အဲ့ကလေးက အတိအကျဘယ်သူလဲ
Vol. 24 Ch. 323
ကျောက်ချီဒန် ရယ်လိုက်၏။
"ကြည့်စမ်း, သူတကယ် ဟန်ဆောင်ကောင်းတာပဲ..."
မြင့်မြတ်အကြီးအကဲစွန်း မျက်ခုံးပင့်လိုက်၏။
"ဒီလိုသရုပ်ဆောင်မှုမျိုးနဲ့ဆိုရင် တောင်ထိပ်သခင်တွေကို တစ်ယောက်ပြီးတစ်ယောက် အရူးလုပ်လို့ရတာပေါ့...."
နှစ်ယောက်က နတ်ဆိုးအမြုတေတွေကို ရှုချင်းယန်ပေးလိုက်တာဟု ယုံကြည်ကြ၏။
မဟုတ်လျှင် ဂျန်ဖန်း နတ်ဆိုးအမြုတေတွေ ဘယ်လိုရလာလဲဆိုတာ ရှင်းပြဖို့ခက်မည်ပင်။
"ဘယ်သူက ဟန်ဆောင်နေလို့လဲ...."
ရှုချင်းယန် တင်းမာစွာပြောလိုက်သည်။
"တကယ်ပဲ, အဲ့နေ့က ငါ အရိုးလန်ကို လိုက်ဖမ်းနေတာ...."
"ဒါပေမယ့် သူ့တပ်ကူတွေဖြစ်တဲ့ အမြုတေဖွဲ့စည်းခြင်းအလယ်အလတ်အဆင့် သားရဲဘုရင်တစ်ဒါဇင်ကျော်ရောက်လာတယ်လေ..."
"ငါလည်းဒဏ်ရာရပြီး ခက်ခက်ခဲခဲလွတ်မြောက်လာရတာ။ လန်ဂုကိုသတ်ဖို့ဆိုတာတော့ အဝေးကြီး...."
အာ....
အစပိုင်း၌ နှစ်ယောက်က ရယ်နေဆဲဖြစ်ပြီး ရှုချင်းယန် ဟန်ဆောင်နေတာဟုထင်နေကြ၏။
သို့ပေမယ့် သူ၏လေးနက်သည့်အမူအရာကိုမြင်သည့်အခါ သူတို့က စတင် အလေးအနက်ဖြစ်လာကြ၏။
ကျောက်ချီဒန် အံ့အားသင့်သည့်အမူအရာ ပြသလိုက်၏။
"အရိုးအေးကို တကယ်ပဲ နင်သတ်လိုက်တာ မဟုတ်ဘူးလား...."
ရှုချင်းယန် လေးနက်သည့်အသံဖြင့် ပြောလိုက်သည်။
"နင် အမြင်မမှားဘူးဆိုတာ သေချာလား...."
"အသင်္ချေဓားဂိုဏ်းနယ်မြေမှာ အခြားဘယ်သူက အရိုးအေးကို သတ်နိုင်မှာလဲ..."
"သူက ငါ့ဓားချီကြောင့် ဒဏ်ရာအပြင်းအထန်ရနေပေမယ့် အနည်းဆုံး ခွန်အားအထွတ်အထိပ်ရဲ့ ၅၀ ရာခိုင်းနှုန်းရှိသေးတယ်။ သာမန်လူတစ်ယောက် ဘယ်လိုမှမသတ်နိုင်ဘူး..."
တစ်ခုခုမှားနေတာကို နားလည်လိုက်သည်။
ကျောက်ချီဒန် အလျှင်အမြန်ပဲ အနက်ရောင်ကျောက်စိမ်းသေတ္တာကိုထုတ်ယူပြီး ဖွင့်ပြလိုက်သည်။
ထိုအခါ မျက်လုံးအရွယ်အစားလောက်ရှိသည့် အဖြူရောင်နတ််ဆိုးအမြုတေတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ဟစ်, တကယ် အရိုးအေးရဲ့ နတ်ဆိုးအမြုတေပဲ...."
