← Chapters

အခန်း (၁၄၈)

Vol. 14 Ch. 148

အခန်း (၁၄၈)

Vol. 14 Ch. 148

တောက်ယဲ့တောင်သည် မဟာကျိုး၏ တောင်ဘက်နယ်စပ်တွင် အကြီးဆုံးသော မုဆိုးစစ်သည် ကာကွယ်ရေးမြို့ဖြစ်ပြီး အိမ်နီးချင်း ဟောက်ချင်နိုင်ငံနှင့် ကပ်လျက်တွင် တည်ရှိသည်။

ဝူကျိတိုက်ကြီးပေါ်ရှိ အင်အားကြီး ပဒေသရာဇ်နိုင်ငံ ၅ ခုအနက် ဟောက်ချင်နှင့် မဟာကျိုးတို့မှာ သိုင်းပညာအားကိုးသောနိုင်ငံများ ဖြစ်ကြပြီး လက်ရှိတွင် နှစ်နိုင်ငံလုံး၌ စစ်သန့်စင်အဆင့်ပညာရှင်များ အခြေစိုက်ထားကြသည်။

ထို့ကြောင့် ဤနှစ်နိုင်ငံမှာ အမြဲတစေ ပြိုင်ဆိုင်မှု ပြင်းထန်နေလေ့ရှိသည်။ သံတမန်ရေးအရ တရားဝင်စစ်ပွဲများ မဖြစ်ပွားသော်လည်း နယ်စပ်တွင် ပဋိပက္ခငယ်များနှင့် ဓားပြတိုက်မှုများမှာမူ မကြာခဏ ဖြစ်ပွားတတ်သည်။ နယ်စပ်ဒေသ တည်ငြိမ်စေရန်အတွက် မုဆိုးစစ်သည် ကာကွယ်ရေးမြို့ကို တည်ထောင်ခဲ့ခြင်းဖြစ်ရာ တစ်ဖက်တွင် မုဆိုးများက ဓားပြနှိမ်နင်းရေး မစ်ရှင်များကို လက်ခံဆောင်ရွက်ကြပြီး အခြားတစ်ဖက်တွင်မူ မုဆိုးအချင်းချင်းကြား ဖြစ်ပွားသော အငြင်းပွားမှုများကို လက်ဝှေ့ကွင်းအတွင်း၌သာ ဖြေရှင်းကြစေသည်။

ရလဒ်အနေဖြင့် တောင်ဘက်နယ်စပ်မှာ အတန်ငယ် တည်ငြိမ်လာသော်လည်း မလွှဲမရှောင်သာသော အကျိုးဆက်တစ်ခု ရှိနေသည်မှာ မဟာကျိုးရော ဟောက်ချင်ပါ ဤကာကွယ်ရေးမြို့၏ စီမံခန့်ခွဲမှုပိုင်းတွင် ဝင်ရောက်စွက်ဖက်ခြင်း မရှိကြခြင်းပင်။ သွေးဆာနေသော၊ တိုက်ခိုက်လိုစိတ် ပြင်းထန်နေသော မုဆိုးများရှေ့တွင် အရာရှိများနှင့် နယ်စပ်စစ်တပ်မှာ မျက်ကွယ်ပြုထားကြရုံသာ တတ်နိုင်ကြသည်။ ထို့ကြောင့် ကာကွယ်ရေးမြို့အတွင်းရှိ လုံခြုံရေးကို မုဆိုးဂိုဏ်းခွဲမှ ဖွဲ့စည်းထားသော မုဆိုးစစ်သည် ကင်းလှည့်အဖွဲ့ ကသာ လုံးဝဥဿုံ ထိန်းချုပ်ထားသည်။

ယွင်ရှန်းသည် ဖန်းကုကို နှုတ်ဆက်ပြီး မဲမဲလေးနှင့်အတူ ဈေးတန်းသို့ လျှောက်လာစဉ် လမ်းတစ်လျှောက်တွင် ဟောက်ချင်နိုင်ငံမှ မုဆိုးများနှင့် ကုန်သည်အများအပြားကို တွေ့ဆုံခဲ့ရသည်။ ၎င်းတို့သည် ဟောက်ချင်နိုင်ငံသား ဟုတ်မဟုတ် ခွဲခြားရန်မှာ အလွန်လွယ်ကူလှသည်။

