ပန်ဒါဝက်ဝံအရုပ်ကြီး
Vol. 13 Ch. 158
နေရာလွတ်ထဲရှိ ကုတင်ဘေးတွင် သူမ၏ အခင်ဆုံး သူငယ်ချင်း ဖန်တီးထားသည့ အရုပ်ပေါင်းများစွာ ရှိနေပါသေးသည်။
ဆင်ပျံလေး၊ အပြာရောင်နတ်သူငယ်၊ မစ်ကီမောက်စ်နှင့် အခြားသော ကာတွန်းဇာတ်ကောင်များကို အခြေခံ၍ ပြုလုပ်ထားသော အရုပ်များလည်း ရှိသည်။
ဤအရုပ်များသည် ကြည့်ကောင်းသော်လည်း လူအများက ဤဇာတ်ကောင်များကို မသိကြသဖြင့် လူကြိုက်များလိမ့်မည်မဟုတ်ဟု ဟဲကျစ်ယန်က ထင်မြင်ခဲ့သည်။
ထို့ကြောင့် ဟဲကျစ်ယန်သည် အရုပ်များ၏ ပုံစံသည် ဤခေတ်ရှိ လူတို့၏ အသိဉာဏ်ထက် မကျော်လွန်သင့်ဘူးဟု ခံစားခဲ့ရသည်။
ဟဲကျစ်ယန်သည် တာ့ပေါင်ပေါ်ရှိ အရုပ်များထဲမှ လုံးဝန်းထွားကြိုင်းပြီး ချစ်စရာကောင်းသည့် ပန်ဒါအရုပ်ကြီးကို မြင်မြင်ချင်း သဘောကျသွားခဲ့သည်။
ဒါပေမယ့် ဒီခေတ်က လူတွေဟာ ပန်ဒါကြီးတွေရဲ့ အကြောင်းကို ကြားဖူးကြသလားဆိုတာကို သူမ မသိဘူး။
ဒါကို အတည်ပြုဖို့အတွက် ဟဲကျစ်ယန်သည် မော့ကျိုးယွီကို မေးမြန်းဖို့ ရည်ရွယ်ပြီး နေရာလွတ်ထဲမှ ထွက်လာခဲ့သည်။
မော့ကျိုးယွီ တဲသို့ ပြန်လာပြီး ဟဲကျစ်ယန်ကို မတွေ့သောအခါ သူမသည် နေရာလွတ်ထဲသို့ ဝင်သွားပြီဖြစ်ကြောင်း သူ သိလိုက်သည်။
သူက တဲထဲမှာ ရိုးစင်းစွာ ထိုင်နေပြီး သူမ ပြန်ထွက်လာတာကို စောင့်ဆိုင်းနေသည်။
ဟဲကျစ်ယန် နေရာလွတ်ထဲသို့ ဝင်သွားသော နေရာသည် မော့ကျိုးယွီ ယခု ထိုင်နေသော နေရာနှင့် အတူတူပင် ဖြစ်သည်။ သူမ နေရာလွတ်ထဲမှ ပြန်ထွက်လာသည်နှင့် မော့ကျိုးယွီ ပွေ့ဖက်လိုက်တာကို ခံလိုက်ရသည်။
“ရှင် ဘယ်တုန်းက ပြန်ရောက်တာလဲ” ဟဲကျစ်ယန်သည် သူ့ရင်ခွင်ထဲ ပစ်ဝင်ဖို့ အစပြုမိတယ်လို့ခံစားမိကာ အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။
မော့ကျိုးယွီသည် သူ့လက်ထဲသို့ နွေးထွေးနူးညံ့သော အလှလေးတစ်ယောက် ပစ်ဝင်လာတဲ့အခါမှာ သဘာဝအတိုင်း လက်လွှတ်ပေးချင်စိတ် မရှိပေ။
မော့ကျိုးယွီသည် သူ့လက်ကို သဘာဝကျကျပင် ဟဲကျစ်ယန်၏ ခါးတွင် ပွေ့ဖက်ထားလိုက်သည်။
“ကိုယ်ပြန်ရောက်တာ ဆယ့်ငါးမိနစ်လောက်တော့်ရှိပြီ။ မင်း ဒီမှာ မရှိတာကိုမြင်တော့ ကိုယ် ခဏထိုင်စောင့်နေတာလေ။”
ဟဲကျစ်ယန်သည် ရုတ်တရက် သူမ၏ ခါးပတ်လည်မှာ လက်အကြီးကြီးတစ်ခု ပေါ်လာသဖြင့် သူ့အလိုလို ရှောင်တိမ်းချင်လာမိသည်။
