← Chapters

ငါမင်းကိုတာဝန်ယူပါ့မယ်

Vol. 24 Ch. 325

ငါမင်းကိုတာဝန်ယူပါ့မယ်

Vol. 24 Ch. 325

သူနောက်မှ လုပ်ရှားသံကြားသည့်အခါ...

ဂျန်ဖန်း ခေါင်းလှည့်ကြည့်လိုက်ပြီး ထိတ်လန့်သွား၏။

"အာ?, ဘယ်လိုလုပ် ဒီနေရာမှာ တစ်ယောက်ယောက်ရှိနေတာလဲ...."

သူ့အမူအရာ ပြောင်းလဲသွား၏။

အလျှင်အမြန်ပဲ ဖော်စပ်ထားသည့် အဆိပ်ဆေးလုံးတွေကို သိမ်းပြီး စစ်ဆေးဖို့ အပြေးသွားလိုက်သည်။

အပြစ်မဲ့လူတစ်ယောက် သူကြောင့် အဆိပ်မိသေသွားလျှင် ကြီးမားသည့်ပြစ်မှုတစ်ခုဖြစ်မည်ဖြစ်သည်။

အနားရောက်လာသည့်အခါ ဂျန်ဖန်း အံ့အားသင့်သွား၏။

"ဒါ အဲ့ဒီနားလည်ရခက်တဲ့ မိန်ခလေးမလား..."

သူက သူမကို ချက်ချင်းမှတ်မိလိုက်၏။ မြို့ဂိတ်မှာ သူ့အပေါ်ရန်လိုပြီး နာမည်မေးသည့်တစ်ယောက်ပင်။

သူမ၏စွဲမက်ဖွယ်အသွင်အပြင်က သိသာလှ၏။

သူမဘယ်သူပဲဖြစ်ဖြစ် လူအသက်တစ်ချောင်းက အရေးပေါ်အခြေအနေရောက်နေ၍ ဂျန်ဖန်း အလျှင်အမြန်စစ်ဆေးလိုက်သည်။

ခဏကြာတော့ သက်သာယာရစွာ သက်ပြင်းရှည်ကြီးချလိုက်သည်။

"ကံကောင်းလို့, သူမက အဆိပ်မိပြီး သတိမေ့သွားရုံပဲ..."

"ဒဏ်ရာအပြင်းအထန်ရမသွားဘူး...."

"ကြည့်ရတာ သူမက အဆိပ်ကို အတော်လေးခုခံနိုင်ပုံရတယ်..."

သူသန့်စင်သည့် အဆိပ်နဂါးရိုးတွင်းချင်ဆီက ကြောက်စရာအဆင့်ရှိ အဆိပ်ငွေ့ကို ထုတ်လွတ်ခဲ့သည်။

ထိုအရာက ပုလင်းထဲမှ အနံ့ခံခြင်းထက် ပို၍အန္တရာယ်များ၏။

အခြေခံတည်ဆောက်ခြင်းအဆင့် တစ်စုံတစ်ယောက်သာရှူမိလျှင် ပြင်းထန်သည့်အဆိပ်သင့်မှုကို ခံစားရနိုင်ချေရှိ၏။

ချီကျင့်ကြံခြင်းအဆင့်ဆိုလျှင်တော့ နေရာတင်ပဲ သေသွားမည်ဖြစ်သည်။

ဤမိန်းခလေးက သတိမေ့ရုံမေ့သွားသည့်အတွက် သူမရုပ်ခန္ဓာထူးခြားတာ သိသာလှ၏။

ဒါပေါ့၊ ဂျန်ဖန်း ထိုအကြောင်းကို အသေးစိတ် စဥ်းစားဖို့ မကြိုးစားပေ။

သူက သူမကို အနီးနားရှိ အမွေးတိုင်စားပွဲပေါ်သယ်သွားလိုက်သည်။

ထို့နောက် သူမနိုးလာတာကိုစောင့်ရင်း အဆိပ်နဂါးရိုးတွင်းချင်ဆီမှသန့်စင်ထားသည့် အနက်ရောင်ဆေးသုံးလုံးကို ထုတ်ယူကာ တစ်လုံးမျိုချလိုက်သည်။

