← Chapters

အခန်း (၁၂၄၃-၁၂၄၅)

Vol. 83 Ch. 1243-1245

အခန်း (၁၂၄၃-၁၂၄၅)

Vol. 83 Ch. 1243-1245

အခန်း (၁၂၄၃)

ဆန္ဒအလျောက်ပါ

အခန်းထဲမှ မုချင်းလန် ထွက်လာသောအခါ လုချန်း၏ လေးနက်နေသော မျက်နှာထားနှင့် လျှိုချင်းချို၏ ဖြူဖပ်ဖြူရော် ဖြစ်နေသော မျက်နှာကို သူမ မြင်တွေ့လိုက်ရသည်။ ထို့ကြောင့် ဖရိုဖရဲ ကြယ်ပင်လယ်အတွင်းသို့ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ဝင်ရောက်လာမှန်း သူမ ချက်ချင်း ခန့်မှန်းမိလိုက်သည်။

မုချင်းလန်က စမေးလိုက်သည်။

“မင်းကြီး... ဘာဖြစ်လို့လဲ”

လုချန်းက

“ချင်းချိုရဲ့ ပင်မခန္ဓာ ရောက်လာပြီ”

ပင်မခန္ဓာ ဟုတ်လား။

လျှိုချင်းချိုတွင် ပင်မခန္ဓာရှိမှန်း မသိထားသောကြောင့် လျှိုချင်းချိုကို မုချင်းလန် လှမ်းကြည့်လိုက်သည်။ လုချန်း၏ မိန်းမများစွာသည် သူမနှင့် ရင်းနှီးပြီး ဖြစ်သော် သူတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကိုတော့ သူမအား ထုတ်ဖော်ပြောဆိုခြင်း မရှိကြပေ။

ထို့နောက် လုချန်းသည် လူအချို့ကို ခေါ်ဆောင်ကာ တည်နေရာရွှေ့ပြောင်းခြင်း ဂိတ်တံခါးဆီသို့ ဦးဆောင်သွားပြီး တုံ့ဆိုင်းခြင်းမရှိပဲ ဝင်ရောက်သွားတော့သည်။

ချန်ရန်ကမ္ဘာသို့ ရောက်သည်နှင့် မုချင်းလန် လျှိုချင်းချိုကို မေးလိုက်သည်။

“ညီမလေးချင်းချို... ညီမရဲ့ ပင်မခန္ဓာက ဘယ်လောက်တောင် အစွမ်းထက်လို့လဲ။”

လုချန်း မျက်မှောင်ကြုတ်နေသည်ကို ကြည့်ခြင်းအားဖြင့် လျှိုချင်းချို၏ ပင်မခန္ဓာ အလွန်စွမ်းအားကြီးမှာ ထင်ရှားသည်။

လျှိုချင်းချိုက

“ကျွန်မ ခွဲထွက်လာတုန်းက သူက သူတော်စင်အဆင့်တစ်မှာ ရှိနေပြီ။”

လျှိုချင်းချို၏ အဖြေစကားကို ကြားလျှင် မုချင်းလန် ချက်ချင်းတွေးလိုက်သည်။

“သူတော်စင်အဆင့်တစ် ပဲလား။ ဒါဆို အန္တရာယ်မရှိနိုင်ပါဘူး။ သူ့ကို လွယ်လွယ်လေး နိုင်မှာပါ”

သို့သော် လျှိုချင်းချို၏ ပင်မခန္ဓာကို အနိုင်ယူပြီးလျှင် လုချန်း ဘာဆက်လုပ်မည်ကို သူမ သိချင်နေမိသည်။

ထိုအတွေးနှင့်အတူ မုချင်းလန် လုချန်း၏ မျက်နှာကို ဝေ့ဝဲကြည့်လိုက်သည်။ လျှိုချင်းချို၏ ပင်မခန္ဓာကို လုချန်းက လွှမ်းမိုးထားသည့် ပုံရိပ်တစ်ခု သူမ၏ စိတ်ထဲတွင် အကြောင်းပြချက်မဲ့စွာ ပေါ်လာသည်။

မကြာမီတွင် လုချန်းတို့ ချန်ရန်ကမ္ဘာ၏ အပြင်ဘက်သို့ ရောက်ရှိလာသည်။ ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်လိုက်သည်နှင့် မလှမ်းမကမ်းတွင် ရှိနေသော ပန်းနီရထားပေါ်သို့ လုချန်း၏ အကြည့် ချက်ချင်း ကျရောက်သွားသည်။

လျှိုချင်းချို၏ ပင်မခန္ဓာထက် ပန်းနီရထားကို လုချန်း ပိုစိတ်ဝင်စားနေသည်။ ထိုအရာက စနစ်နှင့် တစ်စုံတစ်ရာ ပတ်သက်မှုရှိမည်ဟု သံသယရှိနေသည်။

လောလောဆယ်တွင် ပန်းနီရထားသည် ဟင်းလင်းပြင်ထဲ၌ ငြိမ်သက်စွာ ရပ်တန့်နေသည်။ သို့သော် ထိုအချိန်၌ ပန်းနီရထားဆီမှ အနီရောင်အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာသည်။

ထို့နောက် ပန်းနီရထားပေါ်တွင် ချိတ်ဆွဲထားသော ခေါင်းလောင်းများဆီမှ သာယာနာပျော်ဖွယ် ခေါင်းလောင်းသံများ ထွက်ပေါ်လာပြီး ဟင်းလင်းပြင်အနှံ့ ပဲ့တင်ထပ်သွားသည်။

ပန်းနီရထား၏ ခေါင်းလောင်းသံများကို ကြားလိုက်ရလျှင် လုချန်းနှင့် သူ၏ဇနီးများ၏ စိတ်အာရုံများ အနည်းငယ် တုန်လှုပ်သွားသည်ကို ခံစားလိုက်ရသည်။ သို့သော် ခဏတာ စိတ်လွင့်သွားပြီးနောက် အသိအာရုံပြန်ဝင်လာကြသည်။

လုချန်း အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ ခေါင်းလောင်းသံများက သူ့အပေါ် သိသာထင်ရှားသော သက်ရောက်မှုမရှိပေ။ ခဏတာမျှသာ အာရုံလွင့်သွားစေခြင်းဖြစ်သည်။

ထို့နောက် လုချန်း စနစ်ကို မေးလိုက်သည်။

“စနစ်...... ဒီပန်းနီရထားက ဘာလဲဆိုတာ သိလား”

စနစ်က

“သခင့်မှာ သိပိုင်ခွင့် မရှိပါဘူး”

စနစ်၏ ဖြေရှင်းချက်ကို ကြားလျှင် လုချန်း ရယ်မောလိုက်သည်။ သူ သံသယရှိသည့်အတိုင်း ပန်းနီရထားသည် စနစ်နှင့် တကယ်ပင် ပတ်သက်မှုရှိနေသည်။ မဟုတ်ပါက စနစ်က ထိုသို့ တုံ့ပြန်မည် မဟုတ်ပေ။

ထားလိုက်ပါတော့။

သူသည် သူတော်စင်အဆင့်သို့ ရောက်ရှိနေပြီး ဧကရာဇ်အဆင့်သို့ တက်လှမ်းရန် နီးစပ်နေပြီဖြစ်၍ အရာအားလုံးကို သိနိုင်ဖို့ အချိန်သိပ်ကြာမည် မဟုတ်ပေ။ လောလောဆယ် ပန်းနီရထားကိစ္စကို ဘေးဖယ်ထားလိုက်မည်။ စနစ် မည်သို့ အလုပ်လုပ်သည်ကို မကြာမီ သူ နားလည်လာနိုင်မည် ဖြစ်သဖြင့် သိပ်ပြီး အလျင်လိုစရာမလိုချေ။

