ပြဿနာအိုးများနှင့် ခရီးစဉ်စတင်ခြင်း
Vol. 2 Ch. 11
"ဟင်? မင်းရဲ့ ဂိုဏ်းတူညီလေးလား?"
ကြီးကြပ်ရေးမှူးဝူသည် လွင့်မျောနေသော ဝတ်ရုံဖြူအား ဆင်မြန်းထားထားသည့်
အလွန်ခန့်ညားသည့် လင်းရန်ယန် အားလှမ်းကြည့်လိုက်သည်။ သို့သော် ထိုအကြည့်တစ်ချက်ကပင် သူ၏မျက်လုံးများကို ချက်ချင်းပင်
တောက်ပသွားစေသည်။
"တကယ့်ကို ခန့်ညားတဲ့ လူငယ်လေးပဲ! ကောင်းလိုက်တာ! သူသာ ငါတို့ကို ကာကွယ်ပေးမယ်ဆိုရင် ငါတို့ အသေအချာ ဘေးကင်းမှာပဲ!" ကြီးကြပ်ရေးမှူးဝူက ဝမ်းသာအားရ ပြောလိုက်သည်။
သို့သော် သူ လင်းရန်ယန်ကို ကြည့်နေသည့် ပုံစံမှာ လင်းရန်ယန်အား အလွန်ပင် စိတ်မသက်မသာ ဖြစ်စေသည်။
"ဂိုဏ်းတူအစ်ကို... ကျွန်တော်လည်း မိန်းမလျာတွေကို မုန်းလာပြီ!" လင်းရန်ယန်သည် ဘေးနားတွင်ရှိသည့် တာအိုဆရာ စီမုကို တိုးတိုးလေး ကပ်တိုင်လိုက်သည်။
"ဆရာ... ဂိုဏ်းတူဦးလေး။ ကောက်ညင်းဆန်တွေ ရပါပြီ!!"
ထိုစဉ် ကျားလဲ့ သည် ကောက်ညင်းဆန်အိတ်ကြီးကို ထမ်းပြီး ပြေးထွက်လာကာ ချန်းဟော် ထံသို့ ရိုရိုသေသေ ကမ်းပေးလိုက်သည်။
"ကျေးဇူးပဲ ညီလေး! ဂိုဏ်းတူအစ်ကို... ခရီးက ရှည်သေးတယ်၊ ဖုတ်ကောင်က မြို့တော်ကို စောစောရောက်လေ ပိုစိတ်ချရလေပဲ။ ဒါကြောင့် ကျွန်တော်တို့ ခရီးဆက်လိုက်ပါဦးမယ်!"
ချန်းဟော်က ကျားလဲ့ကို ပြုံးပြပြီးနောက် စီမုကို အလေးအနက် နှုတ်ဆက်လိုက်သည်။ "ဂိုဏ်းတူအစ်ကို၊ ကျားလဲ့၊ ဆရာတော် ယိရှိုးနဲ့ ချင်းချင်း... ကျွန်တော် သွားပါပြီ။ နှုတ်ဆက်ခဲ့ပါတယ်!"
လင်းရန်ယန်ကလည်း ရှိနေသူများကို အသာအယာ အလေးပြုလိုက်သည်။
"ညီလေးတို့... လမ်းခရီးမှာ ဂရုစိုက်ကြပါဦး!!" စီမုကလည်း ထူးထူးခြားခြား တည်တည်ငြိမ်ငြိမ်ဖြင့် မှာကြားလိုက်သည်။
"ဦးလေး လေး၊ ဦးလေးချန်းဟော်... အားတဲ့အခါ အလည်လာဦးနော်!"
"အော်မိထောဖော... တာအိုဆရာ နှစ်ပါးစလုံး လမ်းခရီးမှာ ဘေးကင်းပါစေ!"
"နှုတ်ဆက်ပါတယ် တာအိုဆရာလင်း!"
