← Chapters

အခန်း (၁၅၇၈-၁၅၈၀)

Vol. 81 Ch. 1578-1580

အခန်း (၁၅၇၈-၁၅၈၀)

Vol. 81 Ch. 1578-1580

အခန်း (၁၅၇၈) - ဒါဆို ဒီည မင်းကို ကိုယ်တိုင် ခံစားကြည့်ခိုင်းရမှာပေါ့

~ယဲ့ဖန် အန်းကျူ ပရင့်စ် ပြောတာကို နားမလည်။ မာကျောသည့် ယောကျာ်းတွေက ဘာအစီအစဉ်တွေကို ကြိုက်သလဲဆိုတာလည်း သူ မသိ။

သို့သော် ကျန်းကောမြို့စွန်ရှိ နာမည်ကြီး ဖန်းလုံတောင် ခြေရင်းသို့ အန်းကျူ ပရင့်စ်၏ အထူးထုတ် ပေါ်ရှေးကားလေး ရောက်လာသည့်အချိန်၊ လမ်းပိတ်ဆို့ထားမှုများ၊ နေရာဒေသ အသီးသီးမှ လာရောက်ကြသော ပြိုင်ကားများနှင့် နံပါတ်ပြားများကို မြင်လိုက်ရသည့်အခါမှ ဘာဖြစ်နေလဲဆိုတာ သူ သဘောပေါက်သွားတော့သည်။

"မင်းသူငယ်ချင်း ပြောတဲ့ ပွဲဆိုတာ ကားပြိုင်ပွဲလား"

အန်းကျူ ပရင့်စ်၏ ကားမောင်းစွမ်းရည်က မဆိုးပေ။ သူမ ကားမရပ်ခင် ဒရစ် (Drift) တစ်ချက် ဆွဲပြလိုက်သေးသည်။

ကားရပ်သွားသည်နှင့် သူမ ယဲ့ဖန်ကို လှည့်ကြည့်ပြီး ပြုံးလိုက်၏။

"ဘယ်လိုလဲ... မာကျောတဲ့ ယောကျာ်းတွေအတွက် လုံလောက်ရဲ့လား"

ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။

"လုံလောက်ပါတယ်"

"ဒါပေမဲ့ ကိုယ်က ဒီလိုပွဲမျိုး မဆင်နွှဲတာ ကြာပြီ"

"ဘာဖြစ်လို့လဲ"

အန်းကျူ ပရင့်စ် စပ်စုလိုက်သည်။

"ကိုယ့်ပြိုင်ဘက် ဖြစ်လာနိုင်တဲ့သူကို မတွေ့သေးလို့ပါ... အရမ်း ပျင်းဖို့ကောင်းတယ်လေ"

ယဲ့ဖန် ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်သည်။

အန်းကျူ ပရင့်စ် တစ်ခုခု ကြားလိုက်ရသလို သူမပါးစပ် အဟောင်းသား ဖြစ်သွားပြီး ယဲ့ဖန်ကို လက်ညှိုးထိုးပြလိုက်၏။

ခဏကြာမှ သူမ ပြောလိုက်သည်။

"ဘုရားရေ... ရှင့် လေသံနဲ့ အမူအရာက..."

"ကျွန်မ သူငယ်ချင်း ပြောခဲ့တာနဲ့ တစ်ပုံစံတည်းပဲ"

"သူငယ်ချင်း"

ယဲ့ဖန် သူမ၏ တုံ့ပြန်မှုကို နားမလည်။

အန်းကျူ ပရင့်စ် အတော်လေး စိတ်လှုပ်ရှားနေပုံ ရသည်။

"ရှင်လည်း ကားပြိုင်တာ ကျွမ်းကျင်တယ်ဆိုရင်... ဒီည လာတာ မှန်သွားပြီ"

"ရာဖာ (Rafah)... ဆစ်ဗီယာ ရာဖာ (Sivir Rafah)... နာမည် ကြားဖူးလား"

"နေမဝင်အင်ပါယာရဲ့ ဒဏ္ဍာရီလာ အမျိုးသမီး ပြိုင်ကားမောင်းသမားလေ... (၃) နှစ်ဆက်တိုက် ချန်ပီယံဆု ရထားတဲ့သူ"

"သူက ကျွန်မ သူငယ်ချင်းပါ"

"ရာဖာ"

ယဲ့ဖန် စောစောက သူဖတ်ခဲ့ရသည့် သတင်းကို ချက်ချင်း ပြန်သတိရသွားသည်။

"ကမ္ဘာပတ်ပြီး နိုင်ငံအသီးသီးက ကျွမ်းကျင် ပြိုင်ကားမောင်းသမားတွေကို လိုက်စိန်ခေါ်နေတဲ့သူလား"

အန်းကျူ ပရင့်စ် ခေါင်းကို တဆက်ဆက် ညိတ်ပြလိုက်သည်။

"ဟုတ်တယ်... သူပဲ"

"အရင်တုန်းက နေမဝင်အင်ပါယာမှာ သူနဲ့ ယှဉ်နိုင်မယ့် ပြိုင်ဘက်ကို မတွေ့ခဲ့ရဘူး... ဒါကြောင့် ကားမောင်းရတာ ပျင်းဖို့ကောင်းတယ်လို့ သူ ခံစားခဲ့ရဖူးတယ်"

"နောက်ပိုင်း တစ်ယောက်ယောက်က သူ့ကို သတိပေးလိုက်မှ သူ့စိတ်တွေ ပြန်နိုးကြားလာတာ... အဲ့ဒါနဲ့ ကမ္ဘာလှည့် စိန်ခေါ်ပွဲကြီး (Global Touring Challenge) ကို စတင်လိုက်တာပေါ့"

"သူက လေလိုပဲ.. လွတ်လပ်တဲ့ ဒဏ္ဍာရီလာ အမျိုးသမီးတစ်ယောက်ပါရှင်"

ပြောရင်းနှင့် သူမ အထူးထုတ် ပေါ်ရှေးကားကို ဝေ့ဝဲကြည့်လိုက်သည်။

"ဒီကားကို ကျွန်မ သူ့ဆီက ငှားလာတာ"

"သူကိုယ်တိုင် ပြုပြင်မွမ်းမံထားတာလေ"

"ခဏနေကျရင် ရှင့်ကို မိတ်ဆက်ပေးမယ်... ရှင်တို့နှစ်ယောက် တူညီတဲ့အချက်တွေ အများကြီး ရှိနေလောက်တယ်"

ယဲ့ဖန် ကားကို လှမ်းကြည့်ရန် ပြင်လိုက်စဉ်မှာပင် လှပသော ပုံရိပ်တစ်ခု နှုတ်ဆက်သံများနှင့်အတူ လျှောက်လာလေ၏။

ထိုလှပသော ပုံရိပ်သည် ခါးတို အဖြူရောင် အင်္ကျီ၊ ဂျင်းဘောင်းဘီတို ကျပ်ကျပ်နှင့် ကင်းဗတ်ဖိနပ်တစ်ရန် ဝတ်ဆင်ထားသည်။ သူမ၏ ကိုယ်ခန္ဓာ အချိုးအစားက အလွန် ဆွဲဆောင်မှု ရှိလှ၏။

