ငါတို့ရဲ့ ယောကျာ်းတွေပါ အသက်ရှင်နေရင် ဘယ်လောက်ကောင်းလိုက်မလဲ။
Vol. 13 Ch. 152
ဟဲကျစ်ယန်၏ ပြောစကားကို ကြားပြီးနောက် လူတိုင်း ဆူညံ့ပွက်လောရိုက်လာပြန်သည်။
ရှဲ့မိသားစုနှင့် ဖန့်မိသားစု နှစ်ခုစလုံးသည် အရုပ် တစ်ရုပ် ချုပ်လုပ်ခြင်းဖြင့် ဝမ် ( ၅၀၀ ) ဝင်ငွေရနိုင်သည်ကိုကြားပြီး မယုံနိုင်သလို ခံစားခဲ့ရသည်။
လူအုပ်ရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ သခင်မကြီးမော့တောင်မှ တုန်လှုပ်သွားခဲ့သည်။
တစ်ရက်ကို အရုပ် နှစ်ရုပ် ချုပ်လုပ်နိုင်မယ်ဆိုရင် ငွေ တစ်လျန်း ရရှိနိုင်သည်။ ဒီငွေက တကယ်ရှာရလွယ်လွန်းတယ်။
သူမသည်လည်း မိသားစုဝင်ငွေကို ဖြည့်တင်းရန်အတွက် ပါဝင်လိုပြီး အပိုငွေရှာလိုပါသည်။
အမျိုးသမီးကျောက်က ရှေ့ကို တိုးပြီး ရိုးရိုးသားသား ပြောသည်၊ “တူမလေး၊ ဒီကုန်ပစ္စည်းကို ကြည့်ရတာ အရမ်းဈေးကြီးမယ့်ပုံပဲ။ ငါတို့ကို ကူညီဖို့ နင့်ပိုက်ဆံကို အဆုံးရှုံးမခံပါနဲ့။”
ဟဲကျစ်ယန်က ဒီလိုဖြစ်မယ်ဆိုတာ သိတယ်။
မူလက သူမသည် ယုန်ရုပ် တစ်ရုပ်လျှင် ချုပ်လုပ်ခ ဝမ် ( ၈၀၀ ) ပေးဖို့ ရည်ရွယ်ထားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူမသည် ဝမ် ( ၅၀၀ ) ဟုသာ ပြောခဲ့မိသည်၊ မဟုတ်ပါက သံသယဖြစ်ခံရမည်မှာ သေချာပေါက်ပင်။
“ဒေါ်လေး စိတ်မပူပါနဲ့။ ဒီအထည်စတွေ ရောင်းချတဲ့ နိုင်ငံခြားသားက ကျွန်မ အများကြီး ဝယ်တာကို မြင်တော့ ဈေးလျော့ပေးတယ်လေ။”
“ဒါပေမယ့် နင် လူတိုင်းအတွက် အများကြီး လုပ်ပေးခဲ့ပြီးပြီ. နင့်အတွက်လည်း နင် ပိုက်ဆံ နည်းနည်းတော့ ရှာရမယ်လေ။”
အမျိုးသမီးကျောက်ပြောတာကိုမြင်တော့ သခင်မကြီးရှဲ့ကလည်း အကူအညီပေးဖို့ ရှေ့တက်လာခဲ့သည်။
“ဟုတ်တယ် တူမလေး၊ လူတိုင်းအတွက် နင့်ပိုက်ဆံကို အဆုံးရှုံးမခံနဲ့။”
ဟဲကျစ်ယန်သည် ဒီလူနှစ်ယောက်က သူမကို အရမ်းရိုးသားလွန်းတယ်လို့တွေးနေမှန်း သိပေသည်။
သူမက ပြုံးပြီး သူတို့ကို ရှင်းပြသည်၊ “ဒေါ်လေးတို့နှစ်ယောက်စလုံး စိတ်မပူကြပါနဲ့။ ကျွန်မ ပိုက်ဆံ မဆုံးရှုံးပါဘူး။”
ဒီကိစ္စကို ထပ်မဆွေးနွေးစေဖို့ ဟဲကျစ်ယန်သည် အထည်စတွေကို အမြန်ထုတ်ပြီး ဝေပေးလိုက်သည်။
အရုပ်များပြုလုပ်ရာတွင် ပါဝင်လိုသူတိုင်းသည် ၎င်းတို့၏ အရည်အချင်း မည်မျှရှိသည်ကို သိရှိနိုင်ရန် ကုန်ပစ္စည်း တစ်ပိုင်းစီကို ချုပ်လုပ်ဖို့ ယာယီထုတ်ပေးခဲ့သည်။