ဒါပေမယ့် သူမ စဉ်းစားကြည့်တော့ သူမတို့ဟာ လင်မယားတွေဖြစ်ကြပြီး သူတို့ရဲ့ အချစ်ရေးကိုလည်း ကိုယ်စီ အတည်ပြုထားပြီးဖြစ်သောကြောင့် အချို့သော ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုတွေက ဘာမှမဖြစ်ပါဘူး။
ထို့ကြောင့် သူမသည် မရှောင်ဖယ်တော့ဘဲ နီမြန်းနေသော မျက်နှာလေးဖြင့် မေးမြန်းကြည့်ခဲ့သည်၊ “ရှင် သံစားသားရဲအကြောင်းကို ကြားဖူးလား။”
ရှေးခေတ်က ပန်ဒါတွေကို သံစားသားရဲများဟုခေါ်ဆိုကြောင်းကို သူမ မမေ့ခဲ့ပါဘူး။
မော့ကျိုးယွီသည် သံစားသားရဲကို တစ်ခါမျှ မတွေ့ဖူးသော်လည်း သူ့နာမည်ကိုတော့ ရင်းနှီးကျွမ်းဝင်မှုရှိသည်။
“ကိုယ်တို့သွားရမယ့် အနောက်မြောက်ဘက်မှာ သံစားသားရဲတွေရှိတယ်လို့ကြားဖူးတယ်” သူက ခဏရပ်သွားပြီးတော့ ဆက်ပြောလာခဲ့သည်၊ “မင်း သံစားသားရဲအကြောင်းကို ဘာဖြစ်လို့ မေးတာလဲ။”
ဟဲကျစ်ယန်သည် အနောက်မြောက်ဘက်တွင် နိုင်ငံရတနာ ပန်ဒါဝက်ဝံကြီးများ၏ ခြေရာများ ရှိနေဦးမည်ဟု မမျှော်လင့်ထားပေ။
သူမ၏ ယခင်ဘဝတွင် ငယ်စဉ်ကတည်းကပင် ပန်ဒါဝက်ဝံကြီးကဲ့သို့သော သတ္တဝါများ၏ ဆွဲဆောင်မှုကို ခုခုံနိုင်စွမ်း မရှိခဲ့ပေ။
တက္ကသိုလ်တက်ဖို့ ဘာသာရပ် ရွေးတုန်းကလည်း တိရိစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးကို ယူဖို့ပင် တွေးခဲ့ဖူးသည်။
ထိုနည်းအားဖြင့် သူမသည် ပန်ဒါဝက်ဝံစောင့်ရှောက်သူ ဖြစ်လာရန် အခွင့်အရေး ရှိလာနိုင်သည်။
တုပ်ကွေးကြောင့် နောက်ဆုံးတွင် သူမသည် ဆေးဝါးကို ရွေးချယ်ခဲ့သည်။
ယခု အနောက်မြောက်ဘက်သို့ ရောက်ရှိလာပြီးနောက် သူမသည် ပန်ဒါဝက်ဝံကြီးများနှင့် အနီးကပ် ထိတွေ့ခွင့်ရဖို့ မျှော်လင့်ချက် ရှိလာပေပြီ။
ဒါကိုတွေးပြီး ဟဲကျစ်ယန်သည် မကြာမီ အနောက်မြောက်ဘက်သို့ မြန်မြန်ရောက်ဖို့ကို မျှော်လင့်မိသည်။
သူမရဲ့ အတွေးတွေကနေ ရုန်းထွက်လိုက်ပြီး သူမ၏ လက်ထဲတွင် ပန်ဒါဝက်ဝံအရုပ်ကြီး ရုတ်တရက် ပေါ်လာခဲ့သည်။
“ဒါကို တစ်ချက်ကြည့်ပါဦး၊ ချစ်စရာကောင်းတယ်လို့ မထင်ဘူးလား။”
မော့ကျိုးယွီသည် ပန်ဒါအရုပ်ကိုယူ၍ ကြည့်ကာ “ဒီသံစားသားရဲက နားရွက်ရှည်ယုန်ရုပ်ထက် နာမည်ပိုကြီးမယ်လို့ ကိုယ်ထင်တယ်” ဟု ရိုးသားစွာ ပြောသည်။
