မွေးရာပါ ကုသိုလ်ကံ
Vol. 1 Ch. 5
လူတိုင်းဟာ နတ်ပင့်ဖိတ်ခြင်း အတတ်ပညာ ကို ပထမဆုံးအကြိမ် လုပ်ဆောင်တဲ့အခါ ကောင်းကင်နတ်မင်း ၁၈ ပါးအထိ ပင့်ဖိတ်နိုင်ခွင့် ရှိသည်။
တကယ်တော့ သာမန်လူတစ်ယောက်အနေနဲ့ နတ်မင်း သုံးပါး၊ လေးပါးလောက်က ကြိုဆိုလက်ခံတယ်ဆိုရင်ပဲ တော်တော်လေးကို ဟန်ကျနေပြီး တခြားပြောင်မြောက်တဲ့ ပါရမီရှင်တွေမှသာ ပိုမိုများပြားတဲ့ ဘိုးဘေးဆရာသခင် တွေရဲ့ ကြိုဆိုမှုကို ရရှိနိုင်သည်။
သဘာဝအရ ကြီးမားတဲ့ ကံတရား ရှိသူတွေဟာလည်း ပထမဆုံးအကြိမ်မှာတင် ဘိုးဘေးများစွာရဲ့ ကြိုဆိုမှုကို ရရှိနိုင်ခြင်းဖြစ်သည်။ သို့ပေမဲ့ ယေဘုယျအားဖြင့် နတ်ပင့်ဖိတ်ခြင်းကို ပထမဆုံး စမ်းသပ်တဲ့ ကျင့်ကြံသူတွေဟာ မြေဆရာ အဆင့် ၁ ကိုပဲ ရောက်ရှိကြသေးတာမို့ ကံတရား အမြောက်အမြား စုဆောင်းမိဖို့ဆိုတာ မလွယ်ချေ။
လင်းယန်ယန် အဖို့ဆိုရင်တော့ ပြောနေစရာတောင် မလိုပေ။ သူက အသက် ၁၈ နှစ်ပဲ ရှိသေးခြင်းဖြစ်ကာ သူ့ရဲ့ ခွန်အားက ဘယ်လောက်ပဲ ကြီးမားပါစေ၊ ကုသိုလ်ကံ တွေကို အများကြီး စုဆောင်းဖို့ အချိန်မရသေးတာ သေချာပေါက်ဘဲဖြစ်သည်။
"ဝုန်းး ဝုန်းး ဝုန်းး ဝုန်းး ဝုန်းး"
ရုတ်တရက်ဆိုသလို အဲဒီလမ်းကြောင်းတွေထဲကနေ ကြောက်မက်ဖွယ်ကောင်းတဲ့ ယင်စွမ်းအင် လှိုင်းတွေ ပေါက်ကွဲထွက်လာတော့သည်။
ခဏချင်းမှာပဲ...
အနိမ့်ဆုံး လမ်းကြောင်းထဲမှ ဘိုးဘေးဆရာသခင်တစ်ပါးရဲ့ ဝိညာဉ်ပုံရိပ်ဟာ ဖြည်းဖြည်းချင်း စတင်ဖြစ်ပေါ်လာခဲ့သည်။ ဒါပေမဲ့ အဲဒီဘိုးဘေးကို မြင်လိုက်ရတဲ့အခါ ဆရာတော် စစ်မု ရဲ့ မျက်ဆုံတွေဟာ ပြူးကျယ်သွားပြီး ထိတ်လန့်သွားရတော့သည်။
"ဟင်... ဒါ... ဒါ ဟွာယန် ဘိုးဘေးကြီး မဟုတ်လား"
ဆရာတော် စစ်မုမှာ အံ့သြလွန်းလို့ အော်ဟစ်မိသွားတော့သည်။
ဟွာယန် ဘိုးဘေးကြီး ဆိုတာ မော်ရှန်းဂိုဏ်းကို စတင်တည်ထောင်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ကာ သူက အဲဒီခေတ်တုန်းက မော်ရှန်းဂိုဏ်းကို အခြေချ တည်ထောင်ခဲ့သူဖြစ်သည်။
ဒါပေမဲ့ ဆရာတော် စစ်မုကို အကြောက်ဆုံး ဖြစ်သွားစေတဲ့ အချက်ကတော့... အခုရောက်လာတဲ့ ဘိုးဘေးတွေထဲမှာ ဒီ မော်ရှန်းဂိုဏ်းတည်ထောင်သူ 'ဟွာယန် ဘိုးဘေးကြီး' ဟာ အနိမ့်ဆုံးအဆင့် မှာသာ ရှိနေတာ ဖြစ်နေလို့ပါပဲ!
