← Chapters

အသက်လုပွဲ

Vol. 31 Ch. 452

အသက်လုပွဲ

Vol. 31 Ch. 452

~"အဖေ... ဖုန်းဝူချန်ကို သတ်ပစ်ပေးပါ..."

ကွေ့ယင်း (ခေါ်) ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်၏ လက်ချက်ကြောင့် ဖုန်းဝူချန် နောက်သို့ လွင့်စင်သွားရသည့် အခိုက်အတန့်တွင် ထျန်းယွဲ့ဂိုဏ်းချုပ်ကြီးသည် ဖန်ရှောင်ယွင်ကို ဘေးလွတ်ရာသို့ ဆွဲထုတ်ကယ်တင်လိုက်နိုင်လေသည်။ ဖန်ရှောင်ယွင်မှာ ဒေါသနှင့် နာကျင်မှုတို့ ရောပြွန်းကာ ရူးသွပ်မတတ် အော်ဟစ်နေရှာ၏။

သားဖြစ်သူ၏ ခြေထောက်များ ကျိုးကြေ ပျက်စီးနေသည်ကို မြင်လိုက်ရသောအခါ ထျန်းယွဲ့ဂိုဏ်းချုပ်ကြီး၏ ရင်ထဲတွင် ဒေါသမီးတို့ တဟုန်းဟုန်း တောက်လောင်လာတော့သည်။

"ကွေ့ယင်း... ဖုန်းဝူချန်ကို သတ်ပေး... အဲ့ဒါဆို ငါတို့ကြားက အကြွေးတွေ အကုန်ကျေပြီလို့ သတ်မှတ်လိုက်တော့... ပြီးတော့ ကောင်းကင်ဘုံနယ်မြေရဲ့ ပိုင်နက်တစ်ဝက်ကို မင်းကို ပေးမယ်..."

"သဘောတူတယ်..."

ကွေ့ယင်းက အားရပါးရပင် ပြန်ဖြေလိုက်လေသည်။

"အကြီးအကဲ..."

ထျန်းယွဲ့ဂိုဏ်းချုပ်ကြီးသည် စိုးရိမ်တကြီးဖြင့် အကြီးအကဲ ရန် ဘက်သို့ လှမ်းကြည့်လိုက်သော်လည်း မျှော်လင့်ချက်မဲ့သော မြင်ကွင်းကိုသာ တွေ့လိုက်ရချေသည်။ အကြီးအကဲ ရန် မှာ မီးအဆိပ်၏ လောင်ကျွမ်းမှုကြောင့် ငရဲခန်းသို့ ရောက်နေသကဲ့သို့ နာကျင်လူးလှိမ့်နေရရှာသဖြင့် သူ့ကို ကူညီနိုင်မည့် အင်အား မရှိတော့ပေ။

ရွေးချယ်စရာ မရှိတော့သည့်အဆုံးတွင် ထျန်းယွဲ့ဂိုဏ်းချုပ်ကြီးသည် ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ဖန်ရှောင်ယွင်ကို တိုက်ကျွေးလိုက်ပြီး သူ၏ အစစ်အမှန်ယွမ်စွမ်းအားများကို သားဖြစ်သူ၏ ခန္ဓာကိုယ်ထဲသို့ လွှဲပြောင်းပေးကာ ခြေထောက်များကို ပြန်ဆက်ပေးနိုင်ရန် ကြိုးစားရလေတော့သည်။

"ကွေ့ယင်း..."

ဖုန်းဝူချန် မျက်မှောင်ကြုတ်သွားသည်။ ကောင်းကင်ဘုံနယ်မြေတွင် ကွေ့ယင်း ဆိုသည့် နာမည်ကို တစ်ခါမှ မကြားဖူးခဲ့ပေ။ သို့သော် သေချာသည်မှာ ထိုလူ၏ အဆင့်အတန်းသည် နိမ့်ကျမည့်ပုံ မပေါ်သလို သူ၏ စွမ်းအားမှာလည်း ကြောက်ခမန်းလိလိ ကောင်းမွန်နေခြင်းပင် ဖြစ်သည်။

...ဒီလူရဲ့ စွမ်းအားက ထျန်းယွဲ့ဂိုဏ်းချုပ်ကြီးနဲ့ တန်းတူပဲ...

