← Chapters

အိုင်ဒဲလ်တစ်ဦး၏ ကျင့်ဝတ်နှင့်အပြုအမူ

Vol. 13 Ch. 184

အိုင်ဒဲလ်တစ်ဦး၏ ကျင့်ဝတ်နှင့်အပြုအမူ

Vol. 13 Ch. 184

“သတ္တိသိပ်ကောင်းနေတယ်ပေါ့” ကျောက်ဘီလူး အော်ဟစ်လိုက်ပြီးနောက် “ဘယ်လောက်ကြာအောင် မာန်တက်နေနိုင်မလဲ ကြည့်ကြတာပေါ့”

ခန္ဓာကိုယ်တွင် အကန့်အသတ်မဲ့ စွမ်းအားများ ထုတ်ဖော်ကာဖြင့် ကျောက်ဘီလူးသည် အန်လင်းထံ ပြေးဝင်သွားလေသည်။

ကျောက်ဘီလူးသည် ဒေါသဆူလွယ်သဖြင့် ဖန်တီးခြင်းခန်းမတွင် ကျော်ကြားသူဖြစ်သည်။ ယခုအခါတွင် သူ့အား ရန်စရဲသူ ရှိလာသည့်အခါ သေချာပေါက် ထိုလူအား နာကျင်မှုဆိုသည်ကို နားလည်သွားအောင် သင်ကြားပေးရပေလိမ့်မည်။

လျှိုချင်ဟွမ်သည်လည်း ရန်ပွဲဖြစ်ရာသို့ ရောက်ရှိလာခဲ့သည်။ ကျောက်ဘီလူးအား မြင်လိုက်သည့်အခါ သူမမျက်လုံးများ လက်သွားသည်။ “ဝိုး.. ဒီ ကော့စ်ပလေးက အရမ်းကို မိုက်တယ်ဟ။ Malphite ရေ နင်မဟုတ်လား”

ကျောက်ဘီလူးနှင့် တိုက်ခိုက်လိုစိတ်များ ပေါ်လာသည်။ သို့သော်လည်း အန်လင်း၏ အင်အားပြမှုကို နှောင့်ယှက်မိမည်ကို စိုးရိမ်သဖြင့် သူမ၏ တိုက်ခိုက်လိုစိတ်ကို ဖိနှိပ်လိုက်လေသည်။

ဤကျောက်ဘီလူးသည် ဒေါသထွက်လွယ်ကာ စဉ်းစားဆင်ခြင်တုံမရှိ ပြုမူနေသော်လည်း စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်ရှိ ကြောက်မက်ဖွယ်ရာ ကျင့်ကြံသူတစ်ဦးအဖြစ် ရှိနေဆဲပင်။ ယခုအခါတွင် ယင်းသည် ပြေးလာနေပြီ ဖြစ်သည်ကြောင့် အန်လင်းသည် ဖိအားကြီးစွာ ခံစားနေရသည်။

အန်လင်းအနေဖြင့် တစ်ဖက်လူအား လျှော့မတွက်ရဲပေ။ ထို့ကြောင့် တိုက်ပွဲစသည်နှင့် နတ်ဘုရားစစ်ဆေးခြင်းနှင့် လေစိတ်ဝိညာဉ်တို့အား အသုံးပြုလိုက်သည်။

ကျောက်ဘီလူး၏ လက်သီးသည် စွမ်းအားအများအပြား သယ်ဆောင်လာပြီး လေကိုဖြတ်ကာ အန်လင်းထံသို့ ဦးတည်နေလေသည်။

အန်လင်း၏ ခြေဖဝါးအောက်တွင် လေကွင်းဝိုင်းများ ပေါ်လာပြီး သူ၏ခြေလှမ်းများသည် ပေါ့ပါးလာကာ ခန္ဓာကိုယ်မှာလည်း လျင်မြန်စွာ ရွေ့လျားလာနိုင်သည်။ ကျောက်ဘီလူး၏ လက်သီးသည် သူ၏ပခုံးအား ထိမိသွားသည်။