အထူးသဖြင့် မီးတောက်လို ရဲရဲတောက်နေသော ဆံပင်ကောက်ကောက်များနှင့် နှုတ်ခမ်းနီရဲရဲတို့ ပေါင်းစပ်လိုက်သည့်အခါ ညအမှောင်ထုထဲတွင် လောင်ကျွမ်းနေသော မီးတောက် တစ်ခုအလား ထင်ရှားနေလေသည်။

ယဲ့ဖန် တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမ ဘယ်သူလဲဆိုတာ သိလိုက်သည်။ ရာဖာ ပင်ဖြစ်သည်။

သတင်းထဲက ဓာတ်ပုံနှင့် တစ်ပုံစံတည်း တူနေသည်။

အန်းကျူ ပရင့်စ် နှင့် ပတ်သက်သည့် သူ့ခန့်မှန်းချက်ကလည်း မှန်ကန်သွားလေပြီ။

ရာဖာ လျှောက်လာသောအခါ အန်းကျူ ပရင့်စ် ကားပေါ်မှ အမြန်ဆင်းပြီး သူမကို ပွေ့ဖက်ကာ တီးတိုး စကားပြောလိုက်လေ၏။

စကားပြောနေစဉ် အန်းကျူ ပရင့်စ်က ယဲ့ဖန်ကို ရာဖာနှင့် မိတ်ဆက်ပေးလိုက်သည်။

နှစ်ယောက်သား စကားပြောနေစဉ် ရာဖာက ယဲ့ဖန်ကို အကြိမ်ကြိမ် လှမ်းကြည့်၏။

သို့သော် သူမ လှမ်းကြည့်လိုက်တိုင်း သူမ၏ မျက်ဝန်းထဲတွင် စူးစမ်းမှုနှင့် သံသယများ ပါဝင်နေလေသည်။

ဒါကိုမြင်တော့ ယဲ့ဖန်လည်း ကားပေါ်မှဆင်းပြီး ပြုံးပြလိုက်သည်။

မထင်မှတ်ဘဲ ရာဖာက အန်းကျူ ပရင့်စ်နှင့် စကားပြောပြီးသည်နှင့် ယဲ့ဖန်ရှိရာသို့ အေးစက်သော မျက်နှာထားဖြင့် လျှောက်လာလေ၏။

"ရှင်က ယဲ့ဖန် လား... ရှင်က ကားမောင်းတာ အရမ်းတော်တယ်လို့ ပြောတယ်မလား"

"ပြိုင်ဘက်ကင်းလောက်အောင် တော်တယ်ပေါ့"

ထို့အပြင် သူမက တရုတ်စကားကို ကျွမ်းကျင်စွာ ပြောဆိုနေခြင်း ဖြစ်သည်။

ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်ပြီး တရုတ်လို ပြန်ပြောလိုက်၏။

"ကျွန်တော် ခင်ဗျားကို တစ်ခုခု ပြောမိလို့လား"

"မပြောပါဘူး... ကျွန်မတို့ တစ်ခါမှ မတွေ့ဖူးပါဘူး"

ရာဖာ၏ မျက်နှာထားက အေးစက်နေဆဲပင်။

"ဒါပေမဲ့ ခုနက အန်းကျူ ပြောတာ ကြားလိုက်တယ်"

"သူက ရှင့်ကို မိုးထိအောင် မြှောက်ပြောနေတာ"

"ရှင်က တရုတ်ကွန်ဖူး တတ်တယ်တဲ့... ပြီးတော့ ကားမောင်းတာလည်း ထိပ်တန်းအဆင့်ပဲတဲ့"

ယဲ့ဖန် ပခုံးတွန့်ပြလိုက်သည်။

"အဲ့ဒါတွေက အမှန်တရားတွေပဲလေ... ဘာပြဿနာ ရှိလို့လဲ"

"ရှိတာပေါ့"

ရာဖာ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။

"ကျွန်မက ပြိုင်ကားလောကထဲကပါ"

"အရင်က ကျန်းကောမှာ ရှင့်လို တော်တဲ့ ယာဉ်မောင်းရှိတယ်လို့ တစ်ခါမှ မကြားဖူးဘူး"

ယဲ့ဖန် ရယ်မောလိုက်မိသည်။

"ဒါလေးနဲ့များဗျာ"

"ရှင် အန်းကျူ နားကို တမင်သက်သက် ကပ်နေတယ်လို့ ကျွန်မ သံသယ ဝင်မိတယ်"

ရာဖာ၏ မျက်လုံးများထဲတွင် အန္တရာယ်ရှိသော အရောင်များ လက်ကနဲ ဖြစ်သွားသည်။

"သူက နည်းနည်း ရူးသွပ်တတ်တဲ့ ကောင်မလေးပါ... တရုတ်ရိုးရာ ယဉ်ကျေးမှုတွေကို စွဲလမ်းပြီး ဒီလိုအရာတွေနဲ့ဆို လွယ်လွယ်လေး အလိမ်ခံရတတ်တယ်"

"ဒါ့အပြင် သူက ကားပြိုင်တာကို ကြိုက်ပြီး သန်မာတဲ့သူတွေကို အားကျတတ်တယ်"

"ရှင့်ရဲ့ ဒီအချက်တွေ... ဒါမှမဟုတ် ရှင် တမင်သက်သက် ဖန်တီးထားတဲ့ ဇာတ်ကောင်စရိုက်က... အန်းကျူ ကြိုက်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေသလိုပဲ"

"အန်းကျူ ရဲ့ သူငယ်ချင်းကောင်း တစ်ယောက်အနေနဲ့ ကျွန်မ ဒီအတိုင်း ကြည့်မနေနိုင်ဘူး"

ထိုအခါမှ သူမ၏ ရန်လိုမှုက ဘယ်က လာမှန်း ယဲ့ဖန် သိလိုက်ရတော့သည်။

သူမက သူ့ကို သံသယမျက်လုံးများဖြင့် စိုက်ကြည့်နေဆဲ ဖြစ်သည်ကို မြင်လိုက်ရသဖြင့် ယဲ့ဖန်က ဘေးနားရှိ အန်းကျူ ပရင့်စ်ကို တစ်ချက်ကြည့်လိုက်ပြီး မန်ဒရင်းဘာသာစကားဖြင့် ဆက်ပြောလိုက်၏။

"စောစောကပဲ ကျွန်တော် အန်းကျူ နဲ့ သဘောတူညီချက်တစ်ခု ရထားတယ်"

"စုစုပေါင်း တန်ဖိုးက (၁၃.၆) ဘီလီယံ ရှိတယ်"

"ပြီးတော့ ဆိုသဘီး နဲ့ အန်းကျူ ကို ရလဒ်ကောင်းတွေ ယူလာပေးတာက ကျွန်တော်ပါ"

"ခင်ဗျား အန်းကျူ ဆီသွားပြီး မေးကြည့်လို့ ရပါတယ်"

"ပြီးရင်... ကျွန်တော်က သူမကို ပိုလိုလား၊ သူမက ကျွန်တော့်ကို ပိုလိုလား ဆိုတာကိုပါ မေးကြည့်လိုက်ပါ"