ကျားလဲ့နှင့် ကျန်သူများက လင်းရန်ယန်ကို မခွဲချင်သလို နှုတ်ဆက်နေကြသည်။
"ဟုတ်ကဲ့... ဂရုစိုက်ပါ့မယ်၊ ကျွန်တော်တို့ မကြာခင် ပြန်တွေ့ကြမှာပါ!" လင်းရန်ယန်က ခပ်ပြုံးပြုံး ပြောလိုက်သည်။
"ကြီးကြပ်ရေးမှူးဝူ... ထွက်ခွာကြစို့!!" ချန်းဟော်က အဖွဲ့ကြီးကို လှမ်းအော်ပြောလိုက်သည်။
"အားလုံး... ရှေ့သို့!!" ကြီးကြပ်ရေးမှူးဝူကလည်း သူ၏ စူးရှရှအသံဖြင့် အမိန့်ပေးလိုက်သည်။
ရာနှင့်ချီသော လူအုပ်ကြီးသည် ဖြည်းဖြည်းချင်း ရှေ့သို့ စတင်ရွေ့လျားသွားသည်။ သူတို့၏ အရှိန်မှာ နှေးလွန်းသဖြင့် စီမု၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားရန် မိနစ်အတော်ကြာ အချိန်ယူလိုက်ရသည်။
"ဟူး... ဦးလေး လေး ထွက်သွားပြီဆိုတော့ ဘယ်တော့မှ ပြန်တွေ့ရမလဲ မသိဘူး!" ကျားလဲ့က သက်ပြင်းချလိုက်သည်။
"အချိန်တန်ရင် တွေ့ရမှာပေါ့။ မင်း အချိန်ဖြုန်းနေမယ့်အစား ကျင့်ကြံဖို့ပဲ အာရုံစိုက်စမ်း!" စီမုက သူ့တပည့်ကို မျက်စောင်းထိုးလိုက်သည်။
"ဒါနဲ့ ဆရာ... ဟို ရွှေရောင်ခေါင်းတလားကြီးကို ကြည့်စမ်း! တကယ့်ကို ခန့်ညားတာပဲ၊ တန်ဖိုးလည်း အများကြီးရှိမှာပဲ! ဆရာ သေတဲ့အခါကျရင် ကျွန်တော် ဆရာ့အတွက် အဲဒီလို တစ်လုံး အသေအချာ လုပ်ပေးမယ်နော်!"
ရုတ်တရက် ကျားလဲ့၏ မျက်လုံးများ တောက်ပလာပြီး စီမုကို လိမ္မာယဉ်ကျေးသော သားတစ်ယောက်ကဲ့သို့ ကြည့်ကာ ပြောလိုက်သည်။ ဤစကားကြောင့် စီမု၏ နှုတ်ခမ်းများမှာ ဒေါသကြောင့် တဆတ်ဆတ် တုန်သွားပါတော့သည်။
"ငါ မင်းကို နောက်မှ ရှင်းမယ်!" စီမုက ဒေါသတကြီးဖြင့် အိမ်ထဲသို့ လှည့်ဝင်သွားသည်။
"မင်းကတော့ တကယ့်ကို လိမ္မာတဲ့ သားကောင်းပဲ!" ဆရာတော် ယိရှိုးက ရယ်မောရင်း ပြောလိုက်သည်။
"ဟဲဟဲ... ဆရာလည်း မနာလိုမဖြစ်ပါနဲ့။ ဆရာအတွက်လည်း တစ်လုံး သေချာပေါက် ရှိစေရမယ်။ အချိန်တန်ရင် နှစ်လုံး တစ်ခါတည်း မှာပေးလိုက်မယ်!" ကျားလဲ့က တုံးတုံးအအဖြင့် ပြုံးဖြီးကာ ပြောလိုက်သည်။
ချင်းချင်းကတော့ ကျားလဲ့၏ စကားကို နားထောင်ပြီး အနာဂတ်အတွက် လုံးဝ အားငယ်သွားမိသည်။ မူလက ဒီကိုလာတော့ ဆရာတစ်ယောက်ပဲ ရှိတာ၊ အခုမှ ဂရုစိုက်တတ်တဲ့ အစ်ကိုကြီး လင်းရန်ယန်ကို ရခဲ့ကာရှိသေး သူကလည်း ထွက်သွားပြီ။ ဒီလို ထူးဆန်းတဲ့ ဆရာတပည့် နှစ်စုံနဲ့ ကျန်ခဲ့ရတာဆိုတော့ သူမ၏ ရှေ့ရေးမှာတော့ မတွေးရဲစရာပင်။
တစ်ဖက်တွင်လည်း ခရီးစတင်ခဲ့သော ချန်းဟော်တို့ လူစုမှာ လေးငါးနာရီခန့် ဆက်တိုက် လျှောက်လာခဲ့ကြသည်။ မှောင်ရီစပြုလာသည်အထိ သူတို့ တစ်ခါမျှ မနားခဲ့ကြပေ။
"ဦးလေး လေး... ဒီနှစ် ဦးလေး လေး အသက် ဘယ်လောက်ရှိပြီလဲ?"
