← Chapters

မြေကမ္ဘာအရှင်သခင်၏ ဆဌမမြောက် ကောင်းကင်ဘုံ

Vol. 1 Ch. 8

မြေကမ္ဘာအရှင်သခင်၏ ဆဌမမြောက် ကောင်းကင်ဘုံ

Vol. 1 Ch. 8

"ငရဲပြည်အရှင်သခင်ရဲ့ အမိန့်တော်လား? ငါထင်သားပဲ၊ တကယ်ကြီးပဲ!"

ထိုခဏ၌ ယင်အရာရှိဌာန တရားသူကြီးသည် အလွန်ပင် စိတ်လှုပ်ရှားသွားသည်။ သူ့ကို အရေးကြီးသော တာဝန်တစ်ခု အပ်နှင်းတော့မည်ဟု သူ သိလိုက်သည်။

သူသည် စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ရင်နေသော လက်များဖြင့် အမိန့်စာလိပ်ကို ဖွင့်လိုက်သည်။ သူ၏ အပြုံးမှာ ဖုံးဖိ၍မရတော့ဘဲ ပါးစပ်ကြီးမှာ နားရွက်အထိ တက်ချိတ်တော့မတတ်ပင်။ သို့သော် နောက်တစ်စက္ကန့်တွင်မူ သူ၏အပြုံးမှာ ချက်ချင်းဆိုသလို ခဲသွားပါတော့သည်။

"လူ့ပြည်လောကက ကျင့်ကြံသူတစ်ယောက်ကို 'ယင်ငွေကြေးဌာန' ရဲ့ ယင်တမန်အဖြစ် ခန့်အပ်ဖို့လား? ပြီးတော့ ၁၀ ဆင့်ရှိတဲ့ ယင်တမန်အဖြစ်လား?"

တရားသူကြီးသည် မယုံနိုင်သဖြင့် အမိန့်စာကို အခါခါ ပြန်ဖတ်ကြည့်နေမိသည်။ သို့သော် ဖတ်ကြည့်တိုင်း စာတစ်လုံးမှ မှားဖတ်မိခြင်း မရှိသည်ကို တွေ့လိုက်ရသည်။

"နေဦး... အရှင်သခင်ကိုယ်တိုင် မျက်နှာသာပေးတယ်ဆိုမှတော့ ဒါက ဒီလောက်မရိုးရှင်းနိုင်ဘူး။ ဒီ လင်းဖုန်းကျောင် ဆိုတဲ့လူက တစ်ခုခုများ ထူးခြားနေလို့လား? ဒါမှမဟုတ် ဒီလူက အရှင်သခင်ရဲ့ အမွေဆက်ခံသူများလား?"

ယင်အရာရှိဌာန တရားသူကြီး၏ မျက်လုံးများ ရုတ်တရက် တောက်ပလာသည်။ ဤသည်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

ဘာပဲဖြစ်ဖြစ်၊ ဤအချက်တွေ မရှိလျှင်တောင် သူက ဤကိစ္စကို အကောင်းဆုံး ကိုင်တွယ်ရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အရှင်သခင် ရာထူးတက်ပြီးနောက် ပထမဆုံး ထုတ်ပြန်လိုက်သည့် အမိန့်တော်ဖြစ်သောကြောင့်ပင်။ အကယ်၍သာ သူ ဤကိစ္စကို ဖျက်ဆီးမိပါက ယင်အရာရှိဌာနတွင် တရားသူကြီး ဆက်လုပ်ဖို့ မျှော်လင့်ချက် မရှိတော့ပေ။

"ဝိညာဉ်ကူးတို့ဌာနကလူကို လူ့ပြည်က မော်ရှန်းတပည့် လင်းဖုန်းကျောင်ကို ငါ့ဆီခေါ်လာဖို့ အမိန့်ပေးလိုက်!"