တစ်နည်းအားဖြင့် ပြောရရင် ဟွာယန် ဘိုးဘေးကြီးဟာ လင်းယန်ယန် ပင့်ဖိတ်လိုက်တဲ့ ဘိုးဘေးတွေအားလုံးထဲမှာ အားအနည်းဆုံးနဲ့ အဆင့်အနိမ့်ဆုံး ဖြစ်နေတာပါ။
ဒါကို သိလိုက်ရတဲ့အချိန်မှာ ဆရာတော် စစ်မု တစ်ယောက် ခြေထောက်တွေ ပျော့ခွေသွားပြီး မြေပြင်ပေါ်ကို ဘုတ်ခနဲ ထိုင်ကျသွားပါတော့သည်။ သူ့ထက် အဆင့်မြင့်တဲ့ အထက်က ဘိုးဘေးတွေဆိုရင် ဘယ်လောက်တောင် ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်နေမလဲဆိုတာ သူ မတွေးရဲတော့ပါဘူး။
"ဝုန်းးးး!!!!"
နောက်တစ်စက္ကန့်မှာတော့ အောက်ဆုံးကနေ ရေတွက်ရင် ဒုတိယမြောက်ဖြစ်တဲ့ ဘိုးဘေးရဲ့ ဝိညာဉ်ပုံရိပ်ဟာ ထင်ရှားလာသည်။ ဒီဘိုးဘေးကြီးဟာ တစ်ကိုယ်လုံး တောက်လောင်နေတဲ့ မီးလျှံတွေနဲ့ ဖုံးလွှမ်းနေခဲ့သညါ။
အဲဒီနောက်မှာတော့ တာအိုဆရာလောက ရဲ့ ဘိုးဘေးဆရာသခင်ကြီးတွေဟာ တစ်ပါးပြီးတစ်ပါး ဖြည်းဖြည်းချင်း ပေါ်ထွက်လာကြသည်။ မော်ရှန်း ဂိုဏ်းအတွင်းမှာတော့ အစွမ်းအထက်ဆုံးနဲ့ သက်တမ်းအရှည်ဆုံး ပုဂ္ဂိုလ်ဟာ ဟွာယန် ဘိုးဘေးကြီး ဖြစ်သည်။ ထို့ကြောင့် သူ့ထက် အဆင့်မြင့်သည့် ပုဂ္ဂိုလ်တွေဟာ မော်ရှန်းဂိုဏ်းက ဘိုးဘေးတွေ မဟုတ်ကြတော့တာ သေချာလွန်းလှသည်။
သို့သော် ဘိုးဘေးဆရာသခင်ကြီးတွေလို့ ခေါ်ဆိုနိုင်သည်။ ဒီဘိုးဘေးတွေထဲက တချို့ဟာ သွေးသားနဲ့ အသက်စွမ်းအားတွေ အလွန်အားကောင်းကြပြီး သူတို့ အသက်ရှိစဉ်က ထိပ်တန်း ခန္ဓာကျင့်ကြံသူ တွေ ဖြစ်ခဲ့မှန်း သိသာလှ၏။ တချို့ကတော့ အမျိုးမျိုးသော ဝိညာဉ်ခန္ဓာ တွေကို နားလည်သဘောပေါက်ထားကြသူတွေပါ။ လေဓာတ်၊ ရေဓာတ်၊ လျှပ်စီးဓာတ် စသဖြင့် ဝိညာဉ်ခန္ဓာ အမျိုးမျိုး ပါဝင်နေသည်။
ဒါပေမဲ့ ပဉ္စမမြောက် ဘိုးဘေးဆရာသခင် ပေါ်လာတဲ့အခါမှာတော့ လင်းယန်ယန် မျက်ခုံးပင့်တက်သွားရ၏။အဘယ့်ကြောင့်ဆိုသော် ထိုဘိုးဘေးဟာဓာတ် ငါးပါး ရဲ့ ဝိညာဉ်စွမ်းအားတွေကို ထုတ်လွှတ်နေပြီး သူကျင့်ကြံထားတဲ့ ကျင့်စဉ်အရှိန်အဝါကလည်း အလွန်ရင်းနှီးနေလို့နေသည်။
'ဒါ... ရှေးဟောင်း ဝိညာဉ်ငါးပါးဂိုဏ်း ကို တည်ထောင်ခဲ့တဲ့ ဝိညာဉ်ငါးပါး နတ်မင်းကြီး လား?'
