← Chapters

အခန်း (၃၅၁-၃၅၅)

Vol. 16 Ch. 351-355

အခန်း (၃၅၁-၃၅၅)

Vol. 16 Ch. 351-355

အပိုင်း ၃၅၁ ကျဆင်းလာသောသားကောင်

"ကြည့်ရတာ ငါတို့က အချိန်ကိုက်ရောက်လာကြတဲ့ပုံပဲ။"

မုတ်ဆိတ်အပြည့်ရှိသော တာ့ခ်လူမျိုးတစ်ယောက်က ဆူးချုံများမှ တိတ်ဆိတ်စွာ ထွက်ပေါ်လာခဲ့ကာ ပြောလိုက်သည်။

"အဟက် သူတို့က အစားအသောက်တွေ ပြင်ဆင်ဖို့ မီးပုံတောင် မွေးရဲသေးတယ်၊ သူတို့က သူတို့ဟာ ပျော်ပွဲစား ထွက်နေကြတာလို့ ထင်နေကြတာပဲ ဖြစ်ရမယ်။"

ကြံ့ခိုင်သန်မာသော ကိုယ်ခန္ဓာဖြင့် နောက်ထပ်မြင်းစီးဓားပြတစ်ယောက် သည်လည်း ဆူးချုံများမှ ထွက်ပေါ်လာခဲ့သည်။ သူ့တွင် ပုံမှန်မဟုတ်သော လေးထောင့်ပုံ မကျတကျ မျက်နှာရှိသော်လည်း အခြားလက္ခဏာသွင်ပြင်များက သူသည် စစ်မှန်သော ဟန်လူမျိုး တစ်ယောက်ဖြစ်ကြောင်း ဖော်ပြနေသည်။

"အမှန်ပဲ ငါတို့စစ်ရေးအကြံပေးရဲ့ အစီအစဥ်တွေက ဘယ်တုန်းက လွဲချော်သွားခဲ့ဖူးလို့လဲ။ ဟီးဟီးဟီး ပင်မတပ်တွေက သူတို့ကို တိုက်ခိုက် နေချိန်မှာ သူတို့ရဲ့ ထွက်ပြေး လွတ်မြောက်ရာလမ်းကို ပိတ်ဆို့ဖို့ ငါတို့ကိုတောင်တဝိုက် ရှည်လျားစွာ ကွေ့ပတ်သွားခိုင်းခဲ့တာက တကယ့်ကို ပညာရှိတဲ့ ဆုံးဖြတ်ချက်တစ်ခုပဲ။ ဒီနည်းနဲ့ ငါတို့ဟာ တစ်ပြိုင်တည်းမှာ သူတို့တစ်ယောက်မှ မလွတ်မြောက် နိုင်ကြောင်း သေချာစေပြီး သူတို့တပ်သားတွေကြား ထိတ်လန့်မှုကို ဖြစ်စေနိုင်တယ်။ ဒါပေမယ့်လည်း ငါ့မှာ ပိုပြီးတော့တောင်ကောင်းတဲ့ စိတ်ကူးတစ်ခုရှိတယ်။"

ရက်စက်သည့် အပြုံးတစ်ခုက တာ့ခ်လူမျိုး၏ နှုတ်ခမ်းပါးတွင် ချိတ်ဆွဲလာခဲ့ပြီး သူတို့အောက်ရှိ တလူလူတက်နေသော မီးခိုးငွေ့ကို ကြည့်လိုက်သည်။

"ဖြစ်နိုင်တာက ငါတို့ဟာ ဒီအချိန်မှာ ရုတ်ချည်းတိုက်ခိုက်မှုတစ်ခုကို လုပ်ဆောင်ဖို့ သူတို့ရဲ့ သတိကင်းလွတ်နေမှုကို အသုံးချနိုင်လောက်တယ်။ သူတို့က ဘယ်လောက်ပဲ ကြောက်ဖို့ကောင်းပါစေ ငါတို့က ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာလိမ့်မယ်လို့ တွေးထားမိကြမှာ မဟုတ်ဘူး။ ငါတို့က သူ‌တို့ရဲ့ တပ်သားတစ်ဝက်လောက်ကို သတ်ဖြတ်နိုင်သရွေ့ ကျန်တာတွေက ငါတို့ကို လုံးဝခြိမ်းခြောက်နိုင်တော့မှာ မဟုတ်ဘူး။"

"ဟူလန် မင်း ရူးနေလား။"

ထိုစကားများကို ကြားသည်နှင့် ဟန်လူမျိုးမြင်းစီးဓားပြသည် အံ့အားသင့်စွာ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

"မင်း ငါတို့စစ်ရေးအကြံပေးရဲ့ အစီအစဉ်တွေကို ပြောင်းလဲဖို့ ကြိုးစားနေတာလား။"

"ချန်တာအို မင်း မြောက်ပိုင်း နယ်စပ်တွေကို အရင်က တစ်ခါမှမရောက်ခဲ့ဖူးတော့ ဝံပုလွေတွေအမဲလိုက်တာက ဘယ်လောက်ရက်စက်သလဲဆိုတာ မင်းမြင်ဖူးမှာမဟုတ်ဘူး။ သူတို့ရဲ့သားကောင်ကို ပစ်မှတ်ထားပြီးနောက်မှာ သူတို့ဟာ သူတို့ကိုယ်သူတို့ သစ်ပင်တွေ၊ ကျောက်တုံးကြီးတွေ နဲ့ ချုံပုတ်တွေရဲ့နောက်ကွယ်မှာ ပုန်းအောင်ကြလိမ့်မယ် ပြီးရင် သူတို့ရဲ့သားကောင်ဆီသို့ တဖြည်းဖြည်းချဉ်းကပ်ကြလိမ့်မယ်။ အဲမှာ သူတို့ရဲ့သားကောင်က သတိလျော့ကျလာတဲ့အခါမှသာ သူတို့ဟာ နောက်ကနေ ရုတ်တရက်ပေါ်လာပြီး ရုတ်ချည်းတိုက်ခိုက်မှုကို ပြုလုပ်ကြလိမ့်မယ်။ ဒီအမဲလိုက်နည်းစနစ်နဲ့ အဲဒီဝံပုလွေတွေရဲ့မျက်လုံးကနေ လွတ်မြောက်နိုင်တဲ့ သားကောင်မျိုး မရှိသလောက်ရှားတယ်။"

"သူတို့က အယောက်လေးဆယ်ပဲ ရှိတယ်၊ ပြီးတော့ အနည်းဆုံး သူတို့တစ်ဝက်လောက်က ခုချိန်မှာ မြင်းပေါ်မှာမရှိနေကြသလို သူတို့ရဲ့လက်နက်တွေကလည်း သူတို့နဲ့အတူ မရှိနေကြဘူး။ ဒါက တိုက်ခိုက်ဖို့အကောင်းဆုံးအချိန်ပဲ ငါတို့ ဒီ့ထက်ပိုကောင်းတဲ့အခွင့်အရေးကို ရနိုင်တော့မှာမဟုတ်ဘူး။ တကယ်လို့ တူရကီ(တာခ့်)စစ်တပ်က လွင်ပြင်မှာ ဒီလိုအခြေအနေမျိုးကြုံခဲ့ရင် သူတို့က ဒီလိုအခွင့်အရေးကို သူတို့ရဲ့ လက်ထဲကနေ ဘယ်တော့မှ လွတ်ထွက်သွားစေမှာမဟုတ်ဘူး။"

"တကယ်လို့ စစ်ရေးအကြံပေးက ဒီမှာရှိခဲ့ရင် သူကလည်း ဒီဆုံးဖြတ်ချက်ကို သေချာပေါက် သဘောတူလိမ့်မယ်။"

ဟူလန်သည် ဆင်ခြေပေးလိုက်ကာ နှုတ်ခမ်းသပ်လိုက်သည်။ ထိတ်လန့်စရာကောင်းလောက်အောင် သူ၏ ရှည်လျားပြီး နီမြန်းသော လျှာသည် နှာတံဖျားအထိ ရောက်ရှိသွားခဲ့သည်။

ဟန်လူမျိုးမြင်းစီးဓားပြသည် အတွေးထဲ ကျရောက်သွားခဲ့၏။

အချိန်အတော်ကြာ တွေးတောပြီးနောက် ဟန်လူမျိုးမြင်းစီးဓားပြ ပြန်ဖြေလိုက်သည်။

"ငါတို့ မလှုပ်ရှားခင် စစ်ရေးအကြံပေးရဲ့ ထင်မြင်ချက်ကို တောင်းခံသင့်တယ်လို့ ငါ ထင်နေတုန်းပဲ။"

သူ့တွင် စစ်ရေးအကြံပေးအတွက် နက်ရှိုင်းသည့် လေးစားသမှုရှိပေသည်။ ယင်းက ထိုလူ၏အစီအစဉ်များကို ပြင်ဆင်ပြောင်းလဲရန် သူ့ကို အလိုလို သဘောမတူဖြစ်သွားစေသည်။

"ဒီကိစ္စမှာ မင်း ဘာလို့ ငါတို့စစ်ရေးအကြံပေးရဲ့ သဘောတူညီချက်ကို တောင်းခံချင်နေရသလဲဆိုတာ ငါနားလည်ပါတယ်။ သူက တကယ့်ကို အရမ်းတော်တဲ့လူတစ်ယောက်ပဲ ငါ့မှာလည်း သူ့အတွက် နက်ရှိုင်းတဲ့ လေးစားသမှုရှိပါတယ်။ ဒါပေမယ့် အချိန်က ငါတို့ဘက်မှာမရှိဘူး သူတို့က တစ်ညလုံး စားသောက်နေကြမှာ မဟုတ်ဘူး။ သူ့ဆီကနေ အဖြေတစ်ခုကို ငါတို့ ရရှိချိန်မှာ အချိန်က လွန်သွားခဲ့ပြီ ဖြစ်လိမ့်မယ်။ ဒါမှမဟုတ် မင်းက ဒီကိစ္စကို ငါတို့ရဲ့စစ်ရေးအကြံပေးဆီ တင်ပြဖို့ အတိုဆုံးလမ်းကို ဒုန်းဆိုင်သွားဖို့ ရည်ရွယ်ထားတာလား။"

"ဒါပေမယ့် မင်း အဲလိုလုပ်ရင် ငါတို့ကို ရန်သူက သတိပြုမိသွားဖို့ အခွင့်အရေးများတယ်။ ဒီလိုဆို ငါတို့ရဲ့ အားထုတ်မှုအကုန်လုံးက အလကားဖြစ်သွားလိမ့်မယ်။"

ဟူလန် မျက်စိမှေးလျက် ပြောလိုက်သည်။

မြက်ခင်းပြင်များကို အုပ်ချုပ်သော တာ့ခ်လူမျိုးများသည် ဟန်လူမျိုးများ ကဲ့သို့ ထုံးတမ်းအစဉ်အလာ မရှိသော်လည်း စစ်ပွဲနှင့်ပတ်သက်သည့် မည်သည့် အရာအတွက်မဆို ထက်မြက်သော ဗီဇရှိကြသည်။

အမှန်တွင် သံမဏိဝတ်ရုံ မြင်းစီးဓားပြများအတွင်း၌ ဟူလန်သည် တိုက်ပွဲဒီရေအတက်အကျနှင့် စပ်လျဉ်း၍ သန်မာသောဗီဇရှိသည့် ရှားပါးသောလူအနည်းငယ်ထဲမှ တစ်ဦးလည်းဖြစ်သည်။ ခေါင်းဆောင်သံမဏိဝတ်ရုံလီပင် သူ့အတွက် ချီးကျူးစကားများ ပြည့်နှက်နေခဲ့သည်။

အမှန်တွင် သူ၏ ရက်စက်ခြင်း၊ ရဲစွမ်းသတ္တိနှင့် တိုက်ပွဲကို သဘောပေါက်နားလည်မှုတို့ကြောင့် သူသည် ညီအစ်ကိုများကြားတွင် အထင်တကြီးလေးစားခံခဲ့ရသည်။ တစ်နည်းအားဖြင့် ဟူလန်ကို ခေါင်းဆောင်သံမဏိဝတ်ရုံလီနှင့် စစ်ရေးအကြံပေးကျောက်အန်း တို့အောက် တစ်ဆင့်နိမ့်သည့် သံမဏိဝတ်ရုံမြင်းစီးဓားပြများ၏ တတိယမြောက်ကွပ်ကဲသူအဖြစ်လည်း ယူဆနိုင်ပေသည်။

ဟူလန်၏ ပြောင်မြောက်လှသော တိုက်ပွဲအာရုံခံစားနိုင်မှုကြောင့် နောက်မှနေ၍ မဟာထန်မြင်းစစ်သည် များကို ပိတ်ဆို့ရန် ဤစစ်ဆင်ရေး၏ ခေါင်းဆောင်အဖြစ် သူ့ကို ရွေးချယ်ခဲ့ခြင်းလည်းဖြစ်သည်။

"ချန်တာအို ခုချိန်မှာ ရွေးချယ်စရာ နှစ်ခုပဲရှိတယ်။ ပထမ ငါတို့က ရန်သူရဲ့နံပါးကို ရှောင်တိမ်းပြီး ငါတို့ရဲ့ ရှေ့တန်းကနေ အတူတကွတိုက်ခိုက်ဖို့ အချက်ပြတာကို စောင့်တာ။ ဒီအစီအစဉ်က အန္တရာယ်နည်းတာတော့ အမှန်ပဲ၊ ငါတို့က အဲဒီမြင်းစစ်သည် အကုန်လုံးကို သတ်ဖြတ်နိုင်မှာ သေချာလုနီးပါးပဲ။ ဒါပေမယ့်လည်း ငါတို့ရဲ့ရန်သူက အခုလို မပြင်ဆင် ရသေးတာတော့ ဟုတ်တော့မှာ မဟုတ်ဘူး။ ရှေ့တန်းက ငါတို့ရဲ့ညီအစ်ကိုအများအပြားဟာ သူတို့ရဲ့တိုက်ခိုက်မှုမှာ သေဆုံးကြရလိမ့်မယ်။"

"စစ်ရေးအကြံပေးက သူတို့ကို အနောက်ကနေ ပိတ်ဆို့နိုင်ဖို့ရုံလောက်နဲ့ အဝေးကြီးကွေ့ပတ်သွားဖို့ ငါတို့ကို ဘာလို့ အမိန့်ပေးခဲ့ရသလဲဆိုတာကို စဉ်းစားကြည့်ပါ။ ဒါက ငါတို့ရဲ့ ရန်သူတွေက လွယ်ကူတဲ့ပစ်မှတ်တွေ မဟုတ်ဘူးဆိုတာကို ပြသနေတာပဲ။"

"ဒုတိယအနေနဲ့ ငါတို့က သူတို့မပြင်ဆင်ရသေးတဲ့အချိန်မှာ အခုပဲ တိုက်ခိုက်မှုကို စတင်ပြီး သူတို့ကို သတ်ပစ်တာ။ သူတို့ကို ထွက်ပြေးတာ ကနေ ဟန့်တားဖို့က နောက်ကနေ သူတို့လမ်းတွေကို ပိတ်ဆို့ဖို့ လူသုံးဆယ်ပါတဲ့တပ်စုကို ငါ စေလွှတ်လိုက်မယ်။ တစ်ချိန်တည်းမှာပဲ ငါတို့ရဲ့တိုက်ခိုက်မှုအလယ်မှာ စစ်ရေးအကြံပေးဆီ စစ်ကူတွေ ချက်ချင်းပေးပို့နိုင်စေဖို့ မင်း အချက်ပြလို့ရတယ်။ ဒါက လက်ရှိမှာ အကောင်းဆုံးရွေးချယ်မှုလို့ ငါထင်တယ်။"

"ဒီရွေးချယ်မှုကနေ ငါတို့ညီအစ်ကိုတို့ရဲ့ သွေးထွက်သံယိုဖြစ်မှုတွေကို ငါတို့ လျှော့ချနိုင်တယ်။ ဒါပေမယ့် သေချာပေါက်ပဲ ဒါက စစ်ရေး အကြံပေးရဲ့အမိန့်တွေကို ဆန့်ကျင်နေလိမ့်မယ်။ ကဲ..ငါပြောစရာရှိတာပြောပြီးပြီ။ မင်းရွေးချယ်တော့။"

ဟူလန်သည် သူ့ဘေးရှိ ဟန်မြင်းစီးဓားပြကို စိတ်ရှည်စွာ ကြည့်နေခဲ့သည်။

သံမဏိဝတ်ရုံမြင်းစီးဓားပြတွင် လူနှစ်ယောက်ကို တပ်စုခေါင်းဆောင်များအဖြစ် ခန့်ထားသည်မှာ ပုံမှန်ဖြစ်သည်။ တပ်စုက တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်းမပြုမီ သူတို့နှစ်ဦး သဘောတူညီမှုရရှိရန် လိုအပ်ကြောင်း စည်းမျဉ်းများက ညွှန်ကြားထားသည်။

ဟန်လူမျိုးမြင်းစီးဓားပြသည် ခေါင်းထဲတွင် လွန်ဆွဲနေခဲ့ကာ အချိန်အတော်ကြာ တွေးတော နေခဲ့သည်။ နောက်ဆုံးတွင် သူအံကြိတ်လိုက်ပြီး

"မင်းအကြံပြုတဲ့အတိုင်း လုပ်ကြတာပေါ့။"

ဤအရာက သူ့ကို အမိန့်နာခံမှုမရှိဟု ခံစားစေခဲ့သော်လည်း ဟူလန် အမှန်အတိုင်းပြောခဲ့သည့် ကိစ္စတစ်ခုရှိသည်။ မဟာထန်မြင်းစစ်သည်များသည် ယခုအချိန်၌ အမှန်ပင် ဖရိုဖရဲဖြစ်နေသည့် အနေအထားတွင်ရှိနေသည်။

အကယ်၍ သူတို့ ခုချက်ချင်း တိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ခဲ့ပါက အောက်သို့ တဟုန်ထိုး ချီတက်တိုက်ခိုက်မှုမှ အကျိုးကျေးဇူးများကို အသုံးချ၍ အသေအပျောက် နည်းပါးအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

"ဟီးဟီး ချန်တာအို မင်း အမြော်အမြင်ရှိတဲ့ ဆုံးဖြတ်ချက်ကို ပြုလုပ်ခဲ့တာပဲ။"

ဟူလန် ရယ်မောလိုက်ပြီး ချန်တာအိုက ဤရွေးချယ်မှုကို ပြုလုပ်မည်ကို မျှော်လင့်ထားပုံပေါ်သည်။ သူ့မြင်းဇက်ကြိုးကိုဆွဲကာ ဆူးချုံများဆီသို့ ပြန်ဆုတ်သွားခဲ့သည်။

"ညီအစ်ကိုတို့ ကိုယ့်ကိုယ်ကို ပြင်ဆင်ထားကြပါ"

ချုံနွယ်များနောက်တွင် ထွားကြိုင်းသော မြင်းစီးဓားပြများစွာတို့သည် အားကောင်းသော မြင်းများပေါ်တွင် ထိုင်နေခဲ့ကြသည်။ ရက်စက်ကြမ်းကြုတ်မှုက သူတို့၏ မျက်နှာများပေါ်တွင် ထင်ဟပ် နေခဲ့ကြပြီး သူတို့၏အရှိန်အဝါများက သူတို့၏ မယုံနိုင်စရာခွန်အားကို ဖော်ပြနေခဲ့သည်။ သူတို့၏ မြင်းခွာများအောက်တွင် အစစ်အမှန် သိုင်းချီစက်ကွင်းများ၏ စက်ဝိုင်းများ ရှိနေခဲ့ကြသည်။

...

