← Chapters

နေရာခိုးခြင်း

Vol. 24 Ch. 330

နေရာခိုးခြင်း

Vol. 24 Ch. 330

အသင်္ချေဓားဂိုဏ်းတပည့် ၅ ယောက် အလျှင်အမြန်ပဲ ရပ်တန့်လိုက်ကြ၏။

သူတို့အမူအရာတွေက အေးခဲနေပြီး ရှေ့ရှိမြင်ကွင်းကို စိုက်ကြည့်နေခဲ့သည်။

အဖွဲ့သုံးဖွဲ့ ဓားသစ်တော၌ အကောင်းဆုံးနေရာတွေကို ယူထားပြီး ဖြစ်နေခဲ့သည်။

ထိုအရာတွေက အသင်္ချေဓားဂိုဏ်းတပည့်တွေ မကြာခဏလာရောက်တတ်သည့် နေရာတွေဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဤနေရာမှာရှိသည့် ဓားချီနှင့်စိတ်ဝိညာဥ်စွမ်းအင်တွေက အသိပ်သည်းဆုံးဖြစ်သောကြောင့်ပင်။

အထူးသဖြင့် မြင့်မြတ်အကြီးအကဲထားခဲ့သည့် ဓားကျိုးနှစ်ချောင်းပင်။

ထိုနေရာမှာလေ့ကျင့်တာက နတ်ဘုရားအကူအညီကို ရရှိသလိုဖြစ်သည်။

သူတို့က ဤနေရာနှစ်ခုကို လက်ဝါးကြီးအုပ်ဖို့ အခြားဂိုဏ်းတပည့်တွေကို လမ်းလွဲခဲ့တာဖြစ်သည်။

သို့ပေမယ့် မည်သူသိမည်နည်း။

တစ်စုံတစ်ယောက်က အမှန်တကယ်ပဲ သူတို့နေရာကို ခိုးယူသွားခဲ့သည်။

"ဂျူနီယာမောင်လေးလင်း, ငါတို့ ဘယ်လိုလုပ်ကြမလဲ...."

အမျိုးသမီးတည့်တစ်ယောက် စိုးရိမ်စွာဖြင့် မေးလိုက်သည်။

"ငါတို့ တကယ်ပဲ ကျန်တဲ့ကျင့်ကြံရေးနေရာတွေ သုံးမှာလား...."

နောက်ဆုံးနေရာနှစ်ခု....

တိမ်စိမ်းဂိုဏ်းတပည့်တွေရဲ့ နေရာထက်တောင် ပိုဆိုး၏။

လင်ဂုဟိုင် အသိပြန်ဝင်လာ၏။

တစ်ယောက်ယောက်က သူဆီမှခိုးသွားမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။

အနီးကပ်ကြည့်လိုက်သည့်အခါ ပိုလို့တောင် ဒေါသထွက်သွား၏။

"မင်းပဲ....."

ထိုလူက သူ့ကို အပြစ်ပေးခံရအောင်လုပ်ခဲ့သည့် နံပါတ် ၁ အရိပ်စောင့်မှလွဲပြီး အခြားသူမဟုတ်ပေ။

ဂျန်ဖန်း ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ပြီး အပြုံးတစ်ခုနှင့်ပြောလိုက်သည်။

"အခြားဂိုဏ်းတပည့်တွေကို လမ်းလွဲပေးလို့ ကျေးဇူးတင်ပါတယ်, စီနီယာအကိုလင်း....."

"ဒါကြောင့်ပဲ ငါတို့တွေ ဒီနေရာမှာ စိတ်တိုင်းကျရွေးလို့ရတာ...."

ထိုစကားတွေက လင်ဂုဟိုင်နှလုံးသားကို ဓားဖြင့်ထိုးခံရသလိုခံစားရပြီး အလွန်မတန် ဒေါသထွက်သွားခဲ့သည်။

"မင်း,ခွေးမသား ပုန်းမနေပဲ အသင်္ချေဓားဂိုဏ်း နေရာကိုတောင် ယူရဲတယ်ပေါ့...."

"ထွက်သွားစမ်း...."

"မဟုတ်ရင် မင်းနောင်တရသွားစေရမယ်...."

ကျင့်ကြံနေသည့်တပည့်တွေလည်း တစ်ယောက်ပြီးတစ်ယောက် နိုးထလာကြသည်။

ဒေါသထွက်နေသည့် လင်းဂုဟိုင်ကို မြင်သည့်အခါ....