မဟာကျိုးနိုင်ငံသားများသည် ယွင်ရှန်း၏ ယခင်ဘဝက အာရှတိုက်သားများကဲ့သို့ပင် အသားညိုဝါရောင်နှင့် ဆံပင်အနက်ရောင်ရှိကြပြီး ခန္ဓာကိုယ်မှာ အနေတော် အရွယ်အစားသာ ရှိကြသည်။ ဟောက်ချင်နိုင်ငံသားများမှာမူ ဆံပင်ညိုရောင်၊ မျက်လုံးပြာရောင်၊ နှာတံပေါ်ပေါ်၊ အရပ်ရှည်ရှည်နှင့် အသားဖြူဖြူရှိကြပြီး မျက်နှာပေါက်မှာ မြောက်ပိုင်းဥရောပဒေသရှိ လူမျိုးစုများနှင့် ပိုမိုဆင်တူကြလေသည်။

ဈေးအတွင်းသို့ ရောက်သည်နှင့် ယွင်ရှန်းသည် သူမ၏ ရုပ်ရည်အစစ်အမှန်ကို ဖုံးကွယ်ရန် အသွင်ပြောင်းနားကပ်ကို ချက်ချင်း ဝတ်ဆင်လိုက်သည်။

သူမ၏ လက်ထဲတွင် ဝမ်လုံလောင်းကစားရုံမှ နိုင်ထားသော ရွှေဒင်္ဂါး တစ်သောင်းအပြင် ယခင်က ဆေးရောင်း၍ ရရှိထားသော ငွေအချို့ရှိရာ စုဆောင်းငွေ အတန်အသင့် ရှိနေပြီဖြစ်သည်။ မှော်လိပ်စာဆိုင်တစ်ခုရှေ့သို့ ရောက်သောအခါ ယွင်ရှန်းသည် သင်ယူ၍ရမည့် မှော်ပညာအသစ်များ ရှိမရှိ စစ်ဆေးရန် အတွင်းသို့ ဝင်ခဲ့သည်။

ဖန်းကုတို့အဖွဲ့ကို အဆင့်တက်အောင် ကူညီပေးပြီးပါက ယွီကျင်းမြို့သို့ ပြန်ကာ သူမ၏ မှော်အဆင့်ကို မြှင့်တင်ရန် ယွင်ရှန်း စီစဉ်ထားသည်။ သူမသည် မီးဒြပ်စင်နှင့် မြေဒြပ်စင် အလယ်အလတ်အဆင့် မှော်ပညာများကို တတ်မြောက်ထားပြီး ဖြစ်ရာ ဖြစ်နိုင်လျှင် ကျန်ရှိနေသော လေနှင့် ရေဒြပ်စင် အလယ်အလတ်အဆင့် မှော်ပညာများကိုပါ သင်ယူလိုခြင်း ဖြစ်သည်။

မှော်လိပ်စာဆိုင်၏ ပုံစံမှာ သာမန်စာအုပ်ဆိုင်တစ်ဆိုင်နှင့် ဆင်တူသော်လည်း စင်ပေါ်တွင် စာအုပ်များအစား အမျိုးမျိုးသော သားရေများဖြင့် ပြုလုပ်ထားသည့် မှော်လိပ်စာများ စီရီထားသည်။ ဧည့်သည်ဝင်လာသည်ကို မြင်သောအခါ ဆိုင်ရှင်ဖြစ်သူ မှော်ဆရာတစ်ဦးက ထွက်၍ နှုတ်ဆက်သည်။ သူ၏ ရင်ဘတ်ရှိ တံဆိပ်အရ သူသည် မှော်ဆရာကြီးအဆင့်ရှိသူ ဖြစ်သည်။

ယွင်ရှန်းက ရေနှင့် လေဒြပ်စင် အလယ်အလတ်အဆင့် မှော်လိပ်စာများကို လိုချင်ကြောင်း ပြောသောအခါ ထိုမှော်ဆရာက သူမကို အကဲခတ်ကြည့်လိုက်သည်။ အသွင်ပြောင်းနားကပ် ဝတ်ထားသော်လည်း သူမ၏ အသံနှင့် မှော်စစ်သည်တံဆိပ်ကို ကြည့်ရုံဖြင့် သူမသည် ငယ်ရွယ်ပြီး အဆင့်တက်ခါစ မှော်ဆရာမလေး တစ်ဦးဖြစ်ကြောင်း ခန့်မှန်းရမခက်ပေ။

