင်လိုက်ရသည်။
'ချီစက်ကွင်း...ညီမငယ်က အစစ်အမှန်သိုင်းပညာနယ်ပယ်ကို ရောက်နေခဲ့ပြီ'
ဝမ်ချောင် အံ့အားသင့်သွားခဲ့သည်။
အကယ်၍ သူသည် ဤအရာကို မျက်မြင်ကိုယ်တွေ့မတွေ့ခဲ့ရပါက သူ့ညီမလေးသည် သူဆရာနှင့် အတူရှိခဲ့သည့် လအနည်းငယ်အတွင်း အစစ်အမှန် သိုင်းပညာနယ်ပယ်သို့ ချိုးဖောက်သွားနိုင်သည်ကို ယုံရဲမည်မဟုတ်ပေ။ ထို့အပြင် သူသည် ထိုကဲ့သို့သော ချီစက်ကွင်းကို ယခင်က မတွေ့ခဲ့ဖူးပေ။ ထိုအရာသည် မယုံနိုင်စရာကောင်းလောက်အောင် အားကောင်းလှသည်။ ဝမ်ချောင် တွေ့ခဲ့ဖူးသည့် အစစ်အမှန် သိုင်းပညာနယ်ပယ် ကျွမ်းကျင်သူများ၏ မည်သည့် ချီစက်ကွင်းထက်မဆို ထိုအရာသည် သာလွန်ပေသည်။
ထိုကဲ့သို့သော ခွန်အားဖြင့် အစစ်အမှန် သိုင်းပညာနယ်တွင် မည်သူမျှ သူမကို ကျော်လွန်နိုင်မည် မဟုတ်သည်မှာ ဖြစ်နိုင်သည်။
သူ့ညီမငယ်သည် ဤကာလအတွင်း အများကြီး တိုးတက်လာခဲ့ပုံရသည်။
"ဟ"
ထိုအတွေးများ ဝမ်ချောင်စိတ်ထဲ ပြေးလွှားနေချိန်၌ ဝမ်မိသားစု၏ ညီမငယ်သည် ကျယ်လောင်စွာ အောင်ဟစ်လိုက်ကာ သူမ၏ ခွန်အားအပြည့်ပါဝင်သော မုန်တိုင်းတစ်ခုနှင့် ဆင်တူသည့် တရစပ်လက်သီး ထိုးချက်များကို မကောင်းဆိုးဝါးအဘိုးအိုဆီသို့ ကျရောက်သွားစေခဲ့သည်။
“ဘုန်းဘုန်းဘုန်း”
ထူထပ်သည့် အဖြူရောင်မြူခိုးငွေ့များသည် နယ်မြေတစ်ခုလုံးကို ချက်ချင်းပြည့်နှက်သွားစေခဲ့သည်။ ဝမ်မိသားစု၏ ညီမငယ်သည် မည်သည့်နေရာ သို့မဟုတ် မည်မျှအားကောင်းစွာ တိုက်ခိုက်နေပါစေ မကောင်းဆိုးဝါးအဘိုးအိုသည် သူ့လက်တစ်ဖက်ကို နောက်ပစ်လျက် လက်ညိုးတစ်ချောင်းတည်းဖြင့် ထိုအရာအားလုံးကို အလွယ်တကူ ချေဖျက်လိုက်နိုင်သည်။
ဘယ်၊ ညာ၊ အပေါ်၊ အောက်၊ အရှေ့၊ အနောက်၊... တိုက်ခိုက်မှုများသည် မည်သည့်နေရာမှ လာခဲ့သည်ဖြစ်ပါစေ မကောင်းဆိုးဝါးအဘိုးအိုသည် ထိုအရာများကို ခြေတလှမ်းမျှပင်မရွေ့ဘဲ ချေဖျက်နိုင်ခဲ့သည်။ ထိုလက်ညိုးတစ်ချောင်းသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး အတားအဆီးတစ်ခုကဲ့သို့ပင် ဝမ်မိသားစု ညီမငယ် တိုက်ခိုက်လာသည့် တိုက်ခိုက်မှုတိုင်းကို ဖြိုဖျက်လိုက်သည်။
"အားးး အရှုံးပေးတယ်။ "
သူမ၏ တိုက်ခိုက်မှုများအားလုံးသည် လုံးဝအသုံးမဝင်သည်ကို တွေ့လိုက်ရသည်တွင် ဝမ်မိသားစု၏ ညီမငယ်သည် ဒေါသတကြီးဖြင့် အော်လိုက်ပြီး ဆွေ့ဆွေ့ခုန်သွားခဲ့သည်။ သို့သော်လည်း ထိုအခိုက်အတန့်တွင် သူမသည် ဟန်ချက်ပျက်သွားခဲ့ပြီး မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ ထိုခဏမှာပင် သူမ၏နှုတ်ခမ်းများသည် ဒေါသတကြီးဖြင့် ပို၍စူပုတ်သွားခဲ့သည်။
"ဟမ် ဒိတ်အောက်နေတဲ့ အဖိုးကြီး တစ်နေ့ကျရင် ငါ မင်းထက်သာစေရမယ်။ "
ဒေါသအမျက် ခြောင်းခြောင်းထွက်လျက် သူမသည် ကျင့်ကြံရန်အတွက် ခန်းမထဲသို့ ချက်ချင်းပြန်ဆုတ်သွားခဲ့သည်။
"ဆရာ သူမရဲ့ချီစက်ကွင်းက..."
ဝမ်ချောင် အံ့အားသင့်နေခဲ့သည်။ ယခင်က သူ့ကဲ့သို့ပင် သူ့ညီမလေးသည် ဘဝကို သာသာယာယာ ဖြတ်သန်းပြီး အပျင်းကြီးသူတစ်ယောက်ဖြစ်သည်။
သူ့ယခင်ဘဝတွင် သူ့ညီမလေးသည် ချီစက်ကွင်းကို လုံးဝမကျင့်ကြံနိုင်ခဲ့ပေ။ ထို့ကြောင့် ဧရာမ အစိမ်းရောင်ချီစက်ကွင်း ပေါ်လာခြင်းသည် သူ့ကို တုန်လှုပ်သွားစေခဲ့သည်။
အရာအားလုံးသည် သူ့ယခင်ဘဝနှင့် ခြားနားနေပေသည်။
"ဒါက 'တောင်တန်းချီစက်ကွင်း'ဖြစ်ပြီး အစစ်အမှန် သိုင်းပညာနယ်ပယ် အဆင့် ၁ တစ်ယောက်ရဲ့ ချီစက်ကွင်းပဲ။ ဒါက တစ်ယောက်ကို တောင်တန်းတွေဆီကနေ ခွန်အားတွေကို စုစည်းစေနိုင်ပြီး သူမကို မယုံနိုင်စရာ ကောင်းတဲ့ ခွန်အားတွေရရှိစေတယ်။ ဒါကို ခွန်အားအမျိုးအစား ချီစက်ကွင်းအဖြစ် ယူဆနိုင်တယ် ဒါပေမယ့် အမြင့်ဆုံးအဆင့်ပဲ။ "
မကောင်းဆိုးဝါးအဘိုးအို ပြောလိုက်သည်။
သူသည် ဝမ်ချောင်ကို လျှို့ဝှက်နေစရာမလိုပေ။ သူသည် ထိုကောင်မလေးကို ပထမဆုံးစတွေ့ကတည်းက သူမဆီမှ မယုံနိုင်စရာကောင်းသည့် ပါရမီနှင့် ခွန်အားများ ထွက်ပေါ်နေသည်ကို အာရုံခံနိုင်ခဲ့သည်။
လူသန်းပေါင်းများစွာထဲတွင် သူမကဲ့သို့ လူတစ်ယောက်ကို ရှာတွေ့ရန်ခက်ခဲပေသည်။ အကယ်၍ ထိုအကြောင်းကြောင့်သာ မဟုတ်လျှင် သူသည် သူမကို သူ့တပည့်အဖြစ် အတင်းအကြပ် ခေါ်ယူလိမ့်မည်မဟုတ်ဘဲ သူမကိုလည်း ကျင့်ကြံရန် ဤနေရာတွင် ခေါ်ထားလိမ့်မည်မဟုတ်ပေ။
"ဘာတွေဖြစ်နေတာလဲ"
ဝမ်ချောင်သည် အခြေအနေကြောင့် စိတ်ရှုပ်ထွေးသွားခဲ့သည်။ မဟာခွန်အားချီစက်ကွင်းနှင့် သာလွန်သော ခွန်အားချီစက်ကွင်း ကဲ့သို့သော ခွန်အားအမျိုးအစား ချီစက်ကွင်း အမျိုးအစားများစွာ ရှိပေသည်။ သူတို့သည် သိုင်းပညာရှင်များ၏ ခွန်အားကို မြှင့်တင်ပေးသော်လည်း ဤကဲ့သို့ ရယ်စရာကောင်းသည့် ပမာဏအထိတော့ မဟုတ်ပေ။
သူ့ညီမငယ်လေး၏ တောင်တန်းများ၏ စွမ်းအားကို ထိန်းချုပ်နိုင်သည့် စွမ်းရည်သည် လုံးဝ မယုံနိုင်စရာကောင်းလှသည်။ ထိုချီစက်ကွင်း ကိုယ်၌ကပင်လျှင် နက်နဲသိမ်မွေ့သည့် သိုင်းပညာနယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ အဆင့်နီးပါးသို့ ရောက်နေပြီဖြစ်သည်။
"ငါလည်းပဲ မသေချာပေမယ့် တစ်ခုတော့ ခန့်မှန်းနိုင်တယ်။ နှစ်၊ လ၊ ရက် နဲ့ အချိန် ဒါတွေကို မဏ္ဍိုင်လေးခုအဖြစ် သိထားကြတယ်။ မဏ္ဍိုင်တစ်ခုစီမှာ စကားလုံးနှစ်လုံးပါဝင်ပြီး အတူတကွ စုစည်းလိုက်တဲ့အခါ သူတို့ဟာ မွေးဖွားခြင်းရဲ့ ကြင်အင်လက္ခဏာရှစ်ခုကို ဖြစ်ပေါ်စေတယ်။ ဒါက ငါငယ်ငယ်တုန်းက သင်ယူခဲ့တဲ့ ဂန္ဘီရအတတ်ပညာရပ် တစ်ခုပဲ။ "
"ဒါနဲ့ပတ်သက်ပြီး မင်းအမေကို မေးခဲ့တယ် မင်းရဲ့ညီမလေးက ယိဝေနှစ်မှာ မွေးဖွားခဲ့တာပဲ ဒါက ယင်အနှစ်သာရကို ပိုင်ဆိုင်တယ်။ တကယ်လို့ ငါမမှားရင် သူမက ယင်နှစ်၊ ယင်လ၊ ယင်ရက် နဲ့ ယင်အချိန်မှာ မွေးဖွားခဲ့တာပဲဖြစ်ရမယ်။ ဒါကြောင့် သူမကို 'ပြီးပြည့်စုံတဲ့ယင်လက္ခဏာရှစ်ခု'အဖြစ် မှတ်ယူလို့ရတယ် ပြီးတော့ အကြွင်းမဲ့ယင်ကာလ အဖြစ်လည်း သတ်မှတ်လို့ရတယ်။ "
"အဲလိုအချိန်မှာ မွေးဖွားတဲ့လူ တစ်ယောက်ဟာ ကမ္ဘာကြီးရဲ့ လျို့ဝှက်ချက်တွေနဲ့အတူ ပေါင်းစည်းထားခဲ့ပြီး မွေးဖွားခြင်းကနေ သူတို့ဟာ သာလွန်တဲ့ ပါရမီတွေကို ရရှိပိုင်ဆိုင်ထားကြတယ်။ အစွန်းရောက်ယင်ဟာ အစွန်းရောက်ယန်ဖြည့်ဖက်ကို လိုအပ်တယ် ဒါကြောင့် သူမရဲ့ခန္ဓာကိုယ်ဟာ ယန်စွမ်းအင်စုပ်ယူရာမှာ အထူးကောင်းမွန်တဲ့အာနိသင်ရှိတယ်။ သူမက ဘာမှမလုပ်ရင်တောင်မှ သူမက သာလွန်တဲ့ခွန်အားကို ပိုင်ဆိုင်နိုင်တုန်းပဲ။ ပြီးတော့ သူမက စတင်ကျင့်ကြံလိုက်တဲ့ အခါမှာ တောင်တွေရဲ့ အဆီအနှစ်ကို စုပ်ယူတာကတောင် သူမအလွန်မှာ ရှိနေမှာမဟုတ်ဘူး။ "
"သူမရဲ့ပါရမီအရ သူမက နည်းနည်းပိုပြီး အားထုတ်သရွေ့ သူမရဲ့အနာဂတ် အောင်မြင်မှုတွေဟာ အကန့်အသတ်မဲ့နေလိမ့်မယ်။ သူမဟာ ဟိုးတုန်းက ငါ့ကို ကျော်လွန်သွားမှာတောင် အလွန်မှဖြစ်နိုင်တယ်။ "
မကောင်းဆိုးဝါးအဘိုးအိုသည် မတတ်နိုင်ဘဲ ဤအချိန်တွင် ကျေနပ်အားရမှုဖြင့် သက်ပြင်းချလိုက်သည်။ နောက်ပိုင်းနှစ်များတွင် သူသည် ဤမယုံနိုင်စရာကောင်းသည့် တပည့်နှစ်ဦးကို လက်ခံခဲ့ရခြင်းကြောင့် မည်သည့်နောင်တမှ ရှိတော့မည်မဟုတ်ပေ။
"..."
ဝမ်ချောင်သည် မကောင်းဆိုးဝါးအဘိုးအိုကို တုန်လှုပ်စွာဖြင့် စိုက်ကြည့်လိုက်သည်။ သူ့ညီမလေး၏ သာလွန်ကြမ်းကြုတ်သော ခွန်အားနောက်ကွယ်တွင် ဤကဲ့သို့သော ရှင်းပြချက်တစ်ခုရှိနေမည်ကို တွေးကြည့်လိုက်လျှင်...