ဒါကို မြင်လိုက်ရတဲ့ လင်းယန်ယန်ဟာ မျက်မှောင်ကြုတ်သွားခဲ့၏။ တစ်ဖက်လူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကတည်းက ကွယ်လွန်ခဲ့တာဖြစ်ပြီး၊ အသက်ရှိစဉ်က 'တာအို မင်းကြီး' အဆင့်ဖြစ်သလို ကွယ်လွန်ပြီးနောက် ငရဲပြည်မှာလည်း 'ဝိညာဉ်နတ်မင်း' တစ်ပါး ဖြစ်နေလောက်ပြီဖြစ်သည်။ ဒါတောင်မှ သူက ပဉ္စမမြောက် အဆင့်မှာပဲ ရှိနေပါသေးသည်။
"ငါ့ကုသိုလ်... ဒီ ကုသိုလ် ရွှေရောင်အလင်းတန်း ရဲ့ အသုံးဝင်ပုံက တကယ်ကို ထူးခြားဆန်းပြားလှတာပဲ!"
လင်းယန်ယန်တစ်ယောက် စိတ်လှုပ်ရှားစွာနဲ့ သက်ပြင်းချမိပါတော့သည်။
တကယ်တော့ ဝိညာဉ်နတ်မင်း တစ်ပါးကို ပင့်ဖိတ်နိုင်ပြီဆိုကတည်းက လင်းယန်ယန် အနေနဲ့ 'ငရဲသုံး ငွေစက္ကူ' သာ အလုံအလောက် ပေးနိုင်မယ်ဆိုရင်၊ ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်ကလည်း အဲဒီလောက် ကြီးမားတဲ့ စွမ်းအားကို ခံနိုင်ရည်ရှိမယ်ဆိုရင် သူဟာ ချက်ချင်းဆိုသလို 'နတ်မင်း' တစ်ပါးရဲ့ ခွန်အားကို ရရှိနိုင်မှာ ဖြစ်သည်။
သို့သော် ဒါဟာ သဘာဝအရတော့ မဖြစ်နိုင်ပေ။
လင်းယန်ယန်မှာ အလွန်မာကျောတဲ့ 'သတ္တုဓာတ် ဝိညာဉ်ခန္ဓာ' ရဲ့ ကာကွယ်မှု ရှိနေရင်တောင်မှ အများဆုံး 'နတ်ဆရာကြီး' အဆင့်ရှိတဲ့ စွမ်းအားစီးဝင်မှုကိုပဲ ခံနိုင်ရည်ရှိလိမ့်မည်။
နောက်ဆုံးမှာတော့ အပေါ်ဆုံးက ဘိုးဘေးရဲ့ ပုံရိပ်ကလွဲလို့ ကျန်ရှိနေတဲ့ ဘိုးဘေးပုံရိပ် သုံးပါးဟာလည်း ဖြည်းဖြည်းချင်း ပေါ်ထွက်လာတော့သည်။ လင်းယန်ယန်အနေနဲ့ သူတို့ကို မမှတ်မိပေမဲ့ 'ဝိညာဉ်ငါးပါး နတ်မင်းကြီး' ထက် အဆင့်မြင့်တဲ့ ဘယ်သူမဆို သူတို့ရဲ့ ကျင့်ကြံမှုအဆင့်ဟာ နတ်မင်းကြီးထက် အများကြီး ပိုမြင့်မားနေမှာကတော့ သေချာပေါက်ဘဲဖြစ်သည်။
နောက်ဆုံးတော့... အပေါ်ဆုံးက တစ်ပါးပဲ ကျန်တော့၏
ဆရာတော် စစ်မု နဲ့ လင်းယန်ယန် နှစ်ယောက်လုံးဟာ မျှော်လင့်ချက်ကြီးစွာနဲ့ စောင့်ကြည့်နေကြချိန်တွင်..။
"ဝုန်းးးး!!!!"
ရုတ်တရက်ဆိုသလို လမ်းကြောင်းရဲ့ အနောက်ဘက်ကနေ မည်းနက်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအင်တွေ ပေါက်ကွဲထွက်လာတော့သည်။ နောက်တစ်စက္ကန့်မှာတော့ အဲဒီအမည်းရောင်စွမ်းအင်တွေဟာ အရပ်ရှည်ရှည်နဲ့ သွယ်လျတဲ့ ပုံရိပ်တစ်ခုအဖြစ် ဖြည်းဖြည်းချင်း စုစည်းသွားတော့သည်။
အဲဒီပုံရိပ် ပေါ်လာတာနဲ့တစ်ပြိုင်နက် ဆရာတော် စစ်မုဟာ ပါးစပ်အဟောင်းသားနဲ့ နေရာမှာတင် မှင်တက်သွားပါတော့သည်။ လင်းယန်ယန် ကိုယ်တိုင်တောင်မှ ဒီတစ်ခါ ပင့်ဖိတ်မိတဲ့ ပုဂ္ဂိုလ်ကို ကြည့်ပြီး အံ့အားသင့်သွားရသည်။
ဒီဝိညာဉ်ပုံရိပ်ဟာ ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားပြီး အရေပြားကတော့ လုံးဝ မည်းနက်နေပါသည်။ ခေါင်းပေါ်မှာ ဦးထုပ်အရှည်ကြီး ဆောင်းထားပြီး ဘယ်ဘက်လက်မှာ 'နာရေးလှည့်ကင်းတုတ်' နဲ့ ညာဘက်လက်မှာတော့ 'ဝိညာဉ်ဖမ်းသံကြိုး' ကို ကိုင်ထားသည်။ ထူးခြားတာကတော့ သူ့ရဲ့ လျှာကြီးဟာ ခါးအထိ တစ်လန်းကြီး ထွက်ကျနေခဲ့သည်။
"အနက်ရောင် ဝိညာဉ်တမန်တော် (ဟေးဝူးချန်)၊ သူ ဖြစ်နေလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားဘူး!!!"