သံစားသားရဲ၊ သံစားသားရဲ၊ ဤသည်မှာ ပန်ဒါဝက်ဝံများ၏ ရှေးခေတ်အမည်ဖြစ်သော်လည်း ဟဲကျစ်ယန်သည် အဆိုပါအမည်က ချစ်စရာမကောင်းဘူးဟု ခံစားမိသည်။
“ကြည့်လေ၊ ဒီသံစားသားရဲက ဝက်ဝံနဲ့ရော ကြောင်နဲ့ပါ ခပ်ဆင်ဆင် တူတယ်နော်။ ကျွန်မတို့ သူ့ကို ချစ်စရာကောင်းတဲ့နာမည်လေးပြောင်းပြီး ပန်ဒါဝက်ဝံလို့ခေါ်ကြမယ်ဆိုရင်ရော ဘယ်လိုလဲဟင်။”
မော့ကျိုးယွီက သူမ၏ ခေါင်းကို ချစ်မြတ်နိုးစွာ နမ်းရှိုက်လိုက်သည်၊ “ပန်ဒါဝက်ဝံဆိုတဲ့အမည်လေးက မဆိုးဘူးပဲ။”
ယခုတော့ ဟဲကျစ်ယန်သည် ဤခေတ်တွင် ပန်ဒါဝက်ဝံများအကြောင်း သိသူတွေ အမှန်တကယ် ရှိလာပြီဖြစ်ကြောင်း နားလည်သွားခဲ့သည်။
ထို့ကြောင့် သူမသည် ထန်မင်လွေ့နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွင် ပန်ဒါဝက်ဝံအရုပ်များက တစ်ခု အပါအဝင် ဖြစ်လာရမည်ဟု ဆုံးဖြတ်ခဲ့သည်။
ဟဲကျစ်ယန်သည် မော့ကျိုးယွီကို ဆွဲပြီး နေရာလွတ်ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။
ယခုတစ်ကြိမ်တွင် သူမသည် ပန်ဒါအရုပ်ကို တစစီ ဖြုတ်ပစ်ဖို့ မရည်ရွယ်ဘဲ အရုပ်ပြုလုပ်ခြင်းဆိုင်ရာ စာအုပ် တစ်အုပ်ကို ဝယ်ယူခဲ့သည်။
သူမ အထူးကြိုက်နှစ်သက်တဲ့ ပန်ဒါအရုပ်ပုံစံကို ရွေးပြီး စာအုပ်ထဲရှိ ပြုလုပ်နည်း အစုံလိုက်ကို ကူးယူခဲ့သည်။
ဟဲကျစ်ယန်သည် ပန်ဒါဝက်ဝံအရုပ်ကြီးကို ပြုလုပ်ခြင်းအပြင် အဝတ်အစားဝတ်ဆင်ထားသော ဝက်ဝံငယ်လေးနှင့် ချစ်စရာကောင်းသော အဝါရောင်ဘဲရုပ်လေး ပြုလုပ်နည်းတို့ကိုလည်း ရွေးချယ်ခဲ့သည်။
ဟုတ်ပါတယ်၊ ဝက်ဝံရုပ်ရဲ့ အဝတ်အစားတွေကို ဒီခေတ်က သာမာန်အထည်တွေနဲ့ လုပ်လို့ ရပါတယ်။
မည်သို့ပင်ဆိုစေကာမူ သူမထံတွင် အသုံးမပြုရသေးသော နိုင်ငံဘဏ္ဍာတိုက်မှ ခိုးယူထားသည့် အထည်စအချို့ ကျန်နေပါသေသည်။
ထန်မင်လွေ့နှင့် စီးပွားရေးမိတ်ဖက်လုပ်ငန်းတစ်ခုကို စတင်လိုက်ခြင်းဖြင့် ဤစတိုင်သုံးမျိုးဟာ အခုအချိန်မှာ လုံလောက်နေပြီဟု သူမ ခံစားမိသည်။
ဟဲကျစ်ယန်သည် အခြားအရုပ်နှစ်ရုပ်၏ ပြုလုပ်နည်းများကို ကူးယူပြီးနောက် သူတို့နှစ်ဦးသား နေရာလွတ်မှ ထွက်လာခဲ့ကြသည်။
ထိုအချိန်တွင် အပြင်မှ အမျိုးသမီးများသည် အလုပ်စလုပ်ရန် ဟဲကျစ်ယန်၏ အမိန့်ကို စောင့်မျှော်နေကြပြီဖြစ်သည်။
ဟဲကျစ်ယန်က ပြုံးပြီး အားလုံးကို စုစည်းလိုက်သည်။
