← Chapters

သံမဏိလူသားအစစ် ဝမ်ရှိုကျဲ့

Vol. 7 Ch. 61

သံမဏိလူသားအစစ် ဝမ်ရှိုကျဲ့

Vol. 7 Ch. 61

အမ်...

ဝမ်ရှိုကျဲ့က တကယ်တမ်းကျတော့ ဝေးဝေးလံလံ ထွက်သွားတာ မဟုတ်ပေ။ အဝေးတစ်နေရာကနေ တိတ်တဆိတ် စောင့်ကြည့် နားထောင်နေခဲ့တာ ဖြစ်သည်။ သူက မျိုးနွယ်စုထဲက ညီငယ်ညီမငယ်တွေအပေါ် စိတ်ပူတတ်သူ ဖြစ်လေသည်။

အစပိုင်းမှာတော့ သူ ခဏခဏ ခေါင်းညိတ်မိသည်။ ဝမ်လော်ချိုး ရှိနေတာကြောင့် ညီငယ် ညီမငယ်တွေအားလုံး ဖိအားအကြီးအကျယ် ခံစားနေရသည်။ ဒီဖိအားကိုသာ တွန်းအားအဖြစ် ပြောင်းလဲနိုင်မယ်ဆိုရင် အတော်လေး ကောင်းမွန်တဲ့ ကိစ္စတစ်ခု ဖြစ်လာလိမ့်မည်။

ဒါပေမဲ့ နောက်ပိုင်းမှာ ကောင်မလေးတစ်ယောက် အပေါက်အလမ်းမတည့် လျှောက်ပြောနေတာကို ကြားလိုက်ရတဲ့အခါ ဝမ်ရှိုကျဲ့တစ်ယောက် သူ့ကို ထိန်းချုပ်ဆုံးမဖို့ လိုအပ်ပြီလို့ ခံစားလိုက်ရသည်။

ဟားဟား... ဝမ်လော်ချိုး ရေ... နင့်အစ်ကိုလေး ပြန်လာတဲ့အခါကျရင် နင်လည်း ဖိအားနည်းနည်းလောက် ခံစားရအောင် လုပ်ပေးရဦးမယ်။ အစ်ကိုတစ်ယောက်ရဲ့ မေတ္တာကို ခံစားကြည့်စေရတာပေါ့...

တကယ်တမ်း ပြောရရင်တော့ ဝမ်ရှိုကျဲ့ကိုယ်တိုင်လည်း ဖိအားအနည်းငယ် ခံစားနေရသည်။ သူလည်း ကြိုးကြိုးစားစား ကျင့်ကြံမှ ဖြစ်မည်။ နောက်နှစ်ကျမှ သူတို့ထက် နိမ့်ကျနေရင် မျက်နှာပျက်စရာ ဖြစ်လိမ့်မည်။

မျိုးဆက်သစ်တွေအပေါ် ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ပြုလုပ်ထားသလို ဝမ်လော်ချိုးဆိုတဲ့ "ငါးခူမလေး" ကလည်း ရေတွေကို လိုက်မွှေနှောက်ပေးနေတာကြောင့် ဒီကလေးဆိုးလေးတွေရဲ့ တိုးတက်နှုန်းက နှေးကွေးနေမှာ မဟုတ်ပေ။

ဝမ်ရှိုကျဲ့ကတော့ ဒီအခြေအနေကို အလွန်ကျေနပ်အားရနေမိသည်။ မျိုးနွယ်စုတစ်ခု အင်အားကြီးချင်ရင် တစ်ယောက်တည်းအပေါ် ဘယ်လိုလုပ် မှီခိုလို့ရပါ့မလဲ။ ထူးချွန်တဲ့ မျိုးဆက်သစ်တွေ အဆက်မပြတ် မွေးထုတ်ပေးနိုင်ခြင်းကသာ မျိုးနွယ်စုတစ်ခုရဲ့ စစ်မှန်တဲ့ အုတ်မြစ်ဖြစ်သည်။

