← Chapters

မိသားစုရဲ့ သိုင်းပညာ အမွေအနှစ်

Vol. 7 Ch. 63

မိသားစုရဲ့ သိုင်းပညာ အမွေအနှစ်

Vol. 7 Ch. 63

မယ်မယ်ကုန်းစွန်းဟွေးက အထက်တန်းစား မိသားစုက သမီးတစ်ယောက် ဖြစ်သည့်အတွက် ဝမ်လော်မြောင်ကို အကြောင်းမဲ့ သက်သက်တော့ အလိုလိုက်ထားမည် မဟုတ်ပေ။ သူ့ကို ဘေးမှာ စိတ်ကောက်ခိုင်းထားလိုက်ပြီး ဝမ်လော်ရီ၊ ဝမ်ရှိုကျဲ့တို့နဲ့ ပျော်ပျော်ရွှင်ရွှင် စားသောက်နေသည်။ သူတို့ သားအမိတွေ ရယ်မောပြောဆိုရင်း ထမင်းစားပွဲလေးက သက်ဝင်လှုပ်ရှားနေသည်။

"မယ်မယ်... ဒါက သံကျောရိုင်းဝက်ရဲ့ ဝမ်းဗိုက်သားလေ။ အရမ်းနူးအိနေအောင် ချက်ထားတာ... ပါးစပ်ထဲ ထည့်လိုက်တာနဲ့ အရည်ပျော်သွားမတတ်ပဲ။ မြည်းကြည့်ပါဦး"

ဝမ်ရှိုကျဲ့က တူနဲ့ အသားတစ်ဖတ် ညှပ်ယူပြီး ကုန်းစွန်းဟွေးရဲ့ ပန်းကန်ထဲ ထည့်ပေးရင်း အရသာကို ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ဖွဲ့နွဲ့ပြလိုက်သည်။

တချိန်တည်းမှာပဲ ဝမ်လော်မြောင်ခမျာ ဘေးမှာ စိတ်ကောက်ရင်း တံတွေးတွေ သီးနေရှာသည်။

"မမကြီး... ဒီဝက်သားပြားကြော်ကို ကိုယ်တိုင်ချက်ထားတာလား"

ဝမ်ရှိုကျဲ့က စားရင်းနဲ့ ချီးကျူးလိုက်သည်။

"မီးအပူရှိန် ပေးတာက အတော်လေး ကွက်တိပဲ လတ်ဆတ်ပြီး နူးညံ့နေတာ နတ်သုဓာကျနေတာပဲဗျာ"

"စကားမများဘဲ စားစရာရှိတာ စားစမ်းပါ"

ဝမ်လော်ရီက မောင်ဖြစ်သူကို မျက်စောင်းထိုးရင်း စိတ်မရှည်သလို ပြောသည်။ ပြီးတော့မှ တံတွေးသီးနေတဲ့ ဝမ်လော်မြောင်ကို သနားစဖွယ် လှမ်းကြည့်လိုက်သည်။

"ကိုကို... မြောင်မြောင်လည်း စားချင်တယ်"

ဝမ်လော်မြောင်ခမျာ နောက်ဆုံးတော့ မနေနိုင်တော့ဘဲ စားပွဲဆီ ပြေးလာလေသည်။

ကံဆိုးစွာပဲ သူ့ရဲ့ ခေါင်းလုံးလုံးလေးကို ဝမ်ရှိုကျဲ့က လက်ချောင်းနဲ့ ထောက်ပြီး တားလိုက်သည်။ ပြီးတော့ ပြုံးစစနဲ့ ပြောသည်။

"အရင်ဆုံး 'ကိုကိုလူကောင်းကြီး' လို့ ခေါ်ပြစမ်း... မခေါ်ရင် မကျွေးဘူး"

"ကိုကိုလူကောင်းကြီး..."

