← Chapters

အခန်း (၃၅၆-၃၆၀)

Vol. 16 Ch. 356-360

အခန်း (၃၅၆-၃၆၀)

Vol. 16 Ch. 356-360

အပိုင်း ၃၅၆ နောက်ဆုံးစစ်ဆင်ရေး

"ပြန်ဆုတ် လက်သည်းရှစ်ချောင်း လကို ဖမ်းဆီးခြင်းအစီအစဥ်ကို အကောင်အထည်ဖော်မယ်"

ဝမ်ချောင် ပြတ်သားစွာအော်ဟစ်လိုက်သည်။

ဟောင်းလောင်

တခဏချင်းမှာပင် သံမဏိဝတ်ရုံလီဆီသို့ ချီတက်တိုက်ခိုက်နေခဲ့ကြသော မဟာထန်မြင်းစစ်သည်များသည် ရုတ်ချည်းအရပ်မျက်နှာပေါင်းစုံသို့ ပြန့်ကျဲသွားခဲ့ကြသည်။

သူတို့တစ်ဦးချင်းစီသည် မတူညီသည့် အရပ်မျက်နှာတစ်ခုကို ရွေးချယ်ခဲ့ကြပြီး ဝမ်ချောင်ပင်လျှင် ထိတ်ထိတ်ပျာပျာဖြင့် ထွက်ပြေးနေခဲ့သည်။

ဤရုတ်တရက်ဆန်လှသည့်မြင်ကွင်းက လူတိုင်းကို ကြက်သေသေသွားစေခဲ့သည်။

"သူတို့ထွက်ပြေးနေကြပြီ သူတို့ကို ထွက်မပြေးစေနဲ့။"

"သူတို့ရဲ့လမ်းကြောင်းကို ပိတ်ဆို့ကြ"

"အရမ်းကောင်းတယ် ခေါင်းဆောင်"

မြင်းစီးဓားပြများ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။ သူတို့၏ခေါင်းဆောင်သည် မျှော်လင့်ထားသည့်အတိုင်း အမှန်တကယ်သန်မာလှသည်။

ထိုမြင်းစစ်သည်များသည် သူတို့၏ညီအစ်ကိုများစွာကို သတ်ဖြတ်ခဲ့ကြပြီး ဟူလန်ပင်လျှင် သူတို့၏လက်ထဲ၌ ကျဆုံးခဲ့ရသည်။ သို့တိုင် ခေါင်းဆောင်တစ်ယောက်တည်းက သူတို့ကို ဖျက်ဆီးခဲ့ပြီး သူတို့ကို ထွက်ပြေးစေခဲ့သည်။

သူသည် အမှန်ပင် မယုံနိုင်စရာကောင်းလှ၏။

"ညီအစ်ကိုတို့ ငါတို့အရှိန်တင်မှရမယ်။ သူတို့ကို ရှင်းလင်းဖို့ ခေါင်းဆောင်ကို ကူညီရမယ်။"

မြင်းစီးဓားပြများသည် ချက်ချင်း သူတို့၏သွေးများ လောင်ကျွမ်းနေသည်ဟု ခံစားလိုက်ကြရသည်။

မြင်းစီးဓားပြများအနေဖြင့် သူတို့သည် စစ်သည်များကဲ့သို့ စည်းကမ်းမသေဝပ်ကြပေ။ ထို့ကြောင့် ဒုက္ခရောက်သည့်အခါ သူတို့သည် စိတ်ဓာတ်များလွယ်ကူစွာ ထိုးစိုက်ကြလိမ့်မည်ဖြစ်ပြီး ပို၍လက်လျှော့ချင်တတ်ကြသည်။ သို့သော် တစ်ဖက်တွင်မူ သူတို့သည် အပေါ်စီးသို့ရောက်သောအခါ သူတို့၏ကြမ်းကြုတ်ရက်စက်ခြင်းနှင့် တိုက်ခိုက်ခြင်းစွမ်းပကာများသည် တိုးမြင့်သွားပေလိမ့်မည်။

"သူတို့ကို သတ်"

နားအူမတတ်အော်သံများသည် သစ်တောကို တုန်ခါသွားစေခဲ့ကာ မြင်းစီးဓားပြများ သူတို့၏ ခြေလှမ်းများကို မြင့်တင်လိုက်ကြသည်။

"ဟမ် ကြည့်ရတာဒီလူတွေက သူတို့ရဲ့အသုံးဝင်မှုတွေ ရှိကြသေးပုံပဲ။"

သံမဏိဝတ်ရုံလီသည် ဘက်ပေါင်းစုံမှ ပြေးဝင်လာနေကြသော ဓားပြများနှင့် မြင်းစီးဓားပြများကို ကြည့်လိုက်ပြီး သူ၏ ပြင်းထန်စွာ ထိစပ်နေသော မျက်ခုံးများ အနည်းငယ်ပြေလျော့သွားခဲ့သည်။

သူသည် ထွက်ပြေးနေသည့် မြင်းစစ်သည်များကို ကြည့်လိုက်ပြီး အေးစက်စွာသရော်လိုက်သည်။

'ခုမှ ထွက်ပြေးဖို့ စဉ်းစားနေကြတာလား အဲဒါက နောက်ကျလွန်းမနေဘူးလား'

ဟူလန်သည် ရန်သူ၏ စွမ်းအားကို မှားယွင်းစွာတွက်ချက်ခဲ့မိသော်လည်း သူလုပ်ခဲ့သည့် မှန်ကန်သည့်တစ်ချက်ရှိသည်။

သူသည် ဝမ်ချောင်တို့၏ ထွက်ပြေးမည့်လမ်းကြောင်းကို ပိတ်ဆို့ရန် လက်ရွေးစင်မြင်းစီးဓားပြသုံးဆယ် စေလွှတ်ခဲ့ခြင်းဖြစ်သည်။

ထိုမြင်းစစ်သည်များသည် မည်သည့်နေရာကိုမျှ ထွက်ပြေး၍မရတော့ပေ။

ဝမ်းးး

သံမဏိဝတ်ရုံလီက သူကိုယ်တိုင် လိုက်ဖမ်းရန်ပြင်လိုက်စဉ်မှာပင် ရုတ်ချည်းအပြောင်းအလဲတစ်ခုဖြစ်ပွားသွားခဲ့သည်။ လူတိုင်း၏ အံ့အားသင့်နေသည့် အကြည့်များရှေ့တွင် ထွက်ပြေးနေသည့် မြင်းစစ်သည်များသည် ရုတ်တရက်လှည့်လိုက်ကြပြီး သံမဏိဝတ်ရုံလီဆီသို့ ချီတက်လိုက်ကြသည်။

ဟောင်းလောင်လောင်

တခဏအတွင်း ထိုမြင်းစစ်သည်များသည် အမြန်ဆုံးအရှိန်သို့ ရောက်ရှိသွားခဲ့ကြသည်။

ထိုသို့သာမက ထိုမြင်းစစ်သည်သုံးဆယ်၏ ဖွဲ့စည်းမှုပုံစံသည်လည်း သူတို့ချီတက်လာနေစဉ်တွင် လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။ ပရမ်းပတာဖြစ်နေပုံရသည့် နေရာချထားပုံသည် မြင်သာသည့် အဆင့်ဆင့်နေရာချထားပုံအဖြစ်သို့ ဖြည်းဖြည်းချင်း ဖြန့်ခင်းလာခဲ့သည်။

သေချာစွာကြည့်လိုက်ပါက အနည်ငယ်ခြားနားနေသော လူအရေအတွက်ပါဝင်နေသည့် အတန်းရှစ်တန်းရှိကြသည်။

ဝမ်ချောင်ပင်လျှင် လူအင်အားပြတ်လပ်နေသော နေရာတွင် အစားထိုးရန် သူကိုယ်တိုင် ထိုဖွဲ့စည်းမှုပုံစံထဲ ပါဝင်နေခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ"

"သူတို့ဘာလုပ်ဖို့ကြိုးစားနေကြတာလဲ"

မြင်းစီးဓားပြများ မှင်သက်သွားခဲ့ကြသည်။ သူတို့သည် ဝမ်ချောင်နှင့် အခြားသူများက သူတို့၏ခေါင်းဆောင်ကို ကြောက်ကြသောကြောင့် ထွက်ပြေးနေခဲ့ကြသည်ဟု တွေးထင်ထားခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် သူတို့၏ အားထုတ်မှုများကို ၎င်းတို့အား ထွက်ပြေးခြင်းမှ တားဆီးရန် ဝန်းရံပိတ်ဆို့မှုအပေါ်တွင် အာရုံစိုက်ထားခဲ့ကြသည်။

သို့သော် သူတို့သည် ရုတ်တရက်လှည့်လိုက်ကြပြီး ပြန်လည်ချီတက်လိုက်ကြမည်ဟု မည်သူက ထင်ထားမည်နည်း။

"မင်းတို့ ဘာစောင့်နေကြတာလဲ။ သူတို့က ခေါင်းဆောင်ကို သတ်ဖို့ကြိုးစားနေကြပြီ။ မြန်မြန် သူတို့ကို တားကြ"

ကျယ်လောင်သည့် အော်ဟစ်သတိပေးသံက ခဏတာတိတ်ဆိတ်မှုကို ဖြိုခွဲလိုက်၏။ ချန်တာအိုသည် ရှေ့သို့ သဲကြီးမဲကြီးအပြင်းနှင်လျက် သူ့မြင်းကို ပြင်းထန်စွာ ရိုက်လိုက်သည်။

ဤနေရာရှိလူအားလုံးတွင် သူသည် သံမဏိဝတ်ရုံလီက အန္တရာယ်ရှိနေသည်ကို အာရုံခံမိသည့် တစ်ဦးတည်းသော လူ ဖြစ်သည်။

မေးခွန်းထုတ်စရာမလိုဘဲ မဟာထန်မြင်းစစ်သည်များသည် သူတို့၏ခေါင်းဆောင်ကို ရင်ဆိုင်ရန် တဟုန်ထိုးချီတက်မှုနှင့်အတူ သူတို့၏ လူအရေအတွက်အသာစီရမှုကို အသုံးချရန် ရည်ရွယ်နေခဲ့ကြသည်။ သံမဏိဝတ်ရုံလီသည် တောင်ပေါ်မှာတုန်းက အစစ်အမှန်သိုင်းပညာနယ်ပယ်ဆယ်ယောက်နှင့် အလွယ်တကူရင်ဆိုင်နိုင်ခဲ့သော်လည်း ကောင်းမွန်စွာပူးပေါင်းဆောင်ရွက်နေကြသည့် မြင်းတပ်သားသုံးဆယ်ကိုလည်း အလားတူရင်ဆိုင်နိုင်မည်ဟု ပြောရန် ခက်ခဲသည်။

ဟောင်းလောင်လောင်

မြင်းနောက်‌ကျောပေါ်တွင် ဝမ်ချောင်သည် ကိုယ်အနည်းငယ်ကိုင်းလျက် သံမဏိဝတ်ရုံလီကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်နေခဲ့သည်။

သူတို့သည် ဤအချိန်တွင် သေရေးရှင်ရေးတမျှအရေးကြီးသော အခြေအနေတွင် ရှိနေခဲ့သည်ကို သူသိသည်။ ရှုကန်းနှင့် ဟွမ်ရုံတုတို့ဖြစ်စေ သို့မဟုတ် သူနှင့်ပိုင်စီလင်တို့ဖြစ်စေ သူတို့သည် ထူထပ်စွာဝန်းရံခံထားရပြီး အန္တရာယ်ထဲ ကျရောက်နေခဲ့ကြသည်။

သံမဏိဝတ်ရုံလီသည် သူ၏ ကြမ်းတမ်းသည့် ခွန်အားဖြင့် သူပြင်ဆင်ထားခဲ့သော အစီအစဉ်များကို တစ်ကိုယ်တည်း ဖျက်ဆီးပစ်ခဲ့ပြီး တိုက်ပွဲ၏ဒီရေများကို ပြောင်းလဲခဲ့သည်။

အကယ်၍ ဝမ်ချောင်သည် အခြေအနေများကို ပြန်လည်ပြောင်းလဲလိုပါက အဖြေတစ်ခုသာရှိပေသည်။ သံမဏိဝတ်ရုံလီကို သတ်ဖြတ်ခြင်းပင်။

သူသည် အရာရာတိုင်း၏ အခရာဖြစ်သည်။

သူသေဆုံးသွားသည်နှင့် မြင်းစီးဓားပြများ၏ စိတ်ဓာတ်သည် ချက်ချင်း ပျက်စီးသွားလိမ့်မည်ဖြစ်ပြီး သံမဏိဝတ်ရုံလီ အတူတကွစုစည်းထားခဲ့သော အင်အားစုများသည်လည်း တစ်စစီပြိုကွဲသွားလိမ့်မည်ဖြစ်သည်။

ဤသည်က မြင်းစီးဓားပြများနှင့် ဓားပြများ မည်သို့ လုပ်ဆောင်ကြသည်ဆိုသည်ပင်။ သူတို့သည် အားနည်းသူများအပေါ် အမြတ်ထုတ်ကြပြီး သန်မာသူများကို ကြောက်ရွံ့ကြသည်။ သူတို့သည် အရေးမသာသည့် အနေအထားတွင် ရောက်နေခဲ့ပြီဟု ခံစားလိုက်ကြရသည်နှင့် သူတို့၏ သဘာဝဗီဇက သူတို့ကို ဝေးနိုင်သမျှအဝေးဆုံး ထွက်ပြေးစေပေလိမ့်မည်။

ဂုဏ်သိက္ခာကို ဆုပ်ကိုင်ထားပြီး နောက်ဆုံတစ်ယောက်ကျန်သည်အထိ တိုက်ခိုက်ခြင်းမှာ သူတို့ကြားတွင် ဘယ်တော့မှ ဖြစ်မလာနိုင်သည့် အရာဖြစ်သည်။

"စီလင် မင်းပြင်ဆင်ပြီးပြီလား"

ဝမ်ချောင် အသံနှိမ့်ဖြင့် မေးလိုက်သည်။

"အင်း"

ဝမ်ချောင်ရှေ့တွင်ထိုင်လျက် ပိုင်စီလင် သူမ၏ လက်သီးများကို တင်းကျပ်စွာဆုပ်လိုက်ပြီး စိတ်ပိုင်းဖြတ်ထားသည့် အရိပ်အယောင်တစ်ခုက သူမ၏ မျက်လုံးများထဲ ပေါ်လာခဲ့သည်။

ဝမ်ချောင် စကားတစ်ခွန်းမှမပြောခဲ့သော်လည်း သူတို့တွင် အချိန်အများကြီး မရှိတော့သည်ကို သူမ သိပေသည်။ သူမသည် တိုက်ခိုက်မှုတစ်ခုသာ ပြုရပေလိမ့်မည်။

ဤသည်က အခြေအနေများကို ပြောင်းလဲရန် နောက်ဆုံးအခွင့်အရေးဖြစ်သည်။

အကယ်၍ သူတို့က မြင်းစီးဓားပြများ သူတို့ဆီ ရောက်လာသည့်အချိန်တွင် သံမဏိဝတ်ရုံလီကို မသတ်ဖြတ်နိုင်ခဲ့ပါက သေခြင်းတရားသည် သူတို့ကို စောင့်ကြိုနေသည့်အရာ ဖြစ်ပေလိမ့်မည်။

ဟီးး

ပြန်လမ်းမဲ့ လမ်းကို သွားနေကြသည့် စစ်သည်များ၏ ပုံစံဖြင့် မြင်းစစ်သည်များသည် သံမဏိဝတ်ရုံလီဆီကို သဲကြီးမဲကြီး ချီတက်လိုက်ကြသည်။

ထိုခဏတွင် လေထုသည် အလွန်လေးလံနေခဲ့ပြီး သေခြင်းတရား၏ အငွေ့အသက်တစ်ခုက ထိုနေရာတွင် စိမ့်ဝင်နေခဲ့သည်။

"ဟမ် မင်းတို့စိတ်ထဲကနေ အဲအတွေးတွေကို ဖယ်ရှားခွင့်ပြုပါဦး"

သံမဏိဝတ်ရုံလီ၏ အေးစက်သည့် အသံက အလွန်ကျယ်လောင်မနေခဲ့သော်လည်း လူတိုင်း၏ နားထဲတွင် ပီပြင်စွာ ပေါ်ထွက်လာခဲ့သည်

သူသည် သူရင်ဆိုင်ရတော့မည့် ရန်သူလှိုင်းလုံးကြီးရှေ့တွင် မဆုတ်မနစ်ရပ်နေခဲ့ပြီး အားကောင်းသည့် အရှိန်အဝါတစ်ခုက သူ့ဆီမှ ဖြည်းညင်းစွာ မြင့်တက်လာခဲ့သည်။

အကယ်၍ သူ့ရန်သူများသည် သူ့ကို အရေအတွက်မျှဖြင့် သတ်ဖြတ်နိုင်မည်ဟု တွေးထင်နေခဲ့ကြပါက သူသည် တစ်ခွန်းတည်းပြောစရာရှိ‌သည်။ သူတို့သည် အလွန်တုံးအကြသည်ဟူ၍။

ဝမ်းးး

အနက်ရောင်ကြယ်တာရာချိန်းကြိုးတစ်ခုက သံမဏိဝတ်ရုံလီကို ရစ်ပတ်သွားခဲ့ပြီး ၎င်းဆီမှ သတ္တုပဲ့တင်သံများက လူတစ်ယောက်၏ နှလုံးသားကို ချုပ်ကိုင်သွားပုံရသည်။

"လာစမ်းပါ"

အေးစက်သည့် အလင်းရောင်တစ်ခု သူ့မျက်လုံးထဲတွင် ပေါ်လာခဲ့သည်။

မြင်းစစ်သည်များ ရောက်လာမည်ကိုပင် စောင့်ဆိုင်းမနေတော့ဘဲ သံမဏိဝတ်ရုံလီသည် ပထမအသုတ်ဆီသို့ တိုက်ခိုက်ရန် ပြေးဝင်သွားခဲ့သည်။

ဘုန်းးး

ကျောက်တုံးကြီးတစ်တုံးပစ်ဝင်လာသကဲ့သို့ သံမဏိဝတ်ရုံလီ ထိုမြင်းစစ်သည်များနှင့် ဝင်တိုက်သွားခဲ့သည်။

လှံများသည် အနက်ရောင်ကြယ်တာရာစွမ်းအင်ချိန်းကြိုးနှင့် ရင်ဆိုင်တွေ့သည်တွင် ကျိုးပျက်သွားခဲ့ကြပြီး ခန္ဓာကိုယ်များသည် ဧရာမအင်အားကြောင့် လွင့်ထွက်သွားခဲ့ကြသည်။ တစ်ချက်မျှလှုပ်ရှားလိုက်ရုံမျှဖြင့် သံမဏိဝတ်ရုံလီသည် ပထမဆုံးအသုတ်ရှိ မြင်းစစ်သည်လေးယောက်ကို ချေမှုန်းပစ်ခဲ့သည်။