ဝမ်မျိုးနွယ်စုရဲ့ မျိုးဆက်သစ် လူငယ်တွေက အကောင်းဆုံး ကြီးထွားနှုန်းကို ပိုင်ဆိုင်ထားကြသည်။ အရင်တုန်းကတော့ မျိုးနွယ်စုက ဆင်းရဲလွန်းခဲ့သည်။ သူ့လို တိုက်ရိုက်သွေးသား ဆက်ခံသူတစ်ယောက်ကို ချီသန့်စင်ခြင်းအဆင့် ကိုးထိ ရောက်အောင် ပံ့ပိုးပေးဖို့ဆိုတာ အတော်လေး ခက်ခဲခဲ့ရသည်။ နှစ်ပေါင်း ၃၀ အတွင်းမှာ စုစုပေါင်း ရွှေတာရာ တစ်သောင်းနီးပါး ကုန်ကျခဲ့ရသည်။ ကျင့်ကြံဆင့် မြင့်လာလေလေ အရင်းအမြစ် လိုအပ်ချက်က များလာလေလေ ဖြစ်သည်။

တခြား မောင်နှမတွေနဲ့ ရှစ်ဆက်မြောက် မျိုးဆက် ကလေးတွေခမျာ ပါရမီ ဘယ်လောက်ကောင်းကောင်း သူ့လိုမျိုး ပြုစုပျိုးထောင် မခံခဲ့ရပေ။ မျိုးနွယ်စုအနေနဲ့ ဒုတိယမြောက် ဝမ်ရှိုကျဲ့တစ်ယောက် ထပ်မွေးထုတ်ပေးနိုင်တဲ့ အင်အား မရှိတော့ပေ။

ဒါကြောင့် မျိုးဆက်သစ် လူငယ်တွေဟာ အသက် ၁၂ နှစ်မတိုင်ခင်မှာ အရင်းအမြစ် ပိုရနိုင်ပေမယ့် နောက်ပိုင်းမှာတော့ တဖြည်းဖြည်း ရှားပါးသွားလေ့ရှိသည်။ ယောက်ျားလေးတွေက မိန်းကလေးတွေထက် ပိုများပေမယ့် ပိုလျှံမှုက အကန့်အသတ်ရှိသည်။

အခုတော့ ဒီကလေးတွေက လူကြီးတွေ ချွေတာစုဆောင်းပေးထားတဲ့ အရင်းအမြစ်လေးတွေနဲ့ နိုင်သမျှ ကျင့်ကြံနေကြရသည်။ တတိယညီ ဝမ်ရှိုယဲ့ကို ကြည့်မယ်ဆိုရင် အသက် ၂၀ ရောက်မှ ချီသန့်စင်ခြင်း တတိယအဆင့် ထိပ်ဆုံးကို ရောက်ခဲ့တာ ဖြစ်သည်။ ဒါတောင် ညီမလေးရဲ့ အားဖြည့်ဆေးလုံး အသေးစားလေးတွေကို တောင်းယူပြီးမှ အဆင့်တက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဒုတိယအစ်ကို ဝမ်ရှိုရီဆိုရင် အသက် ၃၃ နှစ် ရှိနေပြီဖြစ်သော်လည်း ချီသန့်စင်ခြင်း ပဉ္စမအဆင့်ပဲ ရှိသေးသည်။ ဘာကြောင့်လဲ။ သူ့ရဲ့ ပါရမီ ခပ်ညံ့ညံ့ကြောင့် ဆိုတာက အကြောင်းပြချက် တစ်ခုဖြစ်ပေမယ့် အဓိက တရားခံကတော့ အရင်းအမြစ် ရှားပါးမှုကြောင့်ဖြစ်သည်။

ဝမ်ရှိုကျဲ့က တာဝန်ခံကျုံး၊ ကျုံးရှင်းဝမ်ကို သတိရသွားသည်။ သူ့ရဲ့ ပါရမီက ဝမ်ရှိုကျဲ့အောက် အများကြီး နိမ့်ကျသလို ဝမ်မျိုးနွယ်စုဝင်တွေနဲ့ ယှဉ်ရင်တောင် သာမန်အဆင့်လောက်သာ ရှိသူဖြစ်သည်။ ဒါပေမဲ့ အခုချိန်မှာတော့ သူက အင်အားကြီးမားတဲ့ ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ဘာကြောင့်လဲ။

သူက ကျုံးမျိုးနွယ်စုရဲ့ တိုက်ရိုက်သွေးသား ဆက်ခံသူ ဖြစ်နေလို့ပဲ ဖြစ်သည်။ သွေးကြောမပါတဲ့ အမှိုက်အဖြစ် မွေးဖွားလာတာ မဟုတ်သရွေ့ အရင်းအမြစ်တွေ ပုံအောပြီး ဝိညာဉ်အဆင့် ရောက်အောင် တင်ပေးလို့ ရသည်။