"ဦးလေး လေး... မော်ရှန်းဂိုဏ်းက အခု ဘယ်လိုလဲ? ဦးလေး လေးက အသစ်ဝင်တဲ့ တပည့်ဆိုပေမဲ့ အစွမ်းကတော့ အံ့မခန်းပဲနော်!"
"ဟုတ်တယ် ဦးလေး လေး... သုံးနှစ်အတွင်းမှာတင် မြေကမ္ဘာအရှင်သခင် ဖြစ်နေပြီ၊ ပြီးတော့ ဓာတ်ခန္ဓာ သုံးမျိုးတောင် ရှိတာဆိုတော့ တကယ် အားကျဖို့ ကောင်းတယ်!"
"ဒါနဲ့ ဦးလေး လေးမှာ ရည်းစားရှိလား? မရှိရင် ကျွန်တော့်မှာ ညီမလေးတစ်ယောက် ရှိတယ်၊ သူက တော်တော်လေး ချောတာဗျ!"
လမ်းတစ်လျှောက်လုံးတွင် ရှီး၊ နန်၊ ရှီး၊ ပေ့ တို့ လေးယောက်စလုံးက လင်းရန်ယန်ကို ဝိုင်းမေးနေကြပါတော့သည်။
တကယ်တော့ အချို့သော မေးခွန်းတွေကြောင့် လင်းရန်ယန်တောင် စကားပြောရခက်ပြီး ဆွံ့အသွားရသည်။
"ကဲပါ... တော်ကြပါတော့ မင်းတို့လူရမ်းကားလေးတွေ၊ မင်းတို့ဦးလေး လေးကို ဘာလို့ ဝိုင်းအုံမေးနေကြတာလဲ? အခုချက်ချင်း ဖယ်ကြစမ်း!"
ကံကောင်းထောက်မစွာပဲ ချန်းဟော်က မေးခွန်းများမှာ တဖြည်းဖြည်းနှင့်
အကန့်အသတ်ကျော်လာသည်ကို မြင်သည့်အခါ တပည့်လေးယောက်ကို ကန်ထုတ်ပြီး လူစုခွဲလိုက်သည်။
"ရပါတယ် ဂိုဏ်းတူအစ်ကိုရာ။ တပည့်လေးတွေက စပ်စုတတ်တာ သဘာဝပါပဲ။ လူကြီးတစ်ယောက်အနေနဲ့ သူတို့နဲ့ စကားစမြည်ပြောတာ ဘာမှမဖြစ်ပါဘူး!"
လင်းရန်ယန်ကတော့ ကလေးတွေကို ချစ်ခင်တဲ့ အမူအရာနဲ့ ပြုံးပြီး ပြောလိုက်၏။ "အော်... မေ့တော့မလို့၊ ဒါက မင်းတို့အတွက် မုန့်ဖိုး အိတ်တွေလေ! ကဲ... ယူထားကြ!"