ထိုအချိန်တွင် အကြီးဆုံးမရီးသည် သူမ အချိန်အတော်ကြာ ချုပ်လုပ်ထားသည့် နားရွက်ရှည်အမွေးပွယုန်ရုပ်ကို ကိုင်ကာ ရောက်လာသည်။
“အငယ်ဆုံးခယ်မလေး၊ အကြီးဆုံးမရီးကတော့ ဒီအရုပ်ကို ချုပ်ရတာ မခက်ဘူးလို့ထင်တယ်။ အပ်ချုပ်ကောင်းကောင်းကျွမ်းကျင်နေသရွေ့ လက်နဲ့ ချုပ်နိုင်လိမ့်မယ်။
အစ်မ နင့်ကို မေးစရာ ရှိလို့၊ ဒီအရုပ်ကို ဖျက်ပြီး အပ်ချုပ်ဖို့ သူ့အရွယ်အစားတွေကို တိုင်းထွာချင်လို့ ဖြစ်မလား။”
“ဒါပေါ့၊ အကြီးဆုံးမရီး ဒီအရုပ်ကို စိတ်ကြိုက်ဖျက်နိုင်တယ်” သူမမှာ အစကတည်းကပင် ဒီလိုအစီအစဉ်ရှိခဲ့ပေမယ့် အကြီးဆုံးမရီးကလည်း ဒါကို စဉ်းစားမိတာကြောင့် သူမ၏ အတွေးတွေကို စိတ်ထဲမှာပဲ မြှုပ်နှံထားလိုက်တော့သည်။
ဟဲကျစ်ယန်၏ စကားကြောင့် အကြီးဆုံးမရီးသည် နားရွက်ရှည်အမွေးပွယုန်ရုပ်ကို ဝမ်းသာအားရ ပွေ့ဖက်လိုက်ပြီး ထိုအရုပ်နှင့် ချုပ်လုပ်ရန် လိုအပ်သည့် ကုန်ပစ္စည်းများကို ယူသွားခဲ့သည်။
ဒါကိုမြင်တော့ တခြားသူတွေကလည်း သူ့နောက်ကို တစ်ယောက်ပြီး တစ်ယောက် လိုက်သွားခဲ့ကြသည်။ ဟဲကျစ်ယန်ရဲ့ နေရာက တစ်ခဏချင်း တိတ်ဆိတ်သွားခဲ့သည်။
မော့ကျိုးယွီသည် အမျိုးသမီးများ ထွက်ခွာသွားသည်ကိုမြင်တော့ နေရာလွတ်ထဲမှ ထုတ်ယူလာသော ရိက္ခာများကို ကူညီဖြေရှင်းပေးရန် ဟဲကျစ်ယန်အနား လျှောက်လာခဲ့သည်။
ဒါကိုမြင်တော့ မိသားစုများစွာမှ အမျိုးသားများနှင့် အရာရှိတွေက အပြေးရောက်လာပြီး ကူညီခဲ့ကြသည်။
သူတို့ တစ်ခါမှ မမြင်ဖူးတဲ့ အိတ်ထဲက ပစ္စည်းတွေကိုမြင်တော့ သိချင်စိတ်ပြင်းပြစွာ မေးမြန်းလာခဲ့ကြသည်။
“ညီလေးမော့၊ ဒါတွေက အသီးအရွက်တွေလား” ဖမ်းဝမ်သည် သူ တစ်ခါမှ မမြင်ဖူးတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်များကို ကောက်ယူကြည့်ရှုလိုက်သည်။
သူလည်း အပြင်ကို ခဏလောက် လမ်းလျှောက်ထွက်ခဲ့ကြောင်း တွေးမိသည်။ သူ လမ်းလျှောက်ချိန်တုန်းက ဒီပစ္စည်းတွေကို ရောင်းချနေသည့် ဘယ်သူ့ကိုမျှ မတွေ့ခဲ့ရသနည်း။
နိုင်ငံခြားသားတွေဆီကနေ ဝယ်လာတာ ဖြစ်နိုင်တယ်။
အောက်တိုဘာလလည်း ရောက်နေပြီ။ ဒီမှာ သိပ်မအေးသော်ငြား လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို လယ်ကွင်းတွေဆီမှာ စိုက်ပျိုးနိုင်တုန်းပဲလား။
