← Chapters

ဆဋ္ဌမမရီး ရုတ်တရက် မူးလဲသွားသည်။

Vol. 13 Ch. 153

ဆဋ္ဌမမရီး ရုတ်တရက် မူးလဲသွားသည်။

Vol. 13 Ch. 153

ယနေ့ ညစာက အရမ်းအရသာရှိနေမှာ သေချာပေါက်ပင်။ မော့မိသားစုညစာ ချက်ပြုတ်ပြင်ဆင်ပြီးသွားတာကို အရာရှိတွေ မြင်တော့ ဖမ်းဝမ်က သူတို့ကို မဖိတ်ဘဲ စားသောက်ဖို့ ရောက်လာကြသည်။

အရသာရှိသော အစားအစာများကို စားသုံးပြီးနောက် အမျိုးသမီးများသည် လုံးဝ အနားယူခြင်း မရှိဘဲ မီးထွန်းပြီး အရုပ်များကို ဆက်လက်ချုပ်လုပ်ကြသည်။

လေ့ကျင့်ခြင်းသည် ပြီးပြည့်စုံသောရလဒ်ကို ဖြစ်ပေါ်စေသည်။ သူတို့ အရည်အချင်းပြည့်မီသော ထုတ်ကုန်များကို အောင်မြင်စွာ ပြုလုပ်နိုင်ပြီးသည်နှင့် နောက်တစ်ခုကို ဖန်တီးဖို့ ပိုမိုလွယ်ကူလာခဲ့သည်။

ဟဲကျစ်ယန် မနက်စောစော အိပ်ရာက နိုးလာတဲ့အခါမှာ မနေ့ညက လုပ်ထားတဲ့ အရုပ်တွေကို စစ်ဆေးကြည့်ရှုပေးဖို့ သူ့မရီးတွေက သူ့ကို ဆွဲခေါ်သွားခဲ့သည်။

စစ်ဆေးပြီးနောက် ဟဲကျစ်ယန်သည် ဤရှေးခေတ်လက်မှုအတတ်ပညာများကို နှလုံးသားအောက်ခြေမှ သဘောကျသွားခဲ့သည်။

၎င်းတို့သည် သူမ၏ နေရာလွတ်ရှိ သူမ၏ အခင်ဆုံးသူငယ်ချင်း ဖန်တီးထားသည့် မူရင်းထက် များစွာသာလွန်ကောင်းမွန်ပြီး အပြစ်အနာအဆာလုံးဝမရှိဘူးဟုပင် ဆိုနိုင်ပါသည်။

အကြီးဆုံးမရီးနှင့် အဋ္ဌမမရီးတို့က အရုပ် သုံးရုပ်စီ ပြုလုပ်ကြပြီး ကျန်မရီးတွေနှင့် မော့ဟန်ယွဲ့က အရုပ် နှစ်ရုပ်စီ ပြုလုပ်ခဲ့ကြသည်။ သခင်မကြီးမော့ ပြုလုပ်ထားသည့် အရုပ် တစ်ရုပ်ကိုပါ ထည့်ပေါင်းလိုက်လျှင် မော့မိသားစုအမျိုးသမီးများသည် မနေ့က အရုပ် ( ၂၁ ) ရုပ် ပြုလုပ်ခဲ့ကြသည်။

ဖန့်မိသားစုနှင့် ရှဲ့မိသားစုတို့ကလည်း အသီးသီး အရုပ် ( ၂၀ ) စီ ပြုလုပ်ခဲ့ကြသည်။

ဟဲကျစ်ယန်သည် ဒီအရုပ်ပမာဏက သူမ ပို့ဆောင်လို့ဖြစ်နိုင်တယ်ဟု ခံစားမိတာကြောင့် မနက်စာစားပြီးတာနဲ့ မော့ကျိုးယွီနှင့်အတူ ဒီနားရွက်ရှည်အမွေးပွယုန်ရုပ်တွေကို ပန်းထိုးအိမ်ဆီသို့ ပို့ဆောင်ပေးခဲ့သည်။

အဝေးကနေ လှမ်းကြည့်လိုက်တော့ ပန်းထိုးအိမ်ရှေ့မှာ လူတွေ စည်ကားနေတာကို တွေ့ရသည်။

ဟဲကျစ်ယန်နှင့် မော့ကျိုးယွီပါ ဘာတွေဖြစ်ပျက်ခဲ့မှန်းကို မသိတဲ့အတွက် စစ်ဆေးမေးမြန်းဖို့ အမြန်လျှောက်သွားခဲ့သည်။

