← Chapters

အခန်း (၄၅၈)

Vol. 35 Ch. 458

အခန်း (၄၅၈)

Vol. 35 Ch. 458

ကျောင်းစန်းမှ ပြောသည်။

“သခင်လေး အနိုင်ရတာက သခင်လေးက ကျွန်တော့်ထက် ပိုအင်အားကြီးတာကြောင့် မဟုတ်ဘဲ သခင်လေးရဲ့ဓားက ထက်ရှလို့ပါ။ သခင်လေးမှာ သတ္တိရှိရင် လျိုစုန့်ဓားကိုချပြီးတော့ ကျွန်တော်နဲ့ တိုက်ခိုက်ပါလား”

ထိုစကားတွင် လျိုစုန့် မျက်မှောင်ကြုတ်လိုက်သည်။

ခေါင်းဆောင်ဟေးမှ အော်ငေါက်သည်။

“ကျောင်းစန်း မင်းစကားလှည့်ပြောနေတာကို ရပ်လိုက်တော့ သစ္စာဖောက်ကောင်။ သခင်လေးကိုယ်တိုင် မင်းကို တိုက်ခိုက်တာကိုက မင်းအတွက် ဂုဏ်ယူစရာဖြစ်နေပြီ။ ငါသာ မင်းနေရာမှာဆိုရင် အစောကြီးကတည်းက အညံ့ခံလိုက်ပြီးပြီ”

ထိုအခါ ကျောင်းစန်းမှ ပြောသည်။

“သခင်လေး လျို့စုန့်ဓားကို ချထားလိုက်ပါ။ အဲဒါတောင်မှ သခင်လေး ကျွန်တော့်ကို အနိုင်ယူနိုင်ရင် ကျွန်တော် လက်ခံလိုက်မယ်”

ထိုအခါ လျိုစုန့်မှ မျက်လုံးတို့မှေးကျဉ်းလိုက်ပြီး ပြောသည်။

“ကျောင်းစန်း မင်း စကားတွေလှည့်ပတ်ပြောမနေနဲ့။ သေဖို့သာ ပြင်လိုက်တော့!”

“အာ မင်းကို အရူးလုပ်မရဘူးပဲ။ အဲဒါဆိုလည်း သေလိုက်တော့ပေါ့”

ကျောင်းစန်းမှ လက်မြှောက်လိုက်ရာ ဝှစ်ခနဲအသံနှင့်အတူ သူ၏အင်္ကျီလက်ထဲမှ အဆိပ်လူးမြှားတစ်စင်း ပျံထွက်လာသည်။

“သခင်လေး သတိထား၊ အဆိပ်မြား!”

ထိုအခိုက်တွင် လျိုစုန့်၏မျက်လုံးအစုံ၌ သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ပြင်းစွာ ထင်ဟပ်သွား၏။

“သေခါနီးတောင်မှ ကောက်ကျစ်တဲ့လှည့်ကွက်တွေ သုံးနေသေးတယ်၊ သေလိုက်တော့!”

ဝှစ်..

လျိုစုန့်၏ဓားသွား သက်ဆင်းသွားပြီး အဆိပ်လူးမြားသည် လျိုစုန့်၏ဓားနှင့် ထိခတ်သွားကာ နှစ်ပိုင်းပြတ်သွားတော့သည်။

ထိုမြင်ကွင်းတွင် ကျောင်းစန်း စိတ်ထဲမှ တွေးလိုက်သည်။

“ထက်လိုက်တဲ့ဓားပဲ”

လျိုစုန့်သည် တစ်ဟုန်ထိုး တိုက်ခိုက်ရန်ပြင်သည်။ ထိုအခါ ကျောင်းစန်းသည် ဖြူဖျော့သွားပြီး အော်ဟစ်၏၊

“သခင်လေး နေပါဦး!”

“မင်းမေကြီးကို နေခိုင်းနေလိုက် သေလိုက်တော့!”

“သခင်လေး နှစ်ယောက်တစ်ယောက်တိုက်တာ မမျှတဘူးနော်။ ကျွန်တော် အသက်လေးရှူပါရစေဦး!”