တစ်ချိန်တည်းမှာပင် အဖြူရောင်လေပြင်းများ ဝန်းရံနေသည့် မိစ္ဆာရှင်းဓားသည် လျှပ်စီးကြောင်းများသဖွယ် ခုတ်ပိုင်းလိုက်သည်။ အဖြူရောင်လခြမ်းကွေးသဏ္ဌာန် ထွက်ပေါ်လာပြီးနောက် ကျောက်ဘီလူး၏ လက်မောင်းအား ဖြတ်တောက်လိုက်သည်။

ဘုန်း

မိစ္ဆာရှင်းဓားသည် မပျက်စီးနိုင်ပုံရသည့် ကျောက်လက်မောင်းအား ထိမိသွားလေသည်။ ပွတ်တိုက်ရာမှ ထွက်ပေါ်လာသည့် စွမ်းအားများသည် ရပ်ကြည့်နေကြသည့် ကျောင်းသားများအား နောက်သို့ လွင့်ပျံသွားစေသည်။

ချက်ချင်းဆိုသလိုပင် ကျောက်လက်မောင်းသည် အက်ကွဲကာ ဟက်တက်ပွင့်သွားလေသည်။

လက်မောင်း အက်ကွဲကြောင်းမီနေ ပွက်ပွက်ဆူနေသည့် ချော်ရည်ပူများ စီးကျလာသည်။

ကျောက်ဘီလူးသည် နာကျင်စွာဖြင့် အော်ဟစ်လိုက်ပြီးနောက် တုန်လှုပ်ချောက်ချားစွာဖြင့် နောက်သို့ဆုတ်လိုက်သည်။ “မင်း.. မင်းတကယ်ကြီးကို ငါ့ကို ဒဏ်ရာရစေခဲ့တယ် ဟုတ်လား”

စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကနဦးအဆင့်မျှသာ ရှိနေသေးသည့် ကျောင်းသားတစ်ဦးသည် ထိုမျှအထိ ကြောက်မက်ဖွယ်ရာ ဓားနည်းစနစ်ကို အသုံးပြုနိုင်သည်ဆိုသော အချက်အား မယုံကြည်နိုင်ပေ။

အန်လင်းသည် စိတ်ပျက်စွာဖြင့် ဓားကို ခုတ်လွှဲနေလေသည်။ ကျောက်ဘီလူးသည် သူမျှော်မှန်းထားသည်ထက် ကျော်လွန်စွာ ထူထဲသည့် အရေပြားရှိလေသည်။ သို့သော်လည်း မည်သည့်နည်းနှင့်မဆို ကျောက်ဘီလူးအား ဒဏ်ရာရအောင် ပြုလုပ်နိုင်နေဆဲပင်။

အန်လင်းသည် ကျောက်ဘီလူးအား ဓားတစ်ချက်တည်းနှင့် ဒဏ်ရာရစေနိုင်သည်အား မြင်လိုက်ရသည့်အခါ ယောင်မင်စီနှင့် ယောင်ရှု၏ မျက်လုံးများ အရောင်လက်သွားသည်။ အလွန်တက်ကြွလာကြပြီး ရင်ဘတ်ထဲရှိ ဒေါသများပင် လျော့ကျသွားလေသည်။

ပတ်ဝန်းကျင်ရှိ ကျောင်းသားများသည်လည်း လက်ခုပ်ဩဘာများ ပေးလာကြသည်။

“ဖန်တီးခြင်းခမ်းမရဲ့ ကိုယ်စားလှယ်တဲ့လား။ နတ်ဘုရား အန် က မင်းကို တစ်ချက်တည်းနဲ့ အနိုင်ယူနိုင်တယ်။ အဟက်”

“နတ်ဘုရား အန် က သူ့ရဲ့စွမ်းအားကို အကုန်မသုံးလိုက်လို့ပေါ့ကွာ။ မဟုတ်ရင်တော့ လက်ချောင်းတစ်ချောင်းတောင် သုံးစရာမလိုဘဲ တိုက်ပွဲကို အဆုံးသတ်ပစ်လိုက်မှာ”

“တုံ့ပြန်မှုကောင်းကောင်းရှိဖို့က အရေးအကြီးဆုံးပဲ။ နတ်ဘုရား အန် က သူ့ရဲ့ စွမ်းအားအပြည့်သာ အသုံးပြုမယ်ဆိုရင် သူနဲ့ တိုက်ခိုက်ရဲတဲ့သူ ဘယ်သူမှ ရှိမှာတောင် မဟုတ်ဘူး”