နားရွက်ရှည်အမွေးပွယုန်ရုပ်ကိုဝယ်ဖို့ ငွေလျန်း နှစ်ဆယ် သုံးစွဲခဲ့တဲ့ မိန်းကလေးလီဟာ သူမနှင့်အတူ လူအယောက် တစ်ဒါဇင်ကျော်လောက် ခေါ်ဆောင်လာတာကို တွေ့လိုက်ရသည်။

“ဆိုင်ရှင်၊ ရှင် ဒီလိုနားရွက်ရှည်အမွေးပွယုန်ရုပ်တွေကို ဘယ်အချိန် ရောင်းချမှာလဲ။ ကျွန်မတို့တွေ မနက်အစောကြီးကတည်းက စောင့်နေတာနော်။”

ဆိုင်ရှင်က တံခါးဝမှာ မတ်တပ်ရပ်နေရင်း ကူကယ်ရာမဲ့နေပုံရသည်၊ “ဒါကို ကျွန်မလည်း အခု မသေချာသေးဘူး။ ပစ္စည်းတွေ လာပို့ပေးမယ့် အချိန်ပေါ် မူတည်နေတယ်။”

ဟဲကျစ်ယန်သည် ခဏစောင့်ကြည့်ပြီးနောက် သူမနှင့် မော့ကျိုးယွီတို့သည် သူတို့ ပြင်ဆင်ထားသည့် နားရွက်ရှည်အမွေးပွယုန်ရုပ် ( ၆၁ ) ရုပ်နှင့်အတူ လျှောက်ဝင်လာခဲ့သည်။

ဟဲကျစ်ယန်ကိုတွေ့တော့ ဆိုင်ရှင်က ချက်ချင်းဆိုသလို ပြုံးပျော်သွားခဲ့သည်။

“ကောင်မလေး၊ နင် နောက်ဆုံးတေ့ ရောက်လာပြီပဲ။ ငါ့ဆိုင်တံခါးဝမှာ စောင့်နေတဲ့ ဒီသခင်မလေးတွေကို ကြည့်ပါဦး၊ သူတို့က ဒီအရုပ်အတွက် ရောက်လာကြတာလေ။”

မိန်းကလေးလီကလည်း ဟဲကျစ်ယန်ကို လှမ်းမြင်သည်။

“မြန်မြန်၊ အရုပ်တွေ ရောက်လာပြီ။”

မိန်းကလေးတွေက ပန်းထိုးအိမ်ထဲသို့ ပျားအုံကို‌ တွေ့လိုက်သည့် ပျားတွေကဲ့သို့ ဝိုင်းအုံလိုက်ပါသွားကြသည်။

မော့ကျိုးယွီသည် နားရွက်ရှည်အမွေးပွယုန်ရုပ်တွေကို ကောင်တာပေါ် တိုက်ရိုက်တင်လိုက်သည်။

ဟဲကျစ်ယန်က ရှေ့သို့ လှမ်းတက်လိုက်သည်၊ “ဆိုင်ရှင်၊ ကျွန်မ ဒီနေ့ အရုပ် ( ၆၁ ) ရုပ် ယူလာခဲ့တယ်။”

ကုန်ပစ္စည်းများကို စစ်ဆေးပြီးနောက် ဆိုင်ရှင်သည် ဤအရုပ်များကို အလွန်ကျေနပ်သွားကာ ဟဲကျစ်ယန်အား ငွေရှင်းပေးဖို့ အထဲသို့ ခေါ်သွားခဲ့သည်။

ငွေ ( ၆၁ ) လျန်းသည် ငွေစက္ကူများနှင့် မတူဘဲ အတော်လေး များပြားပုံပေါ်သည်။ အပြင်လူများရှိနေသဖြင့် သူမသည် ၎င်းတို့ကို သူမ၏ နေရာလွတ်ထဲသို့ တိုက်ရိုက်မထည့်နိုင်သောကြောင့် လုံခြုံစေရန်အတွက် မော့ကျိုးယွီအား ခဏသိမ်းထားစေသည်။

သူမနှင့် ဆိုင်ရှင်တို့ ကောင်တာသို့ ရောက်သောအခါ အရုပ်ဝယ်ရန် စောင့်ဆိုင်းနေသော ဈေးဝယ်သူများ ဝိုင်းရံထားပြီးဖြစ်သည်။

