အခန်း (၃၁၆-၃၂၀)
Vol. 14 Ch. 316-320
အပိုင်း ၃၁၆ ညနက်
"စိတ်မပူပါနဲ့ ငါ့စိတ်ထဲမှာ အကြံတစ်ခုရှိပါတယ်"
ဝမ်ချောင်သည် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ သို့သော် သူ့အမူအရာသည် သူ့ယုံကြည်ချက်ကို ဖော်ပြနေပေသည်။
တောတောင်ထဲသို့ သူ့အလည်အပတ်သွားခြင်းသည် အလဟသမဟုတ်ခဲ့ပေ။ ထိုခေတ္တအနားယူချိန်တွင်ဝမ်ချောင်သည် တည်ငြိမ်အေးဆေးမှုရခဲ့ပြီး အခြေအနေကို ကောင်းကောင်းသုံးသပ်နိုင်ခဲ့သည်။ နောက်ဆုံးတွင် သူသည် အခြားသူများက တိုက်ခိုက်လာသည်ကို ထိုင်စောင့်နေရမည့်အစား သူဘက်ကစတင်လက်ဦးမှုရယူရန် ဆုံးဖြတ်ခဲ့သည်။
စာကြည့်ခန်းသို့ ဝင်လိုက်ကာ သူသည် လျင်မြန်စွာဖြင့် သဝဏ်လွှာအနည်းငယ်ရေးလိုက်သည်။
"ကျင်းတန် တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေးတရားရုံးကို သွားရောက်ပြီး ဒီမှတ်စုမှာ ဖော်ပြထားတဲ့အတိုင်း စာချုပ်ကိုခွဲဝေပါ။ အဲဒီနောက် ဒီသဝဏ်လွှာတွေနဲ့အတူ အဲဒီစာချုပ်တွေကို တော်ဝင်ရုံးတော်ကို ပို့လိုက်ပါ။"
"ခွဲဝေရမယ်"
ကျောက်ကျင်းတန်၏ မျက်ခုံးများ တွန့်ချိုးသွားခဲ့ကြသည်။ ဝမ်ချောင် စကားနောက်ကွယ်ရှိ လျှို့ဝှက်ထားသော အဓိပ္ပါယ်ကို သူ ကောင်းကောင်း သတိပြုမိသည်။
"အင်း နန်းတော်ထဲက အဲဒီ မင်းသား၊ မင်းသမီးနဲ့ တော်ဝင်ကြင်ယာတော်တွေအတွက် ငါတို့ဟာ အရည်ရွှမ်းတဲ့ အသားတွေထက် မပိုဘူး။ ငါတို့က ဒီအချိန်မှာ သူတို့ထဲက ဘယ်သူ့ကိုမှ စော်ကားဖို့ မတတ်နိုင်ဘူး။ သူတို့ကို ငါတို့တံခါးဝမှာ လာရပ်စေမယ့်အစား ငါတို့ကလည်း လက်ဦးမှုယူပြီး မြေတစ်စိတ်တစ်ပိုင်းကို သူတို့ဆီ လက်ဆောင်ပေးနိုင်တယ်။"
"ဒီနည်းလမ်းနဲ့ ငါတို့ဟာ တော်ဝင်မိသားစုကို စော်ကားတာကနေ ရှောင်ရှားနိုင်တယ်။ တစ်ချိန်တည်းမှာပဲ သူတို့ကို မြေတွေခွဲဝေပေးတာက သူတို့ကို တစ်ခြားတစ်ဦးက နယ်မြေအကျယ်ကြီးယူတာကနေ သူတို့အချင်းချင်းဟန့်တားထိန်းကျောင်းဖို့ ဖြစ်စေလိမ့်မယ်။"
ဝမ်ချောင် ပြောလိုက်သည်။
မင်းသားများအကြားတိုက်ပွဲသည် ဧရာမဝဲဂယက်ဖြစ်ကာ တခြားဘယ်အရာထက်မဆို သေစေနိုင်သည်။ ဝမ်ချောင်၏ သန်မာသည့် အုတ်မြစ်ဖြင့်ပင် ပြင်းထန်သည့် ဒီရေများကို တောင့်ခံရန် မဖြစ်နိုင်နေဆဲဖြစ်သည်။
ရှေးအချိန်ကတည်းက ဂုဏ်သရေရှိကလန်များသည် ထီးနန်းအတွက် တိုက်ပွဲတွင် ဝင်ပါခဲ့သောကြောင့် ကျဆုံးသွားခဲ့ကြရသည်။ သူတို့ထဲက လက်တစ်ဆုပ်စာသည် လက်ရှိဝမ်ကလန်ထက် ပို၍ပင် ကြီးကြသေးသည်။
ဤသို့အားကောင်းသည့် ကလန်များပင် ဝဲဂယက်ကြောင့် ဖျက်ဆီးခံလိုက်ရသောကြောင့် ဝမ်ကလန်သည် ချို့ယွင်းချက်ဖြစ်ရန် မျှော်လင့်ချက်မရှိပေ။
ဝိဉာဉ်သွေးကြောကို ခွဲဝေပေးကမ်းရန် လက်ဦးမှုရယူခြင်းသည် ဤအကျပ်အတည်းကို ဖြေရှင်းရန် အကောင်းဆုံးဖြေရှင်းချက်ဖြစ်သည်။
၎င်းသည် လူတိုင်းကို ကျေနပ်စေလိမ့်မည်မဟုတ်သော်လည်း အနည်းဆုံး ဝမ်ကလန်၏ လုံခြုံရေးအတွက် အာမခံနိုင်ပေသည်။ ထို့အပြင် ဤနည်းလမ်းမှတဆင့် ဝမ်ကလန်သည် မင်းသား၊ မင်းသမီးများနှင့်လည်း သိကျွမ်းနိုင်ပြီး ၎င်းသည် ဝမ်ကလန်တွက် အကျိုးရှိနိုင်သည်။
ကျောက်ကျင်းတန်ကို လွှတ်လိုက်ပြီးနောက် ဝမ်ချောင်သည် အခန်းထဲတွင် တိတ်ဆိတ်စွာထိုင်နေခဲ့ကာ ပဉ္စမမြောက်မင်းသားလီဟန်၏ ကိစ္စများကို တွေးတောလိုက်သည်။
'သွေးပြုပြင်ပြောင်းလဲခြင်းကို လဲလှယ်တာက ငါ့ကို ကံကြမ္မာမှတ် ၃၀ ကုန်ကျစေခဲ့တယ် ဒါပေမယ့် ဒါကပဲ ငါ့ကို ကံကြမ္မာမှတ် ၄၅ မှတ် ပြန်လည် ရှိစေခဲ့တယ်။ ဒါက တကယ့်ကို မမျှော်လင့်ထားတဲ့ ရရှိခြင်းပဲ။ ငါ့ရဲ့ ခန့်မှန်းချက်က မှန်ပုံရတယ် ကိစ္စရဲ့ သက်ရောက်မှုနဲ့ အန္တရာယ်က ကြီးမားလေ ဆုလာဘ်က များပြားလေပဲ။'
ဝမ်ချောင်သည် လီဟန်နှင့် ရှိစဉ်အချိန်က ကံကြမ္မာကျောက်စာဆီမှ သူကြားခဲ့ရသော အသံကို ပြန်လည် အမှတ်ရလိုက်သည်။
ဂိုဂူလျောတို့၏ လုပ်ကြံသတ်ဖြတ်မှုအကြံအစည်ကို ဟန့်တားခြင်းနှင့် ရှိုရှုဘုရင်ကို သုတ်သင်ခြင်းက သူ့ကို ကံကြမ္မာမှတ် ၁၀ မှတ် ရရှိစေခဲ့သည်။ ဝမ်ကလန်၏ ကံကြမ္မာကို ပြုပြင်ပြောင်းလဲခြင်းက သူ့ကို ကံကြမ္မာမှတ် ၂၅ မှတ်ရရှိစေခဲ့သည်။ ဤအရာများက သေးငယ်သည့် သွေးပြန်လည်ပြုပြင်ခြင်းထက် များစွာဒုက္ခခံခဲ့ရပေသည်။ သို့တိုင် ၎င်းသည် သူ့ကို ကံကြမ္မာမှတ် ၄၅ မှတ် ရရှိစေခဲ့ဆဲဖြစ်သည်။
ဤသည်က အမှန်တကယ် မမျှော်လင့်ထားခဲ့သော များပြားသည့် ဆုလာဘ်ဖြစ်သည်။
'နေဦး တစ်ခုခု မှားနေပြီ'
ဝမ်ချောင် စိတ်ထဲတွင် အတွေးတစ်ခုရုတ်တရက် ဝင်လာခဲ့သည်။ သူသည် အချက်အလက်၏ အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုကို လျစ်လျူရှုထားမိသည်ကို သဘောပေါက်လိုက်သည်။
အစစ်အမှန်နဂါးကို ပြီးပြည့်စုံစေခြင်း...။
မင်းသားများကြားတိုက်ပွဲကို ဖော်ပြထားခြင်းအပြင် ကံကြမ္မာကျောက်စာသည် အစစ်အမှန်နဂါးကို ပြီးပြည့်စုံစေခြင်းကိုလည်း ဖော်ပြခဲ့သည်။ အစပိုင်းသည် နားလည်နိုင်နေသေးသော်လည်း နောက်ပိုင်းသည်တော့...
'တစ်နည်းပြောရရင် ဒါက အစပဲ ရှိသေးတယ်။ လီဟန်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ လုပ်ငန်းစဉ်မှာ ပါဝင်ခြင်းကနေ ငါဟာ ကံကြမ္မာမှတ်ကို ဆက်တိုက်ရရှိနိုင်ဦးမှာ ဖြစ်တယ်။'
ဝမ်ချောင်၏ စိတ်ထဲတွင် မုန်တိုင်းထန်သွားခဲ့သည်။
ဤသည်က အမှန်တကယ် ဆွဲဆောင်မှုရှိသော အပေးအယူတစ်ခုဖြစ်သည်။ သို့သော် ယခင်က မင်းသားများကြား တိုက်ပွဲရလဒ်ကို မျက်မြင်တွေ့ဖူးသူတစ်ယောက်အနေဖြင့် ဤသည်မှာ အန္တရာယ်များဖြင့် အတိပြီးနေမည်မှာ သေချာပေသည်။ ၎င်းသည် မြင်ရသလောက် မရိုးရှင်းပေ။
ဝမ်ချောင်သည် မှူးမတ်များနှင့် ဂုဏ်သိက္ခာကြီးမားသော ကလန်များ ကြောက်ရွံ့ထိတ်လန့်စွာ ထွက်ပြေးရမည့် အန္တရာယ်ရှိသော လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းခဲ့သည်။
ထို့အပြင် ကံကြမ္မာကျောက်စာ၏ သတိပေးချက်မှ သုံးသပ်ကြည့်ပါက ဝမ်ချောင်သည် ဝဲဂယက်ထဲတွင် ဝင်ပါခဲ့ပြီဖြစ်သည်။ ထွက်ပြေးလွတ်မြောက်ရန်မဖြစ်နိုင်တော့ပေ။
လမ်းကြောင်းအများစုတွင် အဆုံးမရှိသော ချောက်နက်ကြီးတစ်ခုဖြစ်ပြီး နောက်ဆုံးတွင် ကြီးမြတ်မှုဆီသို့ လမ်းကြောင်းတစ်ခုဖြစ်သည်။ ကြားထဲတွင် ရှောင်ရှားနိုင်သည့် လမ်းကြောင်းမရှိပေ။
"အခု ငါ့ရွေးချယ်လိုက်တဲ့ ခြေလှမ်းတွေအပေါ်မှာပဲ မှီခိုနိုင်တော့မယ်"
ဝမ်ချောင် သက်ပြင်းချလိုက်သည်။
မကြာမီ တော်ဝင်ရုံးတော်ရှိ အရိပ်အခြည်များ လှုပ်ရှားလိမ့်မည်ဖြစ်သည်။ ငြိမ်သက်အေးချမ်းမှု၏ မျက်နှာပြင်အောက်တွင် ပုန်းကွယ်နေသည်မှာ ဧရာမဟာရီကိန်းမုန်တိုင်းတစ်ခုဖြစ်ပေလိမ့်မည်။ မကြာမီ ထိုဟာရီကိန်းမုန်တိုင်းကြောင့် ဂုဏ်သရေရှိကလန် ဘယ်လောက်များများ ပျက်စီးသွားမည်ကို မည်သူသိမည်နည်း။ ထို့အပြင် လာမည့်နေ့များတွင်အားကောင်းသည့် အရာရှိ ဘယ်လောက်များများ ပျောက်ကွယ်သွားမည်ကို မည်သူသိမည်နည်း။
မင်းသားများကြားတိုက်ပွဲတွင် ဝင်ပါခြင်းသည် မကြာမီ သူသည် ဤဟာရီကိန်းမုန်တိုင်း၏ အလယ်ဗဟိုတွင် ရပ်နေမိသည်ကို သူ့ကိုယ်သူတွေ့ရလိမ့်မည်ဟု ဆိုလိုသည်။
သို့သော် တခြားရွေးချယ်စရာမရှိတော့သည်ကို ဝမ်ချောင် သိပေသည်။
သူသည် ယနေ့တွင် လီဟန်နှင့် မတွေ့ခဲ့လျှင်ပင် နောက်ဆုံး၌ နစ်မြုပ်သွားရဆဲဖြစ်ပေလိမ့်မည်။ ထိုအတွေးများကို တွေးတောကာ ဝမ်ချောင် မျက်လုံးမှိတ်လိုက်သည်။
ဟူးးး
ဖယောင်းတိုင်မီးသည် ငြိမ်းသတ်သွားခဲ့သည်။
ဝမ်ချောင်သည် ဓားသွားဖယ်ရှားခြင်းအိမ်တော်ထဲတွင် တိတ်ဆိတ်စွာထိုင်နေစဉ်မှာပင် မြို့တော်ရှိ အိမ်တော်အနည်းငယ်သည် တောက်ပစွာ လင်းထိန်နေခဲ့သည်။
ဖယောင်းတိုင်မီး၏ မှိန်ဖျော့ဖျော့အလင်းရောင်ရှေ့တွင် မျက်မှောင်ကြုတ်နေသည့် ဝမ်ကန်းကို တွေ့နိုင်ပေသည်။
တော်ဝင်ရုံးတော်၏ အဆင့် ၂ အရာရှိ ဝမ်ကလန်၏ အကြီးဆုံးသားအနေဖြင့် သူ့ကို မျက်မှောင်ကြုတ်အောင်လုပ်နိုင်သည့် ကိစ္စအနည်းငယ်သာရှိပေသည်။ သို့သော်လည်း ဝမ်ကန်းသည် ဤတစ်ကြိမ် အမှန်တကယ် အခက်တွေ့နေခြင်းပင်။
"ဟမ်းး ဘာ အခက်တွေ့စရာရှိလို့လဲ။ ဒါက ဝိဉာဉ်သွေးကြောတစ်ခုပဲမဟုတ်လား။ ကောင်လေးကို လွှဲပြောင်းခိုင်းလိုက်ရင် အရာအားလုံးက ပြေလည်သွားပြီမဟုတ်လား။ ချိန်ခွင်လျာပေါ်က ကလန်ရဲ့ ကောင်းကျိုးချမ်းသာအတွက် ဒီကိစ္စမှာ အဲကောင်လေးက ရှင့်ကို ငြင်းဆန်ဝံ့တုန်းလို့ ရှင်ထင်လား။"
စူးရှပြီး ရက်စက်သော အသံတစ်ခုသည် သူ့ဘေးမှ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ဝမ်ချောင်၏ အကြီးဆုံးအဒေါ်ပင်။
ဝမ်ချောင်သည် ယခင်ကကဲ့သို့ ကလေကချေကောင် မဟုတ်တော့သော်လည်း ယခုအချိန်တွင် ဝမ်ကန်းနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသော်လည်း ဝမ်ချောင်၏ အဒေါ်ကြီးမှာ သူ့အပေါ်ထားရှိသည့် သဘောထား လုံးဝမပြောင်းလဲခဲ့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် ဝမ်ချောင်သည် ပို၍တောက်ပလာလေလေ သူမသည် ခြိမ်းခြောက်မှုကို ပို၍ခံစားလာရလေလေပင်။
"နင့်လို အိမ်ရှင်မတစ်ယောက်က တော်ဝင်ရုံးတော်ရဲ့ ကိစ္စရပ်တွေကို ဘယ်လိုလုပ်သိနိုင်မှာလဲ။ အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့။"
ဝမ်ကန်း သူမကို ငေါက်လိုက်သည်။
"ကျွန်မက အဓိပ္ပာယ်မရှိတာတွေပြောတယ်ပေါ့။ တခြားအရေးကိစ္စဆိုရင်တော့ ကျွန်မ မျက်စိလျှမ်းနိုင်တယ် ဒါပေမယ့် ပထမမင်းသားက နောင်တက်လာမယ့် ဧကရာဇ်ပဲ။ ဝိညာဉ်သွေးကြောကို လိုချင်တာက ကျွန်မတို့ရဲ့အကျိုးအတွက်ဖြစ်ပြီး အဲလိုအခွင့်အရေးက နောက်တစ်ကြိမ်မလာဘူး။ ဘာများ တုံ့ဆိုင်းစရာ ရှိလို့လဲ။"
ရှင်းရှီသည် သူမ၏ထိုင်ခုံမှထရပ်ကာ အောင့်သက်သက်ဖြင့် အော်လိုက်သည်။ သူမကဲ့သို့ အိမ်ရှင်မတစ်ယောက်ပင်လျှင် နေ့ဘက်ကဲ့သို့ ရှင်းလင်းစွာမြင်နိုင်သည်။ သို့တိုင် ဝမ်ကန်းကဲ့သို့ ယောက်ျားတစ်ယောက်သည် ထိုကဲ့သို့ လေးနက်သော ကိစ္စအတွက် တုံ့ဆိုင်းနေဆဲပင်။
သူမသည် ဤသည်ကို ရပ်ကြည့်မနေနိုင်တော့ပေ။
"မင်း ဘာသိလို့လဲ။ ဝိဉာဉ်သွေးကြောက ချောင်အာရဲ့ဟာပဲ။ တကယ်လို့ ငါ့ဥစ္စာသာဆိုရင် ပထမမင်းသားကို ပေးပြီးတာကြာပြီ။ ဒါ့အပြင် ဝိဉာဉ်သွေးကြောရဲ့ အရေးပါမှုကို မင်းသိလို့လား။ အရှင်မင်းမြတ် အရေးတကြီးသဘောထားတဲ့ လေ့ကျင့်ရေးစခန်းသုံးခုတောင် သာမန်ဝိညာဉ်သွေးကြောတွေအပေါ်မှာ တည်ဆောက်ထားခဲ့တာ ချောင်အာရဲ့ဝိညာဉ်သွေးကြောဟာ အဲဒါတွေထက် အနည်းဆုံးဆယ်ဆ ပိုပြီး အကျိုးကျေးဇူးရှိတယ်။"
ဝမ်ကန်းသည် ခက်ထန်သည့် မျက်နှာဖြင့် ပြောလိုက်သည်။
ဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်မှုတွင် ပါဝင်ခဲ့ပြီးနောက် ကလန်တစ်ခုအတွက် ဤကြီးမားသော ဝိညာဉ်သွေးကြော၏ အရေးပါမှုကို သူနားလည်ထားခဲ့သည်။
ဤသို့သော ဝိဉာဉ်သွေးကြောသည် အချိန်တိုအတွင်း ကျွမ်းကျင်သူအများအပြားကို ပြုစုပျိုးထောင်စေနိုင်သည်။
ထိုသို့သော ဝိညာဉ်သွေးကြောတစ်ခုကို ပိုင်ဆိုင်ထားသော ကလန်သည် လာမည့်ရာစုနှစ်များစွာကြာ သူတို့၏ ကျဆုံးခြင်းအတွက် စိုးရိမ်စရာမလိုပေ။
ထို့အတွက်ကြောင့်သာမဟုတ်လျှင် ဝမ်ချောင်၏ ဝိဉာဉ်သွေးကြောသည် မြို့တော်တွင် ဤသို့သော ကြီးမားသည့် ဂယက်ရိုက်မှုကို မည်သို့ ဖြစ်စေနိုင်မည်နည်။
"ဟမ် ကျွန်မထင်တာတော့ ရှင်က တွေဝေနေတာပဲ။ ရှင့်လက်ထဲမှာ ဝိညာဉ်သွေးကြောမပါဘဲ ပထမမင်းသားကို ဒီကိစ္စကို ဘယ်လိုဖြေရှင်းဖို့ ရည်ရွယ်ထားလဲ ကြည့်ရအောင်။"
ခင်ပွန်းဖြစ်သူကို ကြိမ်းမောင်းပြီးနောက် ရှင်းရှီသည် ဒေါသတကြီးဖြင့် အင်္ကျီလက်စများကို ခါယမ်းကာ အခန်းထဲမှ ထွက်သွားခဲ့သည်။