ရှုချင်းယန်အမူအရာ ပြောင်းသွားပြီး နတ််ဆိုးစွမ်းအင်မှတဆင့် အရိုးအေး၏နတ်ဆိုးအမြုတေဆိုတာ ချက်ချင်း မှတ်မိသွားခဲ့သည်။
"မင်း ဒါကို ဘယ်ကရတာလဲ...."
ကျောက်ချီဒန် အနက်ရောင်ကျောက်စိမ်းသေတ္တာကိုပိတ်ပြီး ပြန်မေးလိုက်သည်။
"ငါက နင့်ကို မေးသင့်တာလေ..."
"အဲ့ဒီကလေးနာမည်က ဂျန်ဖန်းတဲ့။ သူက ဘယ်ကလဲ..."
"သူ့မှာ အရိုးအေးနတ်ဆိုးအမြုတေတင်မဟုတ်ဘူး။ ကြေးနီကြေးခွံကင်ခြေများနက်၊ သိမ်းငှက်နက်၊ ကြေးခွံနီရေနတ်ဆိုးနဂါး၊ ငွေတောင်ပံမိုးကြိုးသိမ်းငှက်၊ အဲ့တာတွေရဲ့အမြုတေတွေ အကုန်ရှိတယ်။ ပြီးတောအကုန်လုံးက လတ်လတ်ဆတ်ဆတ်တွေကြီးပဲ...."
ရှုချင်းယန် ကြောင်အနေ၏။
"ဂျန်ဖန်း?, ဘယ်သူလဲ...."
သူ့မှတ်ဉာဏ်ထဲကိုရှာကြည့်ပေမယ့် ဂျန်ဖန်းဆိုသည့်နာမည် တစ်ခုမှ မရှိပေ။
ကျောက်ချီဒန် ဒေါသတကြီး ပြောလိုက်သည်။
"မျက်နှာဖုံးနဲ့တစ်ယောက်လေ။ နင်တောင် ငါ့ကို အဆိပ်နဂါးရိုးတွင်းချင်ဆီပေးခိုင်းသေးတယ်လေ...."
အာ?...
ရှုချင်းယန် ထိတ်လန့်သွား၏။
"မင်းဆိုလိုတာ, အရိုးအေးအမြုတေကို သူပေးတာပေါ့..."
"ပြီးတော့ သူ့မှာ နတ်ဆိုးအမြုတေအများကြီးရှိတယ်...."
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...."
သူ့အမြင်၌, ဂျန်ဖန်းက အရည်အချင်းရှိပြီး အသေးစိတ်သည့် လူငယ်တစ်ယောက်သာဖြစ်သည်။
ဘယ်လိုလုပ် အရိုးအေးကိုသတ်သည့်ကိစ္စကြီးကို လုပ်နိုင်မည်နည်း။
ကျောက်ချီဒန် အသက်ပြင်းပြင်းရှူလိုက်သည်။
"ဘာ? နင်လည်း သူ့နောက်ခံကို မသိဘူးပေါ့...."
"ဒါဆို သူက အတိအကျဘယ်သူလဲ...."
ထိုအခိုက်အတန့်၌ သူမက ဂျန်ဖန်းနာမည်က အတုလားဟုတောင် သံသယရှိလာ၏။
သူက လုံးဝ တိမ်းစိမ်းဂိုဏ်း၏တပည့်တစ်ယောက်မဖြစ်နိုင်ပေ။
ဖုံးကွယ်ထားသည့် ကျွမ်းကျင်သူတစ်ယောက်ဖြစ်ရမည်။
အကြီးအကဲစွန်း သူ့နှာခေါင်းကို ထိလိုက်သည်။
"ငါတို့ မြင့်မြတ်အကြီးအကဲသုံးယောက် ကလေးတစ်ယောက်ကိုတောင် ဖောက်မမြင်နိုင်ဘူး..."
