← Chapters

စစ်သူကြီးအရေအတွက် အကန့်အသတ်ရှိနေတယ်

Vol. 13 Ch. 159

စစ်သူကြီးအရေအတွက် အကန့်အသတ်ရှိနေတယ်

Vol. 13 Ch. 159

မော့ကျိုးယွီသည် သူ့လက်ထဲတွင် စာတစ်စောင်ကို ကိုင်ထားသည်။

“ဒီစာက ဖေးနန်ယွီရေးထားတာ၊ နောက်မှ လုံခြုံတဲ့နေရာကိုရှာပြီး ဖတ်ကြည့်လိုက်မယ်” သူ ပြောသည်။

ပြည်နှင်ဒဏ်ခံရသည့် အကျဉ်းသားများကို မည်သူနှင့်မျှ စာမဖလှယ်ဖို့ တားမြစ်ထားသည်။ ဖမ်းဝမ်က သူတို့နှင့် ဆက်ဆံရေးကောင်းပေမယ့် မော့ကျိုးယွီက အရမ်း အခွင့်ကောင်း မယူချင်ခဲ့ဘူး။

ဟဲကျစ်ယန်သည် စာပါအကြောင်းအရာများကို သိလိုစိတ်ပြင်းပြနေခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ပဉ္စမမရီးက ကူညီလုပ်ကိုင်ပေးဖို့ ရောက်လာသဖြင့် ဟဲကျစ်ယန်သည် သူမအား နေရာခဏစောင့်ခိုင်းပြီး မော့ကျိုးယွီအား သူတို့၏ တဲဆီသို့ ဆွဲခေါ်သွားခဲ့သည်။

ဖေးနန်ယွီရေးတဲ့စာထဲမှာ အများကြီး သိပ်မပါပါဘူး။

ဦးစွာ၊ သူ့အတွက် အရမ်းအကူအညီဖြစ်စေသည့် ဖေးမားမားကို ကူညီပေးခဲ့ခြင်းကြောင့် ကျေးဇူးတင်ကြောင်း ပြောကြားထားခဲ့သည်။

ဖေးမားမားအတွက် ပုန်းခိုရာနေရာကိုလည်း ကောင်းကောင်းမွန်မွန် စီစဉ်ပေးထားမည်ဟုလည်း သူက အာမခံခဲ့သည်။ တစ်နေ့တွင် သူ့အထောက်အထားကို ပြန်လည်ရယူပြီးပါက မော့မိသားစုအပေါ် စွဲချက်တင်ထားသည့် မတရားမှုကို အရင်ဆုံး ရှင်းပစ်ပေးမည်ဟုဆိုထားသည်။

စာကိုဖတ်ရင်း မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့သည် စာထဲရှိ အပေါ်ယံ အဓိပ္ပါယ်ကို ကျော်ကြည့်ခဲ့သည်။

ပေးစာထဲတွင် ဖေးနန်ယွီက “ငါ့အတွက် ဖေးမားမားကိုကာကွယ်ပေးလို့ ကျေးဇူးတင်ပါတယ်”လို့ ပြောထားပြီး သူတို့ကို ကျေးဇူးတင်ကြောင်း ပြသခဲ့သည်။

နောက်ဆုံးတွင်၊ သူသည် မော့မိသားစုများ၏ မတရားမှုကို ရှင်းလင်းဖို့ ကူညီလိုကြောင်းကို ပြောခဲ့ပြီး မော့မိသားစုဝင်တစ်ခုလုံး မတရားသဖြင့် ပြည်နှင်ဒဏ်ခံရကြောင်းကို သူသိပြီး မော့မိသားစုဝင်များ၏ ထောက်ခံမှုကို ရယူလိုသည့် ရည်ရွယ်ချက်ကိုလည်း အရိပ်အမြွတ်ပြထားသည်။

