တိမ်စိမ်းဂိုဏ်းတပည့်တွေကိုဆုပေးခြင်း
Vol. 24 Ch. 326
ဤအခိုက်အတန့်၌ ဂျန်ဖန်း အတွေ့ချင်ဆုံးလူမှာ လျိုချင်းရှန်ဖြစ်သည်။
ဧရာမဂိုဏ်းတပည့်တွေ သူမဆီမှလေပြင်းပုလဲယူသွားပြီးနောက် ဘာဖြစ်သွားလဲဆိုတာ သိချင်နေ၏။
ဒေါသထွက်ပြီး ဧရာမဂိုဏ်းကိုရင်ဆိုင်ကာ ဒဏ်ရာများရသွားသည်လား...
သူ့ကိုစိတ်ပျက်စွာနှင့်ပဲ ရောက်လာသူက လျိုချင်းရှန်မဟုတ်ပေ။
ထိုအစား, မဟာအကြီးအကဲဖုန်းဂုချန်းဦးဆောင်လာသည့် တိမ်စိမ်းဂိုဏ်းတပည့်တွေဖြစ်သည်။
အများစုက မရင်းနှီးပဲ သူသိသည့်သူဟူ၍ ကောင်းကင်ဓားတောင်ထိပ်မှ စီနီယာတပည့် နဲ့ယွင်ရှီး သာရှိသည်။
အတိတ်က သူ သူမနှင့်ပတ်သက်ဖူး၏။
ပြောစရာကိုမလိုပေ။ ထိုအရာက ကောင်းမွန်သည့် အတွေ့အကြုံတော့ မဟုတ်ပေ။
နဲ့ယွင်ရှီး တစ်လအပြစ်ပေးခံထားရပြီး ယခု ဓားသစ်တော့ဖွင့်တော့မည်ဖြစ်၍ ကောင်ကင်ဓားတောင်ထိပ်သခင် လီချင်ဖုန်းက စောစီးစွာ လွတ်ပေးလိုက်တာဖြစ်သည်။
သူမ၏လက်ရှိကျင့်ကြံရေးနယ်ပယ်ကို ချိုးဖြတ်ဖို့ ပါဝင်ခွင့်ပြုခဲ့တာဖြစ်သည်။
အခြေခံအားဖြင့် သူမအမှားကိုပြန်ပေးဆပ်ဖို့ဖြစ်သည်။
ထို့ကြောင့် သူမ နောက်ထပ်အမှားတွေမလုပ်ဖို့ သတိထားနေပုံပေါ်နေ၏။
ရုတ်တရက် တစ်စုံတစ်ယောက် သူမကို စိုက်ကြည့်နေတာခံစားမိပြီး လှည့်ကြည့်လိုက်သည့်အခါ....
သူမမသိသည့်မျက်နှာဖုံးနှင့် လူတစ်ယောက်ကို တွေ့လိုက်သည်။
အဝတ်ပွကြီးကိုဝတ်ဆင်ထားပြီး ကျောမှာဓားနှစ်လက်နှင့် ရှေးဟောင်းဗျတ်စောင်းကို လွယ်ထားခဲ့သည်။
အသွင်အပြင်က ပဟေဠိဆန်လှ၏။
သူမက မျက်မှောင်ကြုတ်ပြီး သတိထားသည့်အမူအရာဖြစ်သွား၏။
သို့ပေမယ့် တစ်ချိန်တည်းမှာပဲ သူမအမူအရာ ရုတ်ချည်းပြောင်းသွားပြီး အာမေဋိတ်သံပြုလိုက်သည်။
"ဂျူနီယာညီမရှု...."
သူမက ကိုယ့်မျက်လုံးကိုယ်မယုံနိုင်ဖြစ်နေခဲ့သည်။
ခေါ်သံကြားသည့်အခါ....
အာရုံပျံ့လွင့်ပြီး နံပါတ် ၁ အရိပ်စောင့်ကို စိတ်တိုနေသည့် ရှုယင်းရင် အေးခဲသွား၏။
အသံနောက်လိုက်ကြည့်လိုက်သည့်အခါ အတိုင်းထက်အလွန်ဝမ်းသာသွားခဲ့သည်။
"စီနီယာအမ...."