နဲ့ယွင်ရှီး ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားပြီး မျက်ခွံ့တွေ တွန့်လိမ်သွား၏။

ကြည့်ရတာ ထိပ်တန်းအဆင့်နေရာက ရဖို့ လွယ်ကူပုံမရပေ။

ဤနေရာမှာရှိနေသည့်လူတိုင်းက အခြေခံတည်ဆောက်ခြင်းအဆင့်တွေသာဖြစ်၏။

လင်းဂုဟိုင်ကတော့ အမြုတေဖွဲ့စည်းခြင်းအဆင့်ဖြစ်ပြီး ဓားသစ်တောထဲမှာ ဘုရင်ဖြစ်သည်။

ဘယ်သူမှ သူ့ကို ရန်မစရဲပေ။

ဂျန်ဖန်းပိုင်ဆိုင်သည့် ထိပ်တန်းနေရာက ဆုံးရှုံးရတော့မည်ထင်သည်။

ကျီရူယွဲ့လည်း ထိတ်လန့်သွား၏။

သူမက အလျှင်အမြန်ပဲ ကြားဝင်ဖြန်ဖြေဖို့ ကြိုးစားလိုက်သည်။

"ဂျူနီယာမောင်လေးလင်း, အရင်လာသူအရင်ရပဲလေ။ သူ့ကိုခွင့်ပြု...."

သူမနှင့် လင်ဂုဟိုင်ဆက်ဆံရေးအရ မျက်နှာသာအချို့ရမည်ဟု ထင်ခဲ့၏။

သို့ပေမယ့် ဂျန်ဖန်းအပေါ်ထားသည့် လင်းဂုဟိုင်အမုန်းတရားကို လျော့တွက်ထားခဲ့သည်။

"မင်းတို့ရမ္မက်ဂိုဏ်းကလူတွေ ဆက်ကျင့်ကြံချင်သေးတယ်ဆိုရင် ပါးစပ်ပိတ်ထား...."

ထိုစကားတွေက ကျီရူယွဲ့ကို ဒေါသလည်းထွက် အကူအညီလည်းမဲ့သွားစေ၏။

သူမက စွမ်းအားကင်းမဲ့နေ၍ သူမစကားတွေက အရာမထင်ပေ။

လင်ဂုဟိုင် ဂျန်ဖန်းကို စိုက်ကြည့်ပြီး ပြောလိုက်သည်။

"ဒီနေရာကိုအရင်ရောက်ရုံနဲ့ မင်းတို့ပိုင်သွားပြီလို့ ထင်လား..."

"ငါမင်းကို ပြောလိုက်မယ်။ ဒါက ဓားသစ်တော၊ အသင်္ချေဓားဂိုဏ်း၊ ငါ့ပိုင်နက်ကွ...."

"ငါကထွက်သွားခိုင်းရင်, မင်းထွက်သွားရမယ်...."

ရှုယင်းရင် မနေနိုင်ပဲ စိုးရိမ်သွား၏။

သူမက တီးတိုးပြောလိုက်သည်။

"ငါတို့လက်လျော့လိုက်ရင်ကော ဘယ်လိုလဲ...."

ဂျန်ဖန်းသာ လင်းဂုဟိုင်ကြောင့် ဒဏ်ရာရသွားလျှင် သူမအတော်လေးအပြစ်ရှိသလို ခံစားရမည်ဖြစ်သည်။

ထို့ပြင် ကျင့်ကြံဖို့လည်း အာရုံရှိတော့မည်မဟုတ်ပေ။

သို့ပေမယ့် ဂျန်ဖန်း ညင်သာစွာလက်ဝှေ့ယမ်းပြီး တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။

"ဒီနေရာကို ငါ့အစွမ်းအစနဲ့ရလာတာ...."

"အခြားလူတွေ လိုချင်တယ်ဆိုရင် သူတို့မှာ လည်း အစွမ်းအစရှိဖို့လိုတယ်....."

ထိုစကားကြားသည့်အခါ....

လင်ဂုဟိုင် ဒေါသတကြီးရယ်လိုက်၏။

"ဓားပညာလေးအချို့နဲ့ ငါ,လင်းဂုဟိုင်ရှေ့မှာ မောက်မာလို့ရမယ် မင်းတကယ်ထင်နေတာလား..."

"ငါတို့အသင်္ချေဓားဂိုဏ်းက ဓားပညာရဲ့ဘိုးဘေးပဲ..."

"မင်းကိုယ်မင်း ဘယ်သူထင်နေလဲ..."