သူသည် ဟင်းလင်းပြင်ထဲသို့ တိုက်ရိုက် အမိန့်ပေးလိုက်သည်။

သူ့စကားအဆုံးတွင် နန်းတော်တံခါးဝ၌ စောင့်ကြပ်နေသော ယင်စစ်သူကြီးပင် မှင်တက်သွားရသည်။ သူလည်း နားကြားမှားသည်ဟု သံသယဝင်မိသော်လည်း တွန့်ဆုတ်မနေဘဲ ဝိညာဉ်ကူးတို့ဌာနသို့ အမြန်ပြေးသွားလေတော့သည်။

ဝိညာဉ်ကူးတို့ဌာနက လူများမှာလည်း ယင်အရာရှိဌာနက ယင်စစ်သူကြီးကိုယ်တိုင် လူ့ပြည်က မော်ရှန်းဂိုဏ်းဝင်တစ်ဦးကို လာရှာနေသည်ကို မြင်သောအခါ အံ့အားသင့်သွားကြသည်။ သို့သော်လည်း တစ်ဖက်လူက ယင်အရာရှိဌာနက ဖြစ်နေသဖြင့် ဝိညာဉ်ကူးတို့ဌာနကလူများ မည်သို့ ရန်စရဲပါမည်နည်း။ သူတို့သည် ချက်ချင်းပင် 'ယင်စစ်သည်' တစ်ဦးကို လူ့ပြည်သို့စေလွှတ်ကာ နှစ်ခြိုက်စွာ အိပ်ပျော်နေသော ဂိုဏ်းတူဦးလေးကိုး ၏ ဝိညာဉ်ကို ချိတ်ဖြင့် ချိတ်ကာ ခေါ်ဆောင်လာခဲ့ပါတော့သည်။

ထို့နောက် အဆင့်ဆင့်သော တင်ပြချက်များပြီးနောက် ဂိုဏ်းတူဦးလေးကိုး သည် ဘာမှန်းမသိဘဲ ကြောင်တောင်တောင်ဖြင့် 'ယင်ငွေကြေးဌာန' ၏ ၁၀ ဆင့်ရှိ ယင်တမန်အဖြစ် ခန့်အပ်ခံလိုက်ရသည်။

ဝိညာဉ်အလောင်းတိုက် ထဲသို့ ပြန်လည်ပို့ဆောင်ခံရပြီး နိုးလာသည့်တိုင်အောင် သူသည် ဘာဖြစ်သွားမှန်း သတိမထားမိသေးပေ။ သို့သော် သူ၏လက်ထဲတွင် ပေါ်ပေါက်လာသော ယင်ငွေကြေးဌာန၏ ယင်တမန် တံဆိပ်ပြားကို မြင်လိုက်ရသောအခါတွင်မူ သူသည် ဝမ်းသာအားရ ဖြစ်သွားပါတော့သည်။

"ဒါ... ဒါ ဘိုးဘေးဆရာသခင်တွေရဲ့ စောင့်ရှောက်မှုပဲ ဖြစ်ရမယ်! ငါ့ကို တကယ်ကြီး ယင်ငွေကြေးဌာနရဲ့ ယင်တမန် ဖြစ်စေခဲ့တာပဲ! ဟားဟားဟား... ဒီတစ်ခါတော့ ငါကြီးပွားပြီဟေ့၊ ငါတကယ်ကြီးပွားပြီ!"

ဂိုဏ်းတူဦးလေးကိုးသည် စိတ်လှုပ်ရှားလွန်းသဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ဤရယ်သံကြောင့် ဘေးအခန်းမှ ချိုးစန်း နှင့် ဝင်ချိုင် တို့ပင် နိုးလာကြသည်။

"ဆရာ ဘယ်လို ရူးသွပ်မှုတွေ ဖြစ်နေတာလဲ? ဘာ ယင်ငွေကြေးဌာနလဲ... ဘာတွေလဲ?"

ဝင်ချိုင်မှာ ဘာမှပြန်မပြောနိုင်ဘဲ မှင်တက်နေမိတော့သည်။

"ဆရာ့မှာ စိတ်ဖိစီးမှုတွေ အရမ်းများနေလို့ ဖြစ်မှာပါ။ မကြာသေးခင်ကမှ ကျွန်တော်တို့က ဆရာ့ဆီကနေ အများကြီး တောင်းဆိုထားကြတာကိုး။ နောက်ဆိုရင် ဆရာ့ရှေ့မှာ 'ယင်အရာရှိဌာန' အကြောင်းကို မပြောမိအောင် သတိထားရမယ်!"

