အခန်း (၃၂၉)
Vol. 24 Ch. 329
ဤအခိုက်အတန့်၌, လင်းဂုဟိုင် အမြန်ပြေးနေပြီး မြင်ကွင်းမှပျောက်ကွယ်လုနီးပါးပင်။
သူတို့သာယခုချိန် မလိုက်လျှင် လုံးဝလိုက်မှီတော့မည်မဟုတ်ပေ။
ရှုယင်းရင်းလည်း ပဟေဠိဖြစ်နေ၏။
သူမအမြင်၌ လင်းဂုဟိုင်သွားသည့်နေရာက အကောင်းဆုံးနေရာဖြစ်ရမည်ပင်။
ဂျန်ဖန်းမျက်နှာ အမူအရာကင်းမဲ့နေပြီး ပြောလိုက်သည်။
"မေးခွန်းတွေ အများကြီးမမေးနဲ့။ ငါ့နောက်ကသာလိုက်ခဲ့....."
တွေဝေမနေတော့ပဲ ရှုယင်းရင် လှုပ်ရှားမှုနည်းလမ်းသုံးကာ နောက်မှလိုက်သွားတော့သည်။
သူမက ဂျန်ဖန်းကို ချွင်းချက်မရှိယုံကြည်၏။
နဲ့ယွင်ရှီးနှင့် တိမ်စိမ်းဂိုဏ်းမှတပည့်လေးယောက်ကတော့ တွေဝေမှုတွေ ပြသနေကြ၏။
"စီနီယာအမ, ငါတို့ဘာလုပ်သင့်လဲ...."
တိမ်စိမ်းဂိုဏ်းမှတပည့်တစ်ယောက် စိုးရိမ်စွာဖြင့် မေးလိုက်သည်။
နဲ့ယွင်ရှီး ကျဥ်းထဲကျပ်ထဲရောက်သွား၏။
သူမခန့်မှန်းမှုအရ လင်ဂုဟိုင်နောက်လိုက်တာက သေချာပေါက် မှန်ကန်သည့်ရွေးချွယ်မှုပင်။
သို့ပေမယ့် ဂျန်ဖန်း....
ထိုအခိုက်အတန့်၌....
ကျီရူယွဲ့မျက်လုံးတွေ တောက်ပသွား၏။
သူမက ရင်ဘတ်မှာရှိသည့် လှုပ်ရှားမှုမှော်ရတနာကိုခြေမွ၍ ဂျန်ဖန်းကို အမှီလိုက်လာပြီး မေးလိုက်သည်။
"ကျွန်မတို့ရမ္မက်ဂိုဏ်းကော သခင်လေးနောက်ကလိုက်လို့ရမလား...."
လက်စသတ်တော့....
အခြားဂိုဏ်းတွေအားလုံး လင်ဂုဟိုင်ကို စောင့်ကြည့်နေကြသည်။
ရမ္မက်ဂိုဏ်းသာ လင်ဂျင်ဟူညွှန်ကြားမှုဖြင့် ဂျန်ဖန်းကို စောင့်ကြည့်နေတာဖြစ်သည်။
ဂျန်ဖန်း ဘယ်သွားသွား နောက်ကလိုက်ရမည်ပင်။
ဂျန်ဖန်း တွေဝေနေသည့် တိမ်စိမ်းဂိုဏ်းတပည့်တွေကို နောက်လှည့်ကြည့်ပြီး အနည်းငယ်သက်ပြင်းချလိုက်သည်။
ဂိုဏ်းတူချင်းဖြစ်၍ သူက ကူညီချင်သော်လည်း သူတို့၌ အခြေခံယုံကြည်မှုတောင်မရှိပေ။
ဆန့်ကျင်ဘက်အနေဖြင့် ရမ္မက်ဂိုဏ်းမှတပည့်တွေက သူ့ကို ချွင်းချက်မရှိယုံကြည်နေကြ၏။
သူက သူတို့ကို အခွင့်အရေးပေးပြီးပြီဖြစ်၍ အပြစ်ရှိသလိုခံစားစရာမလိုတော့ပေ။
"ရပါတယ်..."