ပြောပြောဆိုဆိုနဲ့ သူက အနီရောင်စာအိတ် လေးအိတ်ကို ထုတ်ပြီး လေးယောက်စလုံးကို ကမ်းပေးလိုက်သည်။
အခုတစ်ခါမှာတော့ ဆွံ့အသွားရသူတွေက ရှီး၊ နန်၊ ရှီး၊ ပေ့ တို့ လေးယောက်ပါ။ သူတို့စိတ်ထဲမှာ 'ဦးလေး လေး လင်းရန်ယန်က ငါတို့ကို ကလေးလေးတွေလို သဘောထားနေတာပဲ' လို့ တွေးမိသွားကြသည်။
"ကျေးဇူးအများကြီးတင်ပါတယ် ဦးလေး လေး!!"
"မုန့်ဖိုးအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ!"
"ဟားဟား... ဦးလေး လေးက တကယ့်ကို သဘောကောင်းတာပဲ!"
ဒါပေမဲ့လည်း သူတို့လေးယောက်ဟာ တွန့်ဆုတ်မနေဘဲ စာအိတ်တွေကို လှမ်းယူလိုက်ပြီး လင်းရန်ယန်ကို ရိုရိုသေသေ အရိုအသေပေးလိုက်ကြ၏။
"ဟာ! ငွေ ၅၀ တောင်ပါတာလား!"
"ဝါး... အများကြီးပဲ! ဦးလေး လေး... ဒါက များလွန်းနေပြီဗျ!"
"ကျွန်တော့်ဦးလေး လေးက တကယ့်ကို လူကောင်းကြီးပဲ!"
စာအိတ်ကို ဖွင့်ကြည့်လိုက်တဲ့အခါ အထဲက ငွေစက္ကူပမာဏကို မြင်ပြီး သူတို့လေးယောက်စလုံး မှင်တက်သွားကြရသည်။ အဲဒီနောက်မှာတော့ သူတို့ဟာ လင်းရန်ယန်အပေါ် အရင်ထက်ပင် ပိုပြီး ရိုသေကိုင်းရှိုင်းသွားကြ၏။ ဒီမြင်ကွင်းကို ကြည့်ပြီး ချန်းဟော်တစ်ယောက် မတတ်သာဘဲ ပြုံးနေမိပါတော့သည်။
သူ့တပည့်လေးယောက်စလုံးကို သူ တောင်ပေါ်က ဆင်းလာကတည်းက ခေါ်ယူမွေးမြူခဲ့တာဖြစ်ပြီး အကြီးဆုံးတစ်ယောက်ဆိုရင် အခု အသက် ၂၅ နှစ်တောင် ရှိနေပါပြီ။ ဒါပေမဲ့ သူတို့လေးယောက်လုံး ပေါင်းလိုက်ရင်တောင် လင်းရန်ယန် တစ်ယောက်တည်းရဲ့ ပါးနပ်မှုကို မမီနိုင်ခြင်းမှာ သိသာလှသည်။ အနီရောင်စာအိတ် တစ်အိတ်တည်းနဲ့တင် ဒီကလေးတွေကို သိမ်းသွင်းလိုက်နိုင်တာကိုး။
"ကိစ္စမရှိပါဘူး။ မင်းတို့ ပိုက်ဆံလိုရင် ဦးလေး လေးကို အချိန်မရွေးပြော။ ဦးလေး လေးဆီမှာ အပေါဆုံးက ပိုက်ဆံပဲ!" လင်းရန်ယန်က လက်ကို ရက်ရက်ရောရော ဝေ့ယမ်းပြလိုက်၏။ အဲဒီနောက် သူက ချန်းဟော်ကို စပ်စုသလို မေးလိုက်ပါတယ်။ "ဒါနဲ့ ဂိုဏ်းတူအစ်ကို ချန်းဟော်... အခုအရှိန်နဲ့ဆိုရင် မြို့တော်ကို ရောက်ဖို့ ဘယ်လောက်ကြာဦးမလဲ?"