ဖုန်းဝူချန်၏ မျက်နှာထားသည် အလွန်အမင်း တည်ကြည်လေးနက်သွားရလေသည်။ ဤမျှ အစွမ်းထက်သော ရန်သူတော်ကြီးတစ်ယောက် ထပ်မံ ပေါ်ထွက်လာလိမ့်မည်ဟု သူ ထင်မထားခဲ့မိချေ။

"ဆေးဧကရာဇ်... ကွေ့ယင်းဆိုတာ လုပ်ကြံသတ်ဖြတ်သူတွေရဲ့ ခေါင်းဆောင်ပါ..."

အကြီးအကဲကြီး ဟွမ်ရွှမ်က လှမ်းအော်ပြောလိုက်သည်။

"လုပ်ကြံသတ်ဖြတ်သူ..."

ဖုန်းဝူချန် တစ်ခါမှ မကြားဖူးခဲ့ပေ။

"ဖုန်းဝူချန်... မင်း ငါ့ကို မသိတာ မဆန်းပါဘူး... ဒါပေမဲ့ ကောင်းကင်ဝံပုလွေတို့ကို သတ်ခဲ့တာကိုတော့ မင်း မှတ်မိဦးမယ် ထင်တယ်..."

ကွေ့ယင်းက ရေခဲတမျှ အေးစက်သော လေသံဖြင့် ဆိုလာသည်။ သူ၏ ပိန်လှီသော မျက်နှာအိုကြီးမှာ သေမင်းတမန်သဖွယ် ကြောက်မက်ဖွယ် ကောင်းလှ၏။ ထိုစကားကို ကြားလိုက်ရမှ ဖုန်းဝူချန် သဘောပေါက်သွားတော့သည်။

"ဪ... ခင်ဗျားက သူတို့ခေါင်းဆောင်ကိုး..."

"မင်းက ငါ့လူတွေကို သတ်ခဲ့တယ်... အဲ့ဒီတော့ မင်းကို ငါပြန်သတ်တာ တရားမျှတမှု ရှိတာပေါ့..."

ပြောပြီးသည်နှင့် ကွေ့ယင်း၏ ခန္ဓာကိုယ်မှ ပြင်းထန်သော သတ်ဖြတ်ခြင်း အရှိန်အဝါများ ပေါက်ကွဲထွက်လာလေသည်။

"ဘုန်း..ဘုန်း ..ဘုန်း"

ယီယွင်နှင့် အခြားလေးယောက်သည် ဒဏ်ရာ အကြီးအကျယ် ရထားသော်လည်း လက်ပိုက်ကြည့်မနေနိုင်ဘဲ ချက်ချင်းပင် ဖုန်းဝူချန်၏ ရှေ့သို့ ရောက်လာကြပြန်သည်။

"ယီယွင်... နန်းတော်သခင်ယီ... ကျုပ်က ဖုန်းဝူချန်ကိုပဲ သတ်မှာ... ခင်ဗျားတို့ ကိစ္စထဲ ဝင်မပါဘူး..."

ကွေ့ယင်းက အေးစက်စွာ ပြောလိုက်သည်။ သို့သော် ယီယွင်တို့မှာ စိုးရိမ်နေကြသော်လည်း နောက်ဆုတ်သွားမည့်ပုံ မပေါ်ချေ။ ထိုအခြေအနေကို မြင်သောအခါ ကွေ့ယင်းက ခေါင်းခါလိုက်ပြီး...