မော့ကျိုးယွီသည် ယခုအခါမှာ ဟဲကျစ်ယန်ဆီကနေ လှည့်ကွက်လေးတွေ အနည်းငယ် သင်ယူနိုင်ခဲ့သည်။
“အစ်ကိုဖမ်း၊ ဒီပစ္စည်းတွေ တော်တော်များများကို ပခုံးထမ်းရောင်းချတဲ့ လယ်သမား တစ်ဦးစီကနေ ဝယ်လာခဲ့တာလေ။ ကျွန်တော်တို့လည်း လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို မြင်တာနဲ့ ဘာမှ ဂရုမစိုက်ဘဲ အကုန်လုံး ဝယ်လာခဲ့လိုက်တယ်။”
ဖမ်းဝမ်က ဒါကို သံသယမရှိဘူး။ ဒီအရာတွေက ဘယ်လောက်ပဲ ရှားပါးနေပါစေ၊ သူတို့နှစ်ယောက် အပြင်ထွက်တုန်း ကြုံလို့ ဝယ်ပြန်လာတာလို့ သူယုံကြည်သည်။
သို့သော် သူသည် မော့ကျိုးယွီ၏ ကံကိုတော့ အနည်းငယ် မနာလိုဖြစ်မိသည်။
သူထွက်သွားတုန်းကကျ ဒီပစ္စည်းတွေ ရောင်းချတဲ့ ပခုံးထမ်းအသည် လယ်သမားတွေကို ဘာကြောင့် မတွေ့ခဲ့ရတာလဲ။
မော့ကျိုးယွီသည် ဖမ်းဝမ် နောက်ထပ်မေးခွန်းများမမေးဖို့ တားဆီးရန်အတွက် ခရမ်းချဉ်းသီးတစ်လုံးကို အမြန်ကောက်ယူပြီး ဖမ်းဝမ်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
“အစ်ကိုဖမ်း၊ ကျွန်တော် ဒါလေးကို ခုနလေးကတင် မြည်းကြည့်ထားတာ၊ ဒါက ချိုချိုချဉ်ချဉ်လေး၊ အသီးတွေထက် အရသာပိုရှိတယ်။”
ဖမ်းဝမ်သည် သံသယမရှိဘဲ ခရမ်းချဉ်သီးကိုယူကာ ကိုက်စားလိုက်သည်။
“ကောင်းတယ်ကွ၊ ဒါက တကယ်အရသာရှိတယ်၊ အသီးတွေထက် ပိုကောင်းတယ်” ဖမ်းဝမ်က နောက်တစ်ကိုက် ကိုက်စားလိုက်ပြန်သည်။
သူ့အပြုအမူက သူ့ပတ်ဝန်းကျင်က လူတွေကို သွားရည်ကျစေသည်။
မော့ကျိုးယွီသည် တစ်ယောက်တည်းကွက်ပြီး မျက်နှာသာမပေးဘူး။ သူ မြင်သမျှ လူတိုင်းကို ခရမ်းချဉ်သီး တစ်လုံးစီ မျှဝေပေးခဲ့သည်။
ခရမ်းချဉ်သီးကို စားပြီးတာနဲ့ လူတိုင်းက အရသာရှိတယ်လို့ ပြောကြပြီး သူတို့ရဲ့ အသွင်အပြင်ကို ကြည့်လိုက်ရင် ထပ်စားဖို့ တောင့်တနေပုံရသည်။
ဒါတောင်မှ မော့ကျိုးယွီဆီကနေ ဘယ်သူမှ ထပ်မတောင်းခဲ့ကြဘူး။
မော့ကျိုးယွီသည် ဖန့်မိသားစုနှင့် ရှဲ့မိသားစုအား ဟင်းသီးဟင်းရွက်အချို့ကို ထုတ်ယူပေးကမ်းဖို့ အစပြုခဲ့သည်။ အရာရှိတွေအနေဖြင့် ဖမ်းဝမ်၏ စိတ်နေသဘောထားကို ကောင်းစွာ သိရှိကြသည်။
အရသာရှိတဲ့ အစားအစာတွေရှိပေမယ့် သူတို့အားလုံးဆီမှာ အိမ်ကနေ ယူလာတဲ့ အသင့်စား အစားအသောက်တွေရှိပြီး သူတို့ကိုယ်တိုင် တစ်ခါ ချက်မစားကြဘူး။ ဒါကြောင့် မော့ကျိုးယွီက သူတို့ကို ရိက္ခာအချို့ပေးဖို့ တွေးမနေတော့ဘူး။