ပြင်းထန်ပူလောင်သည့် နာကျင်မှုက လျှာမှ ဝမ်းဗိုက်ထဲထိပျံ့နှံ့သွားပြီး သူ့ကို အထိန်းကွပ်မဲ့တုန်ယင်သွားစေခဲ့သည်။

သူက ဆေးလုံးထဲရှိအဆိပ်တွေ ပေါက်ကွဲထွက်လာဖို့ စောင့်မနေပေ။

ချက်ချင်းပဲ အဆိပ်ကိုးပါးစစ်မှန်ကျမ်းကိုလည်ပတ်ပြီး ဆေးလုံးမှအဆိပ်တွေကို အလျှင်အမြန်စုပ်ယူလိုက်သည်။

ထိုအရာ သူ၏ဒန်တန်ထဲ၌ ပဲ့စေ့အရွယ် ဆေးလုံးပုံစံတစ်ခု သိသာစွာစတင်ဖွဲ့စည်းလာခဲ့သည်။

ထိုအရာက အဆိပ်လုံးပင်။

ဆေးလုံးမှထွက်လာသမျှ အဆိပ်အားလုံး ၎င်း၏စုပ်ယူမှုကိုခံလိုက်ရပြီး ဂျန်ဖန်းခန္ဓာကိုယ်ကို မထိခိုက်စေတော့ပေ။

အလျှင်အမြန်ပဲ....

စိတ်ဝိညာဥ်ဆေးလုံးထဲရှိအဆိပ်အားလုံး စုပ်ယူခံလိုက်ရ၏။

ဂျန်ဖန်း နောက်တစ်လုံး ထုတ်ယူလိုက်သည်။

ဤတစ်ချိန်၌, အဆိပ်လုံး၏ စုပ်ယူမှုနှုန်းက အများကြီးပိုနှေးသွား၏။

စိတ်ဝိညာဆေးလုံးထဲရှိ အဆိပ်အားလုံးစုပ်ယူပြီးဖို့ အချိန် ၂ ရာတိတိ ယူလိုက်ရ၏။

ဤအခိုက်အတန့်၌, အဆိပ်လုံးက အနက်ရောင်တောက်ပနေပြီး ကြွေထည်တစ်ခုကဲ့သို့ဖြစ်နေ၏။

နောက်ဆုံးအဆိပ်စိတ်ဝိညာဥ်ဆေးလုံးကိုကြည့်ပြီး ဂျန်ဖန်း သိမ်းဆည်းလိုက်သည်။

"အဆိပ်စိတ်ဝိညာဥ်ဆေးနှစ်လုံးက အခုလက်ရှိ ငါ့ကန့်သတ်ချက်ကို ရောက်နေပြီ...."

သူက မတ်တပ်ရပ်လိုက်၏။

ထို့နောက် ရှေ့ရှိ ဗုဒ္ဓရုပ်ဆီ လက်ဝါးတစ်ချက်ထုတ်လွတ်လိုက်သည်။

ရှဲ...ရှဲ...

လက်ဝါးရာမှ ပြင်းထန်သည့်တိုက်စားသံတွေ ထွက်ပေါ်လာပြီး မျက်စိဖြင့်မြင်နိုင်သည့်အဆိပ်မျှင်တွေက ရွံ့ရုပ်ကိုတိုက်စားသွား၏။

ခဏကြာပြီးနောက် တစ်ပေလောက်နက်သည့်ချိုင့်ကြီးတစ်ခုပေါ်လာခဲ့သည်။

ဂျန်ဖန်း သဘောကျစွာဖြင့် စုပ်သပ်လိုက်၏။

ထိုအရာသာ လူတစ်ယောက်ကို ထိမှန်သွားလျှင် အလယ်အလတ်အဆင့် ခုခံရေးမှော်ရတနာတောင် ခုခံနိုင်မည်မဟုတ်ပေ။

ဤအဆိပ်နည်းစနစ်က သူစိတ်ကူးထားတာထက် များစွာပိုအစွမ်းထက်နေခဲ့သည်။

မျှော်လင့်မထားသည့်အချိန်မှာသုံးလျှင် ရန်သူကို ကြီးစွာဒုက္ခရောက်စေမည်ဖြစ်သည်။

သူ့မျက်လုံးတွေပျော်ရွင်မှုကြောင့်တောက်ပသွား၏။ ဤအရာက မျှော်လင့်မထားသည့် ရရှိမှုပင်။

သို့ပေမယ့်....