စစ်သည်များ၏ နာကျင်စွာအော်ဟစ်သံများနှင့် မြင်းများ၏ အော်မြည်သံများက ကျွတ်ကျွတ်ညံသွားခဲ့ပြီး သွေးများ လေထဲ လွင့်စင်သွားခဲ့ကာ ကြက်သွေးရောင်မြူခိုး‌ငွေ့ကို ဖြစ်ပေါ်လာစေသည်။ ထိုမြင်းများသည် သူတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့တွင် ချိုင့်ဝင်သွားခဲ့ကြပြီး သူတို့၏အရိုးများပင်လျှင် ပေါ်လာခဲ့သည်။

၎င်းသည် တကယ့်ကို အော့နှလုံးနာဖွယ်မြင်ကွင်းတစ်ခုဖြစ်သည်။

သို့သော် ထိုသို့ဆိုလျှင်ပင် ဝမ်ချောင်နှင့် အခြားမြင်းစစ်သည်များသည် တုံ့ဆိုင်းနေခြင်းလုံးဝမရှိဘဲ ရှေ့သို့ဆက်လက်ပြေးဝင်လာနေခဲ့ကြသည်။ သေမင်းနှင့်ရင်ဆိုင်တွေ့သောအခါ သူတို့၏မျက်လုံးများသည် အနည်းငယ်မျှပင် မခတ်ခဲ့ကြပေ။

ဤအချိန်တွင် သူတို့၌ အခြားရွေးချယ်စရာမရှိခဲ့ပေ။

အကယ်၍ သူတို့သည် သံမဏိဝတ်ရုံလီကို အခု မသတ်ဖြတ်ခဲ့ကြပါက တူညီသည့် ကံကြမ္မာသည် နောက်ဆုံးတွင် သူတို့ဆီ ကျဆင်းလာပေလိမ့်မည်။

"ဟမ် ကိုယ့်နေရာကိုယ်မသိတဲ့ အင်းဆက်လေးတွေ မင်းတို့က ငါ့အတွက် ပြိုင်ဘက်မဟုတ်ဘူး။"

သံမဏိဝတ်ရုံလီ အေးစက်စွာ သရော်လိုက်၏။

ဘုန်းးး

ဝမ်ချောင်တို့ ပြေးမဝင်လာနိုင်မီ သံမဏိဝတ်ရုံလီသည် လက်ခနဲဖြစ်သွားခဲ့ပြီး အရှေ့ဘက်ရှိ နောက်ထပ်တစ်သုတ်၏ မျက်နှာချင်းဆိုင်တွင် ပေါ်လာခဲ့သည်။

ဘုန်းး

သူ၏ သံမဏိနှင့်ဆင်တူသော လက်သီးသည် မြင်း၏ ခန္ဓာကိုယ်ထဲသို့ အကာအကွယ်ချပ်ဝတ်တန်ဆာကိုပင် ချိုင့်ဝင်သွားစေခဲ့သည်။

သူ၏ အားကောင်းသော ကြယ်တာရာစွမ်းအင်က မြင်း၏ ဘေးဘက်သို့ ထိမှန်သွားခဲ့ပြီး မြင်းမောင်းသူ၏ နောက်ကျောမှ ပြန်ထွက်လာခဲ့သည်။

သေခါနီးဆဲဆဲ‌နာကျဉ်စွာအော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့ပြီး သွေးများသည် မြင်းမောင်းသူ၏ ကျောဘက်ရှိအပေါက်မှ မိုးပေါ်သို့ ပန်းထွက်သွားခဲ့ကာ သံမဏိဝတ်ရုံလီ၏မျက်နှာကို နီရဲသွားစေသည်။ သို့သော်လည်း ဤအရာက သူ့စိတ်ထဲရှိ ရက်စက်ကြမ်းကြုတ်မှုကို ပိုမိုလှုံ့ဆော်နေပုံရသည်။

ဤသည်က သူ စစ်သားတစ်ယောက်ကို သတ်ဖြတ်သည့် ပထမဆုံးအကြိမ်မဟုတ်သော်လည်း တစ်ပါးသူ၏ သေခြင်းရှင်ခြင်းကိုချုပ်ကိုင်ထားရခြင်းက သူ့ကို အမြဲစိတ်လှုပ်ရှားစေခဲ့သည်။

အမှန်တွင် စိတ်လှုပ်ရှားမှုကြားတွင် သူ့သံမဏိဝတ်ရုံက နောက်ထပ်အဆင့်ချိုးဖောက်မှုကို ဖြည်းဖြည်းချင်း နီးကပ်လာနေသည်ကို သူ ခံစားနိုင်ခဲ့သည်။

ရက်စက်မှုများပြည့်နှက်နေသည့် အသံဖြင့် သံမဏိဝတ်ရုံလီအော်ဟစ်လိုက်၏။

"ငါ မင်းတို့အားလုံးကို သတ်ပစ်မယ်။"

ဘုန်း ဘုန်း ဘုန်း ဘုန်း

ဆက်တိုက်ပေါက်ကွဲသံလေးခုနှင့်အတူ သံမဏိဝတ်ရုံလီသည် သူ့ပုခုံးများ၊ တံတောင်ဆစ်များ၊ လက်သီးများဖြင့် နောက်ထပ် မြင်းစစ်သည်လေးယောက်ကို တိုက်ခိုက်လိုက်ပြီး သူတို့ကို အော့နှလုံးနာဖွယ်ကောင်းသည့်ပုံစံဖြင့် လွင့်ထွက်သွားစေခဲ့သည်။

"ဟားဟားဟားဟား"

သံမဏိဝတ်ရုံလီ နောက်ထပ် မြင်းစစ်သည်တစ်သုတ်ဆီသို့ ပြေးသွားခဲ့သည်။

သူ့တွင် လျင်မြန်သောလှုပ်ရှားမှုတစ်ခုရှိပြီး ဝမ်ချောင်အား သူ့ကိုတိုက်ခိုက်ရန် လူသုံးဆယ်၏အင်အားအပြည့်ကိုစုစည်းရန် ခက်ခဲစေသည်။

သံမဏိဝတ်ရုံလီသည် ယုံကြည်မှုရှိသော်လည်း သူ့မာနကြောင့် ကန်းမနေခဲ့ပေ။ သူ၏ သံမဏိဝတ်ရုံနည်းစနစ်၏ ကြီးမားသော စွမ်းအားအရ သူသည် မြင်းတပ်သားများ ပတ်လည်တွင် အဆက်မပြတ် လှုပ်ရှားနိုင်သရွေ့ သူတို့၏ဖွဲ့စည်းပုံရှိ ဟာကွက်များကို တိုက်ခိုက်နိုင်လိမ့်မည်ဖြစ်ပြီး အားလုံးကို အလွယ်တကူ သတ်နိုင်ပေလိမ့်မည်။

ဟောင်းလောင်လောင်

သို့သော် သံမဏိဝတ်ရုံလီ နောက်ထပ်တစ်သုတ်ဆီသို့ ဦးတည်လိုက်စဉ် မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပွားသွားခဲ့၏။ သံမဏိဝတ်ရုံလီရှိနေသည့် နေရာမှ ကျန့်အတော်ဝေးဝေးတွင် မြင်းစစ်သည်တစ်သုတ်သည် ရုတ်တရက်လှည့်လိုက်ပြီး အခြားအရပ်မျက်နှာဆီသို့ချီတက်သွားခဲ့သည်။ လမ်းချိုးတစ်ခုဖြစ်၏။

ဤမမျှော်လင့်ထားသော လှုပ်ရှားမှုက သံမဏိဝတ်ရုံလီကိုပင် အံ့ဩသွားစေသည်။

သို့သော်လည်း ပို၍ပင် အံ့ဩတုန်လှုပ်ဖွယ်ကောင်းသည့်အရာ ဖြစ်လာခဲ့သည်။

ထိုအသုတ် ပျောက်ကွယ်သွားသည်နှင့် သံမဏိဝတ်ရုံလီပင် သတိမထားမိသော နောက်ထပ်တစ်သုတ်ရုတ်တရက် သူ့နောက်တွင် ပေါ်လာခဲ့ပြီး တခဏချင်းမှာပင် မြင်းစစ်သည်ငါးဦး၏ ခွန်အားပြည့်ပါဝင်နေသော လှံငါးစင်းသည် သူ့ကို ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြသည်။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

ထို့နောက်တစ်ပြိုင်နက်နီးပါး နောက်ထပ်လှံငါးစင်းသည် အခြားအရပ်မျက်နှာမှ သံမဏိဝတ်ရုံလီကို ထိမှန်သွားခဲ့သည်။

သံမဏိဝတ်ရုံလီသည် ဆက်လက်လှုပ်ရှားနေသော်လည်း လှံရှစ်ချောင်းက သူ့ကို ထိမှန်နေဆဲဖြစ်သည်။ သူတို့သည် အကြိမ်ပေါင်းများစွာ ကြိုတင်ဇာတ်တိုက်ထားသကဲ့သို့ လှံဆယ်စင်းသည် သံမဏိဝတ်ရုံလီကို တိုက်ခိုက်သွားခဲ့သည်။

သူ၏ ကွပ်ကဲမှုစွမ်းရည်မှတဆင့် ဝမ်ချောင်သည် တစ်‌ယောက်တည်းဖြစ်နေပြီး သွက်လက်သောပစ်မှန်ကိုပင် ဆန့်ကျင်ရန် မြင်းတပ်သားများကို သူ၏ ခြေလက်များကဲ့သို့ ကွပ်ကဲနိုင်ခဲ့သည်။

----------------------

အပိုင်း ၃၅၇ နောက်ဆုံး အခွင့်အရေး

ဘုန်းးး

လေပြင်းများတိုက်ခတ်နေခဲ့ပြီး ပတ်ဝန်းကျင်တွင် ကြယ်တာရာစွမ်းအင်များ လွင့်ပျံနေခဲ့သည်။ လှံဆယ်ချောင်း အဆက်မပြတ်ရိုက်ခတ်သွားခြင်းနှင့်အတူ သူ့ကို ကာကွယ်ပေးနေသည့် အနက်ရောင်ကြယ်တာရာချိန်းကြိုးဖြင့်ပင်လျှင် သံမဏိဝတ်ရုံလီသည် သူ့ကလီစာများ ပြင်းထန်စွာ တုန်ခါသွားကြသည်ကို ခံစားခဲ့ရသေးသည်။ သူမျက်နှာသည် လျင်မြန်စွာ နီရဲသွားခဲ့ကာ သွေးများ စိမ့်ထွက်လာတော့မည်ကဲ့သို့ပင်။

ဤသည်က တိုက်ပွဲအစကတည်းက သံမဏိဝတ်ရုံလီ ကျင်းထဲကျပ်ထဲရောက်သည့် ပထမဆုံးအကြိမ်ဖြစ်သည်။

"ဒါက အခွင့်ကောင်းပဲ"

ဝမ်ချောင်၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

ခွာဖြူအရိပ်ကို စီးနင်းလျက် ဝမ်ချောင် ချက်ချင်း သံမဏိဝတ်ရုံလီဆီသို့ သဲကြီးမဲကြီး တိုးဝင်လိုက်သည်။

ဟွားးး

ရက်စက်သော မြည်‌ကြွေးသံတစ်ခုနှင့်အတူ အစစ်အမှန်သိုင်းပညာနယ်ပယ်ချီစက်ကွင်းတစ်ခုသည် ပိုင်စီလင်အနားတွင် လှိုင်းထလာခဲ့ကာ သူမ သူမ၏ဓားဖြင့် သံမဏိဝတ်ရုံလီကို ခုတ်ချလိုက်သည်။

ဟောင်းလောင်လောင်

ပြင်းထန်သော ထိပ်တိုက်တွေ့ဆုံခြင်းက အချိန်ကို ဤတခဏတာအတွက် နှေးကွေးသွားစေခဲ့ပုံရ၏။ သွေးကြောများသည် သံမဏိဝတ်ရုံလီ၏ ရှစ်ချီရှည်လျားသော ခန္ဓာကိုယ်ပေါ်တွင် ထောင်ထလာခဲ့ကြပြီး နာကျဉ်သည့်အမူအရာက သူမျက်နှာတွင် ပေါ်လာခဲ့သည်။

သို့သော် မည်သို့ဆိုစေကာမူ ကိုးချီကြီးမားသော အနက်ရောင်ကြယ်တာရာချိန်းကြိုးက သူခန္ဓာတစ်ခုလုံးကို နာကျင်ခြင်းမှ ခိုင်ခံ့သည့် ခံတပ်တစ်ခုကဲ့သို့ ကာကွယ်ထားခဲ့သည်။

မြင်းစစ်သည်ဆယ်ယောက်ဆီမှ တိုက်ခိုက်မှုဖြစ်စေ သို့မဟုတ် ပိုင်စီလင်၏ ခွန်အားပြည့်ခုတ်ချက်ဖြစ်စေ ဘယ်အရာမှ အနက်ရောင်ချိန်းကြိုးကို ထိုးဖောက်နိုင်ခဲ့ပုံမရပေ။

"အသုံးမဝင်ဘူး။ မင်းတို့ ငါ့ရဲ့ သံမဏိဝတ်ရုံနည်းစနစ်ကို ချိုးဖောက်နိုင်မှာမဟုတ်... အားးး"

သံမဏိဝတ်ရုံလီ၏ ခပ်ဩဩအသံသည် အလွန်လက်ရာမြောက်သော ပန်းပွင့်ပုံအမှတ်အသားများစွာဖြင့် သုံးချီရှည်လျားသည့် ဓားတစ်ချောင်းက သူ့အနက်ရောင်ကြယ်တာရာချိန်းကြိုးကို ချိုးဖောက်ပြီး သူ့နောက်ကျောကို ထိုးစိုက်လိုက်သောအခါ လျင်မြန်စွာဖြင့် နာကျင်နေသော အော်သံအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"အဲဒါ ဘာဓားလဲ။ ဘယ်လိုလုပ် ဓားက ငါ့ရဲ့ သံမဏိဝတ်ရုံနည်းစနစ်ကို ချိုးဖောက်နိုင်ရတာလဲ။"

သံမဏိဝတ်ရုံလီ၏ နာကျင်စွာအော်ဟစ်လိုက်သံက လေထုကိုပင် တုန်ခါသွားစေသည်။

ထိုအနက်ရောင်ချိန်းကြိုးသည် ဝမ်ချောင်၏ ဓားကို ဆက်မထိုးဖောက်နိုင်စေရန် ပတ်ဝန်းကျင်မှ လျင်မြန်စွာ စုဝေးလာခဲ့သည်။

ဟောင်းလောင်

ကြမ်းကြုတ်ပြီး ကတ္တရာစေးကဲ့သို့ နက်မှောင်သော ကြယ်တာရာစွမ်းအင် ဒလဟောသည် မရေမတွက်နိုင်သည့် သံမဏိကဲ့သို့ သိုင်းချီစက်ကွင်းများနှင့်အတူ သံမဏိဝတ်ရုံလီ၏ ပတ်ပတ်လည်တွင် ပေါ်ထွက်လာခဲ့သည်။

ဘုန်း ဘုန်း ဘုန်း

မရေမတွက်နိုင်သော နားအူမတတ်ပေါက်ကွဲသံများဖြင့် ဝမ်ချောင်၊ ပိုင်စီလင်နှင့် အခြားမဟာထန်မြင်းစစ်သည်ဆယ်ယောက်တို့သည် ဘက်ပေါင်းစုံသို့ လွင့်ထွက်သွားခဲ့ကြသည်။

ဖန်းးး

ဧရာမတုန်လှုပ်ဖွယ်လှိုင်းလုံးအောက်တွင် ဝမ်ချောင်သည် လေထဲတွင် ကြိမ်ဖန်များစွာ ကျွမ်းလှန်ခြင်းဖြင့် အဆုံးသတ်သွားခဲ့ရသည်။ အဓ္ဓမရပ်တန့်ခြင်းနည်းစနစ်များစွာကို အသုံးပြုပြီး သူ့ဓားကို မြေပြင်သို့ ထိုးပြီးနောက်မှသာ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းနိုင်ခဲ့သည်။

သို့သော် ဤသို့ဆိုလျှင်ပင် သူသည် သူ့လည်ချောင်းထဲမှ ချိုမြမြခံစားချက်နှင့် သူ့ကိုယ်ထဲရှိ စွမ်းအင်စီးဆင်းမှု ကစဉ်ကလျဖြစ်နေသည်ကို ခံစားနေခဲ့ရသေးသည်။

သူ ပထမဆုံးလုပ်ခဲ့သည့်အရာမှာ အရိပ်ငယ်လေးကို စစ်ဆေးရန်ဖြစ်ပြီး အရိပ်လေးက အဆင်ပြေနေသည်ကို အတည်ပြုပြီးမှသာ သူ စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်ခဲ့သည်။

'ဒီလူက အရမ်းသန်မာတာပဲ'

ဝမ်ချောင် တွေးလိုက်မိ၏။

သူနှင့် ပိုင်စီလင် ထို့အတူ အမြန်နှုန်းအပြည့်ဖြင့် မြင်းစစ်သည်ဆယ်ဦးတို့၏ တိုက်ခိုက်မှုဖြင့်ပင် သူတို့သည် သံမဏိဝတ်ရုံလီကို မသတ်နိုင်ခဲ့ကြသေးပေ။

သူသည် အမှန်ပင် စိတ်ပျက်သွားစေနိုင်သည့် ခွန်အားကို ပိုင်ဆိုင်ထားခဲ့သည်။

"ကောင်စုတ်လေး မင်းလက်ထဲက ဘာဓားလဲ"

သတ်ဖြတ်ချင်စိတ်နှင့် ဒေါသများအပြည့်ပါဝင်နေသည့် အရိုးခိုက်မတတ်အသံတစ်ခု ပေါ်ထွက်လာခဲ့သည်။

သူမော့ကြည့်လိုက်သည်တွင် ဝမ်ချောင်သည် အဆိပ်ပြင်းမြွေတစ်ကောင်နှင့် ဆင်တူသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေသော အကွာအဝေးတစ်ခု၌ မတ်တပ်ရပ်နေသည့် သံမဏိဝတ်ရုံလီကို တွေ့လိုက်ရသည်။

သံမဏိဝတ်ရုံလီသည် ဝမ်ချောင်နှင့် မဟာထန်မြင်းစစ်သည်လေးဆယ်ကို စိန်ခေါ်ရဲခဲ့သည်မှာ သူ၏ အားကောင်းသော သံမဏိဝတ်ရုံနည်းစနစ်ကြောင့်ဖြစ်သည်။