ဂျန်ဖန်း နဲ့ယွင်ရှီးနှင့် အခြားလူတွေကို နောက်ထပ်မကြည့်တော့ပဲ အလျှင်အမြန် ထွက်ခွာသွားခဲ့သည်။
ကျီရူယွဲ့ပျော်ရွင်သွားပြီး သူမနောက်ရှိရမ္မက်ဂိုဏ်းတပည့်တွေကို လက်ဝှေ့ယမ်းပြလိုက်သည်။
"မြန်မြန်, သခင်လေးက ငါတို့ကို နောက်ကလိုက်ဖို့ ခွင့်ပြုလိုက်ပြီ....."
ရမ္မက်ဂိုဏ်းတပည့်တွေ ပျော်ရွင်စွာပဲ အဆောင်စာရွက်တွေအသက်သွင်းကာ နောက်မှလိုက်သွားကြတော့၏။
ထိုမြင်ကွင်းက နဲ့ယွင်ရှီးကို ပိုလို့တောင် တွေဝေသွားစေ၏။
ဘာကြောင့် ရမ္မက်ဂိုဏ်းတပည့်တွေ ဂျန်ဖန်းကို ဤမျှလောက်ထိ ယုံကြည်နေကြသနည်း။
ဖုန်ဂုချန်း အခြားတပည့်တွေအားလုံးထွက်ခွာသွားပြီး နဲ့ယွင်ရှီးတွေဝေနေသေးတာမြင်တော့ ဒေါသတကြီးပြောလိုက်သည်။
"မင်းဘာလို့အဲ့မှာ ခုထိ ရပ်နေတာလဲ...."
နဲ့ယွင်ရှီး စိတ်ဓာတ်ကျစွာဖြင့် ပြောလိုက်သည်။
"အကြီးအကဲ, ငါဘယ်သူ့နောက်လိုက်သင့်လဲ...."
"တစ်ယောက်က အရှေ့ဘက်။ တစ်ယောက်က အနောက်မြောက်ဘက်။ လုံးဝဆန့်ကျင်ဘက်ပဲ...."
"ငါတို့သာ ဘက်မှားရွေးမိရင် နေရာကောင်းအားလုံး ယူပြီးသွားလောက်ပြီ...."
ဖုန်ဂုချန်းလည်း တွေဝေနေ၏။
ကျိုးကြောင်းအရ လင်းဂုဟိုင်သွားသည့်ဘက်က သေချာပေါက် မှန်ကန်သည့်ဘက်ပင်။
သို့ပေမယ့် ရမ္မက်ဂိုဏ်း၏ထူးဆန်းသည့်အပြုအမူက သူ့ကို အတော်လေး စိတ်ရှုပ်သွားစေ၏။
ထိုမျက်နှာဖုံးနှင့်လူငယ်လေးက လင်ဂုဟိုင်ထက် ဓားသစ်တောကို ပိုသိသည်လား....
သူလည်း အတွေးနက်သွား၏။
လင်ဂျင်ဟူ အကူအညီမဲ့စွာ မျက်လုံးလှန်လိုက်သည်။
ဂျန်ဖန်းက တစ်ဂိုဏ်းတည်းသားခြင်း အကျိုးအမြတ်ပေးပေမယ့် သူတို့က တွေဝေနေခဲ့သည်။
သူမ နောက်ထပ်ရပ်ကြည့်မနေနိုင်တော့ပေ။
တိတ်တဆိတ် ဖုန်းဂုချန်းနံရိုးကိုထိပြီး အသင်္ချေဓားဂိုဏ်းသခင်ဆီ ညွှန်ပြလိုက်သည်။
ဖုန်းဂုချန်း ဘေးတိုက်တစ်ချက်ကြည့်လိုက်သည့်အခါ အံ့အားသင့်သွား၏။
ဤအခိုက်အတန့်၌ အသင်္ချေဓားဂိုဏ်းသခင်မျက်နှာပျက်နေပြီး ဂျန်ဖန်းနှင့်အခြားလူတွေသွားသည့်ဘက်ကို အပြင်းအထန်စိုက်ကြည့်နေခဲ့သည်။
ထိုအရာကိုမြင်သည့်အခါ ဖုန်ဂုချန်း ဒေါသထွက်သွားသလို စိုးလည်းစိုးရိမ်သွား၏။
သူက သူ့နဖူးကို ရိုက်လိုက်ပြီး ရုတ်တရက် အရာရာကိုနားလည်သွားကာ လင်ဂုဟိုင်ကို စိတ်ထဲက ကျိန်ဆဲလိုက်၏။
ထို့နောက် နဲ့ယွင်ရှီးကိုကန်ကာ အလျှင်အမြန်ပြောလိုက်သည်။
"နင်က ဘာတွေဝေနေတာလဲ....."