ရှင်းရှီထွက်သွားသည်နှင့် အခန်းသည် တိတ်ဆိတ်သွားခဲ့သည်။
ယိမ်းနွဲ့နေသည့် သူ့ရှေ့မှ ဖယောင်းတိုင်မီးကို ကြည့်ကာ ဝမ်ကန်း သက်ပြင်းချလိုက်သည်။ ထို့နောက် သူသည် သူ့လက်မောင်းအိုးမှ စာလွှာကို ထုတ်ယူလိုက်သည်။ ၎င်းသည် ပထမမင်းသားဆီမှ ဖြစ်သည်။
စာရွက်ပေါ်တွင် စာတစ်ကြောင်းသာရှိသည်။
'ငါ ဝမ်ချောင်နဲ့ တွေ့ချင်တယ်'
စာတိုလေးတစ်ခုဖြစ်သည် သို့သော် ပထမမင်းသား၏ ရည်ရွယ်ချက်သည် ရှင်းလင်းလှသည်။ သူ့ပန်းတိုင်သည် ဝိဉာဉ်သွေးကြောမဟုတ်ပေ။ သို့သော် ဝမ်ချောင်ဖြစ်သည်။
ပထမမင်းသားသည် ဝမ်ချောင်ကို သူ့ဘက်သို့ ဆွဲခေါ်ရန် ရည်ရွယ်ထားခဲ့သည်။
"ထားလိုက်တော့ ငါ ချောင်အာကို ခေါ်သင့်တုန်းပဲ။"
သက်ပြင်းချလိုက်ကာ ဝမ်ကန်းသည် သူ့စိတ်ကို ပြင်ဆင်လိုက်သည်။ ရှင်းရှီ၏ စကားသည် ပြင်းထန်သည်။ သို့သော် သူတို့သည် ယေဘုယျမကျသည်တော့မဟုတ်ပေ။
မည်သို့ဆိုစေကာမူ ပထမမင်းသားသည် ပညာရှင်ဧကရာဇ်၏ အကြီးဆုံးသားတော်ဖြစ်ပြီး မဟာထန်သည် နောက်ဆုံးတွင် သူ့လက်ထဲရောက်ပေလိမ့်မည်။
ထိုအတွေးနှင့်အတူ ဝမ်ကန်းသည် စုတ်တံကို မြှောက်လိုက်သည်။ မကြာမီ စာပို့ခိုတစ်ကောင်သည် ပြတင်းမှတဆင့် အခန်းထဲမှ ပျံထွက်သွားခဲ့သည်။
"ဝိဉာဉ်သွေးကြော ဒါက တကယ့်ကို မယုံနိုင်လောက်အောင်ပဲ။"
ညနက်တွင် အရပ်ပုပုနှင့် အရပ်ရှည်ရှည် လူနှစ်ယောက်သည် ဆန့်ကျင်ဘက်တောင်တန်းတစ်ခုပေါ်တွင် ကြီးမားသော ဝိဉာဉ်သွေးကြောကို စူးစိုက်ကြည့်နေခဲ့ကာ မတ်တပ်ရပ်နေခဲ့ကြသည်။
မြင်သာသော သိပ်သည်းသည့် အဖြူရောင်မြူခိုးများသည် အမှောင်ထုကြားတွင် တဖြည်းဖြည်းရွေ့လျားနေခဲ့ကြသည်။ ၎င်းသည် စုဝေးနေခဲ့ကြသည့် ဝိဉာဉ်စွမ်းအင်ဖြစ်သည်။
ညဘက်တွင်သာ တွေ့မြင်နိုင်သော လှပသည့် မြင်ကွင်းတစ်ခု။
တလိပ်လိပ်ရွေ့လျားနေသော အဖြူရောင်မြူခိုးသည် အမှောင်ထုကြားတွင် လီတစ်ရာအထိ ဆန့်တန်းနေခဲ့ကြပြီး ခမ်းနားထည်ဝါသည့် မြင်ကွင်းတစ်ခုကို ဖော်ဆောင်နေသည်။
ထိုသတင်းကို ပျံ့နှံ့စေခဲ့သော လူကြောင့်သာမဟုတ်လျှင် မြို့တော်မှ အကွာအဝေးအနည်းငယ်တွင် ဤကဲ့သို့ ခမ်းနားသည့် မြင်ကွင်း ရှိနေလိမ့်မည်ကို မည်သူမျှ တွေးမိလိမ့်မည်မဟုတ်ပေ။
"ဝမ်ကလန်က အဲကလေးဟာ တကယ့်ကို အံ့မခန်းပဲ။"
"အဟုတ်ပဲ။ ဒီနေရာမှာရှိတဲ့ ဆိုးယုတ်တဲ့ အရှိန်အဝါဟာ အရမ်းကို ထူထပ်တယ် ဗေဒင်ဆရာတွေတောင် ဒီနေရာကို ဗေဒင်တွက်ချက်ဖို့ ခက်ခဲလိမ့်မယ်။ ဒါ့အပြင် ဒီနယ်မြေက အဆိပ်ပြင်းမြွေတွေနဲ့ ကြမ်းကြုတ်တဲ့ သားရဲအများအပြားနဲ့ ပြည့်နှက်နေခဲ့တယ် ပြီးတော့ အဓိကလမ်းကြောင်းကလည်း လီတစ်ဆယ်အဝေးမှာရှိတယ်။ ဒါပေမယ့် သူက ဒီနေရာကို ရှာတွေ့ခဲ့နိုင်တုန်းပဲ။"
ထိုနှစ်ယောက်သည် ကူကယ်ရာမဲ့စွာဖြင့် အံ့အားတကြီးရေရွက်လိုက်မိကြသည်။
သူတို့နှစ်ဦးသည် ဤဝိဉာဉ်သွေးကြော၏ ပိုင်ရှင်သည် ဝမ်ချောင်ဖြစ်ပြီး သူသည် လွန်ခဲ့သည့် လအတော်များများက တရားစီရင်ရေးဆိုင်ရာပြန်လည်စိစစ်ရေးတရားရုံးမှနေ၍ စာချုပ်တစ်ခု ဝယ်ယူခဲ့သည်ကို သိရှိလိုက်ရသောအခါ သူတို့သည် ဆွံ့အသွားခဲ့ကြသည်။
ဤကိစ္စတစ်ခုလုံးသည် အလွန်မှ ဆန်းကြယ်လှသည်။
ဝမ်ချောင်သည် မျက်စိတစ်မှိတ်အတွင်း ဒေသဆိုင်ရာတပ်မှူးများအဖြစ်အပျက်ကြောင့် ကမ္ဘာကြီးကို တုန်လှုပ်စေရုံမျှမက တောင်တန်းအနက်ပိုင်းရှိ ကြီးမားလှသော ဝိညာဉ်သွေးကြောပိုင်ရှင်လည်း ဖြစ်လာခဲ့သည်။
ထိုအချိန်တွင် သူတို့စိတ်ထဲ၌ စကားလုံးတစ်လုံးတည်းသာ ထွက်ပေါ်လာခဲ့သည်။
'လိမ္မာပါးနပ်တယ်'
တစ်ကြိမ်သာဆိုပါက တိုက်ဆိုင်ခြင်းဖြစ်နိုင်သည်။ သို့သော် နှစ်ကြိမ်ဆိုပါက များသွားပြီဖြစ်သည်။ ဝမ်ကလန်၏ ထိုကလေးသည် အသက်ဆယ့်ငါးနှစ်သာရှိသေးသည်။ သို့သော် သူသည် သူတို့ရှေ့နိုင်ပင် မယုံနိုင်စရာကောင်းသည့် ပုံရိပ်ကို ဖန်တီးပြခဲ့သည်။
သူတို့ပင်လျှင် ထိုကလေးကို လေးစားနေသည်ဟု ဆိုပါက ထိုသည်မှာ ချဲ့ကားနေခြင်းဟုတ်လိမ့်မည်မဟုတ်ပေ။
မဟုတ်သေးပေ။ သူ့ကို ကလေး ဟု ခေါ်ခြင်းသည် မတိကျပေ။
တိတိကျကျဆိုရပါက သူသည် ဝမ်ကလန်၏ နောင်တက်လာမည့် ခေါင်းဆောင် မြို့စားကြီးကျူး၏ ဆက်ခံသူ ဖြစ်သည်။
"သူက ခွန်းဝူလေ့ကျင့်ရေးစခန်းမှာ ဓားသွားဖယ်ရှားခြင်းအိမ်တော်ကို ဖွင့်လှစ်ခဲ့တယ် လို့ ငါကြားခဲ့တယ် ပြီးတော့ အဖွဲ့ဝင်တွေ လက်ခံနေတုန်းပဲ တဲ့။ အဲထဲကို ဝင်ဖို့ ချူအာကို ပြောလိုက်ပါ။ အဲကလေးဟာ သူ့ရှေ့မှာ အကန့်အသတ်မဲ့ အနာဂတ်ရှိတယ်။ ဒီလိုအဟုန်မျိုးနဲ့ ဝမ်ကလန်ဟာ မြို့စားကြီးကျူးဦးဆောင်စဉ်အခါက အထွတ်အထိပ်ကိုတောင် ကျော်လွန်သွားနိုင်တယ်။ သူနဲ့ ဒီကံကြမ္မာအလိုကျ ဆက်ဆံရေးကို တည်ဆောက်တာဟာ ငါတို့ကို အနာဂတ်မှာ မမျှော်လင့်ထားတဲ့ အကျိုးအမြတ်ကို ယူဆောင်လာစေနိုင်တယ်။"
"ဟုတ်ကဲ့ပါ ကလန်ခေါင်းဆောင် ကျွန်တော် ချူအာကို ဝမ်သခင်လေးနဲ့ မဟာမိတ်ဖွဲ့ဖို့ အမိန့်ပေးလိုက်ပါ့မယ်။"
အခြားတစ်ယောက်က ပြန်ဖြေလိုက်သည်။
ရှေ့တစ်ယောက်သည် ခေါင်းညိတ်ပြီး တိတ်ဆိတ်သွားသည်။
ကြယ်များစုံလင်နေသည့် ကောင်းကင်ထက်မှ ငုံ့ကြည့်လိုက်ပါက ဝိဉာဉ်သွေးကြောနယ်မြေတဝိုက်တွင် အရိပ်များစွာ ပုန်းလျှိုးကွယ်လျှိုးရှိနေကြသည်ကို မြင်နိုင်သည်။ ယနေ့ညတွင် ကောလာဟလ၏ စစ်မှန်မှုကို အတည်ပြုရန် မရေမတွက်နိုင်သော ကျွမ်းကျင်သူများ ဤနေရာသို့ ရောက်ချလာခဲ့ကြသည်။
ထို့အပြင် ရှေ့ကလူနှစ်ဦးကဲ့သို့ လူဘယ်လောက်များများက တူညီသည့် ဆုံးဖြတ်ချက်ကို ပြုလုပ်လိမ့်မည်ဟု မည်သူ သိမည်နည်း။
-----------------
အပိုင်း ၃၁၇ ဦးကြီးနှင့် တွေ့ဆုံခြင်း
တိတ်ဆိတ်မှုသည် ညဘက်တွင် တဖြည်းဖြည်းလွင့်ပျံလာခဲ့သည်။
ဝိဉာဉ်သွေးကြောဝန်းကျင်နယ်မြေရှိ ပုံရိပ်များသည် တဖြည်းဖြည်းဆုတ်ခွာသွားခဲ့ကြသည်။
"အားးး..."
ရံဖန်ရံခါ နာကျင်စွာ အော်ဟစ်သံကို ကြားရနိုင်သည်။ သို့သော် တိတ်ဆိတ်အေးချမ်းမှုသည် တောင်တန်းတစ်လျှောက်တွင် လျင်မြန်စွာ ပြန်လည်ရောက်ရှိလာခဲ့သည်။
ဝိဉာဉ်သွေးကြောရှိ ဝိဉာဉ်စွမ်းအင်သည် အလွန်တရာမှသိပ်သည်းလှသည်။ သို့သော် မည်သူမျှ အနားသို့ မကပ်ဝံ့ကြပေ။ ပထမနေ့ပြီးနောက် ဒါဇင်ပေါင်းများစွာသော အလောင်းများ ထွက်ပေါ်လာသည်မို့ လူတိုင်းသည် ဝိညာဉ်သွေးကြောတွင် ကြောက်မက်ဖွယ်ဖြစ်တည်မှုသည်လည်း ပါဝင်နေကြောင်း သိရှိလာခဲ့ကြသည်။
နယ်မြေအတွင်းသို့ တရကြမ်းဝင်ရောက်ဝံ့သူများသည် အခြားလောကတစ်ခုသို့ ပျောက်ကွယ်သွားသကဲ့သို့ပင်။ အလောင်းတစ်လောင်းကို မြူခိုးများထဲမှ ရုတ်ခြည်းလှိမ့်ဆင်းစေခြင်းမပြုမီ ပတ်ဝန်းကျင်သည် တစ်ခဏမျှ တိတ်ဆိတ်သွားမည်ဖြစ်သည်။ ဤအလောင်းများသည် ထိုကျူးကျော်သူများသေဆုံးသွားသည့် ဆိုးရွားသောပုံစံကို ထုတ်ဖော်ပြသခဲ့ကြပြီး လျှို့ဝှက်ကြည့်ရှုသူများ၏ ကျောရိုးများကို ခိုက်ခိုက်တုန်သွားစေခဲ့သည်။
ထို့ကြောင့် တရကြမ်းဝင်ရောက်ရန် လုံလုံလောက်လောက် ရူးမိုက်နေသူများသည် ရပ်တန့်သွားခဲ့ကြသည်။
မိုးသောက်ချိန်သို့ တဖြည်းဖြည်းရောက်လာသည်နှင့် လူအုပ်ကြီးသည် တဖြည်းဖြည်း ဆုတ်ခွာသွားခဲ့ကြသည်။
ဝိဉာဉ်သွေးကြောဗဟိုပြုရာ တောင်ပေါ်ရှိ ထူထပ်သည့် မြူခိုးငွေ့အလယ်တွင် မကောင်းဆိုးဝါးအဘိုးအိုသည် တောင်အပြင်ဘက်ရှိ အကွာအဝေးတစ်ခုသို့ စိုက်ကြည့်နေခဲ့ကာ သက်ပြင်းရှည်ကြီးချလိုက်သည်။ ညဦးယံအချိန်မှစ၍ ယခုအချိန်အထိ သူသည် မကောင်းသည့်အကြံအစည်ဖြင့် သူလျှိုပေါင်းများစွာကို ကိုင်တွယ်ဖြေရှင်းခဲ့ရသည်။
သို့သော်လည်း တောင်အပြင်ဘက်ရှိ လူအရေအတွက်သည် ဆက်တိုက်တိုးလာနေခဲ့သည်။ မကောင်းဆိုးဝါးအဘိုးအိုသည်ပင် ဤကိစ္စကြောင့် အနည်းငယ် ဒုက္ခရောက်သွားခဲ့ရသည်။ အားကောင်းသည့်နည်းလမ်းများမရှိဘဲ သူတို့ကို ထိန်းချုပ်ရန် သူ့အတွက် ခက်ခဲပေလိမ့်မည်။ သူ့နှလုံးသားကို ကျူးကျော်ဝင်ရောက်လာသည့် ကျွမ်းကျင်သူအချို့ကို သတ်ဖြတ်ပြီးနောက် အများစုကို ဟန့်တားလိုက်နိုင်သည်မှာ ကံကောင်းပေသည်။
ဤသို့မဟုတ်ပါက မည်သူမဆို ဝိဥာဉ်သွေးကြောမှ လွတ်လွတ်လပ်လပ် ဝင်ထွက်နိုင်ခဲ့လျှင် ဤသည်က ကြီးမားသည့်အရှုပ်အထွေး ဖြစ်သွားပေလိမ့်မည်။
ဝမ်ချောင် ရေးဆွဲထားခဲ့သည့် လေ့ကျင့်ရေးစနစ်ကိုလည်း ထိခိုက်စေလိမ့်မည်ဖြစ်သည်။
"သူတို့က ဒါကို တားဆီးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"
မကောင်းဆိုးဝါးအဘိုးအိုသည် သက်ပြင်းချလိုက်ပြီး သူ့လက်မောင်းအိုးထဲမှ ခိုတစ်ကောင်ကို ထုတ်ယူလိုက်သည်။ သူ့လက်ကိုမြှောက်လိုက်ကာ သူသည် ခိုကို ကောင်းကင်ထက်ကို ပျံသန်းစေလိုက်သည်။
ဤနေရာရှိ ကိစ္စသည် ကောင်းချီးမင်္ဂလာဖြစ်စေ၊ ဘေးအန္တရာယ်ဖြစ်စေ သူသည် ဝမ်ချောင်ကိုအကြောင်းကြားပြီး သူ့ကို ဆုံးဖြတ်စေရမည်ဖြစ်သည်။
နေ့ခင်းဘက်သို့ ရောက်လာသည်နှင့် အစိမ်းရောင်ရထားလုံးတစ်စင်းသည် ပျားပန်းခပ်မျှစည်ကားနေသော လမ်းများကို ဖြည်းညင်းစွာ ဖြတ်သန်းလာခဲ့ပြီး နောက်ဆုံးတွင် တော်ဝင်ရုံးတော်၏ ဩဇာအာဏာကြီးမားသည့် အရာရှိ ဝမ်ကန်း၏ အိမ်တော်ရှေ့တွင် ရပ်တန့်သွားခဲ့သည်။
ရထားလုံး၏ တံခါးကို ဖွင့်လိုက်ကာ ဝမ်ချောင် ဆင်းလာလိုက်သည်။
နေ့တစ်ဝက်မျှ အခြားအရေးကြီးကိစ္စများကို ကိုင်တွယ်ပြီးနောက် ဝမ်ချောင်သည် နောက်ဆုံး၌ ဦးကြီးဝမ်ကန်း၏ အိမ်တော်သို့ ရောက်လာခဲ့ပြီဖြစ်သည်။
မြင့်မားသည့် တံတိုင်းများသည် အိမ်တော်ကို ဝန်းရံထားကြပြီး ဝပ်တွားနေသည့် ခြင်္သေ့ကြီးနှစ်ကောင်သည် ဂိတ်ပေါက်တွင် ရပ်နေခဲ့သည်။ ဘေးနှစ်ဖက်တွင် အနီရောင်မီးအိမ်ကြီးနှစ်လုံးချိတ်ဆွဲထားခဲ့သည်။
ဂိတ်အဟကြားမှတဆင့် သူသည် စိမ်းလန်းစိုပြေပြီး လှပကြော့ရှင်းသည့် ဝါးဥယျာဉ်ကို ယောင်ဝါးဝါးမြင်တွေ့နိုင်သည်။
ဦးကြီးဝမ်ကန်းသည် ပညာပါရမီရှိသော အရာရှိတစ်ဦးဖြစ်သည်။ မြို့စားကြီးကျူး၏ လွှမ်းမိုးမှုကြောင့် ဖြစ်နိုင်သည်။ သူသည်လည်း အနုသုခုမပညာကို အလွန်စိတ်ဝင်စားလေသည်။ ဤဝါးဥယျာဉ်ကို လေးပြည်နယ်သံရုံးရှိ တစ်ခုနှင့် ပုံစံတူပြုလုပ်ထားသည်။ မက်မန်းပွင့်၊ သစ်ခွ၊ ဂန္ဓမာနှင့် ဝါးပင်တို့အပေါ် သူ၏ဝါသနာကို ဖော်ပြနေပုံရသည်။
ဤသည်မှာ ဝမ်ချောင် ဤနေရာသို့ ရောက်သည့် ပထမဆုံးအကြိမ်မဟုတ်ပေ။ သို့သော် ယခုအချိန်၌ သူ့တွင်ရှိနေသော ခံစားချက်များသည် ယခင်အချိန်များထက် အလွန်ကွဲပြားပေသည်။
'ဒါက အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ဦးကြီးနဲ့ပြောရမယ့်အချိန်ပဲ'
ဝမ်ချောင်သည် ခမ်းနားထည်ဝါလှသည့် အိမ်တော်ကို ကြည့်လျက် တွေးလိုက်သည်။ သူသည် မနေ့က ဦးကြီး၏ ခိုကို လက်ခံရရှိခဲ့သည်။ သို့သော် သူ ချက်ချင်း အကြောင်းမပြန်ခဲ့ပေ။ ထို့အစား သူသည် သူကိုယ်တိုင် အလည်အပတ်သွားရန် ရွေးချယ်ခဲ့သည်။
သူ့ဝတ်ရုံကို နောက်သို့ ပစ်လျက် ဝမ်ချောင်သည် ဝင်ပေါက်သို့ သွားလိုက်သည်။
"သခင်လေး"
အိမ်တော်၏ ဝင်ပေါက်တစ်ဖက်တစ်ချက်စီတွင် နှစ်ယောက်စီစောင့်ကြပ်နေသည့် အစောင့်လေးဦးသည် ဝမ်ချောင်ကို မြင်သည်နှင့် မျက်နှာများ လေးနက်သွားခဲ့ကြပြီး သူ့ကို တလေးတစားဖြင့် ဦးညွှတ်လိုက်ကြသည်။
ဤအမူအရာများသည် သူတို့၏ နှလုံးသားထဲမှ လာခဲ့ခြင်းဖြစ်ပြီး အလွန်စိတ်ပါလက်ပါရှိလှသည်။
ဝမ်ချောင်သည် ငယ်ရွယ်စဉ်အချိန်က သူ့အချိန်ကို လမ်းများပေါ်တွင် ကမြင်းကြောထပြီး ပြဿနာရှာကာ ကုန်ဆုံးခဲ့သည်။ ထို့ကြောင့် လူတိုင်းသည် သူ့ကို ပေါ့ပေါ့တန်တန် သဘောထားခဲ့ကြသည်။
