စီနီယာအစ်ကို
Vol. 9 Ch. 90
ချင်ယွီရုံသည် တန်ယန့်ထံမှ လိုအပ်ချက်များကို မေးမြန်းပြီးနောက် လေယာဉ်မှာယူရန်အတွက် AISSO ကုမ္ပဏီရှိ တာဝန်ရှိသူများနှင့် စတင် ဆက်သွယ်တော့သည်။
တစ်ဖက်တွင်တော့ AISSO မှ တွမ်မှာ အကြီးအကျယ် ခေါင်းခဲနေရသည်။ ZD နိုင်ငံမှ ဖောက်သည်တစ်ဦးက စိတ်ကြိုက် မှာယူထားသည့် ဇိမ်ခံကိုယ်ပိုင် ဂျက်လေယာဉ်မှာ အပြီးသတ်တွင် ပျက်ပြယ်သွားခဲ့ခြင်းကြောင့် ဖြစ်သည်။ အစောပိုင်းက ပေးသွင်းထားသည့် ၁၀ ရာခိုင်နှုန်း စပေါ်ငွေမှာ ပြန်အမ်းစရာ မလိုသော်လည်း လေယာဉ်တစ်စီးလုံး၏ တန်ဖိုးဖြစ်သော အမေရိကန်ဒေါ်လာ ၃၆၆ သန်းနှင့် နှိုင်းယှဉ်လျှင် သမုဒ္ဒရာထဲ ရေတစ်စက်မျှသာ ရှိသည်။
အကယ်၍ ဤလေယာဉ်ကိုသာ သူမရောင်းနိုင်ခဲ့ပါက သူ၏ ရာထူးတိုးခွင့်များ ဆုံးရှုံးရမည့်အပြင် လစာမှာလည်း အနိမ့်ဆုံး အဆင့်သို့ လျှော့ချခံရတော့မည် ဖြစ်သည်။
သူသည် မကြာသေးမီကမှ အိမ်ဝယ်ရန် ဘဏ်ချေးငွေ ယူထားသလို ဇနီးဖြစ်သူမှာလည်း ကိုယ်ဝန်ဆောင်ထားရပြီး မကြာမီ ချစ်စရာကောင်းသော ရင်သွေးလေးကို ဖွားမြင်တော့မည် ဖြစ်သည်။ သူတို့မိသားစုကို ကောင်းမွန်သော ဘဝတစ်ခု မည်သို့ ပေးဆပ်နိုင်ပါတော့မည်နည်း။
"ဟူး..." ဤသည်မှာ ယနေ့အတွက် တွမ်၏ ၁၀၁ ကြိမ်မြောက် သက်ပြင်းချသံပင် ဖြစ်သည်။
ထိုစဉ် သူ၏စားပွဲပေါ်ရှိ ဖုန်းမြည်လာသည်။ သူသည် ခေါင်းကို ခါယမ်းလိုက်ပြီး ဖုန်းကို ကိုင်လိုက်တော့သည်။
မိနစ် ၃၀ ခန့် အကြာတွင်တော့ သူသည် ဖုန်းချလိုက်သော်လည်း ကြောင်အမ်းအမ်းဖြင့် အကြာကြီး ရပ်နေမိသည်။ 'ကျေးဇူးရှင်' နှင့် တွေ့လိုက်ရလေသလား။ သူသည် အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး ခေါင်းကိုခါ၊ ခါးကိုလှုပ်ကာ သူ၏ ခံစားချက်များကို အစွမ်းကုန် ထုတ်ဖော်၍ ကခုန်နေတော့သည်။
တွမ်၏ လုပ်ဖော်ကိုင်ဖက်များက သူ့ကို အရူးတစ်ယောက်လို ကြည့်နေကြသော်လည်း သူကတော့ ဘာကိုမှ သတိမထားမိတော့ပေ။ သူတို့ သိသွားလျှင်ပင် သူဂရုစိုက်မည် မဟုတ်ပါ။
ယခုတော့ ရာထူးတိုးဖို့နှင့် လစာတိုးဖို့အတွက် သူစိုးရိမ်စရာ မလိုတော့ပေ။ အမှန်တကယ်တော့ ချက်ချင်းပင် ရရှိတော့မည် ဖြစ်သည်။ အကြောင်းမှာ ဒေါ်လာ ၃၆၆ သန်းတန် ထိုလေယာဉ်ကြီးမှာ ရောင်းထွက်သွားပြီ ဖြစ်သောကြောင့်ပင် ဖြစ်သည်။
