← Chapters

ဆောင်းဦးမိုးနှင့် အအေးဒဏ်

Vol. 13 Ch. 160

ဆောင်းဦးမိုးနှင့် အအေးဒဏ်

Vol. 13 Ch. 160

“သခင်လေးထန်က သင့်လျော်တယ်လို့ ထင်နေသရွေ့ ဒါက ပြဿနာမရှိဘူး။”

ဘာပဲဖြစ်ဖြစ် ဟဲကျစ်ယန်က အရုပ်တွေကို ဈေးသက်သက်သာသာနဲ့ သူ့ကို ထောက်ပံ့ပေးမယ်လို့ တွေးထားခဲ့သည်။ အရုပ်တစ်ရုပ်ကို ငွေဆယ်လျန်းမပြောနဲ့၊ ငွေလျန်းနှစ်ဆယ်နဲ့ ရောင်းချရင်တောင် သူမ မနာလိုဖြစ်မှာ မဟုတ်ဘူး။

ထန်မင်လွေ့သည် သူ့ထင်မြင်ချက်ကို ထုတ်ပြောပြီးနောက် မမျှော်လင့်ဘဲ သူ အနည်းငယ်ရှက်သွားပုံရသည်။

တစ်စုံတစ်ခုကို ပြောချင်သော်လည်း မဝံ့မရဲဖြစ်နေဟန်ဖြင့် သူ့လက်များကို ပွတ်သပ်လိုက်သည်။

တစ်ချက်ကြည့်လိုက်သည်နှင့် ဟဲကျစ်ယန်သည် ထန်မင်လွေ့ထံမှာ တစ်ခုခု မှားနေတာကို ရှာတွေ့သွားပြီး “သခင်လေးထန်မှာ အခက်အခဲအချို့ရှိလို့လား” ဟု မေးလိုက်မိသည်။

တစ်ဖက်လူက စပြီးမေးတာကိုမြင်တော့ ထန်မင်လွေ့က သူ့အရှက်ကို ဖုံးကွယ်ဖို့ နှစ်ကြိမ်လောက် ချောင်းဟန့်ခဲ့သည်။

“မရီးမော့ကို ကျွန်တော် ရိုးရိုးသားသား ပြောရရင် အခုလတ်တလော ကျွန်တော့်ဆီမှာ ပိုက်ဆံနည်းနည်းကြပ်နေတယ်။ ကုန်ပစ္စည်းတွေအတွက် ငွေကို အရင်မချေပေးနိုင်ဘူး။”

ဤအချက်နှင့် ပတ်သက်၍ ဟဲကျစ်ယန်က လုံးဝ မစိုးရိမ်ပါ။ သူမသည် ထန်မင်လွေ့ကို မျက်စိစုံမှိတ်ယုံကြည်ပေသည်။

သူ၏ အနာဂတ် အောင်မြင်မှုများကို စိတ်ထဲစွဲထင်ထားမိပြီးဖြစ်ကာ ပစ္စုပ္ပန်အကျိုးအနည်းငယ်အတွက် သူမကို ဘယ်သောအခါမှ လှည့်စားလိမ့်မည် မဟုတ်ပေ။

“သခင်လေးထန် ဒီအတွက် စိတ်မပူပါနဲ့။ ပစ္စည်းတွေ ရောင်းချပြီးမှ ကျွန်မကို ငွေပေးချေလို့ရပါတယ်။”

ထန်မင်လွေ့သည် တစ်ဖက်လူက သူ့ကို ဤမျှလောက် ယုံကြည်ပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ဟဲကျစ်ယန်က သဘောထား ပိုကြီးလေလေ သူ ရှက်ရွံ့မိလေလေ ဖြစ်သည်။

“မရီးရဲ့ ယုံကြည်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။”

ထိုသို့ပြောရင်း ထန်မင်လွေ့သည် မတ်တပ်ထရပ်ကာ ဟဲကျစ်ယန်အား အလေးအနက် ဦးညွှတ်အရိုသေပေးလိုက်သည်။

“မရီးမော့၊ ကျွန်တော် မရီးနဲ့ တခြားနည်းလမ်းနဲ့ ပူးပေါင်ဆောင်ရွက်ဖို့ ဆုံးဖြတ်လိုက်ပြီ။”

ဟဲကျစ်ယန်က မျက်ခုံးပင့်လိုက်သည်၊ “သခင်လေးထန်ရဲ့ အစီအစဉ်က ဘာလဲ။”