ချိုးစန်းက ခေါင်းကို ကုပ်လိုက်ရင်း အကြောင်းရင်းကို ချက်ချင်း ခန့်မှန်းလိုက်သည်။ ဝင်ချိုင်ကလည်း ဒါကို ကြားတော့ အမြန်ပဲ ခေါင်းညိတ် ထောက်ခံလိုက်သည်။

ညတာကတော့ အေးအေးချမ်းချမ်းနဲ့ပဲ ကုန်ဆုံးသွားခဲ့သည်။

"ဒေါက် ဒေါက် ဒေါက် ဒေါက်!!"

နောက်တစ်နေ့ မနက်စောစော မိုးမလင်းခင်မှာပဲ ဘေးအိမ်ကနေ သစ်သား (ကျောင်းသုံး တူရိယာ) ခေါက်သံတွေ ထွက်ပေါ်လာခဲ့သည်။ အိပ်မောကျနေဆဲဖြစ်တဲ့ တာအိုဆရာ စစ်မုတောင် နိုးသွားရသည်။ သူဟာ ဘာမှပြန်မပြောနိုင်ဘဲ ဟိုဘက်ဒီဘက် လှည့်ရင်း ဆက်အိပ်ဖို့ ကြိုးစားနေသည့်တိုင်။

"ချွင်!!!!"

ဒါပေမဲ့ သူ အိပ်ပျော်ခါစမှာပဲ သံသပိတ် ခေါက်သံအရှည်ကြီးက တောင်ကြားတစ်ခုလုံး ပျံ့နှံ့သွားပြီး တာအိုဆရာ စစ်မုကို ကုတင်ပေါ်ကနေ လန့်ဖြတ်ပြီး ထလာစေခဲ့သည်။

"တောက်... ဒီ အဘိုးကြီး ကတုံး၊ မင်း ဘယ်တော့မှ မနားတော့ဘူးလား? မင်း မနက်စောစော အိပ်မပျော်ပေမဲ့ တခြားသူတွေက အိပ်ဖို့ လိုသေးတယ်ကွ!"

တာအိုဆရာ စစ်မုက ချက်ချင်းပဲ ဒေါသတကြီးနဲ့ ဆဲရေးလိုက်သည်။ ကံမကောင်းတာက သူ့အသံက ဘယ်လောက်ပဲ ကျယ်ကျယ်၊ ဘေးအိမ်က ဆရာတော် ယိရှိုး ကတော့ မကြားချင်ယောင်ဆောင်ပြီး တရားစာတွေ ဆက်ရွတ်နေခဲ့၏။

နောက်ဆုံးမှာတော့ နှစ်ရှည်လများ စုပြုံနေတဲ့ မကျေနပ်ချက်တွေ ပေါက်ကွဲထွက်လာကာ တာအိုဆရာ စစ်မုဟာ အသက်ပြင်းပြင်းတစ်ချက်ရှူပြီး ကုတင်အောက်က သစ်သားသေတ္တာတစ်လုံးကို ဆွဲထုတ်ကာ ဘေးအိမ်ဆီကို ဒေါသတကြီး လျှောက်သွားတော့သည်။

"ဒိုင်း!!!!"

ကျယ်လောင်တဲ့ အသံကြီးနဲ့အတူ တာအိုဆရာ စစ်မုဟာ တံခါးကို ကန်ဖွင့်ပြီး အထဲကို ဝင်သွားခဲ့သည်။

"တာအိုဆရာ စစ်မု၊ မင်းက မနက်စောစော အိပ်မပျော်ဘဲ ငါ့ဆီကို ဘာကိစ္စနဲ့ ဒီလောက် ဒေါသတကြီး လာရတာလဲ?" တစ်ဖက်လူရဲ့ ရန်လိုတဲ့ အမူအရာကို မြင်တော့ ဆရာတော် ယိရှိုးက ပြုံးစစနဲ့ မေးလိုက်သည်။ ဆရာတော်အနေနဲ့ စ်မု ဘာကြောင့် လာတယ်ဆိုတာ မသိဘဲ နေမလား၊ သိတာပေါ့။

"အဘိုးကြီး ကတုံး၊ မင်းက တော်တော် သတ္တိရှိတာပဲ၊ ကဲ... ဈေးပြောစမ်း"

