← Chapters

ချန်းချန်း ခွံ့ကျွေးခြင်း

Vol. 8 Ch. 74

ချန်းချန်း ခွံ့ကျွေးခြင်း

Vol. 8 Ch. 74

ချန်းချန်းလေးက လိမ္မာပါးနပ်စွာနဲ့ “ဟုတ်ကဲ့” လို့ ပြန်ပြောပြီး ပြေးထွက်သွားသည်။ လူအန်းကျီလည်း တစ်ယောက်တည်း ကျန်ခဲ့ပြီး တေးစီစဉ်မှု ပုံစံတွေကို ဆော့ဖ်ဝဲလ်ထဲ အေးအေးဆေးဆေး ထည့်သွင်းနေလိုက်သည်။

ဒါပေမဲ့ ကလေးမလေးက သွားဆော့နေတာ မဟုတ်ပါဘူး။ သူက ကျန်းဆူရှင်း နောက်ကို လိုက်သွားပြီး အလုပ်ကူလုပ်ဖို့ ကြိုးစားနေတာပါ။ ကျန်းဆူရှင်း ပန်းသီးတွေ ထုတ်လာတာကို မြင်တော့ “ချန်းချန်း ဆေးပေးမယ်! ချန်းချန်း ဆေးပေးမယ်!” လို့ အော်ပြီး ခုံတန်းလျား အသေးလေးတစ်ခုကို ရေဆေးကန်နား ဆွဲလာသည်။ အဲဒီခုံပေါ် တက်နင်းပြီး ပန်းသီးဆေးဖို့ ဇွတ်ပူဆာနေတော့တာပါပဲ။

ကျန်းဆူရှင်းက ဘာမှမတတ်နိုင်သလို ပြုံးလိုက်မိပေမဲ့ ကလေးမလေးကို ဆေးခွင့်ပြုလိုက်ပါတယ်။ သူက တခြားပန်းသီးတွေကို အရင်ဆေးလိုက်ပြီး ရေဆေးကန်ထဲမှာ ပန်းသီးအသေးလေး တစ်လုံးပဲ ချန်ထားပေးလိုက်သည်။ ပြီးတော့ ရေကို အသာအယာ ဖွင့်ပေးထားလိုက်သည်။

ကလေးမလေးမှာ အားသိပ်မရှိသလို လက်ကလေးတွေကလည်း လူကြီးတွေလို မသွက်လက်သေးပါဘူး။ ဒါကြောင့် ပန်းသီးမျက်နှာပြင်ကို သူ့လက်ကလေးတွေနဲ့ တစ်ချက်ချင်း ပွတ်တိုက်နေ၏။ ဒါပေမဲ့ သူကတော့ တကယ့်ကို အလေးအနက်ထားပြီး ပွတ်လိုက် ဆေးလိုက် လုပ်နေသည်။

ကျန်းဆူရှင်းက တခြားပန်းသီးတွေကို အခွံနွှာပြီး အတုံးလေးတွေ တုံးပြီးတဲ့အထိ ချန်းချန်းကို စောင့်နေလိုက်၏။ ပြီးတော့ “ဆေးလို့ ပြီးပြီလား?” လို့ မေးလိုက်သည်။

ချန်းချန်းက ကျန်းဆူရှင်းကို ပြုံးပြပြီး “ဆေးပြီးပြီ!” လို့ ဖြေလိုက်သည်။

“ဒါဆို မေမေ့ကို ပေးတော့လေ”

ကျန်းဆူရှင်းက ချန်းချန်းလက်ထဲက ပန်းသီးကို ယူပြီး အခွံနွှာ၊ အတုံးလေးတွေ တုံးပေးလိုက်သည်။ ပြီးတော့ “ကဲ သွားရအောင်၊ ပန်းသီးစားချိန် ရောက်ပြီ” လို့ ပြောလိုက်သည်။ သူမက ချန်းချန်း ကိုယ်တိုင် ကိုင်စားဖို့အတွက် ချန်းချန်းရဲ့ ပန်းကန်အသေးလေးထဲကို အတုံးအချို့ ထည့်ပေးလိုက်ပြီး ကျန်တာတွေကိုတော့ လုအန်းကျီအတွက် ယူလာခဲ့၏။