လောလောဆယ်တွင် လျှိုချင်းချို၏ ပင်မခန္ဓာကို ဖြေရှင်းရန်သာ သူ အာရုံစိုက်သင့်သည်။

ထို့နောက် ပန်းနီရထားရှေ့ရှိ ကြီးကျယ်ခမ်းနားသော နန်းတော်ကြီးတစ်ခုပေါ်သို့ လုချန်း၏ အကြည့် ကျရောက်သွားသည်။

ထိုနန်းတော်သည် ခမ်းနားထည်ဝါပြီး ကြီးမားကျယ်ပြန့်ကာ လုချန်း၏ ဖေးဟုန် နတ်လှေကိုပင် ယှဉ်ပြိုင်နိုင်သည်။ နန်းတော်တစ်ခုလုံးမှ အားကောင်းသော ဖိနှိပ်မှုအငွေ့အသက်များ ထွက်ပေါ်နေပြီး ကောင်းကင်အဆင့် စိတ်ဝိညာဉ်လက်နက်ထက် မနိမ့်ကျသော ရတနာတစ်ခုဖြစ်ကြောင်း ထင်ရှားသည်။

နန်းတော်အတွင်း၌ အစိမ်းရောင် ဝတ်စုံရှည် ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ပလ္လင်အထက်တွင် ထိုင်နေသည်။ သူမသည် ပုံရိပ်ဖမ်း ကျောက်တုံးမှ ပြသနေသော မြင်ကွင်းကို ဂရုမစိုက်သော မျက်နှာထားဖြင့် ကြည့်နေသည်။

ပုံရိပ်ဖမ်း ကျောက်တုံးမှ ပုံရိပ်မှာ လုချန်းနှင့် သူ့အဖွဲ့၏ မြင်ကွင်းဖြစ်သည်။

လုချန်း၏ ဘေးတွင် လျှိုချင်းချို ရပ်နေသည်ကို မြင်လိုက်ရသောအခါ လျှိုချင်းယွမ်၏ မျက်နှာထား ပိုတင်းသွားသည်။

နောက်တစ်ခဏတွင် နန်းတော်ထဲမှ အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။

“ကျွန်မရဲ့ ကိုယ်ပွားကို ဖမ်းချုပ်ထားပြီး အခုလို ရှက်စရာကောင်းတဲ့ ကိစ္စတွေ လုပ်နေတာဆိုတော့...... ရှင် ဘယ်လိုသေရမလဲဆိုတာ တွေးပြီးပြီလား။”

လျှိုချင်းချိုတွင် ကြီးမားသော ကံတရားများ စွန်းထင်းနေပြီဖြစ်ကြောင်း လျှိုချင်းယွမ် ရှင်းလင်းစွာ အာရုံခံနိုင်သည်။ ထိုလူယုတ်မာနှင့် သူမ၏ ကိုယ်ပွားနှင့် အကြိမ်မည်မျှ အတူရှိနေခဲ့ပြီးပြီဆိုတာကို သူမ မတွေးရဲပေ။

ထိုအကြောင်းကို တွေးမိလျှင် လျှိုချင်းယွမ် အလွန်ဒေါသထွက်သွားသည်။ သူမ၏ ကိုယ်ပွားကို ညစ်ညမ်းစေခဲ့သော ထိုလူယုတ်မာကို အရေခွံခွာပြီး တစ်စစီ ဆွဲဖြဲပစ်ချင်စိတ် ပေါက်သွားသည်။

ပင်မခန္ဓာ၏ စကားကို ကြားလျှင် လုချန်း စကားမပြောနိုင်ခင်မှာပင် လျှိုချင်းချိုက လုချန်း၏ ရှေ့သို့ ချက်ချင်း ဝင်ရပ်လိုက်ပြီး

“ဒါတွေအားလုံးက ကျွန်မရဲ့ ဆန္ဒအလျောက်ပါ။”

ကိုယ်ပွား၏ စကားကို ကြားသောအခါ လျှိုချင်းယွမ် ချက်ချင်း ဒေါသထပ်ထွက်သွားသည်။ သူမ၏ ကိုယ်ပွားသည် အပျိုစင်ဘဝ ဆုံးရှုံးသွားရုံသာမက သူမ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသော ထိုယောက်ျား၏ဘက်မှ ရပ်တည်ပြောဆိုနေလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။

လျှိုချင်းယွမ်က ငေါက်ငမ်းလိုက်သည်။

“ပါးစပ်ပိတ်ထား”

လျှိုချင်းယွမ်၏ ဟိန်းဟောက်သံနှင့်အတူ ပြင်းထန်သော စိတ်ဝိညာဉ် စွမ်းအား လှိုင်းလုံးကြီးများ နန်းတော်ထဲမှ ထွက်ပေါ်လာသည်။ မုချင်းလန်က အလျင်အမြန် တုံ့ပြန်လိုက်သည်။ စိတ်ဝိညာဉ် စွမ်းအား နှစ်ခု ထိပ်တိုက်တွေ့ဆုံသောအခါ ချက်ချင်းပင် ကြီးမားသော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်သွားသည်။ ထို့နောက် လျှိုချင်းယွမ်၏ နန်းတော် ဝန်းကျင်ရှိ နတ်လှေများနှင့် ကမ္ဘာအပိုင်းအစများသည် ပေါက်ကွဲမှု၏ စိတ်ဝိညာဉ် စွမ်းအား လှိုင်းဂယက်ကြောင့် ကီလိုမီတာ ရာပေါင်းများစွာ လွင့်စဉ်သွားသည်။

လုချန်းနှင့် လျှိုချင်းချိုတို့ ဤဟင်းလင်းပြင်သို့ ရောက်လာချိန်တွင် လျှိုချင်းချို၏ ဘေး၌ သူတော်စင်နှစ်ဦး ရှိနေကြောင်း လျှိုချင်းယွမ် အာရုံခံမိပြီး ဖြစ်သော်လည်း သူမ လုံးဝ ဂရုမစိုက်ခဲ့ပေ။

သူတော်စင်များ လှုပ်ရှားလာသည်ကို မြင်လျှင် လျှိုချင်းယွမ်လည်း နန်းတော်ထဲမှ ချက်ချင်း ပျံသန်းထွက်လာသည်။ နောက်တစ်ခဏတွင် သူမ၏ ခန္ဓာကိုယ်သည် ဟင်းလင်းပြင်ထဲ၌ ဝဲပျံနေသည်။

လျှိုချင်းယွမ်ကို မြင်လိုက်ရသောအခါ လုချန်း အနည်းငယ် အံ့သြသွားသည်။ လေထဲတွင် တလွင့်လွင့်ဖြစ်နေသော အပြာရောင် ဝတ်စုံရှည်နှင့် လျှိုချင်းယွမ်သည် အချိုးကျသော ခန္ဓာကိုယ်အလှကို ပိုင်ဆိုင်ထားသည်။ သူမသည် အသက်ရှူမှားလောက်အောင် လှပပြီး ကျင့်စဉ် အငွေ့အသက်များ ထွက်ပေါ်နေသည်။ သူမသည် ရေခဲနတ်သမီး တစ်ပါးကဲ့သို့ပင် ထင်ရသည်။

သို့သော် လျှိုချင်းယွမ်၏ မျက်လုံးများထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုသည့် ဆန္ဒများ ရှိနေပုံရသည်။ သူမ၏ မျက်လုံးများကို တစ်ချက် ကြည့်လိုက်သည်နှင့် ဓားအလင်းတန်းများစွာ သူ့ဆီသို့ ပျံသန်းလာသကဲ့သို့ လုချန်း ခံစားလိုက်ရသည်။