"အခုအရှိန်နဲ့ဆိုရင် မြို့တော်ရောက်ဖို့ ကီလိုမီတာ ၂,၀၀၀ ကျော် ကျန်သေးတယ်၊ အနည်းဆုံးတော့ တစ်လလောက် ကြာလိမ့်မယ်!" ချန်းဟော်က ခဏလောက် စဉ်းစားပြီး ခန့်မှန်းခြေ အကွာအဝေး ကို ပြောပြလိုက်သည်။
ဒါကို ကြားလိုက်ရတဲ့အခါ လင်းရန်ယန်တစ်ယောက် မျက်လုံးပြူးသွားပါတယ်။
"တစ်လကျော်တောင် ကြာမှာလား?"
သူ မှင်တက်သွားရ၏။ ဒီနေရာက မြို့တော်နဲ့ ဝေးမှန်း သိထားပေမဲ့
ထိုမျှလောက် အချိန်ပေးရမည်ဟု သူ မထင်ထားခဲ့ပေ ။ ဆုကြေးငွေမှာ အဘယ်ကြောင့် များနေသည် ဆိုသည်မှာ အခုမှ သဘောပေါက်သွားတော့သည်။
'မဖြစ်သေးဘူး၊ ငါ ဒီဖုတ်ကောင်မင်းသားရဲ့ တံဆိပ်ခတ်နှိပ်မှုကို တစ်နည်းနည်းနဲ့ ဖျက်ဆီးရမယ်။ မဟုတ်ရင် တစ်လကျော်ကြီး ခရီးသွားနေရတာက တကယ့်ကို အချိန်ဖြုန်းတီးရာ ရောက်လိမ့်မယ်!' လို့ လင်းရန်ယန် ချက်ချင်း ဆုံးဖြတ်လိုက်သည်။
'ဒါပေမဲ့လည်း... ငါ ဘာမှမလုပ်ရင်တောင် ဒီဖုတ်ကောင်ဘုရင်က အချိန်မရွေး တံဆိပ်ကို ဖျက်ဆီးနိုင်တဲ့ အနေအထားမှာ ရှိနေတာပဲ!'
လင်းရန်ယန်သည် သူ၏နောက်မှ
ကြေးချိုရွှေခေါင်းတလားကြီးကို တိုက်ရိုက် ကြည့်လိုက်သည်။
တစ်ခုခုမှာ လုံးဝမှားယွင်းနေလေူ
သည် ။ ဒီခရီးစဉ်တစ်ခုလုံးမှာ ထူးဆန်းတာတွေ ရှိနေမှန်း သူသိလိုက်ပါသည်။ သူသည် နတ်မျက်စိ စွမ်းရည် ကို ၁၀၀% ပြည့်ဝအောင် ကျင့်ကြံထားသည့် အတွက် ကြေးချိုရွှေခေါင်းတလား၏ အတွင်းပိုင်းမှာ အစီအရင်သင်္ကေတ အမြောက်အမြား ထွင်းထုထားသည်ကို သူ ချက်ချင်း မြင်လိုက်ရသည်။
ဒီစာလုံးများအား ပေါင်းစပ်လိုက်ရင် အစီအရင် နှစ်ခု ဖြစ်သွားသည်။ ပထမတစ်ခုမှာ ယင်စွမ်းအင် စုစည်းခြင်း အစီအရင် ဖြစ်ပြီး ပတ်ဝန်းကျင်မှ
ကောင်းကင် နှင့် မြေပြင်၏
ယင်စွမ်းအင်များကို အဆက်မပြတ် စုပ်ယူပြီး ဖုတ်ကောင်၏ ခန္ဓာကိုယ်အတွင်းသို့ထည့်သွင်းပေးသည့်အစီအရင်ဖြစ်သည် ။ ထို့ကြောင့် 'ဖုတ်ကောင်စိမ်း' အဆင့်သာသာရှိသည့် ဖုတ်ကောင်မှာ ရက်ပိုင်းအတွင်းပင်
'အမွေးရှည်ဖုတ်ကောင်' အဆင့်ကို ရောက်ရှိသွားခြင်း ဖြစ်သည်။
သို့ပေသိ ကျန်ရှိနေသည့် အစီအရင်မှာ လင်းရန်ယန်ကို အမှန်တကယ်ပင်
အံ့အားသင့်သွားစေခဲ့သည်။ ထိုအစီအရင်မှာ မိုးကြိုးဖုတ်ကောင် သန့်စင်ခြင်း အစီအရင် လို့ ခေါ်သည်။