"သူတို့ကိုသတ်"

မြင်းများ၏ ကဆုန်ပေါက်ပြေးလွှားနေမှု အောက်တွင် ကမ္ဘာမြေကြီးသည် တုန်ခါသွားခဲ့ပြီး သစ်တောများက လှုပ်ခါသွားခဲ့သည်။ ရှစ်ဆယ်သော အစစ်အမှန်သိုင်းပညာနယ်ပယ်သံမဏိဝတ်ရုံမြင်းစီးဓားပြတို့သည် သူတို့၏ ရန်သူများဆီသို့ တောင်ထိပ်မှနေ၍ လှိမ့်ဆင်းလာခဲ့ကြသည်။

မတ်စောက်သောတောင်စောင်းက သူတို့မြင်းများ၏ အကောင်းဆုံး မြန်နှုန်းကို ထုတ်ဖော်စေနိုင်ခဲ့သည်။ ကျန့်သုံးဆယ်အတွင်းမှာပင် သူတို့သည် မယုံနိုင်စရာကောင်းသည့် အဟုန်တစ်ခုကိုရရှိခဲ့ကြပြီဖြစ်သည်။

ဟောင်းလောင်လောင်

ကြီးမားသည့်ဖုန့်မှုန့်တိမ်တိုက်ကြီးက လေထုထဲ မြင့်တက်သွားခဲ့သည်။

ကျန့်ငါးဆယ်...ကျန့်ခုနစ်ဆယ်..

တခဏလေးအတွင်းမှာပင် မြင်းစီးဓားပြများသည် မဟာထန် မြင်းစစ်သည်များ၏စခန်းဆီသို့ အကွာအဝေးတစ်ဝက်လောက်ကို ရောက်ရှိခဲ့ကြပြီး သူတို့သည် အရှိန်တိုးလာနေကြဆဲဖြစ်သည်။ သူတို့ရွေ့လျားနေသော အရှိန်ဖြင့် မြင်းစစ်သည်များသည် ဤတိုက်ခိုက်မှုကို အချိန်မီ တုံ့ပြန်နိုင်ကြမည်မဟုတ်ပေ။

"ညီအစ်ကိုတို့ သူတို့ကို ချေမှုန်းကြ"

"စစ်ရေးအကြံပေးက ငါ့ကိုပြောခဲ့တယ် သူတို့မှာ ရွှေပြား သန်း တော်တော်များများ ရှိတယ်တဲ့။"

"သူတို့ကို တစ်ယောက်မှ ထွက်မပြေးစေနဲ့"

"သူတို့ကို အမြစ်ဖြတ်သုတ်သင်ကြ"

တဟုန်ထိုးချီတက်လာနေသည့် မြင်းစီးဓားပြများအောက်တွင် လေပြင်းများ ဝေ့ခနဲ တိုက်ခတ်သွားခဲ့ပြီး ကြွေကျနေသည့်သစ်ရွက်များနှင့် မွစာကြဲနေသော မြက်များကို တိမ်ပေါ်အထိ လွင့်ပျံသွားစေသည်။ မြင်းစီးဓားပြများသည် သူတို့၏ သွေးကြောများထဲတွင် အရှိန်မြင့်တက်လာနေသည့် တိုက်ပွဲကြီးကို မျှော်မှန်းလျက် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။

ဝမ်ချောင်သည် မဟာထန် မြင်းစစ်သည်များ၏ တိုက်ခိုက်ခြင်း စွမ်းအားကို အမြင့်ဆုံးသို့ရောက်ရန် အောက်သို့ တဟုန်ထိုး ပြေးဆင်းချီတက်တိုက်ခိုက်မှုကို အသုံးချနိုင်ခဲ့သောကြောင့် မြင်းစီးဓားပြများသည်လည်း အလားတူလုပ်ဆောင်နိုင်ကြပေသည်။

နောက်ဆုံးတွင် သူတို့၏ အရှိန်များ အကန့်အသတ်သို့ရောက်သွားသည်နှင့် သူတို့သည် သူတို့၏လမ်းတွင် တည်ရှိနေသော ကျောက်တုံးကြီးများကို အလွယ်တကူ ကန်ထုတ်ပစ် နိုင်ခဲ့ကြသည်။ တောင်ခြေရှိ အသွေးအသားများဖြင့် တည်ဆောက် ထားသော လူများဆိုလျှင် ပြောစရာပင် မလိုပါချေ။

အစကတည်းက မြင်းစီးဓားပြများသည် ဤတိုက်ပွဲတွင် ပြတ်ပြတ်သားသား တစ်ပန်းသာနေခဲ့ကြပေသည်။

---

"တင်ပြပါတယ် ရန်သူတွေက တောထဲမှာ သူတို့ရဲ့ အစားအသောက်တွေ ပြင်ဆင်နေတာကို ကျွန်တော်တို့ တွေ့ရှိခဲ့ပါတယ်။"

ဤအချိန်၌ တော်တော်လေး ဝေးကွာသည့် အကွာအဝေးတစ်ခုတွင် ရင်ဘက်ကျယ်သော မြင်းစီးဓားပြ‌ ထောက်လှမ်းသူတစ်ယောက်သည် လူအုပ်ကြီးကို ဖြတ်ကျော်ကာ သူ စုဆောင်းခဲ့သည့် သတင်းအချက်ကို စစ်ရေးအကြံပေးကျောက်အန်းထံ တင်ပြလိုက်သည်။

"တင်ပြပါတယ်.. လူကြီးမင်းဟူလန်နဲ့ လူကြီးမင်းချန်တာအိုတို့က ရန်သူရဲ့လက်ရှိ ဖရိုဖရဲဖြစ်နေတဲ့ အခြေအနေကို အသုံးချဖို့ ရည်ရွယ်ထားကြပြီး စစ်ရေးအကြံပေးရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရရှိဖို့ မျှော်လင့်ထားကြကြောင်း သတင်းပို့လိုက်ပါတယ်။"

ဤအချိန်မှာပင် နောက်ထပ် မြင်းစီးဓားပြတစ်ယောက်သည် သူ့မြင်းပေါ်မှ ခုန်ဆင်းလာခဲ့ပြီး သံမဏိဝတ်ရုံလီနှင့် ကျောက်အန်းတို့ထံ လျင်မြန်စွာပြေးလာခဲ့သည်။

သတင်းအချက်အလက်နှစ်ခုတို့သည် တစ်ပြိုင်တည်းနီးပါး ရောက်လာခဲ့ကြသည်။

"ဘာ"

ထိုသတင်းကို ကြားသည်နှင့် ကျောက်အန်း၏မျက်နှာသည် ထိတ်လန့်တကြားဖြင့် ချက်ချင်းပျက်ယွင်းသွားခဲ့သည်။

ထိုသည်မှာ သူ ပေးခဲ့သည့် အမိန့် မဟုတ်ပေ။ သို့သော် သူ မတုံ့ပြန်နိုင်မီမှာပင် အဝေးမှ နားအူမတတ် တိုက်ပွဲ ကြွေးကြော်သံများနှင့် ကမူးရှူးထိုး ပြေးလွှားသံများကို သူ ရုတ်တရက် ကြားလိုက်ရသည်။ သူ အေးခဲသွား၏။

'အရမ်းမြန်လွန်းတယ်။'

အရာအားလုံးတို့သည် အလွန် လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့ကြသည်။

ထို့အပြင် ကိစ္စတစ်ခုလုံးက သူ့ ထိန်းချုပ်မှုမှ လွတ်ထွက်နေပုံရသည်။

"ကျောက်အန်း အခု ဘာဆက်လုပ်ကြမလဲ။"

သံမဏိဝတ်ရုံလီသည်လည်း မှင်သက်သွားခဲ့သည်။ သူသည် ကျောက်အန်း၏ အစီအစဉ်ကို သိရှိထားပြီး လက်ရှိဖြစ်ရပ်က ထိုထဲတွင် မပါဝင်နေပေ။

ဟူလန်နှင့် ချန်တာအိုတို့သည် သူတို့သဘောနှင့်သူတို့ လုပ်ဆောင်နေခဲ့ကြခြင်းဖြစ်သည်။

သို့သော် မည်သို့ဆိုစေကာမူ ဟူလန်နှင့် ချန်တာအိုတို့သည် နှစ်ပေါင်းများစွာ သူ့ငယ်သားများဖြစ်ခဲ့ကြသည်။ ထို့ကြောင့် သူတို့တွင် ထိုသို့ ပြုလုပ်ရခြင်းအတွက် သူတို့ အကြောင်းပြချက်နှင့်သူတို့ ရှိရမည်ဟု သူ ယုံကြည်ပေသည်။

ဤအချိန်တွင် ကျောက်အန်း၏ စိတ်ထဲ၌ မုန်တိုင်းတစ်ခု တိုက်ခတ်နေခဲ့ကာ အချိန်သည် ရပ်တန့်သွားခဲ့ပုံရသည်။ သူ့အစီအစဉ်တွင် လွဲချော်မှုတစ်ခု ပေါ်လာခဲ့ပေသည်။

မဟာထန်မြင်းစစ်သည်များသည် အစားအသောက်ပြင်ဆင်နေကြကြောင်း ယခင်ကင်းထောက်က အစီရင်ခံခဲ့သည်။ ဟူလန်နှင့် ချန်တာအိုတို့သည် ထိုအရာကြောင့် သဘောတူညီထားခဲ့သည့် အစီအစဉ် အပြင်ဘက်မှ လုပ်ဆောင်ရန် ရွေးချယ်ခဲ့ကြပုံပေါ်သည်။

ထိုသို့ဆိုပါက ၎င်းသည် ဟူလန်နှင့် ချန်တာအိုတို့၏ တပ်ဖွဲ့အတွက် တိုက်ခိုက်ရန် ကောင်းမွန်သည့် အခွင့်အရေးတစ်ခု အမှန်တကယ် ဖြစ်ပေလိမ့်မည်။ ကျောက်အန်းပင်လျှင် ထိုသည်နှင့်ပတ်သက်၍ ဘာမျှ ပြောစရာရှိမည်မဟုတ်ပေ။

"ငါ မင်းကို မေးပါရစေ မင်း ရှေ့ကို ထောက်လှမ်းနေချိန် အစားအသောက် အနံ့ကို အနံ့ခံခဲ့မိလား။"

ကျောက်အန်း ရုတ်တရက်မေးလိုက်သည်။

"အာ"

စစ်ရေးအကြံပေးက ထိုကဲ့သို့သော ထူးဆန်းသည့် မေးခွန်းကို မေးမည်ဟု မမျှော်လင့်ထားခဲ့သောကြောင့် မြင်းစီးဓားပြကင်းထောက်သည် တခဏမျှ မှင်သက်သွားခဲ့သည်။

"အဲဒါက... ကျွန်တော် အရမ်းကြီးနီးကပ်မသွားရဲခဲ့ဘူး ဒါကြောင့် ကျွန်တော် ဘာအနံ့မှမရခဲ့တာဖြစ်နိုင်တယ်..."

"သေစမ်း အဲကောင်စုတ်က အရမ်းဉာဏ်များတာ။ ဟူလန်နဲ့ ချန်တာအိုတို့က သူ့ပရိယာယ်ထဲ ကျဆင်းသွားခဲ့ကြပြီ။"

ထိုစကားများကို ကြားပြီးနောက် ကျောက်အန်း၏မျက်နှာသည် ဒေါသဖြင့် ဆိုးရွားသွားခဲ့သည်။

"ခေါင်းဆောင် ကျွန်တော်တို့ ညီအစ်ကိုတွေကို ခုချက်ချင်း ခေါ်သွားမှရမယ် ဒီလိုမှမဟုတ်ရင် ဟူလန်နဲ့ တခြားသူတွေကို ကယ်တင်ဖို့ ကျွန်တော်တို့ အရမ်းနောက်ကျ သွားနိုင်တယ်။ ကျန်တဲ့သူတွေအနေနဲ့ တောင်စောင်းပေါ်မှာရှိတဲ့ မြင်းစစ်သည်တွေကို ခွန်အားအပြည့်နဲ့ တိုက်။"

ကျောက်အန်း အမိန့်ပေးလိုက်သည်။ သူ၏ တည်ငြိမ်အေးဆေးလေ့ရှိသော မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခု ပေါ်နေခဲ့သည်။

"ဘယ်လို"

ထိုစကားကိုကြားသည်နှင့် ကျောက်တုံးကြီးနားတွင် စုဝေး နေခဲ့ကြသည့် မြင်းစီးဓားပြများ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။ သံမဏိဝတ်ရုံလီပင်လျှင် ကျောက်အန်း၏ ဗြုန်းစားအမိန့်များကြောင့် အံ့အားသင့်သွားခဲ့သည်။

--------------------------

အပိုင်း ၃၅၂ ချုံခိုတိုက်ခိုက်ခြင်း

သံမဏိဝတ်ရုံလီသည် ကျောက်အန်း၏ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို ဘယ်တုန်းကမှသံသယမဝင်ခဲ့ဖူးပေ။ ထို့ထက်ပို၍အရေးကြီးသည်မှာ ထိုလူများသည် သူ့လက်အောက်ရှိ လက်ရွေးစင်များဖြစ်ကြသည်။ သူတို့အများစုမှာ အစစ်အမှန်သိုင်းပညာနယ်ပယ်တွင် ဖြစ်ကြသည်။

ထိုလူများကို စည်းရုံးရန် သူ့အတွက် လွယ်ကူမနေခဲ့ပေ။

ကျား

တုံ့ဆိုင်းမနေဘဲ သံမဏိဝတ်ရုံလီသည် သူရပ်နေသည့် ကျောက်တုံးကြီးပေါ်မှ ခုန်ဆင်းလိုက်ပြီး သူ့ကြက်သွေးရောင်ကောင်းကင်ဘုံမြင်းပေါ်သို့ ဆင်းသက်လိုက်သည်။ မြင်းဇာက်ကြိုးကို ဆွဲလိုက်ကာ သူချက်ချင်း ရှေ့သို့ ဒုန်းဆိုင်းလိုက်သည်။

"အဆိပ်ပြင်းမြွေနဂါးနဲ့ ရဲရဲတောက်အရက်သမားတို့က ငါ့နောက်လိုက်ကြမယ်။ တခြားလူတွေက တောင်စောင်းပေါ်မှာရှိတဲ့ မြင်းစစ်သည်တွေကို အားကုန်သုံးပြီး ချေမှုန်းကြ။"

မိုးချုန်းသံနှင့်ဆင်တူသော ပဲ့တင်ထပ်နေသည့်အသံက သစ်တောတစ်လျှောက် ပေါက်ကွဲသွားခဲ့ကာ တောင်စောင်းပေါ်ရှိ ရှုကန်း၊ ဟွမ်ရုံတုနှင့် အခြားမဟာထန်မြင်းစစ်သည်များကို ကြက်သေသေသွားစေခဲ့သည်။

ဘာတွေဖြစ်ပျက်နေသည်မှာ မသေချာသော်လည်း ပြဿနာကြီးတစ်ရပ်က သံမဏိဝတ်ရုံမြင်းစီးဓားပြများတွင် ပေါ်ပေါက်လာခဲ့ပုံရသည်။

"ဘာတွေ သောက်ကျိုးနည်းဖြစ်နေတာလဲ။"

ဟွမ်ရုံတု ထိတ်လန့်တကြားဖြင့် မျက်လုံးများပြူးကျယ်သွားခဲ့သည်။

"အဲဒါ‌တွေထားလိုက် ရန်သူတွေက တိုက်ခိုက်တော့မယ်။ လူတိုင်းပဲ ကိုယ့်ကိုယ်ကို ပြင်ဆင်ထားကြပါ။"

ကျန်းလင် စိုးရိမ်တကြီးဖြင့် အော်ပြောလိုက်သည်။

လူအရေအတွက်တွင် ကြီးစွာအရေးမသာမှုကြောင့် သူတို့၏ ခံစစ်စည်းကို ခိုင်မာစွာ တောင့်ခံထားသည်ကလွဲ၍ သူတို့ လုပ်နိုင်သည့်အရာ အနည်းငယ်သာရှိပေသည်။

ဝမ်းးး

သံမဏိဝတ်ရုံလီဆီမှ အမိန့်ကြောင့် ဓားပြများသည် မဟာထန်မြင်းစစ်သည်နှစ်ဆယ့်ခြောက်ယောက်ထံသို့ ဒေါသတကြီးဖြင့် နောက်တစ်ကြိမ် စတင် ချီတက်လာကြသည်။

ဤအခိုက်တွင် မဟာထန်မြင်းစစ်သည်များသည် သူတို့၏ တိုက်ပွဲပုံစံသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိသွားခဲ့ကြပြီး ဖြစ်သည်။ ယခင် ထိပ်တိုက်တိုက်ပွဲများမှနေ၍ သူတို့သည် ဓားပြများနှင့် မြင်းစီးဓားပြများကို ထိရောက်စွာထိန်းချုပ်ဟန့်တားနိုင်စေမည့် စစ်ရေးနည်းဗျူဟာများကို လေ့လာထားခဲ့ကြပြီဖြစ်သည်။ တိုက်ပွဲသည် နောက်ဆုံးတွင် ရှုံးနိမ့်သွားဖွယ်ရှိသော်လည်း သူတို့သည် ရန်သူ့အပေါ် ကြီးမားသော ဆုံးရှုံးမှုကို ခံစားရစေရန် စိတ်ပိုင်းဖြတ်ထားခဲ့ကြသည်။

တစ်ဖက်တွင်မူ သံမဏိဝတ်ရုံလီခေါ်ခဲ့သော လက်ရွေးစင်တပ်ဖွဲ့များသည်လည်း လျင်မြန်စွာ စုစည်းလိုက်ကြပြီး သူနှင့်အတူ အဓိကလမ်းမကြီးဆီသို့ ‌ဒုန်းဆိုင်းလိုက်ကြသည်။

ကျောက်အန်း၏ ပင်ကိုယ်သိစိတ်များသည် မှားယွင်းသည်မှာ ရှားပါး၏။ ထို့ကြောင့် သံမဏိဝတ်ရုံလီ အတတ်နိုင်ဆုံး လျင်မြန်စွာ လှုပ်ရှားလိုက်ခြင်းပင်။

ကျန့်ရာဂဏန်းမျှသာဝေးသော စခန်းနှစ်ခုကြားရှိ ဉာဏ်ပညာယှဉ်ပြိုင်မှုတစ်ခုဖြစ်သော်လည်း သူတို့သည် နောက်ဆုံးအနိုင်ရရှိသူဖြစ်ခဲ့ကြပုံမပေါ်ပေ။

သံမဏိဝတိရုံလီသည် အဓိကလမ်းမကြီးရှိ လမ်းကွေ့ကို ကွေ့လိုက်ပြီးနောက် အဝေးမှ နားအူမတတ် အော်သံများကို ရုတ်တရက် ကြားလိုက်ရသည်။

"သူတို့ကိုသတ်"

ပြင်းထန်သည့် အသံတစ်ခုက သစ်တော၏ ညာဘက်ခြမ်းမှ အော်ဟစ်လိုက်သည်။ အားကောင်းသည့် လေပြင်းတစ်ခုက ထိုနေရာတစ်လျှောက် တိုက်ခတ်သွားခဲ့ပြီး သစ်ခက်သစ်ရွက်များက ၎င်း၏ခွန်အားကို ရင်ဆိုင်လိုက်ရသည်နှင့် ယိမ်းထိုးသွားခဲ့ကြသည်။