ထိုအရာကို ကြားသည့်အခါ....
သုံးယောက်သား ဇဝေဇဝါဖြစ်သွားပြီး ဘာပြောရမှန်းမသိဖြစ်သွားကြသည်။
ဂျန်ဖန်းကတော့....
အဖိုးတန် အဆိပ်ကိုးပါးကျမ်း၊ အဆိပ်နဂါးရိုးတွင်းချင်ဆီတို့နှင့်အတူ တောင်ခြေသို့ပြန်ရောက်လာ၏။
သူက အဝေးမှနေ၍ ရှုယင်းရင်ပတ်လည်၌ လူအုပ်တစ်ခုကို တွေ့လိုက်သည်။
သူတို့ဝတ်စုံတွေအရ အသင်္ချေဓားဂိုဏ်းမှပင်။
ခေါင်းဆောင်ကို ဂျန်ဖန်း သိ၏။
ထိုအရာက လင်းဂုဟိုင်ဖြစ်ပြီး ယခင်ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ လေလံပွဲမှာ ပါဝင်ခဲ့သည့် အသင်္ချေဓားဂိုဏ်းပါရမီရှင်ပင်။
သူက ရှုယင်းရင်ကို အံ့အားသင့်စွာ စိုက်ကြည့်နေခဲ့သည်။
"တိမ်စိမ်းဂိုဏ်းကညီမ, အသင်္ချေဓားဂိုဏ်းမှာ တစ်ယောက်ယောက်ကို ရှာနေတာလား...."
"ငါက လင်ဂုဟိုင်ပါ။ အသင်္ချေဓားဂိုဏ်း ဂိုဏ်းချုပ်လက်အောက်က တပည့်ကြီးလေ..."
"မင်းတစ်ခုခုလိုရင်, ငါ့ကို ပြောနိုင်ပါတယ်...."
လင်ဂုဟိုင်နောက်မှလိုက်နေသည့် အမျိုးသားနှင့် အမျိုးသမီးတွေ အားလုံး အဓိပ္ပာယ်ပါပါပြုံးနေကြ၏။
တိမ်စိမ်းဂိုဏ်းမှပြန်လာပြီးကတည်းက လင်းဂုဟိုင် ကျင့်ကြံရေးကိုသာ အရူးအမူးအာရုံစိုက်ထားခဲ့သည်။
မကြာသေးခင် ကောင်းကင်ဘုံစက်ယန္ဒယားခန်းမှတာဝန်တွေကိုတောင် မယူခဲ့ပေ။
ယနေ့ သူငယ်ချင်းအနည်းငယ်၏ တိုက်တွန်းမှုကြောင့် လေကောင်းလေသန့်ရှူဖို့ လမ်းလျှောက်ထွက်လာတာဖြစ်သည်။
သူလမ်းလျှောက်ထွက်လာသည်နှင့်တစ်ပြိုင်နက် နံရံကိုမှီနေသည့် မိန်းမလှလေး၏ ညို့ယူခြင်းကိုခံလိုက်သည်။
လင်းဂုဟိုင်က မိန်းမလိုက်စားသူတစ်ယောက် မဟုတ်ပေ။
သာမန်အမျိုးသမီးတွေ သူ့ဆီမှ ဒုတိယအကြည့်တောင် မရကြပေ။
သို့ပေမယ့် သူ့ရှေ့ရှိမိန်းခလေး၏ ပန်းချီကားသဖွယ်ထုဆစ်ထားသည့် အလှအပက သူ့နှလုံးသားကို မွေနှောက်သွားခဲ့သည်။
သူက သိကျွမ်းအောင်လုပ်ချင်စိတ်ကို မခုခံနိုင်တော့ပေ။
သို့ပေမယ့် ရှုယင်းရင် အမူအရာက လုံးဝ စိတ်ပျက်နေခဲ့သည်။
"ကျွန်မ စီနီယာအကိုလင်းရဲ့ ကြင်နာမှုကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်မက မိတ်ဆွေတစ်ယောက်ကို စောင့်နေလို့ သူက မကြာခင်ပြန်လာတော့မှာပါ..."