တာအိုဆရာ စစ်မုက တစ်ဖက်လူရဲ့ ပြုံးဖြီးဖြီး မျက်နှာကို ကြည့်ပြီး အေးစက်စက်နှင့် နှာခေါင်းရှုံ့လိုက်သည်။ အဲဒီနောက် လက်ထဲက သစ်သားသေတ္တာကို စားပွဲပေါ် ဒိုင်းခနဲ တင်လိုက်ကာ။

"ဈေးပြောရမယ်လား၊ ဘာဈေးလဲ" ဆရာတော် ယိရှိုး ကြောင်သွားခဲ့ရသည်။

"မင်း ဒီနေရာကနေ ထွက်သွားဖို့ ပေးရမယ့်ဈေးလေ၊ ပြောစမ်း... ဘယ်လောက်ပေးရင် မင်း ထွက်သွားမှာလဲ.. ငါ့မှာ ငွေတွေ အများကြီး ရှိတယ်!"

တာအိုဆရာ စစ်မုက လက်ထဲက သေတ္တာကို ချက်ချင်း ဖွင့်ပြလိုက်၏။ နောက်တစ်ခဏမှာတော့ တဖျတ်ဖျတ် တောက်ပနေတဲ့ ရွှေတုံးကြီးတွေက တစ်ဖက်လူရဲ့ မျက်စိရှေ့မှာ ပေါ်လာတော့သည်။

"ဟင်း... ရွှေတုံးတွေ ဒီလောက်တောင် များတာလား!"

ဆရာတော် ယိရှိုးတောင် လန့်သွားခဲ့ရသည်။ ဒီအလောင်းမောင်းတဲ့ ဂိုဏ်းဆက်က တကယ်ကို ငွေအများကြီး ရှာနိုင်တာပဲလို့ တွေးမိသွားသည်။

"နှမြောစရာပဲ၊ ငါကတော့ ဒီနေရာမှာပဲ အနားယူပြီး ဘဝကို အဆုံးသတ်ချင်တာ။ တာအိုဆရာ စစ်မု... မင်း ဒီငွေတွေကို ပြန်ယူသွားတာ ပိုကောင်းလိမ့်မယ်!"

ငွေတွေ အများကြီး ရှိပေမဲ့ ဆရာတော် ယိရှိုးက ပြုံးပြီး တိုက်ရိုက် ငြင်းပယ်လိုက်သည်။

"အဘိုးကြီး ကတုံး၊ မင်းကတော့ အကောင်းပြောတာကို မရဘူး.."

တာအိုဆရာ စစ်မုက ဒေါသတကြီးနဲ့ ဆဲဖို့ပြင်လိုက်ပေမဲ့ စကားတစ်၀က်မှာတင် သူ့မျက်လုံးတွေက ရုတ်တရက် တောက်ပသွားခဲ့သည်။ ဆရာတော် ယိရှိုးနဲ့ တစ်ပုံစံတည်းတူတဲ့ ရွှံ့အရုပ်ကလေးတစ်ခုကို ဘေးနားမှာ တွေ့လိုက်ရခြင်းဖြစ်သည်။

"အို... ဒီပစ္စည်းလေးက တော်တော်လှတာပဲ၊ ဘယ်သူလုပ်တာလဲ?"

တာအိုဆရာ စစ်မုက ဆရာတော် ယိရှိုးကို ဘေးဖယ်လိုက်ပြီး ရွှံ့ရုပ်ကလေးကို ကိုင်ကာ ပြုံးစစနဲ့ မေးလိုက်ပါ​ေတာ့သည်။

"ဘာလဲ? တာအိုဆရာက သဘောကျလို့လား? တကယ်လို့ သဘောကျရင် မင်းကို ငါပေးလိုက်မယ်။ အဲဒါ ချင်းချင်း လုပ်ထားတာ!"

ဆရာတော် ယိရှိုးက ပြုံးပြုံးလေး ပြောလိုက်ပါတယ်။

"အင်း... မဆိုးဘူး။ ဒါနဲ့ ဒီရွှံ့ရုပ်လေးက မင်းပုံစံဆိုတော့ အမှတ်တရဖြစ်အောင် လက်မှတ်လေး ထိုးပေးပါလား။ ငါတို့ကြားက အငြှိုးအတေးတွေ အားလုံးကို ဒီနေ့ကစပြီး ကျေအေးလိုက်ပြီ!"

