ရှုချင်းယန်စိတ်ရှုပ်ခြင်း
Vol. 24 Ch. 322
ကျမ်းစာလိပ်အပေါ်၌ မှုန်ဝါးသည့်စာလုံးအနည်းငယ်ရှိနေခဲ့သည်။
အဆိပ် ၉ ပါး စစ်မှန်ကျမ်း....
ထိုအရာဘာလဲဆိုတာ အပြင်လူက သိချင်မှသိမည်ဖြစ်သည်။
သို့ပေမယ့် ချိုရှန်နန် ဘယ်လိုလုပ် မကြားဖူးပဲနေမည်နည်း။
သူမက စိုးရိမ်စွာဖြင့် ပြောလိုက်သည်။
"မြင့်မြတ်အကြီးအကဲကျောက်, ဒါက မင်းရဲ့အဓိကကျင့်ကြံရေးနည်းစနစ်လေ။ ပြီးတော့ အသင်္ချေဓားဂိုဏ်းရဲ့ ထိပ်တန်းလျို့ဝှက်နည်းစနစ်လေ...."
"ဘယ်လိုလုပ် အပြင်လူကို ပေးပစ်နိုင်ရတာလဲ...."
သူမက ဂျန်ဖန်းကို အပိုဆုလာဘ်ပေးတာ မကန့်ကွက်ပေ။
ထိုအရာက မြင့်မြတ်အကြီးအကဲ၏လွတ်လပ်မှုဖြစ်သည်။
သို့ပေမယ့် အဆိပ် ၉ ပါးစစ်မှန်ကျမ်းကတော့ အသင်္ချေဓားဂိုဏ်း၏ ထိပ်တန်းကျင့်ကြံရေးနည်းစနစ်ဖြစ်ပြီး ရှုချင်းယန်၏ ဓားထိိန်းချုပ်ခြင်းနည်းစနစ်ဖြင့် ယှဥ်နိုင်၏။
ဂိုဏ်းတွင်းကတပည့်တွေတောင် အလွယ်တကူ ကျင့်ကြံလို့မရပေ။
သို့ပေမယ့် အပြင်လူကို ပေးပစ်နေသည်။
အတော်ကို ကျိုးကြောင်းမဆီလျော်ပေ။
ဂျန်ဖန်း ကြောင်သွား၏။
ဤ အဆိပ်ကိုးပါးစစ်မှန်ကျမ်းက တကယ်ပဲ ထိုမျှလောက်ထိ အဖိုးတန်သည်လား....
အသင်္ချေဓားဂိုဏ်းက ဓားကျင့်ကြံရေးဂိုဏ်းတစ်ခုဖြစ်ပြီး အဆိပ်ကျမ်းတစ်ခုကို ထိပ်တန်းလျို့ဝှက်နည်းစနစ်ဖြင့် မှတ်ယူထားသည်လား...
သူက ပထမစာမျက်နှာကိုဖွင့်ကြည့်လိုက်သည့်အခါ ကြီးမားသည့်စာကြောင်းတစ်ကြောင်းက အမြင်ထဲကို ဝင်လာခဲ့သည်။
ဂျန်ဖန်း တုန်လှုပ်သွားပြီး အာမေဋိတ်သံပြုလိုက်သည်။
"မြေကမ္ဘာအလယ်အလတ်အဆင့်နည်းစနစ်...."
သူက အလျှင်အမြန်ပဲ စာလိပ်ကို ပြန်ပေးလိုက်သည်။
"ကျွန်တော် ဒီကျမ်းကို လက်မခံနိုင်ဘူး။ ဒါက တန်ဖိုးကြီးလွန်းတယ်...."