ထိတ်လန့်တုန်လှုပ်ခြင်း။
အပိုင်း ၂၆၈
အကြီးအကဲရှန်
"အဲဒီလိုပါရမီက တကယ်ပဲ မဖြုန်းတီးသင့်ဘူး။ မင်းရဲ့ဝမ်ကလန်က ဝန်ကြီးနဲ့ စစ်သူကြီး မျိုးရိုးကလန် ဖြစ်တာကြောင့် ဒီကောင်မလေးကို ငါနဲ့အတူ ထားခဲ့သင့်တယ်။ အနာဂတ်မှာ သူမက မင်းကလန်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ကျွမ်းကျင်သူ တစ်ယောက် ဖြစ်လာလိမ့်မယ်။ "
မကောင်းဆိုးဝါးအဘိုးအိုပြောလိုက်သည်။
"ဆရာ စိတ်မပူပါနဲ့။ သူမကို ကြိုက်သလိုသင်ပြပါ။ ကျွန်တော် ကျွန်တော့်မိခင်ကို ရှင်းပြလိုက်ပါ့မယ်။ "
ဝမ်ချောင် ပြန်ဖြေလိုက်သည်။
သူ့ညီမလေးကို ထိန်းချုပ်နိုင်သည့် တစ်စုံတစ်ယောက်ကို ရှာတွေ့ရန်မလွယ်ကူပေ။ ဝမ်ချောင်သည် သူတော်ကောင်းမဟုတ်ပေ။ ထို့ကြောင့် သူ့ညီမလေးသည် ဤအရာအတွက် သူ့ဆရာဆီ ပြောပေးရန် သူ့အပေါ် မှီခိုနိုင်လိမ့်မည်ဟု တွေးထင်နေခဲ့ပါက သူမသည် အမှန်ပင် ရူးမိုက်နေခြင်းသာဖြစ်မည်။
သူသည် သူမ၏ လေ့ကျင့်ရေးအပေါ် တင်းကြပ်ပေးရန် သူ့ဆရာဆီ မတောင်းဆိုသည်ကပင် သူ့ဘက်မှ အကြီးမားဆုံးသော သနားညှာတာမှုပင်။
"အင်း"
မကောင်းဆိုးဝါးအဘိုးအိုသည် ဝမ်ချောင်အား စိုးရိမ်တကြီး မကြည့်မှီ ခေါင်းညိတ်လိုက်သည်။
"မင်းကို ယင်ယန်ငယ်ပညာရပ် သင်ပေးတာက မှန်ကန်တဲ့ဆုံးဖြတ်ချက် ဟုတ်မဟုတ်ဆိုတာ ငါမသိတော့ဘူး။ မင်းရဲ့တိုးတက်မှုက မြန်ဆန်လွန်းတယ်။ ငါထင်ထားခဲ့တာက မင်းဟာ သိုင်းလောကရဲ့ အဖွဲ့ဝင်တစ်ယောက် မဟုတ်လို့ မင်းရဲ့ကျင့်ကြံခြင်း တိုးတက်မှုက အရမ်းမြန်လိမ့်မှာ မဟုတ်ဘူးလို့ ထင်ထားခဲ့တာ။ ဒါပေမယ့် စစ်တပ်ထဲမှာ နေတာက မင်းရဲ့ကျင့်ကြံခြင်းကို တကယ်ပဲ တိုးတက်စေခဲ့ပုံပဲ။ ဒီအန္တိမနည်းစနစ်က အားကောင်းနိုင်တယ် ဒါပေမယ့် ဆိုးရွားတဲ့အားနည်းချက်ရှိတယ်။ "
"ဒါကလည်း ဟိုးတုန်းက အဲဒီသားသမီးမဟုတ်တဲ့ တပည့်တွေကြောင့် ငါဘာလို့ အရမ်းခြေကုန်လက်ပန်း ကျခဲ့ရတာလဲဆိုတာရဲ့ အရေးကြီးတဲ့ အကြောင်းပြချက်တွေထဲက တစ်ခုပဲ။ ချောင်အာ ယင်ယန်ငယ်ပညာရပ်မှာ အလျင်မလိုရဘူးဆိုတာ မင်းသတိရပါ။ တကယ်လို့ဖြစ်နိုင်ရင် အနာဂတ် ပြဿနာတွေကို ကာကွယ်ဖို့အတွက် အလျင်မလိုတာက မင်းအတွက်အကောင်းဆုံးပဲ။ "
"ဆရာ စိတ်ချပါ။ ကျွန်တော်ဘာလုပ်ရမလဲ သိပါတယ်။ "
ဝမ်ချောင်သည် ထိုသည်ကို အရေးလုပ်တွေးမနေဘဲ ရယ်မောလိုက်သည်။
သူသည် 'မဟာယင်ယန် ကောင်းကင်ဘုံ ဖန်ဆင်းခြင်းပညာရပ်' ကို စိတ်ဝင်စားခဲ့ရသည့် အကြောင်းအရင်းမှာ ၎င်းသည် လူတစ်ယောက်၏ ကျင့်ကြံခြင်းကို လျင်မြန်စွာ မြင့်တက်စေနိုင်သောကြောင့် ဖြစ်သည်။ ဘေးထွက်ဆိုးကျိုးများအနေဖြင့် သူသည် ထိုအရာကြောင့် ခံစားရပေမည်။
အကယ်၍ သူသည် မဟာထန်၏ ကံကြမ္မာကို ပြောင်းလဲနိုင်ပြီး ထိုကပ်ဘေးကို တားဆီးနိုင်ပါက ဤဘေးထွက်ဆိုးကျိုးများကို ဘာလို့ ထည့်တွက်နေမည်နည်း။
မကောင်းဆိုးဝါးအဘိုးအိုသည် ဘာမျှမပြောပေ သို့သော် ဝမ်ချောင်၏မျက်လုံးထဲတွင် အမှုမထားသည်ကို သူ ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။ ထိုလူငယ်၏ စိတ်ကို ပြောင်းလဲရန် သူပြောနိုင်သည့်အရာ ဘာမျှမရှိသည်ကို သိလိုက်သောကြောင့် သူသည် သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။
သူသည်သာ ဝမ်ချောင်ကို ယင်ယန်ငယ်ပညာရပ် သင်ပေးခဲ့သူဖြစ်သည်။ ထို့ကြောင့် သူသည် ဤအရာအားလုံး၏ အရင်းခံဖြစ်သည်။ သူလုပ်နိုင်သည့် အရာအားလုံးမှာ ယင်ယန်ငယ်ပညာရပ်နှင့် မဟာယင်ယန် ကောင်းကင်ဘုံဖန်ဆင်းခြင်း ပညာရပ်နှစ်ခုစလုံးတွင် အားနည်းချက်များကို ဖြေရှင်းရန်အတွက် အဖြေရှာရန်ပင်ဖြစ်သည်။
'ငါအောင်မြင်နိုင်မယ်လို့ မျှော်လင့်ရတာပဲ'
အဝါရောင် တောက်ပနေသည့် ကောင်းကင်ကို ကြည့်လိုက်ကာ မကောင်းဆိုးဝါးအဘိုးအို တွေးလိုက်သည်။
သိုင်းလောကတွင် အချိန်အကြာကြီး ရှင်သန်ခဲ့ပြီးနောက် သူသည် အကောက်ကြံစည်မှုများနှင့် ရက်စက်သည့် တိုက်ပွဲများကို နေသားကျနေခဲ့ပြီဖြစ်သည်။ မဟာထန်တော်ဝင် ရုံးတော်နှင့် ဝမ်ကလန်နှင့်အတူ သာမန်ဘဝတစ်ခုကို ရုတ်တရက်ထိတွေ့မိပြီးနောက် သူသည် သူစုဆောင်းထားခဲ့သော စိတ်ပူပန်မှုများသည် များစွာပြေလျော့သွားခဲ့သည်ကို ရုတ်တရက် ရှာတွေ့လိုက်သည်။
ဤနေရာတွင် အကောက်ကြံမှုများမရှိပေ။ မည်သူမျှ သူသည် မကောင်းဆိုးဝါးအဘိုးအို ဖြစ်သည်ကို မသိကြပေ။ ထို့အပြင် မည်သူမျှလည်း သူ့ကို ပုလိပ်ရောဂါတစ်ခုကဲ့သို့ ကြောက်ရွံ့မနေကြပေ။ ဤနေရာတွင်ရှိသည့် အရာအားလုံးမှာ ဤရိုးရှင်းပြီး အေးချမ်းသည့် ဘဝပင်။
ကောင်းစွာပါရမီရှိသည့် တပည့်များကို သင်ပြရင်း၊ မည်သူမျှ သူ့ကို မသိသောနေရာဖြစ်သည့် တောင်အနက်ပိုင်းရှိ ဝိဉာဉ်သွေးကြောပေါ်တွင် ကျင့်ကြံရင်း၊ မိန်းမငယ်လေးကို ဖိအားပေးကျင့်ကြံစေကာ သူမနှင့် နေ့တိုင်းရန်ဖြစ် စကားများလျက် သူမ၏ တိုက်ခိုက်မှုများကို အကြိမ်တိုင်း ရင်ဆိုင်တိုက်ခိုက်ရင်း သာယာလှသည့်ဘဝပင်။
သူအားသည့်အခါ သူသည် နှမ်းဖြူးထားသော အမဲသားအချို့ကို မွှေးကြိုင်လှသည့် လက်ဖက်ရည်နှင့် ဝိုင်အချို့နှင့်အတူ စားသောက်နိုင်ပေသေးသည်။
သာယာအေးချမ်းလှသည့် ဘဝသည် သူ့ဝိဉာဉ်ဆီသို့ ဆန်းသစ်လှသည့် တည်ငြိမ်အေးဆေးမှုကို ဆောင်ယူလာခဲ့ပြီး သူသည် အလွန်မှ သက်သောင့်သက်သာဖြစ်သည်ကို တွေ့လိုက်ရသည်။
ထို့အပြင် သူ့အသက်အရွယ် အိုမင်းချိန်၌ လက်ခံထားခဲ့သော တပည့်နှစ်ဦးကိုလည်း သူအလွန်မှ ချစ်ခင်နှစ်သက်ပေသည်။ သူတို့သည် သူ့ဆီသို့ အန္တရာယ်ပြုလိုသည့် ရည်ရွယ်ချက်များမရှိပေ။ ကောင်းပြီ မိန်းမငယ်လေးသည် သူ့ကို အကြိမ်တိုင်း တိုက်ခိုက်နေခဲ့သော်လည်း ထိုသည်မှာ သူမသည် တောင်အပြင်သို့ ထွက်လိုသောကြောင့်ဖြစ်သည်။
ဝမ်ချောင်အတွက်မူ မကောင်းဆိုးဝါးအဘိုးအိုသည် သူ့နှလုံးသား အနက်ပိုင်းမှ အလွန်လေးလံသည့် တစ်စုံတစ်ရာကို မြုပ်နှံထားခဲ့သည်ကို သိသော်လည်း ထိုသည်မှာ သူ့ကို ပစ်မှတ်ထားနေခြင်းမဟုတ်ပေ။
ဝမ်ချောင်သည် သူ့ကို လုံးဝရိုးရိုးသားသား ဆက်ဆံသည်ကို သူခံစားနိုင်ပြီး သူ့ပြုအမူများ၏ နောက်ကွယ်တွင်လည်း မှားယွင်းနေသည့်အရာမရှိပေ။
ဝမ်ချောင်သည် သူ့ကို သူ့ဆရာအဖြစ် အမှန်ပင် မှတ်ယူထားသည်ကို သူပြောနိုင်ပေသည်။
မည်သို့ပင်ဖြစ်ပါစေ ဤကလေးနှစ်ယောက်သည် တစ်ခုခုဖြစ်သွားမည်ကို သူ မလိုလားပေ။
သူ့အင်္ကျီလက်စများကို ယမ်းခါလိုက်ကာ မကောင်းဆိုးဝါးအဘိုးအိုသည် လှည့်ထွက်သွားပြီး ခန်းမတစ်ခုသို့ လမ်းလျှောက်ဝင်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ဝမ်ချောင်သည် လူလုပ်တောင်တု၏ အစွန်းနားသို့ လျှောက်မသွားမီ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။
"အခြေအနေဘယ်လိုလဲ"
ဝမ်ချောင်မေးလိုက်သည်။
"သခင်လေးကို တင်ပြပါတယ်။ သခင်လေးရဲ့ အမိန့်အတိုင်းပါပဲ လေ့ကျင့်ရေးစခန်း အမှတ်၂ တည်ဆောက်မှုက အဆင်သင့်ဖြစ်နေပါပြီ။ ဒါပေမယ့် လက်ရှိမှာ နေထိုင်ရာနေရာတွေနဲ့ ထမင်းစားခန်းတွေကတော့ လောက်ငှမှု မရှိသေးပါဘူး။ ဒါကြောင့် အရာအားလုံး နေရာတကျမဖြစ်မီ ကျွန်တော်တို့ လအနည်းငယ်လိုပါသေးတယ်။ "
တောင်အတု၏ ဘေးမှနေ၍ ဝမ်ကလန်၏ အစောင့်တစ်ယောက်က တင်ပြလိုက်သည်။
ဤအစောင့်၏ နာမည်မှာ ရွှီဖျင်ဖြစ်၍ မုန့်လုံနှင့် အခြားသူများကဲ့သို့ပင် ဝမ်မိသားစုအိမ်တော်တွင် တာဝန်ထမ်းဆောင်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုထက်ပိုခဲ့ပြီဖြစ်သည်။ သူ့သိုင်းပညာရပ်များမှာ ရှန့်ဟိုင်နှင့် မုန့်လုံတို့ကဲ့သို့ အရမ်းမကောင်းသော်လည်း သူသည် အလွန်ဉာဏ်ရည်ထက်မြက်သူ တစ်ဦး မဟုတ်သော်လည်း တာဝန်အလွန် ကျေပွန်သူတစ်ဦးဖြစ်သည်။
သူ့ကို ညွှန်ကြားလိုက်သည့် မည်သည့်တာဝန်ကိုမဆို အချိန်နောက်မကျစေပဲ လုံးဝပြီးမြောက်နိုင်သူဖြစ်သည်။
လေ့ကျင့်ရေးစခန်းအမှတ် ၂ မှာ ဝမ်ချောင် နောက်ထပ်ဖွင့်လစ်ရန် စီစဉ်နေသော ဤနေရာရှိစခန်းအပြင် နောက်ထပ် စခန်းတစ်ခုဖြစ်သည်။ ဝမ်ချောင် ရှာဖွေတွေ့ရှိခဲ့သည့် ဝိဉာဉ်သွေးကြောမှာ ကျယ်ပြန့်လှသည်။ သူစုဆောင်းထားသည့် တပ်သားသစ်များအတွက် လေ့ကျင့်ရေးစခန်းမှာ ထိုမျှကြီးမားနေရန် မလိုအပ်ပေ။ ထိုအရာကို ဖြုန်းတီးရန်မှာလည်း အလွန်နှမြောစရာ ကောင်းလှပေမည်။