"ခင်ဗျားတို့ အကုန်ပေါင်းတိုက်ရင်တောင် ကျုပ်ပြိုင်ဘက် မဟုတ်ဘူး... အခုလို ဒဏ်ရာတွေနဲ့ဆို ပိုဆိုးသေးတယ်... ဘာလို့ အလကားနေရင်း အသက်လာသေချင်နေရတာလဲ..."

ဖုန်းဝူချန်၏ အခြေအနေမှာ အတော်လေး ကျပ်တည်းနေပြီ ဖြစ်သည်။ ထျန်းယွဲ့ဂိုဏ်းချုပ်ကြီး တစ်ယောက်တည်းကိုပင် နိုင်အောင်တိုက်ဖို့ ခက်ခဲနေချိန်တွင် ကွေ့ယင်းကပါ ဝင်ပါလာသဖြင့် အခြေအနေမှာ ဘေးကျပ်နံကျပ် ဖြစ်သွားရချေ၏။

...ဒီလူက သိပ်စွမ်းလွန်းတယ်... ကိုးထပ် ချန်ခွင်း မျှော်စင်တောင် သူ့ကို ဖိနှိပ်နိုင်ပါ့မလား မသိဘူး...

ဖုန်းဝူချန် စိတ်ထဲတွင် တွေးတောရင်း မျက်မှောင်ကြုတ်ထားမိသည်။

"ဝုန်း..."

ကောင်းကင်ဘုံလူသား သတ္တမအလွှာ၏ ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ကွေ့ယင်းသည် လေထဲသို့ ပျံတက်ကာ ဖုန်းဝူချန်ရှိရာဆီသို့ လျှပ်စီးလက်သကဲ့သို့ ပြေးဝင်လာတော့သည်။

"ဆေးဧကရာဇ်... ပြေးပါတော့..."

ယီယွင်က အော်ဟစ်သတိပေးလိုက်ပြီး သူ၏ အစစ်အမှန်ယွမ်စွမ်းအားများကို အကုန်ထုတ်သုံးကာ ခုခံရန် ပြင်လိုက်သည်။

"မြေကမ္ဘာအဆင့် အဆင့်မြင့် သိုင်းပညာ..."

"ရွှပ်..."

ယီယွင် သိုင်းကွက်ထုတ်လိုက်သည့် တစ်ခဏမှာပင် ကွေ့ယင်း၏ ပုံရိပ်သည် မျက်စိရှေ့မှ ပျောက်ကွယ်သွားပြီး အရှိန်အဟုန်က ဆယ်ဆမက ပိုမြန်လာလေသည်။

"ဘာ..."

ယီယွင်၏ မျက်နှာ ဖြူဖျော့သွားရလေသည်။

"ဘုန်း..."

"အာ့..."

ကွေ့ယင်း၏ လက်သီးချက် တစ်ချက်တည်းဖြင့် ယီယွင်တစ်ယောက် ပါးစပ်မှ သွေးများ ပန်းထွက်ကာ အမြောက်ဆန်ပမာ လွင့်စင်သွားရရှာတော့သည်။

"နန်းတော်သခင်ယီ..."

ဖုန်းဝူချန်မှာ တုန်လှုပ်ခြောက်ခြားသွားရလေသည်။ လက်သီးတစ်ချက်တည်း... ထိုလက်သီးတစ်ချက်တည်းဖြင့် ယီယွင်လို လူကို အကြီးအကျယ် ဒဏ်ရာရသွားစေသည်။

"ဖုန်းဝူချန်... မင်းအသက်က ငါ့ပိုင်ဆိုင်မှုပဲ..."

ကွေ့ယင်းက အေးစက်စွာ အော်ဟစ်ရင်း ဖုန်းဝူချန်ဆီသို့ တဟုန်ထိုး ပြေးဝင်လာပြန်သည်။

"ဆေးဧကရာဇ်... ပြေး..."