မော့ကျိုးယွီသည် ယခုအချိန်တွင် တော်ဝင်တရားရုံးကို လုံးဝ ယုံကြည်မှု မရှိတော့ပေ။ သူ့မိသားစု၏ နာမည်ဆိုးကို ရှင်းနိုင်သရွေ့တော့ သူ အရမ်းစိတ်ကျေနပ်မိပေမည်။

ထို့ထက်ပို၍လည်း သူသည် ဘယ်တော့မှ မစဉ်းစားခဲ့ပါ။

သူတို့နှစ်ယောက်စလုံးက ဒီသမိုင်းကြောင်းကိုသိထားပြီး ဖေးနန်ယွီကို သူတို့ကိုယ်ကျိုးစီးပွားအတွက် ကူညီဖို့ ရွေးချယ်ခဲ့ကြတာ ဖြစ်သည်။

လက်ရှိဖြစ်ပေါ်တိုးတက်မှုများကို သုံးသပ်ကြည့်လျှင် မော့မိသားစုဝင်များ၏ မတရားမှုများကို ပြန်လည်ဖြေရှင်းသည့်နည်းလမ်းသည် သမိုင်းမှတ်တမ်းများနှင့် ကွဲလွဲမှု ရှိနိုင်သည်။

ဘာပဲဖြစ်ဖြစ် အရာရာဟာ ကောင်းမွန်တဲ့ ဦးတည်ရာသို့ ရွေ့လျားနေသဖြင့် မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့နှစ်ယောက်စလုံး ပျော်ရွှင်နေခဲ့ကြသည်။

ဟဲကျစ်ယန်သည် စာကို နေရာလွတ်ထဲမှာ တိုက်ရိုက်ထည့်သိမ်းထားလိုက်သည်။ သူတို့နှစ်ယောက်လုံး ဘာမှမဖြစ်ခဲ့သလိုပဲ လူတိုင်းအတွက် နေ့လယ်စာကို ပြင်ဆင်နေခဲ့တယ်…

သုံးရက်ဆက်တိုက် မြို့တံခါးများနှင့် ဆိပ်ကမ်းများကို ပိတ်ဆို့ထားခဲ့ပြီး နန်ဟန်၏ နေရာကို ရှာဖွေသည့် အရာရှိများနှင့် စစ်သည်များ မြို့ထဲသို့ ဝင်ရောက်လာတာ ပိုများလာခဲ့သည်။

နန်ဟန်၏ ပျောက်ဆုံးမှုသတင်းကိုလည်း မြို့တော်သို့ ခြေမြန်တော်ဖြင့် အမြန်ပေးပို့ခဲ့သည်။

နန်ဟန်သည် သူ မြို့တော်မှထွက်လာသောအခါတွင် ဆားဂိုဏ်း၏ အားသာချက် အားနည်းချက်များကို စုံစမ်းထောက်လှမ်းဖို့ အကြောင်းပြချက်ကို အသုံးပြုခဲ့သည်။

ဧကရာဇ်ရွှင်းဝူ၏ စိတ်ထဲတွင် နန်ဟန်၏ ပျောက်ဆုံးမှုသည် ဆားဂိုဏ်းနှင့် လုံးဝ ဆက်စပ်နေမည်မှာ သေချာပါသည်။

ဆားဂိုဏ်း၏ လုပ်ရပ်များသည် မင်းသားတစ်ပါးကို တိုက်ခိုက်ရန် လုပ်ရဲသည့်အထိ လွန်ကဲသွားခဲ့သည်။ ဤအရာသည် ဧကရာဇ်ရွှင်းဝူအတွက် လုံးဝသည်းမခံနိုင်သည့်အရာဖြစ်သည်။

ထို့ကြောင့် နန်ဟန်၏ နေရာကို ရှာဖွေရန်နှင့် ဆားဂိုဏ်းအား လုံးလုံးလျားလျား ဖျက်ဆီးပစ်ရန်အတွက် တပ်သား တစ်သောင်းကို ဦးဆောင်ဖို့ တစ်ယောက်ယောက်ကို စေလွှတ်ရန် ဆုံးဖြတ်ခဲ့သည်။