"ငါ မင်းကို အသက်ရှူချိန်သုံးချိန် ပေးမယ်။ မထွက်သွားသေရင်တော့ ရိုင်းစိုင်းလို့ အပြစ်မတင်နဲ့....."

သူက လက်သုံးချောင်းမြှောက်လိုက်သည်။

စတောင်မရေမတွက်ရသေးပေ။

ဂျန်ဖန်း သူ့အတွက် ရေတွက်ပေးလိုက်သည်။

"တစ်, နှစ်, သုံး...."

"ပြီးပြီ...."

ကလန်!

လင်းဂုဟိုင် အပြင်းအထန်ရန်စခံလိုက်ရပြီး ပြတ်ပြတ်သားသားဓားဆွဲထုတ်ကာ ဟိန်းဟောက်လိုက်သည်။

"မင်း အခေါင်းမြင်မှ မငိုနဲ့...."

"ငါ မင်းဆန္ဒကို ဖြည့်ပေးမယ်...."

ချက်ချင်းပဲ သိမ်မွေ့အဆင့်မြင့် ဓားနည်းစနစ်ကို အသုံးပြုပြီး ဂျန်ဖန်းကို ခုတ်ချလိုက်သည်။

ဂျန်ဖန်း ဖြည်းဖြည်းချင်း မတ်တပ်ရပ်ပြီး ကျင့်ကြံရာနေရာမှ ထွက်လာခဲ့သည်။

တိုက်ခိုက်မှုကြောင့် ကျင့်ကြံရေးနေရာ ထိခိုက်သွားမည်စိုး၍ပင်။

"မင်းနဲ့တိုက်ဖို့, ဓားပညာ တကယ်မလိုဘူး..."

သူက လက်ဗလာဖြင့် မျက်နှာချင်းဆိုင်လိုက်ပြီး ခန္ဓာကိုယ်ထဲရှိ သွေးတွေ ဆူပွက်လာခဲ့သည်။

ထို့နောက် အဆိပ်လုံးကိုဖွင့်လှစ်လိုက်၏။

ထိုအခါ အဆိပ်မျှင်တန်းတွေ သူ့၏စိတ်ဝိညာဥ်စွမ်းအင်ထဲရောနှောသွားပြီး လင်ဂုဟိုင်ကို အဝေးမှ တိုက်ခိုက်လိုက်၏။

လင်းဂုဟိုင်ချက်ချင်းပဲ နတ်ဆိုးလေပြင်းတစ်ခုကို ခံစားမိပြီး နိုးနိုးကြားကြားဖြစ်သွားသည်။

သူက ခုတ်ပိုင်းလိုက်သည့်ဓားကို ပြန်ဆွဲယူပြီး ဝဲတစ်ခုဖန်တီးကာ စိတ်ဝိညာဥ်စွမ်းအင်တွေကို ပျံ့နှံ့သွားစေလိုက်၏။

"လှည့်ကွက်လေးတွေ..."

အန္တရာယ်မရှိတာမြင်တော့ လင်ဂုဟိုင် လှောင်ပြုံးပြုံးလိုက်သည်။

ရှဲရှဲ အသံတွေ ထွက်ပေါ်မလာခင်ထိပင်။

ထိုအခါ သူတန်ဖိုးထားရသည် အလယ်အလတ်မှော်ရတနာဓား အနက်ရောင်အမှတ်အသားတွေဖြင့် လောင်ကျွမ်းတိုက်စားခံလိုက်ရပြီဖြစ်သည်။

သူ့အမူအရာ အကြီးအကျယ်ပြောင်းလဲသွားပြီး အံ့အားသင့်စွာ ပြောလိုက်သည်။

"မင်း အဆိပ်နည်းစနစ်လေ့ကျင့်ထားတာပဲ..."

အလျှင်အမြန်ပဲ အဝတ်စတစ်ခုဖြဲကာ အဆိပ်တွေကို သုတ်လိုက်သည်။

သို့ပေမယ့် ဓားက ချိုင့်တွေခွက်တွေဖြင့် ပြည့်နှက်နေပြီး တစ်ဝက်ပျက်စီးသည့်အခြေအနေကို ရောက်ရှိသွားခဲ့သည်။

သူက နှလုံးကွဲခြေသလိုခံစားရပြီး ဒေါသလည်းထွက်သွား၏။

"မင်း ငါ့မှော်လက်နက်ကို ဖျက်စီးပစ်လိုက်တယ်...."