လင်းယန်ယန်ရဲ့ မျက်လုံးတွေဟာ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
ဟုတ်ပေသည်။ ဒီပုံရိပ်ဟာ ငရဲပြည်ရဲ့ စစ်သူကြီးတစ်ပါးဖြစ်တဲ့ ဟေးဝူချန်ပဲ ဖြစ်သည်။
အနက်ရောင်နဲ့ အဖြူရောင် ဝိညာဉ်တမန်တော် (ဟေးဝူးချန်နဲ့ပိုင်ဝူးချန်) ဆိုတာ ငရဲပြည်ရဲ့ 'ယင်စစ်သူကြီး' တွေဖြစ်ပြီး နောက်ပိုင်း ထွက်လာတဲ့ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေထဲမှာ မြင်ရသလို သာမန်ကာလျှံကာ ပုဂ္ဂိုလ်တွေ မဟုတ်ပေ။ သူတို့ရဲ့ အဆင့်အတန်းဟာ အလွန်မြင့်မားလှ၏။
'ယင်စစ်သူကြီး' ဆိုတာ ငရဲပြည်ရဲ့ 'ယင်စစ်သည်' တွေနဲ့ 'ယင်ဗိုလ်ချုပ်' တွေထက် အဆင့်အတန်း အများကြီး ပိုမြင့်မားတဲ့ တည်ရှိမှုမျိုးဖြစ်သည်။
ငရဲပြည်မှာ 'ယင်စစ်သည်' တွေကို အဆင့် ၁၀ ဆင့် ခွဲထားပါသည်။ အဆင့် ၁ 'ယင်စစ်သည်' ထက် ကျော်လွန်သွားမှသာ 'ယင်ဗိုလ်ချုပ်' ဖြစ်လာနိုင်တာပါ။
မော်ရှန်းဂိုဏ်းတည်ထောင်သူ ဟွာယန်ဘိုးဘေးကြီး တောင်မှ ကွယ်လွန်ခဲ့တာ နှစ်ပေါင်း နှစ်ထောင်ကျော်ပြီဖြစ်သလို မော်ရှန်းတပည့်တွေရဲ့ ပူဇော်မှု တွေကို ရရှိနေတာတောင်မှ အခုထိ 'အဆင့် ၆ ယင်တမန်' အဆင့်ကိုပဲ ရောက်သည့်အဆင့်ပဲရှိသေး၏။ 'ယင်ဗိုလ်ချုပ်' ဖြစ်ဖို့ဆိုရင်တောင် နောက်ထပ် ၅ ဆင့် လိုပါသေးသည်။
သို့သော် 'ယင်စစ်သူကြီး' ဆိုတာကတော့ သူတို့အားလုံးထက် လုံးဝ အဆင့်အတန်းမြင့်မားနေတဲ့ တည်ရှိမှုပါ။ အဲဒီလို ပုဂ္ဂိုလ်မျိုးကို လင်းယန်ယန်က 'နတ်ပင့်ဖိတ်ခြင်း အတတ်ပညာ' ကို သုံးပြီး တကယ်ကြီး ပင့်ဖိတ်နိုင်ခဲ့တာ ဖြစ်သည်။
လူတိုင်း သိထားကြတဲ့အတိုင်း ဆရာကြီး ကိုး တို့လို ပုဂ္ဂိုလ်မျိုးတွေတောင်မှ ကွယ်လွန်ပြီးရင် ဖြစ်ခွင့်ရဖို့ မျှော်လင့်ကြတဲ့ 'ယင်တမန်' ဆိုတာ အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ 'အဆင့် ၁၀ ယင်စစ်သည်' သာ ဖြစ်၏။ ထိုအဆင့်ကို ရဖို့တောင်မှ အလွန်မြင့်မားတဲ့ အရည်အချင်းတွေ လိုအပ်လေသည်။
သီအိုရီအရဆိုရင် ယင်စစ်သည်တွေတင်မကဘဲ ယင်ဗိုလ်ချုပ် တွေတောင်မှ 'ယင်စစ်သူကြီး' တစ်ပါးကို အဝေးကနေ လှမ်းမြင်ရဖို့ဆိုတာ အလွန်ကို ခက်ခဲလှသည်။
"ဝုန်းးးး!!!!"