တာအိုဆရာ စစ်မုက အရုပ်ကလေးကို မချနိုင်မချရက် ဖြစ်နေတဲ့ပုံစံနဲ့ ပြောလိုက်၏။

"ရတာပေါ့၊ ဒါပေမဲ့ လက်မှတ်ထိုးတာက စိတ်မပါသလို ဖြစ်နေလိမ့်မယ်၊ ငါ့ရဲ့ လက်ဗွေကိုပဲ နှိပ်ပေးလိုက်မယ်!"

ဆရာတော် ယိရှိုးကလည်း ဒါကိုကြားတော့ ဘာမှသံသယမဝင်ဘဲ ပြုံးပြုံးရွှင်ရွှင်နဲ့ ဆေးအနီတွေကို လက်မှာသုတ်ပြီး အရုပ်ပေါ်မှာ လက်ဗွေနှိပ်ပေးလိုက်သည်။

"ဟားဟားဟား... မဆိုးဘူး၊ မဆိုးဘူး။ ဒါဆို ငါသွားပြီဟေ့ အဘိုးကြီး ကတုံး!"

တာအိုဆရာ စီမုက ကျယ်လောင်စွာ ရယ်မောရင်း ရွှေတုံးတွေထည့်ထားတဲ့ သစ်သားသေတ္တာကို ပွေ့ချီပြီး ထွက်သွားတော့သည်။

"ဒီတာအိုဆရာ စီမုကတော့ကွာ၊ ဒီလိုအရာမျိုးကို တကယ်ကြီး သဘောကျနေတာပဲလား! နေဦး... မင်းက ကျားလဲ့ ကို နေ့တိုင်းရိုက်နေတာကိုး။ မင်း သူ့ကိုတစ်ရက်ရိုက်ရင် ငါက တစ်ရက် ဆူညံအောင်လုပ်မယ်။ မင်း သူ့ကိုမရိုက်တော့တဲ့နေ့ကျမှ ငါလည်း မင်းကိုနှောင့်ယှက်တာ ရပ်မယ်!"

ဆရာတော် ယိရှိုးက စစ်မုရဲ့ကျောပြင်ကို ကြည့်ပြီး လှောင်ပြုံးပြုံးလိုက်သည်။ ကျားလဲ့ အရိုက်ခံရတာက သူအရိုက်ခံရတာထက် ပိုနာကျင်ရတာမို့ သူကတော့ အမြဲတမ်း ပြဿနာရှာနေဦးမည်ပင်။

"ဖြန်း"

ဒါပေမဲ့ အဲဒီအချိန်မှာပဲ သူဟာ ရုတ်တရက် လက်ကိုမြှောက်ပြီး သူ့ပါးကိုသူ အားရပါးရ ရိုက်ချလိုက်ပါတယ်။

"ဘာဖြစ်တာလဲ? ငါ ဘာလို့ ငါ့ဘာသာ ပြန်ရိုက်နေတာလဲ?"

ဆရာတော် ယိရှိုးတစ်ယောက် ကြောင်သွားလေသည်။

ကံမကောင်းတာက ဒါက အစပဲ ရှိပါသေးကာ နောက်တစ်ခဏမှာတော့ သူ့ခန္ဓာကိုယ်က သူ့အလိုလို စားပွဲဆီကို လျှောက်သွားပြီး မြေပြင်ပေါ်က သံသပိတ်ကြီးကို ကောက်ကိုင်ကာ သူ့ခေါင်းကိုသူ အားနဲ့ လွှဲထုလိုက်တော့သည်။

"ချွင်"

ချက်ချင်းဆိုသလို သတ္တုချင်း ထိမှန်သံကြီးက တောင်ကြားတစ်ခုလုံးကို ဟိန်းထွက်သွားခဲ့သည်။

"အား! ငါ့ခေါင်း!"