ရာဖာ ကြားလိုက်ရသည့်အခါ အံ့ဩသွားပြီး မျက်နှာထား တောင့်ခဲ သွားလေ၏။

ထို့နောက် အန်းကျူ ကို ဘေးသို့ အမြန်ဆွဲခေါ်သွားပြီး အတည်ပြုချက် ရယူလေတော့သည်။

အတည်ပြုပြီးနောက် ယဲ့ဖန် ဘေးနားသို့ ပြန်ရောက်လာသည့်အခါ သူမ၏ အကြည့်များ အနည်းငယ် ထူးဆန်းနေသည်။

"ဒါပေမဲ့လည်း... ရှင်က အန်းကျူ ကို ထောင်ချောက်ဆင်ဖို့ တမင် လုပ်နေတာ ဖြစ်နိုင်ချေကို လုံးဝ ပယ်ဖျက်လို့ မရသေးဘူး"

"ကျွန်မက ပြိုင်ကားလောကမှာ ကျင်လည်လာတာ နှစ်အများကြီး ရှိပြီ... ကမ္ဘာ့ထိပ်တန်း ယာဉ်မောင်းတွေအပြင် တရုတ်ပြည်က ထိပ်တန်း ယာဉ်မောင်းတွေကိုပါ လက်ဖဝါးပေါ် တင်ကြည့်သလို သိနေတာ"

"ရှင့်နာမည်ကို တစ်ခါမှ မကြားဖူးတာတော့ ကျွန်မ သေချာတယ်"

"ဒါဆို ဒီည ခင်ဗျားကို ကိုယ်တိုင် ခံစားကြည့်ခိုင်းရမှာပေါ့"

ယဲ့ဖန် အေးစက်စက် ပြုံးလိုက်သည်။

"ခဏနေ ပြိုင်ပွဲကျရင် ကျွန်တော့်ကိုပါ ထည့်လိုက်ပါ"

"တစ်ပွဲလောက် စမ်းကြည့်ကြတာပေါ့"

"ရှင် သေချာလို့လား"

ယဲ့ဖန် စိန်ခေါ်လိုက်သည်ကို ကြားလိုက်ရသောအခါ ရာဖာ အနည်းငယ် အံ့ဩသွားသော်လည်း ယုံကြည်မှု အပြည့်ရှိနေသည်။

ယဲ့ဖန်က အေးစက်သော အပြုံးကို ဆက်လက် ထိန်းထားလိုက်သည်။

"ဘာ မသေချာစရာ ရှိလို့လဲ"

"ခင်ဗျား ရှုံးရင်... အန်းကျူ ရှေ့မှာ ကျွန်တော့်ကို တောင်းပန်ရမယ်... ပြီးတော့ ခင်ဗျားက တွင်းအောင်းဖားပါ ဆိုပြီး ဝန်ခံရမယ်"

"ကောင်းပြီ... ရှင် ပြောတာနော်"

ရာဖာ ယုံကြည်မှု အပြည့်ဖြင့် ပြန်ပြောလိုက်သည်။

"ရှင် ရှုံးရင်... အန်းကျူ ရှေ့မှာ ရှင် လိမ်ညာထားပါတယ် ဆိုပြီး ဝန်ခံရမယ်... ပြီးတော့ အန်းကျူ နားကနေ ဝေးဝေးနေရမယ်"

"စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကလွဲရင်... သူမနဲ့ တခြား ဘာအဆက်အသွယ်မှ မလုပ်ရဘူး"

"ကောင်းပြီ... သဘောတူတယ်"

ယဲ့ဖန် ဘာမှ ထပ်မပြောတော့။

ဘေးပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် အန်းကျူ ပရင့်စ် ဆီသို့ လျှောက်သွားကာ အထူးထုတ် ပေါ်ရှေးကားသော့ကို ငှားလိုက်သည်။

ထို့နောက် ယာဉ်မောင်းခုံသို့ လျှောက်သွားရင်း ရာဖာကို မေးလိုက်၏။

"ခဏနေကျရင် ဘယ်လို ပြိုင်ကြမလဲ”

အခန်း (၁၅၇၉) - သူတို့ထဲက ဘယ်သူမှ ကိုယ့်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး

~"အရမ်း ရိုးရှင်းတယ်... ဖန်းလုံတောင် ထိပ်ကနေ စထွက်ပြီး တောင်ခြေကို အရင်ဆုံး ရောက်တဲ့သူက နိုင်မယ်"

ရာဖာက လိုရင်းတိုရှင်း ပြောလိုက်သည်။

"ကောင်းပြီလေ"

ယဲ့ဖန် ဘာမှ ထပ်မမေးတော့ဘဲ ယာဉ်မောင်းခုံပေါ် တက်ထိုင်လိုက်သည်။

အင်ဂျင်စက်နှိုးရန် ပြင်လိုက်စဉ်...

မထင်မှတ်ဘဲ အန်းကျူ ပရင့်စ် က သူ့နောက်မှ လိုက်ဝင်လာပြီး ဘေးခုံတွင် အလျင်အမြန် ဝင်ထိုင်လိုက်လေ၏။

ထိုင်ပြီးသည်နှင့် ခါးပတ်ပတ်ရင်း ယဲ့ဖန်ကို နားမလည်နိုင်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။

"ဘာတွေဖြစ်ကုန်ကြတာလဲ... ရှင်နဲ့ ရာဖာ ကြားမှာ ဘာလို့ အဲ့ဒီလောက် တင်းမာနေရတာလဲ"

"စောစောက စကားကောင်းကောင်း မပြောခဲ့ကြဘူးလား"

ယဲ့ဖန် အများကြီး ရှင်းပြမနေတော့။

"မင်းသူငယ်ချင်းက ပြောတယ်... ပြိုင်ကားလောကမှာ ကိုယ့်နာမည်ကို တစ်ခါမှ မကြားဖူးဘူးတဲ့... မင်းရှေ့မှာ ကိုယ်က ကြွားလုံးထုတ်နေတယ်လို့ သံသယဝင်နေတယ်... ဒါကြောင့် ကိုယ်က သူနဲ့ လောင်းကြေးထပ်လိုက်တာ"

"ရှင်က သူနဲ့ ပြိုင်မလို့လား"

အန်းကျူ ပရင့်စ် ရိပ်မိပြီးသား ဖြစ်ပုံရသည်။ ခါးပတ်ပတ်နေရင်း ရပ်တန့်သွား၏။

"ဘုရားရေ"

"ရှင်တို့နှစ်ယောက် ယှဉ်ပြိုင်တာကို ကျွန်မ မကန့်ကွက်ပါဘူး... ဒါပေမဲ့ ဒီလိုနည်းနဲ့တော့ မဖြစ်သင့်ဘူးလေ"

"နားလည်မှုလွဲတာ တစ်ခုခု ရှိနေမှာပါ... ရာဖာ ကို ကျွန်မ ရှင်းပြပေးပါ့မယ်..."