"သေချင်နေတာပဲ...."

"ချန်ဟိုင်ဓား....'

စိတ်ဝိညာဥ်စွမ်းအင်တွေ လိမ့်တက်လာပြီး အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ စွမ်းအားကို အပြည့်အဝထုတ်ဖော်လိုက်သည်။

ထို့နောက် အားအကောင်းဆုံးဓားချက်ကို ထုတ်ဖော်လိုက်၏။

လေထုတုန်ယင်သွား၏။

အဝေးမှကြည့်နေသည့်နဲ့ယွင်ရှီးတောင် အသက်ရှုရပ်သွားပြီး အမြုတေဖွဲ့စည်းခြင်းအဆင့်တိုက်ခိုက်မှု၏ ကြီးမားသည့်ဖိအားကို ခံစားလိုက်ရသည်။

ရှုယင်းရင်လည်း ခန္ဓာကိုယ်တောင့်တင်းသွားပြီး မွန်းကြပ်သလိုခံစားလိုက်ရ၏။

ဂျန်ဖန်း တည်ငြိမ်နေဆဲဖြစ်သည်။

ထိုကောင်ခွန်အား ကောင်းကင်ဘုံစက်ယန္ဒယားခန်မလေလံပွဲတုန်းကနှင့် အတူတူပင်။

နည်းနည်းလေးမှ မတိုးတက်လာပေ။

ထိုစဥ်က ဂျန်ဖန်း လင်ဂုဟိုင်နှင့်ရင်ဆိုင်ခဲ့ပြီး လုံးဝပြန်မတိုက်နိုင်ခဲ့ပေ။

ယခုတော့ ခြားနားသွားပြီဖြစ်သည်။

"ကောင်းကင်တိုက်ပွဲပုံစံကိုးမျိုး"ကိုတောင် မသုံးပေ။

ရိုးရှင်းစွာပဲ အဆိပ်လုံးကို အပြည့်အဝဖွင့်လှစ်လိုက်၏။

"ဆင်နဂါး တိုက်ပွဲခန္ဓာ..."

ဟိန်းဟောက်လိုက်ပြီး လက်ဝါးချက်က ကြီးမားသည့်စွမ်းအားနှင့် ပေါက်ကွဲထွက်လာခဲ့သည်။

ဒေါသထွက်နေသည့်ဆင်တစ်ကောင် ကောင်းကင်ကို ဟိန်းဟော်ကလိုက်သလိုပင်။

ထည်ဝါပြီး ကြောက်စရာကောင်းလှ၏။

အနီးကပ်ရှိနေသည့်လင်းဂုဟိုင် လက်ဝါးချက်မှ စွမ်းအားကြောင့် တုန်လှုပ်သွားပြီး ဓားလွတ်ကျလုနီးပါးဖြစ်သွားသည်။

ချက်ချင်းပဲ....

စိတ်ကူးမကြည့်နိုင်သည့်အားတစ်ခု တောင်တစ်တောင်ကဲ့သို့ကျဆင်းလာပြီး သူ့ဓားကို အပြင်းအထန်ရိုက်ချလိုက်သည်။

ချက်ချင်းပဲ ဓားလွင့်ပျံသွား၏။

ဂျန်ဖန်းလက်ဝါး ပင်လယ်ထဲကနဂါးတစ်ကောင်ကဲ့သို့ သူ့ရင်ဘတ်ကို တိုက်ရိုက် ရိုက်ချလိုက်သည်။

ဘန်း!

လင်းဂုဟိုင် သူ့ကို ဆင်ရိုင်းတစ်ကောင်ရိုက်နှက်လိုက်သလို ခံစားလိုက်ရပြီး ချက်ချင်း လွင့်ထွက်သွားခဲ့သည်။

အရှိန်ကဥက္ကာပျံကဲ့သို့ဖြစ်ပြီး လေထဲမှာ နောက်ခံအရိပ်တွေ ချန်ထားခဲ့၏။

ဓားသစ်တော၏ နေရာအတော်များများကို ဝင်တိုက်ပြီးမှ နောက်ဆုံးရပ်တန့်သွားခဲ့ကာ မြေပြင်မှာ အဆက်မပြတ်သွေးအန်နေခဲ့သည်။

သူ့ရင်ဘတ်ချိုင့်ဝင်နေတာကြည့်ချင်းအားဖြင့် ဒဏ်ရာအပြင်းအထန်ရသွားတာ သိသာ၏။

လုံးဝကို တိုက်ခိုက်ရေးစွမ်းအင် ဆုံးရှုံးသွားပြီဖြစ်သည်။

ဂျန်ဖန်း တည်ငြိမ်စွာပြောလိုက်သည်။

"မင်းခွန်အားက မင်းရဲ့မောက်မာမှုလောက် အားမကောင်းဘူးပဲ...."