ဆိုင်ရှင်ထွက်လာတာကိုမြင်တော့ မိန်းကလေးလီက ရှေ့သို့လှမ်းတက်ပြီး ပြောလာခဲ့သည်၊ “ဆိုင်ရှင်၊ မနေ့တုန်းက ကျွန်မ ဒီအရုပ်ကို အရမ်းကြိုက်နေလို့ ငွေလျန်း ( ၂၀ ) သုံးဖို့ ဆန္ဒရှိခဲ့တယ်။ တကယ်တော့ ဒီအရုပ်က အဲ့လောက် မတန်ဘူး။ ဒီနေ့ ဈေးဝယ်သူများတာကိုမြင်ပြီး ဈေးကို အဲ့လောက် မမြှင့်ပါနဲံ။”

ဒါကိုကြားတော့ ဆိုင်ရှင်၏ မျက်နှာက ရုတ်တရက် တင်းမာသွားသည်။

မိန်းကလေးလီ ခေါ်ဆောင်လာသော ဈေးဝယ်သူအများကြီးကို မြင်တွေ့ပြီးနောက်တွင် သူမသည် ဤပြဿနာကို စဉ်းစားခဲ့သည်။

ဒီဈေးဝယ်သူတွေအားလုံးဟာ ချမ်းသာတဲ့မိသားစုက အမျိုးသမီးတွေဖြစ်ကြပြီး မိန်းကလေးလီသည် အရုပ်တစ်ရုပ်ကိုဝယ်ယူရန် ငွေလျန်း ( ၂၀ ) သုံးစွဲလိုသောကြောင့် အခြားသူများလည်း သူမလို တတ်နိုင်ပေလိမ့်မည်။

ထို့အပြင် ဒီအရုပ်များသည် အခုလောလောဆယ် သူမ၏ ဆိုင်တွင်သာ သီးသန့်ရရှိနေတာဖြစ်ပြီး အရမ်းချစ်စရာကောင်းတာကြောင့် ဈေးကောင်းကောင်းရဖို့ဆိုတာ သေချာပေါက်ပင်။

ငွေလျန်း ( ၂၀ ) နှင့် မရောင်းချနိုင်ဘူးဆိုရင်တောင် ငွေ ( ၁၀ ) လျန်းက ပြဿနာမရှိဘူး။

မမျှော်လင့်ဘဲ မိန်းကလေးလီက သူမပါးစပ်ကို ဖွင့်လိုက်သည်နှင့် သူမကို အားနည်းသွားစေသည်။

“မိန်းကလေးလီ၊ ရှင် အဲ့လိုပြောလို့မရဘူး။ ရှင် ဒီအရုပ်အတွက် ငွေလျန်း ( ၂၀ ) သုံးစွဲခဲ့တယ်။ ကျွန်မက ဒီအရုပ်တွေကို ငွေနှစ်လျန်းနဲ့ ရောင်းချမယ်ဆိုရင် ရှင် စိတ်မဆိုးဘူးလား။”

မိန်းကလေးလီက သူမ၏ ဆင်ခြေများကို လုံးဝ နားမယောင်ခဲ့ပေ။

“ကျွန်မ စိတ်မဆိုးပါဘူး။ တစ်ရုပ်ကို ငွေနှစ်လျန်းက ဖြစ်သင့်တယ်။”

ထို့နောက် ချက်ချင်းပင် သူ့ဘေးနားရှိ ညီအစ်မများကလည်း ပါဝင်လာခဲ့သည်။

“ဆိုင်ရှင်၊ ဒီအရုပ်တွေကို အထူးတလည် ဖန်တီးထားတာ မဟုတ်ရင် ငွေနှစ်လျန်းတောင် မတန်ဘူး။ ရှင် ဒီဈေးနဲ့ မရောင်းရင် ကျွန်မတို့ ဝယ်မှာ မဟုတ်ဘူး။”

ထိုသတင်းကြားပြီးနောက် အပျော်ပွဲလာကြည့်တဲ့ တခြားလူတွေကလည်း ဝမ်းသာအားရ ဝိုင်းအော်အားပေးကြသည်။

“ဟုတ်တယ်၊ ငွေနှစ်လျန်းကတောင် အတော်လေး ဈေးကြီးနေပြီ။”

ဆိုင်ရှင်သည် ရုတ်တရက် ခေါင်းကိုက်သွားပြီး ဟဲကျစ်ယန်ကို သူ့အလိုလို လှည့်ကြည့်လိုက်မိသည်။