မြေကမ္ဘာအလယ်အလတ်အဆင့်နည်းစနစ်တစ်ခု။ ထို့ပြင် ပြီးပြည့်စုံသည့်အမျိုးအစားလည်းဖြစ်၏။
သူ ဘယ်လိုလုပ် ယူနိုင်မည်နည်း။
ကျောက်ချီဒန် ချိုရှန်နန်ကို စိုက်ကြည့်ပြီး ကျမ်းစာကို ပစ်ပေးလိုက်သည်။
"ထိပ်တန်းလျို့ဝှက်နည်းစနစ်လို့ နင်ပြောတယ်နော်...."
"ရော့, နင်အခုလေ့ကျင့်ရဲလား..."
သို့ပေမယ့် ချိုရှန်နန် ထိုအရာကို အဆိပ်ပြင်းကင်းမြီးကောက်တစ်ကောင်ကဲ့သို့ ကြောက်လန့်နေပြီး အလျှင်အမြန် အဝေးလွတ်ပစ်လိုက်ကာ လုံးဝမထိရဲပေ။
သူမက ကို့ရို့ကားယားအမူအရာဖြင့် ပြောလိုက်သည်။
"မြင့်မြတ်အကြီးအကဲကျောက် ဟာသလုပ်နေပြန်ပြီ။ ဒါကို အကြီးအကဲကလွဲပြီး ဘယ်သူလေ့ကျင့်ရဲလို့လဲ...."
အဆိပ်ကိုးပါးစစ်မှန်ကျမ်းကို လေ့ကျင့်ဖို့ လူတစ်ယောက်က ကျမ်းစာ၏အနှစ်သာရကို နာလည်ရရုံသာမက အဆိပ်ပြင်းတွေကိုလည်း သောက်ဖို့လို၏။
ကျမ်းစာ၏အနှစ်သာကို နားမလည်လျှင် သောက်လိုက်သည့်အဆိပ်ကို မချေဖျက်နိုင်၍ အလျှင်အမြန်သေဆုံးမည်ဖြစ်သည်။
ဤကျင့်စဥ်စပေါ်ကတည်းက အသင်္ချေဓားဂိုဏ်း၌ အောင်မြင်စွာကျင့်ကြံနိုင်သူ အနည်းငယ်သာရှိသည်။
အများစုက လမ်းခုလတ်မှာ သေဆုံးသွားကြ၏။
ယခုလက်ရှိ၌ ဤအဆိပ်ကျမ်းကို အောင်အောင်မြင်မြင်လေ့ကျင့်နိုင်တာ ကျောက်ချီဒန်တစ်ဦးတည်းသာရှိသည်။
မည်သူက ဤကျမ်းကို အရမ်းကာရောလေ့ကျင့်ရဲမည်နည်း။
ကျောက်ချီဒန် နာမှုတ်လိုက်၏။
"ဒါဆို နင်က ဘာတွေလာတွေပြောနေတာလဲ...."
"ဒီအဆိပ်ကိုးမျိုးကျမ်းက ငါ့ဂိုဏ်းမှာ ဘာများအသုံးဝင်လို့လဲ...."
အဆူခံလိုက်ရ၍ ချိုရှန်နန် ဘာမှထပ်မပြောရဲတော့ပေ။
ထိုအခါမှသာ ကျောက်ချီဒန် ဂျန်ဖန်းဘက်လှည့်ပြီး နူးညံ့သည့်အမူအရာဖြင့် သတိပေးလိုက်သည်။
"အဆိပ်နဂါးရိုးတွင်းချင်ဆီကို မဆင်မခြင်သုံးရင် တန်ဖိုးက မင်းရဲ့အသက်ပဲ...."
"ပထမဦးဆုံး ဒီကျမ်းစာပထမဆင့်ကို နှစ်အနည်းငယ်လောက်နားလည်ဆင်ခြင်လိုက်...."
