← Chapters

ဓားသစ်တော၏ပုန်းကွယ်နေသည့်အန္တရာယ်

Vol. 24 Ch. 327

ဓားသစ်တော၏ပုန်းကွယ်နေသည့်အန္တရာယ်

Vol. 24 Ch. 327

ထိုအရာကိုကြားသည့်အခါ ရှုယင်းရင်အလျှင်အမြန်ပဲ သူမကို တိုးတိုးနေဖို့ ပြောလိုက်သည်။

"ရှူး, အမ ဒီကိစ္စကို လက်လွတ်စပယ်မပြောနဲ့...."

"ညီမနဲ့ နံပါတ် ၁ အရိပ်စောင့်ကြားက ပတ်သက်မှုက သာမန်မိတ်ဆွေတွေပဲ..."

သူမက စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။

နံပါတ် ၁ အရိပ်စောင့်၌ သူမအတွက်ခံစားချက်ရှိလား သိချင်၏။

မဟုတ်လျှင် ဘာကြောင့် သူမကို အမြဲကယ်ပြီး ဤလောက်ထိကူညီနေရသနည်း။

မနေ့ညကဆိုလျှင် သူမကျင့်ကြံရေးကိုတောင် တကူးတကကူညီပေးခဲ့ပြီး သူမခွန်အားကို အကြီးအကျယ်တိုးတက်စေခဲ့သည်။

သို့ပေမယ့် အတူတကွအချိန်ပြီးနောက် သူမ စိတ်ပျက်မှုကော သက်သာရာရမှုကောခံစားရ၏။

နံပါတ် ၁ အရိပ်စောင့်က သူမအပေါ် ဘယ်တုန်းကမှ ချစ်ရေးဆိုတဲ့အရိပ်အယောင်မျိုး မပြခဲ့ပေ။

"အဲ့လိုလား..."

နဲ့ယွင်ရှီ သက်ပြင်းချလိုက်သည်။

"ဒီလိုထူးခြားတဲ့အမျိုးသားတစ်ယောက်... ငါ့အမြင်တော့ ဂိုဏ်းအသီးသီးက တပည့်ကြီးတွေလောက် ထူးချွန်လောက်တယ်...."

"သူနဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်နိုင်ရင် မဟာကံကောင်းမှုပဲ။ လွဲချော်သွားရင် တစ်သက်လုံးနောင်တရနေလိမ့်မယ်...."

ရှုယင်းရင်း အလေးအနက်တွေးလိုက်၏။

နံပါတ် ၁ အရိပ်စောင့်က တစ်ခါက သူမလက်ထပ်ချင်သည့် အသင့်တော်ဆုံးယောက်ျားဆိုတာ မငြင်းပေ။

သို့ပေမယ့် ဤကဲ့သို့လူတစ်ယောက် သူမရှေ့မှာရပ်နေသည့်အခါ အစက သူမတွေးထားသည့်အတိုင်း စိတ်လှုပ်ရှားမှုကို မခံစားရပေ။

ထိုအစား, ဂျန်ဖန်းပုံရိပ်သာ သူမစိတ်ထဲမှာ မကြာခဏပေါ်လာခဲ့သည်။

"အာ, အမရဲ့လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်, စီနီယာအမ..."

ရှုယင်းရင်း သက်ပြင်းချလိုက်သည်။

သူမနှလုံးသားက ပိုလို့တောင် ရှုပ်ထွေးလာခဲ့သည်။

ထိုစဥ်...

အမျိုးသမီးတစ်အုပ်အော်သံ ထွက်ပေါ်လာခဲ့သည်။

ကြည့်လိုက်သည့်အခါ...

ဒေါင့်ကောင်းကောင်း မြင်းသုံးကောင် အလျှင်အမြန် ချည်းကပ်လာခဲ့သည်။

ဦးဆောင်လာသည့်အမျိုးသားက အရပ်ရှည်ရှည် ချောမောပြီး ဒေါင့်ကောင်းကောင်းမြင်းစီးထားကာ မျက်လုံးတွေက တောက်ပအားကောင်း၏။

သူဖြတ်သွားသည့်နေရာတိုင်း ဂိုဏ်းအသီးအသီးမှ အမျိုးသမီးတပည့်တွေ တီးတိုးပြောနေကြ၏။

အချို့ပိုပွင့်လင်းသည့်လူတွေဆို နေရာတင် အော်ဟစ်ကြတော့၏။

သူတို့မျက်လုံးတွေ၌ ဖုံးကွယ်မထားသည့် သဘောကျမှုတွေနှင့် ပြည့်နှက်နေခဲ့သည်။

နဲ့ယွင်ရှီမျက်လုံးတွေလည်း သဘောကျမှုတွေနှင့် တောက်ပလာ၏။

"စစ်မှန်မိုးကြိုးဂိုဏ်းတပည့်ကြီး လုရှီယီကို မြင်ရတယ်ဆိုတော့ ဓားသစ်တောကို လာတဲ့ ဒီခရီးက အလကားမဟုတ်တော့ဘူးပဲ..."

