← Chapters

အကျိုးအမြတ်များ

Vol. 13 Ch. 157

အကျိုးအမြတ်များ

Vol. 13 Ch. 157

ထန်မင်လွေ့သည် သူ၏ လေးစားအားကျမှုကို လျှို့ဝှက်မထားဘဲ လက်သီးတင်းတင်းဆုပ်ပြီး ပြောလာခဲ့သည်၊ “မရီးမော့၊ မရီးက တကယ့်ကို အမြင်ကောင်းရှိတာပဲ။ မရီးက နိုင်ငံခြားသားတွေနဲ့ စီးပွားရေးလုပ်ကိုင်ဝံ့ရုံသာမက ဒီလို ထူးခြားတဲ့ အရုပ်တွေကိုလည်း ဖန်တီးနိုင်တယ်။”

ဟဲကျစ်ယန်က ပြုံးပြီး အလွန်ရိုးရှင်းစွာ ပြန်ဖြေသည်။

“ဘဝက ငါ့ကို ဒီလိုလုပ်ကိုင်ဖို့ ဖိအားပေးနေတာပဲလေ။ ငါ ဒီလိုလုပ်ဖို့ကလွဲပြီး ရွေးချယ်စရာမှ မရှိတာ။”

ထန်မင်လွေ့သည် သူ့ရည်ရွယ်ချက်ကို မထုတ်ဖော်ခင် နောက်ထပ် သာကြောင်းမာကြောင်း စကားအနည်းငယ် အပြန်အလှန် ဖလှယ်ခဲ့ကြသည်။

“မရီးမော့ရဲ့ အရုပ်တွေက ထူးခြားတယ်။ အမျိုးအစားတွေ အများကြီးရှိရင် ပိုကောင်းလိမ့်မယ်။ ကျွန်တော် ဒီကနေ ထွက်သွားပြီး နောက်ပိုင်း မြို့အသီးသီးမှာ သွားရောင်းလို့ ရတယ်။ အဲ့လိုသာဆို ဝင်ငွေက သိသိသာသာ များလာလိမ့်မယ်။”

နားရွက်ရှည်အမွေးပွယုန်ရုပ်များပြုလုပ်ခြင်းသည် ရှဲ့မိသားစုနှင့် ဖန့်မိသားစု၏ အခက်အခဲကို ကူညီချင်သည့်အတွက် ဟဲကျစ်ယန် လုပ်ဆောင်ခဲ့သော ယာယီလုပ်ငန်းတစ်ခုမျှသာ ဖြစ်သည်။

ထန်မင်လွေ့သည် ဤနေရာတွင် အကန့်အသတ်မရှိသော စီးပွားရေး အခွင့်အလမ်းများကို တွေ့မြင်သွားလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့မိပေ။

ဟဲကျစ်ယန်၏ သူ့အပေါ် နားလည်ထားမှုအရ ထန်မင်လွေ့ဆီမှာ ထူးခြားတဲ့ စီးပွားရေးအမြင်တစ်ခု ရှိပေမယ်။ သူက ဒီလုပ်ငန်းကနေ ဝင်ငွေကောင်းလိမ့်မည်ဟုပြောလျှင် ဝင်ငွေတကယ်ကောင်းလိမ့်မည်။

ရေရှည်လုပ်ငန်းတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်နိုင်မည်ဆိုလျှင် သူမကိုယ်တိုင်အတွက် ငွေအနည်းငယ်ရှာဖွေနိုင်ရုံသာမက သူမ၏ မိသားစု၊ ဖန့်မိသားစုနှင့် ရှဲ့မိသားစုများသည်လည်း အတူတူ ဝင်ငွေရှာဖွေနိုင်လိမ့်မည်။ ဟဲကျစ်ယန်သည် ထိုသို့သော ကောင်းမွန်သည့် အရာမျိုးကို ခုခံနိုင်စွမ်း မရှိပေ။

“ကျွန်မ သခင်လေးထန်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်။ ကျွန်မ နိုင်ငံခြားသားတွေဆီကနေ အရုပ်လုပ်လို့ရတဲ့ အထည်စတွေ အများကြီး ဝယ်ထားတာ ရှိတယ်။ ကျွန်မ ပြန်ရောက်တဲ့အခါကျရင် တခြားအရုပ်ပုံစံတချို့ကို တွေးကြည့်လိုက်ပါ့မယ်။”