ထိုအချိန်တွင် လျှိုချင်းယွမ်၏ အကြည့်က လုချန်းအပေါ် တည့်တည့် ကျရောက်နေသည်။ သူတော်စင်အဆင့် တစ်ဦး အနေနှင့် လျှိုချင်းချိုနှင့် လုချန်းကြားမှ ရှုပ်ထွေးနေသော ကံတရား ကြိုးမျှင်များကို တစ်ချက်ကြည့်ရုံဖြင့် သူမ သတိပြုမိသည်။

လျှိုချင်းယွမ်က အေးစက်စွာ ပြောလိုက်သည်။

“ကျွန်မရဲ့ ကိုယ်ပွားကို ဖမ်းချုပ်ထားပြီး သူတော်စင်လက်နက်နဲ့ ကျွန်မကို ဒီရောက်အောင် မျှားခေါ်ရဲတယ်ဆိုတော့... ရှင်က တော်တော် သတ္တိရှိတာပဲ။”

“ဒါပေမဲ့ ရှင်တို့လို သူတော်စင်အဆင့် နှစ်ယောက်တည်းနဲ့ ကျွန်မကို ယှဉ်နိုင်မယ်လို့ တကယ် ထင်နေတာလား။”

စကားပြောနေစဉ် လျှိုချင်းယွမ်၏ အငွေ့အသက်များ ပေါက်ကွဲထွက်လာသည်။ အလွန်စွမ်းအားကြီးသော ဖိအားများ ပတ်ဝန်းကျင် ဟင်းလင်းပြင်တစ်ခုလုံး ချက်ချင်း ပြည့်နှက်သွားရာ သူတော်စင်အဆင့် ဖြစ်ကြသော လုချန်းနှင့် မုချင်းလန်တို့ပင် အလွန် နေရခက်သွားသည်။

လျှိုချင်းယွမ်၏ ကိုယ်ရေးအချက်အလက်များကို စစ်ဆေးရန် လုချန်း စနစ်ကို အလျင်အမြန် အသုံးပြုလိုက်သည်။

[အမည် : လျှိုချင်းယွမ်]

[အချက်အလက်: ယန်ယန်နန်းတော် သူတော်စင်မ။ ဧကရီ ဝင်စားသူ။ လျှိုချင်းချို၏ ပင်မခန္ဓာ။ သူတော်စင်အဆင့် နှစ်။ သူမ၏ ကိုယ်ပွားကို တစ်စုံတစ်ဦးက သိမ်းပိုက်လိုက်ကြောင်း သိရှိပြီးနောက် အလွန်ဒေါသထွက်နေပြီး သူမ၏ ကိုယ်ပွားကို ညစ်ညမ်းစေခဲ့သော သူခိုးကို အရေခွံခွာ၍ တစ်စစီ ဆွဲဖြဲပစ်ချင်နေသည်။]

[ရမှတ် :၁၀၀]

[နှစ်သက်မှု : ၀]

လျှိုချင်းယွမ်၏ ကိုယ်ရေးအချက်အလက်များကို မြင်လိုက်ရသောအခါ လုချန်း ခဏခန့် ကြောင်အသွားသည်။

နောက်ထပ် ဧကရီ ဝင်စားသူ တစ်ယောက်လား။

ဧကရီ ဝင်စားသူ အတော်များများကို သူ တွေ့ဆုံ နေရပါလား။

လုချန်း သူ၏စိတ်ခံစားချက်ကို လျင်မြန်စွာ တည်ငြိမ်အောင် လုပ်လိုက်သည်။ ယခုအချိန်သည် ဒါကို တွေးနေရမည့်အချိန် မဟုတ်မှန်း သူ နားလည်သည်။ သူ့အပေါ်ထားရှိသော လျှိုချင်းယွမ်၏ နှစ်သက်မှုအမှတ် သုည ဖြစ်နေသည်က အတော်လေး ပြဿနာရှိသည်။

သို့သော် သူမသည် သူတော်စင်အဆင့် နှစ် တွင်သာ ရှိသေးသည်။ မုချင်းလန်သာ လှုပ်ရှားပါက သူမကို နိုင်လောက်သည်။

မုချင်းလန်သည် သူတော်စင်အဆင့် ငါး တွင် ရှိနေပြီး ကောင်းကင်မီးမျိုးနွယ်စု၏ အထူးမွေးရာပါ ကောင်းကင်မီး ပါရှိသဖြင့် သူတော်စင်အဆင့်ရှစ် ၏ အင်အားကို ထုတ်ဖော်နိုင်သည်။ မုချင်းလန်က ထိန်းချုပ်မှုမရှိပဲ လှုပ်ရှားလိုက်ပါက လျှိုချင်းယွမ်ကို မတော်တဆ ထိခိုက်စေမိနိုင်ပြီး ထိုအရာက ပြဿနာ ဖြစ်လာနိုင်စေသည်။

ဘာပဲဖြစ်ဖြစ် လျှိုချင်းယွမ်၏ ရမှတ်သည်လည်း တစ်ရာ ဖြစ်နေသည်။ လုချန်းသည် အင်အားမြှင့်တင်ရန် အရေးတကြီး လိုအပ်နေသဖြင့် လျှိုချင်းယွမ်ကိုလည်း သူ စဉ်းစားလာမိသည်။

……………

အခန်း (၁၂၄၄)

ဆန္ဒဖြည့်ပေးမယ်

လုချန်း ခဏခန့် အတွေးထဲ နစ်မြောသွားသည်။ လျှိုချင်းယွမ်ကို သူ၏ မိန်းမ ဖြစ်စေချင်တာ မှန်သော်လည်း လျှိုချင်းယွမ် သူ့အပေါ် ထားရှိသည့် သဘောကျမှုက သုညသာ ဖြစ်သည်။ လက်ရှိ အခြေအနေအရ သူနှင့် လျှိုချင်းယွမ်ကြားတွင် ပတ်သက်မှု ရှိလာရန်က အခြေခံအားဖြင့် မဖြစ်နိုင်ပေ။

မုချင်းလန် တိုက်ခိုက်ခြင်းကြောင့် လျှိုချင်းယွမ် ဒဏ်ရာရနိုင်သော်လည်း လျှိုချင်းယွမ် မသေဆုံးသရွေ့ သူမကို ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ် အသုံးပြု၍ သူ ကုသပေးနိုင်ပေသည်။

ထို့ကြောင့် မုချင်းလန်ကို တိုက်ခိုက်ခွင့်ပေးရန်က မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ သို့သော်လည်း ပြီးခဲ့သည့်တစ်ခေါက်ကကဲ့သို့တော့ မုချင်းလန် မလုပ်သင့်ပေ။

အကယ်၍ တစ်ချက်တည်းနှင့် လျှိုချင်းယွမ်၏ စိတ်ဝိညာဉ်ကို အစိတ်စိတ်အမြွှာမြွှာ ပျက်စီးစေပါက ဒုက္ခရောက်သွားပေလိမ့်မည်။

ထိုသို့ တွေးတောပြီးနောက် လုချန်းက မုချင်းလန်အား

“လန်... သူ့အသက်ကိုတော့ မထိခိုက်စေနဲ့”

လုချန်း၏ တောင်းဆိုချက်ကို ကြားလျှင် လုချန်း၏ ရည်ရွယ်ချက်ကို ချက်ချင်း ရိပ်မိသွားသော်လည်း သူမ၏ မျက်နှာကတော့ အပြောင်းအလဲ မရှိပေ။ ယခုဘဝမှ ကောင်းကင်ဧကရာဇ်သည် အလှအပကို ခုံမင်တာက မဆန်းပေ။ အထူးသဖြင့် လျှိုချင်းယွမ်သည် အလွန် လှပပြီး ဆွဲဆောင်မှု ရှိသောကြောင့် ဖြစ်သည်။

