← Chapters

ဓားသစ်တောလေ့ကျင့်ရေးရတနာမြေ

Vol. 24 Ch. 328

ဓားသစ်တောလေ့ကျင့်ရေးရတနာမြေ

Vol. 24 Ch. 328

တောင်တံခါးအပြင်ဘက်ရှိဆူညံသံတွေက အလျှင်အမြန်ပဲ အသင်္ချေဓားဂိုဏ်းကို ဆွဲဆောင်သွားခဲ့သည်။

တစ်ခဏကြာပြီးနောက် အသင်္ချေဓားဂိုဏ်းသခင် လူကိုယ်တိုင်ရောက်လာခဲ့သည်။

တောင်းပန်သည့်မျက်နှာနှင့် ရှင်းပြလိုက်သည်။

"အားလုံးပဲ, ကျွန်တော် တကယ်တောင်းပန်ပါတယ်။ တကယ်ကိုတောင်းပန်ပါတယ်...."

"ကျွန်တော်တို့ဂိုဏ်းက တမင်တကာဖုံးကွယ်ထားတာမဟုတ်ပါဘူး။ အဲ့ဒီပုန်းကွယ်နေတဲ့အန္တရာယ်က ခြိမ်းခြောက်မှုမရှိလို့ပါ...."

"သားရဲလှိုင်းကလည်းနီးနေပြီဆိုတာ ဂိုဏ်းအသီးသီးကပါရမီရှင်တပည့်တွေ ခွန်အားမြှင့်တင်ဖို့ စိတ်အားထက်သန်နေကြတယ်...."

"ကျွန်တော်တို့အသင်္ချေဓားဂိုဏ်းက ကောင်းကင်ဘုံစက်ယန္ဒယားခန်းအမိန့်အတိုင်း အခြေနေအရပ်ရပ်ကို အထောက်အကူပြုဖို့ ဓားသစ်တောကို ဖွင့်ပေးခဲ့တာပါ...."

"ဒါ့ကြောင့် ဓားသစ်တောကိုမပိတ်ပဲ ပုန်းကွယ်နေတဲ့အန္တရာယ်ကိုရှင်းဖို့ စစ်မှန်မိုးကြိုးဂိုဏ်းကို ဖိတ်ခေါ်ခဲ့တာပါ...."

"အကယ်၍ တစ်စုံတစ်ယောက်က မလုံခြုံဘူးလို့ခံစားနေရသေးရင် အခုပဲလှည့်ပြန်နိုင်ပါတယ်။ ကျွန်တော်တို့ဂိုဏ်းက ခရီးစရိတ်နဲ့ စားစရိတ် စီမံပေးပါ့မယ်...."

ဤလောက်ထိပြောပြီးသည့်နောက်၌....

လူတိုင်းစိတ်ထဲက ဒေါသတွေ ပျောက်ကွယ်သွားခဲ့သည်။

သေချာစဥ်းစားကြည့်လျှင် အသင်္ချေဓားဂိုဏ်းမှဓားသစ်တောက သူတို့ကိုယ်ပိုင်တပည့်တွေအတွက်သာ အမြဲဖွင့်ပေးခဲ့၏။

ကောင်းကင်ဘုံစက်ယန္ဒယားခန်းမမှအမိန့်သာမရှိလျှင် အပြင်ဂိုဏ်းတပည့်တွေ ဘယ်လိုလုပ် ဝေစုရမည်နည်း။

သူတို့က အသင်္ချေဓားဂိုဏ်းကိုတောင် ကျေးဇူးတင်သင့်၏။

မရည်ရွယ်ပဲ ဖြစ်သွားသည့်အမှားအတွက် အပြစ်တင်တာက အမှန်တကယ် ကျိုးကြောင်းမဆီလျော်ပေ။

သံသယတွေပျောက်ကွယ်သွားတာမြင်တော့ အသင်္ချေဓားဂိုဏ်းသခင် လက်ချင်းယှက်ပြီီး ပြောလိုက်သည်။

"ဒီလိုဆို, ကျေးဇူးပြုပြီး ကျွန်တော်နောက်က လိုက်ခဲ့ပေးပါ...."