အဆိပ်ကိုးပါးစစ်မှန်ကျမ်းကိုလေ့ကျင့်တာပဲဖြစ်ဖြစ်၊ အဆိပ်စိတ်ဝိညာဥ်ဆေးလုံးပဲဖြစ်ဖြစ်....

ထိုအရာတွေက သူ၏ပန်းတိုင်မဟုတ်ပေ။

ခြေချိတ်ပြန်ထိုင်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။

ထို့နောက် ခန္ဓာကိုယ်ထဲရှိအဆိပ်လုံးကိုထိန်းချုပ်ကာ အဆိပ်တွေကိုဖြည်းညင်းစွာထုတ်လွတ်လိုက်၏။ ၎င်းတို့က သွေးကြောထဲကိုလှည့်ပတ်သွားပြီး အရိုး၊ ကိုယ်တွင်းအင်္ဂါနှင့် အသားထဲကို ကျူးကျော်ဝင်ရောက်သွားကြသည်။

ပြင်းထန်သည့်နာကျင်မှုက နောက်မှလိိုက်ပါလာ၏။

သို့ပေမယ့် ခန္ဓာသန့်စင်မှုက ဤကဲ့သို့ပင်ဖြစ်သည်။

ရုပ်ပိုင်းဆိုင်ရာနာကျင်မှုမရှိပဲနှင့် ပြာပုံထဲမှပြန်မွေးဖွားဖို့ ခက်၏။

ကံကောင်းစွာဖြင့် လက်ရှိ၌ အဆိပ်လုံးရှိနေ၍ သူက အဆိပ်ပမာဏကိုထိန်းချုပ်နိုင်ပြီး များပြီးသေမှာမစိုးရိမ်ရသလို နည်းပြီးအာနိသင်မရှိမှာကိုလည်း စိုးရိမ်စရာမလိုပေ။

သူက ပြင်းထန်သော်လည်း အန္တရာယ်မရှိသည့် လှုံ့ဆော်မှုကို ထိန်းသိမ်းထားခဲ့ပြီး ခန္ဓာကိုယ်က အပြင်းအထန် ညင်းပန်းနှိပ်စက်ခံနေရ၏။

ခဏကြာပြီးနောက်, သူ့ခန္ဓာကိုယ်တစ်ခုလုံး ချွေတွေစိုဆွဲနေပြီး မချိမဆံ့နာကြင်မှုကြောင့် အံကြိတ်သံတွေ ထွက်ပေါ်နေခဲ့သည်။

မျက်နှာကလည်း ပြင်ထန်သည့်နာကျင်မှုကြောင့် တွန့်လိမ်နေခဲ့သည်။

ဤဖြစ်စဥ်က အာရုံမတက်ခင်ထိ ဆက်ဖြစ်နေခဲ့သည်။

ဤအခိုက်အတန့်၌, ဂျန်ဖန်းမျက်နှာနှင့် လက်တွေ၌ ထူးထဲသည့်အနက်ရောင်အညစ်အကြေးတွေ ဖုံးလွမ်းထားခဲ့သည်။

ထိုအရာကပေါ်နေသည့်အရေပြားအားလုံးအတွက် အတူတူဖြစ်ပြီး အဝတ်အောက်မမြင်ရသည့်နေရာတွေ၌ ပိုတောင်ဆိုးနေသေး၏။

ဂျန်ဖန်းမျက်နှာ ဖြူဖြော့နေပေမယ့် စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ပေ။

"သံမဏိသွေးစစ်မှန်ကျမ်း တတိယအဆင့်, ဆင်နဂါးတိုက်ပွဲခန္ဓာ အောင်မြင်ခြင်းကြီးအဆင့်...."