"သူနဲ့ ကောင်းကင်သံဇဥ်ဂိုဏ်းဖုချောင်ဟွမ်က ဂိုဏ်း ၉ ဂိုဏ်းရဲ့ ကောင်းကင်ဂုဏ်ယူရသူ ဘုရင်နှစ်ပါးလို့ သတ်မှတ်ခံထားရတာ...."

သူမအသံ၌ အားကျနှစ်သက်မှုတွေ ပါဝင်နေ၏။

ဂျန်ဖန်း နားထောင်နေပြီး ပြောစရာစကားမရှိဖြစ်သွားသည်။

သန့်စင်ခြင်းတစ်ထောင်ဂိုဏ်းမှ အိုယန်ဂျွန်က မထိုက်တန်ဖူးလား...

ရုပ်ရည်ကကော ကြယ်နှစ်ပွင့်ထဲပါဖို့ မလုံလောက်ဖူးလား....

သူက လုရှီယီ ဘာကြောင့် ဓားသစ်တောကိုလေ့ကျင့်ဖို့လာလဲဆိုတာ ပဟေဠိဖြစ်နေခဲ့သည်။

ဓားသစ်တောက အခြေခံတည်တောက်ခြင်းအဆင့်တွေအတွက်သာ အကျိုးရှိပြီး သူက အမြုတေဖွဲစည်းခြင်းအဆင့်ကို ရောက်ရှိနေပြီးဖြစ်သည်။

သူလာတာက ဘာအကျိုးမှမရှိပေ။ အခြားအခြေခံတည်ဆောက်ခြင်းအဆင့် ဂျူနီယာတပည့်တွေအတွက် နေရာချန်ထားလိုက်တာ ပိုကောင်း၏။

"အကြီးအကဲလင်း, ဘာလို့ ဂျင်ယွင်လဲ့ကို မမြင်တာလဲ....."

ဂျန်ဖန်း မျက်လုံးတွေ အရောင်လက်သွား၏။

မြင်းသုံးကောင်ပေါ်၌ တပည့်သုံးယောက်သသာရှိပြီး ဂျင်ယွင်လဲ့ကို မည်သည့်နေရာမှာမှ မမြင်ရပေ။

အကြီးအကဲလင်း ဝမ်းသာအားရပြောလိုက်သည်။

"သူလား, သူက ကံမကောင်းရှာဘူး...."

"အဲ့နေ့က လန်ဂုတိုက်ခိုက်ပြီးတဲ့နောက်မှာ သူနဲ့သူ့တပည့်တွေ တစ်ယောက်တစ်ကွဲထွက်ပြေးကြတယ်....."

"တပည့်သုံးယောက်ပြန်ရောက်လာပေမယ့်, သူ့ကိုတော့ အဲ့ချိန်ကတည်းက ဘာအရိပ်အယောင်မှမတွေ့ရတော့ဘူး...."

"ဒုက္ခအကြီးအကျယ်ရောက်သွားတာပဲဖြစ်မယ်...."

ဂျန်ဖန်း မျက်လုံးတွေ အရောင်လက်သွား၏။

သူက လန်ဂု၏ကြမ်းကြုတ်မှုကို မြင်ဖူး၏။

ဂျင်ယွင်လဲ့ အန္တရာယ်ရှိတာ အတော်ဖြစ်နိုင်ချေများ၏။

"သနားစရာပဲ။ သားရဲလှိုင်းကရောက်လာတော့မယ်။ သူမသေခင် နတ်ဆိုးသားရဲနည်းနည်းသာ ပိုသတ်ပေးခဲ့ရင် ကောင်းမှာ...."

ဂျန်ဖန်း စနှောက်လိုက်၏။

အကြီးအကဲလင်း ပြုံးလိုက်သည်။

"မင်းက တကယ်ကောက်ကျစ်တာပဲ..."