"ဂုဏ်သရေရှိ ဧည့်သည်တော်... အလယ်အလတ်အဆင့် မှော်လိပ်စာတွေရဲ့ ဈေးနှုန်းက မသက်သာဘူးနော်။ မျက်စိကို လှည့်စားနိုင်စွမ်းရှိတဲ့ ရေမြူမျက်ဝန်းရေဒြပ်စင် မှော်လိပ်စာ တစ်ခုတည်းတင် ရွှေဒင်္ဂါး ကိုးထောင်လောက် ကျသင့်မှာပါ"

ဆိုင်ရှင်က စေတနာဖြင့် သတိပေးလိုက်သည်။

ယွင်ရှန်းသည် ငယ်ရွယ်သော်လည်း သူမ၏ အပြောအဆိုနှင့် အမူအရာမှာ အလွန်တည်ငြိမ်နေပြီး ဘေးတွင် ခွေးလေးတစ်ကောင် ပါလာသည်ကို သူ သတိပြုမိသည်။ ထိုခွေးလေးမှာ သာမန်သားရဲမဟုတ်ဘဲ တိုက်ခိုက်ရေးအိမ်မွေးသားရဲဖြစ်ကြောင်း ထင်ရှားလှသည်။ နောက်ခံအင်အား တစ်စုံတစ်ရာ ရှိသူမှသာ ဤကဲ့သို့ သားရဲမျိုးကို မွေးမြူနိုင်မည် မဟုတ်ပါလား။

ရွှေဒင်္ဂါး ကိုးထောင်လား။

ဤဈေးနှုန်းက ယွင်ရှန်းကို အမှန်တကယ်ပင် အံ့အားသင့်သွားစေသည်။ သူမကိုယ်သူမ သူဌေးမလေးတစ်ဦးဖြစ်ပြီဟု ထင်မှတ်ထားသော်လည်း မှော်လိပ်စာတစ်ခု၏ ဈေးနှုန်းမှာ ဤမျှအထိ ကြီးမြင့်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

အလယ်အလတ်အဆင့် မှော်လိပ်စာများ ပြုလုပ်ပုံမှာ အလွန်ရှုပ်ထွေးလှသည်ကို ယွင်ရှန်း မသိရှိခဲ့ပေ။ ၎င်းကို ပြုလုပ်ရန်အတွက် အလယ်အလတ်အဆင့် သို့မဟုတ် ထိုထက်မြင့်သော မိစ္ဆာသားရဲတို့၏ သားရေကို အသုံးပြုရုံတင်မကဘဲ အထူးစီရင်ထားသော သားရဲသွေးများဖြင့် ပေါင်းစပ်ကာ အထူးနည်းစနစ်များဖြင့် သန့်စင်ဖော်စပ်ရခြင်းဖြစ်ရာ ဈေးနှုန်းမှာ သဘာဝအတိုင်း မြင့်မားနေခြင်းဖြစ်သည်။

"ဒါဆိုရင် အလယ်အလတ်အဆင့် ရေဒြပ်စင် မှော်လိပ်စာတစ်ခုပဲ ပေးပါ။ ခုခံနိုင်စွမ်းရှိတဲ့ အမျိုးအစားဆိုရင် ပိုကောင်းမယ်"

ယွင်ရှန်းက ရွေးချယ်လိုက်ရသည်။ သူမတွင် လေနတ်သမီး၏ ကောင်းချီးကို ရရှိထားပြီးဖြစ်ရာ လှုပ်ရှားမှုနှင့် ရှောင်တိမ်းမှုအပိုင်းတွင် ပြဿနာမရှိသဖြင့် ရေဒြပ်စင်ကိုသာ အားဖြည့်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

မှော်ပညာသင်ခန်းစာများတွင် နည်းပြဖြစ်သူက ဒြပ်စင်စုံ မှော်ဝိညာဉ်များ ကျင့်ကြံရာ၌ မည်သည့်ဒြပ်စင်ကိုမျှ ဘက်မလိုက်ဘဲ မျှတအောင် ကျင့်ကြံရန် အမြဲအလေးပေးပြောကြားခဲ့သည်ကို သူမ မှတ်မိနေသည်။ အကယ်၍ တစ်ဖက်စောင်းနင်းဖြစ်နေပါက မှော်ဆရာတစ်ဦး၏ စွမ်းအားမှာ ပျဉ်ချပ်တစ်ချပ် လိုနေသော သစ်သားပုံးကဲ့သို့ ဖြစ်နေပြီး မည်သည့်အခါမျှ ပြည့်စုံလာမည်မဟုတ်ပေ။