သို့သော် လွန်ခဲ့သည့်နှစ်ဝက်အတွင်း ဝမ်ချောင်သည် အလွန်ကွဲပြားသည့် လူတစ်ယောက်အဖြစ် ပြောင်းလဲသွားပုံပေါ်သည်။ သူ၏ အံ့မခန်းအောင်မြင်မှုများကို ကြည့်ကာ သူတို့၏ အစပိုင်း မထီမဲ့မြင်ပြုမှုသည် လေးစားမှုနှင့် ကြောက်ရွံ့ရိုသေမှုအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြသည်။
ထို့ကြောင့် ဝမ်ချောင်ကို မြင်သည်နှင့် သူတို့သည် သူတို့၏ လေးစားသမှုကို ပြသရန် ချက်ချင်း ဦးညွှတ်လိုက်ကြခြင်းပင်။
"ကျွန်တော်ရဲ့ ဦးကြီးက အထဲမှာရှိလား"
ဝမ်ချောင် မေးလိုက်သည်။
"ဟုတ်ကဲ့။ သခင်ကြီးက သခင်လေးရောက်လာမယ်ဆိုတာ သိပြီးနောက် သူ့စာကြည့်ခန်းထဲမှာ စောင့်နေပါတယ်။ ကျွန်တော်တို့ သူ့ကို သခင်လေးရောက်လာတာကို တင်ပြပေးရမလား။"
"မလိုဘူး။ ကျွန်တော် တန်းသွားလိုက်မယ်။"
ဝမ်ချောင် သူ့လက်ကို ဝေ့ယမ်းလိုက်ပြီး ဂိတ်ကို ကျော်ဖြတ်လိုက်သည်။ ဥယျာဉ်တစ်ခုနှင့် ရေကန်တစ်ခုကို ဖြတ်သန်းပြီး ဝါးဥယျာဉ်နှင့် ရှုခင်းကြည့်အဆောင်ငယ်ကို ဖြတ်သန်းပြီးနောက် ဝမ်ချောင်သည် ဦးကြီး၏ စာကြည့်ခန်းအပြင်ဘက်သို့ ရောက်လာခဲ့သည်။
အခန်းထဲမှ ရင်းနှီးနေသည့် အသက်ရှုသံတစ်ခု ပေါ်ထွက်နေသည်။ စာကြည့်ခန်း၏ ခရမ်းနုရောင်တံခါးများကို ကြည့်ကာ ဝမ်ချောင်၏ စိတ်ထဲတွင် အတွေးများစွာ ပေါ်လာခဲ့သည်။
ဦးကြီးနှင့် စကားပြောရန် ရှောင်လွှဲခဲ့သော ကိစ္စများစွာရှိသော်လည်း ဦးကြီး ပေးပို့ခဲ့သောစာသည် သူ့ကို အခြားရွေးချယ်စရာမကျန်ရှိစေခဲ့ပေ။
သူ ယခုလုပ်နေသည့်အရာသည် လုံးဝမှားယွင်းနေသည်ကို ဦးကြီး လုံးဝတွေးမိမည်မဟုတ်ပေ။
သူသည် ပထမမင်းသားနှင့် ပို၍ နီးကပ်လာလေလေ သူသည် အန္တရာယ်ပိုများလာလေလေဖြစ်သည်။
သူ့ယခင်ဘဝတွင် အဖိုး၏ ခမ်းနားကြီးကျယ်သော အရှိန်အဝါနှင့် ထူးချွန်ပြောင်မြောက်သော အောင်မြင်မှုများအောက်တွင် ယောင်ကလန်၏ ပရိယာယ်သို့ ကျဆင်းခြင်းနှင့် စုန့်ဘုရင်ကို အပြစ်ပြုမိခြင်းပြီးနောက်တွင်ပင် ဝမ်ကလန်သည် သူ့မြေပေါ်ရပ်တည်နိုင်ခဲ့တုန်းဖြစ်သင့်သည်။
သို့သော်လည်း ဦးကြီးနှင့် ပထမမင်းသားကြားဆက်ဆံရေးသည် ဤနောက်ဆုံးမျှော်လင့်ချက်ကို ပျက်စီးသွားစေခဲ့သည်။ ဦးကြီး၏ တော်ဝင်ရုံးတော်သို့ နှစ်ပေါင်းများစွာ အကျိုးဆောင်မှုအရ နိုင်ငံရေးမျက်နှာစာတွင် ဘက်ရွေးမှားခဲ့လျှင်ပင် အဆိုးဆုံးဖြစ်သင့်သည်မှာ ရာထူးချရုံပင်။
သို့သော်လည်း သူချည်နှောင်ခံထားရသောအရာမှာ မင်းသားများကြား တိုက်ပွဲဖြစ်သည်။ ယင်းကြောင့် ဝမ်ကလန်သည် တော်ဝင်မိသားစု၏ မျက်နှာသာပေးမှုကို ဆုံးရှုံးသွားခဲ့သည်။ ဤသည်က ဝမ်ကလန် လျင်မြန်စွာ ကျဆင်းသွားခဲ့ရခြင်း၏ အကြောင်းအရင်းဖြစ်သည်။ ချောက်နက်ထဲသို့ ပြုတ်ကျသွားသကဲ့သို့ပင်။ အဖိုးကွယ်လွန်ပြီးနောက် လုံးဝနလန်မထူနိုင်တော့ပေ။
ဝမ်ကလန်တစ်ခုလုံးသည် သေမျိုးလောကတွင် မထင်မရှားမြူမှုန်လေးတစ်ခုဖြစ်လာရန် ကောင်းကင်ထက်မှ ကျဆင်းသွားခဲ့သည်။
ဦးကြီး၏ ယုံကြည်ချက်များနှင့် ခံယူချက်များကို နားလည်ကာ ဝမ်ချောင်သည် ဤကိစ္စကို ဖယ်ထားရန် ကြိုးစားနေခဲ့သည်။ သို့သော်လည်း လက်ရှိအခြေအနေကို သုံးသပ်ကြည့်လျှင် သူ့တွင် အခြားရွေးချယ်စရာမရှိတော့ပေ။
'ဟူးးး ဦးကြီးက ငါ့စကားကို နားထောင်ဖို့ ဆန္ဒရှိဖို့ပဲ မျှော်လင့်နိုင်တော့တယ်။'
ဝမ်ချောင် သက်ပြင်းရှည်ကြီးချလိုက်သည်။
"ချောင်အာ မင်းရောက်လာပြီ"
ဝမ်ချောင်သည် သူ့အတွေးထဲ နစ်မြောနေစဉ်မှာပင် အခန်းထဲမှ တည်ကြည်ပြီး ဩဇာလွှမ်းမိုးသော အသံတစ်ခုထွက်ပေါ်လာခဲ့သည်။
သူ့အတွေးများထဲမှ ပြန်လည်လာခဲ့ကာ ဝမ်ချောင်သည် တံခါးကို တွန်းဖွင့်လိုက်ပြီး အထဲဝင်လိုက်သည်။
"ဦးကြီး"
ဝမ်ချောင် အထဲသို့ ဝင်သည်နှင့် သူ့ဦးကြီးသည် သစ်သားစားပွဲနောက်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ စားပွဲပေါ်တွင် စာရွက်များနှင့် စာလိပ်များ အထပ်လိုက် တင်ထားသည်။ ဦးကြီးသည် သူ မရောက်လာမီ တော်ဝင်ရုံးတော်၏ ဖိုင်များကို စုစည်းနေခဲ့ပုံရသည်။
"ချောင်အာ မင်းရောက်လာပြီပေါ့"
ဝမ်ကန်းသည် ပြုံးလိုက်ပြီး သူ့လက်ထဲမှ စုတ်တံကို ချလိုက်သည်။ တစ်နေ့ခင်းလုံး အလုပ်များနေပြီးနောက် သူသည် အနည်းငယ်ပင်ပန်းမှုကို ခံစားနေရသည်။
"ထိုင်"
ဝမ်ကန်းသည် အခန်းအလယ်ရှိ စားပွဲဝိုင်းသို့ ထလာခဲ့သည်။ ထိုအပေါ်တွင် ရေနွေးတစ်အိုးနှင့် လက်ဖက်ရည်ခွက်နှစ်ခွက်ရှိနေသည်။ ဝမ်ကန်းသည် လက်ဖက်ရည်ခွက်နှစ်လုံးထဲသို့ ရေနွေးငှဲ့လိုက်ပြီး ဝမ်ချောင်ကို သူ့ဘေးတွင် ထိုင်ရန် ပြောလိုက်သည်။ သူသည် ဝမ်ချောင်ကို သူ့အနီးတွင် ထိုင်ခွင့်ပြုခဲ့သည့် အချက်က ဦးလေးနှင့် တူတို့အကြား ပိုင်ဆိုင်ထားသည့် ရင်းနှီးသည့် ဆက်ဆံရေးကို သက်သေပြနေခဲ့သည်။
ဘာမှပြောမနေတော့ဘဲ ဝမ်ချောင်သည် ဦးကြီးဘေးသို့ သွားလိုက်ပြီး ထိုင်လိုက်တော့သည်။
ဝမ်ကန်းသည် လက်ဖက်ရည်အိုးကို စားပွဲပေါ်သို့ ပြန်ချလိုက်ပြီး မေးလိုက်သည်။
"ချောင်အာ လေ့ကျင့်ရေးစခန်းမှာ နေရတာအဆင်ပြေရဲ့လား။"
"အဆင်ပြေနေပါသေးတယ်"
ဝမ်ချောင် ပြန်ဖြေလိုက်သည်။
"ကောင်းတယ်။ တကယ်လို့ မင်းမှာ ငါ့ရဲ့အကူအညီကို လိုအပ်တဲ့ ဘယ်လိုကိစ္စပဲရှိပါစေ လွတ်လွတ်လပ်လပ်တောင်းဆိုပါ။"
"အင်း"
ဝမ်ချောင် ခေါင်းညိတ်လိုက်သည်။
"ငါပို့လိုက်တဲ့စာကို မင်း ရလိုက်လား။"
ဝမ်ကန်း ရုတ်တရက်မေးလိုက်သည်။
"အင်း"
ဝမ်ကန်း ဘာပြောဖို့ လုပ်နေသည်ကို သိသောကြောင့် ဝမ်ချောင်၏ နှလုံးသား တင်းကြပ်သွားခဲ့သည်။
"ချောင်အာ ငါ မင်းကို ဖုံးကွယ်မထားတော့ဘူး။ တကယ်တော့ မင်းကို တွေ့ချင်နေတာက ပထမမင်းသားပဲ။ သူက မင်းအကြောင်းအများကြီးသိတယ် ပြီးတော့ မင်းကို အတော်သဘောကျနေခဲ့တယ်။ ဒါကြောင့် သူက မင်းကို သု့ဘက်ကို ဆွဲခေါ်ဖို့ အားထားနေတယ်။"
ဝမ်ကန်းသည် လေးနက်သည့် အမူအရာဖြင့် ပြောလိုက်သည်။ ဝမ်ချောင် ခေါင်းမောလိုက်ပြီး မေးလိုက်သည်။
"ပထမမင်းသားက ကျွန်တော့်ကို ခေါ်ချင်နေတာလား။"
"အမှန်ပဲ"
ဝမ်ကန်း ခေါင်းညိတ်လိုက်သည်။ ဝမ်ချောင်သည် အလွန်ထက်မြက်ပြီး လိမ္မာပါးနပ်သူဖြစ်ပြီး သူ့ကို ဖုံးကွယ်ထားနိုင်သော အရာအနည်းငယ်သာရှိသည်။ ထို့ကြောင့် ဝမ်ကန်းသည် သူ့ကို တိုက်ရိုက်တောင်းဆိုရန် ရွေးချယ်လိုက်သည်။
"ချောင်အာ ဝိဉာဉ်သွေးကြောက မင်းအတွက်အရေးကြီးတာ ငါသိပါတယ် ဒါပေမယ့် ပထမမင်းသားက ထီးနန်းအတွက် အနာဂတ်မှာ ဆက်ခံမယ့်သူပဲ။ မဟာထန်တစ်ခုလုံးက အနာဂတ်မှာ သူ့လက်ထဲရောက်လာလိမ့်မယ်။ ပထမမင်းသားက မင်းကို တောင်းဆိုဖို့ ရှားရှားပါးပါး အခွင့်အရေးတစ်ခုမို့ မင်း ဒီကိစ္စကို ကောင်းကောင်းစဉ်းစားနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်။ မင်းရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ စွမ်းဆောင်နိုင်မှုတွေကြောင့် မင်းကို ပထမမင်းသားက လွန်လွန်ကဲကဲသဘောထားမှာ သေချာပါတယ်။"
"ဒါက မင်းနဲ့ ငါတို့ဝမ်ကလန်တစ်ခုလုံးအတွက် အကျိုးရှိလိမ့်မယ်။ ဒါကြောင့် မင်း ဒီကိစ္စကို သေချာစဉ်းစားနိုင်မယ်လို့ မျှော်လင့်ပါတယ်။"
ထိုစကားများကို ပြောပြီးနောက် ဝမ်ကန်းသည် ဝမ်ချောင်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေခဲ့ကာ သူ၏ ထက်မြက်သော တူလေး၏ တုံ့ပြန်မှုကို စောင့်နေသည်။
တစ်ဖက်တွင်မူ ဝမ်ချောင်သည် ထိုစကားများကို ကြားပြီးနောက် တိတ်ဆိတ်သွားခဲ့သည်။
ဝမ်ကန်းသည် သူ့ကို ဖိအားပေးရန် ကလန်၏ ကောင်းကျိုးပြဿနာကို ထုတ်ဖော်သည်မှာ ရှားပါးပေသည်။ သူသည် ဤအချိန်တွင် ထိုသို့လုပ်နေခဲ့သည့်အချက်ကြောင့် သူသည် ဤကိစ္စကို မည်မျှအလေးထားသည်ကို ဖော်ပြနေပေသည်။
သံသယရှိစရာမလိုအောင်ပင် ဦးကြီးသည် ဝမ်ချောင်က ပထမမင်းသားကို သစ္စာခံရန် ကတိပြုရာတွင် သူနှင့်ပူးပေါင်းမည်ဟု အမှန်တကယ်မျှော်လင့်နေပေသည်။
သို့သော်လည်း ဤသည်က သူ လုံးဝသဘောမတူရမည့် ကိစ္စတစ်ခုဖြစ်သည်ကို ဝမ်ချောင် သိပေသည်။
ဤသည်မှာ ဝမ်ချောင်သည် အနာဂတ်ဧကရာဇ်မှာ ပထမမင်းသားအစား ပဉ္စမမင်းသားဖြစ်လာလိမ့်မည်ဟူသော သမိုင်းကြောင်းကို သိနေသည့် အမှန်တရားကြောင့်သာမဟုတ်ပေ။
ပို၍အရေးကြီးသည်မှာ ဝမ်ချောင်သည် ပထမမင်းသား၏ အကျင့်စရိုက်ကို စိုးရိမ်နေသောကြောင့် ဖြစ်သည်။
သူ့ကိုယ်ကျင့်စရိုက်တွင် အားနည်းချက်ကြီးရှိနေပေသည်။ ထိုအရာကြောင့် လီဟန်နန်းတက်နိုင်ခဲ့ခြင်းဖြစ်သည်။
သူ၏ ထိုပင်ကိုယ်စရိုက်အားနည်းချက်သည် သူ့ကို နောင်တွင် လုံးဝအတင့်ရဲသည့် အရာတစ်ခုလုပ်ဆောင်ရန် တွန်းအားပေးခဲ့သည်။ ဦးကြီးနှင့် ဝမ်ကလန်တစ်ခုလုံးပင် ထိုကိစ္စထဲ၌ ပါဝင်ပတ်သက်မိခဲ့ကြသည်။ ထိုအဖြစ်အပျက်သည် သူ့အား ထီးနန်းလွဲချော်စေခဲ့သည်။
ဤသည်မှာ အခြေခံပြဿနာတစ်ခုဖြစ်သောကြောင့် ဝမ်ချောင်သည် ပထမမင်းသားကို ထိုဘေးဆိုးမှ ရှောင်လွှဲရန်ကူညီခဲ့လျှင်ပင် နောက်ထပ်ဤသို့သော အဖြစ်အပျက်မဖြစ်ပျက်မီ အချိန်တစ်ခုသာ လိုပေလိမ့်မည်။
ထို့အပြင် ပထမမင်းသားသည် စာနာတတ်သော အုပ်ချုပ်သူတစ်ယောက်လည်း ဖြစ်လိမ့်မည်မဟုတ်ပေ။ ဝမ်ချောင်သည် သူ့ကို ထီးနန်းရရန်ကူညီခဲ့လျှင်ပင် ၎င်းသည် မဟာထန်အတွက် ကောင်းချီးတစ်ခုဖြစ်လိမ့်မည်မဟုတ်ပေ။
ဝမ်ချောင်သည် ယခင်ဘဝတွင် ပထမမင်းသားနှင့် တစ်ကြိမ်တစ်ခါ ထိတွေ့ဆက်ဆံခဲ့ဖူးပြီး ထိုလူသည် သူ့ကို ဆန့်ကျင်သည့် မည်သူ့ကိုမဆို သည်းမခံတတ်သည့် ခေါင်းမာသည့် လူတစ်ယောက်ဖြစ်သည်ကို သူပြောနိုင်သည်။
ဤသည်မှာ ဝမ်ချောင်တွင် ပထမမင်းသားနှင့်စပ်လျဉ်း၍ သံသယများရှိနေရသည့် အကြောင်းအရင်းလည်းဖြစ်သည်။
နိုင်ငံရေးတွင် အမှားတစ်ခုသည် ဆိုးရွားသည့် ရလဒ်ကို ရစေနိုင်သည်။ ဝမ်ချောင်သည် အမှားတစ်ခုတည်းကြောင့် ဝမ်ကလန်တစ်ခုလုံးကို ချောက်နက်ကြီးထဲသို့ ပြန်ကျသွားမည်ကို မလိုချင်ခဲ့ပေ။
"ဦးကြီး ကျွန်တော် ခင်ဗျားရဲ့ တောင်းဆိုမှုကို မလိုက်လျောနိုင်မှာ စိုးရွံ့မိပါတယ်။"
ဝမ်ကန်း၏ မျှော်လင့်တကြီး အကြည့်ကို မျက်နှာချင်းဆိုင်ကာ ဝမ်ချောင်သည် ထိုစကားများကို ဖြည်းညင်းစွာ ပြောလိုက်သည်။ သို့သော် ဆုံးဖြတ်ချက် ခိုင်မာသည့် ပုံစံဖြင့်ဖြစ်သည်။ စကားလုံး နှစ်ဆယ့်တစ်လုံးသာဖြစ်သော်လည်း သူတို့တစ်လုံးချင်းစီသည် ဝမ်ချောင်၏ ဆုံးဖြတ်ချက်ကို ရှင်းလင်းစွာ ထင်ဟပ်ပြသနေသည့် သာလွန်သည့် ဖိအားကို သယ်ဆောင်ထားကြသည်။
"ဘာလို့လဲ"
ထိုစကားသည် ဝမ်ကန်း၏ နှုတ်မှ အလိုအလျောက်ထွက်လာခဲ့သည်။ ဝမ်ချောင်ကို ဖျောင်းဖျရန် လွယ်ကူလိမ့်မည်မဟုတ်သည်ကို သူသိသည်။ သို့သော် ဝမ်ချောင်သည် သူ့ကို ပြတ်ပြတ်သားသား ငြင်းဆန်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ပြန်လည်ဆွေးနွေးရန် အခွင့်အရေးတစ်ခုတလေမျှ ချန်မထားခဲ့ပေ။
"ချောင်အာ မင်းကို တောင်းဆိုတဲ့ ငါ့ရဲ့တောင်းဆိုချက်က နည်းနည်းလေး လွန်နေတာကို ငါနားလည်ပါတယ်။ ဒါပေမယ့်လည်း မင်းဒါကို နည်းနည်းထပ်ပြီးစဉ်းစားပေးနိုင်မယ်လို့ ငါတကယ်မျှော်လင့်တယ်။ နောက်ဆုံးမှာ ပထမမင်းသားက နောင်ဧကရာဇ်ဖြစ်လာမှာပဲလေ။"
ဝမ်ကန်း ပြောလိုက်သည်။
ဝမ်ချောင်ပြသခဲ့သော လိမ္မာပါးနပ်မှု၊ ဉာဏ်ပညာ နှင့် ဆုံးဖြတ်ချက်ပြတ်သားမှုတို့ကြောင့် ဝမ်ချောင်သည် ပထမမင်းသားလက်အောက်သို့ ဝင်ရောက်နိုင်ခဲ့ပါက ဝမ်ကလန်သည် အနာဂတ်တွင် ပို၍မြင့်မားသောအဆင့်သို့ ရောက်ရှိလာမည်ကို ဝမ်ကန်း သံသယမရှိခဲ့ပေ။ ဖြစ်နိုင်သည်မှာ သူ့ဖခင်၏ ခေတ်ထက်ပင် ကျော်လွန်သွားနိုင်သည်။
ဤနေရာတွင် ဝမ်ကန်းသည် ရှင်းရှီ၏ အမြင်နှင့် အတူတူပင်။
ဝမ်ကလန်ကို ပိုမိုမြင့်မားလာစေရန် သူ စိတ်အားထက်သန်စွာ မျှော်လင့်ထားခဲ့သည်။
မူရင်းဘာသာပြန်သူအမှာစာ-
မက်မန်းပွင့်၊ သစ်ခွ၊ ဂန္ဓမာနဲ့ ဝါးပင်...