"အကိုတို့ သွားနှင့်ကြပါ..."
ရှုယင်းရင် အေးစက်စက်ငြင်းဆန်လိုက်ပြီး အတော်လေး စိတ်ပျက်နေခဲ့သည်။
ယခင် သူမ ဂျန်ဖန်း၊ နံပါတ် ၁ အရိပ်စောင့်တို့နှင့်ရှိစဥ်က ဘာကိုမှ သတိမထားမိပေ။
တစ်ယောက်တည်းခရီးထွက်လာသည့်အခါမှ လူငယ်အမျိုးသားတိုင်းဟာ သူမအသွင်အပြင်ကို တပ်မက်ပြီး ချွင်းချက်မရှိ ချည်းကပ်လာကြသည်။
ထိုအရာက ဂျန်ဖန်းနှင့် နံပါတ် ၁ အရိပ်စောင့်တို့ကို အဖိုးတန်စေ၏။
ဤကမ္ဘာကြီးရှိယောက်ျားတွေကို ဂျန်ဖန်း၊နံပါတ် ၁ အရိပ်စောင့်တို့ကတစ်ဖက် နှင့် အခြားသူတွေကတစ်ဖက်ဟူ၍ ခွဲခြားထားသလိုပင်။
လင်ဂုဟိုင်အကြည့်က ရှုယင်းရင်၏ ရင်သက်ရှုမောဖွယ်ခန္ဓာကိုယ်ပေါ်မှာရစ်ဝဲနေပြီး အကြည့်မလွှဲနိုင်ဖြစ်နေခဲ့သည်။
သူက သူ့ကိုယ်သူ အချစ်ရေး၌အတွေ့အကြုံရှိသည်ဟု ယူဆထားပြီး များစွာသောအမျိုးသမီးတွေ သူဆီကိုယ်တိုင်ပစ်ဝင်လာကြ၏။
သို့ပေမယ့် သူ့ရှေ့ကအလှလေးလို သူ့နှလုံးသားကိုလှုပ်ရှားစေနိုင်သည့်သူက ရှား၏။
နောက်ဆုံးတစ်ယောက်က လျိုချင်းရှန်ဖြစ်ပြီး ဂိုဏ်း ၉ ဂိုဏ်း၏ နံပါတ် ၁ အလှပိုင်ရှင်ဟု ချီးမြှင့်ခံထားရသူဖြစ်သည်။
"မင်းမိတ်ဆွေကဘယ်သူလဲ ပြောလေ။ ငါသိချင်သိမှာပေါ့..."
လင်းဂုဟိုင်မျက်လုံးတွေ အရောင်လက်သွား၏။
သူသဘောကျသည့်မိန်းခလေးတစ်ယောက်ကို ရှားရှားပါးပါးတွေ့ရတာဖြစ်သည်။
ဘယ်လိုလုပ် အလွယ်တကူလွတ်ပေးနိုင်မည်နည်း။
သေချာပေါက်ပင်။ တစ်ဖက်လူက ဂိုဏ်း၏တပည့်ကြီး ဒါမှမဟုတ် ဂိုဏ်းချုပ်၏ ထိပ်တန်းတပည့်ဆိုလျှင်....
သူ့ကိုယ်သူထိန်းပြီး ယဥ်ကျေးရမည်ဖြစ်သည်။
မဟုတ်လျှင်တော့...