တနည်းအားဖြင့် ပြောရရင် ဝမ်ရှိုကျဲ့လက်ထဲမှာသာ အကန့်အသတ်မရှိတဲ့ အရင်းအမြစ်တွေ ရှိနေမယ်ဆိုရင် ဒီမောင်နှမတွေ အကုန်လုံး ဝိညာဉ်အဆင့်ကို ရောက်ရှိနိုင်ကြမှာ ဖြစ်သည်။

သူတို့သာ ဝမ်ရှိုကျဲ့ ငယ်စဉ်က ရရှိခဲ့တဲ့ အရင်းအမြစ်မျိုးကို ရရှိခဲ့မယ်ဆိုရင် အခုချိန် ချီသန့်စင်ခြင်း သတ္တမအဆင့်ထိ မရောက်နိုင်ရင်တောင် ပဉ္စမအဆင့်၊ ဆဋ္ဌမအဆင့်လောက်တော့ ရောက်နိုင်ကြမည် ဖြစ်သည်။

ဝမ်ရှိုကျဲ့ရဲ့ ဘဝလမ်းကြောင်းက မူလကတည်းက ရှင်းလင်းပြတ်သားပြီးသား ဖြစ်သည်။ သူက အသက် ၃၈ ကနေ ၄၀ လောက်မှာ ဝိညာဉ်အဆင့်ကို ရောက်ရှိနိုင်လောက်သည်။ ပါရမီ သိပ်မကောင်းတဲ့ မောင်နှမတွေကတော့ အသက် ၅၀၊ ၆၀ လောက်မှ ရောက်နိုင်ကြလိမ့်မည်။

ပါရမီညံ့ရင် ကျင့်ကြံနှုန်း နှေးကွေးမည်။ အဆင့်တက်ဖို့ ကြာလေလေ အရင်းအမြစ် ကုန်ကျမှု များလေလေ ဖြစ်သည်။ ဒါကြောင့် မျိုးနွယ်စု အများစုက ပါရမီကောင်းတဲ့ ကလေးတွေကိုပဲ ရွေးချယ်ပြီး ဝိညာဉ်အဆင့် လမ်းကြောင်းအတွက် မြေတောင်မြှောက်လေ့ ရှိကြသည်။

ထားပါတော့လေ... တွေးနေတာတွေ ရပ်လိုက်ကြစို့။

ဝမ်ရှိုကျဲ့က ဝမ်လော်ရီအတွက် "အထူးဂရုစိုက်မှု" ဆိုတဲ့ ခေါင်းစဉ် တပ်ပေးပြီးတဲ့နောက် ကိုက် ၃၀ လောက် လှမ်းထွက်ခဲ့ပြီး ချိုးကွေ့အချို့ကို ဖြတ်ကျော်ကာ ရေကန်ဘေးသို့ ရောက်ရှိလာခဲ့သည်။ ပြီးတော့ အစေခံ ဝမ်ကွေကို လှမ်းခေါ်လိုက်သည်။

သူက အပေါ်ဝတ်ရုံကို ချွတ်လိုက်ပြီး လက်မောင်းက အောက်ခံအင်္ကျီစကို ဆွဲဖယ်လိုက်တဲ့အခါ လက်မောင်းအပြင်ဘက်မှာ သိသိသာသာ ရောင်ရမ်းနေတဲ့ အဖုကြီးကို တွေ့လိုက်ရသည်။

အရောင်စုံ ပင့်ကူလေးရဲ့ အဆိပ်က တကယ်မသေးပေ။ ချီသန့်စင်ခြင်း ဒုတိယ၊ တတိယအဆင့်လောက်ရှိတဲ့ သိုင်းပညာရှင်ဆိုရင်တောင် ကိုက်ခံရပြီးတာနဲ့ ပြန်ထနိုင်တော့မှာ မဟုတ်ပေ။

"သခင်လေး..."