မုချင်းလန်က

“ကျွန်မ သတိထားပါ့မယ်”

လျှိုချင်းယွမ်သည် သူတော်စင်အဆင့်နှစ်၏ စွမ်းအားကိုသာ ပြသထားသော်လည်း သူမထံမှ ထွက်ပေါ်နေသော ဖိအားပေးသည့် အငွေ့အသက်များအရ သူမ၏ အင်အား မိမိထက် မနိမ့်ကျနိုင်ကြောင်း မုချင်းလန် ပြောနိုင်သည်။

ထိုအချိန်တွင် ဟင်းလင်းပြင်အတွင်း ပျံဝဲနေသော လျှိုချင်းယွမ်ကို လုချန်းတစ်ချက်ကြည့်ကာ

“ခင်ဗျားပြောတဲ့ နတ်လက်နက်ဆိုတာ အဲဒီ ပန်းနီရထားကို ပြောတာလား။ အဲဒီ ပန်းနီရထားရဲ့ ဇစ်မြစ်ကို ကျွန်တော်လည်း မသိဘူးလို့ ပြောရင် ခင်ဗျား ယုံမလား။”

ထိုအရာကို ကြားလျှင် လျှိုချင်းယွမ် ခဏခန့် ကြောင်သွားပြီးနောက် အေးစက်စက် ရယ်မောလိုက်ကာ သိပ်ဂရုမစိုက်ဟန် ပြလိုက်ပြသည်။ ပန်းနီရထားသည် သူမရှေ့ရှိ လူနှင့် သက်ဆိုင်သည်ဖြစ်စေ၊ မသက်ဆိုင်သည်ဖြစ်စေ သူမ ဂရုမစိုက်ပေ။ ယခု သူမ အလိုချင်ဆုံးမှာ သူမ၏ ကိုယ်ပွား၏ စင်ကြယ်မှုကို ဖျက်ဆီးခဲ့သော ဤလူယုတ်မာကို သုတ်သင်ရန်သာ ဖြစ်သည်။

နောက်တစ်ခဏတွင် လျှိုချင်းယွမ်၏ ခန္ဓာကိုယ်မှ အပြာရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ လျှိုချင်းယွမ်က တိုက်ခိုက်တော့မည်ကို မြင်သောအခါ လျှိုချင်းချို ရှေ့သို့ တစ်ဖန် တိုးလာပြီး

“ရှင်သာ မင်းကြီးကို ထိခိုက်အောင် လုပ်ရင် ကျွန်မ ချက်ချင်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်မယ်။”

သူမ၏ ကိုယ်ပွားက ထိုသို့ပြောလာသည်ကို ကြားသောအခါ လျှိုချင်းယွမ် ပို၍ပင် ဒေါသထွက်သွားသည်။ သူမသည် ကိုယ်ပွားကို ကယ်တင်ရန် ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သော်လည်း ဤကိုယ်ပွားက ကျေးဇူးတင်ရမည့်အစား သူမကို စော်ကားနေကာ သူစိမ်းကို ကူညီနေသည်။

လျှိုချင်းယွမ်က အေးစက်စွာဖြင့်

“မင်း ဘာတွေ ပြောနေတာလဲဆိုတာရော သိရဲ့လား”

လျှိုချင်းချိုက တုံ့ပြန်လိုက်သည်။

“ကျွန်မ ဘာပြောနေလဲဆိုတာ ကျွန်မ ကောင်းကောင်း သိပါတယ်။”

“ကျွန်မက သူ့မိန်းမ ဖြစ်နေပြီ။ ဖြစ်ပျက်ခဲ့တာတွေကို ဘယ်လိုမှ ပြောင်းလဲလို့ မရ တော့ဘူး။”

လျှိုချင်းယွမ် လှောင်ပြောင် သရော်လိုက်သည်။

“မင်းက သူနဲ့အတူ သေချင်နေမှတော့ မင်းရဲ့ ဆန္ဒကို ကိုယ် ဖြည့်ဆည်းပေးရတာပေါ့။”

သူမသည် ကိုယ်ပွားကို ကယ်တင်ရန် လာခဲ့ခြင်း ဖြစ်သော်လည်း သူမ၏ ကိုယ်ပွားသည် သူမ၏ စင်ကြယ်မှုကို ဖျက်ဆီးခဲ့သော လူယုတ်မာကိုပင် လက်ထပ်လိုသည်အထိ မိုက်မဲနေသဖြင့် နှစ်ဦးလုံးကို သုတ်သင်ပြီး ကိုယ်ပွားအသစ်တစ်ခုသာ ပြန်လည်ဖန်တီးလိုက်ရန် ဆုံးဖြတ်လိုက်သည်။

ထိုစဉ် ယောကျာ်းတစ်ယောက်အနေနှင့် တစ်ခုခု ပြောရန် လိုအပ်သည်ဟု လုချန်း ခံစားလိုက်ရသဖြင့်

“ခင်ဗျားရဲ့ အမြင်မှာ ခင်ဗျားရဲ့ ကိုယ်ပွားဆိုတာ ခင်ဗျားရဲ့ ကျင့်စဉ်အတွက် ကိရိယာတစ်ခုပဲလား။ အဲဒါဆိုရင် ဘာဖြစ်လို့ သူ့ကို ကိုယ်ပိုင် အသိစိတ်တွေ ထည့်ပေးခဲ့တာလဲ။”

ထိုစကားကို ကြားသောအခါ လျှိုချင်းယွမ်၏ ပတ်ဝန်းကျင်ရှိ သတ်ဖြတ်လိုသော အငွေ့အသက်များ အနည်းငယ် လျော့ပါးသွားသော်လည်း လုချန်းကိုတော့ ဒေါသတကြီး စိုက်ကြည့်နေဆဲပင် ဖြစ်သည်။

“ဒါ ရှင်နဲ့ မဆိုင်ဘူး။ ကိုယ်ပွားကို သုံးပြီး ကျွန်မကို ဒီကို မျှားခေါ်ခဲ့တာ ဒီအကြောင်းတွေ ပြောဖို့ပဲလား။”

လုချန်းက

“ခင်ဗျားကို ဒီကို မျှားခေါ်ဖို့ ကျွန်တော် တစ်ခါမှ မစဉ်းစားခဲ့ဘူး။ အစက ချင်းချိုက ကိုယ်ပွားတစ်ခုပဲဆိုတာ ကျွန်တော်မသိခဲ့ဘူး။ ကျွန်တော် ချင်းချိုနဲ့ အတူရှိခဲ့တာက ကျွန်တော် သူ့ကို ချစ်လို့ပဲ။ ဒါပေမဲ့ ချင်းချိုက ကိုယ်ပွားတစ်ခုပဲ ဖြစ်နေမယ်လို့ ဘယ်သူ သိမှာလဲ။”

လုချန်း၏ စကားကို ကြားသောအခါ လျှိုချင်းယွမ် ခဏခန့် မှင်တက်သွားသည်။

“အကယ်၍ ခင်ဗျားရဲ့ အမြင်မှာ စစ်မှန်တဲ့ အချစ်က ပြစ်မှုတစ်ခု ဖြစ်နေပြီး ခင်ဗျားရဲ့ ကိုယ်ပွားက ကျင့်စဉ်အတွက် ကိရိယာတစ်ခုပဲ ဆိုရင်တော့ တိုက်ခိုက်လိုက်တော့။ ကျွန် တော်တို့ ပြောစရာ ဘာမှ မရှိတော့ဘူး။”

လျှိုချင်းယွမ် မျက်ခုံးတွန့်လိုက်ပြီးနောက် အေးစက်စွာ ထပ်မံ မှတ်ချက်ပေးလိုက်သည်။

“နှုတ်သီးကောင်းလှချည်လား”