သို့သော်အနက််ရောင်ဝိညာဉ်တမန်တော် (ဟေးဝူးချန်) ပေါ်လာတာနဲ့တစ်ပြိုင်နက် စွမ်းအင်သုံးစွဲမှုဟာ အဆပေါင်း တစ်ထောင်လောက် ချက်ချင်း ထိုးတက်သွားတော့သည်။ 'ငရဲသုံး ငွေစက္ကူ' တွေကနေ ပေးစွမ်းထားတဲ့ 'ယင်ယန်စွမ်းအင်' တွေဟာလည်း ချက်ချင်းဆိုသလို ကုန်ခမ်းသွားတော့၏။
ပင့်ဖိတ်ထားတဲ့ ဘိုးဘေးဆရာသခင်တွေရဲ့ ပုံရိပ်တွေဟာလည်း လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။
သို့သော် လင်းယန်ယန် သတိထားမိလိုက်တာတစ်ခုကတော့ ဟေးဝူးချန် ဟာ မပျောက်ကွယ်သွားခင် သူ့ကို တစ်ချက် လှမ်းကြည့်သွားတာပါပဲ။ လင်းယန်ယန်ဟာ ဇဝေဇဝါ ဖြစ်သွားပေမဲ့ တစ်ဖက်လူရဲ့ မျက်လုံးထဲမှာ "အံ့အားသင့်သွားတဲ့ အရိပ်အယောင်" ကို မြင်လိုက်ရသလို ခံစားလိုက်ရသည်။
“အာ... ငါ အမြင်မှားတာဘဲ ဖြစ်မှာပါ။ ဒါက ဝိညာဉ်ပုံရိပ်ပဲဥစ္စာ၊ ပိုင်ရှင်ရဲ့ အသိစိတ် ပါလာမှာ မဟုတ်ပါဘူး။”
“ငါ အခုချိန်မှာတင် ဟေးဝူးချန် ကို ပင့်နိုင်လိမ့်မယ်လို့ လုံးဝ မထင်ထားဘူး။ ငါ့မှာ ကုသိုလ်ကံ သာ နည်းနည်းလောက် ပိုရှိမယ်ဆိုရင် ငရဲမင်း ၁၀ ပါး ကိုတောင် ပင့်လို့ရနိုင်မလား မသိဘူး။”
ဒီအတွေးကြောင့် လင်းယန်ယန်ရဲ့ စိတ်ထဲမှာ မျှော်လင့်ချက်တွေ ဝေစည်သွားခဲ့၏။ ထို့နောက် သူ့ဘေးနားမှာ ရှိနေတဲ့ ဆရာတော် စစ်မု ကို ကြည့်လိုက်တဲ့အခါ တစ်ဖက်လူကတော့ ကျောက်ရုပ်လို မှင်တက်နေတုန်းပါပဲ။
"အစ်ကိုကြီး... သတိပြန်ဝင်ပါဦး"
လင်းယန်ယန်က စကားပြောလို့မရတော့ဘဲ မြေပြင်ပေါ်မှာ ကြောက်လန့်ပြီး တောင့်တောင့်ကြီး ထိုင်နေတဲ့ ဆရာတော် စစ်မုကို ခြေထောက်နဲ့ တစ်ချက် ပေါက်လိုက်ပါတော့သည်။
"အားးးး!!!!"
ရုတ်တရက် ဆရာတော် စစ်မုရဲ့ ပါးစပ်ကနေ အော်ဟစ်သံကြီး ထွက်ပေါ်လာတာကြောင့် လင်းယန်ယန်တောင် လန့်သွားရသည်။
"တကယ်ပဲ အစ်ကိုကြီးရယ်... ဘာလို့ ဒီလောက်တောင် ထိတ်လန့်နေရတာလဲ? နေမကောင်းဘူးလား?"
လင်းယန်ယန်မှာ ပြောစရာ စကားတောင် မရှိတော့ပါဘူး။
"ဟေးဝူးချန်... ငါ ဟေးဝူးချန် ကို မြင်လိုက်ရတယ်! ဝိညာဉ်တမန်တော်ကြီးကို ငါ မြင်လိုက်ရတယ်!"
သို့ပေမယ့် ဆရာတော် စစ်မုကတော့ စိတ်ဖောက်ပြန်နေသလို တစာစာ အော်ဟစ်နေတော့သည်။ ဆူညံသံတွေကြောင့် ဆရာတော် ယိရှိုး၊ ချင်းချင်း နဲ့ ကျားလဲ့ တို့လည်း ချက်ချင်း ပြေးထွက်လာကြ၏။
"ဆရာ... ဆရာ... ဘာဖြစ်လို့လဲဟင်?"