"အဲ့နည်းနဲ့ မင်းက ရိုးတွင်းချင်ဆီထဲက အဆိပ်ကိုစုပ်ယူဖို့ အဆိပ်ကိုးမျိုးစစ်မှန်ကျမ်းကို အသုံးပြုနိုင်တယ်။ ခန္ဓာကိုယ်သန့်စင်ရာမှာလည်း အဆိပ်နည်းစနစ်အချို့လေ့ကျင့်နိုင်တော့ အောင်မြင်မှုနှစ်ခုရတာပေါ့...."
"နားလည်လား..."
ထိုကဲ့သို့အကျိုးကျေးဇူးတွေလည်းရှိသေးသည်လား...
ဂျန်ဖန်း သူ့လက်ထဲပြန်ရောက်လာသည့် အဆိပ်ကိုးပါးစစ်မှန်ကျမ်းကို စိုက်ကြည့်နေပြီး ကျေးဇူးတင်နေခဲ့သည်။
သို့ပေမယ့်...
သူ၏နားလည်နိုင်စွမ်းနှင့် ဤအဆိပ်ကိုးပါးစစ်မှန်ကျမ်းကို နားလည်ဖို့ နှစ်အများကြီး အချိန်မယူသင့်ပေ။
တစ်ညက လုံလောက်၏။
လဲလှယ်မှုက အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။
ဂျန်ဖန်း လက်ချင်းယှက်ပြီး ပြောလိုက်သည်။
"ကျင့်ကြံရေးနည်းစနစ်အတွက် ကျေးဇူးတင်ပါတယ် စီနီယာ။ မင်း လက်နက်သန့်စင်ရာမှာ အောင်မြင်ဖို့ ကျွန်တော်ဆုတောင်းပေးပါတယ်...."
ကျောက်ချီဒန် ရယ်လိုက်၏။
"ဒါဆို မင်းလည်း ခန္ဓာသန့်စင်ခြင်းမှာ အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်...."
"အနာဂတ်မှာ အဆိပ်ကိုးပါးစစ်မှန်ကျမ်းနဲ့ပတ်သက်ပြီး အခက်အခဲတစ်ခုခုနဲ့တွေ့ခဲ့ရင် ငါ့ဆီလာခဲ့ပါ..."
ဂျန်ဖန်း နောက်တစ်ခါကျေးဇူးတင်လိုက်၏။
"ကျေးဇူးတင်ပါတယ်, စီနီယာ..."
ထို့နောက် ချိုရှန်နန်ဆီ လက်ချင်းယှက်ပြီး ပြောလိုက်သည်။
"လမ်းပြပေးတဲ့အတွက် တောင်ထိပ်သခင်ကိုလည်း ကျေးဇူးတင်ပါတယ်...."
"စီနီယာ, ကျွန်တော်သွားလိုက်ပါအုန်းမယ်...."
သူက တောင်မှထွက်ခွာသွားပြီး အတော်လေးကျေနပ်နေခဲ့သည်။
ချိုရှန်နန်လည်း မနေရဲတော့ပဲ လက်ချင်းယှက်ကာ နှုတ်ဆက်လိုက်သည်။
မမျှော်လင့်စွာပဲ...
အစွမ်းထက်အော်ရာတစ်ခု သူမတို့ဆီကို အလျှင်အမြန်ချည်းကပ်လာခဲ့သည်။
ချက်ချင်းပဲ...
ကျောမှာ သံကြေးတက်ဓားတစ်ချောင်းလွယ်ထားသည့် ဖျင်ကြမ်းဝတ်အကြီးအကဲတစ်ယောက် ချည်းကပ်လာခဲ့သည်။
တံခါးပိတ်ရာမှထွက်လာသည့် ကျောက်ချီဒန်ကိုမြင်သည့်အခါ သူအံ့အားသင့်သွား၏။
"မြင့်မြတ်အကြီးအကဲကျောက်? ဘယ်လိုလုပ် တံခါးပိတ်ရာကနေ ထွက်လာတာလဲ..."