ကျင့်စဉ်အတွက် ကိုယ်ပွားတစ်ခု ဖန်တီးခဲ့သော်လည်း သူမသည် ထိုကိုယ်ပွားကို ကိရိယာတစ်ခုကဲ့သို့ တစ်ခါမှ မဆက်ဆံခဲ့ပေ။ အစပိုင်းတွင် သူမ၏ စိတ်အာရုံသည် ကိုယ်ပွားနှင့် ဆက်နွှယ်နေပြီး ခံစားချက်များကို အတူတူ မျှဝေခံစားခဲ့သည်။ သူမအတွက်ကတော့ ကိုယ်ပွားဆိုသည်မှာ အခြားသော ခန္ဓာကိုယ်တစ်ခုသာ ဖြစ်ပြီး ကိုယ်ပွား၏ ကိုယ်ပိုင်ခန္ဓာကိုယ်ကို ကျင့်စဉ်ပစ္စည်းတစ်ခုကဲ့သို့ သူမ တစ်ခါမှ မယူဆခဲ့ပေ။

မမျှော်လင့်ပဲ တစ်နေ့တွင် သူမ၏ ကိုယ်ပွားနှင့် စိတ်ဝိညာဉ် ဆက်သွယ်မှု လုံးဝ ပျောက်ကွယ်သွားသကဲ့သို့ ပြတ်တောက်သွားခဲ့သည်။

သူမ၏ ကိုယ်ပွားကို ပြန်လည် ခံစားမိသောအခါ တစ်စုံတစ်ဦး၏ စော်ကားခြင်း ခံလိုက်ရကြောင်း သူမ ရှာဖွေတွေ့ရှိခဲ့သည်။ သူမသည် ကိုယ်ပွားကို အလွန် တန်ဖိုးထားသဖြင့် ဒေါသအလွန်ထွက်ခဲ့ရပြီး ကိုယ်တိုင် လိုက်လံ ရှာဖွေခဲ့ခြင်း ဖြစ်သည်။

မဟုတ်ပါက သူမ၏ အဆင့်အတန်းအရ ကိုယ်တိုင် လာရန် မလိုအပ်ပေ။

ထိုအချိန်တွင် လျှိုချင်းယွမ်၏ မျက်လုံးများမှ စိမ်းဖန့်ဖန့် အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင် လျှိုချင်းချို၏ မျက်လုံးများမှလည်း ထိုကဲ့သို့ပင် စိမ်းဖန့်ဖန့် အလင်းတန်းများ တောက်ပလာသည်။

လုချန်း ဘာမှ မလုပ်နိုင်ခင်မှာပင် လျှိုချင်းချို၏ ခန္ဓာကိုယ်သည် ထိန်းချုပ်မရတော့ပဲ လျှိုချင်းယွမ်ထံသို့ ပျံသန်းသွားသည်။ လျှိုချင်းချို လျှိုချင်းယွမ်၏ ဘေးသို့ ရောက်ရှိသွားသောအခါ သူမ၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒ ပို၍ပြင်းထန်လာသည်။

“ကျွန်မနဲ့ သူ့ကြားက စိတ်ဝိညာဉ် ဆက်နွှယ်မှုကို ဖြတ်တောက်ခဲ့တာ တကယ်ပဲ ရှင် ဖြစ်နေတာပဲ “

ယခင်က သူမသည် စိတ်ဝိညာဉ် ဆက်နွှယ်မှုမှတစ်ဆင့် လျှိုချင်းချို၏ ကိုယ်ပွားကို မထိန်းချုပ်နိုင်ခဲ့သော်လည်း ယခု အလွယ်တကူ ကြိုးကိုင်နိုင်ပြီဖြစ်သည်။

ထို့ပြင် သူမ၏ စိတ်အာရုံ လျှိုချင်းချို၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသောအခါ လွန်ခဲ့သော နှစ်များအတွင်းရှိ မှတ်ဉာဏ်အားလုံးမှာလည်း လျှိုချင်းယွမ်၏ စိတ်ထဲသို့ စီးဝင်လာသည်။

သူမရှေ့ရှိ လူက သူမ၏ ကိုယ်ပွားကို အနိုင်ကျင့် စော်ကားခဲ့သည်ဟူသည့် အချက်က လျှိုချင်းယွမ်၏ ဒေါသကို ပို၍ လောင်မြိုက်စေသည်။ အဆိုးရွားဆုံးမှာ သူမ၏ ကိုယ်ပွားသည် အစပိုင်းတွင် မခုခံခဲ့ရုံသာမက နောက်ပိုင်းတွင်လည်း လိုက်လျောရုံတင်မကပဲ ထိုလူကို လိုလိုလားလားပင် ပြုစုယုယခဲ့ခြင်း ဖြစ်သည်။

ယန်ယန်နန်းတော်၏ သန့်ရှင်းသော မိန်းကလေးတစ်ဦးဖြစ်သည့် အပြင် ဧကရီဝင်စားသူတစ်ဦး၏ ကိုယ်ပွားဖြစ်သူက အခြားသော မိန်းမ အမြောက်အမြားနှင့်အတူ ယောက်ျားတစ်ဦးတည်းကို လိုလိုလားလား ပြုစုခဲ့သည်ဟူသော အချက်က လျှိုချင်းယွမ်ကို အလွန်တရာ အမျက်ထွက်စေသည်။

သူမ၏ ကိုယ်ပွား လုချန်းကို တကယ် ချစ်မိသွားပြီဖြစ်ကြောင်းကိုလည်း သူမ သိလိုက်သည်။ အကယ်၍ လုချန်းကို မသတ်ပါက သူမ၏ ကိုယ်ပွား၏ စိတ်ဝိညာဉ်နှင့် ပြန်လည် ပေါင်းစည်းသောအခါ ကိုယ်ပွား၏ ခံစားချက်များ လွှမ်းမိုးခြင်းကို သူမကိုယ်တိုင် ခံရနိုင်ပေသည်။

ထို့ကြောင့် လုချန်း သေရမည်။

နောက်တစ်ခဏတွင် လျှိုချင်းယွမ်၏ နောက်ကွယ်၌ မြင့်မားလှသော သစ်ပင်ကြီးတစ်ပင် ပေါ်ပေါက်လာသည်။

လျှိုချင်းယွမ် တိုက်ခိုက်တော့မည်ကို မြင်သောအခါ မုချင်းလန်လည်း လျှိုချင်းယွမ်၏ ရှေ့သို့ မဆိုင်းမတွ ပျံသန်းသွားပြီး သူမ၏ ဝိညာဉ်ဓားကို ဆွဲထုတ်လိုက်သည်။

နောက်တစ်ခဏတွင် ထိုမြင့်မားသော သစ်ပင်ကြီးထံမှ မရေမတွက်နိုင်သော သစ်ရွက်စိမ်းများ မုချင်းလန်ထံသို့ ဓားပျံများကဲ့သို့ ပျံသန်းသွားပြီး သူမ၏ ရှေ့သို့ ရောက်ခါနီးတွင် ကြီးမားသော ဓားရှည်ကြီးတစ်ခုအဖြစ် စုစည်းသွားသည်။

ဟင်းလင်းပြင်အတွင်း ဓားရှည်ကြီး ပေါ်ထွက်လာသည်နှင့်အမျှ ကြယ်နယ်မြေအတွင်းရှိ လူများလည်း ထိုဓားမှ ထွက်ပေါ်လာသော ဖိအားကို ချက်ချင်း ခံစားလိုက်ရသည်။ မုချင်းလန် အနည်းငယ် ထိတ်လန့်သွားသည်။ လျှိုချင်းယွမ်၏ တိုက်ကွက် ဤမျှ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