ရလဒ်အနေနဲ့ ဒီကိစ္စကို မနက်ပိုင်း ညီလာခံမှာ ဆွေးနွေးတဲ့အခါမှာတော့ တပ်ဖွဲ့ကို ဦးဆောင်ဖို့ ဘယ်သူမှ ဆန္ဒမရှိခဲ့ဘူး။

ရွှေနန်းတော်တစ်ခုလုံးတွင် စစ်သူကြီး လက်တစ်ဆုပ်စာမျှသာ ရှိသည်။

မူလက နယ်စပ်ကို စောင့်ကြပ်နေသော မော့မိသားစုဝင်များ ရှိခဲ့သောကြောင့် အချို့သော စစ်သူကြီးများသည် မြို့တော်တွင် နေထိုင်ပြီး အမှုထမ်းခွင့် ရခဲ့ကြသည်။

ယခုအခါ မော့မိသားစုတစ်ခုလုံး ပြည်နှင်ဒဏ်ပေးခံခဲ့ရပြီး နယ်ခြားစောင့် စစ်သူကြီး အများအပြား ရာထူးမှ နုတ်ထွက်ခဲ့ကြသည်။

ဤအခြေအနေကိုမြင်တော့ ရန်သူ့တိုင်းပြည်က မငြိမ်မသက်ဖြစ်လာပြီး ရံဖန်ရံခါ ၎င်းတို့အား နှောင့်ယှက်ရန် တပ်များ စေလွှတ်ခဲ့သည်။

ထို့ကြောင့် ဧကရာဇ်ရွှင်းဝူသည် မြို့တော်ရှိ စစ်သူကြီးအချို့ကို ရွေးချယ်ပြီး နယ်စပ်သို့ စေလွှတ်ခဲ့ရသည်။

ရလဒ်အနေဖြင့် မြို့တော်ရှိ စစ်သူကြီး အရေအတွက် နည်းပါးလာကာ နံနက်ခင်း ညီလာခံ လာတက်ကြတဲ့ စစ်သူကြီးတွေမှာ သက်ကြီးစစ်သူကြီးများနှင့် အတွေ့အကြုံမရှိတဲ့ လူသစ်တွေပဲ ဖြစ်ကြသည်။

ယင်းကြောင့် ဧကရာဇ်ရွှင်းဝူ ဒေါသထွက်ခဲ့ပြီး မော့သားအဖတွေ ညီလာခံမှာ ရှိနေစဉ် မြင်ကွင်းကို သူ မသိစိတ်မှ သတိရသွားခဲ့သည်။

ဆားဂိုဏ်းကို သုတ်သင်ဖို့ အမိန့်ပေးခဲ့သည့်အခါတွင်လည်း မော့ယွင်ဖုန့်သည် ချက်ချင်းဆိုသလို ထိုနေရာသို့ တပ်ဖွဲ့ကို ဦးဆောင်ပြီး ချီတက်ဖို့ စေတနာအလျောက် လုပ်ဆောင်ခဲ့သည်။ အခု မော့မိသားစုဝင်တွေ မရှိတော့ သူတကယ်သုံးနိုင်တဲ့သူ မရှိတော့သည့် အခြေအနေသို့ပင် ရောက်နေခဲ့ပြီ။

သို့သော်လည်း ဧကရာဇ်ရွှင်းဝူသည် မော့မိသားစုကို ပြစ်ဒဏ်ပေးရာတွင် မမှားယွင်းဘူးဟု အခိုင်အမာ စိတ်ပိုင်းဖြတ်ထားသည်။

သူ့ကို တစ်ညလုံး အိပ်မပျော်စေသည့် မော့မိသားစုဝင်များ၏ လုပ်ဆောင်ချက်များနှင့် နှိုင်းယှဉ်ပါက လက်ရှိအခြေအနေက ပို၍ သက်တောင့်သက်သာ ရှိနေဆဲပင်။

