← Chapters

ဒီပုဂ္ဂိုလ်ရဲ့ ဇစ်မြစ်က ဘယ်ကလဲ

Vol. 1 Ch. 7

ဒီပုဂ္ဂိုလ်ရဲ့ ဇစ်မြစ်က ဘယ်ကလဲ

Vol. 1 Ch. 7

သို့သော် ယမမင်းတရားကြီး၏ စကားအဆုံးတွင် လင်းယန်ယန်တစ်ယောက် လုံးဝကို ဝေခွဲမရ ဖြစ်သွားရသည်။ “ဒီငရဲပြည်ကို တာဝန်ယူရမယ်ဟုလား။ ဘုရားရေ... ငရဲပြည်၏ အရှင်သခင် တဲ့လား။”

ဒါက ဘယ်လိုပြက်လုံးမျိုးလဲ။

“ယမမင်းတရားကြီးတို့ ကျွန်တော့်ကို နောက်နေတာတော့ မဟုတ်ပါဘူးနော်”

လင်းယန်ယန် ကြောင်အမ်းအမ်းဖြစ်ကာ မေးလိုက်မိသည်။

“လုံးဝမဟုတ်ပါဘူး။ မွေးရာပါ ကုသိုလ်ကံ ဆိုတာ သဘာဝအရတင်ပဲ နောက်မှရရှိသော ကုသိုလ် ထက် အဆပေါင်းများစွာ သာလွန်ပါတယ်။ မွေးရာပါ ကုသိုလ်ကံ တစ်မှတ်တည်းကတင် နောက်မှရရှိတဲ့ ကုသိုလ်ကံ ကုဋေပေါင်းများစွာထက် ပိုပြီး တန်ဖိုးရှိတယ်။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့ ဆုံးဖြတ်ချက်က ငရဲပြည်ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့လည်း ကိုက်ညီတယ်…

ဟုတ်တယ်၊ ငရဲပြည်ရဲ့ ကိစ္စရပ်တွေက များပြားလှပေမဲ့ အများစုကိုတော့ ဟေးဝူးချန်တို့လို ယင်စစ်သူကြီးတွေ အောက်ကလူတွေကပဲ ကိုင်တွယ်ဖြေရှင်းကြတာပါ။ အလွန်အရေးကြီးတဲ့ ကိစ္စရပ်တွေကျမှသာ တာအိုဆရာရဲ့ ဆုံးဖြတ်ချက်ကို လိုအပ်မှာ ဖြစ်တာကြောင့် တာအိုဆရာရဲ့ ကျင့်ကြံခြင်းကို ထိခိုက်မှာ စိုးရိမ်စရာ မလိုပါဘူး။

ဒါ့အပြင် အခုလက်ရှိမှာတော့ တာအိုဆရာရဲ့ ကြိုးစားအားထုတ်တဲ့ ကျင့်ကြံခြင်းက လူ့ပြည်လောကအတွက်ရော၊ ငရဲပြည်အတွက် အရေးကြီးဆုံး ဦးစားပေး ကိစ္စရပ်ပဲ”

ယမမင်းတရားကြီးက လေးလေးနက်နက် မိန့်ကြားလိုက်သည်။

ယမမင်းတရားကြီး၏ စကားအရ တစ်ဖက်လူက သူ့ကို ဘာကြောင့် ဒီလောက် အလေးထားနေရသလဲဆိုသည်ကို လင်းယန်ယန် အကြမ်းဖျင်း ခန့်မှန်းမိသွားသည်။

ငရဲပြည်နှင့် လူ့ပြည်လောက၏ အဆက်အသွယ်မှာ တဖြည်းဖြည်း အားနည်းလာနေပြီဖြစ်သည်။

ငရဲပြည်အတွက် ကုသိုလ်ကံ အမြန်ဆုံး ရရှိနိုင်သည့် နည်းလမ်းမှာ လူ့ပြည်လောက ထံမှပင် ဖြစ်သည်။ အကြောင်းမှာ ‘သံသရာ ခြောက်ပါး’ ၏ ကံတရားကို ထိန်းသိမ်းနိုင်မှသာ ငရဲပြည်၏ ကုသိုလ်ကံစီးဆင်းမှုမှာ အဆုံးမရှိ ဖြစ်နေမည် ဖြစ်သည်။

အကယ်၍သာ အဆက်အသွယ် ပြတ်တောက်သွားခဲ့လျှင် သေဆုံးသူ မရှိတော့ဘဲ သေဆုံးသူများအတွက်လည်း လူပြန်ဝင်စားခြင်း မရှိတော့သဖြင့် ကုသိုလ်ကံ စီးဆင်းမှုမှာလည်း ပြတ်တောက်သွားပေလိမ့်မည်။