ဝမ်ကွေက လန့်ဖျပ်သွားပြီး "ကျွန်တော် သမားတော် သွားခေါ်လိုက်ပါ့မယ်" ဟု ပြောလိုက်သည်။

"မလိုဘူး... ဒီအဆိပ်ပါးလေးကို ငါ ထိန်းချုပ်ထားပြီးသားပါ"

ဝမ်ရှိုကျဲ့က တည်ငြိမ်စွာပင် ပြောလိုက်ပြီး အနာရာလေးကို ဓားနဲ့ အနည်းငယ် ခွဲလိုက်သည်။ ထို့နောက် ချီစွမ်းအားကို အသုံးပြုပြီး ထိန်းချုပ်ထားတဲ့ အဆိပ်တွေကို ညှစ်ထုတ်လိုက်သည်။

ကံကောင်းတာက စောစောက တိုက်ပွဲက အမြန်ပြီးဆုံးသွားလို့ ဖြစ်သည်။ အချိန်ကြာသွားရင် သူလည်း အဆိပ်ကို ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ။

ဒါတောင် သာမန် အဆိပ်ပိုးမွှားတစ်ကောင် ဖြစ်ပြီး အဆိပ်ပြင်းတဲ့ သားရဲပိုးမွှား မဟုတ်သေးပေ။ အဲဒီလိုကောင်မျိုးသာဆိုရင် ဝမ်ရှိုကျဲ့လည်း ထိန်းနိုင်မှာ မဟုတ်ချေ။

ဒီကိစ္စက သူ့အတွက် သင်ခန်းစာ တစ်ခု ရလိုက်သည်။ ဘယ်သူ့ကိုမှ လျှော့တွက်လို့ မဖြစ်ပေ။ ဒီလောကကြီးထဲမှာ ထူးဆန်းတဲ့ အဆိပ်ပိုးမွှားတွေ အများကြီး ရှိတာမို့ နောက်နောင် အဆိပ်ကာကွယ်ရေးဘက်ကိုလည်း ဦးစားပေး လေ့လာရဦးမည်။

ဝမ်ကွေက သွေးစတွေကို ဆေးကြောသန့်စင် ပေးပြီးတဲ့နောက် သူတို့နှစ်ယောက် ဝမ်လော်ရီရဲ့ ခြံဝင်းရှေ့ကို ရောက်လာခဲ့ကြသည်။

ဝမ်ရှောင်ယွီက အသင့်စောင့်နေပြီး ဝမ်ရှိုကျဲ့ကို အထဲသို့ ဖိတ်ခေါ်လေသည်။

အဲဒီအချိန်မှာပဲ ဝမ်လော်ရီက ပင်မခန်းမဆောင်ထဲကနေ ထွက်လာသည်။ မောင်လေးဖြစ်သူကို မြင်တဲ့အခါ သူက ပြုံးပြီး နှုတ်ဆက်သည်။

"ရှိုကျဲ့... နင် ရောက်လာပြီကိုး လော်မြောင်လေးက ဗိုက်ဆာလို့ စောင့်နေတာ ကြာလှပြီ"

ဝမ်လော်ရီက ဒီနှစ် အသက် ၂၀ ရှိပြီဖြစ်ပြီး ဝမ်ရှိုကျဲ့နဲ့ မိဘတူ မောင်နှမအရင်း ဖြစ်သည်။ သူက နတ်သမီးတစ်ပါးလို လှပတဲ့ ရုပ်ရည်သွင်ပြင် ရှိပြီး အကြီးဆုံးသမီး ပီပီ တည်ငြိမ်ရင့်ကျက်တဲ့ အရှိန်အဝါမျိုး ရှိလေသည်။

သူက ကျင့်ကြံခြင်းဘက်မှာ သိပ်စိတ်မပါသလို အရင်းအမြစ်လည်း မပြတ်လပ်ခဲ့တာတောင် ချီသန့်စင်ခြင်း စတုတ္ထအဆင့် ထိပ်ဆုံးလောက်သာ ရှိသေးသည်။

ဒါပေမဲ့လည်း မျိုးနွယ်စုကြီးတွေက မိန်းကလေးအများစုက ဒီလိုပါပဲ။ ဝိညာဉ်အဆင့် လမ်းကြောင်းကို လျှောက်လှမ်းမယ့်သူ မဟုတ်ရင် အကြီးဆုံးသမီး ဖြစ်နေရင်တောင် အဆင့်မြင့်မြင့် ရောက်လာလေ့ မရှိပေ။