ဤနည်းစနစ်သည် သူ့ကို ကြယ်တာရာစွမ်းအင်မှ ဓားနှင့်ဆေဘာများ မထိုးဖောက်နိုင်သည့် သံချပ်ကာတစ်ခုကို ဖန်တီးစေနိုင်သည်။ နည်းစနစ်တစ်ခုကို မည်မျှ ကျွမ်းကျင်ပါစေ ကြယ်တာရာစွမ်းအင်ချိန်းကြိုးကို ကျော်လွှားနိုင်သည့် လုံလောက်သော ခွန်အားကို မပိုင်ဆိုင်ထားခဲ့ပါက ၎င်းသည် ဖျော်ဖြေတင်ဆက်မှုတစ်ခုထက် ပိုလိမ့်မည်မဟုတ်ပေ။

သံမဏိဝတ်ရုံနည်းစနစ်၏ ခံစစ်စွမ်းရည်သည် မယုံနိုင်လောက်အောင် ဖြစ်ပြီး အစစ်အမှန်သိုင်းပညာနယ်ပယ်ကျွမ်းကျင်သူအများစုသည် ၎င်းကို ကျော်လွှားနိုင်မည် မဟုတ်ပေ။

ခံစစ်နှင့် တိုက်စစ်စွမ်းရည်နှစ်ခုစလုံးကို ပံ့ပိုးပေးသည့် ဤနည်းစနစ်ဖြင့် သံမဏိဝတ်ရုံလီသည် မဟာထန်မြင်းစစ်သည်ဆယ်ယောက်ကျော်ကို အော့နှလုံးနာဖွယ်ကောင်းသည့် ပုံစံဖြင့် အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။

သို့သော် ယခုလေးတင် သံမဏိဝတ်ရုံလီက သူ၏ အကြီးမားဆုံးဝှက်ဖဲအဖြစ် ရှုမြင်ထားသော သံမဏိဝတ်ရုံနည်းစနစ်သည် ဓားတစ်ချောင်းဖြင့် ဖောက်ဖျက်ခြင်း ခံလိုက်ရသည်။

ဤသည်က ယခင်က တစ်ခါမှမဖြစ်ခဲ့ဖူးသော အရာ ဖြစ်သည်။

မြို့တော်ရှိ ပန်းပဲဆရာများမှ ထုလုပ်ထားသော ဓားများနှင့် ဆေဘာဓားအများစုတို့သည် သူ့ခံစစ်ကို ဖြတ်ကျော်ရန် အိပ်မက်မမက်နိုင်ကြပေ။ သူတို့ထဲမှအကောင်းဆုံးပင်လျှင် အကောင်းဆုံးမှ သူ့ကြယ်တာရာသံချပ်ကာကို အပေါ်ယံသာချိုးဖောက်နိုင်ကြသည်။

သူတို့တစ်ခုမှ ဝမ်ချောင်၏ ဓားနှင့်မတူဘဲ ကြယ်တာရာစွမ်းအင်သံချပ်ကာကို ချိုးဖောက်ပြီးနောက် သူ့နောက်ကျောကို မထိုးဖောက်နိုင်ကြပေ။

ပထမဆုံးအကြိမ်အနေဖြင့် သံမဏိဝတ်ရုံလီ၏ မျက်လုံးထဲတွင် အနည်းငယ်စိုးရိမ်သည့်အရိပ်အယောင်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ဝမ်ချောင်ကို သတ်ဖြတ်ရန် သူ့ဆုံးဖြတ်ချက်သည်လည်း တစ်ဖန်တောက်လောင်လာခဲ့သည်။

သူ့ကို ခြိမ်းခြောက်နိုင်သည့် လက်နက်တစ်ခုကို တည်ရှိခွင့်ပြု၍မရပေ။ အနည်းဆုံး ထိုလက်နက်သည် သူ့ရန်သူ၏ လက်ထဲတွင် ပေါ်လာ၍မရပေ။

သို့သော်လည်း ဝမ်ချောင်သည် ထိုအကြောင်းနှင့်ပတ်သက်၍ အမှုမထားသလိုရှိနေပြီး သံမဏိဝတ်ရုံလီကို ဂရုမစိုက်ခဲ့ပေ။

"လူတိုင်းပဲ ငါတို့ မြင်း မပါဘဲ တိုက်ခိုက်ကြမယ်။ ငါတို့သံမဏိဝတ်ရုံလီကို သတ်ဖြတ်ဖို့ ကြိုးစားနေချိန်မှာ မင်းတို့ရဲ့မြင်းကို မြင်းစီးဓားပြတွေကို ပိတ်ဆို့ဖို့ အသုံးပြုပါ။"

ဝမ်ချောင် လေးနက်စွာအမိန့်ပေးလိုက်သည်။

မြင်းစီးဓားပြတပ်ဖွဲ့ကြီးသည် သူတို့နှင့် လျင်မြန်စွာနီးကပ်လာနေခဲ့ကြပြီး စက္ကန့်အနည်းငယ်အတွင်း သူတို့ဆီ ရောက်လာပေလိမ့်မည်။ ထိုအချိန်တွင် ရှုံးနိမ့်မှုနှင့် သေခြင်းတရားတို့သည် သူတို့ကို စောင့်ကြိုနေမည့် အရာဖြစ်ပေလိမ့်မည်။

သို့သော် ဤအရေးကြီးသည့် အချိန်၌ပင် ဝမ်ချောင်သည် အရှုံးပေးရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ သူသည် လက်ထဲရှိအခြေအနေကို ကိုင်တွယ်ရန် တည်ငြိမ်စွာအမိန့်များပေးနေခဲ့သေးသည်။

ကျား

စည်းကမ်းသေဝပ်သည့် မဟာထန်မြင်းစစ်သည်များသည် နောက်တစ်ကြိမ် လက်စွမ်းပြလိုက်ကြသည်။ အသက်ရှင်ကျန်ရစ်နေသည့် မြင်းစစ်သည်များသည် သူ့အမိန့်များကို ပြီးပြည့်စုံစွာဖြင့် အလျင်အမြန် အကောင်အထည်ဖော်လိုက်ကြသည်။

ကျန်ရှိနေသည့် မြင်းစစ်သည်နှစ်ဆယ်တို့သည် တစ်ပြိုင်နက်တည်း သူတို့၏မြင်းပေါ်မှ ခုန်ဆင်းလိုက်ကြပြီး မြင်းများကို ရှေ့သို့ တွန်းပို့လိုက်ကြကာ ရက်စက်ကြမ်းကြုတ်စွာချီတက်လာနေသော မြင်းစီးဓားပြများကို ပိတ်ဆို့ရန် ဘက်ပေါင်းစုံသို့ နှင်လိုက်ကြသည်။

မဟာထန်၏ မြင်းတစ်ကောင်စီတိုင်းကို ဂရုတစိုက်ရွေးချယ်ထားခဲ့ပြီး နှစ်ပေါင်းများစွာ လေ့ကျင့်ထားခဲ့သည်။

မြင်းစစ်သည်များအတွက် သူတို့၏ မြင်းများသည် မြင်းတစ်ကောင်မျှသာမဟုတ်ပေ။ ၎င်းတို့သည် သူတို့၏လုပ်ဖော်ကိုင်ဖက်များ၊ သူငယ်ချင်းများနှင့် သူတို့ကိုယ်တိုင်၏ တစ်စိတ်တစ်ပိုင်းများဖြစ်ကြသည်။

သေခြင်းတရား သို့မဟုတ် လုံးဝအရှုံးနှင့် ရင်ဆိုင်ရခြင်းမရှိသရွေ့ သူတို့သည် သူတို့၏မြင်းများကို ပေးလှူရန် ဆန္ဒရှိကြလိမ့်မည်မဟုတ်ပေ။

အားလုံးပြီးနောက် ထိုသည်က သူတို့၏ ဂုဏ်သိက္ခာကို စွန့်လွှတ်ခြင်းနှင့် ညီမျှသည်။ မြင်းများမပါဘဲ သူတို့သည် စစ်မြေပြင်တွင် ခြေလျင်တပ်သားမျှသာ ဖြစ်ကြပေလိမ့်မည်။

သို့သော်လည်း စစ်သားတစ်ဦး ထမ်းဆောင်ထားသည့် တာဝန်မှာ ပို၍ကြီးမားပြီး သူတို့ကိုပေးလာသော အမိန့်များကို ထမ်းဆောင်ရန်ဖြစ်သည်။

သူတို့၏ ရည်မှန်းချက်အတွက် သူတို့သည် သူတို့၏မြင်းများနှင့် သူတို့ကိုယ်တိုင်၏ အသက်များကို ပေးလှူရန် ဆန္ဒရှိရပေမည်။

ဤသည်က စစ်သည်တစ်ယောက်၏ တာဝန်ဖြစ်ပြီး သူတို့၏ ဂုဏ်သိက္ခာနှင့် ဂုဏ်ကျက်သရေလည်းဖြစ်သည်။

စစ်မြေပြင်သို့ ခြေချလိုက်သည့် စစ်သည်တစ်ယောက်ချင်းစီတိုင်း ထိုနားလည်မှုမျိုး ရှိရပေမည်။

လက်ရှိအခြေအနေများသည် သူတို့အား ရွေးချယ်စရာမရှိဖြစ်စေခဲ့သည်။ သူတို့အတွက် ကျန်ရှိသည့် တစ်ခုတည်းသော ရွေးချယ်စရာမှာ မြင်းစီးဓားပြများကို ပိတ်ဆို့ရန် သူတို့၏ မြင်းများကို စတေးခြင်းပင်။

သို့သော် ထိုသို့ဆိုလျှင်ပင် သူတို့ရရှိနိုင်သည့် အချိန်မှာ အလွန်အကန့်အသတ်ရှိလှသည်။

အကယ်၍ သူတို့သည် ဤတိုက်ပွဲကို မြန်ဆန်စွာအဆုံးမသတ်နိုင်ခဲ့ဘဲ သံမဏိဝတ်ရုံလီကို မြန်နိုင်သမျှမြန်မြန် မသတ်နိုင်ခဲ့ပါက လူတိုင်းသည် ဤနေရာတွင် သေဆုံးသွားနိုင်သည်။

ဝမ်ချောင်၏ အမိန့်သည် အလွန်အန္တရာယ်များပုံရသော်လည်း လက်ရှိအခြေအနေအောက်တွင် မှန်ကန်သည့် အမိန့်ဖြစ်သည်။

ဝမ်းးး

နှစ်ဆယ်ထက်ပိုသော မြင်းစစ်သည်များသည် မြေပေါ်သို့ ရောက်သည်နှင့် သံမဏိဝတ်ရုံလီဆီသို့ ချက်ချင်း ပြေးဝင်လိုက်ကြသည်။

....

ဝမ်ချောင်က သူ့ကို လုံးဝလျစ်လျူရှုထားသည်ကို ကြည့်ကာ သံမဏိဝတ်ရုံလီ ဒေါသပေါက်ကွဲသွားခဲ့သည်။

သံမဏိဝတ်ရုံလီသည် မဲမှောင်သည်မျက်နှာဖြင့် ဒေါသတကြီးအော်ဟစ်လိုက်သည်။

"မင်းတို့က သေချင်နေတာလား။ ကောင်းပြီ ဒါဆိုလည်း မင်းတို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမယ်။"

ဓားပြတိုက်မှုဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသည့် မြင်းစီးဓားပြဘယ်တစ်ယောက်ကများ သတ်ဖြတ်ခြင်းဖြင့် သူတို့၏ နာမည်များကို မတည်ဆောက်ခဲ့ကြသနည်း။

ဝမ်းးး

သံမဏိဝတ်ရုံလီ၏ ခြေဖဝါးမှ တောက်ပသည့် ချီစက်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကျယ်ပြန့်လာခဲ့ကာ ဒုတိယတစ်ခု၊ တတိယတစ်ခု၊ စတုတ္ထတစ်ခုနှင့် ပဉ္စမြောက်ချီစက်ကွင်းများ လိုက်ပါလာခဲ့သည်။ သံမဏိဝတ်ရုံလီအောက်ရှိ တောက်ပသော ချီစက်ကွင်းငါးခုတို့သည် ပတ်ဝန်းကျင်ကို အလင်းရောင်ပေးနေခဲ့ကာ သံမဏိဝတ်ရုံလီအား စစ်နတ်ဘုရားတစ်ပါး၏ ပုံရိပ်ကို ရရှိစေခဲ့သည်။

အစစ်အမှန်သိုင်းပညာနယ်ပယ် အဆင့် ၅...။

တူညီသော ကြံ့ခိုင်သည့် ဆူးချွန်ချီစက်ကွင်းငါးခုတို့သည် သံမဏိဝတ်ရုံလီ၏ အစစ်အမှန်ကျင့်ကြံခြင်းအဆင့်ကို ဖော်ပြနေခဲ့သည်။

အစစ်အမှန်သိုင်းပညာနယ်ပယ်သို့ရောက်သောအခါ တစ်ယောက်သည် စွမ်းအားဥပဒေသကို ထိန်းချုပ်ထားသော တမူထူးခြားသည့် ချီစက်ကွင်းကို ဖန်တီးနိုင်လိမ့်မည်ဖြစ်သည်။

ပြီးနောက် တစ်ယောက်၏ကျင့်ကြံခြင်းနယ်ပယ်တွင် တစ်ဆင့်စီတိုးတက်လာခြင်းနှင့်အတူ ထိုချီစက်ကွင်းသည် တူညီသည့် ဂုဏ်သတ္တိများဖြင့် နောက်ထပ်ချီစက်ကွင်းကို ဖန်တီးရန် ပိုင်းခြားသွားပေလိမ့်မည်။

ထို့ကြောင့် အစစ်အမှန်သိုင်းပညာနယ်ပယ်တွင် တစ်ယောက်သည် အများဆုံး ချီစက်ကွင်းကိုးခု ပိုင်ဆိုင်နိုင်သည်။

လူတစ်ယောက်တွင် ချီစက်ကွင်းအများကြီးရှိလေလေ ထိုလူ၏ ခွန်အားနှင့် အမြန်နှုန်းမှာ ကြီးမားလေလေဖြစ်ပြီး စွမ်းအားဥပဒေသအပေါ် ထိန်းချုပ်မှုသည်လည်း ကြီးမားပေလိမ့်မည်။

ချီစက်ကွင်းငါးခုကို ပိုင်ဆိုင်ထားသောကြောင့် သံမဏိဝတ်ရုံလီ၏ တိုက်ခိုက်မှုစွမ်းရည်သည် မဟာထန်မြင်းတပ်သားအများစုထက် များစွာ သာလွန်နေခဲ့ပြီး သူတို့ကို အလွယ်တကူ ရှင်းလင်းနိုင်စေခဲ့သည်။

ယားးး

ရက်စက်သော အော်မြည်သံတစ်ခုဖြင့် မြင်းစစ်သည်နှစ်ဆယ်တို့သည် သံမဏိဝတ်ရုံလီဆီသို့ ချက်ချင်း ချီတက်တိုက်ခိုက်လိုက်ကြသည်။ သို့သော်လည်း တိုက်ခိုက်မှုကို ပထမဆုံးစတင်ခဲ့သူမှာ သူတို့မဟုတ်ခဲ့ပေ။

ဟောင်းးး

အရိပ်တစ်ခုနှင့်အတူ အနက်ရောင်ကြယ်တာရာချိန်းကြိုးသည် မဟာထန်မြင်းစစ်သည်တစ်ယောက်ကို ဖုံးလွှမ်းရန် ရုတ်တရက်ကောင်းကင်ထက်မှ ကျဆင်းလာခဲ့သည်။

ခရက် ခရက်

ကြောက်မက်ဖွယ်အရိုးကျိုးသံများနှင့်အတူ သွေးများသည် ထိုချိန်းကြိုးအတွင်းမှ ပေါက်ထွက်လာခဲ့ပြီး ထိုမြင်းစစ်သည်သည် သွေးစွန်းနေသော အသားပုံအဖြစ်သို့ ပြောင်းသွားခဲ့သည်။

"မင်း..မင်း..မင်း.. မင်း.. မင်း.. မင်းတို့အားလုံး... သေကြစမ်း"

သံမဏိဝတ်ရုံလီ၏ မျက်လုံးထဲတွင် ရက်စက်သည့်အလင်းတစ်ချက် လက်ခနဲ ဖြတ်သွားခဲ့ပြီး သူ့ကြယ်တာရာစွမ်းအင်ချိန်းကြိုးကို နောက်တစ်ကြိမ်ဆင်မြန်းရန် သူ့ညာလက်ကို ပြန်ရုတ်လိုက်သည်။

ဖျက်ခနဲ ခုန်လိုက်ခြင်းနှင့်အတူ သူ ထိုအုပ်စုဆီသို့ ချီတက်တိုက်ခိုက်လိုက်သည်။

ဟောင်းလောင်

ဆူးချွန်ချီစက်ကွင်းဆယ်ခုသည် သံမဏိဝတ်ရုံလီ၏ အနက်ရောင်ချီစက်ကွင်းငါးခုနှင့် ပြင်းပြင်းထန်ထန် တိုက်မိသွားခဲ့ကာ အချင်းချင်းပဲ့တင်ထပ်သွားခဲ့ကြပြီး တုန်ခါသွားခဲ့ကြသည်။

မတူညီသော ချီစက်ကွင်းများသည် လေထဲတွင် အချင်းချင်းတိုက်မိသွားခဲ့ကြကာ အချင်းချင်းကြိတ်ချေပြီး ဆွဲငင်လျက် သူတို့သည် လွှမ်းမိုးကြီးစိုးရန် ယှဉ်ပြိုင်နေခဲ့ကြသည်။ ကျယ်လောင်သော သတ္တုတချွင်ချွင်မြည်သံက လေထဲတွင် ပဲ့တင်ထပ်နေခဲ့၏။

ထိုတိုက်ခိုက်မှုမှ ထွက်ပေါ်လာသော လှိုင်းလုံးများသည် ဤနေရာရှိ ဖုန်မှုန့်များနှင့် မြေဆီလွှာများ၏ အပေါ်ဆုံးအလွှာကို မှောက်လှန်သွားစေပြီး လေထဲသို့ ကျန့်ဒါဇင်အတော်များများအထိ မြင့်တက်သွားစေခဲ့ကာ အဖြူရောင်လေထုတစ်ခုကို ဖြစ်လာစေခဲ့သည်။

သို့သော် နောက်ဆုံးတွင် ဆူးချွန်ချီစက်ကွင်းဆယ်ခုတို့သည် အနက်ရောင်ချီစက်ကွင်းငါးခုကို ယှဉ်နိုင်ခဲ့ခြင်း မရှိသေးပေ။