"မင်း ဓားနည်းစနစ်နာလည်ဆင်ခြင်တာ အရေးကြီးအခိုက်အတန့်ရောက်နေတာမဟုတ်ဘူးလား..."
ဘာ?...
မြင့်မြတ်အကြီးအကဲကျောက်က အရေးကြီးအခိုက်အတန့်ရောက်နေသည်။
ချိုရှန်နန် အမြင်မဲမှောင်သွားပြီး တုန်ယင်စွာ ပြောလိုက်သည်။
"ဆရာ, စီနီယာကိုနှောက်ယှက်တာ တ..တပည့်ပါ..."
ရောက်လာသူက ချိုရှန်နန်၏ဆရာဖြစ်သည့် တိမ်ဓားတောင်ထိပ်၏ ယခင်တောင်ထိပ်သခင်ပင်။
ထိုအရာကိုကြားသည့်အခါ သူ့မျက်နှာ အကြီးအကျယ်ပြောင်းလဲသွားပြီး ဆူပူလိုက်သည်။
"နင်ရူးနေလား..."
"မြင့်မြတ်အကြီးအကဲကျောက် တံခါးပိတ်နေတာ နှောက်ယှက်ရအောင် မင်းကို ဘယ်သူသတ္တိပေးလိုက်တာလဲ..."
ချိုရှန်နန် ခါးသီးသည့်အမူအရာဖြင့် မည်သည့်အရာမှဖုံးကွယ်မထားရဲပဲ ပြောလိုက်သည်။
"တပည့်စိတ်တွေ ဝက်ဆီဖုံးသွားလို့ပါ။ နတ်ဆိုးအမြုတေလေးအတွက် မြင့်မြတ်အကြီးအကဲကျောက်ကို နှောက်ယှက်မိတာပါ...."
ဘာ?...
လာဘ်ယူပြီး ကျောက်ချီဒန်ကို နှောက်ယှက်သည်။
မြင့်မြတ်အကြီးအကဲစွန်း ဒေါသကြောင့် တုန်ယင်နေပြီး သူမကို သင်ခန်းစာပေးဖို့ လက်ဝါးမြောက်လိုက်၏။
"ထားလိုက်ပါ..."
သို့ပေမယ့် ကျောက်ချီဒန် စိတ်အခြေအနေကောင်းနေပြီး သိမ်းငှက်နက်အမြုတေကို ချိုရှန်နန်ဆီပြန်ပေးလိုက်သည်။
"သူမ တကယ်ပဲ ငါ့ဆီ အကျိုးမြတ်ကြီး ယူလာပေးခဲ့တယ်..."
"နောက်ဆုံးတော့ ငါရှာနေတဲ့ နတ်ဆိုးသားရဲပစ္စည်းအားလုံး စုဆောင်းပြီးသွားပြီ...."
"အခုဆို ငါလိုချင်တဲ့ မှော်လက်နက်ကို သန့်စင်နိုင်ပြီ..."
မြင့်မြတ်အကြီးအကဲစွန်း အံ့အားသင့်သွား၏။
ကျောက်ချီဒန် လုပ်ငန်းကြီးတစ်ခုစီစဥ်နေပြီး ပစ္စည်းကန့်သတ်ချက်ကြောင့် နှစ်ပေါင်းများစွာကြန့်ကြာနေတာ သူသိ၏။
ယခု အကြီးအကျယ်ကြီးတိုးတက်မှုရှိလာသည်လား...
သူက မနာလိုစွာဖြင့် ပြောလိုက်သည်။
"ဂုဏ်ယူပါတယ်, မြင့်မြတ်အကြီးအကဲကျောက်...."
ထို့နောက် ချက်ချင်းပဲ ချိုရှန်နန်ကိုကြည့်ကာ ပျော့ပြောင်းသည့်အသံဖြင့်ပြောလိုက်သည်။
"ဒီတစ်ခါတော့ ချွင်းချက်ထားပေလိုက်မယ်...."