ဒီအစီအရင်မှာ မြေကမ္ဘာအဆင့် ရဲ့ အမြင့်ဆုံး အရည်အသွေး ရှိသည့်အစီအရင် တစ်ခုဖြစ်သည်။
အကယ်၍ ကြေးချိုရွှေခေါင်းတလားကြီးမှာ
မိုးသက်မုန်တိုင်းနှင့် ကြုံတွေ့ရမည်ဆိုလျှင် ထိုအစီအရင်မှာ အလိုအလျောက် အသက်ဝင်လာပြီး ကောင်းကင်မိုးကြိုးများကို ဆွဲငင်မည်ဖြစ်သည်။
ကောင်းကင်မိုးကြိုးသည် ခေါင်းတလားကို ထိမှန်လိုက်သည်နှင့် မိုးကြိုးစွမ်းအင်များကို အစီအရင်မှစုပ်ယူပြီး ဒဏ္ဍာရီလာ မိုးကြိုးဖုတ်ကောင် အဖြစ် ပြောင်းလဲသန့်စင်ပစ်မည် ဖြစ်သည်။
ထိုမျှ ကြီးမား၍ရှုပ်ထွေးသော အစီအရင်တစ်ခု၏ အောင်မြင်နိုင်ခြေမှာ ၁၀% ပင်မရှိနိုင်။ သို့သော် ဤဖုတ်ကောင်ဘုရင်ဟာ ယခင်ဘဝတွင်
စစ်သူကြီးတစ်ဦး ဖြစ်ခဲ့သလို တော်ဝင်နဂါးသွေးကြော ရဲ့ စွမ်းအားကိုလည်း ပိုင်ဆိုင်ထားသူဖြစ်သည်။
ထိုစွမ်းအားသည် ကောင်းကင်မိုးကြိုး၏ မိစ္ဆာများအားနှိမ်နင်းနိုင်သည့်အစွမ်းကို အများကြီး လျော့နည်းစေသည်။
ထို့ကြောင့် ဤ 'ဖုတ်ကောင်သန့်စင်ခြင်း' အစီရင်စုရဲ့ အောင်မြင်နိုင်ခြေမှာ အနည်းဆုံး ၇၀% အထိ ရှိနေခြင်းဖြစ်သည်။ ဇာတ်လမ်းထဲတွင်လည်း ဖုတ်ကောင်ဘုရင်ဟာ မိုးကြိုးထိမှန်ပြီးနောက် သူ့၏အစွမ်းမှာ အဆမတန် တိုးတက်လာပြီး ချန်းဟော် ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သည်မှာ မဆန်းလှပေ ။ စီမု တို့ လူတစ်စုတပင် သူတို့၏ ဘိုးဘေးဝိညာဉ်ကို ခန္ဓာကိုယ်ထဲသို့ပူးကပ်စေပြီး အပြင်းအထန် တိုက်ခိုက်မှသာ ဒီဖုတ်ကောင်ကို အနိုင်ရခဲ့ခြင်းဖြစ်သည်။
'ဒီ မိုးကြိုးဖုတ်ကောင်သန့်စင်ခြင်း အစီအရင်က ဆွဲငင်တဲ့ မိုးကြိုးက သာမန်မိုးကြိုး ဖြစ်ပြီးတော့ အတော်လေးလည်း အားနည်းတယ်။ ပြီးတော့ ဒီအစီအရင်ရဲ့ အရည်အသွေးကလည်း နိမ့်ကျလွန်းတယ်။ ငါရှိနေရက်နဲ့ ဒါကြီးက ကျရှုံးသွားရင် ပြဿနာပဲ။'
'ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာ တစ်ယောက်ယောက်တော့ ရှိနေမှာ အသေအချာပဲ။ မင်းက ပြဿနာရှာချင်နေမှတော့ ငါကပဲ ကူညီပေးလိုက်ပါ့မယ်! မင်းသားလေးကို အဆင့်မြှင့်ပေးလိုက်မယ်လေ။'
ဒီလိုတွေးပြီးတာနဲ့ လင်းရန်ယန် ရဲ့ စိတ်ထဲတွင် အစီအစဉ်တစ်ခု ချက်ချင်း ပေါ်လာသည်။ နောက်တစ်ခဏတွင် သူဟာ လမ်းလျှောက်နေရင်း သူ၏ညာဘက်ခြေထောက်ကို မြေကြီးပေါ်သို့ အသာအယာ ဖိနင်းလိုက်သည်။
"ဝုန်းးးး!!!!"