သို့သော် ဒြပ်စင်စုံမှော်ပညာကို ကျင့်ကြံရန်မှာ ပြောသလောက် မလွယ်ကူပေ။ ဒြပ်စင်စုံဝိညာဉ်ပိုင်ရှင်များသည် သဘာဝအရ အားသာချက်ရှိသော်လည်း အများစုမှာ ဒြပ်စင်တစ်ခုတည်းကိုသာ အထူးပြုကျင့်ကြံကြသည်။ လက်ရှိတွင် ယွင်ရှန်း၏ မှော်ဒြပ်စင်ငါးမျိုးအနက် မီးမှော် မှာ အားအကောင်းဆုံးဖြစ်ပြီး ထို့နောက်တွင် မကြာသေးမီက သင်ယူခဲ့သော အမှောင်ဆူး၊ မြေမှော် နှင့် လေမှော် တို့က အစဉ်လိုက်ရှိနေကာ ရေမှော် မှာ အားအနည်းဆုံး ဖြစ်နေသည်။

သို့သော် ယွင်ရှန်းသည် ရန်သူကို မျက်စိလည်စေသော ရေမြူမျက်ဝန်းကို ဝယ်ရန် စိတ်မဝင်စားပေ။ အဘယ်ကြောင့်ဆိုသော် သူမတွင် မဲမဲလေး ရှိနေသောကြောင့် ဖြစ်သည်။ အနက်

လေး၏ ကောင်းကင်ဝါးမြိုခြင်း စွမ်းရည်က တစ်ပတ်ခြာလည်လုံးကို မှောင်အတိကျသွားစေနိုင်ရာ မည်သည့်ရေမြူထက်မဆို ပို၍ ထိရောက်မှုရှိနေသည်။

"ဒါမှမဟုတ် နှင်းမုန်တိုင်းဆိုရင်ကော ဘယ်လိုလဲ။ ဒါက အကျယ်အဝန်းအလိုက် တိုက်ခိုက်

နိုင်တဲ့ အလယ်အလတ်အဆင့် ရေမှော်ပညာပဲ"

ဆိုင်ရှင်က အားတက်သရော ဆက်လက်အကြံပြုသည်။

ယွင်ရှန်းက ခေါင်းခါလိုက်သည်။ အကျယ်အဝန်းအလိုက် တိုက်ခိုက်နိုင်သော မှော်ပညာမှာ အသံကောင်းသော်လည်း သူမ၏ လက်ရှိမှော်စွမ်းအားဖြင့်ဆိုလျှင် တစ်ကြိမ်အသုံးပြုရုံဖြင့် မှော်အင်အားအားလုံး ကုန်ခမ်းသွားမည်ကို စိုးရိမ်နေမိသည်။

တိုက်ပွဲအတွင်းမှာ တရားထိုင်ရေစင်ကို သုံးပြီး မှော်စွမ်းအား ပြန်ဖြည့်ဖို့ အချိန်ရမှာ မဟုတ်ဘူးဆိုတာကို ယွင်ရှန်း ကောင်းကောင်းသိသည်။

နောက်ဆုံးတွင် သူမသည် ရေနွယ်နှောင်ကြိုးဟုခေါ်သော အလယ်အလတ်အဆင့် မှော်ပညာကို ရွေးချယ်လိုက်သည်။ ဤမှော်ပညာသည် ရေဓာတ်မှော်ဒြပ်စင်များကို မြွေဟန်ရှိသော မှော်အငွေ့အသက်များအဖြစ် ပြောင်းလဲကာ ရန်သူ၏ လှုပ်ရှားမှုကို တားဆီးနှောင်ဖွဲ့နိုင်စွမ်း ရှိသည်။

"ရေနွယ်နှောင်ကြိုးမှော်လိပ်စာက ရွှေဒင်္ဂါး တစ်သောင်း ကျသင့်ပါတယ်။ ဒါပေမဲ့ အခုဝယ်

မယ်ဆိုရင်တော့ လျှော့ဈေးနဲ့ ကိုးထောင်ငါးရာပဲ ပေးပါ"

မှော်ဆရာဆိုင်ရှင်က အရောင်းအဝယ် တည့်သွားသဖြင့် ပါးစပ်နားရွက်ချိတ်မတတ် ပြုံးလျက် ပြောလိုက်သည်။