သူ့ဆရာ ဒီလောက်အထိ ရူးသွပ်သလို ဖြစ်နေတာကို မြင်ပြီး ကျားလဲ့ လန့်သွားသည်။
"ရူးသွားပြီလား၊ ဟေးဝူးချန် ကို မြင်ရတယ်ဆိုတာက ဘာလဲ၊ ဆရာတော် စစ်မု စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဖြစ်သွားတာလား၊"
ဆရာတော် ယိရှိုးက ဆရာတော် စစ်မုရဲ့ အော်ဟစ်သံတွေကို နားမလည်နိုင်ဘဲ နားထောင်နေရ၏။ ဟေးဝူးချန် ကို မြင်ရတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စဘဲဖြစ်သည်။
"ဗျာ? ရူးသွားပြီလား? ဆရာ... ဆရာ ရူးသွားလို့ မဖြစ်ဘူးလေ! ဆရာ ရူးသွားရင် ကျွန်တော် ဘာလုပ်ရမလဲ?"
ကျားလဲ့က မျက်နှာ ချက်ချင်းပဲ ပျက်သွားတော့သည်။
"ဖြောင်းးး!!!!"
အဲဒီအချိန်မှာပဲ လင်းယန်ယန်က လက်တစ်ဖက်နဲ့ ဆရာတော် စစ်မုရဲ့ လည်ပင်းကို အသာလေး ရိုက်ချလိုက်၏။ "ဟေးဝူးချန် ဟု..."
ဆရာတော် စစ်မုရဲ့ မျက်လုံးတွေ လန်သွားပြီး ချက်ချင်းပဲ မေ့လဲသွားတော့သည်။
"ကျားလဲ့... မင်းဆရာကို အိပ်ရာထဲ သွားပို့လိုက်တော့! အိပ်လိုက်ရင် အဆင်ပြေသွားမှာပါ!"
လင်းယန်ယန်က လက်ဝေ့ယမ်းပြီး ပြောလိုက်သည်။ သူ့စကားကြောင့် ကျားလဲ့ရဲ့ မျက်လုံးတွေ ဝင်းခနဲ ဖြစ်သွား၏။
"တော်သေးတာပေါ့၊ ဆရာ ဘာမှမဖြစ်လို့! ကျေးဇူးအများကြီး တင်ပါတယ် ဂိုဏ်းတူဦးလေး!!"
ကျားလဲ့က သေနေတဲ့ ဝက်တစ်ကောင်လို ပျော့ခွေနေတဲ့ ဆရာတော် စစ်မုကို ပိုးချီပြီး အိမ်ထဲကို အလျင်အမြန် သယ်သွားတော့သည်။
"အော်မီသော်ဖော်၊ ဆရာတော် လင်းယန်ယန်၊ စောစောနားပါဦး!"
အရာအားလုံး အဆင်ပြေသွားပြီဖြစ်ကြောင်း တွေ့လိုက်ရတဲ့အတွက် ဆရာတော် ယိရှိုး က ပြုံးပြီး ပုတီးစိပ်ကာ ချင်းချင်း နဲ့အတူ ဝါးအိမ်ကလေးဆီ ပြန်သွာခဲ့သည်။
"အိပ်မယ်၊ အိပ်မယ်!!"
လင်းယန်ယန် လည်း သမ်းဝေလိုက်မိသည်။
'နတ်ပင့်ဖိတ်ခြင်း အတတ်ပညာ' နဲ့ ပတ်သက်လို့တော့ အဓိက အပိုင်းက ပြီးဆုံးသွားပြီ ဖြစ်သည်။
ပထမဆုံးအကြိမ် 'နတ်ပင့်ဖိတ်ခြင်း အတတ်ပညာ' ကို လုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်က ဘယ်ဘိုးဘေးဆရာသခင်တွေက ကိုယ့်ရဲ့ အမွှေးတိုင်ပူဇော်မှုကို လက်ခံသလဲဆိုတာ သိဖို့ပဲဖြစ်ကာ တစ်ခါ လက်ခံပြီးသွားပြီဆိုရင်တော့ အားတဲ့အချိန်မှာ ရွှံ့ရုပ်တုထုလုပ်ပြီး ပုံမှန်ပူဇော်မှုတွေ ဆက်လုပ်ဖို့ပဲ လိုေတာ့သည်။
သို့ပေမဲ့ လင်းယန်ယန်ကတော့ ရွှံ့ရုပ်တုထုဖို့ အစီအစဉ်မရှိပေ။ ရွှံ့ရုပ်တု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူကတော့ ဘိုးဘေးဆရာသခင်တွေကို ပင့်ဖိတ်နိုင်လေသည်။