မုချင်းလန်က သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ကောင်းကင်မီးများကို လှည့်ပတ်ကာ ဓားအတွင်းသို့ စုစည်းလိုက်ပြီး လွှဲယမ်းလိုက်ရာ ဟင်းလင်းပြင်အတွင်း ရေခဲနဂါးတစ်ကောင်နှင့် မီးနဂါးတစ်ကောင် ချက်ချင်း ထွက်ပေါ်လာသည်။

နဂါးနှစ်ကောင်သည် ရောယှက်လျက် အဝေးရှိ ကြီးမားသော ဓားရှည်ကြီးထံသို့ ပျံသန်းသွားသည်။ တစ်ဖက်နှင့်တစ်ဖက် မထိတွေ့မီမှာပင် ၎င်းတို့သည် အဖြူရောင်မီးလျှံများ တောက်လောင်နေသော ဧရာမ နဂါးကြီးတစ်ကောင်အဖြစ် ပေါင်းစည်းသွားသည်။

ဧရာမ နဂါးကြီးနှင့် ကြီးမားသော ဓားရှည်ကြီးတို့ တိုက်မိသည့် အခိုက်တွင်တော့ ပတ်ဝန်းကျင်ရှိ အချိန်နှင့် နေရာတို့ ခေတ္တခန့် ရပ်တန့်သွားပုံရသည်။

နောက်တစ်ခဏတွင် ပတ်ဝန်းကျင် အာကာသလည်း အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားပြီး ဟင်းလင်းပြင်အတွင်း ကြီးမားသော အာကာသ ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာသည်။

ကြည့်ရှုနေကြသော ရှနိုင်ငံတော်၏ နဂါးစစ်တပ်မှ စစ်သည်များကို ဆုတ်ခွာရန် လုချန်းက ချက်ချင်း အမိန့်ပေးလိုက်သည်။

အာကာသ ဝဲဂယက်၏ ဆွဲအားမှာ အလွန် ပြင်းထန်လှသဖြင့် အနီးနားရှိ အပျက်အစီးများနှင့် ကမ္ဘာအပိုင်းအစ အားလုံးနီးပါးကို ၎င်းအတွင်းသို့ ဆွဲငင်ယူသွားတော့သည်။

…………..

အခန်း (၁၂၄၅)

ထွက်သွားနိုင်တယ် ဒါပေမဲ့

အာကာသ ဝဲဂယက်၏ ဆွဲအားသည် အလွန် ပြင်းထန်သော်လည်း ကြာရှည်မခံပေ။ ဝဲဂယက်သည် မကြာမီပင် ငြိမ်သက်သွားပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်လည်း တည်ငြိမ်မှု ပြန်လည် ရရှိလာသည်။

ထိုအချိန်တွင် မုချင်းလန်နှင့် လျှိုချင်းယွမ်တို့သည် ဟင်းလင်းပြင်အတွင်း ပျံလွင့်နေဆဲဖြစ်ပြီး နှစ်ဦးလုံး ချက်ချင်း တိုက်ခိုက်ခြင်း မပြုကြသေးပေ။ မုချင်းလန်ကို လုချန်း တစ်ချက် ကြည့်လိုက်ရာ သူမ ဓားကိုင်ထားသောလက် အနည်းငယ် တုန်နေသည်ကို သတိပြုမိလိုက်သည်။

လုချန်း မျက်မှောင်ကြုတ်လိုက်သည်။ ပြီးခဲ့သည့်တစ်ခေါက် ချန်ဟိုင်ဂိုဏ်း၏ အကြီးအကဲချုပ်နှင့် ရင်ဆိုင်စဉ်က မုချင်းလန်သည် တစ်ချက်တည်းနှင့်ပင် ပြိုင်ဘက်ကို အမှုန့်ချေနိုင်ခဲ့သည်။ သို့သော် လျှိုချင်းယွမ်နှင့် ရင်ဆိုင်ရချိန်တွင် မုချင်းလန်သည် ပြိုင်ဘက်ကို အပြင်းအထန် ဒဏ်ရာရအောင် မလုပ်နိုင်ရုံသာမက သူမကိုယ်တိုင်ပင် ဒဏ်ရာ ရသွားခဲ့သည်။

လျှိုချင်းယွမ်သည် သူတော်စင်အဆင့်နှစ် တွင်သာ ရှိသည် မဟုတ်ပါလား။

သူမ၏ အင်အားက မုချင်းလန်ထက် မည်သို့ သာလွန်နေရသနည်း။

ကောင်းကင်မီးကို အသုံးပြုပြီးနောက် မုချင်းလန်၏ အင်အားသည် သူတော်စင်အဆင့် ခုနှစ် သို့မဟုတ်ရှစ်နီးပါး ရောက်နေပြီ ဖြစ်သည်။ လျှိုချင်းယွမ်၏ သူတော်စင်အဆင့်နှစ် စွမ်းအားက သူတော်စင်အဆင့် ခုနှစ်နှင့် မည်သို့ယှဉ်နိုင်နေမှန်း မသိနိုင်ပေ။

အကယ်၍ လျှိုချင်းယွမ်သာ သူတော်စင်အဆင့်ငါး အထိ ရောက်သွားပါက ဧကရာဇ်လောင်းတစ်ဦးနှင့်ပင် သူမ ယှဉ်ပြိုင်နိုင်စွမ်း ရှိသွားမည် မဟုတ်ပါလား။

သူမကို အောင်နိုင်ရန်က လွယ်ကူသော အလုပ်တစ်ခု ဟုတ်ပုံမရပေ။

လျှိုချင်းယွမ်ကို မည်သို့ ကိုင်တွယ်လျှင် ကောင်းမလဲဟု လုချန်း စဉ်းစားနေစဉ် လျှိုချင်းယွမ်က အေးစက်စွာဖြင့်

“ရှင့်ရဲ့ အစွမ်းက ဒါပဲဆိုရင်တော့ ရှင့်ရဲ့ ချစ်သူကို ရှင် ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။”

လျှိုချင်းယွမ်၏ စကားများက မုချင်းလန်ကို ရည်ရွယ်ခြင်း ဖြစ်သည်။ လျှိုချင်းချို၏ မှတ်ဉာဏ်များမှတစ်ဆင့် မုချင်းလန်သည်လည်း လုချန်း၏ မိန်းမဖြစ်ကြောင်းနှင့် သူမသည် လုချန်း၏ အိမ်ထောင်ရေး ကံကြမ္မာကြိုးနှင့် ချည်နှောင်နေကြောင်းကိုလည်း လျှိုချင်းယွမ် သိထားသည်။

ထို့နောက် လျှိုချင်းယွမ်က လုချန်းအား

“ရှင်ကတော့ မိန်းမတစ်ယောက်ရဲ့ နောက်ကွယ်မှာပဲ ပုန်းနေတတ်တာပဲ။”

လျှိုချင်းယွမ်၏ စကားကို ကြားသောအခါ လုချန်း သတိပြန်ဝင်လာကာ ခပ်ဖွဖွပြုံးလိုက်ပြီးနောက် ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်ကို အသုံးပြု၍ မုချင်းလန်ကို ကုသပေးလိုက်သည်။ မုချင်းလန် ခံစားခဲ့ရသော ဒဏ်ရာများသည် ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားပြီး သူမ၏ မူလအခြေအနေအတိုင်း ပြန်ရောက်သွားသည်။

မုချင်းလန်က ထပ်မံ တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် လုချန်းက

“လန်... ဘေးမှာ ခဏ နားနေလိုက်ဦး”

ထိုစကားကို ကြားသောအခါ မုချင်းလန် ထိတ်လန့်သွားပြီး အလျင်အမြန် ပြောလိုက်သည်။

“မင်းကြီး... ဒါ မဖြစ်နိုင်ပါဘူး။ သူရဲ့ အင်အားက သူတော်စင်အဆင့်ကိုး နားကို ကပ်နေပြီ။ ရှင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။”