"မြန်မြန်, အဲ့လူငယ်လေးနောက်လိုက်...."
သူတို့နောက်ကျသွားလျှင် နေရာကောင်းအားလုံး ရမ္မက်ဂိုဏ်းက ယူသွားတော့မည်ဖြစ်သည်။
ဤအခွင့်အရေးက မူလ၌ နံပါတ်တစ်အရိပ်စောင့်က တိမ်စိမ်းဂိုဏ်းကို ပေးခဲ့တာဖြစ်သည်။
ရမ္မက်ဂိုဏ်းကို ရသွားစေလို့မဖြစ်ပေ။
မဟာအကြီးအကဲစကားနှင့် နဲ့ယွင်ရှီး နောက်ထပ် မတွေဝေတော့ပေ။
သူမက အံကြိတ်ပြီး ပြောလိုက်သည်။
"နံပါတ် ၁ အရိပ်စောင့်နောက်လိုက်ကြ...."
တိမ်စိမ်းဂိုဏ်းတပည့်တွေ နောက်ဆုံးမှာ တစ်ယောက်ပြီးတစ်ယောက် စတင်လှုပ်ရှားတော့၏။
မိုင်ပေါင်းများစွာက ပါရမီရှင်တပည့်တွေအတွက်တော့ သိပ်မဝေးပေ။
အထူးသဖြင့် လူတိုင်း၌ လှုပ်ရှားမှုနည်းစနစ် မှော်ရတနာနှင့် အဆောင်စာရွက်တွေ ရှိနေခဲ့သည်။
ခဏကြာပြီးနောက်...
ဂျန်ဖန်းနှင့် ရှုယင်းရင် ပထမဦးစွာ အနောက်မြောက်ဘက် ထူးထပ်သည့်ဓားသစ်တောထဲ ရောက်လာခဲ့သည်။
ဤနေရာ၌ သူတို့က သိပ်သည်းသည့်ဓားချီတွေထုတ်လွတ်နေသည့် ဓားကျိုးများစွာမြင်လိုက်သည်။
ပတ်ဝန်းကျင်၌ အရေမတွက်နိုင်သည့်ဓားတွေရှိနေပြီး လကိုဝန်းရံနေသည့်ကြယ်တွေကဲ့သို့ဖြစ်သည်။
ထိုဧရိယာရှိစိတ်ဝိညဥ်စွမ်းအင်က အံ့အားသင့်ဖွယ်ကောင်းလောက်အောင် သိပ်သည်းနေပြီး အခြားနေရာတွေထက် ၁၀ ဆပိုများ၏။
အထူးသဖြင့်, အဆင့်မြင့်ဓားကျိုးနှစ်ချောင်းပင်။
ထိုအရာတွေက အကြီးအကဲအချို့ ဒါမှမဟုတ် မြင့်မြတ်အကြီးအကဲတစ်ယောက်၏ အမွေအနှစ်တောင်ဖြစ်နိုင်၏။
စိတ်ဝိညာဥ်စွမ်းအင်တွေ အလျှံပယ်ဖြစ်နေရုံသာမက ဓားချီကလည်း အလွန်အမင်းသိပ်သည်းလှ၏။
ဂျန်ဖန်း ရှုယင်းရင်းကို ဆွဲခေါ်ပြီး ဓားရှည်တွေထဲက တစ်ချောင်းအောက်မှာ ထိုင်လိုက်သည်။
သူတို့ ထိုင်လိုက်စဥ်မှာပဲ...
