အခန်း (၁၂၄၀-၁၂၄၂)
Vol. 83 Ch. 1240-1242
အခန်း (၁၂၄၀ )
ဘယ်လိုလမ်းစဉ်မျိုးနည်း
သူ၏ ကျင့်စဉ်အဆင့် တိုးတက်လာမှုနှင့် ပတ်သက်ပြီး လုချန်းကိုယ်တိုင်လည်း အနည်းငယ် ဇဝေဇဝါ ဖြစ်နေသည်။ လွန်ခဲ့သော ခြောက်လက သူသည် အချိန်အများစုကို ဇနီးမယားများနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံရင်း ကုန်ဆုံးခဲ့သော်လည်း ထိုကာလအတွင်း သူ၏ ကျင့်စဉ်အဆင့်မှာ တိုးတက်မှု မရှိသလောက်ပင် ဖြစ်ခဲ့သည်။
စုံတွဲကျင့်စဉ်မှ ရရှိသော တိုးတက်မှုမှာ မပြောပလောက်အောင် နည်းပါးလာသောကြောင့်သာ တစ်ကိုယ်တည်း ကျင့်ကြံရန် သူ စဉ်းစားခဲ့ခြင်း ဖြစ်သည်။ သို့သော် နှစ်ဝက်ခန့် တံခါးပိတ်ကျင့်ကြံပြီးနောက်တွင်လည်း သူ၏ ကျင့်စဉ်အဆင့် လုံးဝ တိုးတက်မလာခဲ့ပေ။ ဆန့်ကျင်ဘက်အားဖြင့် တံခါးပိတ်ရာမှ ထွက်လာပြီး ပထမဆုံးအကြိမ် စုံတွဲကျင့်ကြံပြီးသည့်အခါမှသာ သူ၏ ကျင့်စဉ်အဆင့်က ပြန်လည် တိုးတက်လာခဲ့ခြင်း ဖြစ်သည်။
ဒါ ဘာသဘောလဲ။
အကယ်၍ စုံတွဲကျင့်စဉ်ကသာ သူ့ကို အမြဲတမ်း တိုးတက်စေနိုင်ပါက လွန်ခဲ့သော ခြောက်လက ဘာကြောင့် အဆင့်တက်ရန် အခက်အခဲနှင့် ကြုံတွေ့ခဲ့ရသနည်း။
လုချန်း ဇဝေဇဝါ ဖြစ်နေချိန်တွင် စနစ်၏ အသိပေးသံ ထွက်ပေါ်လာသည်။
“လွန်ခဲ့တဲ့ နှစ်တွေမှာ သခင့်ရဲ့ ကျင့်စဉ်အဆင့် တိုးတက်မှု မြန်ဆန်လွန်းတာကြောင့် အနည်းငယ် မတည်မငြိမ်ဖြစ်ပြီး အပေါ်ယံဆန်သလို ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် သခင့်ရဲ့ ကျင့်စဉ်အဆင့်က ရှေ့ဆက်တိုးဖို့ ခက်ခဲနေခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ်ဝက်အတွင်းမှာ သခင့်က အခြေခံကို ခိုင်မာအောင် လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ကျင့်စဉ်အဆင့် တိုးတက်နှုန်းက ပုံမှန်အတိုင်း ပြန်ဖြစ်လာတာပါ။”
လုချန်း ရုတ်တရက် သဘောပေါက်သွားသည်။
ဒါကြောင့်ကိုး။
ထိုသို့ဆိုလျှင် အနာဂတ်တွင် စုံတွဲကျင့်စဉ်ကိုပင် အဓိက ကျင့်ကြံခြင်းနည်းလမ်းအဖြစ် ဆက်လက် အသုံးပြုနိုင်သော်လည်း အလုပ်နှင့် အနားယူမှု မျှတရန် လိုအပ်ကြောင်းနှင့် ရံဖန်ရံခါ အနားယူရန် လိုအပ်ကြောင်း လုချန်း နားလည်လိုက်သည်။
ထိုအချက်ကို သဘောပေါက်လိုက်သည်နှင့် လုချန်း၏ စိတ်ထဲတွင် အနည်းငယ် တက်ကြွလာပြီး ချက်ချင်းပင် အားစိုက်ထုတ်လိုက်သည်။
ထိုအချိန်တွင် လုချန်း ပို၍စိတ်လှုပ်ရှားလာသည်ကို မုချင်းလန် သိသာစွာ ခံစားလိုက်ရသည်။ ကံကောင်းထောက်မစွာပင် သူမသည် သူတော်စင်တစ်ဦး ဖြစ်သောကြောင့် လုချန်း၏ တိုက်စစ်ကို ခံနိုင်ရည် ရှိနေသေးသည်။
အချိန်များ ကုန်ဆုံးသွားပြီး တစ်လကြာမြင့်ခဲ့ပြီ ဖြစ်သည်။ လုချန်းနှင့် မုချင်းလန်တို့သည် ဆက်လက် ကျင့်ကြံနေဆဲဖြစ်ပြီး ဤတစ်လတာ ကာလအတွင်း လုချန်း၏ ကျင့်စဉ်အဆင့်သည် နှေးကွေးသော်လည်း ပုံမှန် တိုးတက်နေခဲ့သည်။
သူတော်စင်အဆင့်သို့ အမြန်ဆုံး ချိုးဖျက်ဝင်ရောက်နိုင်ရန် လုချန်း ဆုံးဖြတ်ချက်ချထားပြီး ဖြစ်သည်။ သူတော်စင်အဆင့်သို့ မရောက်မချင်း ဤအတိုင်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်။
မုချင်းလန်သည် သူမအပေါ် အနိုင်ယူနေသော ဤအမျိုးသားကို ကြည်နူးစွာ ကြည့်နေပြီး မည်သည့် မကောင်းသော ခံစားချက်မှ မရှိပေ။ ဆန့်ကျင်ဘက်အားဖြင့် လုချန်းကို ကူညီပေးနိုင်သည့်အတွက် မုချင်းလန် အလွန် ပျော်ရွှင်နေသည်။
ကောင်းကင်ဧကရာဇ်ကို ကူညီနိုင်မည့်နေ့ရက် ရောက်လာခဲ့ပြီ ဖြစ်သည်။ လုချန်း ကောင်းကင်ဧကရာဇ် ဘဝကတည်းက သူမသည် သူ့ဘေးနားတွင် ရပ်တည်ပြီး သူ့အတွက် အသုံးဝင်သောသူ တစ်ယောက် ဖြစ်ချင်ခဲ့သည်။
ကံမကောင်းစွာဖြင့် လုချန်း ထွက်ခွာသွားတာ စောလွန်းနေခဲ့၏။ သူမ အင်အားမကြီးထွားလာခင်မှာပင် တောင်ဝင်တောင်တန်း ကြယ်နယ်မြေမှ သူ ထွက်ခွာသွားခဲ့သည်။
ယခု နောက်ဆုံးတော့ သူမ ကောင်းကင်ဧကရာဇ်ကို ကူညီနိုင်ပြီ ဖြစ်သည်။ သူ ဘာပဲလုပ်လုပ် သူမ၌ သည်းခံနိုင်စွမ်း ရှိသည်။
ထိုအချိန်တွင် လုချန်းသည် မုချင်းလန်၏ ပါးပြင်ပေါ်မှ ရှုပ်ပွနေသော ဆံနွယ်များကို သပ်တင်ပေးလိုက်ပြီး ပြုံးလျက် ချီးကျူးလိုက်သည်။
“လန်... မင်း တကယ် လှတယ်”
မောပန်းနွမ်းနယ်နေသော မုချင်းလန်က
“ဟူး...... ကျေးဇူးတင်ပါတယ် မင်းကြီး။”
ထို့နောက် မုချင်းလန်က
“မင်းကြီး... အခု ဘယ်လို နေလဲ”
လုချန်း သူတော်စင်အဆင့်သို့ ခြေလှမ်းတစ်လှမ်းတည်းနှင့် တက်လှမ်းချင်နေသည့်အပေါ် မုချင်းလန် သံသယ အနည်းငယ် ရှိနေဆဲ ဖြစ်သည်။ လုချန်းသည် ချက်ချင်း သူတော်စင် ဖြစ်လာရန် ကြိုးစားနေတာ မဟုတ်ပဲ ဤအခွင့်အရေးကို အသုံးချပြီး သူ၏ ကျင့်စဉ်အဆင့်ကို ပိုမိုခိုင်မာအောင် လုပ်ဆောင်နေသည်ဟု သူမ ခံစားမိသည်။