ရွှံ့ရုပ်တုထုပြီး ကိုးကွယ်ရတဲ့ ရည်ရွယ်ချက်ကတော့ နေ့စဉ်နေ့တိုင်း အဲဒီထဲကို 'ဝိညာဉ်စွမ်းအင်' အနည်းငယ်စီ ထည့်သွင်းပေးထားဖို့ ဖြစ်ပြီး၊ အဲဒီလိုလုပ်ထားခြင်းအားဖြင့် နတ်ပင့်တဲ့အခါမှာ 'ငရဲသုံး ငွေစက္ကူ' အမြောက်အမြား သုံးရတာကို သက်သာစေနိုင်သည်။
သို့သော် ဤဖြစ်စဉ်က အရမ်းကို အချိန်ယူရကာ တစ်နှစ်ပတ်လုံး ကိုးကွယ်မှသာ ငွေဒင်္ဂါး ဒါဇင်အနည်းငယ်စာလောက်ပဲ သက်သာစေသည်။ လင်းယန်ယန်အတွက်တော့ ဒါက လုံးဝ မလိုအပ်ပါဘူး။ သူ လိုအပ်တဲ့အခါ ငွေပေးပြီး 'ငရဲသုံး ငွေစက္ကူ' တွေကို ဝယ်လိုက်ရုံပါပဲ။
တကယ်လို့ ငွေနဲ့ မလောက်ဘူးဆိုရင်တောင် သူ့မှာ 'ဝိညာဉ်ကျောက်တုံး' တွေ ရှိသေး၏။ ဘာပဲဖြစ်ဖြစ် လင်းယန်ယန်မှာတော့ ငွေရော ဝိညာဉ်ကျောက်တုံးတွေပါ အလျှံပယ် ရှိနေခဲ့သည်။
ဒီလိုတွေးရင်း လင်းယန်ယန်ဟာ သူ့အခန်းထဲသူ ပြန်ဝင်ပြီး ချက်ချင်းပဲ အိပ်ပျော်သွားတော့သည်။
သို့ပေမဲ့ လင်းယန်ယန် အိပ်ပျော်သွားပြီးပြီးချင်းမှာပဲ ငရဲပြည် မှာ ထူးခြားတဲ့ ဖြစ်ရပ်ကြီးတစ်ခု ဖြစ်ပွားခဲ့သည်။
ငရဲပြည်ရဲ့ ‘ဝိညာဉ်ကူးတို့ဌာန’။
'ဝိညာဉ်ကူးတို့ဌာန' ဆိုတာကတော့ ယင်နဲ့ယန် (ရှင်သန်ခြင်းနဲ့သေဆုံးခြင်း) ကမ္ဘာနှစ်ခုကြားက ဝိညာဉ်တွေကို လမ်းပြပေးရတဲ့ ဌာနဖြစ်ပြီး၊ ငရဲပြည်တစ်ခုလုံးမှာ 'ယင်တမန်' အရေအတွက် အများဆုံးရှိတဲ့ ဌာနလို့တောင် ပြောလို့ရသည်။ အဘယ့်ကြောင့်ဆိုသော်ကမ္ဘာလုံးမှာနေ့တိုင်း လူသန်းပေါင်းများစွာ သေဆုံးနေကြလို့ပဲဖြစ်သည်။
သေဆုံးသူအားလုံးကို 'ဝိညာဉ်ကူးတို့ဌာန' က တာဝန်ရှိသူတွေကပဲ လမ်းပြပို့ဆောင်ပေးရတာဖြစ်ကာ အဲဒီ ဝိညာဉ်ကူးတို့ဌာနကို အုပ်ချုပ်ကွပ်ကဲသူကတော့ ယင်ကူးတို့ဌာန တရားသူကြီး ပဲ ဖြစ်သည်။ သူ့ရဲ့ လက်အောက်မှာတော့ ဝိညာဉ်ကူးတို့ဌာနရဲ့ စာပေဘက်ဆိုင်ရာ တရားသူကြီး နဲ့ စစ်ဘက်ဆိုင်ရာ တရားသူကြီး ဆိုပြီး ရှိကြသည်။
အဲဒီအောက်မှာတော့ အမျိုးမျိုးသော ယင်စစ်သူကြီး တွေ ရှိကြပြီး အဲဒီအထဲမှာမှ အဖြူရောင်နဲ့ အနက်ရောင် ဝိညာဉ်တမန်တော် နှစ်ပါးဟာ ယင်စစ်သူကြီးတွေထဲမှာ အဆင့်အတန်းအမြင့်ဆုံး၊ ဝါအရင့်ဆုံးနဲ့ စွမ်းအားအရှိဆုံး ပုဂ္ဂိုလ်တွေ ဖြစ်ကြသည်။
သို့ပေမဲ့ ဒီနေ့မှာတော့ အနက်ရောင် ဝိညာဉ်တမန်တော် (ဟေးဝူးချန်) ဟာ ယင်ကူးတို့ဌာန တရားသူကြီးရဲ့ နတ်နန်းဆောင်ထဲမှာ ရိုရိုသေသေ ဒူးထောက်နေရသည်။