ဂျန်ဖန်း ဓားချီရောပါနေသည့်စိတ်ဝိညာဥ်စွမ်းအင်က သူ့ခန္ဓာကိုယ်ထဲ စိမ့်ဝင်လာတာ ခံစားမိပြီး ကျင့်ကြံရေး ရေးတေးတေး လှုပ်ရှားသွား၏။
သူ အလွန်ပျော်ရွင်သွားသည်။
သာမန်စိတ်ဝိညာဥ်စွမ်းအင်နှင့်မတူပဲ....
ဓားချီရောနှောနေသည့်စိတ်ဝိညာဥ်စွမ်းအင်က အဆင့်ချိုးဖြတ်ဖို့ မှော်ဆန်သည့် အကျိုးသက်ရောက်မှုရှိ၏။
အခြေခံတည်ဆောက်ခြင်းနောင်းပိုင်းအဆင့်တွေ၌ ဆေးလုံးတွေက အကျိုးသက်ရောက်မှုမရှိတော့၍ ဤနေရာက အဖိုးမဖြတ်နိုင်သည့် မြင့်မြတ်နယ်မြေတစ်ခုပင်။
နောက်ထပ်ဘာမှမပြောတော့ပဲ အလျှင်အမြန်ခြေချိတ်ထိုင်ကာ စတင်ကျင့်ကြံတော့၏။
ကျီရူယွဲ့လည်း သူမအဖွဲ့နှင့်အတူ မကြာခင်ရောက်လာ၏။
ချက်ချင်းပဲ အခြားအဆင့်မြင့်ဓားကျိုးတစ်ခုကိုမြင်သွားပြီး ပြတ်ပြတ်သားသားပြောလိုက်သည်။
"အဲ့ဒီကိုသွားမယ်...."
ဤသို့ဖြင့်....
ရမ္မက်ဂိုဏ်းတပည့်လေးယောက်က နောက်ထပ် အကောင်းဆုံးကျင့်ကြံရေးနေရာတစ်ခုပိုင်ဆိုင်သွားကြ၏။
နောက်တစ်ခဏကြာပြီးနောက်....
နဲ့ယွင်ရှီး တိမ်စိမ်းဂိုဏ်းတပည့်လေးယောက်နှင့်အတူ အမောတကောရောက်လာခဲ့သည်။
စိတ်ဝိညာဥ်စွမ်းအင်အလွန်အမင်းသိပ်သည်းနေသည့် ဓားကျိုးနှစ်ချောင်းကို မြင်သည့်အခါ သူမမျက်နှာ၌ ပျော်ရွင်သည့်အမူအရာတွေ ပေါ်လာခဲ့သည်။
"နံပါတ် ၁ အရိပ်စောင့်က ငါ့တို့ကို မညာဘူးပဲ...."
"ဒီနေရာမှာတကယ် ကောင်းမွန်တဲ့ကျင့်ကြံရေးနေရာတစ်ခုရှိနေတာပဲ...."
ဘယ်နေရာကပိုကောင်းသလဲ သူမရှာဖွေနေတုန်းမှာပဲ....
ဂျန်ဖန်းနှင့် ရမ္မက်ဂိုဏ်းယူထားသည့်နေရာတွေက ကြောက်စရာကောင်းလောက်အောင် စိတ်ဝိညာဥ်စွမ်းအင်တွေဖြင့် ပြည့်နှက်နေတာ တွေ့လိုက်သည်။
အခြားကောင်းမွန်သည့်ကျင့်ကြံရေးနေရာအနည်းငယ်ရှိသော်လည်း သူတို့ထဲရှိအကောင်းဆုံးတောင် ထိုနေရာနှစ်ခု၏ သုံးပုံတစ်ပုံလောက်မကောင်းပေ။
သူမမျက်နှာပေါ်ရှိအပြုံး ချက်ချင်း ပျောက်ကွယ်သွား၏။
ဒီတော့, တကယ်ပဲ ဤနေရာ၌ သာလွန်ကျင့်ကြံရေးနေရာနှစ်ခုရှိနေခဲ့သည်။
ယှဥ်ကြည့်လျှင် အခြားကျန်ရှိသည့်နေရာတွေက အရမ်းသာမန်ဆန်လှ၏။
သူမကို အမှန်တကယ်စိတ်ပျက်သွားစေတာက....