သူတို့ကို တရုတ်သမိုင်းမှာ ဖလော်ရာရဲ့အမျိုးကောင်းသားလေးယောက်အဖြစ်သိကြတယ်။ သူတို့တစ်ခုချင်းစီမှာ ကိုယ်ပိုင်ထူးခြားမှုတွေရှိကြတယ်။
မက်မန်းပွင့်က အကောင်းဆုံးအရာတွေနဲ့ မြင့်မြတ်တဲ့ လူယောက်ျား။
သစ်ခွက ထင်ရှားပြီး လေးစားထိုက်တဲ့ ပုဂ္ဂိုလ်။
ဝါးပင်က သိုသိုသိပ်သိပ်(နှိမ်ချစွာ)နေတတ်တဲ့ လူကြီးလူကောင်း။
ဂန္ဓမာက လူသားအဆင့်ကို လွန်မြောက်သွားတဲ့ ရသေ့။
အပိုင်း ၃၁၈ ဖျောင်းဖြခြင်း
"ဦးကြီး ပထမမင်းသားက အနာဂတ်ဧကရာဇ်ဖြစ်လာမယ် လို့ ဦးကြီး တကယ်ပဲယုံကြည်လား။"
ဝမ်ချောင် ရုတ်တရက် မေးလိုက်သည်။
ထိုစကားများကို နားထောင်ကာ ဝမ်ကန်း၏ မျက်နှာပေါ်တွင် တုန်လှုပ်သည့် အမူအရာတစ်ခု ချက်ချင်းပေါ်လာခဲ့သည်။
"ချောင်အာ မင်း ဘာတွေပြောနေတာလဲ။ မင်း ဘာပြောနေတာလဲဆိုတာကိုရော သိရဲ့လား။"
ဝမ်ကန်းသည် ဝမ်ချောင်ကို ရင်းနှီးသည့် အသံဖြင့် အမြဲပြောခဲ့သည်။ သို့သော်လည်း ဝမ်ချောင်၏ စကားကို ကြားပြီးနောက် သူမျက်နှာသည် ချက်ချင်းတင်းမာခက်ထန်သွားခဲ့သည်။
"ဒီစကားတွေကို မင်း ဒီနေရာမှာ ပြောခဲ့တာ ကံကောင်းတာပဲ။ တခြားလူတွေက ဒီစကားတွေကိုကြားပြီး ငါတို့ရဲ့ရည်ရွယ်ချက်တွေကို နားလည်မှုလွဲသွားခဲ့ရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို မင်းနားလည်ရဲ့လား။"
အကယ်၍ ဝမ်ချောင်၏ စကားကို တခြားသူများက ကြားသိခဲ့ပြီး ပျံ့နှံ့သွားခဲ့ပါက ကြီးမားသည့် ဂယက်ရိုက်မှုကို ဖြစ်စေပေလိမ့်မည်။
"ဦးကြီး ကျွန်တော် ဘာလုပ်နေသလဲ ကျွန်တော်သိပါတယ်။"
သို့သော်လည်း မမျှော်လင့်စွာဖြင့် အခြေအနေနှင့် ပတ်သက်၍ ဝမ်ချောင် တည်ငြိမ်အေးဆေးနေခဲ့သည်။
သူသည် ဦးကြီးဝမ်ကန်းကို အမြဲလေးစားခဲ့သည်။ မကြာခဏဆိုသလို ထိုလူသည် သူ့စိတ်ထဲတွင် ဝမ်ကလန်၏ အကျိုး အမြဲရှိခဲ့ပြီး သူ့ လုပ်ရပ်များသည်လည်း ထိုသည်ကို ထင်ဟပ်ပြသနေခဲ့သည်။
သို့သော်လည်း ပထမမင်းသားနှင့် စပ်လျဉ်းသည့် ကိစ္စတွင် ဝမ်ချောင်သည် ဝမ်ကန်းကို လိုက်မလျောနိုင် သို့မဟုတ် လိုက်လျော၍ မဖြစ်ပေ။
"...ဦးကြီး ပထမမင်းသားက နန်းတက်ဖို့ ကျရှုံးခဲ့ရင် ကျွန်တော်တို့ ဝမ်ကလန်အပေါ်ဖြစ်လာမယ့် အကျိုးဆက်တွေကို ခင်ဗျားစဉ်းစားခဲ့ဖူးလား။"
ဝမ်ကန်းအတွက် ထိုစကားများသည် မိုးကြိုးတစ်စင်းနှင့်တူပြီး သူသည် တုန်လှုပ်စွာ ချက်ချင်း အေးခဲသွားခဲ့သည်။
ပထမမင်းသား နန်းတက်ရန် ကျရှုံးခဲ့ပါက ဘာတွေဖြစ်လာလိမ့်မည်နည်း။ ဝမ်ကန်းသည် ဤကဲ့သို့သော ဖြစ်နိုင်ချေကို အမှန်တကယ် မစဉ်းစားခဲ့ဖူးပေ။
"ချောင်အာ မင်းက ငယ်လွန်းသေးတယ်။ မင်းနားမလည်သေးတဲ့ အရာအချို့ရှိတယ်။ ရှေးအချိန်ကတည်းက ဖခင်ရဲ့ တာဝန်ကို ရယူတဲ့သူတွေဟာ အကြီးဆုံးသားတွေပဲ အမြဲဖြစ်ခဲ့တယ်။ ပထမမင်းသား အသက်ရှင်နေသရွေ့ ကျန်တဲ့မင်းသားတွေအတွက် မျှော်လင့်ချက်ရှိမှာ မဟုတ်ဘူး။ ဒါ့အပြင် မင်းက ပထမမင်းသားကို နားမလည်သေးဘူး။ အရှင်မင်းမြတ်က သူ့ကို အိမ်ရှေ့မင်းသားဖြစ် တင်မြှောက်ခြင်းမရှိသေးပေမယ့် သူတာဝန်ယူရတဲ့ အခန်းကဏ္ဍက အဲဒါနဲ့ သိပ်မခြားနားဘူး။ သူ့နေရာနဲ့ ပတ်သက်လို့ သံသယအနည်းငယ်လေးပဲရှိတယ်။"
"တော်ဝင်ရုံးတော်ကဖြစ်စေ ဒါမှမဟုတ် တော်ဝင်ရုံးတော်အပြင်ဘက်ကဖြစ်စေ လူတိုင်းဟာ ငါ့အတိုင်းပဲ ရှုမြင်ကြတယ်။"
ဝမ်ကန်း ခေါင်းခါလိုက်သည်။ အစပိုင်းတုန်လှုပ်နေပြီးနောက် သူသည် လျင်မြန်စွာ တည်ငြိမ်အေးဆေးသွားခဲ့သည်။ သူ့တူလေးသည် အလွန်တရာမှ ဉာဏ်ရည်ထက်မြက်လှသော်လည်း နိုင်ငံရေးတွင် အတွေ့အကြုံ ပြတ်လပ်နေဆဲဖြစ်သည်။
အမြဲဆိုသလို နိုင်ငံရေးသည် အခြေအနေများကို ဖတ်ရှုခြင်းသာဖြစ်ပြီး လုံလောက်သော အတွေ့အကြုံမရှိဘဲ ထိုသို့လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။
ပထမမင်းသားသည် ဧကရာဇ်အဖြစ် နန်းတက်ရန် မဖြစ်နိုင်ဟု ဝမ်ချောင် ပြောခဲ့သည်။ သို့သော် ဝမ်ကန်း၏ အမြင်တွင် ထိုသို့သော အခြေအနေသည် လုံးဝမဖြစ်နိုင်ပေ။
"ဦးကြီး"
ဝမ်ချောင် ခေါင်းယမ်းလိုက်သည်။
"ကျွန်တော် တခြားကိစ္စတွေမှာ ခင်ဗျားပြောတာကို နားထောင်ဖို့ ဆန္ဒရှိပါတယ် ဒါပေမယ့် ကျွန်တော့်ကိုခွင့်လွှတ်ပါ ဒီကိစ္စမှာတော့ ခင်ဗျားကို သဘောမတူနိုင်ပါဘူး။ ဖခင်ရဲ့ တာဝန်တွေကို ရယူတဲ့ သူတွေဟာ အကြီးဆုံးသားတွေပဲ အမြဲဖြစ်ခဲ့တယ် လို့ ဦးကြီးပြောခဲ့တယ် ဒီနေရာမှာ ကျွန်တော်လည်း လက်ခံပါတယ်။ ဒါပေမယ့်လည်း ပထမမင်းသားက တကယ်ပဲ ထူးချွန်ပြောင်မြောက်ရင် အရှင်မင်းကြီးက သူ့ကို လွန်လွန်ကဲကဲတွေးထားရင် အရှင်မင်းကြီးက သူ့ကို ဘာလို့ အိမ်ရှေ့စံအဖြစ် တရားဝင် တင်မြှောက်ခြင်းမပြုသေးတာလဲ။"
တော်ဝင်ရုံးတော်ရှိ ကိစ္စရပ်များသည် မြင်ရသကဲ့သို့ ဘယ်တော့မှမဟုတ်ခဲ့ပေ။ အကယ်၍ ဦးကြီးသည် ပထမမင်းသားကို ထောက်ပံ့ရုံမျှဖြင့် သူ့ကို ရွှေရောင်အနာဂတ်ကြီး စောင့်ကြိုနေမည်ဟု တွေးထင်နေခဲ့ပါက သူသည် ဤကိစ္စကို အလွန်ပေါ့ပေါ့တန်တန်သဘောထားနေခြင်းဖြစ်သည်။
မင်းသားများကြား တိုက်ပွဲတွင် 'ခွင့်ပြုသမျှ' အရာရာတိုင်းကို ယူဆောင်ခြင်းသည် အလွန်အန္တရာယ်များလှသည်။
"ဒါက..."
ဝမ်ကန်းသည် ဝမ်ချောင်၏ သံသယကို တုံ့ပြန်ရန် နှုတ်ခမ်းဖွင့်လိုက်သည်။ သို့သော် နောက်တစ်ခဏတွင် သူ အေးခဲသွားခဲ့သည်။
ပညာရှင်ဧကရာဇ်သည် ပထမမင်းသားအပေါ် သိသိသာသာ ယုံကြည်မှုရှိပြီး ထိုသည်ကို ဝမ်ကန်း သေချာပေသည်။ ဤသို့မဟုတ်လျှင်သည် သူသည် ပထမမင်းသားနှင့် မဟာမိတ်ဖွဲ့ရန် လုံးဝရွေးချယ်ခဲ့မည်မဟုတ်ပေ။
သို့တိုင် ဝမ်ချောင်၏ စကားကို ကြားပြီးနောက် သူသည် ထိုစကားကို လုံးဝ မငြင်းဆန်နိုင်သည်ကို တွေ့လိုက်ရသည်။ အကြောင်းမှာ ဝမ်ချောင်၏ စကားသည် ကျိုးကြောင်းဆီလျော်သောကြောင့်ဖြစ်သည်။
ပညာရှင်ဧကရာဇ်သည် ပထမမင်းသားကို အလွန်ချစ်မြတ်နိုးသည်။ သူသည် ပထမမင်းသားကို တော်ဝင်ရုံးတော်၏ ဆွေးနွေးမှုများတွင် ပါဝင်ခွင့်ပင် ပြုခဲ့သည်။ ထိုရှုထောင့်တွင် သူ၏ ပထမမင်းသားအပေါ် ဆက်ဆံပုံမှာ အိမ်ရှေ့စံတစ်ယောက်နှင့် ခြားနားခြင်းမရှိပေ။
သို့သော်လည်း ထူးဆန်းသည့်အရာမှာ ပညာရှင်ဧကရာဇ်သည် ယခုတိုင် ပထမမင်းသားကို အိမ်ရှေ့စံဘွဲ့ အပ်နှင်းခြင်းမပြုသေးခြင်းဖြစ်သည်။
ပထမမင်းသား ငယ်ရွယ်စဉ်အချိန်တွင် ၎င်းသည် ကိစ္စတစ်ခုဖြစ်သော်လည်း အချိန်များစွာကုန်ဆုံးသွားခဲ့ပြီး ဤဆွေးနွေးငြင်းခုံမှုသည် အရေးမပါတော့ပေ။ ဝမ်ကန်းပင်လျှင် တစ်ချိန်က ဤကိစ္စအပေါ် ပဟေဠိဖြစ်ခဲ့ဖူးပြီး သူသည် ထိုအကြောင်းကို အများကြီးစဉ်းစားမနေရန် ရွေးချယ်ခဲ့သည်။
"ချောင်အာ ပထမမင်းသားဟာ အရှင်မင်းမြတ်ရဲ့ အကြီးဆုံးသားတော်ပဲ။ အရှင်မင်းမြတ်က သူ့ကို အိမ်ရှေ့စံအဖြစ် တင်မြှောက်ဖို့ ရည်ရွယ်ချက်မရှိခဲ့ရင် သူ့ကို နိုင်ငံရေးထဲ ဝင်ပါဖို့ ခွင့်ပြုခဲ့မှာမဟုတ်ဘူး။ ဒါ့အပြင် အရှင်မင်းမြတ်က သူ့ကို အိမ်ရှေ့စံအဖြစ် တင်မြှောက်ခြင်းမရှိသေးတာက အနာဂတ်မှာ သူက အဲလိုမလုပ်ဘူး လို့ မဆိုလိုဘူး။"
ဝမ်ကန်း စောဒကတက်လိုက်သည်။
မြစ်တစ်စင်းကို အေးခဲစေရန် အေးစက်သည့် ည တစ်ညထက်ပို၍ အချိန်ယူရသည်။ ပထမမင်းသားနှင့် ဝမ်ကန်း၏ ဆက်ဆံရေးသည် အချိန်အကြာကြီးယူ၍ တည်ဆောက်ထားခဲ့သည်။
တစ်ဖက်လူ၏ အမြင်ကို စကားလုံးအနည်းငယ်ဖြင့် ပြောင်းလဲရန် ဝမ်ချောင်အတွက် မဖြစ်နိုင်ပေ။
"...ဒါ့အပြင် အရှင်မင်းမြတ်ဟာ ဉာဏ်ပညာရှိတဲ့ ဧကရာဇ်မင်းတစ်ပါးဖြစ်ပြီး အရင်မင်းတွေထက် သာလွန်တဲ့အောင်မြင်မှုတွေနဲ့ မဟာဘုရင်တစ်ပါးဖြစ်တယ်။ သူက သူသားတော်တွေ တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်နေတာကို ခွင့်ပြုလိမ့်မယ်လို့ ထင်လား။"
ဝမ်ကန်းသည် ပထမမင်းသားက ထီးနန်းကို အောင်အောင်မြင်မြင် သိမ်းပိုက်နိုင်လိမ့်မည်ဟု သူ အဘယ်ကြောင့် တွေးနေခဲ့သနည်းဟူသော သူ့ယုံကြည်မှုကို ထုတ်ဖော်ပြောဆိုလိုက်သည်။
လက်ရှိ ပညာရှင်ဧကရာဇ်သည် တော်ဝင်ရုံးတော်အတွင်းနှင့် အပြင်ဘက်နှစ်ခုစလုံး၌ သမိုင်းတွင် အကြီးမြတ်ဆုံးဘုရင်အဖြစ် ကျော်ကြားသည်။ သူ့လက်ထက်တွင် မဟာထန်သည် ကျဆင်းနေခြင်းမှ လွတ်မြောက်နိုင်ခဲ့ပြီး ဝန်းရံနေသော အန္တရာယ်များကို အောင်မြင်နိုင်ခဲ့သည်။ ဤသို့ဖြင့် မကြုံစဖူးသော သာယာဝပြောသည့် ခေတ်ကို ရရှိစေခဲ့သည်။
နယ်မြေအတိုင်းအတာဖြစ်စေ သို့မဟုတ် ချမ်းသာကြွယ်ဝမှုဖြစ်စေ ပြီးခဲ့သည့်ခေတ်တိုင်းထက် ကျော်လွန်သွားခဲ့သည်။ အင်အားခြောက်သိန်းကျော်ရှိသော သူ့လက်ရွေးစင်စစ်တပ်နှင့်အတူ မဟာထန်သည် ဝူရှန်းဖြစ်စေ၊ အရှေ့နှင့်အနောက် တာဂီကာဂနိတ်ဖြစ်စေ၊ ဂိုဂူလျောဖြစ်စေ သို့မဟုတ် မုန့်ရှီကျောက်ဖြစ်စေ အင်အားကြီးသောပတ်ပတ်လည်ရှိနိုင်ငံများကိုပင် နှိမ်နင်းနိုင်ခဲ့သည်။
ဝင့်ကြွားလှသည့် ဝူရှန်း၏ တိဗက်လူမျိုးများသည်ပင် သူတို့သည် မဟာထန်ကို နှစ်ပေါင်းများစွာ ဆန့်ကျင်ရပ်တည်နိုင်ခဲ့ခြင်းမှာ ဝူရှန်း၏ ပြိုင်ဘက်ကင်းသော မြေမျက်နှာသွင်ပြင်ကြောင့် ဟု ဝန်ခံထားခဲ့သည်။
စစ်သည်များ၏ ကုန်းပြင်မြင့်ပေါ်ရှိ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် မစွမ်းဆောင်နိုင်ခြင်းကြောင့်သာ ဝူရှန်းသည် လွတ်လွတ်လပ်လပ်နှင့် အကြောက်အရွံ့ကင်းကင်းနေနိုင်ခြင်းပင်။
လွန်ခဲ့သည့်နှစ်ပေါင်းများစွာအတွင်း လျင်မြန်စွာ ကြီးထွားလာခဲ့သည့် ထိုတိုင်းပြည်များသည် မဟာထန်ကို အလွန်ကြောက်လန့်နေကြဆဲပင်။
ဤအရာအားလုံးမှာ ပညာရှင်ဧကရာဇ်ကြောင့်ဖြစ်သည်။
သူ့သိုင်းပညာရပ်ဖြစ်စေ၊ အုပ်ချုပ်မှုဖြစ်စေ၊ ပြတ်သားမှုဖြစ်စေ၊ ရဲရင့်မှုဖြစ်စေ မည်သည့် ယခင်ဧကရာဇ်မှ လက်ရှိပညာရှင်ဧကရာဇ်ကို မယှဉ်နိုင်ပေ။
သံသယရှိစရာမလိုအောင်ပင် မဟာထန်သည် ယခုတွင် သူ့အထွတ်အထိပ်သို့ရောက်နေပေသည်။
အကယ်၍ ယခင်ဧကရာဇ်များကို လေးစားမှုဖြင့် သူ့ငြင်းဆိုမှုကြောင့်သာမဟုတ်ပါက ပညာရှင်ဧကရာဇ်ကို သမိုင်းပညာရှင်များက "သမိုင်းတွင် အကြီးမြတ်ဆုံးဧကရာဇ်" အဖြစ် တင်စားကြပေလိမ့်မည်။
အကြိမ်များစွာ ဝမ်ကန်းသည် ဤသို့သောခေတ်တွင် မွေးဖွားခဲ့ပြီး ဤသို့သောပညာရှိအုပ်ချုပ်သူတစ်ယောက်၏ လက်အောက်တွင် အမှုထမ်းခွင့်ရရှိခြင်းအတွက် အလွန်ဝမ်းမြောက်ခဲ့ပေသည်။
ထို့ကြောင့် ဆွေမျိုးအချင်းချင်း သတ်ဖြတ်ခြင်းသည် ထိုသို့သောဧကရာဇ်တစ်ပါး၏ မျက်စိအောက်တွင် ဖြစ်ပေါ်လာနိုင်သည်ဟု သူ ယုံရခက်နေပေသည်။
သူ့ဦးကြီး၏ လေးနက်ပြီး ယုံကြည်မှုရှိသည့် ပုံစံကိုကြည့်ကာ ဝမ်ချောင်၏ နှလုံးသား လေးလံသွားခဲ့သည်။
အဆုံးတွင် ဦးကြီးသည် သူ့ယခင်ဘဝတွင် လျှောက်လှမ်းခဲ့သည့်လမ်းကြောင်းကို လျှောက်လှမ်းနေဆဲပင်။ ပညာရှင်ဧကရာဇ်သည် အမှန်ပင် ပညာရှိပေသည်။ သို့သော် ၎င်းသည် သူလုပ်ချင်သည့်အရာနှင့် အနည်းငယ်သာသက်ဆိုင်ပေသည်။
ဆွေမျိုးအချင်းချင်း သတ်ဖြတ်သည့် ဖြစ်ရပ်ဆိုးကြီး ဖြစ်ပေါ်လာရုံသာမက ပိုဆိုးသည့်အရာများပါ ဖြစ်ပေါ်လာမည်ကို ဦးကြီး တွေးဆမိမည်မဟုတ်ပေ။
ထိုအချိန်က ဤကိစ္စနှင့် ပတ်သက်၍ လျှို့ဝှက်ချက်များစွာ ရှိခဲ့သည်။ အဖြစ်အပျက်ကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ခဲ့ရသည့်တိုင် ဝမ်ချောင်နားမလည်နိုင်သည့် သံသယများစွာ ရှိနေသေးသည်။
မည်သို့ဆိုစေကာမူ အကယ်၍ ဝမ်ချောင်တွင် သေချာသည့်အရာတစ်ခုရှိပါက ယခုအချိန်တွင် သူ့ဦးကြီးပြုလုပ်နေသည့် အရာသည် ဝမ်ကလန်တစ်ခုလုံးကို ကြောက်မက်ဖွယ်ချောက်နက်ကြီးထဲသို့ တဖြည်းဖြည်းဆွဲချနေခြင်းပင်။
အကယ်၍ သူသည် သူ့ဦးကြီးကို မရပ်တန့်နိုင်ခဲ့ပါက ဝမ်ကလန်သည် လက်ရှိတွင် မည်မျှအားကောင်းပါစေ လွင့်မျောနေသည့် တိမ်စိုင်များကဲ့သို့ သေချာပေါက် ပျောက်ကွယ်သွားပေလိမ့်မည်။ ထိုအချိန်က ကပ်ဘေးသည် နောက်တကြိမ် ထပ်ဖြစ်လာပေလိမ့်ဦးမည်။
ဦးကြီးသည် နဝေတိမ်တောင်ဖြစ်နေသေးသောကြောင့် ဝမ်ချောင်သည် သူ့အတွေးများ အလွန်လွဲမှားနေပြီး သူ့ယုံကြည်မှုမှာ နေရာလွဲနေကြောင်း သတိပေးရန် နည်းလမ်းရှာဖွေရပေမည်။
"ဦးကြီး မင်းသားတွေက အရှင်မင်းမြတ်ဟာ ပညာရှိအုပ်စိုးသူဖြစ်နေလို့ ထီးနန်းအတွက် တိုက်ခြင်းမပြုတော့ဘူးလို့ ထင်နေတာလား။ သမိုင်းထဲမှာ ပညာရှိအုပ်ချုပ်သူတွေ အများကြီးရှိခဲ့တယ် ဒါပေမယ့် သူတို့တစ်ယောက်မှ ဒီကံဆိုးမိုးမှောင်ကျမှုကနေ တိမ်းရှောင်နိုင်ခဲ့ခြင်းမရှိဘူး။"