ယွင်ရှန်းမှာ ကုန်ကျစရိတ်ကြောင့် နှမြောတသဖြစ်သွားသော်လည်း သူမ၏ အင်ပါယာ ခရမ်းရောင်ရွှေကတ်ကို ထုတ်ကာ ငွေပေးချေလိုက်သည်။

ဆိုင်ရှင်က ငွေပေးချေမှုကို ဆောင်ရွက်ပေးနေစဉ်အတွင်း ဘေးနားတွင် မှော်လိပ်စာများကို လိုက်ကြည့်နေသော လူတစ်ယောက် အနားသို့ ရောက်လာသည်။

သူက "ဆရာ... ဒီဆိုင်မှာ မှော်လိပ်စာတွေ ပြန်ဝယ်သလားဗျ" ဟု တိုက်ရိုက်ပင် မေးလိုက်သည်။

ဆိုင်ရှင်က မော့ကြည့်လိုက်သောအခါ ထိုသူမှာ မှော်ဆရာတစ်ဦးမဟုတ်ဘဲ အနီးနားရှိ ရွာတစ်ရွာမှ ရွာသားတစ်ဦးဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။

"ဝယ်တာပေါ့ ဘယ်လိုအမျိုးအစားလဲ။ အခြေခံအဆင့်လား ဒါမှမဟုတ် အလယ်အလတ်

အဆင့်လား"

ဆိုင်ရှင်က ထုံးစံအတိုင်း မေးမြန်းလိုက်သည်။

သို့သော် ထိုသူက ခေါင်းကုတ်ရင်း "ဒါက ဘာမှော်လဲဆိုတာ ကျွန်တော်လည်း မသိဘူးဗျ၊ ခင်ဗျားပဲ ကြည့်ပေးပါဦး" ဟု ဝေဝေဝါးဝါး ပြန်ပြောသည်။

ဤသည်ကို ကြားသောအခါ ဆိုင်ရှင်မှာ မကျေမနပ်ဖြစ်သွားပြီး "လူလေး... ငါ တစ်ခုတော့ အတိအလင်း ပြောထားမယ် ဘယ်ကမှန်းမသိတဲ့ လိပ်စာတွေကို ငါ မဝယ်ဘူးနော်" ဟု ဆိုလိုက်သည်။

ဆိုင်ရှင်၏ ဆိုလိုရင်းမှာ ထိုသူသည် မှော်ဆရာလည်းမဟုတ် သိုင်းသမားလည်းမဟုတ်ဘဲ မှော်လိပ်စာတစ်ခုကို မည်သို့ရလာသနည်းဟု သံသယဝင်နေခြင်းဖြစ်သည်။

"ဆရာ... စိတ်ချပါဗျာ ဒါက ကျွန်တော်တို့ မျိုးရိုးစဉ်ဆက်အိမ်ဟောင်းကို ရှင်းလင်းရင်းနဲ့ တွေ့တာပါ။ အခုက အိုးနားခွက်နားတောင် မကပ်နိုင်အောင် ဆင်းရဲနေလို့ လာရောင်းတာပါ"

ထိုလူက ပြောရင်း သူနှင့်အတူ ပါလာသော မှော်လိပ်စာကို ဆိုင်ရှင်ထံ ကမ်းပေးလိုက်သည်။

ယွင်ရှန်းသည် သူမ၏ ရွှေကတ်ကို ပြန်သိမ်းလိုက်သော်လည်း ချက်ချင်း ထွက်မသွားသေးဘဲ ထိုလူငယ်၏ မှော်လိပ်စာကို လှမ်းကြည့်လိုက်သည်။ ၎င်းမှာ အမည်မပါသော မှော်လိပ်စာတစ်ခု ဖြစ်ပုံရသည်။

မှော်လိပ်စာ ရောင်းဝယ်ဖောက်ကားရာတွင် အတွေ့အကြုံရှိသော ဆိုင်ရှင်သည် လိပ်စာကို သေချာစစ်ဆေးကြည့်သည်။

စစ်ဆေးပြီးနောက်တွင်မူ သူက ခေါင်းခါလိုက်ပြီး "ဒီလိပ်စာက သိပ်တန်ဖိုးမရှိဘူးကွ။ ဒါက အခြေခံအကျဆုံး မြေဓာတ်မှော်ဖြစ်တဲ့ မြေဆူးပဲ။ ရွှေဒင်္ဂါး တစ်ရာပဲ ပေးနိုင်မယ် ရောင်းရင်ရောင်း မရောင်းရင်လည်း မင်းသဘောပဲ"

All Chapters