← Chapters

ပါရမီရှင်ထက် သာလွန်သူ

Vol. 3 Ch. 25

ပါရမီရှင်ထက် သာလွန်သူ

Vol. 3 Ch. 25

တရားသူကြီး ကျုန်းခွေက ရိုသေစွာဖြင့် အမိန့်တော်ကို နာခံလိုက်သည်။ စင်စစ်အားဖြင့် အဆင့်ရှစ် အငယ်တန်းအရာရှိ ရာထူးဆိုသည်မှာ ငရဲပြည်၏ အပြစ်ပေးရေးဌာနအတွက် ပြောပလောက်သော ကိစ္စမဟုတ်ပေ။ သို့သော်လည်း အရှင်သခင် လင်းရန်ယန်၏ ကျောထောက်နောက်ခံ ရှိနေသဖြင့် ကျုန်းခွေ၏ နေရာကို ပေးအပ်လျှင်ပင် မည်သူမျှ ကန့်ကွက်ရဲကြမည် မဟုတ်ပေ။ လင်းရန်ယန်မှာမူ ထိုကဲ့သို့ စည်းမဲ့ကမ်းမဲ့ လုပ်ဆောင်မည့်သူ မဟုတ်ပေ။

ဘိုးဘေးကြီး ရွှမ်ယိအန်း မှာမူ မှင်သက်နေရသည်။ ငရဲပြည်တွင် အောက်ခြေအဆင့်ဟု ဆိုသော်လည်း ရာထူးတစ်ခု ရရှိလိုက်ခြင်းမှာ သူကဲ့သို့ အပြစ်ကျူးလွန်ထားသူအတွက် ကြီးမားလှသော ကံကောင်းမှုပင် ဖြစ်သည်။

“ရွှမ်ယိအန်း ၊ အရှင်မင်းကြီးရဲ့ ကြီးမားလှတဲ့ ကျေးဇူးတရားကို ကျေးဇူးတင်လိုက်စမ်း”

ဘိုးဘေးကြီးမှာ ရိုသေစွာဖြင့် ဦးတိုက်လျက် ကျေးဇူးတင် စကားဆိုလိုက်သည်။ လင်းရန်ယန်က ခေါင်းညိတ်ပြလိုက်ပြီးနောက် သူ၏ လက်ယာဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင် တစ်ခုလုံး တုန်ခါသွားပြီး သူတို့နှစ်ဦးလုံး နန်းဆောင်ကြီးအတွင်းမှ ပျောက်ကွယ်သွားကြတော့သည်။

“ဪ... မေ့တော့မလို့ ၊ ဝိညာဉ်လေးတစ်ကောင်ကိုလည်း စီစဉ်ပေးရဦးမယ်”

လင်းရန်ယန်သည် သူ၏ သိုလှောင်လက်စွပ်အတွင်းမှ ရေလုံးလေးတစ်ခုကို ထုတ်လိုက်သည်။ ထိုရေလုံးလေးထဲတွင် သူ ယခင်က ဖမ်းဆီးထားခဲ့သော ဝိညာဉ်မလေး ရှောက်ယွီ ရှိနေသည်။ လင်းရန်ယန်သည် သူမကို ‘မရဏလမ်း’ ပေါ်သို့ ပို့ဆောင်ပေးလိုက်ပြီးနောက် ငရဲအရာရှိများအား စနစ်တကျ စီရင်ရန် လွှဲအပ်လိုက်တော့သည်။

အရာအားလုံး ပြီးစီးသွားသောအခါ လင်းရန်ယန်က မော်ရှန်းဂိုဏ်း၏ တောင်ထိပ်မှ ထွက်ခွာလာခဲ့တော့သည်။ သူ၏ ခြေလှမ်းများမှာ ပေါ့ပါးသွက်လက်နေပြီး ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ဝေးရာသို့ ပျံသန်းသွားတော့သည်။ သူ ထွက်ခွာသွားပြီး မကြာမီမှာပင် ဆူဖြိုးသော ကိုယ်လုံးနှင့် လုံရှောင်ကွမ်း သည်လည်း မော်ရှန်းတောင်ပေါ်မှ ပြေးဆင်းလာ၏။

“တောက်... အဲ့ဒီ အရူးမ ပိုင်ရိုရိုကတော့ ငါ့ကို နှိပ်စက်လိုက်တာ သေတော့မယ်၊ ငါ အိမ်ပြန်ပြီး အဖေ့ကို အကူအညီ တောင်းမှ ဖြစ်တော့မယ်”

လုံရှောင်ကွမ်း၏ ကိုယ်ပေါ်တွင် အညိုကွက် ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး မျက်နှာငယ်လေးဖြင့် တောင်အောက်သို့ ဆင်းသွားတော့သည်။