ထို့ကြောင့် သူသည် 'လေ့ကျင့်ရေးစခန်း အမှတ် ၂' အစီအစဉ်ကို စတင်ခဲ့လိုက်သည်။ ဤစခန်းမှ တော်တော်ဝေးကွာသော အကွာအဝေးရှိ ဝိဉာဉ်သွေးကြော၏ မြောက်ဘက်အစွန်းတွင် သူသည် နောက်ထပ် လေ့ကျင့်ရေးစခန်းကို တည်ထောင်ပြီး ပြည်သူများအတွက် ဖွင့်လှစ်မည်ဖြစ်သည်။
ထိုလေ့ကျင့်ရေးစခန်းသည် ကျားဖြူတောင်ထိပ်အပြင်ဘက်မှ သူဆောက်လုပ်ထားသည့် အိမ်တော်နှင့် အလားတူရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ထိုအရာသည် သူ့အစီအစဉ်များနှင့် ထပ်တူထပ်မျှအရေးကြီးသော ချိတ်ဆက်မှု တစ်ခုလည်းဖြစ်သည်။
"အခုလောလောဆယ် လေ့ကျင့်ရေးစခန်း အမှတ် ၂ မှာ လူဘယ်နှစ်ယောက်လောက်ထည့်နိုင်လဲ"
ဝမ်ချောင်သည် တောင်တန်း၏ မြောက်ဘက်အစွန်းသို့ ငေးကြည့်လျက် မေးလိုက်သည်။ သူသည် ထိုအရာကို သူတို့ကြားရှိ ထူထပ်သည့်သစ်တောများကြောင့် သေချာမမြင်ရပေ။ သို့သော် အဝေးတွင် သစ်တောထက် အနည်းငယ်မြင့်တက်နေသော လခြမ်းကွေးပုံစံခေါင်မိုးတစ်ခုကို မြင်နေရပြီး ထိုခေါင်မိုးမှာနေ၏အလင်းရောင်ကြောင့် ရွှေရောင်တောက်ပနေသည်။
ထိုသည်မှာ ဆောက်လုပ်နေဆဲဖြစ်သော လေ့ကျင့်ရေးစခန်းအမှတ် ၂ ရှိ အဆောက်အဦများထဲမှ တစ်ခု ဖြစ်နိုင်သည်။
"လောလောဆယ် လူသုံးဆယ်ကနေ လေးဆယ်ဝန်းကျင်လောက် ထည့်နိုင်ပါတယ်"
ရွှီဖျင်သည် တခဏမျှ စဉ်းစားပြီးနောက် လေးနက်စွာ ပြန်ဖြေလိုက်သည်။
"ဒါက လုံလောက်တယ်။ လေ့ကျင့်ရေးစခန်း အမှတ်၂ ကို ငါပြန်လာချိန်မှာ တရားဝင်ဖွင့်လှစ်နိုင်သင့်တယ်။ "
ဝမ်ချောင်ရယ်မောလိုက်သည်။
အကယ်၍ သူသည် လေ့ကျင့်ရေးစခန်းအမှတ် ၂ ကို ကောင်းစွာ အသုံးချနိုင်ခဲ့လျှင် သူ့ကိုယ်ပိုင် ဩဇာလွှမ်းမိုးမှုကို တိုးတက်စေနိုင်သည်သာမက အဖိုးတန်သည့် ပိုက်ဆံသစ်ပင်တစ်ခုလည်း ဖြစ်လာနိုင်သည်။
အားလုံးပြီးနောက် ထိုသည်မှာ ဝိညာဉ်သွေးကြောဖြစ်သည်။ မူလစွမ်းအင်ကို အံ့မခမ်းသိုမှီးထားသော ဧရာမဝိဉာဉ်သွေးကြောဖြစ်သည်။
ကလန်ကြီးများ အားလုံးသည် ထိုအပေါ်တွင် သူတို့လက်များတင်ရန် အသေအလဲကြိုးစားကြပေလိမ့်မည်။
ဝမ်ချောင်သည် ဤအရင်းအမြစ်ကို ကောင်းမွန်စွာအသုံးချနိုင်သရွေ့ ဟိုက်ဒရာဘတ်သတ္တု ပြီးနောက် ထိုအရာသည် သူ၏ ဒုတိယရွှေတောင်ဖြစ်လာနိုင်ပေသည်။
သို့သော်လည်း ဤကိစ္စသည် ဤအချိန်တွက် ဖြေရှင်းရန် ခြေတစ်လှမ်း လိုနေပေသေးသည်။ အလျင်လိုခြင်းသည် အချည်းနှီးဖြစ်သွားစေနိုင်သည်။
ရွှီဖျင်ကို အနာဂတ်အတွက် ညွှန်ကြားချက်များပေးပြီးနောက် ဝမ်ချောင်သည် စခန်းထဲရှိ လေ့ကျင့်ရေးကွင်းများထဲမှ တစ်ခုဆီသို့ မသွားမီ တခဏမျှစဉ်းစားလိုက်သည်။
လေ့ကျင့်ရေးကွင်း၏ ဘေးဘက်တွင် အသက် ၅၀ မှ ၆၀ ကြားရှိသော အသက်ကြီးကြီး နည်းပြတစ်ယောက် မတ်တပ်ရပ်နေခဲ့သည်။ သူသည် ကွင်းထဲရှိ လူငယ်များနှင့် အမျိုးသမီးငယ်များကို ကြီးကြပ်နေပေသည်။ သူ့နားထင်မွှေးများသည် နှင်းကဲ့သို့ ဖြူဖွေးနေပြီး သူ၏ ခက်ထန်သော အမူအရာသည် သူသည် သူ့အလုပ်တွင် ကျွမ်းကျင်မှုများရှိကြောင်း ညွှန်ပြနေလေသည်။
"သခင်လေး"
ဝမ်ချောင် လမ်းလျှောက်လာသည်ကို မြင်သည်တွင် အသက်ကြီးကြီး နည်းပြဆရာသည် ချက်ချင်း လမ်းလျှောက်လာခဲ့ပြီး လေးစားစွာ ဦးညွှတ်လိုက်သည်။
"သခင်လေး"
တစ်ချိန်တည်းမှာပင် လူငယ်များနှင့် အမျိုးသမီးငယ်များသည်လည်း ဝမ်ချောင်ကို သတိပြုမိလိုက်ကြသည်။ ထို့နောက် သူတို့သည် သူတို့၏ လေ့ကျင့်နေမှုများကို ဘေးဖယ်ထားလိုက်ကြကာ စိတ်လှုပ်ရှားစွာဖြင့် ဦးညွှတ်လိုက်ကြသည်။
သူတို့၏ မျက်လုံးများသည် ကြည်နူးမှုနှင့် ဝမ်းသာမှုတို့ဖြင့် ပြည့်နှက်နေကြသည်။ သူတို့၏ စံပြပုဂ္ဂိုလ်တစ်ဦးကို တွေ့လိုက်ရသကဲ့သို့ပင်။
"အင်း"
ဝမ်ချောင်သည် လက်ကိုဝေ့ယမ်းလိုက်ကာ ရယ်မောလိုက်သည်။
"မင်းတို့ ဆက်ပြီးလေ့ကျင့်ကြပါ။ "
ထိုရိုးရှင်းသည့် စကားများသည် ထိုအုပ်စုအား စိတ်လှုပ်ရှားမှုများဖြင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။ ထို့အပြင် ငယ်ရွယ်သည့် မိန်းမငယ်တစ်ချို့သည် ပျော်ရွှင်စွာဖြင့် အော်ဟစ်လိုက်ကြသည်။
ဝမ်ချောင်သည် ငယ်ရွယ်နိုင်သည်။ သို့သော် သူ့အောင်မြင်မှုများသည် သူ့အသက်အရွယ်ထက် ကျော်လွန်နေပေသည်။ ဤသို့ဖြင့် ဝမ်ချောင်သည် သူတို့ထက် သိသိသာသာ အသက်ကြီးသည်ဟု ထိုလူအုပ်စုက အနည်းငယ် ထင်ယောင်ထင်မှား ဖြစ်နေကြသည်။
"အကြီးအကဲရှိန် ကျေးဇူးပြုပြီး"
လူအုပ်ကြီး၏ စိတ်ဝင်စားနေသည့် အကြည့်အောက်တွင် ဝမ်ချောင်သည် ပြုံးလိုက်ပြီး အသက်ကြီးကြီး နည်းပြဆရာနှင့်အတူ လမ်းလျှောက်သွားလိုက်သည်။ အသက်ကြီးကြီး နည်းပြဆရာ၏ မျိုးရိုးအမည်မှာ ရှိန်ဖြစ်ပြီး သူ့ဦးငယ်နှင့် အစောပိုင်းနည်းပြဆရာရှစ်ဦးတို့ ပြင်းပြင်းထန်ထန် အကြံပြုခဲ့သော နည်းပြခေါင်းဆောင်ဖြစ်သည်။
သူသည် ဤစခန်းသို့ ပထမဆုံးရောက်လာခြင်း မဟုတ်သော်လည်း သူသည် ဤနေရာတွင် အကြီးမားဆုံး ဂုဏ်သိက္ခာကို ပိုင်ဆိုင်ထားပြီး ဤအရာသည်
ဘယ်သောအခါမှ ပြောင်းလဲသွားမည့်ပုံမပေါ်ချေ။
တော်ဝင်စစ်တပ် နည်းပြဆရာများ အားလုံးသည် သူ့ကို သူတို့၏ ခေါင်းဆောင်အဖြစ် ရှု့မြင်ထားကြပြီး သူ့အပေါ်အလွန်မှ ရိုသေလေးစားကြပေသည်။ ဝမ်ချောင်သည် သူ့ကို ဤနေရာသို့ ဖိတ်ခေါ်ရန် အမှန်ပင် မလွယ်ကူခဲ့ချေ။
သူ့ရှေ့တွင် ဝမ်ချောင်သည် မြို့စားကြီးကျူး၏ မျိုးဆက်တစ်ယောက်အဖြစ် ဝံ့ကြွားရဲခြင်းမရှိပေ။ ထို့ကြောင့် သူသည် တစ်ဖက်လူအား လေးစားသမှုဖြင့် 'အကြီးအကဲရှိန်' ဟု ခေါ်ဆိုခြင်းဖြစ်သည်။
"တော်ဝင်စစ်တပ်ကနေ အနားယူပြီးတဲ့ လူတွေကို ချုပ်ချယ်ထားတဲ့ စည်းမျဉ်းတွေရှိတယ် ဒီစည်းမျဉ်းတွေက သခင်လေးရဲ့ တောင်းဆိုမှုလိုမျိုး တောင်းဆိုမှုတွေကို လက်ခံတာကနေ တားမြစ်ထားတယ် ဒါ့အပြင် သခင်လေးက ဒီကဏ္ဍမှာ ရည်မှန်းချက်ကြီးမားပုံရတာကိုလည်း ထည့်မပြောရသေးဘူး။ ဒါပေမယ့်လည်း မြို့စားကြီးကျူးက အကျင့်စာရိတ္တကောင်းမွန်ပြီး လေးစားထိုက်သူဖြစ်တယ် ဒါကို ကမ္ဘာက သူတို့ကိုယ်တိုင်မြင်ခဲ့ပြီးဖြစ်တယ်။ ဒါ့အပြင် သခင်လေးက တိုင်းပြည်အတွက် စစ်သည်တစ်ယောက်ရဲ့ နှလုံးသားကို ထုတ်ပြခဲ့ပြီး ဝန်ထုပ်ဝန်ပိုးတွေကို ကူထမ်းလိုစိတ်ကိုလည်း ထုတ်ပြခဲ့တယ်။ အဲ့ဒါတွေကြောင့် မင်းရဲ့ တောင်းဆိုမှုကို ငါလက်ခံလိုက်တာပဲ။ "
လေ့ကျင့်ရေးကွင်း ပတ်ပတ်လည်တွင် နှစ်ယောက်သား လမ်းလျှောက်လာရင်း အကြီးအကဲရှိန် ပြောလိုက်သည်။ မြို့တော်ထဲတွင် ဂုဏ်သိက္ခာရှိပြီး အားကောင်းသည့် ကလန်များစွာရှိသည်။ ထို့အပြင် အတော်များများသည် သူ့ကျွမ်းကျင်မှုကို ငှားရမ်းရန် ရည်ရွယ်ချက်ရှိကြသည်။ သို့သော် သူသည် တွေဝေမနေဘဲ သူတို့အားလုံးကို ငြင်းဆန်ခဲ့သည်။
သူသည် ဤကဲ့သို့ ခြွင်းချက်ထားရခြင်း၏ တစ်ခုတည်းသော အကြောင်းအရင်းမှာ ဝမ်ချောင်အပေါ် အလွန်မြင့်မားသော အမြင်ရှိသောကြောင့် ဖြစ်သည်။ ဒေသဆိုင်ရာ တပ်မှူးများ အဖြစ်အပျက်သည် အလွန်အထိမခံသော ကိစ္စဖြစ်ပြီး ဤအရာကို ပညာရှင်ဧကရာဇ်ထံသို့ တင်ပြရန် ကြီးမားသည့် ဇွဲသတ္တိလိုအပ်သည်။
သတိပြုရမည်မှာ ဤကိစ္စအတွက် လူတစ်ယောက်သည် ကွပ်မျက်ခံရရန် အခွင့်အရေးကြီးစွာရှိပေသည်။
ပြောစရာမလိုအောင်ပင် ဝမ်ချောင်သည်လည်း မြို့စားကြီးကျူး၏ လေးစားဖွယ်ကောင်းပြီး အဂတိမလိုက်စားသော မျိုးရိုးမှ ဆင်းသက်လာခဲ့သည်။ ဤအရာများသည် သူ ဤတာဝန်ကို လက်ခံခဲ့ရသည့် အဓိကအကြောင်းအရင်းများဖြစ်ကြသည်။
"အကြီးအကဲရှိန်ရဲ့ ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒီစခန်းတွေကို ကျွန်တော်တည်ထောင်ခဲ့ရတဲ့ အဓိကအကြောင်းပြချက်ကတော့ တကယ့်ကို တိုင်းပြည်အတွက် လိုအပ်တဲ့ အချိန်မှာ အသုံးပြုဖို့ပါပဲ။ လက်ရှိအခြေအနေမှာ ကျွန်တော်တို့ကို ဝူတန်၊ မန်ရှီကျိုး၊ အာဘတ်စစ်စော်ဘွားနဲ့ တာကီကာဂနိတ် စတဲ့ ရန်လိုတဲ့အကြည့်တွေ အများကြီးကစောင့်ကြည့်နေကြတယ်။ ဒီအင်အားစုတွေက အရင်ကလို မဟုတ်တော့ဘူး။ သူတို့ရဲ့စစ်တပ်တွေက အင်အားကြီးမားလာခဲ့ကြပြီး ကျွန်တော်တို့ကို ဆန့်ကျင်ရန်လိုကြောင်း ပြသခဲ့ကြတယ်။ ဒါပေမယ့်လည်း တော်ဝင်ရုံးတော်တစ်ခုလုံးရဲ့ လူအနည်းငယ်ကသာ ဒီကိစ္စကို သတိပြုမိကြတယ် ပြီးတော့ ပိုပြီးနည်းပါးတဲ့ လူတွေကသာ ဒါကို အာရုံစိုက်ကြတယ်။ ကျွန်တော် မျှော်လင့်ထားတဲ့အရာ အားလုံးကတော့ ကျွန်တော့်ရဲ့ လုပ်ဆောင်မှုတွေက အဲဒီကျွန်တော်တို့ တွေ့ကြုံရမယ့် အန္တရာယ်အချိန်မှာ အသုံးဝင်မှုအချို့ကို သက်သေပြနိုင်ဖို့ဖြစ်တယ်။ "