သူမ ပြေးသွားလိုက်သည်။
ဂိုဏ်းပြင်ပ၌ အချိန်အတော်များများဖြုန်းပြီးနောက် ရုတ်တရက် တစ်ဂိုဏ်းတည်းသားခြင်းမြင်လိုက်ရသည့်အခါ ပျော်ရွင်မှုက စကားဖြင့်ပင် ဖော်ပြလို့မရပေ။
အမျိုးသမီးနှစ်ယောက် အချိန်အတော်ကြာ တက်တက်ကြွကြွ စကားစမြည်ပြောနေကြ၏။
ရှုယင်းရင်၏ ခက်ခဲကြမ်းတမ်းသည့်ခရီးကိုသိပြီးနောက် နဲ့ယွင်ရှီး မနေနိုင်ပဲ ဂရုဏာသက်သွား၏။
သူမက ပြောလိုက်သည်။
"မင်းလျှောက်သွားနေတာ အဆုံးသတ်ဖို့ အချိန်တန်ပြီ...."
"ဓားသစ်တောစမ်းသပ်မှုပြီးရင် ဂိုဏ်းကို ငါနဲ့အတူပြန်လိုက်ခဲ့...."
"ဆရာက တစ်ချိန်လုံး မင်းကို စိတ်ပူနေတာ...."
ထိုအရာကိုကြားသည့်အခါ ရှုယင်းရင်မျက်လုံးတွေနီရဲလာပြီး တိတ်တဆိတ်ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီ...."
သို့ပေမယ့် တစ်ချိန်တည်းမှာပဲ သူမနှင့် နံပါတ် ၁ အရိပ်စောင့်တို့၏ခရီးအဆုံးသတ်သွားပြီးဟု ဆိုလိုနေ၏။
အတူတူရှိနေချိန် တစ်ခဏလေးဆိုသော်လည်း အန္တရာယ်များပြီးမေ့မရနိုင်သည့်အတွေ့အကြုံတွေက သူမအား ထိုအခိုက်အတန့်တွေကို အလွန်တန်ဖိုးထားမိစေ၏။
"စီနီယာအမ, ကျွန်မမိတ်ဆွေနဲ့ အမကို မိတ်ဆက်ပေးရအုန်းမယ်...."
သူမက ဂျန်ဖန်းကို လက်ဝှေ့ယမ်းပြပြီး လှမ်းခေါ်လိုက်သည်။
"ဒီကိုလာခဲ့, ငါ့ရဲ့စီနီယာအမနဲ့ အခြားတိမ်စ်ိမ်းဂိုဏ်းတပည့်တွေကို မိတ်ဆက်ပေးမယ်...."
ဂျန်ဖန်း နှုတ်ခမ်း အနည်းငယ် တွန့်လိမ်သွား၏။
သူ့ကိုမိတ်ဆက်ပေးဖို့ လိုသည်လား....
သူက လျှောက်လာပြီး ပင်ပန်းနွမ်းနယ်နေသည့်မျက်နှာတွေကိုကြည့်လိုက်သည်။ တစ်ချို့ကရင်းနှီးပြီး တစ်ချို့က မရင်းနှီးပေ။
သူတို့၏ကျင့်ကြံရေးအဆင့်ကိုခံစားကြည့်လိုက်သည့်အခါ အခြားဂိုဏ်းတွေနှင့်ယှဥ်လျှင် နိမ့်ကျနေခဲ့သည်။
သူက မနေနိုင်ပဲ တိမ်စိမ်းဂိုဏ်းအတွက် စိတ်မကောင်းဖြစ်သွား၏။
အင်္ကျီလက်ထဲမှ သူ့အတွက်အချိန်အတော်ကြာကတည်းကမလိုအပ်တော့သည့် အခြေခံတည်ဆောက်ခြင်း ထိပ်တန်းအဆင့် ဆေးတစ်ပုလင်းထုတ်ယူလိုက်သည်။
"စီနီယာအကိုနဲ့ အမတို့ကို နှုတ်ဆက်ပါတယ်။ ငါက ရှုယင်းရင် သူငယ်ချင်းပါ...."
သူက ပြောလိုက်သည်။
"ဒါက ငါတို့ ပထမဆုံးတွေ့တာဆိုတော့ လက်ဆောင်သေးသေးလေးအချို့ပါ..."