ပြောရင်းနှင့် သူမ ခါးပတ်ပြန်ဖြုတ်ပြီး ကားပေါ်မှ ဆင်းရန် ပြင်လိုက်သည်။

သို့သော် ယဲ့ဖန်က သူမကို လှမ်းဆွဲထားလိုက်၏။

"လက်တွေ့ ပြသလိုက်တာက စကားလုံးတွေထက် ပိုထိရောက်တယ်"

"သူက ကိုယ့်အရည်အချင်းကို သံသယဝင်နေမှတော့... တစ်ခါလောက် ပြလိုက်ရတာပေါ့"

"တချိန်တည်းမှာပဲ... လူစွမ်းလူစ ဆိုတာ ဘယ်လိုလဲဆိုတာ သူမ မြင်ဖူးသွားတာပေါ့"

ယဲ့ဖန်၏ ယုံကြည်မှု လွန်ကဲနေပုံကို ကြည့်ပြီး အန်းကျူ ပရင့်စ် အံ့ဩသွားမိသည်။

သို့သော် ယဲ့ဖန်က သူမ၏ တုံ့ပြန်မှုကို ဂရုမစိုက်။ ရှင်းပြဖို့လည်း စိတ်ကူးမရှိ။

သူ့မှာ ဟာရူနာတောင်တန်းက ကားမောင်းစွမ်းရည် ရှိရုံတင်မကဘူး... ဆယ်စုနှစ်ချီ လေ့ကျင့်ထားသည့် သိုင်းပညာ အခြေခံတွေပါ ရှိနေသည် မဟုတ်ပါလော။

ရာဖာ၏ နည်းစနစ်၊ ခန္ဓာကိုယ် ဟန်ချက်ညီမှုနှင့် တုံ့ပြန်နိုင်စွမ်းတွေက သူ့ကို လုံးဝ ယှဉ်နိုင်မှာ မဟုတ်ဟု ပြော၍ ရပါသည်။

ထို့အပြင် မကြာသေးခင်ကမှ ရထားသော မာစတာ လယ်ဗယ် 'စက်ပစ္စည်း ကျွမ်းကျင်မှု' စွမ်းရည်နှင့် ပေါင်းစပ်လိုက်မည်ဆိုလျှင်... သူ စီးနေသော အထူးထုတ် ပေါ်ရှေးကား၏ အစိတ်အပိုင်းတွေနှင့် အချက်အလက်တွေကို ကောင်းကောင်း နားလည်ထားပြီးသား ဖြစ်နေပါ၏။

ယဲ့ဖန်က ဘယ်သူ့ကိုမှ ရည်ရွယ် ပြောနေတာ မဟုတ်ပါ။

ဒီမှာ ရှိသော ယာဉ်မောင်းတွေ အကုန်လုံးကို လက်ညှိုးထိုးပြီး ပြောလိုက်၍ ရသည်လေ။

... 'မင်းတို့ထဲက ဘယ်သူမှ ငါ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး'ဟူ၍။

သူ့ရှေ့တွင် ရာဖာ၏ GT-R ကားသည် အင်ဂျင်သံ ဟိန်းညံစွာဖြင့် ထွက်ခွာသွားပြီ ဖြစ်သည်။ သူလည်း ပေါ်ရှေးကားကို စက်နှိုးပြီး နောက်မှ လိုက်သွားလိုက်၏။

GT-R နှင့် အခြား ပြိုင်ကားများနောက်မှ လိုက်ပါမောင်းနှင်နေစဉ် ယဲ့ဖန်သည် သူတို့နှင့် ယှဉ်ပြိုင်ရန် မလောသေး။

တောင်ပေါ်သို့ မောင်းတက်ရင်း လမ်းအခြေအနေနှင့် ကားအခြေအနေကို တိတ်တဆိတ် ရင်းနှီးကျွမ်းဝင်အောင် လုပ်နေလိုက်သည်။

တောင်ပေါ်လမ်းနှင့် ရင်းနှီးသွားပြီး ကား၏ စွမ်းဆောင်ရည်ကို ကောင်းစွာ နားလည်သွားသောအခါမှ... သူ ဖြည်းဖြည်းချင်း အရှိန်မြှင့်ပြီး တောင်ပေါ်သို့ မောင်းတက်သွားလိုက်၏။

တောင်ပေါ် ရောက်ပြီး ပြိုင်ပွဲစမှတ်သို့ ရောက်သောအခါ... အခြားယာဉ်မောင်းများက သူ ရာဖာနှင့် ပြိုင်မည်ကို သိနေကြပုံ ရသည်။ အားလုံးက ဝိုင်းရယ်မောလိုက်ကြ၏။

"ဒါလေးပဲလား"

"ဒီလောက် အဆင့်လေးနဲ့ ရာဖာကို စိန်ခေါ်ရဲတယ်ပေါ့"

"ရာဖာက ဘယ်အဆင့်၊ ဘယ်Rank ရှိလဲဆိုတာရော မင်းသိရဲ့လား"

"ငါတို့လို ဝါသနာရှင်တွေလောက်တောင် အရှိန်မတင်ရဲတဲ့ကောင်က ရာဖာကို စိန်ခေါ်ရဲတယ်တဲ့လား"

"မင်းကို သတ္တိတွေ ပေးလိုက်တာက ဖစ်ရှ်လျောင် (Fish Leong) လား... အီဆန်ချန်း (Eason Chan) လား ဆိုတာ ငါ တကယ် မသိတော့ဘူး"

[ ဒီစကားရပ်က တရုတ်အင်တာနက်မှာ အရမ်းခေတ်စားတဲ့ Meme (ဟာသ) တစ်ခုကို ရည်ညွှန်းတာပါ။

ရှင်းလင်းချက်

၁။ ဖစ်ရှ်လျောင် (Fish Leong / Liang Jingru):

သူမရဲ့ အကျော်ကြားဆုံး သီချင်းတစ်ပုဒ် နာမည်က "Yong Qi" (Courage - သတ္တိ) ဖြစ်ပါတယ်။

တရုတ်အင်တာနက်မှာ လူတစ်ယောက်က မဖြစ်နိုင်တာကို လုပ်ဖို့ ကြိုးစားတဲ့အခါ၊ ဒါမှမဟုတ် အရမ်း မိုက်ရူးရဲဆန်တဲ့အခါ...

"နင့်ကို ဒီလောက် သတ္တိရှိအောင် ဘယ်သူ မြှောက်ပေးလိုက်တာလဲ၊ ဖစ်ရှ်လျောင်လား" (Who gave you the courage? Fish Leong?) လို့ မေးပြီး လှောင်ပြောင်လေ့ရှိပါတယ်။ (သူမရဲ့ သီချင်းက 'သတ္တိ' မို့လို့ပါ)။

၂။ အီဆန်ချန်း (Eason Chan):

သူကတော့ ဟောင်ကောင်အဆိုတော်ဖြစ်ပြီး "Gu Yong Zhe" (Lonely Warrior - အထီးကျန် စစ်သည်တော်) ဆိုတဲ့ သီချင်းနဲ့ နာမည်ကြီးပါတယ်။ ဒီသီချင်းကလည်း သတ္တိခဲ၊ စစ်သည်တော်အကြောင်း ဖွဲ့နွဲ့ထားတာပါ…။ ]

အထူးသဖြင့် Ferrari F12 (ဖာရာရီ) မောင်းနေသော ခရမ်းရောင်ဆံပင်နှင့် လူဆိုလျှင်... ယဲ့ဖန်ကို နိုင်ငံတကာ ချစ်ကြည်ရေး လက်ဟန်အမူအရာ (လက်ခလယ်) ပင် ထောင်ပြလိုက်သေးသည်။

