← Chapters

လူတိုင်းပိုက်ဆံရှာနိုင်မယ့် စီးပွားရေးအခွင့်အလမ်းတစ်ခုကို ညီမ ရှာခဲ့တယ်။

Vol. 13 Ch. 151

လူတိုင်းပိုက်ဆံရှာနိုင်မယ့် စီးပွားရေးအခွင့်အလမ်းတစ်ခုကို ညီမ ရှာခဲ့တယ်။

Vol. 13 Ch. 151

မော့ကျိုးယွီသည် သူမ၏ ခေါင်းလေးကို ချစ်မြတ်နိုးစွာ ပုတ်လိုက်မိကာ စဉ်းစားချင့်ချိန်တတ်ပြီး ကြင်နာတတ်သော ဇနီးမျိုးကို လက်ထပ်ခွင့်ရသည့်အတွက် ဝမ်းသာမိသည်။

သူတို့နှစ်ယောက်သား အချိန်အကြာကြီး လမ်းပတ်လျှောက်ခဲ့ကြသည်။ အချိန်လည်းလင့်ပြီဟု ခံစားရသည့်အခါ နှစ်ယောက်သား လူသူကင်းမဲ့သော နေရာတစ်ခုကို ရှာကာ နေရာလွတ်ထဲသို့ ဝင်သွားခဲ့ကြသည်။

ဒီတစ်ခါ အပြင်ထွက်လာရာတွင် နေရာလွတ်ထဲက အစားအစာအချို့ကို ယူပြီး ပြန်သွားဖို့ မူလက သူတို့ တွေးထားခဲ့ကြသည်။

စီးပွားရေးလုပ်ငန်းသေးသေးလေးတစ်ခုကို မမျှော်လင့်ဘဲ ညှိနှိုင်းနိုင်ခဲ့ပါသေးသည်။

ဟဲကျစ်ယန်သည် တာ့ပေါင်မောလ်ကိုဖွင့်ပြီး နားရွက်ရှည်အမွေးပွယုန်ရုပ် ( ၂၀၀ ) ကို ပြုလုပ်ရန် လုံလောက်မည့် ပစ္စည်းများကို ဝယ်ယူခဲ့သည်။

ပစ္စည်းတွေဝယ်ပြီးချိန်မှာတော့ သူမနှင့် မော့ကျိုးယွီတို့ အချိန်အကြာကြီး အနားမယူနိုင်တော့ပါ။

ဒီပစ္စည်းတွေက အလေးချိန် သိပ်မများပေမယ့် ပေါင်းလိုက်တဲ့အခါမှာတော့ တောင်အသေးလေး တစ်လုံးကဲ့သို့ပင်…။

သူတို့ စခန်းကိုပြန်သွားဖို့ လှည်းငှားဖို့ လိုအပ်လာခဲ့သည်။

သူတို့နှစ်ယောက်သား ထိုပစ္စည်းများကို အိတ်ကြီး ( ၅ ) အဖြစ် တင်းတင်းကြပ်ကြပ် ထုပ်ပိုးရန် အတူတကွ လုပ်ဆောင်ခဲ့ကြသည်။

ဟဲကျစ်ယန်သည် ရိက္ခာအိတ်များစွာအပြင် သူမ အကြိုက်ဆုံး လတ်ဆတ်သော ပြောင်းဖူးကို ဂရုတစိုက် ရွေးချယ်ခဲ့သည်။။ နောက်ဆုံးမှာတော့ တာ့ပေါင်မောလ်တွင် အသားအချို့ကိုပါ ဝယ်ယူခဲ့သည်။

ထို့အပြင် ဟင်းသီးဟင်းရွက် အမျိုးအစား တစ်မျိုးစီကိုလည်း အနည်းစီ ယူဆောင်လာခဲ့သည်။

အရာအားလုံး ပြင်ဆင်ပြီးနောက် ဟဲကျစ်ယန်သည် ထိုအရာများကို နေရာလွတ်ထဲမှ ထုတ်ယူရန် သူမ၏ အသိစိတ်ကို အသုံးပြုခဲ့သည်။ မော့ကျိုးယွီသည် လှည်းငှားရန် အမြန်ပြေးသွားခဲ့သည်။

များမကြာမီ မော့ကျိုးယွီသည် နွားလှည်းငှားပြီး ပြန်လာခဲ့ကာ သူနှင့် လှည်းမောင်းသမားသည် ကုန်ပစ္စည်းများကို လှည်းပေါ်သို့ တင်ဆောင်ခဲ့သည်။

ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့သည် နွားလှည်း မမောင်းနှင်မီ လှည်းပေါ်တွင် နေရာတစ်ခုကို ရှာဖွေထိုင်ချလိုက်သည်။

စခန်းမှာ စောင့်နေတဲ့ လူတွေက သူတို့နှစ်ယောက် ခရီးတစ်ခုကနေ ဒီလောက်ပစ္စည်းတွေ အများကြီး ပြန်ပါလာလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။ အားလုံးက လှည်းပေါ်ကနေ ပစ္စည်းကို ကူချပေးဖို့ ရောက်လာကြသည်။

မော့မိသားစုဝင်များနေရာချရာဆီသို့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပြီးနောက် ဖန့်မိသားစုနှင့် ရှဲ့မိသားစုများသည် သူတို့ဝယ်ထားသောအရာများကို စူးစမ်းသိချင်နေကြသည်။

ဟဲကျစ်ယန်သည် ရိက္ခာများပါဝင်သော အိတ်များကို ဖွင့်ရန် အလျင်မလိုခဲ့ပေ။ ယင်းအစား သူမသည် နေရာလွတ်ထဲမှ ပြန်လည်ထုတ်လုပ်ထားသော နားရွက်ရှည်အမွေးပွယုန်ရုပ်ကို အရင်ထုတ်ယူခဲ့သည်။

အရုပ်ကိုမြင်တော့ မရီးတွေနှင့် မော့ကျိုးယွီတို့ ဝိုင်းအုံလာကြသည်။

နားရွက်ရှည်အမွေးပွယုန်ရုပ်ကို သဘောကျနှစ်လိုစိတ်များ မော့ဟန်ယွဲ့၏ အကြည့်ထဲတွင် ဖုံးကွယ်လို့မရနိုင်ခဲ့ပေ။

“နဝမယောင်းမ ဒီအရုပ်က အရမ်းလှတယ်။”

ဟဲကျစ်ယန်က ဒီအခွင့်အရေးကို အရယူပြီး နားရွက်ရှည်အမွေးပွယုန်ရုပ်လေးတွေ ပြုလုပ်ရမယ့်အကြောင်းပြောပြခဲ့သည်။

“ဒီနေ့ ညီမ လူတိုင်း ပိုက်ဆံရှာနိုင်မယ့် စီးပွားရေး အခွင့်အလမ်း တစ်ခုကို ရှာဖွေနိုင်ခဲ့တယ်။”

ပိုက်ဆံရှာနိုင်မယ့် အလုပ်ရှိတယ်ဆိုတာကိုကြားတော့ အားလုံးရဲ့ မျက်လုံးတွေ တောက်ပလာကြသည်။

ဒုတိယမရီးက အရင်ဆုံး‌ ရှေ့ထွက်လာသူဖြစ်သည်၊ “နဝမယောင်းမလေး၊ ငါ မကြာသေးခင်က လမ်းခရီးမှာ အခါအားလျော်စွာ လေ့ကျင့်ခန်းလုပ်ခဲ့တော့ ငါ့လက်မောင်းတွေ သန်မာလာတယ်။ အဝတ်လျှော်တာနဲ့ တခြားကိစ္စတွေက ငါ့အတွက် ပြဿနာမရှိဘူး။”

သတ္တမမရီးကလည်း ရှေ့တက်လာခဲ့သည်၊ “နဝမယောင်းမလေး၊ ငါက အပ်ချုပ်ရာမှာ အကောင်းဆုံးပဲ။”

မော့ဟန်ယွဲ့က ဟဲကျစ်ယန်၏ လက်မောင်းကို ပွေ့ဖက်လာခဲ့သည်၊ “ယောင်းမ၊ ညီမရဲ့ တခြားယောင်းမတွေ လုပ်နိုင်သမျှ အရာအားလုံး ဟန်ယွဲ့လည်း လုပ်နိုင်တယ်။ ဟန်ယွဲ့က အခက်အခဲတွေကို ကြံ့ကြံ့ခံနိုင်တယ်။”

ဒါကိုမြင်တော့ ဖန့်မိသားစုနှင့် ရှဲ့မိသားစုလည်း ပါဝင်လာခဲ့သည်။

အမျိုးသမီးကျောက်က အရင်ဆုံး စကားစလာခဲ့သည်၊ “တူမလေး၊ ငါတို့အတွက် သင့်တော်တဲ့ အပိုအလုပ်ရှိရင် ငါတို့လည်း လုပ်နိုင်တယ်။”