ထို့နောက် ကျောက်စိမ်းပုလင်းဖွင့်ပြီး ပါရမီရှင်တပည့်တွေဆီ တစ်ယောက်ပြီးတစ်ယောက်ပေးလိုက်သည်။
နဲ့ယွင်ရှီလည်း ရ၏။
အနီးကပ်သေချာစစ်ဆေးကြည့်လိုက်သည့်အခါ သူမအေးခဲသွား၏။
"ဒါ အခြေခံတည်ဆောက်ခြင်းဆေးလုံးမလား? ဘာလို့ပုံမှန်ဟာတွေနဲ့ မတူရတာလဲ...."
ပုံမှန်ဆို တပည့်တွေကိစ္စမှာ ဝင်မပါသည့် ဖုန်ဂုချန်း ဆေးကိုမြင်သည့်အခါ စိတ်ဝင်စားသွား၏။ သူ့မျက်လုံးတွေ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားပြီး အာမေဋိတ်သံပြုလိုက်သည်။
"ထိပ်တန်းအဆင့် အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးလုံး...."
ဘာ?....
တိမ်စိမ်းဂိုဏ်းတပည့်တွေ လုံးဝကြောင်သွားကြ၏။
လက်စသတ်တော့ ဤအရာက ဒဏ္ဍာရီလာ ထိပ်တန်းအဆင့် အခြေခံတည်ဆောက်ခြင်းဆေးလုံးဖြစ်ပြီး ကောလဟာလထဲမှာသာ ရှိ၏။
ဆေးတစ်လုံးစီက သာမန်အခြေခံတည်ဆောက်ခြင်းဆေးလုံးတွေထက် အဆများစွာ အာနိသင်ရှိ၏။
ဤအရာက မယုံနိုင်လောက်အောင် တန်ဖိုးကြီးသည့် ရတနာပင်။
ရှုယင်းရင်တောင် လုံးဝအံ့အားသင့်သွား၏။
ဤထိပ်တန်းအဆင့်အခြေခံတည်ဆောက်ခြင်းဆေးလုံးတွေက ဘယ်ကရောက်လာသနည်း။ ထို့ပြင် ဤလောက်တန်ဖိုးကြီးတာတွေကို သူက ဘာကြောင့် သာမန်အတိုင်းပေးပစ်နေရသနည်း။
သူမက အလျှင်အမြန် ဂျန်ဖန်းအင်္ကျီလက်ကို ဆွဲလိုက်သည်။
"နင်ရူးသွားပြီလား...."
ဂျန်ဖန်း ခပ်ဖွဖွပြုံးပြီး ပြန်ပြောလိုက်သည်။
"သူတို့က မင်းရဲ့စီနီယာအကို,အမတွေဆိုမှတော့ ငါ့သူငယ်ချင်းတွေပဲပေါ့...."
ပြောပြီးနောက် ကျန်ရှိသည့် ဆေး ၇ နှစ်လုံး ၈ လုံးကို သူမလက်ထဲထည့်ပေးလိုက်သည်။
"ယူလိုက်... ဒါတွေက မင်းအတွက်ပဲ...."
ဘာ?...
ရှုယင်းရင် ပေါ့ပါးသည့်ကျောက်စိမ်းပုလင်းကို ကိုင်ထားပေမယ့် သူမနှလုံးသားက လေးလံနေခဲ့သည်။
နဲ့ယွင်ရှီ ကောင်းကင်ဓားတောင်ထိပ်စီနီယာတပည့်တစ်ယောက်အနေဖြင့် ကိစ္စများစွာမြင်ဖူး၏။
သို့ပေမယ့် ဂျန်ဖန်း၏သဘောထားကြီးမှုကို သူမကို လက်မှိုင်ကျသွားစေခဲ့သည်။
ထိပ်တန်းအဆင့်အခြေခံတည်ဆောက်ခြင်းဆေးလုံးတွေကို သကြားလုံးတွေကဲ့သို့ ပေးပစ်နေ၏။
မယုံနိုင်စွာဖြင့် မေးလိုက်သည်။
"ဂျူနီယာညီမရှု, ဒီကလူကြီးမင်းက ဘယ်သူလဲ? ပြီးတော့ ဘယ်ဂိုဏ်းကလဲ..."