ဟောင်းလောင်လောင်

မြေပြင်သည် ယမ်းခါသွားခဲ့ပြီး မရေမတွက်နိုင်သော ငှက်များက သစ်တောထဲမှ အလန့်တကြားဖြင့် တဟုန်ထိုးပျံထွက်သွားခဲ့ကြသည်။ ထိုအခိုက်အတန့်တွင် မြင်းစီးဓားပြများသည် တောအုပ်အတွင်း ကြီးမားသော မြေပြိုမှုတစ်ခု ဖြစ်ပွားသွားသကဲ့သို့ ခံစားလိုက်ကြရသည်။

"ချီးပဲ"

နားအူမတတ်အော်သံကို ကြားသည်နှင့် သံမဏိဝတ်ရုံလီ၏မျက်နှာ မဲမှောင်သွားခဲ့သည်။ သူသည် အရာအားလုံး စတင်၍ဖရိုဖရဲဖြစ်သွားခဲ့ပုံရသော နေရာ၏ အလယ်ဗဟိုဆီသို့ သွားရန် သူ့မြင်းအောက်ခြေကို ပြင်းပြင်းထန်ထန် ကန်ကျောက်လိုက်သည်။

ဟူလန်၊ ချန်တာအိုနှင့် တခြားသူများသည် ခုချိန်တွင် တောင်စောင်းအောက်ခြေသို့ ရောက်သွားခဲ့ကြပြီဖြစ်သည်။ ထို့ကြောင့် ခုချိန်တွင် တဟုန်ထိုးချီတက်သွားနေခဲ့ကြသော လူများသည် သူတို့ မဖြစ်နိုင်တော့ပေ။

ထိုသည်မှာ သူတို့မဟုတ်သောကြောင့် ၎င်းသည် မဟာထန်၏ မြင်းစီးတပ်သားများ ဖြစ်ရပေမည်။

ဤခဏတွင် သံမဏိဝတ်ရုံလီသည် စိတ်ထဲတွင် ပျာယာခတ်နေခဲ့သည်။

ထိုလူငယ်ကွပ်ကဲသူ၏ ကွပ်ကဲခြင်းစွမ်းရည်ကို မြင်တွေ့ဖူးခဲ့သောကြောင့် သံမဏိဝတ်ရုံလီသည် ဟူလန်နှင့် ချန်တာအိုတို့က အချိန်အနည်းငယ်ကြာ တောင့်ခံထားနိုင်ရန်သာ ဆုတောင်းနေခဲ့သည်။ အနည်းဆုံး သူရောက်လာသည့်အချိန်အထိဖြစ်သည်။

သို့သော် သံမဏိဝတ်ရုံလီ၏ တောင်းဆုသည် ဘယ်တော့မှ ဖြစ်မလာနိုင်တော့ပေ။

"ချီးပဲ ငါတို့ သူတို့ရဲ့ ထောင်ချောက်ထဲ ကျသွားခဲ့ပြီ။"

ဟူလန်သည် မီးခိုးအလွှာပါးကို ဖြတ်ကျော်ပြီး 'မဟာထန်မြင်းစစ်သည်များ' ကို သူ့ဆေဘာဓားဖြင့် ခုတ်ပိုင်းလိုက်သည်နှင့် သူသည် သူက ရန်သူ၏ ပရိယာယ်အတွင်းသို့ ကျဆင်းသွားခဲ့ပြီဆိုသည်ကို ချက်ချင်း နားလည်သွားခဲ့သည်။

မီးခိုးအလွှာပါးဖြင့် ဖုံးလွှမ်းနေသည့် လူများသည် မဟာထန်မြင်းစစ်သည်များ မဟုတ်ခဲ့ကြပေ။ သို့သော် ယခင်က သတ်ဖြတ်ခံခဲ့ရသည့် သူတို့၏ ညီအစ်ကိုများဖြစ်ကြသည်။

သစ်သားဖြင့်ပြုလုပ်ထားသော လှံရှည်များ၊ တစ်ခုချင်းစီက မြင်းနှင့်မြင်းစီးသူများကို ထိုးဖောက်နေပြီး သူတို့ကို နေရာတစ်ခုလုံး တည့်မတ်စွာ မတ်မတ်ရပ်နေစေခဲ့သည်။

ထိုနေရာရှိ လွင့်ပျံနေသော မီးခိုးများသည် သူတို့ကို မြှားခေါ်ရန် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် တည်ဆောက်ထားသော စွန့်ပစ်မီးပုံကြီး အနည်းငယ်ဆီမှ ထုတ်လွှတ်နေခြင်းဖြစ်သည်။

"ငါတို့ အရူးလုပ်ခံလိုက်ရပြီ။ ပြန်ဆုတ် ပြန်ဆုတ်"

ထိုခဏတွင် ဟူလန်း၏ နှလုံးသား အေးစက်သွားခဲ့၏။ မဟာထန်မြင်းစစ်သည်များက အလွန်ဉာဏ်နီဉာဏ်နက်များလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။ ၎င်းသည် မဟာထန်မြင်းစစ်သည်များကို ချေမှုန်းရန် အကောင်းဆုံးအခွင့်အရေးဖြစ်သည်ဟု သူ တွေးထင်ထားခဲ့သည်။ သို့သော် ၎င်းသည် ရန်သူများက ပြင်ဆင်ထားခဲ့သော အသေးစိတ်ကျလှသည့် ထောင်ချောက်အဖြစ် ပြောင်းလဲသွားခဲ့၏။

ဟောင်းလောင်လောင်

"မဟာထန်မြင်းစစ်သည်တွေကို သတ်"

ဟူလန် အော်နေခဲ့သော်လည်း အလွန်နောက်ကျသွားခဲ့သည်။ မြင်းစီးဓားပြများသည် တစ်ယောက်ပြီးတစ်ယောက် မီးခိုးထဲ ပြေးဝင်လာခဲ့ကြပြီး 'မဟာထန်မြင်းစစ်သည်များ' ကို အစိတ်စိတ်အမွှာမွှာ ခုတ်ပိုင်းလိုက်ကြသည်။ အောင်ပွဲကို မျှော်လင့်ပြီး အလွန်စိတ်လှုပ်ရှားနေခဲ့ကြသောကြောင့် သူတို့တစ်ယောက်မှ ဟူလန်၏ အမိန့်ကို မကြားနိုင်ကြတော့ပေ။

ထို့အပြင် သူတို့သည် ထိုနေရာရှိ အလောင်းများကို စိတ်လှုပ်ရှားစွာ ခုတ်ပိုင်းနေစဉ်တွင် တဟုန်ထိုးပြေးဆင်းတိုက်ခိုက်ခြင်းမှ သူတို့ခက်ခဲကြီးစွာတည်ဆောက်ထားခဲ့ရသော မယုံနိုင်စရာကောင်းသည့် အရှိန်အဟုန်သည်လည်း ပျောက်ကွယ်သွားခဲ့ရသည်။

ဤသို့ဖြင့် သူတို့ရရှိထားခဲ့သော အားသာချက်သည် ပျောက်ပျက်သွားခဲ့သည်။

ထို့အပြင် မဟာထန်မြင်းစစ်သည်များ ထွက်ပြေးခြင်းမှ ဟန့်တားရန် ဟူလန်သည် စခန်းနောက်ဘက်သို့ လူသုံးဆယ်ပင် ပို့ထားခဲ့သောကြောင့် ဤအရာက သူတို့ကို ယခုအချိန်တွင် တိုက်ခိုက်ရန် ပို၍ပင် အားနည်းစေခဲ့သည်။

ဟောင်းလောင်လောင်

ဟူလန်က စိတ်ထဲတွင် သွေးပျက်နေစဉ်မှာပင် သူ ရုတ်တရက် ကျယ်လောင်သော ခပ်အုပ်အုပ်အသံကို ကြားလိုက်ရသည်။ သူ ချက်ချင်း အခြားမြင်းစီးဓားပြများကိုထွက်ပြေးရန် အော်ဟစ်လိုက်၏။ ရုတ်တရက်ပင် ဖျက်ဆီးနိုင်စွမ်းကို ပိုင်ဆိုင်ထားသော လှံတစ်စင်းသည် ညာဘက်မှနေ၍ မီးခိုးကို ဖြတ်သန်းလျက် ထိုးဖောက်လာခဲ့သည်။

ထိုလှံသည် မြန်ဆန်လွန်းလှသည်။ ဟူလန် ၎င်းကို မြင်လိုက်ရချိန်တွင် ၎င်းသည် သူ့ဆီမှ လက်မအနည်းငယ်သာ ဝေးကွာတော့သည်။

"ဟ"

ထိုအရေးကြီးသည့်အခိုက်အတန့်တွင် ဟူလန် သူ့ကြယ်တာရာစွမ်းအင်ကို ထုတ်ဖော်လိုက်ပြီး သူ့ခန္ဓာကိုယ်အတွင်းရှိ အစိမ်းရောင် ကတော့ချွန်ချီစက်ကွင်းသည် လျင်မြန်စွာ စတင်လည်ပတ်လာခဲ့သည်။

ဘုန်းးး

ဤတိုတောင်းသောအချိန်တခဏမှာပင် ဟူလန်သည် ပြိုင်ဘက်ကင်းသော ခွန်အားကို ရရှိသွားခဲ့သည်။ သူ၏ အံ့မခမ်းခွန်အားဖြင့် သူသည် ထိုမဟာထန်မြင်းစစ်သည်ကို သူ့မြင်းနှင့်အတူ လွင့်ထွက်သွားစေခဲ့သည်။

သို့သော် မည်သို့ဆိုစေကာမူ ဟူလန်သည်လည်း ထိုတိုက်ခိုက်မှုမှ အတွင်းဒဏ်ရာများကို ခံစားခဲ့ရပြီး သူလက်ကောက်ဝတ်များသည် ထိုထိပ်တိုက်တွေ့ဆုံမှုမှ ထုံကျဉ်သွားခဲ့ကြသည်။

ခွန်အားသက်သက်တွင် ထိုမဟာထန်မြင်းစစ်သည်သည် သူ့ကို မည်သည့်နေရာမှ မယှဉ်နိုင်ပေ။ သို့သော် သူ့တိုက်ခိုက်မှုနောက်ကွယ်ရှိ ချီတက်တိုက်ခိုက်ခြင်းမှ အရှိန်အဟုန်ဖြင့် တစ်ဖက်လူ၏ ခွန်အားကို ကျင့်ကြံခြင်းနယ်ပယ်မျှဖြင့် တိုင်းတာ၍မရတော့ပေ။

"သေစမ်းကွာ"

မဟာထန်မြင်းစစ်သည်တစ်ယောက်ကို လွင့်ထွက်သွားစေခဲ့သော်ငြားလည်း ဟူလန်သည် ပျော်ရွှင်ခြင်းကို လုံးဝမခံစားခဲ့ရပေ။ ထို့အစား သူ့နှလုံးသားသည် ပို၍ လေးလံသွားခဲ့သည်။

အကြောင်းမှာ ဒုတိယမြောက်လှံသည် သူ့ဆီသို့ လျှပ်စီးကဲ့သို့ လာနေသောကြောင့်ဖြစ်သည်။

ဤလှံ၏ အရှိန်သည် အလွန်မြန်ဆန်ပြီး သူဖြတ်သွားသည့်နေရာတိုင်း အဖြူရောင်နောက်ချန်ပုံရိပ်တစ်ခု ချန်ရစ်ထားခဲ့သည်။

"သေနာကျမြင်းစီးဓားပြတွေ သေကြစမ်း။"

ပါးလွှာသည့် မီးခိုးကြားတွင် မဟာထန်မြင်းစစ်သည်တစ်ယောက်၏ ပုံရိပ်သည် မြင်ကွင်းထဲသို့ ‌ဝင်ရောက်လာခဲ့သည်။ သူ့ထိုးသွင်းမှုနောက်ကွယ်ရှိ ခွန်အားသည် အလွန်ကြီးမားပြီး ဟူလန်၏ နှလုံးသားပင်လျှင် ကြောက်ရွံ့မှုကြောင့် ခုန်သွားသည်အထိပင်။

သူတို့သည် အားလုံး မြင်းစီးတပ်သားများဖြစ်ကြသည်။ သို့သော် မဟာထန်မြင်းစစ်သည်များ၏ မြင်းစီးကျွမ်းကျင်မှုမှာ မြင်းစီးဓားပြများထက် အမှန်တကယ်ပင် လုံးဝခြားနားသည့် အဆင့်တစ်ခုမှဖြစ်သည်။

ဟောင်းလောင်

ကြယ်တာရာစွမ်းအင်သည် ဟူလန်၏ လက်သီးတစ်ဝိုက်တွင် စုစည်းသွားခဲ့ပြီး သူ့လက်သီးထိပ်တွင် ဝံပုလွေဦးခေါင်းပုံပေါ်လာခဲ့ကာ သူ ပြင်းထန်စွာ ထိုးနှက်လိုက်သည်။ သူ့ခွန်အားအပြည့်ကို ထုတ်ဖော်ခြင်းဖြင့် သူသည် ဒုတိယမဟာထန်မြင်းစစ်သည်ဆီမှ တိုက်ခိုက်မှုကို ရှောင်ဖယ်နိုင်ရုံ ရှောက်ဖယ်နိုင်ခဲ့သည်။

သို့သော် သိပ်မကြာမီမှာပင် တတိယမြောက်နှင့် စတုတ္ထမြောက်လှံများသည် တစ်ချိန်တည်းနီးပါး ပေါ်လာခဲ့ကြပြီး ဤတစ်ကြိမ်တွင် ဟူလန်သည် ခုခံရန် မတတ်နိုင်ခဲ့တော့ပေ။

ပူး ပူး

လှံနှစ်စင်းသည် ဘယ်နှင့်ညာမှ သူ့ရင်ဘက်ထဲသို့ ထိုးစိုက်သွားခဲ့ကြပြီး သွေးများပန်းထွက်လာခဲ့ကာ မြေပေါ်သို့ စီးကျသွားခဲ့ကြသည်။

ဟူလန် နောက်ဆုံးမြင်လိုက်ရသည့် မြင်ကွင်းမှာ အပေါ်မှ ကျဆင်းလာနေ‌သော ဓားတစ်စင်း၏ အေးစက်သည့် အလင်းပင်။

"ငါ ဒီခေါင်းကို ဖြတ်လိုက်မယ်..."

သူ၏ နောက်ဆုံးအသိစိတ်လေးတစ်မျှင်က သူ့ဆီမှ ပျောက်ကွယ်မသွားမီ မိန်းမပျိုတစ်ယောက်၏ အေးစက်သော အသံတစ်ခုက သူ့နားထဲ ပေါ်လာခဲ့သည်။

ဘုန်းး

ပိုင်စီလင်၏ သေးသွယ်သော ခန္ဓာကိုယ်က ဟူလန်၏ အလောင်းနောက်တွင် ပေါ်လာသောအခါ ခေါင်းပြတ်ကြီးသည် မြေပြင်ပေါ်သို့ ကျဆင်းသွားခဲ့သည်။ သူမ၏ ဓားသည် သူမ ယခင်က တိုက်ခိုက်ခဲ့သော ပုံစံ၌ ရှိနေဆဲပင်။

ဟူလန်က မဟာထန်မြင်းစစ်သည်တစ်ယောက်ကို လွင့်စင်သွားစေခြင်းမှ သူမသည် ဟူလန်က ဤတပ်စု၏ ခေါင်းဆောင်ဖြစ်ရမည်ဟု ကောက်ချက်ချခဲ့သည်။ သူမ၏ ကျင့်ကြံခြင်းသည် အခြားမြင်းစစ်သည်များထက် သိသိသာသာမြင့်မား၏။ ထို့ကြောင့် သူမသည် ဟူလန်ကို သူမကိုယ်တိုင် ကိုင်တွယ်ရန် ဆုံးဖြတ်ခဲ့သည်။

ပိုင်စီလင်နှင့်အတူ မဟာထန်မြင်းစစ်သည် လေးယောက်၊ ထိုကဲ့သို့သော ဖွဲ့စည်းပုံသို့ ကျဆင်းသွားခဲ့ရခြင်းမှာ ဟူလန် ငြိမ်းချမ်းစွာအနားယူနိုင်မည်မှာ သေချာသလောက်ပင်။

"စီလင် မြင်းပေါ်ပြန်တက်။ သူတို့နဲ့ မြေပေါ်မှာ မတိုက်နဲ့။"

ပုံရိပ်တစ်ခုသည် ပိုင်စီလင်အနားတွင် ရုတ်တရက်ပေါ်လာခဲ့ပြီး ဝမ်ချောင်၏ ခက်ထန်သောအသံ ထွက်ပေါ်လာခဲ့သည်။

အခြားမြင်းစစ်သည်များနှင့်မတူဘဲ သူသည် လှံကို မကိုင်ဆောင်ထားခဲ့ပေ။ ထို့အစား သူသည် သူ့လက်ဆယ်ချောင်းကို လှုပ်ရှားလျက် မယုံနိုင်စရာကောင်းလောက်အောင် ကျစ်လျစ်သိပ်သည်းသော ဓားချီကို မရပ်မနား တစ်ချက်ပြီးတစ်ချက် ပစ်လွှတ်နေခဲ့သည်။

ဝမ်ချောင်သည် အစစ်အမှန်သိုင်းပညာနယ်ပယ်သို့ မရောက်ရှိသေးပေ။ သို့သော် သူသည် သူ့ရန်သူများကို သတ်ဖြတ်ရန် ကျင့်ကြံခြင်းအပေါ် မှီခိုမနေခဲ့ပေ။

သူ အားကိုးသည့်အရာမှာ နည်းစနစ်နှင့် အတွေ့အကြုံတို့ဖြစ်ကြသည်

ထိုနယ်ပယ်နှစ်ခုတွင် ဤနေရာရှိ မည်သူတစ်ဦးတစ်ယောက်မှ သူ့ကို ယှဉ်နိုင်မည်မဟုတ်ပေ။

ဥပမာတစ်ခုအနေဖြင့် ဝမ်ချောင်သည် သူ့သတ်ဖြတ်ခြင်းဓားချီကို ဖုံးကွယ်ရန် ဤနေရာရှိ မီးခိုးကို အပြည့်အဝအသုံးချထားခဲ့သည်။ မကြာခဏဆိုသလိုပင် သူပစ်မှတ်ထားလိုက်သည့် မြင်းစီးဓားပြများသည် ဗြုန်းစားတိုက်ခိုက်မှုကြောင့် အငိုက်မိသွားခဲ့ကြပြီး မြင်းပေါ်မှ ပြုတ်ကျသွားပေလိမ့်မည်။

မြင်းစီးတပ်သားများကြား တိုက်ပွဲတွင် မြင်းပေါ်မှ ပြုတ်ကျခြင်းသည် သေချာပေါက် သေဆုံးသွားနိုင်သည်။

"သိပါပြီ။"

ပိုင်စီလင် သူမ၏လျှာကို ထုတ်ပြလိုက်သည်။ သူမသည် ဝမ်ချောင်၏အစ်မအဖြစ် သတ်မှတ်ခံရရန် လုံလောက်သော အသက်အရွယ်ရှိသော်လည်း သူမသည် သူ့အား သူမ၏ ရှက်စရာကောင်းသော ဖက်ခြမ်းကို အလိုလို ထုတ်ပြမိနေဆဲပင်။

ဤတိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ ပိုင်စီလင်သည် ဘာမှမဟုတ်သော်လည်း ဝမ်ချောင်ကို အံ့ဩလေးစားမိပေသည်။