မိထွေးဖြစ်သူ ကုန်းစွန်းဟွေးကို ကြည့်ရင် သိနိုင်သည်။ ဝမ်တင့်ယွဲ့နဲ့ လက်ထပ်တုန်းက အသက် ၁၉ နှစ် ရှိပြီး ချီသန့်စင်ခြင်း စတုတ္ထအဆင့် အလယ်အလတ်သာ ရှိသည်။ အခု အသက် ၃၀ ရှိပြီ ဖြစ်ပေမယ့် ဆဋ္ဌမအဆင့်လောက်သာ ရှိသေးပြီး တိုက်ခိုက်ရေး စွမ်းရည်က ပြောပလောက်တဲ့ အနေအထား မရှိပေ။

ကုန်းစွန်းမျိုးနွယ်စုရော ဝမ်မျိုးနွယ်စုပါ ကုန်းစွန်းဟွေး ဝိညာဉ်အဆင့် ရောက်ဖို့အထိ မပံ့ပိုးနိုင်ကြပေ။ ထို့အတူ ပုံမှန် အခြေအနေအရဆိုရင် ဝမ်မျိုးနွယ်စုရော တုန်ကန်ချန်မျိုးနွယ်စုပါ ဝမ်လော်ရီကို ဝိညာဉ်အဆင့် ရောက်တဲ့အထိ ပံ့ပိုးပေးနိုင်မယ့် အရင်းအမြစ်မျိုး မရှိကြပေ။

ဝမ်လော်ရီရဲ့ ပါရမီက အလွန်အမင်း ထူးချွန်နေမှသာ မျိုးနွယ်စုက မဖြစ်ဖြစ်အောင် ပံ့ပိုးပေးမှာဖြစ်ပြီး အဲဒီလိုဆိုရင်လည်း ဘိုးဘေးလုံယန် လျှောက်လှမ်းခဲ့တဲ့ ဝိညာဉ်အဆင့် လမ်းကြောင်းအတိုင်း လျှောက်လှမ်းရမှာ ဖြစ်သည်။

"မမကြီးကို နှုတ်ဆက်ပါတယ် ကျွန်တော် လာတဲ့လမ်းမှာ ရှိုယုံးတို့ လော်ကျင်းတို့နဲ့ တွေ့ပြီး စကားပြောနေလို့ ကြာသွားတာ စောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ် လော်မြောင်လေးဆီ သွားကြတာပေါ့" ဝမ်ရှိုကျဲ့က အရိုအသေပေးပြီး ပြောလိုက်သည်။

ဝမ်ကွေက လက်ဆောင်ပစ္စည်းကို ဝမ်ရှောင်ယွီလက်ထဲ ထည့်ပေးလိုက်ပြီး ဘေးခန်းဆောင်ဆီ လိုက်သွားလေသည်။

"နင်ကလည်း... ဘာလို့ လက်ဆောင်တွေ ယူလာရတာလဲ" ဝမ်လော်ရီက မာန်မဲသလို ပြောလိုက်သည်။

"နင့်ပိုက်ဆံတွေကို ကျင့်ကြံရေး အရင်းအမြစ်အတွက် စုထားသင့်တာပေါ့။ ရော့... ဒါ မမကြီး စုထားတဲ့ ရွှေတာရာ ၅၀... နင် ယူထားလိုက်"

သူက မိသားစုရဲ့ ငွေကြေးကိစ္စတွေမှာ ဝင်မပါတာကြောင့် ဝမ်မျိုးနွယ်စုထဲကို ဝင်ရောက်လာတဲ့ ငွေကြေးနဲ့ အရင်းအမြစ် ပမာဏ အမြောက်အမြားအကြောင်းကို မသိရှိပေ။

"မမကြီး... ပိုက်ဆံကို ကိုယ့်ဘာသာပဲ သိမ်းထားပါ" ဝမ်ရှိုကျဲ့က လေးလေးနက်နက် ပြောလိုက်သည်။

"ပြီးတော့ မမကြီးလည်း ကျင့်ကြံခြင်းကို သေချာ ဂရုစိုက်သင့်တယ်။ ချန်မျိုးနွယ်စု အရှိန်အဟုန်နဲ့ တက်လာတာ ကြည့်ရင် ချန်ဖန်ကျယ်က နောက်ပိုင်းကျရင် ဝိညာဉ်အဆင့်ကို ရောက်ဖို့ အခွင့်အရေး များနေပြီ"