သို့သော်လည်း ယမမင်းတရားကြီး၏ စကားထဲတွင် ‘ဤငရဲပြည်’ ဟု သုံးနှုန်းသွားခြင်းကို လင်းယန်ယန် သတိထားမိလိုက်သည်။ ဆိုလိုသည်မှာ ဤငရဲပြည်တစ်ခုတည်းကို ပြောခြင်းလား။

တခြား ငရဲပြည်များစွာ ရှိနေသေးသည်ဟု ဆိုလိုခြင်းလော။

ပြန်စဉ်းစားကြည့်လျှင်လည်း ဖြစ်နိုင်ခြေရှိသည်။ သီအိုရီအရ ‘ယမမင်းကြီး လေးပါး’ က ငရဲပြည်၏ အမြင့်ဆုံး အာဏာပိုင်များ ဖြစ်သင့်သည်။

သို့သော် လက်တွေ့တွင် ထိုယမမင်းကြီး လေးပါး၏ အထက်တွင် ‘နန်းတော်ဆယ်ခု၏ ယမမင်းများ’ ရှိနေပြန်သည်။

အကယ်၍ ငရဲပြည်သာ တစ်ခုတည်းရှိလျှင် ‘နန်းတော်ဆယ်ခု၏ ယမမင်းများ’ ဆိုသည်မှာ အနည်းငယ် ပိုလျှံနေသလို ဖြစ်နေပေလိမ့်မည်။ ထို့ပြင် ယမမင်းတရားကြီး (၁၀) ပါး၏ အထက်တွင်လည်း ဒဏ္ဍာရီလာ ‘ယင်ကောင်းကင် သားတော်’ နှင့် သံသရာကို စတင်ဖွင့်လှစ်ပေးခဲ့သော ‘မယ်တော် ဟောက်ထု’ တို့ပင် ရှိနေသေးသည် မဟုတ်ပါလား။

ထို့ကြောင့် ငရဲပြည်ဆိုသည်မှာ တစ်ခုတည်းသာ ရှိနေရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

အကယ်၍ ငရဲပြည်မှာ တစ်ခုတည်း မဟုတ်ဘူးဆိုလျှင် ကမ္ဘာမြေပြင်ပ၌လည်း အမြောက်အမြားရှိသော ကျင့်ကြံသူများ ရှိနေနိုင်သည်ဟု ဆိုလိုခြင်းလော။

ဤအချက်ကို တွေးမိသောအခါ တာအိုဆရာ လင်းယန်ယန်၏ နှလုံးသားထဲတွင် တိုက်ပွဲဝင်လိုသည့် စိတ်ဓာတ် များ တဖျတ်ဖျတ် ပေါ်ပေါက်လာသည်။ သူ၏ လက်ရှိ ကျင့်ကြံမှု အရှိန်အဟုန်အရဆိုလျှင် မကြာမီ ကျင့်ကြံခြင်းလောကရှိ လူအားလုံးကို သူကျော်တက်သွားတော့မည်ဖြစ်ရာ ထိုအခါမျိုးတွင် အလွန်ပျင်းစရာကောင်းသွားပေလိမ့်မည်။

“ဒါဆိုရင် အရှင်မင်းကြီးတို့ရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်။ ဒီတပည့်အနေနဲ့ ဒီငရဲပြည်ကြီး ပိုမိုကျယ်ပြန့် အင်အားကြီးမားလာစေဖို့နဲ့ ဂုဏ်ယူစရာကောင်းတဲ့ သမိုင်းသစ်တွေ ဖန်တီးနိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားပါ့မယ်”

လင်းယန်ယန်က လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ အလေးပြုလိုက်ပြီးနောက် ငရဲပြည်၏ ‘အရှင်သခင်’ ရာထူးကို တိုက်ရိုက် လက်ခံလိုက်တော့သည်။

“ကောင်းလေစွ ဒီလိုဆိုရင်တော့ ကိစ္စက အပြီးသတ် ဆုံးဖြတ်လိုက်ပြီ”

လင်းယန်ယန် လက်ခံလိုက်သည်ကို မြင်သောအခါ နန်းတော်ဆယ်ခု၏ ယမမင်းတရားကြီးများအားလုံး ပြုံးလိုက်ကြသည်။ ဤသည်မှာ မွေးရာပါ ကုသိုလ်ကံ ပိုင်ဆိုင်ထားသော ဤပုဂ္ဂိုလ်က ယခုအခါ သူတို့ ငရဲပြည်သားတစ်ဦး ဖြစ်သွားပြီဟု ဆိုလိုခြင်းပင်။

စကားအဆုံးတွင် ယမမင်းတရားကြီး (၁၀) ပါးစလုံးသည် တစ်ပြိုင်နက်တည်း သူတို့၏ လက်ချောင်းများကို ကောင်းကင်ယံသို့ ညွှန်ပြလိုက်ကြသည်။

“ဝုန်း ဝုန်း ဝုန်း ဝုန်း ဝုန်း!!!”