ဟဲကျစ်ယန်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ပတ်ပတ်လည်ကို ကြည့်လိုက်ပြီးနောက် သူမလက်ထဲက နားရွက်ရှည်အမွေးပွယုန်ရုပ်ကို မြှောက်ပြလိုက်သည်။

“တကယ်လို့ လိုအပ်တဲ့ ပစ္စည်းကို ကျွန်မ ထောက်ပံ့ပေးမယ်ဆိုရင် ဒီလို နားရွက်ရှည်အမွေးပွယုန်ရုပ်မျိုးကို လုပ်နိုင်ကြမလား။”

အားလုံးက ချက်ချင်း မတုံ့ပြန်ကြပေ။ အဆုံးမှာတော့ အဆိုပါ နားရွက်ရှည်အမွေးပွယုန်ရုပ်က အလွန်အဆင့်မြင့်တဲ့ပုံပေါက်ပြီး သေသေချာချာ မလေ့လာဘဲနဲ့ အဲဒါကို လုပ်နိုင်မယ်ဆိုတာ မသေချာဘူး။

ဟဲကျစ်ယန်က ဒီအချက်ကို စဉ်းစားထားပြီးသားပင်။

တာ့ပေါင်မောလ်တွင် စာအုပ်အမြောက်အမြားရှိပြီး သူမသည် အရုပ်ပြုလုပ်ခြင်းဆိုင်ရာ သင်ခန်းစာ စာအုပ်ကို တိုက်ရိုက်ဝယ်ယူနိုင်သည်။

နည်းလမ်းကို သင်ယူနိုင်သမျှ ကာလပတ်လုံး အပ်ချုပ်နည်းကို မသိသော သူမသည်ပင် နားရွက်ရှည်အမွေးပွယုန်ရုပ်ကို အောင်မြင်စွာ ပြုလုပ်နိုင်မည်ဟု ယုံကြည်ခဲ့သည်။

တကယ်လို့ အလုပ်မဖြစ်ပါက၊ သူမသည် နေရာလွတ်ထဲမှ အချောထည် နားရွက်ရှည်အမွေးပွယုန်ရုပ်ကို ရိုးရိုးရှင်းရှင်း မူလအတိုင်း တစစီ ဖြုတ်လိုက်ပေမည်။ မရီးတွေက ဒါကို နည်းနည်း လေ့လာနိုင်သရွေ့ ဘယ်လိုလုပ်ရမလဲဆိုတာ သင်ယူနိုင်လိမ့်မယ်လို့ ယုံကြည်သည်။

အကြီးဆုံးမရီးက ရှေ့သို့ ခြေလှမ်း အနည်းငယ် လှမ်းတက်လာခဲ့သည်၊ “ယောင်းမလေး၊ ငါ အဲဒီအရုပ်ကို တစ်ချက်ကြည့်လို့ရမလား။”

ဟဲကျစ်ယန်က နားရွက်ရှည်အမွေးပွယုန်ရုပ်ကို အကြီးဆုံးမရီးထံ တိုက်ရိုက်လှမ်းပေးလိုက်သည်၊ “မရီး၊ မရီး စိတ်ကြိုက်ကြည့်။”

အကြီးဆုံးမရီးက နားရွက်ရှည်အမွေးပွယုန်ရုပ်ကို ယူ၍ ဂရုတစိုက် ကြည့်ပြီးနောက် သူမထံမှ မေးခွန်းတွေ ထွက်ပေါ်လာခဲ့သည်။

“ယောင်းမလေး၊ ဒီအရုပ်ကို လုပ်ဖို့က မခက်ဘူး။ နောက်ပြီး ဒီအရုပ် အရမ်းကြည့်ကောင်းနေရတဲ့ အကြောင်းရင်းက သူ့ကို ပြုလုပ်တဲ့ အထည်စကြောင့်ပဲ။ ငါတို့မှာ အဲဒီလို အခြေခံကုန်ပစ္စည်းမရှိရင် ဒီလိုပုံစံမျိုး ပုံစံတူ ပြုလုပ်ရင်တောင် ဒီလိုမျိုး မကြည့်ကောင်းနိုင်ဘူး။”

ဟဲကျစ်ယန်က ပြုံးပြီး အိတ်ကြီး တစ်အိတ်ကို ဆွဲဖွင့်လိုက်သည်။ သူမ အိတ်ကို ဖွင့်လိုက်သည်နှင့် အထဲမှ အဖြူရောင် အမွေးပွ အထည်စက အားလုံးရှေ့မှာ ပေါ်လာခဲ့သည်။

အဆိုပါ အထည်စကို နေရောင်အောက်တွင် တွေ့မြင်လိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် အနားပတ်လည်ရှိ အမျိုးသမီးများထံမှ အာမေဋိတ်သံများ ထွက်ပေါ်လာသည်။