ယဲ့ရွှေဟန်တို့ လေးယောက်မှာလည်း ကြောက်ရွံ့ခြင်းမရှိဘဲ ရှေ့သို့ တိုးထွက်ကာ ကာကွယ်ပေးကြပြန်သည်။

"ကိုယ့်နေရာကိုယ် မသိတဲ့ ကောင်တွေ..."

ကွေ့ယင်း၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။

"ဘုန်း..ဘုန်း ..ဘုန်း"

ကွေ့ယင်း၏ ပုံရိပ်သည် သရဲတစ္ဆေလို မရေမရာ လှုပ်ရှားနေပြီး အမြန်နှုန်းမှာ လိုက်ကြည့်၍ပင် မမီနိုင်အောင် ဖြစ်နေလေသည်။

"ဘုန်း... ဘုန်း... ဘုန်း..."

"အွတ်... အွတ်..."

မျက်တောင်တစ်ခတ်စာ အတွင်းမှာပင် ယဲ့ရွှေဟန်နှင့် ကျန်လူများအားလုံး သွေးအန်ကာ လွင့်စင်ကုန်ကြရတော့သည်။ ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်၏ တိုက်ခိုက်မှုများက လျင်မြန်လွန်းလှသဖြင့် သူတို့မှာ ဘာဖြစ်သွားမှန်းပင် မသိလိုက်ရဘဲ ခံလိုက်ကြရခြင်း ဖြစ်သည်။

လက်တွေ့တိုက်ပွဲတွင် ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်သည် ထျန်းယွဲ့ဂိုဏ်းချုပ်ကြီးထက်ပင် ပို၍ ရက်စက်ကြမ်းကြုတ်နေသေးသည်။

"ငါပြောပြီးသားနော်... ငါက ဖုန်းဝူချန်ကိုပဲ သတ်ဖို့လာတာ... မင်းတို့ ဇွတ်ဝင်ပါနေရင်တော့ ငါ့ကို အပြစ်မတင်နဲ့..."

ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်က နှာခေါင်းရှုံ့ကာ ပြောလိုက်သော်လည်း ယီယွင်တို့ကိုတော့ အပြတ်ရှင်းမပစ်ခဲ့ပေ။ ထို့နောက် ဖုန်းဝူချန်ကို စူးစူးဝါးဝါး ကြည့်လိုက်ပြီး နေရာမှ ပျောက်ကွယ်သွားကာ ဖုန်းဝူချန်၏ မျက်နှာချင်းဆိုင်တည့်တည့်သို့ ရောက်လာတော့သည်။

"မင်း ဘယ်လိုပုံစံနဲ့ သေချင်လဲ..."

သေမင်းတမန် အသံကြီးက ဖုန်းဝူချန်၏ နားစည်ဝသို့ တိုးဝင်လာလေသည်။ ဖုန်းဝူချန်၏ မျက်နှာထား ပျက်ယွင်းသွားပြီး ရွေးချယ်စရာ မရှိတော့သည့်အဆုံးတွင် နဂါးနတ်ဘုရားဓားကို ဝင့်ကာ ရှိသမျှအစွမ်းဖြင့် ခုတ်ပိုင်းချလိုက်တော့သည်။

"တင်..."

ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်က မထီမဲ့မြင် ပြုံးလိုက်ပြီး နဂါးနတ်ဘုရားဓား၏ တိုက်ခိုက်မှုကို လက်ညှိုးတစ်ချောင်းတည်းဖြင့်ပင် တားဆီးလိုက်လေသည်။ သူ၏ လက်ချောင်းသည် သံမဏိတိုင်ကြီး တစ်တိုင်ပမာ မာကျောလွန်းလှသဖြင့် ဖုန်းဝူချန်၏ အားကုန်သုံးထားသော ဓားချက်မှာ တုပ်တုပ်မျှ မလှုပ်ပေ။

"ဟွန်း... မင်းက ကောင်းကင်ဘုံလူသား စတုတ္ထအလွှာ... မဟုတ်ဘူး... ပဉ္စမအလွှာလောက် စွမ်းအားရှိရင်တောင် ငါ့ပြိုင်ဘက် မဟုတ်ပါဘူးကွာ..."