လုချန်းနှင့် တစ်လကြာ စုံတွဲကျင့်စဉ် ကျင့်ကြံပြီးနောက် သူ့ခန္ဓာကိုယ်တွင် သိသာထင်ရှားသော ပြောင်းလဲမှု မရှိသော်လည်း သူတော်စင်တစ်ပါးဖြစ်သော သူမပင်လျှင် ကန့်သတ်ချက်သို့ ရောက်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
နဂါးဖီးနစ် ယင်ယန်ကျင့်စဉ်နှင့် လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်တို့ ပေါင်းစပ်ထားသည့်အပြင် ဖီးနစ်တစ်ရာ ဂါရဝပြုဟူသော စုံတွဲကျင့်စဉ်ကြီး သုံးခုလုံးကို တပြိုင်နက် အသုံးပြုခြင်းက သူတော်စင်တစ်ဦးအတွက်ပင် ခံနိုင်ရည်ရှိရန် ခက်ခဲလှသည်။
ဤ စုံတွဲကျင့်စဉ်ကြီး သုံးခုသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် အထောက်အကူပြုပြီး တစ်ခုက အခြားတစ်ခုကို လမ်းညွှန်ကာ စုံတွဲကျင့်စဉ်၏ အာနိသင်ကို အပြည့်အဝ ထုတ်လွှတ်ပေးသည်။
နဂါးဖီးနစ် ယင်ယန်ကျင့်စဉ်သည် မုချင်းလန်ကို ခံစားမှုတွင် နစ်မျောစေပြီး လုချန်းကို ဦးဆောင်ခွင့်ပေးကာ မုချင်းလန်၏ စွမ်းအားကို တိုးတက်စေသည်။
လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်သည် မုချင်းလန်၏ စွမ်းအားကို တိုးစေရုံသာမက လုချန်းကိုပါ ရုန်းထွက်မရအောင် ပြုလုပ်ထားသည်။
ဖီးနစ်တစ်ရာ ဂါရဝပြု ကျင့်စဉ်သည် မုချင်းလန်၏ ကျင့်စဉ်အဆင့်မှတဆင့် လုချန်း၏ ခန္ဓာကိုယ်ကို အားဖြည့်ပေးပြီး နက်ရှိုင်းသော ကျင့်ကြံခြင်း အခြေအနေ တွင် ချိတ်ဆက်မိစေသည်။ ထိုအခြေအနေမျိုးတွင် သူတို့သည် မရပ်မနား ဆက်တိုက် ကျင့်ကြံနေကြလိမ့်မည်။
ထိုစုံတွဲကျင့်စဉ် သုံးခုသည် သူတို့၏ ကျင့်ကြံခြင်းကို သံသရာလည်စေပြီး ထိုသံသရာထဲတွင် သူတို့၏ မျက်လုံးများ၌ တစ်ယောက်ကိုတစ်ယောက်သာ မြင်တွေ့နေရသည်။
မုချင်းလန်၏ မေးခွန်းကို ကြားသောအခါ သူ၏ ခန္ဓာကိုယ်တွင်းရှိ ကမ္ဘာငယ်ကို လုချန်း အာရုံခံကြည့်လိုက်ရာ ကြီးထွားမှု ရပ်တန့်သွားသည်ကို တွေ့လိုက်ရသဖြင့် နောက်ထပ် အဆင့်တက်ရန် အခက်အခဲတစ်ခု ရောက်ရှိနေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
အလုပ်နှင့် အနားယူမှု မျှတစေရန် ခေတ္တခဏ ထပ်မံ အနားယူသင့်သလားဟု လုချန်း တွေးမိလိုက်သည်။
ထိုသို့ တွေးနေစဉ်မှာပင် သူ၏ ခန္ဓာကိုယ်ထဲတွင် မူလစွမ်းအားအချို့ ပေါ်ထွက်လာသည်ကို ရုတ်တရက် တွေ့ရှိလိုက်ရသည်။ ထိုမူလစွမ်းအား၏ အရင်းအမြစ်ကို လုချန်းအလျင်အမြန် အာရုံခံကြည့်လိုက်ရာ ချူးယုချင်၏ ရင်သွေးကမ္ဘာမှ လာခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
ဒါက ချူးယုချင်း၏ ရင်သွေးကမ္ဘာ ထပ်မံ ကြီးထွားလာခြင်း ဖြစ်နိုင်သည်။
လုချန်း သိပ်ဂရုမစိုက်တော့ပေ။
ယခု သူ့၌ မူလစွမ်းအား အနည်းငယ် ရှိနေပြီဖြစ်ရာ ၎င်းကို အသုံးပြုပြီး သူတော်စင်အဆင့်သို့ ဆက်လက် ထိုးဖောက်ဝင်ရောက်နိုင်သည်။
ထိုအတွေးနှင့် လုချန်း နောက်မဆုတ်တော့ပေ။ သူသည် မုချင်းလန်အပေါ်သို့ ကိုင်းညွတ်လိုက်ပြီး သူတို့ လုပ်ဆောင်နေသော ပျော်ရွှင်ဖွယ်ရာ လုပ်ငန်းကိစ္စကို ဆက်လက်လုပ်ဆောင်ရင်း ကျင့်ကြံရန်အတွက် အတွင်းရှိ မူလစွမ်းအားကို စတင် လှုံ့ဆော်လိုက်သည်။
မူလစွမ်းအားက လုချန်း၏ ခန္ဓာကိုယ်ကို ဆက်တိုက် သန့်စင်ပေးနေစဉ် သူ၏ အတွင်းကမ္ဘာ စတင် တုန်ခါလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မုချင်းလန်ထံမှ ဆွဲငင်မှုအောက်တွင် လုချန်း၏ အတွင်းကမ္ဘာသည် အရှိန်အဟုန်ဖြင့် ကြီးထွားလာပြီး သူ၏ အသိစိတ်ပင်လယ်လည်း လျင်မြန်စွာ ကျယ်ပြန့်လာသည်။
ထို့နောက် မရေမတွက်နိုင်သော ကျင့်စဉ် အငွေ့အသက်များ လုချန်း၏ ခန္ဓာကိုယ်မှ ပြန့်နှံ့ထွက်ပေါ်လာပြီး ခဏချင်းအတွင်းမှာပင် ထျန်းချန်ကမ္ဘာတစ်ခုလုံး အစိမ်းရောင် ကျင့်စဉ် အငွေ့အသက်များနှင့် ပြည့်နှက်သွားသည်။
ထျန်းချန်ကမ္ဘာရှိ ကျင့်ကြံသူများသည် ဤကျင့်စဉ် အငွေ့အသက်များကို မြင်လိုက်ရသောအခါ သူတို့၏ အဆင့်တက်ရန် အခက်အခဲများ လျော့ပါးသွားပြီး ခဏတာအတွင်းမှာပင် ထျန်းချန် ကမ္ဘာရှိ ကျင့်ကြံသူများ၏ အလုံးစုံ အင်အားသည်လည်း နောက်တစ်ကြိမ် မြင့်တက်လာခဲ့သည်။
ထိုအချိန်တွင် မုချင်းလန် သတိပြန်ဝင်လာပြီး လှုပ်ရှားနေဆဲဖြစ်သော လုချန်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ကောင်းကင်ဧကရာဇ် သူတော်စင်အဆင့်သို့ အမှန်တကယ် ချိုးဖျက်ဝင်ရောက်သွားပြီ ဆိုတာကို သူမ ယုံရခက်နေသည်။
သူသည် ကောင်းကင်ဧကရာဇ်ဆိုသည့် ဂုဏ်ပုဒ်နှင့် အမှန်တကယ် ထိုက်တန်လှပေသည်။
သာမန် ကျင့်ကြံသူတစ်ယောက်အဖြစ် သတ်မှတ်၍ မရပေ...