ရှုယင်းရင်း တစ်ခဏ ပြန်မဖြေနိုင်ဖြစ်သွား၏။
အခြားလူတိုင်းထက် သူမက နံပါတ် ၁ အရိပ်စောင့်အထောက်အထားကို သိချင်၏။
ထို့စဥ်...
အခြားအဖွဲ့တစ်ခုရောက်လာ၏။
ထိုအရာက ရမ္မက်ဂိုဏ်းတပည့်တွေဖြစ်ပြီး အကြီးအကဲလင်ဂျင်ဟူ ဦးဆောင်လာခဲ့သည်။
သူတို့၏ ခမ်းနားထည်ဝါသည့်ဝတ်စုံတွေက ချက်ချင်းပဲ လူတိုင်းအာရုံစိုက်မှုအလယ်ကို ရောက်သွားသည်။
ဖုန်ဂုချန်းအာရုံက ဂျန်ဖန်းဆီမှ လင်ဂျင်ဟူဆီရွေ့သွားသည်။
သူက ရှေ့ထွက်ပြီး လက်ချင်းယှက်နှုတ်ဆက်လိုက်သည်။
"အကြီးအကဲလင်း, မတွေ့ရတာ အတော်ကြာပြီ..."
လင်ဂျင်ဟူခွန်အားက သူ့ထက်သာ၏။
ထို့ပြင် ရမ္မက်ဂိုဏ်းက ထိပ်တန်းအဆင့်ဂိုဏ်းတစ်ခုဖြစ်သည့်အတွက် ဖုန်ဂုချန်း ပါးနပ်စွာ နှိမ့်ချနေခဲ့သည်။
လင်ဂျင်ဟူပြုံးပြီး ပြန်ဖြေလိုက်သည်။
"အကြီးအကဲဖုန်း, မင်းအဆင်ပြေမယ်လို့ငါယုံတယ်...အို..."
သူမက ရုတ်တရက် ဂျန်ဖန်းကို မှတ်မိသွား၏။ ချက်ချင်းတောက်ပသွားပြီး စိတ်အားထက်သန်စွာ နှုတ်ဆက်လိုက်သည်။
"သခင်လေး, မင်းလည်း ဒီနေရာရောက်နေတာပဲ...."
ဂျန်ဖန်းက တိမ်စိမ်းဂိုဏ်းကဖြစ်၍ သဘာဝအတိုင်း သူတို့ကြားထဲမှာရှိသင့်၏။
သို့ပေမယ့် မျက်နှာဖုံးတပ်ထားဆဲဖြစ်တာမြင်သည့်အခါ သူ့အထောက်အထားမပြချင်ဘူးဟု သူမခန့်မှန်းလိုက်သည်။
ထို့ကြောင့် လူသိရှင်ကြားမထုတ်ဖော်တော့ပဲ ပါးနပ်စွာနေလိုက်သည်။
"အကြီးအကဲလင်း...."
ဂျန်ဖန်း လက်ချင်းယှက်ပြီး နှုတ်ဆက်လိုက်သည်။
"မင်းဒဏ်ရာသက်သာသွားပြီလား..."
လင်ဂျင်ဟူ သူပေးခဲ့သည့် ကုသေဆေးကို သုံးဖို့ စိတ်ကူးမထားပေ။
သူမက ပေါ့ပေါ့ပါးပါးရယ်ပြီး ပြောလိုက်သည်။
"မင်းကျေးဇူးကြောင့် ငါသက်သာလုနီးပါးဖြစ်နေပါပြီ...."
ဤအခြေအနေက ဖုန်ဂုချန်းနှင့် တိမ်စိမ်းဂိုဏ်းတပည့်တွေကို အံ့သြတုန်လှုပ်သွားစေခဲ့သည်။
ရမ္မက်ဂိုဏ်း၏ နာမည်ကျော်မဟာအကြီးအကဲက သူတို့နှင့်သက်တူရွယ်တူ နံပါတ် ၁ အရိပ်စောင့်ကို တန်းတူစကားပြောနေသည်လား....