တွမ်သည် သူ၏စိတ်ကို ပြန်လည် ထိန်းချုပ်ပြီးနောက် စားပွဲတွင် ပြန်ထိုင်ကာ ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် C နိုင်ငံမှ ထိုဖောက်သည်အတွက် အမှာစာကို လုပ်ဆောင်ပေးတော့သည်။ ဖောက်သည်၏ လိုအပ်ချက်အရ လေယာဉ်အမည် ပြောင်းလဲခြင်းနှင့် အတွင်းပိုင်း အပြင်အဆင် အချို့ကို အနည်းငယ် ပြုပြင် ပြောင်းလဲပေးခြင်းတို့ကိုလည်း လုပ်ဆောင်ပေးခဲ့သည်။
ဤတောင်းဆိုချက်လေးမှာ သူ၏အတွက် ဘာမှ မခက်ခဲလှပေ။ လေယာဉ်ကို ဆက်ခံဝယ်ယူသည့် ဖောက်သည်မှာ စကားပြောရ အလွန်လွယ်ကူပြီး အကျိုးအကြောင်း မရှိသော တောင်းဆိုမှုများလည်း မလုပ်သဖြင့် သူတကယ်ပင် ကံကောင်းလှသည်။ ထို့ကြောင့်ပင် လွှဲပြောင်းပေးအပ်မည့် လုပ်ငန်းစဉ်များကို အကောင်းဆုံးဖြစ်အောင် သူအစွမ်းကုန် ကြိုးစားပေးမည်မှာ အသေအချာပင်။
*
အမှတ် ၂၁ အီတန်ရွိုင်ရယ်ဟိုတယ်၏ ဝန်းထဲမှာဖြစ်သည်။
ဒီအချိန်မှာတော့ တန်ယန်တို့ တည်းခိုရာဆီကို ဧည့်သည်နှစ်ဦး ရောက်ရှိလာပါသည်။
ယွီချန်းနျန်ဟာ သူ့ရှေ့က တပည့်ရင်း နှစ်ယောက်ကို ကြည့်ပြီး အလွန်ဝမ်းသာနေပေမဲ့ နှုတ်ကတော့ တင်းမာစွာဖြင့် - "အလိုလေး၊ မင်းတို့လို အလုပ်များတဲ့ လူကြီးမင်းတွေက ဒီအဘိုးကြီး သေပြီလား၊ ရှင်သေးလား ဆိုတာကို လာကြည့်ဖို့အချိန် ပေးနိုင်ကြသေးတာပဲလား" လို့ ခနဲ့လိုက်ပါသည်။
လျန်ကျီရှောင်နဲ့ ယန်ဆွေ့တို့ဟာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့ မျက်ဝန်းထဲမှာတော့ အားကိုးရာမဲ့တဲ့ အရိပ်အယောင်တွေကို မြင်နေရပါသည်။
"ဆရာကလည်း ကျန်းကျန်းမာမာ ရှိနေတာပဲကို ဘာလို့ သေမယ့်အကြောင်းတွေပဲ ပြောနေတာလဲ၊ နိမိတ်မကောင်းဘူး ဆရာရယ်" လျန်ကျီရှောင်ဟာ အပြောကောင်းသူပီပီ ဆရာဖြစ်သူ စိတ်ဆိုးတဲ့ အခါတိုင်း ဝင်ရောက်ဖျန်ဖြေ ပေးရသူပါ။ မဟုတ်လျှင်တော့ ခေါင်းမာတဲ့ ယန်ဆွေ့ကြောင့် ဆရာဖြစ်သူက ပိုပြီး စိတ်တိုသွားနိုင်လို့ပဲ ဖြစ်သည်။
"ဟွန့်၊ ငါက မြေကြီးထဲဝင်ဖို့ အသက်အရွယ်တောင် ရောက်နေပြီပဲ၊ ဒါတွေ ဂရုစိုက်နေစရာလား"