ရှူမြို့ငယ် ။ မော်ရှန်းဂိုဏ်းမှ ကီလိုမီတာ နှစ်ရာကျော် ဝေးကွာသော နေရာတွင် ရှိသည့် မြို့ငယ်လေး တစ်ခု ဖြစ်သည်။ ထိုမြို့ကလေးသို့ ဦးတည်နေသော တောင်ပတ်လမ်း တစ်နေရာတွင် တိဗက်ဝတ်စုံ ဆင်ယင်ထားသည့် သားအဖ နှစ်ဦး လမ်းလျှောက်လာကာ ခရီးဆက်နေကြသည်။

သမီးဖြစ်သူမှာ တက်ကြွ လန်းဆန်းနေပြီး ဂျုံရောင်အဆင်းရှိသော အသားအရေမှာ သူမ၏ လွတ်လပ်သော စရိုက်ကို ပေါ်လွင်စွာ ဖော်ပြနေသည်။ သူမ၏ ဖခင်ဖြစ်သူမှာမူ တည်ကြည်သော မျက်နှာရှိပြီး ဖြောင့်မတ်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။ သူ၏ ကျောပေါ်တွင်တော့ ထူးဆန်းသော မှော်စာလုံးများ ထွင်းထုထားသည့် ဓားမကြီးတစ်လက်ကို လွယ်ထားသည်။

“ဖေဖေ... ဘယ်လောက် လိုသေးလဲ ၊ သမီး အရမ်းပင်ပန်းနေပြီ”

“နီးပါပြီ နင်ရွှမ်း ရယ် ၊ နောက်ထပ် ကီလိုမီတာ အနည်းငယ်ပဲ လိုတော့တာပါ”

ဖခင်ဖြစ်သူက ပြုံးလျက် ချော့မော့လိုက်၏။ အကယ်၍ ဦးလေးကိုးတို့သာ ဤနေရာတွင် ရှိနေပါက နှစ်ပေါင်းများစွာ ပျောက်ကွယ်နေသော အောင်ထျန်းလုံ ကို တွေ့ရသဖြင့် အံ့ဩသွားကြရလိမ့်မည်။ မိန်းကလေးငယ်မှာမူ သူ၏ မွေးစားသမီး အောင်နင်ရွှမ်း ပင် ဖြစ်သည်။

“ဟွန့်... မနေ့ကလည်း ဒီလိုပဲ ပြောတာပဲ၊

သမီး မလျှောက်နိုင်တော့ဘူး ၊ ရေလည်း အရမ်းငတ်နေပြီ”

အောင်နင်ရွှမ်းက စိတ်ကောက်ကာ မြေကြီးပေါ်တွင် ထိုင်ချလိုက်တော့သည်။ အောင်ထျန်းလုံမှာ သမီးဖြစ်သူကို မပြောနိုင်တော့သဖြင့် ရေသွားခပ်ရန် ထွက်ခွာသွားရတော့သည်။ သမီးဖြစ်သူမှာ လူသားအရှင်သခင် အဆင့်တစ်ဆယ်သို့ ရောက်ရှိနေသည့် ပါရမီရှင် တစ်ဦး ဖြစ်သဖြင့် သူ သိပ်ပြီး စိုးရိမ်ခြင်း မရှိပေ။ သူသည် သမီးဖြစ်သူကို မော်ရှန်းဂိုဏ်း၏ တပည့်ဖြစ်စေရန် ဤခရီးကို ထွက်လာခြင်း ဖြစ်သည်။

အောင်နင်ရွှမ်းက ခြေထောက်ကို နှိပ်နယ်ရင်း ညည်းညူနေစဉ် တောအုပ်အတွင်းမှ ကြီးမားသော အရိပ်မည်းကြီး တစ်ခု ဖြည်းညင်းစွာ ချဉ်းကပ်လာသည်ကို သတိမထားမိပေ။

“ဂျွတ်”

သစ်ကိုင်းခြောက် နင်းမိသံကြောင့် အောက်နင်စွမ်း လှည့်ကြည့်လိုက်ရာ -

“ဘယ်သူလဲ ၊ ဟင်...”

သူမ၏ ရှေ့တွင် ငါးမီတာခန့် မြင့်မားသော လူဝံကြီး တစ်ကောင် ရပ်နေသည်ကိုတွေ့လိုက်ရသညခ။ ၎င်းမှာ မြေကမ္ဘာအရှင်သခင် အဆင့်သုံးနှင့် ညီမျှသော မိစ္ဆာစွမ်းအားများကို ပိုင်ဆိုင်ထားသည်။

“ဝုန်း”

လူဝံကြီးက သူမကိုမြင်မြင်ခြင်း ဟိန်းဟောက်ကာ ဖမ်းရန် ခုန်အုပ်လိုက်တော့သည်။ အောက်နင်ရွှမ်းမှာလဲ ထိတ်လန့်တကြား အော်ဟစ်ကာ ထွက်ပြေးရတော့သည်။ သူမက သစ်ပင်များကို အကာအကွယ်ယူကာ ပြေးလွှားနေသော်လည်း လူဝံကြီး၏ အရှိန်မှာ ပြင်းထန်လွန်းလှ၏။