သို့သော်...
လုချန်း၏ အဆင့်တက်ရောက်မှု ထင်ရှားလာသည်နှင့်အမျှ သူတို့၏ အင်အားများသည် ယခုအခါ အကန့်အသတ်မဲ့လာခဲ့ပြီ ဖြစ်သည်။ သူမ၏ လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို အသုံးပြုလျှင်ပင် လုချန်းကို မထိန်းချုပ်နိုင်တော့ကြောင်း မုချင်းလန် တွေ့ရှိလိုက်ရသည်။
မုချင်းလန် လက်မခံနိုင်ပေ။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ စိတ်ဝိညာဉ်စွမ်းအားများကို စုစည်းပြီး ဝမ်းဗိုက်အောက်ပိုင်းသို့ ပို့ကာ လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို နောက်တစ်ကြိမ် အသက်သွင်းလိုက်သည်။ ကောင်းကင်ဧကရာဇ်ကို သူမ မထိန်းချုပ်နိုင်ဟု သူမ မယုံကြည်ပေ။
သို့သော် သူမ လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို မည်သို့ပင် အသုံးပြုစေကာမူ ကောင်းကင်ဧကရာဇ်သည် သူမ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်ကာ လွတ်လပ်စွာ လှုပ်ရှားနေဆဲဖြစ်ကြောင်း လျင်မြန်စွာ သဘောပေါက်လိုက်သည်။
ဒါက...
လုချန်းသည်လည်း မုချင်းလန်၏ မသိမသာ ပြုမူမှုကို သတိထားမိလိုက်သည်။ သူမသည် အလွယ်တကူ အရှုံးမပေးတတ်သော အမျိုးသမီးတစ်ဦး ဖြစ်နေပြီး သူ အဆင့်တက်သွားပြီးသည့်တိုင် သူ့ကို စိန်ခေါ်ရဲလိမ့်မည်ဟု လုချန်း ထင်မထားခဲ့မိပေ။
ထို့နောက် လုချန်း ဖြည်းညှင်းစွာ မော့လိုက်ပြီး ချစ်မြတ်နိုးမှုများ ပြည့်နှက်နေသော မုချင်းလန်ကို အပေါ်စီးမှ ငုံ့ကြည့်ကာ ပြောလိုက်သည်။
“လန်... မင်း ဆိုးနေတယ်နော်”
လုချန်း၏ စကားကို ကြားသောအခါ မုချင်းလန်၏ ပါးပြင်များ ပူနွေးလာသည်။ လုချန်းနှင့် ထိုမျှ ရင်းနှီးသော အနေအထားတွင် ရှိနေစဉ် လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို အစွမ်းကုန် အသုံးပြုခဲ့မိတာ ထင်ရှားနေပြီ ဖြစ်သည်။
မုချင်းလန်က အလျင်အမြန် တုံ့ပြန်လိုက်သည်။
“ကျွန်မ... ကျွန်မ အမှားကို သိပါပြီ”
လုချန်းက ပြုံးပြီး
“မင်းအမှား မင်းသိပေမဲ့ အပြစ်ပေးဖို့တော့ လိုသေးတယ်။”
စကားဆုံးသည်နှင့် လုချန်းသည် ထုတ်လွှတ်ထားသော ကျင့်စဉ် အငွေ့အသက်များ အားလုံးကို သူ့ထံ ပြန်လည် သိမ်းဆည်းလိုက်ပြီးနောက် သူတော်စင်တစ်ပါး၏ စွမ်းအားနှင့် မုချင်းလန်ကို စတင် ရင်ဆိုင်လေတော့သည်။
………
တစ်ချိန်တည်းမှာပင်။
နဂါးနက်မြို့တော်ရှိ အခန်းတစ်ခန်းထဲ၌။
ထျန်းဟုန် ဧကရီ ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်သည်။
“မိန်းမတစ်ယောက်ကို အားကိုးပြီး သူ တကယ် အဆင့်တက်သွားတာပဲ... ဒီလူက ဘယ်လိုလမ်းစဉ်ကို လျှောက်လှမ်းနေတာလဲ”
ဟု ထျန်းဟုန် ဧကရီ သူမဘာသာ ရေရွတ်လိုက်သည်။
သူမအနေနှင့် သူတော်စင်အဆင့်သို့ ရောက်ရန် မကြာတော့သော်လည်း သူမ၌ ရှင်းလင်းပြတ်သားသော လမ်းစဉ် ရှိသည်။ လုချန်းကဲ့သို့ အချိန်ပြည့် မိန်းမများနှင့် ပျော်ပါးပြီး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးချကာ လမ်းစဉ်ပျောက်နေသူ မဟုတ်ပေ။
ဤကဲ့သို့ တန်ဖိုးမရှိသော လမ်းစဉ်ကို ဆက်လျှောက်နေလျှင် လုချန်းအနေနှင့် သူတော်စင်အဆင့်သို့ မည်သည့်အခါမှ ရောက်ရှိနိုင်မည် မဟုတ်ဟု သူမ အမြဲ သံသယဝင်ခဲ့သည်။ သို့သော် သူ အဆင့်တက်သွားရန် အချိန် သိပ်မကြာလိုက်ပေ။
အဓိကအချက်မှာ မုချင်းလန်နှင့် စုံတွဲကျင့်စဉ် ကျင့်ကြံနေစဉ်မှာပင် အဆင့်တက်သွားခြင်း ဖြစ်သဖြင့် ထျန်းဟုန် ဧကရီကို ဇဝေဇဝါ ဖြစ်စေခဲ့သည်။ အမျိုးသမီးတစ်ဦးကို အားကိုးပြီး သူတော်စင်အဆင့်သို့ မည်သို့ ထိုးဖောက်ဝင်ရောက်နိုင်သနည်း။
……………
အခန်း( ၁၂၄၁)
သတင်းပေါက်ကြားစေခြင်း
သူတော်စင်အဆင့်သို့ ရောက်ရှိသွားပြီးနောက် လုချန်းအလွန်ဝမ်းမြောက်ခဲ့သည်။ ယခုအခါ လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို အသုံးပြုပြီး မုချင်းလန်က သူ့ကို မချုပ်နှောင်နိုင်တော့သဖြင့် လုချန်း၏ အနိုင်ယူလိုစိတ်ကို အလွန် တိုးပွားစေခဲ့၏။
ထို့နောက် မုချင်းလန်အပေါ် အချိန်တစ်လခန့် အာရုံစိုက်ခဲ့သည်။
မုချင်းလန် လုံးဝ အင်အားကုန်ခမ်းသွားမှသာ လုချန်း သူမကို လွှတ်ပေးလိုက်လေသည်။
ထိုအချိန်တွင် ချန်ဟိုင်ဂိုဏ်းမှ ကျန်းထျန်းယီသည် အတန်ကြာ စေ့စေ့စပ်စပ် စဉ်းစားပြီးနောက် တောင်ဝင်တောင်တန်း ကြယ်နယ်မြေရှိ အခြားအင်အားစုများကို ဖရိုဖရဲကြယ်ပင်လယ်အကြောင်း အသိပေးရန် ဆုံးဖြတ်လိုက်သည်ကိုတော့ လုချန်း မသိခဲ့ပေ။
ဖရိုဖရဲကြယ်ပင်လယ်တွင် အမည်မသိ စွမ်းအားရှင်တစ်ဦး ပေါ်ထွက်လာပြီး ချန်ဟိုင်ဂိုဏ်းတစ်ခုတည်း၏ အင်အားဖြင့် ဖရိုဖရဲကြယ်ပင်လယ်အတွင်း ဝင်ရောက်ကာ ဧကရာဇ်ဂူသင်္ချိုင်းကို ရှာဖွေရန် မဖြစ်နိုင်သလောက်ဖြစ်သည်။
ထိုသတင်းကို ဖုံးကွယ်ထားလျှင်လည်း ချန်ဟိုင်ဂိုဏ်းအတွက် အကျိုးမရှိ နိုင်တော့ပေ။ သတင်းဖြန့်လိုက်သည်က ပိုကောင်းပေသည်။ ထိုသို့ပြုလုပ်မှသာ အချိန်တန်လျှင် တောင်ဝင်တောင်တန်း ကြယ်နယ်မြေရှိ အခြားအင်အားစုများကို အသုံးပြုပြီး ဖရိုဖရဲကြယ်ပင်လယ်မှ စွမ်းအားရှင်ကို ဖြေရှင်းနိုင်မည် ဖြစ်သည်။
ထိုသို့ လုပ်ခြင်းက ဧကရာဇ်ဂူအတွင်းရှိ ရတနာများစွာကို ချန်ဟိုင်ဂိုဏ်း လက်လွတ်ရမည် ဖြစ်သော်လည်း ယခုလက်ရှိ ဘာမှမရသည်ထက် စာလျှင် ပိုကောင်းသေး၏။
…….