ချက်ချင်းဆိုသလို သူ၏ခြေဖဝါးအောက်မှ အစီအရင်သင်္ကေတ အမြောက်အမြား ထွက်ပေါ်လာပြီး မြေကြီးထဲမှ တစ်ဆင့် ဧရာမ ကြေးချိုရွှေခေါင်းတလားကြီးဆီိ သို့တိုက်ရိုက် စီးဝင်သွား၏။ ထို့နောက်
ဤစာလုံးများမှာ မည်သူမျှ သိရှိနိုင်စွမ်းမရှိအောင်
ခေါင်းတလားထဲတွင်တိတ်တဆိတ် ပျောက်ကွယ်သွားပါတော့သည်။
'ကောင်းကင်အဆင့်အနိမ့်စား' အဆင့်ရှိသည့်
မှော်ဆရာတစ်ယောက်အနေဖြင့်
လင်းရန်ယန်မှာ ထိုအရာအား မည်သူမျှ မရိပ်မိအောင် လုပ်ဆောင်ရန် အလွန်လွယ်ကူသည်။ သူ ခြေတစ်လှမ်း လှမ်းတိုင်းတွင် အစီအရင်သင်္ကေတ များအားခေါင်းတလားထဲသို့
အဆက်မပြတ် ထည့်သွင်းနေသည် ။
"ဝုန်းးး!!!"
"ဝုန်းးး!!!"
"ဝုန်းးး!!!"
အချိန်များမှာ တဖြည်းဖြည်းဖြင့်
ကုန်ဆုံးလာလေသည်။
လုပ်မည်ဆိုလျှင်လည်း တစ်ချက်တည်းဖြင့်သာ အကြီးအကျယ် ဖြစ်သွားသည်အထိ လုပ်ရမည်ဖြစ်သည်။ လင်းရန်ယန်သည် သူ၏ အစီအရင်ထဲသို့ စွမ်းအင်များ ထည့်သွင်းလိုက်သည်နှင့် အထဲတွင် ယခင်ကရှိနေသော အစီအရင်များမှာ ချက်ချင်းပင်
ပျောက်ကွယ်သွားခဲ့သည်။
ဒီတစ်ခါတွင် လင်းရန်ယန်သည်
ခေါင်းတလားထဲတွင် "ပဉ္စမဟာဓာတ် ကောင်းကင်မိုးကြိုး ဖုတ်ကောင်သန့်စင်ခြင်း အစီအရင်" ကို တိုက်ရိုက် တည်ဆောက်လိုက်သည်။ ထိုအစီအရင်ဟာ ပတ်ဝန်းကျင်တွင်ရှိသော မဟာဓာတ်ငါးပါးစွမ်းအင်များကို စုပ်ယူစုစည်းနိုင်သည်။ တစ်ခါ ကောင်းကင်မိုးကြိုး ကျရောက်လာသည်နှင့် ထိုစွမ်းအင်နှစ်ခု ပေါင်းစပ်ပြီး 'မဟာဓာတ်ငါးပါး ဖုတ်ကောင်သန့်စင်ခြင်း' ကို ချက်ချင်း အသက်ဝင်စေမှာဖြစ်သည်။
ထိုမှတစ်ဆင့် ထွက်ပေါ်လာမည့် ဖုတ်ကောင်ဟာ အစွမ်းထက်ရုံတင်မကဘဲ ခန္ဓာကိုယ်ကလည်း အလွန်မာကျောမှာ ဖြစ်သည်။ ကံကောင်းသည့်