သို့သော်လည်း သူတို့၏မြင်းများမပါဘဲ ဤမြင်းစစ်သည်များသည် ခြေလျင်တပ်သားများသာ ဖြစ်ကြသည်။ သူတို့သည် မြင်းနောက်ကျောပေါ်ရှိ တဟုန်ထိုးချီတက်မှုမှ သူတို့ကို ရရှိစေသော ကြီးမားသည့်ခွန်အားကို မရရှိခဲ့ကြပေ။

'တစ်နေရာတည်းသို့ အဆက်မပြတ်ခုတ်ပိုင်းခြင်း'

လူတိုင်း၏ အစစ်အမှန်သိုင်းချီစက်ကွင်းများကို သံမဏိဝတ်ရုံလီမှ လုံးဝဖိနှိပ်ထားချိန်တွင် အေးစက်သည့်အလင်းတစ်ခု လက်ခနဲဖြစ်သွားခဲ့ပြီး ဝမ်ချောင်သည် မယုံနိုင်စရာကောင်းသည့် အလျင်ဖြင့် မြေပေါ်မှ ရုတ်ခြည်း ခုန်ပေါက်လိုက်သည်။

သူ့ကျင့်ကြံခြင်းနယ်ပယ်သည် ဤနေရာတွင် စုဝေးနေကြသော လူများတွင် အနိမ့်ဆုံးဖြစ်သော်လည်း သူ့ခွန်အား၊ တိုက်ပွဲနည်းစနစ်၊ လှုပ်ရှားမှုနည်းစနစ်၊ ကျွမ်းကျင်မှုနှင့် အလျင်တို့သည် အခြားသူများထက် များစွာ သာလွန်ပေသည်။

ဝမ်ချောင်က သူ့ဆီလျင်မြန်စွာ ချဉ်းကပ်လာနေသည်ကို မြင်လိုက်ရသောအခါ သံမဏိဝတ်ရုံလီ၏ မျက်လုံးများ မှေးစင်းသွားခဲ့သည်။ ဝမ်ချောင်၏ ကျင့်ကြံခြင်းသည် စိုးရိမ်စရာမရှိပေ။သို့သော် သူ့လက်ထဲရှိဓားသည် သူ့အတွက် ခြိမ်းခြောက်မှုကြီးတစ်ခုဖြစ်သည်။

"လာစမ်းပါ"

သံမဏိဝတ်ရုံလီသည်လည်း မြေပေါ်မှ ခုန်လိုက်ကာ သူ့လက်သီးကို တင်းကျပ်စွာဆုပ်လိုက်ပြီး သူ့ကြယ်တာရာစွမ်းအင်ကို သူ့လက်သီးတွင် စုစည်းလိုက်ကာ ဝမ်ချောင်ကို ထိုးလိုက်သည်။

သူ ဝမ်ချောင်ကို သတ်နိုင်ပြီး သူ့ဓားကို လုယူနိုင်သည်နှင့် ကျန်သည့်စစ်သားများသည် သူ့ကို ခြိမ်းခြောက်နိုင်တော့မည်မဟုတ်ပေ။

------------------------

အပိုင်း ၃၅၈ သံမဏိဝတ်ရုံလီကို သတ်ဖြတ်ခြင်း

ဘုန်းး

သံမဏိဝတ်ရုံလီ၏ လက်သီးချက် ကျဆင်းသွားခဲ့သော်လည်း သူ၏ အားကောင်းသော လက်သီးက လေထုပေါ်သို့ ကျဆင်းသွားခဲ့၏။ လေထဲရှိ ဝမ်ချောင်မှာ ပုံရိပ်အဖြစ် ပျောက်ကွယ်သွားခဲ့ပြီး ဝမ်ချောင်အစစ်က သူ့နောက်တွင် ပေါ်လာခဲ့သည်။

တစ်နေရာတည်းသို့ အဆက်မပြတ်ခုတ်ပိုင်းခြင်းကို သရဲခြေလှမ်းနှင့် တွဲသုံးလိုက်သောအခါ ဝမ်ချောင်သည် သံမဏိဝတ်ရုံလီကိုပင် အရူးလုပ်နိုင်ခဲ့သည်။

သံမဏိဝတ်ရုံလီ၏ မျက်နှာ တင်းမာသွားခဲ့ကာ သူ့အနားတွင် ရစ်ပတ်နေသော အနက်ရောင်ကြယ်တာရာချိန်းကြိုးသည် သူ့နောက်တွင် အတားအဆီးအလွှာများစွာကို ဖြစ်ပေါ်စေရန် လျင်မြန်စွာ ရွေ့လျားသွားခဲ့သည်။

ကလင်

ခံစစ်အလွှာပေါင်းများစွာအောက်တွင် ဝမ်ချောင်၏ တိုက်ခိုက်မှုသည် အတင်းအကြပ်လွဲဖယ်ခြင်းခံလိုက်ရသည်။

"ဟမ်"

သံမဏိဝတ်ရုံလီ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

တုံ့ဆိုင်းမနေဘဲ သူ နောက်လှည့်လိုက်ပြီး ဝမ်ချောင်ဆီသို့ လက်သီးတစ်ချက်ပစ်လွှတ်လိုက်သည်။

"ကောင်စုတ်လေး မင်းက တုံးအ လွန်းတာပဲ။ ငါ့ရဲ့သံမဏိဝတ်ရုံနည်းစနစ်က ခံစစ်စွမ်းရည်တွေပဲရှိတယ် လို့ မင်း ထင်နေတာလား။ မင်းရဲ့ဓားနဲ့တောင် မင်းငါ့ကို အနိုင်ယူနိုင်မှာမဟုတ်ဘူး။"

"အဲလိုလား။ ငါတို့တစ်ခါလောက်မစမ်းကြည့်ဘဲ ဘယ်လိုလုပ်သိမှာလဲ။"

ငယ်ရွယ်သော်လည်း ရေခဲတမျှအေးစက်သည့် အသံတစ်ခု ပြန်ဖြေလိုက်သည်။ ဤသည်က သံမဏိဝတ်ရုံလီ၏ ရန်စခြင်းကို ဝမ်ချောင် တုံ့ပြန်လိုက်သည့် ပထမဆုံးအကြိမ်ဖြစ်၏။

"လူတိုင်းပဲ ငါနဲ့ပူးပေါင်းလုပ်ဆောင်ကြပါ။ တိုက်ခိုက်"

ဤအချိန်တွင် ဝမ်ချောင်သည် သူ့လက်ထဲရှိ အစွမ်းအထက်ဆုံးနည်းစနစ်ကို ထုတ်ဖော်လိုက်သည်။

ဒေါသထွက်နေသည့် ရေနဂါး၏ ခြေရှစ်လှမ်း..။

မရေမတွက်နိုင်သည့် နဂါးတွန်သံများ ပတ်ဝန်းကျင်တွင် ပြည့်နှက်သွားခဲ့ပြီး ရေနဂါးပုံရိပ်တစ်ခုပြီးတစ်ခု လူတိုင်း၏ မျက်စိရှေ့တွင် စတင်ပေါ်ထွက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် အစစ်အမှန်သိုင်းချီစက်ကွင်းများသည် ကျယ်လောင်သည့် သတ္တုသံများဖြင့် စတင်လည်ပတ်လာခဲ့ကြကာ သံမဏိဝတ်ရုံလီဆီသို့ ဦးတည်သွားခဲ့ကြသည်။

ဤအခိုက်မှာပင် သံမဏိဝတ်ရုံလီသည် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုကို နောက်ဆုံးတွင် ခံစားလိုက်ရသည်။

သူ့သံမဏိဝတ်ရုံနည်းစနစ်သည် အလွန်တရာမှ ပြုလွယ်ပြောင်းလွယ်ရှိလှသည်။ သူသည် ၎င်းကို တိကျသည့်နေရာတွင် သူ့ခံစစ်ကို အားကောင်းလာစေရန်အထပ်ထပ်ပြုလုပ်နိုင်ပြီး ဤဂုဏ်သတ္တိက သူ့ကို ဝမ်ချောင်၏ ကျောက်စိမ်းရိုင်းသံမဏိဓားထံမှ ရှောင်လွဲစေနိုင်ခဲ့သည်။

သို့ရာတွင် တစ်နေရာရာကို အားကောင်းစေခြင်းက အခြားနေရာများကို အားနည်းသွားစေမည်မှာ မလွဲမသွေပင်ဖြစ်သည်။

သူ ဝမ်ချောင်တစ်ယောက်တည်းနှင့် ရင်ဆိုင်နေရခြင်းဖြစ်ပါက ၎င်းသည် ပြဿနာမဟုတ်သော်လည်း အကယ်၍မဟာထန်မြင်းစစ်သည်များကပါ ဝင်ပါလာခဲ့ပါက သံမဏိဝတ်ရုံလီ၏ အနက်ရောင်ကြယ်တာရာချိန်းကြိုးသည် သူတို့အားလုံးကို ကိုင်တွယ်ရန် မလုံမလောက်ဖြစ်လာပေလိမ့်မည်။

ဟီးးး

သို့သော် ဤအရေးကြီးသည့်အခိုက်အတန့်တွင် မြင်းစီးဓားပြများ နောက်ဆုံးတွင် ရောက်လာခဲ့ကြသည်။

"ခေါင်းဆောင် ကျွန်တော် ခင်ဗျားကို လာကူပြီ"

ထိုစကားများနှင့်အတူ လက်ပြတ်ရှပ်အင်္ကျီဝတ်ထားသော ကြွက်သားတောင့်တင်းသည့် ဟန်လူမျိုးတစ်ယောက်သည် သူ့မြင်းဖြင့် ခုန်ဝင်လာခဲ့သည်။

သံမဏိဝတ်ရုံလီ၏ အသန်မာဆုံးလက်ထောက် ရောက်လာခဲ့၏။ ချန်တာအို ပင်။

"ခေါင်းဆောင် ကျွန်တော်လည်း ရောက်လာပါပြီ"

"ခေါင်းဆောင် ကျွန်တော် ခင်ဗျားကို ကူညီမယ်"

"ညီအစ်ကိုတို့ ဒီစစ်သားတွေကိုသတ်ပြီး ငါတို့ရဲ့ သေသွားတဲ့ညီအစ်ကိုတွေအတွက် ဂလဲ့စားပြန်ချေကြမယ်။"

ပတ်ပတ်လည်ရှိ မြင်းများကို သတ်ဖြတ်ပြီးနောက် မြင်းစီးဓားပြများ တစ်သုတ်ပြီးတစ်သုတ် ရောက်လာခဲ့ကြသည်။

"ဟားဟားဟား ကောင်းတယ် ကောင်းတယ် မင်းတို့အားလုံး ကောင်းကောင်းလုပ်ခဲ့ကြတာပဲ။"

ထိုအသံများကို ကြားရသည်နှင့် သံမဏိဝတ်ရုံလီ ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။ သူသည် ဝမ်ချောင်၏ ကျောက်စိမ်းရိုင်းသံမဏိဓားကြောင့် ခြိမ်းခြောက်ခံနေရသည်ဟု ခံစားနေခဲ့ရပြီး ဤအချိန်တွင် စစ်ကူရောက်လာခြင်းမှာ မိုးခေါင်နေချိန်တွင် မိုးရွာလာသကဲ့သို့ပင်။

"ကောင်စုတ်လေး ကြည့်ရတာ မိုးကောင်းကင်ကတောင် ငါ့ဖက်မှာရှိတဲ့ပုံပဲ။ မင်း ကျိုးကျိုးနွံနွံနဲ့ အရှုံးပေးလိုက်ရင် ငါ မင်းကိုမနာကျဉ်စေဘဲ သေခွင့်ပေးမယ်။"

အားကောင်းသည့် ကြယ်တာရာစွမ်းအင်လှိုင်းလုံးတစ်ခုက သံမဏိဝတ်ရုံလီဆီမှ ပေါက်ကွဲထွက်လာခဲ့ပြီး ထိုပေါက်ကွဲမှု၏ တုန်လှုပ်ဖွယ်ရာလှိုင်းလုံးကပင် ဝမ်ချောင်၏ ဒေါသထွက်နေသောရေနဂါးခြေရှစ်လှမ်းကို အတင်းအကျပ် ရပ်တန့်စေနိုင်ခဲ့သည်။

ဟီးးး

မြင်းစီးဓားပြများသည် နေရာတွင် လျင်မြန်စွာ စုစည်းလာနေ၏။ မြင်းစီးဓားပြများ လျင်မြန်စွာ ချဉ်းကပ်လာနေသည့် အသံများကို ကြားလိုက်ရသောအခါ မဟာထန်မြင်းစစ်သည်များ၏ မျက်နှာများ စိတ်ပျက်လက်ပျက်ဖြင့် ပျက်ယွင်းသွားခဲ့ကြသည်။ ဝမ်ချောင်နှင့် ပိုင်စီလင်တို့၏ အသဲနှလုံးများသည်လည်း တင်းကျပ်သွားခဲ့ကြ၏။

အလွန်နောက်ကျသွားခဲ့ပြီဖြစ်သည်။ လက်ထဲ၌ ကျောက်စိမ်းရိုင်းသံမဏိဓားဖြင့်ပင် သူတို့ ဘာမှမတတ်နိုင်တော့ပေ။

သူတို့၏ နောက်ဆုံးကြိုးစားအားထုတ်မှု ကျရှုံးသွားခဲ့ရပြီး သူတို့ကို စောင့်ကြိုနေသည့် အဆုံးစွန်ကံကြမ္မာမှာ သေခြင်းတရားပင်ဖြစ်သည်။

"ငါ့အမိန့်ကိုနားထောင်... တခြားမြင်းစီးဓားပြတွေကို လျစ်လျူရှုပြီး သံမဏိဝတ်ရုံလီကို တိုက်ခိုက်ရာမှာ အာရုံစိုက်ထားကြပါ။ ငါတို့ သေရမယ်ဆိုရင်တောင် သူ့ကို ငါတို့နဲ့အတူ ခေါ်သွားရမယ်။"

ဝမ်ချောင် စိတ်ပိုင်းဖြတ်လိုက်ပြီး ပြင်းထန်စွာ အော်ဟစ်လိုက်သည်။

ထိုစကားလုံးများကို ပြောပြီးနောက် ဝမ်ချောင် ချက်ချင်း တစ်နေရာတည်းသို့ အဆက်မပြတ်ခုတ်ပိုင်းခြင်းကို ထုတ်ဖော်လိုက်ပြီး သံမဏိဝတ်ရုံလီဆီ ပြေးဝင်လိုက်သည်။

"မင်း ခွေးကောင်လေး ဘယ်လိုပဲဖြစ်ဖြစ် ငါ ဒီနေ့ မင်းကို သေချာပေါက်သတ်မယ်။"

သံမဏိဝတ်ရုံလီ ဒေါသပေါက်ကွဲသွားခဲ့သည်။

ချောင်ပိတ်ခံလိုက်ရသောအခါ ဝမ်ချောင်သည် သူ့ကို သူနှင့်အတူ အမှန်တကယ်ဆွဲချချင်နေ‌ခဲ့သည်။ ဤသည်က သံမဏိဝတ်ရုံလီကို အလွန်ဒေါသထွက်သွားစေသည်။

အဆုံးတွင် အရာအားလုံးမှားယွင်းသွားခဲ့ရပြီး သူတို့၏ ညီအစ်ကိုများ ဘာမဟုတ်သည့် စစ်သည်လေးဆယ်ယောက်၏ သတ်ဖြတ်ခံရခြင်းဖြင့် အဆုံးသတ်သွားခဲ့ရသည့်အကြောင်းအရင်းမှာ ဤခွေးကောင်ကြောင့်ဖြစ်သည်။

တခြားတစ်ယောက်ယောက်များ ယနေ့တွင် လွတ်မြောက်သွားခဲ့ပါက သံမဏိဝတ်ရုံလီအတွက် ကိစ္စမ‌ရှိပေ။ သို့သော် သူ ဤကောင်လေးကိုတော့ လုံးဝသတ်ဖြတ်ရန် ဆုံးဖြတ်ထားခဲ့သည်။

"အစစ်အမှန်သိုင်းပညာနယ်ပယ်တောင်မရောက်သေးတဲ့ မင်းလို ပုရွက်ဆိတ်တစ်ကောင်က ငါ့ကို ဘယ်လိုသတ်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်။"

သံမဏိဝတ်ရုံလီ သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် အော်ပြောလိုက်သည်။

ဝမ်းးး

လက်ခနဲ အနက်ရောင်အရိပ်တစ်ခုက သူ့ခန္ဓာကိုယ်မှ ဝမ်ချောင်ဆီသို့ ဦးတည်သွားခဲ့သည်။

၎င်းသည် ကြယ်တာရာစွမ်းအင်ချိန်းကြိုးဖြစ်၏။

ဤ‌အရေးကြီးသည့် အခိုက်အတန့်တွင် သံမဏိဝတ်ရုံလီသည် အခြားမြင်းစစ်သည်များကို သူ ပြုလုပ်ခဲ့သကဲ့သို့ ဝမ်ချောင်ကို အရိုးတစ်ခြား အသားတစ်ခြားပြုလုပ်ရန် သူ့ အနက်ရောင်ကြယ်တာရာချိန်းကြိုးကို အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။

ဤနည်းလမ်းဖြင့်သာ သူသည် သူ့ဆုံးရှုံးခဲ့ရမှုများအတွက် သူ့ဒေါသကို ဖြေဖျောက်နိုင်ပေမည်။

သူ့ဒေါသကို ဖြေဖျောက်ရန် ဤကောင်စုတ်ကို သူကိုယ်တိုင် သတ်ဖြတ်ရပေမည်။

ဝမ်းးး

ဤအချိန်အနားတွင် ခွာဖြူအရိပ်၏အကူအညီမပါဘဲ ဝမ်ချောင်သည် ထိုကြယ်တာရာစွမ်းအင်ချိန်းကြိုးကို ရှောင်ရှားရန် လုံလောက်အောင် လျင်မြန်ခဲ့ခြင်းမရှိပေ။ အရိပ်ကြီးတစ်ခုနှင့်အတူ ၎င်းသည် ကောင်းကင်ထက်မှ ကျဆင်းလာခဲ့ပြီး ဝမ်ချောင်ကို သူ့ဓားနှင့်အတူ ဖုံးအုပ်သွားခဲ့သည်။

သူ့ခန္ဓာကိုယ်ကို ကြယ်တာရာစွမ်းအင်ချိန်းကြိုးဖြင့် တင်းကျပ်စွာ တုပ်နှောင်ခံထားရခြင်းကြောင့် ဝမ်ချောင်၏ လှုပ်ရှားမှုသည် ပြင်းပြင်းထန်ထန်ကန့်သတ်ခြင်းခံလိုက်ရသည်။ သူ့ဓားသည် ကြယ်တာရာချိန်းကြိုးကို ချိုးဖျက်နိုင်သော်လည်း သူ့ခန္ဓာကိုယ်မလှုပ်ရှားနိုင်သောကြောင့် သူ တတ်နိုင်သည့်အရာ ဘာမှမရှိတော့ပေ။