"မင်းအကျိုးပြုမှုကို စဥ်းစားပေးတဲ့အနေနဲ့ နောက်ကျရင် ငါ့ဂူအိမ်တော်လာပြီး စိတ်ဝိညာဥ်ဆေးလုံးအနည်းငယ်လာယူလဲ့..."
ချိုရှန်နန် အလွန်ပျော်သွား၏။
သူမက သိမ်းငှက်နက်၏ နတ်ဆိုးအမြုတေကို ရရုံသာမက သူမဆရာဆီမှ ဆုလာဘ်လည်း ရသေး၏။
ကံဆိုးခြင်းမှ အကျိုးအမြတ်ရလိုက်တာပင်။
ချင်ချိုင်ဟီက တကယ်ပဲ သူမ၏ ကံကောင်းစေသည့်ကြယ်ဖြစ်သည်။
အနာဂတ်မှာ သူမကိုလည်း ဆုကောင်းကောင်းပေးရမည်ပင်။
မြင့်မြတ်အကြီးအကဲစွန်း သိချင်စွာဖြင့် ပြုံးလိုက်သည်။
"အဲ့ဒီလူ ယူလာပေးတာ ဘာပစ္စည်းများလဲ..."
ကျောက်ချီဒန် ဖုံးကွယ်မထားပဲ လန်ဂု၏ နတ်ဆိုးအမြုတေကို ထုတ်ယူလိုက်သည်။
နတ်ဆိုးအမြုတေပေါ်လာသည့်နှင့် အံ့အားသင့်ဖွယ် နတ်ဆိုးစွမ်းအင်က မြင့်မြတ်အကြီးအကဲစွန်းအမူအရာကို အလေးအနက်ဖြစ်သွားစေခဲ့သည်။
"ဒါ... ဒါ အမြုတေဖွဲ့စည်းခြင်း နောင်းပိုင်းအဆင့် နတ်ဆိုးအမြုတေမလား...."
ကျောက်ချီဒန် ဂရုတစိုက်ကိုင်ထားပြီး ပြောလိုက်သည်။
"အဲ့တာထက်, ဒါ လန်ဂုရဲ့ နတ်ဆိုးအမြုတေလေ..."
ဘာ?...
မြင့်မြတ်အကြီးအကဲပင့်သက်ရှိုက်လိုက်သည်။
"အဲ့လူက ဘယ်သူလဲ..."
"လန်ဂုကိုတောင် သတ်နိုင်တယ်..."
အသင်္ချေဓားဂိုဏ်း၌ ရှုချင်းယန်တစ်ယောက်သာ လန်ဂုကို သတ်နိုင်၏။
သို့ပေမယ့် ကျောက်ချီဒန်အဖြေက သူ့ကို ပိုလို့တောင် တုန်လှုပ်သွားစေခဲ့သည်။
"ဘာထူးခြားတဲ့လူမှမဟုတ်ပါဘူး...."
"တိမ်စိမ်းဂိုဏ်းရဲ့ သာမန်တပည့်လေးတစ်ယောက်ပါ...."
အာ?....
မြင့်မြတ်အကြီးအကဲစွန်း စိတ်ရှုပ်သွား၏။
"တပည့်တစ်ယောက်? သူက ဘယ်လိုလုပ် လန်ဂုကို သတ်နိုင်တာလဲ..."
"နေအုန်း, ငါ အကြီးအကဲရှုပြောတာကြားတယ်။ သူ လွန်ခဲ့တဲ့ရက်အနည်းငယ်က လန်ဂုကို လိုက်သတ်နေတယ်တဲ့..."
"ဒီနတ်ဆိုးအမြုတေက သူများ အဲ့ဒီကောင်လေးကိုပေးလိုက်တာလား...."
ဟမ်?....