“ဒီတစ်ခါ ကျွန်မ အရုပ်ဒီဇိုင်း သုံးမျိုးကို ရွေးချယ်ထားတယ်။ ပုံတွေကို အသင့်ပြင်ထားပြီးပြီ။ ကျွန်မ ရေးဆွဲထားတဲ့ ပုံစံအတိုင်း အရုပ်တွေကို လုပ်လို့ ရပါတယ်။”
ဟဲကျစ်ယန်သည် ထိုသို့ပြောနေရင်း ပုံများကို ဖြန့်ကာ အမျိုးသမီးမိသားစုဝင်များကို ရှင်းပြပေးသည်။
“ကျွန်မ ပုံပေါ်မှာ အရွယ်အစားနဲ့ အရောင်တွေကို အမှတ်အသားပြုထားတယ်။ အထည်စတွေကို ဖြတ်တောက်ရာမှာ ပုံပါအတိုင်း အတိအကျ လိုက်နာရမယ်၊ နည်းနည်းလေးမှ လွဲလို့ မရဘူး။”
ဒါကိုကြားတော့ အမျိုးသမီးတွေက ဝိုင်းဖွဲ့ပြီး ပုံမှာပါတဲ့ အကြောင်းအရာတွေကို သေချာစစ်ဆေးသည်။
ပုံကားချပ်ပေါ်တွင် ရေးထားသော “ပန်ဒါ” ဟူသော စာလုံးကို မြင်သောအခါ သူတို့အားလုံး အံ့အားသင့်သွားကြသည်။
“နဝမခယ်မလေး၊ ဒီပန်ဒါဆိုတာက ဘာလဲ” ဟု ဒုတိယမရီးက သူတို့ကိုယ်စား မေးမြန်းပေးခဲ့သည်။
ဟဲကျစ်ယန်က ရိုးရိုးရှင်းရှင်းပဲ လျှို့ဝှက်ထားလိုက်သည်။
“ဒုတိယမရီး၊ အစ်မ ညီမဆွဲထားတဲ့အတိုင်း အရုပ်လုပ်ပြီးရင် အဲ့တာက ဘာလဲဆိုတာကို သဘာဝကျကျ သိသွားလိမ့်မယ်။”
ဒုတိယမရီးသည် စိတ်မရှည်တော့ပေ၊ နဝမခယ်မလေးက သူမကို မပြောလေလေ အဖြေကို သိလိုလေလေဖြစ်သည်။
ထို့ကြောင့် သူမသည် ပန်ဒါအရုပ်ပြလုပ်နည်းကို ဆွဲယူလိုက်သည်။
“ဒါကို ငါ ယူပြီး လေ့လာကြည့်မယ်။ ငါ့ရဲ့ စူးစမ်းချင်စိတ်ကို ကျေနပ်စေဖို့ မမှောင်ခင် ကုန်ချောတစ်ခု ရအောင် လုပ်မယ်။”
သူမ၏ စကားကြောင့် အမျိုးသမီးမိသားစုဝင်များကို ရယ်မောစေခဲ့သည်။
အကြီးဆုံးမရီးနှင့် အမျိုးသမီးကျောက်တို့သည်လည်း အားလုံးနှင့်အတူလေ့လာဖို့ အခြားအရုပ်နှစ်ရုပ်၏ ပြလုပ်နည်းများကို ယူသွားခဲ့သည်။
ကိစ္စများကို စီစဉ်ပြီးသောအခါ ဟဲကျစ်ယန်သည် အားလပ်ချိန် ရသွားပြန်သည်။
ယခုအချိန်တွင် မိသားစုအတွင်းရှိ အမျိုးသမီးများသည် အရုပ်များပြုလုပ်ရန် အာရုံစိုက်ထားပြီးဖြစ်သောကြောင့် ဟဲကျစ်ယန်သည် လူတိုင်းအတွက် နေ့လယ်စာကို ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ဖို့ကိုသာ တတ်နိုင်တော့သည်။
မော့ကျိုးယွီသည် သူမကို မီးကူပြီး ကြည့်ပေးပြန်သည်။
သူမ ပထမဆုံးဟင်းလျာကို တည်ခင်းချိန်မှာပင် မော့ကျိုးယွီက မတ်တပ်ထရပ်လိုက်သည်။
“ဖေးမားမားကို သွားပို့သူတွေ ပြန်ရောက်လာပြီ၊ ကိုယ် တစ်ချက်လောက် သွားကြည့်လိုက်ဦးမယ်။”