"ဒီထိပ်တန်းနေရာရဖို့ မင်းမှာ အရည်အချင်းမရှိဘူး...."

ပြောပြီးနောက်....

ရှုယင်းရင်ဘေးပြန်လာကာ မျက်လုံးမိတ်ပြီး ဆက်ကျင့်ကြံနေလိုက်သည်။

ပတ်ဝန်းကျင် တိတ်ဆိတ်နေ၏။

နဲ့ယွင်ရှီး သူမမျက်လုံးတွေ ပွတ်သပ်ပြီး မြင်နေရတာကို သံသယဖြစ်နေခဲ့သည်။

အခြေခံတည်ဆောက်ခြင်းသိုင်းပညာရှင်တစ်ယောက်က ခန္ဓာကိုယ်ခွန်အားဖြင့် လင်ဂုဟိုင်ကို သွေးအန်သွားစေခဲ့သည်။

လင်းဂုဟိုင်က အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ ကျွမ်းကျင်သူဖြစ်ပြီး ဓားသိုင်းကို လေ့ကျင့်ထား၏။

တကယ့်ကို တိုက်စစ်အသားပေး သိုင်းပညာရှင်တစ်ယောက်ဖြစ်သည်။

သို့ပေမယ့်....ချက်ချင်း ရှုံးနိမ့်ခဲ့၏။

သူမက ဂျန်ဖန်းနောက်ကျောကိုကြည့်ပြီး မနေနိုင်ပဲ ပင့်သက်ရှိုက်လိုက်သည်။

ရှုယင်းရင်တွေ့ခဲ့သည့်သူငယ်ချင်းက ဘယ်လို လူထူးဆန်းနည်း။

ဂိုဏ်းအသီးသီး၏တပည့်ကြီးတွေတောင် ဤမျှလောက်ကြောက်စရာကောင်းမည်မဟုတ်ပေ။

ကျီရူယွဲ့ နှုတ်ခမ်းစေ့ပြီး စိတ်ထဲမှာ ကျေနပ်နေခဲ့သည်။

"ဒါနဲ့ပဲ တန်တယ်...."

ထို့နောက် တိတ်တဆိတ်ပြန်ကျင့်ကြံနေလိုက်သည်။

ရှုယင်းရင် ဂျန်ဖန်း ပထမဆုံးအကြိမ် တိုက်ရိုက်လှုပ်ရှားတာကို မြင်ဖူးတာဖြစ်သည်။

ထိုအရာက သူမ၏ နံပါတ် ၁ အရိပ်စောင့်အပေါ် နားလည်မှုကို အသစ်ဖြစ်သွားစေ၏။

တစ်ချိန်တည်းမှာပဲ ဂျန်ဖန်းနှင့်အတူရှိတာ ကံကောင်းတယ်ဟု ခံစားရ၏။

သူနှင့်ရှိိနေလျှင် သူမ တကယ်ပဲ ဘာကိုမှ စိုးရိမ်စရာမလိုပေ။

လင်ဂုဟိုင်၏နာကျင်နေသည့်မျက်နှာ၌ ထိတ်လန့်မှုတွေ ပြည့်နှက်နေခဲ့သည်။

ဓားသစ်တောက အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူတွေအတွက်ပဲ မဟုတ်ဘူးလား...

သိုပေမယ့် အစောပိုင်း နံပါတ် ၁ အရိပ်စောင့်၏တိုက်ခိုက်မှုက အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်တစ်ယောက် ပြုလုပ်နိုင်သည့်အရာမဟုတ်ပေ။

သူက ပါးစပ်ထောင့်မှ သွေးတွေကို သုတ်လိုက်ပြီး မျက်နှာ၌ တွန့်ဆုတ်မှုတွေ အပြည့်ပင်။

ဂျန်ဖန်းနားရှိ ထိပ်တန်းအဆင့်ဓားကျိုးကိုမြင်သည့်အခါ သူ ရုတ်တရက် တစ်ခုခုကို နားလည်သွားခဲ့သည်။

မနေနိုင်ပဲ ကျယ်လောင်စွာရယ်လိုက်၏။

ဂျန်ဖန်း မျက်လုံးပွင့်လာပြီး မျက်မှောင်ကြုတ်လိုက်သည်။

"ငါ မင်းကို ဒဏ်ရာရအောင်ပဲလုပ်တာပါ။ အရူးဆေးမကျွေးမိပါဘူး..."