ခဏချင်းမှာပင် သူတို့၏ လက်များဆီမှ ရွှေရောင်အလင်းတန်း (၁၀) ခု ထွက်ပေါ်လာပြီး ဧရာမ စာလိပ် ကြီးတစ်ခုအဖြစ် ပေါင်းစည်းသွားသည်။

“ရှူးးးး!”

ထိုကမ္ပည်းလိပ်ကြီးက မူလနေရာမှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

ငရဲပြည်!

“ဝုန်းးးးးး”

ထိုအချိန်တွင် မြင့်မြတ်ထည်ဝါလှသော စွမ်းအားအရိပ်အယောင်တစ်ခုက ငရဲပြည်၏ ကောင်းကင်ယံထက်တွင် ချက်ချင်း လွှမ်းခြုံသွားသည်။

ခဏချင်းမှာပင် ရေတွက်မရနိုင်သော ဝိညာဉ်နတ်ဘုရား များက ဤစွမ်းအားကို ခံစားမိသည်နှင့်တစ်ပြိုင်နက် ကြောက်လန့်တုန်လှုပ်ကာ မြေပြင်ပေါ်၌ ဝပ်စင်းသွားလိုက်ကြသည်။

အစွမ်းထက်လှသော ‘ယမမင်းကြီး လေးပါး’ နှင့် တရားသူကြီး (၁၈) ပါးတို့ပင်လျှင် အံ့အားသင့်သော အမူအရာများဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြရသည်။

“ဒါ... အရပ်ဆယ်မျက်နှာ နတ်ဘုရား အမိန့်တော် ပဲ၊ ဒဏ္ဍာရီလာ အမိန့်တော်ကြီးပဲ! ဘယ်လို အရေးကြီးတဲ့ ကိစ္စရပ်ကြီး ဖြစ်ပွားလို့ပါလိမ့်”

ထိုအချိန်တွင် တရားသူကြီးများနှင့် ယမမင်းကြီးများအားလုံး၏ စိတ်ထဲ၌ ဤအတွေးများ ဝင်ရောက်လာခဲ့သည်

ယင်ကူးတို့ဌာနန တရားသူကြီးတစ်ယောက်သာလျှင် ‘နန်းတော်ဆယ်ခု၏ ယမမင်းများ အမိန့်တော်’ ဟုလည်း လူသိများသော ဤ ‘အရပ်ဆယ်မျက်နှာ နတ်ဘုရား အမိန့်တော်’ က ယမမင်းတရားကြီး (၁၀) ပါးစလုံး တစ်ပြိုင်နက် ရှိနေမှသာ ထုတ်ပြန်နိုင်ခြင်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိထားသည်။ ယခု ဤအမိန့်တော် ပေါ်ထွက်လာခြင်းမှာ လင်းယန်ယန်ကြောင့် ဖြစ်နိုင်ခြေ အရှိဆုံးပင် ဖြစ်ပေတော့သည်။

သို့သော်လည်း သာမန်ဝိညာဉ်နတ်ဘုရားများမှာမူ ကောင်းကင်ယံကို ဖုံးလွှမ်းထားသည့် ထိုကမ္ပည်းလိပ်ကြီးမှာ ဘာလဲဆိုသည်ကို လုံးဝ မသိရှိကြပေ။

“အရပ်ဆယ်မျက်နှာ နတ်ဘုရား အမိန့်တော်။ ယနေ့မှစ၍ ငရဲပြည်အရှင်သခင်၏ နတ်နန်းဆောင်ကို တည်ထောင်စေ။ ငရဲပြည်အရှင်သခင်က ယမမင်းကြီးလေးပါးကို အမိန့်ပေးစေခိုင်းခွင့်ရှိပြီး ငရဲပြည်ရဲ့ ဌာနတစ်ဆယ့်ရှစ်ခုလုံးရှိ ကိစ္စအရပ်ရပ်ကို စီရင်အုပ်ချုပ်ရမယ်”