နောက်ဆုံးတော့ ဝမ်လော်မြောင်တစ်ယောက် အစားအသောက်ရဲ့ ဆွဲဆောင်မှုကို အရှုံးပေးလိုက်ရပြီး ဝမ်ရှိုကျဲ့က သူ့ကို ပွေ့ချီကာ ထိုင်ခုံပေါ် တင်ပေးလိုက်သည်။ ပြီးတော့ အသားဟင်း၊ အရွက်ဟင်းတွေ ထည့်ပေးလိုက်သည်။ ကောင်မလေးခမျာ ဗိုက်စာနေတာမို့ အငမ်းမရ စားသောက်တော့သည်။ ထမင်းဝိုင်းလေးက အရသာရှိလိုက်တာ။

စားသောက်ပြီးတဲ့နောက် မိသားစုတွေ ရေနွေးကြမ်းသောက်ရင်း စကားစမြည် ပြောဖြစ်ကြသည်။ ဝမ်ရှိုကျဲ့ ပြန်ခါနီးတော့ ဝမ်ကွေက အသားတွေ၊ အဝတ်အစားတွေနဲ့ ဖိနပ်၊ ခြေအိတ်တွေကို တစ်ပုံကြီး သယ်လာခဲ့သည်။ ဒါတွေက ဝမ်လော်ရီ အားတဲ့အချိန် ချုပ်လုပ်ပေးထားတာတွေ ဖြစ်သည်။ ဝမ်ရှိုကျဲ့က လက်ဆောင်တွေကို လက်ခံလိုက်ပြီး ဝမ်လော်ရီကို ဆက်လက်ကြိုးစား ကျင့်ကြံဖို့ မှာကြားခဲ့သည်။

သူက ကုန်းစွန်းဟွေးကိုလည်း ကျင့်ကြံခြင်းအမှုကို မပေါ့ဆဖို့ တိုက်တွန်းခဲ့သေးသည်။

အဲဒီညမှာတော့ ဝမ်ရှိုကျဲ့က အခန်းထဲမှာ တင်ပျဉ်ခွေထိုင်ပြီး ကျင့်ကြံခြင်း ဝင်စားလိုက်သည်။ နေ့စဉ် နေ့တိုင်း ရွှမ်ယွမ်ကျင့်စဉ်ကို လေ့ကျင့်ခြင်းက မရှိမဖြစ် လုပ်ဆောင်ရမယ့် တာဝန်တစ်ခု ဖြစ်သည်။ ဝိညာဉ်ကျင့်ကြံခြင်း လမ်းစဉ်ဆိုတာက တစ်ဆင့်ချင်း သွားရတာ ဖြစ်ပြီး အနည်းငယ်မျှ လျော့ရဲလို့ မရပေ။

ဒါပေမဲ့ ဒီနေ့ လေ့ကျင့်မှုက ပုံမှန်နဲ့ မတူပေ။ ပုံမှန်ဆိုရင် သူက ရွှမ်ယွမ်ကျင့်စဉ်ကို အသုံးပြုပြီး ချီနဲ့ သွေးကို လှည့်ပတ်ကာ ခန္ဓာကိုယ်ကို သန်မာစေပြီး ဝိညာဉ်စွမ်းအင်ကို ကျင့်ကြံသည်။ လစဉ် အားဖြည့်ဆေးလုံး အသေးစားလေးကို သုံးပြီး ကျင့်ကြံမှုကို အထောက်အကူ ပြုသည်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဝမ်ရှိုကျဲ့လက်ထဲမှာ ဝိညာဉ်ကျောက်တုံး တစ်တုံးကို ကိုင်ထားသည်။

ဝိညာဉ်ကျောက်တုံးက လက်ဖဝါးထဲမှာ အေးစက်စက် အထိအတွေ့ ရှိနေပြီး အတွင်းထဲမှာ ကိန်းအောင်းနေတဲ့ နက်နဲဆန်းကြယ်တဲ့ စွမ်းအင်ကို ခံစားမိနေသည်။ သူက ဝိညာဉ်စွမ်းအင်ကို လှည့်ပတ်ပြီး ကျောက်တုံးနဲ့ ချိတ်ဆက်လိုက်သည်။

ရုတ်တရက် ကျောက်တုံးထဲက စွမ်းအင်တွေ နိုးထလာပြီး မှိန်ဖျော့ဖျော့ အလင်းတန်းလေး ထွက်ပေါ်လာသည်။ ဝမ်ရှိုကျဲ့က အဲဒီစွမ်းအင်ကို ခန္ဓာကိုယ်ထဲ အမြန် စုပ်ယူလိုက်သည်။

'ဝိုး... ပြင်းရှလိုက်တာ...'