“ကျွန်တော် ဒီအရုပ်တွေကို အနိမ့်ဆုံး ငွေဆယ်လျန်းနဲ့ ရောင်းချမယ်။ ဘာပဲဖြစ်ဖြစ် ငွေဆယ်လျန်းအောက်တော့ လုံးဝ မရောင်းချနိုင်ဘူး။ အချိန်တန်ရင် ကျွန်တော် မရီးကို အမြတ်ဝေစု ငါးဆယ်ရာခိုင်နှုန်း ခွဲပေးဖို့ ဆန္ဒရှိတယ်။”

ဟဲကျစ်ယန်သည် သူမ အမြတ် ပိုရမည်ဖြစ်သောကြောင့် သဘာဝအတိုင်း ငြင်းပယ်ရန် အကြောင်းမရှိပေ။

ထန်မင်လွေ့သည် အရုပ်တွေကို ငွေဘယ်လောက်နဲ့ ရောင်းချမည်ကို သူမ အမြဲ သတိမထားမိနိုင်သော်လည်း အရုပ်တစ်ရုပ်ကို ငွေဆယ်လျန်းထက်မနည်းရောင်းချခြင်းသည် အံမတုနိုင်သော အချက် ဖြစ်သည်။

အရုပ်တစ်ရုပ်အတွက် ငွေငါးလျန်းရနိုင်သရွေ့ ပန်းထိုးအိမ်သို့ ရောင်းချခြင်းထက် အဆပေါင်းများစွာ အမြတ်ပိုရပေလိမ့်မည်။

“ကောင်းပြီလေ၊ ဒါဆို ကျွန်မတို့ သခင်လေးထန်ပြောတဲ့အတိုင်း လုပ်ကြတာပေါ့။”

ထန်မင်လွေ့အတွက် လုပ်ငန်းအမြတ်များများရလေ ပိုကောင်းလေဖြစ်သည်။

အမြတ်ငွေကို ဟဲကျစ်ယန်နှင့် ၅၀ - ၅၀ ခွဲဝေလိုသည့် အကြောင်းရင်းမှာ သူ့အသက်ကို ကယ်တင်ခဲ့တဲ့အတွက် တစ်ဖက်လူကို ကျေးဇူးပြန်ဆပ်လိုသည့် ဆန္ဒရှိခြင်း ဖြစ်သည်။

အဆုံးမှာတော့ သူတို့တွေဟာ ပြည်နှင်ဒဏ်ပေးခံရသည့်သူတွေဖြစ်ပြီး သူ့နှင့်ယှဉ်ရင် သူတို့ရဲ့ ဘဝက ပိုခက်ခဲတယ်။ သူသည် ငွေရှာရင်း သူ့ကျေးဇူးရှင်မိသားစုရဲ့ ဘဝတွေကို ပြောင်းလဲပေးချင်သည်။

ဟဲကျစ်ယန်သည် ထန်မင်လွေ့၏ တွေးတောပုံကို အလွန်အမင်း စဉ်းစားကြည့်ဖို့ ရည်ရွယ်ချက် မရှိပေ။

အစပိုင်းတွင် သူမသည် အနောက်မြောက်ဘက်တွင် စီးပွားရေးလုပ်ကိုင်ဖို့ အဆင်ပြေစေရန်အတွက် ထန်မင်လွေ့ကို ကယ်တင်ပေးဖို့ မော့ကျိုးယွီအား တောင်းဆိုခဲ့တာပဲ ဖြစ်သည်။

ထို့ကြောင့် သူမ၏ နှလုံးသားထဲတွင် ထန်မင်လွေ့နှင့် သူမ၏ ဆက်ဆံရေးသည် စီးပွားရေးလုပ်ဖော်ကိုင်ဖက်မျှသာ ဖြစ်သည်။

ဒီလိုနဲ့ပဲ တစ်ယောက်က ကျေးဇူးဆပ်ချင်ပြီး နောက်တစ်ယောက်က သူ့အနာဂတ်အတွက် စီးပွားရေးလုပ်ဖော်ကိုင်ဖက်ကို ရှာချင်သည်။

နှစ်ဦးသားသဘောတူပြီးနောက် ဟဲကျစ်ယန်သည် သူမ ယူဆောင်လာသည့် အရုပ် ( ၆၀ ) လုံးကို ထန်မင်လွေ့ထံ ပေးအပ်ခဲ့သည်။