ဝမ်ချောင် သက်ပြင်းချလိုက်သည်။
ဝမ်ချောင်သည် အခြားနည်းပြဆရာများကို ဤကဲ့သို့သောစကားမျိုး ဘယ်တော့မှ မပြောခဲ့သကဲ့သို့ သူတို့သည်လည်း ထိုအကြောင်းကို မမေးခဲ့ကြပေ။ သို့သော်လည်း အကြီးအကဲရှိန်သည်တော့ ခြားနားသည်။ သူ့ဘဝကို နည်းပြဆရာတစ်ယောက် အဖြစ် နှစ်ဆယ့်ခုနှစ်နှစ် ကုန်ဆုံးခဲ့ပြီးနောက် သူသည် တော်ဝင်စစ်တပ်စစ်သည် မျိုးဆက်ပေါင်းများစွာကို ပြုစုပျိုးထောင်ခဲ့ပြီးဖြစ်သည်။ အမှန်တွင် လက်ရှိနည်းပြဆရာ အများစုသည် သူ့ကျောင်းသားများဖြစ်ကြပေသည်။
သူ၏ဂုဏ်သိက္ခာ၊ သြဇာအာဏာ၊ အဆင့်အတန်း နှင့် စုစည်းမှုအာဏာတို့သည် တော်ဝင်စစ်တပ်တွင် မယုံနိုင်စရာပင်။
ထို့အပြင် အကြီးအကဲရှိန်သည် ယခင်က အဓိကတိုက်ပွဲများတွင် ပါဝင်ခဲ့ဖူးပြီး ဤအရာသည် သူ့ကို စစ်တပ်အရာရှိများနှင့် အစိုးရအရာရှိများစွာနှင့် ခိုင်မာသော ဆက်ဆံရေး တည်ဆောက်ရန် ကူညီပေးခဲ့သည်။ ထို့ကြောင့် သူသည် တိုင်းပြည်ဝန်းကျင်ရှိ အမျိုးမျိုးသောကိစ္စရပ်များကို ကောင်းစွာသိရှိခဲ့သည်။
ဦးငယ်ဝမ်မင်သည် အကြီးအကဲရှိန်အား လေးနက်စွာ ဆက်ဆံရမည်ဖြစ်ပြီး မည်သည့်အရာကိုမှ ဖုံးကွယ်မထားဘဲ ထိုသို့ပြုလုပ်ရန် ကြိုးစားပါကလည်း တတ်နိုင်မည်မဟုတ်ကြောင်း စာထဲတွင် အကြိမ်ပေါင်းများစွာ အလေးပေးဖော်ပြခဲ့သည်။
အကယ်၍ သူသည်အကြီးအကဲရှိန်၏ မျက်နှာသာကိုရနိုင်လျှင် တစ်ဖက်လူ၏ စုစည်းမှုအာဏာဖြင့် သူသည် များစွာသောအကူအညီကို ရရှိနိုင်သည်။
အကြီးအကဲရှိန်သည် ခြေလှမ်းများကို ရပ်လိုက်ပြီး လူတစ်ဦး၏ ဝိဉာဉ်ကိုပင် ဖောက်မြင်နိုင်လောက်သည့် မျက်ဝန်းတစ်စုံဖြင့် ဝမ်ချောင်ကို ကြည့်လိုက်သည်။ တခဏကြာပြီးနောက် သူသည် ခေါင်းညိတ်လိုက်သည်။ သူသည် တစ်ဖက်သား၏ မျက်လုံးများတွင် ရိုးသားမှုကို မြင်နိုင်သည်။
ဝမ်ချောင်သည် သူပြောသည့်အတိုင်းပင်။
"ဒါတွေအားလုံးကို မင်းတွေးနိုင်တာက ကောင်းတဲ့အရာပဲ။ ဝန်ကြီးချုပ်နဲ့ စစ်သူကြီးမျိုးရိုးကလန်က ကလေးတစ်ယောက် အနေနဲ့ တိုင်းပြည်ကို ဝန်းရံနေတဲ့ ခြိမ်းခြောက်မှုတွေနဲ့ သူတို့ကိုရင်ဆိုင်ဖို့ သတိပြုမိနိုင်တာက တိုင်းပြည်အတွက် ကောင်းချီးပေးမှုတစ်ခုပဲ။ တော်ဝင်မျိုးနွယ်ကဖြစ်စေ ဂုဏ်သိက္ခာရှိတဲ့ ကလန်ကဖြစ်စေ ဒါမှမဟုတ် မှူးမတ်မျိုးနွယ်ကဖြစ်စေ ငါ့ဘ၀မှာ မျိုးဆက်သစ်လူငယ်များစွာကို မြင်ခဲ့ဖူးတယ်။ သူတို့ထဲကတစ်ချို့ဟာ ရည်ရွယ်ချက်မရှိဘဲ ပေါ့ပေါ့ပါးပါးနဲ့ ဘဝကိုရှင်သန်ကြတယ် တစ်ချို့ကကျ ကျော်ကြားမှုနဲ့ ဂုဏ်သိက္ခာအတွက် အချင်းချင်း တိုက်ခိုက်ကြတယ်... ဒါပေမယ့် သူတို့ထဲက အနည်းစုကပဲ သူတို့ကိုယ်သူတို့ အမှန်မြင်နိုင်ကြပြီး တိုင်းပြည်ရဲ့ ဝန်ထုပ်ဝန်ပိုးကို ခွဲဝေခံစားနိုင်ကြတယ်။ ဒါက မင်းနဲ့ ရွယ်တူတွေကြားမှာ တကယ့်ကို ရှားရှားပါးပါးအမူအကျင့်တစ်ခုပါပဲ။ "
“မင်းရဲ့ ဒီစိတ်အားထက်သန်တဲ့ နှလုံးသားကို ကာကွယ်ထားနိုင်ရင် မင်းဟာ အနာဂတ်မှာ ကြီးမားတဲ့ အရာတွေ အောင်မြင်နိုင်လိမ့်မယ်။ မင်းရဲ့ အနာဂတ် ကြိုးပမ်းမှုတွေမှာ မင်းကို လက်တစ်ဖက် ကမ်းပေးနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ငါ့သူငယ်ချင်းဟောင်းတွေနဲ့ ကျောင်းသားတွေဆီကို စာအနည်းငယ်ပို့ထားပြီးပြီ။ ”
အကြီးအကဲရှိန်သည် ဖြည်းညှင်းစွာပြောနေသော်လည်း သူ၏စကားများသည် ဝမ်ချောင်၏နှလုံးသားထဲတွင် ပျော်ရွှင်မှုများဖြင့် ရိုက်ခတ်သွားစေသည်။
"ကျေးဇူးတင်ပါတယ် အကြီးအကဲရှိန်"
အကြီးအကဲရှိန်၏ သူငယ်ချင်းများနှင့် ကျောင်းသားများသည် ဒါဇင်နှင့်ချီသော အရေအတွက်မျှသာ မဟုတ်ပေ။ သူ့သူငယ်ချင်းများသည်ပင် ရာနှင့်ချီ၍ရှိပြီး သူ့ကျောင်းသားများသာဆိုပါက ပြောနေစရာပင်မလိုချေ။
တော်ဝင်စစ်တပ်တွင် အကြီးအကဲရှိန်၏ အဆင့်အတန်းအရ သူ့စကားများသည် အငြိမ်းစားတော်ဝင် စစ်တပ်နည်းပြ ဆရာများအပေါ် ကြီးမားပြီး တခဏချင်း သြဇာသက်ရောက်မည်မှာ သေချာပေသည်။
ဤအရာဖြင့် ဝမ်ချောင်စိုးရိမ်ရမည့်အရာမှာ သူ့စခန်းကို ထောက်ပံ့ရန် တော်ဝင်စစ်တပ်နည်းပြဆရာ လုံလောက်မှု ရှိခြင်းမရှိခြင်းမဟုတ်တော့သော်လည်း တော်ဝင်စစ်တပ်နည်းပြဆရာများ ဝင်ရောက်လာခြင်းကိုထောက်ပံ့ရန် နေရာလုံလောက်မှု ရှိခြင်းမရှိခြင်းပင် ဖြစ်တော့သည်။
အပိုင်း ၂၆၉
ကျန့်ချိုးကျင်းချုံး၏ ဧည့်ခံပွဲဖိတ်ကြားချက်
"မင်း ဒီလူတွေကို လက်ခံထားခဲ့တာက ကောင်းပါတယ် ဒါပေမယ့် တိုင်းပြည်အတွက် ကြီးမားတဲ့အရာကို ပြုလုပ်ချင်ရင်တော့ ဒီလူတစ်ရာလောက်နဲ့က လုံလောက်မှာမဟုတ်ဘူး။ "
အကြီးအကဲရှိန်သည် ဝမ်ချောင်ကို လှည့်ကြည့်လိုက်ကာ ပြောလိုက်သည်။
"အကြီးအကဲရှိန် စိတ်မပူပါနဲ့။ ဒါက လူသစ်စုဆောင်းတာ ပထမအသုတ်ပဲရှိပါသေးတယ်။ နောက်ကျရင် ကျွန်တော် လူအများကြီး ထပ်ခေါ်ဦးမှာပါ ပြီးတော့ သူတို့က ဝမ်ကလန်ရဲ့ ရဲမက်တွေအဖြစ်နဲ့ပဲ ကန့်သတ်ထားမှာမဟုတ်ပါဘူး။ "
"အိုး"
အကြီးအကဲရှိန်သည် ထိုစကားများကြောင့် အနည်းငယ်အံ့အားသင့်သွားခဲ့သည်။ သို့သော် သူသည် ထိုအရာကို ချီးကျူးထိုက်သည်ဟုလည်း တွေးလိုက်သည်။
"ကြည့်ရတာ မင်းစိတ်ထဲမှာ ခိုင်လုံတဲ့အစီအစဉ်တစ်ခုရှိတဲ့ပုံပဲ။ အဲဒါအရမ်းကောင်းတယ်။ ငါ့ရဲ့စိုးရိမ်မှုတွေက အခြေအမြစ်မရှိဘူးပဲ။ "
အကြီးအကဲရှိန်နှင့် စကားစမြည်းပြောပြီးနောက် ဝမ်ချောင်သည် အဓိကခန်းမသို့ ပြန်လာလိုက်သည်။
အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ မကြာမီ သုံးရက်ကုန်ဆုံးသွားခဲ့သည်။
ဝိဉာဉ်သွေးကြော၏ အစွန်းတွင် တရားထိုင်နေလျက် ဝမ်ချောင်သည် သူ့မူလစွမ်းအင်ကို မရီဒျန်နှင့် သွေးကြောဆုံမှတ်များဆီသို့ အဆက်မပြတ်စီးဆင်းစေလိုက်သည်။ သို့သော်လည်း လှည့်ပတ်မှုတိုင်းတွင် ပင်ပန်းမှုများသည် သူ့ဆီသို့ တိုးဝင်လာခဲ့သည်။
ခန္ဓာကိုယ်တစ်ဝိုက် လူတစ်ဦး၏ မူလစွမ်းအင်ကို လှည့်ပတ်ခြင်းသည် လူတစ်ဦး၏ စိတ်ဝိဉာဉ်ကို ပင်ပန်းနွမ်းလျစေသည်။
သက်ရောက်မှုများသည် အစပိုင်းတွင် သိပ်မသိသာပေ။ သို့သော် ဝမ်ချောင်၏ ကျင့်ကြံခြင်းသည် ရှေ့သို့ရောက်လာပြီး ပိုပြီးသန်မာလာသည်နှင့်အမျှ မူလစွမ်းအင်လှည့်ပတ်ခြင်းကြောင့် ကုန်ခမ်းလျော့ပါးလာခဲ့သည့် စိတ်ဝိဉာဉ်ပမာဏသည် ပို၍ သိသာလာခဲ့သည်။
ဤသို့ဖြင့် လေ့ကျင့်နေစဉ်အတောအတွင်း သူ့မူလစွမ်းအင်သည် တိုးတက်လာခဲ့သော်လည်း အဆုံးတွင် သူသည် အနည်းငယ်ပင်ပန်းနွမ်းလျသည်ဟု ခံစားခဲ့ရပြီး အားပြန်ဖြည့်ရန်အတွက် အနည်းငယ်အနားယူရန် လိုအပ်ခဲ့သည်။
ဝမ်ချောင်၏ စိတ်ဝိဉာဉ်အနေဖြင့် သိသိသာသာသန်မာလာခဲ့ကာ ပင်ပန်းနွမ်းနယ်မှုသည် သူ့ဆီသို့ အလွန်လျင်မြန်စွာရောက်မလာခဲ့တော့ပေ။ သို့သော် ဤသို့ဆိုလျင်ပင် သူ့စိတ်ဝိဉာဉ်သည် သူ့မူလစွမ်းအင်ကြောင့် ကုန်ခမ်းနေခဲ့သေးသည်ကို သူ ရှင်းလင်းစွာခံစားနိုင်ပေသည်။
ဘာမျှမရှိသည့်မြင်ကွင်းတစ်ခု သို့သော် ကြည်လင်နေသောအမှောင်ထုသည် သူ့ရှေ့တွင် ဘွားခနဲပေါ်လာခဲ့သည်။ တည်ငြိမ်နေသောစိတ်ဖြင့် ဝမ်ချောင်သည် လုံးဝလှုပ်ရှားခြင်းမရှိဘဲ ဆက်၍တရားထိုင်နေခဲ့သည်။
အချိန်အတော်ကြာပြီးနောက် လှိုင်းဂယက်တစ်ခုသည် ရုတ်တရက် အမှောင်ထုထဲပေါ်လာခဲ့သည်။
တစ်နည်းနည်းဖြင့် တစ်စုံတစ်ရာသည် ပတ်ဝန်းကျင်တွင် စုစည်းလာသည်ကို ဝမ်ချောင် အာရုံခံနိုင်ပေသည်။
'အဲဒါက ရောက်လာပြီ'
ဝမ်ချောင် တွေးလိုက်သည်။
ဤခံစားချက်သည် ဝမ်ချောင်နှင့် စိမ်းသက်ခြင်းမရှိပေ။ လွန်ခဲ့သည့်ရက်အနည်းငယ်တွင် သူသည် ဤအာရုံကို ခံစားခဲ့ရသည်။ အမှောင်ထုထဲတွင် တစ်ခုခုရှိနေပုံပေါ်သည်။ သို့သော် ထိုအရာသည် သစ်ပင်၊ စံအိမ်၊ တောင် နှင့် မြစ် များမဟုတ်ကြပေ။
ထိုသည်မှာ ထိုအရာများထက် အလွန်မှသေးငယ်သော အရာဖြစ်သည်။
မျက်စိဖြင့်ပင် မြင်နိုင်ခြင်းမရှိသည့် တစ်စုံတစ်ခု။
ထိုအရာသည် ရောက်လာတော့မည်ဟု ခံစားရစေသည်။ သို့သော် တစ်ချိန်တည်းမှာပင် အလွန်မှ ဝေးကွာလှသည်ဟုလည်း ခံစားရစေသည်။ သူတို့ကြားတွင် ပါးလွှာသည့် အရာတစ်ခုရှိနေသကဲ့သို့ပင်။ ထိုအရာကို ကျော်ဖြတ်ခြင်းမှ သူ့ကို တားဆီးထားသည်။
'ဒါက ကမ္ဘာကြီးရဲ့ဥပဒေသပဲဖြစ်ရမယ်'
ဝမ်ချောင် တွေးလိုက်သည်။