"ဒါပေမယ့်, သူအသက်ရှင်လျက်ပြန်လာရင်တောင်, အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး...."

သူက ရှုချင်းယန်၏ ထိပ်တန်းအဆင့် မှော်လက်နက်ကို ခိုးခဲ့၏။

ဘယ်လိုလုပ် ရလာဒ်ကောင်းရှိနိုင်မည်နည်း။

ဂိုဏ် ၉ ဂိုဏ်း၌ ရှုချင်းယန်၏ထိပ်တန်းအဆင့် ဓားပညာက အလှပဲဟု ထင်နေသည်လား....

နှမြောစရာက ဂိုဏ်း ၉ ဂိုဏ်း ထိပ်တန်းမှော်ရတနာ ဓားနှစ်လက်လုံး အတူတကွပျောက်သွားတာဖြစ်သည်။

ထိုအခိုက်အတန့်၌...

လုရှီယီ တောင်ဂိတ်တံခါးကို ရောက်လာခဲ့သည်။

များစွာသောအမျိုးသမီးတပည့်တွေ၏ သဘောကျသည့်အကြည့်တွေအောက်၌ သူက မတ်မတ်ရပ်ပြီး အာရုံစိုက်ခံရမှုကို နှစ်သက်နေခဲ့သည်။

ရုတ်တရက်....

သူက ရင်းနှီးသည့်ပုံရိပ်တစ်ခုကို မြင်လိုက်သည်။

ရှုယင်းရင်ပင်။

အခြားလူတွေနှင့်မတူပဲ ရှုယင်းရင် တစ်ဖက်လှည့်နေပြီး သူ့ကို လုံးဝလျစ်လျူရှူထားခဲ့သည်။

"ဂျူနီယာညီမရှု..."

လုရှီယီ မနေနိုင်ပဲ ခေါ်လိုက်သည်။

ထို့နောက် အလျှင်အမြန်ပဲ မြင်းပေါ်မှဆင်းကာ သူမဆီကို သွားလိုက်သည်။

နဲ့ယွင်ရှီး ကြောင်အသွား၏။

"ဂျူနီယာညီမရှု, နင်... နင်က စီနီယာအကိုလုနဲ့လည်း သိတာပဲလား...."

ရှုယင်းရင်း အကူအညီမဲ့သွား၏။

သူမက ရှောင်ဖို့ ကြိုးစားပေမယ့် သူက ချည်ကပ်လာနေဆဲဖြစ်သည်။

တွန့်ဆုတ်စွာဖြင့် နှုတ်ဆက်လိုက်သည်။

"စီနီယာအကိုလု...."

ရှုယင်းရင်ကို နောက်တစ်ကြိမ်မြင်သည့်အခါ လုရှီယီ ပျော်သွား၏။

"မင်းဘေးကင်းတာမြင်ရတော့, ငါလုံးဝ သက်သာယာရသွားပါပြီ...."

"ရမ္မက်ဂိုဏ်းကနေ ဒီကိုလာတဲ့လမ်းက အတော်လေး မလုံခြုံဘူး...."

"ငါ့ဆရာတောင် ပျောက်နေတယ်...."

"မင်းဘေးကင်းကင်းနဲ့ရောက်လာတာ တကယ်ကိုကံကောင်းတာပဲ...."

ကံကောင်းတယ်?.....

ကြေးနီကင်းခြေများနက် လိုက်ဖမ်းခံရပြီး အဆုံးမှာ လန်ဂုနှင့် တွေ့ခဲ့သည်။

လန်ဂုထွက်ပေါ်လာသည့်ကြောက်စရာမြင်ကွင်းကို ပြန်စဥ်းစားမိသည့်အခါ သူမတုန်ယင်သွားပြီး လက်မောင်းတွေကို ပွတ်သပ်လိုက်၏။

ထို့နောက် ဗီဇအရ ဂျန်ဖန်းနားချည်းကပ်သွားခဲ့သည်။

ထိုမှသာ လုံခြုံသည်ဟု ခံစားရ၏။

ဤလုပ်ဆောင်ချက်က လုရှီယီ အာရုံမှ လွတ်မြောက်မသွားပေ။ သူက ချက်ချင်းမျက်မှောင်ကြုတ်ပြီး မကျေမနပ်ပြောလိုက်သည်။

"လာပြန်ပြီ မင်းပဲလား..."

ဂျန်ဖန်း နှုတ်ခမ်းတွန့်လိုက်သည်။

"အဲ့တာ ငါပြောသင့်တာ..."