နဂါးစီးဂိုဏ်း။
ခမ်းနားထည်ဝါသော ခန်းမကြီးထဲတွင် နဂါးနက်အချို့ ငြိမ်သက်စွာ ဝပ်နေကြ၏။ ခန်းမ အတွင်းရှိ ပလ္လင်ပေါ်တွင် ကျက်သရေရှိ၍ ဖော်ရွေပုံရသော အဘိုးအိုတစ်ဦး ထိုင်နေ၏။
ခန်းမ၏ တစ်ဖက်တွင် မီးခိုးရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အကြီးအကဲတစ်ဦး ထိုင်နေပြီး
“ဂိုဏ်းချုပ်ဝူ... ဖရိုဖရဲကြယ်ပင်လယ်က စွမ်းအားရှင်ရဲ့ အင်အားက ကျုပ်ထက် သာလွန်ပါတယ်။ ပြိုင်ဘက်ရဲ့ စွမ်းအားကို ကျုပ် မခန့်မှန်းနိုင်ဘူး။ တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းကို ဒီအခြေအနေအကြောင်း ဘာလို့ အသိမပေးတာလဲ။”
ပြောလိုက်သူမှာ ချန်ဟိုင်ဂိုဏ်းမှ ကျန်းထျန်းယီ ဖြစ်၏။ သူသည် ဝူဖုန်းကို ဖရိုဖရဲကြယ်ပင်လယ်အကြောင်း အလုံးစုံ ပြောပြကာ အင်အားစုအချို့ကို စုစည်းပြီး အတူတူ စူးစမ်းစေလို၏။
နဂါးစီးဂိုဏ်းသည် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း၏ လက်အောက်ခံ အင်အားစုများ ဧကရာဇ်လောင်း အလွန် အလေးထားခံရသည့် အင်အားစုဖြစ်သည်။ တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း တံခါးပိတ်ကျင့်ကြံမည့် နေရာကိုပင် နဂါးစီးဂိုဏ်းက ပြင်ဆင်ပေးခဲ့ခြင်း ဖြစ်သည်။
ကျန်းထျန်းယီ၏ စကားများကို နားထောင်ပြီးနောက် ဝူဖုန်းက တည်ငြိမ်သော မျက်နှာထားဖြင့်
“တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းက သူ တံခါးပိတ်ကျင့်ကြံနေတုန်း ဘယ်သူမှ မနှောင့်ယှက်ရဘူးလို့ အမိန့်ထုတ်ထားတယ်။”
“နောက်ပြီး ဖရိုဖရဲကြယ်ပင်လယ်မှာ ဧကရာဇ်ဂူသင်္ချိုင်း ရှိတယ်ဆိုတဲ့ သတင်းက ခင်ဗျားရဲ့ ထင်ကြေးသက်သက်ပဲ။ တကယ်လို့ ဧကရာဇ်လောင်းကို နှောင့်ယှက်မိပြီး ဖရိုဖရဲကြယ်ပင်လယ်မှာ ဧကရာဇ်ဂူ မရှိဘူးဆိုရင် ကျုပ်ရော ခင်ဗျားပါ ပြဿနာတက်လိမ့်မယ်။”
ကျန်းထျန်းယိီက
“ဂိုဏ်းချုပ်ဝူ ပြောတာလည်း အကြောင်းပြချက် ခိုင်လုံပါတယ်။ ဒါဆို ခင်ဗျားအမြင်အရ နောက်တစ်ဆင့် ဘာလုပ်သင့်သလဲ။”
ဝူဖုန်း ခေတ္တခန့် စဉ်းစားလိုက်သည်။ ကျန်းထျန်းယီ၏ ပြောပြသည့်အရာကို သူ သံသယ မဝင်ပေ။
ဂိုဏ်းနှစ်ပတ်လည်ပွဲ ကျင်းပစဉ်ကတည်းက ချန်ဟိုင်ဂိုဏ်း၏ သိမ်မွေ့သော လှုပ်ရှားမှုများကို သူ သတိထားမိခဲ့၏။ တောင်ဝင်တောင်တန်း ကြယ်နယ်မြေအနီးတွင် ဖုံးကွယ်ထားသော အခြားကြယ်နယ်မြေတစ်ခုကို သူတို့ ရှာတွေ့ခဲ့သည်ဟု တိတိကျကျ မသိခြင်းသာဖြစ်သည်။
ကျန်းထျန်းယီ၏ စေ့စပ်သော တွေးခေါ်ပုံကို ဝူဖုန်း မြင်နိုင်သည်။ ချန်ဟိုင်ဂိုဏ်းသည် ဤသတင်းကို အစပိုင်းတွင် မည်သူ့ကိုမှ အသိမပေးခဲ့ပဲ ဖရိုဖရဲကြယ်ပင်လယ်၌ အခက်အခဲနှင့် ကြုံတွေ့ရပြီးမှသာ သူ့ထံ ရောက်လာခြင်း ဖြစ်သည်။
ချန်ဟိုင်ဂိုဏ်းသည် ဧကရာဇ်ဂူအတွင်းရှိ ရတနာများကို လက်ဝါးကြီးအုပ်ချင်ခဲ့သော်လည်း ဂူသင်္ချိုင်းအစောင့်အရှောက်ကို ယှဉ်နိုင်သည့် အင်အားမရှိမှန်း သိလာရသည့်အခါမှသာ သတင်းဖြန့်လိုက်ခြင်း ဖြစ် ကြောင်း ထင်ရှားသည်။ ယခု အခြားသူများ၏ အကူအညီကို ရယူပြီး ထိုအစောင့်အရှောက်ကို အနိုင်ယူရန် မျှော်လင့်နေခြင်း ဖြစ်သည်။