စွမ်းအင်က ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် လှုံ့ဆော်လိုက်တာကြောင့် သူ တုန်ရီသွားသည်။ ဒီစွမ်းအင်ကို အလဟဿ မဖြစ်စေဘဲ ထူးဆန်းတဲ့ ခံစားချက်ကို ကြိတ်မှိတ်သည်းခံကာ ဝိညာဉ်စွမ်းအင် လှည့်ပတ်မှုနဲ့အတူ သယ်ဆောင်သွားလိုက်သည်။

နှစ်နာရီကျော်ကြာအောင် လေးပတ် လှည့်ပတ်ပြီးတဲ့နောက် ဝမ်ရှိုကျဲ့ရဲ့ သွေးကြောတွေနဲ့ အကြောဆုံမှတ်တွေက နာကျင်ကိုက်ခဲလာတာကြောင့် ကျင့်ကြံခြင်းကို ဖြည်းဖြည်းချင်း ရပ်တန့်လိုက်ရသည်။ သွေးကြောတွေနဲ့ အကြောဆုံမှတ်တွေ နာကျင်လာတယ် ဆိုတာက သူ အကန့်အသတ်ကို ရောက်သွားပြီ ဆိုတဲ့ သဘောပင် ဖြစ်သည်။

အတင်းအကြပ် ဆက်လက်လေ့ကျင့်မယ် ဆိုရင် အကျိုးမရှိတဲ့အပြင် ခန္ဓာကိုယ်ကိုပါ ထိခိုက်စေနိုင်သည်။ ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်လာအောင် အနားယူပြီးမှ နောက်တစ်ကြိမ် ဆက်လက် လေ့ကျင့်လို့ ရနိုင်သည်။

ဒါကြောင့် ဒီလို အတွင်းအားကျင့်ကြံခြင်းကို တစ်နေ့မှာ တစ်ကြိမ်သာ ပြုလုပ်နိုင်သည်။ ခေတ်သစ်ကမ္ဘာကနေ ရောက်လာတဲ့ ဝမ်ရှိုကျဲ့ရဲ့ အမြင်အရ ပြောရမယ်ဆိုရင် ခန္ဓာကိုယ်ကို အအေးခံပြီး ပြန်လည် နာလန်ထူဖို့ လိုအပ်သလို ချီနဲ့ သွေးကို သန်မာစေဖို့ အသားဓာတ် ဖြည့်တင်းပေးဖို့ လိုအပ်သည်။ အလွန်အကျွံ အားစိုက်ထုတ်ခြင်းကို ရှောင်ကြဉ်ရမည်။

ဒါပေမဲ့ ဒီတစ်ကြိမ် ကျင့်ကြံမှု ရလဒ်ကတော့ ဝမ်ရှိုကျဲ့အတွက် အလွန် ကျေနပ်စရာ ကောင်းလှသည်။ ခန္ဓာကိုယ်ထဲက ချီနဲ့ သွေး အများစု ကုန်ဆုံးသွားပြီး ဒန်တျန်ထဲမှာ အသစ်ဖြစ်ပေါ်လာတဲ့ ဝိညာဉ်စွမ်းအင်တွေက ပိုမို သန့်စင်လာသည်။

သတိပြုရမှာက ခုတလော သူ့ရဲ့ စားသောက်မှုပုံစံက အလွန်ကောင်းမွန်ပြီး ချီနဲ့ သွေးတွေက အမြဲတမ်း ပြည့်ဝ လျှံကျနေခဲ့သည်။ နေ့တိုင်း မနားမနေ ကျင့်ကြံရင်တောင် သူ့ရဲ့ ချီနဲ့ သွေးကို အကုန်အစင် သုံးစွဲနိုင်ခြင်း မရှိခဲ့ပေ။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ချီနဲ့ သွေး လိုအပ်ချက် ရှိလာသလို ခံစားလိုက်ရသည်။

