← Chapters

အမျိုးသမီးနှင့် ဘုန်းတော်ကြီး

Vol. 13 Ch. 182

အမျိုးသမီးနှင့် ဘုန်းတော်ကြီး

Vol. 13 Ch. 182

နံနက်ခင်းတွင် စောစီးစွာ နိုးနေသည့် ယောင်ရှုသည် သူမ၏ ဆံပင်ရှည်များအား ချစ်စဖွယ်ကောင်းစွာ နှစ်ဖက်ခွဲစည်းလိုက်သည်။

မိတ်ကပ်မလိမ်းထားသည့် မျက်နှာပြောင်လေးသည် အလွန်အမင်း နူးညံ့ကာ လှပနေဆဲ ဖြစ်သဖြင့် ကျေနပ်မှုအပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။ သီချင်းညည်းရင်း သူမ၏အခန်းမှ ထွက်လာခဲ့သည်။

ယနေ့သည် ဂျိုကာရွှယ်၏ “မင်းကို တွေ့မြင်လိုက်တယ်လို့ ထင်မြင်မိတယ်” ဆိုသည်ကို လေ့ကျင့်ရမည် ဖြစ်သည်။ လတ်တလောတွင် သူမ၏ အိုင်ဒဲလ်နှင့် ရင်းနှီးမှု ရရှိပြီးသည့်နောက်တွင် သူ၏ အကြိုက်အား ပိုမိုနားလည်လာပြီဖြစ်သည်။ သူမသီဆိုခဲ့သည့် သီချင်းများသည် “အမိမြေ” ကဲ့သို့ လူသိများ ထင်ရှားသည့် တေးသီချင်းများ ဖြစ်ပေသည်။

ပေါ့ပါးသည့် ခြေလှမ်းများဖြင့် ယောင်ရှုသည် ကျောက်တုံးပြာလမ်းကလေးတွင် လမ်းလျှောက်နေလေသည်။ သူမလေ့ကျင့်သီဆိုနေသော သီချင်းများအတွက် ကောင်းမွန်သည့်ခံစားချက် ရရှိရန် လိုအပ်ပေသည်။

ထိုသို့ဖြင့် သူမလေ့ကျင့်နေမြဲဖြစ်သည့် နေရာသို့ ရောက်ရှိလာလေသည်။ သို့သော်လည်း သူမသည် ရင်းနှီးခြင်းမရှိသည့် ပုံရိပ်တစ်ခုအား မြင်တွေ့လိုက်ရသည်။

ဗုဒ္ဓဘုန်းတော်ကြီးတစ်ပါးသည် ကြီးမားလှသည့် ကျောက်တုံးကြီး၏ထိပ်တွင် ဣန္ဒြေသိက္ခာအပြည့်ဖြင့် တရားထိုင်နေလေသည်။

“ဟမ်.. အဲဒါက ဘုန်းကြီးလား” ယောင်ရှုသည် သူမ၏ ဦးခေါင်းအား အနည်းငယ်စောင်းလိုက်သည်။ သူမ သေချာစွာ မှတ်မိနေသည်မှာ ကျောင်းတော်တွင် ဘုန်းကြီးတစ်ပါးမျှ မရှိချေ။

ရုတ်တရက်ဆိုသလို နားလည်သဘောပေါက်သွားသည့်အတွက် သူမမျက်လုံးများ လက်လာသည်။

ဟုတ်သားပဲ။ အင်အားကြီး လေးရပ်ရဲ့ တာအိုဖလှယ်ခြင်းညီလာခံက စတင်တော့မှာပဲ။ အနောက်အရပ်ရဲ့ ဗုဒ္ဓလောက ကလည်း သူတို့ရဲ့ကိုယ်စားလှယ်ကို လွှတ်လိုက်ပြီ။ ဆိုတော့ ဒီဘုန်းကြီးက ဗုဒ္ဓလောကရဲ့ ကိုယ်စားလှယ် ဖြစ်ရင်ဖြစ် ဖြစ်ရင် သူတို့ရဲ့ နောက်လိုက်ပဲ ဖြစ်ရမယ်။