“ဖေဖေ... ကယ်ပါဦး ၊ သမီး သေတော့မယ်”

“မိန်းကလေး... အကူအညီ လိုသလား”

ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် အောက်နင်ရွှမ်းမှာ ဝမ်းသာအားရဖြင့် အော်ဟစ် အကူအညီ တောင်းလိုက်တော့သည်။

“ဝူး... ဝူး... ဝူး”

လေပြင်းများမှာ သူမ၏ ပတ်ဝန်းကျင်တွင် ရုတ်တရက် တိုက်ခတ်လာသည်။ လူဝံကြီးမှာလည်း ထူးဆန်းသော လေပြင်းများကြောင့် ဝေခွဲမရ ဖြစ်နေစဉ် -

“ဖတ်”

လေဓားသွားတစ်ခုက လူဝံကြီး၏ ပုခုံးကို ပိုင်းဖြတ်လိုက်ရာ ကြီးမားသော လက်မောင်းကြီးမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။ လူဝံကြီးမှာ နာကျင်စွာ ဟိန်းဟောက်နေစဉ် နောက်ထပ် လေဓားသွားပေါင်းများစွာက ၎င်းကို ဝိုင်းရံကာ ပိုင်းဖြတ်လိုက်တော့သည်။

စက္ကန့်ပိုင်းအတွင်းမှာပင် လူဝံကြီးမှာ အသားပုံကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ အောင်နင်ရွှမ်းမှာတော့ ထိုမြင်ကွင်းကို သစ်ပင်ပေါ်မှနေ၍ မှင်သက်ကာ ကြည့်နေမိသည်။

“သေ... သေသွားပြီလား ၊ ဒီလောက် မြန်မြန်ဆန်ဆန်ပဲလား”

“ဟုတ်တယ် ၊ သေသွားပြီ၊ မိန်းကလေး... အောက်ကို ဆင်းလာလို့ ရပါပြီ”

ဘေးမှ ဖြူစင်သော တာအိုဝတ်စုံကို ဝတ်ဆင်ထားသည့် ခန့်ညားသော လူငယ်လေးတစ်ဦး လျှောက်လှမ်းလာတော့သည်။ သူ၏ ရုပ်ရည်မှာ တည်ကြည်သန့်ရှင်းနေပြီး အောင်နင်ရွှမ်းနှင့် အသက်ရွယ်တူမျှသာ ရှိသေးသည်။

“ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ် ရှင့် ၊ ရှင်က တကယ့်ကို အစွမ်းထက်တာပဲ၊ ကျွန်မနာမည်က အောင်နင်ရွှမ်းပါ ၊ ရှင့်နာမည်က ဘယ်သူလဲဟင်”

“ကျေးဇူးတင်စရာ မလိုပါဘူး ၊ ဒါက သေးငယ်တဲ့ ကိစ္စလေးတစ်ခုပါ၊ ကျွန်တော့်နာမည်က လင်းရန်ယန်ပါ ၊ မော်ရှန်းဂိုဏ်းက တပည့်တစ်ယောက်ပါ”

“ဘာ... ရှင်ကလည်း မော်ရှန်းတပည့်လား ၊ ဝမ်းသာလိုက်တာ ၊ ကျွန်မ ဖေဖေကလည်း မော်ရှန်းတပည့်ပဲလေ”

အောင်နင်ရွှမ်းမှာ အပျော်ကြီး ပျော်သွားတော့သည်။ ထိုစဉ် အဝေးမှနေ၍ အောက်ထျန်းလုံက စိုးရိမ်တကြီးဖြင့် ပြေးဝင်လာခဲ့သည်။ သူက အသားပုံကြီး ဖြစ်နေသော လူဝံအလောင်းကို ကြည့်ကာ အံ့ဩသွားရသည်။

“နင်ရွှမ်း... သမီး ဘာဖြစ်သွားသေးလဲ”

“ဖေဖေကလည်း... နောက်ကျလိုက်တာ၊ ကံကောင်းလို့ ဒီက ကိုကိုလင်းရန်ယန် ကယ်လိုက်လို့ပေါ့၊ သူက လေဓာတ်စွမ်းအားနဲ့ ဒီလူဝံကြီးကို တစ်ချက်တည်း သတ်လိုက်တာ သိလား”

အောင်ထျန်းလုံသည် လင်းရန်ယန်ကို ကြည့်ကာ မှင်သက်သွားတော့သည်။ ဤမျှ ငယ်ရွယ်သော လူငယ်လေးတစ်ဦးက မြေကမ္ဘာအဆင့်ရှိ မိစ္ဆာတစ်ကောင်ကို အလွယ်တကူ သတ်ဖြတ်နိုင်သည်ဆိုခြင်းမှာ မော်ရှန်းဂိုဏ်းတွင် ရာစုနှစ်ပေါင်းများစွာအတွင်း ပေါ်ထွက်ခဲ့ခြင်း မရှိသော စူပါပါရမီရှင် တစ်ဦးပင် ဖြစ်လိမ့်မည်။

All Chapters