"ဟန်လူမျိုးတို့ရဲ့ဝူဧကရာဇ်လွီချီဟာ အနောက်တိုင်းဒေသတွေနဲ့ ကျောက်ရှီကို သိမ်းပိုက်ခဲ့တယ်.. သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အလယ်ပိုင်းလွင်ပြင်ဒေသရဲ့ ဩဇာလွှမ်းမိုးမှုကို သူ့ရဲ့အနောက်နဲ့တောင်ပိုင်းနယ်နိမိတ်တွေကို ကျော်လွန်ပြီး ချဲ့ထွင်နိုင်ခဲ့တယ်။ သူဟာ သူ့ရဲ့အုပ်ချုပ်မှုနဲ့ စစ်ရေးဆိုင်ရာ ကျွမ်းကျင်လိမ္မာမှုမှာ သူ့ရဲ့အောင်မြင်မှုတွေအတွက် အသိအမှတ်ပြုခံခဲ့ရတယ်။ ဒါပေမယ့် ရှမန်နစ်ဂူရဲ့ ဘေးဆိုးမှာ သူရဲ့ဆက်ခံသူ အိမ်ရှေ့မင်းသားရီဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခြင်းနဲ့ အဆုံးသတ်သွားခဲ့တယ် မင်းသမီးကျူရီ နဲ့ မင်းသမီးယန်ရှီ တို့ဟာ ကိုယ့်ကိုယ်ကို ကြိုးဆွဲချသတ်သေဖို့ ဖိအားပေးခံခဲ့ရတယ်။ ဒီကိစ္စမှာ လူပေါင်းသောင်းနဲ့ချီ ဒဏ်ရာအနာတရ ဒါမှမဟုတ် သေဆုံးခဲ့ရပြီး ဂုဏ်သိက္ခာရှိတဲ့ ကလန်အများအပြားဟာလည်း အဲဒီဘေးဆိုးမှာ ပျောက်ကွယ်သွားခဲ့ကြတယ်။"
"ဝန်ကြီးချုပ်ကောင်းစွန်းဟီဟာ အဲဒီခေတ်မှာ နိုင်ငံရေးကို လွှမ်းမိုးခဲ့ပြီး သူဟာလည်း တော်ဝင်သွေးမျိုးဆက်ကို ပိုင်ဆိုင်ကြောင်း ကျော်ကြားခဲ့တယ်။ ကောင်းစွန်းကလန်ဟာလည်း စစ်ဖက်ပြိုင်ကာလကို ပြန်လည်ခြေရာခံနိုင်တဲ့ အမွေအနှစ်တွေပိုင်ဆိုင်ထားတဲ့ အင်အားကြီးမိသားစုတစ်ခုအဖြစ်လူသိများခဲ့တယ်။ အဲတုန်းက လူအများဟာ သူ့ကို မဟာဟန်ရဲ့ နံပါတ်တစ် ကလန်လို့ ခေါ်ဆိုခဲ့ကြတယ်။ အဆင့်အတန်းနဲ့ ဩဇာလွှမ်းမိုးမှုမှာ ကျွန်တော်တို့ရဲ့ အဖိုးကတောင် သူတို့ကို ယှဉ်နိုင်ဖို့ ခက်ခဲလိမ့်မယ်။ ဒါပေမယ့် ဖြစ်ရပ်တစ်ခုတည်းကြောင့် သူတို့ရဲ့ကလန်တစ်ခုလုံးဟာ လုံးဝအမြစ်ပြတ်သုတ်သင်ခံရခြင်းနဲ့ အဆုံးသတ်ခဲ့ရတယ် သူတို့ရဲ့ ဒဏ္ဍာရီဟာ သမိုင်းထဲကနေ ပျောက်ကွယ်သွားခဲ့ရတယ်။"
"အားကောင်းတဲ့ ကောင်းစွန်းကလန်ကတောင် အဲလိုအလွယ်တကူ ဖျက်ဆီးခံရနိုင်တယ် ဆိုတဲ့ အချက်အရ ကျွန်တော်တို့ရဲ့ ဝမ်ကလန်ဟာ ကွဲပြားမှုရှိလိမ့်မယ် လို့ ဦးကြီးထင်နေတာလား။"
ဝမ်ချောင် လေးနက်စွာပြောလိုက်သည်။ အာဏာနှင့် ဩဇာအတွက် ယှဉ်ပြိုင်မှုသည် အမြဲတမ်း သွေးးများဖြင့် စွန်းထင်းနေပေလိမ့်မည်။
မင်းသားနှင့် မင်းသမီးများပင်လျှင် ဧရာမကျားခုံကြီးပေါ်တွင် သေးငယ်သည့် အစိတ်အပိုင်းမျှသာ ဖြစ်ကြသည်။ သူတို့ကဲ့သို့ ဂုဏ်သရေရှိ ကလန်များဆိုလျှင် ပြောစရာပင် မလိုချေ။
မြို့စားကြီးကျူးရှိနေခြင်းကြောင့် ဝမ်ကလန်သည် သာလွန်သည့် အဆင့်အတန်းကို ပိုင်ဆိုင်ထားခဲ့သော်လည်း ၎င်းသည် အတိတ်က ကောင်းစွန်းကလန်ကဲ့သို့သော အားကောင်းသည့် ကလန်များနှင့် နှိုင်းယှဉ်ရန် မဖြစ်နိုင်သေးပေ။
ဦးကြီးသည် ပညာရှင်ဧကရာဇ်က ဤသို့သော ဘေးဆိုးကို လုံးဝဖြစ်ခွင့်ပေးလိမ့်မည်မဟုတ် ဟု တွေးထင်နေခဲ့သည်။ သို့သော် အမှန်တရားသည် သူ့အတွေးများနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ဧကရာဇ်သည် ကြီးမြတ်လေလေ သူ့ကိုဖြတ်ကျော်ချိန်၌ တစ်ယောက်သည် သေးငယ်သည့် အစိတ်အပိုင်းများအဖြစ် ဖျက်ဆီးခံရနိုင်ချေ ပိုများလေပင်။
"ပထမဆုံးဧကရာဇ်(ချင်ရှီဟွမ်)ရဲ့ ခေတ်မှာ အိမ်ရှေ့စံမင်းသားဖုစု ဟာ အကြီးဆုံးသားဖြစ်တယ် သူဟာ သနားညှာတာတတ်သူ၊ ပိုင်းခြားသိမြင်တတ်သူ၊ ထိုးထွင်းသိမြင်တတ်သူဖြစ်ပြီး ထီးနန်းအတွက် သေချာသူအဖြစ် လူသိများတယ်။ သူ့ဘဝတစ်လျှောက်လုံးမှာ အမှားအယွင်းမရှိခဲ့ဘဲ သူ့ရဲ့အပြုအမူဟာ စံပြဖြစ်ခဲ့တယ်။"
"ဒါပေမယ့်လည်း ပထမဆုံးဧကရာဇ် နတ်ရွာစံသွားခဲ့ခြင်းနဲ့အတူ အိမ်ရှေ့စံမင်းသားဖုစုဟာ ကိုယ့်ကိုယ်ကို သတ်သေဖို့ ဖိအားပေးခံခဲ့ရတယ် ပြီးတော့ အကြီးမားဆုံး စစ်ဖက်ဆိုင်ရာ အင်အားကို ပိုင်ဆိုင်ထားတယ် လို့ ကျော်ကြားတဲ့ အားကောင်းတဲ့ မန်ကလန်ဟာ လုံးဝဖျက်ဆီးခံလိုက်ရတယ်။"
"ယောင်က ရွှမ်ကို ထီးနန်းစွန့်ပြီး ရွှမ်က ယုကို ထီးနန်းစွန့်ခဲ့ကာ ယုက မင်းသားရီထံ ထီးနန်းစွန့်ခဲ့တယ်။ ဒါက ရှေးအချိန်တွေမှာ တွေ့နေကျ ထီးနန်းစွန့်ခြင်းရဲ့ ရိုးရာဓလေ့တစ်ခုဖြစ်တယ်။ ဒါပေမယ့်လည်း မင်းသားရီဟာ ယုရဲ့သားတော် သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ယုရဲ့လက်အောက်မှာရှိတဲ့ သြဇာကြီးအရာရှိနှစ်ဦး ကျောက်နဲ့ မန်တို့ဟာလည်း အဲဒီကိစ္စရဲ့ရလဒ်အဖြစ် ကွပ်မျက်ခံခဲ့ရတယ်။"
"ဦးကြီး ဟန်လူမျိုးတို့ရဲ့ ဧကရာဇ်ဝူ၊ ချင်ရှီဟွမ်၊ မဟာယု သူတို့အားလုံးဟာ အလယ်ပိုင်းလွင်ပြင်ဒေသရဲ့ မဟာဧကရာဇ်တွေဖြစ်ကြတယ်။ အိမ်ရှေ့စံမင်းသားရီ၊ အိမ်ရှေ့စံမင်းသား ဖုစု နဲ့ မင်းသားရီ(Count Yi မဟာယုရဲ့ဆက်ခံသူ) သူတို့ထဲက ဘယ်သူကများ ဖြောင့်မှန်ပြီး ထီးနန်းအတွက် မသေချာတဲ့သူ ဘယ်သူရှိခဲ့လို့လဲ။"
"ကောင်းစွန်းဟီ၊ ကောင်းစွန်းကျင်း၊ မန်ထျန်၊ မန်ရီ၊ ကျောက်၊ မန်... သူတို့ထဲက ဘယ်သူကများ သူတို့ခေတ်မှာ ကြီးမားတဲ့အာဏာကို မကိုင်စွဲထားနိုင်ခဲ့အရာရှိ ဘယ်သူရှိခဲ့လို့လဲ။ ဒါပေမယ့် အိမ်ရှေ့စံမင်းသားကို ရာထူးကဖယ်ရှားခြင်းဟာ ဟန်ဧကရာဇ်ဝူ၊ ချင်ရှီဟွမ်နဲ့ မဟာယုတို့လို့ အမျှော်အမြင်ရှိတဲ့ ဧကရာဇ်တွေရဲ့ခေတ်မှာ ဖြစ်လိမ့်မယ်လို့ ဘယ်သူက တွေးထားမိမှာလဲ။"
"တစ်ခုခုက သေချာပေါက်ဖြစ်လာလိမ့်မယ် လို့ ကျွန်တော် ပြောနေတာမဟုတ်ဘူး ဒါပေမယ့် သမိုင်းတွေကတောင် အဲလိုဖြစ်ရပ်တွေနဲ့ ပြည့်နှက်နေခဲ့တာကြောင့် ဒီခေတ်မှာ တူညီတဲ့ဖြစ်ရပ်ကလည်း ဖြစ်မလာနိုင်ဘူး လို့ ဦးကြီး ပြောနိုင်သလား။"
ဝမ်ချောင် လေးနက်တည်ကြည်စွာ ပြောလိုက်သည်။ သူသည် ဝေ့ဝိုက်၍ ပြောခဲ့ပြီးဖြစ်သည်။ ကံကြမ္မာကျောက်စာ၏ ကန့်သတ်ချက်များအောက်တွင် သူသည် အနာဂတ်ကိစ္စများကို အများကြီး ထုတ်ဖော်နိုင်ခြင်းမရှိပေ။ ဤသည်က လက်ရှိတွင် သူလုပ်နိုင်သည့် အကောင်းဆုံးအရာဖြစ်သည်။
ဦးကြီး မည်သို့ပင် တွေးနေပါစေ ဝမ်ချောင်သည် သူ့ဆီသို့ အတွေးတချို့ ထည့်သွင်းရပေမည်။ အနည်းဆုံး ဤလောကတွင် ဘယ်အရာမျှ ပုံသေမရှိသည်ကို တစ်ဖက်လူနားလည်အောင် သူ ပြုလုပ်ရပေမည်။
ရှမန်နစ်ဂူ- သူက အောက်လမ်းလို အရာပါ။
ဒါက သမိုင်းမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့အရာပါ။ ကျွန်တော် အကျဉ်းချုပ်ရှင်းပြမယ်နော။ ဟန်ဧကရာဇ်ဝူဟာ သက်တော် ၆၆ နှစ်ရှိပြီဖြစ်ပြီး နာမကျန်းဖြစ်နေတယ်ပေါ့။ အဲဒီမှာ အိမ်ရှေ့စံရီနဲ့ ပြဿနာတက်ထားတဲ့ ကျင်းချောင်ဆိုတဲ့ အရာရှိဟာ အိမ်ရှေ့စံနန်းတက်ပြီးနောက်မှာ သူ့ကို သတ်ဖြတ်မှာကို ကြောက်တာကြောင့် စုဝမ်နဲ့ တခြားလူအနည်းငယ်နဲ့ပူးပေါင်းပြီး လျှို့ဝှက်ကြံစည်ခဲ့ကြတယ်။ ဧကရာဇ် နာမကျန်းဖြစ်နေတာက ဂူ(အောက်လမ်း) ပညာရပ်ကြောင့်ဖြစ်တယ် လို့ ဧကရာဇ်ကို သိမ်းသွင်းစည်းရုံးခဲ့ကြတယ်။ ဧကရာဇ်ဝူကလည်း ချက်ချင်း အဲဒီကိစ္စကို စစ်ဆေးဖို့ ကျင်းချောင်ကို တာဝန်ပေးခဲ့တယ်။ ကျင်းချောင်ဟာ နေရာတိုင်းကို လိုက်ရှာခဲ့ပြီး နောက်ဆုံးမှာ သူတို့ကြိုတင်ကြံစည်ထားခဲ့ကြတဲ့ ဝူဒိုအရုပ်နဲ့ ဧကရာဇ်ကို ကျိန်စာတိုက်ထားတဲ့ အရာအချို့ကို အိမ်ရှေ့စံရဲ့အိမ်တော်မှာ ရှာတွေ့ခဲ့တယ်ပေါ့။ ပြီးတော့ ဧကရာဇ်ကို တင်ပြခဲ့တယ်ပေါ့။ သူ့ကို ကွပ်မျက်ဖို့လည်းပြောခဲ့တယ်။ ထောင်ချောက်ဆင်ခံရတာကြောင့် အိမ်ရှေ့စံနဲ့ သူ့ဘက်တော်သားတွေဟာ ဧကရာဇ်ကို တွေ့ဆုံပြီး ရှင်းပြဖို့ ကြိုးစားခဲ့ကြပေမယ့် ကျင်းချောင်က သူတို့ကို ဟန့်တားထားခဲ့တယ်။ နောက်ဆုံးမှာ အိမ်ရှေ့စံရဲ့ဆရာသခင်ဟာ အိမ်ရှေ့စံကို အဲဒီအကျင့်ပျက်နေခဲ့ အရာရှိတွေကို သုတ်သင်ပစ်ဖို့ သိမ်းသွင်းစည်းရုံးခဲ့တယ်။ အိမ်ရှေ့စံကလည်း စစ်တပ်ကိုဦးဆောင်ပြီး ကျင်းချောင်နဲ့ သူ့အပေါင်းအပါကို သတ်ဖြတ်ခဲ့ကြတယ်။ ဒါပေမယ့် သူတို့ထဲက စုဝမ်ဟာ လွန်မြောက်သွားပြီး ဧကရာဇ်ကို အိမ်ရှေ့စံက ပုန်ကန်ဖို့ ကြံစည်နေတယ် လို့ တင်ပြခဲ့တယ်။
ဧကရာဇ်ကလည်း သူ့သားရဲ့ အပြုအမူကြောင့် တုန်လှုပ်သွားပြီး စစ်တပ်ကို စေလွှတ်ကာ အိမ်ရှေ့စံကို နှိမ်နှင်းစေလိုက်တယ်။ အင်အားမမျှတာကြောင့် အိမ်ရှေ့စံရီဟာ နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တယ်။
တော်ဝင်ရုံးတော်မှာ လူတိုင်းဟာ ဧကရာဇ်ရဲ့ အမျက်တော်ရှမှာကို ကြောက်တာကြောင့် ဒီကိစ္စကို မတင်ပြရဲခဲ့ကြဘူး။ ဒါပေမယ့် တရာခံတွေကို ဘာမှ မထိခိုက်ဘဲ လွတ်မြောက်သွားမှာကို မကြည့်ရက်တာကြောင့် ဟူကွမ်ရဲ့ တတိယအကြီးအကဲ လင်းဟူ လို့အမည်ရတဲ့ အရာရှိတစ်ဦးဟာ ဧကရာဇ်ဆီကို အိမ်ရှေ့စံဟာ ပုန်ကန်တာမဟုတ်ကြောင်း စာတစ်စောင်ရေးသားပေးပို့ခဲ့တယ်။ စာကိုဖတ်ပြီးနောက်မှာ ဧကရာဇ်ကလည်း ကိစ္စက သံသဖြစ်ဖို့ကောင်းတာကို တွေ့ရှိလိုက်ပြီး ဒီကိစ္စကို စုံစမ်းခိုင်းတော့တယ်။ နောက်ဆုံးမှာ သူ့သားဟာ ချောက်ချခံရတာကို သူနားလည်သွားခဲ့ပြီး သူ့ကို လှည့်စားခဲ့သူတွေအားလုံးကို သတ်ဖြတ်ပစ်လိုက်တော့တယ်။ ဒါပေမယ့် ဒါက အရမ်းနောက်ကျသွားခဲ့ပြီပေါ့။
ဟိုမင်းသမီးနှစ်ပါးကလည်း ဒီ ဂူ ကိစ္စကြောင့် သေဆုံးသွားခဲ့ရတယ်ပေါ့။ ရေးရမှာပျင်းလို့ မရှင်းပြတော့ဘူး။ သူကတော့ အရှည်ကြီး ရှင်းပြထားတယ်။
အပိုင်း ၃၁၉ လေအသစ်
ဝမ်ချောင်သည် ဟန်ဧကရာဇ်ဝူနှင့် ကောင်းစွန်းကလန်၏ ကိစ္စကို ထုတ်ဖော်လိုက်သောအခါ ဝမ်ကန်းတိတ်ဆိတ်သွားခဲ့သည်။ ဟန်ဧကရာဇ်ဝူ ခေတ်ကာလအတွင်း ကောင်းစွန်းကလန်နှင့် ချင်ရှီဟွမ်ခေတ်ကာလအတွင်း မန်ကလန်...။ ဤအရာများသည် နိုင်ငံရေးတွင် အသက်မွေးဝမ်းကြောင်းပြုသည့်အချိန်မှစ၍ အရာရှိများအားလုံး လေ့လာရမည့် ဖြစ်ရပ်မှန်လေ့လာမှုများဖြစ်ကြသည်။
ဝမ်ချောင်သည် ထိုကိစ္စကို ပေါ့ပေါ့ပါးပါးထုတ်ပြောခဲ့သည်။
ကောင်စွန်းကလန်နှင့် မန်ကလန်တို့သည် သူတို့အထွတ်အထိပ်၌ရှိစဉ်အခါ၌ သူတို့၏ အင်အားသည် ဝမ်ကလန်နှိုင်းယှဉ်ရန် မမျှော်လင့်နိုင်သည့်အရာဖြစ်သည်။ ထို့အပြင် ကောင်းစွန်းဟီ၊ မန်ထျန်း၊မန်ရီနှင့် အခြားသူများ... ဝမ်ကန်းသည် နိုင်ငံရေးကို လှုပ်ရမ်းစေနိုင်သည့် ဩဇာအာဏာရှိသည့် တော်ဝင်ရုံးတော်၏ အရေးကြီးအရာရှိတစ်ဦးဖြစ်နေနိုင်သည်။ သို့သော် သူနှင့် သမိုင်း၏ ထိုထိတ်ထိတ်ကြဲပုဂ္ဂိုလ်များအကြား ကြီးမားသည့် ကွာဟချက် ရှိနေဆဲပင်။
"ချောင်အာ မင်း ဘာပြောဖို့ ကြိုးစားနေတာလဲ။"
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ဝမ်ကန်းစကားပြောလိုက်သည်။ သူ့အသံသည် လေးနက်လာခဲ့ပြီး သူ့စိတ်သဘောထားသည့်လည်း ယခင်ကထက် လေးနက်လာခဲ့သည်။ ဝမ်ချောင်၏ စကားသည် သူ့ကို အရာများစွာ တွေးတောစေနိုင်ခဲ့ပုံရသည်။
ပညာရှင်ဧကရာဇ်သည် ထီးနန်းမှ ပထမမင်းသားကို ပယ်ဖျက်လိမ့်မည်ဟု ဝမ်ကန်း မထင်ခဲ့သေးသော်လည်း သူ့အသံသည် ယခင်ကဲ့သို့ မသေချာတော့ပေ။
"ပထမမင်းသားက ဘုရင်မရဲ့ အကြီးဆုံးသားတော်ဖြစ်တယ် ရှေးအချိန်ကတည်းက အဓိကမိသားစုရဲ့ အကြီးဆုံးသားကို ထောက်ပံ့တာက အရာရှိတွေအတွက် ဓလေ့တစ်ခုဖြစ်တယ်။ တခြားမင်းသားတွေနဲ့ယှဉ်ရင် ပထမမင်းသားက ထီးနန်းကို ဆက်ခံရဖို့ အရည်အချင်းအပြည့်မီဆုံးဆိုတာ ထင်ရှားတယ် သူကလည်း ဒီလိုလုပ်ဆောင်ဖို့ အလားအလာအရှိဆုံးလူပါ။ ချောင်အာ ထီးနန်းဆက်ခံရမယ့် အခွင့်အရေးက ပြောင်းလဲသွားနိုင်တာကြောင့် ပထမမင်းသားအပေါ် ငါတို့ရဲ့ သဘောထားကို ပြောင်းလဲဖို့ ငါတို့ဝမ်ကလန်ကို မင်းရည်ရွယ်ထားသလား။"
ဝမ်ကန်း လေးနက်စွာ မေးလိုက်သည်။
ထိုစကားကို ပြောထွက်ရန် သူ့အတွက် မလွယ်ကူခဲ့ပေ။ ပထမတွင် သူသည် ပထမမင်းသားအဖွဲ့သို့ ဝင်ရောက်ရန် ဝမ်ချောင်ကို နားချရန် ခေါ်ခဲ့သည်။
"ပထမမင်းသားနဲ့ ဆက်ဆံရေးကို အဆက်ဖြတ်ဖို့ ကျွန်တော် ပြောချင်တာမဟုတ်ပါဘူး။"
ဝမ်ချောင် ပြန်ဖြေလိုက်သည်။
"ဝေ့ကျင်နန်းယန်ရဲ့ ဖြစ်ရပ်ဟောင်းကို ဦးကြီး မှတ်မိသေးလား။"
ဝမျးးးး
ဝမ်ချောင်၏ စကားကို ကြားလိုက်ရသောအခါ ဝမ်ကန်းသည် တုန်လှုပ်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်သည် အနည်းငယ်မတ်သွားခဲ့သည်။ ဝမ်ချောင်၏ စကားသည် သူ့ကို လှုပ်ရှားသွားစေပုံရသည်။
ဝမ်ကလန်တွင် ဝမ်ယန်နှင့် သူ့သားသည် စစ်တပ်သို့ ဝင်ရောက်ခဲ့ကြပြီး ဝမ်ကန်းသည်တော့ စာပေပညာရပ်ဖက်သို့ လျှောက်လှမ်းခဲ့သည်။ တိုင်းပြည်တစ်ပြည်၏ အုပ်ချုပ်မှုကို လမ်းညွှန်ရန် သမိုင်းဆိုင်ရာ ကိစ္စရပ်များကို လေ့လာကိုးကားခြင်းသည် ပညာရှင်တစ်ဦး၏ တာဝန်ဖြစ်သည်။
ပင်ကိုအားဖြင့် ဝေ့ကျင်နန်းယန်၏ ဖြစ်ရပ်ဟောင်းသည် ဘာကိုဆိုလိုသည်ကို ဝမ်ကန်း သိရှိပြီး ဝမ်ချောင်၏ ရည်ရွယ်ချက်များကိုလည်း သိပေသည်။
ဝမ်ချောင်ကို လေးနက်စွာ စိုက်ကြည်ကာ ဝမ်ကန်းမေးလိုက်သည်။
"မင်းဆိုလိုတာက နန်းယန်ရဲ့ ကျူးကော်ကလန်ကို အတုယူချင်နေတယ်လို့လား..."