ထိုခဏ၌ပင် ခန့်ညားထည်ဝါပြီး တည်ကြည်လှသော အသံကြီးက ငရဲပြည်တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။ တစ်စက္ကန့်အတွင်းမှာပင် ငရဲပြည်ရှိ နတ်ဘုရားအားလုံး၏ မျက်နှာအမူအရာများ ပြင်းထန်စွာ ပြောင်းလဲသွားကြသည်။

ဤမျှ မြင့်မားသော အဆင့်အတန်းရှိသည့် အထက်လူကြီးတစ်ဦး ရုတ်တရက် ပေါ်ထွက်လာလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။

ယမမင်းကြီးလေးပါးပင်လျှင် မယုံနိုင်လောက်အောင် ဖြစ်သွားကြသည်။ မူလက သူတို့က ဤငရဲပြည်၏ အမြင့်ဆုံး အာဏာပိုင်များ ဖြစ်ခဲ့ကြသော်လည်း ယခုအခါတွင် သူတို့အထက်သို့ အထက်လူကြီးတစ်ဦး ရုတ်တရက် ရောက်ရှိလာခဲ့သည်။

သို့သော် ဤနေရာမှာ လူ့ပြည်လောက မဟုတ်ပေ။ အသစ်ခန့်အပ်လိုက်သော ဤအထက်လူကြီးအပေါ် မကျေနပ်သည့် အရိပ်အယောင် အနည်းငယ်မျှပင် သူတို့ မပြရဲကြချေ။

သူတို့ ခံစားရသည်မှာ ကြောက်ရွံ့ရိုသေမှုသာ ဖြစ်သည်။

အကြောင်းမှာ ငရဲပြည်တွင် အဆင့်အတန်း စနစ်မှာ အလွန်တင်းကျပ်လှသောကြောင့် ဖြစ်သည်။ အထက်လူကြီး ဖြစ်သူက စကားတစ်လုံးတည်းဖြင့်ပင် သင့်ကို ရာထူးမှ တိုက်ရိုက်ထုတ်ပယ်ပိုင်ခွင့် ရှိသည်။

မှန်ပေသည်။ လုပ်ထုံးလုပ်နည်းအရဆိုလျှင် ဦးစွာ ‘ယင်အရာရှိဌာန’ သို့ တင်ပြရမည်ဖြစ်ပြီး၊ ထိုဌာန၏ အတည်ပြုချက် လိုအပ်ပါသည်။ ပုံမှန်အားဖြင့်လည်း ထိုသို့တင်ပြလျှင် အတည်ပြုချက် ရရှိလေ့ရှိသည်။

သို့သော်လည်း မည်သူကမျှ အကြောင်းမဲ့သက်သက် သူတစ်ပါးကို ဒုက္ခပေးရန် မရှာကြပေ။ ရန်ငြိုးရှိလျှင်ပင် ထိုသို့လုပ်ဆောင်ခြင်းမှာ ရှားပါးလှသည်။ အဘယ်ကြောင့်ဆိုသော် အကြောင်းမဲ့ သူတစ်ပါးကို ဒုက္ခရှာခြင်းက မိမိ၏ ကုသိုလ်ကံ ကို လျော့နည်းစေနိုင်သောကြောင့် ဖြစ်သည်။

သို့သော် ဓားရှိလျက်နှင့် မသုံးခြင်းနှင့် ဓားလုံးဝ မရှိခြင်းမှာ အလွန်ပင် ကွာခြားလှပေသည်။

“ဝုန်းးးးး”

နန်းတော်ဆယ်ခု၏ ယမမင်းတရားကြီးများ အမိန့်တော်ကို ဖတ်ကြားပြီးသည်နှင့် ကောင်းကင်ယံရှိ ရွှေရောင်အမိန့်တော်လိပ်ကြီးက ချက်ချင်းပင် အလင်းတန်း နှစ်ဆယ်ကျော်အဖြစ် ပြောင်းလဲသွားပြီး ငရဲပြည်ရှိ တရားသူကြီးများနှင့် ယမမင်းကြီးများအားလုံး၏ စိတ်အာရုံထဲသို့ လျင်မြန်စွာ စီးဝင်သွားသည်။

တာအိုဆရာ လင်းယန်ယန်၏ ရုပ်သွင်ပြင်က သူတို့၏ စိတ်အာရုံထဲသို့ ချက်ချင်း ရောက်ရှိသွားပါတော့သည်။

ထိုခဏတွင် ယင်ကူးတို့ဌာန တရားသူကြီးမှာ ကြောက်လွန်းသဖြင့် ဆီးပင်ထွက်မတတ် ဖြစ်သွားရသည်။