ကျန်းထျန်းယီ၏ အကြံအစည်ကို ဝူဖုန်း လုံးဝ ဂရုမစိုက်ပေ။ ချန်ဟိုင်ဂိုဏ်းကို လူညံ့များဟုသာ သူ ထင်မြင်မိသည်။ ဖရိုဖရဲကြယ်ပင်လယ်တွင် ဧကရာဇ်ဂူသင်္ချိုင်း အမှန်တကယ် ရှိသည်ဆိုလျှင်ပင်၊အခြားသူများ ရှာမတွေ့သေးလျှင်ပင်၊ ဂူသင်္ချိုင်း၏ ချိပ်ပိတ်တံဆိပ်ကို ချန်ဟိုင်ဂိုဏ်းတစ်ဂိုဏ်းတည်း၏ အင်အားဖြင့် မည်သို့ ဖွင့်နိုင်မည်နည်း။ အတွင်းမှ အစောင့်အရှောက်ကို အနိုင်ယူရန် ဆိုသည်က ဝေလာဝေးပေ။
မည်သည့် ဧကရာဇ်ဂူသင်္ချိုင်းမဆို အစွမ်းထက်သော အစောင့်အရှောက် ရှိစမြဲဖြစ်သည်။ ချန်ဟိုင်ဂိုဏ်းတွင် သူတော်စင်အဆင့် တစ်ယောက်တည်းသာ ရှိသည်။ သူတော်စင်အဆင့် တစ်ယောက်တည်းသာ ရှိသော ဂိုဏ်းက ဧကရာဇ်ဂူအတွင်းမှ ရတနာများကို လက်ဝါးကြီးအုပ်ချင်တာက စိတ်ကူးယဉ်ခြင်း သက်သက်သာ ဖြစ်ပေသည်။
အနည်းငယ် စဉ်းစားပြီးနောက် ဝူဖုန်းက “ဖရိုဖရဲကြယ်ပင်လယ်မှာ ဧကရာဇ်ဂူသင်္ချိုင်း တကယ်ရှိရင်တောင် ဂူသင်္ချိုင်းရဲ့ ချိပ်ပိတ်တံဆိပ်ကို ဖွင့်ဖို့ မလွယ်ဘူး။ ခင်ဗျားရဲ့ ကိုယ်ပွားကို ဖျက်ဆီးခဲ့တဲ့သူအကြောင်း ထားလိုက်ဦး ဧကရာဇ်ဂူသင်္ချိုင်းကို တွေ့ရင်တောင် ကျုပ်တို့ ဝင်နိုင်ချင်မှ ဝင်နိုင်မှာ။”
“ဒါကြောင့် ဒီသတင်းကို နောက်ထပ် အင်အားစုတွေဆီ မျှဝေပြီး ဖရိုဖရဲကြယ်ပင်လယ်ကို အတူတူ သွားကြတာပေါ့။”
ဝူဖုန်း၏ စကားကို ကြားသောအခါ ကျန်းထျန်းယီ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။ နောက်ထပ် ပိုများသော အင်အားစုများကို အသိပေးလိုက်လျှင် ဧကရာဇ်ဂူသင်္ချိုင်းမှ သူတို့ရရှိမည့် ရတနာများ နည်းပါးသွားမည်ဟု ဆိုလိုခြင်း ဖြစ်သည်။
သို့သော် ဝူဖုန်း၏ စကားက အဓိပ္ပာယ် ရှိသည်။ လူနည်းလွန်းလျှင် သူ၏ ကိုယ်ပွားကို ဖျက်ဆီးခဲ့သော စွမ်းအားရှင်ကို အနိုင်ယူနိုင်မလား ဆိုသည်ကို မပြောနှင့်ဦး၊ ဧကရာဇ်ဂူသင်္ချိုင်းကို မြင်ရလျှင်ပင် မဝင်ရောက်နိုင်ပါက အလကားသာ ဖြစ်လိမ့်မည်။
ထို့နောက် ချက်ချင်းပင် ကျန်းထျန်းယီက
“ဒီကိစ္စအတွက် ဂိုဏ်းချုပ်ဝူကိုပဲ ဒုက္ခပေးရတော့မယ်။”
ဝူဖုန်းက ပြုံး၍
“အကြီးအကဲချုပ် ကျန်းက ဒီကိစ္စကို စပြောခဲ့တာပဲ။ တကယ်လို့ ဖရိုဖရဲကြယ်ပင်လယ်မှာ ဧကရာဇ်ဂူသင်္ချိုင်း ရှိတာ သေချာရင် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း တံခါးပိတ်ကျင့်ကြံရာက ထွက်လာတဲ့အခါ ခင်ဗျားရဲ့ အကျိုးဆောင်မှုကြောင်း ပြောပြပေးပါ့မယ်။”
ထိုစကားကို ကြားသောအခါ ကျန်းထျန်းယီက
“ဒါဆို ဂိုဏ်းချုပ်ဝူကို ကြိုပြီး ကျေးဇူးတင်ပါတယ်”
ဟု ကျေးဇူးတင်စကား ဆိုလိုက်သည်။
ထိုအချိန်တွင် ကျန်းထျန်းယီ မတ်တတ်ရပ်လိုက်ပြီး
“ဂိုဏ်းချုပ်ဝူမှာ တခြားကိစ္စ မရှိတော့ရင် ကျုပ်ကို ပြန်ခွင့်ပြုပါဦး။”
ဝူဖုန်းလည်း မတ်တတ်ရပ်လိုက်ပြီး
“ကောင်းပါပြီ... ဂိုဏ်းချုပ်ဝူကို လိုက်မပို့တော့ဘူး။ တခြားဂိုဏ်းတွေကို သတင်းမျှဝေပြီးတာနဲ့ အကြီးအကဲကျန်းဆီ သတင်းပို့လိုက်ပါ့မယ်။”
ကြာကြာ နေမနေတော့ပဲ ကျန်းထျန်းယီလည်း လှည့်ထွက်ကာ ခမ်းနားထည်ဝါသော ခန်းမကြီးထဲမှ ထွက်ခွာသွားတော့သည်။
ကျန်းထျန်းယီ ထွက်ခွာသွားသည်ကို ကြည့်ပြီး ဝူဖုန်း၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားကာ
“ချန်ဟိုင်ဂိုဏ်းရဲ့ စွမ်းရည်နဲ့ဆိုရင် ဧကရာဇ်ဂူသင်္ချိုင်းကို တစ်ဦးတည်း မပိုင်ဆိုင်နိုင်ဘူး။ ဒါပေမဲ့...”