ဤအခိုက်အတန့်၌ သူက ယခင်မရှိဖူးသည့် ယုံကြည်မှုကို ခံစားနေရသည်။

ခန္ဓာကိုယ်နည်းစနစ်သုံးပြီး အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ သားရဲကိုပင် တိုက်ခိုက်နိုင်၏။

ကောင်းကင်တိုက်ပွဲပုံစံကိုးမျိုးပေါင်းလျှင် အလွယ်တကူ အနိုင်ရမည်ဖြစ်သည်။

ထို့ပြင်, သူ့နယ်ပယ်တိုးတက်လာသည်နှင့်အမျှ ရုပ်ခန္ဓာက နောက်တစ်ဆင့်ကို တိုးတက်သွားမည်ဖြစ်၏။

သူ့မျက်လုံးတွေ တောက်ပလာ၏။

လာမည့်သားရဲလှိုင်းအတွက် သူ့ကိုယ်သူကာကွယ်နိုင်စွမ်း အကြီးအကျယ်တိုးတက်လာပြီပင်။

အချိန်အတော်ကြာစိတ်လှုပ်ရှားပြီးနောက်, ဂျန်ဖန်း သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အနံ့ဆိုးကို သတိထားမိလိိုက်သည်။

ထိုအရာတွေက ခန္ဓာကိုယ် အလုံးစုံပြောင်းလဲသွား၍ ထွက်ပေါ်လာသည့်အညစ်အကြေးတွေပဲဖြစ်သည်။

သူက ထိုအရာကို ရွံ့ရှာစွာကြည့်လိုက်သည်။

အလျှင်အမြန်ပဲ အဝတ်တွေချွတ်ကာ စိတ်ဝိညာဥ်စွမ်းအင်သုံးပြီး သန့်စင်လိုက်၏။

ခန္ဓာကိုယ်သန့်ရှင်းပြီးနောက်....

အင်္ကျီအသစ်တစ်စုံထုတ်ပြီး ဝတ်တော့မည့်အချိန်မှာပဲ သူ့နောက်မှ အော်သံတစ်ခု ကြားလိုက်၏။

"နင်, အရှက်မရှိတဲ့ကောင်...."

အို...နိုး....

ဂျန်ဖန်း ထိတ်လန့်သွားပြီး အလျှင်အမြန်အဝတ်ဝတ်ပြီး လှည့်ကြည့်လိုက်ရာ စိတ်ပျက်မှုကြောင့် သူ့ပါးစပ်တွန့်လိမ်သွား၏။

တစ်ညလုံးသတိမေ့နေသည့် အနီဝတ်မိန်းခလေး ဤအချိန်မှ နိုးလာခဲ့သည်။

ထို့ပြင် သူမက သူ့ကို ဤကဲ့သို့ရှက်စရာကောင်းသည့်အခြေအနေဖြင့် မြင်သွား၏။

သူ သွေးအန်ချင်သလိုဖြစ်သွား၏။

ဤလောက်ထိ တိုက်ဆိုင်သည်လား....

အလျှင်အမြန်အဝတ်ဝတ်ပြီး သူမကိုနှစ်သိမ့်လိုက်သည်။

"မိန်းခလေး, မနေ့ညကဖြစ်ခဲ့တာအတွက် ငါ တောင်းပန်ပါတယ်...."

"ငါ ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာမဟုတ်ပါဘူး။ ဒါပေမယ့် မင်းစိတ်ချလက်ချနေလို့ရပါတယ်။ အနာဂတ်မှာ တစ်ခုခုမသက်မသာဖြစ်ခဲ့ရင် ငါ အပြည့်အဝတာဝန်ယူပါတယ်...."

အဆိပ်ငွေ့က သူမကို မေ့သွားရုံသာဖြစ်သော်လည်း...

နောက်ဆက်တွဲဆိုးကျိုးရှိမလားဆိုတာ ဂျန်ဖန်း မသေချာပေ။

သူက သူ့လုပ်ရပ်အတွက်တာဝန်ယူရမည်ဖြစ်သည်။

အများဆုံး သူမကို နောက်ပိုင်း သေချာကုသပေးရမည်ပင်။

သို့ပေမယ့် နတ်ဆိုးအင်ပါယာသမီးတော်နားထဲ၌ သူ့စကားတွေက အခြားအဓိပ္ပာယ်တစ်ခုဖြစ်နေခဲ့သည်။

သူမမျက်နှာ အကြီးအကျယ်ပြောင်းလဲသွား၏။

"ငါ့ကို တာဝန်ယူမယ်...."

ငါသတိမေ့နေတုန်း... သူ...သူ လုပ်ခဲ့တာလား?....

ဂျန်ဖန်း၏အစောပိုင်းကိုယ်လုံးတီးအခြေအနေကိုတွေးမိသည့်အခါ အရာရာက သူခုလေးတင်ပြီးသွားသည်ဟု ညွှန်ပြနေခဲ့သည်။

ကံမကောင်းစွာဖြင့်....