ဟဲကျစ်ယန်ရှေ့မှာပင် ထန်မင်လွေ့က အရုပ်အရေအတွက်ကို ရေတွက်ပြီး ပြေစာတစ်စောင် ရေးသားပေးခဲ့သည်။

ငါးရက်အကြာတွင် ဤနေရာ၌ ထပ်မံ တွေ့ဆုံရန် နှစ်ဦးနှစ်ဖက် သဘောတူညီခဲ့သည်။

လက်ဖက်ရည်ဆိုင်မှ ထွက်လာသောအခါ မူလက ကြည်လင်နေသည့် အပြင်ဘက် ကောင်းကင်ကြီးသည် ရုတ်တရက် တိမ်မည်းများ အုပ်ဆိုင်းလာသည်ကို တွေ့လိုက်ရသည်။

မော့ကျိုးယွီက ကောင်းကင်ကို မော့ကြည့်ပြီး ရာသီဥတုကို စစ်ဆေးကြည့်လိုက်သည်၊ “ကိုယ်တို့ မြန်မြန်ပြန်ကြရအောင်။ သိပ်မကြာခင် မိုးရွာတော့မယ့်ပုံပဲ။”

မိုးအကြောင်းပြောရမယ်ဆိုရင် ဒီမိုးက ပြည်နှင်ဒဏ်ပေးခံပြီးနောက် သူတို့ ကြုံတွေ့ခဲ့ရသည့် ဒုတိယအကြိမ်မြောက် မိုး ဖြစ်ပေသည်။

“ဆောင်းဦးပေါက် မိုးရွာတိုင်း အရိုးကွဲလုမတတ် အေးတတ်တယ်လို့ ဆိုရိုးရှိတယ်။ ဒီမိုးရွာပြီးတဲ့အခါကျရင် ရာသီဥတုက ပိုအေးလာမှာကို ကျွန်မ စိုးရိမ်တယ်။”

ဟဲကျစ်ယန်သည် အနွေးဓာတ်မပေးနိုင်သော တဲတွင် လူတိုင်း ဆက်လက်အိပ်စက်ပါက ညရောက်လျှင် အအေးဒဏ်ကို သူတို့ မခံနိုင်မှာ သေချာသည်။

မော့ကျိုးယွီသည်လည်း ဒါကိုပင် စိုးရိမ်နေခဲ့သည်။

“လက်ရှိအခြေအနေကိုကြည့်ရင် ဒီအတောအတွင်း ခရီးဆက်ဖို့ ဒီကနေ ထွက်ခွာနိုင်ဦးမှာ မဟုတ်ဘူး။ ရာသီဥတုက ပိုအေးပြီးရင် အေးလာလိမ့်မယ်၊ ဒီအတိုင်း ဆက်သွားတာက ရေရှည်ဖြေရှင်းချက် မဟုတ်နိုင်ဘူး။”

ဟဲကျစ်ယန်သည် ခဏလောက် စဉ်းစားပြီး ပြောလိုက်သည်၊ “ကျွန်မတို့ ပြန်ရောက်တဲ့အခါကျရင် အစ်ကိုဖမ်းနဲ့ ဘာဖြစ်လို့ မဆွေးနွေးကြည့်ရမှာလဲ။ အနီးနားက ခြံတစ်ခြံကို အရင်ငှားပြီး ညဘက် အိမ်ထဲမှာ အိပ်ရမယ်။ အနည်းဆုံးတော့ ကျွန်မတော့ အအေးဒဏ်ကို ခုခံနိုင်လောက်တယ်။”

မော့ကျိုးယွီက ခေါင်းညိတ်သည်၊ “ကောင်းပြီ၊ ကိုယ်တို့ပြန်ရောက်ရင် ကိုယ် အစ်ကိုဖမ်းကို သွားပြောလိုက်မယ်။”

သူတို့နှစ်ယောက် စခန်းသို့ ပြန်ရောက်သည်နှင့် မိုးက ရုတ်တရက် စတင်ရွာသွန်းလာခဲ့သည်။ မိုးခိုဖို့အတွက် လူတိုင်းကိုယ်စီ သူတို့ရဲ့ တဲတွေထဲသို့ အပြေးဝင်သွားကြသည်။

ဟယ်မိသားစုဟာ တဲမရှိသည့် တစ်ခုတည်းသော မိသားစုဖြစ်ပြီး သူတို့ပတ်ဝန်းကျင်တွင် မိုးခိုဖို့ နေရာမရှိသောကြောင့် မကြာမီအချိန်မှာပင် မိုးရေတွေ နစ်ကုန်ကြ၏။