ဝမ်ချောင် သေဆုံးသွားပါက မည်သူမျှ သံမဏိဝတ်ရုံလီကို ခြိမ်းခြောက်နိုင်တော့မည်မဟုတ်ပေ။

"စီလင် အခုပဲ လှုပ်ရှားတော့"

အရာအားလုံးသည် စက္ကန့်ပိုင်းအတွင်း ဖြစ်ပျက်သွားခဲ့သည်။ သံမဏိဝတ်ရုံလီက ဝမ်ချောင်ကို အမှုန့်ကြိတ်ခါနီးတွင် ချိန်းကြိုးထဲမှ ရုတ်တရက် ဝမ်ချောင်၏ ပြတ်သားသော အော်သံတစ်ခုထွက်ပေါ်လာခဲ့၏။

'ဘာကြီးလဲ။'

ဝမ်ချောင်၏ ရုတ်ချည်းအော်သံကြောင့် သံမဏိဝတ်ရုံလီ နိုးကြားသွားခဲ့သည်။

သူ ဘယ်လောက်တုံးအပါစေ ဤအခြေအနေနှင့်ပတ်သက်၍ တစ်ခုခု လွဲချော်နေပုံရသည်။ ထိုလူငယ်ကွပ်ကဲသူလေး သူ့အသက်ကို လောင်းကြေးထပ်ထားသည့် အစီအစဉ်က သူ့အတွက် ကောင်းကျိုးတစ်စုံတစ်ရာကို ပေးစွမ်းနိုင်မည်မဟုတ်ပေ။

အရာအားလုံးသည် အကြံအစည်တစ်ခုနှင့် နက်ရှိုင်းစွာ ဆက်စပ်နေပုံရသည်။

ဟွားး

သို့သော် သူ ဘာမှတောင် လုပ်နိုင်ခြင်းမရှိမီ လေထုကို ဖြတ်သန်းလာနေသည့် ထက်မြသည့်အရာတစ်ခု၏ ရွှီးခနဲ အသံတစ်ခုနှင့်အတူ သူ့နောက်မှ အော်ကြွေးသံတစ်ခုကို သူ ကြားလိုက်ရသည်။

အရာရာတိုင်း လျင်မြန်စွာဖြစ်ပျက်သွားခဲ့၏။ သံမဏိဝတ်ရုံလီ ထိုအသံကို ကြားလိုက်ရချိန်တွင် တစ်ဖက်လူ၏ဓားသည် သူ့လည်တိုင်နှင့် နီးကပ်နေခဲ့ပြီဖြစ်သည်။ သာမန်အခြေအနေအောက်တွင် သံမဏိဝတ်ရုံလီ ရှောင်နိုင်ကောင်း ရှောင်နိုင်ပေမည်။ သို့သော် ဝမ်ချောင်ကို ကိုင်တွယ်ရန် သူသည် သူ၏ ကြယ်တာရာစွမ်းအင်ချိန်းကြိုးကို ထိန်းချုပ်ရန် သူ့အာရုံစိုက်မှု အများစုကို မြှုပ်နှံထားသဖြင့် ၎င်းက သူ့လှုပ်ရှားမှုများတွင် အနည်းငယ် အားလျော့သွားစေခဲ့ကာ ဤလုပ်ကြံတိုက်ခိုက်မှုကို ရှောင်လွှဲရန် ဟန့်တားသွားစေသည်။

ဟောင်းလောင်း

ထိုစက္ကန့်ပိုင်းလေးအတွင်း သံမဏိဝတ်ရုံလီပြုလုပ်နိုင်သမျှမှာ သူ့လည်ပင်းကို ကာကွယ်ရန် ကြယ်တာရာစွမ်းအင်ကိုစုစည်းပြီး ထိုဓားက သူ့လည်ပင်းကို မဖြတ်မီ လက်ဖဝါးတစ်ချက်ပစ်ထုတ်လိုက်ခြင်းပင်။

သူ့ကို ထိတ်လန့်သွားစေသည့်အရာမှာ သူ၏သိပ်သည်းသော ကြယ်တာရာစွမ်းအင် ဒလဟောသည် ထိုဓားကို အနည်းငယ်မျှပင် မရပ်တန့်နိုင်ခဲ့ပေ။

"အဲဓားက..."

သူ့လည်ပင်းအောက်ရှိ ထိုရင်းနှီးနေသော ဓားသွားကို မြင်လိုက်ရသောအခါ သံမဏိဝတ်ရုံလီ၏ စိတ်ထဲတွင် အတွေးတစ်ချက်လင်းလက်သွားခဲ့ပြီး အရာအားလုံး မှောင်အတိကျသွားခဲ့သည်။

"ခေါင်းဆောင်"

ဝမ်းနည်းညိုးငယ်နေသည့် အော်သံက လေထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။ ဤနေရာသို့ တရကြမ်း ပြေးလွှားလာနေခဲ့ကြသော မြင်းစီးဓားပြများသည် သူတို့ ဘယ်တော့မှ မေ့ပျောက်မည်မဟုတ်သည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရခြင်းဖြင့် အဆုံးသတ်သွားခဲ့ကြသည်။ သူတို့၏ နှလုံးသားကို ကြေကွဲစေပြီး လုံးဝစိတ်ပျက်အားငယ်သွားစေမည့် မြင်ကွင်းတစ်ခု... အဖြူရောင်ဝတ် ငယ်ရွယ်သည့် မိန်းမပျိုတစ်ဦးသည် သူတို့၏ ခေါင်းဆောင်ကို ခေါင်းဖြတ်သွားခဲ့သည်။

သူတို့၏ ခေါင်းဆောင် သတ်ဖြတ်ခံလိုက်ရသည်ကို မြင်လိုက်ရသည့်အချိန်မှစ၍ သူတို့၏ အစောပိုင်းပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုတို့သည် လေနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။ သူတို့၏သွေးများ အေးခဲသွားခဲ့ပြီး သူတို့၏ နှလုံးသားများ တင်းကြပ်သွားခဲ့ကြ၏။

အသတ်ခံလိုက်ရခြင်း။

သူတို့၏ခေါင်းဆောင် အသတ်ခံလိုက်ရခြင်း။

သူတို့၏ခေါင်းဆောင်သည် အမှန်တကယ် အသတ်ခံလိုက်ရသည်။

ဤအခိုက်တွင် အချိန်သည် ရပ်တန့်လာပုံရသည်။ မြင်းများသည်ပင် တိတ်ဆိတ်သွားခဲ့ကြ၏။

ယခုလေးတင် ရောက်လာကြသည့် မြင်းစီးဓားပြများအတွက် ထိုကိစ္စသည် မမှားပေ။ သူတို့သည် အရာအားလုံးကို နေ့ဘက်ကဲ့သို့ ရှင်းလင်းစွာ မြင်လိုက်ရသည်။

အောင်ပွဲက သူတို့လက်ထဲရောက်ခါနီးတွင် ထိုလူငယ်ကွပ်ကဲသူသည် ရှေ့ထွက်လာခဲ့ပြီး သူတို့ခေါင်းဆောင်၏ ကြယ်တာရာစွမ်းအင်သံကြိုးကို အဝေးသို့ ဆွဲထုတ်ရန် ငါးစာအဖြစ် ဆောင်ရွက်ခဲ့သည်။

သို့သော် ထိုခဏတွင် လီမဏိဝတ်ရုံလီ၏ မျက်ကွယ်ကို အသုံးချကာ ထိုထက်မြသောဓားကို အဖြူရောင်၀တ်ဆင်ထားသော မိန်းမပျိုလေးဆီသို့ ဝေ့ဝိုက်၍ ပစ်ပေးခဲ့သည်။ ထိုထက်မြသောဓားကို အသုံးပြုကာ ထိုမိန်းမငယ်လေးသည် သူတို့ခေါင်းဆောင်၏ လည်တိုင်ကို ခုတ်ဖြတ်ခဲ့သည်။ ဤသို့ဖြင့် တိုက်ပွဲ၏နိဂုံးကို ပြန်လည်ပြောင်းလဲခဲ့သည်။

ထိုသို့ဖြင့်ပင် သေချာနေ‌သော အောင်ပွဲကို ပြောင်းလဲခဲ့၏။

ရှူးး

‌သံမဏိဝတ်ရုံလီသေဆုံးသွားခြင်းနှင့်အတူ ကြယ်တာရာချိန်းကြိုးသည် ပျောက်ကွယ်သွားခဲ့ပြီး ဝမ်ချောင်သည်လည်း ချုပ်နှောင်ခံထားရခြင်းမှ လွတ်လာခဲ့သည်။

ဘန်းး

ဝမ်ချောင် လွတ်လပ်သွားသည်နှင့် တစ်ပြိုင်နက် သူသည် ချက်ချင်း ရှေ့သို့ ပြေးထွက်သွားခဲ့ပြီး သံမဏိဝတ်ရုံလီ၏ ခေါင်းကို ကောက်ယူလိုက်သည်။

"သံမဏိဝတ်ရုံလီက သေသွားခဲ့ပြီ။ ငါတို့ကို ဆက်ပြီးဆန့်ကျင်ရဲတဲ့ ဘယ်သူမဆို အသတ်ခံရမယ်။ ပြစ်ဒဏ်ဌာနက ဖမ်းဝရမ်းထုတ်ရင် အနောက်တိုင်းဒေသကို ထွက်ပြေးသွားရင်တောင်မှ ဖမ်းဆီးအရေးယူခံရမှာဖြစ်ကြောင်း အသိပေးပါရစေ။"

သံမဏိဝတ်ရုံလီ၏ ခေါင်းကို သူ့ညာလက်ဖြင့် ကိုင်မြှောက်လိုက်ကာ ဝမ်ချောင်၏ စူးရှပြီး အေးစက်သည့် အကြည့်က ဓားပြများကို ဖြတ်သန်းသွားခဲ့ပြီး သူတို့ကို ခြေမကိုင်မိလက်မကိုင်မိဖြစ်စေခဲ့သည်။

သူတို့၏ညီအစ်ကိုများစွာ သေဆုံးသွားခဲ့ကြသည်။ ဟူလန်၏သေဆုံးမှုသည် ထိုးနှက်မှုကြီးတစ်ခုဖြစ်ပြီး ယခု မယုံနိုင်စရာကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားသည့် သူတို့၏ ခေါင်းဆောင်သည်ပင် ဤလူငယ်၏ အကြံအစည်များဖြင့် ရင်ဆိုင်ရာတွင် ကျဆုံးသွားခဲ့ရသည်။

ဤအခိုက်တွင် ချန်တာအိုကဲ့သို့သော ရက်စက်ကြမ်းကြုတ်သည့် လူတစ်ယောက်ပင်လျှင် ကြောက်ရွံ့မှုနှင့် စိုးရိမ်ကြောင့်ကြမှုတို့ကို ခံစားနေခဲ့ရသည်။

ထိုလူငယ်၏ လက်ထဲတွင် မည်သို့သော ဝှက်ဖဲများ ရှိဦးမည်ကို မည်သူမျှမပြောနိုင်ပေ။

အင်အားလေးဆယ်ဖြင့် သူတို့သည် ၎င်းတို့၏ခေါင်းဆောင်နှင့်အတူ ၎င်းတို့၏ညီအစ်ကို သုံးရာကျော်ကို သတ်ဖြတ်ခဲ့ကြသည်။ ကျန်ရှိနေသည့် လူနှစ်ဆယ်နှင့်ရင်ဆိုင်ရာတွင် သူတို့ ဘယ်လောက်များများ သေဆုံးလိမ့်ဦးမည်နည်း။

ဤခဏတွင် သတ္တိအရှိဆုံး မြင်းစီးဓားပြများသည်ပင် စိတ်ချောက်ခြားမှုကို ခံစားလိုက်ရသည်။

သူတို့‌၏ခေါင်းဆောင်ရှိသေးပါက သူတို့တွင် တိုက်ခိုက်ရန် အကြောင်းပြချက်ရှိနိုင်သေးသည်။ သို့သော် ၎င်းက သူ သေဆုံးသွားခြင်းနှင့်အတူ ပျောက်ကွယ်သွားခဲ့၏။

ဤအခိုက်အတန့်တွင် သူတို့တိုက်ခိုက်ခဲ့ပါက သူတို့သည် ‌ကံကောင်းမှုကြောင့် ဤတပ်သားများကို သတ်နိုင်ခဲ့မည်ဆိုလျှင်ပင် ၎င်းက သူတို့အတွက် အဓိပ္ပါယ်မရှိပေ။

သူတို့သည် ထိုအရာမှ ဘာမှမရနိုင်သည်သာမက သူတို့၏အသက်များပင်လျှင် ဆုံးရှုံးရနိုင်သည်။

"မင်းတို့ ဘာ‌ကို စောင့်နေကြတာလဲ။ ငါ့ရှေ့ကနေ ထွက်သွားကြစမ်း။"

ခေါင်းကို ကိုင်မြှောက်ထားလျက် ဝမ်ချောင်သည် နားအူမတတ် ဟိန်းဟောက်လိုက်သည်။ ထိုခဏတွင် အိပ်မက်မှ လန့်နိုးလာသကဲ့သို့ ဓားပြများနှင့် မြင်းစီးဓားပြများသည် အရပ်မျက်နှာပေါင်းစုံသို့ ပြန့်ကျဲသွားခဲ့ကြကာ သူတို့၏ အသက်အတွက် ထိတ်ထိတ်ပြာပြာ ထွက်ပြေးလိုက်ကြသည်။

အချိန်တိုလေးအတွင်းမှာပင် ရှစ်ဆယ်သော ဓားပြများနှင့် မြင်းစီးဓားပြများသည် လုံးဝပျောက်ကွယ်သွားခဲ့ကြသည်။

"အရှင် ကျွန်တော်တို့ အနိုင်ရသွားခဲ့ပြီ"

အသက်ရှင်ကျန်ရစ်နေသည့် မဟာထန်မြင်းစစ်သည်တစ်ယောက်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

"ငါတို့ အကြပ်အတည်းကို ကျော်လွှားနိုင်ခဲ့ပြီ ဒါပေမယ့် ငါတို့ အခုထိ အနိုင်မရသေးဘူး။ သွားကြစို့ ငါတို့လုပ်ရမယ့် နောက်ဆုံးကိစ္စတစ်ခုရှိသေးတယ်။"

သူ့ခေါင်းကို ခါလိုက်ကာ ဝမ်ချောင် အကွာအဝေးတစ်ခုသို့ ကြည့်လိုက်သည်။ ထိုနေရာရှိ အုတ်အော်သောင်းတင်းအသံသည် ကျယ်လောင်သထက် ကျယ်လောင်လာပုံရသည်။

-------------------------

အပိုင်း ၃၅၉ ကျောက်အန်းကို သတ်ဖြတ်ခြင်း

တောင်စောင်းနားရှိ တိုက်ပွဲသည် အလွန်တရာမှ ပြင်းထန်လှ၏။ ထိုနေရာရှိ ဓားပြများနှင့် မြင်းစီးဓားပြများသည် ရှုကန်းနှင့် ဟွမ်ရုံတုတို့ထံ အဆုံးမရှိသော သမုဒ္ဒရာရေလှိုင်းများကဲ့သို့ အဆက်မပြတ်ပြေးဝင်နေခဲ့ကြသည်။

"သတင်းဆိုး စစ်ရေးအကြံပေး သတင်းဆိုး.."

အဓိကလမ်းမဘေးရှိ ထိုအဖွဲ့၏ အစွန်းနားတွင် မြင်းစီးဓားပြတစ်ယောက်သည် ကျောက်အန်းထံ အမောတကောပြေးဝင်လာခဲ့ပြီး တင်ပြလိုက်သည်။

"စစ်ရေးအကြံပေး သတင်းဆိုး။ ခေါင်းဆောင်က..."

မြေပြင်ပေါ်တွင် ဒူးထောက်လျက် ထိုမြင်းစီးဓားပြ၏မျက်နှာသည် ထိတ်လန့်ကြောက်ရွံ့နေ၏။ သွေးပျက်နေခဲ့ကာ သူသည် အဝေးသို့ ညွှန်ပြလျက် တုန်လှုပ်ချောက်ချားစွာ စကားထစ်အနေခဲ့ပြီး အချိန်အတော်ကြာအောင် အသံမထွက်နိုင်ခဲ့တော့ပေ။

ဖြန်း

လက်ဝါးတစ်ဖက်သည် ရုတ်တရက် ထိုမြင်းစီးဓားပြ၏ မျက်နှာကို ကြမ်းတမ်းစွာ ရိုက်ချလိုက်သည်။

"မင်းကြပ်မပြည့်ကောင် ရှင်းရှင်းပြောစမ်း။ ခေါင်းဆောင်က ဘာဖြစ်ခဲ့တာလဲ။"

ကျောက်အန်း ဒေါသတကြီး အော်ငေါက်လိုက်၏။ ထိုခွေးကောင်သည် ဆိုးရွားသော တစ်စုံတစ်ခု ဖြစ်ခဲ့သည်ကို ဆက်တိုက်ပြောနေသော်လည်း ဘာဖြစ်နေကြောင်းကို မပြောပေ။ ထိုသည်က သူ့ကို စိုးရိမ်မှုကြောင့် သတိလစ်လုမတတ်ဖြစ်စေ၏။

"စစ်ရေးအကြံပေး ခေါင်းဆောင် အသတ်ခံလိုက်ရပြီ။"

ထိုမြင်းစီးဓားပြသည် စကားပြန်ပြောနိုင်ခဲ့ပြီး သူ့စကားကို အဆုံးမသတ်နိုင်မီ တခဏမျှ ငြိမ်သက်သွားခဲ့သည်။

ဟောင်းလောင်

ထိုမြင်းစီးဓားပြ၏ သာမန်ဖြစ်ပုံပေါ်သော စကားလုံးများသည် အမြောက်ဆံတစ်လုံးကဲ့သို့ ကျဆင်းသွားခဲ့ကာ လူတိုင်း၏ နှလုံးသားထဲကို တုန်လှုပ်ချောက်ချားသွားစေသည်။

ထိုစကားလုံးများကို ကြားလိုက်ရသည့် ကျန့်တစ်ဆယ်ပတ်လည်အတွင်းမှ လူများသည် ရုတ်ချည်း တိတ်ဆိတ်သွားခဲ့ကြသည်။ အကွာအဝေးတစ်ခုရှိ တိုက်ပွဲသည်ပင် တော်တော်လေး တိတ်ဆိတ်သွားခဲ့ပုံရသည်။

လူတိုင်းသည် ဒူးထောက်နေသည့် ထိုမြင်းစီးဓားပြကို မှင်သက်နေသည့် အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