ကျောင်းစန်းသည် သူ၏ ထိုစကားမှာ အချည်းနှီးဖြစ်လိမ့်မည်ဟုသာ ထင်ထားခဲ့၏။ သို့သော် အံ့အားသင့်ဖွယ်ကောင်းလှစွာပင် လျိုစုန့်သည် တကယ်ကြီးရပ်သွားပြီး ပြောလာသည်။

“ကောင်းပြီလေ၊ ငါမင်းကိုမေးမယ်။ မင်းကို နန်ပါးထျန်းလွှတ်လိုက်တာလား”

“မဟုတ်ပါဘူး။ ကျွန်တော့်ကို ချန်ကျိုစစ်လွှတ်လိုက်တာပါ”

“ဟမ်?”

လျိုစုန့်သည် ခဏတွေဝေသွားပြီးနောက် နားလည်သွား၏။

“ဟားဟား တကယ့်ကို အသေခံတပ်သားပါပဲလား။ မင်းက ငါ့ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားပြီးတော့ မင်းကို ချန်ကျိုစစ်က လွှတ်လိုက်တာပါလို့ ပြောတယ်။ အဲဒီလိုနဲ့ ငါ့အဖေနဲ့ ချန်ကျိုစစ်တို့ အသေအကြေတိုက်ခိုက်တာကို လိုချင်နေတာပဲ။ နန်ပါးထျန်းကတော့ ကြားကနေ အကျိုးအမြတ်တွေကို ရိတ်သိမ်းလိုက်ရုံပဲပေါ့ ဟုတ်တယ်မလား”

ကျောင်းစန်း သက်ပြင်းချလိုက်သည်။

“နှမြောစရာပဲ။ အကုန်လုံးကို အဲဒီကောင်ချန်ကျိုစစ်က ဖျက်ဆီးလိုက်ပြီ။ သူက ဒီအစီအစဉ်ကို ဘယ်လိုတောင် ဖောက်ထွင်းသိနိုင်သွားတာများလဲ”

ကျောင်းစန်းသည် ယခုအချိန်အထိ သူတို့၏အစီအစဉ်သည် ချန်ကျဲ့ထံ မည်သို့ပေါက်ကြားသွားကြောင်းကို နားမလည်နိုင်သေးပေ။

ဤကြံစည်မှု၏ အဓိကသော့ချက်မှာ တစ်အချက် ချန်ကျဲ့ ရောက်လာရမည်။ နှစ်အချက် သူ၏လုပ်ကြံမှု အောင်မြင်ရမည်။ သုံးအချက် သူ့ကိုယ်သူ ချန်ကျိုစစ်၏လူဟု ထွက်ဆိုရမည်ဟူ၍ ဖြစ်သည်။

ထိုအချက်များထဲမှ တစ်ခုခုကျရှုံးသွားခဲ့ပါက အစီအစဉ်တစ်ခုလုံး ကျရှုံးသွားလိမ့်မည်။

အရေးအကြီးဆုံးအချက်မှာ နန််ပါးထျန်းမှ ငယ်စဉ်ကတည်းက လေ့ကျင့်ပေးထားသည့် အသေခံတပ်သားဖြစ်သော ကျောင်းစန်းကိုယ်တိုင်ဖြစ်သည်။ ကျောင်းစန်းသည် အကောင်းဆုံးသော အရင်းအမြစ်များကို လက်ခံရရှိခဲ့ပြီး လေ့ကျင့်မှုပြီးဆုံးသောအခါ ဤသို့အလုပ်တာဝန်များကို တာဝန်ပေးအပ်ခံရသည်။

ဤတစ်ကြိမ်အလုပ်တာဝန်သည် ဤသို့ဖြစ်ခဲ့သင့်သည် ဖြစ်၏။ ချန်ကျိုစစ် ရောက်လာမည်၊ မည်သို့စကားများ ပြောဆိုဆွေးနွေးကြသည်ဖြစ်စေ အဆုံးတွင် နှစ်ဖက်အပြန်အလှန် တိုက်ခိုက်ကြလိမ့်မည်၊ ထို့နောက် လျိုစုန့်ကို နောက်ကွယ်မှ လုပ်ကြံသတ်ဖြတ်ရန်် အခွင့်အရေးရှာပြီး လုပ်ဆောင်ရမည်။

ထို့နောက်တွင် ကျောင်းစန်းမှာ နေရာတွင် သတ်ဖြတ်ခံရသည်ဖြစ်စေ၊ ချောင်ကုန်သည်အဖွဲ့သို့ ဖမ်းခေါ်သွားခံရပြီး ခေါင်းဆောင်လျိုမှ နှိပ်စက်ညှဉ်းပန်း၍ စစ်မေးသည်ဖြစ်စေ သူ့ကိုယ်သူ ချန််ကျိုစစ်၏လူဖြစ်ကြောင်း ပြောရမည်၊ ထို့နောက် နည်းလမ်းရှာ၍ ကိုယ့်ကိုယ်ကိုယ်သတ်သေပြီး သက်သေဖျောက်ဖျက်ရပေမည်။

