← Chapters

ကံမကောင်းသည့်နတ်ဆိုးအင်ပါယာသမီးတော်

Vol. 24 Ch. 324

ကံမကောင်းသည့်နတ်ဆိုးအင်ပါယာသမီးတော်

Vol. 24 Ch. 324

လင်ဂုဟိုင်ကို အမှန်တကယ်ပဲ ဒေါသထွက်၏။

သို့ပေမယ့် သူ့ကိုကူညီခဲ့သည့် ထိုအမျိုးသမီးတပည့်တွေကို ပို့လို့တောင် ဒေါသထွက်၏။

နေ့ခင်းကြောင်တောင် သူတို့က တကယ်ပဲ တစ်စုံတစ်ယောက်ကို ပြန်ပေးဆွဲနေခဲ့သည်။

သူသာအချိန်မှီပြန်ရောက်မလာလျှင် ရှုယင်းရင်း သူတို့လက်ထဲမှာ ကျရောက်သွားမည်ဖြစ်သည်။

ထို့ပြင် ဤအရာက အသင်္ချေဓားဂိုဏ်းတောင်ခြေမှာဖြစ်၏။

ဤကဲ့သို့ကိစ္စမျိုးဖြစ်တာ မယုံနိုင်စရာပေ။

လင်ဂုဟိုင်း အံ့သြမှုကော ဒေါသပါခံစားရပြီး အော်ဟစ်လိုက်သည်။

"မင်းဘယ်လိုတောင် အသင်္ချေဓားဂိုဏ်းတပည့်တစ်ယောက်ကို တိုက်ခိုက်ရဲရတာလဲ...."

ဂျန်ဖန်း အေးစက်စွာနှာမှုတ်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

"မင်းတို့ ဘယ်ကလူရမ်းကားတွေလဲ။ အသင်္ချေဓားဂိုဏ်းတပည့်တွေလို့ ဟန်ဆောင်ရဲတယ်...."

"နေ့ခင်ကြောင်တောင်ကြီး, အမျိုးသမီးတစ်ယောက်ကို ပေါ်တင်ကြီးပြန်ပေးဆွဲနေတယ်...."

"မင်းတို့က အသင်္ချေဓားဂိုဏ်းကို မျက်လုံးထဲမထည့်တာလား..."

သူက ပြတ်ပြတ်သားသားပဲ အသံမြှင့်လိုက်၏။

ထိုအရာက ဖြတ်သွားဖြတ်လာတွေ၏အသံကိုဆွဲဆောင်သွားပြီး အားလုံး အံ့သြသွားကြသည်။

ပထမ၌ သူတိုက ကတောက်ကဆဖြစ်သည်ဟုထင်ထားခဲ့သည်။ သို့ပေမယ့် လက်စသတ်တော့ အမျိုးသမီးတစ်ယောက်ကို ပြန်ပေးဆွဲနေတာဖြစ်နေခဲ့သည်။

ထို့ပြင် သူတို့က အသင်္ချေဓားဂိုဏ်းတပည့်တွေလို့တောင် ဟန်ဆောင်ရဲ၏။

သေချင်နေကြသည်လား....

သိုင်းပညာရှင်များစွာ သူတို့အင်္ကျီလက်တွေ ဝှေ့ယမ်းပြီး လျှောက်လမ်းလာကြသည်။

လင်ဂုဟိုင်မျက်နှာ အေးခဲသွားပြီး အလျှင်အမြန်အော်ပြောလိုက်သည်။

"ဘယ်သူက ဟန်ဆောင်နေလို့လဲ? ငါနာမည်လင်ဂုဟိုင်, အသင်္ချေဓားဂိုဏ်း ဂိုဏ်းချုပ်လက်အောက်က တပည့်တစ်ယောက်ကွ...."

"ဒါ ငါ့အထောက်အထားတုံကင်ပဲ...."