"ခွေးမသား မင်း ဘယ်လို အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ။"

ထိုသတင်းကြောင့် တုန်လှုပ်သွားခဲ့ပြီး ဒေါသထွက်သွားခဲ့ကာ ကျောက်အန်းသည် ထိုမြင်းစီးဓားပြကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်လိုက်ပြီး ဘေးသို့ ကန်ထုတ်လိုက်သည်။

"ငါတို့ခေါင်းဆောင်က ပြိုင်ဘက်ကင်းတဲ့ ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားပြီး သံမဏိဝတ်ရုံနည်းစနစ်က ကာကွယ်ပေးထားခဲ့တယ်။ သူက ဘယ်လိုလုပ် သေနိုင်မှာလဲ။ မင်း အဓိပ္ပာယ်မရှိတာတွေ ဆက်ပြောနေမယ်ဆိုရင် ငါ့ကို အဆိုးမဆိုနဲ့။"

ကျောက်အန်း သူ့ဆေဘာကို ဆွဲထုတ်လိုက်ပြီး ထိုမြင်းစီးဓားပြ၏ လည်တိုင်ပေါ် ဖိချလိုက်သည်။

ခေါင်းဆောင်သေဆုံးသွားသည်မှာမဖြစ်နိုင်ပေ။

သူ သေဆုံးသွားသည်မှာ လုံးဝမဖြစ်နိုင်ပေ။

သူ၏ သာလွန်ကောင်းမွန်သော သိုင်းပညာရပ်များနှင့် သူ့နောက်လိုက်ပါသွားခဲ့ကြသော လက်ရွေးစင်များအရ ထိုကောင်စုတ်လေးနှင့် သူနှင့်အတူရှိနေကြသော စိတ်ဒုက္ခပေးသည့် စစ်သည်များကို သူ မည်သို့ အနိုင်မယူနိုင်ဘဲရှိမည်နည်း။

မည်သို့ဆိုစေကာမူ ကျောက်အန်းသည် ထိုရယ်စရာကောင်းသော ကောလဟာလကို လုံးဝယုံကြည်လိမ့်မည်မဟုတ်ပေ။

သို့သော်လည်း သူခံစားနေရသည့် စိတ်မသက်မသာဖြစ်မှုမှာ လျင်မြန်စွာ ပြင်းထန်လာခဲ့၏။ အမှန်တရားက မည်သို့ရှိပါစေ သူ သေချာသည့်အရာတစ်ခုရှိသည်။ ခေါင်းဆောင်ဖက်တွင် တစ်ခုခုဖြစ်ပွားခဲ့ရပေမည်။

သို့သော် ဤတိုတောင်းသော အချိန်ကာလအတွင်း ဘာတွေဖြစ်ပွားသွားသည်ကို ကျောက်အန်း မတွေးတောနိုင်ပေ။

'ဟူလန်၊ ချန်တာအိုနဲ့ ဟိုယွမ်တို့က ဘယ်မှာလဲ'

'သူတို့အားလုံး သေသွားခဲ့ကြတာလား။ သူတို့က ဘာလို့ ခုထိ ပြန်မလာကြသေးတာလဲ။'

"ကျောက်အန်း ဒါဘယ်သူလဲ ကြည့်လိုက်စမ်း"

ကျောက်အန်း သံသယများဖြင့် နစ်မြုပ်နေစဉ်မှာပင် နားအူမတတ်အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထို့နောက် လုံးဝန်းပြီး အနက်ရောင်အရာတစ်ခုက အဓိကလမ်းမ၏ လမ်းကွေ့မှ ပျံဝဲလာခဲ့၏။

လေထဲတွင် အကြိမ်များစွာလည်ပတ်ပြီးနောက် ၎င်းသည် မိုးပေါ်ထောင်နေသည့် ထက်ရှသော သစ်ကိုင်းတစ်ခုတွင် တိကျစွာ ထိုးစိုက်သွားခဲ့သည်။

လေပြင်းတစ်ခု တိုက်ခတ်သွားခဲ့ပြီး ၎င်းအနားတွင်ရစ်ပတ်ထားသော အဝတ်စက ပြေသွားခဲ့ကာ အတွင်းရှိ အော့နှလုံးနာစရာ ခေါင်းတစ်လုံးကို ဖော်ပြလိုက်သည်။

အားးး

ခေါင်းပေါ်ရှိ မျက်နှာကို မြင်လိုက်ရသောအခါ ရာချီသော ဓားပြများနှင့် မြင်းစီးဓားပြများသည် နောက်ဆုတ်သွားခဲ့ကြပြီး ထိတ်လန့်တကြားအော်ဟစ်လိုက်ကြသည်။

သူတို့၏ ဟန်ချက်ကို ဆုံးရှုံးပြီးနောက် တောင်စောင်းပေါ်မှ အမှုမဲ့အမှတ်မဲ့ ခြေချော်ကျသွားသည့် လူအနည်းငယ်ပင် ရှိသေးသည်။

"ခေါင်းဆောင်"

ထိုခေါင်းကို မြင်သည်နှင့် ကျောက်အန်း မျက်လုံးများ ဒေါသတကြီး နီရဲသွားခဲ့သည်။ ထိုဦးခေါင်းသည် သံမဏိဝတ်ရုံလီ၏ ခေါင်းကလွဲ၍ တခြားလူ၏ ခေါင်းမဟုတ်ပေ။

သူ့မျက်လုံးများသည် ပြူးကျယ်နေသေးပြီး သူသေဆုံးခါနီး၌ပင် သူ အသတ်ခံရနိုင်သည်ကို မယုံကြည်နိုင်ဖြစ်နေသကဲ့သို့ပင်။

သံမဏိဝတ်ရုံနည်းစနစ်၏ ကာကွယ်မှုကို ပိုင်ဆိုင်ထားပြီး အစစ်အမှန်သိုင်းပညာနယ်ပယ် လူဆယ်ယောက်၏ တစ်ပြိုင်နက်တိုက်ခိုက်မှုကိုပင် တောင့်ခံနိုင်ခဲ့သည့် သံမဏိဝတ်ရုံလီသည် မည်ကဲ့သို့ အသတ်ခံလိုက်ရသည်ကို ကျောက်အန်း နားမလည်နိုင်ခဲ့ပေ။

ထိုခဏတွင် ကျောက်အန်းသည် သူ့ကမ္ဘာတစ်ခုလုံး ပြိုပျက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

"လူတိုင်းပဲ နားထောင်.. အဲဒါက ခေါင်းဆောင်မဟုတ်ဘူး ဒါပေမယ့် သူတို့က သူ့ပုံစံကို တုပထားတဲ့ ခေါင်းတစ်လုံးပဲ။ ငါ့အမိန့်တွေကို လိုက်နာ... မင်းတို့ရဲ့ ခွန်အားတွေကို တောင်စောင်းပေါ်က စစ်သားတွေကို တိုက်ခိုက်ရာမှာ နစ်မြုပ်ထားပြီး သူတို့ကို ရှင်းပစ်ကြ။ ချုပ်တည်းထားရဲတဲ့ ဘယ်သူမဆို ငါကိုယ်တိုင်သတ်ပစ်မယ်။"

တောင်စောင်းပေါ်ရှိ စစ်သားများကို ညွှန်ပြလိုက်ကာ ကျောက်အန်း ကြောက်စရာကောင်းစွာ အော်ဟစ်လိုက်သည်။

"ကျောက်အန်း မင်းအလှည့်ရောက်မလာနိုင်တော့ဘူး။"

အသံတစ်ခု ထွက်ပေါ်လာခဲ့၏။

နောက်တခဏတွင် တောင်စောင်းပေါ်ရှိ မဟာထန်မြင်းစစ်သည်များသည် မြှားပုံစံစုဖွဲ့မှုဖြင့် အဆုံးမရှိသော ဓားပြများနှင့် မြင်းစီးဓားပြများကို ရုတ်ချည်း ချိုးဖောက်ထွက်လာခဲ့ကြသည်။

ဟောင်းး

လူအုပ်ကြီးသည် ချက်ချင်း ဖရိုဖရဲအခြေအနေသို့ ကျဆင်းသွားခဲ့၏။ ဓားပြများနှင့် မြင်းစီးဓားပြများကြား လက်ရွေးစင်များကို ခေါ်သွားပြီးနောက် ဤနေရာရှိ ကျန်ရစ်နေသော ဓားပြများနှင့် မြင်းစီးဓားပြများ တစ်ယောက်မှ အစစ်အမှန်သိုင်းပညာနယ်ပယ်သို့ မရောက်ခဲ့ကြသေးပေ။

ဝမ်ချောင်တပ်စုမှ မဟာထန်မြင်းတပ်သားများ၏ ကြောက်မက်ဖွယ်တိုက်ခိုက်မှုစွမ်းအားကို မြင်တွေ့ပြီးနောက် မည်သူက မတုန်လှုပ်ဘဲရှိမည်နည်း။ အထူးသဖြင့် သူတို့၏ခေါင်းဆောင် သံမဏိဝတ်ရုံလီက အသတ်ခံလိုက်ရဖွယ်ရှိသော အခြေအနေတွင်ဖြစ်သည်။

"လမ်းဖယ်စမ်း"

"ဂရုစိုက်ကြ သူတို့နောက်တစ်ခေါက်ထပ်လာကြပြီ။"

"ခေါင်းဆောင်ကတောင် အသတ်ခံခဲ့ရတယ် ငါတို့ မြန်မြန်ထွက်ပြေးရမယ်။"

လူစုလူဝေးထဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့သည်။ မဟာထန်မြင်းစစ်သည်များထံမှ တတ်နိုင်သမျှ ဝေးဝေးထွက်ပြေးရန် ကစဉ်ကလျနှင့် ထိတ်ထိတ်ပျာပျာ စတင်ထွက်ပြေးနေကြသည့် လူအချို့ပင် ရှိသည်။ အခြေအနေတစ်ခုလုံး ရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့၏။

"မကောင်းတဲ့ကောင်တွေ မင်းတို့ကောင်တွေ ဘယ်လိုတွေတောင် ထွက်ပြေးရဲရတာလဲ။ ရပ်လိုက်ကြစမ်း။"

ထိုမြင်းစီးဓားပြများကို အပြစ်ပေးရန် သူ့ဆေဘာဓားကို ကိုင်စွဲလျက် ကျောက်အန်း ဒေါသတကြီးအော်ဟစ်လိုက်သည်။ သို့သော်လည်း သူ တစ်ကွက်ပင် မလှုပ်ရှားနိုင်မီ ရေခဲတမျှအေးစက်သည့် အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။

"တစ်နေရာတည်းသို့ အဆက်မပြတ်ခုတ်ပိုင်းခြင်း"

သူ့မြင်းနောက်ကျောကို ရိုက်ပုတ်ကာ ဝမ်ချောင် လဟာပြင်ကို ဖြတ်သန်းခုန်ကျော်လာခဲ့ပြီး သူ့ဓားဖြင့် ကျောက်အန်း၏ လည်တိုင်ဆီသိုဘ နက်ရှိုင်းစွာ ထိုးစိုက်လိုက်သည်။

ဟိုးအစကတည်းက သူသည် ကျောက်အန်းက သိုင်းပညာရပ်ကျွမ်းကျင်မှုများ ပြတ်လပ်နေပြီး စစ်ရေးဗျူဟာရေးဆွဲသူ သက်သက်ဖြစ်ကြောင်း သိရှိထားခဲ့သည်။

ဝမ်ချောင်၏ ဓားဖြင့် ထိုးစိုက်ခြင်းမခံရမီ ကျောက်အန်းသည့် အေးစက်သည့် ဓားအလင်းရောင်တစ်ခုကို မြင်လိုက်ရရုံ မြင်တွေ့ခဲ့ရသည်။ သူ့နောက်ဆုံးအချိန်တွင် သူသည် အနားသတ်တွင် မရေမတွက်နိုင်အောင်များပြားလှသည့် လွှသွားသေးသေးလေးများပါရှိပြီး မျက်နှာပြင်ပေါ်တွင် ကြော့ရှင်းသော ပန်းပွင့်ပုံအမှတ်အသားများပါရှိ‌သည့် မယုံနိုင်စရာကောင်းလောက်အောင် ထက်ရှသော ဓားတစ်ချောင်းကို မြင်တွေ့လိုက်ရသည်။

'ကျောက်စိမ်းရိုင်းသံမဏိဓားတစ်လက်'

သံမဏိဝတ်ရုံလီနှင့်မတူဘဲ ကျောက်အန်းသည် ကျောက်စိမ်းရိုင်းသံမဏိဓား၏ နောက်ခံနှင့် ၎င်းက မည်သို့ မည်ပုံရှိသည်ဆိုသည်ကို သိပေသည်။ နားလည်သဘောပေါက်မှုက သူ့ကို ရိုက်ခတ်သွားခဲ့ကာ အတွေးများစွာက သူ့စိတ်ထဲ ဖြတ်သန်းသွားခဲ့သည်။

'ဆိုတော့...'

ထိုသည်က သူ့ကမ္ဘာတစ်ခုလုံး မှောင်အတိကျမသွားမီ သူ့စိတ်ထဲပေါ်လာသည့် နောက်ဆုံးအတွေးဖြစ်သည်။

"ကျောက်အန်းကို ဥပမာတစ်ခုအနေနဲ့ ခုခံရဲတဲ့ ဘယ်သူမဆို သူ့လို တူညီတဲ့ကံကြမ္မာခံစားရမယ်။"

ဝမ်ချောင် ကျောက်အန်း၏ခေါင်းကို တိတိရိရိဖြတ်ပစ်လိုက်ပြီး ကျောက်တုံးကြီးပေါ်တက်လှမ်းလိုက်ကာ ထိုလူ၏ ဦးခေါင်းကို မြှောက်လိုက်သည်။

ဟောင်းလောင်

'သံမဏိဝတ်ရုံလီ သေသွားခဲ့ပြီ'

'ကျောက်အန်းလည်း သေသွားခဲ့ပြီ'

သူတို့ခေါင်းဆောင်နှစ်ယောက် သေဆုံးသွားခြင်းနှင့်အတူ ဓားပြများနှင့် မြင်းစီးဓားပြများသည် တိုက်ခိုက်ချင်စိတ် ကုန်သွားခဲ့ကြသည်။ ထို့ကြောင်ဘ သူတို့ ချက်ချင်း လှည့်ပြေးလိုက်ကြသည်။

"ညီအစ်ကိုတို့ လက်တုံ့ပြန်ဖို့ ငါတို့အလှည့်ရောက်လာပြီ"

တောင်စောင်းပေါ်တွင် အသက်ရှင်ကျန်ရစ်နေသည့် မြင်းစီးဓားပြများ ပျော်ရွှင်စွာ ကြွေးကြော်လိုက်ကြသည်။ အင်အားစုနှစ်ခု အတူတကွ စုပေါင်းလိုက်ကြကာ သူတို့သည် ထွက်ပြေးနေသည့် ဓားပြများနှင့် မြင်းစီးဓားပြများကို စတင်လိုက်လံရှင်းလင်းလိုက်ကြသည်။

သူတို့၏အင်အားများ ပြန့်ကျဲနေသောကြောင့် ကျန်ရှိနေသည့် ဓားပြများနှင့် မြင်းစီးဓားပြများ ရာအနည်းငယ်သည် ပို၍မြန်မြန်ပင် ကျဆုံးသွားခဲ့သည်။ အချိန်တိုလေးအတွင်းမှာပင် သူတို့ဒါဇင်အတော်များများ သွေးအိုင်ထဲ လဲလျောင်းသွားခဲ့ကြသည်။

ဓားပြများနှင့် မြင်းစီးဓားပြများ၏ လျင်မြန်သည့် ရှုံးနိမ့်မှုကို ကြည့်ကာ ဝမ်ချောင် စိတ်သက်သာရာရစွာ သက်ပြင်းရှည်ကြီး ချလိုက်သည်။ အမှန်တွင် သူတို့သည် ပြန်လည်ခုခံရန် ရွေးချယ်ခဲ့ကြပါက သူတို့အရေအတွက်ဖြင့်ပင် စစ်သားများသည် နောက်ဆုံးအောင်နိုင်သူဖြစ်လိမ့်မည်ဟု အာမခံချက်မရှိပေ။ အားလုံးပြီးနောက် စစ်သားအများစုတို့သည် ဤအချိန်တွင် မောပန်းနေခဲ့ကြပြီဖြစ်သည်။

ဝမ်ချောင်သည်လည်း ချက်ချင်းဝင်ရောက်ခြင်းဖြင့် စွန့်စားလုပ်ဆောင်ခဲ့သည်။ ကျောက်အန်း၏ သံမဏိဝတ်ရုံမြင်းစီးဓားပြများအပေါ် လွှမ်းမိုးမှုကြီးမားသောကြောင့် သူ့ကို ခေါင်းဖြတ်သတ်ခြင်းသည် သူတို့၏ စိတ်ဓာတ်များအပေါ် ပြင်းထန်သောအကျိုးသက်ရောက်မှုဖြစ်စေခဲ့သည်မှာ ကံကောင်းပေသည်။ မြင်းစီးဓားပြများနှင့် ဓားပြများသည် သူ့လက်ထဲရှိ ကျောက်အန်းခေါင်းကို မြင်ပြီးနောက် တိုက်ခိုက်ချင်စိတ် ဆုံးရှုံးသွားခဲ့ကြသည်။

"စိတ်နှလုံးသားကို တိုက်ခိုက်တဲ့ နည်းဗျူဟာက ခံတပ်တစ်ခုကို ဖြိုခွဲတဲ့ နည်းဗျူဟာထက် သာလွန်တယ်။"

သူတို့၏ရှင်သန်မှုအတွက် ထွက်ပြေးနေကြသော ဓားပြများနှင့် မြင်းစီးဓားပြများကို ကြည့်ကာ ဝမ်ချောင် မှတ်ချက်ပြုလိုက်သည်။

သူ့ယခင်ဘဝတွင် ဝမ်ချောင်သည် ဤဓားပြများနှင့် မြင်းစီးဓားပြများထက် ပို၍ကြောက်ဖို့ကောင်းသော ရန်သူများစွာနှင့် ဆုံတွေ့ခဲ့ရသည်။ သို့သော် သံသယရှိစရာမလိုအောင်ပင် သူပြန်လည်မွေးဖွားလာပြီးနောက် သူသည် ဤအရာထက် သေခြင်းတရားနှင့် ဘယ်တုန်းကမှမနီးကပ်ခဲ့ဖူးပေ။

ထိုဓားပြများနှင့် မြင်းစီးဓားပြများသည် တစ်ဦးချင်းအလိုက် အားနည်းပြီး အသေးအဖွဲဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူတို့၏အရေအတွက်ကို စုပေါင်းလိုက်သောအခါ သူတို့သည် ထည့်တွက်၍ရသည့် အင်အားစုတစ်ခုဖြစ်နေဆဲဖြစ်သည်။