…

ကျောင်းသားများ ပြောဆိုနေသည်ကို ကြားသည့်အခါ အန်လင်း၏ အမူအရာသည် တည်ငြိမ်နေဆဲသာဖြစ်သည်။ ကျောက်ဘီလူးမှာမူ ဒေါသတကြီးဖြစ်နေပြီ ဖြစ်သည်။

“ထပ်လာခဲ့” ကျောက်ဘီလူး အော်ဟစ်လာသည်။ ထို့နောက်တွင် အန်လင်းထံသို့ ပြေးဝင်လာပြန်သည်။

ဤတစ်ကြိမ်တွင် သူ့ခန္ဓာကိုယ်မှ အနီရောင်မီးတောက်များ တောက်လောင်လာကာ သူ၏ ပတ်ဝန်းကျင်အား ဖုံးလွှမ်းသွားလေသည်။ အမြန်နှုန်း သိသိသာသာတိုးတက်လာပြီး သူ၏ အော်ရာမှာ ပိုမိုကျယ်ပြန့်လာသည်။

အန်လင်း မျက်မှောင်ကြုတ်သွားသည်။ ထိခိုက်ဒဏ်ရာ ရပြီးသည့်နောက်တွင် ကျောက်ဘီလူး ရပ်တံ့သွားမည်ဟု ထင်မိခဲ့သည်။

“ရပ်စမ်း” ကောင်းကင်မှ ကျယ်လောင်သည့်အသံတစ်ခု ထွက်ပေါ်လာသည်။

ကောင်းကင်မှ အဖြူရောင်ဓားတစ်ခု ပစ်လွှတ်လိုက်ပြီးနောက် မြေကြီးထဲ စိုက်ဝင်သွားသည်။ ဓားမှ လေပြင်းများ ထုတ်လွှတ်နေပြီး ကျောက်ဘီလူးအား တားဆီးလိုက်လေသည်။

ရင်းနှီးနေသည့် မြင်ကွင်းကြောင့် အန်လင်းမျက်လုံးများ မှေးသွားလေသည်။

လျှိုတပေါင်နှင့် တိုက်ခိုက်စဉ်အချိန်ကလည်း ဤကဲ့သို့ ဖြစ်ပွားခဲ့လေသည်။

သေချာပေါက်ပင် ကောင်းကင်မှ အပြာရောင်ဝတ်စုံနှင့် အမျိုးသားတစ်ဦး ဆင်းလာသည်။ ထို့နောက်တွင် တည်ငြိမ်စွာဖြင့် ပြောလေသည်။ “ငါက ကျောင်းစည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်ပဲ။ ကျောင်းဝင်းထဲမှာ ခိုက်ရန်ဖြစ်ပွားခြင်းကို တင်းတင်းကျပ်ကြပ် ကန့်သတ်ထားတယ်။ မင်းတို့နှစ်ယောက်က ဒီတိုက်ပွဲထဲမှာ ပါဝင်တဲ့သူတွေလား”

ထိုသို့ပြောရင်း အပြာရောင်ဝတ်စုံနှင့် အမျိုးသားသည် အန်လင်းနှင့် ကျောက်ဘီလူးအား ကြည့်လာသည်။

ကျောက်ဘီလူးအား မြင်လိုက်သည့်အခါ သူ၏အမူအရာ ပြောင်းလဲသွားသည်။ အန်လင်းအား မြင်လိုက်သည့်အခါတွင်မူ သူ့၏အမူအရာမှာ ပြောင်းလဲရုံတင်မက ထိတ်လန့်သွားလေသည်။

ဖာ့ခ် ဘာလို့သူလဲ။

“စီနီယာ အန်လင်းရဲ့ အမှားမဟုတ်ပါဘူး။ ကျွန်တော့်ကြောင့် ဖြစ်ရတာပါ။ စီနီယာက ကျွန်တာ့်ကို ကာကွယ်ပေးတာပါ” ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ရောက်လာသည်ကို မြင်သည့်အခါ ယောင်မင်စီ စူးစူးဝါးဝါးအော်လိုက်လေသည်။