ဟု တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
ဝူဖုန်း စကားဆက်မပြောတော့ပေ။ သူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွှတ်သွားသည်။
သတင်းကို အခြားအင်အားစုများနှင့် မျှဝေမည်ဟု သူ ပြောခဲ့သော်လည်း ကျန်းထျန်းယီခဏတည်ငြိမ်သွားစေရန်သာ ဖြစ်သည်။ ထို့နောက် တံခါးပိတ်ကျင့်ကြံနေသော နဂါးစီးဂိုဏ်းမှ အကြီးအကဲများထံသို့ ချက်ချင်း သတင်းပေးပို့လိုက်သည်။
နောက်တစ်ခဏတွင် ခန်းမကြီးထဲ၌ အစွမ်းထက်သော အငွေ့အသက်များ ပေါ်ထွက်လာ၏။ တစ်ဦးစီတိုင်းက ကျင့်စဉ်အငွေ့အသက် ခပ်ပါးပါး ထုတ်လွှတ်နေသည်။ ဤပုဂ္ဂိုလ်များသည် သူတော်စင်များ ဖြစ်ကြကြောင်း ထင်ရှားသည်။
ဤသည်က နဂါးစီးဂိုဏ်း၏ အင်အားပင် ဖြစ်သည်။ တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း၏ လက်အောက်ရှိ ထိပ်တန်း အင်အားစု ဖြစ်သည့်အားလျော်စွာ နဂါးစီးဂိုဏ်း၏ စုစုပေါင်း အင်အားမှာ မေးခွန်းထုတ်စရာ မလိုပေ။
ထိုအချိန်တွင် ခန်းမကြီးထဲရှိ အကြီးအကဲများ အနည်းငယ် ဇဝေဇဝါ ဖြစ်နေကြသည်။ ဂိုဏ်းချုပ်က ဘာကြောင့် သူတို့ကို ယခုအချိန်မှ တံခါးပိတ်ကျင့်ကြံရာမှ ထွက်ခွာခိုင်းရသနည်း။ နဂါးစီးဂိုဏ်းသည် သေရေးရှင်ရေး အခြေအနေ ရောက်နေခြင်းလည်း မဟုတ်ပေ။
တောင်ဝင်တောင်တန်း ကြယ်နယ်မြေသည် ဝေးလံခေါင်သီ၍ အစွန်အဖျားကျသော ဒေသတစ်ခု ဖြစ်ပြီး ကြယ်နယ်မြေတစ်ခုလုံး အနေနှင့် ရှိနေသော အရင်းအမြစ်များက အတော်အတန် နည်းပါးသဖြင့် အင်အားကြီး ရန်သူ အဖွဲ့အစည်းများ မကြာခဏ ထွက်ပေါ်မလာနိုင်ပေ။ ထို့ပြင် တောင်ဝင်တောင်တန်း ကြယ်နယ်မြေကို တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းက အုပ်စိုးထားပြီး နဂါးစီးဂိုဏ်းသည် ထိပ်တန်း အင်အားစု ဖြစ်နေသဖြင့် အသက်အန္တရာယ်ရှိသော အကျပ်အတည်းနှင့် ရင်ဆိုင်ရစရာ အကြောင်းမရှိပေ။
ထိုအချိန်တွင် အကြီးအကဲတစ်ဦးက “ဂိုဏ်းချုပ်... ဘာကိစ္စကြောင့် ကျုပ်တို့အားလုံးကို ထွက်လာခိုင်းတာလဲ သိခွင့်ရှိမလား။ ပြင်ပနယ်မြေက ရန်သူတွေ တောင်ဝင်တောင်တန်း ကြယ်နယ်မြေကို ကျူးကျော်လာလို့လား။”
ဝူဖုန်း သူ၏ ပလ္လင်ပေါ်တွင် ပြန်ထိုင်လိုက်သည်။ သူက ချက်ချင်း ပြန်မဖြေပဲ လက်ဝှေ့ယမ်းလိုက်ရာ ခန်းမကြီးအလယ်တွင် အရိပ်ဖမ်းကျောက်တုံးတစ်ခု ပေါ်လာသည်။
ထို့နောက် အရိပ်ဖမ်းကျောက်တုံးသည် ကျန်းထျန်းယီနှင့် ခုနက ပြောဆိုခဲ့သည်များကို ပြန်လည် ပြသလိုက်သည်။ အကြီးအကဲများလည်း ထိုလူနှစ်ဦး၏ ပြောဆိုမှုကို စူးစမ်းလိုစိတ်ဖြင့် နားထောင်ကြပြီး ဧကရာဇ်ဂူသင်္ချိုင်းအကြောင်း ရောက်လာသောအခါ ခန်းမကြီးထဲရှိ အကြီးအကဲများအားလုံး စိတ်လှုပ်ရှားသွားကြသည်။
ဧကရာဇ်ဂူသင်္ချိုင်း......
ဒါက ဧကရာဇ်ဂူ တွေ့ထားတဲ့ ကိစ္စပဲ....
ဧကရာဇ်ဂူသင်္ချိုင်းတိုင်းတွင် မရေမတွက်နိုင်သော ရတနာများ ရှိတတ်သည်။ သို့သော် ရတနာများသည် ဒုတိယ ဦးစားပေးသာ ဖြစ်၏။ အရေးအကြီးဆုံးမှာ ဧကရာဇ်၏ အမွေအနှစ် ဖြစ်သည်။ ဧကရာဇ်၏ အမွေအနှစ်ကို ရရှိပါက အနာဂတ်တွင် ဧကရာဇ် ဖြစ်လာရန် ပိုလွယ်ကူပေလိမ့်မည်။
………….
အခန်း (၁၂၄၂)
လျှိုချင်းချို၏ ပင်မခန္ဓာ ရောက်ရှိလာခြင်း
ရှေးမူဟန် အငွေ့အသက်တို့ လွှမ်းခြုံနေသည့် ခန့်ညားထည်ဝါသော ခန်းမကြီးအတွင်း၌ ရေတွက်၍မကုန်နိုင်သော လက်ရေးလှ ပန်းချီကားချပ်တို့ဖြင့် တန်ဆာဆင် မွမ်းမံထားသည်။ ကြမ်းပြင်ထက်၌လည်း လက်ရေးလှ စာသားအမျိုးမျိုးတို့ ပြန့်ကျဲနေ၏။
ခန်းမဆောင်၏ အလယ်ဗဟို၌ အဖြူအမည်း စာသားပါသော ခေါင်းစီးကြိုးကို စည်းနှောင်ထားသည့် အမျိုးသမီးတစ်ဦးသည် ပန်းချီကားတစ်ချပ်အပေါ်သို့ ငုံ့ကြည့်နေသည်။
ထိုအချိန်၌ အမျိုးသားတစ်ဦးသည် ထိုအမျိုးသမီး၏ ကျောပြင်နောက်မှ မှီတွယ်ထားလျက် သူမ၏ ကျောက်စိမ်းပမာ ချောမွတ်သော လက်ကို ဆုပ်ကိုင်ကာ စာရေးနည်း သင်ကြားပေးနေဟန် တူသည်။ သို့သော်လည်း အမျိုးသမီး၏ ခန္ဓာကိုယ်သည် တုန်ရီနေပြီး စုတ်တံကို ကိုင်ဆောင်ထားသော သူမ၏လက်များမှာလည်း ထိန်းချုပ်မရအောင် တုန်ခါနေသဖြင့် စာကို တည်ငြိမ်စွာ မရေးနိုင်ပေ။
“ဟူး...”