ချန်ဖန်ကျယ် နာမည်ကြားတာနဲ့ ဝမ်လော်ရီ့မျက်နှာ ရဲခနဲ ဖြစ်သွားသည်။

"နင်ကလည်း... ဘာလို့ သူ့အကြောင်း ပြောနေတာလဲ"

သူက ခဏလောက် တိတ်ဆိတ်သွားပြီးမှ လက်လျှော့လိုက်တဲ့ ပုံစံမျိုးနဲ့ ဆက်ပြောသည်။

"မမကြီး ကြိုးစားလည်း ဝိညာဉ်အဆင့် ရောက်မှာမှ မဟုတ်တာ"

"မပြောနိုင်ပါဘူးဗျာ... အနာဂတ်ဆိုတာ ရှည်လျားတယ်။ လောလောဆယ်တော့ လက်ရှိအခြေအနေကိုပဲ အာရုံစိုက်ထားလိုက်ပါ တစ်နေ့ကျရင် အခြေအနေတွေ ပြောင်းလဲသွားနိုင်တယ်"

"အင်းပါ... နင့်စကား နားထောင်ပါ့မယ်"

ဝမ်လော်ရီက ခေါင်းညိတ်ပြီး ဝမ်ရှိုကျဲ့ရဲ့ လက်မောင်းကို ချိတ်လိုက်သည်။

"သွား စားရအောင်... မိထွေးနဲ့ ညီမလေးကို အကြာကြီး မစောင့်ခိုင်းနဲ့"

ဝမ်ရှိုကျဲ့ ဘာမှ ထပ်မပြောတော့ဘဲ အနောက်ခန်းဆောင်ဆီ လိုက်ပါသွားခဲ့သည်။ ဝမ်လော်ရီက အပေါ်ယံကြည့်ရင် နူးညံ့သိမ်မွေ့တယ် ထင်ရပေမယ့် အတွင်းစိတ်ကတော့ အတော်လေး မာကျောခိုင်မာသူ ဖြစ်မှန်း သူ သိသည်။ တစ်ခုခုကို ကတိပေးပြီးရင် ဖြစ်အောင် လုပ်မယ့် အမျိုးသမီးစားမျိုး ဖြစ်သည်။

အတွင်းခန်းဆောင်ထဲမှာတော့ အသက် ၈ နှစ်၊ ၉ နှစ်အရွယ် ဆံပင်ကျစ်ဆံမြီးလေးနဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက် ပြေးလာသည်။

"ကိုကို... ကိုကို... ဘာလို့ ဒီလောက် ကြာနေတာလဲ။မြောင်မြောင် ဗိုက်ဟောင်းလောင်း ဖြစ်နေပြီ"

သူမက သနားကမား မျက်နှာပေးလေးနဲ့ ဗိုက်ကလေးကို ပွတ်ပြနေသည်။

"ဟာ... ကိုကို့ရဲ့ မင်းသမီးလေး မြောင်မြောင် ဗိုက်စာနေပြီလား မဖြစ်ဘူး... မဖြစ်ဘူး..." ဝမ်ရှိုကျဲ့က ပြုံးပြီး ကလေးမလေးကို လက်တစ်ဖက်တည်းနဲ့ ပွေ့ချီလိုက်သည်။

"ကဲ... ကိုကိုက တောင်းပန်တဲ့အနေနဲ့ မျက်လှည့်ပြမယ် သေချာကြည့်ထားနော်... မျက်တောင်မခတ်နဲ့"

ပြောပြောဆိုဆိုနဲ့ သူက ညာလက်ကို လှန်လိုက်ရာ ငါးခြောက်ထုပ်တစ်ထုပ် ရုတ်တရက် ထွက်ပေါ်လာသည်။ ဒီလို သရေစာမုန့်မျိုးက အတော်လေး စားကောင်းပြီး မိသားစုထဲက မိန်းကလေးတွေ အကြိုက်တွေ့ကြသည်။ ဝမ်လော်မြောင်လည်း ကြိုက်မှာ သေချာသည်။

"ဝိုး... ငါးခြောက်ပဲ" ဝမ်လော်မြောင်က အာမေဋိတ် သံလေးနဲ့ ပြောလိုက်သည်။

"ဒါပေမဲ့ သမီးဆီမှာ အများကြီး ရှိတယ်"