ကျန်ရှိသည့်အဆိပ်က သူမတစ်ကိုယ်လုံးကိုနာကျင်ကိုက်ခဲနေစေပြီး ကြမ်းကြမ်းတမ်းတမ်းဖျက်ဆီးခံထားရသလိုပင်။

အရာအားလုံးပေါင်းစပ်လိုက်သည့်အခါ သူမကို အစွန်းရောက်သွားစေ၏။

နတ်ဆိုးအင်ပါယာ၏ ဂုဏ်သရေရှိသမီးတော်ဖြစ်သည့်သူမက လူသားတစ်ယောက်၏ အကြမ်းဖက်ခြင်းခံလိုက်ရ၏။

မိန်းခလေး၏မိန်မောနေသည့်အမူအရာကို မြင်သည့်အခါ ဂျန်းဖန်း ပိုစိုးရိမ်သွားပြီး မေးလိုက်သည်။

"မင်း အဆင်ပြေရဲ့လား..."

"ဒီလိုကြီးဖြစ်မနေပါနဲ့။ ငါထွက်မပြေးပါဘူး။ မင်းကို အပြည့်အဝတာဝန်ယူမှာပါ...."

ထိုအရာကိုကြားသည့်အခါ နတ်ဆိုးအင်ပါယာသမီးတော်၏ ဒေါသတွေ ပေါက်ကွဲထွက်လာ၏။

သူမက အောက်ရှိစားပွဲကို လက်ဝါးဖြင့်ချေမွပြီး အော်ပြောလိုက်သည်။

"ငါနင့်ကိုသတ်မယ်, အား...."

သူမက ဂျန်ဖန်းဆီပြေးဝင်လာ၏။

ဂျန်ဖန်း ထိတ်လန့်သွား၏။

သူမ ဘာလုပ်နေသနည်း။

သူမဒဏ်ရာအတွက် သူတာဝန်ယူမည်ဟု ပြောပြီးပြီဖြစ်သည်။

အော်ဟစ်ပြီးသတ်ဖို့ လိုသေးသည်လား...

ထိုအရာက ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာလည်း မဟုတ်ပေ။

သူမ၏ရူးသွပ်သွားသည့်အမူအရာကိုမြင်သည့်အခါ ဂျန်ဖန်း နောက်ထပ်မနေရဲတော့ပေ။

ချက်ချင်းပဲ မြေပြင်မှ သူ့ပစ္စည်းတွေကောက်ကာ လှုပ်ရှားမှုနည်းလမ်းသုံးပြီးပြေးတော့၏။

အနီဝတ်မိန်းခလေး သူ့နောက်ကလိုက်လာသည့်အခါ ဂျန်ဖန်းကို ဘယ်နေရာမှာမှ မမြင်ရတော့ပေ။

သူမက ဒေါ်သလည်းထွက် ယူကျုံးမရလည်းဖြစ်သွား၏။

ဒေါသသကြီးအော်ပြီးနောက် မြေပြင်မှာဆောင့်ကြောင့်ထိုင်ပြီး အကူအညီမဲ့စွာ ရှိုက်ငိုတော့၏။

"ဝါး...ဝူး... အဖေ, သမီးအိမ်ပြန်ချင်တယ်...."

"လူသားကမ္ဘာက အရမ်းအန္တရာယ်များတာပဲ..."

"သမီးထွက်လာရုံရှိသေးတယ်, သမီး.. သမီးရဲ့သန့်စင်မှုရှုံးဆုံးသွားပြီး.. ဝါး.... ဝူး...."

သူမက အချိန်အတော်ကြာ ငိုနေခဲ့သည်။

ထို့နောက် ဝမ်းဗိုက်မှရောင်ရမ်းနာကျင်မှုကိုခံစားမိပြီး ရှက်ရွံဒေါသဖြစ်စွာဖြင့် လက်ဖြင့်ကိုင်လိုက်သည်။

"ခွေးကောင်... ငါ့ကို ဘယ်နှစ်ကြိမ်တောင်လုပ်ခဲ့တာလဲမသိဘူး...."