ဂိုဏ်း ၈ ဂိုဏ်၏ အကြီးအကဲတွေနှင့် တပည့်တွေ တက်ကြွသွားကြ၏။

ဤကဲ့သို့ခရီးရှည်ကြီးလာခဲ့တာ ဓားသစ်တောမှာလေ့ကျင့်ဖို့အတွက်ပဲ မဟုတ်ဘူးလား....

ဂျန်ဖန်း မျှော်လင်ချက်အပြည့်ဖြင့် ရှေ့ကို လျှောက်လမ်းသွားခဲ့သည်။

သူက အချိန်အတော်ကြာတကည်းက အခြေခံတည်ဆောက်ခြင်းအဆင့်၈ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိနေပြီဖြစ်သည်။

လိုအပ်နေတာက အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ကို ချိုးဖြတ်မည့်အခွင့်အရေးပင်။

ထိုအချိန်၌ အမြုတေဖွဲ့စည်းခြင်းနယ်ပယ်မှာလည်း မဝေးတော့ပေ။

အသင်္ချေဓားဂိုဏ်းသခင်ဦးဆောင်မှုအောက်၌....

ဂျန်ဖန်း ပထမအကြည့်မှာတင် မနေနိုင်ပဲ အံ့အားသင့်သွား၏။

ကျယ်ပြောသည့်အနက်ရောင်တောင်ကြီးတစ်လုံး.... အချင်းမိုင်ပေါင်းများစွာက ကျက်တီးလွင်ခေါင်ဖြစ်နေခဲ့သည်။

သို့ပေမယ့် မရေမတွက်နိုင်သည့်ဓားတွေနှင့် ပြည့်နှက်နေပြီး မျက်စိတစ်ဆုံးပင်။

အချို့က သံကြေးတက်ယိုယွင်းနေပြီဖြစ်ပြီး အချို့က အမြဲတမ်းအသစ်ကဲ့သို့ဖြစ်နေ၏။

အချို့ကတော့ ပေပေါင်းများစွာရှည်ပြီး သစ်ပင်ကြီးတွေကဲ့သို့ပင်။

အချို့ကတော့ ပေပေါင်းများစွာထူထဲကြီးမားပြီး ဧရာမပေတံကြီးတွေကဲ့သို့ဖြစ်၏။

၎င်းတို့ဆီမှ ဓားချီတွေအဆက်မပြတ်ထုတ်လွတ်နေပြီး မရေမတွက်နိုင်သည့်ဓားတွေကြား ရှေ့နောက်ရွေ့လျားနေကာ တချွင်ချွင်မြည်သံတွေ ထွက်ပေါ်နေ၏။

ဂျန်ဖန်း တိတ်တဆိတ် စုပ်သပ်လိုက်သည်။

ဓားသစ်တောဟုခေါ်တာထက် ဓားသင်္ချိုင်းနှင့် ပိုတူနေခဲ့သည်။

အသင်္ချေဓားဂိုဏ်းသခင် ဓားသစ်တောကို ညွှန်ပြပြီး ပြောလိုက်သည်။

"ဒါက ငါတို့ဂိုဏ်းရဲ့ ဓားသစ်တောပဲ...."

"ဒီနေရာမှာရှိတဲ့ဓားတွေက ငါတို့ဂိုဏ်းရဲ့ အကြီးအကဲတွေ၊ ဂိုဏ်းချုပ်တွေ နဲ့ မြင့်မြတ်အကြီးအကဲတွေ သူတို့သေပြီးတဲ့နောက်မှာ ထားခဲ့ကြတဲ့ဟာတွေနဲ့ ရန်သူတွေကိုသတ်ပြီး ရလာတဲ့ဓားတွေပဲ...."