သို့ဖြင့် အခြေအနေသည် ဘောင်းဘီထဲမှ ရွှံ့တစ်ဆုပ်ကဲ့သို့ အညစ်အကြေးမဟုတ်သော်ငြား အညစ်အကြေးဖြစ်နေဆဲဖြင့် ချန်ကျိုစစ်အား ငြင်းဆန်နိုင်စွမ်းမရှိဘဲ ခေါင်းဆောင်လျိုသည်လည်း ရက်စက်ပြတ်သားသည့် ဆုံးဖြတ်ချက်ကို ချလိုက်ရလိမ့်မည်။

တချို့က ခေါင်းဆောင်လျိုက ကျိုးကြောင်းဆီလျော်တယ်လို့ ပြောကြတယ်။ သောက်ပေါက်ကရတွေ!

တစ်အချက် ခေါင်းဆောင်လျိုကလည်း လူသားပဲ။ လျိုစုန့်က သူ့ရဲ့တစ်ဦးတည်းသော အဖိုးတန်သားလေး။ လျိုစုန့်သေသွားရင် လျိုမျိုးရိုးက မျိုးဆက်ပြတ်ပြီ။ လုံးဝ ပြင်ဆင်လို့မရနိုင်တော့ဘူး။ အဲဒီလိုအခြေအနေမျိုးမှာ ဘယ်သူက ကျိုးကြောင်းဆီလျော်နေနိုင်ဦးမှာလဲ?

ကျိုးကြောင်းဆီလျော်နေနိုင်စရာအကြောင်း မရှိဘူး။ ခေါင်းဆောင်လျိုက ချန်ကျိုစစ်မှာ အပြစ်ကင်းပါတယ်လို့ တွေးခေါ်နိုင်မှာ မဟုတ်တော့ဘူး။ သေချာပေါက် ချန်ကျိုစစ်နဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ပြီး ကျုပ်သခင်ရဲ့ အစီအစဉ်ကို အောင်မြင်စေလိမ့်မယ်။ အစီအစဉ်က ဒီလိုမျိုး ပြီးပြည့်စုံနေသင့်တာ။

ဒါပေမဲ့ အခုတော့ အကုန်လုံးပျက်စီးသွားပြီ။ ချန်ကျိုစစ်မှာ ဖြေရှင်းဖို့အစီအစဉ်ရှိနေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ? ချန်ကျိုစစ်က တကယ်ပဲ ဘယ်လိုများ သိသွားရတာလဲ?

ပြီးတော့ ဖြေရှင်းဖို့အစီအစဉ်ရှိနေရင်တောင်မှ သူက ဘယ်လိုများ သတင်းကို အချိန်မီ ပို့နိုင်ရတာလဲ။ ဒီနေ့ည မလှုပ်ရှားခင်မှာ ချန်ကျိုစစ်ကို ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်မှာ အပြင်ထွက်မရအောင် ပိတ်ထားမှာ မဟုတ်ဘူးလား။ သူ့မှာ အစီအစဉ်ကို သတင်းပို့ဖို့အတွက် ဘယ်လိုမှ အခွင့်အရေးရှိမနေဘူးလေ?

ပြီးတော့ သတင်းပို့နိုင်တယ်ဆိုရင်တောင်မှ ဘယ်လိုလုပ်ပြီး တစ်နာရီကြာခရီးနှင်ရတဲ့ ရှန်းထောင်မြို့ဆီကို အချိန်တိုအတွင်း သတင်းရောက်အောင် ပို့နိုင်ရတာလဲ?