“အိုး ဘုရားရေ၊ ဒီလိုအထည်စမျိုး တကယ်ရှိတယ်လား။”

“ဒီအထည်စက အရမ်းဈေးကြီးမယ့်ပုံပဲ။”

“တိရိစ္ဆာန်အမွေးနဲ့တူတဲ့ အထည်စမျိုးကို ဒါက ငါ ပထမဆုံး မြင်ဖူးတာပဲ။”

အမျိုးသမီးများသည် သူတို့လက်တွေဖြင့် မသိစိတ်က ထိတွေ့ကိုင်တွယ်ကြည့်ချင်မိသည်။ တကယ်လို့ သူတို့လက်တွေက နည်းနည်းညစ်ပတ်တယ်လို့ မခံစားရပါက ပျော့ပျောင်းသော အထည်စများကို သေချာပေါက် ထိတွေ့ကိုင်တွယ်မိကြမှာ အမှန်ပင်။

မော့ဟန်ယွဲ့က ဟဲကျစ်ယန်၏ လက်မောင်းကို စိတ်လှုပ်ရှားစွာ ပွေ့ဖက်လိုက်သည်။

“ယောင်းမ၊ ယောင်းမက အရမ်းအံ့ဩဖို့ကောင်းလိုက်တာ၊ ဒီလို အထည်စမျိုးကို ရအောင် ရှာနိုင်ခဲ့တယ်။”

ဤအချက်ကို ရှင်းပြရန် လိုအပ်သည်ဟု ဟဲကျစ်ယန် ခံစားမိသည်။ နောက်ဆုံးတွင် ထိုကဲ့သို့သော အနာဂတ်ရှိ အရာဝတ္ထုများသည် သံသယဖြစ်ဖွယ်ကောင်းလွန်းလှသည်။

“အစ်မတို့တွေ ဆိပ်ခံနားမှာ ဒီလိုအထည်ရောင်းတဲ့ နိုင်ငံခြားသားတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ ဒီကနေ လူတိုင်း ပိုက်ဆံရှာနိုင်မယ်လို့ ထင်တဲ့အတွက် အစ်မ နည်းနည်းလောက် ဝယ်လာခဲ့လိုက်တာ။

အဲဒီနိုင်ငံခြားသားက သူ့လက်ထဲမှာ ဒီလိုအထည်စတွေ အများကြီးရှိနေသေးတယ်လို့ ပြောပေမယ့် အစ်မတို့ တာ့ရွှင်းလူမျိုးတွေက ဒီကုန်ပစ္စည်းအကြောင်းကို မသိတဲ့အတွက် သူတို့တွေ တစ်ခုမှ မရောင်းချနိုင်ခဲ့ကြဘူး။

ဒီတစ်ခါ အစ်မတို့လုပ်ငန်းအောင်မြင်ရင် သူ့ဆီကနေ အထည်စတွေ ထပ်ဝယ်ပြီး ငွေပိုရှာကြတာပေါ့။”

ဟဲကျစ်ယန်မှာ ဒီလို ပြောရတဲ့ အကြောင်းရင်း ရှိပေသည်။

ရေရှည်မှာ ဒီလုပ်ငန်းကို ဆက်လက်လုပ်ကိုင်မယ်ဆိုရင် ကုန်စည်အရင်းအမြစ်အတွက် ကျိုးကြောင်းဆီလျော်တဲ့ ရှင်းလင်းချက် ရှိရမယ်လို့ သူမ ထင်မိသည်။

အဆုံးမှာတော့ ဒီပြည်နှင်ဒဏ်ပေးခံရသည့် အမျိုးသမီးတွေဟာ မြို့တော်တွင် ကမ္ဘာကြီးအကြောင်း မြင်တွေ့ဖူးသည်။ နိုင်ငံခြားသားတွေကို မျက်မြင်ကိုယ်တွေ့ မတွေ့ဖူးကြပေမယ့် တခြားသူတွေ ပြောပြတာကိုတော့ ကြားဖူးကြသည်။

ထိုနိုင်ငံခြားသားတွေ လက်ထဲမှာ ရှိတဲ့ အရာတွေက ထူးခြားဆန်းပြားကြောင်းကို သူတို့ သိထားသောကြောင့် ဒီလို အထည်စမျိုးကို သူတို့ အရင်က တစ်ခါမှ မမြင်ဖူးသည်မှာ မထူးဆန်းပေ။