"နှစ်ပေါင်းတစ်ထောင်ကျော်လောက် စုဆောင်းလာခဲ့တာ ဒီနေ့ဒီချိန်ထိပဲ....."

ဂိုဏ်း ၉ ဂိုဏ်း၌ သက်တမ်းအရင့်ဆုံး ဂိုဏ်းတစ်ခုကသာ ဤကဲ့သို့ အသက်ရှူမှားလောက်သည့်ဓားသစ်တောကို ဖန်တီးနိုင်၏။

အသင်္ချေဓားဂိုဏ်းသခင် ဆက်ပြောလိုက်သည်။

"ဒီဓားကျိုးတွေအတွင်းမှာ အရင်ပိုင်ရှင်ဟောင်းတွေရဲ့ စိတ်ဝိညာဥ်စွမ်းအင်တွေ ကျန်ရှိနေသေးတယ်..."

"အချိန်ကြာလာတာနဲ့အမျှ အဲ့ဒီစွမ်းအားတွေက စုစည်းလာပြီး ဓားသစ်တောတစ်ခုလုံးမှာ ပျံ့နှံ့နေတယ်...."

"ဂိုဏ်းအသီးသီးကတပည့်တွေ စိတ်ဝိညာဥ်စွမ်းအင်ကြွယ်ဝတဲ့နေရာရှာပြီး ကျင့်ကြံကြပါ...."

"နောက်သုံးရက်ကြာတဲ့ထိ ကျင့်ကြံလို့ရတယ်...."

"အမွေးတိုင်ထွန်းပြီးတာနဲ့ မင်းတို့ ဝင်လို့ရပြီ..."

ဂိုဏ်းအသီးသီးကတပည့်တွေ သူတို့လက်သီးတွေကို စိတ်အားထက်သန်စွာဖြင့် ပွတ်သပ်လိုက်သည်။

သူတို့အားလုံး အဓိပ္ပာယ်ကို နားလည်ကြ၏။

ဓားသစ်တောထဲမှာပျံ့နှံ့နေသည့် စိတ်ဝိညာဥ်စွမ်းအင်က မညီမျှပေ။

စွမ်အားကြီးရှေးဟောင်းဓားတွေနား၌ စိတ်ဝိညာဥ်စွမ်းအင်က သဘာဝအတိုင်းပိုကြွယ်ဝမည်ဖြစ်သည်။

အရင်ရှာတွေ့သည်ဘယ်သူမဆို သံသယမရှိစွာ အသားစီးရပြီး အဆင့်ချိုးဖြတ်ဖို့ မျှော်လင့်ချက်ရှိမည်ဖြစ်သည်။

ပါးနပ်သည့်လူအချို့က လှုပ်ရှားမှုနည်းစနစ်အဆောင်စာရွက်တွေတောင် ထုတ်ယူပြီးနေပြီဖြစ်သည်။

ကြွယ်ဝသည့်လူတွေဆို လှုပ်ရှားရေးမှော်ရတနာတွေတောင် ထုတ်ထားပြီးပြီဖြစ်သည်။

အားလုံးက လက်ဦးမှုရယူဖို့ပြင်နေကြ၏။

"ခဏနေရင် ငါတို့ဘယ်ဘက်သွားမှာလဲ..."