"အို... ဆရာက အသက်ကြီးပေမဲ့ ဇွဲရှိပြီး အားအင်ပြည့်ဖြိုးတဲ့ သူမျိုးပါ၊ ကိုယ့်ကိုယ်ကိုယ် အထင်မသေးပါနဲ့ဦး"
"ဒီကောင်လေး၊ ဘယ်တော့မှ တခုခုဆို အာရုံမစိုက်ဘူး။ မင်းရဲ့ ညီမလေး ဒီမှာရှိနေတာ မမြင်ဘူးလား၊ သူ့ကို လမ်းမှားအောင် မလုပ်နဲ့ဦး" ယွီချန်းနျန်က သူ့ရဲ့ တပည့်ကြီးကို အားနဲ့ရိုက်သလိုမျိုး ခပ်ဖွဖွလေး ပုတ်လိုက်ပါသည်။
"အလို... ကြည့်စမ်း၊ ကျွန်တော့် ဦးနှောက်ကတော့ ဆရာ့ကို မြင်တာနဲ့ ညီမလေးကိုတောင် မေ့သွားတယ်၊ ရိုက်သင့်တယ် တကယ်" လျန်ကျီရှောင်ဟာ တောက်ပစွာ ပြုံးလိုက်ပြီး တန်ယန့်ဆီ လက်ကမ်းပေးလိုက်ပါတယ် - "ညီမလေး၊ တွေ့ရတာ ဝမ်းသာပါတယ်၊ နောင်ကျရင်လည်း အစ်ကို့ကို စောင့်ရှောက်ပါဦးနော်"
"အစ်ကိုကြီးကလည်း အားနာစရာတွေ။ ညီမကသာ အစ်ကိုတို့ဆီကနေ လမ်းညွှန်မှုတွေ တောင်းခံရမှာပါ" တန်ယန်က လျန်ကျီရှောင်ရဲ့လက်ကို ပြန်လည် နှုတ်ဆက်လိုက်ပြီး ယန်ဆွေ့ဆီကိုလည်း လက်ကမ်းလိုက်ပါသည်။
"နေကောင်းလား ညီမလေး" ယန်ဆွေ့က စကားနည်းသူ ဖြစ်ပေမဲ့ ဆရာဖြစ်သူရဲ့ တပည့် အငယ်ဆုံးလေးကို မြင်ရတဲ့အတွက် တကယ်ကို ကျေနပ်နေပုံ ရပါသည်။ ထုံးစံအတိုင်း အေးစက်ပြီး အမူအရာ ကင်းမဲ့နေတဲ့ သူမရဲ့မျက်နှာဟာ သိသိသာသာ နူးညံ့သွားပါသည်။
"မင်္ဂလာပါ အစ်ကိုကြီးနဲ့ အစ်ကိုလတ်တို့ရှင့်။ အစ်ကိုတို့ နှစ်ယောက်လုံးကို တွေ့ရတာ ဝမ်းသာပါတယ်။" တန်ယန်ဟာ သူမရဲ့ စီနီယာအစ်ကိုကြီး နှစ်ယောက်အကြောင်း ဆရာ့ဆီကနေ အမြဲ ကြားနေရတာကြောင့် သူတို့နဲ့တွေ့ဆုံဖို့ စိတ်လှုပ်ရှားနေခဲ့တာပါ။ အရင်က အခွင့်အရေး မရခဲ့ပေမဲ့ အခု YL နိုင်ငံမှာ ဆုံတွေ့ရတာက သူမအတွက် အနည်းငယ် အံ့အားသင့်စရာ ဖြစ်ခဲ့ပါသည်။
"ကဲ... အပြင်မှာ ရပ်မနေကြနဲ့၊ အထဲဝင်ထိုင်ကြဦး။" ယွီချန်းနျန်ဟာ တကယ်တမ်း စိတ်ဆိုးနေတာ မဟုတ်ပါဘူး။ သူဘယ်လောက်ပဲ ညည်းညူနေပါစေ ဒီတပည့်တွေက သူ့သားအရင်းတွေလိုပါပဲ။ တကယ်လို့ တခြား တစ်ယောက်ယောက်ကသာ သူတို့ကို အခုလို ကဲ့ရဲ့မယ်ဆိုရင် သူကပဲ ရှေ့ကနေထွက်ပြီး ရန်တွေ့ပေးမယ့် သူမျိုးပါ။