ဘေးနားက ဝမ်လော်ရီက ပါးစပ်အုပ်ပြီး ရယ်လိုက်သည်။

"ရှိုကျဲ့... နင့်မျက်လှည့်က မစွမ်းပါဘူး။ လိချီက တို့တွေကို ငါးခြောက်တွေ အများကြီး ပေးပြီးပြီ။ မမဆီမှာလည်း ရှိတယ်"

ဝမ်ရှိုကျဲ့ နှာခေါင်းကို ပွတ်လိုက်မိပြီး နေရခက်သွားသည်။ ဝမ်လိချီက ငါးခြောက်တွေကို "အလွဲသုံးစား" လုပ်ပြီး မဟာမိတ် လိုက်ဖွဲ့နေတာပဲ။ ဒါပေမဲ့လည်း ထားလိုက်ပါတော့လေ... လော်မြောင်နဲ့ လော်ရီ ဆိုတာက မဟာမိစ္ဆာဘုရင်ကြီး စတုတ္ထဦးလေးရဲ့ သမီးတွေပဲဟာ။

ဒီအမကြီးကလည်း ဘဝမှာ အသက်ရှင်ရပ်တည်ဖို့ အတွေးအခေါ် အတော်လေး ကောင်းသားပဲ။

ဟုတ်သားပဲ... သူ ဒီကာလအတောအတွင်း သင်ကြားပေးထားတာတွေ အလဟဿ မဖြစ်ဘူးပေါ့။ နောက်ပိုင်းကျရင် ဒီထက်ပိုပြီး ကြိုးစားရဦးမည်။

"ညီမလေးကို ဖျောင်းဖျချင်ရင် ဒီထက်ပိုပြီး တီထွင်ကြံဆမှု ရှိမှ ဖြစ်မယ်။ လော်မြောင်က အသက် ၈ နှစ် ရှိနေပြီ"

ဝမ်လော်ရီက ရယ်ချင်စိတ်ကို ထိန်းပြီး ပြောသည်။

"ဟုတ်တယ်... ဟုတ်တယ်။ မြောင်မြောင်က ၈ နှစ် ရှိပြီ။ ၄ နှစ်၊ ၅ နှစ်သမီးလေး မဟုတ်တော့ဘူး" ဝမ်လော်မြောင်က မျက်လုံးဝိုင်းလေးတွေကို ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး နောက်ပြောင်လိုက်သည်။ "ကိုကိုရာ... ဒီထက်ပိုပြီး အလိုက်တသိ မရှိနိုင်ဘူးလား"

"ကဲပါ... ဒါဆို ကိုကိုက သိုင်းကွက်တစ်ကွက် ကပြမယ်လေ"

ဝမ်ရှိုကျဲ့လည်း လက်လျှော့လိုက်ရသည်။

"ဒီကောင်မလေးကတော့... တဖြည်းဖြည်းနဲ့ ဂျီးများလာပြီ"

"အာ..."

ဝမ်လော်မြောင်က နဖူးကို ရိုက်လိုက်ပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားတဲ့ ပုံစံ လုပ်ပြသည်။ ပြီးတော့ ဝမ်ရှိုကျဲ့ကို အထင်သေးတဲ့ အကြည့်နဲ့ ကြည့်ကာ ပြောလိုက်သည်။

"ကိုကိုရာ... ဘယ်မိန်းကလေးက သိုင်းကစားပြတာကို သဘောကျမှာလဲ။ ကိုကိုသာ မိန်းကလေးတွေ အကြိုက်ကို နားမလည်ရင် မရီးရွှီလန် အိမ်ထဲ ဝင်လာတဲ့အခါကျရင် မလွယ်ကြောပဲ တော်ပါသေးရဲ့... ဘိုးဘေးက ကိုကို့မင်္ဂလာရေးကို စောစောစီးစီး စီစဉ်ပေးထားလို့။ ဟင်း..."

ပြောရင်းနဲ့ သူက ခေါင်းခါပြီး သက်ပြင်းချလိုက်သေးသည်။

ဝမ်ရှိုကျဲ့ ပါးစပ်ထောင့်စွန်းများ လှုပ်ရမ်းသွားသည်။ ဒီကောင်မလေး ပြောပုံအရဆိုရင်သာ မျိုးနွယ်စုက စီစဉ်မပေးခဲ့ရင် သူ ဝမ်ရှိုကျဲ့က မိန်းမရမှာ မဟုတ်တော့ဘူးတဲ့လား။

All Chapters