သူမရဲ့ ရှင်းပြချက်ကို ဘယ်သူကမှ မေးခွန်းမထုတ်တာကို မြင်တော့ ဟဲကျစ်ယန်က ဆက်ပြောပြသည်။

“ခုနက ဈေးကို ပတ်ကြည့်တုန်းက ပန်းထိုးအိမ် တစ်ခုနဲ့ စကားပြောခဲ့တယ်။ ပန်းထိုးအိမ်က ညီမတို့တွေ လုပ်တဲ့ အရုပ်တိုင်းအတွက် ငွေ တစ်လျန်း ဒါမှမဟုတ် ငွေ နှစ်လျန်းနဲ့ ဝယ်လိမ့်မယ်။”

“ယောင်းမလေး နင် တကယ်ပြောနေတာလား။ ငါတို့ ဒီလိုအရုပ်တွေ လုပ်နိုင်သရွေ့ တစ်ရုပ်ကို ငွေ တစ်လျန်း ဒါမှမဟုတ် ငွေ နှစ်လျန်းနဲ့ ရောင်းနိုင်မှာလား” ဒုတိယမရီးက မယုံနိုင်သလို မေးလာခဲ့သည်။

ဟဲကျစ်ယန်က ပြင်းပြင်းထန်ထန် ခေါင်းညိတ်ပြသည်၊ “လုံးဝ သေချာတယ်။”

ဒါကိုမြင်တော့ အမျိုးသမီးကျောက်က အလျင်စလို ရှေ့ကို လှမ်းတက်လာသည်၊ “တူမလေး၊ ငါတို့တွေလည်း အတူလုပ်လို့ရမလား။”

“ဒါပေါ့၊ ဒီနေ့ ကျွန်မ ပြန်ယူလာတဲ့ ပစ္စည်းတွေက ဒီလို အရုပ်မျိုး ( ၂၀၀ ) လောက် လုပ်လို့ ရတယ်။ လူတိုင်းရဲ့ အားထုတ်ကြိုးပမ်းမှု လိုအပ်တယ်။”

အမျိုးသမီးကျောက်က ဆက်ပြောသည်၊ “ငါ့မိသားစုက အမျိုးသမီးတွေ အကုန်လုံးက အပ်ချုပ်ကောင်းတယ်။ တူမလေးက ငါတို့ကို အထင်မသေးသရွေ့ ငါတို့အားလုံး ကူညီပေးနိုင်ပါတယ်။”

ဒါကိုမြင်တော့ ရှဲ့မိသားစုဝင်တွေဟာ နားရွက်ရှည်အမွေးပွယုန်ရုပ်ပြုလုပ်ရာတွင် ပါဝင်လိုတဲ့ သူတို့ဆန္ဒကို ထုတ်ဖော်လာခဲ့သည်။

မြင်ကွင်းက ဆူညံလာသည်ကို မြင်လိုက်ရတော့ ဟဲကျစ်ယန်သည် လူတိုင်းဆီသို့ လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။

“အားလုံးပဲ နားထောင်ပေးကြပါ။ ဒီအရုပ်တွေအတွက် အရည်အသွေး စစ်ဆေးမှု ခံယူရပါမယ်။ ကုန်ပစ္စည်းတွေ အဖိုးတန်တာကြောင့် အလေအလွင့်ဖြစ်လို့မရဘူး။

ဒါ့အပြင် လူတိုင်းရဲ့ အရုပ်တွေက စံနှုန်းပြည့်မီနေသရွေ့ လုပ်အားအတွက် အရုပ် တစ်ရုပ် ဝမ် ( ၅၀၀ ) ပေးပါ့မယ်။”

ဟဲကျစ်ယန်အတွက် ဒီထုတ်လုပ်မှုကုန်ပစ္စည်းတွေက အခြေခံအားဖြင့် ကုန်ကျစရိတ် မများပြားပေ။

ဒါပေမယ့် နိုင်ငံခြားသားတွေဆီက ဝယ်လာတဲ့ ကုန်ပစ္စည်းတွေရဲ့ ကုန်ကျစရိတ်က အရမ်းနည်းနေရင် ဘယ်သူမှ ယုံမှာ မဟုတ်ဘူးလို့ သူမ ပြောခဲ့ဖူးသည်။

ဒီလိုဖြစ်မယ့်အစား မလိုအပ်တဲ့သံသယတွေကို ရှောင်ရှားဖို့ လူတိုင်းအတွက် သင့်တော်မယ်ထင်တဲ့ ဈေးနှုန်းကို ပြောလိုက်တာက ပိုကောင်းပေမည်။

***

All Chapters