သူက အထောက်အထားတုံကင်ကို မြင့်မြင့်မြောက်ပြီး ပတ်ဝန်းကျင်ရှိလူတိုင်းကို ပြလိုက်သည်။

ဂျန်ဖန်း နားလည်သွားဟန်ဖြင့်...

"သြော်, မင်းကတကယ်ပဲ အသင်္ချေဓားဂိုဏ်း တပည့်တစ်ယောက်ပဲ...."

"ဘာလဲ, မင်းဆရာက မင်းကို နေ့ခင်းကြောင်တောင် အမျိုးသမီးတွေကို အတင်းအဓမ္မခေါ်သွားရမယ်လို့ သင်ပေးထားတာလား..."

သူသည် ခံရခက်သောစွပ်စွဲချက်များဖြင့် သူ့အပေါ် ဆက်တိုက်ပုံချနေခဲ့သည်။

ထိုအရာကို မည်သူက ခံနိုင်မည်နည်း။

လင်ဂုဟိုင် ဒေါသလည်းထွက် စိတ်လည်းပျက်နေပြီး ပြေလိုက်သည်။

"အဓိပ္ပာယ်မရှိတာ။ ငါက ဒီကဂျူနီယာညီမကို အသင်္ချေဓားဂိုဏ်းဆီ ဖိတ်ခေါ်နေရုံပဲ..."

ထိုအခိုက်အတန့်၌, ရှုယင်းရင် လွတ်မြောက်သွားပြီဖြစ်သည်။

သူမက ဂျန်ဖန်းဘေးအလျှင်အမြန် ပြန်ပြေးလာပြီး သူ့လက်မောင်းကို တင်းကြပ်စွာကိုင်ကာ ကြောက်လန့်သည့်အမူအရာဖြင့် ပြောလိုက်သည်။

"ငါ သူ့နဲ့လိုက်ဖို့ သဘောမတူခဲ့ဘူး...."

"နင်...နင်တို့က ငါ့ကို အတင်းဆွဲခေါ်ကြတာ..."

"ကျွန်မကိုခေါ်သွားပြီး ဘာလုပ်ချင်လဲဆိုတာ ဘုရားပဲသိမှာ...."

နစ်နာသူတစ်ဦးအနေဖြင့် သူမစကားတွေက အလေးနက်ဆုံးဖြစ်နေခဲ့သည်။

စကားအနည်းငယ်ဖြင့် ကြည့်ရှုနေသူတွေ၏ဒေါသကို လုံးဝလှုံ့ဆော်ပေးလိုက်သည်။

"ရဲတင်းလိုက်တာ, အသင်္ချေဓားဂိုဏ်းတပည့်ကြီးက လူမြင်ကွင်းမှာ အမျိုးသမီးတစ်ယောက်ကို အတင်းအဓမ္မခေါ်ဆောင်နေတာလား...."

"တရားမျှတမှုဆိုတာကော ရှိသေးရဲ့လား..."

"သူတို့က တိမ်စိမ်းဂိုဏ်းအမျိုးသမီးတပည့်တစ်ယောက်ကိုတောင် ဒီလိုမျိုး ဆက်ဆံရဲတယ်ဆိုရင်, ငါတို့လို အထက်တန်းလွှာမိသားစုနဲ့ တစ်ကိုယ်တော်ကျင့်ကြံသူအမျိုးသမီးတွေဆိုရင်ကော။ ငါတို့က ပိုလို့တောင် အန္တရာယ် မများဘူးလား..."

"သူ့တပည့်ကို ဘယ်လိုသင်ပေးထားလဲဆိုတာ အသင်္ချေဓားဂိုဏ်းသခင်ကို ခုချက်ချင်းမေးရမယ်..."