ဤနေရာက အသင်္ချေဓားဂိုဏ်းဖြစ်ပြီး သူ,လင်ဂုဟိုင်၏နယ်မြေဖြစ်သည်။
ဘယ်လိုကိစ္စပဲရှိရှိ သူက ဤဂျူနီယာညီမနှင့် ရင်းနှီးသည့်ဆက်ဆံရေးတစ်ခုတည်ဆောက်ဖို့ ဂိုဏ်းကို ဖိတ်ခေါ်ရမည်ပင်။
အားသုံးတာကတော့, သဘာဝအတိုင်း မလုပ်ရဲပေ။
ဂိုဏ်းအကြီးအကဲနှင့် မြင့်မြတ်အကြီးအကဲတွေ စောင့်ကြည့်နေ၍ သူက ဂိုဏ်းဂုဏ်သတင်းထိခိုက်စေမည့် မည်သည့်အရာကိုမှမလုပ်ရဲပေ။
သို့ပေမယ့် ရတနာနှင့်အမြစ်တွေသုံးပြီး သူမနှလုံးသားကို အလွယ်တကူအနိုင်ရနိုင်၏။
အထူးသဖြင့် တိမ်စိမ်းဂိုဏ်းက ဆင်းရဲပြီး အောက်ဆုံးဂိုဏ်းတစ်ခုဖြစ်၏။
ထိုနေရာမှတပည့်အများစုကလည်း ဆင်းရဲကြ၏။
သူ အလွယ်တကူ ကြိုးကိုင်လို့ရတာဖြစ်သည်။
ရှုယင်းရင် ပါးစပ်ဖွင့်လိုက်ပြီး နံပါတ် ၁ အရိပ်စောင့်နာမည်ပြောဖို့ပြင်လိုက်ပေမယ့် သူမက သူ့အထောက်အထားအစစ်အမှန်ကို မသိတာ နားလည်လိုက်၏။
ထိုအရာကို မြင်သည့်အခါ လင်းဂုဟိုင် ရယ်လိုက်သည်။
သူမမိတ်ဆွေ၏ဂုဏ်သတင်းက သေးငယ်လွန်း၍ ဘယ်သူမှမသိမှာကြောက်နေသည်လား....
"ညီမ, ဒီလိုဆိုရင်ကောဘယ်လိုလဲ။ အကိုတစ်ယောက်ယောက်ကို ဒီနေရာမှာ ညီမမိတ်ဆွေလာတဲ့အထိ စောင့်ခိုင်းလိုက်မယ်လေ...."
"အဲ့အချိန်အတွင်း အသင်္ချေဓားဂိုဏ်းပတ်ဝန်းကျင်မှာ လမ်းလျှောက်စကားပြောကြတာပေါ့။ ညီမမိတ်ဆွေရောက်လာရင် အကိုတို့သူ့ကိုခေါ်လာခိုင်းလိုက်မယ်လေ။ ဘယ်လိုလဲ...."
ရှုယင်းရင်၏ခွင့်ပြုချက်ကို စောင့်မနေပဲ ဘေးရှိ အမျိုးသမီးတပည့်အနည်းငယ်ကို လက်ဟန်ခြေဟန်ပြလိုက်သည်။
သူတို့ ချက်ချင်းနားလည်သွားပြီး, တစ်ခစ်ခစ်ရယ်လျက် ဝိုင်းဝန်းဆွဲခေါ်တော့၏။
"လာပါ, ညီမလေးရယ်...."
"ဂျူနီယာမောင်လေးလင်းက ဘယ်တုန်းကမှ အခြားဂိုဏ်းက အမျိုးသမီးတွေကို ဖိတ်ခေါ်ဖူးတာမဟုတ်ဘူး...."
"ဟုတ်ပါတယ်, လာပါ, လာပါ...."