ဖုတ်ကောင်တွေဆိုလျှင် မဟာဓာတ်ငါးပါးကို ထိန်းချုပ်နိုင်သည့် စွမ်းအား ဒါမှမဟုတ် ကောင်းကင်မိုးကြိုး စွမ်းအားတွေကိုပါ ရရှိနိုင်သည်။"
ဒါပေမဲ့ လင်းရန်ယန်ဟာ နောက်ကွယ်ကလူအတွက် ဖုတ်ကောင်ကို စေတနာဖြင့် အဆင့်မြှင့်ပေးနေခြင်း မဟုတ်ပေ ။ လင်းရန်ယန်သည် သူ၏စိတ်စွမ်းအင်နှင့် စစ်ဆေးကြည့်လိုက်သည့်အခါ ဖုတ်ကောင်မင်းသား၏ ကိုယ်ထဲ၌
ဖုတ်ကောင်ကို ထိန်းချုပ်သည့် အစီအရင်သင်္ကေတ အများကြီး ရှိနေသည်ကို တွေ့လိုက်ရသည်။
ထို ထိန်းချုပ်နည်းစနစ်မှာ အတော်လေးကို နက်နဲသည်။ ဒါကို လုပ်တဲ့သူဟာ အနည်းဆုံး 'မြေကမ္ဘာအရှင်သခင်' ဆယ်ဆင့် ဒါမှမဟုတ် 'ကောင်းကင်အရှင်သခင်' အဆင့်ပိုင်းလောက် ရှိရမည်။ သို့သော် သူ ရင်ဆိုင်နေရသည်မှာ ကောင်းကင်အဆင့်အထိ ရောက်နေတဲ့ လင်းရန်ယန် ဖြစ်လေသည်။ လင်းရန်ယန်သည် တစ်ဖက်လူ၏ထိန်းချုပ်မှုစာလုံးတွေအား
သူ့၏ကိုယ်ပိုင်သင်္ကေတများဖြင့် အပေါ်မှ တိုက်ရိုက် ထပ်ရေးလိုက်သည်။ လင်းရန်ယန်သာ အလိုရှိလျှင် ဤဖုတ်ကောင်ကို တစ်ခဏချင်းမှာတင် လွှဲပြောင်းထိန်းချုပ်နိုင်မည်ဖြစ်သည်။
'ငါ့ရဲ့ မော်ရှန်းတပည့်တွေကို လက်ဖျားနဲ့တောင် တို့ဝံ့တဲ့သူက ဘယ်သူလဲဆိုတာ ငါကြည့်ချင်သေးတယ်။ ဒီတော်ဝင်မိသားစုကရော ဒါကို သိနေတာလား? တကယ်လို့ သူတို့သာ သိနေမယ်ဆိုရင် ဒီလို အကျင့်ပျက်နေတဲ့ တော်ဝင်မိသားစုမျိုး ကမ္ဘာပေါ်မှာ ဆက်ရှိနေဖို့ အကြောင်းမရှိဘူး!'
လင်းရန်ယန်ရဲ့ မျက်လုံးထဲတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင်တွေ ဖြတ်ပြေးသွားပါတယ်။ ထိုခဏမှာတွင်
ပတ်ဝန်းကျင်မှ အပူချိန်ဟာ သိသိသာသာကို ကျဆင်းသွားသည်။
"ဟားးး! ဘာလို့ ဒီလောက် အေးစိမ့်သွားတာလဲ၊ ရာသီဥတုက ပြောင်းတော့မှာလား မသိဘူး?!"