ကမ္ဘာကြီး၏ စွမ်းအင်သည် သူ့ဥပဒေသကို ပြဌာန်းထားခဲ့သည်။ သိုင်းပညာချီစက်ကွင်းသည် ဥပဒေသ၏ သင်္ကေတတစ်ခုပင်ဖြစ်သည်။ ကမ္ဘာကြီး၏ ဥပဒေသကို နားလည်သဘောပေါက်နိုင်မှသာ လူတစ်ယောက်သည် သိုင်းပညာချီစက်ကွင်းကို ထိန်းချုပ်နိုင်ပေမည်။
ဤသည်မှာ မီယာဆာမီးအာရာကာသည် သိုင်းပညာချီစက်ကွင်းမရှိသော်လည်း လီကျူးရှင်က သိုင်းပညာချီစက်ကွင်းရှိနေရခြင်း၏ အကြောင်းအရင်းဖြစ်သည်။
အစစ်အမှန်သိုင်းပညာနယ်ပယ်ကျွမ်းကျင်သူတိုင်းသည် သိုင်းပညာချီစက်ကွင်းကို ပိုင်ဆိုင်နိုင်ကြမည်မဟုတ်ပေ။ ထို့အပြင် ကျင့်ကြံခြင်းသည် လူတစ်ဦးက သိုင်းပညာချီစက်ကွင်းရှိခြင်းမရှိခြင်းအားဖြင့် ဆုံးဖြတ်နိုင်သည့် တစ်ခုတည်းသောအရာမဟုတ်ပေ။
သို့သော် သံသယရှိစရာမလိုအောင်ပင် လူနှစ်ဦးသည် တူညီသောစွမ်းအားကို ပိုင်ဆိုင်ထားသည့် အခြေအနေအောက်တွင် သိုင်းပညာချီစက်ကွင်းကို ပိုင်ဆိုင်ထားသူသည် သိုင်းပညာချီစက်ကွင်းကို မပိုင်ဆိုင်ထားသူထက် ပို၍ အစွမ်းထက်ပေသည်။
အကယ်၍ တစ်ယောက်သည် သိုင်းပညာချီစက်ကွင်းကို ထိန်းချုပ်လိုပါက ကမ္ဘာကြီး၏ ဥပဒေသကို ပထမဆုံးသဘောပေါက်ရမည်ဖြစ်ပြီး ထိုသို့မလုပ်မီ တစ်ယောက်သည် ထိုသည်ကို ပထမဆုံး ထိတွေ့ခံစားရမည်ဖြစ်သည်။
မူလစွမ်းအင်အဆင့် ၉ သည် အရာအားလုံးအတွက် အစဖြစ်သည်။
ကမ္ဘာကြီး၏ ဥပဒေသနှင့် ထိတွေ့ပြီး ထိုအရာ၏ တည်ရှိမှုကို ခံစားနိုင်မှသာလျှင် တစ်ယောက်သည် ထိုအရာကို သဘောပေါက်နိုင်ပေမည်။ ထိုသို့မဟုတ်ပါက အရာအားလုံးသည် အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။ ဤသည်မှာ ဝမ်ချောင် လက်ရှိရောက်နေသည့် အခြေအနေအတိအကျပင်။
အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားခဲ့သည်။ ဝမ်ချောင်သည် ထိုအလွှာပါးလေးကို အတင်းအကြပ်ချိုးဖောက်ရန် မကြိုးစားပေ။ ထို့အစား သူသည် သူ့ကိုယ်သူ ထိုအရာနှင့်အတူ စီးမျောနေစေကာ ထိုအရာက သူ့ကို မည်သည့်နေရာသို့ခေါ်ဆောင်သွားပါစေ လိုက်ပါနေခဲ့သည်။
အရာအားလုံးတွင် သူတို့၏ ကိုယ်ပိုင်သဘာဝများရှိကြသည်။
မူလစွမ်းအင် အဆင့် ၉ တွင် အဖြူရောင်လှိုင်းများကို ပုံဖော်ရန် အနှစ်သာရမှာ တစ်ယောက်ကို 'စီးဆင်းမှုနှင့်အတူ လိုက်ပါ' စေရန်ဖြစ်ပြီး ထိုအရာကို ပို၍မယဉ်ပါးစေမီ တစ်ဦး၏ စိတ်ဝိဉာဉ်ကို မူလစွမ်းအင်နှင့်အတူ သဘာဝအတိုင်း ပေါင်းစပ်စေရန်ဖြစ်သည်။
တစ်ယောက်သည် ထိုအရာကို ဖိအားပေးရန် ကြိုးစားလေ ကမ္ဘာကြီး၏ ဥပဒေသကို သဘောပေါက်ရန် ခက်ခဲလေဖြစ်သည်။ တစ်ယောက်၏ ကျင့်ကြံခြင်းသည်ပင် ဖောက်ပြန်သွားနိုင်ပေသည်။
“ဝမြးးး”
သူ့မူလစွမ်းအင်သည် လုံလောက်သည့် စိတ်ဝိဉာဉ်ကို စုပ်ယူပြီးနောက် ပြည့်ဝသည့်အခြေအနေသို့ ရောက်သွားခဲ့ကာ ပုံသဏ္ဍာန်စတင်ပြောင်းလဲလာခဲ့သည်။
“ဘုန်းးး”
အမှောင်ထုထဲတွင် မမြင်နိုင်သော အတားအဆီးသည် ကျိုးပေါက်သွားခဲ့ကာ သူ့ကို တစ်စုံတစ်ခုအား သဘောပေါက်နားလည်သွားစေလေသည်။
နောက်တခဏတွင် သူ့မရီဒျန်းများ၌ ပိတ်မိနေခဲ့သော မူလစွမ်းအင်သည် လွတ်လပ်လာခဲ့ပြီး သူ့ချွေးပေါက်များနှင့် သွေးကြောဆုံမှတ်များမှနေ၍ ရေပန်းကဲ့သို့ များစွာစီးထွက်လာခဲ့သည်။
“ဘုန်းးး”
နေရာလပ်သည် တုန်ခါသွားခဲ့ပြီး အထက်မှနေ၍ လူတစ်ယောက်သည် သန့်စင်ပြီး အားကောင်းသည့် အရှိန်အဝါတစ်ခု ဝမ်ချောင်၏ခန္ဓာကိုယ်မှ ပြေးထွက်လာသည်ကို မြင်နိုင်ပေမည်။ နောက်ဆုံးတွင် အရှိန်အဝါသည် အထွတ်အထိပ်သို့ရောက်သွားသောအခါ အဖြူရောင်လှိုင်းများဖြစ်ပေါ်ရန် ရုတ်တရက် အတူတကွ ချုံ့သွားခဲ့ကြသည်။
အဖြူရောင်လှိုင်းများသည် သတ္တုကဲ့သို့ သန်မာပြီး မည်သည့်အရာကမျှ မဖျက်ဆီးနိုင်သကဲ့သို့ပင်။
“ဘုန်းးး”
ကျန့်တစ်ဒါဇင်အဝေးတွင် အနက်ရောင်တောင်ကုန်းအတုတစ်ခုသည် အဖြူရောင်လှိုင်းများအတွင်း ပိတ်မိနေခဲ့ပြီး ချက်ချင်းအပိုင်းအစများအဖြစ်သို့ ကြေမွသွားခဲ့ကာ ကောင်းကင်ထက်တွင် ကျန့်တစ်ဒါဇင်အမြင့်ရှိသော ဖုန်မှုန့်တိမ်တိုက်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
"ငါ အောင်မြင်သွားခဲ့ပြီ"
ပေါက်ကွဲမှု၏ တုန်လှုပ်ဖွယ်လှိုင်းလုံးများအလယ်တွင် ဝမ်ချောင်သည် ရုတ်ချည်းမတ်တပ်ရပ်လိုက်ပြီး သူ့မျက်လုံးများထဲမှ စူးရှသည့် အလင်းရောင်များ တောက်ပနေခဲ့သည်။
ဤချိုးဖောက်မှုသည် ကျန်းချီခွန်အားအပေါ် သက်ရောက်မှုမရှိသော်လည်း ၎င်းသည် တိုက်ပွဲစွမ်းရည်တွင် ကြီးမားထင်ရှားသောရလဒ်ကို ရရှိစေခဲ့သည်။
“ဘုန်းးးး”
ဝမ်ချောင်သည် ရုတ်ချည်း လက်သီးထိုးလိုက်ကာ သူ့မူလစွမ်းအင်သည် ချက်ချင်းတုန်ခါသွားခဲ့ပြီး သူ့လက်သီးနှင့်အတူ ပြေးထွက်သွားခဲ့သည်။ သူ့လက်သီးထိပ်တွင် အဖြူရောင်လှိုင်းများသည် ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားခဲ့သည်။
“ဘုန်းးး”
ဤလက်သီးသည် သူ့အောက်ရှိ တောင်ကိုပင် ခြေမွရန် ခြိမ်းခြောက်နေခဲ့ပြီး ထိုအရာမှ ကြီးမားသည့် တုန်လှုပ်ဖွယ်လှိုင်းများသည်ပင် ကြီးမားသည့် လေပြင်းကို တိုက်ခတ်စေခဲ့သည်။
'မယုံနိုင်စရာပဲ'
ဝမ်ချောင်သည် စိတ်လှုပ်ရှားစွာ တွေးလိုက်သည်။ သူသည် နောက်ဆုံးတွင် လူရိုင်းနတ်ဘုရားခွန်အားကို ခွန်အားပြည့် ဖော်ဆောင်နိုင်ပြီဖြစ်သည်။ ခွန်အားသက်သက်တွင် ဝမ်ချောင်သည် ယခုအချိန်၌ မူလစွမ်းအင်အဆင့် ၉ ကျင့်ကြံသူများ၏ ယှဉ်ပြိုင်ဘက် မဟုတ်တော့ပေ။
သို့သော်လည်း သူသည် ဤမျှသာ မရပ်တန့်ခဲ့ပေ။
သူသည် ယခင်ကကျင့်ကြံခဲ့သော နဂါးအရိုးပညာရပ်၏ လှုပ်ရှားမှုများကို တစ်ခုပြီးတစ်ခု ထုတ်ဖော်လိုက်သည်။ သူ့လှုပ်ရှားမှုတိုင်းတွင် ကန်ချက်ဖြစ်စေ သို့မဟုတ် တံတောင်တွတ်ချက်ဖြစ်စေ အဖြူရောင်လှိုင်းများကို ဖြစ်ပေါ်စေခဲ့ပြီး သူ့လှုပ်ရှားမှုများ၏ ခွန်အားကို ပြင်းထန်စေလေသည်။
ပေါ့ပေါ့ပါးပါးကန်ချက်တစ်ခုဖြင့်ပင် သူသည် ကျောက်တုံးကို အပိုင်းအစများအဖြစ်သို့ အလွယ်တကူ ချေမွနိုင်ခဲ့သည်။
သူ့ယခင်ဘဝမှ အတွေ့အကြုံများကြောင့် သူသည် သူ့ခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းကမဆို အဖြူရောင်လှိုင်းများကို ဖော်ဆောင်နိုင်ပေသည်။
"ခြေလှမ်းတစ်ရာနတ်ဘုရားလက်သီးကို ကြိုးစားကြည့်မယ်"
ဝမ်ချောင်သည် ပစ်မှတ်တစ်ခုကို ရှာဖွေရန် ပတ်ဝန်းကျင်သို့ ဝေ့ကြည့်လိုက်ပြီး သူ့အကြည့်များသည် ကျန့်နှစ်ဆယ်အကွာအဝေးရှိ စိမ်းလန်းသည့်သစ်ပင်တစ်ပင်ပေါ်သို့ ကျရောက်သွားသည်။
“ဘုန်းးး”
ကြက်တံခွန်ကဲ့သို့ လက်သီးချီသည် အဖြူရောင်လှိုင်းများနှင့်အတူ ပြေးထွက်သွားခဲ့ပြီး ပေါက်ကွဲသံတစ်ခုဖြင့် ထိုပတ်ဝန်းကျင်ရှိ နောက်ထပ် သစ်ပင်ခြောက်ပင်နှင့်အတူ စိမ်းလန်းသည့်သစ်ပင်သည် အပိုင်းအစများအဖြစ် ကျိုးကြေသွားခဲ့ကြသည်။
ကြီးမားသည့်လေပြင်းသည် မြက်ပင်နှင့် သစ်သားစများကို မြေပြင်မှ လွင့်စင်သွားစေခဲ့သည်။
"မူလစွမ်းအင်အဆင့် ၉ ကျင့်ကြံသူတွေက အဲလိုကြောက်ဖို့ကောင်းတာပဲလား"
ထိတ်လန့်နေသည့် အသံများ သူ့နောက်မှ ပေါ်ထွက်လာခဲ့သည်။ ဝမ်ချောင်လှည့်ကြည့်လိုက်သည်တွင် လူငယ်များနှင့် မိန်းမငယ်များပါဝင်သော လူအုပ်ကြီးသည် လေ့ကျင့်ရေးကွင်း၏ အစွန်းနားတွင် မတ်တပ်ရပ်နေကြပြီး သူ့ကို ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
"ဒါက မူလစွမ်းအင်အဆင့် ၉ ကျင့်ကြံသူတွေက ကြောက်ဖို့ကောင်းပုံမပေါ်ဘူး ဒါပေမယ့် ခြေလှမ်းတစ်ရာနတ်ဘုရားလက်သီးကြောင့်ဖြစ်ပုံပေါ်တယ်"
"ဒါက မဖြစ်နိုင်တာပဲ။ ငါအရင်က ခြေလှမ်းတစ်ရာနတ်ဘုရားလက်သီးကို မြင်ဖူးတယ် ပြီးတော့ အဲဒါက အဲလောက် မသန်မာပါဘူး။ "
ထိုလူများသည် တစ်ဦးနှင့်တစ်ဦး စတင်ငြင်းခုံလိုက်ကြသည်။
တစ်ဦးနှင့်တစ်ဦး ငြင်းခုံနေကြသော ထိုလူငယ်များ၏ စိတ်လှုပ်ရှားမှုကြောင့် နီရဲနေသော မျက်နှာများကို မြင်သည်တွင် ဝမ်ချောင် ရယ်မောလိုက်သည်။ သူတို့ ထိုအရာကို နားမလည်လိုက်မီမှာပင် ဝမ်ချောင်၏ ပုံရိပ်သည် အဝေးသို့ ပျောက်ကွယ်သွားခဲ့သည်။
သူ့မူလရည်ရွယ်ချက်သည် အဖြူရောင်လှိုင်းများကို ဖော်ဆောင်ရန်အတွက် တောင်ပေါ်တွင် ဆယ်ရက်ဝန်းကျင်ခန့်နေရန် ဖြစ်ပြီး သူ့ရည်ရွယ်ချက်သည် ပြည့်သွားခဲ့ပြီဖြစ်သောကြောင့် ထွက်ခွာရန် အချိန်ကျပြီဖြစ်သည်။
“ရှူး ရှုး ရှုး”
တခဏအတွင်းမှာပင် ဝမ်ချောင်၏ ပုံရိပ်သည် ပျောက်ကွယ်သွားခဲ့သည်။
"ကောင်လေး..."