သူတို့က ရှုယင်းရင်ကို အသင်္ချေဓားဂိုဏ်းအတွင်း အားသုံးဆွဲခေါ်ကြတော့၏။
သူမက ကန့်ကွက်သည့်အနေဖြင့် အော်လိုက်ပေမယ့် သူတို့၏အသံက သူမအော်သံကို လုံးဝဖုံးလွမ်းထားခဲ့သည်။
ဖြတ်သွားဖြတ်လာများက သူတို့ စနှောက်နေသည်ဟုသာထင်ကြ၏။
"ရှုယင်းရင် ဝပ်လိုက်...."
ရှုယင်းရင် ဒေါသထွက်နေစဥ်မှာပဲ....
နံပါတ် ၁ အရိပ်စောင့်၏အသံ သူမနားထဲ ရုတ်တရက်ဝင်လာခဲ့သည်။
ကြေးနီကြေးခွံကင်းခြေများနက်နှင့် တိုက်ပွဲပြီးနောက် သူမနှင့် နံပါတ် ၁ အရိပ်စောင့်ကြား အပေးအယူအတော်မျှနေပြီဖြစ်သည်။
ထို့ကြောင့်, ပင်ကိုယ်သဘာဝအရ သူမက ဝပ်ချလိုက်သည်။
နောက်တစ်ခဏ၌....
အေးစက်မှုတွေ ထုတ်လွတ်နေသည့် ဓားချီလှိုင်းတစ်ခု ချက်ချင်းရောက်ရှိလာ၏။
အမျိုးသမီးတပည့်တွေ တုန့်ပြန်မှုနှေးကွေးလွန်း၍ ချက်ချင်းပဲ ဓားချီထိမှန်ကုန်သည်။
သူတို့အားလုံး လွင့်ပျံသွားပြီး နံရံနှင့်ဝင်ဆောင့်သွား၏။
ထိုအရာက အဆုံးသတ်မဟုတ်သေးပေ။
ဓားချီထဲရှိ အေးစက်မှုက အလျှင်အမြန်ပျံ့နှံ့သွားပြီး သူတို့ကို နံရံမှာအေးခဲစေကာ မလွတ်မြောက်နိုင်ကြတော့ပဲ ကြောက်လန့်တကြား ငိုယိုအော်ဟစ်ကြတော့၏။
ထိုမြင်ကွင်းက မျက်စိတစ်မိတ်အတွင်း ဖြစ်ပျက်သွားခြင်းဖြစ်သည်။
လင်းဂုဟိုင် တုန့်ပြန်ဖို့ အချိန်တောင်မရလိုက်ပေ။
သူက တုန်လှုပ်မှုကော ဒေါသပါ ခံစားလိုက်ရသည်။
အလျှင်အမြန်ပဲ နံရံရှိ အမျိုးသမီးတပည့်တစ်ယောက်ကို ဆွဲခွာဖို့ကြိုးစားလိုက်ပေမယ့် နာနာကျင်ကျင်အော်ဟစ်သံနှင့်သာ တွေ့ဆုံသွား၏။
သူမအောက်ကျလာသော်လည်း မျက်နှာရှိအရေပြားက အေးခဲမှုကြောင့် နံရံမှာကပ်နေခဲ့ကာ သွေးအလိမ်းလိမ်းဖြင့် ချက်ချင်း ရုပ်ပျက်ဆင်းပျက်ဖြစ်သွားခဲ့သည်။
ဂျန်ဖန်း ဓားပြန်သိမ်းပြီး အေးစက်စွာပြောလိုက်သည်။
"မင်း သူတို့ကို နံရံမှာ ခဏထားလိုက်တာပိုကောင်းမယ်...."
"ပထမက သူတို့မျက်နှာတွေ အကောင်းတိုင်းရှိဖို့...."
"ဒုတိယက, သူတို့ကို သင်ခန်းစာပေးဖို့...."
သူ့မျက်နှာက အနည်းငယ် အေးစက်နေပြီး မျက်လုံးထဲ၌ ဒေါသအရိပ်အယောင်တစ်ခု လင်းလက်သွား၏။