သံမဏိဝတ်ရုံမြင်းစီးဓားပြများသည် လူအရေအတွက်တွင် အပြတ်အသတ်အားသာချက်များရှိနေသော်လည်း သူတို့၏အခြားလက်တစ်ဖက်ကို အမှန်တကယ် ပြင်ဆင်ထားခဲ့ကြသည်။ ဝမ်ချောင်က ဤသည်ကို လူရည်လည်စွာသတိမထားမိခဲ့ပါက သူတို့သည် ထိုထဲသို့ အမှန်တကယ် ကျဆင်းသွားနိုင်သည်။

မီးခိုးငွေ့ကို ထိရောက်စွာအသုံးပြုခြင်းဖြင့် ဝမ်ချောင်သည် အဆိုပါ မြင်းစီးဓားပြများကို ပုန်းအောင်းရာနေရာများမှ ဆွဲထုတ်နိုင်ရုံသာမက ဆိုးရွားသော အခြေအနေတွင်ပင် ရောက်စေနိုင်ခဲ့သည်။

တိုက်ခိုက်ရန် ရည်ရွယ်နေသည့် လူများသည် တိုက်ခိုက်ခံရသူများဖြစ်လာခဲ့ကြလေသည်။

သံမဏိဝတ်ရုံမြင်းစီးဓားပြများသည် ဤတိုက်ခိုက်မှုတွင် ကြေကွဲဖွယ်ဆုံးရှုံးမှုများကို ခံစားခဲ့ရခြင်းဖြင့် အဆုံးသတ်သွားခဲ့သည်။

ဟီးးး

ပိုင်စီလင်သည် မြင်းကုန်းနှီးကို ဆုပ်ကိုင်လိုက်ပြီးကုန်းနှီးပေါ်သို့ ခုန်တက်လိုက်သည်။ ဤသည်မှာ ပြီးခဲ့သည့်ရက်များက အခြားမြင်းစစ်သည်များထံမှ သူမ သင်ယူခဲ့သော နည်းစနစ်တစ်ခုဖြစ်ပေသည်။

ကျားး

မြင်းဇက်ကြိုးကို ဆွဲကာ ပိုင်စီလင်သည် သူမ၏ ဓားနှင့်အတူ တိုက်ပွဲထဲသို့ ဝင်ရောက်လိုက်သည်။

ဘုန်း ဘုန်း ဘုန်း

ချီစက်ကွင်းများသည် တစ်ခုနှင့်တစ်ခုတိုက်မိသွားခဲ့ကြပြီး တုန်ခါသွားခဲ့ကြကာ ပဲ့တင်ထပ်နေသည့် သတ္တုမြည်သံများကိူ ထုတ်လွှတ်နေခဲ့ကြသည်။ မရေမတွက်နိုင်သော တုန်လှုပ်ဖွယ်ရာလှိုင်းလုံးများသည် စစ်မြေပြင်တစ်ခွင်တွင် ဆုတ်ဖြဲသွားခဲ့ကြပြီး ကျန့်တစ်ဆယ်အဝေးပင် ရောက်သော အပူလှိုင်းလုံးများကို အဆက်မပြတ်ဖန်တီးနေခဲ့ကြသည်။ ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲမြည်ကြွေးသံများနှင့် ဝမ်းနည်းဖွယ်ရာ သေဆုံးခြင်းများ၊ ဤအရာများသည် စစ်မြေပြင်တွင် အကြီးအကျယ် ပဲ့တင်ထပ်နေခဲ့ကြသည်။

သံမဏိဝတ်ရုံ မြင်းစီးဓားပြများသည် အရေအတွက်တွင် ဝမ်ချောင်တို့ထက် များသည်။ သို့သော် အဓိကလမ်းမပေါ်တွင် သူတို့ရပ်တန့်သွားခဲ့သည့်အချိန်မှစ၍ ဤတိုက်ပွဲသည် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။

မြင်းစီးဓားပြတစ်ယောက်မှ မဟာထန်မြင်းစစ်သည်များ၏ ချီတက်တိုက်ခိုက်မှုကို မတောင့်ခံနိုင်ခဲ့ကြပေ။

ပထမအသုတ်မှာပင် သူတို့၏ အရှိန်အဟုန်ရှိ အားသာချက်များကို အသုံးချ၍ ဝမ်ချောင်နှင့် အခြားသူများသည် မြင်းစီးဓားပြများကြားရှိ အစစ်အမှန်သိုင်းပညာနယ်ပယ် ကျွမ်းကျင်သူ သုံးဆယ်ကျော်ကို သတ်နိုင်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် ရန်သူ၏ တိုက်ပွဲပုံစံကိုလည်း ဖျက်ဆီးခဲ့ကြသည်။

မြင်းစီးဓားပြများသည် အတူတကွ စုဖွဲ့နိုင်ခြင်းမရှိတော့သည်နှင့် သူတို့သည် တိုက်ပွဲပုံစံတွင် အထူးကျွမ်းကျင်သော မဟာထန်မြင်းတပ်သားများ၏ သားကောင်မျှ ဖြစ်ပေလိမ့်မည်။

--------------------

အပိုင်း ၃၅၃ သံမဏိဝတ်ရုံလီ လှုပ်ရှားခြင်း

မြင်းစီးဓားပြများသည် တစ်စုတစ်စည်းတည်း မစုစည်းနိုင်တော့သောကြောင့် အုပ်စုဖွဲ့တိုက်ခိုက်မှုတွင် အထူးကျွမ်းကျင်ကြသော မဟာထန်မြင်းစစ်သည်များ၏ သားကောင်များဖြစ်သွားခဲ့ကြ၏။

မဟာထန်မြင်းစစ်သည်လေးဆယ်မှ တဟုန်ထိုးချီတက်တိုက်ခိုက်မှု အနည်းငယ်ပြုပြီးနောက် အစစ်အမှန်သိုင်းပညာနယ်ပယ် မြင်းစီးဓားပြများသည် မြေပြင်ပေါ် စုပြုံနေသော အလောင်းများဖြစ်သွားခဲ့ကြသည်။

ချီတက်တိုက်ခိုက်မှုတစ်ခုနောက်ကွယ်ရှိ အခရာကျသည့်အချက်မှာ တစ်ဦးချင်းစီ၏ စွမ်းအားမဟုတ်ပေ။ သို့သော် အဖွဲ့လိုက်စုပေါင်းလုပ်ဆောင်မှု၏ စွမ်းအားဖြစ်သည်။ အခြားစကားဖြင့် ဖြည့်ပြောရလျှင် ချီတက်တိုက်ခိုက်မှုတစ်ခုရှေ့တွင် ရပ်နေသော မြင်းစီးဓားပြတစ်ယောက်သည် မြင်းစစ်သည်တစ်ယောက်ကိုသာ ရင်ဆိုင်နေရခြင်းမဟုတ်ပေ။

တစ်ခါတစ်ရံတွင် လူတစ်ယောက်၏ ခွန်အားသည် အုပ်စုတစ်ခုနှင့် ရင်ဆိုင်ရလျှင် မပြောပလောက်တော့ပေ။

"ပြန်ဆုတ် ပြန်ဆုတ်"

ချန်တာအို၏ စိတ်ပျက်အားငယ်နေသော အသံက မီးခိုးထဲမှ ပေါ်ထွက်လာခဲ့၏။ ဟူလန်ထက် အနည်းငယ်ကံကောင်းသွားသောကြောင့် သူသည် မြင်းစစ်သည်များ၏ ပထမဆုံးတစ်ဟုန်ထိုးချီတက်တိုက်ခိုက်မှုတွင် ရှင်သန်နိုင်ခဲ့သည်။

သို့သော်လည်း မြင်းစစ်သည်လေးဆယ်ပိုင်ဆိုင်ထား‌သော ပြင်းထန်သည့် အရှိန်အဟုန်ကို ကြည့်ပြီးနောက် ချန်တာအိုသည် သူက ရန်သူကို အစကတည်းက လျှော့တွက်ထားမိကြောင်း နားလည်သွားခဲ့၏။ မြင်းစီးဓားပြများနှင့် လေ့ကျင့်ထားခဲ့သော မြင်းစစ်သည်များအကြား ကြီးမားသည့် ကွာဟချက် ရှိနေခဲ့သည်။

၎င်းတို့၏ အံ့မခမ်းချီတက်တိုက်ခိုက်မှုစွမ်းအားကို မြင်လိုက်ရသောအခါ သူ့နှလုံးသားပင်လျှင် ကြောက်ရွံ့မှုကြောင့် သွေးရူးသွေးတန်း ခုန်ပေါက်နေခဲ့သည်။ ပြန်လည်ခုခံလိုသည့် အတွေးများသည်လည်း သူ့စိတ်ထံမှ ပျောက်ကွယ်သွားခဲ့၏။

ဤသို့သောစွမ်းအားဖြင့် ရင်ဆိုင်ရပါက သူပင်လျှင် အချိန်အကြာကြီး တောင့်ခံထားနိုင်မည်ဟု မသေချာပေ။

"ငါတို့ မွှန်ထူသွားခဲ့ကြတယ် ညီအစ်ကိုတို့ မြန်မြန်နောက်ပြန်ဆုတ်။"

သူ့နဖူးထက်မှ ချွေးများစီးကျလာခဲ့ကာ ချန်တာအို စိုးရိမ်တကြီးအော်ဟစ်လိုက်၏။

သို့သော် အမှန်တွင် သူ့အမိန့်များသည် လုံးဝမလိုအပ်ခဲ့ပေ။ မြင်းတပ်သားလေးကျိပ်အား ပြန်လည်တိုက်ခိုက်ရန် အကြိမ်ကြိမ်ကြိုးစားမှု ကျရှုံးပြီးနောက် မြင်းစီးဓားပြများသည် သူတို့ ရုန်းကန်မှု အချည်းအနှီးဖြစ်ကြောင်း သိရှိသွားခဲ့ကြပြီး ပျာယာခတ်နေသော တိရိစ္ဆာန်များကဲ့သို့ ပြန့်ကြဲသွားခဲ့ကြသည်။

သူတို့ထဲမှ အချို့သည် ပင်မတပ် တပ်စွဲထားရာအရပ်သို့ ဦးတည်လိုက်ကြသည်။ သူတို့ထဲမှ အချို့က ဟူလန်စေလွှတ်ထားခဲ့သော အဓိကလမ်းမအရှေ့ဘက်ရှိ လူသုံးဆယ် တပ်စွဲထားရာအရပ်သို့ ဦးတည်လိုက်ကြ၏။ သူတို့ထဲမှ အချို့သည်တော့ ဘေးနှစ်ဖက်ရှိ တောင်စောင်းပေါ်သို့ပင် ချီတက်သွားခဲ့ကြသည်။ သူတို့သည် ဦးတည်ချက်မဲ့နေသော ယင်ကောင်များကဲ့သို့ပင်။ မြင်ကွင်းရှိ အရပ်မျက်နှာတိုင်းသို့ စိုးရိမ်တကြီး ပြေးထွက်သွားခဲ့ကြသည်။

ဤသည်မှာ မြင်းတပ်၏ တဟုန်ထိုးတိုက်ခိုက်မှုကြောင့် သူတို့ ဘယ်လောက်ထိ ကြောက်ရွံ့နေခဲ့သလဲ ဆိုသည်ပင်။

သရေကျခြင်း သို့မဟုတ် ပြင်းထန်သောတိုက်ပွဲ လုံးဝမရှိခဲ့ပေ။ အုပ်စုတစ်ခုစီတွင် မြင်းစစ်သည်ငါးဦးဖြင့် သူတို့၏လမ်းကြောင်းတွင် ရပ်နေသော မြင်းစီးဓားပြများအားလုံးကို သုတ်သင်သွားခဲ့ကြသည်။

အချိန်တခဏအတွင်းမှာပင် သံမဏိဝတ်ရုံမြင်းစီးဓားပြ ရှစ်ဆယ်တို့သည် လုံးဝ ပြိုကွဲသွားခဲ့သည်။

"မင်း ခွေးမသား ငါ မင်းကို တစ်စစီဆွဲဖြဲပစ်မယ်။"

ချက်ချင်းဆိုသလိုပင် အဝေးမှ နားအူမတတ်အော်သံတစ်ခု ပေါ်လာခဲ့၏။ ထိုအသံသည် ဤနေရာရှိ မီးခိုးများနှင့် ဖုန်မှုန့်များကို လွင့်ပါးသွားစေသည်အထိ ကြီးမားသောစွမ်းအား ပါဝင်နေခဲ့ပုံရသည်။ ထိုခဏတွင် သစ်တောပင်လျှင် ထိုဒေါသတကြီးအော်သံကြောင့် တုန်ခါသွားပုံရသည်။

ဝမ်ချောင် လှည့်ကြည့်လိုက်သည်နှင့် ကျန့်နှစ်ရာအကွာအဝေးမှ ကြက်သွေးရောင်ကောင်းကင်ဘုံမြင်းကို စီးနင်းလာနေသော ရှစ်ချီရှည်သည့် လူတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုလူသည် ဤနေရာသို့ သွေးရူးသွေးတန်း ချီတက်လာနေပြီး သူ့နောက်တွင် အဖြူရောင်စွပ်ကြောင်းကို ချန်ရစ်ထားခဲ့သည်။

ကြက်သွေးရောင်ဖာဂါနာမြင်း၏ ခွာများအောက်တွင် အရောင်ဆင်တူပြီး အရွယ်အစားတူညီသော ချီစက်ကွင်းငါးခုသည် ပြင်းထန်စွာ တုန်ခါနေပြီး သတ္တုသံထွက်ပေါ်နေ၏။ ၎င်း၏ခွာများဖြတ်လျှောက်သွားသည့်နေရာတိုင်း မြက်ပင်များဖြစ်စေ သို့မဟုတ် ကျောက်စရစ်ခဲများဖြစ်စေ ဖုန်မှုန့်များဖြစ်သွားခဲ့ကြသည်။

ထိုသည်မှာ မြင်းပေါ်ကလူက သူ့လမ်းရှိ အရာရာတိုင်းကို ဖျက်ဆီးသွားမည်ကဲ့သို့ပင်။ ကျန့်အတော်ဝေးဝေးမှပင် လူတစ်ယောက်သည် သူထုတ်ဖော်ထားသော ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားနိုင်သေးသည်။

ပိုင်စီလင် ချက်ချင်း ဝမ်ချောင်ကို လှည့်ကြည့်လိုက်ပြီးမေးလိုက်သည်။

"သူတို့က ဘယ်လိုလုပ် အရမ်းမြန်မြန်ကြီးရောက်လာခဲ့ကြတာလဲ။ ငါတို့ အခု ဘာဆက်လုပ်ကြမလဲ။"

သူတို့ ဤကိစ္စကို စီစဉ်ခဲ့ကြသောအခါ သူတို့သည် သံမဏိဝတ်ရုံမြင်းစီးဓားပြများက ဤအဖွဲ့ဆီသို့ စစ်ကူများပို့လွှတ်လာမည်ကို မျှော်လင့်ထားခဲ့ကြပြီးဖြစ်သည်။ သို့သော်လည်း ဓားပြများက အလွန်လျင်မြန်စွာရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ အထူးသဖြင့် တပ်သားများကို သံမဏိဝတ်ရုံလီကိုယ်တိုင် ဦးဆောင်လာမည်ဟု မထင်ထားခဲ့ကြပေ။

"အဲဒါပဲမဟုတ်ဘူး ဟိုတောင်စောင်းပေါ်မှာလည်း တစ်ခုခုဖြစ်နေတဲ့ပုံပဲ။ ရှုကန်းနဲ့ ဟွမ်ရုံတုတို့ကလည်း တိုက်ခိုက်ခံနေရပြီ။ နားထောင်ကြည့်။"

မာစုန့် လက်သီးများကို ဆုပ်လျက် ပြောလိုက်သည်။

သူတို့ တိုက်ပွဲကြားရောက်နေချိန်၌ ၎င်းကို သတိမထားမိခဲ့ကြပေ။ သို့သော် သေချာအာရုံစိုက်ကြည့်ပါက သူတို့သည် ထိုတောင်စောင်းအရပ်ရှိ ပြင်းထန်စွာ တိုက်ခိုက်သံအချို့နှင့် လက်နက်ချင်းထိခတ်သံအချို့ကို ကြားနိုင်သေးသည်။

သံမဏိဝတ်ရုံမြင်းစီးဓားပြများက ရှုကန်းနှင့် ဟွမ်ရုံတုတို့ကိုလည်း တစ်ချိန်တည်း တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်မှာ ရှင်းလင်းပေသည်။

ရန်သူများသည် အခြေအနေက သူတို့ကို တဖြည်းဖြည်းဆန့်ကျင်လာသောအခါ အလွန်လျင်မြန်စွာ တုံ့ပြန်ခဲ့ကြပေသည်။

စစ်မြင်းများ တဟုန်ထိုးဒုန်းဆိုင်းပြေးလာခြင်းနှင့်အတူ သံမဏိဝတ်ရုံလီ၏ အုပ်စုသည် သူတို့နှင့် လျင်မြန်စွာ နီးကပ်လာခဲ့ကြသည်။ ဤအချိန်တွင် ဝမ်ချောင်နှင့် သူ့မြင်းသည် လမ်းမအလယ်ကောင်တွင် ရပ်နေလျက် အခြေအနေကို လျင်မြန်စွာ ခွဲခြမ်းစိတ်ဖြာနေခဲ့၏။

'ကျောက်အန်း'

သံမဏိဝတ်ရုံလီမြင်းစီးဓားပြများထဲတွင် သူသည် အရာအားလုံးကို လျင်မြန်စွာ အဖြေရှာနိုင်ပြီး သူ့အစီအစဉ်အတွက် လျင်မြန်သော တန်ပြန်အရေးယူမှုများ ပြုလုပ်နိုင်သည့် တစ်ဦးတည်းသော လူဖြစ်သည်။

"ဒုတိယအစီအစဉ်ကို အကောင်အထည်ဖော်မယ်။"

ဝမ်ချောင် ပြတ်သားစွာ အမိန့်ပေးလိုက်၏။

"ဒါပေမယ့် ရှုကန်း၊ ဟွမ်ရုံတုနဲ့ တခြားသူတွေကို ဘယ်လိုလုပ်မလဲ။"

မာစုန့် စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

"ငါတို့မှာ ရွေးချယ်စရာမရှိဘူး။ သူတို့က သူတို့ကိုယ်သူတို့ပဲ အားကိုးကြရလိမ့်မယ်။ အစကတည်းက ဒါက မဖြစ်နိုင်တဲ့အခြေအနေတစ်ခုပဲ။ အနည်းဆုံးတော့ ငါတို့က သံမဏိဝတ်ရုံမြင်းစီးဓားပြတွေရဲ့ အဓိက အင်အားစုတွေကို ဒီနေရာ ဆွဲခေါ်လာနိုင်ခဲ့တယ်။ တောင်စောင်းကို တိုက်ခိုက်ဖို့ ဓားပြတွေနဲ့မြင်းစီးဓားပြတွေအများကြီးကျန်နေသေးပေမယ့် သူတို့က အတော်အတန်အားနည်းကြတယ် ဒါကြောင့် သူတို့ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုက အရင်ကထက် သိသိသာသာ နည်းတယ်။"

"သူတို့ရဲ့အင်အားအရ သူတို့ဝန်းရံမှုကနေ လွတ်မြောက်နိုင်ဖို့ အခွင့်ရေးတစ်ခုသေချာပေါက်ရှိတယ်။ သူတို့ကိုယ်သူတို့ အားကိုးတဲ့သူတွေကိုသာ ကောင်းကင်ဘုံက ကူညီလိမ့်မယ်။ သူတို့က သူတို့ရဲ့မျှော်လင့်ချက်တွေကို ငါတို့ဆီ ပုံအောထားလို့မရဘူး။ မာစုန့် သူတို့ကို ပိတ်ဆို့ထားတာကနေ ဖောက်ထွက်ဖို့ ကျန်းလင်ဆီကို အချက်ပြမြှား ပစ်လွှတ်လိုက်ပါ။"