ထန်မင်လွေ့က နိုင်ငံခြားသားများကို ဆင်ခြေအဖြစ် အသုံးချတာကို သံသယမဝင်ခဲ့ဘူးဆိုတာကို ဟဲကျစ်ယန် သိလိုက်ရသဖြင့် ဒီလို အခြေအမြစ် မရှိတဲ့ ဆင်ခြေကို ထပ်သုံးဖို့ ဆုံးဖြတ်လိုက်သည်။

ယခုအချိန်တွင် ထန်မင်လွေ့သည် အရုပ်လုပ်ငန်းကို ပထမရွှေအိုးအသွင်ပြောင်းဖို့ တွေးတောနေပြီး နိုင်ငံခြားသားများအကြောင်းကို သူ သံသယ မရှိခဲ့ပေ။

ဟဲကျစ်ယန်က အခြားသော အရုပ်ပုံစံများစွာကို ဖန်တီးနိုင်သည်ဟု ပြောတာကိုကြားပြီး ၎င်းကို စောင့်မျှော်နေခဲ့ပြီဖြစ်သည်။

“အဲ့တာဆို ကျွန်တော် မရီးမော့ဆီက သတင်းကောင်းကို စောင့်မျှော်နေပါ့မယ်။”

“အရုပ်တွေလုပ်ရတာ ပြဿနာ မရှိဘူး။ ဒါပေမယ့် သခင်လေးထန်က သူတို့ကို ဒီမှာ ရောင်းဖို့ အစီအစဉ်ရှိလား။”

ထန်မင်လွေ့သည် သမိုင်းစာအုပ်များတွင် မှတ်တမ်းတင်ထားသည့်အတိုင်း စီးပွားရေးတွင် အမှန်တကယ် ထူးချွန်ပါက၊ သူသည် မြို့တွင်း၌ အရုပ်များကို ချက်ချင်းရောင်းချဖို့ ရွေးချယ်လိမ့်မည်မဟုတ်ကြောင်း ဟဲကျစ်ယန်က ခံစားခဲ့ရသည်။

အပိုငွေရှာဖို့ အကောင်းဆုံးနည်းလမ်းမှာ ပန်းထိုးအိမ်ရှိ အရုပ် ( ၂၀၀ ) ကို ရောင်းမကုန်မချင်း စောင့်ဆိုင်းနေဖို့ပဲ ဖြစ်သည်။ ထိုအရုပ်များကို ဝယ်လို့မရတဲ့သူတွေက စိတ်မကောင်းဖြစ်မှာ သေချာသည်။

ထိုအချိန်တွင် ထန်မင်လွေ့သည် သူ့လက်ထဲတွင် ရှိနေသော အရုပ်များကို ဈေးနှုန်းမြင့်ပြီး အရေအတွက် အကန့်အသတ်ဖြင့် ရောင်းချနိုင်ကာ ဈေးဝယ်သူများ၏ ဝယ်ယူချင်စိတ်ကို နှိုးဆွနိုင်ပေလိမ့်မည်။

တစ်ချိန်တည်းမှာပင်၊ အရုပ်ပုံစံအသစ်များကို ထပ်တိုးခြင်းဖြင့် ထန်မင်လွေ့၏ စီးပွားရေးသည် ကျိန်းသေပေါက် ဝင်ငွေကောင်းလာပေမည်။

ထန်မင်လွေ့၏ အဖြေသည် သူမအား စိတ်မပျက်စေခဲ့ပါ။

“ကျွန်မတို့ ဒီမှာ အကြာကြီးနေနေရဦးမယ်ဆိုရင် ပန်းထိုးအိမ်က အရုပ်တွေ ရောင်းကုန်တဲ့အထိ စောင့်လိုက်ကြမယ်။ အရုပ်တွေကို လိုချင်တဲ့ ‌ဈေးဝယ်သူရဲ့ ဆန္ဒ မြင့်တက်လာတဲ့အထိ စောင့်ဖို့ ကျွန်မ တွေးထားတယ်။”

“ဒါ ကောင်းတယ်။ ကျွန်တော် မရီးမော့ရဲ့ လက်ရာမြောက်တဲ့ အရုပ်တွေကို စောင့်နေပါ့မယ်။”