ဒါပေမဲ့ သူမ လုအန်းကျီဆီ မရောက်ခင်မှာပဲ ချန်းချန်းလေးက နောက်ကနေ တောက်တောက် တောက်တောက်နဲ့ လိုက်လာပြီး “ဖေဖေ့ကို ပေးဦး!” လို့ ပြောလိုက်သည်။

ကျန်းဆူရှင်း ရုတ်တရက် မနာလိုသလို ခံစားလိုက်ရသည်။ ဒီကလေးမလေးကို သူပဲ အမြဲ ပြုစုပျိုးထောင်လာတာ၊ အခု ဖေဖေပေါ်လာတော့ ဖေဖေ့ကိုပဲ သတိရပြီး မေမေ့ကို လုံးဝ မေ့သွားပြီလေ!

“ဒါဆို မေမေကော?”

ကျန်းဆူရှင်းက မေးလိုက်သည်။

ချန်းချန်းက သူ့ရဲ့ ပန်းကန်အသေးလေးကို ကိုင်ထားရင်း “မေမေက ဘာသာဘာဝ စားလေ!” လို့ ပြန်ပြောလိုက်သည်။

ကျန်းဆူရှင်း - “...”

လူကြီးတစ်ယောက်နဲ့ ကလေးတစ်ယောက် ကွန်ပျူတာရှိတဲ့ အခန်းထဲကို ရောက်လာကြ၏။ ကျန်းဆူရှင်းက လုအန်းကျီ ကွန်ပျူတာ ရှေ့မှာ ဆော့ဖ်ဝဲလ်ကို ကျွမ်းကျင်စွာ အသုံးပြုနေတာကို မြင်တော့ “ဘယ်လိုလဲ၊ အဆင်ပြေရဲ့လား?” လို့ မေးလိုက်၏။

လုအန်းကျီက “လုပ်နေတုန်းပဲ၊ နောက်ထပ် ခဏတော့ ကြာဦးမယ်” လို့ ပြန်ဖြေလိုက်သည်။

ကျန်းဆူရှင်းက သစ်သီးပန်းကန်ကို ကွန်ပျူတာ စားပွဲဘေးမှာ ချထားပေးပြီး “ ကျွန်မ ပန်းသီးတွေ လှီးလာတယ်၊ အလုပ်လုပ်ရင်း စားဦး” လို့ ပြောလိုက်သည်။

လုအန်းကျီက ရယ်မောရင်း “ကိုယ်က အလုပ်များနေတာ။ မင်းပဲ ကိုယ့်ကို ခွံ့ကျွေးပါလား?” လို့ စနောက်လိုက်သည်။

ကျန်းဆူရှင်းက လူုအန်းကျီကို ကျောပေးထားတာမို့ သူမရဲ့ အမူအရာကို လူအန်းကျီ မမြင်ရပေမဲ့ မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး “စိတ်ကူးယဉ်မနေနဲ့!” လို့ ရယ်ပြီး ပြောလိုက်သည်။ ဒါပေမဲ့ သူမက သိပ်ပြီးတော့လည်း ငြင်းဆန်မနေပါဘူး။ ဘာပဲဖြစ်ဖြစ် ဒါက သူမအိမ်မှာပဲလေ၊ အပြင်လူလည်း မရှိတာမို့ သွားကြားထိုးတံနဲ့ ပန်းသီးတစ်တုံးယူပြီး လုအန်းကျီကို ခွံ့ကျွေးဖို့ ပြင်လိုက်သည်။

ဒါပေမဲ့ သူမ မလုပ်ခင်မှာပဲ ချန်းချန်းလေးက ကြားထဲကနေ “ချန်းချန်း ခွံ့မယ်! ချန်းချန်း ခွံ့မယ်!” လို့ ဇွတ်ဝင်ပြောလိုက်၏။

ကျန်းဆူရှင်းခမျာ ဘာမှမတတ်နိုင်သလို၊ စိတ်လည်း တိုသလို၊ မနာလိုလည်း ဖြစ်သလို ခံစားလိုက်ရသည်။ ဒီကလေးမလေးဟာ ပုံမှန်နေ့တွေမှာ ကိုယ့်ဘာသာကိုယ် ပန်းသီးစားရင် အခုလို စိတ်အားထက်သန်မှုမျိုး တစ်ခါမှ မပြဖူးပါဘူး!