လုချန်းသည် သူတော်စင်အဆင့်သို့ မကြာသေးမီကမှ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သဖြင့် သူ၏ အင်အားက ကန့်သတ်ချက်များစွာ ရှိနေသည်။ သူတော်စင်အဆင့်ငါးတွင် ရှိသော သူမကိုယ်တိုင်ပင် လျှိုချင်းယွမ်ကို မယှဉ်နိုင်ပေ။ ထို့ကြောင့် ထိုအမျိုးသမီးကို လုချန်း ဝင်ရောက် နှိမ်နင်းနိုင်လိမ့်မည်ဟု မုချင်းလန် မယုံကြည်ပေ။

လုချန်းသည် ကောင်းကင်ဧကရာဇ် ဖြစ်ခဲ့သော်လည်း သူ၏ ကောင်းကင်ဧကရာဇ် မှတ်ဉာဏ်များ ပြန်မရသေးသဖြင့် ယခင်ဘဝက အင်အားကို ထုတ်ဖော်နိုင်ရန်က လုံးဝမဖြစ်နိုင်ပေ။

လုချန်းက

“အန္တရာယ်ရှိရင် ကိုယ် ချက်ချင်း ဆုတ်ခွာမယ်။ မင်းပြီးမှ ဝင်တိုက်လဲ ရတာပဲ။”

ပြောပြောဆိုဆိုနှင့် လုချန်း၏ ခန္ဓာကိုယ်မှ သူတော်စင်အဆင့် အရှိန်အဝါများ ထွက်ပေါ်လာသည်။ လုချန်း ထုတ်ဖော်လိုက်သော အရှိန်အဝါကို ခံစားမိသောအခါ လျှိုချင်းယွမ်က အေးစက်စွာ ပြောလိုက်သည်။

“ရှင်က ရှင့်ရဲ့ ကံကြမ္မာကို လက်ခံဖို့ အဆင်သင့် ဖြစ်နေပုံရတယ်။”

ချက်ချင်းဆိုသလိုပင် လျှိုချင်းယွမ်သည် ဥပဒေနိယာမ ပုံရိပ်၏ အစွမ်းကို ထပ်မံ အသုံးပြုလိုက်သည်။ နောက်တစ်ခဏတွင် သူမ၏ နောက်ကွယ်ရှိ ဧရာမ သစ်ပင်ကြီးထံမှ မရေမတွက်နိုင်သော သစ်ရွက်စိမ်းများ ထွက်ပေါ်လာသည်။

မဆိုင်းမတွပင် လုချန်းသည် နတ်သတ်ဓားကို ဆွဲထုတ်လိုက်ပြီး ၎င်းအတွင်းသို့ မူလစွမ်းအား တစ်မျှင်ကို စုစည်းလိုက်သည်။ သူ၏ အစွမ်းကုန်ကို မထုတ်ဖော်ပါက လျှိုချင်းယွမ်၏ တိုက်ကွက်ကို တားဆီးနိုင်မည် မဟုတ်ကြောင်း သူ သိထားသည်။

ထိုသစ်ရွက်များ တဖြည်းဖြည်း စုစည်းသွားသည်ကို ကြည့်ကာ လုချန်း တစ်ခုခု ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် မုချင်းလန်၏ စိတ်ထဲတွင် ပို၍ ပူပန်လာသည်။

ထိုအချိန်တွင် ကောင်းကင်ဧကရာဇ် မသေဆုံးသရွေ့ ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်ကို အသုံးပြု၍ သူ့ကို ကုသပေးနိုင်လိမ့်မည်ဟုတွေးကာ သူမ၏ စိတ်ထဲ ပြန်လည် အားတင်းလိုက်သည်။

လုချန်းက ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်ကို သူမထံသို့ ပေးအပ်ထားသည်မှာ ကြာပြီဖြစ်သည်။ သူမ တစ်ခါမှ မသုံးဖူးသော်လည်း ၎င်း၏ အံ့အားသင့်ဖွယ် ကုသနိုင်စွမ်းကိုမူ သူမ ကောင်းကောင်း သိထားသည်။

ကုသပေးရန် မဆိုထားနှင့် ဝိညာဉ်သာ ရှိနေသေးပါက မည်သည့်အရာကိုမဆို အသက်ပြန်သွင်းပေးနိုင်သည်။

မုချင်းလန် အာရုံပျံ့လွင့်နေစဉ်မှာပင် လုချန်း၏ ပတ်ဝန်းကျင်၌ ဓားစွမ်းအားများ ဝဲလှည့်လာပြီး နတ်သတ်ဓားအတွင်းသို့ တဖြည်းဖြည်း စုစည်းသွားသည်။

လျှိုချင်းယွမ်၏ ရှေ့မှ သစ်ရွက်များ ဧရာမ ဓားရှည်ကြီးတစ်ခုအဖြစ် နောက်ဆုံးတွင် ပေါင်းစည်းသွားသောအခါ လုချန်းက ဓားချက်တစ်ချက်ကို ထုတ်ဖော်လိုက်သည်။

“ရေခဲရှစ်ဆင့်ဓားသိုင်း”

ချက်ချင်းဆိုသလိုပင် အာကာသ ဟင်းလင်းပြင်အတွင်း မရေမတွက်နိုင်သော ရေခဲစအနများ ပေါ်ထွက်လာပြီး အေးစက်လှသော ဓားစွမ်းအားများသည် ဓားရှည်ကြီးထံသို့ တိုက်ရိုက် ဦးတည်သွားသည်။

အေးစက်သော ဓားစွမ်းအား ထွက်ပေါ်လာသည့် ခဏမှာပင် တစ်ခုခု မှားယွင်းနေမှန်း လျှိုချင်းယွမ် သတိပြုမိလိုက်သည်။ ဓားစွမ်းအား၏ အင်အားသည် အလွန်ပြင်းထန်ပုံ မရသော်လည်း အန္တရာယ်ရှိသော ခံစားချက်မျိုး သိသိသာသာကို ပေးနေသည်။

ဥပဒေနိယာမ စွမ်းအားဖြင့် ဖွဲ့စည်းထားသော ဧရာမဓားကြီးနှင့် အေးစက်သော ဓားစွမ်းအားတို့ တိုက်မိသောအခါ စကြဝဠာ ဟင်းလင်းပြင်အတွင်း အဖြူရောင် ဝဲဂယက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး ထိုဝဲဂယက်အတွင်းမှ ကမ္ဘာများ၏ အပိုင်းအစများစွာ လွင့်ထွက်လာသည်။

ကောင်းကင်ဘုံ လမ်းစဉ်၏ ကန့်သတ်ချက်များ မရှိသဖြင့် သူတော်စင်တစ်ဦးသည် သူ၏ အစွမ်းကုန်ဖြင့် ဟင်းလင်းပြင်ကို အလွယ်တကူ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးစေနိုင်သည်။

ဤတစ်ကြိမ်တွင်လည်း အာကာသအလွှာများ ပျက်စီးသွားသော်လည်း ယခင်ကကဲ့သို့ အရာအားလုံးကို ဝါးမြိုပစ်သည့် တွင်းနက်ကြီးတစ်ခုကဲ့သို့ မဟုတ်ပေ။ ယခု ဝဲဂယက်ကတော့ အခြားသော ကြယ်နယ်မြေများမှ အရာများကို ဖရိုဖရဲကြယ်ပင်လယ်အတွင်းသို့ ဆွဲငင်နေသေည်။

အာကာသ တည်ငြိမ်သွားသောအခါ လုချန်းနှင့် လျှိုချင်းယွမ်တို့သည် ဟင်းလင်းပြင်အတွင်း လွင့်ပျံနေဆဲ ဖြစ်သော်လည်း နှစ်ဦးလုံး ချက်ချင်း ထပ်မံ မတိုက်ခိုက်ကြသေးပေ။