"အိမ်ပြန်ပြီး နို့သွားစို့လိုက်ပါ ညီလေးရာ"

"ကားပြိုင်တယ်ဆိုတာ အန္တရာယ်များတယ်"

"တောင်ပေါ်တက်တာတောင် ကြောက်နေတဲ့ မင်းလို ကလေးနဲ့ မသင့်တော်ပါဘူးကွာ"

ယဲ့ဖန် သူတို့၏ လှောင်ပြောင်သံများကို ဂရုမစိုက်။

ဆူညံနေသော လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက်... မလှမ်းမကမ်းတွင် ရပ်ထားသော GT-R ဆီသို့ အကြည့်ပို့လိုက်သည်။

"ပြိုင်ပွဲက ဘယ်တော့ စမှာလဲ"

"သူ့ စိတ်ဓာတ်ကတော့ မဆိုးဘူးပဲ"

ရာဖာ ယဲ့ဖန်ကို ချီးကျူးလိုက်သည်။

ထို့နောက် ဝေါ်ကီတော်ကီ (Walkie-talkie) ကို ကိုင်ပြီး အမိန့်ပေးလိုက်သည်။ ပြီးမှ ယဲ့ဖန်ကို လှမ်းပြောလိုက်၏။

"စောစောက လူတိုင်းက ရှင့်ကိုပဲ စောင့်နေကြတာ"

"အခု ရောက်လာပြီဆိုတော့... ချက်ချင်း စလို့ ရပြီ"

"အဆင်သင့် ပြင်ထား"

သူမ အမိန့်ပေးလိုက်သည်နှင့် ပြိုင်ပွဲစမှတ်မှ မီးရောင်များ ပြောင်းလဲသွားသည်ကို ယဲ့ဖန် သတိထားမိလိုက်သည်။

တပြိုင်နက်တည်းမှာပင်... ခန္ဓာကိုယ် အချိုးအစား ပြေပြစ်လှပသော မော်ဒယ်မလေးတစ်ဦးသည် ဆိုင်းဘုတ်တစ်ခု ကိုင်ဆောင်လျက် ကားတန်းရှေ့သို့ လျှောက်လာလေ၏။

ကားများအထက်ရှိ ဧရာမ အီလက်ထရွန်နစ် စက္ကရင်ကြီးပေါ်တွင် Countdown စတင် ပေါ်လာသည်။

"၁၀"

"၉"

"၈"

မော်ဒယ်မလေး၏ ခါးလေးက ရေတွက်သံနှင့်အတူ ပိုမို လှုပ်ရှားလာသည်။ သူမ၏ လက်တစ်ဖက်က ခါးတွင် ပတ်ထားသော တစ်ခုတည်းသော ခါးပတ်ကို ဖြည်းညင်းစွာ ဖြေချနေလေ၏။

ယဲ့ဖန် ဘေးနားရှိ အန်းကျူ ပရင့်စ် ကို ချက်ချင်း သတိပေးလိုက်သည်။

"လက်ကိုင်ကို မြဲမြဲကိုင်ထား... ပြီးတော့ ငြိမ်ငြိမ်ထိုင်"

"ခဏနေကျရင် ကားက နည်းနည်းလေး မြန်သွားလိမ့်မယ်"

အန်းကျူ ပရင့်စ် မျက်လုံး ပြူးသွားသည်။

ဘေးနားမှ လက်ကိုင်ကို အလိုအလျောက် လှမ်းဆွဲလိုက်ပြီး ချဲ့ကားသော မျက်နှာထားဖြင့် ပြောလိုက်၏။

"အစပိုင်းမှာတော့ ဘာမှ မဖြစ်လောက်ပါဘူး... ဟုတ်တယ်မလား"

"ဒီ ဖန်းလုံတောင် ပြိုင်ကွင်းရဲ့ စမှတ်က အဆင်းလမ်းကြီးလို့ ထင်တယ်... ယုတ္တိအရဆိုရင် ဒီလမ်းပိုင်းမှာ အရှိန် အရမ်းတင်လို့ မကောင်းဘူးလေ"

"ပုံမှန်ဆိုရင် လူတိုင်းက အဲ့ဒီအဆင်းလမ်းကို ဖြတ်ပြီး... တောင်အောက်ပိုင်း သိပ်မမတ်စောက်တဲ့ နေရာရောက်မှ အရှိန်စတင်ကြတာ..."

ယဲ့ဖန် ခေါင်းခါလိုက်သည်။

"တောင်ပေါ်တက်တုန်းက ကိုယ် သေချာ ကြည့်ခဲ့ပြီးပြီ"

"စမှတ်ကနေ တစ်ကီလိုမီတာလောက်အထိက သိပ်မမြန်တဲ့ အကွေ့တွေပဲ ရှိတယ်... အဲ့ဒီအချိန်မှာ အရှိန်တင်ရင် သူတို့နဲ့ ကွာဟချက်ကို ချဲ့ထွင်နိုင်မှာ မဟုတ်ဘူး"

"ပြိုင်ပွဲလမ်းကြောင်း တစ်ခုလုံးမှာ ကွာဟချက်ကို ချဲ့ထွင်နိုင်တဲ့နေရာက အဓိက အချက်အချာကျတဲ့ နေရာ (၅) ခုနဲ့... အထွက်ပေါက်ပဲ ရှိတယ်"

အန်းကျူ ပရင့်စ် ကြားလိုက်ရသည့်အခါ ကြောက်လန့်သွားပုံ ရသည်။

"ရာဖာ ပြောပြဖူးတယ်... ဖန်းလုံတောင်ရဲ့ အကြီးမားဆုံး ထူးခြားချက်က အကွေ့အကောက်များပြီး ရှုပ်ထွေးတာတဲ့... လမ်းကြောင်းက (၃၀) ကီလိုမီတာတောင် မပြည့်ပေမဲ့... အရှိန်မြင့် အကွေ့နဲ့ အရှိန်နိမ့် အကွေ့ပေါင်း (၂၀၀) နီးပါး ရှိတယ်တဲ့... အထူးသဖြင့် အထွက်ပေါက်နားမှာဆိုရင် အကွေ့တွေ များသလို မတ်စောက်တဲ့ အဆင်းတွေလည်း ပါတယ်တဲ့"

"ဒီနေရာမှာ စပြီး အရှိန်တင်မယ်ဆိုရင်... သတိမထားမိတာနဲ့ ကားမှောက်ပြီး သေသွားနိုင်တယ်နော်"

"အရင်တုန်းက ပရော်ဖက်ရှင်နယ် ယာဉ်မောင်းတချို့တောင် ပြိုင်ဘက်နဲ့ ကွာဟချက်ကို ချဲ့ထွင်ဖို့ဆိုပြီး စမှတ်မှာ အရှိန်တင်ခဲ့ဖူးတယ်... အဲ့ဒီလူတွေ ဒီနေရာမှာတင် ကားမှောက်ကုန်ကြတာ"

ယဲ့ဖန် သူမကို ရှင်းပြချိန် မရတော့။

ရှေ့မှ မော်ဒယ်မလေးသည် သူမ၏ တစ်ခုတည်းသော ခါးပတ်ကို ဆွဲဖြုတ်လိုက်ပြီ ဖြစ်သည်။ ပါးလွှာသော အဝတ်စလေး လျောကျသွားလေ၏။