"ဘုန်း..."

စကားဆုံးသည်နှင့် ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်က လက်သီးတစ်ချက် ပစ်သွင်းလိုက်ရာ ဖုန်းဝူချန်မှာ သွေးတစ်ပွက် အန်ထုတ်လိုက်ရပြီး နောက်သို့ လွင့်စင်သွားရလေသည်။

...သတ္တမအလွှာ ဆိုတာ တကယ်ပဲ အလကားမဟုတ်ဘူး... စွမ်းအားက သောက်ရမ်း ကြောက်စရာ ကောင်းလွန်းတယ်...

ဖုန်းဝူချန် အကြီးအကျယ် တုန်လှုပ်သွားမိသည်။ နဂါးအသွင် ပြောင်းလဲထားသည့်အပြင် ချီလင်ချပ်ဝတ်၏ ကာကွယ်မှုကိုပါ ရယူထားသော်လည်း ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်၏ လက်သီးချက်ကို သူ ခံနိုင်ရည်မရှိခဲ့ပေ။

"ဗိမာန်သခင်..."

"ဆေးဧကရာဇ်..."

ချီဟွမ်နှင့် ပေတိုယန်တို့မှာ အလွန်အမင်း စိုးရိမ်ပူပန်နေကြသော်လည်း ယခုအချိန်တွင် သူတို့တတ်နိုင်သည်မှာ ဘာမျှမရှိချေ။

"ဖုန်းဝူချန်... သေဖို့ ပြင်ထားပေတော့..."

ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်က အခွင့်အရေးပေးမည့်ပုံ မပေါ်ဘဲ ထပ်မံ တိုက်စစ်ဆင်လာပြန်သည်။

မိမိဆီသို့ တဟုန်ထိုး ပြေးဝင်လာသော ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်ကို ကြည့်ရင်း ဖုန်းဝူချန် ရုတ်တရက် အော်ဟစ်လိုက်လေသည်။

"နဂါးဟိန်းသံ…”

"ဝေါင်း.."

ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေနိုင်သော နဂါးဟိန်းသံကြီးတစ်ခု လောကအနှံ့ ပဲ့တင်ထပ်သွားလေသည်။ နဂါးတစ်ကောင်၏ အရှိန်အဝါ အာဏာစက်များ လွှမ်းခြုံသွားပြီး ကြားရသူတိုင်းကို ဒူးထောက်ကာ အရိုအသေ ပေးချင်စိတ်များ ဖြစ်ပေါ်လာစေသည်။

ရုတ်တရက် ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ဖိအားနှင့် အသံလှိုင်းတို့ကြောင့် ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်၏ မျက်နှာအိုကြီးမှာ ရှုံ့မဲ့သွားရတော့သည်။

"ဒါ... ဒါ အသံလှိုင်း သိုင်းပညာလား..."

ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်မှာ အသံလှိုင်း၏ ဒဏ်ကို မခံနိုင်ဘဲ ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။

"အား..."

သူသည် ကောင်းကင်ဘုံလူသား သတ္တမအလွှာ အဆင့်ရှိသည့် စွမ်းအားရှင်ကြီး ဖြစ်သော်ငြား သူ၏ နားစည်များက သံမဏိဖြင့် ပြုလုပ်ထားသည် မဟုတ်ပေ။ ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်မှာ နားစည်များ ကွဲထွက်မတတ် နာကျင်မှုကို ခံစားလိုက်ရပြီး ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်မတတ် ဖြစ်သွားရရှာသည်။