ဟဲကျစ်ယန်က သူမ ပါဝင်မည်မဟုတ်ကြောင်း အပြုအမူဖြင့် ပြုံးပြလိုက်သည်။

ဈေးဝယ်သူတွေက မတုံးအပေ။ မိန်းကလေးလီပြောတာက အဓိပ္ပါယ်ရှိသည်။ မနေ့က နားရွက်ရှည်အမွေးပွယုန်ရုပ်အတွက် ငွေလျန်း ( ၂၀ ) ပေးခဲ့တာက အကြောင်းရင်းရှိသည်။ ပထမအနေနှင့် ဤအရုပ်မျိုးသည် ပထမဆုံးအကြိမ် ထွက်ပေါ်ခဲ့တာဖြစ်ပြီး နောင်တွင် ၎င်းကို ထပ်မံ မြင်တွေ့ရပါတော့မလားဆိုတာ မသေချာပေ။

ပိုအရေးကြီးတာက သူမမှာ ငွေပိုငွေလျှံ အများကြီး ရှိသည်။

ယနေ့ မိန်းကလေးလီနှင့် လိုက်ပါလာသော ဈေးဝယ်သူများသည် ချမ်းသာသော မိသားစုမှ သခင်မလေးများဟု ဆိုရသော်လည်း ငွေလျန်း ( ၂၀ ) သည် ဤခေတ်တွင် အနည်းငယ်မျှသော ပမာဏ မဟုတ်ပေ။

အရုပ်တစ်ရုပ်ကို ဝယ်ယူဖို့ ငွေလျန်း ( ၂၀ ) ကို အမှန်တကယ် သုံးစွဲလိုတဲ့သူ များများစားစား မရှိပေ။

ဆိုင်ရှင်က အလွန်လောဘကြီးပြီး အမြတ်တစ်ဝက်လောက် ရနေတာကိုတောင် ရောင်းချင်စိတ် မရှိသေးဘူး။

ကံကောင်းထောက်မစွာ၊ သူမသည် ဒီနေရာမှာ ရေရှည်နေနိုင်မည် မဟုတ်ပေ။ မဟုတ်ရင် သူမဟာ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေကို ပြောင်းလဲဖို့ သေချာပေါက် စဉ်းစားမိမှာပင်။

ဟဲကျစ်ယန်က သူမအတွက် စကားမပြောလိုတာကိုမြင်တော့ ဆိုင်ရှင်က သူမ၏ အရုပ်တွေကို ဈေးကြီးကြီးနဲ့ ရောင်းဖို့ မဖြစ်နိုင်ဘူးဆိုတာ သိသွားခဲ့သည်။

ထို့ကြောင့် သူမသည် ကို့ရိုးကားရားနိုင်စွာ ပြုံးလိုက်မိသည်။

“မိန်းကလေးတို့ ဒီအရုပ်အတွက် ကျွန်မ ပိုက်ဆံ အများကြီး အကုန်ကျခံခဲ့ရတယ်။ တစ်ရုပ်ကို ငွေငါးလျန်းဆိုရင်ရော ဘယ်လိုထင်လဲ။ တစ်ရုပ်ကို ငွေငါးလျန်းပဲလေ။”

“နှစ်လျန်းပဲ၊ ရှင် ရောင်းမှာလား မရောင်းဘူးလား။ မဟုတ်ရင် ကျွန်မတို့ ထွက်သွားတော့မယ်” ဟု မိန်းကလေးလီက ပြောကာ လူတိုင်းကို ခေါ်ပြီး ထွက်သွားဖို့ပြင်သည်။

ဆိုင်ရှင်က ထိတ်လန့်တကြားနဲ့ သူတို့ကို တားဖို့ ခြေလှမ်းပြင်လိုက်သည်။

“သုံးလျန်း၊ တစ်ရုပ်ကို သုံးလျန်း၊ ဒီထက်တော့ ထပ်မလျှော့နိုင်တော့ဘူး။”

မိန်းကလေးလီက ရပ်သွားကာ နောက်တစ်ကြိမ် ပြန်မလှည့်မီ မိန်းကလေးတွေနှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။

“ကောင်းပြီလေ၊ တစ်ရုပ်ကို ငွေသုံးလျန်းပေါ့၊ ဒီထက် ထပ်တိုးလို့မရဘူး။”

“ထပ်မတိုးတော့ပါဘူး၊ ကျွန်မ ကတိပေးပါတယ်” ဟု ဆိုင်ရှင်က ပြောပြီး အရုပ်တွေကို ရွေးဖို့ ကောင်တာဆီ ခေါ်သွားခဲ့သည်။

ဟဲကျစ်ယန်က ခဏလောက် ကြည့်ပြီးနောက် ဆက်ကြည့်စရာအကြောင်းမရှိတော့ဘူးဟု ခံစားမိသည့်အတွက် မော့ကျိုးယွီကို ဆွဲပြီး အတူတူ ထွက်လာခဲ့သည်။