"ဒါက အခြေခံတည်ဆောက်ခြင်းတပည့်တွေအတွက် အခမ်းအနားပဲ။ ဘာလို့ မင်းက ဒီကိုလာပြီး ဆူညံအောင်လုပ်နေတာလဲ..."

ရှုယင်းရင် ဂျန်ဖန်းဘေး နီးကပ်စွာရှိနေတာ မြင်သည့်အခါ လုရှီယီနှလုံးသား၌ ဒေါသတွေနှင့် ပြည့်နှက်သွား၏။

တိမ်စိမ်းဂိုဏ်းအကြီးအကဲနှင့် လင်ဂျင်းဟူရှိနေလို့သာမဟုတ်လျှင် ဂျန်ဖန်းကိုမောင်းထုတ်ဖို့ လှုပ်ရှားပြီးနေပြီဖြစ်သည်။

မကျေနပ်သည့်အမူအရာဖြင့် သူက ပြောလိုက်သည်။

"ငါကို မင်လို အခြေခံတည်ဆောက်ခြင်းအဆင့်အတွက် လေ့ကျင့်ဖို့လာတယ်ထင်လို့လား...."

"ငါက ဓားသစ်တောရဲ့ ပုန်းကွယ်နေတဲ့အန္တရာယ်ကို ဖြေရှင်းဖို့ အသင်္ချေဓားဂိုဏ်းချုပ်ရဲ့ ဖိတ်ခေါ်မှုကြောင့် ရောက်လာတာ...."

သူက ဂုဏ်ယူစွာ ပြောလိုက်သည်။

နောက်ဆုံးစာကြောင်းပြောပြီးနောက် ပတ်ဝန်းကျင်ရှိတပည့်တွေ၏ကြောက်ရွံ့မှုကို ခံစားမိပြီး စကားမှားသွားတာ နားလည်လိုက်၏။

သို့ပေမယ့် သူ့စကားကို ပြန်ရုတ်သိမ်းဖို့ နောက်ကျသွားပြီဖြစ်သည်။

ထို့ကြောင့် တည်ငြိမ်စွာပဲပြောလိုက်သည်။

"ဂျူနီယာညီမရှု,ဓားသစ်တောက မငြိမ်ညမ်းဘူး..."

"ငါ့ဘေးမှာနေတာ မင်းအတွက်ပိုလုံခြုံတယ်..."

"အခြားလူတွေက မင်းကို ကာကွယ်နိုင်မှာမဟုတ်ဘူး..."

ရှုယင်းရင် မစဥ်းစားပဲ ပြတ်ပြတ်သားသား ခေါင်းခါယမ်းလိုက်သည်။

"နင့်ရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်, စီနီယာအကိုလု...."

"ငါ့ကိုကာကွယ်ဖို့ နံပါတ် ၁ အရိပ်စောင့်ရှိနေရင် လုံလောက်ပါပြီ...."

ဂိုဏ်း၏တပည့်ကြီးက တကယ်သန်မာ၏။

သို့ပေမယ့် လန်ဂုနှင့်ရင်ဆိုင်ရာ၌ သူက လွတ်မြောက်ဖို့ ကံကိုပဲအားကိုးနိုင်၏။

နံပါတ် ၁ အရိပ်စောင့်ကြမတူပေ။ သူက လန်ဂုကို တိုက်ရိုက်သတ်ဖြတ်နိုင်၏။

ထိုအရာအရ ဘယ်သူနှင့်နေတာ ပိုလုံခြုံလဲ သိသာလှ၏။

လုရှီယီ နောက်တစ်ကြိမ် မျက်မှောင်ကြုတ်သွား၏။

ဤအမည်မသိနောက်ခံနှင့်ကောင်က ဘာတွေကောင်းနေလဲ သူတကယ်မမြင်နိုင်ပေ။

ရှုယင်းရင်က သူ့ကို ဤလောက်တောင်ယုံနေခဲ့သည်။

သူ့အထောက်အထားဖော်ထုတ်လျှင်တောင် အများဆုံးမှ ဂိုဏ်းတစ်ခု၏ ပါရမီရှင်တပည့်တစ်ယောက်သာဖြစ်နိုင်၏။

သူ,လုရှီယီ၏ လက်ချောင်းတစ်ချောင်းနှင့်တောင် မယှဥ်နိုင်ပေ။

ရှုယင်းရင်က ငယ်လွန်းပြီး အစစ်အမှန်အန္တရာယ်ကို ရင်မဆိုင်ဖူးပေ။

ထို့ကြောင့် အစစ်အမှန်ကျွမ်းကျင်သူတစ်ယောက်၏ အရေးပါမှုကို နားမလည်နိုင်ပေ။

"ကောင်းပြီလေ, မင်းစိတ်ပြောင်းသွားရင်, ငါ့ကို လာရှာပါ..."