အဲဒီတော့ သူက ငါ့အိုင်ဒဲလ်ရဲ့ ရန်သူပေါ့။

ပရိသတ်တစ်ဦး၏ တာဝန်ဆိုသည့် မီးတောက်သည် သူမကိုယ်တွင်း၌ လောင်ကျွမ်းလာလေပြီ။ အန်လင်းအား ကူညီကာဖြင့် ရန်သူ၏ အချက်အလက်များအား စုဆောင်းရမည့်အချိန်ဖြစ်သည်။

တရားထိုင်နေခြင်း ဖြစ်သည်ကြောင့် ဘုန်းတော်ကြီးသည် မျက်လုံးများအား တင်းတင်းပိတ်ထားလေသည်။

အင်း.. လူသားခေါင်းလောင်းလေးနဲ့ အရင်ဆိုး နှိုးလိုက်တာပေါ့။

မေးစေ့အား အသာပွတ်ကာဖြင့် ယောင်ရှုသည် သူမ၏ စိတ်ထဲတွင်ဆုံးဖြတ်ချက် ချမှတ်လိုက်သည်။ ဘုန်းတော်ကြီး၏ နံဘေးသို့ လျှောက်လှမ်းသွားလိုက်ပြီး ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ထို့နောက်တွင် မနှေးမမြန်သည့်နှုန်းဖြင့် သီချင်းသီဆိုလေသည်။

“ကျွန်မဘေးနား ရှင်ရှိနေချိန်ဆို အရာအားလုံးဟာ ပျော်စရာတွေနဲ့ ပြည့်နေလေတယ်.. လူတွေဟာ ပြောမထွက်နိုင်သည့် ချစ်စကားတွေကို မြေကြီးထဲ မြှုပ်နှံပစ်တယ်.. အဝေးကနေ သူတို့ကိုယ်သူတို့ ရပ်ကြည့်နေကြလေတယ်.. ရှင့်ရဲ့အသံကို ကြားမိတယ်.. နှလုံးသားထဲက ရှင့်ကို ဆုံတွေ့ဖို့ရန် ကြောက်ရွံ့တာကြောင့် ကျွန်မပုန်းနေမိခဲ့တယ်..”

သူမ၏အသံမှာ လှပပြီး သီချင်းသံစဉ်မှာ သာယာပေသည်။ သို့သော်လည်း ဘုန်းတော်ကြီး၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားလေသည်။

ထိုအခြင်းအရာအား မြင်သည့်အခါတွင် ယောင်ရှုသည် အောင်ပွဲခံသည့်အနေဖြင့် သူမ၏ ဦးခေါင်းအား အသာမော့လိုက်ပြီး ဆက်လက်သီဆိုလေသည်။

ဟိဟိ.. ရှင်ဆက်ပြီး တရားထိုင်နေသရွေ့ ကျွန်မက ဆိုနေဦးမှာပဲ။

အဆုံးတွင် ဘုန်းတော်ကြီးသည် မျက်လုံးများဖွင့်ကာဖြင့် အစိမ်းရောင်ဝတ်စုံနှင့် မိန်းမပျိုအား ကြည့်လိုက်သည်။

သူ၏မျက်နှာတွင် စိတ်ဆိုးသည့် အရိပ်အယောင် အနည်းငယ်မျှပင် ရှိမနေချ။ လက်အုပ်ချီကာဖြင့် သူမအား အနည်းငယ် ဦးညွှတ်လိုက်လေသည်။ ထို့နောက်တွင် အဝေးသို့ လျှောက်လှမ်းသွားတော့သည်။

“ဟမ်.. ဘုန်းကြီး ရှင်က အခုလိုပဲ ထွက်ခွာသွားတော့မလို့လား”

ဘုန်းတော်ကြီးသည် စကားတစ်ခွန်းမျှ မဆိုဘဲနှင့် ထွက်ခွာသွားသည်ကို မြင်လိုက်သည့်အခါ ယောင်ရှုသည် ထိတ်ထိတ်ပျာပျာဖြင့် အော်လိုက်မိလေသည်။