လုချန်းလည်း သူ၏ ဓားသိုင်းမှ တန်ပြန်သက်ရောက်မှုကို ခံစားလိုက်ရပြီး သူ၏ ကိုယ်တွင်းကလီစာများ အားလုံး ပျက်စီးသွားသကဲ့သို့ ခံစားနေရသည်။ သူမသည် ဧကရီဝင်စားတစ်ဦးဆိုသည့် အချက်နှင့် အမှန်တကယ်ပင် ထိုက်တန်လှသည်ဟု လုချန်း မတွေးပဲ မနေနိုင်ပေ။ မူလစွမ်းအားကို အသုံးပြုထားတာတောင် သူမကို သူ မနိုင်သေးပေ။

လျှိုချင်းယွမ်လည်း ထိုအချိန်တွင် အခြေအနေ သိပ်မကောင်းလှပေ။ သူမ၏ မျက်နှာက အေးစက်တည်ငြိမ်နေဆဲ ဖြစ်သော်လည်း စိတ်ထဲတွင်မူ အလွန် ထိတ်လန့်နေသည်။

သူမကိုယ်တိုင်လည်း ပြင်းထန်စွာ ဒဏ်ရာရထားပြီး အားတင်းထားခြင်းသာ ဖြစ်သည်။ ဖရိုဖရဲကြယ်ပင်လယ်အတွင်း ဤမျှ အင်အားကြီးသော သူတော်စင်တစ်ဦးနှင့် တွေ့ဆုံရလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။ ထို့ပြင် ဤသူတော်စင်က သူမထက်ပင် ကျင့်စဉ်အဆင့် နိမ့်နေသေးသည်။

ခဏနေပါဦး...

လျှိုချင်းယွမ် လျှိုချင်းချို၏ မှတ်ဉာဏ်များကို ထပ်မံ စစ်ဆေးကြည့်ရာ လုချန်း လျှိုချင်းချိုကို တစ်ခါက ပြောဖူးသော စကားအချို့ကို ရှာတွေ့သွားသည်။

နောက်တစ်ခဏတွင် လျှိုချင်းယွမ်၏ အေးစက်လှသော မျက်နှာတွင် အပြောင်းအလဲ အချို့ ပေါ်ပေါက်လာပြီး သူမ၏ မျက်ခုံးများ မသိမသာ တွန့်သွားသည်။

လျှိုချင်းချို၏ မှတ်ဉာဏ်များမှတစ်ဆင့် လုချန်း၏ ယခင်ဘဝ အဆင့်အတန်းကို လျှိုချင်းယွမ် သိသွားသည်။ လုချန်းသည် ယခင်ဘဝက ရှန်ယွဲ့နိုင်ငံတော် ရှန်ဝူဧကရာဇ်၏ သားတော်ဖြစ်ပြီး လေ့ကျင့်ရန်အတွက် ထျန်းချန်ကမ္ဘာသို့ စေလွှတ်ခြင်း ခံခဲ့ရသူ ဖြစ်သည်။

သူ၏ အင်အား ဤမျှ ကြီးမားနေတာက မထူးဆန်းပေ။ ဤမျှ အစွမ်းထက်သော သူတော်စင်တစ်ဦးသည် အရိုင်း ကြယ်နယ်မြေတွင် မည်သို့ ထွက်ပေါ်လာနိုင်သနည်းဟု သူမ တွေးနေမိခြင်းဖြစ်သည်။

ဤလူယုတ်မာက ရှန်ဝူဧကရာဇ်၏ သားတော် ဖြစ်နေသည် မဟုတ်ပါလား။

ထိုအတွေးတစ်ခုတည်းနှင့်ပင် လျှိုချင်းယွမ် ပို၍ဒေါသထွက်သွားသည်။ ဤစကြဝဠာအတွင်း အနည်းငယ် အင်အားကြီးသော မည်သည့်အဖွဲ့အစည်းမဆို ရှန်ဝူဧကရာဇ်၏ ကျော်ကြားမှုကို သေချာပေါက် သိကြပေလိမ့်မည်။

သူမ၏ ကံကြမ္မာ အဘယ်ကြောင့် ဤမျှ ဆိုးရွားရသနည်း။ သူမ၏ ကိုယ်ပွားသည် ရှန်ဝူဧကရာဇ် သားတော်၏ မျက်စိကျခြင်းကို ခံလိုက်ရခြင်းဖြစ်သည်။ ဒါက ပြဿနာ အချို့ ဖြစ်လာနိုင်သည်။

သူမ၏ နောက်ကွယ်တွင် အင်အားကြီး အဖွဲ့အစည်းတစ်ခု ရှိပြီး သူမ၏ ဆရာက ရှန်ဝူဧကရာဇ်ကို မကြောက်သော်လည်း သူမကြောင့် အင်အားကြီး အဖွဲ့အစည်းနှစ်ခုကြား စစ်ပွဲဖြစ်ပွားပါက သူတို့၏ အစီအစဉ်များကို ပျက်စီးစေနိုင်သည်။

ကြီးမားသော ကပ်ဘေးအန္တရာယ်ကြီး နီးကပ်လာနေပြီ ဖြစ်သဖြင့် ယန်ယန်နန်းတော်အနေနှင့် စစ်ပွဲတစ်ခုအပေါ်တွင် အာရုံစိုက်ရန် အချိန်မရှိပေ။

ထို့ပြင် လုချန်း ပြသခဲ့သော အင်အားအရ သူမ အစွမ်းကုန် တိုက်လျှင်ပင် သူ့ကို သတ်နိုင်မလားဆိုတာ မသေချာနိုင်ပေ။ သူ့ထံ၌ ထူးခြားသော စွမ်းအားတစ်ခု ရှိပုံရပြီး ထိုစွမ်းအားနှင့် ထိတွေ့မိသောအခါ သူမ၏ ဥပဒေနိယာမ စွမ်းအားများ အားနည်းသွားရသည်။

လျှိုချင်းယွမ်က အေးစက်စွာဖြင့်

“ရှင်ဒီလောက် ရဲတင်းနေတာ မဆန်းတော့ဘူး။ ရှင်က ရှန်ဝူဧကရာဇ်ရဲ့ သားတော် ဖြစ်နေတာကိုး။”

နေရခက်သော ခံစားချက် ရှိနေဆဲ ဖြစ်သော်လည်း အရေးကြီးသော ကိစ္စများအတွက် သည်းခံရမည်ဟု လျှိုချင်းယွမ် နားလည်ထားသည်။ ထို့ကြောင့် သူမ၏ ဥပဒေနိယာမများ စွမ်းအားကို ရုပ်သိမ်းလိုက်ပြီး လျှိုချင်းချိုကို သူမ၏ နန်းတော်သို့ ချက်ချင်း ခေါ်သွားရန် ပြင်လိုက်သည်။

ထိုအရာကို မြင်သောအခါ လုချန်းက ခဏခန့်ကြောင်သွားသည်။ သူတို့ ဆက်မတိုက်ကြတော့ဘူးလား။

နေပါဦး...

သူမက လျှိုချင်းချိုကို ခေါ်သွားဖို့ ကြံနေတာလား။

လုချန်းသည် အလင်းအရိပ်ကို အသုံးပြု၍ ကောင်းကင်ထက်ရှိ နန်းတော်၏ ဆုတ်ခွာမည့် လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

“လျှိုချင်းချိုက ကျွန်‌တော့်မိန်းမပဲ။ ခင်ဗျား ထွက်သွားလို့ ရတယ်။ ဒါပေမဲ့ သူကတော့ ဒီမှာ နေခဲ့ရမယ်။”

All Chapters