"မင်းတို့နှစ်ယောက်က ဘယ်လိုဖြစ်ပြီး အတူတူလာဖို့ သဘောတူညီမှု ရသွားတာလဲ" ယွီချန်းနျန်က အသစ်ဖျော်ထားတဲ့ လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း မေးလိုက်ပါသည်။
“ကျွန်တော်တို့ ဒီရက်ပိုင်း အားနေတာနဲ့ တိုက်ဆိုင်သွားလို့ပါ။ ဆရာနဲ့ ညီမလေးက ပြိုင်ပွဲအတွက် ဒီကို ရောက်နေတယ်ဆိုတော့ ညီမလေးကိုပါ တစ်ခါတည်း နှုတ်ဆက်ဖို့ချိန်းပြီး လာခဲ့ကြတာပါ။ ဒါက ညီမလေးအတွက် ကျွန်တော်တို့ပေးတဲ့ လက်ဆောင်ပါ” လျန်ကျီရှောင်က သူသယ်လာတဲ့ လက်ဆောင်အိတ်ကို ကမ်းပေးလိုက်ပါသည်။
“ကျေးဇူးတင်ပါတယ် အစ်ကိုကြီးတို့။ ညီမ ဝမ်းသာအားရ လက်ခံလိုက်ပါ့မယ်” တန်ယန်က အားနာမနေဘဲ ပွင့်ပွင့်လင်းလင်း လက်ခံလိုက်သလို၊ တစ်ဖက်မှာလည်း စီနီယာ အစ်ကိုတွေကို ဘာပြန်ပေးရမလဲဆိုတာ စဉ်းစားနေမိပါသည်။
လျန်ကျီရှောင်နဲ့ ယန်ဆွေ့တို့ဟာ သူတို့ရဲ့ညီမလေးက ဟန်ဆောင်မှုကင်းပြီး သဘောထား ကြီးတာကိုမြင်တော့ အတော်လေး သဘောကျသွားကြပါသည်။ ဆရာ့ရဲ့ တပည့်သစ်လေးက တကယ်ကို အလားအလာရှိတဲ့ သူပဲလို့ သူတို့ တွေးလိုက်ကြသည်။
“မလိုပါဘူး ညီမလေးရယ်၊ ညီမလေး သဘောကျရင်ပဲ အစ်ကိုတို့ ကျေနပ်ပါပြီ” ဟု ယန်ဆွေ့က ဆိုပါသည်။
“ဟွန့်၊ မင်းတို့က ဒီလောက်တော့ အသိတရား ရှိကြသေးတာပဲ။ မဟုတ်ရင်တော့ ငါမင်းတို့ကို အိမ်ပေါ်က ကန်ချပြီး ထမင်းတောင် ကျွေးမှာမဟုတ်ဘူး” ယွီချန်းနျန်က မျက်နှာလွှဲပြီး ခပ်တည်တည်ပဲ ပြောလိုက်ပေမဲ့ မျက်ဝန်းထဲမှာတော့ တပည့်တွေအပေါ် ဂုဏ်ယူနေတဲ့ အရိပ်အယောင်တွေ အထင်းသား ပေါ်လွင်နေပါသည်။
*
ထိုညတွင် လျန်ကျီရှောင်နှင့် ယန်ဆွေ့တို့ တစ်ညအိပ် တည်းခိုခဲ့ကြသည်။ ဝန်းထဲတွင် အခန်းအရေအတွက် ကန့်သတ်ချက်ရှိပြီး အခန်းလွတ် တစ်ခန်းသာ ကျန်တော့သဖြင့် တန်ယန်က အိမ်ထိန်းကို ဖုန်းဆက်ကာ မေးမြန်းလိုက်သည်။ ဘေးချင်းကပ်လျက်ဝန်းမှာ ယာယီအားဖြင့် လွတ်နေကြောင်း သိလိုက်ရသည်နှင့် သူမက ချက်ချင်းပင် ငှားရမ်းလိုက်တော့သည်။
အီတန်ရွိုင်ရယ် ဟိုတယ်တွင် တိုက်ခန်းတွဲ အဆောက်အဦးများ ရှိသကဲ့သို့ သူတို့နှစ်ဦးမှာလည်း တစ်ညသာ တည်းခိုမည်ဖြစ်ရာ သီးသန့်ဝန်းတစ်ခုငှားရန် မလိုအပ်ကြောင်း လျန်ကျီရှောင်က အားနာစွာ တားမြစ်ခဲ့သည်။