ဘုန်းတော်ကြီးသည် စဉ်းစားမရနိုင်ဘဲနှင့် ရှိနေသည်ကြောင့် ယောင်ရှုအား ကြည့်လိုက်သည်။ “ဒါယိကာမလေး.. ဒီရိုးဖြောင့်တဲ့ ဘုန်းကြီးရဲ့ တရားထိုင်နေခြင်းက အသင့်ရဲ့ သီဆိုမှုကို အနှောင့်အယှက်ပေးနေမိတယ်လို့ ခံစားမိပါတယ်။ အဲဒါကြောင့် ထွက်ခွာသွားရခြင်းပါ”

“အနှောင့်အယှက် မဖြစ်ပါဘူး။ ဘာလို့ ဒီမှာဆက်ပြီး တရားမထိုင်ရတာလဲ” ယောင်ရှု ရယ်မောလိုက်သည်။

ဘုန်းတော်ကြီးမှာ ရှုံ့မဲ့သွားလေသည်။ အနှောင့်အယှက်မဖြစ်ဘူးဆိုတာက ဘာကိုဆိုလိုပါသနည်း။ သူ့အနေဖြင့် ဒါယိကာမလေးသည် သူ၏ တရားထိုင်ခြင်းအား နှောင့်ယှက်နေခြင်းဖြစ်သည့်အတွက် ထွက်ခွာသွားရခြင်းဟု ပြောဆိုရမည်လား။

“အာ.. ဟုတ်သားပဲ။ ဒီက ထင်ရှားတဲ့ ဘုန်းတော်ကြီးရဲ့ အမည်ကို သိပါရစေလား” ယောင်ရှုသည် မိတ်ဖြစ်ဆွေဖြစ် စကားစမြည် ပြောလိုက်သည်။

ဘုန်းတော်ကြီးသည် လက်အုပ်ချီကာဖြင့် ကြင်နာစွာ ပြောလေသည်။ “ကျွန်ုပ်ကိုယ် ကျွန်ုပ် ထင်ပေါ်ကျော်ကြားတဲ့ ဘုန်းတော်ကြီးလို့ မသတ်မှတ်ရဲပါဘူး။ ဒီရိုးရှင်းရဲ့ ဘုန်းတော်ကြီးရဲ့ ဘွဲ့အမည်ကို ချင်ကျစ်လို့ခေါ်ပါတယ်”

“အိုး.. မင်္ဂလာပါ။ ကျွန်မနာမည်က ယောင်ရှုပါ” ထိုသို့ပြောရင်း ယောင်ရှုသည် ယဉ်ကျေးစွာဖြင့် ဘုန်းတော်ကြီးထံ လက်ကမ်းလိုက်လေသည်။

သူမ၏ လက်အားကြည့်ကာဖြင့် ချင်ကျစ်သည် အနည်းငယ် ကြောင်အနေမိပြီးနောက် အနောက်သို့ ဆုတ်လိုက်သည်။ “အာ.. ဆရာသခင်က မှာကြားထားပါတယ်။ အမျိုးသမီးတွေနဲ့ ကိလေသာအထိအတွေ့ကို ရှောင်ကြဉ်ရပါမယ်။ တောင်းပန်ပါတယ်”

“ဟမ်.. လက်ဆွဲနှုတ်ဆက်တာကို ကိလေသာအထိအတွေ့လို့ သတ်မှတ်တာလား” ယောင်ရှု၏ မျက်လုံးများသည် မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်လာလေသည်။

ချင်ကျစ်၏မျက်နှာသည် အနည်းငယ်နီမြန်းလာပြီး သူမထံမှ အကြည့်လွှဲလိုက်သည်။

သူ့အနေဖြင့် လှပသည့် အမျိုးသမီးများအား မမြင်ဖူးခဲ့ခြင်း မဟုတ်ပါ။ သို့သော်လည်း အမျိုးသမီးများနှင့် ယခုလိုမျိုး ထိတွေ့ဖူးခြင်းမရှိချေ။ ထို့ကြောင့် လက်ဆွဲနှုတ်ဆက်ခြင်းအား အလိုအလျောက်ပင် ငြင်းပယ်မိခြင်းဖြစ်သည်။