“သေစမ်း... တကယ်ကြီး လင်းယန်ယန် ဖြစ်နေတာပဲ”

အခြားသူတွေ မသိပေမဲ့ ယင်ကူးတို့ဌာန တရားသူကြီးကတော့ တာအိုဆရာ လင်းယန်ယန်ဆိုတာ လူ့ပြည်လောကက ကျင့်ကြံသူတစ်ယောက်သာဖြစ်ပြီး သူ့ရဲ့အစွမ်းက ‘ကျင့်ကြံသူကြီး’ အဆင့်ကိုတောင် မရောက်သေးဘူးဆိုတာ သေချာပေါက်သိထားသည်။

ဒါပေမဲ့ အခုတော့ သူက ငရဲပြည်ရဲ့ အရှင်သခင်ကြီး ဖြစ်သွားခဲ့ပြီဖြစ်သည်။ ထိုအချိန်မှာ တရားသူကြီးက ဒဏ္ဍာရီလာ ‘မွေးရာပါ ကုသိုလ်ကံ’ ရဲ့ အစွမ်းကို ပိုပြီးတော့တောင် အံ့သြတုန်လှုပ်မိသွားသည်။

တစ်ဖက်မှာတော့ လင်းယန်ယန်ဟာ ဟင်းလင်းပြင် လှုပ်ခတ်မှုတစ်ခုနဲ့အတူ အလွန်ကျယ်ဝန်းလှတဲ့ နတ်နန်းဆောင်ကြီးတစ်ခုထဲကို ရောက်ရှိသွားတော့သည်။ ဒီနန်းတော်ရဲ့ အတိုင်းအတာက စောစောက တရားသူကြီးရဲ့ နန်းဆောင်ထက်တောင် ပိုပြီး ကြောက်စရာကောင်းလောက်အောင် ကြီးမားလှသည်။

ဒီနေရာကတော့ သူပိုင်ဆိုင်တဲ့ ‘ငရဲပြည်အရှင်သခင်ရဲ့ နတ်နန်းဆောင်’ ပဲ ဖြစ်သည်။

“ဒီဘဝကတော့ တကယ်ကို စိတ်လှုပ်ရှားဖို့ ကောင်းလွန်းတယ်။ လွန်ခဲ့တဲ့ နှစ်ရက်ကတင် ငါ့ရဲ့ ဂိုဏ်းတူအစ်ကို နဲ့ ငါ ‘ယင်တမန်’ တစ်ယောက် ဖြစ်နိုင်မလားဆိုတာ ဆွေးနွေးနေခဲ့ကြသေးတာ။ အခုတော့ ငါက ယင်တမန်အားလုံးရဲ့ အကြီးအကဲ ကြီး ဖြစ်သွားပြီ!”

လင်းယန်ယန် တစ်ယောက် စိတ်လှုပ်ရှားစွာနဲ့ သက်ပြင်းချလိုက်မိပါတယ်။ အဲဒီနောက်မှာတော့ စိတ်ကူးလိုက်တာနဲ့တင်—

“ဝုန်းးးး!!!”

နောက်တစ်ခဏမှာတော့ လင်းယန်ယန်ရဲ့ ခန္ဓာကိုယ်ပတ်လည်မှာ တည်ကြည်ထည်ဝါပြီး မြင့်မြတ်လွန်းတဲ့ ‘နတ်ဘုရားကိုယ်ထည်’ ကြီးတစ်ခု ချက်ချင်း ပေါ်ပေါက်လာပြီး အဲဒီနောက်မှာတော့ ကိုယ်ထည်ကြီးက တဟုန်ထိုး ကြီးထွားလာကာ ကီလိုမီတာ သောင်းချီတဲ့အထိ ဧရာမ အရွယ်အစားကြီး ဖြစ်သွားတော့သည်။

“တကယ်လို့ ဒီနတ်ဘုရားကိုယ်ထည်ကြီးသာ လူ့ပြည်လောကမှာရှိနေရင် နေမင်းကြီးလောက်တောင် ကြီးမားနေမှာပဲ”

လင်းယန်ယန် တွက်ချက်ကြည့်ပြီးနောက် သူ့ဘာသာသူတောင် လန့်သွားသည်။ သူ့လက်ထဲမှာဆိုရင် ကမ္ဘာမြေကြီးက သဲပွင့်လေးတစ်ခုထက် အနည်းငယ်ပဲ ပိုကြီးတဲ့ အနေအထားမျိုးဖြစ်နေသည်။