ရမ္မက်ဂိုဏ်းရသွားသည့်နေရာက မူလက ဂျန်ဖန်း သူမတို့အတွက်ရည်ရွယ်ထားသည့်နေရာဖြစ်သည်။
သို့ပေမယ့် အရေးကြီးအခိုက်အတန့်မှာ သူမတို့က တွေဝေနေခဲ့ပြီး ရမ္မက်ဂိုဏ်းကို အခွင့်အရေးရသွားစေခဲ့သည်။
"စီနီယာအမ...."
တိမ်စိမ်းဂိုဏ်းတပည့်တွေ နားလည်သွားပြီး အားလုံး နောင်တရနေကြသည်။
သူတို့ တစ်ခဏတွေဝေရုံဖြင့် ဘယ်လိုလုပ် ရတနာနယ်မြေက ရမ္မက်ဂိုဏ်း ရသွားရသနည်း။
နဲ့ယွင်ရှီး တွင်းတစ်ခုရှာပြီး ဝင်သွားလိုက်ချင်တော့၏။
ထို့ပြင် သူမတို့အခွင့်အရေးကို ရမ္မက်ဂိုဏ်းယူသွားသည့်အတွက်လည်း အနည်းငယ် စိတ်ဆိုးမိ၏။
သူမက ရှေ့တက်ပြီး ညှိနှိုင်းဖို့ ကြိုးစားလိုက်သည်။
"ရမ္မက်ဂိုဏ်းက မိတ်ဆွေတို့, ဒီနေရာက ဂျူနီယာမောင်လေး ငါတို့အတွက် ရည်ရွယ်ထားတဲ့နေရာ...."
"ကျေးဇူးပြုပြီး ဖယ်ပေးလို့ရမလား...."
ကျီရူယွဲ့မျက်လုံးလှန်လိုက်၏။
ထို့နောက် မျက်လုံးပိတ်ကာ သူမကျင့်ကြံရေးကိုသာ အာရုံစိုက်လိုက်သည်။
သူမက လုံးဝ သူမနှင့်ပတ်သက်ပြီး အာရုံမနောက်ချင်ပေ။
ဦးသူရပင်။ ထိုအရာက မပြောင်းလဲသည့် စည်းမျဥ်းဖြစ်၏။
ဘယ်လိုပဲဖြစ်ဖြစ် သူမမှန်၏။
အကူအညီမဲ့စွာဖြင့် နဲ့ယွင်ရှီး သူမကိုယ်သူမအားတင်းကာ ဂျန်ဖန်းနားချည်းကပ်သွားပြီး လက်ချင်းယှက်၍ ပြောလိုက်သည်။
"ဂျူနီယာမောင်လေး, အမတို့ကို နောက်တစ်ကြိမ်ကူညီပေးလို့ရမလား...."
သာလွန်ကျင့်ကြံရေးနေရာတစ်ခုက ကောင်းမွန်သည့်တစ်ခုနှင့် သုံးဆ လေးဆလောက်ကွာခြား၏။
အကျိုးသက်ရောက်မှုကို စိတ်ကူးယဥ်ကြည့်နိုင်တာပဲဖြစ်သည်။
ဖြစ်နိုင်လျှင် သူမတိုက်ခိုက်ချင်၏။
သို့ပေမယ့် ဂျန်ဖန်းလည်း သူမကို လျစ်လျူရှူထားခဲ့သည်။
အဆုံးမှာတော့ နဲ့ယွင်ရှီး ရှုယင်းရင်ဘက်လှည့်ပြီး အကူအညီတောင်းလိုက်သည်။
"ဂျူနီယာညီမ, မင်းက နံပါတ် ၁ အရိပ်စောင့်နဲ့ ရင်းနှီးတယ်လေ..."
"အမတို့အတွက်ပြောပေးနိုင်မလား..."
"အဲ့ဒီရတနာနယ်မြေက နံပါတ် ၁ အရိပ်စောင့် အမတို့အတွက် ရည်ရွယ်ထားတဲ့ဟာလေ..."