ချင်ကျစ်သည် ရောင်စုံကျောက်သစ်တောအုပ်တွင် တစ်ကိုယ်တည်း တရားကျင့်ကြံနေသည်မှာ နှစ်ပေါင်း ၂၀ ရှိပြီ ဖြစ်သည့်အတွက် သူ၏စိတ်သည် ညစ်နွမ်းခြင်း စိုးစိမျှပင် မရှိချေ။ သို့သော်လည်း စက္ကူဖြူတစ်ရွက်နှင့်တူသည့် စိတ်ကြောင့် လောက၏ အစွန်းအထင်းအား ပို၍ခံစားလွယ်လေသည်။

ယောင်ရှုသည် လက်ဆွဲနှုတ်ဆက်ရန် ငြင်းပယ်ခံလိုက်ရခြင်းအား စိတ်ထဲမထားပေ။ လက်နောက်ပစ်ကာဖြင့် ချင်ကျစ်အား အစုန်အဆန် ကြည့်နေလေသည်။

သူမ၏ အကြည့်များသည် ချင်ကျစ်အား အနည်းငယ် မသက်မသာဖြစ်လာစေသည်။ အနည်းငယ် ဦးညွှတ်လိုက်ပြီးနောက်တွင် “ဒါယိကာမလေး.. အကယ်၍ အခြားသောကိစ္စရပ် မရှိတော့ဘူးဆိုရင် ဒီဘုန်းတော်ကြီးက ဒီနေရာကို စွန့်ခွာပါတော့မယ်”

“ခဏလေး။ ဗုဒ္ဓလောကရဲ့ ကိုယ်စားလှယ်တွေကို သိလို့ရမလား”

ချင်ကျစ်သည် လျင်လျင်မြန်မြန် ထွက်ခွာလိုနေသည့်အတွက် အဖြေအား မြန်မြန်ဆန်ဆန်ပင် ပေးလိုက်သည်။ “ဒီဘုန်းတော်ကြီးနဲ့အတူ ညီငယ်နှစ်ပါးဖြစ်ကြတဲ့ ချင်ယန် နဲ့ ချင်ရှင်းပါ”

ထိုစကားအားကြားသည့်အခါ ယောင်ရှုမှာ အသက်ရှူသွင်းလိုက်မိသည်။ ဘုန်းတော်ကြီး၏ မြင့်မြတ်သည့် သွင်ပြင်အား ကြည့်ကာဖြင့် “နောက်နေတာ မဟုတ်ဘူးမလား”

ချင်ကျစ်သည် လက်အုပ်ချီကာဖြင့် တည်ငြိမ်စွာဆိုလေသည်။ “ဘုန်းတော်ကြီးများက လိမ်လည်စကား မဆိုပါ”

“အဲဒါဆိုရင် ရှင်တို့ရဲ့ ကျင့်ကြံခြင်းအခြေခံက ဘယ်လောက်လဲ”

ချင်ကျစ်မှာ ပြောရလွယ်ကူသည်ဟု ယောင်ရှုခံစားမိသည်။ ထို့ကြောင့် မေးခွန်းများ ဆက်တိုက်မေးနေမိခြင်းပင်။

“ဒါကတော့...” ချင်ကျစ်၏ မျက်နှာတွင် တွေဝေမှုများ ပေါ်လာသည်။

“ပြောပြမယ်ဆိုရင် သွားခွင့်ပြုမယ်” ယောင်ရှု ရယ်မောလိုက်သည်။

“ကျွန်ုပ်ရဲ့ ကျင့်ကြံခြင်းကတော့ ဝိညာဉ်ဖွဲ့စည်းခြင်းတစ်ပိုင်း အဆင့်မှာပါ” ချင်ကျစ်သည် ချက်ချင်းဆိုသလို ဖြေကြားလေသည်။ “ညီငယ်နှစ်ဦးကတော့ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်တွေပဲ ဖြစ်ပါတယ်”