"အင်း"
ဝမ်ချောင် ခေါင်းညိတ်လိုက်သည်။
ဤကမ္ဘာ၏သမိုင်းကြောင်းသည် ဝမ်ချောင်သိခဲ့သည့်တစ်ခုနှင့် အတူတူပင်ဖြစ်ပြီး ဘုရင့်နိုင်ငံသုံးခု၊ ဝေ့နှင့် ကျင်တို့နှင့် စပ်လျဉ်းသော ကိစ္စသည်လည်း အတူတူပင်ဖြစ်သည်။ သို့သော်လည်း ဤခေတ်တွင် ထိုဖြစ်ရပ်များသည် ထင်ရှားကျော်ကြားခြင်း မရှိခဲ့သေးပေ။
မည်သို့ပင်ဆိုစေကာမူ ကျူးကော်ကလန်သည် သုံးပိုင်း ပိုင်းလိုက်ပြီး မတူညီသော အင်အားစုသုံးခုကို သစ္စာခံရန် ကတိပြုခဲ့သည်။ ဤသို့ဖြင့် သူတို့၏ကလန်သည် ပရမ်းပတာခေတ်တွင် ရှင်သန်ခွင့်ရခဲ့သည်။
ထိုသည်မှာ အင်အားကြီးမားသော ကလန်များ သူတို့ ရှင်သန်မှုသေချာစေရန်အတွက် အသုံးပြုခဲ့သော နည်းဗျူဟာဖြစ်သည်။
"ငါနားလည်ပြီ။"
နောက်ဆုံးတွင် ဝမ်ကန်းသက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
"ဒါပေမယ့်ချောင်အာ နန်းယန်ကျူးကော်ကလန်ရဲ့ လုပ်ဆောင်မှုတွေက အမှန်တကယ် ဘာကိုဆိုလိုသလဲဆိုတာကို မင်း တကယ်ရော နားလည်သလား။"
"အင်း"
ဝမ်ချောင် ခေါင်းညိတ်လိုက်သည်။
"ကျွန်တော်တို့ ဘာမှလုပ်ဆောင်ရမဲ့အဆင့်ကိုမရောက်သေးပေမယ့် ဘာမှအလျင်စလိုမလုပ်သင့်သေးဘူးလို့ ကျွန်တော်ခံစားရတယ်။ ဖြစ်နိုင်တာက နောက်ဆုံးမှာ ကျွန်တော်တို့ဝမ်ကလန်တစ်ခုလုံးဟာ ပထမမင်းသားနဲ့ ပူးပေါင်းရမှာဖြစ်နိုင်တယ် ဒါပေမယ့် လောလောဆယ်တော့ ကျွန်တော်တို့ ဘက်ရွေးရမယ်လို့ မထင်သေးဘူး။"
ထိုစကားများသည် ဖြည်းညင်းရှင်းလင်းစွာ ပြောလိုက်ခြင်းပင်။
"ချောင်အာ ငါ မင်းရဲ့ ရည်ရွယ်ချက်ကို နားလည်ပြီ။"
ဝမ်ကန်း နောက်တစ်ကြိမ်သက်ပြင်းချလိုက်သည်။ သူ့ အစပိုင်း ပန်းတိုင်သည် အောင်မြင်ရန် မဖြစ်နိုင်တော့သည်ကို ဝမ်ကန်းသိလိုက်သည်။ သူသည် အနည်းငယ်စိတ်ပျက်သွားသော်လည်း ဝမ်ချောင်၏ စကားသည် အဓိပ္ပာယ်ရှိပေသည်။
သူတို့၏ အမြင်များသည် ကွဲပြားနိုင်သော်လည်း သူတို့နှစ်ဦးစလုံးသည် ကလန်၏ အကျိုးအမြတ်အတွက် လုပ်ဆောင်နေကြခြင်းဖြစ်သည်။
ဤရည်ရွယ်ချက်အတွက် ဝမ်ကန်းသည် ဝမ်ချောင်ကို ပထမမင်းသားနှင့် ပူးပေါင်းစေချင်ခြင်းဖြစ်သည်။ ဝမ်ချောင်၏ ငြင်းဆန်မှုသည်လည်း ထိုရည်ရွယ်ချက်အတွက်ပင် ဖြစ်သည်။
နောက်ထပ်အမြင်တစ်ခုမှ ဝမ်ကန်းသည် ဝမ်ချောင်၏ တုံ့ပြန်မှုကြောင့် ဝမ်းပင်ဝမ်းသာပေသေးသည်။ အနည်းဆုံး ဤသည်က ဝမ်ချောင်သည် ကလန်၏ အနာဂတ်ကို ဂရုစိုက်ကြောင်း ပြသခဲ့ပေသည်။
"မင်းက ကြီးပြင်းလာခဲ့ပြီပဲ။ ငါ မင်းအတွက် ဝမ်းသာတယ်ကွာ။"
ဝမ်ကန်းသည် ရင်ထဲတွင် ရှုပ်ထွေးသည့် ခံစားချက်များဖြင့် ပြောလိုက်သည်။
"မင်းပြောတဲ့အတိုင်းလုပ်ကြတာပေါ့။ ပထမမင်းသားကို ဘယ်လိုကိုင်တွယ်ရမလဲ ငါသိပါတယ်။"
ဝမ်ကန်းသည် အသက်ငါးဆယ်ရှိပြီဖြစ်ပြီး ဝမ်ယန်သည်လည်း မငယ်တော့ပေ။ ဝမ်ကလန်၏ ဒုတိယမျိုးဆက်သည် ဒီထက်ပို၍ မြင့်မားလာရန် အလားအလာမရှိတော့ပေ။
ဝမ်ကလန်သည် ဝမ်ချောင်၊ ဝမ်လီ၊ ဝမ်ဘိုင်၊ ဝမ်ဖုနှင့် အခြားသူများပါဝင်သော နောက်မျိုးဆက်များ၏ ပုခုံးပေါ်သို့ လွဲပြောင်းရပေတော့မည်။ ဤသည်မှာ သူတို့အတွက် ရင့်ကျက်ရမည့်အချိန်ဖြစ်ပြီး တာဝန်များ ယူဆောင်ရမည့် အချိန်ဖြစ်သည်။
ယခုအချိန်တွင် ဝမ်ချောင်၏ ဆုံးဖြတ်ချက်သည် မှန်သည်လော မှားသည်လော ပြောရန် စောနေသေး၏။ သူတို့သည် အရေးကြီးသည့် အခွင့်အရေးကို လွဲချော်ခဲ့သည့်အတွက် အနာဂတ်တွင် နောင်တရမည်မှာ ဖြစ်နိုင်သည်။ သို့သော် သို့ဆိုလျှင်ပင် ဝမ်ကန်းသည် ဝမ်ချောင်၏ ဆုံးဖြတ်ချက်ကို ထောက်ခံရန် ဆန္ဒရှိပေသည်။
ဤသည်မှာ ဝမ်ကလန်၏ နောက်မျိုးဆက်များ ကြီးပြင်းလာစေရန်အတွက် စွန့်စားမှုဖြစ်သည်။
ဝမ်ချောင်သည် အစပိုင်းတွင် လေးလံသည့်စိတ်ဖြင့် ရောက်လာခဲ့သည်။ သို့သော် သူ ပြန်ထွက်ခွာချိန်တွင် သူသည် ဝမ်ကန်းကို လေးစားမှုဖြင့် ပြည့်နှက်နေခဲ့သည်။
သူ့ငြင်းပယ်မှုသည် ပထမမင်းသား၌ ဦးကြီး၏ ရပ်တည်မှုကို မည်သို့အကျိုးသက်ရောက်မည်ကို သူသိသည်။ အနည်းဆုံး အချိန်အတော်ကြာသည်အထိ ဦးကြီးသည် ပထမမင်းသား၏ ရှုတ်ချခြင်းကို ခံရမည်ဖြစ်ပြီး ဤကိစ္စကြောင့်လည်း သူတို့၏ဆက်ဆံရေးကြားတွင် အမြဲတမ်းဟာကွက်များ ပေါ်လာစေပေလိမ့်မည်။
ဝမ်ကန်းသည် ဤအချက်ကို နားလည်ပေလိမ့်မည်။ သို့သော် သူသည် သူ့ကို အားပေးရန် ရွေးချယ်ခဲ့တုန်းပင်။ သူ့အပေါ် ဝမ်ကန်း၏ ယုံကြည်မှုသည် သူ့ကို အလွန်ထိရှသွားစေခဲ့သည်။
'ဦးကြီး ဒီနေ့ခင်ဗျားလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်အတွက် ခင်ဗျား လုံးဝနောင်တရမှာမဟုတ်ဘူး။'
သူ့ရထားလုံးသို့ ဝင်လိုက်ကာ ဝမ်ချောင်သည် ဦးကြီးအိမ်တော်မှ လျင်မြန်စွာ ထွက်ခွာသွားခဲ့ပြီး ခွန်းဝူလေ့ကျင့်ရေးစခန်းသို့ ဦးတည်လိုက်သည်။ ထိုနေရာရောက်သည်နှင့် သူ့ဓားသွားဖယ်ရှားခြင်းအိမ်တော်သည် ထိုနေရာတွင် စခန်းချနေကြသော လူပေါင်းများစွာကြောင့် ပေါက်ကွဲလုနီးပါးဖြစ်နေသည်ကို သူသိရှိလိုက်သည်။
အံ့အားသင့်စရာကောင်းစွာဖြင့် ပို၍များပြားသောလူများသည် ဒုတိယနေ့တွင် ဓားသွားဖယ်ရှားခြင်းအိမ်တော်သို့ ဝင်ရောက်ရန် ရောက်လာခဲ့ကြသည်။
ဖြစ်ရပ်အမျိုးမျိုးဖြစ်ပြီးနောက် ဝမ်ချောင်၏ ဓားသွားဖယ်ရှားခြင်းအိမ်တော်သည် အတောက်ပဆုံးသောကြယ်ပွင့်ဖြစ်လာခဲ့ပြီး လုံ့ဝေ၊ ရှန်းဝေနှင့် ခွန်းဝူတို့မှ တပ်သားသစ်များ၏ပန်းတိုင်ဖြစ်လာခဲ့သည်။
နောက်ဆုံးတွင် သူ့ကြိုးစားမှုများ၏ အသီးအပွင့်များကို ရိတ်သိမ်းရန် အချိန်ရောက်လာခဲ့သည်။
အဝါရောင်ကျိုင်းတုံပန်းကဲ့သို့ပင် အသိစိတ်တစ်ခုသည် တဖြည်းဖြည်း လွင့်ပျံလာပြီး အဆုံးမဲ့ အမှောင်ထုအတွင်း ဆန့်ထွက်လာခဲ့သည်။ ဤနေရာတွင် အချိန်၊ ဟင်းလင်းပြင်နှင့် အပူချိန်တို့၏ သဘောတရားတို့သည် တည်ရှိမနေပေ။ တစ်ခုတည်းသော တည်ရှိနေသည့်အရာမှာ အဆုံးမဲ့ မရှိခြင်းဖြစ်သည်။
ဤသည်က လျှို့ဝှက်ဆန်းကြယ်သည့် ဟင်းလင်းပြင်တစ်ခုဖြစ်ပြီး ဥပဒေသများပါဝင်နေသော လောကတစ်ခုဖြစ်သည်။
"နောက်ဆုံးတော့ ဒါကို ငါရှာတွေ့ပြီ။"
အချိန်အတော်ကြာပြီးနောက် အမှောင်ထုကြားတွင် အသံတစ်ခု ရုတ်တရက် ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့သည်။ မိုးကြိုးတစ်စင်းပစ်ချလိုက်သကဲ့သို့ ထိုအသံသည် ဟင်းလင်းပြင်တစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။
အဝါရောင်ကျိုင်းတုံပန်းကဲ့သို့သော အသိစိတ်၏ အစွန်းဆုံးတွင် အလင်းရောင်မီးစတစ်ခုသည် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ ဖြာထွက်နေသည့်အလင်းရောင်အတွင်းတွင် မနှိုင်းယှဉ်နိုင်သော စွမ်းအင်ကို ပိုင်ဆိုင်ထားသည့် အရိပ်အစက်အပြောက်ငယ်တစ်ခု ရှိနေသည်။
အနီးကပ်ကြည့်လိုက်ပါက ထိုအရိပ်အစက်အပြောက်လေးသည် စာအုပ်အသေးစား စာမျက်နှာတစ်ခုနှင့် ဆင်တူသည်။
ဤသည်မှာ စွမ်းအားဥပဒေသ၏ အပိုင်းအစငယ်တစ်ခုဖြစ်သည်။
သိုင်းပညာရှင်များ၏ လောကတွင် ၎င်း၏ နောက်ထပ်နာမည်သည် ဥပဒေသစာအုပ်ဖြစ်သည်။
ဥပဒေသစာအုပ်ကို ဖမ်းဆုပ်ခြင်းနှင့် ၎င်းကို လူတစ်ဦး၏ သိစိတ်ဖြင့် ပေါင်းစပ်ခြင်းကို 'နားလည်သဘောပေါက်ခြင်း' ဟု သိကြသည်။
ဝမျးးး
ဝမ်ချောင်၏ သိစိတ်သည် ဥပဒေသစာအုပ်ကို ဖမ်းရန် ရှေ့သို့ ချက်ချင်းကျယ်ပြန့်သွားခဲ့ပြီး လျင်မြန်စွာဖြင့် ၎င်းကို သူ့ သိစိတ်ထဲသို့ ဆွဲသွင်းလိုက်သည်။
တစ်ခဏအတွင်းမှာပင် အမှောင်ထုသည် ပျောက်ကွယ်သွားခဲ့ပြီး အလင်းရောင်များ ပြန်လည်ဝင်ရောက်လာခဲ့သည်။
ဝမ်ချောင်သည် နောက်ဆုံးတွင် သူ့မျက်လုံးကို ဖွင့်လိုက်သည်။ သူ့ရှေ့တွင် စာကလေးများနှင့် ပန်းပုံများရေးထိုးထားသည့် လက်ရာမြောက်စွာဖန်တီးထားသည့် သစ်သားချပ်ပြားတစ်ခုရှိသည်။ ၎င်းအပေါ်တွင် ရှေးကျသော်လည်း လက်ရာမြောက်လှသည့် စာပွဲတစ်လုံးရှိသည်။ စားပွဲပေါ်တွင် အငွေ့တစ်ထောင်းထောင်းထနေသည့် ရီရှင်ရွံ့စေးလက်ဖက်ရည်တစ်အိုးရှိသည်။
"ငါ့ကျင့်ကြံခြင်းက နည်းနည်းတိုးတက်သွားခဲ့တယ်။"
သက်ပြင်းရှိုက်လိုက်ကာ ဝမ်ချောင်သည် သူ့ခန္ဓာကိုယ်အနှံ့ စွမ်းအင်များ စီးဆင်းနေသည်ကို ခံစားလိုက်ရသည်။
သူ့ဦးကြီးအိမ်တော်မှ ထွက်ခွာလာပြီးနောက် ဝမ်ချောင်သည် တော်ဝင်ရုံးတော်နှင့် မင်းသားများကြားတိုက်ပွဲနှင့် ပတ်သက်သော အရာအားလုံးကို သူ့စိတ်ထဲမှ ကျောခိုင်းထားပြီး ဓားသွားဖယ်ရှားခြင်းအိမ်တော်တွင် ကျင့်ကြံခြင်းကို မြင့်တင်ကာ သူ့အချိန်အားလုံးကို မြှုပ်နှံထားပုံရသည်။
မူလစွမ်းအင်အဆင့် ၉ နှင့် အစစ်အမှန်သိုင်းပညာနယ်ပယ်အဆင့် ၁ အကြား ကွာဟချက်သည် ကြီးမားသော ကွာဟချက်တစ်ခုဖြစ်သည်။
ဤအဆင့်တွင် လိုအပ်သည့် အရာမှာ မူလစွမ်းအင်မဟုတ်ပေ။ သို့သော် စွမ်းအားဥပဒေသကို မယုံနိုင်စရာကောင်းလောက်အောင် နက်ရှိုင်းစွာ နားလည်သဘောပေါက်မှုဖြစ်သည်။
ဝမ်ချောင်သည် သူ့ချီစက်ကွင်းကို စတင်ကျင့်ကြံစဉ်အခါက သူသည် နေ့တိုင်း ဥပဒေသစာအုပ်ကို ပမာဏကြီးမားစွာ စုပ်ယူနိုင်ခဲ့သေးသည်။
သို့သော် အချိန်များကုန်ဆုံးလာသည်နှင့် အချိန်အတိုင်းအတာတစ်ခုအတွင်း သူစုပ်ယူနိုင်သည့် ဥပဒေသစာအုပ်ထံမှ အချက်အလက်ပမာဏသည် တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။
ယနေ့တွင် ဝမ်ချောင်သည် စွမ်းအားဥပဒေသ၏ အပိုင်းအစ ၂၄ ခုကိုသာ ဖမ်းဆုပ်နိုင်ခဲ့သည်။ အစပိုင်းရှိ ရာပေါင်းများစွာနှင့် ယှဉ်လိုက်ပါက ၎င်းသည် တကယ့်ကို နည်းပါးလှသည်။
မည်သို့ဆိုပါစေ ဝမ်ချောင်သည် လက်မလျှော့ခဲ့ပေ။
အခြေခံအုတ်မြစ်များသည် အဆောက်အဦ၏ အန္တိမအမြင့်ကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။ အစောပိုင်းအဆင့်တွင် စွမ်းအားဥပဒေသကို ပို၍ နားလည်သဘောပေါက်လေလေ အနာဂတ်တွင် လူတစ်ဦးသည် ကြီးကျယ်ခမ်းနားစွာ အောင်မြင်နိုင်လေဖြစ်သည်။
ဤသည်မှာ သိုင်းပညာကို ကျင့်ကြံရာတွင် လှည့်ကွက်တစ်ခုဖြစ်သည်။ ၎င်းသည် လျစ်လျူရှုခံထားရသော်လည်း သိသာထင်ရှားသော ခြားနားချက်တစ်ခုကို ဖြစ်စေခဲ့သည်။
ထို့ကြောင့် ဝမ်ချောင်သည် အစစ်အမှန်သိုင်းပညာနယ်ပယ်သို့ ချိုးဖောက်ရန် လိုအပ်ချက်ကို ပြည့်မီခဲ့ပြီဖြစ်သော်လည်း သူသည် တစ်နေ့လျှင် သနားစရာကောင်းသော စွမ်းအားဥပဒေသအပိုင်းအစ နှစ်ဆယ် သို့မဟုတ် ထိုမျှလောက်ကိုသာ စုပ်ယူနိုင်ခဲ့ပြီး ဆက်လက်၍ လုပ်ဆောင်ရန် ရွေးချယ်ခဲ့ဆဲပင်။
ဤအားကောင်းသည့် အခြေခံဖြင့် သူ့ကျင့်ကြံခြင်းသည် အနာဂတ်တွင် ချောမွေ့နေပေလိမ့်မည်။
လအတန်ကြာကြိုးစားအားထုတ်ပြီးနောက် ဝမ်ချောင်၏ အလုပ်သည် ပြီးလုနီးပါးဖြစ်နေပြီဖြစ်သည်။
'နည်းပြဆရာကျောက်ထံက အဲဒီပစ္စည်းကို ရယူဖို့ အချိန်ကျလောက်ပြီ'
ဝမ်ချောင် တွေးလိုက်မိသည်။
မူလစွမ်းအင်အဆင့် ၉ မှ အစစ်အမှန်သိုင်းပညာအဆင့် ၁ သို့ ရောက်ရှိရန် ဥပဒေသကို နားလည်သဘောပေါက်ခြင်းအပြင် စွမ်းအားဥပဒေသကို ပေါင်းစပ်ပြီး ၎င်း၏ ခွန်အားကို ပေါ်လွင်စေရန် ချီစက်ကွင်းနည်းစနစ်တစ်ခုကိုလည်း လိုအပ်ပေသည်။
ဤလေ့ကျင့်ရေးစခန်းမှ ဝမ်ချောင် ရယူရန် ရည်မှန်းထားသည့် အဓိကအရာနှစ်ခုရှိသည်။ ထိုထဲမှတစ်ခုသည် နောက်ဆုံး၌ လောကကြီးတွင် သူတို့၏အမှန်အသားများကို ချန်ထားခဲ့မည့် တက်သစ်စစစ်သူကြီးရာပေါင်းများစွာဖြစ်ပြီး နောက်တစ်ခုမှ ကျောက်ရှန်းကျူ၏ ပိုင်ဆိုင်မှုဖြစ်သည့် တိုက်ပွဲချီစက်ကွင်းကျင့်ကြံခြင်းနည်းစနစ်ဖြစ်သည်။
ဤတိုက်ပွဲချီစက်ကွင်းကျင့်ကြံခြင်းနည်းစနစ်သည် သူ့ယခင်ဘဝ၌ မြေမှုန့်ထဲတွင် လုံးဝမြှုပ်နှံလိုက်ရသည်။ လေ့ကျင့်ရေးစခန်းရှိ စုဟန်ရှန်းအပါအဝင် မည်သူမျှ ထိုနည်းစနစ်ကို ရယူနိုင်ခဲ့ခြင်းမရှိပေ။
အကြောင်းပြချက်တချို့ကြောင့် ကျောက်ရှန်းကျူသည် ထိုနည်းစနစ်ကို မည်သူ့ကိုမျှ လက်ဆင့်မကမ်းခဲ့ပေ။