ဝမ်ချောင်အတွက် ဤသည်က မေ့နိုင်လောက်မည်မဟုတ်သည့် အတွေ့အကြုံတစ်ခု ဖြစ်သည်။

ဒီးဒါဒါ

ဝမ်ချောင် အတွေးထဲနစ်မျောနေစဉ်မှာပင် မြင်းခွာသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး သူ ခေါင်းမော့ကြည့်လိုက်သည်။ မြင်းတစ်ကောင်ကို စီးနင်းနေသည့် လူတစ်ယောက်သည် ဝမ်ချောင်ဆီသို့ မယုံနိုင်စရာကောင်းသည့် အမြန်နှုန်းဖြင့် ပြေးဝင်လာခဲ့၏။

"အရှင် ခင်ဗျားတို့အားလုံးကို တွေ့ရတာကောင်းတယ်။ ကျွန်တော်တို့ ဒီမှာပဲ သေရတော့မယ်လို့ တွေးထင်ထားခဲ့ကြတာ။"

လက်ထောက်ကျန်းလင် သူ့မြင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး ဝမ်ချောင်ကို အလွန်ရိုသေစွာ ဦးညွှတ်လိုက်သည်။ သူ့မျက်လုံးများသည် စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုတို့ဖြင့် လျှံကျနေခဲ့သော်လည်း လေးစားသမှု ရှိနေသေးသည်။

ဝမ်ချောင်သည် ဤတစ်ကြိမ် အမှန်ပင် သူတို့၏ အသက်များကို ကယ်တင်ခဲ့သည်။ သူ့ကြောင့်မဟုတ်ပါက သူတို့သည် သေဆုံးခဲ့သည်မှာ ကြာပြီး ဖြစ်ပေလိမ့်မည်။

ပို၍အရေးကြီးသည်မှာ စစ်သားတစ်ယောက်၏ အမြင်မှနေ၍ ထိုလူငယ်အတွင်းရှိ ကွပ်ကဲမှုအတွက် သာမန်မဟုတ်သော ပင်ကိုယ်ပါရမီကို ကျန်းလင်မြင်နိုင်ပေသည်။

သူ့ရှေ့ရှိ ထိုလူငယ်သည် ယခုထိ တရားဝင်ရာထူးကို လက်မခံရသေးသော်လည်း ကျန်းလင်တွင် ထိုလူငယ်က နောက်ဆုံးတွင် မြင့်မားသော အမြင့်သို့ မြင့်တက်လာပြီး အံ့ဩဖွယ်ရာ စွမ်းဆောင်နိုင်မှုများ ရရှိမည်ကို သံသယအနည်းငယ်ရှိနေခဲ့သည်။

သူ့ကိုယ်တိုင် စစ်သည်တစ်ယောက်အနေနှင့် ကျန်းလင်သည် စစ်ပွဲတွင် ထူးချွန်ပြောင်မြောက်သော စွမ်းရည်ပြသသူများကို အလွန်လေးစားခဲ့သည်။

"လက်ထောက်ကျန်းလင်က အရမ်းယဉ်ကျေးလွန်းနေပါပြီ။ ကျွန်တော်တို့အားလုံးက တော်ဝင်ရုံးတော်အတွက် အလုပ်အတူတူလုပ်နေကြတာပါ ဒါကြောင့် တခြားသူတွေကို ကာကွယ်တာက ကျွန်တော်တို့အတွက် သဘာဝပါပဲ။ ကျွန်တော်တို့က ခင်ဗျားတို့နေရာမှာ ရောက်နေခဲ့ရင် ခင်ဗျားတို့ကလည်း ကျွန်တော်တို့ကို ကယ်တင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။"

ဝမ်ချောင် တည်ငြိမ်အေးဆေးစွာ ပြန်ဖြေလိုက်သည်။

ဝမ်ချောင်၏ စကားလုံးများကြောင့် အံ့ဩသွားခဲ့ကာ ကျန်းလင် တိတ်ဆိတ်သွားခဲ့၏။ သူ ထွက်ပြေးနေကြ‌သည့် ဓားပြများနှင့် မြင်းစီးဓားပြများအပေါ် သူတို့၏ ဒေါသများနှင့် နာကျည်းမှုများကို ဖောက်ခွဲထုတ်နေခဲ့ကြသည့် ရှုကန်းနှင့် ဟွမ်ရုံတုတို့ကို ဘေးတစ်စောင်းကြည့်လိုက်မိသည်။ ခါးသီးသည့်အပြုံးတစ်ခုက သူ့နှုတ်ခမ်းထက် ပေါ်ထွက်လာခဲ့၏။

အကယ်၍ ဝန်းရံခံထားရသည့် လူများမှာ ဤလူငယ်နှင့် ပိုင်စီလင်တို့ဖြစ်ခဲ့ကြပါက သူတို့၏ တပ်စုများသည် သူတို့ကို ကယ်တင်မည်လား မကယ်တင်ဘူးလား ဆိုသည်ကို သူ သေချာမပြောနိုင်ပေ။

ကျန်းလင်၏ မျက်နှာပေါ်ရှိ အမူအရာကို ကြည့်ကာ တစ်ဖက်လူတွေးနေသည့်အရာကို ဝမ်ချောင် ပြောနိုင်ပေသည်။ သူ ရိုးရှင်းစွာ ပြုံးလိုက်၏။ အမှန်တွင် သူ ဤအရာကို ပြုလုပ်ခဲ့သည်မှာ ရှုကန်းနှင့် ဟွမ်ရုံတုတို့ကို ကယ်တင်ရန်သာ မဟုတ်ခဲ့ပေ။ အားလုံးပြီးနောက် ထိုနှစ်ယောက်အပြင် တောင်စောင်းပေါ်၌ ပိတ်မိနေခဲ့ကြသည့် လူ များစွာရှိနေခဲ့ကြပေသည်။

ဓားပြများနှင့် မြင်းစီးဓားပြများ ရာကျော်ကျန်ရှိနေသောကြောင့် အကယ်၍ သူတို့၏ အင်အားစုများကို ပြန်လည်စုစည်းပြီး တန်ပြန်တိုက်ခိုက်မှုတစ်ခုစတင်ရန် ခွင့်ပြုထားခဲ့ပါက ဝမ်ချောင်တို့အုပ်စုသည် ကြီးမားစွာ အထိနာပေလိမ့်မည်။ ထို့ကြောင့် ဓားပြများနှင့် မြင်းစီးဓားပြများ ပြန့်ကျဲသွားခဲ့ပြီးနောက်မှာပင် စစ်သားများသည် သူတို့ကို အလွတ်မပေးခဲ့ကြပေ။

ထွက်ပြေးနေကြသည့် ဓားပြများနှင့် မြင်းစီးဓားပြများ တောတောင်အနက်ပိုင်းသို့ လုံးဝ ပြန့်ကျဲသွားခဲ့ချိန် အမွေးတိုင်တစ်တိုင်စာ ကြာပြီးနောက်မှသာ တိုက်ပွဲသည် အဆုံးသတ်သို့ ရောက်လာခဲ့သည်။

ကံကောင်းပြီး အသက်ရှင်ကျန်ရစ်နေသည့် မဟာထန်မြင်းစစ်သည်အားလုံးတို့သည် ဝမ်ချောင်ရပ်နေသည့် ကျောက်တုံးကြီးနားတွင် စတင်စုရုံးလာခဲ့ကြသည်။

သူတို့၏ အစပိုင်း လူအင်အားရှစ်ဆယ်တွင် ဤစစ်ဆင်ရေးပြီးနောက် လေးဆယ့်လေးယောက်သာ ကျန်ရှိတော့သည်။ အသေအပျောက် သုံးဆယ့်ခြောက်ယောက်တွင် သူတို့တစ်ဝက်နီးပါးမှာ သံမဏိဝတ်ရုံလီကြောင့်ဖြစ်သည်။

သူတို့သည် မြို့တော်နှင့် လုံရှီကြားရှိ လမ်းကို လွှမ်းမိုးချုပ်ကိုင်ထားသည့် အားကောင်းပြီး ဩဇာကြီးမားသော သံမဏိဝတ်ရုံလီကို သတ်ဖြတ်နိုင်ခဲ့ကြပြီး အစစ်အမှန်သိုင်းပညာနယ်ပယ်မြင်းစီးဓားပြ ရှစ်ဆယ်ပါဝင်သည့် သုံးရာသော မြင်းစီးဓားပြများနှင့် ဓားပြများကို သတ်ဖြတ်နိုင်ခဲ့ကြသော်လည်း ဝမ်ချောင်သည် ထိုဆုံးရှုံးမှုကြောင့် ရင်နာစွာ ခံစားနေရသေးသည်။

ထိုမြင်းစစ်သည်များသည် တိုင်းပြည်ကိုကာကွယ်ရန် သူတို့၏ အသက်များကို မြှုပ်နှံထားခဲ့ကြသည်။သူတို့သည် သေဆုံးသွားခဲ့ရလျှင်ပင် ၎င်းက သူတို့၏ စတေးမှုအတွက် သူတို့ဂုဏ်ယူနိုင်သည့် ရန်သူတိုင်းပြည်များ၏ စစ်တပ်များကို ဆန့်ကျင်တိုက်ခိုက်သည့် တိုက်ပွဲကြီးတစ်ခုတွင် ဖြစ်သင့်သည်။ ဤဘာမဟုတ်သည့် ဓားပြများ၏ လက်ထဲတွင် မဖြစ်သင့်ပေ။

သို့သော် တချို့သော အရာများသည် ဖြစ်မလာခဲ့ကြပေ။

-------------------------

အပိုင်း ၃၆၀ ဖော်ထုတ်ခံရခြင်း

ပတ်ဝန်းကျင်တွင် မြင်းခွာသံများ ထွက်ပေါ်လာခဲ့၏။

ဝမ်ချောင်သည် အတွေးနက်နေခဲ့ပြီး နောက်ဆုံးတွင် ထိုမြင်းခွာသံများ ရပ်တန့်သွားခဲ့ကြသည်။

ထိုသို့သာမက လောကတစ်ခုလုံး တိတ်ဆိတ်သွားသကဲ့သို့ အသံတစ်စိုးတစ်စိမျှ မကြားရတော့ပေ။

"ဟမ်"

အံဩသွားခဲ့ကာ ဝမ်ချောင် မော့ကြည့်လိုက်သည်တွင် မြင်းစစ်သည်များက သူ့အနားတွင် စုဝေးနေခဲ့ကြသည်ကို မြင်လိုက်ရသည်။

ထိုအုပ်စု၏ ရှေ့ဆုံးတွင် ရှုကန်း၊ ဟွမ်ရုံတုနှင့် ပိုင်စီလင်တို့ရှိနေခဲ့ကြပြီး လူတိုင်း၏ အကြည့်များက သူ့ဆီသို့ ရောက်နေခဲ့ကြသည်။

လေထုသည် အနည်းငယ် ထူး‌ဆန်းနေခဲ့၏။

"ဘာများ မှားလို့လဲ"

ဝမ်ချောင် အံ့အားတကြီးမေးလိုက််မိသည်။

"မင်းက ဘယ်သူများလဲ"

သူနားမလည်နိုင်သည့် လျှို့ဝှက်ဆန်းကျယ်သော လူထူးလူဆန်းကို စိုက်ကြည့်နေရသကဲ့သို့ ရှုကန်း လေးနက်သည့်အမူအရာဖြင့် မေးလိုက်သည်။

"တိုက်ပွဲက ပြီးသွားခဲ့ပြီ မင်းက ဘယ်သူလဲဆိုတာကို ငါတို့ကို ပြောပြဖို့ ရည်ရွယ်ချက်မရှိသေးဘူးလား။"

ဟွမ်ရုံတု သူ့မြင်းပေါ်မှနေ၍ စိတ်အားထက်သန်စွာ မေးလိုက်သည်။

"ငါက မင်းတို့နဲ့ တစ်ချိန်လုံးရှိနေခဲ့တာ။ ငါ ဘယ်သူလဲဆိုတာ မသိကြဘူးလား။"

ဝမ်ချောင် ရယ်လိုက်၏။

"ငါတို့ပြောတာက အဲအဓိပ္ပာယ်မဟုတ်ဘူးဆိုတာကို မင်း သိပါတယ်။"

ရှုကန်း ခေါင်းယမ်းလိုက်၏။ သို့သော် သူသည် အလျှော့ပေးမည်ပုံမရပေ။

"စီလင် မင်းကရော။ မင်းကလည်း သူတို့နဲ့အတူတူပဲလား။"

ရှုကန်း၊ ဟွမ်ရုံတုတို့နှင့် ဘေးချင်းယှဉ်ရပ်နေသည့် ပိုင်စီလင်ကို ဝမ်ချောင် ကြည့်လိုက်သည်။

"မေးစရာတောင် လိုသေးလို့လား"

ပိုင်စီလင် စိတ်တိုသွားခဲ့ကာ မျက်လုံးလေး ကလည်ကလည်ဖြစ်သွားခဲ့သည်။

"ငါက သူတို့ထဲမှာ အသိချင်ဆုံးတစ်ယောက်ပဲ ဟုတ်ပြီလား။ သူတို့နှစ်ယောက်မသိတာက သဘာဝကျသေးတယ် ဒါပေမယ့် ငါက ဒီခရီးတစ်လျှောက်လုံး နင်နဲ့အတူရှိနေခဲ့ပြီး သေခြင်း၊ ရှင်ခြင်းအခြေအနေတွေကို ငါတို့ အတူ ကျော်ဖြတ်ခဲ့ကြတယ်။ ဒါပေမယ့် နင်က အဲကိစ္စကို ငါ့ဆီကနေလည်း ဖုံးကွယ်ဖို့ ရွေးချယ်ခဲ့တယ်။ ငါ့သိက္ခာကြောင့်မဟုတ်ရင် ငါ နင့်တင်ပါးကို ရိုက်နှက်လိုက်ပြီ။"

ပိုင်စီလင် ဒေါသများကို ဖိနှိပ်လျက် အံကြိတ်လိုက်သည်။

ထိုကောင်စုတ်လေးသည် သူမကို အလွန်အမင်း သတိထားနေပုံရသည်။ ဓားပြကျင်းများကို သူတို့ အတူတကွ ရှင်းလင်းကြသော အခါ၌ပင် သူသည် အလုပ်ပြီးမြောက်ရန် လိုအပ်သော အနိမ့်ဆုံး အားထုတ်မှုကိုသာ အားထုတ်ခဲ့ပြီး ထိုထက်ပို၍ ထုတ်ဖော်ရန် ဆန္ဒရှိပုံမပေါ်ပေ။

သူမသည် ရူး မနေပေ။ သူမ ထိုအရာကို မခံစားမိဘဲ မည်သို့ရှိမည်နည်း။

အကယ်၍ သူတို့သည် သံမဏိဝတ်ရုံလီကို မကြုံဆုံခဲ့ကြပါက သူမသည် သူ့ဆီ၌ ထိုသို့သော အံ့မခမ်းစွမ်းရည်ရှိသည်ကို ဘယ်တော့မှ သိနိုင်လိမ့်မည်မဟုတ်ပေ။

သူမ ထိုအကြောင်းကို ပိုတွေးလေလေ ပိုပို၍ ဒေါသထွက်ရလေလေပင်။

ထို့ကြောင့် ဤတစ်ကြိမ် သူမသည် ရှုကန်းနှင့် ဟွမ်ရုံတုတို့နှင့်အတူ ရပ်တည်ရန် ပြတ်သားစွာ ရွေးချယ်ခဲ့သည်။

"ဒါက ပေါ်တင်ကြီး သစ္စာဖောက်လိုက်တာပဲ"

ဝမ်ချောင် ရေရွတ်လိုက်၏။

"ထွီးးး"

ပိုင်စီလင် နှလုံးကင်းမဲ့စွာ မျက်နှာလွှဲလိုက်သည်။

"ငါမမှားရင် မင်းလက်ထဲက အဲဓားက ‌ကျောက်စိမ်းရိုင်းသံမဏိဓားပဲ ဖြစ်ရမယ် ငါ မှန်လား။"

ဤအခိုက်မှာပင် ရှုကန်းသည် ဝမ်ချောင်လက်ထဲရှိ ဓားကို တစ်ချက်ကြည့်လိုက်ပြီး ထိုမေးခွန်းကို မေးလိုက်သည်။

"အဲလိုဓားတစ်လက်ရဲ့ ဈေးနှုန်းက ရွှေပြားရှစ်သောင်းလောက်အထိ မိုးထိုးနေခဲ့ပြီ တစ်ခါတစ်လေ သိန်းကျော်အထိတောင် ရောက်တယ်။ ဒါ့အပြင် အဲဓားက ဈေးကွက်မှာ အတော်လေးပြတ်လပ်နေတဲ့ ကုန်ပစ္စည်းပဲ။ မင်းရဲ့ဓားလို ဓားက သာမာန်ဓားတစ်လက်ပါ လို့ မင်းသေချာပေါက် မပြောဘူးမလား။"

သခင်လေးတစ်ယောက်အနေဖြင့် ရှုကန်းသည် မြို့တော်မှ ကျော်ကြားလှသော ကျောက်စိမ်းရိုင်းသံမဏိဓားကိုပင် မမှတ်မိနိုင်ခဲ့ပါက ကန်းနေခြင်းဖြစ်ရပေမည်။

ဤနေရာတွင် ပိုင်စီလင် မမှားခဲ့သည်မှာ ရှင်းလင်းနေပေသည်။ သူနှင့် ဟွမ်ရုံတုတို့သည် ဝမ်ချောင်ကို မှားယွင်းစွာ ကောက်ချက်ချမိခဲ့ကြသည်။ သူပင်လျှင် ထိုကဲ့သို့ ဈေးကြီးသည့် ပစ္စည်းတစ်ခုကို မတတ်နိုင်ခဲ့‌ပေ။ တခြားသူများဆိုလျှင် ပြောစရာပင် မလိုပါချေ။

သို့သော် ထိုအရာကို တုံ့ပြန်သည့်အနေနှင့် ဝမ်ချောင် တိတ်တဆိတ်သာ ရယ်မောလိုက်သည်။

"လက်ထောက်ကျန်း ခင်ဗျားလည်း သူတို့နဲ့ အတွေးအတူတူပဲလား။"

သူ တခြားသူများ၏နောက်တွင် တိတ်တဆိတ်ရပ်နေသည့် ကျန်းလင်ကို လှည့်မေးလိုက်သည်။

"အရှင့်ရဲ့ဂုဏ်ဒြပ်ကိုသိရရင် ကျွန်တော်ဂုဏ်ယူမိမှာပါ။"