ဒီလိုဖြစ်လေလေ အခြားမိသားစုများကို မကျေမနပ်ဖြစ်လေလေပါပဲ။ တစ်ကိုယ်လုံး မိုးရေနစ်လေလေ တခြားလူတွေကို စွတ်ဆဲကြလေလေပါပဲ။

ဟယ်မိသားစုသည် ဤနည်းဖြင့်သာ သူတို့ကိုယ်သူတို့ ပို၍ သက်တောင့်သက်သာရှိမည်ဟု ခံစားရပုံရသည်။

ထို့ကြောင့် သူတို့၏ ကျိန်ဆဲသံသည် တီးတိုးပြောသံမှ ကျယ်လောင်စွာ ကျိန်ဆဲခြင်းသို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။

မော့မိသားစု၊ ဖန့်မိသားစုနှင့် ရှဲ့မိသားစုတို့ကို ကျိန်ဆဲခြင်းကပင် မလုံလောက်ဟု ခံစားလာပုံရပြီး နောက်ဆုံးတွင် သူတို့သည် အစိုးရအရာရှိများကိုပင် မရည်ရွယ်ဘဲ ထည့်သွင်းဆဲဆိုလာခဲ့ကြသည်။

မူလက လူတိုင်းသည် ဟယ်မိသားစု၏ အပြုအမူကို လျစ်လျူရှုထားပြီး သူတို့ကို မျက်ကွယ်ပြုထားခဲ့သည်။

အရာရှိတွေကို စော်ကားမော်ကားပြုလာတဲ့အထိ ရဲရင့်လာလိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ။

ကျန်းချင်း၏ တဲသည် ဟယ်မိသားစု၏ တည်နေရာနှင့် အတော်လေး နီးသည်။ အခုတော့ ဟယ်မိသားစုဟာ လုံးဝ နာခံမှု ကင်းမဲ့လာသဖြင့် သူက ဟယ်မိသားစုကို ကြမ်းကြမ်းတမ်းတမ်း သင်ခန်းစာပေးခဲ့သည်။

မိုးက မြန်မြန်ရောက်လာပြီး မြန်မြန်ပြန်ထွက်သွားခဲ့သည်။ တစ်နာရီကျော်လောက်ကြာတော့ မိုးတိတ်သွားခဲ့သည်။

မော့ကျိုးယွီက တဲထဲကထွက်လာပြီး ဖမ်းဝမ်ကို ရှာဖို့ တည့်တည့်သွားလိုက်သည်။

“အစ်ကိုဖမ်း၊ ကျွန်တော်တို့ ခဏလောက်တော့ ခရီးဆက်နိုင်ဦးမယ် မထင်ဘူး။”

ဖမ်းဝမ်က မကျေမနပ် ညည်းညူသည်။

“ဒီလူတွေ ဘာတွေတွေးနေမှန်း ငါမသိဘူး။ မင်းသားဟန်ကို ရှာမတွေ့ရင် ငါတို့ ဒီမှာ တစ်သက်လုံး ပိတ်မိနေမှာလား။”

မော့ကျိုးယွီက ဒီမေးခွန်းကို ဘယ်လိုဖြေရမှန်းမသိဘူး။

သူသည် နန်ဟန်ကိုသတ်ခဲ့သူဖြစ်ပြီး သူ့အလောင်းကို ရေကန်နက်ကြီးထဲသို့ ပစ်ချခဲ့သဖြင့် မည်သူမျှ ရှာမတွေ့နိုင်ပေ။

ထို့အပြင် ရက်အတော်ကြာနေပြီဖြစ်လို့ ဧကရာဇ်ရွှင်းဝူက ယခုအချိန်တွင် အဆိုပါသတင်းကို ရသင့်နေပြီဖြစ်သည်။

မြို့တံခါးကို ပြန်ဖွင့်ဖို့ အမိန့်မပေးသေးဘူး၊ ဒါက သူတို့ ဒီကနေ ထွက်ခွာနိုင်ဖို့ အချိန်အတော်ကြာမယ်ဆိုတာကို ပြသဖို့ လုံလောက်ပေသည်။

ဖမ်းဝမ်သည် ဤအမှန်တရားကို နားလည်ပြီးသားဖြစ်သည်ကို မြင်လိုက်ရသဖြင့် မော့ကျိုးယွီသည် များများစားစား ရှင်းပြဖို့ မလိုအပ်ဘူးဟု ခံစားမိသည်။