အဲဒီနောက်မှာတော့ ဆရာတော် ယိရှိုးရဲ့ စူးရှတဲ့ အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့သည်။

သူ့လက်ထဲက သံသပိတ်ကြီးဟာ လုံးဝကို အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားခဲ့၏။ တာအိုဆရာ စစ်မုက ဒီသပိတ်ကြီးကို မကျေနပ်တာ ကြာပြီဆိုတာ ထင်ရှားလေသည်။

အဲဒီနောက်မှာတော့ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့တဲ့ ဆရာတော် ယိရှိုးဟာ လူမဆန်တဲ့ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်မှုတွေကို ဆက်တိုက် လုပ်ဆောင်ပါတော့သည်။

အော်ဟစ်သံတွေကြောင့် အိပ်ပျော်နေတဲ့ ချင်းချင်း လန့်နိုးလာပြီး အပြေးအလွှား ထွက်လာတဲ့အခါမှာတော့ မြေပြင်ပေါ်မှာ လူးလိမ့်နေတဲ့ ဆရာတော် ယိရှိုးကို တွေ့လိုက်ရ၏။ အခုအချိန်မှာတော့ ဆရာတော်ဟာ တစ်ကိုယ်လုံး ဖူးယောင်ညိုမည်းနေပြီး ခေါင်းမှာတောင် သွေးတွေ စီးကျနေပါပြီ!

"ဆရာတော်! ဘာဖြစ်တာလဲ ဆရာတော်ရယ်!"

ဒီမြင်ကွင်းက ချင်းချင်းကို မျက်ရည်တွေ ဝဲတက်သွားစေခဲ့သည်။

"ချင်းချင်း... မြန်မြန်၊ မြန်မြန်... ငါ့ကို ကြက်သွန်ဖြူပေးစမ်း၊ ရှိသမျှ ကြက်သွန်ဖြူတွေ အကုန်ယူလာပြီး ငါ့ကို ကျွေးစမ်း!"

ချင်းချင်းကို မြင်တော့ ဆရာတော် ယိရှိုးက စိတ်လှုပ်ရှားစွာနဲ့ အလောတကြီး ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ ဆရာတော်!"

ချင်းချင်းလည်း တွန့်ဆုတ်မနေဘဲ အိမ်ခေါင်မိုးတန်းပေါ်က ကြက်သွန်ဖြူတွေကို အကုန်ယူပြီး ဆရာတော်ရဲ့ ပါးစပ်ထဲကို အတင်းထည့်ပေးလိုက်သည်။

"ရှူးးးး!!!"

ကြက်သွန်ဖြူရဲ့ အစွမ်းတွေ ခန္ဓာကိုယ်ထဲကို ဝင်သွားတာနဲ့အမျှ ဆရာတော် ယိရှိုးရဲ့ ကိုယ်ထဲက မကောင်းတဲ့ ယင်စွမ်းအင် တွေဟာ အပြင်ကို လွင့်ထွက်သွာတေ့ာသည်။

"နောက်ဆုံးတော့... ငါ လွတ်မြောက်သွားပြီ!"

ဆရာတော် ယိရှိုး နောက်ဆုံးတော့ သက်ပြင်းချနိုင်ပါတော့သည်။

"ဆရာတော်... ဘယ်သူက ဆရာတော့်ကို အခုလို ဒုက္ခပေးတာလဲ? သူတို့ တကယ်ကို ယုတ်မာလွန်းတယ်!"

ချင်းချင်းက ဒေါသတကြီး မေးလိုက်၏။

"တာအိုဆရာ စစ်မု ဖြစ်ရမယ်။ လာ... သွားကြမယ်၊ ငါတို့ လက်စားချေရမယ်!"

ဆရာတော် ယိရှိုးလည်း အတော်လေး ဒေါသထွက်နေပါပြီ။ တစ်ဖက်လူက သူ့ကိုနှောင့်ယှက်ဖို့ ဒီလိုယုတ်မာတဲ့နည်းလမ်းကို သုံးလိမ့်မယ်လို့ မထင်ထားခဲ့သလို၊ ဒါဟာ မော်ရှန်းဂိုဏ်းအတွက် တကယ့်ကို အရှက်ရစရာပဲဖြစ်သည်။ သူကိုယ်တိုင်လည်း တစ်ဖက်လူက ဒီလောက်အထိ အရှက်မရှိဘူးလို့ မထင်ထားခဲ့တာကြောင့် ပေါ့ဆသွားမိသည်။