ဒါက ကျင့်ကြံစဉ်မှာ အသုံးပြုခဲ့တဲ့ ဝိညာဉ်ကျောက်တုံးရဲ့ စွမ်းအင်ကြောင့် ဖြစ်လောက်သည်။ ဝမ်ရှိုကျဲ့က အနည်းငယ် မှိန်ဖျော့သွားတဲ့ ဝိညာဉ်ကျောက်တုံးကို ကြည့်ပြီး စိတ်လှုပ်ရှားသွားမိသည်။ ဝိညာဉ်ကျောက်တုံးရဲ့ စွမ်းအင်က သူ့အတွက် အများကြီး အထောက်အကူ ပြုသည်။ ချီနဲ့ သွေး အချို့ကို ဖြည့်ဆည်းပေးနိုင်ရုံသာမက ဝိညာဉ်စွမ်းအင်နဲ့ ပေါင်းစပ်ပြီး ခန္ဓာကိုယ်ထဲက သွေးကြောတွေကို ပိုမို လှုံ့ဆော်ပေးနိုင်ကာ မိမိကိုယ်ကို ပိုမို သန်မာစေသည်။

ဒီအတိုင်းသာ ဆက်သွားရင် မကြာခင်မှာပဲ ချီသန့်စင်ခြင်း ဆဋ္ဌမအဆင့် ထိပ်ဆုံးကို ရောက်ရှိနိုင်ပြီး သတ္တမအဆင့်ကို တက်လှမ်းဖို့ ကြိုးစားနိုင်တော့မည်။

ကံဆိုးတာက တိုးတက်မှု မြန်ဆန်ပေမယ့် ဒီလို ကျင့်ကြံခြင်းက အလွန် ဖြုန်းတီးရာ ကျနေခြင်းပင်။

ဝိညာဉ်ကျောက်တုံး တစ်တုံးက ရွှေတာရာ ရာချီ တန်ဖိုးရှိသည်။ သူ ဘယ်လောက်ကြာကြာ သုံးနိုင်မလဲ။ လောလောဆယ် မခန့်မှန်းနိုင်သေးပေမယ့် ရေရှည်မှာ ဝိညာဉ်ကျောက်တုံးကို သုံးပြီး ကျင့်ကြံမယ်ဆိုရင် သေချာပေါက် ကုန်ကျစရိတ် ကြီးမားလိမ့်မည်။

ဒါပေမဲ့...

ဝမ်ရှိုကျဲ့က တူမကြီး ဝမ်လိချီကို သတိရသွားသည်။ ခုတလော သူ့ရဲ့ မနားမနေ တွန်းအားပေးမှုကြောင့် ကလေးမလေးက ရည်မှန်းချက် ကြီးမားလာရုံသာမက အစားပုတ်တဲ့ ပါရမီထူးပါ နိုးထလာခဲ့သည်။

ဒါကို တွေးမိတော့ သူ သက်ပြင်းချရင်း ပြုံးလိုက်မိသည်။

ရေချိုးပြီးတဲ့နောက် သူ အိပ်ရာဝင်ခဲ့သည်။

နောက်တစ်နေ့ မိုးလင်းစအချိန်မှာ ဝမ်ရှိုကျဲ့ ထလာပြီး ကိုယ်ဖော့ပညာ၊ သိုင်းပညာ၊ ဓားသိုင်းနဲ့ ကြိုးထိန်းချုပ်တဲ့ ပညာရပ်တွေကို လေ့ကျင့်လေသည်။ မျိုးနွယ်စုခေါင်းဆောင်ငယ်ဟောင်း တစ်ယောက်အနေနဲ့ သူ့ခြံဝင်းနဲ့ မလှမ်းမကမ်းမှာ သိုင်းကွင်းအသေးစားလေး တစ်ခု ရှိပြီး အဲဒီနေရာမှာ သူ့ရဲ့ ကလေးဘဝ တစ်ခုလုံး ကုန်ဆုံးခဲ့ရသည်။

ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့ရဲ့ အောင်မြင်မှုတွေက သွေးကြောပါရမီကြောင့် (သို့) မျိုးနွယ်စုခေါင်းဆောင်ငယ် ဆိုတဲ့ ရာထူးကြောင့် သက်သက်တော့ မဟုတ်ပေ။ အခြေခံ ကိုယ်ဖော့ပညာ၊ သိုင်းပညာ၊ ဓားသိုင်းနဲ့ ကြိုးထိန်းချုပ်ပညာတွေကို ပြီးပြည့်စုံအောင် လေ့ကျင့်ခဲ့လို့လည်း ဖြစ်သည်။ ဝမ်မျိုးနွယ်စုရဲ့ လျှို့ဝှက် အလယ်အလတ်အဆင့် ကိုယ်ဖော့ပညာ "မိုးမခဖွာ ကိုယ်ဖော့ပညာ" နဲ့ အလယ်အလတ်အဆင့် ဓားသိုင်း "ဝမ်မျိုးနွယ်စု ရွှမ်ယွမ်ဓားသိုင်း" ဆိုရင် အောင်မြင်မှု အသေးစား အဆင့်ထိ ရောက်ရှိနေပြီ ဖြစ်သည်။

ဒါတွေက တင်းကျပ်လွန်းတဲ့ ဖခင်ဖြစ်သူ ဝမ်တင့်ယွဲ့ရဲ့ တိုက်တွန်းမှုတွေကြောင့် ဖြစ်သလို သူ့ရဲ့ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုကြောင့်လည်း ပါသည်။

ဒီကျင့်စဉ်တွေ၊ သိုင်းပညာတွေနဲ့ အခြား မိသားစု အမွေအနှစ်တွေက ဘိုးဘေးကျိုးရွှမ် တောင်ဘက်ဒေသကို စူးစမ်းရှာဖွေရေး အမိန့်နဲ့ ဆင်းလာတုန်းက ယူဆောင်လာခဲ့တာတွေ ဖြစ်ပြီး လုံကျိုးဝမ်မျိုးနွယ်စုက သဘောတူ ခွင့်ပြုပေးထားတာ ဖြစ်သည်။

ကျင့်စဉ်နဲ့ သိုင်းပညာ အမွေအနှစ် ဆိုတာက မိသားစုတစ်ခုအတွက် အလွန်အရေးကြီးတဲ့ အရင်းအနှီး ဖြစ်သည်။ ဥပမာ - ဝမ်မျိုးနွယ်စုရဲ့ အဓိက ကျင့်စဉ် "ရွှမ်ယွမ်ကျင့်စဉ်" မှာဆိုရင် "ချီသန့်စင်ခြင်း" နဲ့ "ဝိညာဉ်အဆင့်" ကဏ္ဍတွေ ပါဝင်ပြီး မိသားစုဝင်တွေ ဝိညာဉ်အဆင့် လမ်းဆုံးထိ လျှောက်လှမ်းနိုင်ကာ ကောင်းကင်လူသား လမ်းကြောင်းပေါ် ဝင်ရောက်နိုင်ဖို့ လုံလောက်သည်။

ဒါပေမဲ့ ကျင့်စဉ်နဲ့ သိုင်းပညာ အမွေအနှစ် ထိန်းသိမ်းခြင်းက အမြဲတမ်း တင်းကျပ်လေ့ ရှိသည်။ ပထမဆုံးအနေနဲ့ မိသားစုဝင်တွေက ပြင်ပကို ဖြန့်ဝေခွင့် မရှိပေ။ ဒုတိယအနေနဲ့ ခွင့်ပြုချက်မရှိဘဲ ခိုးယူ လေ့ကျင့်တာ တွေ့ခဲ့ရင် ပြဿနာ အကြီးအကျယ် တက်နိုင်သည်။

အိမ်ထောင်ပြုပြီး ထွက်သွားတဲ့ အမျိုးသမီး အဖွဲ့ဝင်တွေတောင် ဒီကျင့်စဉ်တွေကို သူတို့ ယောကျ်ားဘက်က မိသားစုကို ပြန်သင်ပေးခွင့် မရှိပေ။ ပါးနပ်တဲ့ ခင်ပွန်းသည်တွေကလည်း ဒီလို တောင်းဆိုမှုမျိုး လုပ်မှာ မဟုတ်သလို ဒီလိုကိစ္စမျိုး မဖြစ်အောင် တားဆီးပေးတတ်ကြသည်။