ဝမ်ချောင် ညွှန်ကြားလိုက်သည်။

ဝမ်ချောင်၏ မူလအစီအစဉ်မှာ ထိုသို့ လုံးဝမဟုတ်ခဲ့ပေ။ သို့သော်လည်း စစ်မြေပြင်တွင် မပြောင်းလဲသော တစ်စုံတစ်ရာ မရှိခဲ့ပေ။ စစ်မှန်သော စစ်သူကြီးများသည် အစီအစဉ်များကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားကြခြင်းမရှိဘဲ သူတို့၏ အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ကာ ရန်သူကို တားဆီးရန် အထိရောက်ဆုံး နည်းလမ်းကို ရှာဖွေကြသည်။

သူတို့၏ အစီအစဉ်များတွင် အနည်းငယ် ပြဿနာများရှိနေသော်လည်း ဝမ်ချောင်သည် သူ့တွင် ဖင်လှည့်စရာနေရာများရှိနေ‌သေးသည်ကို သိပေသည်။

ရွှီးးး

နောက်တခဏတွင် မြှားတစ်စင်းသည် ရွှီးခနဲလေချွန်သံဖြင့် ကောင်းကင်ကို ဖြတ်သန်းပြီး ရှုကန်းနှင့် ဟွမ်းရုံတုတို့ရှိရာအရပ်သို့ ဦးတည်သွားခဲ့သည်။

"ဒါက အချက်ပြတာပဲ။"

ထိုခဏတွင် သဘောတူထားသည့် အချက်ပြအသံကို ကြားသည်နှင့် ကျန်းလင်သည် ချက်ချင်း သူ့ကျောကို မတ်လိုက်ပြီး သူ့စိတ်ကို စုစည်းလိုက်သည်။ ဝမ်ချောင်သည် သူ့ကို ရွှီးခနဲ မြှားသံကို ကြားသည်နှင့် ပိတ်ဆို့ထားခြင်းမှ ဖောက်ထွက်ရန် ညွှန်ကြားထားခဲ့သည်။

ထိုအတောအတွင်းတွင် ဝမ်ချောင်သည် သံမဏိဝတ်ရုံမြင်းစီးဓားပြများ၏ အဓိကအင်အားစုကို ထိန်းထားရန် ကြိုးစားပေလိမ့်မည်။

ဝမ်ချောင်က ၎င်းကို မည်သို့ ပြုလုပ်မည်ကို သူ မသိသော်လည်း သို့မဟုတ် ဝမ်ချောင်သည် သံမဏိဝတ်ရုံလီလက်အောက်ရှိ အားကောင်းသော မြင်းစီးဓားပြများကို အချိန်မီ ပြန်မလာနိုင်စေရန် ဘာကြောင့် ဟန့်တားထားနိုင်သည်ကို သူ မသိသော်လည်း ဤသည်က ပိုင်စီလင်၏ မြှားပေါ်ရှိ မှတ်စုမှ သူ့လက်ခံရရှိခဲ့သော သတင်းစကားဖြစ်သည်မှာ သံသယရှိစရာမလိုပေ။

ဤသည်မှာ သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်၏။ ထို့ကြောင့် သူ့တွင် ရွေးချယ်စရာမရှိသော်လည်း ဘာတွေပဲရေးထားပါစေ ယုံကြည်ရပေမည်။

"ညီအစ်ကိုတို့ ခံစစ်စည်းကို စွန့်ခွာကြတော့။ ပိတ်ဆို့ထားတာကနေ ဖောက်ထွက်ဖို့ ကိုယ့်ကိုယ်ကို ပြင်ဆင်ထားကြ။"

ကျန်းလင် အော်ဟစ်လိုက်သည်။

ဟီးးး

တခဏကြာပြီးနောက် အချိန်အတော်ကြာ စောင့်မျှော်နေခဲ့သော တဟုန်ထိုးတိုက်ခိုက်ခြင်းတစ်ခုမှ ရုတ်ရုတ်သဲသဲအသံသည် နောက်ဆုံးတွင် တောင်စောင်းပေါ်၌ နောက်ထပ်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။

"လူတိုင်းပဲ ငါ့ရဲ့အမိန့်ကို နားထောင်။ အရှေ့ဖက်လမ်းမမှာ တပ်စွဲထားတဲ့ နောက်ထပ်မြင်းစီးဓားပြအုပ်စုတစ်ခုရှိသေးတယ်။ ရှုကန်းနဲ့ ဟွမ်ရုံတုတို့ကို ကယ်တင်ဖို့က အရမ်းနောက်ကျသွားပြီ ဒါကြောင့် သူတို့ကို ဂလဲ့စားချေဖို့ သွားသတ်ကြရအောင်။"

ဝမ်ချောင် သူ့ဓားကို မြှောက်လိုက်ပြီး သူ့ရှေ့ရှိ လမ်းကို ညွှန်ပြလိုက်သည်။

"ဟုတ်ကဲ့"

ရှုကန်း၊ ဟွမ်ရုံတုနှင့် အခြားသူများ သေဆုံးသွားကြသည်ကို ကြားလိုက်ရသည်နှင့် မြင်းတပ်သားများသည် ဒေါသစိတ်ဖြင့် မျက်လုံးများ နီရဲလာကာ သူတို့၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒများက လေထုကို လောင်ကျွမ်းသွားခဲ့ကြသည်။

ဟောင်းလောင်လောင်

ဝမ်ချောင်၏ ဦးဆောင်မှုအောက်တွင် မဟာထန်မြင်းစစ်သည်လေးဆယ်တို့သည် လမ်းမအရှေ့ဖက်သို့ ဒုန်းဆိုင်းမသွားမီ လူစုခွဲလိုက်ကြသည်။

သို့သော် သူတို့သည် လူစုကွဲနေကြသော်လည်း ပုံစံတစ်ခုထဲတွင် ညီညာတွင် ရှိနေကြဆဲပင်။

"ခွေးမသား"

ထိုစကားကို ကြားသည်နှင့် သံမဏိဝတ်ရုံလီ၏ စိတ်ထဲ ဒေါသမီးများ လောင်မြိုက်သွားခဲ့၏။

ဟူလန်အပေါ် သူ့နားလည်ထားမှုအရ ဟူလန်သည် ထွက်ပြေးသူများကို သုတ်သင်ရန် လမ်း၏ အခြားအစွန်းတစ်ဖက်သို့ အုပ်စုတစ်စုပို့လွှတ်လိမ့်မည်မှာ အလွန်ဖြစ်နိုင်ဖွယ်ရှိသည်ကို သူ သိသည်။

ထို့ကြောင့် လမ်း၏အခြားအစွန်းတစ်ဖက်တွင် သူ့ညီအစ်ကိုအုပ်စုတစ်ခုရှိသေးရန် အခွင့်အလမ်းအလွန်များပေသည်။

ယခင်တိုက်ပွဲများသည် သံမဏိဝတ်ရုံလီကို အစစ်အမှန်သိုင်းပညာနယ်ပယ်ငါးဆယ်ကျော် ကျဆုံးသွားစေခဲ့သည်။ ခုချိန်အထိပင် သံမဏိဝတ်ရုံလီ၏ နှလုံးသားသည် ထိုဆုံးရှုံးမှုကြောင့် သွေးထွက်နေဆဲဖြစ်သည်။

အကယ်၍ဝမ်ချောင်သည် လမ်းအစွန်းတစ်ဖက်ရှိ လက်ရွေးစင်များကိုလည်း သတ်ဖြတ်ခဲ့ပါက သံမဏိဝတ်ရုံမြင်းစီးဓားပြများသည် ဤထိုးနှက်မှုမှ ဘယ်တော့မှ ပြန်လည်ကောင်းမွန်လာနိုင်တော့မည်မဟုတ်ပေ။

ဤအစစ်အမှန်သိုင်းပညာနယ်ပယ်ညီအစ်ကိုများကို သူ့ဘက်သို့ စုစည်းရန် သူမည်မျှအားထုတ်ခဲ့ရသည်ကို သံမဏိဝတ်ရုံလီသာ သိပေသည်။ သံမဏိဝတ်ရုံမြင်းစီးဓားပြများကို လက်ရှိဂုဏ်ကျက်သရေသို့ ရောက်ရှိအောင် တည်ဆောက်ရန် သူ ဆယ်နှစ်လောက် အချိန်ယူခဲ့ရပေသည်။

အကယ်၍ ဝမ်ချောင်သာ အောင်မြင်သွားခဲ့ပါက သူ ယခင်က ရင်းနှီးမြုပ်နှံထားခဲ့သော ကြိုးစားအားထုတ်မှုသည့် အဓိပ္ပါယ်မဲ့သွားပေလိမ့်မည်။

ဤအချိန်တွင် သံမဏိဝတ်ရုံလီသည် ဝမ်ချောင်ကို လျှော့တွက်မိခြင်းအတွက် နောင်တ စရနေပြီဖြစ်၏။ သူသည် မြင်းတပ်သား တစ်ယောက်ကိုမျှ လွတ်မြောက်ခွင့်မပြုလိုသောကြောင့် ဤပရိယာယ်အားလုံးကို အားကိုးအားထားပြုခဲ့သည်။ ၎င်းက သူ့ကို ဤကဲ့သို့ ကြီးမားများပြားသောဆုံးရှုံးမှု ခံစားရစေမည် ဆိုသည်ကို သူ သိခဲ့ပါက မြင်းတပ်သားအချို့ကို လွတ်မြောက်စေခဲ့လျှင်ပင် သူသည် ဝမ်ချောင်ကို သတ်ဖြတ်ရန် ကိုယ်တိုင်ကိုယ်ကျ ရှေ့ထွက်ခဲ့ပေလိမ့်မည်။

လေးဆယ်သောမြင်းတပ်သားများအတွက် သူ့ညီအစ်ကို အများကြီး အသတ်ခံခဲ့ရခြင်းမှာ ဤသည်က သူ့အတွက် အရင်က မဖြစ်ခဲ့ဖူးသော ကြီးမားသည့် ထိုးနှက်ချက်ဖြစ်သည်။

"လူတိုင်းပဲ ငါ့အမိန့်ကို နာခံပြီး ငါနဲ့အတူ လုပ်ဆောင်ပါ။ ဘယ်သူပဲဖြစ်ဖြစ် ထွက်ပြေးရဲရင် သူတို့ဟာ နေရာမှာပဲ ခေါင်းဖြတ်ကွပ်မျက်ခံရမယ်။"

သံမဏိဝတ်ရုံလီ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ့မျက်နှာသည် ကြောက်စရာကောင်းလောက်အောင် ဆိုးရွားနေပြီး သူ၏ ပေါက်ကွဲထွက်နေသောဒေါသသည် အကောင်အထည်ပေါ်လုနီးပါးပင်။

ဟောင်းလောင်လောင်

စိုးရိမ်တကြီးထွက်ပြေးနေကြသေးသည့် မြင်းစီးဓားပြများသည် တခဏအတွင်း သူတို့၏နှလုံးသားများ အေးခဲသွားသည်ကို ချက်ချင်းခံစားလိုက်ရ၏။ သူတို့သည် ချက်ချင်းပြန်လှည့်လာခဲ့ကြပြီး သံမဏိဝတ်ရုံလီ၏အဖွဲ့နှင့် ပြန်လည်ပေါင်းစည်းလိုက်ကြသည်။

သံမဏိဝတ်ရုံလီ ရောက်ရှိလာခြင်းနှင့်အတူ ထိုမြင်းစီးဓားပြများ၏ နှလုံးသားများနှင့် စိတ်ဓာတ်များသည် နောက်ဆုံးတွင် နောက်တစ်ကြိမ်မြင့်တက်လာခဲ့ကြသည်။

သံမဏိဝတ်ရုံမြင်းစီးဓားပြများအတွင်း သူတို့၏ ခေါင်းဆောင်သံမဏိဝတ်ရုံလီသည် မည်သူမျှ မယှဉ်နိုင်သော တည်ရှိမှုတစ်ခုဖြစ်သည်။

"ခေါင်းဆောင်နောက်လိုက်ပြီး အဲဒီစစ်သားတွေကို သတ်ဖြတ်ကြ။"

"ငါတို့ညီအစ်ကိုတွေအတွက် ဂလဲ့စားချေမယ်။"

မြင်းစီးဓားပြများ အော်ဟစ်လိုက်ကြကာ သူတို့၏ သတ္တိများ ပို၍ တိုးပွားလာခဲ့၏။ ဤစစ်ဆင်ရေးအတွက် သံမဏိဝတ်ရုံမြင်းစီးဓားပြများ၏ အဓိကအုပ်စုတစ်ခုလုံးနီးပါး စုရုံးခဲ့ကြသည်။

ယခင်က ရှုံးနိမ့်ခဲ့သော လက်ရွေးစင်မြင်းစီးဓားပြသုံးဆယ်နှင့် သံမဏိဝတ်ရုံလီ သူနှင့်အတူ ခေါ်ဆောင်လာသော ဓားပြများနှင့် မြင်းစီးဓားပြ ခြောက်ဆယ်နှင့်အတူ သံမဏိဝတ်ရုံမြင်းစီးဓားပြများ၏ တပ်ဖွဲ့အင်အားသည် အယောက်ကိုးဆယ်သို့ နောက်တစ်ကြိမ် ထပ်မံတိုးမြှင့်သွားခဲ့သည်။

သို့သော် ယခင်ကနှင့်မတူဘဲ ဤတစ်ကြိမ်အုပ်စုကို ဦးဆောင်နေသူမှာ ဂိုဏ်းခေါင်းဆောင် သံမဏိဝတ်ရုံလီဖြစ်သည်။

ဟောင်းလောင်လောင်

သံမဏိဝတ်ရုံလီ၏ အမိန့်အောက်တွင် ဓားပြများနှင့် မြင်းစီးဓားပြများသည် ရက်စက်ကြမ်းကြုတ်စွာ ကြွေးကြော်လိုက်ကြပြီး သူတို့၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒများသည် အလွန်ကြီးမားနေခဲ့ကာ လဟာပြင်ပင်လျှင် ၎င်းကို ရင်ဆိုင်ရသည်နှင့် ပုံပျက်သွားပုံရသည်။

"သူတို့ကို ဖမ်း"

"သူတို့ကို အဝေးမရောက်စေနဲ့"

ဤတစ်ကြိမ်တွင် သူတို့သည် မဟာထန်တပ်သားများကို အဝေးသို့မလွှတ်မြောက်စေရန် ဆုံးဖြတ်ထားခဲ့ကြသည်။ ထို့အပြင် ဤတစ်ကြိမ်တွင် မိုးကောင်းကင်ပင်လျှင် သူတို့ဖက်၌ဖြစ်၏။ ကျန့်ရာအနည်းငယ်လောက် ပြေးလွှားလာပြီးနောက် မြင်းစီးဓားပြများသည် အမြန်နှုန်း၌ ထိပ်ဆုံးရောက်နေခဲ့ကြပြီးဖြစ်သည်။

(၆၀၀ မီတာ)

ခုမှစ၍ အရှိန်ယူနေသည့် ဝမ်ချောင်တို့အုပ်စုနှင့်ယှဉ်ပါက သူတို့သည် အသာစီးရသည့်အနေအထားတွင် ဖြစ်သည်။

အကွအဝေးသည် တဖြည်းဖြည်းကျဉ်းမြောင်းလာခဲ့သည်။ ကျန့်တစ်ရာ၊ ကျန့်ရှစ်ဆယ်၊ ကျန့်ခုနစ်ဆယ်...

ဘုန်း

သို့သော် သူတို့ ကျန့်ငါးဆယ်အဝေးသို့ ရောက်လာသောအခါ ရုတ်ချည်းပြောင်းလဲမှုတစ်ခု ဖြစ်ပွားသွားခဲ့၏။

ဟူးလောင်

သံမဏိဝတ်ရုံလီ ရုတ်တရက် သူ့အောက်ရှိ တွန်းကန်အားက ပျောက်ကွယ်သွားသည်ဟု ခံစားလိုက်ရသည်။ သူ့မြင်း နင်းလျှောက်နေသော မြေပြင်က ပြိုပျက်သွားခဲ့၏။

"ချီးပဲ"

သံမဏိဝတ်ရုံလီ ချက်ချင်း သူက တစ်ဖက်၏ ထောင်ချောက်သို့ ကျရောက်သွားပြီဟု နားလည်လိုက်သည်။

သူ ရပ်ရန် သူ့မြင်းဇက်ကြိုးကို ဆွဲလိုက်သော်လည်း အလွန်နောက်ကျသွားခဲ့သည်။ စစ်မြင်းတစ်ကောင်၏ အရှိန်သည် သူ့အမြင့်ဆုံးအရှိန်သို့ရောက်နေခဲ့ပါက ရပ်ချင်သလို မည်သို့ ရပ်၍ရမည်နည်း။

ဘုန်းး

ဘုန်းခနဲ ပဲ့တင်သံဖြင့် သံမဏိဝတ်ရုံလီနှင့် သူ့မြင်းတို့သည် ဖုန်မှုန့်လှိုင်းလုံးကြီးတစ်ခုနှင့်အတူ ပြုတ်ကျသွားခဲ့သည်။

သူ့အောက်တွင် သစ်သားအချွန်အတက်များဖြင့် ပြည့်နှက်နေသည့် ကြီးမားသော ကျင်းကြီးတစ်ခုဖြစ်သည်။

"ခေါင်းဆောင်"

"ရှေ့မှာ ထောင်ချောက်ရှိတယ်”

"မြန်မြန်ရပ်ကြ"

ဘာတွေဖြစ်သွားသည်ကို မြင်လိုက်ရသည့် လူအချို့ရှိသည်။ သူတို့သည် ရပ်တန့်ရန် သူတို့၏မြင်းဇက်ကြိုးကို ဆွဲလိုက်ကြပြီး သူတို့နောက်ရှိ အခြားမြင်းစီးဓားပြများကို အော်ပြောလိုက်ကြသည်။ သို့သော်လည်း သံမဏိဝတ်ရုံလီ၏ ဂုဏ်ယူရသော ဖာဂါနာမြင်းပင်လျှင် ဤသို့သော အခြေအနေအောက်တွင် မရပ်တန့်နိုင်ခဲ့သောကြောင့် သူတို့၏မြင်းများကဲ့သို့သော သာမန်မြင်းများသည် မည်ကဲ့သို့ ရပ်တန့်နိုင်ကြမည်နည်း။

ဟီးးး

မြင်းများရော လူများပါ ဝမ်းနည်းကြေကွဲစွာ အော်ဟစ်သံနှင့်အတူ မြင်စီးဓားပြအများအပြားသည် ဧရာမတွင်းကြီးထဲသို့ ပြုတ်ကျသွားကြပြီး အချို့မှာ သူတို့နောက်မှ တိုက်ထုတ်ခြင်းကိုပင် ခံခဲ့ကြရသည်။

-----------------------------

အပိုင်း ၃၅၄ ကြောက်မက်ဖွယ် သံမဏိဝတ်ရုံလီ

မြင်းစီးဓားပြအတော်များများ ဧရာမကျင်းထဲပြုတ်ကျသွားခဲ့ကြသည်။

"တိုက်ခိုက်ဖို့အချိန် ရောက်လာပြီ။"

နောက်ဖက်ရှိ အုတ်အော်သောင်းသင်းအသံကို ကြားလိုက်ရသောအခါ ဝမ်ချောင်သည် သူ့ထောင်ချောက်က အလုပ်ဖြစ်ပြီဖြစ်ကြောင်း သိရှိလိုက်သည်။