အဆုံးတွင် ကျင်းအမည်ရှိ စစ်သူကြီးဟောင်းတစ်ဦးသည် ဆားကန်ဒေသသို့ သွားရောက်ဖို့ စေတနာ့ဝန်ထမ်းတာဝန်ကို ယူခဲ့ပြီး ထိုအခါမှာသာ ဧကရာဇ်ရွှင်းဝူ၏ ဒေါသသည် အတန်ငယ် ငြိမ်သက်သွားခဲ့သည်။

ဧကရာဇ်ရွှင်းဝူရဲ့ ဒေါသနှင့် ဆန့်ကျင်ဘက်အားဖြင့် ဆားကန်ဒေသရဲ့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ ရယ်သံမောသံများဖြင့် ပြည့်နှက်နေခဲ့သည်။

အမျိုးသမီးများသည် ပထမအသုတ် ပန်ဒါရုပ်၊ ဝက်ဝံရုပ်နှင့် ဘဲရုပ်များကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။

ဘယ်အမျိုးသမီးမဆို ဒီလို ချစ်စရာကောင်းတဲ့ အရုပ်တွေရဲ့ ဆွဲဆောင်မှုကို ခံနိုင်ရည် ရှိနိုင်ပါ့မလဲ။

ဟဲကျစ်ယန်သည် ဤအရုပ်များ၏ ပုံစံနှင့် လက်ရာ နှစ်ခုလုံးကို အလွန်ကျေနပ်နေခဲ့သည်။

သူမနှင့် မော့ကျိုးယွီတို့သည် စီစဉ်ထားသည့်အတိုင်း ထန်မင်လွေ့နှင့် တွေ့ဆုံဖို့ လက်ဖက်ရည်ဆိုင်သို့ သွားခဲ့သည်။

အရုပ်သုံးမျိုးကို မြင်ပြီးနောက် ထန်မင်လွေ့၏ မျက်လုံးများသည် ချက်ချင်းဆိုသလို တောက်ပသွားခဲ့သည်။ အထူးသဖြင့် သူ့လို အရွယ်ရောက်ပြီးသူပင် လက်ကနေ မချချင်လောက်အောင် ချစ်စရာကောင်းသော ပန်ဒါဝက်ဝံအရုပ်ကြီးကို မြင်တွေ့ရပြီးချိန်တွင်ပင်။

“မရီးမော့၊ ဒါက သံစားသားရဲလား။”

ဟဲကျစ်ယန်သည် ပန်ဒါအရုပ်များကို နှစ်သက်သဘောကျသည်။ ၎င်းတို့၏ မိုက်မဲပြီး ချစ်စဖွယ်ကောင်းသည့် အသွင်အပြင်သည် လူတို့၏ စိတ်နှလုံးကို နူးညံ့သိမ်မွေ့စေသည်။

“ငါ အရင်တုန်းက စာအုပ်တစ်အုပ်ထဲမှာ သံစားသားရဲရဲ့ ရုပ်ပုံကို မြင်တွေ့ဖူးတယ်။ သူတို့က ချစ်ဖို့ကောင်းတယ်လို့ထင်တဲ့အတွက် ငါ အဲဒါကို ဖန်တီးဖို့ ကြိုးစားခဲ့တယ်။ သံစားသားရဲဆိုတဲ့ နာမည်က မိန်းကလေးတွေကြားမှာ သိပ်ရေပန်းမစားလောက်ဘူးလို့ ခံစားမိတဲ့အတွက် ငါ သူ့ကို ပန်ဒါလို့ နာမည်ပြောင်းလိုက်တယ်။”

“ပန်ဒါလား၊ ဒီနာမည်က တကယ်ကို သင့်လျော်ပြီး ချစ်စရာကောင်းတယ်။”