နှစ်ယောက်သား လမ်းမခွဲခင်မှာ အရုပ်လုပ်ငန်းအသေးစိတ်အကြောင်း အများကြီး ပြောဖြစ်ခဲ့ကြတယ်။ လာမယ့်သုံးရက်အတွင်း ဒီနေရာကနေ မထွက်ခွာနိုင်သေးရင် နေ့လည်ဘက် လက်ဖက်ရည်ဆိုင်မှာ တွေ့ဆုံကြမယ်လို့ သဘောတူခဲ့ကြသည်။

ဟဲကျစ်ယန်သည် အထည်စအချို့ကို သေချာပေါက် ပြန်ယူသွားမယ်ဆိုတာကို မော့ကျိုးယွီ သိနားလည်နေသောကြောင့် နွားလှည်းငှားရမ်းဖို့ စီစဉ်ခဲ့သည်။

ဟဲကျစ်ယန်သည် ပြင်ဆင်ဖို့ သီးသန့်နေရာတစ်ခုကို ရှာဖွေခဲ့သည်။

ဒီတစ်ခါမှာတော့ အရောင်မျိုးစုံနဲ့ ချည်ထည်စတွေ အများကြီး ဝယ်ယူခဲ့လေ၏။

ထို့အပြင် သူမသည် နေရာလွတ်နယ်မြေရှိ အစားအစာအချို့အပြင် ဥများနှင့် အသားများကိုလည်း ယူဆောင်လာခဲ့သည်။ နေရာလွတ်နယ်မြေ၌ မွေးမြူထားသည့် ကြက်နှင့် တိရိစ္ဆာန်များမှာ မရိတ်သိမ်းရသေးသောကြောင့် တာ့ပေါင်မောလ်မှ အချို့ကို ဝယ်ယူခဲ့သည်။

ထို့အပြင် ဟဲကျစ်ယန်သည် မော့ဟန်ယွဲ့ကို သင်ကြားပေးဖို့ ရိုးရာတရုတ်စာလုံးများဖြင့် ရေးသားထားသော တရုတ်ဆေးဖက်ဝင်အပင်များဆိုင်ရာ တရုတ်တိုင်းရင်းဆေးစာအုပ်တစ်အုပ်ကိုပါ ဂရုတစိုက် ထည့်ဝယ်ခဲ့၏။

မော့ကျိုးယွီ နွားလှည်းနှင့် ပြန်လာချိန်မှာတော့ သူမ ပြန်ယူသွားဖို့ ပစ္စည်းတွေ အကုန်လုံးကို အဆင်သင့်ပြင်ထားပြီးနေပြီဖြစ်သည်။

ဤတစ်ကြိမ်တွင် ဟဲကျစ်ယန်သည် အထည်စတွေ အများကြီး ဝယ်ယူထားခဲ့သောကြောင့် နွားလှည်းတစ်စင်းနှင့်ပင် မဆန့်နိုင်တော့ပေ။

လှည်းမောင်းသမားက အခြားအဖော်တစ်ဦးကိုခေါ်ပြီး နွားလှည်းနှစ်စင်းအပေါ် ပစ္စည်းတွေတင်ပြီး စခန်းသို့ အမြန်ပြန်သွားခဲ့သည်။

ဟဲကျစ်ယန်တစ်ယောက် နားရွက်ရှည်အမွေးပွယုန်ရုပ်များနှင့်အတူ ထွက်သွားသောအခါ အမျိုးသမီးများသည် ဝမ်းနည်းကြေကွဲနေကြဆဲဖြစ်သည်။

အကြောင်းရင်းမှာ ဟဲကျစ်ယန်သည် အရုပ်လုပ်ရန် နိုင်ငံခြားသားများထံမှ ဝယ်ယူထားသည့် အထည်စများ ကုန်သွားသဖြင့် နောင်တွင် ဤမျှ လွယ်ကူစွာ ငွေရှာနိုင်တော့မည် မဟုတ်ပေ။

မမျှော်လင့်ဘဲ ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့ ထွက်သွားပြီး ပြန်လာတော့ အထည်စတွေ အများကြီး တင်ဆောင်လာသော နွားလှည်းနှစ်စင်းပါ ပြန်ပါလာခဲ့သည်။

ယင်းကြောင့် အမျိုးသမီးများ အလွန်ပျော်ရွှင်ခဲ့ရပြီး အားလုံးက ကုန်ပစ္စည်းများကို သယ်ယူဖို့ ကူညီပေးခဲ့ကြသည်။