စောင့်ကြည့်နေသည့်မျက်လုံးများစွာနှင့် ရှုယင်းရင်ကို အတင်းအဓမ္မခေါ်ဆောင်ဖို့က မသင့်တော်ပေ။

သို့ပေမယ့် ဓားသစ်တော၌ အန္တရာယ်ထွက်ပေါ်လာလို့....

ရှုယင်းရင် သူ့ကိုပြန်လာရှာလျှင် ယခုလောက်လွယ်ကူတော့မည်မဟုတ်ပေ။

အပြန်အလှန်အနေဖြင့် တစ်ခုခုမပေးလျှင် သူ့ကာကွယ်မှုကို မျှော်လင့်လို့ရမည် မဟုတ်ပေ။

လုရှီယီထွက်သွားမှုနှင့် ဂိုဏ်းအသီးအသီးက အကြီးအကဲတွေနှင့်တပည့်တွေ စတင် ပွက်လောရိုက်သွားကြတော့၏။

လင်ဂျင်ဟူ တင်းမာစွာပြောလိုက်သည်။

"ဓားသစ်တောထဲမှာ ပုန်းကွယ်နေတဲ့အန္တရာယ်ရှိတာလား။ ဘာလို့ အသင်္ချေဓားဂိုဏ်းက မပြောတာလဲ..."

ဖုန်းဂုချန်းလည်း ဒေါသထွက်နေ၏။

"ငါ့တို့က ငါတို့နောက်မျိုးဆက်ရဲ့ထောက်တိုင်တွေဖြစ်တဲ့ ပါရမီရှင်တပည့်တွေကို စေလွတ်လိုက်တာလေ...."

"တစ်ခုခုဆုံးရှုံးမှုသာ ဖြစ်ခဲ့ရင် အသင်္ချေဓားဂိုဏ်းက တာဝန်ယူနိုင်လို့လား...."

ဂျန်ဖန်း တစ်ခဏစဥ်းစားပြီး တည်ငြိမ်စွာပြောလိုက်သည်။

"အရမ်းကြီးစိုးရိမ်ဖို့လည်း မလိုပါဘူး...."

"အသင်္ချေဓားဂိုဏ်းက ငါတို့အပြင်ဂိုဏ်းတွေထက် ပြဿနာကို ပိုစိုးရိမ်မှာပဲ..."

"မထိန်းချုပ်နိုင်တဲ့အန္တရာယ်ဆိုရင်, သူတို့က ဓားသစ်တောကို ဖွင့်မှာမဟုတ်ဘူး...."

ထိုပုန်းကွယ်နေသည့်အန္တရာယ်ဟု ခေါ်သည့်အရာက အရမ်းကြီးလေးနက်ပုံမရပေ။

ဂျန်ဖန်းကို ပဟေဠိဖြစ်စေတာက...

သူတို့က ဘာကြောင့် အန္တရာယ်ကိုရှင်းလင်းဖို့ အဝေးကြီးက လုရှီယီကို ဖိတ်ခေါ်ရသနည်း။

အသင်္ချေဓားဂိုဏ်း၌ ကျွမ်းကျင်သူအများအပြားရှိရာ မကိုင်တွယ်နိုင်ဘူးလား...

တစ်ခဏစဥ်းစားပြီးနောက် သူ့မျက်လုံးတွေ တောက်ပသွား၏။

ဖြစ်နိုင်တာ....

ထိုပုန်းကွယ်နေသည့်အန္တရာယ်ကို ထိန်းချုပ်ဖို့ စစ်မှန်မိုးကြိုးဂိုဏ်း၏ မိုးကြိုးစွမ်းအင် လိုအပ်သည်လား....

ထိုအရာကိုတွေးပြီး သူက အသက်ပြင်းပြင်းရှူလိုက်သည်။

ထို့ပြင် သက်သာယာလည်းရသွား၏။

ဘာကြောင့်လဲဆိုလျှင် မိုးကြိုးစွမ်းအင်က သူ့မှာလည်း ရှိ၏။

All Chapters