တိုက်ပွဲဖြစ်ပွားရာ နေရာနှင့် အဝေးတစ်နေရာမှ ကြည့်ရှုနေကြသူများပါ ထို နဂါးဟိန်းသံကြောင့် နှလုံးသားများ တုန်ခါကုန်ကြပြီး ကြောက်ဒူးတုန်သွားကြရလေသည်။ နဂါးဟိန်းသံ တစ်ချက်တည်းဖြင့် တိုက်ပွဲတစ်ခုလုံး ခေတ္တမျှ ရပ်တန့်သွားစေခဲ့သည်။ လူတိုင်း နားရွက်များကို လက်ဖြင့် အတင်းပိတ်ထားကြပြီး မျက်နှာများမှာ နာကျင်မှုကြောင့် ရှုံ့မဲ့နေကြ၏။

"ဝီ..."

ထိုအခွင့်အရေးကို လက်လွတ်မခံဘဲ ဖုန်းဝူချန်သည် သူ၏ သွေးကြောထဲမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများကို မောင်းနှင်ကာ နဂါးနတ်ဘုရားဓားထဲသို့ စီးဝင်စေလိုက်သည်။ ကြောက်မက်ဖွယ်ရာ ဓားစွမ်းအင် အလင်းတန်းကြီး ပေါက်ကွဲထွက်လာပြီး ကောင်းကင်ယံသို့ ထိုးတက်သွားလေသည်။

"ဝိညာဉ်ချေမှုန်း ဓားသိုင်းပညာ... ဝိညာဉ်ချေမှုန်း နတ်ငိုသရဲအော်သံ..."

ဖုန်းဝူချန်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး နဂါးနတ်ဘုရားဓားကို ဝင့်ကာ ရက်ရက်စက်စက် ခုတ်ပိုင်းချလိုက်တော့သည်။

"ရွှစ်..."

"ဝီ..."

သွေးရောင်လွှမ်းသော ဓားအလင်းတန်းကြီးသည် လေထုကို ခွဲဖြတ်ကာ ကြောက်ခမန်းလိလိ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာလေသည်။ ၎င်း၏ စွမ်းအားမှာ ကြီးမားလွန်းသဖြင့် ဟင်းလင်းပြင်တစ်ခုလုံး တုန်ခါနေလေသည်။

ထို့အပြင် ဖုန်းဝူချန်သည် နဂါးနတ်ဘုရားဓားကို ခန္ဓာကိုယ်ထဲသို့ ပြန်လည် ရုပ်သိမ်းလိုက်ပြီး မကြာသေးမီကမှ သွန်းလုပ်ထားသော လက်အိတ်နက်ကြီးကို ထုတ်ယူကာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများကို ထပ်မံ ထည့်သွင်းလိုက်ပြန်သည်။

"ရှေးဦး နဂါးနတ်ဘုရား လက်သီး..."

ဖုန်းဝူချန် ထပ်မံ ဟိန်းဟောက်လိုက်ပြန်သည်။ သူ၏ လက်သီးချက်များသည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်လွန်းလှပြီး မျက်တောင်တစ်ခတ်စာ အတွင်းမှာပင် မမြင်နိုင်သော လက်သီးပုံရိပ် ရာပေါင်းများစွာကို ပစ်သွင်းလိုက်လေသည်။ ထိုလက်သီးချက်များသည် အလွန်တရာ ကြမ်းကြုတ်ပြီး ရက်စက်လွန်းလှသဖြင့် မြင်ရသူအပေါင်းကို ကြက်သီးမွေးညှင်း ထစေလေသည်။

ကြောက်မက်ဖွယ် ဓားအလင်းတန်းကြီး မရောက်လာခင်မှာပင် လက်သီးပုံရိပ် ရာပေါင်းများစွာက ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်၏ ခန္ဓာကိုယ်ပေါ်သို့ မိုးသီးမိုးပေါက်များအလား ကျရောက်သွားလေတော့သတည်း။

All Chapters