ချန်းချန်းက အတင်းလုပ်နေတာ မြင်တော့ သူမ လုပ်ဖို့ ပြင်ထားတာကို ရပ်လိုက်ရပါတော့သည်။

ချန်းချန်းက လုအန်းကျီ ဘေးမှာ တိုးကပ်ထိုင်လိုက်ပြီး သူ့ပန်းကန်ထဲက ပန်းသီးတွေကို ကြည့်လိုက်၊ စားပွဲပေါ်က ပန်းကန်ကို ကြည့်လိုက် လုပ်နေပါသည်။ နောက်ဆုံးတော့ သူ့ပန်းကန်ထဲကဟာကို နှမြောတာနဲ့ စားပွဲပေါ်က ပန်းကန်ထဲက ပန်းသီးတစ်တုံးကို ယူပြီး အမြင့်ကို မြှောက်လိုက်သည်။ “ဖေဖေ၊ အား——“

လုအန်းကျီ ပါးစပ်ဟပေးလိုက်တော့ ကလေးမလေးက ပန်းသီးကို ပါးစပ်ထဲ ထည့်ပေးလိုက်သည်။ သူက ဝါးစားရင်း “ချန်းချန်းလည်း စားဦးလေ” လို့ ပြောလိုက်၏။

ချန်းချန်းက “အင်း၊ အင်း၊ ချန်းချန်းက ကိုယ့်ဘာသာကိုယ် စားတတ်တယ်” လို့ ပြောပြီး သူ့ပန်းကန်ထဲက တစ်တုံးကို ယူပြီး ပါးစပ်ထဲ ထည့်ဝါးနေ၏။

လုအန်းကျီက ချန်းချန်းကို တစ်ချက်ကြည့်ပြီး ပြုံးလိုက်သည်။ ပြီးတော့ အလုပ်ကို ဆက်လုပ် နေ၏။ ဒါပေမဲ့ အလုပ်လုပ်နေရင်း ရုတ်တရက် ကျောထဲ စိမ့်သွားတာကြောင့် နောက်ကို လှည့်ကြည့်လိုက်တဲ့အခါ ကျန်းဆူရှင်းက ကုတင်လေးပေါ်မှာ ထိုင်ပြီး သူ့ကိုရော ချန်းချန်းကိုပါ စူးစူးစိုက်စိုက် ကြည့်နေတာကို တွေ့လိုက်ရသည်။

သူ ချက်ချင်း သဘောပေါက်သွားပြီး ချန်းချန်းကို “မေမေ့ကိုလည်း တစ်တုံး ခွံ့ပေးဦးလေ” လို့ ပြောလိုက်ပါသည်။

အဲဒီတော့မှ ချန်းချန်းက စားပွဲပေါ်က ပန်းကန်ထဲက တစ်တုံးကို ယူပြီး ကျန်းဆူရှင်းကို “မေမေ တစ်ခု” ဆိုပြီး ကျွေးလာ၏။ ကလေးမလေးက အခုထိ အရေအတွက်ကို သေချာ မခွဲတတ်သေးတာကြောင့် အရာအားလုံးကို “တစ်ခု” လို့ပဲ သုံးနေတာပါ။

ကျန်းဆူရှင်းလည်း အဲဒီပန်းသီးတုံးကို စားလိုက်ပါတယ်။ လုအန်းကျီကိုတော့ အကြီးအကျယ် စိတ်မဆိုးရက်တာကြောင့် ချန်းချန်းကို အတင်းပြုံးပြပြီး “ကျေးဇူးပဲ ချန်းချန်း” လို့ ပြောလိုက်သည်။

ချန်းချန်းကတော့ တခစ်ခစ် ရယ်နေပေမဲ့ “ရပါတယ်” လို့ ပြန်ပြောဖို့တော့ မတတ်သေးပါဘူး။

နောက်ပိုင်းမှာတော့ ကလေးမလေးက တစ်တုံးပြီး တစ်တုံး လိုက်ခွံ့ကျွေးနေ၏။ လူအန်းကျီနဲ့ ကျန်းဆူရှင်းက ကိုယ့်ဘာသာကိုယ် ယူစားရင်လည်း သူက အခွင့်မပေးပါဘူး၊ သူကိုယ်တိုင် ခွံ့ကျွေးမှ ကျေနပ်တာပါ။

“ဖေဖေ တစ်ခု”

“မေမေ တစ်ခု”

“ချန်းချန်း တစ်ခု”

...