ဘာပဲဖြစ်ဖြစ် ဒီလို အောက်လမ်းပညာရပ်တွေကို သုံးပြီး လူကိုဒုက္ခပေးတာဟာ မိစ္ဆာကျင့်ကြံသူတွေရဲ့ အလုပ်ဖြစ်ပြီး၊ ဒါဟာ ကုသိုလ်ကံ ကိုလည်း အများကြီး ထိခိုက်စေမှာ ဖြစ်သည်။

ဒါနဲ့ပဲ သူဟာ အရုပ်တစ်ရုပ်နဲ့ 'ဝိညာဉ်ခေါ်မှန်' တစ်ချပ်ကို ယူပြီး တာအိုဆရာ စစ်မုရဲ့ အိမ်ဆီကို တန်းတန်းမတ်မတ် လျှောက်သွားပါတော့သည်။

မိနစ်အနည်းငယ်အကြာမှာတော့ စစ်မုရဲ့အိမ်ထဲကနေ အော်ဟစ်သံတွေ ထွက်ပေါ်လာ၏။ နောက်ထပ် နာရီဝက်လောက် ကြာတဲ့အခါမှာတော့ မိုးလည်း လင်းသွားခဲ့လေပြီ။

"တကယ့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာပဲ!!!"

မနေ့ညကတင် ငရဲပြည်ကို တစ်ခေါက်သွားခဲ့တဲ့ လင်းယန်ယန်လည်း နိုးလာခဲ့ပြီဖြစ်သည်။

ဒါပေမဲ့ သူ ဧည့်ခန်းထဲကို ရောက်သွားတဲ့အခါမှာတော့ အခြေအနေက ပရမ်းပတာ ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ တာအိုဆရာ စစ်မုဟာ ငါးကန်ကြီးကို ကိုင်ပြီး နှမ်းဆီတွေကို အတင်းသောက်နေခဲ့သည်။

"ဟာ... ဂိုဏ်းတူအစ်ကို ဘယ်လိုဖြစ်ပြီး ဒီလိုပုံစံ ဖြစ်သွားရတာလဲ?"

လင်းယန်ယန်တစ်ယောက် မှင်တက်သွားတော့သညါ။

ဆရာတော် ယိရှိုးရဲ့ ဆူညံသံတွေကနေ လွတ်အောင် သူက သူ့အခန်းမှာ 'အသံလုံ အစီရင်စု' တစ်ခု တပ်ထားခဲ့တာပါ။ ဒါကြောင့် အပြင်က ဆူညံသံတွေတင်မကဘဲ ကျားလဲ့ ရဲ့ အကူအညီတောင်းသံကိုတောင် သူ မကြားခဲ့မိပေ။

"ဂိုဏ်းတူညီလေး... မင်း နောက်ဆုံးတော့ လာပြီပဲ၊ ငါ့ကို ကယ်ပါဦး!"

ဗိုက်ကြီး စည်ကားသလောက် ထွက်နေပြီး အသက်ငွေ့ငွေ့ပဲ ကျန်တော့တဲ့ စစ်မုဟာ လင်းယန်ယန်ကို မြင်တာနဲ့ သတိတစ်ချက်ဝင်လာပြီး လက်လှမ်းကာ အကူအညီတောင်းရှာသည်။

"ဂိုဏ်းတူဦးလေး လေး၊ နောက်ဆုံးတော့ လာပြီပဲ! ဆရာက ဆရာတော့်ကို အကွက်ဆင်လိုက်တာ၊ ဆရာတော်က ပြန်ပြီး ပညာပေးလိုက်တာလေ။ ကျေးဇူးပြုပြီး ဆရာ့ကို ကယ်ပေးပါဦး!"

ကျားလဲ့ကလည်း မျက်နှာငယ်လေးနဲ့ လင်းယန်ယန်ကို အမြန်ပဲ အကူအညီတောင်းလိုက်၏။

"ကဲ... ခင်ဗျားတို့ နှစ်ယောက်ကတော့ တကယ်ပဲ၊ ငါ တစ်ချက်လောက် မျက်စိလွဲတာနဲ့တင် ဒီလိုတွေ ဖြစ်ကုန်ကြတာပဲ!"