သူ၏ အိုင်ဒဲလ်အား ဤအရှုပ်ထဲ အပါခံနိုင်မည် မဟုတ်ပါ။

“နတ်ဘုရား အန်ကို ဖမ်းလို့မရဘူးကွ။ အဲဒီ ကျောက်ဘီလူးက နတ်ဘုရား အန် ကို အရင်တိုက်ခိုက်လာတာ”

“အမှန်ပဲ။ သူ့လို သတ္တဝါမျိုးက သင်ခန်းစာကောင်းကောင်း ပေးခံရသင့်တယ်”

“နင့်ကို မှတ်မိပြီ” မိန်းမလှလေးတစ်ဦးသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “နင်က စတုတ္ထနှစ်၊ တန်းခွဲ ၁ က ယန်ရှင်းပဲ။ တကယ်လို့ နင် နတ်ဘုရား အန် ကို ဖမ်းဆီးရဲမယ်ဆိုရင် အစ်မ ချင်ဝမ်ကို လိုက်ပိုးဖို့ မစဉ်းစားနဲ့”

…

ဒေါသတကြီးဖြစ်နေသည့် လူအုပ်ကြီးအား ကြည့်ကာဖြင့် အပြာရောင်ဝတ်စုံနှင့် ယန်ရှင်သည် ခေါင်းပင် ပေါက်ကွဲလုမတတ် ဖြစ်လာသည်။ ဖိအားများကြား နစ်မြုပ်နေပြီဟု ခံစားနေမိသည်။

အန်လင်းအား မြင်လိုက်သည်နှင့် ဤကဲ့သို့ ဖြစ်လာမည်ကို သူသိနှင့်သည်။

အား အန်လင်းက အရင်ကလိုမျိုး သောက်သုံးမကျတဲ့သူ ဖြစ်နေဦးမယ်ဆိုရင် ကောင်းမှာပဲ။

ယန်ရှင်းသည် စိတ်ထဲတွင်သာ သက်ပြင်းချလိုက်မိသည်။ နှလုံးသားရေးမှာ တစ်ဖက်၊ တာဝန်က တစ်ဖက်ဖြစ်လေသည်။ ကျောင်းစည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်တစ်ဦး ဖြစ်သည့်အတွက် သူ၏ တာဝန်နှင့် ဝတ္တရားအား ကျေပွန်စွာ ထမ်းဆောင်ရပေမည်။

ထို့အပြင် အန်လင်းနှင့် ကျောက်ဘီလူးတို့ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းမှာလည်း ငြင်းပယ်မရသည့် အချက်ဖြစ်လေသည်။ ထို့ကြောင့် စစ်ဆေးရန်အတွက် သူတို့နှစ်ဦးအား ဖမ်းဆီးရပေလိမ့်မည်။

ထို့ကြောင့် ယန်ရှင်းသည် အန်လင်းအား လှည့်ကြည့်လိုက်သည်။

အန်လင်းမှာ အသာပြုံးလိုက်ပြီးနောက် “ကျောက်ဘီလူးက ကျွန်တော့်ကို အရင်ဆုံး လှောင်ပြောင်ခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့ အပြုအမူတွေနဲ့ ကျွန်တော့်ကို စော်ကားတယ်။ အဲဒါကြောင့် အခုလိုမျိုး ဖြစ်သွားရတာပါ။ အခြားသူတွေနဲ့ မသက်ဆိုင်ပါဘူး”

အန်လင်း၏စကားကို ကြားသည့်အခါ ယန်ရှင်း ခေါင်းညိတ်လိုက်ပြီးနောက် ကျယ်လောင်စွာ ကြေညာလိုက်သည်။ “စုစည်းညီညွတ် ကျင့်ကြံခြင်းကျောင်းတော်ရဲ့ ပြဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်းများအရ မင်းတို့နှစ်ဦးကို ထိန်းသိမ်းရေးဆောင်မှာ သုံးရက်ကြာ ဖမ်းဆီးထိန်းသိမ်းထားမှာပဲဖြစ်တယ်”