ဝမ်ချောင်သည် ထိုနောက်ကွယ်တွင် မည်သည့်လျှို့ဝှက်ချက်ရှိနေသည်ကို မသိခဲ့ပေ။ သို့သော် ဤလေ့ကျင့်ရေးစခန်းအတွင်းတွင် ဝှက်ထားသည့် တိုက်ပွဲချီစက်ကွင်းသည် သေချာပေါက် အားအကောင်းဆုံးထဲက တစ်ခုဖြစ်သည်ကို သူ သိပေသည်။
ကျောက်ရှန်းကျူသည် ဤကဲ့သို့ အစွမ်းထက်သော နည်းစနစ်ကို မြေထဲတွင် အမှန်တကယ်မြှုပ်နှံခဲ့သည်ကို သူ သတိရချိန်တိုင်း သူသည် ကြီးစွာ နှမျောတတဖြစ်ခဲ့ရသည်။
သို့သော်လည်း ဝမ်ချောင်သည် အလျင်မလိုခဲ့ပေ။
ကြမ်းပြင်မှထလာကာ ဝမ်ချောင်သည် သစ်သားစားပွဲဆီသို့ လျှောက်သွားပြီး အငွေ့တထောင်းထောင်းထနေသည့် လက်ဖက်ရည်တစ်ခွက်ကို သောက်လိုက်သည်။ ဖြည်းညှင်းစွာ သောက်လိုက်ကာ သူသည် ပေါ့ပါးသည့် သင်းရနံ့များကို သူ့ပါးစပ်ထဲ ဖြည်းညင်းစွာ ပြည့်နှက်သွားစေသည်။
ဘဝသည် ခွန်အားနှင့် လေ့ကျင့်ခြင်းအတွက်သာ မဖြစ်သင့်ပေ။ အခြားလောကမှ ရေပန်းစားသော စကားစုကို အသုံးပြုရလျှင် ကဗျာစာပေနှင့် ကင်းကွာမှုတို့လည်း ရှိသင့်သည်။
ပစ္စုပ္ပန်တွင် နေထိုင်ကာ ဘဝကို ပျော်ရွှင်စွာနှင့် တွေ့ကြုံခံစားခြင်း၊ ဤသည်က ဤဘဝတွင် ဝမ်ချောင်၏ ပန်းတိုင်ပင်။ အနာဂတ်သည် အရေးကြီးသော်လည်း ပစ္စုပ္ပန်ကို မြတ်နိုးခြင်းသည် ပို၍အရေးကြီးပေသည်။
ဘုန်းး
လက်ဖက်ရည်ခွက်ကို ချလိုက်ကာ ဝမ်ချောင်သည် တံခါးဆီသို့ လျှောက်သွားပြီး ဖွင့်လိုက်သည်။ ပျားပန်းခတ်မျှ ပွက်လောရိုက်နေခြင်းသည် သူ့မြင်ကွင်းထဲသို့ တိုးဝင်လာခဲ့သည်။ သူ့မျက်လုံးရှေ့တွင် လှစ်ဟပြလိုက်သည့်မြင်ကွင်းမှာ လွန်ခဲ့သည့် လအတန်ကြာမှ အလွန်ခြားနားသည့် မြင်ကွင်းတစ်ခုဖြစ်သည်။
မူရင်းပြန်သူအမှာစာ- ကဗျာစာပေနှင့်ကင်းကွာမှု(poetry and the distant) ဆိုတာ အိပ်မက်တွေ၊ အပန်းဖြေမှုတွေ၊ အဲဒါမျိုးတွေကို ဆိုလိုတာပါတဲ့။
အပိုင်း ၃၂၀ လေအသစ် ၂
ဓားသွားဖယ်ရှားခြင်းအိမ်တော်သည် လက်ရှိတွင် တစ်ရာနီးပါးရှိသော လူအုပ်ကြီးဖြင့် ပျားပန်းခတ်ဆူညံနေ၏။ ဤသည်က ဝမ်ချောင်၊ ကျောက်ကျင်းတန်နှင့် အခြားလူအနည်းငယ်သာ ဤနေရာတွင် ဝင်ထွက်သွားလာခဲ့သော အတိတ်ကာလနှင့် သိသိသာသာ ကွာခြားနေ၏။
ဝမ်ချောင်၏ အစပိုင်းရည်ရွယ်ချက်မှာ ခွန်းဝူလေ့ကျင့်ရေးစခန်း၏ တပ်သားများကိုသာ ခေါ်ယူရန်ဖြစ်သည်။ လုံ့ဝေနှင့် ရှန်းဝေမှ စိတ်ဝင်စားမှုသည် လုံးဝမမျှော်လင့်ထားခဲ့ခြင်းပင်။ ထို့ကြောင့် လူတိုင်းကို နေရာထိုင်ခင်းပေးရန် ဓားသွားဖယ်ရှားခြင်းအိမ်တော်၏ ဆံ့နိုင်သောနေရာပမာဏကို မလုံလောက်ဖြစ်စေခဲ့သည်။
"သခင်လေး"
တံခါးအပြင်ဘက်တွင် သာမန်ဖြစ်ပုံပေါ်သော လူငယ်တစ်ယောက်ရပ်နေ၏။ သူ့တွင် သာမန်လေးထောင့်ကျသည့်မျက်နှာနှင့် မထင်ရှားသော အသွင်အပြင်ရှိသောကြောင့် သူ့မျက်လုံးများတွင် တောက်ပနေသော ဇွဲနပဲကြောင့် မဟုတ်ပါက သူ့ကို အလွယ်တကူ ကျော်ကြည့်မိသွားနိုင်သည်။ ဝမ်ချောင်ကို မြင်သည်နှင့် ထိုလူငယ်သည် လေးစားစွာ ဦးညွှတ်လိုက်သည်။
"ဒီမှာ စာမေးပွဲဖြေမယ့်သူတွေကို စုစည်းပြီးပါပြီ။ သခင်လေး ဆန္ဒရှိရင် စာမေးပွဲကို သခင်လေးဆန္ဒရှိတဲ့အချိန် အချိန်မရွေး လုပ်လို့ရပါတယ်။"
သူစကားပြောသည့်အခါ သူ့ပုံစံသည် အလွန်အမင်းနှိမ့်ချခြင်းလည်းမရှိ မောက်မာခြင်းလည်းမရှိပေ။ ဤလူငယ်လေးသည် လုံ့ဝေလေ့ကျင့်ရေးစခန်းမှ ဝမ်ချောင် ခေါ်ဆောင်ခဲ့သော ပါရမီရှင် ဝေ့အန်းဖန် ဖြစ်သည်။
ဝမ်ချောင်၏ ဝေဖန်ပိုင်းခြားမှုသည် တိကျ၏။ ဝေ့အန်းဖန်သည် သူ့ဘဝ၏ အခက်ခဲဆုံးကာလကို ဖြတ်သန်းနေရသည်မှာ အမှန်ပင်။ ဘယ်အရာမျှ ကောင်းမွန်သည့်ပုံမပေါ်ပေ။ သူသည်လည်း သူ့ရဲဘော်ရဲဘက်များ၏ ပစ်ပယ်ခြင်းကို ခံထားရသည်။
ထို့အပြင် ဝေ့အန်းဖန်သည် လုံ့ဝေလေ့ကျင့်ရေးစခန်းတွင် သူ့ကလန်၏ အကြီးဆုံးသားကိုပင် အပြစ်ပြုမိထားခဲ့သည်။ ထို့ကြောင့် ဝမ်ချောင်၏ ဖိတ်ကြားလွှာကို လက်ခံရရှိသောအခါတွင် သူသည် ပျော်ရွှင်စွာဖြင့် မဆိုင်းမတွပင် လက်ခံခဲ့သည်။
ဤစာတစ်ခုတည်းဖြင့် ဝေ့အန်းဖန်သည် သူ့ကလန်နှင့် အကြီးဆုံးသားတို့၏ ဖိနှိပ်မှုမှ အလွယ်တကူ လွတ်မြောက်ခဲ့သည်။
နောက်ဆုံးတွင် ဝေ့ကလန်သည် ဤတိကျသောအခိုက်အတန့်တွင် ဝမ်ချောင်၏ ဖိတ်ကြားစာရောက်လာသောအခါ သူတို့သည် ဝမ်ကလန်နှင့် ဆက်ဆံရေးကို မည်သို့ တည်ဆောက်ရမည်ကို ခေါင်းချင်းဆိုင် စဉ်းစားခဲ့ကြသည်။
ဝေ့အန်းဖန်၏ လုပ်နိုင်စွမ်းသည်လည်း ဝမ်ချောင်ကို စိတ်မပျက်စေခဲ့ပေ။
သူသည် တစ်စုံတစ်ရာထူးချွန်သူမဟုတ်သော်လည်း ဝမ်ချောင်က သူ့အား ညွှန်ကြားထားသည့် အလုပ်များကို အချိန်နှင့် တပြေးညီ အမြဲတမ်းစီစဉ် ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။
ဝေ့အန်းဖန်ရှိခြင်းကြောင့် ကျောက်ကျင်းတန်သည် နောက်ဆုံးတွင် သူ့တာဝန်များမှ လွတ်မြောက်နိုင်ခဲ့သည်။ ဝမ်ချောင်လုပ်ခဲ့သော ပထမဆုံးအရာမှာ ကျောက်ကျင်းတန်ကို လေ့ကျင့်ရန် ဝိညာဉ်သွေးကြောဆီသို့ ပို့ဆောင်ခြင်းပင်ဖြစ်သည်။
ဝမ်ချောင်၏ယခင်ဘဝတွင် ကျောက်ကျင်းတန်သည် အရန်တာဝန်ကို ထမ်းဆောင်ရုံသာမက သူ၏စွမ်းရည်အရှိဆုံး စစ်သူကြီးလည်းဖြစ်သည်။ အကယ်၍ တစ်ဖက်လူ၏ ပါရမီနှင့် တိုက်ပွဲဝင်နိုင်စွမ်းသည် ထိုသို့သော အမျိုးမျိုးသောကိစ္စရပ်များတွင် ချည်နှောင်ထားမိပါက အမှားကြီးတစ်ခုဖြစ်သွားပေလိမ့်မည်။
"အင်း မင်းအဆင်ပြေသလို လုပ်ပါ။"
ဝမ်ချောင် ခေါင်းညိတ်လိုက်သည်။ ဝေ့အန်းဖန်၏ ဦးဆောင်မှုအောက်တွင် သူသည် သစ်သားလှေကားတစ်စင်းမှ ဆင်းလာကာ ထောင့်ချိုးတစ်ခုကိုကွေ့လိုက်ပြီးနောက် အလံတိုင်ရှည်နှစ်ခုသည် သူ့ရှေ့တွင် ပေါ်လာသည်။ သူတို့ထဲမှ တစ်ခုသည် ဓားသွားဖယ်ရှားခြင်းအိမ်တော်၏ အလံကို လွှင့်ထူထားပြီး နောက်တစ်ခုသည်တော့ မကြာသေးမီကမှ စိုက်ထူထားခဲ့သော သစ်သားတိုင်ဖြစ်သည်။
တပ်သားနှစ်ယောက်သည် လက်ရှိတွင် သစ်သားအလံတိုင်အောက်၌ ရပ်နေခဲ့ကြပြီး လူအုပ်ကြီးက သူတို့ကို ဝန်းရံထားခဲ့သည်။
"လာစမ်း မင်းတို့ထဲက ဘယ်တစ်ယောက်က ငါ့ကို စိန်ခေါ်ရဲလဲ။"
"အဟက် ဒါဆိုလည်း ငါ့ကိုခွင့်ပြုပါ။ ရွှေပြားဆယ်ပြား။"
"လောင်းတယ်"
လူအုပ်ကြီး၏ ကျယ်လောင်သည့် ဩဘာပေးမှုအောက်တွင် ထိုလူနှစ်ယောက်သည် အလံတိုင်ဆီသို့ ရုတ်တရက်ပြေးသွားခဲ့ကြပြီး စတင်တွယ်တက်လိုက်ကြသည်။
အလံတိုင်ပေါ်သို့ တွယ်တက်နေကြသော ထိုလူနှစ်ယောက်ကို ကြည့်ကာ ဝမ်ချောင် ရယ်မောလိုက်သည်။ ဤနေရာသည် သူ အလံစိုက်ထူထားရာနေရာဖြစ်သော်လည်း လူများ၏ အပန်းဖြေရန်နှင့် သူတို့၏ လှုပ်ရှားမှုနည်းစနစ်ကို ယှဉ်ပြိုင်သည့် နေရာအဖြစ်သို့ တစ်နည်းတစ်ဖုံဖြင့် ပြောင်းလဲသွားခဲ့သည်။
နောက်ထပ်ထောင့်ချိုးတစ်ခုတွင် ဥယျာဉ်အတွင်း၊ ရေကန်အတွင်း၊ တောင်တုများအပေါ်၊ တံတိုင်းများအောက်တွင် အချင်းချင်း တိုက်ခိုက်နေကြသော လူများစွာကို သူတွေ့လိုက်ရသည်။ အချို့မှာ သစ်သားဓားရှည်များ ကိုင်ဆောင်ထားကြပြီး အချို့မှာ သစ်သားဆေဘာဓားရှည်များ ကိုင်ဆောင်ထားကြကာ အချို့မှာ လက်နက်လုံးဝမကိုင်ဘဲ ရှိနေကြသည်။
ဤသည်မှာ ဓားသွားဖယ်ရှားခြင်းအိမ်တော်၏အဖွဲ့ဝင်များနေ့စဥ်ပြုလုပ်ကြသော လက်ရည်စမ်းမှုများဖြစ်ကြသည်။
လက်ရည်စမ်းမှုတစ်ခုသည် စစ်မှန်သောအခြေအနေများကို အမြဲအတုယူသင့်သည်။ စစ်မြေပြင်တွင် တိုက်ပွဲသည် ပြန့်ပြူးသောမြေပြင်တွင်သာ ကန့်သတ်ထားမည်မဟုတ်ပေ။ တောတောင်၊ မြစ်ပြင်... ဤနေရာများအားလုံးသည် စစ်မြေပြင်ဖြစ်နိုင်သော နေရာများဖြစ်ကြသည်။
ဤအရာသည် ဝမ်ချောင် ယုံကြည်ထားသော အရာဖြစ်ပြီး သူသည် ဓားသွားဖယ်ရှားခြင်းအိမ်တော်ကို ထိုအရာအတွက် ပုံဖော်ထားခဲ့သည်။
တိုက်ပွဲကိုအတုယူခြင်း..။
အခြေခံအားဖြင့် လေ့ကျင့်မှုအားလုံးကို လက်တွေ့လောကတွင် အသုံးချရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ထားခဲ့သည်။ သို့ဖြစ်၍ ဓားသွားဖယ်ရှားခြင်းအိမ်တော်တွင် ယှဉ်ပြိုင်ကွင်းများရှိနေသော်လည်း အများကြီးမရှိပေ။
၎င်း၏အဖွဲ့ဝင်များအကြား တိုးတက်စေသည့်အရာမှာ မြေပြင်နှင့် အသားကျပြီး လွတ်လွတ်လပ်လပ် တိုက်ခိုက်ရန်ဖြစ်သည်။
"သခင်လေး"
"သခင်လေး"
"သခင်လေး"
ဝမ်ချောင်ကို မြင်လိုက်သည်နှင့် လူတိုင်းသည့် သူတို့လုပ်နေသည့် အရာများကို ရပ်လိုက်ကြပြီး မတ်တပ်ရပ်လိုက်ကြကာ လေးစားစွာ ဦးညွတ်လိုက်ကြသည်။
"တခမ်းတနားလုပ်နေစရာမလိုပါဘူး။ မင်းတို့လုပ်စရာရှိတာ ဆက်လုပ်ကြပါ။"
ဝမ်ချောင်သည် လက်ဝေ့ယမ်းလိုက်ပြီး အပြုံးဖြင့် ပြောလိုက်သည်။ ထိုစကားများကို ကြားပြီးနောက် လူတိုင်းသည် သူတို့ယခင်ကလုပ်နေသည့် အလုပ်များသို့ ပြန်သွားလိုက်ကြသည်။ ဤသည်က ဓားသွားဖယ်ရှားခြင်းအိမ်တော်တွင် သာမန်နေ့တစ်နေ့သာဖြစ်ပြီး လူတိုင်းက ထိုအရာနှင့် အသားကျနေကြပြီဖြစ်သည်။
လေ့ကျင့်ရေးတွင် ကြိုးစားလေ့ကျင့်နေကြသူများရှိသကဲ့သို့ အနားယူပြီး ဆော့ကစားနေကြသူများလည်း ရှိကြသည်။ ဝမ်ချောင် ရှေ့မှအုပ်စုသည် ပြန်ထိုင်လိုက်ကြပြီး လက်ဖက်ရည်သောက်ကာ သူတို့အချင်းချင်း စကားစမြည်ပြောနေကြသည်။
လူများစွာတို့သည် ဝမ်ချောင် အထူးပြင်ဆင်ထားသည့် အမိုက်စား ကြိမ်ကုလားထိုင်နှင့် စားပွဲအစုံကို တွေ့ခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် သူတို့၏ ကိုယ်ပိုင်လက်မှုပညာများကို ဓားသွားဖယ်ရှားခြင်းအိမ်တော်သို့ ယူဆောင်လာခဲ့ကြသည်။ ယခုအချိန်တွင် ခြံဝန်းထဲ၌ လက်မှုပစ္စည်းဆယ်စုံထက်ပို၍ ရှိနေခဲ့ပြီဖြစ်သည်။
စပျစ်သီး၊ သလဲသီး၊ ဩဇာသီး၊ နာနတ်သီး၊ သင်္ဘောသီး၊ သဖန်းသီး... အနောက်တိုင်းဒေသမှလာသော သို့မဟုတ် ပို၍ဝေးသောနေရာမှလာသည့် အရသာရှိသည့်သစ်သီးများသည် အမျိုးမျိုးသော ကြိမ်စားပွဲငယ်များပေါ်တွင် ချခင်းထားသည်။
ဤသစ်သီးအများစုကို ဝမ်ချောင်က ပြင်ဆင်ထားခဲ့ပြီး ကျန်သည်များကိုတော့ မြို့တော်၏ သခင်လေးများက ထောက်ပံ့ထားခဲ့ကြသည်။ သူတို့အားလုံးသည် အလွန်လတ်ဆတ်ပြီး အချို့မှာ အနောက်တိုင်း ဒေသကုန်သည်များထံမှ ဝယ်ယူသောအခါတွင် နှင်းခဲအလွှာဖြင့် ထုပ်ပိုးထားခဲ့ကြသည်။
ထိုသခင်လေးများ ယူဆောင်လာသော အရာများသည် စားပွဲများ၊ ကုလားထိုင်များနှင့် သစ်သီးများသာမကပေ။ အကယ်၍ လူတစ်ယောက်သည် တံတိုင်းကို ကြည့်လိုက်ပါက တံတိုင်းထက်မှ အနည်းငယ်ပြူထွက်နေသော ဧရာမကြီးမားသည့် လှံထိပ်ကို မြင်နိုင်သည်။
ဤလှံတစ်ခုစီတွင် သာမန်ထက်လွန်ကဲသော အားကောင်းသည့် အရှိန်အဝါကို ပိုင်ဆိုင်ထားကြသည်။
ဤသည်က ချီကလန်၏ သံမဏိအစောင့်များဖြစ်ကြသည်။
ချီကလန်သည် ဝမ်ချောင်အပေါ် သူတို့ ထားသင့်သော သဘောထားနှင့်ပတ်သက်၍ အနည်းငယ် ချီတုံချတုံ ဖြစ်နေခဲ့သော်လည်း သူတို့သည် သူတို့၏ စိတ်ကို ပြင်ဆင်ခဲ့ပုံရသည်။ သူတို့၏ ထက်သန်လှသည့် စိတ်စေတနာကို ပြသရန် ဤအဖိုးတန်လှသည့် အစောင့်များအားလုံးကို ချီဝေ့စီထံသို့ ပို့ဆောင်ခဲ့သည်။
ထိုအစောင့်များသည် အပေါ်ယံတွင် ချီဝေ့စီ၏ အမိန့်ပေးမှုအောက်တွင်ရှိသော်လည်း ဝမ်ချောင်သည်လည်း သူတို့ကို အမိန့်ပေးနိုင်သည့် အခွင့်အာဏာကို ပိုင်ဆိုင်ထားပေသည်။
ဤသည်က ဝမ်ချောင်နှင့် ဝမ်ကလန်တို့အတွက် သူတို့၏ ထောက်ခံမှုများကို ပြသရန် ချီကလန်၏ နည်းလမ်းဖြစ်သည်။
ထိုသည်သာမက အခြားကလန်များမှ အစောင့်များသည်လည်း ရှိသေးသည်။ ဝိဉာဉ်သွေးကြောကိစ္စပြီးနောက် မြောက်မြားလှစွာသော ကလန်တို့သည် ဝမ်ချောင်ဆီသို့ လုံခြုံရေးအတွက် သူတို့၏ ကိုယ်ပိုင်အစောင့်များကို ကမ်းလှမ်းခဲ့ကြသည်။
သို့ပါသော်လည်း ဝမ်ချောင်သည် သူ့အားကမ်းလှမ်းလာသမျှကို အလွယ်တကူလက်မခံခဲ့ပေ။ သူသည် စစ်ထုတ်ပြီး အုပ်စုထဲမှ အသန်မာဆုံးများကိုသာ ယူခဲ့သည်။ သို့သော် သို့ဆိုလျှင်ပင် ဝမ်ချောင်ဆီသို့ စာပို့လာခဲ့ကြသော ဂုဏ်သရေရှိကလန်များစွာရှိခဲ့သေးသည်။ သူတို့သည် သူတို့ကလန်၏ အစောင့်များကို ပို၍ယူရန် သူ့ကို ဖျောင်းဖျခဲ့ကြသည်။
"ဂရုစိုက်.."