ယနေ့၌ အသင်္ချေဓားဂိုဏ်းပတ်ဝန်းကျင်၌ ပြင်ပဂိုဏ်းသားတွေ အတော်များ၏။

ဂိုဏ်းအသီးသီးမှ အချို့စီနီယာကျွမ်းကျင်သူတွေတောင် ပါဝင်၏။

သူတို့က အသင်္ချေဓားဂိုဏ်းတပည့်တွေ သူတို့ပိုင်နက်ဖြစ်ရုံဖြင့် လူငယ်မျိုးဆက်ကို အနိုင်ကျင့်နေတာ သည်းမခံနိုင်ပေ။

ထိုအရာက လင်းဂုဟိုင်မျက်နှာကို တွန့်လိမ်သွားစေပြီး အလျှင်အမြန်ရှင်းပြလိုက်သည်။

"အဲ့လိုမဟုတ်ပါဘူး...."

"တကယ်အဲ့လိုမဟုတ်ပါဘူး။ ငါက ဒီဂျူနီယာညီမကို အသင်္ချေဓားဂိုဏ်းဆီ ဖိတ်ခေါ်ချင်ရုံပါ..."

"ဂိုဏ်းချုပ်၊ အကြီးအကဲတွေနဲ့ မြင့်မြတ်အကြီးအကဲတွေအားလုံး စောင့်ကြည့်နေကြတာ, ငါ ဘယ်လိုလုပ် သူမကို မကောင်းတဲ့စိတ်ထားရဲမှာလဲ...."

သူက အမှန်တကယ်ပင် မတရားခံရသည်ဟု ခံစားလိုက်ရသည်။

သို့ပေမယ့် လူအုပ်က ဂရုမစိုက်ပေ။

"သူ့ကို ခေါ်သွားပြီးရင် မင်းဘာလုပ်မလဲဆိိုတာ ဘယ်သူသိမှာလဲ...."

"ယခု, မင်းက လူမိသွားပြီဆိုတော့, သေချာပေါက် ဒီလိုပဲ ပြောမှာပေါ့။ မင်းသာမမိဆိုရင်, ဒီအမျိုးသမီးတပည့်က ကျားဂူထဲရောက်သွားမှာမလား...."

"မင်းဘာပဲပြောပြော, ပြန်ပေးဆွဲတယ်ဆိုကထဲက မင်းမှာ မကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိနေလို့ပဲ..."

"သွားစို့, အတူတူသွားပြီး အသင်္ချေဓားဂိုဏ်းဆီက ဖြေရှင်းချက်တောင်းရမယ်...."

သိုင်းပညာရှင်များစွာ အသင်္ချေဓားဂိုဏ်းဆီ ဦးတည်သွားကြတော့၏။

ကိစ္စတွေ ထိုကဲ့သို့ဖြစ်လာတာမြင်တော့ လင်းဂုဟိုင် အဆုံးမရှိနောင်တရသွား၏။

သူထင်ခဲ့တာက ဤတိမ်စိမ်းဂိုဏ်းမှဂျူနီယာညီမက အလယ်တကူအနိုင်ကျင့်ရသည်ဟူ၍ပင်။

သို့ပေမယ့် သူမအဖော်က ဤမျှလောက်ထိ ဉာဏ်များနေမည်ဟု မည်သူသိမည်နည်း။

စကားအနည်းငယ်ဖြင့်, သူ့အပေါ် ခံရခက်သည့် ခေါင်းစဥ်ကြီးတပ်ပေးလိုက်သည်။

သူက သေချာပေါက် အဆူခံရတော့မည်ပင်။

ထိုအရာကိုတွေးပြီး ဂျန်ဖန်းကို ဒေါသတကြီး ကြည့်လိုက်သည်။

"မင်းစောင့်နေ..."

"မင်းမှာသတ္တိရှိရင်, အသင်္ချေဓားဂိုဏ်းထဲဝင်မလာခဲ့နဲ့၊ မဟုတ်ရင် မင်းနောင်တရသွားအောင် ငါလုပ်ပြမယ်...."