လင်ဂုဟိုင် ပိုလို့တောင် ရူးသွပ်စွာရယ်လိုက်၏။

"ဟ..ဟ...ဟ...."

"ငါက မင်းရဲ့ကံမကောင်းမှုကို ရယ်နေတာ..."

"ထိပ်တန်းနေရာနှစ်ခုပဲရှိတယ်။ ပြီးတော့ မင်းက မရွေးသင့်တဲ့နေရာကို ရွေးလိုက်တာ...."

ဟမ်?...

ဂျန်ဖန်း မျက်မှောင်ကြုတ်သွားပြီး သူ့ကို စိုက်ကြည့်လိုက်သည်။

လင်ဂုဟိုင် လှောင်ပြောင်သည့်မျက်နှာဖြင့် ဆက်ပြောလိုက်သည်။

"မင်းကိုပြောရအုန်းမယ်, မင်းနောက်က အဲ့ဓားကလေ..."

"ဓားထိန်းချုပ်ခြင်းနည်းစနစ်ကို ဖန်တီးခဲ့တဲ့ ပထမဆုံးမြင့်မြတ်အကြီးအကဲတစ်ယောက်ထားခဲ့တာ...."

"သူ့ဓားဘေးမှာလေ့ကျင့်ဖို့ အရင်းမြစ်တူတဲ့ဓားချီလိုအပ်တယ်ကွ..."

"မဟုတ်ရင်, အချိန်အတော်ကြာကျင့်ကြံပြီးတဲ့အခါ ဓားချီက မင်းကို ကန်ထုတ်လိမ့်မယ်...."

အသင်္ချေဓားဂိုဏ်းတပည့်တွေ ရုတ်တရက် နားလည်သွား၏။

"တကယ်ပဲ, ငါ ဒါကို မေ့တော့မလို့...."

"ငါတို့က အဲ့နေရာမှာ လေ့ကျင့်လို့ရတယ်။ ဘာလို့လဲဆိုတော့ ငါတို့မှာ မြင့်မြတ်အကြီးအကဲရှုချင်းယန်ဓားချီပါတဲ့ ကျောက်စိမ်းပြားရှိတယ်လေ...."

"အပြင်ဂိုဏ်းတပည့်တစ်ယောက်က ရင်းမြစ်တူညီတဲ့ဓားချီကို ဘယ်ကရှာနိုင်မှာလဲ...."

ထိုအရာကိုကြားပြီးနောက်....

ရှုယင်းရင်မျက်နှာ ရုပ်ဆိုးသွား၏။

ဒီတော့ ဤထိပ်တန်းအဆင့်နေရာက ဤကဲ့သို့နောက်ခံ အမှန်တကယ်ရှိနေခဲ့သည်လား.....

သူမက တကယ်ပဲ ခန္ဓာကိုယ်၌ စပ်ဖျဥ်းဖျဥ်းနာကျင်မှုကို ခံစားနေရ၏။

ဓားချီက သူမကို ငြင်းဆန်နေသလိုပင်။

လင်ဂုဟိုင် လှောင်ပြောင်လိုက်၏။

"ခွေးမသား, မင်းဉာဏ်ကောင်းရင် ထွက်လာခဲ့လိုက်...."

"ဒီနေရာက ငါတို့အသင်္ချေဓားဂိုဏ်းတပည့်တွေ အတွက် သီးသန့်နေရာပဲ...."

"မင်း ခေါင်းမာမာနဲ့ ဆက်နေရင် ခံစားရရုံပဲရှိမှာ...."

မမျှော်လင့်ထားသည့်အလှည့်အပြောင်းပင်။

ဤနေရာကို သူတို့အသင်္ချေဓားဂိုဏ်းတပည့်တွေ ပိုင်ဆိုင်နေဆဲဖြစ်၏။

သို့ပေမယ့်...

ဂျန်ဖန်း ထူးဆန်းသည့်အမူအရာတစ်ခု ပြသလိုက်၏။

"မင်းပြောပုံအရ, ဓားထိန်းချုပ်ခြင်းနည်းစနစ်ကို လေ့ကျင့်နိုင်သ၍ အဆင်ပြေတယ်မလား....."

All Chapters