ဟဲကျစ်ယန်သည် မော့ကျိုးယွီ ထွက်ခွာသွာသည့် လမ်းကြောင်းကို ကြည့်လိုက်ရာ စုန့်ချောင်နှင့် ဝမ်တာ့လီတို့သည် ခပ်လှမ်းလှမ်းမှ ဆိတ်ငြိမ်သော နေရာတစ်ခုတွင် သူ့ကို စောင့်နေကြသည်ကို တွေ့လိုက်ရသည်။
မော့ကျိုးယွီသည် သူတို့နှစ်ဦးနှင့် စကားစမြည် အကြာကြီး မပြောခဲ့ပေ။ သိပ်မကြာခင် သူ အမြန်ပြန်ရောက်လာခဲ့သည်။
မော့ကျိုးယွီသည် ဟဲကျစ်ယန် မေးတာကို မစောင့်ဘဲ ဖေးမားမားကို ခေါ်ထုတ်သွားတဲ့ လုပ်ငန်းစဉ်ကို ပြောပြဖို့ အစပြုခဲ့သည်။
“မင်းပေးခဲ့တဲ့ ဆံပင်ဆိုးဆေးကြောင့် ဖေးမားမားကို လိုက်ရှာနေတဲ့ နန်ချီရဲ့ လူတော်တော်များများရန်ကနေ သူတို့တွေ လွတ်မြောက်ခဲ့တယ်လို့ပြောတယ်။
ဖေးမားမားက ရှာဖွေမှုကို ရှောင်ရှားဖို့ သူမရဲ့ ဆံပင်ကို အနက်ရောင်ဆေးဆိုးပြီး မြို့တော်ကို ဘေးကင်းစွာ ရောက်ရှိသွားခဲ့တယ်။”
ဟဲကျစ်ယန်က အိုးထဲတွင် ဟင်းသီးဟင်းရွက်များကို ထည့်ကြော်နေရင်း မေးလိုက်သည်။
“သူတို့က အဲဒီလူကို ဖေးနန်ယွီဆီကို အပ်ခဲ့တာလား။”
မော့ကျိုးယွီက ခေါင်းညိတ်သည်၊ “သူတို့ မြို့တော်ကိုရောက်တော့ ဖေးနန်ယွီက နန်ချီနဲ့ တုန်ဖန်းကောင်တီကို သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် လိုက်ပါသွားပြီး ပြန်ရောက်မလာသေးဘူး။ ဝမ်တာ့လီက တည်းခိုခန်းတစ်ခုမှာ ခဏတည်းခိုဖို့ ဆုံးဖြတ်ခဲ့တယ်၊ အန္တရာယ်များတဲ့နေရာက ပိုပြီး လုံခြုံတယ်ဆိုတဲ့စကားလည်း ရှိတယ်မလား။ နန်ချီရဲ့ လူတွေက မြို့တော်မှာ ဖေးမားမား ရှိနေမယ်လို့ မထင်ကြဘူး။ ဒါကြောင့် သူတို့တွေ မြို့တော်မှာ ဖေးနန်ယွီကို စောင့်နေတဲ့အချိန်အတောအတွင်းမှာ ဘာမှ မဖြစ်ခဲ့ကြဘူး။”
“ဖေးနန်ယွီရဲ့ တုံ့ပြန်မှုက ဘယ်လိုရှိလဲ” ဟဲကျစ်ယန်က သူမ သိချင်သည့် အရေးကြီးဆုံးမေးခွန်းကို မေးမြန်းခဲ့သည်။
ဖေးမားမားသည် ဖေးနန်ယွီကို တွေ့သောအခါ သူမနှင့် မော့ကျိုးယွီတို့သည် သူ့နောက်ကြောင်းကို သိနှင့်ထားပြီးပြီဖြစ်ကြောင်း သူမ သေချာပေါက် ပြောပြပေလိမ့်မည်။
ဤကိစ္စကြောင့် ဖေးနန်ယွီသည် သူတို့အတွက် အခက်အခဲများကို မပြုလုပ်ဖို့ သူတို့နှစ်ယောက်စလုံးက မျှော်လင့်ထားသော်လည်း အရာအားလုံးတွင် အပြောင်းအလဲများ အမြဲရှိနိုင်ပြီး ဖေးနန်ယီသည် သူတို့ကြိုတင်ခန့်မှန်းထားသည့်အတိုင်း သေချာပေါက် လုပ်ဆောင်လိမ့်မည်ဟု မည်သူမှ အာမခံဝံ့ခြင်းမရှိပေ။
***