ရှုယင်းရင် သူမကို စိတ်ဆိုးသည့်အမူအရာဖြင့် ကြည့်လိုက်သည်။
"စီနီယာအမ, ညီမ အမကို အပြစ်တင်တာမဟုတ်ပါဘူး...."
"နံပါတ် ၁ အရိပ်စောင့်နဲ့ ရမ္မက်ဂိုဏ်းက ခရီးတစ်လျှောက်မှာ အတော်လေးရင်းနှီးခဲ့တယ်။ ဒါပေမယ့် သူက သူတို့ကို မကူညီခဲ့ပဲ အမတို့ကို ကူညီခဲ့တာ...."
"ဒါပေမယ့် အမတို့က တွေဝေနေတယ်လေ..."
"ဒါ အမတို့ကိုယ်ပိုင်ရွေးချယ်မှုပဲ။ ရမ္မက်ဂိုဏ်း ရတနာနယ်မြေယူသွားတာကို အပြစ်ပြောလို့မရဘူး...."
နဲ့ယွင်ရှီး လက်လျော့ဖို့ ဆန္ဒမရှိသေးပေ။
သူမက နောက်တစ်ကြိမ်ပြောလိုက်သည်။
"ဂျူနီယာညီမရှု, ကျေးဇူးပြုပြီး အမတို့ကို ကူညီပေးပါ..."
ထိုအခိုက်အတန့်၌....
ဂျန်ဖန်း အနည်းငယ်မျက်မှောင်ကြုတ်သွားပြီး မျက်လုံးတွေဖြည်းဖြည်းချင်း ပွင့်လာကာ ပြောလိုက်သည်။
"မင်းတို့ နေရာတစ်ခု မြန်မြန်ယူသင့်တယ်...."
"လင်ဂုဟိုင်နဲ့ အသင်္ချေဓားဂိုဏ်းကတပည့်တွေ မကြာခင် ရောက်လာတော့မယ်...."
"နောက်ထပ်တွေဝေနေရင် ဘာမှရတော့မှာမဟုတ်ဘူး..."
ပြောပြီးနောက် သူ၏ကျင့်စဥ်နည်းစနစ်ကို လှည့်ပတ်ကာ တိတ်တဆိတ် ဆက်ကျင့်ကြံနေလိုက်သည်။
ဤသို့ဖြင့် နဲ့ယွင်ရှီး လုံးဝလက်လျော့လိုက်၏။
အကြီးအကျယ်နောင်တရနေပြီး တိမ်စိမ်းဂိုဏ်းတပည်တွေကို ဦးဆောင်ကာ တတိယအကောင််းဆုံးနေရာကို သွားလိုက်သည်။
ထိုနေရာက အတော်ကောင်းသော်လည်း သာလွန်ကျင့်ကြံရေးနေရာနှစ်ခုကိုကြည့်ပြီး သူမနှလုံးသား အပ်နှင့်အထိုးခံရသလို ခံစားနေရ၏။
တစ်နာရီကြာပြီးနောက်....
အဖွဲ့တွေ သူတို့ကျင့်ကြံရေးမှာ နစ်မြုပ်နေကြစဥ်...
လေထုကိုထိုးခွဲလာသည့်အသံများစွာ အဝေးမှ ထွက်ပေါ်လာခဲ့သည်။
ထိုအရာက လင်းဂုဟိုင်ပင်။
သူက အလွန်ပျော်ရွင်နေပြီး ပြောလိုက်သည်။
"ဟ..ဟ... ကိုယ့်ကိုယ်ကို ဉာဏ်ကောင်းတယ်ထင်နေတဲ့ အရူးတစ်သိုက်။ ငါ့နောက်လိုက်ပြီး အကျိုးအမြတ်ရှာချင်နေတယ်...."
"အဲ့ဒီဘာမှမရှိတဲ့နေရာမှာ အချိန်ဖြုန်းနေကြပလေ့စေ...."
"ဟ...ဟ...ဟ...."
သူရယ်နေရင်း....
ရုတ်တရက် နောက်ထပ်မရယ်နိုင်တော့ပေ။
သစ္ဆေသရဲတစ်ကောင်မြင်သည့်မျက်နှာနှင့် သူရှေ့က မြင်ကွင်းကို ကြည့်နေခဲ့သည်။