ယင်းအား ကြားသည့်အခါ ယောင်ရှုသည် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ထိုသည်ကိုကြည့်လျှင် သူမတို့၏ ကျောင်းတော်သည် တာအိုဖလှယ်ခြင်းညီလာခံအား အိတ်ထဲတွင် ထည့်ထားသကဲ့သို့ပင် ဖြစ်လေသည်။

“ဒါယိကာမလေး.. ဒီဘုန်းတော်ကြီးက အခုပဲ ထွက်ခွာပါတော့မယ်”

ချင်ကျစ် ထွက်ခွာရန် လှည့်လိုက်စဉ်မှာပင် သူ၏နောက်ကျောဘက်မှ ခပ်စူးစူးအသံတစ်သံ ထွက်ပေါ်လာလေသည်။

“အိုး.. ချင်ကျစ်”

ချစ်ကျစ်သည် ခေါင်းလှည့်ကာဖြင့် “ဘာကိစ္စ ရှိလို့ပါလဲ”

“ကျွန်မကို တစ်ချိန်လုံး ဒါယိကာမလေးလို့ မခေါ်ပါနဲ့။ ကျွန်မမှာလည်း နာမည်ရှိပါတယ်။ နောက်များကျ မိန်းကလေး ရှုလို့ခေါ်ပေါ့” အစိမ်းရောင်ဝတ်စုံနှင့် မိန်းမပျိုလေးသည် ချိုသာစွာ ပြုံးလိုက်သည်။

နွေးထွေးလှသည့် နေရောင်အောက်တွင် သူမ၏ အပြုံးလေးသည် အလွန်လှပနေလေသည်။

“မိန်း.. မိန်းကလေးရှု ဟုတ်လား” သူ၏အရှေ့တွင် ရှိနေသည့် အမျိုးသမီးလေးအား ကြည့်ကာဖြင့် ချင်ကျစ်၏ နှလုံးသားမှာ အနည်းငယ် လှိုင်းထန်နေလေသည်။

“အင်း” ချင်ကျစ်သည် သူမ၏နာမည်အား ခေါ်ဆိုလာသည်ကြောင့် ယောင်ရှုသည် ပြုံးကာဖြင့် ခေါင်းညိတ်လိုက်သည်။

ချင်ကျစ်၏စိတ်အာရုံမှာ ယခင်ကဲ့သို့ တည်ငြိမ်နိုင်ခြင်း မရှိတော့ချေ။

အချက်ပေးလိုက်သကဲ့သို့ ဖြစ်သည်ကြောင့် ယောင်ရှုအား ခေါင်းညိတ်ပြလိုက်ပြီး အလျင်စလိုပင် အကြည့်လွှဲလိုက်သည်။ ထို့နောက်တွင် သုတ်သုတ်ပျာပျာဖြင့် ထွက်ခွာသွားတော့သည်။

ထိတ်ထိတ်ပျာပျာ ထွက်ခွာသွားသည့် ဘုန်းတော်ကြီးအား ကြည့်ကာဖြင့် ယောင်ရှုသည် သူမပါးစပ်အား လက်ဖြင့်အုပ်ကာ ရယ်မောလိုက်သည်။ “ဒီဘုန်းကြီးကတော့ အရမ်းကို ထုံအလွန်းတယ်။ ငါ့အိုင်ဒဲလ်အတွက် ပြိုင်ဘက်မဟုတ်ဘူး”

ကနဦးတွင် သူမသည် ချင်ကျစ်အား ထို့ထက်ပို စနောက်ချင်သေးသော်လည်း အလွန်ရိုးသားစွာ ပူးပေါင်းဆောင်ရွက်နေသည်ကို မြင်လိုက်ရသည့်အခါတွင် စနောက်လိုစိတ် မရှိတော့ချေ။ ထို့ကြောင့် ထွက်ခွာခွင့်ပြုလိုက်ခြင်းပင်။