ရှုယင်းရင်မျက်လုံးတွေ စိတ်လှုပ်ရှားမှုနှင့်ပြည့်နှက်နေပြီး အသစ်ကျွမ်းကျင်ထားသည့် လှုပ်ရှားမှုနည်းစနစ်ကို စမ်းသပ်ကြည့်ချင်နေ၏။

ဂျန်ဖန်း အဆုံးမရှိသည့်ဓားသစ်တောကြီးကို ကြည့်ပြီး အနည်းငယ်ဒုက္ခများသည်ဟု ခံစားနေရ၏။

ဓားသစ်တောမှာ လေ့ကျင့်တာက အဆင့်ချိုးဖြတ်နိုင်ဖို့ အာမခံချက်မပေးနိုင်ပေ။

ကံကြမ္မာသာကိုယ့်ဘက်မှာမရှိလျှင် အချည်းနှီးခရီးဖြစ်သွားနိုင်၏။

စဥ်းစားနေရင်း ချီလင်းလေးကို သတိရသွားပြီး အိတ်ပြင်မှ ဖင်ပုတ်လိုက်သည်။

"မင်းက ကောင်းကင်နဲ့မြေကြီးရတနာတွေကို အာရုံခံနိုင်စွမ်းကောင်းတယ်မလား...."

"ဘယ်ဘက်ကို သွားသင့်လဲ...."

ချီလင်းလေး ကောင်းကင်နှင့်မြေကြီးရတနာတွေကို မကြာခဏရှာဖွေစားသောက်တတ်ပြီး ၎င်း၏ စိတ်ဝိညာဥ်စွမ်းအင်အပေါ်အာရုံခံနိုင်မှုက လူသားတွေယှဥ်နိုင်သည့်အရာမဟုတ်ပေ။

ချီလင်းလေး မကျေမနပ်ညည်းညူလိုက်၏။

သူက အိတ်ထဲမှ လက်သည်းလေးတစ်ဖက်ကို တိတ်တဆိတ်ထုတ်ပြီး အနောက်မြောက်ဘက်ကို ညွှန်ပြလိုက်သည်။

"အဲ့ဘက်.... ကြည့်ရတာ အဲ့ဘက်မှာ စိတ်ဝိညာဥ်စွမ်းအင်အားကောင်းတဲ့နေရာ အတော်များများရှိပုံပဲ...."

တစ်ခဏရပ်ပြီးနောက်.....

အရှေ့မြောက်ဘက်ကိုလည်းညွှန်ပြပြီး ပြောလိုက်သည်။

"ဒီဘက်ကောပဲ...."

"ဒါပေမယ့်, ဒီဘက်က ခံစားချက်ကတော့ နိမိတ်မကောင်းသလိုပဲ....."

နိမိတ်မကောင်းဘူး?...

ပုန်းကွယ်နေတဲ့အန္တရာယ်များလား....

ထိုအခိုက်အတန့်၌....

နဲ့ယွင်ရှီ တိတ်တဆိတ် ချည်းကပ်လာပြီး တီးတိုးပြောလိုက်သည်။

"ဂျူနီယာညီမရှု, ဒီဂျူနီယာမောင်လေးကို ကြည့်ပါအုန်း...."

သူမက သူတို့နောက်ရှိ အသင်္ချေဓားဂိုဏ်းတပည့်တွေကို မေးငေါ့ပြလိုက်သည်။

လင်းဂုဟိုင် ဖူးယောင်နေသည့်မျက်နှာဖြင့် အသင်္ချေဓားဂိုဏ်းပါရမီရှင်တပည့် ၅ ယောက်ကို ဦးဆောင်ကာ အသင်္ချေဓားဂိုဏ်းသခင်နောက်၌ ဘယ်အချိန်ကမှန်းမသိရောက်နေခဲ့သည်။

နဲ့ယွင်ရှီး ပြောလိုက်သည်။

"ဓားသစ်တောအကြောင်းပြောရင်, ဘယ်သူက အသင်္ချေဓားဂိုဏ်းတပည့်တွေထက်ပိုသိမှာလဲ....."

"သူတို့သွားတဲ့ဘက်က စိတ်ဝိညာဥ်စွမ်းအင်အပေါ်ကြွယ်ဝဆုံးဖြစ်မှာ သေချာတယ်...."

"ငါတို့ သူတို့နောက်လိုက်သင့်တယ်။ အကောင်းဆုံးနေရာမရဘူးဆိုရင်တောင် အများကြီးတော့ကွာမှာမဟုတ်ဘူး....."