မဟုတ်ရင် ဒီကိစ္စကြောင့် အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်နိုင်သည်။ အဆိုးဆုံး အခြေအနေမှာဆိုရင် မိသားစု နှစ်ခုကြားက ဆက်ဆံရေး ပျက်ပြားပြီး ရန်သူတွေ ဖြစ်သွားနိုင်သည်။

သူများ ကျင့်စဉ်နဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေကို ခိုးယူတတ်တဲ့ မိသားစုဆိုရင် ဂုဏ်သိက္ခာ ကျဆင်းပြီး ရပ်တည်စရာ နေရာ ရှိတော့မှာ မဟုတ်ပေ။ အဲဒီလို မိသားစုမျိုးနဲ့ ဘယ်သူက ခေါင်းချင်းဆိုင်ပြီး အိမ်ထောင်ပြုရဲမှာလဲ။ ဘယ်မျိုးနွယ်စုမှ အိမ်ထောင်ရေးကိစ္စကြောင့် ကိုယ့်ရဲ့ လျှို့ဝှက်ချက်တွေ သူများဆီ ရောက်သွားမှာကို မလိုလားကြပေ။

ဘိုးဘေးကျိုးရွှမ်က လုံကျိုးဝမ်မျိုးနွယ်စုမှာ မွေးဖွားခဲ့ပြီး လုံကျိုးဝမ်မျိုးနွယ်စုက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်က မဟာချန်ဝမ်မျိုးနွယ်စုကနေ ခွဲထွက်လာတဲ့ အဖွဲ့ခွဲတစ်ခု ဖြစ်သည်။ ဒါကြောင့် ဝမ်မျိုးနွယ်စုရဲ့ ရွှမ်ယွမ်ကျင့်စဉ်က အလယ်အလတ်အဆင့် ကျင့်စဉ် ဖြစ်ပေမယ့် လုံနင်နယ်မြေ ဒေသမှာတော့ ကျင့်စဉ်ကောင်း တစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။

မိသားစု သုံးပုံတစ်ပုံလောက်ကသာ အလယ်အလတ်အဆင့်ရှိတဲ့ အဓိက အမွေအနှစ် ကျင့်စဉ်ကို ပိုင်ဆိုင်ကြသည်။

ဘိုးဘေးလုံယန် အနေနဲ့ကတော့ မူလက ဝမ်မျိုးနွယ်စုရဲ့ ရွှမ်ယွမ်ကျင့်စဉ်ကို လေ့ကျင့်ခဲ့သည်။ နောက်ပိုင်း ခရမ်းရောင်နန်းတော် အကယ်ဒမီမှာ ဝိညာဉ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့အခါ သခင်ကြီးပင်းလန်က တပည့်အဖြစ် လက်ခံခဲ့ပြီး အဆင့်မြင့် ကျင့်စဉ်ဖြစ်တဲ့ ရွှမ်ပင်းကျင့်စဉ် (ရေခဲနက် ကျင့်စဉ်) ကို စတင် လေ့ကျင့်ပေးခဲ့သည်။ ရွှမ်ယွမ်ကျင့်စဉ်ရဲ့ ချီစွမ်းအား ပျိုးထောင်မှုက မျှတပြီး တည်ငြိမ်တာကြောင့် တခြား ကျင့်စဉ်တွေကို ကူးပြောင်းရာမှာ အတော်လေး လွယ်ကူသည်။

ဒါပေမဲ့ ဘိုးဘေးလုံယန်လို ကိုယ့်စိတ်ကိုယ့်သဘော ကြီးပြီး အင်အားကြီးတဲ့သူတောင် ရွှမ်ပင်းကျင့်စဉ်ကို သူ့မျိုးနွယ်စုဆီ ပြန်သင်ပေးဖို့ ဘယ်တော့မှ မရဲခဲ့ပေ။ အဲဒီလို လုပ်လိုက်ရင် မျိုးနွယ်စုအတွက် အကျိုးမရှိဘဲ ပျက်စီးရာ ပျက်စီးကြောင်းသာ ဖြစ်စေလိမ့်မည်။