ပြီးတော့လည်း ချန်ကျိုစစ်က ဘယ်လိုလုပ်ပြီး ချောင်ကုန်သည်အဖွဲ့ထဲမှာ သူလျှိုတွေ ကြိုတင်စီစဉ်ထားနိုင်ရတာလဲ? ဒါတွေအားလုံးက လုံးဝ နားမလည်နိုင်လောက်အောင်ပဲ။ ဘယ်လိုဖြစ်ဖြစ် သူက ခန်းမအရှင်သခင်ဖြစ်တာ နှစ်ဝက်ပဲ ကြာသေးတာလေ။

ချန််ကျိုစစ်က ဘယ်လိုတောင် ဒီလောက်ကွေ့ကောက်ရှုပ်ထွေးတဲ့ အစီအစဉ်မျိုးကို စီစဉ်လုပ်ဆောင်နိုင်ရတာလဲ။ အစီအမံတစ်ခု အခြေတည်ဖို့ဆိုတာ နှစ်ပေါင်းများစွာ အချိန်ယူရတယ်။ ငါဆိုရင် ချောင်ကုန်သည်အဖွဲ့ထဲကို ဝင်ခဲ့ရတာ တစ်နှစ်ခွဲကျော်ကြာပြီ။ ခုတလောမှ တာဝန်ကို လက်ခံခဲ့ရတာ။

ချန်ကျိုစစ်က နတ်ဘုရားလား မိစ္ဆာလား? ဒီလိုရှုပ်ထွေးပွေလီတဲ့ အစီအမံမျိုးကို အလွယ်တကူနဲ့ ဘယ်လိုများ အောင်မြင်အောင် စီမံထားနိုင်ရတာလဲ?

သူက လူရော ဟုတ်ရဲ့လား?

ထိုသို့အတွေးများဖြင့် ကျောင်းစန်းမှာ ဦးရေပြားများ ကျိန်းစပ်လာရသည်။ ဤသို့လူမျိုးသည် သူ၏သခင်၏ ရန်သူဖြစ်နေခဲ့၏။ သို့သော် နှမြောတသဖွယ်ကောင်းလှစွာပင် သူ့တွင် ဤအကြောင်းကို သခင်အား ပြန်လည်တင်ပြနိုင်မည့် အခွင့်အရေးမရှိနိုင်တော့ပေ။ ဖြစ်နိုင်ပါက ကျောင်းစန်းသည် ချန်ကျိုစစ်မှာ သေချာပေါက် နှိမ်နင်းပစ်ရန်လိုအပ်သည့် အန္တရာယ်များသည့်လူတစ်ယောက်ဖြစ်ကြောင်းကို တတ်နိုင်သမျှ နည်းလမ်းအားလုံးသုံး၍ သွားရောက်တင်ပြခဲ့မည် ဖြစ်သည်။

အစွမ်းကုန်လုပ်ဆောင်၍ နှိမ်နင်းပစ်ရမည်။

ထိုသို့အတွေးဖြင့် ကျောင်းစန်းသည် ဘေးပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လျက် လွတ််မြောက်လမ်းကို ရှာဖွေနေသည်။

သို့သော် ထိုအခိုက်အတန့်၌ ခေါင်းဆောင်ဟေးသည် သူထွက်ပြေးနိုင်မည့် လမ်းကြောင်းအားလုံးကို ပိတ်ဆို့လိုက်သည်။

ထို့နောက် လျိုစုန့်မှ ကျောင်းစန်းကို ပြောသည်။

“အခုကျ ဘာလို့တိတ်နေတာလဲ။ မင်းက နန်ပါးထျန်းရဲ့လူဆိုတာကို မဝန်ခံဘူးပေါ့ ဟုတ်လား”

“ဟက် သခင်လေးရယ်၊ ကျွန်တော်က ချန်ကျိုစစ်ရဲ့လူပါဗျာ”

လျိုစုန့်မှ ပြောသည်။

“ကောင်းပြီ၊ သေခြင်းတရားနဲ့ ရင်ဆိုင်နေရတာတောင်မှ အရမ်းနှုတ်လုံတာပဲ။ အဲဒီတော့လည်း ငါက မင်းရဲ့နှုတ်ကို ဖွင့်နိုင်မလား ကြည့်ကြသေးတာပေါ့”

ထိုအခါ ကျောင်းစန်းမှ ပြောသည်။

“သခင်လေး ကျွန်တော်ပြောတာကို နားထောင်ပါဦး။ ချန်ကျိုစစ်ကသာ သခင်လေးရဲ့ အကြီးမားဆုံးရန်သူပါ။ သူကသာ အကောက်ကျစ်ဆုံးပါပဲ။ ကျွန်တော်က တကယ်ပဲ သူ့ရဲ့လူ မှန်ကန်ပါတယ်။ သူကပဲ ကျွန်တော့်ကို သခင်လေးကို လုပ်ကြံသတ်ဖြတ်ဖို့အတွက် သခင်လေးအနားမှာ ထည့်ထားတာပါ”

စာစဉ်ပြီး၏

All Chapters