သူက ချက်ချင်းလက်စားချေပြီး ဂျန်ဖန်းကို အပြင်းအထန်သင်ခန်းစာပေးချင်နေ၏။

သို့ပေမယ့်, ကြည့်ရှူသူအားလုံး သူ့ကို စိုက်ကြည့်နေကြသည်။

သူသာလှုပ်ရှားလျှင် ဂျန်ဖန်းကို ကူညီမည့်လူအများကြီးရှိိနေမည်ဖြစ်သည်။

ထို့ပြင်, လူအုပ်ကြီးတစ်ခုက တိုင်ကြားဖို့ အသင်္ချေဓားဂိုဏ်းသခင်ဆီသွားနေ၍ သူဘယ်လိုလုပ် ကြန့်ကြာရဲမည်နည်း။

ထိုစကားတွေကို အမြန်ပြောပြီး ဒေါသတကြီး ထွက်သွားတော့သည်။

ဖူး..

သူအရှက်ရပြီးထွက်သွားတာမြင်တော့ ရှုယင်းရင် မနေနိုင်ပဲ ရယ်လိုက်ပြီး စနောက်သည့်အမူအရာဖြင့် ပြောလိုက်သည်။

"စောနက ငါဘယ်လိုလဲ...."

နစ်နာသူဖြစ်သည့် သူမ၏စကားအနည်းငယ်ကြောင့်သာမဟုတ်လျှင် ပွဲကြည့်သူတွေ ဤလောက်ထိ ဒေါသထွက်သွားမည်မဟုတ်ပေ။

ဂျန်ဖန်း သူ့နှာခေါင်းကိုထိလိုက်ပြီး အမြဲလေးနက်သည့်ရှုယင်းရင်၌ ဤကဲ့သို့စနောက်တတ်သည့်ဘက်ခြမ်းရှိနေမည်ဟု မျှော်လင့်မထားခဲ့ပေ။

သူက ပေါ့ပေါ့ပါးပါးချောင်းဟန့်ပြီး ပြောလိုက်သည်။

"မင်းက ရယ်နိုင်သေးတယ်နော်..."

"သူခြိမ်းခြောက်သွားတာမကြားဘူးလား။ ငါတို့ကို ဓားသစ်တောမှာ ပြန်းပေးဆပ်အောင်လုပ်မယ်တဲ့လေ...."

ရှုယင်းရင်း နှုတ်ခမ်းစူလိုက်သည်။

"အခုဆို သူ့ကိုယ်သူတောင်မကွာကွယ်နိုင်တာ, ဘယ်လိုလုပ် ငါတို့ကို လက်စားချေဖို့ အခွင့်အရေးရှိမှာလဲ...."

"ဒါ့ပြင်...."

သူမ၏လှပသည့်မျက်လုံးတွေက ဂျန်ဖန်းကို စိုက်ကြည့်လိုက်ပြီး အတော်လုံခြုံသည့်ခံစားချက်ကို ခံစားနေရ၏။

"နင်ရှိတာပဲလေ....."

သူမကို နံပါတ် ၁ အရိပ်စောင့် ဘယ်နှစ်ခါကယ်ခဲ့လဲဆိုတာ မမှတ်မိတော့ပေ။

အချိန်တိုင်း, ထိခိုက်မှုတစ်စုံတစ်ရာမရှိပဲ လွတ်မြောက်ခဲ့၏။

ထိုအရာက သူမကို "သူမသာသူနှင့်ရှိနေလျှင် လုံခြုံသည်" ဆိုသည့် ခံစားချက်မျိုး ပေးစွမ်းနေ၏။

ဂျန်ဖန်း ဆွံ့အသွားပြီး ပြောလိုက်သည်။

"မင်းခွန်အားတိုးမြှင့်ဖို့ နေရာတစ်ခုရှာတာ ပိုကောင်းတယ်...."

"ခွန်အားကြီးလာမှ ကိုယ့်ကိုယ့်ကို ပိုပြီး ကာကွယ်လာနိုင်မှာ...."