ခရမ်းရောင်နန်းတော် အကယ်ဒမီရဲ့ လုပ်နည်းလုပ်ဟန်အရ ဆိုရင် ဖင်းအန်းဝမ်မျိုးနွယ်စုကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ပြီး ဘယ်သူမှ တစ်ခွန်းတောင် ဟရဲမှာ မဟုတ်ပေ။

ကျင့်စဉ် အမွေအနှစ် ကိစ္စကိုတော့ ခဏထားလိုက်ကြပါစို့။

ဝမ်ရှိုကျဲ့က ခုတလော မျိုးနွယ်စု ကိစ္စတွေနဲ့ အလုပ်ရှုပ်နေပေမယ့် တရားထိုင်ခြင်းနဲ့ ကျင့်ကြံခြင်းကိုတော့ မလစ်ဟင်းစေခဲ့ပေ။ ဒါပေမဲ့ ကိုယ်ဖော့ပညာနဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေကတော့ နောက်ကျ ကျန်ရစ်ခဲ့သည်။ အဆင့်တက်အောင် ကျင့်ကြံနေပြီး ကိုယ်ဖော့ပညာနဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို မလေ့ကျင့်ရင် အခွံသာသာပဲ ဖြစ်နေလိမ့်မည်။

ဝမ်ရှိုကျဲ့လို မျိုးနွယ်စုရဲ့ တိုင်မတ်ဖြစ်ပြီး ဝိညာဉ်အဆင့် လမ်းကြောင်းကို လျှောက်လှမ်းရမယ့်သူ တစ်ယောက် အနေနဲ့ ပြောစရာ မလိုသလို မျိုးနွယ်စုရဲ့ ဘယ်အမျိုးသား အဖွဲ့ဝင်မဆို ကိုယ်ဖော့ပညာနဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို မဖြစ်မနေ ကြိုးစား လေ့ကျင့်ရမည်။

အရင်တုန်းကတော့ ဒီအပိုင်းမှာ မျိုးနွယ်စုက မိန်းကလေးတွေအတွက် သိပ်မတင်းကျပ်ခဲ့တာကြောင့် ဝမ်လိချီလို ပျင်းရိပြီး အစားပုတ်တဲ့သူတွေ ပေါ်ထွက်လာခြင်း ဖြစ်သည်။ ချီသန့်စင်ခြင်း ဒုတိယအဆင့် ရှိပေမယ့် အခွံသက်သက်သာ ဖြစ်နေပြီး သာမန် ပြည်သူတွေကိုပဲ အနိုင်ကျင့်နိုင်မယ့် အနေအထား ဖြစ်သည်။

ဒါပေမဲ့ ဝမ်လော်ချိုးက သူ့ကို ဖိအားတွေရော တွန်းအားတွေပါ အများကြီး ပေးခဲ့သည်။ အဲဒီကောင်မလေးရဲ့ ချူးနီဗျောင်ရောဂါ (ဆယ်ကျော်သက် စိတ်ကူးယဉ် ရောဂါ) က တော်တော် ကြောက်စရာ ကောင်းနေတုန်းပဲ။ နေ့တိုင်း ကျင့်ကြံခြင်းမှာ အားသွန်ခွန်စိုက် ကြိုးစားနေမှာ သေချာသည်။

နောက်ပိုင်းကျရင် မတော်တဆများ သူ့ကို ကျော်တက်သွားခဲ့ရင် ဝမ်ရှိုကျဲ့ရဲ့ မျက်နှာ ဘယ်နား သွားထားရမလဲ။ သူ့မောင်အရင်း ဝမ်ရှိုလျန်ကို ဆူပူကြိမ်းမောင်းနေပုံ ကြည့်ရင် ရလဒ်က မကောင်းနိုင်မှန်း သိသာသည်။

တိုက်ကြစို့...