မကောင်းဆိုးဝါးအဘိုးအိုသည် နှင်းလိပ်ပြာလက်ဖက်ရည်ကို သောက်သုံးလျက် သူ့ပြတင်းပေါက်မှနေ၍ အောက်ရှိ သစ်ပင်များကြားတွင် ပျောက်ကွယ်သွားသော ဝမ်ချောင်ကို ကြည့်နေခဲ့သည်။ ထို့နောက် သူ့နှုတ်ခမ်းထက်တွင် အပြုံးတစ်ခုချိတ်ဆွဲလာလေသည်။
သို့သော် မကြာမီ အပြုံးသည် တင်းမာသည့် မျက်မှောင်ကြုတ်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"မင်း ဘာအတွက် လာပြီး အချိန်ဖြုန်းနေတာလဲ။ မြန်မြန်သွားပြီး ကျင့်ကြံစမ်း။ "
"ဟမ်"
ဒေါသထွက်နေသည့် အသံတစ်ခုသည် ခန်းမအတွင်း ထွက်ပေါ်လာခဲ့သည်။ ထို့နောက် အရာအားလုံးသည် တိတ်ဆိတ်သွားခဲ့သည်။
"သခင်လေး"
လေ့ကျင့်ရေးစခန်း၏ အပြင်ဘက်တွင် ရထားလုံးသုံးစင်း ရပ်တန့်နေခဲ့သည်။ သံမဏိလက်၊ လူအိုကြီးလင်းယုန်ငှက် နှင့် တစ်ကိုယ်တော်ဝံပုလွေတို့သည် ထိုရထားလုံးများ၏ ဘေးတွင် ရပ်နေခဲ့ကြကာ သူတို့အပေါ် ကောင်းကင်ထက်၌ လင်းယုန်ငှက်သုံးကောင် ပျံဝဲနေခဲ့သည်။
ဝမ်ချောင်သည် သူတို့၏ ရောက်ရှိလာမှုကို အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"နေရာက ဘယ်မှာလဲ"
"မြို့အနောက်ဘက်မှာရှိတဲ့ ဂိုဂူလျောတို့ရဲ့နေဆယ်စင်းတည်းခိုခန်းမှာပါ။ "
လူအိုကြီးလင်းယုန်ငှက်သည် ဖိတ်စာကို ကမ်းပေးလိုက်ကာ ပြောလိုက်သည်။ လက်ဆတ်သည့် သွေးနှင့် ဆင်တူသော ကြက်သွေးရောင်ကြီးမားသည့် စကားလုံးနှစ်လုံးသည် အနက်ရောင်နောက်ခံပေါ်တွင် ရေးထိုးထားသည်။
"ဖိတ်စာ"
"ဟက် မျှော်လင့်ထားတဲ့အတိုင်းပဲ။ ဒီလိုအကြောက်အလန့်ကင်းကင်းနဲ့ လူတစ်ယောက်ကသာ ဒီလိုကိစ္စကို လှုံ့ဆော်ရဲမှာ။ "
ဝမ်ချောင်သည် လူအိုကြီးလင်းယုန်ငှက်လက်ထဲမှ ဖိတ်စာကိုယူလိုက်ပြီး သူ့ခေါင်းကို ခါလိုက်သည်။ ထို့နောက် သူ့ခေါင်းကို နိမ့်လိုက်ပြီး ရထားလုံးထဲသို့ ဝင်လိုက်သည်။
“ကျားး”
မြင်းကျာပွတ်သံနှင့် ကြိမ်းမောင်းသံတစ်ခုနှင့်အတူ ရထားလုံးသုံးစင်းသည် မြို့တော်ဆီသို့ ဖြည်းညင်းစွာ စတင်ရွေ့လျားလိုက်ကြသည်။ ဝမ်ချောင် အချိန်အကြာကြီး မျှော်လင့်စောင့်စားနေခဲ့သော လူတစ်ဦးသာရှိပေသည်။
မဟာထန်တိုင်းပြည်တွင် လက်ရှိ၌ မုန်တိုင်းတစ်ခု အစပျိုးနေသည်ကို မည်သူမျှမသိပေ။
ထို့အပြင် ဤမုန်တိုင်းသည် မည်သည့်အကျိုးရလဒ်ကို ဖြစ်စေမည်လဲ မည်သူမျှမသိပေ။ နောင်နှစ်များစွာကြာမှသာ ၎င်း၏နောက်ဆက်တွဲဆိုးကျိုးများကို စတင်ပြသနိုင်မည်ဖြစ်သည်။
မြို့အနောက်ပိုင်း၌ ဂိုဂူလျောတို့၏နယ်မြေတွင် မီးပုံးတန်းများကို လမ်းတစ်လျှောက်တွင် ချိတ်ဆွဲထားသည်။ သို့သော်လည်း ဝမ်းနည်းဖွယ်ရာလေထုကြောင့် ထိုအရာသည် ထူးထူးခြားခြားမှေးမှိုင်နေပုံရသည်။
ရှိုရှုဘုရင်၏သေဆုံးမှုသည် ဤနယ်မြေတစ်ခုလုံးကို ရိုက်ခတ်သွားသော ဧရာမလှိုင်းလုံးကြီးတစ်ခုကဲ့သို့ပင်။ ဂိုဂူလျောတို့၏ မာန်မာနများကို ပျောက်ကွယ်သွားစေကာ သူတို့ကို ကျိုးနွံပြီး ကြောက်ရွံ့သွားစေလေသည်။
ဝမ်ချောင်သည် လက်ရှိတွင် ဤမြေပေါ်၌ ရပ်နေ၏။
ပျားပန်းခပ်မျှလှုပ်ရှားနေသော လမ်းများသည် ယခင်ကထက် များစွာအေးစက်သွားပုံပေါ်သည်။ တစ်ချိန်က ခံစားခဲ့ရသော ချမ်းသာသုခများသည် ပျောက်ကွယ်သွားပုံပေါ်သည်။
ဂိုဂူလျောတို့သည် တော်ဝင်ရုံးတော်၏ ဩဇာကြီးမားသော အရာရှိများကို သတ်ဖြတ်ရန် အမှန်ပင်ကြိုးစားခဲ့ကြသည်။ စစ်ဆင်ရေးအတွက် သူတို့၏အမိမြေမှ စစ်သည်တစ်ထောင်ကျော်ကိုပင် ဆင့်ခေါ်ခဲ့သည်။
ဤကိစ္စသည် ဂိုဂူလျောများအတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်ခဲ့သည်။
ဂိုဂူလျောတို့၏ ဈေးဆိုင်အများစုသည် ယခုတွင် အေးစက်ပြီး လူသူကင်းမဲ့နေခဲ့သည်။
အချိန်တိုအတွင်း ဤအရာသည် ပြောင်းလဲရန် အလားအလာမရှိပေ။
သံမဏိလက် မျက်မှောင်ကြုတ်လိုက်သည်။
"သခင်လေး သေချာပေါက် ဒါက မကောင်းဘူးမလား။ ဒီလူတွေက ရှိုရှုဘုရင်နဲ့ သူတို့ရဲ့စစ်တပ်ကို ကျွန်တော်တို့ရှင်းထုတ်ပြီးနောက်မှာ ကျွန်တော်တို့ကို သတ်ဖြတ်ဖို့ အသေအလဲကြိုးစားကြမှာ။ ဒီအချိန်မှာ သူတို့ရဲ့ နယ်မြေထဲ လာဖို့ဆိုတာက..."
သြဇာကြီးမားသော တောင်ပိုင်းကာကွယ်ရေးစစ်သူကြီး ကျန့်ချိုးကျင်းချုံးသည် ဂိုဂူလျောတို့၏ နယ်မြေတွင် ဧည့်ခံပွဲတစ်ခုကျင်းပလိမ့်မည်ဟု မည်သူမျှမျှော်လင့်ထားမည်မဟုတ်ပေ။
ရှိုရှုဘုရင်နှင့် ကိစ္စပြီးနောက် ဂိုဂူလျောတို့သည် သူတို့ဆီသို့ ရန်လိုမှုများဖြင့် ပြည့်နှက်နေခဲ့ကြသည်။ အမှန်တွင် ဂိုဂူလျောတိုင်း၏ နေအိမ်၌ သူ့ပုံတူရှိသည် ဟူ၍ပင် သတင်းများရှိခဲ့သည်။
"ဟီးဟီး အဲဒီတော့ ဘာဖြစ်လဲ။ ငါတို့က ဂိုဂူလျောတို့ကို ကြောက်ရွံ့ရမယ်လူမဟုတ်ဘူး၊ ဂိုဂူလျောတို့ကသာ ငါတို့ကို ကြောက်ရွံ့ရမယ့် လူတွေဖြစ်ရမှာ။ မဟာထန်ရဲ့ ပိုင်နက်ထဲမှာ ငါတို့က ဘာလို့ အဲဒီတိုင်းတပါးသားတွေပို ကြောက်နေရမှာလဲ။ "
ဝမ်ချောင်သည် ခေါင်းမော့ထားခဲ့ကာ အမှုမထားသလို ပြောလိုက်သည်။
သူသည် ပြတင်းပေါက်များနှင့် တံခါကြားမှ လာသော အကြည့်များကို အာရုံခံနိုင်ပေသည်။ သို့သော် သူသည် သူတို့ကို ဂရုစိုက်မနေပေ။
သူတို့၏ မောက်မာမှုများကို ထိန်းချုပ်ရန် အချိန်တန်ပြီဖြစ်သည်။ အထူးသဖြင့် သူတို့သည် မဟာထန်တွင် လျှို့ဝှက်ကြံစည်ခဲ့ပြီး ပြီးမြောက်ပြီးနောက်တွင် ဖြစ်သည်။
သိပ်မကြာခင်မှာပင် သူတို့လေးယောက်အုပ်စုသည် ထူးခြားစွာဒီဇိုင်းထွင်ထားသော ခမ်းနားထည်ဝါသည့် တည်းခိုခန်းတစ်ခုဆီသို့ ရောက်လာခဲ့ကြသည်။ ထိုအရာ၏ အပြင်ပိုင်းကို အနက်ရောင်နှင့် ရွှေရောင်ခြယ်သထားသည်။
"နေဆယ်စင်းတည်းခိုခန်း"
ဝမ်ချောင်သည် အပြင်ဘက်ရှိ အနက်ရောင်ဆိုင်းဘုတ်ဆီသို့ ကြည့်လိုက်သည်။ ဆိုင်းဘုတ်ပေါ်တွင် နေဆယ်စင်းကို ပစ်ချနေသည့် ရှေးဒဏ္ဍာန်ရီလာ လူတစ်ဦး၏ ရုပ်ပုံလည်းရှိသည်။
ဤသည်မှာ ကျန့်ချိုးကျင်းချုံးက သူ့ကို ဖိတ်ခေါ်ခဲ့သော နေရာပင်ဖြစ်သည်။
စာရေးသူအမှာစာ- နေဆယ်စင်းကို ပစ်ချနေတဲ့ပုဂ္ဂိုလ်က တရုတ်ရိုးရာ ဒဏ္ဍာရီလာပုဂ္ဂိုလ် ဟုန်းယွီပါ တဲ့။
အပိုင်း ၂၇၀
တိုင်းပြည်၏ အခရာ ကျန့်ချိုးကျင်းချုံး
ကျန့်ချိုးကျင်းချုံးသည် မြို့တော်ထဲသို့ မထင်မရှား ဝင်ရောက်လာခဲ့သည်။ ထို့ကြောင့် ဝမ်ချောင်ပင်လျှင် ဩဇာကြီးမားသော တောင်ပိုင်းကာကွယ်ရေးစစ်သူကြီး၏ ရောက်ရှိလာသည့် သတင်းကို ယခုလေးတင်မှသာ လက်ခံရရှိခဲ့ခြင်းဖြစ်သည်။
သူကိုယ်တိုင် ရောက်ရှိလာခဲ့ခြင်းကြောင့် သူသည် အောင်မြင်ရန် ဆုံးဖြတ်ချက်ချခဲ့ပြီးဖြစ်ပေမည်။
"အထဲဝင်ကြစို့"
ဝမ်ချောင်သည် သူကိုယ်တိုင် နေဆယ်စင်းတည်းခိုခန်းထဲသို့ မဝင်မီ တခြားသူများကို လောဆော်လိုက်သည်။ ကြက်သွေးရောင် ပါရှန်ဖျာကို အလျှံတငြီးငြီးတောက်လောင်နေသည့်မီးတောက်ပုံများဖြင့် ယက်လုပ်ထားသည်။ လျှောက်လမ်း၏ ဘေးတစ်ဖက်စီတွင်ရှိသော ရွှေရောင်အဆင်တန်ဆာများသည် ရွှေချထားရုံသာမဟုတ်ဘဲ တကယ့်ရွှေအစစ်များဖြင့် ထုလုပ်ထားသည်။
အဖိုးတန်ကျောက်မျက်ရတနာများ၊ သင်္ဘောမဟူရာများ(ကျောက်တစ်မျိုး) နှင့် နှစ်တစ်ထောင်သက်တမ်းရှိ တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းသစ်ပင်များကို အသုံးပြု၍ ပြုလုပ်ထားသော ကောင်းမွန်သည့်သစ်သားပရိဘောဂများကို ဤအလွန်ကြီးကျယ်ခမ်းနားသော ဂိုဂူလျောတည်းခိုခန်း ပတ်ပတ်လည်တွင် မြင်တွေ့နိုင်ပေမည်။ အနက်ရောင် သလင်းကျောက်များကိုပင် နေရာအနှံ့ မြင်နိုင်ပေသည်။
ဤနေဆယ်စင်းတည်းခိုခန်းသည် ဂိုဂူလျောအဆောက်အဦများကြား၌ ဇိမ်ခံပစ္စည်းများတွင် အထွတ်အထိပ်ဖြစ်သည်။ အမှန်ပင် ဤနေရာတွင် ကောက်ခံသည့်စျေးနှုန်းမှာလည်း ထပ်တူထပ်မျှပင် မယုံနိုင်စရာကောင်းလှသည်။
ဤအရာ၏ ရှေ့တွင် ယောင်ကလန်၏ ကြိုးကြာပျံဝဲစံအိမ်သည် ဘာမျှမဟုတ်တော့ချေ။ ကြီးစွာချမ်းသာကြွယ်ဝခြင်းမရှိဘဲ လူတစ်ဦးသည် ဤနေရာတွင် ညစာစားရန် ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။
သို့သော်လည်း ကျန့်ချိုးကျင်းချုံးသည် ဤအရာအတွက် ငွေကြေးများပြတ်လပ်မနေခဲ့ပေ။ ဤသည်မှာ တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးအနေဖြင့် ရသော သူ့လစာကြောင့် မဟုတ်ပေ။
အန်းနန်ကိုစောင့်ရှောက်သည့်နှစ်များတွင် သူသည် အာဟေး နှင့် ကျောက်ခြောက်ကျောက် တို့ထံမှ ချမ်းသာကြွယ်ဝမှုများစွာရရှိခဲ့သည်။
သို့သော်လည်း ဝမ်ချောင်သည် ထိုသည်ကို ဂရုစိုက်မနေပေ။ ကျန့်ချိုးကျင်းချုံး၏လက်များသည် ထိုရှုထောင့်တွင် အလွန်အပြစ်ကင်းစင်လှသည်။ သူသည် တိုင်းတစ်ပါးသားများထံမှ ချမ်းသာကြွယ်ဝမှုများစွာကို ခြိမ်းခြောက်တောင်းခံခဲ့သော်လည်း ပြည်တွင်းမှ သူ မပိုင်ဆိုင်သော အရာများကိုမူ ဘယ်တုန်းကမှ မယူခဲ့ပေ။