“စီနီယာအန်လင်းကို ဘာအကြောင်းအရင်းကြောင့် ဖမ်းဆီးရတာလဲ။ တစ်ယောက်ယောက်ကို ဖမ်းဆီးချင်နေတယ်ဆိုရင် ကျုပ်ကိုပဲဖမ်းလိုက်။ ကျုပ်ကမှ ဒီရန်ပွဲကို စတဲ့သူ” ယောင်မင်စီ၏ မျက်လုံးများမှာ ဒေါသကြောင့်နီရဲနေလေသည်။ ထို့နောက် ယန်ရှင်းအား ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ယန်ရှင်းသည် ယောင်မင်စီအား လျစ်လျူရှုလိုက်ပြီးနောက် အန်လင်းအား လက်ထိပ်ခတ်လိုက်သည်။

ယောင်မင်စီအား ဖမ်းဆီးလိုက်လျှင်ပင် အန်လင်း လွတ်မြောက်ရန် အကြောင်းမရှိပါ။ ထို့ကြောင့် မကြားချင်ယောင်ဆောင်ခြင်းဖြင့် ဖမ်းဆီးရမည့်သူတစ်ဦး လျှော့သွားပေလိမ့်မည်။

အန်လင်းသည်လည်း ထိုအချက်ကို နားလည်လေသည်။ ယောင်မင်စီကိုပါ ဖမ်းဆီးမည့်အစား သူတစ်ဦးတည်းကသာ ခေါင်းခံလိုက်ခြင်းသည် ပိုကောင်းပေလိမ့်မည်။ သုံးရက်မျှသာ ထိန်းသိမ်းခံရခြင်း ဖြစ်ပေသည်။

“အစ်ကိုကြီး..” ယောင်ရှုသည် ငိုရှိုက်ကာဖြင့် “စီနီယာအန်လင်းက အစ်ကိုကြီးအတွက် အနစ်နာခံသွားတာ” သူမ အိုင်ဒဲလ်ဖြစ်သူ၏ ကိုယ်ကျိုးစွန့် အပြုအမူကြောင့် စိတ်လှုပ်ရှားစွာဖြင့် မျက်ရည်များပင် ကျလာမိသည်။

ယောင်မင်စီသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်ကာဖြင့် အန်လင်း၏ပုံရိပ် ပျောက်ကွယ်သွားသည်အထိ ကြည့်နေမိသည်။

သူ့အနေဖြင့် မည်သည်ကြောင့် အန်လင်း၏ အပြုအမူအား နားမလည်နိုင်ဘဲ ရှိအံ့နည်း။

ယခုတွင်မူ လက်သီးတင်းတင်းဆုပ်ကာဖြင့် နှလုံးသားထဲတွင် ဖြစ်ပေါ်လာသည့် ဒေါသများကို မြိုချမြှုပ်နှံရုံသာလျှင် တတ်နိုင်ပေသည်။

ရပ်ကြည့်နေကြသည့် ကျောင်းသားများသည် အန်လင်းအား ခေါ်ဆောင်သွားသည်ကို မြင်သည့်အခါ ဒေါသထွက်လာကြသော်လည်း မည်သည့်အတွက် ထိုသို့ဆုံးဖြတ်ရခြင်းကို နားလည်ကြလေသည်။

“ယန်ရှင်း.. နင်စောင့်နေလိုက်။ အစ်မ ချင်ဝမ်ကို အခုပဲ ဒီအကြောင်းသွားပြောမယ်။ နင်ပြီးသွားပြီလို့ မှတ်လိုက်တော့”

ကျောက်ဘီလူးနှင့် အန်လင်းတို့အား ခေါ်ဆောင်သွားသည့် ယန်ရှင်းသည် ထိုစကားအား ကျလိုက်သည့်အခါ ပြုတ်ကျလုမတတ်ပင် ဖြစ်သွားလေသည်။

အန်လင်းအား ထောက်ခံအားပေးသည် အော်သံများသည် ထိုအသံအား လျင်လျင်မြန်မြန်ပင် ဖုံးလွှမ်းသွားသည်။

“တကယ့်ကို အန်လင်းက ငါ့ရဲ့ အိုင်ဒဲလ်ပဲ။ အရမ်းကို ယုံကြည်စိတ်ချရတယ်”

“နတ်ဘုရားအန်ကို ကျွန်တော်တို့အားလုံး အားပေးနေကြတယ်နော်”