ကောင်းကင်ပေါ်ရှိ အီလက်ထရွန်နစ် စက္ကရင်ကြီးပေါ်တွင်လည်း နံပါတ်က သုည သို့ ရောက်ရှိသွားချေ၏။

သူ့လက်များနှင့် ခြေထောက်များ စတင် လှုပ်ရှားလိုက်သည်။

"ဝုန်း"

ပေါ်ရှေးကား၏ အနောက်ဖက်မှ အပြာရောင် မီးတောက်နှစ်ခု ပန်းထွက်သွား၏။

တပြိုင်နက်တည်းမှာပင်... ကားအင်ဂျင်သံက သားရဲတစ်ကောင် နိုးထလာသကဲ့သို့ ဟိန်းညံသွားတော့သည်။

ကျောပြင်ကို တွန်းကန်လိုက်သော ပြင်းထန်သည့် အရှိန်အဟုန်ကို ခံစားလိုက်ရ၏။

လီမိတက် အယ်ဒီရှင်း ပေါ်ရှေးကားသည် ချက်ချင်းပင် မြှားတစ်စင်းအလား ပြေးထွက်သွားတော့သည်။

ခဏလေးအတွင်းမှာပင်... ယဲ့ဖန်သည် တစ်တန်းတည်းရှိသော အခြားပြိုင်ကားများကို ကျော်တက်သွားနိုင်ခဲ့လေ၏။

ယဲ့ဖန် လုပ်ရပ်ကြောင့် ဘေးပတ်ဝန်းကျင်မှ ယာဉ်မောင်းများ မှင်သက် သွားကြသည်။

အာရုံလွင့်သွားမှုကြောင့် ဘရိတ်အုပ်သံများ၊ ကားချင်း တိုက်မိသံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

အခန်း (၁၅၈၀) - ဒီလောက်ထိ သေရဲတဲ့သူမျိုး တစ်ခါမှ မမြင်ဖူးဘူး

~ဖန်းလုံတောင် ပြိုင်ကားလမ်းကြောင်း၏ စမှတ်တစ်ခုလုံးမှာ ဆူညံပွက်လောရိုက် သွားလေ၏။

ယဲ့ဖန်ကမူ တည်ငြိမ်အေးဆေးနေဆဲပင်။

သူ့လက်များနှင့် ခြေထောက်များကို လွတ်လပ်ပေါ့ပါးစွာ အသုံးပြုနေသည်။

ပေါ်ရှေးကား လေပေါ်သို့ မြောက်တက်သွားသည့် အခိုက်အတန့်တွင် သူသည် လှုပ်ရှားမှုအတွဲလိုက်ကို လျင်မြန်စွာ ပြုလုပ်လိုက်၏။

ထို့နောက် မည်သူ့ကိုမျှ စဉ်းစားချိန် မပေးဘဲ... ကား မြေကြီးပေါ်သို့ ဘုန်းခနဲ ပြန်ကျလာသည်နှင့် တစ်ပြိုင်နက်... အရှိန်ထပ်မြှင့်ကာ ဒရောသောပါး မောင်းနှင်ထွက်ခွာသွားတော့သည်။

"သောက်ကျိုးနည်းကွာ"

"ဒါက တကယ့် နတ်ဘုရားပဲဟေ့"

"သေမှာ မကြောက်တဲ့ကောင်တွေ မြင်ဖူးပါတယ်... ဒါပေမဲ့ ဒီလောက်ထိ မိုက်ရူးရဲဆန်တဲ့ကောင်မျိုး တစ်ခါမှ မမြင်ဖူးဘူး"

"ဖန်းလုံတောင် ပြိုင်ကားလမ်းကြောင်းရဲ့ စမှတ်က မတ်စောက်တဲ့ အဆင်းလမ်းလေ... အမြင့်ကွာခြားချက်ကလည်း အရမ်းများတာ... အဲ့ဒါကို သူက လောက်လေးဂွ ပစ်သလို (Catapult Start) စထွက်ပြီး ပြန်ကျတာနဲ့ အရူးလို အရှိန်မြှင့်ရဲတယ်တဲ့လား"

"ဒါက သက်သက်မဲ့ သေချင်လို့ ဇာတ်လမ်းရှာနေတာပဲ"

"ဒါပေမဲ့ အကြမ်းဆုံးက... သူ မမှားသွားတာပဲ"

ဖန်းလုံတောင် ပြိုင်ကားလမ်းကြောင်း အပြင်ဘက်မှ ကြည့်ရှုနေသူများအားလုံး ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။

အရင်တုန်းက ဒီလို မိုက်ရူးရဲဆန်တဲ့ ကစားပွဲမျိုးကို ကစားခဲ့ကြတဲ့ သတ္တိခဲတချို့ကို သူတို့ မြင်ဖူးကြသည်။

သို့ရာတွင်၊ ထိုလူတွေက ထိပ်တန်း ပရော်ဖက်ရှင်နယ် ယာဉ်မောင်းတွေ ဖြစ်နေလျှင်တောင်... ခြွင်းချက်မရှိဘဲ ကားတွေက မြေကြီးပေါ် ပြန်ကျသည်နှင့် မှောက်ကုန်ကြတာချည်းပင်။

ယဲ့ဖန်လိုမျိုး တည်ငြိမ်စွာ ပြန်ကျလာတာကို ပထမဆုံးအကြိမ် မြင်ဖူးတယ်ဆိုရင် ချဲ့ကားပြောတာ မဟုတ်ပါချေ။

"ဒီကောင် ဘယ်လို လုပ်လိုက်တာလဲ"

"ကံကောင်းသွားတာများလား"

မှင်သက်နေကြရင်း... လူတိုင်း သိချင်စိတ် ပြင်းပြလာကြသည်။ သူတို့၏ အကြည့်များက ဧရာမ စက္ကရင် (Screen) ကြီးပေါ်သို့ ရောက်ရှိသွားကြ၏။ ဒရုန်း (Drone) များက ရိုက်ကူးပေးပို့နေသော ပုံရိပ်များကို စူးစိုက်ကြည့်နေကြတော့သည်။

တစ်ချိန်တည်းမှာပင်... အထူးထုတ် ပေါ်ရှေးကားပေါ်ရှိ အန်းကျူ ပရင့်စ် လည်း ယဲ့ဖန်ကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေမိသည်။

ယဲ့ဖန်က ကားပြန်ကျလာပြီးနောက် ဘာမှမဖြစ်သလို အရှိန်မြှင့်လိုက်သည်။ ခဏလေးအတွင်းမှာပင် တစ်နာရီ (၂၆၀) ကီလိုမီတာ အရှိန်ထိ ရောက်ရှိသွားပြီး အားသာချက်ကို ဆက်လက် ရယူထားနိုင်ခဲ့သည်။ နောက်က ကားနှင့် အကွာအဝေးကလည်း ပိုပိုပြီး ဝေးကွာလာနေပြီ။

သူမ တံတွေးမမြိုချဘဲ မနေနိုင်တော့။

"ရှင်... သေမှာ မကြောက်ဘူးလား"

"စောစောက အဲ့ဒီလို စထွက်လိုက်တာ... နည်းနည်းလေး မှားတာနဲ့ ကားမှောက်ပြီး သေသွားနိုင်တယ်နော်"

"ပြိုင်ပွဲစမှတ်က အရမ်း မတ်စောက်တယ်... ပြီးတော့ စမှတ်နဲ့ တရားဝင် ပြိုင်ပွဲလမ်းကြောင်းကြားက အမြင့်ကွာခြားချက်က အရမ်းများတယ်... အဲ့ဒီလို လွှတ်တင်လိုက်ရင် ကားက လေထဲမှာ တော်တော်လေး မြောက်တက်သွားမှာ... အဲ့ဒီအခြေအနေမှာ ပရော်ဖက်ရှင်နယ် ယာဉ်မောင်းတွေတောင် ကားကို ထိထိရောက်ရောက် မထိန်းချုပ်နိုင်ကြဘူး... စမှတ်အောက် မလှမ်းမကမ်းမှာ နောက်ထပ် အကွေ့တစ်ခု ရှိနေသေးတာ... သတိမထားရင်..."