ဤသို့ဖြင့် တော်ဝင်ရုံးတော်သည်လည်း သူ့အပြုအမူအတွက် မျက်စိမှိတ်ထားပေးခဲ့သည်။
ပုံရိပ်တစ်ခုသည် နေဆယ်စင်းတည်းခိုခန်း၏ လှေကားဘေးတွင် စောင့်နေခဲ့သည်။ သူသည် ပေါ့ပေါ့ပါးပါးအနက်ရောင်ဝတ်ရုံကို ၀တ်ဆင်ထားပြီး ခါးတွင် ကြက်သွေးရောင်ရွှေခါးပတ်ကို ချိတ်ထားကာ အာဏာရှိသောလူတစ်ဦး၏ အသွင်အပြင်ကို ရရှိစေသည်။ (တရုတ်နန်းတွင်းထဲက မှူးမတ်တွေရဲ့ ခါးမှာ ချိတ်ထားတဲ့ခါးပတ်)
"ချောင်အာ မင်းရောက်လာပြီ"
ဝမ်ချောင်ကိုမြင်သည်တွင် ဦးကြီးဝမ်ကန်းသည် သူ့ကို လှမ်းခေါ်လိုက်ကာ မျက်မှောင်ပြေပြေလေးကြုတ်လိုက်သည်။
"ဦးကြီး"
ပြုံးလိုက်ကာ ဝမ်ချောင်သည် လျင်မြန်စွာသွားလိုက်ပြီး သူ့ကို နှုတ်ဆက်လိုက်သည်။ နောက်ထပ်ကာလတစ်ခုကြာ ပျောက်သွားပြီးနောက် သူ့ဦးကြီးသည် ယခင်ကထက် အခြေအနေပိုကောင်းလာပုံရသည်။ သူ၏အပြုအမူများနှင့်အတူ သဘာဝအတိုင်းထုတ်လွှတ်နေသော ဩဇာအာဏာသည် ယခင်ကထက် ပို၍ပြင်းထန်စွာခံစားရစေသည်။
ကလန်အတွင်း အကျပ်အတည်းအမျိုးမျိုးကို ဖြေရှင်းပြီးနောက် သူ့ဦးကြီးသည် လက်ရှိတွင် တော်ဝင်ရုံးတော်၌ ကြီးမားသော သြဇာလွှမ်းမိုးမှုကို ခံစားနေပြီဖြစ်ကြောင်း ဝမ်ချောင်သိလိုက်သည်။ သူသည် ရာထူးမတိုးခဲ့သော်လည်း ထိုနေရာတွင် သိသိသာသာမြင့်မားသော အဆင့်အတန်းနှင့် လုပ်ပိုင်ခွင့်ကို ရရှိခဲ့သည်။ သူ့ခါးရှိ ကြက်သွေးရောင် ရွှေခါးပတ်သည် ပညာရှင်ဧရာဇ်ထံမှ လက်ဆောင်တစ်ခုဖြစ်သည်။
ကြင်ယာတော်ထိုက်ကျန်းနှင့် ဒေသဆိုင်ရာတပ်မှူးများကိစ္စပြီးနောက် ဝမ်ကလန်၏ ဂုဏ်သတင်းသည် သိသိသာသာမြင့်တက်လာခဲ့သည်။ ဝမ်ချောင်သည် တော်ဝင်ရုံးတော်၏ အဖွဲ့ဝင်မဟုတ်သောကြောင့် ထိုအရာများမှ ကြီးမားသည့် အကျိုးအမြတ်ကို ရရှိခဲ့သူမှာ ဝမ်ကန်း ပင်ဖြစ်သည်။
ဝမ်ကလန်၏အဖွဲ့ဝင်များသည် တူညီသော မျိုးရိုးဇစ်မြစ်များမှဖြစ်ကြ၍ သူတို့သည် အတူတကွစံစားကြရပြီး အတူတကွ ခံစားကြရပေသည်။ ဝမ်ချောင်သည် ထိုအရာများမှ အကျိုးအမြတ်ရရှိသူမဟုတ်ခဲ့သော်လည်း သူသည် သူ့ဦးကြီးအတွက် ဝမ်းသာပေသည်။
သူ့အဖိုးအနားယူပြီးနောက် သူဦးကြီးသည် တော်ဝင်ရုံးတော်တွင် သူ၏ ကာကွယ်စောင့်ရှောက်သူနှင့် အသံ ဖြစ်လာခဲ့သည်။ ဝမ်ချောင်သည် တော်ဝင်ရုံးတော်တွင် သြဇာလွှမ်းမိုးရန် နည်းလမ်းမရှိသဖြင့် သူသည် သူ့ဦးကြီးကို ထိုသို့သော ပုံစံဖြင့် ကူညီရုံသာ တတ်နိုင်ပေသည်။
"ခင်ဗျား အကြာကြီးစောင့်ခဲ့ရမှာပဲ။ "
ဝမ်ချောင် ပေါ့ပေါ့ပါးပါးလမ်းလျှောက်လာလိုက်သည်။
"အဲလိုလည်း မဟုတ်ပါဘူး။ ငါလည်း အခုလေးတင်မှ ရောက်တာပါ။ "
ဝမ်ကန်းသည် ဂျူနီယာများအတွက် အကြီးအကဲတစ်ဦး၌ရှိရမည့် ဂရုစိုက်မှုနှင့် စိုးရိမ်မှုတို့ဖြင့် ယောင်ယောင်လေးပြုံးလိုက်သည်။
ဤသည်မှာ မိသားစုအဖွဲ့ဝင်များအကြား စစ်မှန်သော မိသားစုဆက်ဆံရေးဖြစ်သည်။ ဤအရာသည် သူ့ယခင်ဘဝတွင် ဝမ်ချောင်အတွက် စိတ်ကူးရန်မဖြစ်နိုင်သောအရာဖြစ်သည်။ ဤဘဝတွင် ထိုအရာသည် သူ့အကြီးမားဆုံး ဂုဏ်ယူမှုနှင့် အောင်မြင်မှု ဖြစ်လာခဲ့သည်။
သူသည် အချင်းချင်း ရန်ဖြစ်ရန် အကြံအစည်မရှိခြင်း၊ အကြီးအကဲတစ်ဦးနှင့် အငယ်တစ်ဦးကြား ဖြူစင်သော ဆက်ဆံရေးနှင့် အပြန်အလှန်ဖလှယ်ခြင်းကို နှစ်သက်ပေသည်။
"မင်း ကျန့်ချိုးကျင်းချုံးရဲ့ ဖိတ်စာကို လက်ခံရရှိခဲ့တယ်မလား"
ဝမ်ကန်းသည် သူ့လက်များကို ကျောနောက်ပစ်လျက် မေးလိုက်သည်။
"အင်း ဒါက မမျှော်လင့်ထားခဲ့တာပဲ။ တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးတစ်ဦးအနေနဲ့ သူက ကျွန်တော့်ကို ဖိတ်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ "
ဝမ်ချောင်အတွက် သူ့ဦးကြီးကို လျှို့ဝှက်နေစရာမလိုပေ။ သူသည် ဤဖိတ်ကြားချက်ကြောင့် အမှန်ပင် အံ့အားသင့်ခဲ့ရသည်။ ကျန့်ချိုးကျင်းချုံးသည် လူများစွာကို ကြောက်ရွံ့စေခဲ့သော ဩဇာကြီးမားသည့် တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးတစ်ဦးဖြစ်ကာ ဖုမင်လင်းချာ၊ ဂိုဆွန်းကျီ၊ ကော်ရှုဟန် နှင့် ကျန့်ချိုးဟွေ တို့နှင့် အဆင့်အတန်း တူသူဖြစ်ပြီး စစ်တပ်တွင် စစ်မှန်သည့် အရေးကြီးသူတစ်ဦးဖြစ်သည်။
ထို့နောက် ဝမ်ချောင်... သူသည် မည်သူမျှမဟုတ်ဟု မစဉ်းစားနိုင်သော်လည်း သူ့တွင် တရားဝင်ရာထူး အနည်းငယ်မျှပင် မရှိချေ။ ကပ်သီးကပ်သပ်ဆိုရလျှင် စစ်တပ်တွင် အနိမ့်ဆုံး အဖွဲ့ခေါင်းဆောင်သည်ပင် သူ့ထက် ပို၍အဆင့်မြင့်ပေသည်။
သူတို့နှစ်ဦးကြား ရာထူးအဆင့်ကွာဟချက်သည် မိုးနှင့် မြေကဲ့သို့ပင်။ ထိုသည်မှာ ဝမ်ချောင်သည် ဘာကြောင့် ထူးဆန်းသည်ဟု ခံစားနေရခြင်း၏ အကြောင်းအရင်းဖြစ်သည်။
"မင်း အရမ်းကြီးနိမ့်ချနေစရာမလိုပါဘူး၊ ကျန့်ချိုးကျင်းချုံးက ဒီအချိန်မှာ မြို့တော်ကို လာနိုင်ခဲ့တာမှာ မင်းက ကြီးမားတဲ့အခန်းကဏ္ဍကနေ ဝင်ပါခဲ့တာပဲ။ ပြီးတော့ ဝမ်ကလန်ရဲ့ မျိုးဆက်တစ်ယောက်အနေနဲ့ ဘယ်သူကများ မင်းကို သိမ်ငယ်စေရဲမလဲဆိုတာ ကြည့်ကြတာပေါ့။ "
ဝမ်ကန်းသည် ကြောက်မက်ဖွယ်ကောင်းသော အသံဖြင့် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ဝမ်ချောင်သည် လက်ရှိတွင် ဝမ်ကလန်၏ အထူးချွန်ဆုံးသော မျိုးဆက်ဖြစ်ပြီး ကလန်၏ အနာဂတ်လည်း ဖြစ်သည်။
ဝမ်ချောင်ကို အထင်သေးခြင်းသည် ဝမ်ကလန်တစ်ခုလုံးကို အထင်သေးခြင်းနှင့် အတူတူပင်။
"ဟီးဟီး"
ဝမ်ချောင်သည် သူ့နှလုံးသားထဲ နွေးထွေးသွားခဲ့ကာ ရယ်လိုက်သည်။ သူဦးကြီးသည် ပွင့်လင်းစွာမပြောသော်လည်း သူ့အသံထဲတွင် ရင်အုပ်မကွာကာကွယ်ပေးလိုသည်မှာ ထင်ရှားလှသည်။
"ဟုတ်သားပဲ ဦးကြီး ဦးငယ်က ဒီကို မရောက်သေးဘူးလား။ "
ဝမ်ချောင် မေးလိုက်သည်။
ကျန့်ချိုးကျင်းချုံးသည် ဝမ်ကလန်ကို သူ့ဘက်သို့ ဆွဲခေါ်ရန် ရည်ရွယ်ထားခဲ့သောကြောင့် သူ့ဦးငယ်ကို ချန်ထားခဲ့ရန် အကြောင်းပြချက်မရှိပေ။ ဦးငယ်သည် မြို့တော်တွင် တပ်စွဲမနေသော်လည်း သူ့ကို နေရာချထားခြင်းသည် မြို့တော်မှ သိပ်မဝေးပေ။
"ငါ သူ့ကို မလာဖို့ တောင်းဆိုခဲ့တယ်။ "
ဝမ်ကန်းသည် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"ဟမ်"
ဝမ်ချောင်သည် ဦးကြီးကို ကြည့်လိုက်ကာ အံ့အားသင့်သွားခဲ့သည်။
"ငါတို့ဝမ်ကလန်အတွက် ဒီကိစ္စထဲကို အရမ်းကြီးနက်နက်ရှိုင်းရှိုင်း ဝင်မပါတာက အကောင်းဆုံးပဲ။ ငါတို့နှစ်ယောက်ကပဲ လုံလောက်တယ် မင်းရဲ့ဦးငယ်ကိုလည်း ဆွဲထည့်စရာမလိုပါဘူး။ "
ဝမ်ကန်းသည် ဝမ်ချောင်ကို ကြည့်လိုက်ကာ လေးနက်စွာ ပြန်ဖြေလိုက်သည်။
"ကျေးဇူးပြုပြီး ကျွန်တော့်ကို အလင်းပြပါဦး"
ဝမ်ချောင်သည် သူ့အပြုံးကို ရုတ်သိမ်းလိုက်ကာ အနည်းငယ်ဦးညွတ်လိုက်သည်။ ရှင်းလင်းစွာပင် သူ့ဦးကြီး ဤနေရာသို့ ရောက်နေခြင်း၏ အကြောင်းပြချက်သည် သူတို့၏ ဦးလေး-တူလေး ဆက်ဆံရေးကို ဖော်ပြရန်သက်သက်မဟုတ်ဘဲ သူ့ကို အရေးကြီးသည့် သင်ခန်းစာတစ်ခု သင်ပြပေးရန်ဖြစ်သည်။
ဝမ်ချောင်သည် ဘဝနှစ်ခုစာအတွေ့အကြုံရှိသော်လည်း သူသည် သူ့ဦးကြီးအား လျှော့မတွက်သည်က ပိုကောင်းသည်ကို သိသည်။
နိုင်ငံရေးတွင် ဆယ်စုနှစ်များစွာ နှစ်မြုပ်ထားခဲ့သည့် သူ့ဦးလေးသည် ဤကဏ္ဍတွင် သူ့ထက် အဆပေါင်းများစွာ ပိုအတွေ့အကြုံရှိသည်မှာ သေချာပေသည်။
"ကျန့်ချိုးကျင်းချုံးက ကြီးမားတဲ့ရည်မှန်းချက်တွေနဲ့ ဆုံးဖြတ်ချက်ပြတ်သားသူတစ်ဦးပဲ အဲလိုလူတစ်ဦးကို ဆန့်ကျင်တာက ငါတို့အတွက် ပညာရှိရာမကျဘူး။ ဒါပေမယ့်လည်း ငါတို့က သူ့ကို ကူညီခဲ့ရုံနဲ့ သူ့က ငါတို့ဖက်မှာ ရှိလိမ့်မယ်လို့ ယူဆလို့မရဘူး။ သူ့လိုလူတစ်ယောက်က အခြားအင်အားစု ဒါမှမဟုတ် ဘယ်သူနဲ့မှ ပူးပေါင်းမှာမဟုတ်ဘူး..သူကိုယ်တိုင်က အင်အားစုတစ်ခုပဲ။ "
ဝမ်ကန်းစကားပြောလိုက်သည်နှင့် မမြင်နိုင်သည့် အဖြူရောင်လှိုင်းတစ်ခုသည် သူ့ဆီမှ စီးထွက်လာခဲ့ပြီး သူတို့ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားခဲ့သည်။ ဤသို့ဖြင့် သူတို့၏ ပြောစကားများကို မည်သူမျှကြားနိုင်တော့မည်မဟုတ်ချေ။
ဝမ်ချောင် အံ့အားသင့်သွားခဲ့သည်။ ကံကြမ္မာ၏လမ်းကြောင်းကို သူသိသည်ဖြစ်၍ ကျန့်ချိုးကျင်းချုံးသည် ကြီးမားသောရည်မှန်းချက်များကိုပိုင်ဆိုင်ထားပြီး အာဏာကို မရောင့်ရဲ့မတင်းတိမ်နိုင်သည်ကို သူနားလည်ထားခဲ့သည်။ သူသည် အခြားအဖွဲ့အစည်းများနှင့် မဟာမိတ်ဖွဲ့ရန် သူ့ကိုယ်သူ ခေါင်းငုံ့ရန်မှာ သူ့အတွက် မဖြစ်နိုင်ချေ။
သို့သော် ဦးကြီး...