မကြာမီ...

သူတို့နှစ်ယောက်က မြို့ထဲက တည်ခိုခန်းတစ်ခုကို ရောက်လာခဲ့သည်။

ဂျန်ဖန်း ပထမဦးစွာ သူမအား အကြီးအကဲလင်ဂျင်ဟူ၏ ကျင့်စဥ်နည်းစနစ် နားလည်အောင် ကူညီပေးခဲ့သည်။

ထို့နောက် "ငန်းအရိပ်ခြေလှမ်း"နှင့်ပတ်သက်ပြီး နောက်ထပ်ကူညီပေးခဲ့သည်။

သူမ၏ လှုပ်ရှားမှုနည်းစနစ်အခြေခံ၊ ဂျန်ဖန်း၏ဂရုတစိုက်လမ်းညွှန်မှုတို့ဖြင့် ပထမအဆင့်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့၏။

တိုက်ခိုက်ရေးနည်းစနစ်အတွက်တော့, ဂျန်ဖန်း တစ်ခဏ မဆုံးဖြတ်နိုင်သေးပေ။

သူလေ့ကျင့်သည့် မြေမ္ဘာအဆင့်နည်းစနစ်အနည်းငယ်က အလွန်ခက်ခဲရုံသာမက သူ့အထောက်အထားပါ ပေါ်သွားနိုင်၏။

အခြားဟာတွေကြတော့ အစွမ်းသိပ်မထက်ပေ။

သူက ထိုကိစ္စကို ယာယီဘေးဖယ်ထားရုံသာ တတ်နိုင်၏။ သင့်တော်သည့်နည်းစနစ်တစ်ခုတွေ့မှ ရှုယင်းရင်ကို သင်ပေးရမည်ဖြစ်သည်။

ရှုယင်းရင် တရားထိုင်ပြီး ကျင့်ကြံသည့်အခြေအနေဝင်ရောက်သွားသည့်အခါ....

ဂျန်ဖန်း သူ့အခန်းပြန်လာပြီး တံခါးနှင့်ပြတင်းပေါက်တွေ ပိတ်လိုက်သည်။

ထို့နောက် မြေကမ္ဘာအလယ်အလတ်အဆင့် "အဆိပ်ကိုးပါးစစ်မှန်ကျမ်း"ကို ထုတ်ယူပြီး နားလည်ဆင်ခြင်လိုက်သည်။

ဂျန်ဖန်းအတွက်တောင် ထိုအရာက နားလည်ဖို့ခက်ခဲ၏။

နာရီများစွာ ကြာပြီးနောက်, သူက သဘောကျသည့်အမူအရာပြသလာပြီး ပြောလိုက်သည်။

"ဒီနည်းစနစ်ကို ဖန်တီးခဲ့တဲ့စီနီယာက တကယ့်ဉာဏ်ကြီးရှင်ပဲ..."

"သူက အဆိပ်ပြင်းနတ်ဆိုးသားရဲတွေကို အတုယူပြီး အဆိပ်လုံးတစ်ခုဖန်တီးခဲ့တာကိုး..."

"အသုံးပြုတဲ့အခါမှာ အဆိပ်လုံးကထွက်လာတဲ့ များပြားတဲ့အဆိပ်ပမာဏတွေက စိတ်ဝိညာဥ်စွမ်းအင်နဲ့ပေါင်းစပ်ပြီး ရန်သူကို အဆိပ်မိစေတယ်..."

"ဒါက ခုခံရေးနဲ့ တိုက်ခိုက်ရေးနှစ်မျိုးလုံးလို့ ယူဆလို့ရတယ်..."