ထို့နောက် ထန်မင်လွေ့သည် ဝက်ဝံရုပ်နှင့် အဝါရောင် ဘဲရုပ်တို့ကို ကြည့်ကာ ၎င်းတို့ကိုလည်း အလွန်ကျေနပ်သွားခဲ့သည်။

အထူးသဖြင့် ဟဲကျစ်ယန်သည် စုစုပေါင်း ဝက်ဝံရုပ် အရုပ် ( ၂၀ ) ကို ယူဆောင်လာပြီး တစ်ခုချင်းစီသည် မတူညီသော အဝတ်အစားများကို ဝတ်ဆင်ထားကာ ထိုပုံစံတူဝက်ဝံရုပ်များအတွက် မတူညီသော ခံစားချက်ကို ပေးစွမ်းခဲ့သည်။

ပြီးတော့ တောက်ပတဲ့ အဝါရောင် ဘဲရုပ်လေးကလည်းက ထပ်တူထပ်မျှ ချစ်စရာကောင်းတယ်။

ထန်မင်လွေ့သည် အရုပ်တစ်ရုပ်စီကို ဂရုတစိုက်ကြည့်ပြီးနောက် လေးနက်စွာ မေးလိုက်သည်။

“မရီးမော့၊ ဒီအရုပ်တွေအားလုံး အဆင်ပြေတယ်။ ကျွန်တော်တို့တွေ ပူးပေါင်းဆောင်ရွက်မှု အသေးစိတ်ကို အခု ဆွေးနွေးကြမလား။”

ထန်မင်လွေ့သည် စီးပွားရေးတွင် ကျွမ်းကျင်သူဖြစ်ကြောင်း ဟဲကျစ်ယန်က သိသောကြောင့် သူမသည် သူ့ထံ ပဏာမခြေလှမ်းကို ယာယီလွှဲပြောင်းပေးပြီး သူ့အကြံပြုချက်များကို အရင်ဆုံး နားထောင်ကြည့်ဖို့ ဆုံးဖြတ်ခဲ့သည်။

“စီးပွားရေးလုပ်တဲ့အခါမှာ သခင်လေးထန်က ပိုပြီးတော့ အရည်အချင်းရှိတယ်။ ရှင့်အကြံဉာဏ်တွေကို ကျွန်မကို ဘာလို့ အရင်မပြောတာလဲ။”

ထန်မင်လွေ့က မငြင်းဆန်ခဲ့ပေ။

“မရီးနော့၊ ပန်းထိုးအိမ်က ဒီအမွေးပွအရုပ်တွေ တစ်ရုပ်ကို ငွေသုံးလျန်းနဲ့ ရောင်းချတယ်။ ကျွန်တော့်အမြင်အရ ဒါက တော်တော်တန်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဒီဈေးနဲ့ မရောင်းချင်ဘူး။

ပြီးတော့ မရီးမော့က နိုင်ငံခြားသားတွေဆီကနေ ဝယ်ယူထားခဲ့တဲ့ အထည်စတွေကို ဒီအမွေးပွအရုပ်ပြုလုပ်ဖို့ သုံးခဲ့ရတယ်။ ဒါက အရေအတွက် အကန့်အသတ်ရှိမှာ သေချာတယ်။ တစ်နည်းအားဖြင့် ကျွန်တော့်ကို အစ်မ ပေးနိုင်တဲ့ အရေအတွက်ကလည်း ကန့်သတ်ချက်ရှိနေမယ်။

ဒါက ကျွန်တော်တို့ဆီမှာရှိတဲ့ ပစ္စည်းတွေ ကုန်သွားတဲ့အခါ ဒီအရုပ်တွေ မရနိုင်တော့ဘူးလို့ ဆိုလိုတာပါပဲ၊ ဒါကြောင့် ကျွန်တော် သူတို့ကို အနည်းငယ် ဈေးမြင့်ပြီး ရောင်းဖို့ စိတ်ကူးထားတယ်။”