“ကောင်းပြီ။ ဒီနေ့တော့ သီချင်းဆိုလေ့ကျင့်တာကို နားလိုက်တော့မယ်။ ဒီသတင်း အန်လင်းကို မြန်နိုင်သမျှမြန်မြန် ပြောရမယ်။ အဲဒါမှ စိတ်ပိုင်းဆိုင်ရာကို ကြိုတင်ပြင်ဆင်ထားလို့ရမှာ” ယောင်ရှုသည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် တောင်အောက်သို့ ဆင်းလာလေသည်။ မယုံကြည်နိုင်လောက်အောင်ပင် အန်လင်းသည် သူမအား အလွန်လေးစားသည့် မျက်လုံးများဖြင့် ကြည့်လာသည်။ ချက်ချင်းဆိုသလိုပင် သူမမှာ လွန်စွာတက်ကြွလာတော့သည်။

တစ်ချိန်တည်းမှာပင် ကြီးမားလှသည့် လှေကြီးတစ်စင်းသည် တိမ်တိုက်များအား ခွင်းကာဖြင့် အဝေးမှ ပျံသန်းလာနေသည်။

လှေကြီးသည် အဝါဖျော့ရောင်ဖြစ်သည်။ တည်ဆောက်ထားပုံမှာ ရိုးရှင်းသော်လည်း အထင်ကြီးလောက်စရာပင်။ အလင်းတောင်ပံနှစ်ခုအား တဖျတ်ဖျတ်ခတ်ကာဖြင့် ပျံသန်းလာနေခြင်းဖြစ်သည်။ လှေတစ်ခုလုံးအား အဖြူရောင်အလင်းများ လွှမ်းခြုံနေပြီး အဆုံးမဲ့သန့်စင်ခြင်းကို ပေးစွမ်းနေလေသည်။

အခြားတစ်ဖက်တွင် ငွေဖြူရောင်အပြားတစ်ခုသည် ဖြည်းညင်းစွာ ပျံသန်းလာနေလေသည်။

ပြင်ဘက်အလွှာသည် တောင့်တင်းပုံရပြီး သတ္တုရောင်တောက်ပနေလေသည်။ ယင်း၏အောက်ခြေတွင် လျှပ်စီးများ လက်နေလေသည်။ မသိသူများအနေဖြင့် ယင်းသည် စက်တပ်ယာဉ်တစ်မျိုးဟု ထင်နိုင်ပေသည်။ သို့သော်လည်း ၎င်းမှာ ဧရာမသတ္တဝါကြီး ဖြစ်လေသည်။

အဝိုင်းပြား၏ အထဲတွင် လူသုံးဦးရှိပြီး၊ သစ်ကိုင်းသစ်မြစ်များဖြင့် ရောယှက်နေသူတစ်ဦး၊ ရင်ဘတ်တွင် မီးတောက်များ လောင်ကျွမ်းနေသည့် ကျောက်ဘီလူးတစ်ဦး နှင့် သူ၏ခန္ဓာကိုယ်မှ သစ်သီးများကို ပြန်လည်ကာ ခူးယူစားသုံးနေသည့် ထူးခြားသည့်သူတစ်ဦးတို့ ဖြစ်ကြသည်။

ထိုအရာများသည် ဖန်ဆင်းခြင်းဘုံမှ ရောက်ရှိလာကြပြီး ဖန်တီးခြင်းခန်းမ၏ အထွတ်အထိပ် ပါရမီရှင်များ ဖြစ်ကြသည်။ မြင်ကွင်းထဲတွင် ပေါ်လာသည့် လွင့်မျောနေသော ကုန်းမြေကြီးအား ကြည့်ကာဖြင့် ယင်းတို့၏ မျက်နှာများတွင် စိတ်အားထက်သန်မှုနှင့် စိတ်လှုပ်ရှားမှုတို့ ပေါ်လာလေသည်။

တာအိုဖလှယ်ခြင်းညီလာခံ၌ အောင်မြင်မှုသည် သူတို့အတွက်သာ ဖြစ်ရပေမည်။

***

All Chapters