“အမြဲတမ်းအားပေးနေမယ်နော်။ ပြန်ထွက်လာတာနဲ့ စီနီယာက နောက်တစ်ခါ အစစ်အမှန် သူရဲကောင်း ထပ်ဖြစ်ပြီပဲ”

***

ကျောင်းသားအားလုံးသည် လက်ခုပ်ဩဘာများ ပေးလာကြသည်။

ဩဘာပေးသံသည် မိုးခြိမ်းသံတမျှ ဖြစ်သည့်အတွက် အန်လင်း၏ နားသို့တိုင် ရောက်လာလေသည်။

အန်လင်းသည် ဘေးတွင်ရှိသည့် ကျောက်ဘီလူးအား လှည့်ကြည့်ကာဖြင့် “မင်းမြင်လား။ အဲဒါက မင်းပြောတဲ့ တိုက်ပွဲရှုံးပြီး အားပေးမှုတွေ မရှိတော့တာလေ”

“အား...” အန်လင်း၏စကားကို ကြားသည့်အခါတွင် ကျောက်ဘီလူးသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ အန်လင်းအား စူးဝါးစွာ စိုက်ကြည့်လိုက်ပြီး သူ၏ရင်ဘတ်မှ မီးတောက်များမှာ ပို၍တောက်ပလာသည်။

အန်လင်းသည် ပခုံးပင့်ကာဖြင့် အလွန်အမင်း ဝံ့ကြွားနေလေသည်။ အလွန်ပျော်ရွှင်နေခြင်းဖြစ်သည်။ ကျောက်ဘီလူးအား အနိုင်ယူနိုင်ခဲ့သည်သာမက သုံးရက် ထိန်းသိမ်းခံရဦးမည် ဖြစ်သည်။

တာအိုဖလှယ်ခြင်းညီလာခံသည် နှစ်ရက်အတွင်း ကျင်းပတော့မည် ဖြစ်သည်။ ယခုအခါတွင် သုံးရက် ထိန်းသိမ်းခံထားရပြီ ဖြစ်သဖြင့် ဆိုလိုသည်မှာ....

ထို သောက်ရေးမပါသည့် တာအိုဖလှယ်ခြင်းညီလာခံအား ပါဝင်ရန်မလိုတော့ပေ။

လုံးဝမိုက်တယ်။

ထိုတစ်ချိန်တည်း၌ပင် သူတို့နှင့် မနီးမဝေးရှိ သစ်ပင်တွင် နားနေသည့် ရွှေရောင်မျက်လုံးနှင့် ဇီးကွက်တစ်ကောင်သည် စိတ်ပျက်ရွံရှာစွာဖြင့် တံတွေးထွေးလိုက်လေသည်။

"ဖွီး အဲဒီ အရူးကောင် ဟုန်သိုကတော့ ဘယ်နေရာသွားသွား ပြဿနာရှာလိုက်ရမှ။"

"ဒီအခြေအနေက ပိုဆိုးမလာဖို့ပဲ မျှော်လင့်ရမှာပဲ။ ဒီကိစ္စ ခြင်္သေ့မင်းကို ချက်ချင်း အကြောင်းကြားဖို့လိုတယ်။"

ကျောက်ဘီလူး အဝေးသို့ လမ်းလျှောက်သွားသည်ကို ကြည့်နေရင်းနှင့် ဇီးကွက်သည် စိတ်ဆိုးကာ ဒေါသတကြီးဖြစ်လာလေသည်။ သူတစ်ဦးတည်း လျှောက်သွားဖို့ရန် ခွင့်မပြုလိုက်သင့်ပေ။ ခေတ္တမျှ လျှောက်သွားရုံနှင့်ပင် ထိန်းသိမ်းခံရသည့်အဖြစ်သို့ ရောက်ရှိသွားလေသည်။ ဘယ်လိုတောင်များပါလိမ့်။

ဇီးကွက်သည် နောက်ထပ်တဖန် သက်ပြင်းချလိုက်ပြန်သည်။ ထို့နောက်တွင် အတောင်များဖြန့်ကာဖြင့် ပျံသန်းသွားတော့သည်။

***

All Chapters