“ဒါပေမဲ့ ဘေးချင်းကပ်လျက်မှာ နေတာက ပိုပြီး အဆင်ပြေတယ်လေ။ မဟုတ်ရင် ဆရာက အစ်ကိုတို့နဲ့ စကားပြောဖို့ အဝေးကြီး သွားနေရမှာပေါ့။ ပြီးတော့ တစ်ရက်ပဲ ငှားတာပါ၊ အစ်ကိုတို့ ပြန်သွားရင် ညီမက ဒီနေရာကို ပြန်အပ်လိုက်မှာပဲဟာ” ဟု တန်ယန်ကဆိုသည်။ ပိုကောင်းတဲ့ ရွေးချယ်မှု ရှိနေပါလျက်နှင့် ဘာကြောင့် အဆင်မပြေတာကို ရွေးရမည်နည်းဟု သူမတွေးမိသည်။
“ရပါတယ်၊ မင်းတို့ညီမလေးက တော်တော်လေး ချမ်းသာပါတယ်။ သူစီစဉ်ပေးတာကိုပဲ ငြိမ်ငြိမ်လေး နေလိုက်ကြပါ” ဟု ယွီချန်းနျန်က ဝင်ပြောလိုက်မှသာ သူတို့နှစ်ဦး ငြင်းခုံခြင်း ရပ်သွားတော့သည်။
သူတို့နှစ်ဦး စလုံးမှာလည်း အခြေအနေကောင်းသည့် မိသားစုမှ လာသူများ ဖြစ်ကြသည်။ မဟုတ်ပါက ပီယာနို ကဲ့သို့သော အနုပညာ ဘာသာရပ်များကို သင်ယူနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် နောင်တွင် ညီမလေးကို လက်ဆောင်များ ပိုပေးမည်ဟု စိတ်ထဲက တေးမှတ်ထားရင်း စိတ်အေးလက်အေးပင် အခြေချလိုက်ကြသည်။
ထိုညနေတွင် ဆရာနှင့်တပည့် လေးဦးသား အတူတူ ညစာစားရင်း ညဉ့်နက်သည်အထိ စကားပြောခဲ့ကြရာ လေထုမှာ အလွန်ပင် ပျော်ရွှင်စရာ ကောင်းလှသည်။ ယွီချန်းနျန် အလွန် ပျော်နေသည်ကို တန်ယန် သိသာစွာ မြင်တွေ့ရသည်။ တပည့်တွေနှင့် အတူတူ အချိန်မကုန် ဆုံးရသည်မှာ ကြာပြီဖြစ်သဖြင့် သူသည် ဤအချိန်လေးကို အလွန်ပင် တန်ဖိုးထားနေပုံ ရသည်။
သို့သော် ပျော်ရွှင်စရာ အချိန်များသည် အမြဲတမ်း တိုတောင်းလှသည်။ စီနီယာအစ်ကိုကြီး နှစ်ယောက်မှာ နှစ်ရက်သာ အားလပ်ရက်ရခြင်း ဖြစ်သည်။ သူတို့သည် M မြို့တော်သို့ လာရောက် တွေ့ဆုံခဲ့ပြီးနောက် နောက်နေ့မွန်းလွဲပိုင်းတွင် ပြန်ကြရမည် ဖြစ်သည်။
မပြန်မီတွင် သူတို့သည် အလားအလာ အရှိဆုံး ပြိုင်ပွဲဝင်အချို့၏ ဗျူဟာမြောက် အချက်အလက်များကိုပါ တန်ယန့်အတွက် ချန်ထားပေးခဲ့ကြသည်။ ၎င်းက တန်ယန့်ကို အလွန်ပင် စိတ်လှုပ်ရှား ဝမ်းသာသွားစေသည်၊ သူမ၏ စီနီယာ အစ်ကိုကြီးများမှာ တကယ့်ကို စိတ်ကောင်း ရှိလွန်းလှသည်။
ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သော်လည်း သူတို့သည် ညီမလေးအပေါ် အလွန်ပင် ဂရုစိုက်ကြသည်။ ယွီချန်းနျန်၏ တပည့်အဖြစ် လက်ခံခံရသူများမှာ အကျင့်စာရိတ္တနှင့် စိတ်နေစိတ်ထား အလွန်ကောင်းမွန်သူများ ဖြစ်ရမည် ဆိုသည်မှာ သိသာလှပြီး တန်ယန်လည်း သူတို့ကို အလွန် သဘောကျသွားသည်။
စီနီယာများ ပြန်သွားပြီးနောက် ယွီချန်းနျန် စိတ်မကောင်း ဖြစ်နေသည်ကို တန်ယန် သတိပြုမိသည်။ ဤခံစားချက်ကို သူမ ကောင်းကောင်း နားလည်ပါသည်၊ ၎င်းမှာ မခွဲခွာချင်သည့် သံယောဇဉ်နှင့် ဂရုစိုက်မှုတို့ ရောယှက်နေခြင်းပင်။ လင်းယုန်ငယ် တစ်ကောင်သည် တောင်ပံခတ်ကာ ပိုမိုကျယ်ပြောသော ကမ္ဘာကြီးကို မြင်တွေ့နိုင်ရန် နောက်ဆုံးတွင် မိဘများထံမှ ခွဲခွာရမည် မဟုတ်ပါလား။
ယွီချန်းနျန် စိတ်ကြည်လင်လာစေရန် တန်ယန်က သူ့ကို အပြင်သို့ လမ်းလျှောက်ထွက်ရန် ခေါ်သွားခဲ့ရာ သူ၏ စိတ်အခြေအနေမှာ လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာသည်။ သူသည် လွန်ခဲ့သော ၁၀ နှစ်ခန့်က သူရောက်ဖူးခဲ့သော နေရာများ အကြောင်းနှင့် ယခုအခါ မည်သို့ ပြောင်းလဲသွားသည်ကို တန်ယန့်အား တက်ကြွစွာ ပြောပြနေတော့သည်။ သူသည် အခြေအနေမှန်ကို ကိုယ်တိုင်နားလည် သဘောပေါက်သွားပုံရသည်။
တန်ယန်သည်လည်း ဆရာဖြစ်သူ၏ အတိတ်ဇာတ်ကြောင်းများကို နားထောင်ရသည်ကို အလွန် နှစ်သက်လှသည်။ ယနေ့ခေတ်တွင် နာမည်ကျော်ကြားနေသော ဆရာကြီး အချို့၏ ငယ်စဉ်တောင်ကျေး အခါက ရယ်စရာကောင်းပြီး အဓိပ္ပာယ် မရှိသည့် အတင်းအဖျင်း သတင်းများမှာ သူမအတွက် အလွန်ပင် စိတ်ဝင်စားစရာ ကောင်းနေတော့သည်။
ဆရာနှင့် တပည့်နှစ်ဦးသည် ထိုနေ့တွင် M မြို့တော်ရှိ လည်ပတ်စရာ နေရာအနှံ့သို့ သွားရောက်ခဲ့ကြရုံသာမက၊ အွန်လိုင်းတွင် နာမည်ကြီးနေသော စားသောက်ဆိုင် အချို့သို့လည်း သွားရောက် မြည်းစမ်းခဲ့ကြသည်။ ထိုဆိုင်များမှ အစားအသောက်များသည် ဟိုတယ်စားဖိုမှူး ပြင်ဆင်ပေးသည့် လက်ရာများကို မမှီဘဲ သာမန်ကာလျှံကာမျှသာ ရှိသည်ဟု တန်ယန် ခံစားရသော်လည်း၊ ပတ်ဝန်းကျင် အခြေအနေနှင့် စိတ်ခံစားချက်ကြောင့် အစားအသောက် အရသာမှာ ပိုမို ထူးကဲလာခဲ့သည်။ အဓိကကတော့ သူတို့သုံးဦးလုံး အလွန် ပျော်ရွှင်နေကြခြင်းပင် ဖြစ်သည်။