"မြှားနှစ်စင်းပုံစံဖွဲ့စည်းပုံ ချီတက်။"

ဤစကားများအော်မြည်လာသည်နှင့်တစ်ပြိုင်နက် မြင်းတပ်သားလေးဆယ်တို့သည် ရပ်တန့်သွားခဲ့ကြပြီး လေထဲတွင် တိတ်ဆိတ်မှုတစ်ခုကျန်ရစ်နေစေခဲ့သည်။

မြင်းစီးဓားပြများအတွက် ဤတိတ်ဆိတ်မှုသည် မုန်တိုင်းမလာမီ ငြိမ်သက်သွားသကဲ့သို့ အထူးပင် တုန်လှုပ်ချောက်ချားစွာ ခံစားရစေခဲ့သည်။

ဟောင်းလောင်

မြင်းစစ်သည်လေးဆယ့်နှစ်ယောက်တို့က ဖရိုဖရဲဖြစ်နေသည့် မြင်းစီးဓားပြများဆီသို့ ရက်စက်ကြမ်းကြုတ်စွာ ပြေးဝင်သွားစဉ် မြေပြင်သည် နားအူမတတ်ထစ်ချုန်းသံဖြင့် တုန်ခါသွားခဲ့သည်။

မြင်းစီးဓားပြများစွာတို့က လေထုထဲ လွင့်ထုတ်ခံလိုက်သည့် အံ့မခမ်းမြင်ကွင်းကို ဖော်ပြရန် စကားလုံးမရှိတော့ပေ။ မြင့်မားသော မြင်းများသည်ပင် ဘေးသို့ တွန်းပို့ခံလိုက်ကြရသည်။

"ဂရုစိုက်"

"မြင်းစစ်သည်တွေ ဒီကိုရောက်လာကြပြီ"

"သူတို့ကို တား"

စိတ်ပျက်အားငယ်သံများ ရောစွက်နေသော ကြေကွဲဖွယ်အော်သံများက အဓိကလမ်းမပေါ်သို့ ပဲ့တင်ထပ်သွားခဲ့သည်။ ရှေ့မှနေ၍ ချီတက်မှုကို ဦးဆောင်လာနေသည့် လူငယ်ပုံရိပ်ကို ကြည့်ကာ မြင်းစီးဓားပြများနှင့် ဓားပြများ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုနှင့် သွေးပျက်မှုများ ပေါ်လာခဲ့၏။

နောက်ထပ် ထိုလူငယ်ပင်။

လွန်ခဲ့သည့် နာရီအနည်းငယ်က သူတို့၏ညီအစ်ကို နှစ်ရာကျော်တို့သည် သူ့အမိန့်အောက်ရှိ မဟာထန်မြင်းစစ်သည်များ၏ လက်ထဲတွင် သေဆုံးသွားခဲ့ကြရသည်။ ထို့အပြင် သေဆုံးသူများတွင် လေးစားခံရသည့် ဟူလန်ကဲ့သို့သော ကျွမ်းကျင်သူများလည်း ပါဝင်ခဲ့သည်။

ထို့ထက်ပို၍ သူတို့သည် တိုက်ပွဲများစွာကို ဖြတ်သန်းခဲ့ကြသော်လည်း ထိုလူငယ်၏ အမိန့်ပေးမှုအောက်ရှိ တပ်သားများသည် အနည်းငယ်မျှသာ ထိခိုက်မှုရှိခဲ့ပုံရသည်။

ထိုသို့သော အမှားမရှိပုံရသည့် ရန်သူကို ရင်ဆိုင်ရသောအခါတွင် အရက်စက်ဆုံးနှင့် အကြောက်အရွံ့မရှိဆုံး မြင်းစီးဓားပြများသည်ပင် အလွန်ကြောက်ရွံ့သွားခဲ့ကြသည်။

ဟောင်းလောင်လောင်

လူများသည် လွင့်ထွက်သွားခဲ့ကြပြီး မြင်းများသည် လှန်ထွက်သွားခဲ့ကြကာ ခေါင်းများနှင့် ခြေလက်များသည် လေထဲရှိ ပြန့်ကျဲနေသော ကြက်သွေးရောင်သွေးများကြားတွင် ကခုန်နေခဲ့ကြသည်။ ယခင်အကြိမ်များစွာကဲ့သို့ပင် ဝမ်ချောင်၏ တပ်သားများသည် သံမဏိဝတ်ရုံမြင်းစီးဓားပြများ၏ အင်အားစုများကို နောက်တစ်ကြိမ် လွယ်ကူစွာ ထိုးဖောက်လိုက်ကြသည်။

သို့သော် ယခင်အကြိမ်များနှင့်မတူသည်မှာ ဤတစ်ကြိမ်တွင် သံမဏိဝတ်ရုံမြင်းစီးဓားပြများ၏ စုဖွဲ့မှုကို ချိုးဖောက်နေသော ထက်မြက်သည့် အစွန်းနှစ်ဖက်ရှိနေခြင်းဖြစ်သည်။

ဤစုဖွဲ့မှုပုံစံသည် ဝမ်ချောင်ကို သူတို့၏ချီတက်တိုက်ခိုက်မှုနေရာကို တိုးပွားစေပြီး သူတို့လမ်းကြောင်းရှိ ရန်သူများကို ပို၍ပင် ဖျက်ဆီးနိုင်စေခဲ့သည်။

တစ်ကြိမ်၊ နှစ်ကြိမ်....

မဟာထန်မြင်းစီးဓားပြများသည် သူတို့၏ စုဖွဲ့မှုပုံစံကို အခြားတစ်ဖက်တွင် လျင်မြန်စွာ ပြန်လည် ဖွဲ့စည်းလိုက်ကြပြီး မြင်းစီးဓားပြများဆီသို့ နောက်တစ်ကျော့ချီတက်တိုက်ခိုက်လိုက်ကြသည်။ တူညီသည့် ဝမ်းနည်းဖွယ်မြင်ကွင်းသည် နောက်တစ်ကျော့ပြန်လည်လာခဲ့ပြီး ခုနလေးမှ ထိပ်ဆုံးသို့ရောက်နေခဲ့သည့် မြင်းစီးဓားပြများ၏ စိတ်ဓာတ်သည် ဘာမှမဟုတ်ခြင်းအဖြစ်သို့ ပျက်စီးသွားခဲ့ကြသည်။

ထို့အပြင် ၎င်းမှာ သူတို့ထက် အရေအတွက်များစွာနည်းသော ရန်သူလက်ထဲတွင်ဖြစ်သည်။

အစကတည်းက မြင်းတပ်သည် သူတို့၏ရန်သူများနှင့် ခွန်အားအရာတွင် ညီမျှရန် မလိုအပ်ခဲ့ပေ။ သူတို့သည် တစ်ဖက်၏ဖွဲ့စည်းမှုပုံစံကို အကြိမ်ကြိမ် ဖြိုဖျက်ပြီး သူတို့၏ စိတ်ဓာတ်ကို ဖြိုခွဲနိုင်သရွေ့ အောင်ပွဲသည် သူတို့အတွက်ဖြစ်ပေလိမ့်မည်။

စစ်မြေပြင်တွင် စစ်သေနာပတိချုပ်အဖြစ် သူ့သက်တမ်းတစ်ဝက်စာ ကုန်ဆုံးခဲ့သောကြောင့် ဝမ်ချောင်သည် မရေမတွက်နိုင်သော တပ်သားများကို ကွပ်ကဲခဲ့ရသည်။ ထို့ကြောင့် မြင်းတပ်များ ပိုင်ဆိုင်ထားသည့် ထူးခြားသော စရိုက်လက္ခဏာများကို သူထက် ပို၍ မရှင်းလင်းနိုင်တော့ပေ။

အကယ်၍ တစ်ယောက်သည် စစ်မြေပြင်တွင် သူတို့၏မြင်းတပ်ကို ကောင်းစွာ အသုံးချနိုင်ခဲ့ပါက သူတို့သည် တိုက်ပွဲဒီရေများကို ပြောင်းလဲနိုင်ပြီး အောင်ပွဲဆီသို့ ခေါ်ဆောင်သွားနိုင်သည်။

စစ်ရေးဗျူဟာများအကြောင်း အနည်းငယ်မျှပင် မသိကြသည့် မြင်းစီးဓားပြများသည် ဤအရာကို ဘယ်တော့မှ နားလည်နိုင်ကြလိမ့်မည်မဟုတ်ပေ။

"ငါတို့နိုင်ပြီ"

ဤနေရာရှိ ရှုံးနိမ့်သွားသော မြင်းစီးဓားပြများကို ကြည့်ကာ ပိုင်စီလင် ပျော်ရွှင်သွားခဲ့၏။ အတိတ်အချိန်တုန်းကဆိုလျှင် ဤသို့သော အရေးမသာသည့် တိုက်ပွဲတစ်ခုကို အသေအပျောက်လုံးဝမရှိဘဲ အောင်နိုင်လိမ့်မည်ဟု သူမ လုံးဝ ယုံကြည်ခဲ့မည်မဟုတ်ပေ။

ဤသည်မှာ မြင်းစစ်သည်များ ကိုင်စွဲထားသည့် မယုံနိုင်စရာကောင်းသော အလားအလာကို မျက်မြင်တွေ့လိုက်ရသည့် ပိုင်စီလင်၏ ပထမဆုံးအကြိမ်ဖြစ်သည်။ ဤအတွေ့အကြုံက အနာဂတ်တွင် သူမကို နက်ရှိုင်းစွာ လွှမ်းမိုးထားပေလိမ့်မည်။

"ကောင်းတယ်။ သခင်လေး ကျွန်တော်တို့ သူတို့ကို အနိုင်ယူနိုင်ခဲ့ပြီ။"

မာစုန့် စိတ်လှုပ်ရှားနေခဲ့၏။

ဆယ်စုနှစ်တစ်ခုကျော်လောက် စစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သော စစ်မှုထမ်းတစ်ယောက်အနေဖြင့် မာစုန့်သည် မတူညီသော ခေါင်းဆောင်များစွာနောက်သို့ လိုက်ခဲ့ဖူးပြီး များပြားလှသော တိုက်ပွဲများတွင် ပါဝင်ခဲ့ဖူးသည်။

ဤစစ်မြေပြင်ရှိ တိုက်ပွဲသည် သူ အမြဲရှိခဲ့ဖူးသော အန္တရာယ်များပြီး အပြင်းထန်ဆုံးတိုက်ပွဲအဖြစ် ထည့်တွက်ရန် ခက်ခဲသည်။ အချိန်မရွေးသေဆုံးနိုင်သော စစ်မြေပြင်များတွင် သူသည် ဤထက် ပို၍အန္တရာယ်များသော မရေမတွက်နိုင်သည့် တိုက်ပွဲများကို အလွယ်တကူ ရှာတွေ့နိုင်သည်။

ထိုမြင်းစီးဓားပြများသည် မည်မျှအားကောင်းပါစေ သူတို့သည် တရားဝင်စစ်သည်များကို ယှဉ်နိုင်မည်မဟုတ်ပေ။

သို့သော် မည်သို့ဆိုစေကာမူ အတိတ်တွင် သူရှေ့ရှိလူငယ်ထက် သူ့ဆီ နက်ရှိုင်းသောထင်မြင်ချက်တစ်ခု ချန်ထားနိုင်သည့် ကွပ်ကဲသူတစ်ယောက်မှမရှိခဲ့ပေ။

သူတို့ထက် ဆယ်ဆကျော်သော ရန်သူကို တိုက်ခိုက်နေရသော်လည်း ထိုလူငယ်ကွပ်ကဲသူသည် အသေအပျောက်အနည်းဆုံးဖြင့် သူတို့ကို ဦးဆောင်နိုင်ခဲ့သေးသည်။

သူ၏ မြင်းတပ်တိုက်ခိုက်ရေးအကြောင်း နက်နက်နဲနဲ သိနားလည်ထားခြင်းဖြင့် သူသည် သူတို့အတွင်း တိုက်ခိုက်နိုင်စွမ်းအလားအလာ အပြည့်အဝကို ဆွဲထုတ်နိုင်ခဲ့သည်။ စစ်တပ်တွင် ဤလုပ်ဆောင်ချက်ကို ပြုလုပ်နိုင်သည့် သူသိသော ကွပ်ကဲသူမရှိပေ။

အမှန်တွင် မြင်းတပ်ကွပ်ကဲမှုနယ်ပယ်တွင် ဝမ်ချောင်ကိုယှဉ်နိုင်သည့် ကွပ်ကဲသူ မဟာထန်၌မရှိနိုင်တော့ ဟု မာစုန့်ခံစားနေရသည်။

ဟောင်းလောင်လောင်

တစ်ယောက်ပြီးတစ်ယောက် မြင်းစီးဓားပြများ လျင်မြန်စွာ လဲကျသွားခဲ့ကြသည်။

ဝမ်ချောင်ကွပ်ကဲထားသည့် မြင်းစစ်သည်များသည် တစ်ဦးချင်းတိုက်ပွဲကို လုံးဝမတိုက်ခိုက်ခဲ့ကြပေ။ ထို့အစား သူတို့သည် တစ်ခုတည်းသောအရာအဖြစ် အချင်းချင်းအားဖြည့်ရန် သူတို့၏ ခွန်အားများကို မြုပ်နှံထားခဲ့ကြပြီး ရန်သူကို ထပ်တလဲလဲဖြတ်ကျော်တိုက်ခိုက်ခဲ့ကြသည်။

မကြာခဏဆိုသလိုပင် မြင်းစီးဓားပြတစ်ဦးချင်းစီသည် သူတို့သည် မြင်းစစ်သည်တစ်ဦးတည်းနှင့် ရင်ဆိုင်နေရခြင်းမဟုတ်ဘဲ မြင်းစစ်သည်အုပ်စုလိုက်ဖြင့် ရင်ဆိုင်နေရသည်ကို တွေ့လိုက်ကြရသည်။

ထိုသို့သော နည်းဗျူဟာက ရန်သူကို အလွယ်တကူအနိုင်ရစေသည်သာမက မြင်းစစ်သည်များကိုလည်း ထိခိုက်မှုအနည်းဆုံးဖြစ်စေခဲ့သည်။

ထိုသို့သောရလဒ်က အခြားသူများ၏ မျက်လုံးထဲတွင် မယုံနိုင်စရာအံ့ဖွယ်တစ်ခုဖြစ်နိုင်သော်လည်း ဝမ်ချောင်အတွက် ဘာမှထူးဆန်းမနေခဲ့ပေ။

"ကောင်လေး မင်း နိုင်သွားပြီ လို့ ထင်နေတာလား။"

လူတိုင်းက ဝမ်းသာစွာဖြင့် အော်ပွဲခံနေစဉ်မှာပင် ငရဲ၏အနက်ဆုံးအပိုင်းမှ အရင်းခံလာပုံရသော ကြောက်မက်ဖွယ်ကောင်းသည့်အသံတစ်ခုသည် လူတိုင်း၏ နားထဲ ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့သည်။

ထိုအသံကို ကြားလိုက်ရသည့်လူတိုင်း အရိုးခိုက်မတတ်ခံစားလိုက်ရပြီး တစ်ချိန်တည်းမှာပင် အန္တရာယ်အငွေ့အသက်နှင့် စိုးရိမ်ပူပန်မှုတို့ကိုလည်း ခံစားလိုက်ရသည်။

ထိုခဏတွင် လေထုပင်လျှင် အေးခဲသွားခဲ့ပုံရသည်။

ဝမ်းး

ပျံ့လွင့်နေသည့် ဖုန်မှုန့်များကြားတွင် မြင့်မားသည့် ပုံရိပ်တစ်ခုသည် နက်ရှိုင်းသည့်ကျင်းမှ ပေါ်ထွက်လာခဲ့သည်။

ဖုံထူထပ်နေသည့် လေထုသည် ထိုလူပတ်ပတ်လည်တွင် ပုံပျက်သွားပုံရသည်။ သူ့ထံမှ ထိန်းချုပ်ထားနိုင်ခြင်းမရှိသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခု ထွက်ပေါ်နေခဲ့ပြီး သူ့ပိတ်ပတ်လည်ရှိလူတိုင်းကို ကြောက်ရွံ့သွားစေသည်။

ပို၍သိသာထင်ရှားသောအရာမှာ လူတစ်ဦးထက် နတ်ဆိုးနှင့် ပို၍ဆင်တူသော စိမ်းကားပြီး ရန်လိုသော မျက်လုံးတစ်စုံပင်။

"မကောင်းတော့ဘူး"

တစ်စုံတစ်ခုဖြစ်ပျက်လာတော့မည်ကို ဝမ်ချောင် ချက်ချင်းနားလည်လိုက်ပြီး အော်ဟစ်သတိပေးလိုက်၏။

"လူတိုင်းပဲ ဂရုစိုက်ကြ"

သို့သော် ထိုနတ်ဆိုးသည် ဝမ်ချောင်ထက်ပို၍ပင် မြန်ဆန်နေခဲ့သည်။

ဟီးးး

မည်သူမျှ ထိုလူ မည်သို့ လှုပ်ရှားသွားသည်ကို မမြင်လိုက်ရပေ။ သို့သော် လူတိုင်း ဖြစ်ပျက်သွားသည့်အရာကို နားလည်လိုက်ချိန်တွင် သူသည် မြင်းစစ်သည်တစ်ဦးရှေ့ ရပ်နေခဲ့ပြီဖြစ်သည်။

သူ၏ အားကောင်းသော ပုခုံးများက ထိုမြင်းစစ်သည်၏ အားကောင်းစွာတည်ဆောက်ထားသောစစ်မြင်းကို ပြင်းထန်စွာဝင်တိုက်သွားခဲ့ပြီး မြင်း၏ အရွတ်များနှင့် အရိုးများကို ချက်ချင်း ကျိုးကြေသွားစေခဲ့သည်။ ထိုသက်ရောက်မှုအောက်တွင် မြင်းမောင်းသူနှင့် မြင်းတို့သည် ပြင်းထန်စွာ လွင့်ထွက်သွားခဲ့ကြသည်။

‌ဟောင်းလောင်

နောက်ဆုံးတွင် သူတို့သည် သစ်ပင်တစ်ပင်ပေါ်သို့ ဦးခေါင်းအရင်ကျသွားခဲ့ပြီး ရေတံခွန်ကဲ့သို့ သွေးများ စီးကျလာခဲ့သည်။ ဝမ်ချောင်အပါအဝင် လူတိုင်းသည် ဤမြင်ကွင်းကြောင့် ထိတ်လန့်သွားခဲ့ကြသည်။

တိုက်ပွဲအစမှနေ၍ အခုအချိန်အထိ ဤသည်မှာ ဝမ်ချောင်တို့အုပ်စုတွင် ပထမဆုံးသောအသေအပျောက်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

သံမဏိဝတ်ရုံလီ၏ ထိုးနှက်ချက်သည် အလွန်သန်မာလှ၏။ ထိုပေါက်ကွဲစေတတ်သော စွမ်းအားမျိုးသည် လူသားတစ်ဦး ပိုင်ဆိုင်သင့်သည်အရာ ဟုတ်ပုံမပေါ်ပေ။

"လီလေး"

ဝမ်းနည်းပက်လက်မြည်ကြွေးသံဖြင့် အခြားမြှားပုံစံစုဖွဲ့မှုမှ မြင်းတပ်သားတစ်ယောက်သည် ရုတ်တရက် စုဖွဲ့မှုပုံစံမှ စွန့်ခွာသွားပြီး သံမဏိဝတ်ရုံလီဆီသို့ သွေးရူးသွေးတန်းချီတက်တိုက်ခိုက်လိုက်သည်။