မကြာသေးမီက သူ့ဦးကြီးသည် ကျန့်ချိုးကျင်းချုံး၏စရိုက်ကို ကောင်းစွာမဆုပ်ကိုင်နိုင်သောကြောင့် ဤကိစ္စနှင့် ပတ်သက်၍ တိုင်ပင်ရန် ရောက်လာခဲ့သည်။ သို့သော် ယခုတွင်မူ သူသည် နိုင်ငံရေးတွင် ဆယ်စုနှစ်များစွာ အတွေ့အကြုံရှိသောကြောင့် တစ်ဖက်လူ၏ ပင်ကိုယ်စရိုက်ကို တိကျစွာ ဆုပ်ကိုင်နိုင်ခဲ့သည်။
ထို့နောက် ထိုမှနေ၍ သူသည် ဦးငယ်ကို မလာစေရန်ဆုံးဖြတ်ချက်ချခဲ့ပြီး ဝမ်ချောင်ကို အကြံပေးရန် ဤနေရာတွင် စောင့်ဆိုင်းနေခဲ့သည်။
သူ့ယခင်ဘဝတွင် သူ့ဦးကြီးအကြောင်းကို ဝမ်ချောင်မှတ်မိသည့် အရာအားလုံးမှာ သူ၏ တင်းမာပြီး အသည်းမာသော အကျင့်စရိုက်ပင်။ ထို့အပြင် သူလှမ်းလိုက်သော မှားယွင်းသည့်ခြေလှမ်းတစ်ခုတည်းကြောင့် ဝမ်ကလန်သည် အောက်သို့ ကျဆင်းသွားခဲ့သည်။
သို့သော် ယခုဘဝတွင် သူသည် ထိုလူ၏ အလွန်ခြားနားသော တဖက်ခြမ်းကို မြင်တွေ့ခဲ့ရသည်။
"ကျွန်တော် နားလည်ပါပြီ"
ဝမ်ချောင် ဖြေလိုက်သည်။
"အင်း..ဆိုတော့ ခနနေဧည့်ခံပွဲကျရင် ကျန့်ချိုးကျင်းချုံးကို မစော်ကားမိစေဖို့ သတိပြုရမယ် ဒါပေမယ့် တစ်ချိန်တည်းမှာပဲ သူနဲ့ အရမ်းကြီး အရောတဝင်မနေဖို့လည်း သတိပြုပါ။ ကျန့်ချိုးကျင်းချုံးက ယန်ကျိုးနဲ့ မတူဘူး။ ယန်ကျိုးက ဒီနောက်ကွယ်က အယူအဆကို နားမလည်နိုင်ပေမယ့် ကျန့်ချိုးကျင်းချုံးကတော့ နားလည်တယ်။ ဒါကြောင့် မင်းရဲ့ သဘောထားကနေ မင်းရဲ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းပြရမယ်။ "
ဝမ်ကန်းသည် လေးနက်သည့် လေသံဖြင့် ပြောလိုက်သည်။
သူသည် သူ၏ဤတူလေးဖြစ်သူအား သူ့မျှော်လင့်ချက်များကို ပုံအောထားပြီး တော်ဝင်ရုံးတော်သို့မဝင်ရောက်မီ ပြင်းထန်သောခြေချော်မှုများကို ကြုံတွေ့စေရန် ဆန္ဒမရှိပေ။ ဤသည်မှာ အထူးသဖြင့် ကျန့်ချိုးကျင်းချုံးကဲ့သို့သော အရေးကြီးသည့် ပုဂ္ဂိုလ်နှင့် ရင်ဆိုင်ချိန်တွင် ဖြစ်သည်။ မည်သည့်အမှားမဆို လုံးဝဟာတစ်ခုဖြစ်သွားနိုင်ပေသည်။
"ဦးကြီး အရင်က ကျန့်ချိုးကျင်းချုံးနဲ့ ဆုံခဲ့ဖူးလား။ "
ဝမ်ချောင် ရုတ်ချည်းမေးလိုက်သည်။
"အင်း"
ဝမ်ကန်းသည် မေးခွန်းကြောင့် အံ့အားသင့်သွားခဲ့သည်။ သို့သော် သူသည် ချက်ချင်းခေါင်းညိတ်ပြလိုက်သည်။
"ငါ သူ့ကို သူမြို့တော်ထဲဝင်လာချိန်တုန်းက တည်းခိုခန်းတစ်ခုကနေ မြင်ခဲ့တာ။ "
ဝမ်ချောင် ခေါင်းညိတ်လိုက်သည်။ အချို့အရာများကို ရှင်းရှင်းလင်းလင်း ဆုပ်ကိုင်နိုင်ရန်မလိုအပ်ပေ။ ဝမ်ကန်းသည် သူ့အကျင့်စရိုက်ကို နားလည်ရန် လုံလောက်ပေသည်။
ကျန့်ချိုးကျင်းချုံးသည် အထဲတွင် စောင့်နေသောကြောင့် အပြင်ဘက်တွင် အချိန်အကြာကြီး စကားစမြည်းပြောခြင်းက သူတို့အတွက် ရိုင်းပြရာကျသည်။ ဦးကြီးနှင့် စကားစမြည်းပြောပြီးနောက် ဝမ်ချောင်သည် သူ ဘာလုပ်ရမည်ကို သိလိုက်သည်။
ထို့ကြောင့် သူတို့နှစ်ဦးသည် ရှေ့သို့ အတူတကွလျှောက်သွားလိုက်ကြပြီး လှေကားပေါ်သို့ တက်လိုက်ကြသည်။
အပြင်ဘက်ရှိ ပျက်စီးခြောက်ကပ်နေသော လမ်းနှင့်ဆန့်ကျင်စွာ နေဆယ်စင်းတည်းခိုခန်းသည် ပျားပန်းခက်မျှလှုပ်ရှားမှုဖြင့် အသက်ဝင်လှသည်။
အကြည့်တစ်ချက်ဖြင့် ဝမ်ချောင်သည် အနက်ရောင်သံချပ်ကာဝတ်စစ်သူကြီးအချို့ အရက်သောက်ပြီး စနောက်ကာ ရယ်မောနေကြသည်ကို တွေ့လိုက်သည်။
'ဒါက အန်းနန်ကနေ ကျန့်ချိုးကျင်းချုံးခေါ်လာတဲ့ တပ်မှူးတွေပဲဖြစ်ရမယ်'
ဝမ်ချောင် တွေးလိုက်သည်။
ဤလူများသည်ကျင်းနန်ဒေသမှသူတို့၏ထူးခြားသောစရိုက်လက္ခဏာများကိုသယ်ဆောင်ထားကြသည်။ ကျန့်ချိုးကျင်းချုံးသည် မြို့တော်သို့ဝင်ရန် ဆုံးဖြတ်ခဲ့သောကြောင့် သူသည် တစ်ယောက်တည်းလာမည်မဟုတ်ချေ။ ထို့ကြောင့် သူနှင့်အတူ ယုံကြည်စိတ်ချရသည့် တပ်မှူးအနည်းငယ်ကို ခေါ်ဆောင်လာသည်မှာ မထူးဆန်းပေ။
ကျန့်ချိုးကျင်းချုံးခေါ်ဆောင်လာသည့် တပ်မှူးများမှလွဲ၍ ဒုတိယအထပ်တွင် ဂိုဂူလျောအချို့လည်း ရှိသည်။ သူ့ကို မြင်သည်တွင် သူတို့သည် မုန်းတီးစွာဖြင့် ချက်ချင်း သူ့ကို စိုက်ကြည့်လိုက်ကြသည်။
"ဟမ်"
အေးစက်စွာနှာခေါင်းရှုံ့လိုက်ကာ သူသည် ဦးကြီးနှင့်အတူ တတိယအထပ်သို့ တက်လိုက်သည်။
"ဟားဟား ကျယ်ရှင်း မင်းရောက်လာပြီ"
တတိယထပ်သို့ မရောက်မီမှာပင် သူသည် ကျယ်လောင်သည့် ရယ်မောသံကို အပေါ်မှ ကြားလိုက်ရပြီး နက်ရှိုင်းသည့်အသံက သူတို့ကို ကြိုဆိုလာသည်ကို ကြားလိုက်ရသည်။
'ဒီလူက... ကျန့်ချိုးကျင်းချုံးဖြစ်မယ်'
ဝမ်ချောင် တွေးလိုက်သည်။
တတိယထပ်တွင် အသက်ဝင်လှသောလေထုရှိသော်လည်း ဒုတိယထပ်ထက် ပို၍ တိတ်ဆိတ်နေသည်။
ဝမ်ချောင်သည် ကျန့်ချိုးကျင်းချုံးကို တစ်ခါမျှ မမြင်ဖူးသော်လည်း လူစုလူဝေးကို လျင်မြန်စွာ ဖြတ်ကျော်ကာ တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးကို အလွယ်တကူ ဖော်ထုတ်နိုင်ခဲ့သည်။
ခန်းမ၏ဘယ်ဘက်ထောင့်တွင် ခြေသုံးချောင်းကျီးကန်းရုပ်တုတစ်ခုအောက်ရှိ နံရံအနီးတွင်ထိုင်နေသည့် ကျယ်ပြန့်သောပုခုံး၊ နောက်ကျောကြွက်သားများနှင့် မုတ်ဆိတ်မွေးရှိသော အမျိုးသားတစ်ဦးသည် ထိုင်ခုံမှထရပ်လာခဲ့သည်။
ဤရိုးရှင်းသော လှုပ်ရှားမှုသည် တောင်ကြီးတစ်ခုလုံး မြေပြင်မှ ရုတ်တရက်ကြွလာပြီး ကမ္ဘာမြေကြီး ကွဲအက်သွားသကဲ့သို့ ခံစားရစေသည်။
သူယခင်ဘဝတွင် ဝမ်ချောင်သည် ဤသြဇာကြီးမားသောကာကွယ်ရေးစစ်သူကြီးများနှင့် တွေ့ဆုံရန် အရည်အချင်းမပြည့်မီခဲ့ချေ။
ဤသို့ဖြင့် ဤသည်မှာ ကျန့်ချိုးကျင်းချုံးနှင့် တွေ့ဆုံသည့် သူ့ပထမဆုံးအကြိမ်ဖြစ်သည်။
ကျန့်ချိုးကျင်းချုံးသည် ဝမ်ချောင်သိဖူးသမျှ ယောက်ျားသားများစုထက် လွန်စွာအားကောင်းသော ကိုယ်နေဟန်ထားရှိသည်။ စစ်တပ်မှ လူတစ်ယောက်အဖြစ် မျှော်လင့်ထားသည့်အတိုင်းပင် သူသည် သံမဏိကဲ့သို့ မာကျောသည်ဟု ခံစားရစေသည်။
သူ့ကိုတွေ့သည့်လူတိုင်း သူသည် သာမန်ကွပ်ကဲသူတစ်ယောက်မဟုတ်ဘဲ စစ်သေနာပတိဖြစ်ကြောင်း ချက်ခြင်းသဘောပေါက်ပေလိမ့်မည်။
သို့သော်လည်း ဝမ်ချောင်ကို ဆွဲဆောင်သွားသည်မှာ သူ့မျက်လုံးတစ်စုံဖြစ်သည်။
ဖုံးကွယ်မထားသော ရည်မှန်းချက်များဖြင့် ပြည့်နေသည့် မျက်လုံးတစ်စုံ။
‘ကျန့်ချိုးကျင်းချုံး..။’
လှေကားအဆုံးတွင်ရပ်နေကာ ဝမ်ချောင်သည် တိုင်းပြည်အပေါ် လက်ရှိတွင်ဖြစ်စေ အနာဂတ်တွင်ဖြစ်စေ အဆုံးအဖြတ်သက်ရောက်မှုရှိသော အခရာဖြစ်သူကို အကဲခတ်လိုက်သည်။
စာရေးသူအမှာစာ- ကျယ်ရှင်းက ဝမ်ကန်းရဲ့ နောက်ထပ်နာမည်တစ်ခုပါ။
ဘာသာပြန်သူအမှာစာ- ဟဲဗီးဝိတ်ကို အခရာ လို့ ဘာသာပြန်ထားပါတယ်။ six zhao ကို ကျောက်ခြောက်ကျောက် လို့ ဘာသာပြန်ထားပါတယ်။