ဒါပေမဲ့ ဒါက ငရဲပြည်ရဲ့ စွမ်းအားတွေကို ချေးငှားပြီး အသုံးပြုထားလို့သာ ဒီလောက်အထိ ကြီးမားနေခြင်း ဖြစ်သည်။ တကယ်လို့ သူ ကမ္ဘာပေါ်မှာ ရှိနေမယ်ဆိုရင်တော့ သူ့ရဲ့ လက်ရှိစွမ်းအားနဲ့ဆိုရင် မီတာအနည်းငယ်လောက်ပဲ ဖန်တီးနိုင်မှာပါ။ ဒါ့အပြင် ငရဲပြည်ရဲ့ စွမ်းအားအထောက်အပံ့မပါလျှင် အဲဒီကိုယ်ထည်ကြီးက လူခြောက်ဖို့လောက်ပဲ သုံးလို့ရပေမည်။

ဒါပေမဲ့ ဘာမှမရှိတာထက်စာရင်တော့ အများကြီး ကောင်းလွန်းလှ၏။ အဲဒီနောက်မှာတော့ သူဟာ ငရဲပြည်ရဲ့ အရှင်သခင်တစ်ယောက်အနေနဲ့ ငရဲပြည်ရဲ့ အခြေအနေတွေကို စစ်ဆေးကြည့်လိုက်တော့သည်။ ဒီလို ကြည့်လိုက်တဲ့အခါမှာတော့ သူ အံ့သြတုန်လှုပ်ပြီး အော်ဟစ်လိုက်မိတော့သည်။

“ငရဲပြည်မှာရှိတဲ့ ဝိညာဉ်အရေအတွက်က ဒီလောက်တောင် များတာလား! နှစ်ပေါင်း သန်းချီပြီး စုဆောင်းလာခဲ့တာ အခုဆိုရင် ဝိညာဉ်ပေါင်း ၃၀ ထရီလီယံ (၃၀,၀၀၀,၀၀၀,၀၀၀,၀၀၀) ကျော်တောင် ရှိနေပြီပဲ ပြီးတော့ ယင်တမန်ပေါင်း ဘီလီယံ ၁၀၀ နီးပါးနဲ့ ယင်စစ်သူကြီး ပေါင်း သောင်းနဲ့ချီ ရှိနေတာပဲ”

ဒီလောက်များပြားလှတဲ့ ကိန်းဂဏန်းအချက်အလက်တွေကို မြင်လိုက်ရတဲ့အခါ လင်းယန်ယန်လည်း အတော်လေး မှင်တက်သွားရသည်။

ဒီငရဲပြည်ကြီး တည်ထောင်ခဲ့တာ နှစ်ပေါင်း သန်းချီရှိနေပြီဖြစ်သည်။ ဒီလောက်နှစ်ပေါင်းများစွာအတွင်းမှာ လူပြန်ဝင်စားဖို့ ကို ရွေးချယ်တဲ့ ဝိညာဉ်အရေအတွက်က တကယ်တမ်းမှာတော့ အလွန်နည်းပါးလှသည်။ ဘာလို့လဲဆိုတော့ လူပြန်ဝင်စားပြီးသွားရင် အတိတ်မေ့သွားမှာ ဖြစ်သလို၊ သူတို့ စွန့်လွှတ်လို့မရတဲ့ ချစ်ခင်ရသူတွေ ရှိနေရင်တောင် လူပြန်ဝင်စားပြီးရင် မေ့ပျောက်သွားမှာ ဖြစ်လို့ပဲဖြစ်သည်။

လူပြန်ဝင်စားဖို့ ဆန္ဒမရှိသူတွေကတော့ ငရဲပြည်မှာပဲ အခြေချနေထိုင်ဖို့ ရွေးချယ်ကြသည်။ တကယ်တော့ အရည်အချင်း ပြည့်မီသူ ဘယ်သူမဆို လူပြန်ဝင်စားဖို့ သွားနိုင်သည်။

ဒါပေမဲ့ လူပြန်ဝင်စားတဲ့သူ အရေအတွက် များပြားလာတဲ့အခါ လူအဖြစ်ပဲ ပြန်ဖြစ်ချင်မှ ဖြစ်မှာပါ။ တိရစ္ဆာန်တွေ၊ ပိုးမွှားတွေကအစ ဝိညာဉ် ရှိတဲ့ အရာမှန်သမျှဟာ လူပြန်ဝင်စားလို့ ရသည်။ ဒါကြောင့် သီအိုရီအရဆိုရင်တော့ ဝိညာဉ် ၃၀ ထရီလီယံလုံး လူပြန်ဝင်စားဖို့ ဖြစ်နိုင်သည်။