"ဟမ် သေချင်နေတာပဲ။"

ဟောင်းလောင်

နောက်ထပ်ထိုးနှက်ချက်တစ်ခုဖြင့် စုဖွဲ့မှုပုံစံမှ စွန့်ခွာသွားသည့် ထိုမြင်းစစ်သည်သည် လေထုထဲသို့ ကျန့်တစ်ဆယ်အကွာအဝေးအထိ လွင့်ထွက်သွားခဲ့သည်။

ထိုကြောက်မက်ဖွယ် ကြီးမားလှသော ခွန်အားသည် အမှန်တကယ်ပင် ဂရုပြုရမည့်အရာဖြစ်သည်။

လူတိုင်း ကြက်သေသေသွားခဲ့ကြ၏။

ဤသည်မှာ တိုက်ပွဲတစ်လျှောက် သံမဏိဝတ်ရုံလီ သူ၏ အံ့မခမ်းခွန်အားကို ထုတ်ပြသည့် ပထမဆုံးအကြိမ်ဖြစ်သည်။

"ဖွဲ့စည်းပုံကနေ ထွက်မသွားကြနဲ့။ မင်းတို့ရဲ့အသင်းနဲ့အတူ အတူတကွချီတက်ကြ။"

ဝမ်ချောင် စိုးရိမ်တကြီးအော်ဟစ်လိုက်သည်။

ဤသည်မှာ သံမဏိဝတ်ရုံလီ၏ ခွန်အားကို သူကိုယ်တိုင် ပထမဆုံးမျက်မြင်တွေ့ရခြင်းဖြစ်ပြီး ၎င်းက လီချန်ချီ သူ့ကို ပြောခဲ့သည့်အရာထက် ပို၍ကြီးမားပေသည်။

ဒီးဒါဒါ

မြှားပုံစံအုပ်စုနှစ်ခုမှ ပထမဆုံးလှုပ်ရှားသည့် တစ်ခုမှာ ပိုင်စီလင်နှင့် မာစုန့်တို့ရှိနေကြသည့် အုပ်စုဖြစ်သည်။ သူတို့သည် သူနှင့် အနီးဆုံးရှိနေခဲ့ကြပြီး ထို့ကြောင့် သူတို့သည် လှုပ်ရှားရန် အမြန်ဆုံးလည်းဖြစ်သည်။

"သူ့ကို သတ်"

မဟာထန်မြင်းစစ်သည်နှစ်ဆယ့်တစ်ယောက်ပါဝင်သော မြှားပုံစံအုပ်စုသည် ညက်ညောစွာရွေ့လျားနေသည့် နဂါးတစ်ကောင်ကဲ့သို့ ရှေ့သို့ ချီတက်တိုက်ခိုက်လိုက်ကြသည်။ သူတို့၏ လှုပ်ရှားမှုနှင့်အတူ ဖုန်မှုန့်များထလာခဲ့ကာ သူတို့သည် သံမဏိဝတ်ရုံလီဆီသို့ လျင်မြန်စွာ ချီတက်တိုက်ခိုက်လိုက်ကြသည်။

"ဟားဟားဟား..."

အေးစက်စွာ လှောင်ပြောင်လိုက်ကာ သံမဏိဝတ်ရုံလီသည် ရှောင်ရှားရန် လုံးဝရည်ရွယ်ချက်မရှိဘဲ သူ့ရှေ့ရှိ စစ်သည်အုပ်လိုက်ကြီးကို စိုက်ကြည့်လိုက်သည်။

ဤအချိန်တွင် လောင်ကျွမ်းနေသည့် ဒေါသများက သူ့စိတ်ကို ဖုံးကွယ်ထားခဲ့သည်။ အကယ်၍ သူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့မည်ဆိုပါက သူသည် မိုးကောင်းကင်ကို အစိတ်စိတ်အမွှာမွှာဆွဲဖြဲပစ်ပေလိမ့်မည်။

သူ၏နှစ်ပေါင်းများစွာကြိုးစားအားထုတ်မှုသည် ဘာမဟုတ်သည့် စစ်သည်လေးဆယ်အုပ်စုလေး၏ လက်ထဲတွင် ပျက်စီးသွားခဲ့ရသည်။

သူ၏ ချစ်လှစွာသော ကြက်သွေးရောင်ဖာဂါနာမြင်းပင်လျှင် ကျင်းထဲရှိ သစ်သားအချွန်အတက်များကြောင့် သေဆုံးသွားခဲ့ရသည်။

သူသည် သံမဏိဝတ်ရုံမြင်းစီးဓားပြဂိုဏ်းကို တည်ထောင်ခဲ့ကတည်းက ဤသို့သော အရှက်ရမှုမျိုးကို မခံစားခဲ့ရဖူးပေ။

"သောက်ကလေး"

သူ၏တင်းကျပ်စွာဆုပ်ထားသော လက်သီးမှ အရိုးချိုးသံထွက်လာခဲ့ကာ သံမဏိဝတ်ရုံလီ တံထွေးထွေးလိုက်သည်။

သူ၏ နားထင်များမှ သွေးကြောများထောင်ထနေသည်ကို မြင်နိုင်ပြီး သူ၏ ယူကျုံးမရသော ဒေါသသည် သူ့မျက်လုံးများတွင် ကြက်သွေးရောင် အသွေးရောင်အဖြစ် ပေါ်လာသည်။

အကယ်၍ အကြည့်ဖြင့်သာ သတ်နိုင်ခဲ့ပါက ဝမ်ချောင်နှင့် ဤမဟာထန်မြင်းစစ်သည်များသည် အကြိမ်များစွာ သေဆုံးခဲ့ပြီ ဖြစ်ပေလိမ့်မည်။

စစ်ဆင်ရေးအစမှစ၍ အခုအချိန်အထိ သံမဏိဝတ်ရုံလီသည် သူ့လက်အောက်ငယ်သား သုံးရာကျော်ကို ဆုံးရှုံးခဲ့ရပြီး ဤသည်က သူ့အတွက် လုံးဝလက်မခံနိုင်သောအရာဖြစ်သည်။ သူ့ဒေါသနှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒများသည် ခေါင်ခိုက်နေခဲ့ပြီဖြစ်၏။

ယနေ့ သူ မည်သည့်အရာများပေးဆပ်ရပါစေ သူသည် ဝမ်ချောင်ကို မဟာထန်မြင်းစစ်သည်လေးဆယ်နှင့်အတူ ဤနေရာတွင် မြှုပ်နှံရပေလိမ့်မည်။

ဟီးးးး

ချီတက်လာနေသော မဟာထန်မြင်းစစ်သည်များ၏ ပထမဆုံးအုပ်စုက သံမဏိဝတ်ရုံလီဆီသို့ နီးကပ်လာသည်နှင့် ချီတက်လာသောအရှိန်ကြောင့် သူ့ဝတ်ရုံများကို လေထဲတွင် တဖျပ်ဖျပ်ခတ်လာစေခဲ့သည်။

သို့သော် သူသည် ရှောင်ရှားရန် ရည်ရွယ်ချက်လုံးဝမရှိပေ။

ချီတက်လာနေသော မဟာထန်မြင်းစစ်သည်များ၏ မျက်နှာချင်းဆိုင်တွင်ရပ်နေခဲ့ကာ သူသည် သူ့လက်များကို ဖြည်းညင်းစွာ ဆုပ်လိုက်သည်။

ဟောင်းလောင်လောင်

ထိုခဏတွင် အချိန်သည် အဆပေါင်းများစွာ နှေးကွေးသွားခဲ့ပုံရ၏။ အကြည့်များစွာရှေ့တွင် ကြံ့ခိုင်ပြီး အားကောင်းသော ခွာတစ်စုံသည် ဖုန်မှုန့်တိမ်တိုက်ကြီးကို ထိုးဖောက်ဖြတ်သန်းလာခဲ့ကာ သံမဏိဝတ်ရုံလီ၏ ရင်ဘက်ပေါ်သို့ ပြင်းထန်စွာ ကန်ကျောက်လိုက်သည်။

သို့သော် အသွေးအသားနှင့်တည်ဆောက်ထားသော ခန္ဓာကိုယ်နှင့် သတ္တုခွာများ ထိပ်တိုက်တွေ့ဆုံလိုက်သည်နှင့် ပဲ့တင်ထပ်နေသော သတ္တုသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

သံမဏိဝတ်ရုံလီသည် ကျင်းရှေ့တွင် ခိုင်မြဲစွာ မတ်တပ်ရပ်နေခဲ့ပြီး လုံးဝမရွေ့လျားခဲ့ပေ။ တစ်ဖက်တွင်မူ ထိုမြင်းနှင့် မြင်းပိုင်ရှင်သည်တော့ ပြင်းထန်စွာ နောက်ဆုတ်သွားခဲ့ရသည်။

ဝမ်းး

ထိုမြင်ကွင်းက လူတိုင်းကို အလွန်အံ့ဩသွားစေခဲ့သည်။

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ဤသည်မှာ အေးစက်စက်ချွေးအေးများ စီးမကျလာမီ လူတိုင်း၏ စိတ်ထဲတွင် ကျန်ရှိနေခဲ့သည့် တစ်ခုတည်းသော အတွေးဖြစ်သည်။

-----------------------

အပိုင်း ၃၅၅ တိုက်ပွဲဒီရေကို ပြောင်းလဲခြင်း

အသွေးအသားဖြင့် တည်ဆောက်ထားသော ကိုယ်ခန္ဓာတစ်ခုက မြင်းစစ်သည်တစ်ယောက်၏ ခွန်အားအပြည့်တိုက်ခိုက်ခြင်းကို အနည်းငယ်မျှပင် ရွေ့လျားခြင်းအရှိဘဲ တောင့်ခံနိုင်လိမ့်မည်ဟု တွေးကြည့်ပါက...။ သူသည် တောင်တစ်လုံးကဲ့သို့ပင်။ ချီတက်လာသော မြင်းစစ်သည်ကိုသာ နောက်ပြန်ဆုတ်သွားစေခဲ့သည်။

သူတို့သည် ဤအခြေအနေကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရခြင်းမရှိပါက သူတို့သည် ဤသို့သော စွမ်းဆောင်မှုတစ်ခုသည် ဖြစ်နိုင်လိမ့်မည်ဟု လုံးဝ ထင်ကြလိမ့်မည်မဟုတ်ပေ။

"အခု ငါ့အလှည့်ပဲ"

ထိန်းချုပ်ထားခြင်းမရှိသော ဒေါသမီးတောက်များကို သယ်ဆောင်ထားသည့် အရိုးခိုက်မတတ်အသံတစ်ခုသည် လူတိုင်း၏ နားထဲတွင် ပေါ်ထွက်လာခဲ့သည်။ ဤအချိန်တွင် သံမဏိဝတ်ရုံလီသည် မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်သည်။

ဘုန်းး

ပထမဆုံးမြင်းစစ်သည်သည် မမြင်ရသော ကြီးမားသည့် လက်တစ်ဖက်ဖြင့် ထိုးနှက်ခံလိုက်ရပုံပေါ်သည်။ သူသည် သူ့မြင်းနှင့်အတူ အဝေးသို့ ကျွမ်းလှန်သွားခဲ့သည်။ ထို့နောက် သိပ်မကြာမီ ဒုတိယ၊ တတိယနှင့် စတုတ္ထသားကောင်များ ပေါ်ထွက်လာခဲ့သည်...

ထိုမြှားပုံစံအဖွဲ့၏ ထိပ်ပိုင်းသည် အဖွဲ့၏ စွမ်းအားကို စုစည်းထားသည့် နေရာဖြစ်သည်။ သို့သော် ၎င်းသည် သေမျိုးခန္ဓာတစ်ခု၏ အတင်းအကြပ်ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။ သူတို့၏လမ်းကြောင်းရှိ ကျောက်တုံးကြီးများကိုပင် ဖျက်ဆီးနိုင်ခဲ့သော အားကောင်းသည့် စစ်မြင်းများသည်ပင် သူ၏ ကြောက်မက်ဖွယ်ကောင်းသောခွန်အားအောက်တွင် သူတို့၏ အရိုးများနှင့် အတွင်းအင်္ဂါများ ဖျက်ဆီးခံလိုက်ကြရသည်။

သူ လက်သီးတစ်ချက်ပစ်လွှတ်လိုက်တိုင်း စစ်မြင်းတစ်ကောင်သည် လွင့်ထွက်သွားမည်ဖြစ်ပြီး အသက်ဆုံးရှုံးသွားပေလိမ့်မည်။

ဟောင်းးး

မြှားပုံစံအဖွဲ့၏ ထိပ်ပိုင်းကို တာဝန်ယူထားသည့် မဟာထန်မြင်းစစ်သည်လေးယောက်ကို ရှင်းလင်းပစ်ပြီးနောက် သူသည် နောက်ထပ်မဟာထန်မြင်းစစ်သည်ရှိသည့် ဘေးတစ်ဖက်သို့ လှစ်ခနဲ ပြေးသွားခဲ့ပြီး သူ့ကိုပါ ဖြိုချလိုက်သည်။

ဟွားး

မိန်းမဆန်သောအော်သံနှင့်အတူ အဖြူရောင်အလင်းတန်းတစ်ခုသည် လေထုထဲတွင် လက်ခနဲတောက်ပသွားခဲ့ပြီး အဖြူရောင် စွတ်ကြောင်းတစ်ခုကို ချန်ထားခဲ့၏။ သုံးချီရှည်သော ဓားတစ်ချောင်းသည် မယုံနိုင်စရာကောင်းသည့် အမြန်နှုန်းဖြင့် သံမဏိဝတ်ရုံလီ၏ ဦးခေါင်းဆီသို့ ဦးတည်သွားခဲ့သည်။

ဘုန်းးး

မထုံတတ်သေးအမူအရာဖြင့် သံမဏိဝတ်ရုံလီသည် လုံးဝမခုခံဘဲ ဓားကို သူ့အား တိုက်ခိုက်ခွင့်ပြုခဲ့သည်။

ကလင်

ဤမယုံနိုင်စရာကောင်းလောက်အောင် ထက်မြသည့်ဓားသည် သံမဏိဝတ်ရုံလီ၏ ကိုယ်ကို ထိမှန်သွားခဲ့သည်။ သို့သော် ဓားသည် သံမဏိပြားကို ထိမှန်သွားသကဲ့သို့ပင်။ တိုက်ခိုက်မှုမှာ အချည်းနှီးဖြစ်သွားခဲ့၏။

သံမဏိဝတ်ရုံလီသည် သူ့လက်သီးနှစ်ဖက်စလုံးကို ရှေ့သို့ ပစ်ထည့်လိုက်သည်။

ဟောင်း

ပိုင်စီလင်၏ နှုတ်ခမ်းမှ အော်သံထွက်လာခဲ့ကာ အကွာအဝေးတစ်ခုသို့ လွင့်ထွက်သွားခဲ့ပြီး သစ်ပင်တစ်ပင်ကို ပြင်းထန်စွာ တိုက်မိသွားခဲ့သည်။ သူမ၏ နှုတ်ခမ်းမှနေ၍ သွေးလုတ်ကြီးတစ်ခု လျှံထွက်လာခဲ့သည်။

လုံရှီမှ မြို့တော်အထိ မြေပြင်များကို လွှမ်းမိုးထားသော သံမဏိဝတ်ရုံမြင်းစီးဓားပြများ၏ ခေါင်းဆောင်ရှေ့တွင် ပိုင်စီလင်ပင်လျှင် ပြိုင်ဘက်မဟုတ်ခဲ့ပေ။

"စီလင်"

ဝမ်ချောင် ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။

ပိုင်စီလင်သည် နယ်စားငယ်ရီနှင့် ဝမ်းကွဲဝမ်ကျူးယန်တို့နှင့် ယှဉ်နိုင်သော ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသည်။ သို့သော် ဤသို့ဆိုလျှင်ပင် သူမသည် သံမဏိဝတ်ရုံလီကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။

"ဂျူနီယာ ဂရုစိုက်။ သူ့ရဲ့သံမဏိဝတ်ရုံက ဓားနဲ့ ဆေဘာတွေကို ခုခံနိုင်တယ်။ ငါ သူ့ရဲ့ ခံစစ်ကို မချိုးဖောက်နိုင်ဘူး။"

ပိုင်စီလင် ဖြူလျော်နေသည့် မျက်နှာဖြင့် စိုးရိမ်တကြီး လှမ်းပြောလိုက်သည်။ သူမ၏ အတွင်းအင်္ဂါများကို ကာကွယ်ရန် ကြယ်တာရာစွမ်းအင်များကို အသုံးချစေနိုင်သည့် သူမ၏ အတော်အတန်မြင့်မားသော ကျင့်ကြံခြင်းကြောင့်သာမဟုတ်ပါက သူမသည် သံမဏိဝတ်ရုံလီ၏ လက်သီးချက်ကြောင့် သေဆုံးသွားပြီး ဖြစ်ပေလိမ့်မည်။

ပူးး

သို့သော် ထိုစကားများကို ပြောပြီးနောက် ပိုင်စီလင်သည် လက်ချောင်းထဲမှ ပျို့တက်လာသော ချိုမြသည့် ခံစားချက်ကို ရုတ်တရက်ခံစားလိုက်ရသည်။ သူမ၏ ပါးစပ်မှ နောက်ထပ်သွေးတလုတ် လျှံထွက်လာခဲ့၏။ သူတို့ သံမဏိဝတ်ရုံလီနှင့် တိုက်ပွဲစတင်ခဲ့သည်မှာ တခဏသာရှိသေးပြီး မြင်းစစ်သည်ငါးယောက် သူ့ကြောင့် သေဆုံးသွားခဲ့ပြီဖြစ်သည်။ ပိုင်စီလင်ပင်လျှင် ပြင်းထန်သည့် ဒဏ်ရာများ ရရှိခဲ့သည်။

သံမဏိဝတ်ရုံလီသည် အမှန်ပင် ကြောက်မက်ဖွယ်ကောင်းသော ရန်သူဖြစ်၏။

"အချစ်လေး မင်းက အဲကောင်လေးကို တော်တော်လေးစိုးရိမ်ပုံရတယ်။ စိတ်မပူပါနဲ့ ငါ သူ့ကို သတ်ပြီးရင် မင်းကိုလည်း ပို့ပေးမှာပါ။ ဒီနေ့ မင်းတို့တစ်ယောက်မှ အသက်ရှင်လျက် လွတ်မြောက်မှာမဟုတ်ဘူး။"

သံမဏိဝတ်ရုံလီ ဒေါသတကြီးပြောလိုက်သည်။ လျင်မြန်စွာလှုပ်ရှားလိုက်ခြင်းနှင့်အတူ သူသည် ဝမ်ချောင်ရှိနေသည့် မြှားပုံစံအဖွဲ့ဆီသို့ ချက်ချင်းချီတက်တိုက်ခိုက်လိုက်သည်။ မည်သည့်ခံစစ်လှုပ်ရှားမှုကိုမျှ ပြုမနေဘဲ သူသည် တိုက်ခိုက်မှုစွမ်းအားအကြီးမားဆုံးရှိရာနေရာ ထိပ်ပိုင်းသို့ တိုက်ရိုက်တိုးဝင်လိုက်သည်။