ထို့ပြင် လင်ဂျင်ဟူ ဖုန်းဂုချန်းကို အထင်သေးသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
ထိုမျှတင်မကသေး.....
သူတို့ကို လုံးဝပြိုလဲသွားစေတာက...
လင်ဂျင်ဟူ ဂျန်ဖန်းဘေးရှိ ရှုယင်းရင်ဘက်လှည့်ပြီး နွေးထွေးသည့်အပြုံးတစ်ခု ပြုံးပြလိုက်သည်။
"သခင်မလေးရှု, မင်း ဓားသစ်တောစမ်းသပ်ချက်မှာ ပါဝင်ဖို့ အရည်အချင်းပြည့်မှီလား..."
ရှုယင်းရင်း အမူအရာ မှေးမှိန်သွားပြီး ခါးသီးစွာ ပြောလိုက်သည်။
"မပြည့်လောက်ပါဘူး..."
ဓားသစ်တော၌လေ့ကျင့်ဖို့ အသင်္ချေဓားဂိုဏ်းမှတောင်းဆိုချက်တွေ ပြည့်မီဖို့လိုအပ်၏။
အပိုနေရာတစ်ခုတောင် မပေးနိုင်ပေ။
ဖုန်ဂုချန်တောင် သူမကို ဓားသစ်တောခေါ်မသွားနိုင်ပေ။
သူမက အပြင်၌သာနေရမည်ဖြစ်သည်။
လင်ဂျင်ဟူ ခပ်ဖွဖွပြုံးပြီး ပြောလိုက်သည်။
"ဒီလိုဆို ဘာလို့ ငါတို့ရမ္မက်ဂိုဏ်းအဖွဲ့ထဲမလာတာလဲ..."
"ငါတို့တပည့်တစ်ယောက်က ဒီကိုလာတဲ့လမ်းမှာသေသွားလို့ တစ်နေရာလွတ်နေတယ်...."
"မင်း ရမ္မက်ဂိုဏ်းအဖွဲ့ဝင်အဖြစ် လေ့ကျင့်နိုင်တယ်...."
ဘာ?...
ဖုန်ဂုချန်း ကန့်ကွက်လိုက်၏။
"ဒါ မသင့်တော်လောက်ဘူး...."
ထိုအရာအရ သူတို့က လင်ဂျင်ဟူကို အကြွေးတင်သွားပြီဟု ဆိုလိုနေသည်မဟုတ်လား...
လင်ဂျင်ဟူ ရယ်လိုက်၏။
"ဘာထိခိုက်စရာရှိလဲ...."
"ဂျူနီယာညီမရှုက သခင်လေးမိတ်ဆွေဆိုမှတော့, သူမကိုကူညီတာ ဘာမှမပြောပပါဘူး...."
ရှင်းလင်းစွာပင်။ ထိုအရာအားလုံးက နံပါတ် ၁ အရိပ်စောင့်ကို လေးစားတာကြောင့် လုပ်ပေးတာဖြစ်သည်။
ဖုန်းဂုချန်း မယုံနိုင်ဖြစ်နေ၏။
သူက ဂျန်ဖန်းဆီလက်ချင်းယှက်ပြီး ပြောလိုက်သည်။
"မိတ်ဆွေလေး, မင်းဆရာဘယ်သူလဲမေးလို့ရမလား။ ပြောမရဘူး, ငါနဲ့သိချင်သိနေမှာ..."
မဟာအကြီးအကဲတစ်ယောက်အနေဖြင့်, သူ့က ဂိုဏ်းအသီးသီးမှာ အဆက်အသွယ်တွေရှိ၏။
ဤမျှလောက်လေးစားခံရသည့်တပည့်က ဘယ်လိုဂိုဏ်းမျိုးကလဲဆိုတာ သူစိတ်ဝင်စားနေ၏။
ဂျန်ဖန်းမျက်လုံးလှန်လိုက်၏။
'ငါ့ဆရာ?, ငါ့ဆရာက မင်းရန်သူ တိမ်စိမ်းဂိုဏ်းသခင် မဟုတ်ဘူးလား....'
"ကျွန်တော်က တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်ပါ..."