နည်းစနစ်ကို နားလည်သွားပြီပင်။

နောက်တစ်ခုက အဆိပ်ပြင်းကို မျိုချဖို့ဖြစ်သည်။

သူက အဆိပ်နဂါးရိုးတွင်းချင်ဆီကို ထုတ်ယူလိုက်သည်။ ပြင်းထန်သည့်အဆိပ်က ကျောက်စိမ်းပုလင်းမှထွက်ပေါ်လာသည်နှင့် သူ့ကို မူးဝေသွားစေခဲ့သည်။

ထိုအရာ ဘယ်လောက်အဆိပ်ပြင်းတယ်ဆိုတာ ပြသနေတာပဲဖြစ်သည်။

တစ်ပုလင်းလုံးမျိုချခြင်းဖြင့် ပထမအဆင့်ကိုကျင့်ကြံနိုင်၏။

သို့ပေမယ့် တိုက်ရိုက်မျိုးချလိုက်လျှင် ဖြုန်းတီးရာရောက်မည်ဖြစ်သည်။

စိတ်ဝိညာဥ်ဆေးလုံးအဖြစ်သန့်စင်ခြင်းဖြင့် ၎င်း၏အဆိပ်ကို ပိုကောင်းကောင်း ထိန်းထားနိုင်မည်ဖြစ်သည်။

"ဒါပေမယ့်, ဒီဆေးလုံးကို ဒီနေရာမှာသန့်စင်မယ်ဆိုရင် ပြဿနာတက်နိုင်တယ်...."

ဂျန်ဖန်း အတော်လေး စိုးရိမ်နေ၏။

အဆုံးမှာတော့, ဤအရာက အဆိပ်နဂါးရိုးတွင်းချင်ဆီဖြစ်သည်။

ဆေးဖော်စပ်နေချိန် ဆေးရနံ့အချို့လွတ်မြောက်သွားမှာ မလွဲမသွေပင်။

တစ်ယောက်ယောက်ရှူမိလျှင် သေသွားနိုင်၏။

စည်ကားသည့်မြို့လယ်ခေါင်ဖြစ်နေ၍ သူမပေါ့ဆရဲပေ။

ပြတ်ပြတ်သားသားပဲ တည်းခိုဆောင်မှထွက်ခွာလာကာ မြို့မြောက်ဘက်စွန်းလူသူကင်းမဲ့သည့်နေရာကို ဦးတည်လိုက်ပြီး စွန်ပစ်ထားသည့်ဘုရားကျောင်းကြီးထဲမှာ အခြေချလိုက်သည်။

ပတ်ဝန်းကျင်၌မည်သူမှမရှိတာသေချာသည့်အခါ သူက အဆိပ်ဆေးလုံးကို စတင်သန့်စင်တော့၏။

အချိန်ဘယ်လောက်ကုန်သွားလဲ မသိပေ။

ဘုရားကျောင်းအပြင်ဘက်၌ အနီဝတ်မိန်းခလေးတစ်ယောက် ဖုန်တွေပေကျံနေကာ မြေအောက်မှ ခိုးကြောင်ခိုးဝှက်ထွက်လာခဲ့သည်။

သူမက သန်းဝေပြီး အညောင်အညာဆန့်လိုက်သည်။

"လူသားတွေရဲ့ နေ့ဘက်အလုပ်လုပ်တဲ့ လူနေမှုပုံစံက ကျင့်သားရဖို့ တကယ်ခက်တာပဲ...."

လူသားတွေကြား၌ ရက်ပေါင်းများစွာနေထိုင်ပြီးနောက် သူမက နေ့အချိန်မှာ မအိပ်ရတော့ပေ။

ယနေ့မြို့တွင်းကိုဝင်ရောက်ပြီးနောက် လူသူကင်းမဲ့သည့်နေရာတစ်ခုရှာကာ ကောင်းကောင်းအိပ်စက်နေခဲ့သည်။

ကျယ်ပြောသည့်ညကောင်းကင်ကိုကြည့်ပြီး သူမက အတော်လေး သက်တောင့်သက်သာရှိနေခဲ့သည်။

"အခု, ဂိုဏ်း ၉ ဂိုဏ်းက ပါရမီရှင်တပည့်တွေ ဘယ်လောက်ရောက်နေပြီလဲ သွားစစ်ကြတာပေါ့...."