ကျောက်ချီဒန် ကြောင်အသွား၏။
ထို့နောက် ရုတ်တရက် တစ်ခုခုကို နားလည်သွားပြီး သူမပေါင်ကို ရိုက်လိုက်သည်။
"ဟုတ်သားပဲ။ ဒီကလေး ဒီလောက်များတဲ့နတ်ဆိုးအမြုတေတွေ ဘယ်ကရပါလဲလို့..."
"လက်စသတ်တော့ ရှုချင်းယန် သူ့ကို ပေးလိုက်တာကိုး..."
"အဲ့လူအိုကြီး ဘာလှည့်ကွက်တွေ ကစားနေလဲမသိဘူး..."
"သူ ငါ့ကိုပြေတော့ အဲ့ဒီကလေးကို အဆိပ်နဂါးရိုးတွင်းချင်ဆီပေးလိုက်တဲ့။ ဒါမှ သူ့အပေါ် အကြွေးတင်သွားမှာတဲ့..."
"အခု ဖလှယ်ဖို့ နတ်ဆိုးအမြုတေတွေ အများကြီးလည်းပေးလိုက်ပြန်တယ်...."
ကလန်!
ကြောက်စရာကောင်းသည့်ဓားချီတစ်ခု ရုတ်တရက် အနီးနားကို ဆင်းသက်လာ၏။
ထို့နောက် အဝေးမှ ရှုချင်းယန်၏ ဟက်ဟက်ပက်ပက်ရယ်မောသံထွက်ပေါ်လာခဲ့သည်။
"မြင့်မြတ်အကြီးအကဲကျောက်, တံခါးပိတ်ရာကထွက်ထွက်ချင်း ဘာလို့ ငါ့မကောင်းကြောင်းပြောနေရတာလဲ..."
ရှုချင်းယန် ချည်းကပ်လာသည့်အခါ...
ကျောက်ချီဒန် မျက်လုံးလှန်လိုက်၏။
"လူအိုကြီး, နင် ဘာတွေလုပ်နေတာလဲ..."
"နင့်ကြောင့် ငါ အဆိပ်ကိုးပါးစစ်မှန်ကျမ်း ပေးလိုက်ရတယ်...."
အကြွေးတင်နေတာလောက်ဆိုလျှင် သူမ ဂျန်ဖန်းကို အဆိပ်နဂါးချင်ဆီပေးရုံဖြင့် နှစ်ဦးနှစ်ဖက်ကျေပြီဖြစ်သည်။
သို့ပေမယ့် ဂျန်ဖန်းက နတ်ဆိုးအမြုတေ တပုံတအောဖြင့် ရိုးသားစွာရောက်လာသည့်အတွက် သူမက အဆိပ်ကိုးပါးစစ်မှန်ကျမ်းကို ပေးခဲ့သည်။
ထိုအကြောင်းတွေးလေလေ ပိုဒေါသထွက်ရလေလေဖြစ်သည်။
ရှုချင်းယန် အံ့အားသင့်သွား၏။
"မင်း ဘာအကြောင်းပြောနေတာလဲ..."
"မင်းပြောတာတွေ ငါတစ်ခုမှနားမလည်ဘူး...."
မြင့်မြတ်အကြီးအကဲစွန်း နှာမှုတ်လိုက်၏။
"မင်းက တကယ် ဟန်ဆောင်ကောင်းတာပဲ..."
"အဲ့ကလေးကို လန်ဂုရဲ့နတ််ဆိုးအမြုတေပေးလိုက်တာ မင်းမလား...."
ရှုချင်းယန် အံ့အားသင့်သွား၏။
"လန်ဂုရဲ့ နတ်ဆိုးအမြုတေ?...."
"ငါဘယ်သူ့ကို ပေးလို့လဲ..."
ထို့နောက် ရုတ်တရက် အဓိကအချက်ကို သဘောပေါက်သွားပြီး အံ့အားသင့်စွာ ပြောလိုက်သည်။
"လန်ဂုသေပြီ...."