ဟောင်းလောင်

တောင်တစ်လုံး၏ စွမ်းအားကို သယ်ဆောင်ထားကြသည့် လှံငါးစင်းသည် မတူညီသည့် ရှုထောင့်များမှ သံမဏိဝတ်ရုံလီ၏ ခန္ဓာကိုယ်ကို တစ်ချိန်တည်း ထိမှန်သွားခဲ့ကြသည်။ သို့သော်လည်း သူတို့အားလုံးတို့သည် သံမဏိဝတ်ရုံလီ၏ ကြယ်တာရာစွမ်းအင်မှ ဖြစ်ပေါ်လာသော အနက်ရောင်ချိန်းကြိုးများ၏ လွဲဖယ်ခြင်းကို ခံလိုက်ကြရသည်။

သတ္တုကိုထိုးဖောက်ပြီး လူတစ်ဦးအား သူ၏မြင်းပေါ်မှ တောက်ချပစ်ရန် လုံလောက်အောင် အားကောင်းသော တိုက်ခိုက်မှုတစ်ခုသည် သံမဏိဝတ်ရုံလီအပေါ် လုံးဝမထိရောက်ပုံရသည်။

"သေစမ်း"

သံမဏိဝတ်ရုံလီက မြေပြင်ပေါ်တွင် ကောင်းစွာမတ်တပ်ရပ်နေခဲ့သော်လည်း ထိုမဟာထန်မြင်းတပ်သားငါးဦးသည်တော့ သူတို့၏ မြင်းများနှင့်အတူ လေထဲသို့ လွင့်စင်သွားခဲ့ကြသည်။

ဘုန်း ဘုန်း ဘုန်း

မြင်းများ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသောအခါ သူတို့၏လည်ပင်းများ ကျိုးကြေသွားခဲ့ကြသည်။ သူတို့၏အတွင်းအင်္ဂါများ ပေါက်ပြဲသွားခဲ့ကြသည့် အနည်းငယ်လည်းရှိပြီး သူတို့၏ နာကျင်စွာ အော်ဟစ်သံများက အသဲနှလုံးကိုပင် တုန်လှုပ်သွားစေသည်။

"ကောင်စုတ်လေး နောက်တစ်ယောက်က မင်းပဲ"

ဝမ်ချောင်ဆီ အကြည့်ရောက်သွားသောအခါ အေးစက်သည့်အလင်းရောင်တစ်ခုက သံမဏိဝတ်ရုံလီ၏ မျက်လုံးထဲ လက်ခနဲပေါ်လာခဲ့သည်။ သူသည် အရာအားလုံးကို ပျက်စီးသွားစေသည့် တရားခံဖြစ်သည်။

သူ့ကြောင့်မဟုတ်ပါက မြင်းစစ်သည်များသည် ထိုသို့သော တိုက်ခိုက်မှုစွမ်းပကာကို ပိုင်ဆိုင်နိုင်မည်မဟုတ်ပေ။ သူ့ကြောင့်မဟုတ်ပါက ဟူလန် သေဆုံးခဲ့မည်မဟုတ်ပေ။ သူ့ကြောင့်မဟုတ်ပါက သူ၏ ချစ်လှစွာစော မြင်းသည်လည်း အနားတွင်ရှိပေဦးမည်။ သူ့ကြောင့်မဟုတ်ပါက သူသည် စွမ်းရည်ရှိသည့်လက်အောက်ငယ်သားများစွာကို ဆုံးရှုံးခဲ့ရမည်မဟုတ်ပေ။

သူနှစ်ပေါင်းများစွာ ဒုက္ခသုခခံ၍ တည်ဆောက်ခဲ့ရသော အရာရာတိုင်းသည် နာရီအနည်းငယ်အတွင်း ဖျက်ဆီးခံလိုက်ရသည်။ သူ မည်ကဲ့သို့ သည်းခံနိုင်မည်နည်း။ ထိုမြင်းစစ်သည်လေးဆယ်ကို နောက်မှသတ်ဖြတ်လို့ရသည်။ သို့သော် လေ့ကျင့်ရေးစခန်းမှ ထိုလူငယ်ကိုတော့ သူ့ဒေါသများကို ဖြေဖျောက်ရန် ခုချက်ချင်းသတ်ဖြတ်ရပေမည်။

ဝုန်း

သံမဏိဝတ်ရုံလီ သူ့လက်ကို မြှောက်လိုက်သည်။ အရိပ်နှင့်ဆင်တူသော အနက်ရောင်အရာဝတ္ထုတစ်ခုက သူ့ဆီမှ ပြေးထွက်လာခဲ့၏။ ၎င်းက သူ့ကိုယ်ပိုင် အသက်ရှိနေသကဲ့သို့ ကြယ်တာရာစွမ်းအင် အနက်ရောင်ချိန်းကြိုးသည် ဝမ်ချောင်ကို တိုက်ခိုက်ရန် လဟာပြင်ကို ဆွဲဖြဲ၍ဖြတ်သန်းလာခဲ့သည်။

ဟောင်းလောင်

နားအူမတတ်ပေါက်ကွဲသံတစ်ခုက အနက်ရောင်ချိန်းကြိုးထိမှန်သွားရာနေရာမှ ထွက်ပေါ်လာခဲ့၏။ ဖုန်မှုန့်များ လှိုက်တက်လာခဲ့ပြီး ထိုနေရာရှိ ကျောက်စရစ်ခဲများက ကြီးမားသည့် ဖိအားအောက်တွင် ဖုန်မှုန့်များဖြစ်သွားခဲ့ကြသည်။

ဆံချည်တစ်မျှင်စာမျှ ဝမ်ချောင်သည် ထိုတိုက်ခိုက်မှုကို ရှောင်လိုက်နိုင်သည်။

ခွာဖြူအရိပ်လေးပိုင်ဆိုင်ထားသည့် အန္တရာယ်ကို ထက်မြက်စွာအာရုံခံနိုင်မှုက အရေးကြီးသည့်အချိန်တွင် ဝမ်ချောင်၏အသက်ကို ကယ်တင်သွားခဲ့သည်။

ဟီးးး

မြင်းတစ်ကောင်၏ ရုတ်တရက်အော်မြည်းသံက သံမဏိဝတ်ရုံလီ၏ အာရုံကို ဖမ်းစားသွားခဲ့သည်။ သူလှည့်ကြည့်လိုက်သည်တွင် သူဝမ်ချောင်ကို တိုက်ခိုက်စဉ် ပြသမိသွားသော ဟာကွက်ကို အသုံးချရန် ကြိုးစားနေသည့် ဖုန်မှုန့်များကို ဖြတ်သန်း၍ ချီတက်လာနေသော မဟာထန်မြင်းစစ်သည်တစ်ယောက်ကို မြင်လိုက်ရ၏။

"ဟမ်"

သံမဏိဝတ်ရုံလီ အေးစက်စွာ သရော်လိုက်သည်။

ဟောင်းး

အတွေးတစ်ချက်ဖြင့် အနက်ရောင်ကြယ်တာရာချိန်းကြိုးသည် ချက်ချင်း မြင့်တက်သွားခဲ့ပြီး အဆက်မပြတ်ကျယ်ပြန့်လာခဲ့ကာ ကောင်းကင်မှ ရုတ်ချည်းကျဆင်းလာလျက် ထိုမဟာထန်မြင်းစစ်သည်ကို သူ့မြင်းနှင့်အတူ လွှမ်းခြုံသွားခဲ့သည်။

ခရပ်ခရပ်ကျွတ်ကျွတ်

ထိုအနက်ရောင်ချိန်းကြိုးက သူ့ဝန်းကျင်တွင် အဆက်မပြတ်ကျုံ့ဝင်သွားသောအခါ ကြွပ်ဆတ်သည့် ကျိုးကြေသံများ ထွက်ပေါ်လာခဲ့၏။ ကြက်သွေးရောင်အရည်များက ထိုချိန်းကြိုး၏ အနားများမှ တဖြည်းဖြည်းစီးကျလာခဲ့သည်။

ထိုအနက်ရောင်ချိန်းကြိုးတုန်ခါသွားခဲ့ပြီး အရေပြားများ၊ အသားစများနှင့် ကျိုးကြေနေသည့် အရိုးများ ကျဆင်းလာခဲ့သည်။

ဟီးးး

ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် စစ်မြင်းများ ကြောက်ရွံ့စွာ နောက်ဆုတ်သွားခဲ့ကြသည်။ဝမ်ချောင်ပင်လျှင် သူ့နောက်ကျောမှ ချမ်းစိမ့်စိမ့်ဖြစ်သွားသည်ကို ခံစားလိုက်ရသည်။ အရိပ်ငယ်လေး၏ အချိန်ကိုက်တုံ့ပြန်မှုကြောင့်မဟုတ်ခဲ့ပါက သူသည်လည်း ထိုသို့ဖြစ်သွားခဲ့နိုင်သည်။

"ကောင်စုတ်လေး မင်း မလွတ်ဘူး။"

မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် သံမဏိဝတ်ရုံလီ ဝမ်ချောင်ကို စိုက်ကြည့်နေခဲ့ကာ အော်လိုက်သည်။

ဟူးး

သံမဏိဝတ်ရုံလီ သူ့လက်ဝါးကို ပြန်ရုတ်လိုက်သည်နှင့် ထိုအနက်ရောင်ကြယ်တာရာစွမ်းအင် ချိန်းကြိုးက သူ့ကိုယ်ဆီ ပြန်လာခဲ့သည်။ ထိုအနက်ရောင်ချိန်းကြိုးသည် ကြီးမားသည့် သွေးထွက်သံယိုဖြစ်မှု ယခုလေးတွင် ဖြစ်ပွားသွားခဲ့သော်လည်း လုံးဝသန့်ပြန့်နေခဲ့သည်။ သွေးအစအနလေးပင် စွန်းထင်းမနေခဲ့ပေ။

"ခေါင်းဆောင်"

"ခေါင်းဆောင်"

"ခေါင်းဆောင်"

ဤမြင်ကွင်းကို မြင်သည်နှင့် ခုနလေးမှ ထိတ်ထိတ်ပျာပျာထွက်ပြေးနေကြသော သံမဏိဝတ်ရုံမြင်းစီးဓားပြများသည် ရုတ်တရက် စတင်၍ ကျယ်လောင်စွာ ဩဘာပေးလိုက်ကြသည်။

"ငါတို့ခေါင်းဆောင်ကို ကူညီပြီး အဲဒီခွေးမသားစစ်သည်တွေကို သွားသတ်ကြစို့"

"ညီအစ်ကိုတို့ ဒါက ငါတို့အတွက် လက်တုံ့ပြန်ဖို့ အခွင့်အရေးပဲ။"

"ညီအစ်ကိုတို့ တိုက်"

ကြောက်ရွံ့မှုကြောင့် ပြန့်ကျဲနေခဲ့သည့် ငှက်များနှင့် သားကောင်များကဲ့သို့ ထိုမြင်းစီးဓားပြများသည် ကျယ်လောင်သည့်ဩဘာပေးသံများကြားတွင် ပြန်လှည့်လာခဲ့ကြသည်။ရုတ်တရက်ဆိုသလိုပင် အခြေအနေသည် ဝမ်ချောင်နှင့် အခြားသူများအတွက် အလွန်အရေးမသာဖြစ်လာခဲ့သည်။သူ၏ တစ်ဦးတည်းစွမ်းပကာဖြင့် သံမဏိဝတ်ရုံလီသည် အခြေအနေတစ်ခုလုံးကို ပြောင်းလဲခဲ့သည်။

"ခေါင်းဆောင် ကျွန်တော်တို့ ခင်ဗျားကို အကူအညီပေးဖို့လာပြီ"

ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာမှုများဖြင့် ပြည့်နှက်နေသည့် အော်သံတစ်ခု အကွာအဝေးတစ်ခုမှ ထွက်ပေါ်လာခဲ့သည်။ အဓိကလမ်းမ၏ အရှေ့ဘက်စွန်းမှ မြင်းခွာသံများ ထွက်ပေါ်လာခဲ့၏။ မြင်းစီးဓားပြသုံးဆယ်တို့သည် ဤနေရာသို့ သဲကြီးမဲကြီးချီတက်လာနေခဲ့ကြသည်။

သူတို့ရောက်လာခြင်းသည် တကယ့်ကို အချိန်ကိုက်ပင်။

ဝမ်းးး

ထိုခဏတွင် ဝမ်ချောင်၏ အမူအရာပင်လျှင် ဆိုးရွားသွားခဲ့သည်။

ဒဏ်ရာအနာတရ မရနိုင်ပုံရသော သံမဏိဝတ်ရုံလီသည်ပင် ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသော ပြိုင်ဘက်ဖြစ်နေခဲ့ပြီဖြစ်သည်။ သို့သော် ဤနေရာသို့ ပြန်လာရန်ရွေးချယ်ခဲ့ကြသော မြင်းစီးဓားပြများနှင့် ထိုမြင်းစီးဓားပြသုံးဆယ်တို့ ပေါင်းလိုက်သောအခါ အခြေအနေသည် သူတို့အတွက် အလွန်ဆိုးရွားသွားခဲ့သည်။

ပိုဆိုးသည့်အရာမှာ သူတို့လွတ်မြောက်နိုင်သည့် လမ်းကြောင်းများသည် ပိတ်ဆို့ခံထားရပုံရပြီး သံမဏိဝတ်ရုံလီ၏ တိုက်ခိုက်မှုအပြီးတွင် သူတို့သည် သူတို့၏အကြီးမားဆုံးအားသာချက် အမြန်နှုန်ကို ဆုံးရှုံးခဲ့ရခြင်းပင်။ အမြန်နှုန်းမရှိဘဲ မြင်းတပ်သည် ခြေလျင်တပ်သားများနှင့်မခြားပေ။ ဖြစ်နိုင်သည်မှာ တိုက်ခိုက်မှုစွမ်းရည်အရ သူတို့အောက်ပင် ရောက်နေနိုင်သည်။

ဤအခိုက်တွင် ဖိအားကြီးတစ်ခု သူတို့အပေါ်ကျဆင်းလာသည်ကို မဟာထန်မြင်းစစ်သည်များအားလုံး ခံစားလိုက်ကြရသည်။ စိတ်မသက်မသာဖြင့် ငါးယောက်အဖွဲ့ခေါင်းဆောင်တစ်ယောက် ဝမ်ချောင်ဆီ လှည့်မေးလိုက်သည်။

"အရှင် ကျွန်တော်တို့အခု ဘာဆက်လုပ်ကြမလဲ။"

စစ်ရေးဗျူဟာများကို အနည်းငယ်မျှနားလည်ထားခြင်းဖြင့်ပင် သူတို့သည် လုံးဝသုတ်သင်ခံရနိုင်သည်ကို ရှင်းလင်းစွာ မြင်နိုင်ကြပေသည်။

"အရှင်"

"အရှင်"

အချိန်သည် ဝမ်ချောင်အတွက် ရပ်တန့်လုနီးပါး နှေးကွေးသွားခဲ့ပုံရသည်။ ဤတိုတောင်းသောတခဏသည် အလွန်ရှည်ကြာသကဲ့သို့ ခံစားရသည်။

ဖျက်ဆီးခံထားရသည့် မြင်းစစ်သည်တစ်ယောက်နှင့် သူ့မြင်း၏ အလောင်းကို ဝမ်ချောင်မြင်လိုက်ရသည်။ ထို့အတူ လမ်းမတစ်လျှောက် လဲလျောင်းနေကြသည့် ပုံပျက်နေသော အလောင်းများကိုလည်း မြင်လိုက်ရသည်။ အကွာအဝေးတစ်ခုတွင် ပိုင်စီလင်သည် သူမ၏ရင်ဘက်ကို ဆုပ်ကိုင်ထားခဲ့ပြီး မတ်တပ်ရပ်ဖို့ပင် သူမအတွက် အနိုင်နိုင်ဖြစ်နေသည်။ သူမခံစားခဲ့ရသည့် ပြင်းထန်သော အတွင်းဒဏ်ရာများက သူမ၏ လှပသည့်မျက်နှာကို နာကျင်မှုကြောင့် ရှုံ့မဲ့နေစေခဲ့သည်။

မာစုန့်သည်လည်း ပြင်းထန်သည့် ဒဏ်ရာများရရှိခဲ့သည်။ သေဆုံးနေသည့် မြင်းတစ်ကောင်က သူ့ခြေထောက်ပေါ်တွင် ဖိကျနေခဲ့ပြီး သူသည် နာကျင်မှုကြောင့် မျက်မှောင်ကြုတ်နေခဲ့သည်။ အစစ်အမှန်သိုင်းပညာနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်သည် မြင်းတစ်ကောင်ကို အလွယ်တကူ မချီနိုင်သည့် ခွန်အားကို ပိုင်ဆိုင်ထားသည်။ သို့သော် မာစုန်သည် သူ့ကိုယ်သူလွတ်မြောက်ရန်ပင် ခွန်အားများ မစုစည်းနိုင်ခဲ့ပေ။

ဖုန်မှုန့်များနှင့် သဲများက နေရာတစ်ခုလုံး ပြည့်နှက်နေခဲ့ကြပြီး ကြက်သွေးရောင်သွေးများက တောင်စောင်းနှစ်ဖက်ရှိ မြက်ပင်များကို ဖြည်းညင်းစွာ စွန်းထင်းနေစေခဲ့သည်။ ထို့ထက်အနည်းငယ်ပို၍ကြည့်ပါက ဓားပြများစွာတို့သည် ဤနေရာသို့ ချီတက်လာလျက် ရက်စက်စွာဖြင့် သူတို့၏ ဓားများနှင့် ဆေဘာများကို ဆွဲထုတ်နေခဲ့ကြသည်။

ထိုထက်ပို၍ရှေ့တွင် လက်ရွေးစင်မြင်းစီးဓားပြအုပ်စုတစ်ခုသည်လည်း ပြေးလွှားလာနေခဲ့ကြသည်။

သူတို့အားလုံး၏ အလယ်ဗဟိုတွင် မြင်းစစ်သည်များကို သူ့လက်သီးတစ်လုံးစီဖြင့် တစ်ယောက်ပြီးတစ်ယောက် လွင့်ထွက်သွားစေခဲ့သည့် သံမဏိဝတ်ရုံလီဖြစ်သည်။ သူသည် ဝမ်ချောင်နှင့် အခြားသူများ၏လမ်းတွင်ရပ်နေသော ဖောက်ဖျက်၍မရနိုင်သည့် အတားအဆီးတစ်ခု ဖြစ်နေခဲ့သကဲ့သို့ပင်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် ရုတ်တရက် ရန်သူများ၏ ဝန်းရံခြင်းခံလိုက်ရပြီး သူတို့သည် အမြစ်ပြတ်သုတ်သင်ခံရမည့် ဘေးအန္တရာယ်ထဲသို့ ကျရောက်သွားခဲ့ကြသည်။

"ပြန်ဆုတ်"

ဟောင်းလောင်

ဝမ်ချောင် ရုတ်တရက် ရှေ့သို့ ပြေးထွက်သွားခဲ့ပြီး သူ့လက်ကို အောက်သို့ ဆန့်ချလိုက်ကာ ပိုင်စီလင်ကို ဆွဲယူလိုက်ပြီး သူ့မြင်းပေါ်သို့ တင်လိုက်သည်။ ထိုအချိန်တွင် သူ သူ့တပ်သားများကို အရေးကြီးအမိန့်တစ်ခု အော်ဟစ်လိုက်သည်။

"လကို ဖမ်းဆီးခြင်း လက်သည်းရှစ်ချောင်း အစီအစဥ်ကို အကောင်အထည်ဖော်မယ်။"

ထိုအသံသည် ပြတ်သားစွာပေါ်ထွက်လာခဲ့ပြီး အသက်ရှင်ကျန်ရစ်နေသည့် မြင်းစစ်သည်များသည် ချက်ချင်း စတင်၍ လှုပ်ရှားလိုက်ကြသည်။

-------------------------

All Chapters