ဂျန်ဖန်း အရေးမထားဟန်ဖြင့် ဖြေလိုက်သည်။
ထို့နောက် ရှုယင်းရင်ဘက်လှည့်ကာ ပြောလိုက်သည်။
"ဘာလို ခုထိ အကြီးအကဲလင်းကို ကျေးဇူးမတင်သေးတာလဲ...."
ရှုယင်းရင်အလွန်ပျော်သွားပြီး လင်ဂျင်ဟူကို အကြိမ်ကြိမ်ကျေးဇူးတင်လိုက်၏။
အစတုန်းက သူမက အသင်္ချေဓားဂိုဏ်းကိုပွဲကြည့်ဖို့သက်သက်လာခဲ့တာဖြစ်ပြီး ဓားသစ်တောထဲဝင်ရောက်ဖို့ ရည်ရွယ်ချက်မရှိပေ။
မမျှော်လင့်စွာပဲ နံပါတ် ၁ အရိပ်စောင့်ကြောင့် လင်ဂျင်ဟူ သူမကို ဤမယုံနိုင်စရာကောင်းသည့်အခွင့်အရေးပေးခဲ့သည်။
သူမ သူ့အပေါ်ထားသည့် မကျေနပ်ချက်တွေ ချက်ချင်းပျက်ပြယ်သွား၏။
ထိုအခိုက်အတန့်၌....
တစ်စုံတစ်ယောက် သူမအင်္ကျီလက်ကို လာထိလိုက်သည်။
လှည့်ကြည့်လိုက်သည့်အခါ....
စူးစမ်းလိုစိတ်နှင့် အားကျစိတ်အပြည့်မျက်လုံးတွေနှင့် နဲ့ယွင်ရှီးကိုတွေ့လိုက်ပြီး သူမမျက်နှာ၌ မနာလိုမှုတွေ အထင်းသားပေါ်နေခဲ့သည်။
"ဂျူနီယာညီမရှု, ဒီလို ထူးခြားတဲ့ လူကြီးမင်းနဲ့ ဘယ်လိုများဆုံခဲ့တာလဲ...."
မနာလိုစိတ်အပြည့်ဖြင့် နဲ့ယွင်ရှီးနှင့် အခြားတိမ်စိမ်းဂိုဏ်းတပည့်တွေ၏ အမူအရာကိုမြင်သည့်အခါ....
ရှုယင်းရင် နှလုံးသားထဲ၌ ဂုဏ်ယူမှုကို ခံစားလိုက်ရသည်။
သူမက ညင်သာစွာ တီးတိုးပြောလိုက်သည်။
"သူက ညီမ အထီးကျန်လှေမြို့မှာသိခဲ့တဲ့ မိတ်ဆွေတစ်ယောက်ပါ...."
ဒီတော့ မိတ်ဟောင်းဆွေဟောင်းတွေပေါ့....
နဲ့ယွင်ရှီး ပိုလို့တောင်မနာလိုဖြစ်သွားပြီး မဟာအကြီးအကဲနှစ်ယောက်နှင့် တန်းတူစကားပြောနေသည့် နံပါတ် ၁ အရိပ်စောင့်ကို ကြည့်လိုက်သည်။
သူမက အံ့သြသည့်အမူအရာဖြင့် ပြောလိုက်သည်။
"ဂျူနီယာညီမရှု, မင်းက တကယ်ကံကောင်းတာပဲ...."
"ဒီလိုထူးခြားပါရမီရှိတဲ့ယောက်ျားမျိုးနဲ့တွေ့ရတယ်။ မင်းကိုလည်းအလေးထားတာ သိသာတယ်...."
ရှုယင်းရင်၊ ဂျန်ဖန်း နှင့် ရှုရို့ရန်တို့အကြောင်း ကောလဟာလတွေပြန်စဥ်းစားကြည့်တော့....
ရှုယင်းရင် သူမအရင်စေ့စပ်မှုအကြောင်းနောင်တရကြောင်းပြောတာ သူမရေးတေးတေးမှတ်မိသေး၏။
သူမက အကြံပေးလိုက်သည်။
"ဂျူနီယာညီမရှု, ဒီနံပါတ် ၁ အရိပ်စောင့်က ဂျန်ဖန်းထက်အများကြီးသာတယ်...."
"မင်း အခွင့်အရေးကို အမိအရဆုပ်ကိုင်ရမယ်နော်...."