ဒုတိယမရီးက ဟဲကျစ်ယန်ကို မေးခွန်းများ မေးနေသေးသည်။

“ခယ်မလေး၊ နင်နဲ့ မတ်လေးတို့ နိုင်ငံခြားသားတွေနဲ့ ထပ်တွေ့ပြန်တာလား။”

“ဟုတ်တယ်၊ နိုင်ငံခြားသားတွေလည်း ဒီကနေ ထွက်သွားလို့ မရဘူး။ ဒီနေ့ ညီမတို့ အထူးတလည် လိုက်ရှာကြည့်တော့ သူတို့ဆီမှာ ဒီလို အထည်စတွေ ရှိနေသေးတယ်။ ဒါကြောင့် ညီမ နောက်ထပ် ထပ်ဝယ်လာခဲ့တာ။”

ဟဲကျစ်ယန်သည် မှင်သေသေဖြင့် လိမ်ညာခဲ့သည်။

ဘေးနားတွင်ရှိနေသည့် မော့ကျိုးယွီသည် သူ့ဇနီးအတွက် မျက်နှာသာရဖို့ ဝင်ပြောပေးဖို့ကိုလည်း မမေ့ခဲ့ပါဘူး၊ “ဒီနိုင်ငံခြားသားတွေကို ရှာဖို့ ယန်ယန် အများကြီး အားထုတ်ခဲ့ရတယ်။ ဒီလို အထည်စတွေက ရဖို့ မလွယ်ဘူး။”

သေချာတာကတော့ ဟဲကျစ်ယန်တစ်ယောက် အထည်စတွေ ဝယ်ယူဖို့ နိုင်ငံခြားသားတွေရှာဖို့ ထွက်သွားကြောင့် အမျိုးသမီးဆွေမျိုးများ ကြားသိရသောအခါတွင် သူတို့အားလုံးက ကျေးဇူးတင်ကြောင်း ဖော်ပြလာကြသည်။

ဟဲကျစ်ယန်သည် မော့ကျိုးယွီ၏ စကားကို လိုက်နာပြီး စကားအနည်းငယ်ပြောသည့် ရည်ရွယ်ချက်မှာ ဤအထည်စများကို ခက်ခက်ခဲခဲ ရယူခဲ့ရကြောင်း လူတိုင်းကို အသိပေးရန်ဖြစ်ပြီး အရုပ်များလုပ်ရာတွင် ပိုမိုအာရုံစိုက်လာစေရန် ဖြစ်သည်။

နွားလှည်းပေါ်ရှိ ကုန်ပစ္စည်းများကို လူတိုင်း ဘေးဖယ်ထားပြီး ဟဲကျစ်ယန်သည် အရုပ် ( ၁၃၁ ) ရုပ်အတွက် လုပ်ခလစာကို လူတိုင်းအား ရှင်းပေးခဲ့သည်။

လူတိုင်းသည် ယခင်အချိန်ကထက် လုပ်ခ ပိုရကြသည်၊ အထူးသဖြင့် ဖန့်မိသားစုနှင့် ရှဲ့မိသားစုတို့ အရုပ်ပြုလုပ်ခြင်းမှ ရရှိသော ဝင်ငွေသည် သူတို့ အနောက်မြောက်ဘက်ရောက်သည့်အထိ ထောက်ပံ့ပေးဖို့ လုံလောက်ပေသည်။

အကြီးအကဲ၏ ဦးဆောင်မှုအောက်တွင် မိသားစုနှစ်စုမှ အမျိုးသမီးများသည် ဟဲကျစ်ယန်အား ကျေးဇူးတင်စကားဆိုကာ ဒူးထောက်အရိုသေပေးကြသည်။

ခေတ်မီလူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ဟဲကျစ်ယန်သည် ဤမျှ ကြီးမားသော လက်ဆောင်ကို ဘယ်လိုလုပ်ပြီး လက်ခံဝံ့မှာလဲ။

သူ့မရီးတွေနှင့်အတူ မိသားစုနှစ်စုမှ လူများကို ထူမပေးကာ တစ်ချိန်တည်းတွင် ဤမိသားစုနှစ်စုသည် မျက်လုံးဖြူဝံပုလွေတွေ မဟုတ်ကြောင်းကိုလည်း ရှင်းရှင်းလင်းလင်း သိမြင်လာခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူတို့ဆီမှာ ကျေးဇူးတင်တတ်တဲ့ စိတ်နှလုံးတွေ တကယ်ရှိလေ၏။