ဒါပေမဲ့ အစောက ပြောခဲ့သလိုပါပဲ၊ လူတွေဟာ ငရဲပြည်မှာ တစ်ခဏလောက် နေထိုင်ပြီးသွားကြရင် လူ့ပြည်လောက ကို ဘယ်သူမှ ပြန်မသွားချင်ကြတော့ပေ။ လင်းယန်ယန် ခန္ဓာကိုယ် ကူးပြောင်းမလာခင် ၂၁ ရာစု လူ့ပြည်လောကမှာတောင် လူတိုင်း ဗိုက်ဝအောင် စားရဖို့ဆိုတဲ့ အိပ်မက်က တကယ်မဖြစ်လာသေးပေ။

ရှေးဟောင်းခေတ်တွေ၊ ကမ္ဘာဦးခေတ်တွေမှာဆိုရင်တော့ ပြောနေစရာတောင် မလိမလိုတော့ပေ။ ထိုဝိညာဉ် ၃၀ ထရီလီယံထဲမှာတင် ငတ်မွတ်ပြီး သေဆုံးခဲ့ရသူက ၁ ထရီလီယံ နီးပါး ရှိခဲ့သည်။ ဒါကြောင့် ဘယ်သူကမှ လူ့ပြည်မှာ ပြန်ပြီး ဒုက္ခမခံချင်ကြတာ သဘာဝပါဘဲဖြစ်သည်။

ဒါ့အပြင် ကံမကောင်းလို့ ပညာမတတ်တဲ့ မိသားစုမှာ မွေးဖွားလာပြီး လူဆိုးဖြစ်သွားမယ်၊ မကောင်းမှုတွေ အများကြီး လုပ်မိမယ်ဆိုရင် သေပြီးလို့ ငရဲပြည် ပြန်ရောက်လာတဲ့အခါ ငရဲဘုံ မှာ ထာဝရ အနှိမ်ခံ၊ အနှိပ်စက်ခံရမှာ တွေလည်းဖြစ်နိုင်သေးသည်။

“ဝိညာဉ်တွေက ဒီလောက်တောင် များနေတာကိုး၊ သူတို့ကို အုပ်ချုပ်ဖို့ ယင်တမန်တွေ ဒီလောက် အများကြီး လိုတာ မဆန်းပါဘူး”

လင်းယန်ယန်တစ်ယောက် စိတ်လှုပ်ရှားစွာနဲ့ ရေရွတ်လိုက်မိသည်။ ယင်တမန် အရေအတွက်သာ နည်းနေရင် သူတို့ကို တကယ်ပဲ ထိန်းချုပ်နိုင်မှာ မဟုတ်ပေ။

“ဟုတ်သားပဲ၊ ယင်တမန်တွေ ဒီလောက်တောင် များနေတာ တစ်ယောက်လောက် ထပ်တိုးလိုက်လို့ ဘာမှ ဖြစ်သွားမှာ မဟုတ်ပါဘူး။ ဂိုဏ်းတူဦး‌လေးမျက်ခုံးတစ်ဆက် က ငါ့ကို ပညာရပ်တွေ အများကြီး သင်ပေးခဲ့တာ၊ သူ့အတွက် အကျိုးခံစားခွင့်လေး တစ်ခုခုတော့ ဖန်တီးပေးရမယ!”

ရုတ်တရက် လင်းယန်ယန်ဟာ ဂိုဏ်းတူဦး‌ေလးကိုး ကို သတိရသွားခဲ့သည်။ အဲဒီလူဟာ ငရဲပြည်ကို လာပြီး ‘ယင်ငွေကြေးဌာန’ ရဲ့ ယင်တမန်တစ်ယောက် ဖြစ်ဖို့ အမြဲတမ်း တောင့်တခဲ့တာပါ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူ့ရဲ့ ကုသိုလ်ကံက လိုအပ်တာထက် အများကြီး နည်းနေခဲ့ခြင်းဖြစ်သည်။ အခု လင်းယန်ယန်က ငရဲပြည်ရဲ့ အရှင်သခင် ဖြစ်နေပြီဆိုတော့ ဒီလိုကိစ္စသေးသေးလေးကို စီစဉ်ပေးနိုင်ပီဖြစ်သည်ာ

ဒီလိုတွေးပြီးနောက် သူဟာ ဟင်းလင်းပြင် ထဲကို တိုက်ရိုက် ညွှန်ပြလိုက်တော့သည်။

“ဝုမ်းးး!!”