ယဲ့ဖန်က အလောတကြီး မဟုတ်ဘဲ အေးဆေးစွာ ပြန်ဖြေလိုက်သည်။

"ကားက လေထဲမှာ မြောက်တက်နေတဲ့အချိန် ယာဉ်မောင်းက ကားကို ထိထိရောက်ရောက် မထိန်းချုပ်နိုင်ဘူး ဆိုတာ မှန်ပါတယ်... ဒါပေမဲ့ ထူးချွန်တဲ့ ယာဉ်မောင်းတစ်ယောက်က ကားလွှတ်တင်လိုက်တဲ့အချိန်မှာ ပြန်ကျလာမယ့်နေရာကို ကြိုတင် ခန့်မှန်းနိုင်တယ်လေ"

"မင်းမှာ လုံလောက်တဲ့ စက်မှုဗဟုသုတ ရှိမယ်... ကားရဲ့ စွမ်းဆောင်ရည်ကို ကျွမ်းကျင်မယ်... ရူပဗေဒ တွက်ချက်မှု နည်းနည်းပါးပါး သိမယ်ဆိုရင်... လွှတ်တင်မယ့် အရှိန်နဲ့ ပြန်ကျမယ့် နေရာကို တွက်ချက်ဖို့ဆိုတာ မခက်ခဲပါဘူး"

"ဒါဆို ရှင် ဆိုလိုတာက..."

အန်းကျူ ပရင့်စ် မယုံကြည်နိုင် ဖြစ်နေရှာသည်။

"ရှင် မထွက်ခွာခင်ကတည်းက ဒါတွေအကုန်လုံးကို ကြိုတင် တွက်ချက်ပြီး စီစဉ်ခဲ့တာပေါ့"

"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"ဘာလို့ မဖြစ်နိုင်ရမှာလဲ"

ယဲ့ဖန် ပြန်မေးလိုက်သည်။

"ကားပြိုင်တာဆိုတာ သိပ္ပံပညာ တစ်ခုပဲ"

"ကားဆိုတာ ကိရိယာ တစ်ခုပဲ... သူ့အကြောင်း ကျွမ်းကျင်ပြီး အရည်အချင်းရှိတဲ့သူနဲ့ တွေ့ရင်... မင်း စိတ်ကူးမယဉ်နိုင်တဲ့ စွမ်းဆောင်ရည်မျိုး ရလာတာ ပုံမှန်ပါပဲ"

"ဒါပေမဲ့ ရှင် ဒီကားကို ကိုင်တွယ်တာ ဒါ ပထမဆုံးအကြိမ်လေ"

အန်းကျူ ပရင့်စ် မယုံနိုင် ဖြစ်နေဆဲပင်။

ဒီအကြောင်း ပြောလိုက်တော့ ယဲ့ဖန် ပြုံးမနေနိုင်တော့။

"ပထမဆုံးအကြိမ် ကိုင်တွယ်ရုံနဲ့ မကျွမ်းကျင်နိုင်ဘူးလို့ ဘယ်သူပြောလဲ"

"ဒီ ပြုပြင်မွမ်းမံထားတဲ့ ပေါ်ရှေး 918 စပိုက်ဒါ (Porsche 918 Spyder) မှာ 4.6 လီတာ V8 သဘာဝ လေစုပ်အင်ဂျင် တပ်ဆင်ထားတယ်... ဆလင်ဒါထဲ တိုက်ရိုက် လောင်စာဆီ ပို့လွှတ်တဲ့ နည်းပညာ သုံးထားတယ်... အလူမီနီယမ် အလွိုင်း (Aluminium Alloy) ဆလင်ဒါခေါင်းနဲ့ ဆလင်ဒါအုံကို သုံးထားပြီး... အမြင့်ဆုံးစွမ်းအင် (၄၄၇) ကီလိုဝပ် နဲ့ အမြင့်ဆုံးလည်ပတ်အား (၅၀၀) နျူတန်မီတာ ထုတ်ပေးနိုင်တယ်... အမြင့်ဆုံးအမြန်နှုန်းက (၉,၂၀၀) rpm အထိ ရောက်တယ်... တစ်မိနစ်ကို (၆၅၀၀) နဲ့ (၈၇၀၀) ပတ်လည်နှုန်းမှာ အမြင့်ဆုံး လည်ပတ်အားကို ထုတ်ပေးနိုင်တယ်..."

"ဒါ့အပြင် ဟိုင်းဘရစ် (Hybrid) စနစ်ကိုလည်း သုံးထားသေးတယ်... ဟိုင်းဘရစ် စနစ်ကို ရှေ့ဝင်ရိုးတန်းမှာ တပ်ဆင်ထားပြီး မြင်းကောင်ရေ (၂၁၈) ကောင်အား ထပ်ဖြည့်ပေးထားတယ်... အင်ဂျင်ပါဝါနဲ့ ပေါင်းလိုက်ရင် ကာဗွန်ဖိုင်ဘာ (Carbon Fiber) ကိုယ်ထည် နည်းပညာ သုံးထားပြီး (၁၄၉၀) ကီလိုဂရမ်ပဲ လေးတဲ့ ဒီကားက... (၀) ကနေ (၁၀၀) ကီလိုမီတာ အရှိန်ကို (၂.၈) စက္ကန့်အတွင်း ရောက်နိုင်တယ်... အမြင့်ဆုံးအရှိန်က (၃၆၀) ကီလိုမီတာ အထိ ရောက်နိုင်တယ်"

"ပေါ်ရှေးရဲ့ တရားဝင် အချက်အလက်တွေအရဆိုရင်... ဒီလိုကားမျိုးက နူဘူဂရိတ် (Nurburgring) ပြိုင်ကွင်းမှာ (၇) မိနစ် (၃၀) စက္ကန့်အောက် မောင်းနှင်နိုင်ခဲ့ပြီး ပေါ်ရှေး ကာရေရာ ဂျီတီ (Porsche Carrera GT) ထက်တောင် ပိုမြန်တယ်... ဒါ့အပြင် ပရော်ဖက်ရှင်နယ် ကားမီဒီယာ Sport Auto ရဲ့ ကြီးကြပ်မှုအောက်မှာ ပေါ်ရှေး 918 စပိုက်ဒါ က ပျမ်းမျှအမြန်နှုန်း (၁၇၉.၅) ကီလိုမီတာ အထိ စွမ်းဆောင်နိုင်ခဲ့တယ်... နူဘူဂရိတ် မြောက်ဘက်ပတ်လမ်းမှာ (၇) မိနစ်အတွင်း မောင်းနှင်နိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ လမ်းမကြီးတွေပေါ် မောင်းနှင်ခွင့်ရတဲ့ ပထမဆုံး အမြောက်အမြား ထုတ်လုပ်တဲ့ကား ဖြစ်လာခဲ့တယ်"