ထိုအခိုက်မှာပင် ကျယ်လောင်သည့် အာမေဠိတ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ဒီးဒါဒါ
ကျယ်လောင်သော မိုးခြိမ်းသံနှင့် ဆင်တူသည့် အသံကြီး ထွက်ပေါ်လာပြီး ဖုန်မှုန့် တိမ်တိုက်များ လေထဲသို့ ပျံတက်သွားခဲ့သည်။ နက်မှောင်သော တိုက်ပွဲမြင်းငါးကောင်သည် ဝမ်ချောင်ဘေးလက်မအကွာမှ ဖြတ်သွားခဲ့ကြသည်။ မော့ကြည့်လိုက်သည်တွင် ဝမ်ချောင်သည် မြင်းမောင်းသူ၏ လေထဲသို့လွင့်ပျံနေသည့် ဆံပင်နှင့် ဝတ်ရုံကို မြင်လိုက်ရသည်။
"ချီးပဲ။"
"နောက်ထပ် ဒီအောက်တန်းစားမြင်းတပ်သားတွေပဲ။"
"မင်းတို့အားလုံး ပိုကောင်းတဲ့နေရာကို ရွေးလို့ မရဘူးလား။"
"မင်းတို့ခွေးကောင်တွေ ငါတို့ကို တိုက်သတ်မလို့လား။ မင်းတို့က ငါတို့ဘေးကနေ ဖြတ်ဖို့ ဘာလို့ အမြဲရွေးချယ်ရတာလဲ။"
ခြံဝန်းထဲတွင် မကျေမနပ်ဝေဖန်သံများ ပေါ်ထွက်လာခဲ့သည်။ ခြံဝန်းထဲရှိ အုပ်စုထဲတွင် သူတို့၏ လက်ဖက်ရည်များကို ဇိမ်ပြေနပြေသောက်သုံးနေကြသည့် သခင်လေးများသည် ဒေါသအထွက်ဆုံးပင်။ ထိုတိုက်ပွဲမြင်းများကြောင့် ဖြစ်စေခဲ့သော ဖုန်မှုန့်တိမ်တိုက်ကြီးသည် သူတို့၏လက်ဖက်ရည်နှင့် အဝတ်များကို ညစ်ညမ်းသွားစေခဲ့သည်။
သို့သော်လည်း ရှေ့မှ မြင်းစီးသူငါးဦးသည် ထိုဝေဖန်မှုများကြောင့် ရယ်မောလိုက်ကြသည်။
"ရွှဲကျင်း၊ ဟွမ်အန်း၊ ကျန်းတု မင်းတို့ ဘာလုပ်နေကြတာလဲ။ မင်းတို့ သခင်လေးကို တိုက်မိတော့မလို့။"
ဖြောင့်မတ်နေသည့်ကျောနှင့် တင်းမာသောအမူအရာဖြင့် ဝေ့အန်းဖန်သည် ရှေ့မှမြင်းစီးသူများကို ကြိမ်းမောင်းလိုက်သည်။
"အာ သခင်လေး ကျွန်တော်တို့ တောင်းပန်ပါတယ်။"
"ကျွန်တော်တို့ သခင်လေးကို တကယ်ပဲ မမြင်မိလိုက်ဘူး။"
"ချီးပဲ ငါတို့တော့သေပြီ။ ငါတို့ သခင်လေးကို ဘယ်လိုလုပ် တိုက်မိသွားတာလဲ။"
အောင်မြင်စွာ နောက်ပြောင်လိုက်နိုင်မှုကြောင့် အားရကျေနပ်နေသော ကျယ်လောင်သည့် ရယ်မောသံသည် ရုတ်တရက် တိတ်ဆိတ်သွားသည်။ မြင်းစီးသူငါးယောက်သည် ချက်ချင်းရပ်လိုက်ကြပြီး ဝမ်ချောင်ဆီသို့ လှည့်လိုက်ကြသည်။ သူတို့၏ အမူအရာများသည် သူတို့၏ ကမောက်ကမနှင့် စိုးရိမ်ပူပန်မှုကို ဖော်ပြနေခဲ့သည်။
တခြားသူများကို နောက်ပြောင်သည်မှာ ကိစ္စတစ်ခုဖြစ်သော်လည်း သခင်လေးကို တိုက်မိလုနီးပါးဖြစ်သွားခဲ့ခြင်းမှာ ကိစ္စကြီးတစ်ခုဖြစ်သည်။
ဓားသွားဖယ်ရှားခြင်းအိမ်တော်တွင် လူတစ်ယောက်၏ အဆင့်အတန်းသည် မည်သို့ဖြစ်နေပါစေ အဖွဲ့ဝင်များသည် တစ်ဦးကိုတစ်ဦးနာမည်များကိုသာ ခေါ်ဆိုကြသည်။ သို့ဖြစ်၍ ဤနေရာတွင် သခင်လေးအဖြစ် နာမည်တပ်ခေါ်ဆိုသည့် လူတစ်ဦးသာ ရှိပေသည်။ ဝမ်ချောင်ပင်။
"ငါအဆင်ပြေပါတယ်။ နောက်တစ်ကြိမ်တွေမှာ ဂရုစိုက်ပါ။ လူတွေကို သွားမတိုက်မိစေနဲ့။"
ဝမ်ချောင် သူ့လက်မောင်းအိုးကို ဝေ့ယမ်းလိုက်သည်။
"ဟုတ်ကဲ့ သခင်လေး"
ကြီးလေးသည့် ပြစ်မှုမှ လွှတ်ငြိမ်းခွင့်ရလိုက်သကဲ့သို့ စိုးရိမ်ပူပန်မှုများသည် မြင်းစီးသူငါးဦး၏ မျက်နှာမှ ပျောက်ကွယ်သွားခဲ့သည်။ သူတို့သည် ဓားသွားဖယ်ရှားခြင်းအိမ်တော်၏ တံခါးဝကို အမြန်ကျော်ဖြတ်ပြီး အခြားတောင်ဆီသို့ ပျောက်ကွယ်သွားခဲ့ကြသည်။
"ဝမ်ချောင် နင့်အတွက် လတ်ဆတ်တဲ့ဖျော်ရည်တွေညစ်ပေးဖို့ ဒီမိန်းကလေးတွေကို ငါ ဒီကိုခေါ်ခဲ့တာမဟုတ်ဘူး။ ငါတို့ကို အမှုထမ်းဖို့ နင့်အဖွဲ့ဝင်အနည်းငယ်ကို အမြန်ခေါ်လိုက်။"
ဝမ်ချောင် ထွက်ခွာသွားသည့် မြင်းစီးသူများကို ကြည့်နေစဉ်မှာပင် ဒေါသထွက်နေသည့် အသံတစ်ခုသည် အနားမှ ထွက်ပေါ်လာခဲ့သည်။ သူရပ်နေသော နေရာနှင့် သိပ်မဝေးသည့် တဲထဲတွင် နယ်စားငယ်ရီသည် သူ့ကို ဒေါသတကြီးဖြင့် စိုက်ကြည့်နေသည်။ သူမ စကားပြောနေစဉ် သူမသည် လှံကို ဆွဲထုတ်လိုက်ပြီး သူ့ဆီသို့ ချိန်ရွယ်လိုက်သည်။ အတွန့်တက်သည့် စကားတစ်ခွန်းဟပါက သူ့ကို သင်ခန်းစာတစ်ခုပေးရန် ခြိမ်းခြောက်နေသကဲ့သို့ပင်။
စိတ်ဖိစီးခြင်း...။
နယ်စားငယ်ရီ၏ ဒေါသထွက်နေသည့် အမူအရာကိုမြင်လိုက်ရသောအခါ ဝမ်ချောင်သည် အေးစက်သည့်ချွေးများ သူ့နောက်ကျောတွင် စီးကျလာသကဲ့သို့ ခံစားလိုက်ရသည်။ သူ့ဝန်ထုပ်ဝန်ပိုးကို ကူညီပေးရန် တစ်ဖက်လူကို သူ ဤနေရာသို့ ဖိတ်ခဲ့ခြင်းဖြစ်သည်။
သို့သော် တူညီသည့် အမွေးအတောင်ပါသည့် ငှက်များသည် အမှန်တကယ်အတူတကွစုဝေးနေကြမည်ဟု မည်သူသိနိုင်မည်နည်း။
အရှက်ကင်းမဲ့စွာဖြင့် နယ်စားငယ်ရီ ခေါ်ဆောင်လာခဲ့သော အမျိုးသမီးများသည် ဓားသွားဖယ်ရှားခြင်းအိမ်တော်တွင် အိမ်မှုကိစ္စများစွာကို ကူညီပေးနေဆဲဖြစ်သည်။
သို့သော်လည်း နယ်စားငယ်ရီက ထိုကဲ့သို့ ကြိမ်ဖန်များစွာ ကဲ့ရဲ့ပြစ်တင်ခဲ့ပြီးနောက် သူတို့သည် သူမနောက်စတင်လိုက်လိုက်ကြကာ လေထဲသို့ ရောက်သွားခဲ့ကြသည်။
ထို့အပြင် နယ်စားငယ်ရီ၏ ကာကွယ်ပေးမှုအောက်တွင် သူတို့နှင့်ပတ်သက်၍ ဝမ်ချောင် တတ်နိုင်သည့်အရာ ဘာမျှမရှိပေ။
"အန်းဖန် နယ်စားငယ်ရီကိုကူညီဖို့ ညီအစ်ကိုအနည်းငယ်ကို ရှာလိုက်ပါ။"
ဝမ်ချောင်သည် ဝေ့အန်ဖန်းကို ကြည့်လိုက်ပြီး ညွှန်ကြားလိုက်သည်။
"ကျွန်တော် နားလည်ပါပြီ။"
ဝေ့အန်းဖန်၏ မျက်နှာသည် မည်းမှောင်သွားခဲ့သည်။ သို့သော် ဤသည်က ဤနေရာရှိ အမျိုးသမီးများ၏ ရယ်မောခြင်းကိုသာ လှုံ့ဆော်ပေးခဲ့သည်။
သူသည် ဤနေရာကို တတ်နိုင်သမျှ ရှောင်ရှားရန် အမြဲကြိုးစားခဲ့သည်။ မဟာထန်၏ တစ်ဦးတည်းသော အမျိုးသမီးနယ်စားတစ်ယောက်အနေဖြင့် ဝမ်ချောင်ပင်လျှင် သူမကို မထိန်းချုပ်နိုင်ပေ။ သူသာဆို ပြောစရာပင်မလိုချေ။
ဤတစ်ခေါက် ဤသည်ကို သူ့စိတ်ထဲမှ မေ့ပျောက်ရန် သူ မည်သို့ လုပ်ရမည်နည်း။
"အဲလိုပဲဖြစ်ရမှာပေါ့။ နင်အခုထွက်သွားလို့ရတယ်။"
ကောင်းမွန်သည့် အဖြေကို ရလိုက်သောအခါ နယ်စားငယ်ရီသည် ကျေနပ်စွာဖြင့် ပြုံးလိုက်သည်။
"ဝမ်ချောင် ငါကရော။ နင် ထောက်လှမ်းရေး ကွန်ရက်ကို ငါ့ဆီ ဘယ်တော့ လွှဲပေးမှာလဲ။"
ဝမ်ချောင်ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်တွင် နောက်ထပ်လူရိပ်တစ်ခုသည် ဝမ်ချောင်၏လမ်းကြောင်းကို ပိတ်ဆို့ထားခဲ့သည်။ သူမ၏ မျက်နှာသည် အေးစက်နေပြီး သူမ၏ မကောင်းသည့် ရည်ရွယ်ချက်များကို ပေါ်လွင်နေစေသည်။
သူမအနားတွင် ခန့်မှန်းမရနိုင်သော ကျင့်ကြံမှုအဆင့်ရှိသည့် အဘွားအိုတစ်ဦးသည် ဝမ်ချောင်ကို ရန်လိုစွာ စိုက်ကြည့်နေသည်။
ဓားသွားဖယ်ရှားခြင်းအိမ်တော်တစ်ခုလုံးတွင် ဝမ်ချောင်ကို ထိုသို့သောလေသံဖြင့် ပြောဆိုနိုင်ပြီး သူက ဘာမှပြန်မလုပ်နိုင်သည့် တစ်ဦးတည်းသော သူမှာ မင်းသမီးနီဟွမ်သာလျှင် ဖြစ်နိုင်သည်။
ဝမ်ချောင်သည် လီရီချိုနှင့် ပတ်သက်သည့် ကိစ္စရပ်တွင် အဓိကဖြစ်ပြီးနောက် ဤတော်ဝင်မင်းသမီးသည် ဝမ်ချောင်ကို စောင့်ကြည့်ရန် သူမကိုယ်ကိုယ် ဤနေရာတွင် ချုပ်နှောင်ရန် ပြတ်ပြတ်သားသား ရွေးချယ်ခဲ့သည်။
"မင်းသမီးလေး ဒီလိုအရာမျိုးက မရှိဘူးလို့ ကျွန်တော်ခင်ဗျားကို ပြောခဲ့ပြီးပြီ။ ဒီသတင်းက စစ်တပ်ကနေ ထွက်လာခဲ့တာ။"
ဝမ်ချောင်သည် အပြုံးဖြင့် စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။
"ငါ့ကို လိမ်ဖို့ကြိုးစားမနေနဲ့။ ငါ ဒီကိစ္စကို စုံစမ်းခဲ့ပြီးပြီ။ နင် ငါ့ကို လီရီချိုက အလင်းမဲ့တောင်မှာ ရှုံးနေတယ်လို့ ပြောခဲ့ချိန်တုန်းက ပိုက်ထင်ကာကွယ်ရေးအိမ်တော်ကတောင် ဒီသတင်းကို မရခဲ့သေးဘူး။ ရှေ့တန်းကတောင် ဒါကို မသိသေးတာကို နင်က ဘယ်လိုသောက်ကျိုးနည်း ဒီသတင်းကို ရလာခဲ့တာလဲ။"
မင်းသမီးနီဟွမ်သည် ဝမ်ချောင်၏ မုသားကို အေးစက်စွာ ထုတ်ဖော်လိုက်သည်။
သူမသည် တော်ဝင်မိသားစု၏ အလိုလိုက်ခံထားရသည့် မင်းသမီးလေးမျှသာ မဟုတ်ပေ။ လီရီချိုနှင့် ပတ်သက်သော ကိစ္စရပ်ကို အတည်ပြုပြီးနောက် သူမသည် ထိုကိစ္စကို စုံစမ်းရန် သူမ၏လူများကို မြောက်ဘက်သို့ ချက်ချင်းစေလွှတ်ခဲ့သည်။
သို့သော် သူမကို ထိတ်လန့်သွားစေသည်မှာ အလင်းမဲ့တောင်ရှိ ခံတပ်၏ ရှုံးနိမ့်မှုကို ပိုက်ထင်ကာကွယ်ရေးအိမ်တော်ကပင် မသိသေးဟူသော အမှန်တရားဖြစ်သည်။ သို့တိုင် မြို့တော်ရှိ လေ့ကျင့်ရေးစခန်းတွင် ခြေချုပ်မိနေသူလူတစ်ယောက်သည် ထိုသို့သော အချက်အလက်ကို ဆုပ်ကိုင်ထားနိုင်ခဲ့သည်။
ဤကိစ္စတွင် တစ်ခုခုလွဲချော်နေသည်ကို သူမ သတိမပြုမိပါက သူမ ရူးနေ၍သာဖြစ်ရပေမည်။
-------------------------