“အစ်ကိုကြီးဖမ်း၊ ရာသီဥတုက ပိုအေးလာပြီ။ အခုလို တဲတွေထဲမှာ ဆက်နေဖို့က ကျွန်တော်တို့အတွက် ရေရှည်ဖြေရှင်းချက်မဟုတ်ဘူး။”

တကယ်တော့ ဖမ်းဝမ်သည်လည်း ယာယီနေထိုင်ဖို့ ခြံဝင်းငှားရမ်းဖို့ စီစဉ်ထားသည်။

“ခဏနေကျရင် ငါ သင့်တော်တဲ့ခြံရှာဖို့ လူတစ်ယောက် လွှတ်လိုက်မယ်။ ဒါပေမယ့် ခြံငှားခကတော့…”

ပြည်နှင်ဒဏ်ပေးခံရသည့်အဖွဲ့တွင် မော့မိသားစုမှလွဲ၍ ကျန်မိသားစုများသည် ငွေကြေးပြတ်လပ်နေသူများဖြစ်ကြသည်။

ဖမ်းဝမ်သည် အရမ်းကို စိတ်ပျက်လက်ပျက်ဖြစ်နေသည်။ ဒါဟာ သူ့ရဲ့ ပထမဆုံး အစောင့်အကြပ်အလုပ်ဖြစ်သည်။

အကျိုးအမြတ်မရရှိရုံတင်မကဘဲ လမ်းခရီးတစ်လျှောက်လုံး အလွန်ကံမကောင်းခဲ့ပါ။

ဒီအကျဉ်းသားတွေအတွက် ခြံငှားဖို့ သူ့အိတ်ကပ်ထဲကနေ ပိုက်ဆံပေးခိုင်းရင် သူ သွေးအန်မိပေလိမ့်မည်။

ဒီလိုမှမဟုတ်ရင် ရက်အနည်းငယ်လောက် ကောင်းကောင်း အနားယူဖို့ ခြံငှားချင်နေလိမ့်မည်။

မော့ကျိုးယွီသည် ဖမ်းဝမ်၏ ဆိုလိုရင်းကို သဘာဝကျကျ နားလည်သည်။

အဆိုပါ အစောင့်အကြပ်များ၏ လစာသည် မြို့တော်တွင် တာဝန်ထမ်းဆောင်နေသော အခြားအရာရှိများ၏ လစာနှင့် အတူတူပင် ဖြစ်သည်။

ဒီလိုအခက်အခဲတွေနဲ့ ခရီးရှည်ကြီးကို ခံနိုင်ရည်ရှိရတဲ့ အကြောင်းရင်းကတော့ ဒီကအကျဉ်းသားတွေဆီကနေ ပိုက်ဆံနည်းနည်းလောက်ရနိုင်လို့ပါပဲ။

ရလဒ်အနေနဲ့ သူတို့ဟာ ဒီအစောင့်အကြပ်ခရီးစဉ်မှ အကျိုးအမြတ် တစ်စုံတစ်ရာ မရရှိခဲ့ရုံသာမက သူတို့ထဲမှ အရာရှိနှစ်ဦးလည်း အသက်ဆုံးရှုံးခဲ့ရသည်။

“အစ်ကိုဖမ်း ခြံငှားတာနဲ့ ပတ်သက်ပြီး ပြဿနာမရှိဘူး။ အရာရှိတွေအတွက် ကျသင့်တဲ့ငွေကိုလည်း ကျွန်တော်တို့ ပေးဖို့ ဆန္ဒရှိတယ်။ ဖန့်မိသားစုနဲ့ ရှဲ့မိသားစုတွေအတွက်ကတော့ ကျွန်တော့်အမျိုးသမီး ကူညီပေးလို့ သူတို့ အရုပ်လုပ်တာကနေ ငွေအနည်းငယ်ရထားတယ်။ အိမ်ငှားခပေးရတာ ပြဿနာမရှိလောက်ဘူး။”

ဖမ်းဝမ်သည် လမ်းတစ်လျှောက်တွင် မည်သည့်အကျိုးအမြတ်မှ မရနိုင်သည်ကို သိထားပြီးသားဖြစ်သည်။ သူ့ရဲ့ အစောပိုင်းစကားတွေက မော့မိသားစုကို အခွင့်ကောင်းယူဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး။

သူသည် အကျဉ်းသားများအတွက် အိမ်ငှားခကို မပေးဆောင်ချင်ရုံပါပဲ။

***

All Chapters