ချက်ချင်းဆိုသလိုပဲ သူ့ရဲ့ လက်ညှိုးကနေ ရွှေရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီး ဟင်းလင်းပြင်ကို ဆွဲဖြဲကာ ‘ယင်အရာရှိဌာန’ ဆီကို တဟုန်ထိုး ပျံသန်းသွားလိုက်သည်။

“အိမ်ပြန်ပြီး အိပ်တော့မယ်!!”

ဒီကိစ္စတွေအားလုံးရဲ့ နောက်ကွယ်က လင်းယန်ယန်ဟာ သမ်းဝေလိုက်ပြီး ငရဲပြည်ကနေ တိုက်ရိုက် ထွက်ခွါသွားတော့သည်။

“ငရဲပြည်အရှင်သခင်... ယမမင်းတရားကြီး ဆယ်ပါးလုံးက တစ်ပြိုင်နက် အမိန့်တော် ထုတ်ပြန်လိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး။ ဒီငရဲပြည်အရှင်သခင်ရဲ့ ဇစ်မြစ်က ဘယ်လောက်တောင် ကြီးမားနေလို့ပါလိမ့်”

တစ်ဖက်တွင်လည်း ယင်အရာရှိဌာန တရားသူကြီး၏ နတ်နန်းဆောင်အတွင်း၌...

ယင်အရာရှိဌာန တရားသူကြီးမှာ အံ့သြတုန်လှုပ်မှုမှ မရုန်းထွက်နိုင်သေးပေ။ ငရဲပြည် တရားသူကြီးများ၏ အထက်ရှိ နတ်ဘုရားရာထူးနေရာများမှာ နှစ်ပေါင်းသောင်းချီသည့်တိုင်အောင် ပြောင်းလဲခဲလှသည်ဖြစ်ရာ ယခုကဲ့သို့ ငရဲပြည်အရှင်သခင် တစ်ပါး ရုတ်တရက် ပေါ်ထွက်လာခြင်းမှာ ငရဲဘုံ စတင်တည်ထောင်ပြီးကတည်းက အကြီးမားဆုံးသော ဖြစ်ရပ်ပင် ဖြစ်သည်။

“ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ငရဲပြည်အရှင်သခင် ပေါ်ထွက်လာပြီဆိုမှတော့ ကမ္ဘာကို တုန်လှုပ်စေမယ့် ကြီးကျယ်တဲ့ လှုပ်ရှားမှုတွေ ရှိလာမှာ အသေအချာပဲ။ ငါက ယင်အရာရှိဌာန တရားသူကြီးဖြစ်တဲ့အတွက် အလုပ်ကို အစွမ်းကုန် ကြိုးစားပြနိုင်မယ်ဆိုရင် ရာထူးတိုးဖို့တောင် ဖြစ်နိုင်ခြေ ရှိတယ်!”

ချက်ချင်းပင် ယင်အရာရှိဌာန တရားသူကြီးမှာ တိုက်ပွဲဝင်လိုသည့် စိတ်ဓာတ်များ အပြည့်အဝ ဖြစ်ပေါ်လာသည်။

အဘယ်ကြောင့်ဆိုသော် ယင်အရာရှိဌာန တရားသူကြီး ဖြစ်လာရန် သူ၏ အရည်အချင်းနှင့် ဩဇာအာဏာမှာ ငရဲပြည်တစ်ခုလုံးရှိ တရားသူကြီးများထဲတွင် အမြင့်မားဆုံးဖြစ်သောကြောင့် ဖြစ်သည်။ သူ အစွမ်းပြနိုင်ခဲ့လျှင် ‘ပဉ္စမမြောက် ယမမင်းတရားကြီး’ တောင် ဖြစ်လာနိုင်သည် မဟုတ်ပါလား။

ဤသို့တွေးမိသောအခါ သူ အနည်းငယ် ရင်ခုန်စိတ်လှုပ်ရှားသွားသည်။ ပဉ္စမမြောက် ယမမင်းတရားကြီး ဖြစ်လာခြင်းသည် အနည်းဆုံး ဌာနကြီး သုံးခု သို့မဟုတ် ထို့ထက်မကသော ဌာနများကို အုပ်ချုပ်ခွင့်ရခြင်းပင် ဖြစ်သည်။

“ဝုန်းးးး!!!”

သို့သော် ထိုစဉ်မှာပင် ရွှေရောင်အလင်းတန်းတစ်ခုသည် သူ၏ရှေ့မှောက်သို့ ချက်ချင်း ရောက်ရှိလာပြီး ရွှေရောင်အမိန့်စာလိပ်တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

All Chapters