သူမတွေးလေလေ ဒေါသထွက်လေလေဖြစ်သည်။

အံကြိတ်ပြီး ပြောလိုက်သည်။

"လူသားတွေက မကောင်းဆိုးဝါးတွေပဲ။ နင်တို့အားလုံးသေဖို့ ထိုက်တန်တယ်...."

"ဓားသစ်တောထဲက နင်တို့ရဲ့လူသားပါရမီရှင်တွေ တစ်ယောက်မှ အသက်မရှင်စေရဘူး...."

ဟတ်ချိုး....

တည်ခိုခန်းပြန်ရောက်သည့်အခါ ဂျန်ဖန်း ရုတ်တရက် နှာချေလိုက်၏။

အောက်ကိုငုံ့ကြည့်လိုက်သည့်အခါ သူ့အဝတ်အစားကို စနစ်တကျမဝတ်ရသေးတာ သတိထားမိလိုက်၏။

အခန်းထဲ အလျှင်အမြန်ဝင်လိုက်ပေမယ့် ရှုယင်းရင် အထဲမှာစောင့်နေခဲ့သည်။

သူတို့က တစ်ခဏကြာ အကြည့်ချင်းဆုံသွား၏။

ရှုယင်းရင်း သံသယဖြင့် သူ့ကို အပေါ်အောက်ကြည့်လိုက်သည်။

"မနေ့ညက နင်ဘယ်သွားနေတာလဲ...."

နံပါတ် ၁ အရိပ်စောင့် အဝတ်အစားတွေက ဖရိုဖရဲဖြစ်နေပြီး အတွင်းအဝတ်အစားတွေတောင်မဝတ်ရေသေးပဲ ပစ္စည်းများစွာသယ်ထားခဲ့သည်။

ခုလေးတင် အမျိုးသမီးကုတင်ပေါ်မှဆင်းလာသလိုပင်။

လက်ထပ်ထားသည့်အမျိုးသမီးကုတင်တောင် ဖြစ်နိုင်၏။

မဟုတ်လျှင် ဘာကြောင့် ရေးကြီးသုတ်ပျာပြေးလာမည်နည်း။

သူမနှလုံးသားထဲမှာ စူးရှသည့်နာကျင်မှုကို ခံစားလိုက်ရသည်။

ဂျန်ဖန်း ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်ပြီး ပြောလိုက်သည်။

"ဘယ်မှမသွားပါဘူး။ မင်းနဲ့လည်းမဆိုင်ပါဘူး...."

"အသင့်ပြင်ထား, ငါတို့ ဓားသစ်တောကို သွားရအောင်..."

ရှုယင်းရင် အနည်ငယ် နှုတ်ခမ်းကိုက်ပြီး စိတ်ထဲမှာ အနည်းငယ်မကျေမနပ်ဖြစ်သွား၏။

သူမက အမှန်တရားကိုသိချင်၏။ သို့ပေမယ့် သူမနှင့်နံပါတ် ၁ အရိပ်စောင့်က သူငယ်ချင်းတွေသာဖြစ်၍ သူ၏ပုဂ္ဂိုလ်ရေးကိစ္စတွေကို မေးဖို့ အခွင့်အရေးမရှိပေ။

ထိုအရာကိုတွေးပြီး ဒေါသတကြီးထွက်သွားရုံသာတတ်နိုင်၏။

ဂျန်ဖန်း ခေါင်းကုတ်လိုက်သည်။

"ငါ သူ့ကို ဘယ််လိုရန်စမိလို့လဲ..."

ခဏကြာပြီးနောက်....

သူတို့က အဆင့်သင့်ဖြစ်ပြီး အသင်္ချေဓားဂိုဏ်းကို နောက်တစ်ကြိမ် ဦးတည်လိုက်၏။

ဂိတ်တံခါး၌ ဂိုဏ်းအသီးသီးမှ ပါရမီရှင်တပည့်တွေ အထဲဝင်ဖို့ စီတန်းစောင့်နေကြ၏။

သူက အာရုံစိုက်ကြည့်လိုက်သည့်အခါ တိမ်စိမ်းဂိုဏ်းဝတ်စုံနှင့်လူတစ်ယောက်ကိုမြင်လိုက်၏။

လျိုချင်းရှန်လား?....

ဂျန်ဖန်း စိုးရိမ်တကြီး လှမ်းကြည့်လိုက်သည်။

All Chapters