ဟဲကျစ်ယန်သည် အမျိုးသမီးများ၏ ဝါသနာကို မသိသည့်အပြင် ၎င်းတို့ကို စိတ်ဝင်စားခြင်းမရှိပေ။ ထိုရိက္ခာများကို စနစ်တကျ စီစဉ်ပြီးနောက် သူမသည် အနားယူရန် တဲဆီသို့ ပြန်သွားခဲ့သည်။
ညစာစားချိန်နီးသည့်တိုင်အောင် အပြင်မှာ တိတ်ဆိတ်နေသည်။
ဟဲကျစ်ယန်သည် စစ်ဆေးရန် တဲထဲမှ ထွက်လာသောအခါတွင် သူမသည် အမှတ်မထင် ကိုယ့်ဒုက္ခကိုယ်ရှာမိကြောင်း သိလိုက်ရသည်။
သခင်မကြီးမော့အပါအဝင် မိသားစုအတွင်းရှိ အမျိုးသမီးအားလုံးသည် အတူစုရုံးပြီး အရုပ်များ ချုပ်လုပ်ရာတွင် အာရုံစိုက်နေကြသည်။
ဒီနေ့ ညစာကို သူမကိုယ်တိုင် ချက်ပြုတ်ရတော့မယ့်ပုံပဲ။
ဒါကလည်း ကောင်းပေသည်။ ဘာပဲဖြစ်ဖြစ် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ ပေါများနေတာမို့ မရီးတွေ မချက်ပြုတ်ဘူးဆိုရင်လည်း အဆင်ပြေပေသည်။
ဟဲကျစ်ယန် ချက်ပြုတ်ဖို့ပြင်နေတာကိုမြင်တော့ မော့ကျိုးယွီက မီးကူကြည့်ဖို့ ရောက်လာခဲ့သည်။
သူ့ဇနီးသည်ရဲ့ ဟင်းချက်လက်ရာကို သူ အကြိုက်ဆုံးပဲ။ များသောအားခြင့် သူမက အရမ်းအလုပ်များနေတာကြောင့် သူ့ကို ချက်ကျွေးဖို့ ပြောဖို့ကို တွန့်ဆုတ်နေခဲ့ပြီး အရင်က တစ်ခါ မပြောဖူးဘူး။
ဒီနေ့မှာတော့ ပါဝင်ပစ္စည်းတွေ အများကြီးရှိနေသည့်အပြင် ဇနီးသည် ချက်ပြုတ်ကျွေးမယ့် အရသာရှိတဲ့ အစားအစာတွေကို စားနိုင်တော့မယ်ဆိုတာကို တွေးကြည့်ရုံနှင့် စိတ်ကျေနပ်သွားသည်။
ထို့အပြင် သူသည် ယခုလို သာမန်ဘဝမျိုးကို အလွန်နှစ်သက်သည်။
မော့ချူဟန်၏ ခန္ဓာကိုယ်သည် အပြည့်အဝ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးသော်လည်း ဟဲကျစ်ယန်၏ ဂရုတစိုက် ကုသပေးမှုအပြီးတွင် ကန့်သတ်များ မရှိဘဲ သွားလာလှုပ်ရှားနိုင်နေပြီဖြစ်သည်။
သူ့နဝမညီလေးက သူ့ဇနီးသည်အနားကပ်ပြီး မီးကူကြည့်ပေးနေတာကိုမြင်တော့ မော့ချူဟန်သည် အရသာရှိသော အစားအသောက်များကိုမြင်တာနဲ့ ပြုံးပျော်သွားသော သူ့ရဲ့ ရူးချာချာ ဇနီးလေးကို တွေးမိသွားသည်။
ဒါကိုတွေးပြီး မော့ချူဟန်သည် သူ့ဇနီးလေးကို ကူညီလုပ်ကိုင်ပေးဖို့ လိုနေမလားဟု တစ်ချက်သွားကြည့်ခဲ့သည်။
နှစ်နာရီလောက် သုတေသနပြုပြီးနောက်၊ နောက်ဆုံးတွင် အမျိုးသမီးများသည် နားရွက်ရှည်အမွေးပွယုန်ရုပ် ချုပ်လုပ်နည်းကို ရှာဖွေတွေ့ရှိခဲ့သည်။
အခုအချိန်မှာတော့ သူတို့လက်ထဲမှာ တစ်ပိုင်းချောထုတ်ကုန်တစ်ခုရှိသည်။