စခန်းဆီသို့ ပြန်သွားသည့် လမ်းလေးထဲသို့ ဝင်လိုက်သည်နှင့် အနည်းငယ် စိတ်လှုပ်ရှားနေသော မော့ချူဟန်ကို တွေ့လိုက်ရသည်။

မော့ချူဟန်က သူတို့ဆီ အပြေးရောက်လာသည်။

“ညီလေး၊ ခယ်မလေး၊ နောက်ဆုံးတော့ နင်တို့ ပြန်ရောက်လာပြီ။”

မော့ကျိုးယွီက မျက်ခုံးပင့်လိုက်သည်၊ “အဋ္ဌမအစ်ကို၊ ဘာဖြစ်လို့လဲ။”

“အခုလေးတင် နင်တို့ ဆဋ္ဌမမရီး ရုတ်တရက် မူးလဲသွားလို့၊ အမေက သူ့တစ်ကိုယ်လုံး ပူလောင်နေတယ်လို့ပြောတယ်။”

ဒါကိုကြားတော့ မော့ကျိုးယွီသည် သူ သယ်လာသော ရိက္ခာအားလုံးကို မော့ချူဟန်လက်ထဲအပ်ခဲ့ပြီး ဟဲကျစ်ယန်ကို ဆွဲကာ စခန်းဆီ အပြေးခေါ်သွားခဲ့သည်။

စခန်းချရာသို့ ပြန်ရောက်သောအခါ လူများပြည့်ကျပ်နေသော တဲတစ်လုံးကို ဟဲကျစ်ယန် တွေ့လိုက်ရသည်။

သူမသည် လူစုလူဝေးကို ကျော်ဖြတ်ကာ ဝင်သွားခဲ့သည်။

အကြီးဆုံးမရီးနှင့် ဒုတိယမရီးတို့က ဆဋ္ဌမမရီး၏ နဖူးကို လက်ကိုင်ပဝါများဖြင့် သုတ်ပေးနေကြသည်။

ဟဲကျစ်ယန်ပြန်ရောက်လာတာကိုမြင်တော့ အကြီးဆုံးမရီးက ချက်ချင်းထပြီး နေရာဖယ်ပေးသည်။

“နဝမခယ်မလေး၊ နင် အချိန်ကိုက်ပြန်ရောက်လာတာပဲ။ မြန်မြန်လေး တစ်ချက်လာကြည့်ပေးပါဦး၊ နင့်ဆဋ္ဌမမရီး ဘာဖြစ်လို့ ရုတ်တရက် မေ့လဲသွားတာလဲမသိဘူး။”

ဟဲကျစ်ယန်သည် ရှေ့သို့ လှမ်းတက်သွားပြီး ဆဋ္ဌမမရီး၏ နဖူးကို အရင်စမ်းကြည့်လိုက်သည်။ အမှန်ပင် ပူလွန်းလှသည်။

ထိုအချိန်တွင် ဆဋ္ဌမမရီးသည် သတိပြန်လည်လာကာ သူမ၏ အသံမှာမူ အားနည်းဖျော့တော့နေသည်။

“ကျွန်မ အဆင်ပြေပါတယ်၊ နည်းနည်းအေးနေရုံပါပဲ။”

ဆဋ္ဌမမရီး၏ အဖျားဝေဒနာကို သူမ ကောက်ချက်မချနိုင်မချင်း ဟဲကျစ်ယန်သည် သတိလက်လွတ်ဖြစ်မည်မဟုတ်ပေ။

ဆဋ္ဌမမရီး၏ သွေးခုန်နှုန်းကို စမ်းသပ်ရန် သူမလက်ကို ဆန့်ထုတ်လိုက်ပြီး သူမ၏ မျက်ခုံးများ တဖြည်းဖြည်း ကျုံ့သထက်ကျုံ့လာခဲ့သည်။

ဆဋ္ဌမမရီး အအေးမိသွားသည်မှာ အမှန်ပင်ဖြစ်သော်လည်း သူမ၏ သွေးခုန်နှုန်းအရ ရိုးရိုးအအေးမိဖျားနာခြင်းမျိုးမဟုတ်ကြောင်း ထင်ရှားနေသည်။

ဆဋ္ဌမမရီး၏ ခန္ဓာကိုယ်အတွင်း၌ အအေးဓာတ် ပြင်းထန်လာစေရန် တွန်းအားအချို့ရှိနေပုံရသည်ဟု သူမ ခံစားမိသည်။

***

All Chapters