ဟဲကျစ်ယန်သည်လည်း ထန်မင်လွေ့ပြောသည်စကားက အဓိပ္ပါယ်ရှိကြောင်း ခံစားမိသည်။

သူမသည် တာ့ပေါင်မော့လ်မှ အရုပ်များပြုလုပ်ရန် အကန့်အသတ်မရှိ အထည်စများကို ဝယ်ယူနိုင်သော်လည်း ဤနေရာတွင် အပြင်လူများအား ရှင်းပြဖို့ နည်းလမ်း မရှိပေ။

သူမ သိတာ တစ်ခုက ဒီလို အရုပ်လုပ်ငန်းမျိုးက ကြာရှည် မတည်တံ့နိုင်ပါဘူး။

“သခင်လေးထန်ရဲ့ အမြင်အရာ ဒီအရုပ်တွေအတွက် သင့်တော်တဲ့ ဈေးနှုန်းက ဘယ်လောက်လဲ။”

ထန်မင်လွေ့က သူ့လက်နှစ်ဖက်ကို မြှောက်ပြသည်၊ “ဒီမောင်ငယ်က အရုပ် တစ်ရုပ်ကို ငွေဆယ်လျန်းနဲ့ ရောင်းချဖို့ စဉ်းစားထားတယ်။”

ငွေဆယ်လျန်းလား။

ဟဲကျစ်ယန်သည် ထန်မင်လွေ့ကို အမှန်တကယ် သဘောကျသည်။ ငွေဆယ်လျန်းကို မော်ဒန်ခေတ်ငွေကြေးအဖြစ် ပြောင်းလဲလိုက်မယ်ဆိုရင် ယွမ်တစ်သောင်း ရပေမည်။ ဒီလို အရုပ်သေးသေးလေးက အရမ်းရတာပဲ…

ဟဲကျစ်ယန်က ဘာမှပြန်မပြောတာကိုမြင်တော့ ထန်မင်လွေ့က သူပြောလိုက်တဲ့ ဈေးနှုန်းကြောင့် အရမ်းထိတ်လန့်သွားတယ်လို့ထင်ပြီး အမြန်ရှင်းပြပေးသည်။

“မရီးမော့၊ အရုပ်အရေအတွက်က အကန့်အသတ်ရှိတော့ စီးပွားရေးလုပ်ဖို့ ချမ်းသာတဲ့သူတွေကိုပဲ ကျွန်တော်တို့တွေ ပစ်မှတ်ထားကြမယ်။ ဒီလိုလုပ်ရင် ရောင်းအားက အရမ်းမြန်မှာ မဟုတ်ဘူး။ ဒါပေမယ့် အမြတ်ကတော့ သိသိသာသာ တိုးပွားလာလိမ့်မယ်။ ဒါ့အပြင် ဒီကနေ အနောက်မြောက်ဘက်ကို သွားတဲ့ ခရီးလမ်းမှာ မြို့ပေါင်းများစွာကို ဖြတ်သန်းရဦးမှာဖြစ်ပြီး ဒီလိုမျိုး ထူးခြားကောင်းမွန်တဲ့ အရုပ်မျိုး ရှားပါးနေမယ်ဆိုတာ သေချာပေါက်ပဲ။ ဒီလိုဆိုရင် အရုပ်တွေက ရှားပါးတဲ့အတွက် ဝယ်လိုအား မြင့်မားလာမယ်လို့ ကျွန်တော် ယုံကြည်တယ်။”

ဟဲကျစ်ယန်သည် စီးပွားရေးအကြောင်း များများစားစား မသိသော်လည်း ထန်မင်လွေ့၏ ခွဲခြမ်းစိတ်ဖြာမှုမှ အကြောင်းရင်းကို သူမ အပြည့်အဝ နားလည်နိုင်သေးသည်။

တစ်ချိန်တည်းမှာပင် သူမသည် ၎င်း၏ အယူအဆကို အပြည့်အဝ သဘောတူခဲ့သည်။

***

All Chapters