တစ်ပိုင်းချောထုတ်ကုန်ဟုခေါ်ဆိုသော်လည်း တစ်ခုတည်းသော ကွာခြားချက်မှာ နားရွက်ရှည်အမွေးပွယုန်ရုပ်၏ ကိုယ်ထည်ကို မပြီးသေးဘဲ အရုပ်ခေါင်းပိုင်း၏ ပုံသဏ္ဍာန်ကို ရှင်းရှင်းလင်းလင်း မြင်နေရပြီဖြစ်သည်။
မော့ချူဟန် လမ်းလျှောက်လာသောအခါတွင် သူ့ဇနီးသည်က ယုန်အမြီး ချုပ်နေသည်ကို တွေ့လိုက်ရသည်။
သူမ၏ လေးနက်သော အသွင်အပြင်ကို မြင်လိုက်ရသည့် လူအများကို စိတ်နှလုံး နွေးထွေးသွားစေသည်။
ထို့ကြောင့် မော့ချူဟန်သည် အသံမထွက်ဘဲ သူ့ဇနီးသည်ဘေးတွင် ငြိမ်သက်စွာ ဝင်ထိုင်လိုက်သည်။
အဋ္ဌမမရီးသ်ည ခင်ပွန်းဖြစ်သူ သူမ အနား ရောက်လာသည်ကို သတိမထားမိဘဲ အာရုံစူးစိုက်နေသည်။
သူ့ကို လုံးဝ သတိမပြုမိသည်ကို မြင်လိုက်ရသဖြင့် မော့ချူဟန်သည် တမင်တကာ ချောင်းဟန့်လိုက်သည်။
အဋ္ဌမမရီးက အသံကြားတော့ ခေါင်းလှည့်ကြည့်လိုက်သည်၊ “ရှင် ဘယ်တုန်းက ရောက်နေတာလဲ။”
မော့ချူဟန်သည် သူ့ဇနီးသည်၏ လက်ထဲမှ တစ်ပိုင်းချောထုတ်ကုန်အရုပ်ကို ယူကြည့်ကာ “ဒါက တကယ်လှတာပဲ” ဟု ချီးကျူးလိုက်သည်။
သူမ၏ ကြိုးစားအားထုတ်မှု အသီးအပွင့်များကို အသိအမှတ်ပြုသည်ကို မြင်သောအခါ အဋ္ဌမမရီးသည် ချက်ချင်းဆိုသလို ရွှင်လန်းစွာ ပြုံးပြလိုက်သည်။
“ကျွန်မလည်း ဒါက အရမ်းကြည့်ကောင်းတယ်လို့ထင်တယ်။”
သူတို့နှစ်ဦးကြား အပြန်အလှန် ဆက်ဆံရေး တခြားအမျိုးသမီးတွေရဲ့ အကြည့်တွေကို ဆွဲဆောင်သွားခဲ့သည်။
ကွယ်လွန်သွားပြီဟု ထင်မှတ်ထားသော ခင်ပွန်းသည် ပြန်ရောက်လာသည့် အဋ္ဌမမရီးကိုကြည့်ပြီး လူတိုင်း မနာလိုဖြစ်ခဲ့ကြသည်။ သူတို့ရဲ့ ခင်ပွန်းသည်တွေပါ အသက်ရှင်နေမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။
အနာဂတ်မှာ ရိုးရှင်းတဲ့ဘဝကိုသာ ဖြတ်သန်းနိုင်မယ်ဆိုရင်တောင် ပျော်ရွှင်မှုကို မျှဝေနိုင်မည့်သူရှိလျှင် ဘဝက ပိုကောင်းပေလိမ့်မည်။
အဋ္ဌမမတ်လေးနဲ့ အဋ္ဌမမရီးတို့လိုမျိုး…
မော့ချူဟန် ရောက်လာတာကြောင့် အရုပ်ချုပ်နေကြသည့် အမျိုးသမီးများကို အာရုံပြောင်းသွားစေခဲ့ကာ သူတို့၏ နဝမယောင်းမလေး ညစာ ပြင်ဆင်နေပြီဖြစ်ကြောင်း သတိပြုမိကြသည်။
အကြီးဆုံးမရီးက မတ်တပ်ရပ်ပြီး အားလုံးကို သွားရောက်ကူညီလုပ်ကိုင်ပေးဖို့ ပြောလိုက်သည်။
မရီးတွေ၏ အကူအညီဖြင့် ဟဲကျစ်ယန်သည် ညစာကို ပိုမို မြန်ဆန်စွာ ချက်ပြုတ်နိုင်ခဲ့သည်။
***