ယုတ္တိအရတော့ မှန်ကန်၏။

သို့ပေမယ့်....

ဂျန်ဖန်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည့်အခါ ဆွံ့အသွား၏။

ဂိုဏ်းအသီးသီးမှတပည့်တွေ အနည်းနှင့်အများ အသင်္ချေဓားဂိုဏ်းတပည့်တွေကို စောင့်ကြည့်နေခဲ့ကြသည်။

ရှင်းလင်းစွာပင်။ ဤပါရမီရှင်တပည့်တွေက အတော်ဉာဏ်ကောင်းကြ၏။

နဲ့ယွင်ရှီနားလည်သည့်အရာကို အခြားဂိုဏ်းတွေလည်း နားလည်၏။

သူက ခေါင်းအနည်းငယ်ခါယမ်းလိုက်သည်။

"စီနီယာအမနဲ့, တိမ်စိမ်းဂိုဏ်းတပည့်တွေကို အသိပေးလိုက်ပါ...."

"ခဏနေရင် ကျွန်တော့်နောက်က ကပ်လိုက်ခဲ့လို့...."

နဲ့ယွင်ရှီး တစ်ခဏတွေဝေနေပြီး ခေါင်းညိတ်လိုက်သည်။

အမွေးတိုင်က အလျှင်အမြန်ပဲ လောင်ကျွမ်းသွားခဲ့သည်။

အသင်္ချေဓားဂိုဏ်းသခင် ပြောလိုက်သည်။

"အချိန်ကျပြီ..."

"ဂုဟိုင်, ဂျူနီယာညီလေး၊ညီမလေးတွေကို အဲ့ဒီခေါ်သွားလိုက်...."

လင်ဂုဟိုင် အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ ဖြစ်ပြီး သဘောတရားအရ ဝင်လို့မရပေ။

သို့ပေမယ့် ဤအရာက အသင်္ချေဓားဂိုဏ်းဖြစ်၏။

အမြုတေဖွဲ့စည်းခြင်းအဆင့် တပည့်တစ်ယောက်ထပ်ထည့်တာ အပြင်ဂိုဏ်းတွေ ဘာပြောနိုင်မည်နည်း။

လင်းဂုဟိုင် အလေးအနက်ခေါင်းညိတ်လိုက်၏။

"ဟုတ်ကဲ့ပါ, ဆရာ...."

သူက အဝေးရှိဂျန်ဖန်းကို ကြည့်ပြီး မျက်လုံးထဲ၌ ဒေါသမီးတွေ တောက်လောင်နေခဲ့သည်။

မနေ့ကကိစ္စကြောင့် သူ အမှန်တကယ် အပြင်းအထန်အရိုက်ခံခဲ့ရ၏။

မျက်နှာက ဒဏ်ရာတွေက မြင်နိုင်ပေမယ့် ခန္ဓာကိုယ်၌ ပုန်းကွယ်နေသည့်ဒဏ်ရာအများအပြားရှိနေခဲ့သည်။

အားလုံးက ထိုခွေးကောင် နံပါတ် ၁ အရိပ်စောင့်ကို ကျေးဇူးတင်ရမည်ပင်။

သူက သူတို့တွေ ဓားသစ်တောထဲ၌ မတွေ့ဖို့မျှော်လင့်၏။

မဟုတ်လျှင် အကြိမ်အနည်းငယ်"မိတ်ဖြစ်ဆွေဖြစ် လက်ရည်ဖလှယ်" ရမည်ဖြစ်သည်။

"ဒါဆို... စတင်ပြီ...."

ဝှစ်! ဝှစ်! ဝှစ်!