ကျန်းလင် တလေးတစားဦးညွှတ်လျက် ပြောလိုက်သည်။

ဝမ်ချောင်သည် ဤစစ်ဆင်ရေးတွင် ကွပ်ကဲသူတစ်ယောက်အနေဖြင့် ထူးချွန်ပြောင်မြောက်လှသော စွမ်းပကာများကို ပြသခဲ့သည်။ သူ့ကြောင့်မဟုတ်ပါက သူတို့အုပ်စု လုံးဝချေမှုန်းခံရပေမည်။ ဤသို့ဖြင့် ကျန်းလင်သည်လည်း ဝမ်ချောင်၏ ဂုဏ်ဒြပ်ကို သိချင်နေပေသည်။

"ဟူးးး လက်ထောက်ကျန်း ခင်ဗျားကလည်း... ဆိုတော့ ငါ့မှာ ရွေးချယ်စရာမရှိတော့ဘူးထင်တယ်။"

ဝမ်ချောင်သည် စိတ်ပျက်လက်ပျက်ဖြင့် သူ့နဖူးကို နှိပ်လိုက်သည်။

အခြားသူများချည်းသာဆိုပါက ကိစ္စတစ်ခုဖြစ်သော်လည်း လက်ထောက်ကျန်းပင် ပါဝင်နေခဲ့သည်။

ထိုသည်ကို ကြည့်ပါက သူသည် သူတို့ကို ကောင်းမွန်သည့် ဖြေရှင်းချက် မပေးနိုင်ခဲ့လျှင် သူတို့ လက်လျှော့ကြလိမ့်မည်မဟုတ်ပေ။

ထို့အပြင် အဟုတ်ပင် သူ့အစစ်အမှန်ဂုဏ်ပုဒ်ကို သူတို့ဆီမှ ဖုံးကွယ်ထားခြင်းကလည်း သူ့အတွက် မှန်ကန်သည့်ပုံမပေါ်တော့ပေ။

"ကောင်းပြီ မင်းတို့က အရမ်းသိချင်နေမှတော့လည်း ငါ မင်းတို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်။"

ရယ်မောလျက် ဝမ်ချောင် သူ့ခါးဘေးမှ ရွှေရောင်တံဆိပ်တစ်ခုကို ဆုပ်ကိုင်လိုက်ပြီး လူတိုင်းကို ပြလိုက်သည်။

ဟောင်းးး

မီးတောက်များ ရေးထွင်းထားသည့် ထိုတံဆိပ်ကို မြင်လိုက်ရသောအခါတွင် လူတိုင်း၏ မျက်လုံးများထဲ၌ အံ့အားသင့်မှုများ ပေါ်လာသည်။

"လောင်ကျွမ်းနေတဲ့ တိမ်တိုက်တွေ ဒါက ဝမ်ကလန်ရဲ့ တံဆိပ်ပဲ။"

"မင်းက ဝမ်ကလန်ရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ"

ထိုခဏတွင် ရှုကန်း၊ ဟွမ်ရုံတု၊ ကျန်းလင်နှင့် ပိုင်စီလင်သည်ပင် အံ့အားသင့်မှုကြောင့် ငြိမ်သက်သွားခဲ့ကြသည်။ တစ်ချိန်လုံး သူတို့အများစုတို့သည် ဝမ်ချောင်ကို နိမ့်ကျသည့်ဇစ်မြစ်မှ ဆင်းသက်လာခဲ့သည်ဟု တွေးထင်ထားခဲ့ကြသည်။

သို့သော် ဝမ်ချောင်၏ ဇစ်မြစ်သည် မနိမ့်ကျသည့်အပြင် ဤနေရာရှိ သူတို့အားလုံးထက်ပင် ဂုဏ်သိက္ခာကြီးမားနေသေးသည်။ ရှုကလန်နှင့် ဟွမ်ကလန်တို့ပင်လျှင် ဝမ်ကလန်ကဲ့သို့သော စစ်သူကြီးများနှင့် ဝန်ကြီးချုပ်မျိုးရိုး ကလန်ကို မယှဉ်နိုင်ကြပေ။

ပိုင်စီလင်တွင် ဝမ်ချောင်၏ ဂုဏ်ဒြပ်နှင့်ပတ်သက်၍ သူမ၏ ကိုယ်ပိုင်ခန့်မှန်းမှုများရှိခဲ့သည်။ သို့သော် ဤသို့ဆိုလျှင်ပင် အမှန်တရားက သူမ၏ မျှော်မှန်းချက်များထက် များစွာ ကျော်လွန်နေခဲ့သည်။

ပိုင်ကလန်သည် မြို့တော်တွင် ရှုကလန်နှင့် ဟွမ်ကလန်တို့အထက်၌ ရပ်တည်နေပြီး အလွန်ဩဇာလွှမ်းမိုးမှုကြီးမားသည်ဟု ယူဆနိုင်သည်။ သို့သော် သူတို့ပင်လျှင် ဝမ်ကလန်နှင့် နှိုင်းယှဉ်ရပါက အနည်းငယ် မှေးမှိန်သွားပေမည်။

"မြို့စားကြီးကျူးနဲ့ မင်းရဲ့ဆက်နွယ်မှုက ဘာလဲ"

ဟွမ်ရုံတု လေးနက်သည့်အမူအရာဖြင့် မေးလိုက်မိသည်။

"ငါ ပြောစရာစကားမရှိတော့ဘူး။ ဝမ်ကလန်ကို မြို့စားကြီးကျူးက တည်ထောင်ခဲ့ပြီး ငါက ဝမ်ကလန်ရဲ့ မျိုးဆက်တစ်ယောက်ပဲ။ သူနဲ့ ငါ့ရဲ့ဆက်နွယ်မှုက ဘာ လို့ မင်းထင်လဲ။"

သူ့မေးခွန်းနောက်ကွယ်ရှိ ပေါကြောင်ကြောင်နိုင်မှုကို နားလည်လိုက်ကာ ဟွမ်ရုံတု ကိုးရိုကားယားဖြစ်သွားခဲ့သည်။

"ဝမ်ကလန်မှာ စစ်သူကြီးဝမ်ကန်းရဲ့ကလေးသုံးယောက်ပဲ စစ်တပ်ထဲမှာ ဝင်ပါကြတယ်။ အကြီးဆုံးသား ဝမ်ဖုက လက်ရှိရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေတယ် ပြီးတော့ ဒုတိယသားဝမ်ဘိုင်ကလည်း မင်းလောက်ငယ်ရွယ်မှာမဟုတ်ဘူး။ ဒါကြောင့် ငါမမှားရင် မင်းက တတိယသား ဝမ်ချောင်ပဲဖြစ်ရမယ် ဟုတ်တယ်မလား။"

ရှုကန်း ရုတ်တရက် မေးလိုက်သည်။

"ဟုတ်တယ်"

ဝမ်ချောင် အဆင်သင့်ဖြစ်စွာ ထိုသည်ကို ဝန်ခံလိုက်၏။ ရှုကန်းသည် သူ မျှော်လင့်ထားသည်ထက် ပို၍ ဉာဏ်ကောင်းပုံရပြီး တခဏအတွင်း သူ့ဂုဏ်ပုဒ်ကို မှန်းဆနိုင်ခဲ့သည်။

ဝမ်ချောင် ဝန်ခံစကားကို ကြားလိုက်ရသည်နှင့် ရှုကန်း၏ အကြည့်ထဲတွင် ရုတ်တရက် ရှုပ်ထွေးသည့် ခံစားချက်များ ဂယက်ထသွားခဲ့သည်။

မြို့တော်ရှိ လူငယ်မျိုးဆက်များကြားတွင် လက်ရှိအချိန်၌ အတောက်ပဆုံးဂုဏ်သတင်းရှိသည့်လူမှာ ဝမ်ကလန်၏ တတိယသား ဝမ်ချောင်ကလွဲ၍ တခြားသူမဟုတ်ပေ။

ယောင်ကလန်နှင့် ပဋိပက္ခ၊ ဒေသဆိုင်ရာတပ်မှုးများဖြစ်ရပ်၊ ဂိုဂူလျောလုပ်ကြံသတ်ဖြတ်သူများ... ပညာရှင်ဧကရာဇ်၏ တုန်နေအောင်အချစ်ခံရသည့်ကြင်ယာတော်ထိုက်ကျန်းသည်ပင် ဝမ်ချောင်နှင့် ရင်းနှီးသောဆက်ဆံရေးရှိပုံရ၏။

ငယ်ရွယ်သော်လည်း သူ ဆောင်ရွက်ခဲ့သည့် စွမ်းဆောင်ချက်များသည် ရှုကန်းကဲ့သို့ လူတစ်ယောက်ပင်လျှင် အထင်ကြီးခဲ့ရသည်။

ရက်များစွာ အတူတကွ ခရီးထွက်ပြီးနောက် သူ တစ်လျှောက်လုံးအထင်သေးခဲ့သည့် လူငယ်သည် ကျော်ကြားလှသည့် ဝမ်ချောင် ဖြစ်နေလိမ့်မည်ဟု ရှုကန်း အမှန်တကယ် ထင်မထားခဲ့ပေ။

သူသိခဲ့လျှင် သူသည် ထိုသို့သော စိတ်သဘောထားကို ထားခဲ့မည်မဟုတ်ပေ။ အားလုံးပြီးနောက် ဝမ်ချောင်၏ အဆင့်အတန်းနှင့်လူတစ်ယောက်သည် မိတ်ဆွေဖွဲ့ရန် ပို၍ ထိုက်တန်ပေသည်။

"အားးး ငါ ဒါကို သည်းမခံနိုင်တော့ဘူး။"

ဝမ်ချောင် သူ ရရှိနေသော အံ့ဩလေးစားမှုများကြောင့် အနည်းငယ် ပျော်ရွှင်နေစဉ်မှာပင် ဘေးမှနေ၍ အသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ပိုင်စီလင်သည် ဝမ်ချောင်ကို ကြောက်စရာကောင်းသည့်အမူအရာဖြင့် စိုက်ကြည့်နေခဲ့၏။

"ကောင်စုတ် နင် ငါ့ကို အချိန်အကြာကြီး အရူးလုပ်ရဲတယ်။ ငါ နင့်ကိုသတ်မယ်။"

သူမ၏ဓားကို ဆွဲထုတ်လိုက်ကာ ပိုင်စီလင်သည် မြင်းပေါ်မှ ခုန်ချလိုက်ပြီး ဝမ်ချောင်ဆီ ‌ပြေးဝင်လာခဲ့သည်။

ရှုကန်းနှင့် ဟွမ်ရုံတုတို့မဆိုထားနှင့် ဝမ်ချောင်ကိုယ်တိုင်ပင်လျှင် ဤပြောင်းလဲသွားသောဖြစ်ရပ်များကြောင့် ကြက်သေသေသွားခဲ့သည်။

"ပိုင်စီလင် မင်း ဘာလုပ်နေတာလဲ။"

ဝမ်ချောင် ချက်ချင်း သူ့သရဲခြေလှမ်းကို ထုတ်ဖော်လိုက်ပြီး ကျောက်တုံးကြီးပေါ်မှ ခုန်ဆင်းလိုက်၏။

ဟောင်းးး

တစ်လက်မမျှ နက်ရှိုင်းသည့် ဓားရာက ဝမ်ချောင် ယခုလေးတင်ရပ်နေခဲ့သော နေရာကို ပျက်စီးသွားစေခဲ့ကာ ကျောက်တုံးကြီးပေါ်မှ မီးပွားစများ လွင့်ပျံသွားခဲ့ကြသည်။

ဝမ်ချောင်၏ နောက်ကျောမှနေ၍ ချွေးအေးများ စတင် စီးကျလာခဲ့သည်။

ထိုရက်စက်ကြမ်းကြုတ်သော အမျိုးသမီးသည် တကယ့်ကို လုံးဝ ချုပ်တည်းထားခြင်းမရှိခဲ့ပေ။

"ကောင်စုတ် မပြေးနဲ့။ ငါ့ဒေါသတွေ ဖြေဖျောက်ဖို့ နင့်ကို ဓားသုံးချက်ခုတ်ခွင့်ပေး။"

"ကောင်းကင်ကြီးပြိုကျလာမှပဲ ငါ ထွက်မပြေးမှာ။"

ထိုနှစ်ယောက်သည် သစ်တောတစ်လျှောက် စတင်ပြေးလွှားလိုက်ကြပြီး ထိုမြင်ကွင်းက လူတိုင်းကို စိတ်လက်ပေါ့ပါးစွာ ရယ်မောသွားစေခဲ့သည်။ ထိုရယ်စ‌ရာကောင်းသည့် မြင်ကွင်းက လေထဲရှိ ရစ်ဝဲနေသော ဝမ်းနည်းညိုးငယ်နေသည့် လေထုကို အနည်းငယ်လွင့်ပြယ်သွားစေသည်။

နောက်ဆုံးတွင် ပိုင်စီလင် အားကုန်သွားခဲ့ပြီး အရှုံးပေးလိုက်တော့သည်။ အားလုံးပြီးနောက် သူမသည် သံမဏိဝတ်ရုံလီဆီမှ ပြင်းထန်သည့် ထိုးနှက်ချက်နှစ်ခုကို ခံစားခဲ့ရသည်။

သူမ၏ မြင့်မားလှသော ကျင့်ကြံခြင်းကြောင့်မဟုတ်ပါက သူမ သေဆုံးသွားပြီးဖြစ်နိုင်၏။

"ငါ့ ဒဏ်ရာကနေ ပြန်ကောင်းလာတဲ့အခါ နင့်ဆီထပ်လာခဲ့မယ်။"

သူမ ကျောက်တုံးပေါ်ထိုင်ချလိုက်ကာ ဟောဟဲဆိုက်လျက် ဝမ်ချောင်ကို လက်ညှိုးထိုးလိုက်သည်။

"အားမနာပါနဲ့"

ဝမ်ချောင် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်၏။ ပိုင်စီလင်သည် သူ့ကို သစ်တောနားတွင် လိုက်လံဖမ်းဆီးခဲ့သော်လည်း ၎င်းက သူ့ဂုဏ်ပုဒ်ကို ဖော်ပြပြီးနောက် သူတို့၏ ဆက်ဆံရေးကို ပို၍တိုးတက်လာသကဲ့သို့ ခံစားရစေခဲ့သည်။

နောက်ဆုံးတွင် လူတိုင်းငြိမ်သက်သွားသောအခါ ရှုကန်း မေးလိုက်၏။

"အခု ဘာလုပ်ကြမလဲ။ ငါတို့ညီအစ်ကိုတွေရဲ့ အလောင်းတွေကို ငါတို့ဘယ်လိုကိုင်တွယ်ကြမလဲ။"

"သူတို့ကို အတူတူမြုပ်နှံလိုက်ကြရအောင်။ ငါ သူတို့ကို ကောင်းကောင်းမွန်မွန်သင်္ဂြိုလ်ပေးချင်တယ် ဒါမှ သူတို့တွေ အေးအေးချမ်းချမ်း အနားယူနိုင်မှာ။"

ပိုင်စီလင် ဝမ်းနည်းနေသည့် အကြည့်များဖြင့် အကြံပေးလိုက်သည်။

အားလုံးပြီးနောက် သူမသည် ရဲဘော်ရဲဘက်များအဖြစ် သူတို့နှင့်အတူ ရက်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ရသောကြောင့် သူတို့အများအပြား ရုတ်တရက်သေဆုံးသွားသည်ကို မြင်လိုက်ရသောအခါ သူမ အလွန်စိတ်ထိခိုက်စွာ ခံစားခဲ့ရပေသည်။

"အဲလိုလုပ်ဖို့ မလိုဘူး"

ဝမ်ချောင် ခေါင်းယမ်းလိုက်၏။

"သူတို့ကို ဒီမှာထားခဲ့။ ငါတို့တွေ စစ်မှုထမ်းဌာနကို သတင်းပို့ပြီး သူတို့ကို ကိုင်တွယ်ဖို့ လူမြန်မြန်လွှတ်ခိုင်းရမယ်။ ကျဆုံးသွားတဲ့ စစ်သည်တွေရဲ့ မိသားစုတွေက လျော်ကြေးရကြမှာဖြစ်ပြီး သူတို့ရဲ့ကလေးတွေကလည်း အထူးအခွင့်အရေးတွေ ရကြလိမ့်မယ်။ သူတို့ရဲ့နာမည်တွေကို မှတ်တမ်းတင်ထားပြီးတော့ သူတို့က စစ်မြေပြင်မှာ ကျဆုံးသွားတဲ့ စစ်သည်တွေလို ဂုဏ်ပြုခံရမှာဖြစ်တယ်။ အဲဒါက သူတို့အတွက် အကောင်းဆုံးဖြစ်မှာပါ။"

ကျန်းလင် ဝမ်ချောင်ကို အနည်းငယ်အံ့ဩနေသည့် အကြည့်များဖြင့် ကြည့်လိုက်သည်။ သို့သော်လည်း ဝမ်ချောင်၏ နောက်ခံကို အမှတ်ရလိုက်ကာ သူ နားလည်သွားခဲ့ပြီး ခေါင်းညိတ်လိုက်၏။

"ဝမ်သခင်လေးပြောတာမှန်တယ်။ ဂုဏ်သိက္ခာရှိတဲ့ သေဆုံးမှုတစ်ခု ဒါကလည်း သူတို့လိုချင်နေခဲ့တဲ့အရာဖြစ်လိမ့်မယ်"

ကျန်းလင် ပြောလိုက်သည်။

ရင့်မှည့်၍ အသက်ကြီးလာသည်အထိ ငြိမ်းချမ်းသောဘဝဖြင့် ပြည်သူများ နေထိုင်နိုင်စေရန်အတွက် လူအချို့က လက်နက်များကိုင်ဆောင်ကာ သူတို့ကို ကာကွယ်ရန် စစ်မြေပြင်ကို သတ္တိရှိစွာ ရွေးချယ်ကြရပေမည်။

သူတို့ စစ်မြေပြင်ကို ခြေချလိုက်သည်နှင့် သူတို့သည် သေဆုံးရန်အတွက် ပြင်ဆင်ထားခဲ့ကြပြီးဖြစ်သည်။

"ဒါပေမယ့် စစ်မှုထမ်းဌာနက လက်ခံမှာမဟုတ်ဘူး။ အားလုံးပြီးနောက်မှာ..."

ရှုကန်း တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြောလိုက်သည်။

ရှုကန်း၏စကားသည် ဤနေရာတွင် ဆုံးသွားခဲ့သော်လည်း လူတိုင်း သူဆိုလိုသည့်အရာကို နားလည်ကြပေသည်။

"စိတ်မပူပါနဲ့ သူတို့ လက်ခံကြလိမ့်မယ်။ သူတို့ကို လက်ခံလာအောင် ငါလုပ်မယ်။"

ဝမ်ချောင် လေးနက်စွာ ပြောလိုက်သည်။

--------------

All Chapters