သာကြောင်းမာကြောင်းစကားအနည်းငယ် ဖလှယ်ပြီးနောက် ဟဲကျစ်ယန်သည် လိုရင်းကို တန်းပြောခဲ့သည်။

ဟဲကျစ်ယန်သည် အရောင်အသွေးစုံလင်သော အထည်စအချို့ကို ပေါ့ပေါ့ပါးပါး ကောက်ကိုင်လိုက်သည်။

“ဒီတစ်ခေါက် ကျွန်မ ပြန်ယူလာတဲ့ အထည်စတွေက အရောင်အသွေးစုံလင်တယ်ဆိုတာ လူတိုင်း မြင်မယ် ထင်ပါတယ်။ နောက်ထပ် အရုပ်ပုံစံတွေ အများကြီး လေ့လာဖို့ ကျွန်မ စီစဉ်ထားတယ်။”

ဟဲကျစ်ယန်၏ လက်ထဲရှိ အရောင်အသွေးစုံလင်သော အထည်စများကို မြင်လိုက်ရသောအခါ အမျိုးသမီးများ အလွန်နှစ်သက်သွားကြသည်။

မော့ဟန်ယွဲ့သည် ထိုအထည်စများကို အနီးကပ်ကြည့်ရန် ဟဲကျစ်ယန်အနားကပ်သွားပြီး သူမ ကြည့်လေ ပို၍ အံ့ဩလာလေပင်။

ဟဲကျစ်ယန်ရဲ့ လက်ထဲက အညိုရောင် အထည်စကို ညွှန်ပြပြီး ပြောလိုက်သည်၊ “မရီး၊ ညီမ မြို့တော်မှာ ရှိတုန်းက ဒီအရောင် အထည်စနဲ့ လုပ်ထားတဲ့ ဝက်ဝံရုပ်ကို တွေ့ဖူးတယ်။ အဲ့တာက အရမ်းနာမည်ကြီးတယ်။”

ဤအညိုရောင်အထည်စဖြင့် ဟဲကျစ်ယန်သည် ဝက်ဝံရုပ်များ ဖန်တီးချုပ်လုပ်ဖို့ အမှန်တကယ် စီစဉ်ထားသည်။

သူမ ပေးသော ပုံစံများသည် မြို့တော်တွင် မော့ဟန်ယွဲ့ မြင်တွေ့ဖူးသည်ထက် အဆပေါင်း မရေတွက်နိုင်အောင် ပိုကြည့်ကောင်းနေမည်ဟု သူမ ယုံကြည်ခဲ့သည်။

“ကောင်းပြီ၊ နောက်မှ လူတိုင်းအတွက် ဝက်ဝံရုပ်ပုံကြမ်းရေးဆွဲပေးမယ်။”

အမျိုးသမီးများသည် ဟဲကျစ်ယန်ကဲ့သို့ သူတို့၏ အမြင်မကောင်းကြောင်း အသိအမှတ်ပြုကြပြီး သူမ၏ အစီအစဉ်များကို တစ်လမ်းလုံး နားထောင်လာတာ ကျင့်သားရလာတဲ့အတွက် ဘယ်သူကမှ အကြံဉာဏ်မပေးခဲ့ကြဘူး။

ဟဲကျစ်ယန်သည် သူတို့၏ အနာဂတ် အလုပ်အကိုင်အကြောင်း ရှင်းရှင်းလင်းလင်း ရှင်းပြပြီးနောက် မော့ဟန်ယွဲ့အား တရုတ်တိုင်းရင်းဆေးပင်များအကြောင်း ရှင်းပြထားတဲ့ စာအုပ်ကို ပေးကာ ဂရုတစိုက် ဖတ်ရှုပြီး မသိတာရှိပါက သူမအား လာမေးဖို့ ပြောခဲ့သည်။

မော့ဟန်ယွဲ့သည် စာအုပ်ကို ဝမ်းသာအားရ ကိုင်တွယ်ပြီး လှန်ကြည့်လိုက်သည်။

နေ့လည်စာမစားမီ အချိန်အနည်းငယ်ရှိသေးသည်နှင့် ဟဲကျစ်ယန်သည် တဲသို့ပြန်ကာ နေရာလွတ်ထဲသို့ ဝင်သွားခဲ့သည်။

***

All Chapters