သူ့ပန်းကန်ထဲက ပန်းသီးတွေ ကုန်တဲ့အထိ အလှည့်ကျ ခွံ့ကျွေးနေသည်။ အဲဒါ ကုန်သွားတော့မှ စားပွဲပေါ်က ပန်းကန်ထဲကဟာတွေကို ဆက်ပြီး ခွံ့ကျွေးပါတယ်။ နှစ်ပန်းကန်လုံး ကုန်သွားတော့မှပဲ ကလေးမလေးက စိတ်ကျေနပ်သွားပါတော့တယ်။

လူအန်းကျီရဲ့ အလုပ်ကလည်း သိပ်ပြီး နှေးမသွားပါဘူး။ တစ်မနက်တောင် မပြည့်ခင်မှာ “ခရစ်တော်မပေါ်မီက အချစ်” သီချင်းအတွက် တေးစီစဉ်မှု အားလုံးကို ထည့်သွင်းပြီးသွားပါပြီ။

အဲဒီနောက်မှာတော့ ကျန်းဆူရှင်းက ချန်းချန်းကို အပြင်သွားဖို့ အဝတ်အစားလဲပေးပြီး သူမကိုယ်တိုင်လည်း လဲလှယ်လိုက်ပါသည်။ လူအန်းကျီကတော့ အဲဒီအချိန်အတောအတွင်းမှာ ဂီတမူပိုင်ခွင့် ဝဘ်ဆိုက်ထဲ ဝင်ပြီး တေးစီစဉ်မှုကို တင်လိုက်ပါတယ်။ ပြီးတော့ သူတို့ သုံးယောက်သား အတူတူ ထွက်လာခဲ့ကြသည်။

စုန့်ရှောင်ချင်း အိမ်ကို အငှားကားနဲ့ သွားနေတဲ့လမ်းမှာ ကျန်းဆူရှင်းက စုန့်ရှောင်ချင်းဆီ ဖုန်းဆက်ပြီး စားသောက်ဆိုင်တစ်ခုမှာ နေ့လယ်စာ အတူစားဖို့ ချိန်းလိုက်သည်။

ဒီနေ့ မိုးတိတ်သွားပြီ ဖြစ်သလို နေ့လယ်ဘက်မှာလည်း သိပ်မပူပါဘူး။ သူတို့အားလုံး ရီဖင်နေအိမ် အပြင်ဘက်က စားသောက်ဆိုင် ရှေ့မှာ ဆုံကြပြီး အထဲဝင်ပြီး ဟင်းမှာကြ၏။

ဟင်းတွေ စောင့်နေတဲ့ အချိန်မှာ စုန့်ရှောင်ချင်းက ချန်းချန်းကို ခဏလောက် စနောက်နေပြီးနောက် လုအန်းကျီနဲ့ ကျန်းဆူရှင်းကို မေးလိုက်ပါတယ် - “ကျုံ့ပေါ်က ‘ခရစ်တော်မပေါ်မီက အချစ်’ ကို တကယ်ပဲ မကြိုက်တာလား?”

ကျန်းဆူရှင်းက ခေါင်းငြိမ့်ပြပြီး “ကျုံ့ပေါ်ကတော့ ဒါက ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်လို့ ပြောတာပဲ၊ ဒါပေမဲ့ သူကိုယ်တိုင်လည်း အဲဒီလိုပဲ ခံစားရတယ်လို့ ငါထင်တယ်။ ဒါပေမဲ့ စဉ်းစားကြည့်ရင်လည်း ဟုတ်ပါတယ်။ သူ့အတွက် အဆိုတော် ဘုရင် ဘွဲ့ကို စိန်ခေါ်ရမယ့် အရေးကြီးတဲ့ အယ်လ်ဘမ်ဆိုတော့ အန္တရာယ် မများဘဲ သေချာတာကိုပဲ လုပ်ချင်တာ ဓမ္မတာပါပဲ” လို့ ပြောပါတယ်။