လင်းဂုဟိုင် အမြန်ဆုံး တုံ့ပြန်လိုက်ပြီး အလျှင်အမြန်ပဲ အဆောင်စာရွက်ကို အသက်သွင်းလိုက်သည်။

အသင်္ချေဓားဂိုဏ်းတပည့်ငါးယောက်လည်း အလားတူပြုလုပ်ပြီး သူတို့၏အဆောင်စာရွက်တွေကို အသက်သွင်းလိုက်သည်။

ထို့နောက် တောက်လောင်နေသည့်မြားတစ်စင်းကဲ့သို့ ရှေ့ကို ပြေးထွက်သွားခဲ့သည်။

အခြားဂိုဏ်းတပည့်တွေလည်း သူတို့၏ နတ်ဘုရားစွမ်းရည်တွေကိုပြသပြီး ပြေးထွက်သွားကြသည်။

ထပ်ပေါင်းပြောရလျှင် သူတို့က လင်ဂုဟိုင်နောက်ကို ကပ်လိုက်ဖို့ ပါးနပ်စွာရွေးချယ်ခဲ့ကြသည်။

နဲ့ယွင်ရှီနှလုံးသားတင်းကြပ်သွားပြီး သူမ၏လှုပ်ရှားမှုအဆောင်စာရွက်အသက်သွင်းဖို့ပြင်လိုက်၏။

သို့ပေမယ့် သူမက ဂျန်ဖန်းဆီမှ မည်သည့်အချက်ပြမှုမှ မရပေ။

"ဂျူနီယာမောင်လေး, ငါတို့အခုမသွားရင် အရမ်းနောက်ကျသွားလိမ့်မယ်...."

ဂျန်ဖန်း လင်ဂုဟိုင်အရှေ့ဘက်ကို ဦးတည်သွားတာမြင်တော့ ပဟေဠိဖြစ်သွားသည်။

ဘာကြောင့် အရှေ့ဘက်နည်း။

မကြာခင် သူနားလည်သွားပြီး ပြုံးလိုက်သည်။

"ဒီလင်းဂုဟိုင်, သူက အခြားသူတွေရဲ့အတွေးကို မျှော်လင့်ထားပြီးသားကိုး...."

သိသာစွပင်။ လင်ဂုဟိုင်လည်း သူ့လုပ်ဆောင်မှုတွေက အခြားဂိုဏ်းတွေ၏အာရုံစိုက်မှုခံရမည်ဆိုတာ သိ၏။

အကောင်းဆုံးနေရာကို ပြင်ပဂိုဏ်းသားတွေ ရသွားမှာစိုး၍....

စိတ်ဝိညာဥ်စွမ်းအင်အနည်းဆုံးနေရာရွေးပြီး အခြားလူတွေကို အဝေးခေါ်ထုတ်သွားတာဖြစ်သည်။

ထို့နောက် အခွင့်ရေးကိုစောင့်နေပြီး အနောက်မြောက်ဘက်ကို တိတ်တဆိတ် ဦးတည်မည်ဖြစ်သည်။

ထိုကဲ့သို့ဆိုမှတော့....

သူက ဘာမှအားမနာနေပဲ အနောက်မြောက်ဘက်၌ နေရာဦးထားရမည်ဖြစ်သည်။

"ငါ့နောက်လိုက်ခဲ့ကြ...."

ဂျန်ဖန်း လှုပ်ရှားလိုက်၏။

ခြေဖျားကို မြေပြင်နှင့်ထိပြီး လှုပ်ရှားမှုနည်းလမ်းနှင့် ရှေ့ကို ခုန်ထွက်သွား၏။

ဦးတည်ချက်က.... အနောက်မြောက်ဘက်ပင်။

နဲ့ယွင်ရှီး ကြောင်သွား၏။

"ဂျူနီယာမောင်လေးဂျန်, နင်ဘယ်သွားနေတာလဲ..."

"ငါတို့ လင်ဂုဟိုင်နောက်ကို အမြန်လိုက်သင့်တယ်....."

All Chapters