မုယုံရွှီ၏ ကျောပြင်နောက်တွင် မှီထားရင် လုချန်း သက်ပြင်းကို လေးလံစွာ ချလိုက်သည်။ ထို့နောက်
“မိန်းကလေး...... မင်းက သင်ရတာ တော်တော်ခက်တာပဲ။ ဘယ်လိုမှ အာရုံမစိုက်နိုင်ဘူး။ ဘယ်တော့မှ တတ်မှာလဲ။”
မုယုံရွှီက ခေါင်းကို အနည်းငယ် စောင်းငဲ့လိုက်ရာ သူမ၏ မျက်နှာသည် နီရဲနေပြီး မျက်ဝန်းအိမ်ထဲတွင်လည်း မကျေနပ်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
လုချန်းက မုယုံရွှီကို စာရေးနည်း ဆက်လက် သင်ကြားပေးရန် ပြင်ဆင်နေစဉ်မှာပင် တံခါးဝဆီမှ ပိုင်ချင်းချင်း၏ အသံ ထွက်ပေါ်လာလေသည်။
“မင်းကြီး...... ကောင်းကင်မီး နိုင်ငံတော်ကနေ ထောက်လှမ်းရေး သတင်း ရောက်လာပါတယ်။”
ထိုစကားကို ကြားလျှင် မုယုံရွှီ၏ လက်ကို လုချန်း လွှတ်ပေးလိုက်ပြီး ဖြည်းညှင်းစွာ ခွာလိုက်ကာ
“ဒီနေ့တော့ ဒီလောက်နဲ့ပဲ နားရအောင်။ နောက်မှ ကိုယ် ထပ်လာသင်ပေးမယ်။”
မုယုံရွှီက ခပ်တိုးတိုး ပြန်လည် တုံ့ပြန်လိုက်သည်။
“ကောင်းပါပြီ မင်းကြီး”
လုချန်း ထွက်ခွာသွားပြီးနောက် ကြမ်းပြင်ထက်ရှိ လက်ရေးလှ ပန်းချီကားများပေါ်၌ အဖြူအမည်း စာသားများ ရောထွေးရှုပ်ပွနေသည်ကို တွေ့ရသည်။ မုယုံရွှီသည် ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး လူယုတ်မာ လုချန်းကြောင့် ပျက်စီးသွားရသော သူမ၏ စာလုံးများကို ကြည့်ရှုကာ မသိမသာ သက်ပြင်းချလိုက်မိသည်။
သူမသည် လုချန်းကို စာရေးနည်း တကယ် သင်ကြားပေးစေလိုခဲ့ခြင်း ဖြစ်သည်။ လုချန်း သိထားသော စာလုံးပုံစံများကို သူမ တစ်ခါဖူးမှ မမြင်ဖူးသဖြင့် စိတ်ဝင်စားမိသော်လည်း ဤလူက အစကတည်းက ထိုနည်းလမ်းကို အသုံးပြုသဖြင့် စာရေးသည့်ဘက်တွင် အာရုံမရှိတော့ပေ။
အခန်းထဲမှ ထွက်လာပြီးနောက် လုချန်း သူ၏ စာကြည့်ခန်းဆီသို့ တိုက်ရိုက် ဦးတည်သွားလိုက်သည်။ ထိုနေရာတွင် ကောင်းကင်မီး ကမ္ဘာမှ ကောင်းကင်မီး မျိုးနွယ်စုဝင် တစ်ဦး စောင့်ဆိုင်းနေပြီး လုချန်းကို မြင်လျှင် ချက်ချင်း ဂါရဝပြုကာ ထောက်လှမ်းရေး သတင်းကို ကမ်းပေးလာသည်။
ယခုအခါ တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကြောင့် ကောင်းကင်မီး နိုင်ငံတော်သည် တောင်ဝင်တောင်တန်း ကြယ်နယ်မြေမှ သတင်းများကို ထျန်းချန်ကမ္ဘာသို့ အပတ်စဉ်နီးပါး ပေးပို့လျက်ရှိပေသည်။
ကောင်းကင်မျိုးနွယ်စုဝင်ထံမှ သတင်းကို လုချန်း ယူလိုက်ပြီး အာရုံစိုက်ကာ ဖတ်ရှုလိုက်သည်။
ထောက်လှမ်းရေး သတင်းထဲတွင် ကျန်းထျန်းယီ နဂါးစီးဂိုဏ်းသို့ သွားရောက်ခဲ့သည်ဟူသော အချက်ကို မြင်သောအခါ လုချန်း မျက်ခုံးတွန့်သွားသည်။
ကောင်းကင်မီး မျိုးနွယ်စုမှ ပေးပို့သော သတင်းများကို ဖတ်ဖူးထားသဖြင့် နဂါးစီးဂိုဏ်းသည် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း၏ လက်အောက်ရှိ အင်အားအကြီးဆုံး အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်ကြောင်း လုချန်း သိထားသည်။
ကျန်းထျန်းယီ နဂါးစီးဂိုဏ်းသို့ သွားခြင်းမှာ ဖရိုဖရဲကြယ်ပင်လယ်အကြောင်း သတင်းပေးရန် ဖြစ်နိုင်ပြီး ထိုဂိုဏ်းသည် သတင်းရလျှင်ရချင်း ဖရိုဖရဲကြယ်ပင်လယ်သို့ လူလွှတ်နိုင်သည်။
နဂါးစီးဂိုဏ်းတွင် သူတော်စင်အဆင့် ဆယ်ဂဏန်းထက်မက ရှိသည်ဟု ဆိုကြ၏။ လက်ရှိတွင် ဖရိုဖရဲကြယ်ပင်လယ် တစ်ခုလုံး၌ပင် သူတော်စင်အဆင့် နှစ်ဦးသာ ရှိသည်။ ထို့ကြောင့် သူတို့ နဂါးစီးဂိုဏ်းကို ယှဉ်နိုင်စရာ မရှိပေ။
သူတော်စင်အဆင့်တစ်တွင်ရှိသော မိမိ၏ ကျင့်စဉ်အဆင့်ကို လုချန်း ခံစားကြည့်ပြီးနောက် ရှေ့ဆက် ဘာလုပ်ရမည်ကို စဉ်းစားနေသည်။
မီးဧကရာဇ်နှင့် ပေါင်းလျှင်ပင် သူတို့၌ သူတော်စင်အဆင့် သုံးဦးသာ ရှိသည်။ အကယ်၍ ကောင်းကင်မီး မျိုးနွယ်စု၏ သတင်းများအတိုင်း နဂါးစီးဂိုဏ်းတွင် သူတော်စင်များစွာ ရှိနေပါက ထျန်းချန်ကမ္ဘာကို ကာကွယ်ရန် မဖြစ်နိုင်သလောက်ပင်။
ဖရိုဖရဲကြယ်ပင်လယ်မှ သူတို့ တကယ်ပဲ ထွက်ခွာသွားရတော့မှာလား။
လုချန်း စိတ်ထဲတွင် ချီတုံချတုံ ဖြစ်နေသည်။ ဖရိုဖရဲကြယ်ပင်လယ်မှ ထွက်ခွာသွားရန်က မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ စကြဝဠာအတွင်းရှိ အခြား ကြယ်နယ်မြေများနှင့် နှိုင်းယှဉ်လျှင် ဤနေရာသည် သယံဇာတ ပေါများသော ဒေသ မဟုတ်ပေ။
အဓိက ပြဿနာမှာ ဤနေရာရှိ အာကာသ မုန်တိုင်းမှုများကြောင့် ဟင်းလင်းပြင် အလွန် မတည်မငြိမ် ဖြစ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ဖရိုဖရဲကြယ်ပင်လယ်မှ ပြောင်းရွှေ့ရန် မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
သို့သော်လည်း ယခုဘဝတွင် ဖရိုဖရဲကြယ်ပင်လယ်နှင့် ထျန်းချန်ကမ္ဘာ၌ မွေးဖွားခဲ့သဖြင့် ထျန်းချန်ကမ္ဘာကို လုချန်း အလွန် သံယောဇဉ်ရှိပြီး စွန့်ခွာရန် ခက်ခဲနေသည်။
ထို့ပြင် ဖရိုဖရဲကြယ်ပင်လယ်အတွင်းရှိ နတ်လှေများအားလုံး အသုံးပြုလျှင်ပင် ရှနိုင်ငံတော်သား အားလုံး ခေါ်ဆောင်သွားရန်မှာ မလုံလောက်ပေ။
ထိုအချိန်တွင် လုချန်းသည် စာကြည့်ခန်း၏ ပြတင်းပေါက်နားသို့ လျှောက်သွားပြီး အဝေးရှိ ကြီးမားသော ပုံသဏ္ဌာန်မဲ့ မိုးမခပင်ကြီးကို လှမ်းကြည့်လိုက်သည်။