ဟေးဝူးချန်ဟာ 'ဝိညာဉ်နတ်မင်း' တစ်ပါး ဖြစ်တာကြောင့် အလွန်စွမ်းအားကြီးပြီး သူရဲ့ ဝိညာဉ်ခန္ဓာကိုယ်ဟာ ပေပေါင်းသောင်းချီ မြင့်မားနိုင်သည်။ ဒါပေမဲ့ ဒီနတ်နန်းဆောင်ကြီးရဲ့ အလယ်ဗဟိုမှာတော့ သူဟာ အလွန်သေးငယ်လွန်းနေပုံ ပေါက်နေခဲ့သည်။
"ဟေးဝူးချန်... မင်းတွေ့ခဲ့တဲ့လူက မွေးရာပါ ကုသိုလ်ကံ ကို ပိုင်ဆိုင်ထားတယ်ဆိုတာ သေချာရဲ့လား"
ဟေးဝူးချန် ရဲ့ ရှေ့တည့်တည့်က ကောင်းကင်ယံကို ဖုံးလွှမ်းနိုင်လောက်အောင် ကြီးမားလှတဲ့ နတ်ပလ္လင်ပေါ်ကနေ နတ်ဘုရားတစ်ပါးက သူ့ကို တည်တည်ကြည်ကြည် စိုက်ကြည့်ပြီး မေးလိုက်၏။ 'မွေးရာပါ ကုသိုလ်ကံ' အကြောင်း ပြောလိုက်တဲ့အခါ သူ့ရဲ့ မျက်လုံးတွေထဲမှာ အံ့သြတုန်လှုပ်တဲ့ အရိပ်အယောင်တွေ ထွက်ပေါ်လာတော့သည်။
လောကမှာရှိတဲ့ အရာအားလုံး၊ သာမန်ကျောက်ခဲတစ်လုံးတောင်မှ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ခဲ့ရင် 'မဟာတာအို' က ပေးသနားတဲ့ ကုသိုလ်ကံ ကို ရရှိနိုင်တယ်ဆိုတာ လူတိုင်း သိထားကြသည်။ အဲဒီလို ကုသိုလ်မျိုးကိုတော့ 'နောက်မှရရှိသော ကုသိုလ်" လို့ ခေါ်သည်။
ဒါပေမဲ့ နောက်ထပ် ကုသိုလ်ကံတစ်မျိုး ရှိပါသေးသည်။ အဲဒါကတော့ 'မွေးရာပါ ကုသိုလ်ကံ' ဖြစ်သည်။ ဒီလိုကုသိုလ်မျိုးကို ကောင်းကင်နဲ့ မြေကြီး စတင်ဖန်တီးကတည်းက ရှိခဲ့တဲ့ 'မွေးရာပါ နတ်ဘုရားများ' သာလျှင် ပိုင်ဆိုင်ကြခြင်း ဖြစ်သည်။
အခုတော့ ဟေးဝူးချန် က လူ့လောကမှာ 'မွေးရာပါ ကုသိုလ်ကံ' ကို ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်ကို တွေ့ခဲ့တယ်လို့ ပြောနေတာမို့ ယင်ကူးတို့ဌာန တရားသူကြီးအနေနဲ့ မအံ့သြဘဲ မနေနိုင်တော့ပေ။
တခြားဘယ်သူကပဲ ပြောပြော သူ ယုံကြည်မှာ မဟုတ်ပေမဲ့ အခုပြောနေတာကဟေးဝူးချန် ကိုယ်တိုင် ဖြစ်နေခဲ့သည်။
"မှန်လှပါ တရားသူကြီးမင်း။ ဒီငရဲပြည်ရဲ့ ပထမဆုံးသော ယင်နတ်ဘုရားတွေထဲက တစ်ပါးအနေနဲ့ အကျွန်ုပ်ဟာ အဲဒီအရှင်မြတ်ဆီက ထွက်ပေါ်လာတဲ့ 'မွေးရာပါ ကုသိုလ်ကံ' ရဲ့ စွမ်းအင်ကို တစ်ခါက ဖူးမြင်ခဲ့ဖူးပါတယ် ကျွန်တော် လုံးဝ မှားစရာ အကြောင်းမရှိပါဘူး!"
ဟေးဝူးချန် က အေးစက်စက် လေသံနဲ့ လျှောက်တင်လိုက်သည်။ ထိုသို့ အေးစက်နေရတာကလည်း သူကျင့်ကြံတဲ့ ကျင့်စဉ်နဲ့ သူ့ခန္ဓာကိုယ်ထဲက 'ယင်စွမ်းအင်' တွေကြောင့်ပဲ ဖြစ်သည်။