ဝမ်ရှိုကျဲ့က မိုးရွာသလို ချွေးတွေကျတဲ့အထိ ကြိုးစား ပမ်းစား ကျင့်ကြံနေသည်။

သူ့ရဲ့ ကိုယ်ပိုင် အစေခံ ဝမ်ကွေလည်း သူနဲ့အတူ လိုက်လေ့ကျင့်သည်။ ဘာကြောင့်မှန်း မသိပေမယ့် သူ့ရဲ့ လေ့ကျင့်ချင်စိတ်တွေ ပိုမို ပြင်းထန်လာပြီး တိုက်ခိုက်လိုစိတ်တွေ တောက်လောင်နေသည်။

...

တချိန်တည်းမှာပင်

ပင်မအိမ်တော်ဝင်းကြီးရဲ့ အကြီးဆုံး သိုင်းကွင်းထဲမှာ လူငယ် အမျိုးသား၊ အမျိုးသမီး တစ်သိုက်ကလည်း ချွေးတွေ သွန်ပြီး သူတို့ရဲ့ လူငယ်ဘဝကို ပုံဖော်နေကြသည်။

ဝမ်လော်ချိုးရဲ့ ကလေးဆန်ပေမယ့် အာဏာဆန်တဲ့ အသံ ထွက်ပေါ်လာသည်။

"ဝမ်လော်ကျင်း... နင် ဘာလို့ ပျင်းရိပြီး ခိုးနေတာလဲ။ ဝိညာဉ်ပိုးမွှား သခင် ဖြစ်ရတာ အဲဒီလောက်တောင် ကောင်းလို့လား။ တိုက်ခိုက်ရေး စွမ်းရည်နဲ့ ကိုယ်ဖော့ပညာကို ကောင်းကောင်း မလေ့ကျင့်ရင် ဒီသခင်မလေးရဲ့ ပြိုင်ဘက်ကင်း ခန္ဓာကိုယ်နဲ့ နင့်အနား ကပ်မိတာနဲ့ မိနစ်ပိုင်းအတွင်း ဖိနှိပ်ပစ်လိုက်မယ်"

"ဝမ်ရှိုယုံး... ဝမ်ရှိုလျန်... မျိုးနွယ်စု အဆင့်သတ်မှတ်ပွဲက စတော့မယ်။ အနာဂတ် ဧကရာဇ် လမ်းစဉ်က မှိန်ဖျော့ဖျော့ ပေါ်လာပြီ။ နင်တို့သာ မကြိုးစားရင် ကောင်းကင်ဘုံရဲ့ အခွင့်အရေး တစ်ခုတည်းအတွက် ပါရမီရှင်တွေနဲ့ ဘယ်လို ယှဉ်ပြိုင်နိုင်မှာလဲ"

"ငါ ဝမ်လော်ချိုးကတော့ ရွယ်တူတန်းတူတွေကြားမှာ ပြိုင်ဘက်ကင်း ဖြစ်အောင် လုပ်ပြီး ပါရမီရှင်တွေကို သွေးစွန်းစေကာ ကမ္ဘာကြီးကို လွှမ်းမိုးပစ်မယ်"

'အမရေ...'

ဝမ်ရှိုလျန်ခမျာ မျက်ရည်တွေ ဖြိုင်ဖြိုင်ကျပြီး နောင်တတွေ ရနေသည်။ ယောက်ျားလေးတွေကြားမှာ ပျံ့နှံ့နေတဲ့ ဒဏ္ဍာရီပုံပြင် စာအုပ်တွေကို ဝမ်လော်ချိုးကို သွားမပြမိသင့်ဘူး။

ဒါ ဘယ်လို ရောဂါမျိုးလဲ ပါးစပ်ကနေ ပါရမီရှင်တွေကို ဖိနှိပ်မယ်တို့ "ရွယ်တူတန်းတူတွေကြား ပြိုင်ဘက်ကင်း ဖြစ်မယ်" တို့ပဲ ပြောနေတော့သည်။

ငါတို့ မိသားစုက ကျေးလက်တောရွာက အဆင့်ကိုးပဲရှိတဲ့ သာမန် မျိုးနွယ်စုလေးပါဟာ။

ဘဝရည်မှန်းချက် ပန်းတိုင်ကို အဲဒီလောက်ထိ ကြီးကြီးမားမား ထားဖို့ လိုလို့လား...

All Chapters