စုန့်ရှောင်ချင်းကတော့ မကျေမနပ်နဲ့ “ဟင်း... ဘာသေချာတာလဲ? နင်ကတော့ သူ့ဘက်ကနေ ဆင်ခြေတွေ ပေးနေတာပဲ! ငါကြည့်ရသလောက်တော့ သူက အမြင်မရှိတာပဲ။ ဒီသီချင်းက အဲဒီလောက် ကောင်းတာကို! သူ မဆိုရင် ငါတို့ဘာသာ ငါတို့ ဆိုကြမယ်။ နင်ပြောသလိုပဲ အင်တာနက်ပေါ် တင်လိုက်မယ်။ အဲဒီသီချင်း ပေါက်သွားတဲ့အခါ သူတို့ နောင်တရပြီး သေသွားစေရမယ်!” လို့ ဆိုပါတယ်။

လူအန်းကျီလည်း ရယ်မောရင်း “ဟုတ်တယ်၊ ပေါက်သွားတဲ့အခါ သူတို့ တကယ်ကို နောင်တရလိမ့်မယ်!” လို့ လိုက်ပြောလိုက်သည်။

တကယ်တော့ သူကိုယ်တိုင်လည်း ဒီသီချင်းက အခုချက်ချင်း ပေါက်ပါ့မလားဆိုတာ မသေချာပါဘူး။ ဒါပေမဲ့ အခု မပေါက်ရင်တောင် တစ်ချိန်ချိန်မှာတော့ သေချာပေါက် ပေါက်လာမှာပါ။

ဒါပေမဲ့ နောင်တစ်ချိန်မှာ ကျုံ့ပေါ်နဲ့ သူ့ကုမ္ပဏီကို နောင်တရစေမှာက “ခရစ်တော်မပေါ်မီက အချစ်” တစ်ပုဒ်တည်းတော့ မဟုတ်လောက်ပါဘူး... ဘာပဲဖြစ်ဖြစ် အခုလောလောဆယ်တော့ ဒီသီချင်းကို အရင် အသံသွင်းကြတာပေါ့။

နေ့လယ်စာ စားပြီးတော့ ကျန်းဆူရှင်းက ပိုက်ဆံရှင်းပေးလိုက်ပြီး အားလုံး အတူတူ ရီဖင်နေအိမ်ထဲက စုန့်ရှောင်ချင်း အိမ်ကို သွားကြ၏။

ချန်းချန်းလေးကတော့ အားအင်တွေ ပြည့်နေပြီး နေ့လယ်ဘက် အိပ်မယ့်ပုံ မပေါ်ပါ။ လုအန်းကျီနဲ့ ကျန်းဆူရှင်းလည်း သူ့ကို မတားတော့ဘဲ အသံသွင်း စတူဒီယိုထဲကိုပဲ အတူခေါ်သွားကြသည်။

စတူဒီယိုထဲမှာ စုန့်ရှောင်ချင်းက လိုအပ်တဲ့ စက်ကိရိယာတွေကို တစ်ခုပြီးတစ်ခု ဖွင့်လိုက်ပါတယ်။ ပြီးတော့ လူအန်းကျီကို ဂီတမူပိုင်ခွင့် ဝဘ်ဆိုက်ထဲ ဝင်ခိုင်းပြီး “ခရစ်တော်မပေါ်မီက အချစ်” ရဲ့ တေးရေး၊ တေးသံနဲ့ တေးစီစဉ်မှုတွေကို ကွန်ပျူတာထဲ ဒေါင်းလုဒ် ဆွဲခိုင်းလိုက်သည်။

အင်တာနက် လိုင်းတွေ ကောင်းလာတာကြောင့် ဒေါင်းလုဒ် ဆွဲရတာလည်း အရင်ကထက် အများကြီး ပိုမြန်လာသည်။

စာရွက်စာတမ်းတွေ အားလုံး ရသွားပြီဆိုတော့ စုန့်ရှောင်ချင်းက အဲဒါတွေကို ဖွင့်ကြည့်ပြီး “ဒီတစ်ခါကတော့ နမူနာ သွင်းတာ မဟုတ်ဘူး၊ တကယ့် သီချင်းအဖြစ် အသံသွင်းမှာဆိုတော့ ငါတို့ အလေးအနက်ထားဖို့ လိုတယ်။ အလုပ်က နှေးနေရင်လည်း စိတ်မပူနဲ့နော်” လို့ ပြောလိုက်၏။

All Chapters