အကယ်၍ ထျန်းချန်ကမ္ဘာသည် အဆင့်နိမ့် ကမ္ဘာသာ ဖြစ်နေသေးပါက စွန့်ခွာရန် သူ ချီတုံချတုံ ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း မြန်မြန်ဆန်ဆန်ပင် ဆုံးဖြတ်နိုင်လောက်သည်။
ယခုမူ ထျန်းချန်ကမ္ဘာ၏ နိယာမများကို သူကိုယ်တိုင် ပြန်လည်ပြုပြင်ပေးထားပြီး အဆင့်မြင့် ကျင့်စဉ်ကမ္ဘာတစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။ ထိုကဲ့သို့ ကောင်းမွန်သော ကမ္ဘာကြီးကို ရန်သူ့လက်ထဲ ထားခဲ့ကာ ထွက်ပြေးရန် သူ၏စိတ်ထဲတွင် ဘယ်လိုမှ သဘောမတူနိုင်ပေ။
လုချန်း သက်ပြင်းတစ်ချက် လေးလံစွာ ချလိုက်သည်။ သူ ထွက်ခွာသွားရမလား သို့မဟုတ် နဂါးစီးဂိုဏ်းကို ရင်ဆိုင်ရမလားဟူသော ဆုံးဖြတ်ချက်ကို မချနိုင်သေးပေ။ ထျန်းချန်ကမ္ဘာသို့ ပြန်လည်ဝင်စားပြီးကတည်းက ဤကဲ့သို့ အကျပ်အတည်းမျိုး သူ တစ်ခါမှ မကြုံဖူးပေ။
အချိန်မည်မျှ ကြာသွားသည်မသိ... ရုတ်တရက် အထူးကိုယ်ရံတော် တပ်မှူးတစ်ဦး စာကြည့်ခန်း တံခါးဝတွင် ထိတ်လန့်တကြား ပေါ်လာသည်။
“တပ်မှူးပိုင်... မင်းကြီးကို မြန်မြန် အစီရင်ခံပေးပါဦး။ ဆိုးရွားတဲ့ကိစ္စ တစ်ခု ဖြစ်နေပြီ။”
ထိုအရေးပေါ်အသံကို ကြားလျှင် လုချန်း ချက်ချင်း သတိပြန်ဝင်လာပြီး တံခါးဝသို့ လှမ်းပြောလိုက်သည်။
“ဝင်ခဲ့ပါ”
ထို့နောက် အထူးကိုယ်ရံတော် တပ်မှူး ခန်းမထဲသို့ ဝင်လာပြီးနောက် လုချန်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ဘာဖြစ်တာလဲ”
အထူးကိုယ်ရံတော် တပ်မှူး ဤမျှ ထိတ်လန့်နေရခြင်းက အရေးကြီး ကိစ္စတစ်ခုခု ဖြစ်ပျက်နေကြောင်း ထင်ရှားသည်။
အထူးကိုယ်ရံတော် တပ်မှူးက လုချန်းကို အစီရင်ခံစာတစ်စောင် ကမ်းပေးလိုက်ပြီးနောက်
“မင်းကြီး... ချန်ရန်ကမ္ဘာအနီးမှာ ပန်းနီရထား တစ်စင်းနဲ့ ကြီးမားတဲ့ နန်းတော်တစ်ခု ပေါ်လာပါတယ်။ နန်းတော်ကနေ ထွက်ပေါ်နေတဲ့ အရှိန်အဝါအရ အထဲမှာ သူတော်စင်တစ်ဦး ရှိနေနိုင်ပါတယ်။”
ထိုအရာကို ကြားလျှင် လုချန်းက နောက်တစ်ကြိမ် မှင်သက်သွားရပြန်သည်။
သူတော်စင် တစ်ဦးလား။
နဂါးစီးဂိုဏ်းက လူလွှတ်လိုက်တာ ဒီ လောက်တောင် မြန်သလား။
အလွန်မြန်လွန်းလှသည်။
ခဏနေပါဦး...
လုချန်း စာကိုဖွင့်ကာ အကြောင်းအရာများကို ဖတ်ရှုလိုက်ပြီးနောက် အထူးကိုယ်ရံတော် တပ်မှူး ပြောလိုက်သော အချက်တစ်ချက်ကို ပြန်လည် သတိရသွားသည်။
ပန်းနီရထား...
ထိုပန်းနီရထားကို လုချန်း တစ်ခါမှ မမြင်ဖူးသော်လည်း ရင်းနှီးပြီးသား ဖြစ်သည်။ ယွမ်ရှန်ရှန်နှင့် လျှိုချင်းချိုတို့ကဲ့သို့သော သူ၏ မိဖုရားများထံမှ ထိုအကြောင်းကို သူ ကြားဖူးထားပြီးဖြစ်သည်။ သူတို့အားလုံးကို လျှို့ဝှက်ဆန်းကြယ်သော ပန်းနီရထားတစ်စင်းက ထျန်းချန်ကမ္ဘာသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်၏။
သူသည် ပန်းနီရထားအကြောင်းကို အမြဲ ကြားဖူးနေသော်လည်း ကိုယ်တိုင်မူ မမြင်ဖူးသေးပေ။ ထို့ကြောင့် ထိုအရာကို သူ အလွန် စိတ်ဝင်စားနေခဲ့၏။ ယခုအခါ ထိုပန်းနီရထား ချန်ရန်ကမ္ဘာ အပြင်ဘက်တွင် ပေါ်လာခဲ့ပြီဖြစ်သည်။
ချန်ရန်ကမ္ဘာသို့ သွားရန် လုချန်း ချက်ချင်း ပြင်ဆင်လိုက်သည်။ သူ အပြင်သို့ ထွက်လာစဉ်မှာပင် စာကြည့်ခန်းသို့ အလျင်အမြန် လာနေသော လျှိုချင်းချိုနှင့် တိုးမိသည်။ စာကြည့်ခန်းထဲမှ ထွက်လာသော လုချန်းကို မြင်သောအခါ လျှိုချင်းချိုက ဖြူလျော်သော မျက်နှာဖြင့် အလျင်အမြန် ချဉ်းကပ်လာပြီး ထိတ်လန့်စွာဖြင့်
“မင်းကြီး... မကောင်းတော့ဘူး။ ကျွန်မရဲ့ ပင်မခန္ဓာ ရောက်လာပြီ။”
လုချန်း ခဏခန့် ကြောင်သွားသော်လည်း လျှိုချင်းချိုသည် သူမ၏ ပင်မခန္ဓာနှင့် ဆက်နွှယ်မှု ရှိနေသဖြင့် ပင်မခန္ဓာ ရောက်ရှိလာခြင်းကို ခံစားသိနိုင်ခြင်းက မထူးဆန်းကြောင်း ချက်ချင်း သတိရလိုက်သည်။ လုချန်း ပထမဆုံး စဉ်းစားမိသည်မှာ ချန်ရန်ကမ္ဘာ အပြင်ဘက်ရှိ နန်းတော်ပင် ဖြစ်သည်။
လုချန်းက
“သူ အခု ဘယ်နေရာမှာ ရှိနေလဲဆိုတာ မင်း ခံစားလို့ ရလား”
လျှိုချင်းချိုက
“သူအခု ဖရိုဖရဲကြယ်ပင်လယ်ရဲ့ အစပ်မှာ ရှိနေလောက်တယ်။”
သူမ၏ ပင်မခန္ဓာ ထိုနန်းတော်အတွင်း၌ ရှိနေနိုင်သည်ဟု လုချန်းက တွေးလိုက်သည်။
တစ်ဖက်လူက အိမ်တိုင်ရာရောက် လာခဲ့ပြီဖြစ်သဖြင့် သူကိုယ်တိုင် သွားရောက်တွေ့ဆုံရန် အချိန်တန်ပြီဖြစ်သည်။
ထိုသို့တွေးပြီးနောက် လုချန်း မုချင်းလန်ကို စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။
“လန်... ကိုယ်နဲ့အတူ လိုက်ခဲ့ပါဦး”
ထို့နောက် လုချန်း လျှိုချင်းချိုကို ပြောလိုက်သည်။
“သွားကြစို့... မင်းရဲ့ ပင်မခန္ဓာကို သွားတွေ့ရအောင်”
လျှိုချင်းချို၏ မျက်နှာတွင် စိုးရိမ်စိတ်များ ရှိနေသည်။ လုချန်း သူတော်စင်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သူမ သိထားသော်လည်း သူမ၏ ပင်မခန္ဓာသည် သူတော်စင်တစ်ဦး ဖြစ်ရုံသာမက သာမန်သူတော်စင်ပင် မဟုတ်ပေ။ လုချန်းနှင့် မုချင်းလန်တို့ နှစ်ဦးပေါင်းလျှင်ပင် သူမ၏ ပင်မခန္ဓာကို ယှဉ်နိုင်မည်လားဆိုတာကို သူမ မသေချာနိုင်ပေ။