"မနက်ဖြန်ဓားသစ်တောကျရင်, ငါသူတို့အကုန်လုံးကို သတ်ပစ်မယ်။ ဟ...ဟ..."

သူမ ကိုယ့်ဘာသာရေရွတ်နေစဥ်မှာပဲ...

ရုတ်တရက်, နောက်ရှိ ဘုရားကျောင်းပျက်ထဲမှ မီးတောက်တစ်ခု ကောင်းကင်ပေါ်ထိုးတက်သွား၏။

ခရမ်းနက်ရောင်အငွေ့စီးကြောင်းတစ်ခုလည်း ကောင်းကင်သို့တိုးဝင်သွား၏။

သူမ ကြောင်သွား၏။

"အဲ့တာ ဘာလဲ...."

"ဘုရားကျောင်းထဲမှာ တစ်ယောက်ယောက်ရှိနေတာလား....."

သူမမျက်လုံးတွေ ဝေ့ဝဲသွားပြီး တိတ်တဆိတ် ဘုရားကျောင်းတံခါးဝကို ချဥ်းကပ်လားခဲ့သည်။

ကြည့်လိုက်သည့်အခါ ကျိုပဲ့နေသည့်ဗုဒ္ဓရုပ်ထုအောက်၌...

အတော်လေးရင်းနှီးသည့်ပုံရိပ်တစ်ခုကို မြင်လိုက်ပြီး ပတ်ဝန်းကျင်မှာ ဆေးရနံ့အနည်းငယ်ရှိနေခဲ့သည်။

"ဒါ ဆေးဖော်စပ်နေတာလား...."

ဤအရာက လူသားဝိညာဥ်သခင်တစ်ယောက် ဆေးဖော်စပ်နေတယ်ဆိုတာ သူမသိလိုက်၏။

"ငါကြားဖူးတာတော့ လူသားစိတ်ဝိညာဥ်ဆေးလုံးတွေက ထူးခြားတဲ့အာနိသင်တွေရှိတယ်တဲ့...."

"အများစုက နတ်ဆိုးသားရဲတွေအတွက် အတော်အကျိုးရှိတယ်ဆိုပဲ..."

ထိုအရာကိုတွေးပြီး တိတ်တဆိတ် အနားချည်းကပ်သွား၏။

မည်သူသိမည်နည်း။ ထိုအခိုက်အတန့်၌...

ကောင်းကင်ပေါ်ထိုးတက်နေသည့် အငွေ့တန်းက ရုတ်တရက် အရပ်မျက်နှာအသီးသီးကို ပျံ့နှံ့သွား၏။

သူမ မရှောင်တိမ်းနိုင်ပဲ အငွေတွေဖြင့် ဖုံးလွမ်းခံလိုက်ရပြီး ပြင်းထန်သည့်အဆိပ်တွေ နှာခေါင်းနှင့်ပါးစပ်မှတစ်ဆင့် ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားခဲ့သည်။

ထိုအခါ ပြင်းထန်သည့်မူးဝေမှုတစ်ခုက သူမကို လွမ်းမိုးလာခဲ့သည်။

ဇဝေဇဝါဖြင့်မျက်တောင်ခတ်ရင်း ပြောလိုက်သည်။

"ငါ အဆိပ်မိသွားတာလား..."

"ဘာလို့ လူတစ်ယောက်က ညသန်းခေါင်ကြီး အဆိပ်ဆေးလုံးသန့်စင်နေရတာလဲ...."

"ငါက လမ်းကြုံလို့ သိချင်စိတ်နဲ့လာကြည့်တာ...."

သူမအမြင်တွေ မဲမှောင်သွားပြီး လဲကျသွားခဲ့သည်။

All Chapters