"ဝုန်းးးး!!!"

လင်းယန်ယန်က မတတ်သာတဲ့အဆုံး သူ့ရဲ့ ညာဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး 'သစ်သားဓာတ် စွမ်းအင်' တစ်ခုကို လွှတ်ထုတ်ပေးလိုက်ရသည်။

အဲဒီ စွမ်းအင်တွေ စစ်မုရဲ့ ကိုယ်ထဲကို စီးဝင်သွားတာနဲ့အမျှ ဒဏ်ရာတွေက လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ နှမ်းဆီတွေနဲ့ ပြည့်နေတဲ့ သူ့ရဲ့ ဗိုက်ကြီးကလည်း ချက်ချင်း ပြန်ချပ်သွားတော့သည်။

"ဝုန်းးး!!!"

နောက်တစ်ခဏမှာတော့ စစ်မုဟာ မြေပြင်ပေါ်ကနေ လန်းလန်းဆန်းဆန်းနဲ့ ခုန်ထလာ​ပြီး

"ကျားလဲ့... ငါ့ဓားကို ယူလာစမ်း! အဲဒီ အဘိုးကြီး ကတုံးကို ငါ အသေသွားတိုက်မယ်!" စစ်မုက ဒေါသတကြီးနဲ့ ဆဲဆိုတော့သည်။

"ဗျာ? ဆရာ... တော်ပါတော့! ဆရာက ဆရာတော့်ကို ယှဉ်နိုင်တာ မဟုတ်ဘဲနဲ့!"

ကျားလဲ့က စစ်မုရဲ့စကားကို ကြားတော့ အရှိကို အရှိအတိုင်း ပွင့်ပွင့်လင်းလင်း ပြောချလိုက်သည်။

"ဘာပြောတယ်! ငါ့ရဲ့ ဂိုဏ်းတူညီလေး ဒီမှာရှိနေတာပဲ၊ ငါ့ကို သူက ဒီအတိုင်း အနိုင်ကျင့်နေတာကို ကြည့်နေမှာတဲ့လား?"

စစ်မုက ဒါကိုကြားတော့ ချက်ချင်း မကျေမနပ် ဖြစ်သွားရ၏။

"ကျွန်တော့်ကို ဒီထဲ ဆွဲမထည့်နဲ့နော်! ကျားလဲ့ ပြောပြီးပြီပဲ၊ ခင်ဗျား အရင်စတာဆို။"

လင်းယန်ယန်က ချက်ချင်းပဲ အဝေးကို ရှောင်ထွက်လိုက်သည်။ သူကတော့ ဒီပြဿနာတွေထဲ ဝင်မပါချင်ပေ။

"မဖြစ်နိုင်တာ၊ ညီလေးက မကူညီဘူးလား"

စစ်မုတစ်ယောက် မှင်တက်သွားခဲ့သည်။

"ကျွန်တော့်ကို ထားလိုက်ဦး၊ တခြားဘယ်သူပဲဖြစ်ဖြစ် ကူညီမှာ မဟုတ်ဘူး။ တကယ်လို့ ခင်ဗျားသာ ဂိုဏ်းတူဦးလေးကိုး နေရာမှာဆိုရင်ရော ကူညီမှာလား ပြောစမ်းပါ"

လင်းယန်ယန်က အေးအေးဆေးဆေးပဲ ပြန်ပြောလိုက်ပါတယ်။

ဒီစကားကို ကြားတော့ စစ်မုတစ်ယောက် ပျော့ကျသွားတော့သည်။

"ဟင်း... ကျားလဲ့၊ မင်းရဲ့ဆရာ ဘယ်လောက်တောင် သနားဖို့ကောင်းသလဲ ကြည့်စမ်း။ နေ့တိုင်းလည်း ကောင်းကောင်း မအိပ်ရဘူး၊ အဲဒီ အဘိုးကြီး ကတုံးရဲ့ အနိုင်ကျင့်တာလည်း ခံရသေးတယ်၊ အခုတော့ ငါ့ရဲ့ ဂိုဏ်းတူညီလေး ကတောင် ငါ့ကို မကူညီတော့ဘူး!"

All Chapters