"ဒီကားရဲ့ ရှေ့ဘီးတွေက (၂၀) လက်မ အလွိုင်းဘီးတွေ ဖြစ်ပြီး တာယာအရွယ်အစားက 265/35R (265/35ZR20 Michelin 95Y N0 Pilot Sport Cup 2) ဖြစ်တယ်... အနောက်ဘီးတွေက 325/30R (325/30ZR21 Michelin 104Y N0 Pilot Sport Cup 2) ဖြစ်တယ်... ရာဖာ က လောင်စာဆီစနစ်၊ ဘရိတ်ပြားတွေ၊ ဆိုင်းထိန်းစနစ် နဲ့ ဂီယာစနစ်တွေကို ပြုပြင်မွမ်းမံထားတာလေ..."

အန်းကျူ ပရင့်စ် ဘာမှ ပြန်မပြောနိုင်တော့။

ယဲ့ဖန်ကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိသည်။ သူမ ပုံစံလေးက အလွန် ချစ်စရာကောင်းပြီး ရယ်စရာလည်း ကောင်းနေ၏။

ခဏကြာမှ သူမ ဘာလုပ်နေမိမှန်း သတိရသွားပြီး ပါးစပ်ကို အမြန် ပိတ်လိုက်သည်။

"ရှင်... ရှင် ဒီကားကို ခဏလောက် မောင်းကြည့်ရုံနဲ့ ဒီအချက်အလက်တွေ အကုန်လုံးကို သိသွားတယ်လို့တော့ မပြောနဲ့နော်"

ယဲ့ဖန်က ကားကို သက်သောင့်သက်သာ မောင်းနှင်ရင်း ပြုံးလိုက်သည်။

"ကိုယ် မင်းကို ပြောပြဖို့ မေ့သွားတယ်"

"တကယ်တော့ ကိုယ်က နိုင်ငံခြားဘာသာစကား၊ ရှေးဟောင်းပစ္စည်း စစ်ဆေးတာနဲ့ တရုတ်ကွန်ဖူး ကျွမ်းကျင်ရုံတင် မကဘူး... ကိုယ့်မှာ နောက်ထပ် သွင်ပြင်လက္ခဏာ တစ်ခု ရှိသေးတယ်... ကိုယ်က အကြီးတန်း မက္ကင်းနစ် (Senior Mechanic) တစ်ယောက်ပါ"

"မက္ကင်းနစ် တစ်ယောက်အနေနဲ့ ကားလို စက်ပစ္စည်းမျိုးတွေအပေါ် သဘာဝအလျောက် အာရုံခံစားနိုင်စွမ်း ရှိတာ ယုတ္တိရှိပါတယ်"

အန်းကျူ ပရင့်စ် ပြောစရာ စကားမဲ့သွားပြန်သည်။

ယဲ့ဖန် သူမ၏ တုံ့ပြန်မှုကို ဂရုမစိုက်။ ရှေ့ကို လှမ်းကြည့်လိုက်ပြီး လျင်မြန်စွာ ပြောလိုက်၏။

"ဒီပြိုင်ပွဲရဲ့ ပထမဆုံး အဆုံးအဖြတ်ပေးမယ့် နေရာ ရောက်တော့မယ်... ငါတို့နဲ့ သူတို့ကြားက ကွာဟချက်ကို ချဲ့ထွင်ရမယ့် နေရာပဲ"

"ခဏနေကျရင် ကားရဲ့ လှုပ်ရှားမှုက နည်းနည်းလေး ကြမ်းလိမ့်မယ်"

"လက်ကိုင်ကို မြဲမြဲ ကိုင်ထားပြီး စိတ်ပြင်ဆင်ထားပါ"

ပြောရင်းနှင့် သူ ရှေ့ကို ကြည့်လိုက်သည်။

ပြုပြင်မွမ်းမံထားသော ပေါ်ရှေး 918 နှင့် တစ်ကီလိုမီတာခန့် အကွာတွင် ကြီးမားသော ထောင့်မှန်ချိုး အကွေ့တစ်ခု ရှိနေလေ၏။

ထောင့်မှန်ချိုး အကွေ့၏ ဘေးတွင် လျှောစောက်တစ်ခုနှင့် ရေပိုက်တစ်ခုဖြင့် ဖွဲ့စည်းထားသော ဖြတ်လမ်းတစ်ခု ရှိသည်။

သူ အကြမ်းဖျင်း တွက်ချက်ကြည့်ပြီးပြီ... အဲ့ဒီ ဖြတ်လမ်းကနေ သွားရင် ထောင့်မှန်ချိုး အကွေ့ကနေ သွားတာထက် အနည်းဆုံး မီတာ (၁၀၀) လောက် သက်သာလိမ့်မယ်။

ကားပြိုင်ပွဲတစ်ခုမှာ ဒါက ပြိုင်ဘက်နဲ့ ကွာဟချက်ကို ချဲ့ထွင်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ။

ပြုပြင်မွမ်းမံထားသော ပေါ်ရှေး 918 ၏ အနောက် မလှမ်းမကမ်းတွင် ပြုပြင်မွမ်းမံထားသော GT-R ကားပေါ်မှ ရာဖာ လည်း ထောင့်မှန်ချိုး အကွေ့ကို စိုက်ကြည့်နေသည်။ သူမ၏ ဦးနှောက်က လျင်မြန်စွာ အလုပ်လုပ်နေ၏။

"အဲ့ဒီ ယဲ့ ဆိုတဲ့ကောင်က ပြိုင်ပွဲစမှတ်မှာ ဘယ်လိုလုပ် လွှတ်တင်ပြီး တည်ငြိမ်အောင် ပြန်ကျနိုင်ခဲ့လဲတော့ ငါ မသိဘူး"

"ဒါပေမဲ့ ဒီနေရာကစပြီး ငါက ဦးဆောင်သူနေရာကို ပြန်ယူတော့မယ်"

"ဒီဖြတ်လမ်းက အနည်းဆုံး မီတာ (၁၀၀) လောက် အကွာအဝေးကို လျှော့ချပေးနိုင်တယ်... ယဲ့ ဆိုတဲ့ကောင်က ထောင့်မှန်ချိုး အကွေ့မှာ အရှိန်လျှော့ရမယ့် အချက်ကိုပါ ထည့်တွက်လိုက်ရင်... ဒီဖြတ်လမ်းကို သုံးပြီး သူ့ကို ကျော်တက်လို့ ရပြီ..."

စဉ်းစားနေရင်း သူမ ကားကို ကျွမ်းကျင်စွာ ထိန်းချုပ်လိုက်သည်။ ကား၏ ထောင့်ချိုးနှင့် အရှိန်ကို ချိန်ညှိလိုက်၏။

ဖြတ်လမ်းကို ဝင်ရောက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

All Chapters